Tuesday, June 27, 2017

ဘဝအတွက်အရေးပါတဲ့ အခြေခံစိတ်ခံယူချက် (သို့မဟုတ် ) Mindset


မြောက်များလှစွာသော သုသေသနလုပ်ငန်းတွေက ကျွန်တော်တို့ ဦးဏှောက်တွေနဲ့ ပက်သက်တဲ့ စိတ်လှုပ်ရှားစရာအချိန်တစ်ခုကိုရောက်ရှိလာပြီလို့ဆိုပါတယ်။ အကြောင်းရင်းကတော့….. ကျွန်တော်တို့ ဦးဏှောက်တွေဟာ သင်ယူမှုတွေ၊ အတွေ့အကြုံတွေကနေတဆင့်  ပုံမှန်ပြောင်းလဲမှုတွေ တဖြည်းဖြည်းဖြစ်နေတယ်ဆိုတဲ့အချက်နဲ့ အဲဒီအချက်က ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံးဖြစ်နေတယ်ဆိုတဲ့ ထပ်ဆင့်အချက်တွေကြောင့်ပါပဲ။

ဒီအချက်တွေက ကျောင်းသားတွေရဲ့ စာကြိုးစားချင်စိတ်နဲ့ သင်ယူမှုအပေါ်ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာကြည့်ကြပါစို့။ သုသေသနတွေအရဆိုရင်တော့ မိမိဉာဏ်ရည်(Intelligence) နဲ့ပတ်သက်လို့ တစ်သက်လုံးမပြောင်းလဲနိုင်ဘူးလို့ထင်တဲ့ကျောင်းသားတွေနဲ့….. ဉာဏ်ရည်ဆိုတာမြင့်မားလာနိုင်သလို ပြောင်းလဲပြောင်းလဲလာနိုင်တယ်လို့မြင်တဲ့ကျောင်းသားတွေအကြားမှာ သူတို့အမြင်အလိုက် ကြိုးစားချင်စိတ်၊ သင်ယူမှုနဲ့ ကျောင်းတွင်းအောင်မြင်မှုတွေပေါ်မှာ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေရှိတာကို တွေ့ရပါတယ်။


အခြေခံစိတ်ခံယူချက်နှင့် အောင်မြင်မှု……

ကျောင်းသားအများစုက ဉာဏ်ရည် (Intelligence)ဆိုတာပြောင်းလဲလို့မရတဲ့ ပုံသေအရာတစ်ခုလို့ထင်ကြတယ်။ ဆိုလိုတာက… လူတိုင်း၊ လူတိုင်းမှာ ဉာဏ်ရည်ဒီလောက်ရှိတယ်ဆိုရင် တစ်သက်လုံးဒီလောက်ပဲဆိုတာမျိုး။ ဒီလိုအတွေးမျိုးကို မပြောင်းလဲတတ်တဲ့ ပုံသေ အခြေခံ စိတ်ခံယူချက် (Fixed mindset) လို့ခေါ်ပါတယ်။ ဒီလို အခြေခံစိတ်ခံယူချက်ရှိတဲ့ကျောင်းသားတွေက သူတို့မှာဘယ်လောက် ပုံသေဉာဏ်ရည်ရှိသလဲဆိုတာလောက်ပဲစိတ်ဝင်စားပူပန်တတ်ကြတယ်။

တခြားကျောင်းသားတွေရှိသေးတယ်။  အဲဒီကျောင်းသားတွေကတော့ ဉာဏ်ရည်ဆိုတာ ကြိုးစားအားထုတ်မှုတွေ၊ ပညာသင်ကြားမှုတွေနေတဆင့် ဖြည်းဖြည်းချင်း မွေးမြူတည်ဆောက်လာရတာလို့ ယုံကြည်ကြတယ်။ သူတို့က လူတိုင်းမှာ တူညီတဲ့စွမ်းရည်ရှိတယ်လို့ယုံလေ့မရှိသလို၊ တစ်ယောက်ယောက်က အိုင်းစတိုင်းလောက်ကြီနီးနီးထက်မြက်နိုင်တယ်လို့လဲ ယုံလေ့မရှိဘူး။ သူတို့ အလေးအနက်ယုံကြည်တာကတော့….. လူတိုင်း၊ လူတိုင်းမှာ သူတို့ရဲ့စွမ်းရည်ကို တိုးတက်အောင်မြှင့်တင်နိုင်စွမ်းရှိတယ်ဆိုတာပါပဲ။ ဒါ့အပြင် သူတို့နားလည်ထားတာတစ်ခုက အိုင်းစတိုင်းတောင်မှ အိုင်းစတိုင်းဖြစ်ဖို့အတွက်နှစ်ပေါင်းများစွာကြာအောင် အာရုံစူးစိုက်ပြီး ကြိုးစားလုပ်ကိုင်ခဲ့ရတယ်ဆိုတာပဲ။ တိုတိုပြောရရင် အဲဒီလို ဖွံ့ဖြိုးနေတဲ့ အခြေခံစိတ်ခံယူချက် (Growth Mindset) ရှိတဲ့ကျောင်းသားတွေက “ ဉာဏ်ရည် (Intelligence) ဆိုတာ အစွမ်းအစတစ်ခု….. သင်ယူမှုတွေကတဆင့်  နားလည်တတ်မြောက်လာနိုင်တဲ့ အစွမ်းအစတစ်ခု” လို့ယုံကြည်လက်ခံထားကြတယ်။ အကျိုးဆက်အားဖြင့်တော့ စိန်ခေါ်မှုတွေကိုရင်ဆိုင်တာ… အမှားတွေကနေ သင်ခန်းစာယူပြီးအမြတ်ထွက်အောင်လုပ်တာ… မအောင်မမြင်ဖြစ်နေတဲ့အခြေအနေမှာ တောင့်ခံထားတာတွေက… ထူးချွန်ထက်မြက်ဖို့အတွက်နည်းလမ်းတွေဖြစ်လာတော့တယ်။

အခြေခံစိတ်ခံယူချက် မတူညီတဲ့ကျောင်းသားတွေ စိတ်ဝင်စားဂရုတစိုက်ရှိတတ်တဲ့အရာတွေကလဲ မတူညီကြပါဘူး။ Growth Mindset လို့ခေါ်တဲ့ ဖွံ့ဖြိုးနေတဲ့ အခြေခံစိတ်ခံယူချက်ရှိသူကျောင်းသားတွေဟာ သူတို့ကိုကျောင်းမှာသိပ်တော်တာပဲလို့ အထင်ခံရတာထက် သင်ယူစရာရှိတာတွေကိုသင်ယူဖို့ကိုသာ ပိုပြီးစိတ်ဝင်စားပါတယ်။ အဲ… Fixed Mindset လို့ခေါ်တဲ့ ပုံသေအခြေခံစိတ်ခံယူချက် ရှိသူကျောင်းသားတွေကတော့ ဒီလိုမဟုတ်ပါဘူး။ မူလတန်းအရွယ်ကနေ ကောလိပ်အရွယ်ထိရှိတဲ့ ကျောင်းသူ၊ကျောင်းသားမြောက်များစွာကိုလေ့လာထားရှိချက်အရ Fixed Mindset သမားတွေဟာ အများရှေ့မှာ သူတို့ဘယ်လောက်ထူးချွန်ထက်မြက်တဲ့ပုံဖမ်းနိုင်မလဲဆိုတာပဲ စိတ်ဝင်စားလို့ သင်ယူခွင့်ရမယ့်အခွင့်အရေးတွေကိုတောင်ရှောင်ဖယ်လေ့ရှိပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် သူတို့ရဲ့အောင်မြင်မုှအတွက် အချက်အချာကျလှတဲ့သင်ယူမှုတွေကိုပါ ငြင်းဆန်ပစ်တတ်ကြတဲ့ထိပါ။

နောက်တစ်ခုက….. မတူညီတဲ့ အခြေခံစိတ်ခံယူချက်တစ်ခုစီကို ပိုင်ဆိုင်တဲ့ ကျောင်းသားနှစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုပေါ်မှာယုံကြည်ပုံ ယုံကြည်ချက်ချင်း သိသိသာသာကွဲပြားပါတယ်။ Growth Mindset ရှိတဲ့ကျောင်းသားတွေက ကြိုးစားအားထုတ်မှုနဲ့ပက်သက်ရင် ဖြောင့်ဖြောင့်မှန်မှန်ပဲတွေးပါတယ်။ ဘယ်လိုတွေးတာလဲဆိုတော့ ကြိုးစားလေ၊ စွမ်းရည်တက်လေဆိုတာမျိုး၊ ပြီးတော့… ဉာဏ်ကြီးရှင် Genius တွေတောင်မှ သူတို့ရဲ့အောင်မြင်မှုတွေအတွက်ကြိုး ကြိုးစားစားလုပ်ကိုင်ခဲ့ရတယ်ဆိုတာမျိုးပါ။ Fixed Mindset ရှိတဲ့ကျောင်းသားတွေကတော့ ဆန့်ကျင်ဘက်ယုံကြည်ချက်မျိုးရှိကြတယ်။ ဘာတွေလဲဆိုတော့ တကယ်လို့လူတစ်ယောက်က ကြိုးကြိုးစားစားလုပ်ကိုင်ရမယ်ဆိုရင် သူ့မှာစွမ်းရည်မရှိလို့၊ ပြီးတော့စွမ်းရည်ဆိုတာကလဲ ကိုယ့်မှာရှိရင် သူ့အလိုလိုပေါ်လာတတ်တယ် ဆိုတာမျိုးတွေပေါ့။


မအောင်မြင်မှုတွေကို တုန့်ပြန်ရာမှာလဲ အခြေခံစိတ်ခံယူချက် ကွာခြားသူတွေကြားမှာ သိသိသာသာကွခြားချက်ရှိပါတယ်။ Growth Mindset ရှိသူတွေက ကျောင်းမှာမအောင်မြင်မှုတွေနဲ့ကြုံတဲ့အခါ နောက်တစ်ကြိမ်မှာ ပိုကြိုးစားချင်ကြိုးစားမယ်။ ဒါမှမဟုတ် စာလုပ်တဲ့ပုံစံကိုပြုပြင်ပြောင်းလဲမယ် လို့ဆိုပါတယ်။  ဒါပေမယ့် Fixed Mindset ရှိသူတွေကတော့ သူတို့ကိုယ်သူတို့ ညံ့ဖျင်းထုံအ သူတွေဖြစ်တယ်လို့ခံစားပြီး နောက်တစ်ကြိမ်မှာကြိုးစားချင်စိတ်လျော့သွားတယ်။ ပြီးတော့ ခိုးချရင်ကောင်းမလားလို့တောင် အသည်းအသန်စဉ်းစားကြပါလိမ့်မယ်။ သူတို့ရဲ့အမြင်မှာတော့ ကိုယ့်ကိုယ်ကို ငတုံးတစ်ယောက်ဖြစ်တယ်လို့ခံစားရရင်၊ ပညာရေးကဏ္ဍမှာ ဒါရာသက်ပန်ငတုံးပဲ… ပြန်တည့်မတ်ဖို့ နည်းလမ်းကောင်းမရှိသလို၊ အနာဂတ်မှာလဲ မအောင်မြင်နိုင်တော့ပါဘူး။ ဒါပေမဲ့လဲ…….. Growth Mindset သမားတစ်ယောက်ကတော့ အပြုသဘောဆောင်တဲ့လုပ်ငန်းအစီအစဉ်တစ်ခုခုချမှတ်ပြီး ကိုယ့်မှာရှိတဲ့ချို့ယွင်းချက်ကိုကုစားရမယ်လို့ မြင်ပါတယ်။

ဒီလို အခြေခံစိတ်ခံယူချက်တွေကို ဘယ်လိုလေ့လာသင်ယူကြမလဲ………………

၁၉၉၀ ပြည့်နှစ်တွေအတွင်း၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းတွေမှာ ခေတ်စားတာက ကလေးတွေအတွက် အရေးကြီးဆုံးက မိမိကိုယ်ကိုကျေနပ်အားရနှစ်သိမ့်မှု (ဝါ) အထင်ကြီးမှု (Self-esteem) ရှိဖို့တဲ့။ ဒီတော့………… သင်္ချာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုအထင်ကြီးနေတာက တကယ်တွက်ချက်တတ်တာထက်ပို အရေးကြီးသလိုဖြစ်လာတယ်။ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးမှုက ရေးတတ်၊ ဖတ်တတ်ဖို့ထက် ပိုအရေးကြီးသလိုဖြစ်လာတယ်။ အကြီးမားဆုံး အမှားကတော့ သူတို့ဘယ်လောက်တော်ကြောင်း၊ ပင်ကိုယ်စွမ်းရည်ဘယ်လောက်ရှိကြောင်းပြောခြင်းအားဖြင့် ကလေးတွေကို မိမိကိုယ်မိမိအထင်ကြီးမှုကို အလွယ်တကူပေးလိုက်တာပါပဲ။ ရည်ရွယ်ချက်ကကောင်းမွန်ပေမယ့် အကျိုးဆက်တွေကတော့ ကဖျက်ကယက်နိုင်လွန်းလှပါတယ်။

