ကလေး ၁။
မြို့ပြနဲ့ခပ်လှမ်းလှမ်း၊ လူနေအိမ်ခြေတွေနဲ့ ခပ်ဝေးဝေး၊ တောရိပ်တောင်ရိပ်နဲ့ ခပ်အေးအေးနေရာတစ်ခုမှာ ဧကတွေအများကြီးကျယ်တဲ့ ဘုန်းကြီးကျောင်းတိုက်ကြီးတစ်ခုရှိတယ်။ တရားရှာလိုတဲ့ ရဟန်းတွေ၊ စာသင်သားရဟန်းသာမဏေတွေအပြင် ဖိုးသူတော်လေးတွေ၊ ဘုန်းကြီးကျောင်းသားလေးတွေနဲ့ ဆွမ်းကျန်တွေစားပြီး ကျောင်းမှာကပ်နေတဲ့ ခွေးကြီး၊ ခွေးလတ်၊ ခွေးငယ်အရွယ်စုံတွေ၊ သီးပင်၊ စားပင် ၊အရိပ်ရသစ်ပင်ကြီးတွေပါ ကျောင်းဝင်းကြီးထဲမှာရှိတယ်။
နေ့လယ်နေ့ခင်း ဘုန်းကြီးတွေဆွမ်းစားပြီးချိန်၊ ဆွမ်းကျန်စားပြီးတဲ့ ခွေးတွေတောင် အရိပ်ကောင်းရာမှာ အေးအေးလူလူ တွင်းတိမ်တိမ်တူးပြီး အိပ်နေတတ်ကြတဲ့အချိန်လောက်မှာပေါ့။ နေပူပူအောက်က သီဟိုဠ်ပင်အုပ်အေးအေးအောက်မှာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကိုရင်လေးတစ်ပါး တစ်ပါးထဲဆော့နေတယ်။ မိဘနှစ်ပါးလုံးဆုံးပါးသွားလို့ အားကိုးရာမဲ့နေတဲ့ သူငယ်လေးကို ကိုရင်ဝတ်ပေးထားပြီး ဘုန်းကြီးကျောင်းမှာစောင့်ရှောက်ပေးထားတာပါ။ ဆော့ကစားတတ်တဲ့ အရွယ်မို့ ဆော့ကစားတာမဆန်းပါဘူး။ သာမာန်မြို့ပြနေလူတွေရဲ့အမြင်မှာ ဆန်းချင် ဆန်းတယ်လို့ ဆိုနိုင်တာက သူ့ရဲ့ကစားနည်း။ ဝါးခြမ်းပြားကိုင်ထားတဲ့ သူ့လက်သေးသေးလေးကို လေထဲမှာဆန့်တန်းရင်း ခြေထောက်တွေက သိုင်းကွက်နင်းလို့ ဓါးခုတ်ဟန်လုပ်နေတယ်။ နောက်…လက်ထဲက ထက်မြလှတယ်လို့သူယူဆထားတဲ့ ဝါးခြမ်းပြားဓါးမဟာကြီးကို ခပ်မြင့်မြင့်မြှောက်ကိုင်လိုက်ပြီး အားရပါးရ ကြွေးကြော်ကြုံးဝါးလိုက်တယ်။
“အင်္ဂုလိမာလ တဲ့ဟေ့” တဲ့။
အဲဒီနောက် “ဒက်ဂလုပ် ဒက်ဂလုပ်” လို့ ပါးစပ်ဆိုင်းတီး ခုန်ဆွခုန်ဆွမြင်းစီးရင်း အင်္ဂုလိမာလတစ်ယောက် သီဟိုဠ်ပင်အုပ်ကြားမှာ ပြေးလွှားပျောက်ကွယ်သွားပါတော့တယ်။
ကလေး ၂၊ ၃။
ပုဂံဒေသက နိုင်ငံခြားသားတွေ အမြဲလာတတ်တဲ့ဘုရားတစ်ဆူမှာ။ ဘုရားဖူးထွက်လာကြတဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူ တစ်စုနောက်ကို ဆယ်နှစ်၊ ဆယ့်တစ်နှစ်အရွယ် အဝတ်အစားနွမ်းညစ်ညစ်ဝတ်ထားတဲ့ ကလေးနှစ်ယောက်က ထပ်ကြပ်မကွာကပ်လိုက်နေတယ်။ ပါးစပ်ကလဲ “မုန့်ဖိုးလေးပေးပါ …မုန့်ဖိုးလေးပေးပါ” ဆိုပြီး တစ်ကျည်ကျည်အော်လို့။ ကျောင်းသူ ကျောင်းသားလေးတွေကတော့ ဘာမှပြန်မပြောပဲ ခပ်သွက်သွက်ပဲ ခြေလှမ်းလို့ သုတ်ခြေတင်နေကြလေရဲ့။
ဇွဲကောင်းလွန်းလှတဲ့ကလေးနှစ်ယောက်ကို စိတ်မရှည်တော့တဲ့ လူငယ်တစ်ယောက်က မသိမသာနောက်ချန်နေခဲ့ပြီး ကလေးတွေကို မျက်နှာချင်းဆိုင်လိုက်တယ်။ မျက်နှာထားတင်းတင်းနဲ့ တစ်ခုခုလုပ်မယ့်ဟန်ပြင်ရင်း သူတို့ကိုရင်ဆိုင်လိုက်တဲ့လူငယ်ကို ကလေးတွေက မျက်နှာငယ်လေးတွေနဲ့ကြည့်နေတုံး
