စာအုပ်ငှားသူတွေ
*************
စာဖတ်တယ်....စာဖတ်ဝါသနာပါတယ်ဆိုတဲ့သူတွေကြားထဲမှာတောင် အမျိုးမျိုးရှိတယ်။ တချို့က ခံစားဖို့ တိတ်တိတ်ဆိတ်ဆိတ်ဖတ်တယ်။ တချို့က သိချင်လို့ဖတ်တယ်။ တချို့ကဖတ်ပြီးမျှဝေတယ်။ တချို့ကဖတ်ပြီး မိမိကိုယ်ကိုမြှင့်တင်တယ်။ တချို့က လူတကာကို ကြွားဖို့ဖတ်တယ်။ တချို့က သူများကို အနိုင်ယူ၊ ငြင်းခုန်ဖို့ဖတ်တယ်။
ကျွန်တော်အရင်က စာတစ်အုပ်ဖတ်လို့ကြိုက်မိရင် အများကြီးဝယ်ပြီး ချစ်တဲ့ခင်တဲ့သူတွေ၊ သူငယ်ချင်းတွေ၊ စာဖတ်ဝါသနာပါတဲ့သူတွေကို လက်ဆောင်ပေးလေ့ရှိတယ်။ နောက်ပိုင်းတော့လဲ ကိုယ်ဖတ်ပြီးကောင်းတဲ့စာတစ်အုပ်ဆိုရင် နောက်တစ်ကြိမ်ဘယ်အချိန်မှပြန်ဖတ်ဖြစ်မယ်မှန်းမသိလို့ ကိုယ့်ဆီမှာတစ်သက်လုံးသိမ်းထားမယ့်အစား ဖတ်မယ့်သူတစ်ယောက်ယောက်ကိုပေးဖြစ်တယ်။
တစ်ခါတုန်းက ဖတ်ချင်တဲ့စာအုပ်တွေရှိလို့ ဝါသနာတူ သူငယ်ချင်းတစ်ယောက်ကို ကိုယ့်မှာရှိတာလေးတွေနဲ့ ခဏလောက်လဲဖတ်ဖို့ပြောတော့ သူသိမ်းထားမယ့်ဟာတွေဖြစ်လို့ဘယ်သူ့မှ မငှားနိုင်ဘူးလို့ဆိုတယ်။ ဖြစ်တတ်ပါတယ်။ ကိုယ်လဲ ကိုယ်ချင်းစာလို့ ငှားဖတ်တဲ့ဟာမျိုးဆို အားစိုက်ပြီးပြန်ပေးတတ်ပါတယ်။ သူ့ကိုပဲ
စာအုပ်တွေက ဈေးကြီးကြောင်း၊ နှမ်းစေ့လောက်လေးထူတဲ့စာအုပ်ကိုတောင် မြန်မာငွေတစ်ထောင်လောက်ပေးရကြောင်း၊ ကိုယ့်မှာ စာအုပ်အများကြီးဝယ်ဖတ်ဖို့သိပ်မတတ်နိုင်ကြောင်း စနောက်ပြီး၊ သူ့စာအုပ်တစ်ချို့နဲ့ ကိုယ့်စာအုပ်တစ်ချို့အလဲအထပ်သဘောမျီုး ခဏငှားဖို့ထပ်ပြောတော့ ကိုယ့်ကိုပြန်ပြောသွားတယ်။