၁၉၉၀ခုနှစ်တွေမှာ ကျောင်းသားမိဘတွေကြားမှာစစ်တမ်းကောက်လိုက်တော့ ၈၅ ရာခိုင်နှုန်းက  မိမိကိုယ်မိမိယုံကြည်ချက်တက်စေဖို့နဲ့ အောင်မြင်မုှတွေရစေဖို့အတွက် ကလေးတွေရဲ့စွမ်းရည်တွေကိုချီးကျုးမြှောက်ပင့်ပေးဖို့လိုအပ်တယ်လို့ ယုံကြည်ယူဆကြတယ်။ အဲဒီတုန်းကကလေးတွေက အခုချိန်မှာတော့ အလုပ်ခွင်ထဲရောက်နေကြပြီး၊ ချီးကျူးမြှောက်ပင့်မှု၊ ဆုလာဘ်နဲ့ အသိအမှတ်ပြုမုှတွေမရရင် အလုပ်ထဲမှာ တစ်ရက်တောင်မခံဘူးလု့ိသိရတယ်။ ဒါတွေအားလုံးက ရည်ရွယ်ချက်ကောင်းနဲ့လုပ်ခဲ့တဲ့ ချီးကျူးမြှောက်ပင့်မှုတစ်ခုကနေလာတာ ဖြစ်နေနိုင်မလား။


ကလေးတွေကို အဖွဲ့နှစ်ဖွဲ့ခွဲ၊ IQ (ဉာဏ်ရည်အဆင့်) စမ်းသပ်ချက်မေးခွန်းလေးတွေဖြေခိုင်းပြီး ချီးကျူးမြှောက်ပင့်စကားလေးတွေပြောပေးခဲ့ပါတယ်။ ပထမအဖွဲ့ကိုတော့ သူတို့ရဲ့ဉာဏ်ရည်အတွက်ချီးကျူးပေးတယ်။

 “အိုး..သိပ်ကောင်းတဲ့အမှတ်ပဲ၊ မင်းကသိပ်တော်တာပဲ”… စသည်ဖြင့်။
 တခြားအဖွဲ့ကိုတော့ လုံ့လဥဿာဟအတွက်ချီးကျူးဂုဏ်ပြုစကားပြောတယ်။
 “ အိုး…..အရမ်းကောင်းတဲ့အမှတ်ပဲ၊ မင်း ဒီအတွက်တကယ်ကို အရမ်းကြိုးစားခဲ့တာပဲ”… စသည်လိုပေါ့။

လုပ်ခဲ့တာ ဒီလောက်ကလေးပေမယ့် ရလဒ်ကတော့ ကြီးကျယ်ထင်ရှားပါတယ်။ အသက်အရွယ်မတူတဲ့၊ လူမျိုးမတူတဲ့ကလေးတွေကို နိုင်ငံအနှံ့မှာလေ့လာကြည့်တော့လဲ ရလဒ်ကအတူတူပါပဲ။

ငါးတန်းကလေးတွေကိုလေ့လာကြည့်တဲ့အခါမှာ ဉာဏ်ရည်အတွက်ချီးကျူးခံရတဲ့ကလေးတွေက သင်ယူလိုစိတ်မရှိကြဘူး။ ပညာရဖို့အခွင့်အလမ်းတွေရှိတဲ့ ခက်ခဲတဲ့ပုစ္ဆာတွေပေးတဲ့အခါ အများစုက ခက်တာကိုရှောင်ပြီး အမှားအယွင်းသိပ်မရှိနိုင်တဲ့ လွယ်တာကိုပဲရွေးလုပ်ကြတယ်။ ကြိုးစားအားထုတ်မှုနဲ့ လုံ့လဥဿာဟအတွက် ချီးကျူးခံရတဲ့ကလေးတွေကတော့ သူတို့အတွက် ပညာတိုးမယ့်ပုစ္ဆာတွေကိုလုပ်ကြတယ်။


ပုစ္ဆာတွေကပိုခက်လာတဲ့အခါမျိုးမှာ ဉာဏ်ရည်အတွက်ချီးကျူးခံကလေးတွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်ချက်ပျောက်ကုန်ကြတော့တယ်။ တစ်ဖွဲ့လုံးအနေနဲ့ပြောမယ်ဆိုရင် သူတို့ကိုယ်သူတို့ ထူးချွန်ထက်မြက်မှုမရှိဘူးလို့ထင်ကုန်ကြတယ်။ တစ်ဆက်ထဲမှာလဲ လုပ်နေတဲ့အလုပ်ပေါ် သဘောကျနှစ်သက်မှုတွေပျောက်သွားပြီး သူတို့ရဲ့လုပ်ရည်ကိုင်ရည်တွေဟာလဲ ဒလိမ့်ခေါက်ကွေးကျသွားတော့တယ်။ တစ်ချိန်ထဲမှာပဲ၊  ကြိုးစားမုှအတွက်ချီးကျူးခံကလေးတွေကိုကြည့်တဲ့အခါမှာ သူတို့ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်ချက်တွေ၊ စိတ်အားထက်သန်မှုတွေနဲ့ လုပ်ရည်ကိုင်ရည်တွေကို ထိန်းသိမ်းထားနိုင်တာတွေ့ရတယ်။ နောက်ဆုံးအချက်ကတော့ အမှတ်တွေ၊ ရလဒ်တွေနဲ့ ပက်သက်တဲ့အခါမျိုးမှာ ဉာဏ်ရည်အတွက်ချီးကျူးခံကလေးတွေအများစုဟာ ကြိုးစားအားထုတ်မှုအတွက်ချီးကျူးခံကလေးတွေနဲ့စာရင် အမှန်ကိုမပြောကြပဲ လီဆယ်တတ်ကြပါတာပါပဲ။

ကဲ…..ကျွန်တော်တို့ရဲ့ကျောင်းသားသူငယ်တွေကို ဘယ်လိုချီးကျူးဂုဏ်ပြုစကားတွေပြောကြမလဲ။ သူတို့ကိုဘယ်လို အာမခံချက်တွေထပ်ပေးကြမလဲ……………….။
နည်းလမ်းကတော့………….သူတို့ရဲ့ ကြိုးပမ်းအားထုတ်မုှလုပ်ငန်းစဉ်… အားစိုက်ထုတ်မှု… နည်းလမ်းရှာဖွေမှု… အာရုံစူးစိုက်မှု… လုံ့လဥဿာဟနဲ့… တိုးတက်ဖြစ်ထွန်းမှုတို့အပေါ်မှာသာ မီးမောင်းထိုးပြဖို့ပဲဖြစ်ပါတယ်။

ဥပမာပြောရရင်
“ မင်းမအောင်မြင်မချင်းလုပ်ခဲ့တာပဲ၊ တော်လိုက်တာ”

“ ဒါကြီးက တော်တော်ခက်တဲ့ ပရောဂျက်ကြီးကွ။ မင်းကတစ်ဆင့်ချင်းနဲ့အချိန်ယူလုပ်ခဲ့လို့ အတော်ကောင်းသွားတာပဲ”

“ခက်ခဲတဲ့ပုစ္ဆာတွေကိုရှင်းဖို့ မင်းရွေးတာကိုသဘောကျတယ်။ မင်း ဒီထက်မက ကိုယ့်ကိုယ်ကိုဖြန့်ကျက်လာနိုင်ပြီး အသစ်အဆန်းတွေသိလာတော့မှာသေချာတယ်။”


“ ကျောင်းစာတွေက မင်းအတွက်အမြဲသိပ်လွယ်လွန်းနေခဲ့တာ သိပါတယ်။ နှမြောစရာတော့ကောင်းသား။ အခုတော့ မင်းရဲ့စွမ်းဆောင်ရည်တွေကို အမှန်တကယ်မြှင့်တင့်ဖို့ အခွင့်အရေးရပြီပေါ့။”

ဦးဏှောက်ဗေဒ………………..

ကလေးတွေကို ဖွံ့ဖြိုးနေတဲ့ အခြေခံစိတ်ခံယူချက် (Growth Mindset) သင်ပေးလို့ရပါသလား။ ရတယ်ဆိုရင် အဲဒါကသူတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ ကျောင်းမှာရတဲ့အမှတ်တွေကို တိုးတက်အောင်လုပ်ပေးနိုင်သလား။ ဒီမေးခွန်းတွေကိုဖြေဖို့အတွက် ၇တန်းကျောင်းသားတွေကို Growth Mindset နဲ့ပတ်သက်တဲ့သင်တန်းလေးတစ်ခုဖန်တီးပေးခဲ့ပါတယ်။ ကျောင်းသားတွေကို အဖွဲ့နှစ်ခုခွဲပြီး စာသင်ယူမှုစွမ်းရည်ဖွံ့ဖြိုးရေးနည်းလမ်းတွေ (learning skills) အကြောင်း သင်တန်း ၈ ကြိမ်ပေးခဲ့တယ်။ “Growth Mindset” အဖွဲ့ကတော့ “Growth Mindset” သင်ခန်းစာတွေပါထပ်ဆောင်းသင်ခံရတယ်။ ဥပမာ…“Growth Mindset” ဆိုတာဘာလဲ။ ကျောင်းစာတွေလုပ်ရင် အဲဒါကို ဘယ်လိုသုံးရမလဲ စသည်ဖြင့်ပေါ့။ သင်ခန်းစာတွေကို……………. “ သင်၏ ဉာဏ်ရည်ကိုတိုးတက်အောင်မွေးမြူလို့ရပြီ။ နောက်ဆုံးပေါ်တွေ့ရှိချက်ရဲ့အဆိုအရ ဦးဏှောက်ကို ခန္ဓာကိုယ်ကြွက်သားတစ်ခုလို ဖွံ့ဖြိုးသန်မာအောင်လုပ်လို့ရပါပြီ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ စဖွင့်တယ်။ ကျောင်းသားတွေက ဒီဆောင်းပါးနဲ့ ဆောင်းပါးပါသတင်းစကားကြောင့် မှင်တက်သွားကြတယ်။ ဦးဏှောက်ရဲ့ဖွံ့ဖြိုးရေးက သူတို့လက်ထဲမှာရှိနေတယ်ဆိုတဲ့ အတွေးကို သူတို့ သိပ်သဘောကျကြတယ်။

ဆောင်းပါးရယ်၊ အဲဒီနောက်မှာဆက်လုပ်တဲ့လေ့ကျင့်ခန်းတွေရယ်က ကျောင်းသားတွေရဲ့ ကိစ္စရပ်တွေကိုရင်ဆိုင်ပုံရင်ဆိုင်နည်းတွေကိုပြောင်းလဲသွားစေခဲ့တယ်။ ကျောင်းသားတော်တော်များများက ကျောင်းဆိုတာ သူတို့လုပ်ရည်ကိုင်ရည်တွေကို အကဲဖြတ်ခံရတဲ့နေရာလို့ မြင်ထားခဲ့ကြတယ်။ ခုတော့ သူတို့ရဲ့အခြေခံစိတ်ခံယူချက် (Mindset)တွေဖွံ့ဖြိုးဖို့အတွက် သူတို့ပါတက်တက်ကြွကြွဝင်ရောက်လုပ်ဆောင်ပေးရမယ့်နေရာလို့  နားလည်သွားကြပြီ။ ကျောင်းဖွင့်ရာသီတစ်ခုပြီးသွားတဲ့အချိန်မှာ Growth Mindset အဖွဲ့ရဲ့ သချာၤရမှတ်တွေသိသိသာသာကြီးတိုးတက်လာပြီး….တစ်ဖက်ကအခြားအဖွဲ့ဖြစ်တဲ့ စာသင်ယူမှုစွမ်းရည်ဖွံ့ဖြိုးရေးနည်းလမ်းကိုပဲသင်တန်းချိန် ၈ကြိမ်သင်ခဲ့ရတဲ့အဖွဲ့ကတော့တိုးတက်မှုမရှိတဲ့အပြင် ဆက်ပြီးတော့လဲကျဆင်းသွားတယ်။ အသုံးဝင်တဲ့ သင်ယူမှုစွမ်းရည်နည်းလမ်းတွေအကြောင်း အများကြီးသင်ခဲ့ရပေမဲ့ ဒါကိုလက်တွေ့အသုံးချဖို့က သူတို့မှာ စိတ်အားထက်သက်မှုမရှိကြဘူး။


အဖွဲ့နှစ်ခုရှိတယ်ဆိုတာ မသိထားတဲ့ဆရာတွေက သိသိသာသာစိတ်အားထက်သက်မှုတိုးတက်လာတယ်ဆိုပြီး ဆွဲထုတ်ပြလိုက်တဲ့ကျောင်းသားတိုင်းဟာ Growth Mindset အဖွဲ့ကဖြစ်နေတာတွေ့ရတယ်။ အဲဒီကျောင်းသားတွေဟာ ခုဆိုရင် ကျောင်းစာတွေကိုပိုပြီးထဲထဲဝင်ဝင်လုပ်လာရုံမက ကျောင်းခန်းထဲက စာသင်ချိန်တွေမှာ၊ အိမ်စာတွေပေးလိုက်တဲ့အခါ၊ စာကြည့်တဲ့အခါတွေမှာ ပိုပြီး အားစိုက်ထုတ်လာတာကိုလဲ ဆရာတွေကထောက်ပြကြတယ်။

ဘာကိုတန်ဖိုးထားကြမလဲ……………………….

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ talent လို့ခေါ်တဲ့ ပင်ကိုယ်ထူးချွန်မှု ကို အထင်ကြီးကိုးကွယ်ကြချင်ကြရုံမက… အဲဒါကိုပဲ မွေးရာပါစွမ်းရည်တစ်ခု၊ ပါရမီတစ်ခုအနေနဲ့ပါ ပုံဖော်ကြတယ်။ ဘာဖြစ်လာသလဲဆိုတော့ အဲဒီလိုပါရမီပါတယ်လို့ ကိုယ့်ကိုယ်ကိုထင်တဲ့သူတွေက ဘာမှမလုပ်ပဲထိုင်နေကြပြီး သူ့အလိုလို အောင်မြင်ဖို့မျှော်လင့်လာကြရော။ အဲ…အဲလိုမျှော်လင့်ထားပေမယ့် အမှန်တကယ်မအောင်မြင်တဲ့အခါမှာ ထစ်ခနဲဆိုဘုဂလန့်စိတ်တွေမွေး၊ နောက်….. စိတ်ဓါတ်တွေကျ၊ မျှော်လင့်ချက်တွေပျောက်ဆုံးလာကြပြီး… တစ်ခါတစ်လေ ဘာမှကိုမလုပ်တော့ပဲ ဘေးထွက်ထိုင်နေတတ်တော့တယ်။ ကိုယ့်ကိုယ်ကို ဘာပါရမီမှမပါဘူးလို့ ထင်မြင်ယူဆတဲ့သူတွေကလဲ အတူတူပဲ၊ ထိုနည်းလည်းကောင်းပဲ ဖြစ်လာကြတယ်။


အောင်မြင်မှုဆီကိုအရောက်တွန်းပို့ပေးနိုင်တဲ့ စွမ်းရည်ထူး (သို့) ပါရမီဟာ လူတွေမှာမွေးကတည်းကဒီလိုပဲပါလာတယ် ဆိုတဲ့အတွေးအခေါ်ဟာ အင်မတန် အန္တရာယ်ကြီးပါတယ်။ ဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲ ထူးချွန်လို့ အိုင်းစတိုင်းဖြစ်ပါစေ… မိုးဇက်ဖြစ်ပါစေ… မိုက်ကယ်ဂျော်ဒန်ဖြစ်ပါစေ… အဆုံးအစမဲ့ ပေးဆပ်ရင်းနှီးမုှတွေနဲ့ လုံ့လဥဿာဟတို့မပါပဲ အကြီးအကျယ်မအောင်မြင်နိုင်ပါဘူး။ စွမ်းရည်ဆိုတာမျိုးက ကြိုးစားအားထုတ်မှုတွေကတစ်ဆင့် တဖြည်းဖြည်းတည်ဆောက်ယူလာရပြီး၊ အဲဒီကမှနောက်တစ်ဆင့်ကိုယ့်ရဲ့ ရှေ့အလားအလာတွေဘာရှိလဲဆိုတာတွေ့မြင် သဘောပေါက်နားလည်လာရတာပါ။ သုတေသနစာတမ်းတွေက အကြိမ်ကြိမ်အထပ်ထပ်ဖော်ထုတ်ပြနေတာကတော့ ပင်ကိုယ်ထူးချွန်မှုမတိမ်းမယိမ်းရှိသူအချင်းချင်း ကြားမှာမှ….. တစ်မူထူးခြားစွာ ကြီးမားတဲ့အောင်မြင်မှုတွေကို ရရှိအောင်လုပ်ပေးနိုင်တဲ့ အရာတစ်ခုပဲရှိတယ်ဆိုတာဖြစ်ပြီး….. အဲဒီအရာကတော့ “သူတို့ဘယ်လောက်ကြိုးစားအားထုတ်မှုရှိသလဲ” ဆိုတဲ့ အရာပါပဲ။


နောက်ဆိုရင်  ကျောင်းသားသူငယ်တွေရဲ့ အသိဉာဏ်၊ ပင်ကိုယ်ထူးချွန်မုှတို့နဲ့ပက်သက်ပြီး ချီးကျူးဂုဏ်ပြုစကားပြောချင်စိတ်တွေပေါ်လာတဲ့အခါ၊ အဲဒီအတွေးကိုမျိုသိပ်ထိန်းချုပ်ပြီး…စိန်ခေါ်မုှတွေများတဲ့အလုပ်တစ်ခုဟာဘယ်လောက်ပျော်စရာကောင်းကြောင်း…..အမှားတွေကနေသင်ယူရတာ ဘယ်လောက်မှတ်သားစရာတွေများပြီး စိတ်ဝင်စားဖို့ကောင်းကြောင်းနဲ့…..ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ပြီးမှ တိုးတက်မှုရတဲ့အရာတစ်ခုဟာ ဘယ်လောက်ကြီးကျယ်ခမ်းနားကြောင်း….. သင်ကြားပေးရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ စိန်ခေါ်မှုတွေကိုရဲရဲလက်ခံ….. အမှားတွေလုပ်ရာကတစ်ဆင့်….. ခွန်အားစိုက်ထုတ်ပြီးရှေ့ကိုတက်လှမ်းခြင်းက လူတွေကို ပိုပြီးတော်တဲ့၊ ထက်မြက်တဲ့သူတွေဖြစ်အောင်လုပ်ပေးနိုင်ကြောင်း သင်ကြားပေးကြဖို့ပါပဲ။ ။


                                                                                                       မောင်ဇိ

(စိတ်ပညာပါမောက္ခ ဒေါက်တာ ကာရိုးဒွက်၏ Mindset ဆိုသောစာအုပ်ကိုကိုးကား၍ National association of indepent schools website ပါ ထိုဆရာမ၏ ဆောင်းပါးတစ်ခုမှ ဆီလျော်အောင်ထုတ်နှုတ်ဘာသာပြန်ပါသည်။)


Reference:
Dweck, C.S (2006). Mindset. New York: Random House.


Dweck, C.S (2008). ‘Brainology’. National association of independent schools. January 4,2008.Accessed on June 2nd, 2017.
____________________________________________
 ဘဝအတြက္အေရးပါတဲ့ အေျခခံစိတ္ခံယူခ်က္ (သို႔မဟုတ္ ) Mindset
ေျမာက္မ်ားလွစြာေသာ သုေသသနလုပ္ငန္းေတြက ကြ်န္ေတာ္တို႔ ဦးေဏွာက္ေတြနဲ႔ ပက္သက္တဲ့ စိိတ္လွဳပ္ရွားစရာအခ်ိန္တစ္ခုကိုေရာက္ရွိလာၿပီလို႔ဆိုပါတယ္။ အေၾကာင္းရင္းကေတာ့….. ကြ်န္ေတာ္တို႔ ဦးေဏွာက္ေတြဟာ သင္ယူမွဳေတြ၊ အေတြ႔အၾကံဳေတြကေနတဆင့္  ပံုမွန္ေျပာင္းလဲမွဳေတြ တျဖည္းျဖည္းျဖစ္ေနတယ္ဆိုတဲ့အခ်က္နဲ႔ အဲဒီအခ်က္က ကြ်န္ေတာ္တို႔ရဲ ႔ဘဝတစ္ေလွ်ာက္လုံးျဖစ္ေနတယ္ဆိုတဲ့ ထပ္ဆင့္အခ်က္ေတြေၾကာင့္ပါပဲ။

ဒီအခ်က္ေတြက ေက်ာင္းသားေတြရဲ ႔ စာၾကိဳးစားခ်င္စိတ္နဲ႔ သင္ယူမွဳအေပၚဘယ္လိုအက်ိဳးသက္ေရာက္မွဳရွိသလဲဆိုတာၾကည့္ၾကပါစို႔။ သုေသသနေတြအရဆိုရင္ေတာ့ မိမိဥာဏ္ရည္(Intelligence) နဲ႔ပတ္သက္လို႔ တစ္သက္လုံးမေျပာင္းလဲႏုိင္ဘူးလို႔ထင္တဲ့ေက်ာင္းသားေတြနဲ႔….. ဉာဏ္ရည္္ဆိုတာျမင့္မားလာႏုိင္သလုိ ေျပာင္းလဲေျပာင္းလဲလာႏုိင္တယ္လုိ႔ျမင္တဲ့ေက်ာင္းသားေတြအၾကားမွာ သူတို႔အျမင္အလိုက္ ၾကိဳးစားခ်င္စိတ္၊ သင္ယူမွဳနဲ႔ ေက်ာင္းတြင္းေအာင္ျမင္မွဳေတြေပၚမွာ သိသာထင္ရွားတဲ့ အက်ိဳးသက္ေရာက္မွဳေတြရွိတာကို ေတြ႔ရပါတယ္။

အေျခခံစိတ္ခံယူခ်က္ႏွင့္ ေအာင္ျမင္မွဳ……
ေက်ာင္းသားအမ်ားစုက ဥာဏ္ရည္ (Intelligence)ဆိုတာေျပာင္းလဲလို႔မရတဲ့ ပုံေသအရာတစ္ခုလို႔ထင္ၾကတယ္။ ဆိုလိုတာက… လူတိုင္း၊ လူတိုင္းမွာ ဉာဏ္ရည္္ဒီေလာက္ရွိတယ္ဆိုရင္ တစ္သက္လုံးဒီေလာက္ပဲဆိုတာမ်ိဳး။ ဒီလိုအေတြးမ်ိဳးကို မေျပာင္းလဲတတ္တဲ့ ပုံေသ အေျခခံ စိတ္ခံယူခ်က္ (Fixed mindset) လို႔ေခၚပါတယ္။ ဒီလို အေျခခံစိတ္ခံယူခ်က္ရွိတဲ့ေက်ာင္းသားေတြက သူတို႔မွာဘယ္ေလာက္ ပုံေသဉာဏ္ရည္္ရွိသလဲဆိုတာေလာက္ပဲစိတ္ဝင္စားပူပန္တတ္ၾကတယ္။

တျခားေက်ာငး္သားေတြရွိေသးတယ္။  အဲဒီေက်ာင္းသားေတြကေတာ့ ဉာဏ္ရည္ဆိုတာ ၾကိဳးစားအားထုတ္မွဳေတြ၊ ပညာသင္ၾကားမွဳေတြေနတဆင့္ ျဖည္းျဖည္းခ်င္း ေမြးျမဴတည္ေဆာက္လာရတာလို႔ ယုံၾကည္ၾကတယ္။ သူတို႔က လူတိုင္းမွာ တူညီတဲ့စြမ္းရည္ရွိတယ္လို႔ယုံေလ့မရွိသလို၊ တစ္ေယာက္ေယာက္က အိုင္းစတိုင္းေလာက္ၾကီနီးနီးထက္ျမက္ႏုိင္တယ္လို႔လဲ ယုံေလ့မရွိဘူး။ သူတို႔ အေလးအနက္ယုံၾကည္တာကေတာ့….. လူတိုင္း၊ လူတိုင္းမွာ သူတို႔ရဲ ႔စြမ္းရည္ကို တိုးတက္ေအာင္ျမွင့္တင္ႏုိင္စြမ္းရွိတယ္ဆိုတာပါပဲ။ ဒါ့အျပင္ သူတို႔နားလည္ထားတာတစ္ခုက အိုင္းစတုိင္းေတာင္မွ အိုင္းစတိုင္းျဖစ္ဖို႔အတြက္ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အာရုံစူးစိုက္ၿပီး ၾကိဳးစားလုပ္ကိုင္ခဲ့ရတယ္ဆိုတာပဲ။ တိုတိုေျပာရရင္ အဲဒီလုိ ဖြ႔ံျဖိဳးေနတဲ့ အေျခခံစိတ္ခံယူခ်က္ (Growth Mindset) ရွိတဲ့ေက်ာင္းသားေတြက “ ဉာဏ္ရည္ (Intelligence) ဆိုတာ အစြမ္းအစတစ္ခု….. သင္ယူမွဳေတြကတဆင့္  နားလည္တတ္ေျမာက္လာႏုိင္တဲ့ အစြမ္းအစတစ္ခု” လို႔ယုံၾကည္လက္ခံထားၾကတယ္။ အက်ိဳးဆက္အားျဖင့္ေတာ့ စိန္ေခၚမွဳေတြကိုရင္ဆိုင္တာ… အမွားေတြကေန သင္ခန္းစာယူၿပီးအျမတ္ထြက္ေအာင္လုပ္တာ… မေအာင္မျမင္ျဖစ္ေနတဲ့အေျခအေနမွာ ေတာင့္ခံထားတာေတြက… ထူးခြ်န္ထက္ျမက္ဖို႔အတြက္နည္းလမ္းေတြျဖစ္လာေတာ့တယ္။