“မင်းတို့ ဘာလို့ ပိုက်ဆံအလကားလိုက်တောင်းနေရတာလဲ” တဲ့။ ခပ်တင်းတင်းမေးလိုက်တယ်။
“ကျွန်တော်တို့ အလကားမတောင်းပါဘူး၊ ဘုရားသမိုင်းတွေရှင်းပြတဲ့ အလုပ်လုပ်ပြီးတောင်းပါတယ်” လို့တစ်ယောက်က ပြာပြာသလဲပြောတယ်။
နောက်တစ်ယောက်ကလဲ အမြန်ဝင်ပြောတယ်။
“ မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ကျွန်တော်တို့ရှင်းပြနိုင်ပါတယ်”
ကလေးတွေရဲ့စကားကို မျက်မှောင်ကြုံ့နားထောင်ပြီးတော့လူငယ်ကပြောလိုက်တယ်။
“ဒါဖြင့် မင်းတို့ငါ့ကို ရှင်းပြကြ” တဲ့။ “တစ်ယောက်က မြန်မာလိုရှင်း၊ နောက်တစ်ယောက်က အင်္ဂလိပ်လိုရှင်း” တဲ့။
ကလေးနှစ်ယောက်ရဲ့မျက်နှာဝင်းသွားပြီး အလုအယက်သူတို့ကျက်ထားတဲ့ စာသားတွေကို ရွတ်ပြကြပါတော့တယ်။ ဒီဘုရားကို အနော်ရထာဘုရင်တည်ခဲ့တာဖြစ်တဲ့အကြောင်း၊ အံ့ဖွယ်တွေရှိကြောင်း၊ မတ်တပ်ရပ် ဆင်းတုတော်ကြီးလေးဆူရှိတဲ့အကြောင်းစသည်ဖြင့် အဆက်မပြတ်ရွတ်ကြပါတော့တယ်။ အင်္ဂလိပ်လိုပြောတဲ့ကလေးကတော့ တစ်ခွန်းပြောလိုက်၊ မြန်မာလိုမေးလို့ပြန်ရှင်းပြလိုက်နဲ့ ပတ်ချာလည်နေတော့တယ်။ သူကလဲ အင်္ဂလိပ်စကားအကျိုးအပဲ့လေးတွေကို ကျက်မှတ်ပြီး အသံထွက်လေး မပီကလာနဲ့ ပြောရတာကိုး။ နားထောင်သူ ဘယ်နားလည်လွယ်ပါ့မလဲလေ။
အဲဒီလိုရွတ်ဖတ်ပြပြီးတဲ့အခါမှာ ဘုရားပေါ်က အံ့ဖွယ်နေရာတွေကိုခေါ်သွားပြီး ရှင်းပြကြပြန်တယ်။
ဒါကတော့ ကျန်စစ်သားရဲ့လှံတံထောက်သွားတဲ့နေရာဖြစ်ကြောင်း၊ ဒီရေအိုင်သေးသေးလေးထဲကို ဘယ်လိုကြည့်ရင် ဘုရားထီးတော်ကိုမြင်ရကြောင်း…ဘာညာစသည်ဖြင့်ပေါ့။
လူငယ်က ကလေးတွေရဲ့ဘဝအကြောင်းကိုမေးပြန်တယ်။ တစ်ယောက်က အဖေဆုံးသွားပြီး အမေနဲ့အတူ အလုပ်လုပ်လို့ အငယ်တွေကိုရှာဖွေပေးနေရတဲ့သူ။ နောက်တစ်ယောက်က အဖေရောအမေရော ကျပမ်းလုပ်ကိုင်ပြီး ကျွေးတာတောင်အိမ်မှာညီအစ်ကိုမောင်နှမများလွန်းလို့ စားသောက်လို့ မလောက်သူ။ နှစ်ယောက်လုံးက နှစ်တန်း၊ သုံးတန်းနဲ့ ကျောင်းထွက်ထားကြသူတွေ။
“နောက်ဆို အလကားနေရင်းပိုက်ဆံလိုက်တောင်းမနေကြနဲ့။ အလုပ်တစ်ခုခုလုပ်ပြီး ပိုက်ဆံရှာကြ၊ ခုလိုမျိုးဘုရားသမိုင်းရှင်းပြတာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့” လို့လူငယ်က ပြောရင်း ငွေစက္ကူတစ်ချို့ကို ကလေးနှစ်ယောက်လက်ထဲထည့်ပေးလိုက်တယ်။ ပြီးတော့ ကလေးနှစ်ယောက်ကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလိုက်တယ်။
