Sunday, October 7, 2012

ေရာဂါဆန္း

ကြ်န္ေတာ့တြင္ ေရာဂါဆန္းတစ္ခု စဲြကပ္ေနၿပီကို သံသယအဆင့္မွ ေသခ်ာမွဳအဆင့္သို႔ တစ္ျဖည္းျဖည္းသတ္မွတ္လာႏုိင္ခဲ့ရသည္။ ဘယ္အခ်ိန္ကစသည္၊ ဘာေၾကာင့္ျဖစ္သည္၊ ဘယ္္အခ်ိန္မွာ ပိုဆိုးလာသည္ ကိုေတာ့ ကြ်န္ေတာ့မွာ မေသခ်ာ။ ေသခ်ာတာ တစ္ခုပဲရွိသည္။ ကြ်န္ေတာ့မွာ ေရာဂါဆန္းတစ္ခုရွိေနျခင္းပင္။

ကြ်န္ေတာ္မွာရွိသည့္ ဘာသာစကားစြမ္းရည္ (ဝါ) စကားေျပာဆိုျခင္းအတတ္ပညာမွာ ရွိရင္းစြဲအဆင့္မွသည္ ပို၍ ပို၍ နိမ့္က်လာေနသည္ ဟုခံစားေနရသည္မွာေတာ့ၾကာၿပီျဖစ္သည္ ။ ကြ်န္ေတာ္စကားေျပာညံ႔ဖ်င္းလာေနသည္။ကြ်န္ေတာ့တြင္ အစားအေသာက္နွင့္ပက္သက္၍ ျပႆနာမရွိေသာ္လည္း စကားႏွင့္ပက္သက္၍ ခံတြင္းပ်က္သလိုျဖစ္ေနသည္။ ေျပာရသည့္ စကားမ်ားမွာ ေပါ့ပ်က္ပ်က္ႏွင့္ အရသာမရွိ။ ဘာ စကားမွလဲ ႏွစ္ႏွစ္ျခိဳက္ျခိဳက္ မေျပာခ်င္။ ေျပာစရာ အေၾကာင္းအရာမ်ားသည္လည္း ရွားပါးရာမွ မ်ိဳးတုံးလုနီးပါးျဖစ္လာသည္ကို အံ႔ၾသဖြယ္ရာေတြ႔ရသည္။ စကားနည္းသူတစ္ေယာက္အတြက္ ပုံမွန္ျဖစ္ရိုးျဖစ္စဥ္ ျဖစ္ေကာင္းျဖစ္မည္။ ကြ်န္ေတာ္ကဲ့သို႔ စကားေျပာရျခင္းကို ႏွစ္သက္၍ ငယ္စဥ္ကတည္းက စကားအလြန္္ေျပာခ့ဲေသာ လူတစ္ေယာက္အတြက္ေတာ့ စကားလုံးမ်ားကို ျငီးေငြ႔လာျခင္းသည္ ေရာဂါတစ္ခုျဖစ္လိမ့္မည္။

ငယ္စဥ္က စာေရးဆရာၾကီး မက္တြိန္း၏ တြမ္ေဆာ္ယာႏွင့္ ဟက္ကယ္ဘယ္ရီဖင္း၊ ဆရာဇဝန၏ ဆိုးေပ တုိ႔ကိုဖတ္ၿပီးေသာအခါ ထုိကေလးဇာတ္ေကာင္မ်ားမွာ ကြ်န္ေတာ္တို႔ သူငယ္ခ်င္းမ်ားအၾကားတြင္ မပါမၿပီး စကားဝုိင္းဖြဲ႔စရာမ်ားျဖစ္လာခဲ့သည္။ စိတ္အားထက္သန္မွဳျဖင့္ ဆိုးေပႏွင့္ သူ၏သူငယ္ခ်င္းမ်ားအေၾကာင္းကို အားရပါးရ ေျပာေနေသာ ကြ်န္ေတာ့အသံကို ျပန္ၾကားေယာင္မိသည္။ သူငယ္ခ်င္းတစ္ေယာက္က မဂၢဇင္းတစ္ခုကိုယူလာ၍ လကမာၻသို႔ လူသားမ်ားသြားသည္ဆိုသည္မွာ လံၾကဳတ္သတင္းၾကီးျဖစ္ေၾကာင္းကို အေထာက္အထားမ်ား ျပလာျပန္ေသာအခါ ျငင္းၾက၊ ခုန္ၾကျပန္သည္။ မၿပီးႏုိင္မစီးႏိုင္ ေျပာၾက ဆိိုၾက ေမးၾက ျမန္းၾက ေဆြးေႏြးၾကသည္။
ကြ်န္ေတာ္တို႔ ငယ္စဥ္ ေက်ာင္းဖတ္စာအုပ္ထဲတြင္ပါသည့္ လကမာၻသို႔ ပထမဦးဆုံးေရာက္ခဲ့သူ၊ ေျခခ်ခဲ့သူလူသား အမ္းစထေရာင္းပင္လွ်င္ မေန႔တစ္ေန႔က သခၤါရတရားကိုမလြန္ဆန္ႏုိ္င္ပဲ ကြယ္လြန္ခဲ့ၿပီဟု ဖတ္လိုက္ရသည္။ ကေလးဘဝက ျငင္းခုန္ခဲ့ၾကသည့္ သူငယ္ခ်င္းမ်ား ကြ်န္ေတာ့မွတ္ညဏ္တြင္ လွ်ပ္စီးလက္သလို ျဖတ္ခနဲေပၚလာၿပီး ျပန္ေပ်ာက္ကြယ္သြားသည္။ ထိုထက္ပို၍ ကြ်န္ေတာ့တြင္ ဘာမွေျပာစရာေရာ၊ ေျပာခ်င္စိတ္ေရာမေပၚလာခဲ့ေတာ့။