အေျခခံစိတ္ခံယူခ်က္ မတူညီတဲ့ေက်ာင္းသားေတြ စိတ္ဝင္စားဂရုတစိုက္ရွိတတ္တဲ့အရာေတြကလဲ မတူညီၾကပါဘူး။ Growth Mindset လို႔ေခၚတဲ့ ဖြံ႔ျဖိဳးေနတဲ့ အေျခခံစိတ္ခံယူခ်က္ရွိသူေက်ာင္းသားေတြဟာ သူတို႔ကိုေက်ာင္းမွာသိပ္ေတာ္တာပဲလို႔ အထင္ခံရတာထက္ သင္ယူစရာရွိတာေတြကိုသင္ယူဖို႔ကိုသာ ပိုၿပီးစိတ္ဝင္စားပါတယ္။ အဲ… Fixed Mindset လို႔ေခၚတဲ့ ပုံေသအေျခခံစိတ္ခံယူခ်က္ ရွိသူေက်ာင္းသားေတြကေတာ့ ဒီလိုမဟုတ္ပါဘူး။ မူလတန္းအရြယ္ကေန ေကာလိပ္အရြယ္ထိရွိတ့ဲ ေက်ာင္းသူ၊ေက်ာင္းသားေျမာက္မ်ားစြာကိုေလ့လာထားရွိခ်က္အရ Fixed Mindset သမားေတြဟာ အမ်ားေရွ ႔မွာ သူတို႔ဘယ္ေလာက္ထူးခြ်န္ထက္ျမက္တဲ့ပုံဖမ္းႏုိင္မလဲဆိုတာပဲ စိတ္ဝင္စားလို႔ သင္ယူခြင့္ရမယ့္အခြင့္အေရးေတြကိုေတာင္ေရွာင္ဖယ္ေလ့ရွိပါတယ္။ ဘယ္ေလာက္ေတာင္လဲဆိုရင္ သူတို႔ရဲ ႔ေအာင္ျမင္မဳွအတြက္ အခ်က္အခ်ာက်လွတဲ့သင္ယူမွဳေတြကိုပါ ျငင္းဆန္ပစ္တတ္ၾကတဲ့ထိပါ။

ေနာက္တစ္ခုက….. မတူညီတဲ့ အေျခခံစိတ္ခံယူခ်က္တစ္ခုစီကို ပိုင္ဆုိင္တဲ့ ေက်ာင္းသားႏွစ္ေယာက္ရဲ ႔ ၾကိဳးစားအားထုတ္မွဳေပၚမွာယုံၾကည္ပုံ ယုံၾကည္ခ်က္ခ်င္း သိသိသာသာကြဲျပားပါတယ္။ Growth Mindset ရွိတဲ့ေက်ာင္းသားေတြက ၾကိဳးစားအားထုတ္မွဳနဲ႔ပက္သက္ရင္ ေျဖာင့္ေျဖာင့္မွန္မွန္ပဲေတြးပါတယ္။ ဘယ္လုိေတြးတာလဲဆိုေတာ့ ၾကိဳးစားေလ၊ စြမ္းရည္တက္ေလဆိုတာမ်ိဳး၊ ၿပီးေတာ့… ဉာဏ္ၾကီးရွင္ Genius ေတြေတာင္မွ သူတို႔ရဲ ႔ေအာင္ျမင္မွဳေတြအတြက္ၾကိဳး ၾကိဳးစားစားလုပ္ကိုင္ခဲ့ရတယ္ဆိုတာမ်ိဳးပါ။ Fixed Mindset ရွိတဲ့ေက်ာင္းသားေတြကေတာ့ ဆန္႔က်င္ဘက္ယုံၾကည္ခ်က္မ်ိဳးရွိၾကတယ္။ ဘာေတြလဲဆိုေတာ့ တကယ္လို႔လူတစ္ေယာက္က ၾကိဳးၾကိဳးစားစားလုပ္ကိုင္ရမယ္ဆိုရင္ သူ႔မွာစြမ္းရည္မရွိလို႔၊ ၿပီးေတာ့စြမ္းရည္ဆိုတာကလဲ ကုိယ့္မွာရွိရင္ သူ႔အလိုလိုေပၚလာတတ္တယ္ ဆိုတာမ်ိဳးေတြေပါ့။

မေအာင္ျမင္မွဳေတြကို တုန္႔ျပန္ရာမွာလဲ အေျခခံစိတ္ခံယူခ်က္ ကြာျခားသူေတြၾကားမွာ သိသိသာသာကြျခားခ်က္ရွိပါတယ္။ Growth Mindset ရွိသူေတြက ေက်ာင္းမွာမေအာင္ျမင္မွဳေတြနဲ႔ၾကံဳတဲ့အခါ ေနာက္တစ္ၾကိမ္မွာ ပိုၾကိဳးစားခ်င္ၾကိဳးစားမယ္။ ဒါမွမဟုတ္ စာလုပ္တဲ့ပုံစံကိုျပဳျပင္ေျပာင္းလဲမယ္ လို႔ဆိုပါတယ္။  ဒါေပမယ့္ Fixed Mindset ရွိသူေတြကေတာ့ သူတို႔ကိုယ္သူတို႔ ညံ႔ဖ်င္းထုံအ သူေတြျဖစ္တယ္လို႔ခံစားၿပီး ေနာက္တစ္ၾကိမ္မွာၾကိဳးစားခ်င္စိတ္ေလ်ာ့သြားတယ္။ ၿပီးေတာ့ ခိုးခ်ရင္ေကာင္းမလားလို႔ေတာင္ အသည္းအသန္စဥ္းစားၾကပါလိမ့္မယ္။ သူတို႔ရဲ ႔အျမင္မွာေတာ့ ကိုယ့္ကုိယ္ကုိ ငတုံးတစ္ေယာက္ျဖစ္တယ္လို႔ခံစားရရင္၊ ပညာေရးက႑မွာ ဒါရာသက္ပန္ငတုံးပဲ… ျပန္တည့္မတ္ဖို႔ နည္းလမ္းေကာင္းမရွိသလို၊ အနာဂတ္မွာလဲ မေအာင္ျမင္ႏုိင္ေတာ့ပါဘူး။ ဒါေပမဲ့လဲ…….. Growth Mindset သမားတစ္ေယာက္ကေတာ့ အျပဳသေဘာေဆာင္တဲ့လုပ္ငန္းအစီအစဥ္တစ္ခုခုခ်မွတ္ၿပီး ကိုယ့္မွာရွိတဲ့ခ်ိဳ ႔ယြင္းခ်က္ကိုကုစားရမယ္လို႔ ျမင္ပါတယ္။

ဒီလို အေျခခံစိတ္ခံယူခ်က္ေတြကို ဘယ္လုိေလ့လာသင္ယူၾကမလဲ………………
၁၉၉၀ ျပည့္ႏွစ္ေတြအတြင္း၊ ေက်ာင္းသားမိဘေတြနဲ႔ ေက်ာင္းေတြမွာ ေခတ္စားတာက ကေလးေတြအတြက္ အေရးၾကီးဆုံးက မိမိကုိယ္ကုိေက်နပ္အားရႏွစ္သိမ့္မွဳ (ဝါ) အထင္ၾကီးမွဳ (Self-esteem) ရွိဖို႔တဲ့။ ဒီေတာ့………… သခ်ၤာနဲ႔ပတ္သက္ၿပီး ကိုယ့္ကုိယ္ကိုအထင္ၾကီးေနတာက တကယ္တြက္ခ်က္တတ္တာထက္ပို အေရးၾကီးသလိုျဖစ္လာတယ္။ အဂၤလိပ္စာနဲ႔ပတ္သက္ၿပီး ကိုယ့္ကုိယ္ကို အထင္ၾကီးမွဳက ေရးတတ္၊ ဖတ္တတ္ဖို႔ထက္ ပိုအေရးၾကီးသလိုျဖစ္လာတယ္။ အၾကီးမားဆုံး အမွားကေတာ့ သူတို႔ဘယ္ေလာက္ေတာ္ေၾကာင္း၊ ပင္ကိုယ္စြမ္းရည္ဘယ္ေလာက္ရွိေၾကာင္းေျပာျခင္းအားျဖင့္ ကေလးေတြကို မိမိကုိယ္မိမိအထင္ၾကီးမွဳကို အလြယ္တကူေပးလိုက္တာပါပဲ။ ရည္ရြယ္ခ်က္ကေကာင္းမြန္ေပမယ့္ အက်ိဳးဆက္ေတြကေတာ့ ကဖ်က္ကယက္ႏုိင္လြန္းလွပါတယ္။

၁၉၉၀ခုႏွစ္ေတြမွာ ေက်ာင္းသားမိဘေတြၾကားမွာစစ္တမ္းေကာက္လိုက္ေတာ့ ၈၅ ရာခိုင္ႏွဳန္းက  မိမိကုိယ္မိမိယုံၾကည္ခ်က္တက္ေစဖို႔နဲ႔ ေအာင္ျမင္မဳွေတြရေစဖို႔အတြက္ ကေလးေတြရဲ ႔စြမ္းရည္ေတြကိုခ်ီးက်ဳးေျမွာက္ပင့္ေပးဖို႔လိုအပ္တယ္လို႔ ယုံၾကည္ယူဆၾကတယ္။ အဲဒီတုန္းကကေလးေတြက အခုခ်ိန္မွာေတာ့ အလုပ္ခြင္ထဲေရာက္ေနၾကျပီး၊ ခ်ီးက်ဴးေျမွာက္ပင့္မွဳ၊ ဆုလာဘ္နဲ႔ အသိအမွတ္ျပဳမဳွေတြမရရင္ အလုပ္ထဲမွာ တစ္ရက္ေတာင္မခံဘူးလု႔ိသိရတယ္။ ဒါေတြအားလုံးက ရည္ရြယ္ခ်က္ေကာင္းနဲ႔လုပ္ခဲ့တဲ့ ခ်ီးက်ဴးေျမွာက္ပင့္မွဳတစ္ခုကေနလာတာ ျဖစ္ေနႏုိင္မလား။

ကေလးေတြကို အဖဲြ႔ႏွစ္ဖြဲ႔ခြဲ၊ IQ (ဉာဏ္ရည္အဆင့္) စမ္းသပ္ခ်က္ေမးခြန္းေလးေတြေျဖခိုင္းၿပီး ခ်ီးက်ဴးေျမွာက္ပင့္စကားေလးေတြေျပာေပးခဲ့ပါတယ္။ ပထမအဖြဲ႔ကိုေတာ့ သူတို႔ရဲ ႔ဉာဏ္ရည္အတြက္ခ်ီးက်ဴးေပးတယ္။

 “အိုး..သိပ္ေကာင္းတဲ့အမွတ္ပဲ၊ မင္းကသိပ္ေတာ္တာပဲ”… စသည္ျဖင့္။
 တျခားအဖဲြ႔ကိုေတာ့ လုံ႔လဥႆာဟအတြက္ခ်ီးက်ဴးဂုဏ္ျပဳစကားေျပာတယ္။
 “ အိုး…..အရမ္းေကာင္းတဲ့အမွတ္ပဲ၊ မင္း ဒီအတြက္တကယ္ကို အရမ္းၾကိဳးစားခဲ့တာပဲ”… စသည္လိုေပါ့။
လုပ္ခဲ့တာ ဒီေလာက္ကေလးေပမယ့္ ရလဒ္ကေတာ့ ၾကီးက်ယ္ထင္ရွားပါတယ္။ အသက္အရြယ္မတူတဲ့၊ လူမ်ိဳးမတူတဲ့ကေလးေတြကို ႏုိင္ငံအႏွံ႔မွာေလ့လာၾကည့္ေတာ့လဲ ရလဒ္ကအတူတူပါပဲ။

ငါးတန္းကေလးေတြကုိေလ့လာၾကည့္တဲ့အခါမွာ ဉာဏ္ရည္အတြက္ခ်ီးက်ဴးခံရတဲ့ကေလးေတြက သင္ယူလိုစိတ္မရွိၾကဘူး။ ပညာရဖို႔အခြင့္အလမ္းေတြရွိတဲ့ ခက္ခဲတဲ့ပုစာၦေတြေပးတဲ့အခါ အမ်ားစုက ခက္တာကိုေရွာင္ၿပီး အမွားအယြင္းသိပ္မရွိႏုိင္တဲ့ လြယ္တာကိုပဲေရြးလုပ္ၾကတယ္။ ၾကိဳးစားအားထုတ္မွဳနဲ႔ လုံ႔လဥႆာဟအတြက္ ခ်ီးက်ဴးခံရတဲ့ကေလးေတြကေတာ့ သူတို႔အတြက္ ပညာတိုးမယ့္ပုစာၦေတြကိုလုပ္ၾကတယ္။

