အရာအားလုံးသည် သူ့ကြောင့် ဖြစ်ခဲ့ခြင်းဖြစ်သည်။ အကောင်း၊ အဆိုး၊ အဖြစ်အပျက်မှန်သမျှတို့၏ လက်သည်မှာ ဒင်းဖြစ်သည်။ ဒင်းသည်သာ ကိစ္စအဝဝတို့၏ တရားခံဖြစ်သည်။ လူ့လောက၏ဆိုးမိုက်မှုမှန်သမျှတို့တွင် ဒင်းလက်ချက်မကင်း။ ပြစ်မှုမှန်သမျှမှာလည်း ဒင်းက စခြင်းဖြစ်သည်။ မကောင်းမှုမှန်သမျှတို့တွင်ဒင်းပါသကဲ့သို့ ကောင်းမှုကိစ္စများတွင်လည်း ဒင်းကရှေ့ဆောင်လေသေးသည်။ ကြီးကြီးကျယ်ကျယ်ပြောရလျှင် ဒင်းကြောင့်ပင် လူ့ဘောင်လောကကြီး ကောင်းတစ်တန်၊ ဆိုးတစ်လှည့်ဖြစ်နေသည်ဟု ဆိုရပေလိမ့်မည်။ ဟန်ဆောင်ကောင်းသလောက်၊ နားလည်ရခက်သော၊ မျက်နှာများစွာရှိသော ဒင်းပင်ဖြစ်လေသည်။ ဒင်းကို သတိပြုမိသူကား အလွန်အင်မတန်ပင်ရှားပါးလှပေသည်။ အကောင်အထည်အင်မတန်ကြီးမားလာမှသာ ဒင်းမှန်းသိကြရလေသည်။ အမှောင်တွင်းမှနေ၍ ကြိုးကိုင်ကာ ချယ်လှယ်နိုင်ပေသော ဒင်းပါတကား။ တစ်ခါတရံ ဒင်းသည် အလင်းရောင်တွင်ခပ်တည်တည်နှင့် ထွက်ထိုင်နေတတ်သေးသည်။ သို့သော် မည်သူမျှသတိမပြုမိကြ။ ရုပ်ဖျက်အလွန်တော်သောကြောင့်ဖြစ်သည်။ ဒင်းရှိခြင်းသည် ကောင်းလည်းကောင်း၍၊ မကောင်းလည်းမကောင်း။ မကောင်းခြင်းမှာ ဒင်းကြောင့်မကောင်းမှုကိစ္စများဖြစ်ခဲ့ပြီး၊ ကောင်းခြင်းမှာ ဒင်းကြောင့်လူ့လောကကြီး တိုးတက်ခဲ့၍ဖြစ်သည်။ ဒင်းတစ်ယောက်ထဲ၏ လက်ချက်ပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပင်လျှင် ဒင်းကြောင့် ဘုရားအဖြစ်သို့ရောက်အောင် ကျင့်ကြံအားထုတ်တော်မူခဲ့ခြင်းဖြစ်လေသည်။ ဒင်းကား သတ္တဝါတို့၏ စိတ်သဏ္ဍာန်ဝယ်အစဉ်ပုန်းအောင်းနေသော၊ ရံဖန်ရံခါမှ အကောင်ထည်ထင်ရှားပြတတ်သော ကြောက်စိတ် ပင်တည်း။ မှန်သည်။ သိဒ္ဓတ္တမင်းသားသည် အိုခြင်း၊ နာခြင်း၊ သေခြင်း တည်းဟူသော ဒုက္ခဆင်းရဲတို့ကို ကြောက်သည့် ကြောက်စိတ်ဖြင့် လူ့ဘဝ၏အနှစ်သာရကိုရှာဖွေရာမှ ဘုရားအဖြစ်သို့ရောက်ကာ၊ ကျွနု်ပ်တို့လူသားများအတွက် အဖိုးမဖြတ်နိုင်သော ကျင့်စဉ်၊ တရားတော်များကို ရှာဖွေတွေ့ရှိ အမွေပေးခဲ့ခြင်းဖြစ်သည်။ ကြောက်စိတ်သည် နံပါတ်တစ် စေ့ဆော်သူဖြစ်သည်။ အရာရာအားလုံးသည် ကြောက်စိတ်မှ အစပြုသည်ကို ငြင်းလိုသည်ဆိုပါအံ့။ ငြင်း၍ရနိုင်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် အချို့ကိစ္စများ၌ မထင်ရှားသော ကြောက်စိတ်ကို ထင်ရှားအောင် သက်သေပြနိုင်ပြီဖြစ်သောကြောင့်ဖြစ်သည်။ တစ်ဦးခြင်းနှင့်ဆိုင်သော ကိစ္စသေးသေးလေးမှ အစပြု၍ လူများနှင့်ဆိုင်သော ဧရာမကိစ္စကြီးများအထိ ကြောက်စိတ်က အစပြုခဲ့ခြင်းဖြစ်သည်။ သေမည်ကိုကြောက်သူများက ဘာသာတရားများကို ဖန်တီးခဲ့ကြသည်။ နာမှာကိုကြောက်သူများက ဆေးပညာကိုတိုးတက်အောင် အစဉ်ကြံဆောင်ခဲ့ကြသည်။ ဆင်းရဲကြောက်သူများက ချမ်းသာအောင် တောင့်တကြ၍၊ သူများကို မနိုင်ရမှာကြောက်သူများက လက်နက်များ အပြိုင်ထွင်ကာ ကမ္ဘာစစ်ကြီးများကို မီးမွှေးခဲ့ကြသည်။ လူသားများနာကျင်မှာကို ကြောက်သူများက လူသားများအတွက် အလုပ်လုပ်ပေးသော၊ ကိုယ်ချင်းစာတရားအပြည့်ရှိသော မေတ္တာရှင်သူတော်စင်များအဖြစ် မွေးဖွားလာကြပြန်လေသည်။ အရာရာသည် ကြောက်စိတ် တစ်ခုထဲမှ အစပြုခဲ့ခြင်းဖြစ်သည်။ စာမေးပွဲကျမှာကြောက်၍၊ အိမ်ကဆူမှာကြောက်၍၊ လူအထင်သေးခံရမှာကြောက်၍ စာကြည့်သောကျောင်းသားသည် မည်သည့်အကြောင်းကြောင့်ပဲဖြစ်ဖြစ် အဓိကမှာ ကြောက်စိတ်၏ စေ့ဆော်မှုကြောင့်ဖြစ်သည်။ အလုပ်လုပ်သူမှာ ငတ်မှာကြောက်၍ဖြစ်သည်။ အလုပ်မလုပ်ပဲနေသူမှာ ပင်ပန်းမှာ ကြောက်၍ဖြစ်သည်။ နှစ်ခုလုံးတွင်ကြောက်စိတ်ပါလေသည်။ ဟစ်တလာက ဂျူးများကို ကြောက်စိတ်ဖြင့် အကုန်သတ်ဖို့ကြိုးစားခဲ့သည်။ စီးပွားရေးကောင်းမှာကြောက်၍ဖြစ်ဖြစ်၊ ဂျာမနီတွင်ချယ်လှယ်မှာစိုး၍ဖြစ်ဖြစ်၊ ကြောက်စိတ်မှာ ကြောက်စိတ်ပင်ဖြစ်သည်။ အီတလီနှင့် ဂျပန်ကလူ့လောကကို မအုပ်စိုးရမှာကြောက်စိတ်ဖြင့် ဂျာမနီနှင့် ဒုတိယကမ္ဘာစစ်တွင်ပူးပေါင်းခဲ့သည်။ အင်္ဂလန်နှင့် မဟာမိတ်တို့က လွတ်လပ်ရေးဆုံးရှုံးမှာကြောက်စိတ်ဖြင့် ပြန်ခံချခဲ့ကြလေသည်။ ပို၍ကြီးမားသောကြောက်စိတ်က အခြားကြောက်စိတ်များကိုလွှမ်းမိုး၍ ပိုကြီးကျယ်သောအဖြစ်အပျက်များကိုပေးခြင်းဖြစ်သည်။ ဥပမာပြောရလျှင် ကလေးမွေးသောမိခင်သည် နာကျင်မှာကိုကြောက်သည့်စိတ်ထက် မိခင်မေတ္တာမပေးရမှာကို ကြောက်သည့်စိတ်ကပိုများသောကြောင့် မိမိရင်သွေးငယ်ကို မွေးဖွားခြင်းဖြစ်သည်။ ချစ်ခြင်းကြောင့်မွေးသည်ဟုဆိုလျှင် တနည်းအားဖြင့် မချစ်ရမှာကြောက်သောကြောင့် မွေးသည်ဟုဆိုနိုင်သည်။ ဤသည်မှာလည်း ကြောက်စိတ်ပင်ဖြစ်သည်။ အပေါင်းဖြစ်ချင်သည်ဟုဆိုလျင် အနှုတ်မဖြစ်ချင်သောကြောင့်ဟု အဓိပ္ပါယ်ကောက်၍ ရသကဲ့သို့ပင်။ အရင်းစစ်လိုက်လျှင် ကြောက်စိတ်တစ်ခုခုကြောင့်သာ ဖြစ်သည်။ Fear ဟု ခေါ်သော ကြောက်စိတ်သည် အရာအားလုံး၏အစဖြစ်သည်ကို လက်မခံနိုင်သေးပါက မရေမတွက်နိုင်လောက်သော သက်သေသက်ကာယများရှိပါသေးသည်။ အချို့ကိုသာပြောရလျှင် အစားအသောက်စားခြင်းသည် ဆာလောင်မှာကြောက်၍ဖြစ်သည်။ မဆာပဲ အရသာအတွက်စားသူမှာ ရသအာရုံမခံစားရမှာ ကြောက်၍ဖြစ်သည်။ ဘာကြောင့်စားစား၊ ကြောက်၍စားခြင်းဖြစ်သည်။ ထို့အတူ အခြားအရာအားလုံးမှာလည်းကြောက်စိတ်ကြောင့်ပင်ဖြစ်သည်။ ပူမှာ ကြောက်စိတ်၊ ညစ်ပတ်မှာကြောက်စိတ်က ရေချိုးစေသည်။ အိပ်ပျော်သွားခြင်းပင်လျှင် ကြောက်စိတ်များ၏ မောင်းနှင်မှုကြောင့် လှုပ်ရှားနေရသော ကိုယ်ခန္ဓာကို အနားပေးရခြင်းဖြစ်သည်။ နေ့စဉ်ပြုဖွယ်ကိစ္စများအားလုံး ကြောက်စိတ်ကြောင့်ဖြစ်ရခြင်းကို ပြောလိုခြင်းဖြစ်သည်။ လူမှုဆက်ဆံရေးတွင်လည်း ထိုသို့ပင်ဖြစ်သည်။ ဆက်ဆံရေးမှန်သမျှမှာ ကြောက်စိတ်အပေါ်တွင် အခြေခံထားသည်။ လူမချစ်မှာကြောက်စိတ်က လူချစ်လူခင်များသောလူတစ်ယောက်ဖြစ်အောင်၊ အထင်သေးခံရမှာကြောက်စိတ်က ကြွားဝါတတ်အောင် (သို့မဟုတ်) ကြိုးစားတတ်သူဖြစ်အောင်၊ လူတောတိုးရမှာကြောက်စိတ်က တစ်ကိုယ်တည်းနေသူဖြစ်အောင်၊ အနှိမ်ခံရမှာကြောက်စိတ်က သူများကို အနိုင်ကျင့်တတ်သူဖြစ်ေအောင် စသည်ဖြင့် လူမှုဆက်ဆံရေးတွင်လည်း