စာအုပ် စာပေတန်ဖိုးဆိုသည်မှာ ထူသည် ပါးသည်နဲ့ ဆုံးဖြတ်လို့မရကြောင်း၊ အကြောင်းအရာနဲ့သာဆိုင်ကြောင်း ဘာညာသာရကာနဲ့ပါ။ သူပြောမှပဲ ကိုယ်ဟာစာပေတန်ဖိုးကို တစ်လုံးမှနားမလည်တဲ့ ငတုံးကြီးလုံးလုံးဖြစ်တော့တယ်။ ပြောမိတဲ့ ကိုယ့်ကိုယ်ကိုပဲ ကြိတ်ဆဲပြီး နောက်စကားမစမိအောင်နေခဲ့ရပါလေရဲ့။ သူများဆီက စာအုပ်တွေငှားဖို့လဲ နည်းနည်းလန့်သွားတယ်။ တော်တော်ချစ်အောင်၊ခင်အောင်ပြောတတ်တဲ့သူပါပဲ။
အမှန်ကတော့ ကျွန်တော်စာအုပ်ငှားတာလူရွေးမှားသွားတာနဲ့တူပါတယ်။
ဘာလို့လဲဆိုတော့ နောက်ရက်နည်းနည်းကြာတော့ ကဗျာတွေ၊ စာတွေရေးတဲ့၊ စာနဲ့ပက်သက်ရင်ကိုယ့်ကိုအပြုသဘောအမြဲ ဝေဖန်အကြံပြုပေးတတ်တဲ့ နောက်ထပ်သူငယ်ချင်းတစ်ယောက်က အိမ်တိုင်ရာရောက်ပေါက်ချလာပြီး “မင်းဖတ်ချင်မယ်ထင်တဲ့စာအုပ်တွေ ငါယူလာတယ်။ အေးအေးဆေးဆေးဖတ်ပြီးမှပြန်ပေး" ဆိုပြီး စာအုပ်ကြီးသုံးအုပ်ထိုးပေးတော့ သိပ်ကျေးဇူးတင်မိတယ်။ အိပ်ရာက နိုးလာတော့ စာအုပ်ကြီးတွေကိုမြင်တော့လဲ သိပ်ကျေနပ်မိတယ်။ တခါတလေ လူတစ်ယောက် သူတပါးအပေါ်အမှုမဲ့ အမှတ်မဲ့လုပ်ပေးလိုက်တဲ့ ကိစ္စလေးတွေက တစ်ဖက်သားကိုတော့ တော်တော်စိတ်ချမ်းသာစေတတ်တာကလား။
စာအုပ်မငှားပဲခပ်ရင့်ရင့်ပြောလွှတ်လိုက်တဲ့သူငယ်ချင်းကပေးတဲ့စိတ်ဒဏ်ရာ သိပ်မနက်ခင်မှာပဲ၊ ငွေကုန်ကြေးကျစရာမလိုပဲ စေတနာနဲ့စာအုပ်တွေလာပေးသွားတဲ့သူငယ်ချင်းကြောင့် ကျွန်တော့မှာနွေးနွေးထွေးထွေးခံစားခဲ့ရသလို၊ ပျော်လဲပျော်ရွှင်ခဲ့ရတယ်။ လောကကြီးကို အကောင်းမြင်စိတ်တွေလည်း ဆက်ပြီးရှင်သန်ခဲ့ရတယ်။ "တို့ ဒုက္ခတွေက ကမ္ဘာကြီးမှာဖြစ်နေတဲ့ဒုက္ခတွေနဲ့ယှဥ်ရင် လိပ်ပြာတောင်ပံခတ်သလောက်တောင်မရှိဘူး" လို့ပြောတတ်တဲ့ သူငယ်ချင်းစကားအတိုင်းပါပဲ။ ဒါလေးက ဘာမှတော့မဟုတ်ပါဘူး။ ဒါပေမယ့်လဲ မေတ္တာတရားတို့၊ စိတ်ကျန်းမာရေးတို့ကလဲ လူတစ်ယောက်ရဲ့ဖြစ်တည်မှုအတွက်အရေးကြီးတယ်မဟုတ်လား။
================================================================
စာအုပ္ငွားသူေတြ
*************
စာဖတ္တယ္....စာဖတ္ဝါသနာပါတယ္ဆိုတဲ့သူေတြၾကားထဲမွာေတာင္ အမ်ိဳးမ်ိဳးရွိတယ္။ တခ်ိဳ႕က ခံစားဖို႔ တိတ္တိတ္ဆိတ္ဆိတ္ဖတ္တယ္။ တခ်ိဳ႕က သိခ်င္လို႔ဖတ္တယ္။ တခ်ိဳ႕ကဖတ္ၿပီးမွ်ေဝတယ္။ တခ်ိဳ႕ကဖတ္ၿပီး မိမိကိုယ္ကိုျမႇင့္တင္တယ္။ တခ်ိဳ႕က လူတကာကို ႂကြားဖို႔ဖတ္တယ္။ တခ်ိဳ႕က သူမ်ားကို အႏိုင္ယူ၊ ျငင္းခုန္ဖို႔ဖတ္တယ္။
ကြၽန္ေတာ္အရင္က စာတစ္အုပ္ဖတ္လို႔ႀကိဳက္မိရင္ အမ်ားႀကီးဝယ္ၿပီး ခ်စ္တဲ့ခင္တဲ့သူေတြ၊ သူငယ္ခ်င္းေတြ၊ စာဖတ္ဝါသနာပါတဲ့သူေတြကို လက္ေဆာင္ေပးေလ့ရွိတယ္။ ေနာက္ပိုင္းေတာ့လဲ ကိုယ္ဖတ္ၿပီးေကာင္းတဲ့စာတစ္အုပ္ဆိုရင္ ေနာက္တစ္ႀကိမ္ဘယ္အခ်ိန္မွျပန္ဖတ္ျဖစ္မယ္မွန္းမသိလို႔ ကိုယ့္ဆီမွာတစ္သက္လုံးသိမ္းထားမယ့္အစား ဖတ္မယ့္သူတစ္ေယာက္ေယာက္ကိုေပးျဖစ္တယ္။
တစ္ခါတုန္းက ဖတ္ခ်င္တဲ့စာအုပ္ေတြရွိလို႔ ဝါသနာတူ သူငယ္ခ်င္းတစ္ေယာက္ကို ကိုယ့္မွာရွိတာေလးေတြနဲ႔ ခဏေလာက္လဲဖတ္ဖို႔ေျပာေတာ့ သူသိမ္းထားမယ့္ဟာေတြျဖစ္လို႔ဘယ္သူ႔မွ မငွားႏိုင္ဘူးလို႔ဆိုတယ္။ ျဖစ္တတ္ပါတယ္။ ကိုယ္လဲ ကိုယ္ခ်င္းစာလို႔ ငွားဖတ္တဲ့ဟာမ်ိဳးဆို အားစိုက္ၿပီးျပန္ေပးတတ္ပါတယ္။ သူ႔ကိုပဲ
စာအုပ္ေတြက ေဈးႀကီးေၾကာင္း၊ ႏွမ္းေစ့ေလာက္ေလးထူတဲ့စာအုပ္ကိုေတာင္ ျမန္မာေငြတစ္ေထာင္ေလာက္ေပးရေၾကာင္း၊ ကိုယ့္မွာ စာအုပ္အမ်ားႀကီးဝယ္ဖတ္ဖို႔သိပ္မတတ္ႏိုင္ေၾကာင္း စေနာက္ၿပီး၊ သူ႔စာအုပ္တစ္ခ်ိဳ႕နဲ႔ ကိုယ့္စာအုပ္တစ္ခ်ိဳ႕အလဲအထပ္သေဘာမ်ီဳး ခဏငွားဖို႔ထပ္ေျပာေတာ့ ကိုယ့္ကိုျပန္ေျပာသြားတယ္။