ပုစာၦေတြကပိုခက္လာတဲ့အခါမ်ိဳးမွာ ဉာဏ္ရည္အတြက္ခ်ီးက်ဴးခံကေလးေတြဟာ ကိုယ့္ကုိယ္ကိုယုံၾကည္ခ်က္ေပ်ာက္ကုန္ၾကေတာ့တယ္။ တစ္ဖဲြ႔လုံးအေနနဲ႔ေျပာမယ္ဆိုရင္ သူတို႔ကိုယ္သူတို႔ ထူးခြ်န္ထက္ျမက္မွဳမရွိဘူးလုိ႔ထင္ကုန္ၾကတယ္။ တစ္ဆက္ထဲမွာလဲ လုပ္ေနတဲ့အလုပ္ေပၚ သေဘာက်ႏွစ္သက္မွဳေတြေပ်ာက္သြားၿပီး သူတို႔ရဲ ႔လုပ္ရည္ကုိင္ရည္ေတြဟာလဲ ဒလိမ့္ေခါက္ေကြးက်သြားေတာ့တယ္။ တစ္ခ်ိန္ထဲမွာပဲ၊  ၾကိဳးစားမဳွအတြက္ခ်ီးက်ဴးခံကေလးေတြကိုၾကည့္တဲ့အခါမွာ သူတို႔ရဲ ႔ကိုယ့္ကိုယ္ကိုယံုၾကည္ခ်က္ေတြ၊ စိတ္အားထက္သန္မွဳေတြနဲ႔ လုပ္ရည္ကိုင္ရည္ေတြကို ထိန္းသိမ္းထားႏုိင္တာေတြ႔ရတယ္။ ေနာက္ဆုံးအခ်က္ကေတာ့ အမွတ္ေတြ၊ ရလဒ္ေတြနဲ႔ ပက္သက္တဲ့အခါမ်ိဳးမွာ ဉာဏ္ရည္အတြက္ခ်ီးက်ဴးခံကေလးေတြအမ်ားစုဟာ ၾကိဳးစားအားထုတ္မွဳအတြက္ခ်ီးက်ဴးခံကေလးေတြနဲ႔စာရင္ အမွန္ကိုမေျပာၾကပဲ လီဆယ္တတ္ၾကပါတာပါပဲ။

ကဲ…..ကြ်န္ေတာ္တို႔ရဲ ႔ေက်ာင္းသားသူငယ္ေတြကို ဘယ္လိုခ်ီးက်ဴးဂုဏ္ျပဳစကားေတြေျပာၾကမလဲ။ သူတို႔ကိုဘယ္လို အာမခံခ်က္ေတြထပ္ေပးၾကမလဲ……………….။
နည္းလမ္းကေတာ့………….သူတို႔ရဲ ႔ ၾကိဳးပမ္းအားထုတ္မဳွလုပ္ငန္းစဥ္… အားစိုက္ထုတ္မွဳ… နည္းလမ္းရွာေဖြမွဳ… အာရုံစူးစိုက္မွဳ… လုံ႔လဥႆာဟနဲ႔… တိုးတက္ျဖစ္ထြန္းမွဳတုိ႔အေပၚမွာသာ မီးေမာင္းထိုးျပဖို႔ပဲျဖစ္ပါတယ္။
ဥပမာေျပာရရင္
“ မင္းမေအာင္ျမင္မခ်င္းလုပ္ခဲ့တာပဲ၊ ေတာ္လုိက္တာ”
“ ဒါၾကီးက ေတာ္ေတာ္ခက္တဲ့ ပေရာဂ်က္ၾကီးကြ။ မင္းကတစ္ဆင့္ခ်င္းနဲ႔အခ်ိန္ယူလုပ္ခဲ့လို႔ အေတာ္ေကာင္းသြားတာပဲ”

“ခက္ခဲတဲ့ပုစာၦေတြကိုရွင္းဖို႔ မင္းေရြးတာကိုသေဘာက်တယ္။ မင္း ဒီထက္မက ကိုယ့္ကိုယ္ကိုျဖန္႔က်က္လာႏုိင္ၿပီး အသစ္အဆန္းေတြသိလာေတာ့မွာေသခ်ာတယ္။”

“ ေက်ာင္းစာေတြက မင္းအတြက္အၿမဲသိပ္လြယ္လြန္းေနခဲ့တာ သိပါတယ္။ ႏွေျမာစရာေတာ့ေကာင္းသား။ အခုေတာ့ မင္းရဲ ႔စြမ္းေဆာင္ရည္ေတြကို အမွန္တကယ္ျမွင့္တင့္ဖို႔ အခြင့္အေရးရၿပီေပါ့။”

ဦးေဏွာက္ေဗဒ………………..
ကေလးေတြကို ဖြ႔ံျဖိဳးေနတဲ့ အေျခခံစိတ္ခံယူခ်က္ (Growth Mindset) သင္ေပးလို႔ရပါသလား။ ရတယ္ဆိုရင္ အဲဒါကသူတို႔ရဲ ႔ စိတ္အားထက္သန္မွဳနဲ႔ ေက်ာင္းမွာရတဲ့အမွတ္ေတြကို တိုးတက္ေအာင္လုပ္ေပးႏုိင္သလား။ ဒီေမးခြန္းေတြကိုေျဖဖုိ႔အတြက္ ၇တန္းေက်ာင္းသားေတြကို Growth Mindset နဲ႔ပတ္သက္တဲ့သင္တန္းေလးတစ္ခုဖန္တီးေပးခဲ့ပါတယ္။ ေက်ာင္းသားေတြကို အဖြဲ႔ႏွစ္ခုခဲြၿပီး စာသင္ယူမွဳစြမး္ရည္ဖြံ႔ျဖိဳးေရးနည္းလမ္းေတြ (learning skills) အေၾကာင္း သင္တန္း ၈ ၾကိမ္ေပးခဲ့တယ္။ “Growth Mindset” အဖြဲ႔ကေတာ့ “Growth Mindset” သင္ခန္းစာေတြပါထပ္ေဆာင္းသင္ခံရတယ္။ ဥပမာ…“Growth Mindset” ဆိုတာဘာလဲ။ ေက်ာင္းစာေတြလုပ္ရင္ အဲဒါကို ဘယ္လုိသုံးရမလဲ စသည္ျဖင့္ေပါ့။ သင္ခန္းစာေတြကုိ……………. “ သင္၏ ဉာဏ္ရည္ကိုတိုးတက္ေအာင္ေမြးျမဴလို႔ရၿပီ။ ေနာက္ဆုံးေပၚေတြ႔ရွိခ်က္ရဲ ႔အဆုိအရ ဦးေဏွာက္ကို ခႏၶာကိုယ္ၾကြက္သားတစ္ခုလို ဖြ႔ံျဖိဳးသန္မာေအာင္လုပ္လို႔ရပါၿပီ” ဆိုတဲ့ ေဆာင္းပါးတစ္ပုဒ္နဲ႔ စဖြင့္တယ္။ ေက်ာင္းသားေတြက ဒီေဆာင္းပါးနဲ႔ ေဆာင္းပါးပါသတင္းစကားေၾကာင့္ မွင္တက္သြားၾကတယ္။ ဦးေဏွာက္ရဲ ႔ဖြ႔ံျဖိဳးေရးက သူတို႔လက္ထဲမွာရွိေနတယ္ဆိုတဲ့ အေတြးကို သူတို႔ သိပ္သေဘာက်ၾကတယ္။

ေဆာင္းပါးရယ္၊ အဲဒီေနာက္မွာဆက္လုပ္တဲ့ေလ့က်င့္ခန္းေတြရယ္က ေက်ာင္းသားေတြရဲ ႔ ကိစၥရပ္ေတြကိုရင္ဆိုင္ပုံရင္ဆုိင္နည္းေတြကိုေျပာင္းလဲသြားေစခဲ့တယ္။ ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားက ေက်ာင္းဆိုတာ သူတို႔လုပ္ရည္ကိုင္ရည္ေတြကို အကဲျဖတ္ခံရတဲ့ေနရာလို႔ ျမင္ထားခဲ့ၾကတယ္။ ခုေတာ့ သူတို႔ရဲ ႔အေျခခံစိတ္ခံယူခ်က္ (Mindset)ေတြဖြ႔ံျဖိဳးဖို႔အတြက္ သူတို႔ပါတက္တက္ၾကြၾကြဝင္ေရာက္လုပ္ေဆာင္ေပးရမယ့္ေနရာလို႔  နားလည္သြားၾကၿပီ။ ေက်ာင္းဖြင့္ရာသီတစ္ခုၿပီးသြားတဲ့အခ်ိန္မွာ Growth Mindset အဖြဲ႔ရဲ ႔ သခ်ာၤရမွတ္ေတြသိသိသာသာၾကီးတိုးတက္လာၿပီး….တစ္ဖက္ကအျခားအဖြဲ႔ျဖစ္တဲ့ စာသင္ယူမွဳစြမး္ရည္ဖြ႔ံျဖိဳးေရးနည္းလမ္းကုိပဲသင္တန္းခ်ိန္ ၈ၾကိမ္သင္ခဲ့ရတဲ့အဖြဲ႔ကေတာ့တိုးတက္မွဳမရွိတဲ့အျပင္ ဆက္ၿပီးေတာ့လဲက်ဆင္းသြားတယ္။ အသုံးဝင္တဲ့ သင္ယူမွဳစြမ္းရည္နည္းလမ္းေတြအေၾကာင္း အမ်ားၾကီးသင္ခဲ့ရေပမ့ဲ ဒါကိုလက္ေတြ႔အသုံးခ်ဖို႔က သူတို႔မွာ စိတ္အားထက္သက္မွဳမရွိၾကဘူး။


အဖြဲ႔ႏွစ္ခုရွိတယ္ဆိုတာ မသိထားတဲ့ဆရာေတြက သိသိသာသာစိတ္အားထက္သက္မွဳတိုးတက္လာတယ္ဆုိၿပီး ဆြဲထုတ္ျပလိုက္တဲ့ေက်ာင္းသားတိုင္းဟာ Growth Mindset အဖြဲ႔ကျဖစ္ေနတာေတြ႔ရတယ္။ အဲဒီေက်ာင္းသားေတြဟာ ခုဆုိရင္ ေက်ာင္းစာေတြကိုပိုၿပီးထဲထဲဝင္ဝင္လုပ္လာရုံမက ေက်ာင္းခန္းထဲက စာသင္ခ်ိန္ေတြမွာ၊ အိမ္စာေတြေပးလိုက္တဲ့အခါ၊ စာၾကည့္တဲ့အခါေတြမွာ ပိုၿပီး အားစိုက္ထုတ္လာတာကိုလဲ ဆရာေတြကေထာက္ျပၾကတယ္။

ဘာကိုတန္ဖိုးထားၾကမလဲ……………………….
ကြ်န္ေတာ္တို႔ လူ႔အဖြဲ႔အစည္းမွာ talent လို႔ေခၚတဲ့ ပင္ကိုယ္ထူးခြ်န္မွဳ ကို အထင္ၾကီးကိုးကြယ္ၾကခ်င္ၾကရုံမက… အဲဒါကိုပဲ ေမြးရာပါစြမ္းရည္တစ္ခု၊ ပါရမီတစ္ခုအေနန႔ဲပါ ပုံေဖာ္ၾကတယ္။ ဘာျဖစ္လာသလဲဆိုေတာ့ အဲဒီလုိပါရမီပါတယ္လို႔ ကိုယ့္ကုိယ္ကိုထင္တဲ့သူေတြက ဘာမွမလုပ္ပဲထုိင္ေနၾကၿပီး သူ႔အလိုလို ေအာင္ျမင္ဖို႔ေမွ်ာ္လင့္လာၾကေရာ။ အဲ…အဲလိုေမွ်ာ္လင့္ထားေပမယ့္ အမွန္တကယ္မေအာင္ျမင္တဲ့အခါမွာ ထစ္ခနဲဆိုဘုဂလန္႔စိတ္ေတြေမြး၊ ေနာက္….. စိတ္ဓါတ္ေတြက်၊ ေမွ်ာ္လင့္ခ်က္ေတြေပ်ာက္ဆုံးလာၾကၿပီး… တစ္ခါတစ္ေလ ဘာမွကိုမလုပ္ေတာ့ပဲ ေဘးထြက္ထုိင္ေနတတ္ေတာ့တယ္။ ကုိယ့္ကိုယ္ကို ဘာပါရမီမွမပါဘူးလို႔ ထင္ျမင္ယူဆတဲ့သူေတြကလဲ အတူတူပဲ၊ ထိုနည္းလည္းေကာင္းပဲ ျဖစ္လာၾကတယ္။