ဆယ္ေက်ာ္သက္ဘဝမွာ သူငယ္ခ်င္းမ်ားအၾကားေျပာျဖစ္ၾကသည္က ဂြ်န္စတိန္းဘက္၏ ေတာ္တီလာဖလက္ရပ္ကြက္ေလးအေၾကာင္း။ ဒန္နီတို႔သူငယ္ခ်င္းတစ္ေတြ၏ စည္းေဘာင္မရွိ၊ လြတ္လပ္ပြင့္လင္းေသာ ခင္မင္မွဳကို ကြ်န္ေတာ္တို႔သေဘာက်ၾကသည္။ မူးရူးၿပီး တပ္ထဲဝင္ရန္ စာရင္းသြားေပးရာမွ ကေမာက္ကမျဖစ္ကုန္သည့္ အပိုင္း၊ မရွိအတူရွိအတူ ဝုိင္းတစ္ပုလင္းအတြက္ ေပါက္ကရလုပ္ၾကသည့္ အပိုင္းမ်ားမွာ ကြ်န္ေတာ္တုိ႔အတြက္ ေျပာ၍မဆုံး၊ ရယ္ပြဲဖြဲ႔၍မၿပီးႏုိင္စရာ။ ထင္ရာစိုင္း၍ ေပ်ာ္သလိုေနၾကေသာ သူတုိ႔လူ႔အဖြ႔ဲအစည္းမွာ အခ်ဳပ္အေႏွာင္ကင္းမဲ့သည္ဟု ထိုစဥ္က ခံစားခဲ့ၾကသည္။

ကုန္းေဘာင္ရွာပုံေတာ္မွ ဆရာညိဳျမ၏ပါးစပ္ရာဇဝင္မ်ားကို သူငယ္ခ်င္းမ်ားၾကိဳက္ႏွစ္သက္ခဲ့ၾကသလို၊ “ ေပါင္မုန္႔မရွိရင္ ကိတ္မုန္႔စားေပါ့ ”ဟူူေသာ ျပင္သစ္ဘုရင္မ ေမရီအင္တြြြိဳင္းနက္၏ စကားကုိ ကြ်န္ေတာ့သူငယ္ခ်င္းမ်ားကို ျပန္ေဖာက္သည္ခ်ေသာအခါ ရင္သပ္ရွဳေမာျဖစ္ခဲ့ၾကသည္။ ဇာတ္လမ္းဇာတ္အိမ္ခိုင္ေသာ၊ ဆန္းၾကယ္ေသာဇာတ္လမ္းမ်ားမွာ ဘာသာျပန္စာအုပ္မ်ားတြင္သာမဟုတ္၊ ေခတ္ေပၚစာအုပ္မ်ားတြင္သာမဟုတ္ ငါးရာ႔ငါးဆယ္ဇာတ္ေတာ္နွင့္ ရာဇဝင္ပုံျပင္မ်ားတြင္ပင္ရွိခ့ဲေၾကာင္းကို ကြ်န္ေတာ္တို႔တစ္စု လက္သင့္ခံခဲ့ၾကသည္မွာ ဥေတနဇာတ္ႏွင့္ ရွင္ေမြ႔ႏြန္း၊ မင္းနႏၵာဇာတ္မ်ားတြင္ျဖစ္သည္။ ေငြေတာင္ျပည္ေဒြးမယ္ေနာ္မွသည္ ဝန္ပိုငွက္လင္မယားေမြးစားသည့္ကေလးမွတဆင့္ ရွင္ေမြ႔ႏြန္း၊မင္းနႏၵာထိ ဇာတ္လမ္းခ်ိတ္ဆက္သြားပုံေလးကို သေဘာက်ၾကသည္။ ဥေတနဇာတ္မွ လူ႔သဘာဝ စရုိက္ေလးမ်ားကို ေဆြးေႏြးျဖစ္ၾကသည္။