စာအုပ္ စာေပတန္ဖိုးဆိုသည္မွာ ထူသည္ ပါးသည္နဲ႔ ဆုံးျဖတ္လို႔မရေၾကာင္း၊ အေၾကာင္းအရာနဲ႔သာဆိုင္ေၾကာင္း ဘာညာသာရကာနဲ႔ပါ။ သူေျပာမွပဲ ကိုယ္ဟာစာေပတန္ဖိုးကို တစ္လုံးမွနားမလည္တဲ့ ငတုံးႀကီးလုံးလုံးျဖစ္ေတာ့တယ္။ ေျပာမိတဲ့ ကိုယ့္ကိုယ္ကိုပဲ ႀကိတ္ဆဲၿပီး ေနာက္စကားမစမိေအာင္ေနခဲ့ရပါေလရဲ႕။ သူမ်ားဆီက စာအုပ္ေတြငွားဖို႔လဲ နည္းနည္းလန႔္သြားတယ္။ ေတာ္ေတာ္ခ်စ္ေအာင္၊ခင္ေအာင္ေျပာတတ္တဲ့သူပါပဲ။
အမွန္ကေတာ့ ကြၽန္ေတာ္စာအုပ္ငွားတာလူေ႐ြးမွားသြားတာနဲ႔တူပါတယ္။
ဘာလို႔လဲဆိုေတာ့ ေနာက္ရက္နည္းနည္းၾကာေတာ့ ကဗ်ာေတြ၊ စာေတြေရးတဲ့၊ စာနဲ႔ပက္သက္ရင္ကိုယ့္ကိုအျပဳသေဘာအၿမဲ ေဝဖန္အႀကံျပဳေပးတတ္တဲ့ ေနာက္ထပ္သူငယ္ခ်င္းတစ္ေယာက္က အိမ္တိုင္ရာေရာက္ေပါက္ခ်လာၿပီး “မင္းဖတ္ခ်င္မယ္ထင္တဲ့စာအုပ္ေတြ ငါယူလာတယ္။ ေအးေအးေဆးေဆးဖတ္ၿပီးမွျပန္ေပး" ဆိုၿပီး စာအုပ္ႀကီးသုံးအုပ္ထိုးေပးေတာ့ သိပ္ေက်းဇူးတင္မိတယ္။ အိပ္ရာက ႏိုးလာေတာ့ စာအုပ္ႀကီးေတြကိုျမင္ေတာ့လဲ သိပ္ေက်နပ္မိတယ္။ တခါတေလ လူတစ္ေယာက္ သူတပါးအေပၚအမႈမဲ့ အမွတ္မဲ့လုပ္ေပးလိုက္တဲ့ ကိစၥေလးေတြက တစ္ဖက္သားကိုေတာ့ ေတာ္ေတာ္စိတ္ခ်မ္းသာေစတတ္တာကလား။
စာအုပ္မငွားပဲခပ္ရင့္ရင့္ေျပာလႊတ္လိုက္တဲ့သူငယ္ခ်င္းကေပးတဲ့စိတ္ဒဏ္ရာ သိပ္မနက္ခင္မွာပဲ၊ ေငြကုန္ေၾကးက်စရာမလိုပဲ ေစတနာနဲ႔စာအုပ္ေတြလာေပးသြားတဲ့သူငယ္ခ်င္းေၾကာင့္ ကြၽန္ေတာ့မွာေႏြးေႏြးေထြးေထြးခံစားခဲ့ရသလို၊ ေပ်ာ္လဲေပ်ာ္႐ႊင္ခဲ့ရတယ္။ ေလာကႀကီးကို အေကာင္းျမင္စိတ္ေတြလည္း ဆက္ၿပီးရွင္သန္ခဲ့ရတယ္။ "တို႔ ဒုကၡေတြက ကမာၻႀကီးမွာျဖစ္ေနတဲ့ဒုကၡေတြနဲ႔ယွဥ္ရင္ လိပ္ျပာေတာင္ပံခတ္သေလာက္ေတာင္မရွိဘူး" လို႔ေျပာတတ္တဲ့ သူငယ္ခ်င္းစကားအတိုင္းပါပဲ။ ဒါေလးက ဘာမွေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္လဲ ေမတၱာတရားတို႔၊ စိတ္က်န္းမာေရးတို႔ကလဲ လူတစ္ေယာက္ရဲ႕ျဖစ္တည္မႈအတြက္အေရးႀကီးတယ္မဟုတ္လား။
No comments:
Post a Comment