ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ကလေးက ဒီလိုဖြစ်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။
တစ်ခါက တိုင်းပြည်တစ်ပြည်မှာ ကောင်းကင်ပေါ်မှာ ပျံသန်းသွားလာနိုင်တဲ့ မင်းသမီး ခုနစ်ယောက်ရှိပါသတဲ့။ မိုးပေါ်လဲ ပျံနိုင်၊ ညီအစ်မတစ်တွေအဖွဲ့ကလဲ တောင့်ပြန်ဆိုတော့ နန်းတော်မှာ ဘယ်ကောင်းကောင်းနေကြတော့မလဲဗျာ။ ဟိုလျှောက်သွား၊ ဒီလျှောက်ဆော့ လုပ်ကြတော့တာပေါ့။ တစ်နေ့မှာတော့ အဲဒီလို လျှောက်သွားကြရာကနေ တောကြီးတစ်ခုထဲမှာ အလွန်အင်မတန်သာယာလှပတဲ့ ရေကန်ကြီးတစ်ကန်ကို မမျှော်လင့်ပဲ တွေ့ကြပါလေရော။ ရေကန်က ကျေးငှက်တွေနဲ့အလွန်ကို သာယာပြီး ရေကလဲကြည်လင်အေးမြနေပါသတဲ့။ ဒါ့အပြင်လူသူတွေနဲ့ဝေးတဲ့ တောထဲမှာဆိုတော့ ညီအစ်မတစ်တွေလဲ ရေကူးကန်အသစ်တော့ ရပဟဲ့ဆိုပြီး ဝမ်းသာအားရ ရေဆော့ကြသတဲ့။ ရေကန်ကျယ်ကြီးကို အရမ်းသဘောကျသွားတဲ့ ညီအစ်မတစ်တွေဟာ နောက်လဲအမြဲလိုလို ဒီကန်ကြီးမှာအမြဲ လာရောက်ရေကစားဖြစ်ကြပါတော့တယ်။
အဲဒီလိုနဲ့ မကြာခဏလာရောက် ဆော့ကစားနေကြရာကနေ တစ်နေ့မှာတော့.......။အဲဒီနေ့မှာ အဆော့လွန်သွားတဲ့အတွက် နေတော်တော်စောင်းသွားပါတယ်။ သူတို့ရဲ့ အိမ်ကိုပျံသန်းသွားရမယ့်ခရီးကလဲ အဝေးကြီး။ ဘယ်လိုနည်းနဲ့မှ အိမ်ကို အချိန်မှီပြန်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ညီအစ်မတတွေ ဆုံးဖြတ်လိုက်တာက ကန်နားမှာပဲ နေရာထိုင်ခင်းကောင်းတာရှာပြီး ညအိပ်လိုက်ကြဖို့ပါ။ ကန်နဲ့ ခပ်လှမ်းလှမ်း မှာ ကျောက်ဂူကြီး တစ်ခုတွေ့တဲ့အတွက် အဲဒီထဲမှာပဲ သူတို့တစ်တွေ စခန်းချကြပါတယ်။ အထဲမှာ မီးမွှေးပြီး မီးပုံပွဲတွေဘာတွေလုပ်ကြမှာပေါ့
နောက်ဆုံးမှာတော့ ဂတိအတိုင်း မင်းသမီးလေးတစ်ပါးနဲ့ မင်းသားနဲ့လက်ဆက်ရပါတယ်။ အဲဒီ ကျောက်ဂူကြီးနဲ့ အဲဒီကန်ကြီးနားမှာပဲ မြို့တစ်မြို့တည်ထောင်ပြီးနေလိုက်ကြတာ ပင့်ကူရတဲ့အထိမ်းအမှတ်နဲ့ ပင့်ကူရမြို့လို့ အမည်တွင်ပါတယ်။ တော်တော်ဟုတ်တဲ့မင်းသားပါ။ မိန်းမလဲရရော တိုင်းပြည်မပြန်ပဲ မြို့တစ်မြို့တောင် တည်ထောင်ပြီးနေတယ်ဆိုပဲ။ မြို့မှာနေတဲ့လူဦးရေတော့ ဘယ်ကရလဲ မသိပါဘူး။ ဇာတ်လမ်းပြန်ဆက်ရရင် အဲဒီပင့်ကူရမြို့ကလေးကနေ ကာလရွေ့လျားလာတော့ ပင်းတယမြို့လို့ဖြစ်လာပါတော့တယ်။ ညီအစ်မတစ်တွေ ရေကစားကြတဲ့ကန်ကြီးကိုတော့ ပုတ်တလုပ်ကန်လို့ ခေါ်ပါတယ်။ မင်းသမီးလေးတွေ အိပ်နေတုံး ပင့်ကူအိမ်ဖွဲ့ပြီး ပိတ်သွားတဲ့ဂူက ပင်းတယဂူပါ။ ပင်းတယမြို့ထဲက ပုတ်တလုပ်ကန်နဲ့ ပင်းတယမြို့နားက ပင်းတယဂူတို့ကို ရောက်ရင် ပုံပြင်လေးကို သတိရကြမှာပါ။ ပင်းတယဂူရဲ့ အရှေ့ မှာ မင်းသားက ပင့်ကူကြီးကို မြှားနဲ့ပစ်နေတဲ့အရုပ်ကြီးတွေ ထုထားပါတယ်။ ပုံပြင်ထဲက မင်းသားလေးက ညောင်ရွှေစော်ဘွားရဲ့  သားလို့ဆိုပါတယ်။ နောက်ပိုင်းမှာ ညောင်ရွှေစော်ဘွားက သူ့သားတော်ကို အိမ်ပြန်လာဖို့ခေါ်ခိုင်းလိုက်ရာက မင်းသားမရှိတုံး မင်းသမီးလေး တိုင်းပြည်ပြန်သွားလို့ မင်းသားပြန်လိုက်ခေါ်ရတဲ့ နောက်ဆက်တွဲ ရှိပါသေးတယ်။ ဒါပေမယ့် ငွေတောင်ပြည် ဒွေးမယ်နော် ဇာတ်နဲ့ဆင်နေလို့ ဒီမှာပဲ ရပ်ထားလိုက်ပါ့မယ်။ ပင်းတယမြို့လေးနဲ့ ပက်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ ဒဏ္ဍာရီလေး တစ်ပုဒ်ပါ။
No comments:
Post a Comment