ရာဆာအာရာဖတ္ၾကီး နာမည္ၾကီးေသာအခါ ဆရာေမာင္မိုးသူ၊ ဆရာေက်ာ္ေအာင္၊ ဆရာလင္းယုန္ေမာင္ေမာင္တို႔ေက်းဇူးမ်ားျဖင့္ အိတ္ဇိုးဒပ္၊ အိုေဂ်ရုစလင္၊ ေမာ့ဆက္စသည့္ ဘာသာျပန္စာအုပ္မ်ားဖတ္ကာ ဂ်ဴးႏွင့္ အာရပ္တို႔၏ ပဋိပကၡမ်ားကို သူငယ္ခ်င္းမ်ားအၾကားေဆြးေႏြးျငင္းခုန္ခြင့္ရခဲ့သည္။ ထိုေနာက္ခံအသိျဖင့္ “လြမ္းေမာခဲ့ရေသာ တကၠသိုလ္ေႏြညမ်ား” စာအုပ္မွာ ဖတ္ရွဳ၍ပိုေလးနက္ခဲ့ရသည္။ တစ္ေယာက္ႏွင့္တစ္ေယာက္ စာအုပ္ေကာင္းမ်ားညႊန္းျခင္း၊ ဖတ္ဖူးသည္ကို ေဖာက္သည္ခ်ၾကျခင္းျဖင့္ စကားဝုိင္းမ်ားမွာစိုေျပခဲ့ရသည္။

ကြ်န္ေတာ္က ပန္းသာမစာဥအေၾကာင္းေျပာေသာအခါ တစ္ေယာက္က ဆရာေမာင္ထြန္းသူ၏ “တက္စ္” ဘာသာျပန္စာအုပ္ကိုယူလာေပးသည္။ အလက္ဇႏၵားဒူးမားေရးေသာ သူရဲေကာင္းသုံးေယာက္၏ စြန္႔စားမွဳမ်ားကို ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္းမွ မြန္၊ ျမန္မာ သူရဲေကာင္းမ်ား၏ စိတ္ဓါတ္၊ သတၱိတို႔ျဖင့္ခ်ိန္ထိုးၾကသည္။ တစ္ေယာက္က ေလရူးသုန္သုန္ဝတၳဳၾကီးေကာင္းေၾကာင္းေျပာေသာအခါ က်န္သူမ်ားက မခံခ်င္စိတ္ျဖင့္ မၿပီးမခ်င္းဖတ္ၾကသည္။ ေဝဖန္ၾကျပန္သည္။ ေနာက္...ရက္ဘတၱလာကိုၾကိဳက္သည့္ေနရာတြင္ အားလုံးတူေနၾကျပန္သည္။ စကားမ်ားကား ေဖာင္ဖြဲ႔၍မကုန္။

အိုက္ခမန္း၏ ငရဲခန္းမ်ားအေၾကာင္းကို တစ္ေယာက္က သယ္လာေသာအခါ က်န္သူမ်ားမွာစိတ္ဝင္တစားေဆြးေႏြး၍ ရွာဖတ္ၾကျပန္သည္။ မွ်ေဝၾကျပန္သည္။ လူ႔ေလာကတြင္ လူအခ်င္းခ်င္း ရက္စက္ၾကမ္းၾကဳတ္ၾကသူမ်ားရွိေနေၾကာင္းကို အလန္႔တၾကားသိမွတ္ၾကရသည္။ ေနာက္ဆုံးတြင္ ဒုတိယကမာၻစစ္အေၾကာင္းမွသည္ ဂ်ပန္ကိုအႏုျမဴဗုံးၾကဲျခင္းသည္ ျဖစ္သင့္မျဖစ္သင့္ ျငင္းၾကျခင္းျဖင့္ စကားဝိုင္းမွာ အဆုံးမသတ္တတ္ႏုိင္။
 ေျပာခ်င္ရာေတြ ေလွ်ာက္ေျပာေနရျခင္းသည္လည္း စိတ္ကူးညဏ္ရႊင္ေစ၍ စကားေျပာဆုိမွဳအတတ္ပညာကို အေထာက္အပံ႔ေပးႏုိင္သည္။ စကားဝုိင္းေကာင္းတစ္ခုသည္ အစားေကာင္းတစ္လုပ္စားရသကဲ့သို႔ပင္။ အရသာရွိလွသည္။