ေအာင္ျမင္မွဳဆီကိုအေရာက္တြန္းပို႔ေပးႏိုင္တဲ့ စြမ္းရည္ထူး (သို႔) ပါရမီဟာ လူေတြမွာေမြးကတည္းကဒီလိုပဲပါလာတယ္ ဆိုတဲ့အေတြးအေခၚဟာ အင္မတန္ အႏၱရာယ္ၾကီးပါတယ္။ ဘယ္ေလာက္ပဲဲေတာ္ေတာ္၊ ဘယ္ေလာက္ပဲ ထူးခြ်န္လို႔ အိုင္းစတိုင္းျဖစ္ပါေစ… မိုးဇက္ျဖစ္ပါေစ… မုိက္ကယ္ေဂ်ာ္ဒန္ျဖစ္ပါေစ… အဆုံးအစမဲ့ ေပးဆပ္ရင္းႏွီးမဳွေတြနဲ႔ လု႔ံလဥႆာဟတို႔မပါပဲ အၾကီးအက်ယ္မေအာင္ျမင္ႏိုင္ပါဘူး။ စြမ္းရည္ဆိုတာမ်ိဳးက ၾကိဳးစားအားထုတ္မွဳေတြကတစ္ဆင့္ တျဖည္းျဖည္းတည္ေဆာက္ယူလာရၿပီး၊ အဲဒီကမွေနာက္တစ္ဆင့္ကုိယ့္ရဲ ႔ ေရွ ႔အလားအလာေတြဘာရွိလဲဆိုတာေတြ႔ျမင္ သေဘာေပါက္နားလည္လာရတာပါ။ သုေတသနစာတမ္းေတြက အၾကိမ္ၾကိမ္အထပ္ထပ္ေဖာ္ထုတ္ျပေနတာကေတာ့ ပင္ကိုယ္ထူးခြ်န္မွဳမတိမ္းမယိမ္းရွိသူအခ်င္းခ်င္း ၾကားမွာမွ….. တစ္မူထူးျခားစြာ ၾကီးမားတဲ့ေအာင္ျမင္မွဳေတြကို ရရွိေအာင္လုပ္ေပးႏုိင္တဲ့ အရာတစ္ခုပဲရွိတယ္ဆိုတာျဖစ္ၿပီး….. အဲဒီအရာကေတာ့ “သူတို႔ဘယ္ေလာက္ၾကိဳးစားအားထုတ္မွဳရွိသလဲ” ဆိုတဲ့ အရာပါပဲ။

ေနာက္ဆိုရင္  ေက်ာင္းသားသူငယ္ေတြရဲ ႔ အသိဉာဏ္္၊ ပင္ကိုယ္ထူးခြ်န္မဳွတို႔နဲ႔ပက္သက္ၿပီး ခ်ီးက်ဴးဂုဏ္ျပဳစကားေျပာခ်င္စိတ္ေတြေပၚလာတဲ့အခါ၊ အဲဒီအေတြးကိုမ်ိဳသိပ္ထိန္းခ်ဳပ္ၿပီး…စိန္ေခၚမဳွေတြမ်ားတဲ့အလုပ္တစ္ခုဟာဘယ္ေလာက္ေပ်ာ္စရာေကာင္းေၾကာင္း…..အမွားေတြကေနသင္ယူရတာ ဘယ္ေလာက္မွတ္သားစရာေတြမ်ားၿပီး စိတ္ဝင္စားဖို႔ေကာင္းေၾကာင္းနဲ႔…..ခက္ခက္ခဲခဲ ၾကိဳးစားအားထုတ္ၿပီးမွ တိုးတက္မွဳရတဲ့အရာတစ္ခုဟာ ဘယ္ေလာက္ၾကီးက်ယ္ခမ္းနားေၾကာင္း….. သင္ၾကားေပးရမွာျဖစ္ပါတယ္။ အေရးအၾကီးဆံုးကေတာ့ စိန္ေခၚမွဳေတြကိုရဲရဲလက္ခံ….. အမွားေတြလုပ္ရာကတစ္ဆင့္….. ခြန္အားစိုက္ထုတ္ၿပီးေရွ ႔ကိုတက္လွမ္းျခင္းက လူေတြကို ပုိၿပီးေတာ္တဲ့၊ ထက္ျမက္တဲ့သူေတြျဖစ္ေအာင္လုပ္ေပးႏုိင္ေၾကာင္း သင္ၾကားေပးၾကဖို႔ပါပဲ။ ။
 
                                                                                                       ေမာင္ဇိ

(စိတ္ပညာပါေမာကၡ ေဒါက္တာ ကာရိုးဒြက္၏ Mindset ဆိုေသာစာအုပ္ကိုကုိးကား၍ National association of indepent schools website ပါ ထိုဆရာမ၏ ေဆာင္းပါးတစ္ခုမွ ဆီေလ်ာ္ေအာင္ထုတ္ႏွဳတ္ဘာသာျပန္ပါသည္။)

Reference:
Dweck, C.S (2006). Mindset. New York: Random House.

Dweck, C.S (2008). ‘Brainology’. National association of independent schools. January 4,2008.Accessed on June 2nd, 2017.

Thursday, June 15, 2017

တူတော်မောင်နဲ့ သူ့ဦးထက်

“ သားသား…..ဟိုမှာ ဦးထက်လာတော့မယ်နော်။ ပြောလို့မရဘူးလား”
အခန်းအပြင်ဘက်မှာဆူညံပွက်လောရိုက်နေတဲ့ တူတော်မောင် ၃ နှစ်သားကို သူ့အဖေက ခြောက်နေတာပါ။ အစကတော့ သူ့အမေတွေ၊ အဒေါ်တွေကပဲ အဲဒီလိုခြောက်ကြပေမဲ့ ခုတော့သူ့အဖေကပါဝင်ခြောက်နေပါပကောလား။

သုံးနှစ်ဆိုတဲ့အရွယ်က အင်မတန်မျောက်ရှုံးအောင်ဆော့တဲ့အရွယ်ပါ။ တွေ့သမျှကိုဆွဲချမယ်၊ လွှင့်ပစ်မယ်၊ တက်ခုန်မယ်၊ တစ်အိမ်လုံးပတ်ပြေးမယ်၊ နေရာစုံလျှောက်တက်မယ်၊ အသံစူးစူးလေးနဲ့ အားကုန်အော်မယ်၊ တစ်အိမ်လုံးတစ်ခန်းဝင်တစ်ခန်းထွက် လျှောက်မွှေမယ်။ သူ့နောက်ကနေ “တဟဲ့ဟဲ့” နဲ့လျှာအလျားလိုက်ထွက်အောင်လိုက်ဖို့သာပြင်ထား။ ခေါင်းပေါ်မှာချွေးတဒီးဒီးကျတဲ့ထိ ဆော့လို့ဝ၊ မောသွားပြီဆိုရင်တော့ ဧည့်ခန်းကသူ့ရဲ့ ရုပ်ပုံကားချပ်တွေပါတဲ့ဖျာပေါ်မှာ ကားကားကြီးအိပ်သွားပါလိမ့်မယ်။ နိုးလာတာနဲ့ မျက်လုံးကိုပြူးနေအောင်ဖွင့်ပြီး အသံမျိုးစုံထွက်လို့၊ အဆက်မပြတ် ဆက်ဆော့ပြန်ပါတယ်။ လူကြီးတွေမှာသာ မနားရပဲ ခေါင်းမွေးပြောင်မတတ်လိုက်ရ၊ အော်ရ၊ ဟန့်ရတာကလား။

အန္တရာယ်ကိုမသိ၊ ပြောမရ၊ ဆိုမရ ဆော့ချင်တိုင်းဆော့၊ ကဲချင်တိုင်းကဲပေမဲ့ သူသိချင်တဲ့ဟာကျတော့လဲ အကုန်သိနေပြန်ရော။ မနက်အိပ်ယာကနိုးလို့ အိမ်ပေါ်ထပ်က အိမ်အောက်ဆင်းမယ်ဆိုရင် “ခါးနာ….ခါးနာ” ဆိုပြီး သူ့အသံသေးသေးလေးနဲ့ မူလဂျီသွန်ဂျီလုပ်၊ ပြီးရင်လူကြီးတွေကိုချီပြီးဆင်းခိုင်း။ တစ်ယောက်ယောက်ကများသူ့ကို အတင်းချီမယ်၊ နမ်းမယ်၊ ဖမ်းထားပြီး စ မယ်များလုပ်ရင် “မေမေရေ…..ကယ်ပါဦး၊ ကယ်ကြပါဦး” နဲ့များ အသံသေးသေးလေးနဲ့ အော်တတ်သေးတာ။ အိမ်ကို ဧည့်သည်များလာရင် ကျွမ်းတွေထိုးပြလိုက်၊ သိုင်းကွက်တွေခင်းပြလိုက်၊ ကပြလိုက်နဲ့ ဧည့်ဝတ်ကကျေသေး။ အဲ…ဧည့်သည်ထဲမှာ အပျိုအရွယ် ကောင်မလေးချောချောလေးတွေများပါလာပြီဆိုရင်တော့ “မမ…မမ”နဲ့ အနားကမခွာတော့ပါဘူး။ တူတော်မောင်“ခန့်ခန့်”ရဲ့ လုပ်ပုံကိုင်ပုံလေးတွေပေါ့။

မောင်ခန့်ခန့်က လိုချင်တာမရရင်၊ စိတ်ဆိုးရင် ရောက်တဲ့နေရာမှာတံတွေးတွေ ထွေးချတတ်တဲ့အကျင့်ရှိတယ်။ သူ့ဦးထက်ကလဲ ဒါမျိုးဆိုကလေးသော ဘာသောမသိ၊ “ဟေ့ကောင်…ပြန်သုတ်” ဆိုပြီး တစ်သျှုးစလက်ထဲထိုးထည့်၊ ကြမ်းပေါ်က တံတွေးကို ပြန်မသုတ်မချင်းဘယ်မှပေးမသွားပဲထိုင်စောင့်နေတာ။ ခန့်ခန့်ကလဲ လူပါး၊ အခြေအနေမဟန်မှန်းသိတော့ ကြမ်းပေါ်ကသူ့တံတွေးလေးတွေကို ဆောင့်အောင့်ပြီး၊ တစ်သျှုးနဲ့ပြန်သုတ်ရှာတယ်။ “အမှိုက်ပုံးထဲတစ်ခါထဲပစ်” ဆိုတဲ့ သူ့ဦးလေးစကားအတိုင်း အခန်းထောင့်က အမှိုက်ပုံးထဲထိသွားပစ်ရှာတာ။ သူဆိုးလို့မရတဲ့လူဆိုအဲ့လို ပါးတာ။ ဒီအရွယ်တွေက အဲလို…အရိပ်အကဲ နားလည်ပါတယ်။

တစ်ရက်ကတော့ သူ့ဦးထက်ကို ငှက်ပျောသီးလာပြပြီး “ ဘာနားနား” တဲ့။ “ပေးပေး…ဦးထက်စားမယ်” ဆိုတော့ “မေ့မေ့ဟာ” တဲ့။ မကျွေးဘူး။ ပြန်ယူသွားပြီးသူတစ်ယောက်ထဲကိုက်စားနေတယ်။ ဒါနဲ့ နောက်တစ်ခေါက်ထပ်သွားပြီး “သားသားအဲဒါဘာလဲ” ဆိုတော့ “ဘာနားနား” ဆိုပြီး ဦးထက်ဘက်ကို လက်တစ်ဖက်ဆန့်လို့ပြောတယ်။ သူ့ “ဘာနားနား” ကိုင်ထားတဲ့နောက်လက်တစ်ဖက်ကိုတော့ ရင်ဘတ်နားကပ်ထားလေရဲ့။ လုမှာစိုးလို့နဲ့တူပါတယ်။ “ဦးဦးထက်ကို ကျွေးပါဦး” လို့ စ တော့၊ “ဗိုက်နာ” ဆိုပြီး ကျွေးရမှာစိုးလို့ လစ်ပြေးပါရော။ သူဆိုလိုတာက ငှက်ပျောသီးစားရင်ဗိုက်နာလိမ့်မယ်…မစားနဲ့ပေါ့။ သူ့အသံသေးသေးလေးနဲ့ “မေမေရေ…ဖေဖေရေ” နဲ့များ တဂျီဂျီခေါ်နေရင် သူ့အမေ၊ အဖေတွေများ သဘောတွေကျ၊ ပီတိဖြာနေတဲ့မျက်နှာကြီးတွေနဲ့ သွားကြီးတွေဖြဲလို့။ ဖိုးဖိုးကြီး၊ ဖွားဖွားကြီး၊ အဖိုး၊ အဖွား၊ ဦးလေး၊ အဒေါ်တွေ…တစ်အိမ်လုံးကို ဒီလိုပဲပတ်ပြီးညာစားနေလေရဲ့။

တစ်ရက်ကလဲ လူကြီးတွေထမင်းစားနေတုန်း သူကဧည့်ခန်းထဲမှာ“အား…ဝါးဝါး” နဲ့ စူးစူးဝါးဝါးမရပ်မနားအော်နေတယ်။ ဦးထက်က “ဝုန်း” ဆိုပြေးသွားပြီး မျက်ထောင့်နီကြီးနဲ့ကြည့်လိုက်တော့ အသံလေးကို “အ..အ” ဆိုနှိမ့်ချလိုက်ပြီး မျက်နှာကလဲ ရူးသလို၊ ပေါသလို ပြောင်ချော်ချော်လုပ်ပြီး မျက်နှာချိုသွေးပါလေရော။ ဒင်းက အဲလိုလည်တာ။ နောက်ပိုင်းတော့…သူ့အဒေါ်တွေရော၊ အမေရောက သူ့ကိုပြောလို့ဆိုလို့မရရင် ဦးထက်နဲ့ခြောက်တော့တာပါပဲ။

“ သားသား…သားသား…မဆူနဲ့။ ဦးထက်လာလိမ့်မယ်။”

“ ငြိမ်ငြိမ်နေနော်သားသား…ဦးထက်ကိုခေါ်လိုက်မယ်”