မထင်ရှားသောအသွင်ဖြင့် ကြောက်စိတ်က ပါလေသည်။ ကိစ္စအားလုံး ကြောက်စိတ်မှစကြောင်းသိ၍ သတိထားထိန်းသိမ်းလျှင် ပြဿနာတော်တော်များများကိုရှင်းပစ်နိုင်လေသည်။ ကိုယ့်နေရာကို ယူမှာကြောက်စိတ်ဖြင့် သူတစ်ပါးအား မုန်းတီးခြင်းမဖြစ်နိုင်တော့သကဲ့သို့၊ တစ်ခုခုကိုကြောက်စိတ်ဖြင့် ဘာမှန်းမသိပဲ စိတ်ပူလောင်ရမှုမျိုးလည်းမဖြစ်နိုင်တော့ပေ။ သို့သော် ကောင်းသောကိစ္စများတွင်ကား ကြောက်စိတ်ရှိသင့်ပါသေးသည်။ မကောင်းမှုလုပ်ရမှာကို ကြောက်သည့်စိတ်၊ မတရားလုပ်ရမည်ကို ကြောက်သည့်စိတ် စသည်တို့ကားရှိသင့်ပေသည်။ သို့မှသာ လူလောကတစ်ခုလုံးသာယာမည် ဖြစ်သည်။ ဤသည်မှာလည်း ကြောက်စိတ်ပင်ဖြစ်၍ လူ့လောကမသာယာမှာ ကြောက်သည့်စိတ်ဖြစ်သည်။ အကယ်၍သာ ကြောက်စိတ် ခေါ် Fear ဆိုသည့်အရာကြီး ကျွနု်ပ်တို့ထံမှလုံးဝပျောက်ကွယ်သွားပါက ကမ္ဘာကြီးသည် မည်သို့သောနေရာမျိုးဖြစ်လာမည်ကိုကား တွေးရမှာကြောက်သောကြောင့် မတွေးတော့ပါ။
===============================
အရာအားလုံးသည္ သူ႔ေၾကာင့္ ျဖစ္ခဲ့ျခင္းျဖစ္သည္။ အေကာင္း၊ အဆိုး၊ အျဖစ္အပ်က္မွန္သမွ်တုိ႔၏ လက္သည္မွာ ဒင္းျဖစ္သည္။ ဒင္းသည္သာ ကိစၥအဝဝတို႔၏ တရားခံျဖစ္သည္။ လူ႔ေလာက၏ဆိုးမုိက္မွဳမွန္သမွ်တို႔တြင္ ဒင္းလက္ခ်က္မကင္း။ ျပစ္မွဳမွန္သမွ်မွာလည္း ဒင္းက စျခင္းျဖစ္သည္။ မေကာင္းမွဳမွန္သမွ်တုိ႔တြင္ဒင္းပါသကဲ့သုိ႔ ေကာင္းမွဳကိစၥမ်ားတြင္လည္း ဒင္းကေရွ ႔ေဆာင္ေလေသးသည္။ ၾကီးၾကီးက်ယ္က်ယ္ေျပာရလွ်င္ ဒင္းေၾကာင့္ပင္ လူ႔ေဘာင္ေလာကၾကီး ေကာင္းတစ္တန္၊ ဆိုးတစ္လွည့္ျဖစ္ေနသည္ဟု ဆိုရေပလိမ့္မည္။ ဟန္ေဆာင္ေကာင္းသေလာက္၊ နားလည္ရခက္ေသာ၊ မ်က္ႏွာမ်ားစြာရွိေသာ ဒင္းပင္ျဖစ္ေလသည္။ ဒင္းကို သတိျပဳမိသူကား အလြန္အင္မတန္ပင္ရွားပါးလွေပသည္။ အေကာင္အထည္အင္မတန္ၾကီးမားလာမွသာ ဒင္းမွန္းသိၾကရေလသည္။ အေမွာင္တြင္းမွေန၍ ၾကိဳးကိုင္ကာ ခ်ယ္လွယ္ႏုိ္င္ေပေသာ ဒင္းပါတကား။ တစ္ခါတရံ ဒင္းသည္ အလင္းေရာင္တြင္ခပ္တည္တည္ႏွင့္ ထြက္ထုိင္ေနတတ္ေသးသည္။ သုိ႔ေသာ္ မည္သူမွ်သတိမျပဳမိၾက။ ရုပ္ဖ်က္အလြန္ေတာ္ေသာေၾကာင့္ျဖစ္သည္။ ဒင္းရွိျခင္းသည္ ေကာင္းလည္းေကာင္း၍၊ မေကာင္းလည္းမေကာင္း။ မေကာင္းျခင္းမွာ ဒင္းေၾကာင့္မေကာင္းမွဳကိစၥမ်ားျဖစ္ခဲ့ၿပီး၊ ေကာင္းျခင္းမွာ ဒင္းေၾကာင့္လူ႔ေလာကၾကီး တိုးတက္ခဲ့၍ျဖစ္သည္။ ဒင္းတစ္ေယာက္ထဲ၏ လက္ခ်က္ပင္ျဖစ္သည္။ ဗုဒၶျမတ္စြာဘုရားရွင္ကုိယ္ေတာ္ျမတ္ၾကီးပင္လွ်င္ ဒင္းေၾကာင့္ ဘုရားအျဖစ္သို႔ေရာက္ေအာင္ က်င့္ၾကံအားထုတ္ေတာ္မူခဲ့ျခင္းျဖစ္ေလသည္။ ဒင္းကား သတၱဝါတို႔၏ စိတ္သ႑ာန္ဝယ္အစဥ္ပုန္းေအာင္းေနေသာ၊ ရံဖန္ရံခါမွ အေကာင္ထည္ထင္ရွားျပတတ္ေသာ ေၾကာက္စိတ္ ပင္တည္း။ မွန္သည္။ သိဒၶတၱမင္းသားသည္ အိုျခင္း၊ နာျခင္း၊ ေသျခင္း တည္းဟူေသာ ဒုကၡဆင္းရဲတို႔ကို ေၾကာက္သည့္ ေၾကာက္စိတ္ျဖင့္ လူ႔ဘဝ၏အႏွစ္သာရကိုရွာေဖြရာမွ ဘုရားအျဖစ္သို႔ေရာက္ကာ၊ ကြ်ႏု္ပ္တို႔လူသားမ်ားအတြက္ အဖိုးမျဖတ္ႏုိ္င္ေသာ က်င့္စဥ္၊ တရားေတာ္မ်ားကို ရွာေဖြေတြ႔ရွိ အေမြေပးခဲ့ျခင္းျဖစ္သည္။ ေၾကာက္စိတ္သည္ နံပါတ္တစ္ ေစ့ေဆာ္သူျဖစ္သည္။ အရာရာအားလုံးသည္ ေၾကာက္စိတ္မွ အစျပဳသည္ကို ျငင္းလုိသည္ဆိုပါအံ႔။ ျငင္း၍ရႏုိင္မည္မဟုတ္ပါ။ အဘယ့္ေၾကာင့္ဆိုေသာ္ အခ်ိဳ ႔ကိစၥမ်ား၌ မထင္ရွားေသာ ေၾကာက္စိတ္ကို ထင္ရွားေအာင္ သက္ေသျပႏုိ္င္ၿပီျဖစ္ေသာေၾကာင့္ျဖစ္သည္။ တစ္ဦးျခင္းႏွင့္ဆုိင္ေသာ ကိစၥေသးေသးေလးမွ အစျပဳ၍ လူမ်ားႏွင့္ဆုိင္ေသာ ဧရာမကိစၥၾကီးမ်ားအထိ ေၾကာက္စိတ္က အစျပဳခဲ့ျခင္းျဖစ္သည္။ ေသမည္ကိုေၾကာက္သူမ်ားက ဘာသာတရားမ်ားကုိ ဖန္တီးခဲ့ၾကသည္။ နာမွာကိုေၾကာက္သူမ်ားက ေဆးပညာကိုတုိးတက္ေအာင္ အစဥ္ၾကံေဆာင္ခဲ့ၾကသည္။ ဆင္းရဲေၾကာက္သူမ်ားက ခ်မ္းသာေအာင္ ေတာင့္တၾက၍၊ သူမ်ားကို မႏုိင္ရမွာေၾကာက္သူမ်ားက လက္နက္မ်ား အျပိဳင္ထြင္ကာ ကမာၻစစ္ၾကီးမ်ားကို မီးေမႊးခဲ့ၾကသည္။ လူသားမ်ားနာက်င္မွာကို ေၾကာက္သူမ်ားက လူသားမ်ားအတြက္ အလုပ္လုပ္ေပးေသာ၊ ကိုယ္ခ်င္းစာတရားအျပည့္ရွိေသာ ေမတၱာရွင္သူေတာ္စင္မ်ားအျဖစ္ ေမြးဖြားလာၾကျပန္ေလသည္။ အရာရာသည္ ေၾကာက္စိတ္ တစ္ခုထဲမွ အစျပဳခဲ့ျခင္းျဖစ္သည္။ စာေမးပြဲက်မွာေၾကာက္၍၊ အိမ္ကဆူမွာေၾကာက္၍၊ လူအထင္ေသးခံရမွာေၾကာက္၍ စာၾကည့္ေသာေက်ာင္းသားသည္ မည္သည့္အေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ အဓိကမွာ ေၾကာက္စိတ္၏ ေစ့ေဆာ္မွဳေၾကာင့္ျဖစ္သည္။ အလုပ္လုပ္သူမွာ ငတ္မွာေၾကာက္၍ျဖစ္သည္။ အလုပ္မလုပ္ပဲေနသူမွာ ပင္ပန္းမွာ ေၾကာက္၍ျဖစ္သည္။ ႏွစ္ခုလုံးတြင္ေၾကာက္စိတ္ပါေလသည္။ ဟစ္တလာက ဂ်ဴးမ်ားကို ေၾကာက္စိတ္ျဖင့္ အကုန္သတ္ဖို႔ၾကိဳးစားခဲ့သည္။ စီးပြားေရးေကာင္းမွာေၾကာက္၍ျဖစ္ျဖစ္၊ ဂ်ာမနီတြင္ခ်ယ္လွယ္မွာစိုး၍ျဖစ္ျဖစ္၊ ေၾကာက္စိတ္မွာ ေၾကာက္စိတ္ပင္ျဖစ္သည္။ အီတလီႏွင့္ ဂ်ပန္ကလူ႔ေလာကကို မအုပ္စုိးရမွာေၾကာက္စိတ္ျဖင့္ ဂ်ာမနီႏွင့္ ဒုတိယကမာၻစစ္တြင္ပူးေပါင္းခဲ့သည္။ အဂၤလန္ႏွင့္ မဟာမိတ္တို႔က လြတ္လပ္ေရးဆုံးရွံဳးမွာေၾကာက္စိတ္ျဖင့္ ျပန္ခံခ်ခဲ့ၾကေလသည္။ ပို၍ၾကီးမားေသာေၾကာက္စိတ္က အျခားေၾကာက္စိတ္မ်ားကိုလႊမ္းမိုး၍ ပိုၾကီးက်ယ္ေသာအျဖစ္အပ်က္မ်ားကိုေပးျခင္းျဖစ္သည္။ ဥပမာေျပာရလွ်င္ ကေလးေမြးေသာမိခင္သည္ နာက်င္မွာကိုေၾကာက္သည့္စိတ္ထက္ မိခင္ေမတၱာမေပးရမွာကို ေၾကာက္သည့္စိတ္ကပိုမ်ားေသာေၾကာင့္ မိမိရင္ေသြးငယ္ကို ေမြးဖြားျခင္းျဖစ္သည္။ ခ်စ္ျခင္းေၾကာင့္ေမြးသည္ဟုဆိုလွ်င္ တနည္းအားျဖင့္ မခ်စ္ရမွာေၾကာက္ေသာေၾကာင့္ ေမြးသည္ဟုဆိုႏုိင္သည္။ ဤသည္မွာလည္း ေၾကာက္စိတ္ပင္ျဖစ္သည္။ အေပါင္းျဖစ္ခ်င္သည္ဟုဆိုလ်င္ အႏွဳတ္မျဖစ္ခ်င္ေသာေၾကာင့္ဟု အဓိပၸါယ္ေကာက္၍ ရသကဲ့သို႔ပင္။ အရင္းစစ္လို္က္လွ်င္ ေၾကာက္စိတ္တစ္ခုခုေၾကာင့္သာ ျဖစ္သည္။ Fear ဟု ေခၚေသာ ေၾကာက္စိတ္သည္ အရာအားလုံး၏အစျဖစ္သည္ကို လက္မခံနုိင္ေသးပါက မေရမတြက္ႏုိ္င္ေလာက္ေသာ သက္ေသသက္ကာယမ်ားရွိပါေသးသည္။ အခ်ိဳ ႔ကိုသာေျပာရလွ်င္ အစားအေသာက္စားျခင္းသည္ ဆာေလာင္မွာေၾကာက္၍ျဖစ္သည္။ မဆာပဲ အရသာအတြက္စားသူမွာ ရသအာရုံမခံစားရမွာ ေၾကာက္၍ျဖစ္သည္။ ဘာေၾကာင့္စားစား၊ ေၾကာက္၍စားျခင္းျဖစ္သည္။ ထို႔အတူ အျခားအရာအားလုံးမွာလည္းေၾကာက္စိတ္ေၾကာင့္ပင္ျဖစ္သည္။ ပူမွာ ေၾကာက္စိတ္၊ ညစ္ပတ္မွာေၾကာက္စိတ္က ေရခ်ိဳးေစသည္။ အိပ္ေပ်ာ္သြားျခင္းပင္လွ်င္ ေၾကာက္စိတ္မ်ား၏ ေမာင္းနွင္မွဳေၾကာင့္ လွဳပ္ရွားေနရေသာ ကိုယ္ခႏၶာကို အနားေပးရျခင္းျဖစ္သည္။ ေန႔စဥ္ျပဳဖြယ္ကိစၥမ်ားအားလုံး ေၾကာက္စိတ္ေၾကာင့္ျဖစ္ရျခင္းကို ေျပာလိုျခင္းျဖစ္သည္။ လူမွဳဆက္ဆံေရးတြင္လည္း ထုိသို႔ပင္ျဖစ္သည္။ ဆက္ဆံေရးမွန္သမွ်မွာ ေၾကာက္စိတ္အေပၚတြင္ အေျခခံထားသည္။ လူမခ်စ္မွာေၾကာက္စိတ္က လူခ်စ္လူခင္မ်ားေသာလူတစ္ေယာက္ျဖစ္ေအာင္၊ အထင္ေသးခံရမွာေၾကာက္စိတ္က ၾကြားဝါတတ္ေအာင္ (သို႔မဟုတ္) ၾကိဳးစားတတ္သူျဖစ္ေအာင္၊ လူေတာတိုးရမွာေၾကာက္စိတ္က တစ္ကိုယ္တည္းေနသူျဖစ္ေအာင္၊ အႏွိမ္ခံရမွာေၾကာက္စိတ္က သူမ်ားကို အႏုိင္က်င့္တတ္သူျဖစ္ေေအာင္ စသည္ျဖင့္ လူမွဳဆက္ဆံေရးတြင္လည္း မထင္ရွားေသာအသြင္ျဖင့္ ေၾကာက္စိတ္က ပါေလသည္။ ကိစၥအားလုံး ေၾကာက္စိတ္မွစေၾကာင္းသိ၍ သတိထားထိန္းသိမ္းလွ်င္ ျပႆနာေတာ္ေတာ္မ်ားမ်ားကိုရွင္းပစ္ႏုိင္ေလသည္။ ကိုယ့္ေနရာကို ယူမွာေၾကာက္စိတ္ျဖင့္ သူတစ္ပါးအား မုန္းတီးျခင္းမျဖစ္ႏုိင္ေတာ့သကဲ့သို႔၊ တစ္ခုခုကိုေၾကာက္စိတ္ျဖင့္ ဘာမွန္းမသိပဲ စိတ္ပူေလာင္ရမွဳမ်ိဳးလည္းမျဖစ္ႏုိင္ေတာ့ေပ။ သို႔ေသာ္ ေကာင္းေသာကိစၥမ်ားတြင္ကား ေၾကာက္စိတ္ရွိသင့္ပါေသးသည္။ မေကာင္းမွဳလုပ္ရမွာကို ေၾကာက္သည့္စိတ္၊ မတရားလုပ္ရမည္ကို ေၾကာက္သည့္စိတ္ စသည္တုိ႔ကားရွိသင့္ေပသည္။ သို႔မွသာ လူေလာကတစ္ခုလုံးသာယာမည္ ျဖစ္သည္။ ဤသည္မွာလည္း ေၾကာက္စိတ္ပင္ျဖစ္၍ လူ႔ေလာကမသာယာမွာ ေၾကာက္သည့္စိတ္ျဖစ္သည္။ အကယ္၍သာ ေၾကာက္စိတ္ ေခၚ Fear ဆိုသည့္အရာၾကီး ကြ်ႏု္ပ္တို႔ထံမွလုံးဝေပ်ာက္ကြယ္သြားပါက ကမာၻၾကီးသည္ မည္သို႔ေသာေနရာမ်ိဳးျဖစ္လာမည္ကိုကား ေတြးရမွာေၾကာက္ေသာေၾကာင့္ မေတြးေတာ့ပါ။