ေခတ္ေတြေျပာင္းလာသည္။ အသက္ေတြၾကီးလာသည္။ စံႏွဳန္းေတြေျပာင္းလဲလာသည္။ သူငယ္ခ်င္းမိတ္ေဆြေတြ ကိုယ့္လမ္းကိုယ္ ေလွ်ာက္ၾကသည္။ ေနရာေဒသအသစ္မွာ မိတ္ေဆြအသစ္ေတြေတြ႔လာသည္။ကြ်န္ေတာ္တို႔မွာ ဝါသနာတူ မိတ္ေဆြမ်ား၊ ဘာသာစကားတူ သူငယ္ခ်င္းမ်ား ပါးလ်ားလာသည္။ ကြ်န္ေတာ္တို႔၏ စကားဝုိင္းမ်ားမွာ ေျခာက္ေသြ႔လာသည္။ ကြ်န္ေတာ္တို႔၏ လွ်ာမ်ားမွာ ခဲဆဲြထားသကဲ့သို႔ေလးလံလာသည္။ အလြန္ၾကိဳက္သည့္စာအုပ္ကို အမ်ားၾကီးဝယ္၍ လက္ေဆာင္ေပးသည့္အက်င့္ ကြ်န္ေတာ့မွာရွိေသးေသာ္လည္း ေပးစရာဝါသနာတူ သူငယ္ခ်င္းမရွိသေလာက္ ရွားပါးလာခဲ့သည္။

မိတ္ေဆြတစ္ေယာက္က “ ခမာနီမ်ား ” အေၾကာင္းေရးေသာအခါ ဖတ္ရွဳၿပီး သူ႔အေရးအသားႏွင့္ သူ႔စာဖတ္အားကို အားက်ရသည္။ အားရ ရသည္။ အျခားတစ္ေယာက္ႏွင့္ ဆက္စပ္အေၾကာင္းအရာမ်ားပါ ေဆြးေႏြးျဖစ္သည္။ စကားေတြက ျပန္သြက္လာသလိုလို။ ေတာင္ေပၚသားတစ္ေယာက္ ဆားတစ္ထုပ္ရလိုက္သလို အရသာရွိလွသည္။ တစ္ခါတစ္ရံ ထိုသုိ႔ေသာအခိုက္အတန္႔မ်ားက ကြ်န္ေတာ့လိပ္ျပာကို ျပန္လွဳပ္ႏွိဳးေပးႏုိင္သည္။

ခုေတာ့ ကြ်န္ေတာ္ေျပာေသာစကားမ်ားမွာ ေမာင္ေကာင္းထုိက္ထဲမွပါေသာ ဇာတ္လမ္းတိုေလးမ်ားသာ။
ဒါေတာင္ “ ဟင္...အဲဒါက ဘာကိုေျပာခ်င္တာလဲဟင္ ” ဟုဆိုလာသူမ်ား ပါလာေသာအခါ စိတ္ပ်က္ပ်က္ႏွင့္ရွင္းျပရျပန္သည္။ ထိုအခါ ညဏ္ၾကီးရွင္မ်ားက “ အဲဒါ ဘာရီရလို႔လဲ ” ဟုဆိုျပန္ေသာအခါ ကြ်န္ေတာ္ဆြ႔ံအသြားၿပီး ဘာသာစကားစြမ္းရည္မ်ားေပ်ာက္ဆုံးကုန္သည္။

ရက္စက္မွဳမ်ားအေၾကာင္း ေျပာျဖစ္ၾကရင္းျဖင့္ လူလူခ်င္း၊ ရဲေဘာ္ရဲဘက္ခ်င္း လူမဆန္ေအာင္ ရက္စက္ၾကေသာ ျမန္မာျပည္ေျမာက္ပိုင္းေဒသမွ ကိစၥမ်ားအေၾကာင္းအမွတ္မထင္ေျပာျပမိေသာအခါ တစ္ေယာက္က “ သူတို႔က ဘာလို႔လွ်ာရွည္ၿပီး ေတာထဲသြားတာတုံး ” ဟုေမးၿပီး အျခားတစ္ေယာက္က “ကိုယ္နဲ႔လဲ မဆုိင္ပါဘူး အေဝးၾကီးေတြပါ၊ မသိလဲဘာမွမျဖစ္ပါဘူး ” ဟုဆိုလာေသာအခါ ကြ်န္ေတာ့မွာ ဘာျပန္ေျပာရမည္မွန္းမသိေတာ့။ ဆက္လဲမေျပာခ်င္ေတာ့။ ေဒါက္တာသန္းထြန္း၏ “ သမိုင္းဆိုတာ မ အ ေအာင္သင္တာ ” ဟူေသာ စကားကိုေျပာလွ်င္လည္း ရွင္းျပ၍ ပါးစပ္ေညာင္း၊ ေလကုန္တာသာ အဖတ္တင္ပါလိမ့္မည္။