ဘုရားစောင်းတန်းကထွက်သွားတဲ့လူငယ်ကို ကလေးနှစ်ယောက်က ပျော်ရွှင်စွာလက်ပြရင်း၊“အစ်ကိုကြီး….နောက်တစ်ခေါက်ဆိုရင် တိုက်ကြီးကြီး၊ အိမ်ကြီးကြီး၊ ကားကြီးကြီးနဲ့ ပြန်လာနိုင်ပါစေ” လို့ တစ်ယောက်လည်ပင်းတစ်ယောက်ဖက်ကြလို့ အော်ဟစ်ဆုတောင်းပေးကြရင်း ဘုရားဇောင်းတန်းမှာကျန်ခဲ့ကြတယ်။ နောက်ထပ်လာမယ့် ဘုရားဖူးတွေကို မျှော်ကြည့်ရင်းနဲ့ပေါ့။
ကလေး ၄။
မြန်မာပြည်က ရွှေမြို့တော်ကြီးတစ်ခုရဲ့ ယာဉ်ကျောရှုပ်လှတဲ့ မီးပွိုင့်တစ်ခုမှာ မီးနီလို့ခဏရပ်ထားတဲ့ ကားလေးတွေရှိတယ်။ အသက် ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက်က ရပ်ထားတဲ့ကားတွေရှိရာကို ပြေးသွားပြီး ကားတစ်စီးနားကပ်လိုက်တယ်။ ပြီးတော့…
“အစ်ကိုရေ မုန့်ဖိုးလေး ပေးခဲ့ပါ” တဲ့။
“မင်းက ဘာလို့ ပိုက်ဆံအလကားတောင်းရတာလဲ”
မိဘပိုက်ဆံလက်ဖြန့်တောင်းရင်း ကျောင်းတက်နေဆဲ ကားမောင်းသူလူငယ်က မေးလိုက်တယ်။
နောက်….မီးပိုင့်ရဲ့တစ်ခြားဖက်အခြမ်းမှာ ပန်းလေးတွေလိုက်ရောင်းနေတဲ့ ဟိုကလေးနဲ့ ရွယ်တူကောင်လေးတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်ရင်း
“သူတို့လို အလုပ်လုပ်ပါလားကွ။ မင်း မရှက်ဘူးလား”
လို့ ထပ်ပြောလိုက်ပြန်တယ်။
ပိုက်ဆံတောင်းသူကလေးက လူငယ်ညွှန်ပြရာကိုတစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့
“အောင်မာ…သူတို့က ကျွန်တော့လောက် ရလို့လား”
လို့ ဂုဏ်ယူဝင့်ကြွားစွာပြောရင်း နောက်ကားတစ်စီးရှိရာကို ခပ်တည်တည် လျှောက်သွားပါတော့တယ်။ လူငယ်ကတော့ ကားလက်ကိုင်ဘီးကိုတင်းတင်းဆုပ်ရင်း ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့လေရဲ့။
ကလေး ၅။
ခေတ်မှီ တိုးတက်တဲ့ နိုင်ငံငယ်လေးတစ်ခုက နာမည်ကျော်ဟော်တယ်ကြီးတစ်ခုထဲမှာ မြန်မာလူငယ်ကျောင်းသားလေးတွေ အချိန်ပိုင်းအလုပ်လုပ်ကြတယ်။ တစ်ချို့ကကျောင်းတက်ရင်း သုံးစွဲဖို့အတွက်၊ တစ်ချို့က နေစရိတ်နဲ့ ကျောင်းလခအတွက် စားပွဲထိုး အလုပ်လုပ်ကြတာပါ။
တစ်နေ့မှာ အဲ့ဒီထဲက လူငယ်တစ်ယောက်က အနောက်နိုင်ငံသားတွေထိုင်တဲ့ စားပွဲဝိုင်းတစ်ခုကိုတာဝန်ယူရတယ်။ ဝိုင်းထဲမှာ အနောက်နိုင်ငံသား ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်လဲပါတယ်။ ဝိုင်းထဲက လူတွေ စားသောက်နေကြချိန်မှာ စားပွဲထိုးလူငယ်က ဖန်ခွက်တွေထဲကို သောက်ရေလိုက်ဖြည့်ပေးပါတယ်။ အသားဖြူဖြူ၊ နှာခေါင်းချွန်ချွန် ကလေးငယ်လေးရဲ့ခွက်ကို ရေဖြည့်ပေးလိုက်တဲ့အချိန်မှာတော့ လူငယ်အတွက် စားသောက်သူတွေဆီကနေ မကြုံဖူးတဲ့၊ ကြည်နူးစရာကောင်းတဲ့၊ အားကျစရာကောင်းတဲ့ တုန့်ပြန်မှုတစ်ခုကို ကလေးငယ်တစ်ယောက်ဆီကမမျှော်လင့်ပဲရလိုက်တယ်။
“ Thank you, Sir ” တဲ့။