ဟောခုတော့ သူ့အမေ၊ အဒေါ်တွေတင်မက၊ သူ့အဖေပါ ပါလာပြီ။

“သားသားရေ…ပြောမရဘူးလား။ ဦးထက်ထွက်လာလိမ့်မယ်နော်”တဲ့။

------------------------------------------------------------------------------------------
တူေတာ္ေမာင္နဲ႔ သူ႔ဦးထက္


သားသား…..ဟုိမွာ ဦးထက္လာေတာ့မယ္ေနာ္။ ေျပာလို႔မရဘူးလား”
အခန္းအျပင္ဘက္မွာဆူညံပြက္ေလာရုိက္ေနတဲ့ တူေတာ္ေမာင္ ၃ ႏွစ္သားကို သူ႔အေဖက ေျခာက္ေနတာပါ။ အစကေတာ့ သူ႔အေမေတြ၊ အေဒၚေတြကပဲ အဲဒီလိုေျခာက္ၾကေပမ့ဲ ခုေတာ့သူ႔အေဖကပါဝင္ေျခာက္ေနပါပေကာလား။

သုံးႏွစ္ဆိုတဲ့အရြယ္က အင္မတန္ေမ်ာက္ရွံဳးေအာင္ေဆာ့တဲ့အရြယ္ပါ။ ေတြ႔သမွ်ကိုဆြဲခ်မယ္၊ လႊင့္ပစ္မယ္၊ တက္ခုန္မယ္၊ တစ္အိမ္လုံးပတ္ေျပးမယ္၊ ေနရာစုံေလွ်ာက္တက္မယ္၊ အသံစူးစူးေလးနဲ႔ အားကုန္ေအာ္မယ္၊ တစ္အိမ္လုံးတစ္ခန္းဝင္တစ္ခန္းထြက္ ေလွ်ာက္ေမႊမယ္။ သူ႔ေနာက္ကေန “တဟဲ့ဟဲ့” နဲ႔လွ်ာအလ်ားလိုက္ထြက္ေအာင္လိုက္ဖို႔သာျပင္ထား။ ေခါင္းေပၚမွာေခြ်းတဒီးဒီးက်တဲ့ထိ ေဆာ့လို႔ဝ၊ ေမာသြားၿပီဆိုရင္ေတာ့ ဧည့္ခန္းကသူ႔ရဲ ႔ ရုပ္ပုံကားခ်ပ္ေတြပါတဲ့ဖ်ာေပၚမွာ ကားကားၾကီးအိပ္သြားပါလိမ့္မယ္။ ႏိုးလာတာနဲ႔ မ်က္လုံးကိုျပဴးေနေအာင္ဖြင့္ၿပီး အသံမ်ိဳးစုံထြက္လို႔၊ အဆက္မျပတ္ ဆက္ေဆာ့ျပန္ပါတယ္။ လူၾကီးေတြမွာသာ မနားရပဲ ေခါင္းေမြးေျပာင္မတတ္လိုက္ရ၊ ေအာ္ရ၊ ဟန္႔ရတာကလား။

အႏၱရာယ္ကိုမသိ၊ ေျပာမရ၊ ဆုိမရ ေဆာ့ခ်င္တုိင္းေဆာ့၊ ကဲခ်င္တုိင္းကဲေပမဲ့ သူသိခ်င္တဲ့ဟာက်ေတာ့လဲ အကုန္သိေနျပန္ေရာ။ မနက္အိပ္ယာကႏုိးလုိ႔ အိမ္ေပၚထပ္က အိမ္ေအာက္ဆင္းမယ္ဆိုရင္ “ခါးနာ….ခါးနာ” ဆိုၿပီး သူ႔အသံေသးေသးေလးနဲ႔ မူလဂ်ီသြန္ဂ်ီလုပ္၊ ၿပီးရင္လူၾကီးေတြကိုခ်ီၿပီးဆင္းခိုင္း။ တစ္ေယာက္ေယာက္ကမ်ားသူ႔ကို အတင္းခ်ီမယ္၊ နမ္းမယ္၊ ဖမ္းထားၿပီး စ မယ္မ်ားလုပ္ရင္ “ေမေမေရ…..ကယ္ပါဦး၊ ကယ္ၾကပါဦး” နဲ႔မ်ား အသံေသးေသးေလးနဲ႔ ေအာ္တတ္ေသးတာ။ အိမ္ကို ဧည့္သည္မ်ားလာရင္ ကြ်မ္းေတြထိုးျပလိုက္၊ သိုင္းကြက္ေတြခင္းျပလိုက္၊ ကျပလိုက္နဲ႔ ဧည္႔ဝတ္ကေက်ေသး။ အဲ…ဧည့္သည္ထဲမွာ အပ်ိဳအရြယ္ ေကာင္မေလးေခ်ာေခ်ာေလးေတြမ်ားပါလာၿပီဆိုရင္ေတာ့ “မမ…မမ”နဲ႔ အနားကမခြာေတာ့ပါဘူး။ တူေတာ္ေမာင္“ခန္႔ခန္႔”ရဲ ႔ လုပ္ပုံကိုင္ပုံေလးေတြေပါ့။

ေမာင္ခန္႔ခန္႔က လိုခ်င္တာမရရင္၊ စိတ္ဆိုးရင္ ေရာက္တဲ့ေနရာမွာတံေတြးေတြ ေထြးခ်တတ္တဲ့အက်င့္ရွိတယ္။ သူ႔ဦးထက္ကလဲ ဒါမ်ိဳးဆိုကေလးေသာ ဘာေသာမသိ၊ “ေဟ့ေကာင္…ျပန္သုတ္” ဆုိၿပီး တစ္သွ်ဳးစလက္ထဲထိုးထည့္၊ ၾကမ္းေပၚက တံေတြးကို ျပန္မသုတ္မခ်င္းဘယ္မွေပးမသြားပဲထိုင္ေစာင့္ေနတာ။ ခန္႔ခန္႔ကလဲ လူပါး၊ အေျခအေနမဟန္မွန္းသိေတာ့ ၾကမ္းေပၚကသူ႔တံေတြးေလးေတြကို ေဆာင့္ေအာင့္ၿပီး၊ တစ္သွ်ဳးနဲ႔ျပန္သုတ္ရွာတယ္။ “အမွိဳက္ပုံးထဲတစ္ခါထဲပစ္” ဆိုတဲ့ သူ႔ဦးေလးစကားအတုိင္း အခန္းေထာင့္က အမွိဳက္ပုံးထဲထိသြားပစ္ရွာတာ။ သူဆိုးလို႔မရတဲ့လူဆိုအဲ့လို ပါးတာ။ ဒီအရြယ္ေတြက အဲလို…အရိပ္အကဲ နားလည္ပါတယ္။

တစ္ရက္ကေတာ့ သူ႔ဦးထက္ကို ငွက္ေပ်ာသီးလာျပၿပီး “ ဘာနားနား” တဲ့။ “ေပးေပး…ဦးထက္စားမယ္” ဆိုေတာ့ “ေမ့ေမ့ဟာ” တဲ့။ မေကြ်းဘူး။ ျပန္ယူသြားၿပီးသူတစ္ေယာက္ထဲကိုက္စားေနတယ္။ ဒါနဲ႔ ေနာက္တစ္ေခါက္ထပ္သြားၿပီး “သားသားအဲဒါဘာလဲ” ဆိုေတာ့ “ဘာနားနား” ဆိုၿပီး ဦးထက္ဘက္ကို လက္တစ္ဖက္ဆန္႔လို႔ေျပာတယ္။ သူ႔ “ဘာနားနား” ကိုင္ထားတဲ့ေနာက္လက္တစ္ဖက္ကိုေတာ့ ရင္ဘတ္နားကပ္ထားေလရဲ ႔။ လုမွာစိုးလို႔နဲ႔တူပါတယ္။ “ဦးဦးထက္ကို ေကြ်းပါဦး” လို႔ စ ေတာ့၊ “ဗိုက္နာ” ဆိုၿပီး ေကြ်းရမွာစိုးလုိ႔ လစ္ေျပးပါေရာ။ သူဆိုလိုတာက ငွက္ေပ်ာသီးစားရင္ဗိုက္နာလိမ့္မယ္…မစားနဲ႔ေပါ့။ သူ႔အသံေသးေသးေလးနဲ႔ “ေမေမေရ…ေဖေဖေရ” နဲ႔မ်ား တဂ်ီဂ်ီေခၚေနရင္ သူ႔အေမ၊ အေဖေတြမ်ား သေဘာေတြက်၊ ပီတိျဖာေနတဲ့မ်က္ႏွာၾကီးေတြနဲ႔ သြားၾကီးေတြၿဖဲလို႔။ ဖိုးဖိုးၾကီး၊ ဖြားဖြားၾကီး၊ အဖိုး၊ အဖြား၊ ဦးေလး၊ အေဒၚေတြ…တစ္အိမ္လုံးကို ဒီလုိပဲပတ္ၿပီးညာစားေနေလရဲ ႔။

တစ္ရက္ကလဲ လူၾကီးေတြထမင္းစားေနတုန္း သူကဧည့္ခန္းထဲမွာ“အား…ဝါးဝါး” နဲ႔ စူးစူးဝါးဝါးမရပ္မနားေအာ္ေနတယ္။ ဦးထက္က “ဝုန္း” ဆိုေျပးသြားၿပီး မ်က္ေထာင့္နီၾကီးနဲ႔ၾကည့္လိုက္ေတာ့ အသံေလးကို “အ..အ” ဆိုႏွိမ့္ခ်လိုက္ၿပီး မ်က္ႏွာကလဲ ရူးသလို၊ ေပါသလို ေျပာင္ေခ်ာ္ေခ်ာ္လုပ္ၿပီး မ်က္ႏွာခ်ိဳေသြးပါေလေရာ။ ဒင္းက အဲလိုလည္တာ။ ေနာက္ပိုင္းေတာ့…သူ႔အေဒၚေတြေရာ၊ အေမေရာက သူ႔ကိုေျပာလို႔ဆိုလို႔မရရင္ ဦးထက္နဲ႔ေျခာက္ေတာ့တာပါပဲ။

“ သားသား…သားသား…မဆူနဲ႔။ ဦးထက္လာလိမ့္မယ္။”
“ ျငိမ္ျငိမ္ေနေနာ္သားသား…ဦးထက္ကိုေခၚလိုက္မယ္”
ေဟာခုေတာ့ သူ႔အေမ၊ အေဒၚေတြတင္မက၊ သူ႔အေဖပါ ပါလာၿပီ။
“သားသားေရ…ေျပာမရဘူးလား။ ဦးထက္ထြက္လာလိမ့္မယ္ေနာ္”တဲ့။


စာအုပ်ငှားသူတွေ

စာအုပ်ငှားသူတွေ
*************
စာဖတ်တယ်....စာဖတ်ဝါသနာပါတယ်ဆိုတဲ့သူတွေကြားထဲမှာတောင် အမျိုးမျိုးရှိတယ်။ တချို့က ခံစားဖို့ တိတ်တိတ်ဆိတ်ဆိတ်ဖတ်တယ်။ တချို့က သိချင်လို့ဖတ်တယ်။ တချို့ကဖတ်ပြီးမျှဝေတယ်။ တချို့ကဖတ်ပြီး မိမိကိုယ်ကိုမြှင့်တင်တယ်။ တချို့က လူတကာကို ကြွားဖို့ဖတ်တယ်။ တချို့က သူများကို အနိုင်ယူ၊ ငြင်းခုန်ဖို့ဖတ်တယ်။

ကျွန်တော်အရင်က စာတစ်အုပ်ဖတ်လို့ကြိုက်မိရင် အများကြီးဝယ်ပြီး ချစ်တဲ့ခင်တဲ့သူတွေ၊ သူငယ်ချင်းတွေ၊ စာဖတ်ဝါသနာပါတဲ့သူတွေကို လက်ဆောင်ပေးလေ့ရှိတယ်။ နောက်ပိုင်းတော့လဲ ကိုယ်ဖတ်ပြီးကောင်းတဲ့စာတစ်အုပ်ဆိုရင် နောက်တစ်ကြိမ်ဘယ်အချိန်မှပြန်ဖတ်ဖြစ်မယ်မှန်းမသိလို့ ကိုယ့်ဆီမှာတစ်သက်လုံးသိမ်းထားမယ့်အစား ဖတ်မယ့်သူတစ်ယောက်ယောက်ကိုပေးဖြစ်တယ်။