ကြ်န္ေတာ့တြင္ စကားဝုိင္းဖြဲ႔ႏုို္င္သည့္ စြမ္းရည္မ်ားတစ္ျဖည္းျဖည္းက်ဆင္းလာေနသည္။ စကားေျပာရာတြင္ ခံတြင္းပ်က္သည့္ ေရာဂါဆန္းတစ္ခု စဲြကပ္ေနၿပီျဖစ္သည္။ အေရးအသားေကာင္းသူတစ္ခ်ိဳ ႔၏ ေဖ့စ္ဘြတ္မွစာမ်ားကိုဖတ္ရေသာအခါ သြားမပါသူ၏အေရွ ႔တြင္ အသားေျခာက္ေၾကာ္အားရပါးရ  လာဝါးျပ၊ စားျပေနသကဲ့သို႔ ခံစားရသည္။ သြားရည္ယိုုရုံမွလဲြ၍ ကြ်န္ေတာ့မွာ ဘာမွမတတ္ႏုိင္။ အခ်ိဳ႔စာမ်ားမွာ ဖတ္ရုံႏွင့္မၿပီး ကိုယ့္လိုစိတ္ဝင္စားသူမ်ားႏွင့္ပါ ျပန္ေဆြးေႏြးရမွ ၿပီးျပည့္စုံသည္။ စာမ်ားဖတ္ၿပီး၍ အေတြးမ်ားပလုံစီလာေသာအခါ  “ေရႊအ” အိပ္မက္မက္သကဲ့သုိ႔ ျပန္မေျပာတတ္ျဖစ္လာရသည္။ ကြ်န္ေတာ့တြင္ စကားမေျပာတတ္ေတာ့သည့္ ေရာဂါဆန္းတစ္ခုစဲြကပ္ေနၿပီမွာ သိပ္ေသခ်ာေနၿပီ ျဖစ္သည္။
------------------------------------------------------
ကျွန်တော့တွင် ရောဂါဆန်းတစ်ခု စွဲကပ်နေပြီကို သံသယအဆင့်မှ သေချာမှုအဆင့်သို့ တစ်ဖြည်းဖြည်းသတ်မှတ်လာနိုင်ခဲ့ရသည်။ ဘယ်အချိန်ကစသည်၊ ဘာကြောင့်ဖြစ်သည်၊ ဘယ်အချိန်မှာ ပိုဆိုးလာသည် ကိုတော့ ကျွန်တော့မှာ မသေချာ။ သေချာတာ တစ်ခုပဲရှိသည်။ ကျွန်တော့မှာ ရောဂါဆန်းတစ်ခုရှိနေခြင်းပင်။


ကျွန်တော်မှာရှိသည့် ဘာသာစကားစွမ်းရည် (ဝါ) စကားပြောဆိုခြင်းအတတ်ပညာမှာ ရှိရင်းစွဲအဆင့်မှသည် ပို၍ ပို၍ နိမ့်ကျလာနေသည် ဟုခံစားနေရသည်မှာတော့ကြာပြီဖြစ်သည် ။ ကျွန်တော်စကားပြောညံ့ဖျင်းလာနေသည်။ကျွန်တော့တွင် အစားအသောက်နှင့်ပက်သက်၍ ပြဿနာမရှိသော်လည်း စကားနှင့်ပက်သက်၍ ခံတွင်းပျက်သလိုဖြစ်နေသည်။ ပြောရသည့် စကားများမှာ ပေါ့ပျက်ပျက်နှင့် အရသာမရှိ။ ဘာ စကားမှလဲ နှစ်နှစ်ခြိုက်ခြိုက် မပြောချင်။ ပြောစရာ အကြောင်းအရာများသည်လည်း ရှားပါးရာမှ မျိုးတုံးလုနီးပါးဖြစ်လာသည်ကို အံ့သြဖွယ်ရာတွေ့ရသည်။ စကားနည်းသူတစ်ယောက်အတွက် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်ကောင်းဖြစ်မည်။ ကျွန်တော်ကဲ့သို့ စကားပြောရခြင်းကို နှစ်သက်၍ ငယ်စဉ်ကတည်းက စကားအလွန်ပြောခဲ့သော လူတစ်ယောက်အတွက်တော့ စကားလုံးများကို ငြီးငွေ့လာခြင်းသည် ရောဂါတစ်ခုဖြစ်လိမ့်မည်။


ငယ်စဉ်က စာရေးဆရာကြီး မက်တွိန်း၏ တွမ်ဆော်ယာနှင့် ဟက်ကယ်ဘယ်ရီဖင်း၊ ဆရာဇဝန၏ ဆိုးပေ တို့ကိုဖတ်ပြီးသောအခါ ထိုကလေးဇာတ်ကောင်များမှာ ကျွန်တော်တို့ သူငယ်ချင်းများအကြားတွင် မပါမပြီး စကားဝိုင်းဖွဲ့စရာများဖြစ်လာခဲ့သည်။ စိတ်အားထက်သန်မှုဖြင့် ဆိုးပေနှင့် သူ၏သူငယ်ချင်းများအကြောင်းကို အားရပါးရ ပြောနေသော ကျွန်တော့အသံကို ပြန်ကြားယောင်မိသည်။ သူငယ်ချင်းတစ်ယောက်က မဂ္ဂဇင်းတစ်ခုကိုယူလာ၍ လကမ္ဘာသို့ လူသားများသွားသည်ဆိုသည်မှာ လံကြုတ်သတင်းကြီးဖြစ်ကြောင်းကို အထောက်အထားများ ပြလာပြန်သောအခါ ငြင်းကြ၊ ခုန်ကြပြန်သည်။ မပြီးနိုင်မစီးနိုင် ပြောကြ ဆိုကြ မေးကြ မြန်းကြ ဆွေးနွေးကြသည်။