ရှစ်နှစ်အရွယ်ကလေးတစ်ယောက်က ဟိုတယ်စားပွဲထိုးတစ်ယောက်ကို ယဉ်ယဉ်ကျေးကျေး၊ “Sir”ထည့်ပြီး ကျေးဇူးတင်စကားဆို ဆက်ဆံလိုက်တာပါ။ လူငယ်ကတော့ ယဉ်ကျေးတဲ့သူငယ်နဲ့ သူငယ်ရဲ့ထူးချွန်တဲ့မိဘတွေကို အမှတ်ထင်ထင် အထင်ကြီးလေးစားရင်း ကလေးတွေအကြောင်းကိုအတွေးနယ်တွေချဲ့လို့…….။
ကလေး ၆။
အရှေ့တောင်အာရှက လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံငယ်လေးတစ်ခုထဲမှာ အများပြည်သူအတွက်သယ်ယူပို့ဆောင်ရေးယာဉ်အမျိုးမျိုးရှိတယ်။ ကား၊ ရထား စသည်ဖြင့်အမျိုးမျိုးရှိတဲ့ထဲက လှပတဲ့ ဒီသာမန်အဖြစ်အပျက်လေးက သာမန်ဘတ်စ်ကားတစ်စီးပေါ်မှာဖြစ်ပျက်ခဲ့တာ။
ဂိတ်ဆုံးလို့ မှတ်တိုင်ကို ထိုးဆိုက်ဝင်ရောက်လာတဲ့ကားထဲမှာ မြန်မာ၊ မလေး၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား စသည်ဖြင့်လူမျိုးပေါင်းစုံပါတယ်။ ရှည်လျားလှတဲ့ ဘတ်စ်ကားရဲ့ဖွဲ့စည်းပုံက အလယ်မှာလူသွားလမ်း၊ ဘေးတစ်ဖက်တစ်ချက်မှာ ထိုင်ခုံတွေနဲ့ လိုင်းကားတစ်စီးရဲ့ ပုံမှန်ဖွဲ့စည်းပုံပေါ့။
မှတ်တိုင်ကိုရောက်လို့ ကားရပ်လိုက်ချိန်မှာ လူအသီးသီးက သူ့ထက်ငါ ကားပေါ်က အရင်ဆင်းရရေးကြိုးစားလို့။
ကားမရပ်ခင် ထိုင်ရာကထ အပေါက်နားသွားရပ်သူ၊ထိုင်ခုံဘေးက လူသွားလမ်းကို အသင့်ထွက်ရပ်ထားသူနဲ့ အားလုံးလှုပ်လှုပ်ရွရွပါပဲ။
ထွက်ပေါက်တံခါးနဲ့ကပ်ရပ်ကာထားတဲ့သံတန်းတွေနောက်က ခုံမှာ ထိုင်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ရှိတယ်။ ကားရပ်မှခုံပေါ်ကထတဲ့အတွက် ကားပေါ်ကဆင်းဖို့ရာ ကားအလယ်ကလူသွားလမ်းရှင်းချိန်ကို စောင့်နေရတယ်။
အဲဒီအချိန်မှာ လူသွားလမ်းအတိုင်းလျှောက်လာတဲ့ မလေးလူမျိုးကလေးမလေးတစ်ယောက်၊ ရှစ်နှစ် ကိုးနှစ်အရွယ်လေးက လူကြီးတွေ မလုပ်တဲ့အလုပ်တစ်ခုကို အမှတ်မထင် လုပ်လိုက်တယ်။
ကားနောက်ပိုင်းကနေ အလယ်ပိုင်းထွက်ပေါက်ရှိရာကို သွားနေရာက ကိုယ်ဝန်ဆောင်အမျိုးသမီးရှိရာအရောက်မှာ ခဏရပ်၊ ပြီးတော့ ထိုင်ခုံထဲက ကိုယ်ဝန်ဆောင်အမျိုးသမီးကို အပြုံးတစ်ပွင့်နဲ့အတူ လက်လေးဆန့်တန်းပြလို့ အရင်သွားခွင့်ပြုလိုက်တာပါ။ ပန်းတွေ မပွင့်နေပေမယ့် လှပတဲ့ အရာလေးတွေက နေရာတိုင်းမှာရှိနေတတ်တာမျိုးပါလား။ ကျေးဇူးတင်စကားဆိုရင် ကားပေါ်ကဆင်းသွားတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးနောက်မှာတော့ ကလေးမလေးက သာမန်လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုကိုလုပ်လိုက်တဲ့ သာမန်မျက်နှာလေးနဲ့ ကားပေါ်ကဆင်းသွားလို့…..။
ကလေး ၁၀၀၊ ၁၀၀၀၊ ၁၀၀၀၀၊ ၁၀၀၀၀..................... ။
ကျင်လည်ရာပတ်ဝန်းကျင်၊ သင်ကြားပို့ချသူ၊ သူတို့ရဲ့ဘဝပေးအခြေအနေတွေက ကျွန်တော်တို့ကလေးတွေရဲ့ အသိပညာ၊ အတွေးအခေါ်နဲ့ အပြုအမူကို ထိမ်းကြောင်းပြုပြင်ပေးသွားတာပါ။