တစ်ခါတုန်းက ဖတ်ချင်တဲ့စာအုပ်တွေရှိလို့ ဝါသနာတူ သူငယ်ချင်းတစ်ယောက်ကို ကိုယ့်မှာရှိတာလေးတွေနဲ့ ခဏလောက်လဲဖတ်ဖို့ပြောတော့ သူသိမ်းထားမယ့်ဟာတွေဖြစ်လို့ဘယ်သူ့မှ မငှားနိုင်ဘူးလို့ဆိုတယ်။ ဖြစ်တတ်ပါတယ်။ ကိုယ်လဲ ကိုယ်ချင်းစာလို့ ငှားဖတ်တဲ့ဟာမျိုးဆို အားစိုက်ပြီးပြန်ပေးတတ်ပါတယ်။ သူ့ကိုပဲ
စာအုပ်တွေက ဈေးကြီးကြောင်း၊ နှမ်းစေ့လောက်လေးထူတဲ့စာအုပ်ကိုတောင် မြန်မာငွေတစ်ထောင်လောက်ပေးရကြောင်း၊ ကိုယ့်မှာ စာအုပ်အများကြီးဝယ်ဖတ်ဖို့သိပ်မတတ်နိုင်ကြောင်း စနောက်ပြီး၊ သူ့စာအုပ်တစ်ချို့နဲ့ ကိုယ့်စာအုပ်တစ်ချို့အလဲအထပ်သဘောမျီုး ခဏငှားဖို့ထပ်ပြောတော့ ကိုယ့်ကိုပြန်ပြောသွားတယ်။
စာအုပ် စာပေတန်ဖိုးဆိုသည်မှာ ထူသည် ပါးသည်နဲ့ ဆုံးဖြတ်လို့မရကြောင်း၊ အကြောင်းအရာနဲ့သာဆိုင်ကြောင်း ဘာညာသာရကာနဲ့ပါ။ သူပြောမှပဲ ကိုယ်ဟာစာပေတန်ဖိုးကို တစ်လုံးမှနားမလည်တဲ့ ငတုံးကြီးလုံးလုံးဖြစ်တော့တယ်။ ပြောမိတဲ့ ကိုယ့်ကိုယ်ကိုပဲ ကြိတ်ဆဲပြီး နောက်စကားမစမိအောင်နေခဲ့ရပါလေရဲ့။ သူများဆီက စာအုပ်တွေငှားဖို့လဲ နည်းနည်းလန့်သွားတယ်။ တော်တော်ချစ်အောင်၊ခင်အောင်ပြောတတ်တဲ့သူပါပဲ။

အမှန်ကတော့ ကျွန်တော်စာအုပ်ငှားတာလူရွေးမှားသွားတာနဲ့တူပါတယ်။
ဘာလို့လဲဆိုတော့ နောက်ရက်နည်းနည်းကြာတော့ ကဗျာတွေ၊ စာတွေရေးတဲ့၊ စာနဲ့ပက်သက်ရင်ကိုယ့်ကိုအပြုသဘောအမြဲ ဝေဖန်အကြံပြုပေးတတ်တဲ့ နောက်ထပ်သူငယ်ချင်းတစ်ယောက်က အိမ်တိုင်ရာရောက်ပေါက်ချလာပြီး “မင်းဖတ်ချင်မယ်ထင်တဲ့စာအုပ်တွေ ငါယူလာတယ်။ အေးအေးဆေးဆေးဖတ်ပြီးမှပြန်ပေး" ဆိုပြီး စာအုပ်ကြီးသုံးအုပ်ထိုးပေးတော့ သိပ်ကျေးဇူးတင်မိတယ်။ အိပ်ရာက နိုးလာတော့ စာအုပ်ကြီးတွေကိုမြင်တော့လဲ သိပ်ကျေနပ်မိတယ်။ တခါတလေ လူတစ်ယောက် သူတပါးအပေါ်အမှုမဲ့ အမှတ်မဲ့လုပ်ပေးလိုက်တဲ့ ကိစ္စလေးတွေက တစ်ဖက်သားကိုတော့ တော်တော်စိတ်ချမ်းသာစေတတ်တာကလား။

စာအုပ်မငှားပဲခပ်ရင့်ရင့်ပြောလွှတ်လိုက်တဲ့သူငယ်ချင်းကပေးတဲ့စိတ်ဒဏ်ရာ သိပ်မနက်ခင်မှာပဲ၊ ငွေကုန်ကြေးကျစရာမလိုပဲ စေတနာနဲ့စာအုပ်တွေလာပေးသွားတဲ့သူငယ်ချင်းကြောင့် ကျွန်တော့မှာနွေးနွေးထွေးထွေးခံစားခဲ့ရသလို၊ ပျော်လဲပျော်ရွှင်ခဲ့ရတယ်။ လောကကြီးကို အကောင်းမြင်စိတ်တွေလည်း ဆက်ပြီးရှင်သန်ခဲ့ရတယ်။ "တို့ ဒုက္ခတွေက ကမ္ဘာကြီးမှာဖြစ်နေတဲ့ဒုက္ခတွေနဲ့ယှဥ်ရင် လိပ်ပြာတောင်ပံခတ်သလောက်တောင်မရှိဘူး" လို့ပြောတတ်တဲ့ သူငယ်ချင်းစကားအတိုင်းပါပဲ။ ဒါလေးက ဘာမှတော့မဟုတ်ပါဘူး။ ဒါပေမယ့်လဲ မေတ္တာတရားတို့၊ စိတ်ကျန်းမာရေးတို့ကလဲ လူတစ်ယောက်ရဲ့ဖြစ်တည်မှုအတွက်အရေးကြီးတယ်မဟုတ်လား။

================================================================

စာအုပ္ငွားသူေတြ
*************
စာဖတ္တယ္....စာဖတ္ဝါသနာပါတယ္ဆိုတဲ့သူေတြၾကားထဲမွာေတာင္ အမ်ိဳးမ်ိဳးရွိတယ္။ တခ်ိဳ႕က ခံစားဖို႔ တိတ္တိတ္ဆိတ္ဆိတ္ဖတ္တယ္။ တခ်ိဳ႕က သိခ်င္လို႔ဖတ္တယ္။ တခ်ိဳ႕ကဖတ္ၿပီးမွ်ေဝတယ္။ တခ်ိဳ႕ကဖတ္ၿပီး မိမိကိုယ္ကိုျမႇင့္တင္တယ္။ တခ်ိဳ႕က လူတကာကို ႂကြားဖို႔ဖတ္တယ္။ တခ်ိဳ႕က သူမ်ားကို အႏိုင္ယူ၊ ျငင္းခုန္ဖို႔ဖတ္တယ္။

ကြၽန္ေတာ္အရင္က စာတစ္အုပ္ဖတ္လို႔ႀကိဳက္မိရင္ အမ်ားႀကီးဝယ္ၿပီး ခ်စ္တဲ့ခင္တဲ့သူေတြ၊ သူငယ္ခ်င္းေတြ၊ စာဖတ္ဝါသနာပါတဲ့သူေတြကို လက္ေဆာင္ေပးေလ့ရွိတယ္။ ေနာက္ပိုင္းေတာ့လဲ ကိုယ္ဖတ္ၿပီးေကာင္းတဲ့စာတစ္အုပ္ဆိုရင္ ေနာက္တစ္ႀကိမ္ဘယ္အခ်ိန္မွျပန္ဖတ္ျဖစ္မယ္မွန္းမသိလို႔ ကိုယ့္ဆီမွာတစ္သက္လုံးသိမ္းထားမယ့္အစား ဖတ္မယ့္သူတစ္ေယာက္ေယာက္ကိုေပးျဖစ္တယ္။

တစ္ခါတုန္းက ဖတ္ခ်င္တဲ့စာအုပ္ေတြရွိလို႔ ဝါသနာတူ သူငယ္ခ်င္းတစ္ေယာက္ကို ကိုယ့္မွာရွိတာေလးေတြနဲ႔ ခဏေလာက္လဲဖတ္ဖို႔ေျပာေတာ့ သူသိမ္းထားမယ့္ဟာေတြျဖစ္လို႔ဘယ္သူ႔မွ မငွားႏိုင္ဘူးလို႔ဆိုတယ္။ ျဖစ္တတ္ပါတယ္။ ကိုယ္လဲ ကိုယ္ခ်င္းစာလို႔ ငွားဖတ္တဲ့ဟာမ်ိဳးဆို အားစိုက္ၿပီးျပန္ေပးတတ္ပါတယ္။ သူ႔ကိုပဲ
စာအုပ္ေတြက ေဈးႀကီးေၾကာင္း၊ ႏွမ္းေစ့ေလာက္ေလးထူတဲ့စာအုပ္ကိုေတာင္ ျမန္မာေငြတစ္ေထာင္ေလာက္ေပးရေၾကာင္း၊ ကိုယ့္မွာ စာအုပ္အမ်ားႀကီးဝယ္ဖတ္ဖို႔သိပ္မတတ္ႏိုင္ေၾကာင္း စေနာက္ၿပီး၊ သူ႔စာအုပ္တစ္ခ်ိဳ႕နဲ႔ ကိုယ့္စာအုပ္တစ္ခ်ိဳ႕အလဲအထပ္သေဘာမ်ီဳး ခဏငွားဖို႔ထပ္ေျပာေတာ့ ကိုယ့္ကိုျပန္ေျပာသြားတယ္။
စာအုပ္ စာေပတန္ဖိုးဆိုသည္မွာ ထူသည္ ပါးသည္နဲ႔ ဆုံးျဖတ္လို႔မရေၾကာင္း၊ အေၾကာင္းအရာနဲ႔သာဆိုင္ေၾကာင္း ဘာညာသာရကာနဲ႔ပါ။ သူေျပာမွပဲ ကိုယ္ဟာစာေပတန္ဖိုးကို တစ္လုံးမွနားမလည္တဲ့ ငတုံးႀကီးလုံးလုံးျဖစ္ေတာ့တယ္။ ေျပာမိတဲ့ ကိုယ့္ကိုယ္ကိုပဲ ႀကိတ္ဆဲၿပီး ေနာက္စကားမစမိေအာင္ေနခဲ့ရပါေလရဲ႕။ သူမ်ားဆီက စာအုပ္ေတြငွားဖို႔လဲ နည္းနည္းလန႔္သြားတယ္။ ေတာ္ေတာ္ခ်စ္ေအာင္၊ခင္ေအာင္ေျပာတတ္တဲ့သူပါပဲ။

အမွန္ကေတာ့ ကြၽန္ေတာ္စာအုပ္ငွားတာလူေ႐ြးမွားသြားတာနဲ႔တူပါတယ္။
ဘာလို႔လဲဆိုေတာ့ ေနာက္ရက္နည္းနည္းၾကာေတာ့ ကဗ်ာေတြ၊ စာေတြေရးတဲ့၊ စာနဲ႔ပက္သက္ရင္ကိုယ့္ကိုအျပဳသေဘာအၿမဲ ေဝဖန္အႀကံျပဳေပးတတ္တဲ့ ေနာက္ထပ္သူငယ္ခ်င္းတစ္ေယာက္က အိမ္တိုင္ရာေရာက္ေပါက္ခ်လာၿပီး “မင္းဖတ္ခ်င္မယ္ထင္တဲ့စာအုပ္ေတြ ငါယူလာတယ္။ ေအးေအးေဆးေဆးဖတ္ၿပီးမွျပန္ေပး" ဆိုၿပီး စာအုပ္ႀကီးသုံးအုပ္ထိုးေပးေတာ့ သိပ္ေက်းဇူးတင္မိတယ္။ အိပ္ရာက ႏိုးလာေတာ့ စာအုပ္ႀကီးေတြကိုျမင္ေတာ့လဲ သိပ္ေက်နပ္မိတယ္။ တခါတေလ လူတစ္ေယာက္ သူတပါးအေပၚအမႈမဲ့ အမွတ္မဲ့လုပ္ေပးလိုက္တဲ့ ကိစၥေလးေတြက တစ္ဖက္သားကိုေတာ့ ေတာ္ေတာ္စိတ္ခ်မ္းသာေစတတ္တာကလား။

စာအုပ္မငွားပဲခပ္ရင့္ရင့္ေျပာလႊတ္လိုက္တဲ့သူငယ္ခ်င္းကေပးတဲ့စိတ္ဒဏ္ရာ သိပ္မနက္ခင္မွာပဲ၊ ေငြကုန္ေၾကးက်စရာမလိုပဲ ေစတနာနဲ႔စာအုပ္ေတြလာေပးသြားတဲ့သူငယ္ခ်င္းေၾကာင့္ ကြၽန္ေတာ့မွာေႏြးေႏြးေထြးေထြးခံစားခဲ့ရသလို၊ ေပ်ာ္လဲေပ်ာ္႐ႊင္ခဲ့ရတယ္။ ေလာကႀကီးကို အေကာင္းျမင္စိတ္ေတြလည္း ဆက္ၿပီးရွင္သန္ခဲ့ရတယ္။ "တို႔ ဒုကၡေတြက ကမာၻႀကီးမွာျဖစ္ေနတဲ့ဒုကၡေတြနဲ႔ယွဥ္ရင္ လိပ္ျပာေတာင္ပံခတ္သေလာက္ေတာင္မရွိဘူး" လို႔ေျပာတတ္တဲ့ သူငယ္ခ်င္းစကားအတိုင္းပါပဲ။ ဒါေလးက ဘာမွေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္လဲ ေမတၱာတရားတို႔၊ စိတ္က်န္းမာေရးတို႔ကလဲ လူတစ္ေယာက္ရဲ႕ျဖစ္တည္မႈအတြက္အေရးႀကီးတယ္မဟုတ္လား။