ကျွန်တော်တို့ ငယ်စဉ် ကျောင်းဖတ်စာအုပ်ထဲတွင်ပါသည့် လကမ္ဘာသို့ ပထမဦးဆုံးရောက်ခဲ့သူ၊ ခြေချခဲ့သူလူသား အမ်းစထရောင်းပင်လျှင် မနေ့တစ်နေ့က သင်္ခါရတရားကိုမလွန်ဆန်နိုင်ပဲ ကွယ်လွန်ခဲ့ပြီဟု ဖတ်လိုက်ရသည်။ ကလေးဘဝက ငြင်းခုန်ခဲ့ကြသည့် သူငယ်ချင်းများ ကျွန်တော့မှတ်ညဏ်တွင် လျှပ်စီးလက်သလို ဖြတ်ခနဲပေါ်လာပြီး ပြန်ပျောက်ကွယ်သွားသည်။ ထိုထက်ပို၍ ကျွန်တော့တွင် ဘာမှပြောစရာရော၊ ပြောချင်စိတ်ရောမပေါ်လာခဲ့တော့။


ဆယ်ကျော်သက်ဘဝမှာ သူငယ်ချင်းများအကြားပြောဖြစ်ကြသည်က ဂျွန်စတိန်းဘက်၏ တော်တီလာဖလက်ရပ်ကွက်လေးအကြောင်း။ ဒန်နီတို့သူငယ်ချင်းတစ်တွေ၏ စည်းဘောင်မရှိ၊ လွတ်လပ်ပွင့်လင်းသော ခင်မင်မှုကို ကျွန်တော်တို့သဘောကျကြသည်။ မူးရူးပြီး တပ်ထဲဝင်ရန် စာရင်းသွားပေးရာမှ ကမောက်ကမဖြစ်ကုန်သည့် အပိုင်း၊ မရှိအတူရှိအတူ ဝိုင်တစ်ပုလင်းအတွက် ပေါက်ကရလုပ်ကြသည့် အပိုင်းများမှာ ကျွန်တော်တို့အတွက် ပြော၍မဆုံး၊ ရယ်ပွဲဖွဲ့၍မပြီးနိုင်စရာ။ ထင်ရာစိုင်း၍ ပျော်သလိုနေကြသော သူတို့လူ့အဖွ့ဲအစည်းမှာ အချုပ်အနှောင်ကင်းမဲ့သည်ဟု ထိုစဉ်က ခံစားခဲ့ကြသည်။


ကုန်းဘောင်ရှာပုံတော်မှ ဆရာညိုမြ၏ပါးစပ်ရာဇဝင်များကို သူငယ်ချင်းများကြိုက်နှစ်သက်ခဲ့ကြသလို၊ “ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့ ”ဟူူသော ပြင်သစ်ဘုရင်မ မေရီအင်တွိုင်းနက်၏ စကားကို ကျွန်တော့သူငယ်ချင်းများကို ပြန်ဖောက်သည်ချသောအခါ ရင်သပ်ရှုမောဖြစ်ခဲ့ကြသည်။ ဇာတ်လမ်းဇာတ်အိမ်ခိုင်သော၊ ဆန်းကြယ်သောဇာတ်လမ်းများမှာ ဘာသာပြန်စာအုပ်များတွင်သာမဟုတ်၊ ခေတ်ပေါ်စာအုပ်များတွင်သာမဟုတ် ငါးရာ့ငါးဆယ်ဇာတ်တော်နှင့် ရာဇဝင်ပုံပြင်များတွင်ပင်ရှိခဲ့ကြောင်းကို ကျွန်တော်တို့တစ်စု လက်သင့်ခံခဲ့ကြသည်မှာ ဥတေနဇာတ်နှင့် ရှင်မွေ့နွန်း၊ မင်းနန္ဒာဇာတ်များတွင်ဖြစ်သည်။ ငွေတောင်ပြည်ဒွေးမယ်နော်မှသည် ဝန်ပိုငှက်လင်မယားမွေးစားသည့်ကလေးမှတဆင့် ရှင်မွေ့နွန်း၊မင်းနန္ဒာထိ ဇာတ်လမ်းချိတ်ဆက်သွားပုံလေးကို သဘောကျကြသည်။ ဥတေနဇာတ်မှ လူ့သဘာဝ စရိုက်လေးများကို ဆွေးနွေးဖြစ်ကြသည်။