( ကလေးတွေ လမ်းမှန်ရောက်ဖို့က လူကြီးတွေမှာ တာဝန်အများကြီးရှိပါတယ်။)
=============================================
ကေလး ၁။
ၿမိဳ ႔ျပနဲ႔ခပ္လွမ္းလွမ္း၊ လူေနအိမ္ေျခေတြနဲ႔ ခပ္ေဝးေဝး၊ ေတာရိပ္ေတာင္ရိပ္နဲ႔ ခပ္ေအးေအးေနရာတစ္ခုမွာ ဧကေတြအမ်ားၾကီးက်ယ္တဲ့ ဘုန္းၾကီးေက်ာင္းတိုက္ၾကီးတစ္ခုရွိတယ္။ တရားရွာလိုတဲ့ ရဟန္းေတြ၊ စာသင္သားရဟန္းသာမေဏေတြအျပင္ ဖိုးသူေတာ္ေလးေတြ၊ ဘုန္းၾကီးေက်ာင္းသားေလးေတြနဲ႔ ဆြမး္က်န္ေတြစားၿပီး ေက်ာင္းမွာကပ္ေနတဲ့ ေခြးၾကီး၊ ေခြးလတ္၊ ေခြးငယ္အရြယ္စုံေတြ၊ သီးပင္၊ စားပင္ ၊အရိပ္ရသစ္ပင္ၾကီးေတြပါ ေက်ာင္းဝင္းၾကီးထဲမွာရွိတယ္။
ေန႔လယ္ေန႔ခင္း ဘုန္းၾကီးေတြဆြမ္းစားၿပီးခ်ိန္၊ ဆြမ္းက်န္စားၿပီးတဲ့ ေခြးေတြေတာင္ အရိပ္ေကာင္းရာမွာ ေအးေအးလူလူ တြင္းတိမ္တိမ္တူးၿပီး အိပ္ေနတတ္ၾကတဲ့အခ်ိန္ေလာက္မွာေပါ့။ ေနပူပူေအာက္က သီဟိုဠ္ပင္အုပ္ေအးေအးေအာက္မွာ ခုနစ္ႏွစ္၊ ရွစ္ႏွစ္အရြယ္ ကိုရင္ေလးတစ္ပါး တစ္ပါးထဲေဆာ့ေနတယ္။ မိဘႏွစ္ပါးလုံးဆုံးပါးသြားလုိ႔ အားကိုးရာမဲ့ေနတဲ့ သူငယ္ေလးကို ကိုရင္ဝတ္ေပးထားၿပီး ဘုန္းၾကီးေက်ာင္းမွာေစာင့္ေရွာက္ေပးထားတာပါ။ ေဆာ့ကစားတတ္တဲ့ အရြယ္မို႔ ေဆာ့ကစားတာမဆန္းပါဘူး။ သာမာန္ၿမိဳ ႔ျပေနလူေတြရဲ ႔အျမင္မွာ ဆန္းခ်င္ ဆန္းတယ္လုိ႔ ဆိုႏုိင္တာက သူ႔ရဲ ႔ကစားနည္း။ ဝါးျခမ္းျပားကိုင္ထားတဲ့ သူ႔လက္ေသးေသးေလးကို ေလထဲမွာဆန္႔တန္းရင္း ေျခေထာက္ေတြက သိုင္းကြက္နင္းလို႔ ဓါးခုတ္ဟန္လုပ္ေနတယ္။ ေနာက္…လက္ထဲက ထက္ျမလွတယ္လို႔သူယူဆထားတဲ့ ဝါးျခမ္းျပားဓါးမဟာၾကီးကို ခပ္ျမင့္ျမင့္ေျမွာက္ကိုင္လုိက္ၿပီး အားရပါးရ ေၾကြးေၾကာ္ၾကံဳးဝါးလုိက္တယ္။
“အဂၤုလိမာလ တဲ့ေဟ့” တဲ့။
အဲဒီေနာက္ “ဒက္ဂလုပ္ ဒက္ဂလုပ္” လို႔ ပါးစပ္ဆုိင္းတီး ခုန္ဆြခုန္ဆြျမင္းစီးရင္း အဂၤုလိမာလတစ္ေယာက္ သီဟိုဠ္ပင္အုပ္ၾကားမွာ ေျပးလႊားေပ်ာက္ကြယ္သြားပါေတာ့တယ္။
ကေလး ၂၊ ၃။
ပုဂံေဒသက ႏုိင္ငံျခားသားေတြ အၿမဲလာတတ္တဲ့ဘုရားတစ္ဆူမွာ။ ဘုရားဖူးထြက္လာၾကတဲ့ တကၠသိုလ္ေက်ာင္းသားေက်ာင္းသူ တစ္စုေနာက္ကို ဆယ္ႏွစ္၊ ဆယ့္တစ္ႏွစ္အရြယ္ အဝတ္အစားႏြမ္းညစ္ညစ္ဝတ္ထားတဲ့ ကေလးႏွစ္ေယာက္က ထပ္ၾကပ္မကြာကပ္လုိက္ေနတယ္။ ပါးစပ္ကလဲ “မုန္႔ဖိုးေလးေပးပါ …မုန္႔ဖိုးေလးေပးပါ” ဆိုၿပီး တစ္က်ည္က်ည္ေအာ္လို႔။ ေက်ာင္းသူ ေက်ာင္းသားေလးေတြကေတာ့ ဘာမွျပန္မေျပာပဲ ခပ္သြက္သြက္ပဲ ေျခလွမ္းလုိ႔ သုတ္ေျခတင္ေနၾကေလရဲ ႔။
ဇြဲေကာင္းလြန္းလွတဲ့ကေလးႏွစ္ေယာက္ကို စိတ္မရွည္ေတာ့တဲ့ လူငယ္တစ္ေယာက္က မသိမသာေနာက္ခ်န္ေနခဲ့ၿပီး ကေလးေတြကို မ်က္ႏွာခ်င္းဆုိင္လိုက္တယ္။ မ်က္ႏွာထားတင္းတင္းနဲ႔ တစ္ခုခုလုပ္မယ့္ဟန္ျပင္ရင္း သူတုိ႔ကိုရင္ဆုိင္လိုက္တဲ့လူငယ္ကို ကေလးေတြက မ်က္ႏွာငယ္ေလးေတြန႔ဲၾကည့္ေနတုံး
