အလိုက်မသိတဲ့ ဗိုက်က နှိုးစက်သံပေးပြန်တယ်
ဖျော်သောက်စရာက ထုထည်ဖွဲ့နေတဲ့ ပျင်းရိငြီးငွေ့ခြင်းတွေ။
အအေးဓါတ်ကိုမောင်းထုတ်ဖို့ ပြတင်းတံခါးကိုအပိတ်
တက်ကြွခြင်းတွေထွက်ပြေးသွားတာကို အထင်းသား တွေ့လိုက်တယ်။
ကြိုးစားဖို့အော်နေတဲ့ အသံသေးသေးလေးကို လစ်လျူ ရှုရင်း
အမှောင်ကိုရှာဖွေမိတယ်။
ဧကစာရီ၊ solitude၊ အထီးကျန်၊ ဘာသာစကားတွေကွဲပေမယ့်
အဓိပ္ပါယ်ချင်းဆင်တယ်။
ဒုက္ခသစ္စာကို ဆင်ခြင်ရင်း
ကိုယ်ခန္ဓာရဲ့ လိုအပ်ချက်တွေကို မသဒ္ဓါရေစာဖြည့်ဆည်းရပြန်တယ်။
ရှိမရှိ မသေချာတဲ့ မနက်ဖြန်အတွက်
လူတိုင်းအလုပ်များကြတယ်မဟုတ်လား။ ။