ရာဆာအာရာဖတ်ကြီး နာမည်ကြီးသောအခါ ဆရာမောင်မိုးသူ၊ ဆရာကျော်အောင်၊ ဆရာလင်းယုန်မောင်မောင်တို့ကျေးဇူးများဖြင့် အိတ်ဇိုးဒပ်၊ အိုဂျေရုစလင်၊ မော့ဆက်စသည့် ဘာသာပြန်စာအုပ်များဖတ်ကာ ဂျူးနှင့် အာရပ်တို့၏ ပဋိပက္ခများကို သူငယ်ချင်းများအကြားဆွေးနွေးငြင်းခုန်ခွင့်ရခဲ့သည်။ ထိုနောက်ခံအသိဖြင့် “လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ” စာအုပ်မှာ ဖတ်ရှု၍ပိုလေးနက်ခဲ့ရသည်။ တစ်ယောက်နှင့်တစ်ယောက် စာအုပ်ကောင်းများညွှန်းခြင်း၊ ဖတ်ဖူးသည်ကို ဖောက်သည်ချကြခြင်းဖြင့် စကားဝိုင်းများမှာစိုပြေခဲ့ရသည်။


ကျွန်တော်က ပန်းသာမစာဥအကြောင်းပြောသောအခါ တစ်ယောက်က ဆရာမောင်ထွန်းသူ၏ “တက်စ်” ဘာသာပြန်စာအုပ်ကိုယူလာပေးသည်။ အလက်ဇန္ဒားဒူးမားရေးသော သူရဲကောင်းသုံးယောက်၏ စွန့်စားမှုများကို ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းမှ မွန်၊ မြန်မာ သူရဲကောင်းများ၏ စိတ်ဓါတ်၊ သတ္တိတို့ဖြင့်ချိန်ထိုးကြသည်။ တစ်ယောက်က လေရူးသုန်သုန်ဝတ္ထုကြီးကောင်းကြောင်းပြောသောအခါ ကျန်သူများက မခံချင်စိတ်ဖြင့် မပြီးမချင်းဖတ်ကြသည်။ ဝေဖန်ကြပြန်သည်။ နောက်...ရက်ဘတ္တလာကိုကြိုက်သည့်နေရာတွင် အားလုံးတူနေကြပြန်သည်။ စကားများကား ဖောင်ဖွဲ့၍မကုန်။


အိုက်ခမန်း၏ ငရဲခန်းများအကြောင်းကို တစ်ယောက်က သယ်လာသောအခါ ကျန်သူများမှာစိတ်ဝင်တစားဆွေးနွေး၍ ရှာဖတ်ကြပြန်သည်။ မျှဝေကြပြန်သည်။ လူ့လောကတွင် လူအချင်းချင်း ရက်စက်ကြမ်းကြုတ်ကြသူများရှိနေကြောင်းကို အလန့်တကြားသိမှတ်ကြရသည်။ နောက်ဆုံးတွင် ဒုတိယကမ္ဘာစစ်အကြောင်းမှသည် ဂျပန်ကိုအနုမြူဗုံးကြဲခြင်းသည် ဖြစ်သင့်မဖြစ်သင့် ငြင်းကြခြင်းဖြင့် စကားဝိုင်းမှာ အဆုံးမသတ်တတ်နိုင်။

 ပြောချင်ရာတွေ လျှောက်ပြောနေရခြင်းသည်လည်း စိတ်ကူးညဏ်ရွှင်စေ၍ စကားပြောဆိုမှုအတတ်ပညာကို အထောက်အပံ့ပေးနိုင်သည်။ စကားဝိုင်းကောင်းတစ်ခုသည် အစားကောင်းတစ်လုပ်စားရသကဲ့သို့ပင်။ အရသာရှိလှသည်။


ခေတ်တွေပြောင်းလာသည်။ အသက်တွေကြီးလာသည်။ စံနှုန်းတွေပြောင်းလဲလာသည်။ သူငယ်ချင်းမိတ်ဆွေတွေ ကိုယ့်လမ်းကိုယ် လျှောက်ကြသည်။ နေရာဒေသအသစ်မှာ မိတ်ဆွေအသစ်တွေတွေ့လာသည်။ကျွန်တော်တို့မှာ ဝါသနာတူ မိတ်ဆွေများ၊ ဘာသာစကားတူ သူငယ်ချင်းများ ပါးလျားလာသည်။ ကျွန်တော်တို့၏ စကားဝိုင်းများမှာ ခြောက်သွေ့လာသည်။ ကျွန်တော်တို့၏ လျှာများမှာ ခဲဆွဲထားသကဲ့သို့လေးလံလာသည်။ အလွန်ကြိုက်သည့်စာအုပ်ကို အများကြီးဝယ်၍ လက်ဆောင်ပေးသည့်အကျင့် ကျွန်တော့မှာရှိသေးသော်လည်း ပေးစရာဝါသနာတူ သူငယ်ချင်းမရှိသလောက် ရှားပါးလာခဲ့သည်။