“မင္းတို႔ ဘာလုိ႔ ပိုက္ဆံအလကားလုိက္ေတာင္းေနရတာလဲ” တဲ့။ ခပ္တင္းတင္းေမးလုိက္တယ္။
“ကြ်န္ေတာ္တို႔ အလကားမေတာင္းပါဘူး၊ ဘုရားသမုိင္းေတြရွင္းျပတဲ့ အလုပ္လုပ္ၿပီးေတာင္းပါတယ္” လို႔တစ္ေယာက္က ျပာျပာသလဲေျပာတယ္။
ေနာက္တစ္ေယာက္ကလဲ အျမန္ဝင္ေျပာတယ္။
“ ျမန္မာလိုေရာ၊ အဂၤလိပ္လိုပါ ကြ်န္ေတာ္တို႔ရွင္းျပႏုိင္ပါတယ္”
ကေလးေတြရဲ ႔စကားကို မ်က္ေမွာင္ၾကံဳ ႔နားေထာင္ၿပီးေတာ့လူငယ္ကေျပာလိုက္တယ္။
“ဒါျဖင့္ မင္းတုိ႔ငါ့ကို ရွင္းျပၾက” တဲ့။ “တစ္ေယာက္က ျမန္မာလိုရွင္း၊ ေနာက္တစ္ေယာက္က အဂၤလိပ္လိုရွင္း” တဲ့။
ကေလးႏွစ္ေယာက္ရဲ ႔မ်က္ႏွာဝင္းသြားၿပီး အလုအယက္သူတို႔က်က္ထားတဲ့ စာသားေတြကို ရြတ္ျပၾကပါေတာ့တယ္။ ဒီဘုရားကို အေနာ္ရထာဘုရင္တည္ခဲ့တာျဖစ္တဲ့အေၾကာင္း၊ အ့ံဖြယ္ေတြရွိေၾကာင္း၊ မတ္တပ္ရပ္ ဆင္းတုေတာ္ၾကီးေလးဆူရွိတဲ့အေၾကာင္းစသည္ျဖင့္ အဆက္မျပတ္ရြတ္ၾကပါေတာ့တယ္။ အဂၤလိပ္လုိေျပာတဲ့ကေလးကေတာ့ တစ္ခြန္းေျပာလိုက္၊ ျမန္မာလိုေမးလို႔ျပန္ရွင္းျပလိုက္နဲ႔ ပတ္ခ်ာလည္ေနေတာ့တယ္။ သူကလဲ အဂၤလိပ္စကားအက်ိဳးအပဲ့ေလးေတြကို က်က္မွတ္ၿပီး အသံထြက္ေလး မပီကလာနဲ႔ ေျပာရတာကိုး။ နားေထာင္သူ ဘယ္နားလည္လြယ္ပါ့မလဲေလ။
အဲဒီလိုရြတ္ဖတ္ျပၿပီးတဲ့အခါမွာ ဘုရားေပၚက အံ႔ဖြယ္ေနရာေတြကိုေခၚသြားၿပီး ရွင္းျပၾကျပန္တယ္။
ဒါကေတာ့ က်န္စစ္သားရဲ ႔လွံတံေထာက္သြားတဲ့ေနရာျဖစ္ေၾကာင္း၊ ဒီေရအုိင္ေသးေသးေလးထဲကို ဘယ္လိုၾကည့္ရင္ ဘုရားထီးေတာ္ကိုျမင္ရေၾကာင္း…ဘာညာစသည္ျဖင့္ေပါ့။
လူငယ္က ကေလးေတြရဲ ႔ဘဝအေၾကာင္းကိုေမးျပန္တယ္။ တစ္ေယာက္က အေဖဆုံးသြားၿပီး အေမနဲ႔အတူ အလုပ္လုပ္လုိ႔ အငယ္ေတြကိုရွာေဖြေပးေနရတဲ့သူ။ ေနာက္တစ္ေယာက္က အေဖေရာအေမေရာ က်ပမ္းလုပ္ကုိင္ၿပီး ေကြ်းတာေတာင္အိမ္မွာညီအစ္ကိုေမာင္ႏွမမ်ားလြန္းလို႔ စားေသာက္လို႔ မေလာက္သူ။ ႏွစ္ေယာက္လုံးက ႏွစ္တန္း၊ သံုးတန္းနဲ႔ ေက်ာင္းထြက္ထားၾကသူေတြ။
“ေနာက္ဆုိ အလကားေနရင္းပိုက္ဆံလုိက္ေတာင္းမေနၾကနဲ ႔။ အလုပ္တစ္ခုခုလုပ္ၿပီး ပိုက္ဆံရွာၾက၊ ခုလိုမ်ိဳးဘုရားသမုိင္းရွင္းျပတာပဲျဖစ္ျဖစ္ ဘာျဖစ္ျဖစ္ေပါ့” လို႔လူငယ္က ေျပာရင္း ေငြစကၠဴတစ္ခ်ိဳ ႔ကို ကေလးႏွစ္ေယာက္လက္ထဲထည့္ေပးလိုက္တယ္။ ၿပီးေတာ့ ကေလးႏွစ္ေယာက္ကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးျပလုိုက္တယ္။
ဘုရားေစာင္းတန္းကထြက္သြားတဲ့လူငယ္ကို ကေလးႏွစ္ေယာက္က ေပ်ာ္ရႊင္စြာလက္ျပရင္း၊“အစ္ကိုၾကီး….ေနာက္တစ္ေခါက္ဆုိရင္ တုိက္ၾကီးၾကီး၊ အိမ္ၾကီးၾကီး၊ ကားၾကီးၾကီးနဲ႔ ျပန္လာႏုိင္ပါေစ” လို႔ တစ္ေယာက္လည္ပင္းတစ္ေယာက္ဖက္ၾကလို႔ ေအာ္ဟစ္ဆုေတာင္းေပးၾကရင္း ဘုရားေဇာင္းတန္းမွာက်န္ခဲ့ၾကတယ္။ ေနာက္ထပ္လာမယ့္ ဘုရားဖူးေတြကို ေမွ်ာ္ၾကည့္ရင္းနဲ႔ေပါ့။
ကေလး ၄။
ျမန္မာျပည္က ေရႊၿမိဳ႔ေတာ္ၾကီးတစ္ခုရဲ ႔ ယာဥ္ေက်ာရွဳပ္လွတဲ့ မီးပြိဳင့္တစ္ခုမွာ မီးနီလို႔ခဏရပ္ထားတဲ့ ကားေလးေတြရွိတယ္။ အသက္ ဆယ္ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္က ရပ္ထားတဲ့ကားေတြရွိရာကို ေျပးသြားၿပီး ကားတစ္စီးနားကပ္လုိက္တယ္။ ၿပီးေတာ့…
“အစ္ကိုေရ မုန္႔ဖိုးေလး ေပးခဲ့ပါ” တဲ့။
“မင္းက ဘာလုိ႔ ပုိက္ဆံအလကားေတာင္းရတာလဲ”
မိဘပိုက္ဆံလက္ျဖန္႔ေတာင္းရင္း ေက်ာင္းတက္ေနဆဲ ကားေမာင္းသူလူငယ္က ေမးလုိက္တယ္။
ေနာက္….မီးပိုင့္ရဲ ႔တစ္ျခားဖက္အျခမ္းမွာ ပန္းေလးေတြလိုက္ေရာင္းေနတဲ့ ဟုိကေလးနဲ႔ ရြယ္တူေကာင္ေလးတစ္ေယာက္ကို လက္ညွိဳးထိုးျပလုိက္ရင္း
“သူတို႔လို အလုပ္လုပ္ပါလားကြ။ မင္း မရွက္ဘူးလား”
လို႔ ထပ္ေျပာလုိက္ျပန္တယ္။
ပိုက္ဆံေတာင္းသူကေလးက လူငယ္ညႊန္ျပရာကိုတစ္ခ်က္ၾကည့္လုိက္တယ္။ ၿပီးေတာ့
“ေအာင္မာ…သူတို႔က ကြ်န္ေတာ့ေလာက္ ရလို႔လား”
လို႔ ဂုဏ္ယူဝင့္ၾကြားစြာေျပာရင္း ေနာက္ကားတစ္စီးရွိရာကို ခပ္တည္တည္ ေလွ်ာက္သြားပါေတာ့တယ္။ လူငယ္ကေတာ့ ကားလက္ကိုင္ဘီးကိုတင္းတင္းဆုပ္ရင္း ပါးစပ္အေဟာင္းသားနဲ႔ က်န္ခဲ့ေလရဲ ႔။
ကေလး ၅။
ေခတ္မွီ တိုးတက္တဲ့ ႏုိင္ငံငယ္ေလးတစ္ခုက နာမည္ေက်ာ္ေဟာ္တယ္ၾကီးတစ္ခုထဲမွာ ျမန္မာလူငယ္ေက်ာင္းသားေလးေတြ အခ်ိန္ပိုင္းအလုပ္လုပ္ၾကတယ္။ တစ္ခ်ိဳ ႔ကေက်ာင္းတက္ရင္း သုံးစြဲဖို႔အတြက္၊ တစ္ခ်ိဳ ႔က ေနစရိတ္နဲ႔ ေက်ာင္းလခအတြက္ စားပြဲထုိး အလုပ္လုပ္ၾကတာပါ။
တစ္ေန႔မွာ အဲ့ဒီထဲက လူငယ္တစ္ေယာက္က အေနာက္ႏုိင္ငံသားေတြထုိင္တဲ့ စားပြဲဝုိင္းတစ္ခုကိုတာဝန္ယူရတယ္။ ဝုိင္းထဲမွာ အေနာက္ႏုိင္ငံသား ခုနစ္ႏွစ္၊ ရွစ္ႏွစ္အရြယ္ ကေလးတစ္ေယာက္လဲပါတယ္။ ဝုိင္းထဲက လူေတြ စားေသာက္ေနၾကခ်ိန္မွာ စားပဲြထိုးလူငယ္က ဖန္ခြက္ေတြထဲကို ေသာက္ေရလုိက္ျဖည့္ေပးပါတယ္။ အသားျဖဴျဖဴ၊ ႏွာေခါင္းခြ်န္ခြ်န္ ကေလးငယ္ေလးရဲ ႔ခြက္ကို ေရျဖည့္ေပးလိုက္တ့ဲအခ်ိန္မွာေတာ့ လူငယ္အတြက္ စားေသာက္သူေတြဆီကေန မၾကံဳဖူးတဲ့၊ ၾကည္ႏူးစရာေကာင္းတ့ဲ၊ အားက်စရာေကာင္းတဲ့ တုန္႔ျပန္မွဳတစ္ခုကို ကေလးငယ္တစ္ေယာက္ဆီကမေမွ်ာ္လင့္ပဲရလုိက္တယ္။
“ Thank you, Sir ” တဲ့။
ရွစ္ႏွစ္အရြယ္ကေလးတစ္ေယာက္က ဟိုတယ္စားပြဲထုိးတစ္ေယာက္ကို ယဥ္ယဥ္ေက်းေက်း၊ “Sir”ထည့္ၿပီး ေက်းဇူးတင္စကားဆို ဆက္ဆံလုိက္တာပါ။ လူငယ္ကေတာ့ ယဥ္ေက်းတဲ့သူငယ္နဲ႔ သူငယ္ရဲ ႔ထူးခြ်န္တဲ့မိဘေတြကို အမွတ္ထင္ထင္ အထင္ၾကီးေလးစားရင္း ကေလးေတြအေၾကာင္းကုိအေတြးနယ္ေတြခ်ဲ ႔လို႔…….။