မိတ်ဆွေတစ်ယောက်က “ ခမာနီများ ” အကြောင်းရေးသောအခါ ဖတ်ရှုပြီး သူ့အရေးအသားနှင့် သူ့စာဖတ်အားကို အားကျရသည်။ အားရ ရသည်။ အခြားတစ်ယောက်နှင့် ဆက်စပ်အကြောင်းအရာများပါ ဆွေးနွေးဖြစ်သည်။ စကားတွေက ပြန်သွက်လာသလိုလို။ တောင်ပေါ်သားတစ်ယောက် ဆားတစ်ထုပ်ရလိုက်သလို အရသာရှိလှသည်။ တစ်ခါတစ်ရံ ထိုသို့သောအခိုက်အတန့်များက ကျွန်တော့လိပ်ပြာကို ပြန်လှုပ်နှိုးပေးနိုင်သည်။


ခုတော့ ကျွန်တော်ပြောသောစကားများမှာ မောင်ကောင်းထိုက်ထဲမှပါသော ဇာတ်လမ်းတိုလေးများသာ။

ဒါတောင် “ ဟင်...အဲဒါက ဘာကိုပြောချင်တာလဲဟင် ” ဟုဆိုလာသူများ ပါလာသောအခါ စိတ်ပျက်ပျက်နှင့်ရှင်းပြရပြန်သည်။ ထိုအခါ ညဏ်ကြီးရှင်များက “ အဲဒါ ဘာရီရလို့လဲ ” ဟုဆိုပြန်သောအခါ ကျွန်တော်ဆွံ့အသွားပြီး ဘာသာစကားစွမ်းရည်များပျောက်ဆုံးကုန်သည်။


ရက်စက်မှုများအကြောင်း ပြောဖြစ်ကြရင်းဖြင့် လူလူချင်း၊ ရဲဘော်ရဲဘက်ချင်း လူမဆန်အောင် ရက်စက်ကြသော မြန်မာပြည်မြောက်ပိုင်းဒေသမှ ကိစ္စများအကြောင်းအမှတ်မထင်ပြောပြမိသောအခါ တစ်ယောက်က “ သူတို့က ဘာလို့လျှာရှည်ပြီး တောထဲသွားတာတုံး ” ဟုမေးပြီး အခြားတစ်ယောက်က “ကိုယ်နဲ့လဲ မဆိုင်ပါဘူး အဝေးကြီးတွေပါ၊ မသိလဲဘာမှမဖြစ်ပါဘူး ” ဟုဆိုလာသောအခါ ကျွန်တော့မှာ ဘာပြန်ပြောရမည်မှန်းမသိတော့။ ဆက်လဲမပြောချင်တော့။ ဒေါက်တာသန်းထွန်း၏ “ သမိုင်းဆိုတာ မ အ အောင်သင်တာ ” ဟူသော စကားကိုပြောလျှင်လည်း ရှင်းပြ၍ ပါးစပ်ညောင်း၊ လေကုန်တာသာ အဖတ်တင်ပါလိမ့်မည်။


ကျွန်တော့တွင် စကားဝိုင်းဖွဲ့နိုင်သည့် စွမ်းရည်များတစ်ဖြည်းဖြည်းကျဆင်းလာနေသည်။ စကားပြောရာတွင် ခံတွင်းပျက်သည့် ရောဂါဆန်းတစ်ခု စွဲကပ်နေပြီဖြစ်သည်။ အရေးအသားကောင်းသူတစ်ချို့၏ ဖေ့စ်ဘွတ်မှစာများကိုဖတ်ရသောအခါ သွားမပါသူ၏အရှေ့တွင် အသားခြောက်ကြော်အားရပါးရ  လာဝါးပြ၊ စားပြနေသကဲ့သို့ ခံစားရသည်။ သွားရည်ယိုရုံမှလွဲ၍ ကျွန်တော့မှာ ဘာမှမတတ်နိုင်။ အချို့စာများမှာ ဖတ်ရုံနှင့်မပြီး ကိုယ့်လိုစိတ်ဝင်စားသူများနှင့်ပါ ပြန်ဆွေးနွေးရမှ ပြီးပြည့်စုံသည်။ စာများဖတ်ပြီး၍ အတွေးများပလုံစီလာသောအခါ  “ရွှေအ” အိပ်မက်မက်သကဲ့သို့ ပြန်မပြောတတ်ဖြစ်လာရသည်။ ကျွန်တော့တွင် စကားမပြောတတ်တော့သည့် ရောဂါဆန်းတစ်ခုစွဲကပ်နေပြီမှာ သိပ်သေချာနေပြီ ဖြစ်သည်။


No comments:

Post a Comment