ကေလး ၆။
အေရွ ႔ေတာင္အာရွက လူမ်ိဳးေပါင္းစုံေနထိုင္တဲ့ ႏုိင္ငံငယ္ေလးတစ္ခုထဲမွာ အမ်ားျပည္သူအတြက္သယ္ယူပို႔ေဆာင္ေရးယာဥ္အမ်ိဳးမ်ိဳးရွိတယ္။ ကား၊ ရထား စသည္ျဖင့္အမ်ိဳးမ်ိဳးရွိတဲ့ထဲက လွပတဲ့ ဒီသာမန္အျဖစ္အပ်က္ေလးက သာမန္ဘတ္စ္ကားတစ္စီးေပၚမွာျဖစ္ပ်က္ခဲ့တာ။
ဂိတ္ဆုံးလုိ႔ မွတ္တိုင္ကို ထုိးဆုိက္ဝင္ေရာက္လာတဲ့ကားထဲမွာ ျမန္မာ၊ မေလး၊ တရုတ္၊ အိႏၵိယ၊ အင္ဒိုနီးရွား စသည္ျဖင့္လူမ်ိဳးေပါင္းစုံပါတယ္။ ရွည္လ်ားလွတဲ့ ဘတ္စ္ကားရဲ ႔ဖြဲ႔စည္းပုံက အလယ္မွာလူသြားလမ္း၊ ေဘးတစ္ဖက္တစ္ခ်က္မွာ ထိုင္ခုံေတြနဲ႔ လိုင္းကားတစ္စီးရဲ ႔ ပုံမွန္ဖြဲ႔စည္းပုံေပါ့။
မွတ္တိုင္ကိုေရာက္လို႔ ကားရပ္လိုက္ခ်ိန္မွာ လူအသီးသီးက သူ႔ထက္ငါ ကားေပၚက အရင္ဆင္းရေရးၾကိဳးစားလို႔။
ကားမရပ္ခင္ ထုိင္ရာကထ အေပါက္နားသြားရပ္သူ၊ထုိင္ခုံေဘးက လူသြားလမ္းကို အသင့္ထြက္ရပ္ထားသူနဲ႔ အားလုံးလွဳပ္လွဳပ္ရြရြပါပဲ။
ထြက္ေပါက္တံခါးနဲ႔ကပ္ရပ္ကာထားတဲ့သံတန္းေတြေနာက္က ခုံမွာ ထုိင္ေနတဲ့ ကုိယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ေယာက္ရွိတယ္။ ကားရပ္မွခုံေပၚကထတဲ့အတြက္ ကားေပၚကဆင္းဖုိ႔ရာ ကားအလယ္ကလူသြားလမ္းရွင္းခ်ိန္ကို ေစာင့္ေနရတယ္။
အဲဒီအခ်ိန္မွာ လူသြားလမ္းအတုိင္းေလွ်ာက္လာတဲ့ မေလးလူမ်ိဳးကေလးမေလးတစ္ေယာက္၊ ရွစ္ႏွစ္ ကိုးႏွစ္အရြယ္ေလးက လူၾကီးေတြ မလုပ္တဲ့အလုပ္တစ္ခုကို အမွတ္မထင္ လုပ္လိုက္တယ္။
ကားေနာက္ပိုင္းကေန အလယ္ပိုင္းထြက္ေပါက္ရွိရာကို သြားေနရာက ကုိယ္ဝန္ေဆာင္အမ်ိဳးသမီးရွိရာအေရာက္မွာ ခဏရပ္၊ ၿပီးေတာ့ ထုိင္ခံုထဲက ကုိယ္ဝန္ေဆာင္အမ်ိဳးသမီးကို အျပဳံးတစ္ပြင့္နဲ႔အတူ လက္ေလးဆန္႔တန္းျပလို႔ အရင္သြားခြင့္ျပဳလိုက္တာပါ။ ပန္းေတြ မပြင့္ေနေပမယ့္ လွပတဲ့ အရာေလးေတြက ေနရာတုိင္းမွာရွိေနတတ္တာမ်ိဳးပါလား။ ေက်းဇူးတင္စကားဆုိရင္ ကားေပၚကဆင္းသြားတဲ့ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေနာက္မွာေတာ့ ကေလးမေလးက သာမန္လုပ္ရိုးလုပ္စဥ္ အလုပ္တစ္ခုကိုလုပ္လိုက္တဲ့ သာမန္မ်က္ႏွာေလးနဲ႔ ကားေပၚကဆင္းသြားလို႔…..။
ကေလး ၁၀၀၊ ၁၀၀၀၊ ၁၀၀၀၀၊ ၁၀၀၀၀..................... ။
က်င္လည္ရာပတ္ဝန္းက်င္၊ သင္ၾကားပို႔ခ်သူ၊ သူတို႔ရဲ ႔ဘဝေပးအေျခအေနေတြက ကြ်န္ေတာ္တို႔ကေလးေတြရဲ ႔ အသိပညာ၊ အေတြးအေခၚနဲ႔ အျပဳအမူကို ထိမ္းေၾကာင္းျပဳျပင္ေပးသြားတာပါ။
( ကေလးေတြ လမ္းမွန္ေရာက္ဖို႔က လူၾကီးေတြမွာ တာဝန္အမ်ားၾကီးရွိပါတယ္။)
( ကေလးေတြ လမ္းမွန္ေရာက္ဖို႔က လူၾကီးေတြမွာ တာဝန္အမ်ားၾကီးရွိပါတယ္။)
No comments:
Post a Comment