Thursday, June 15, 2017

တူတော်မောင်နဲ့ သူ့ဦးထက်

“ သားသား…..ဟိုမှာ ဦးထက်လာတော့မယ်နော်။ ပြောလို့မရဘူးလား”
အခန်းအပြင်ဘက်မှာဆူညံပွက်လောရိုက်နေတဲ့ တူတော်မောင် ၃ နှစ်သားကို သူ့အဖေက ခြောက်နေတာပါ။ အစကတော့ သူ့အမေတွေ၊ အဒေါ်တွေကပဲ အဲဒီလိုခြောက်ကြပေမဲ့ ခုတော့သူ့အဖေကပါဝင်ခြောက်နေပါပကောလား။

သုံးနှစ်ဆိုတဲ့အရွယ်က အင်မတန်မျောက်ရှုံးအောင်ဆော့တဲ့အရွယ်ပါ။ တွေ့သမျှကိုဆွဲချမယ်၊ လွှင့်ပစ်မယ်၊ တက်ခုန်မယ်၊ တစ်အိမ်လုံးပတ်ပြေးမယ်၊ နေရာစုံလျှောက်တက်မယ်၊ အသံစူးစူးလေးနဲ့ အားကုန်အော်မယ်၊ တစ်အိမ်လုံးတစ်ခန်းဝင်တစ်ခန်းထွက် လျှောက်မွှေမယ်။ သူ့နောက်ကနေ “တဟဲ့ဟဲ့” နဲ့လျှာအလျားလိုက်ထွက်အောင်လိုက်ဖို့သာပြင်ထား။ ခေါင်းပေါ်မှာချွေးတဒီးဒီးကျတဲ့ထိ ဆော့လို့ဝ၊ မောသွားပြီဆိုရင်တော့ ဧည့်ခန်းကသူ့ရဲ့ ရုပ်ပုံကားချပ်တွေပါတဲ့ဖျာပေါ်မှာ ကားကားကြီးအိပ်သွားပါလိမ့်မယ်။ နိုးလာတာနဲ့ မျက်လုံးကိုပြူးနေအောင်ဖွင့်ပြီး အသံမျိုးစုံထွက်လို့၊ အဆက်မပြတ် ဆက်ဆော့ပြန်ပါတယ်။ လူကြီးတွေမှာသာ မနားရပဲ ခေါင်းမွေးပြောင်မတတ်လိုက်ရ၊ အော်ရ၊ ဟန့်ရတာကလား။

အန္တရာယ်ကိုမသိ၊ ပြောမရ၊ ဆိုမရ ဆော့ချင်တိုင်းဆော့၊ ကဲချင်တိုင်းကဲပေမဲ့ သူသိချင်တဲ့ဟာကျတော့လဲ အကုန်သိနေပြန်ရော။ မနက်အိပ်ယာကနိုးလို့ အိမ်ပေါ်ထပ်က အိမ်အောက်ဆင်းမယ်ဆိုရင် “ခါးနာ….ခါးနာ” ဆိုပြီး သူ့အသံသေးသေးလေးနဲ့ မူလဂျီသွန်ဂျီလုပ်၊ ပြီးရင်လူကြီးတွေကိုချီပြီးဆင်းခိုင်း။ တစ်ယောက်ယောက်ကများသူ့ကို အတင်းချီမယ်၊ နမ်းမယ်၊ ဖမ်းထားပြီး စ မယ်များလုပ်ရင် “မေမေရေ…..ကယ်ပါဦး၊ ကယ်ကြပါဦး” နဲ့များ အသံသေးသေးလေးနဲ့ အော်တတ်သေးတာ။ အိမ်ကို ဧည့်သည်များလာရင် ကျွမ်းတွေထိုးပြလိုက်၊ သိုင်းကွက်တွေခင်းပြလိုက်၊ ကပြလိုက်နဲ့ ဧည့်ဝတ်ကကျေသေး။ အဲ…ဧည့်သည်ထဲမှာ အပျိုအရွယ် ကောင်မလေးချောချောလေးတွေများပါလာပြီဆိုရင်တော့ “မမ…မမ”နဲ့ အနားကမခွာတော့ပါဘူး။ တူတော်မောင်“ခန့်ခန့်”ရဲ့ လုပ်ပုံကိုင်ပုံလေးတွေပေါ့။

မောင်ခန့်ခန့်က လိုချင်တာမရရင်၊ စိတ်ဆိုးရင် ရောက်တဲ့နေရာမှာတံတွေးတွေ ထွေးချတတ်တဲ့အကျင့်ရှိတယ်။ သူ့ဦးထက်ကလဲ ဒါမျိုးဆိုကလေးသော ဘာသောမသိ၊ “ဟေ့ကောင်…ပြန်သုတ်” ဆိုပြီး တစ်သျှုးစလက်ထဲထိုးထည့်၊ ကြမ်းပေါ်က တံတွေးကို ပြန်မသုတ်မချင်းဘယ်မှပေးမသွားပဲထိုင်စောင့်နေတာ။ ခန့်ခန့်ကလဲ လူပါး၊ အခြေအနေမဟန်မှန်းသိတော့ ကြမ်းပေါ်ကသူ့တံတွေးလေးတွေကို ဆောင့်အောင့်ပြီး၊ တစ်သျှုးနဲ့ပြန်သုတ်ရှာတယ်။ “အမှိုက်ပုံးထဲတစ်ခါထဲပစ်” ဆိုတဲ့ သူ့ဦးလေးစကားအတိုင်း အခန်းထောင့်က အမှိုက်ပုံးထဲထိသွားပစ်ရှာတာ။ သူဆိုးလို့မရတဲ့လူဆိုအဲ့လို ပါးတာ။ ဒီအရွယ်တွေက အဲလို…အရိပ်အကဲ နားလည်ပါတယ်။

တစ်ရက်ကတော့ သူ့ဦးထက်ကို ငှက်ပျောသီးလာပြပြီး “ ဘာနားနား” တဲ့။ “ပေးပေး…ဦးထက်စားမယ်” ဆိုတော့ “မေ့မေ့ဟာ” တဲ့။ မကျွေးဘူး။ ပြန်ယူသွားပြီးသူတစ်ယောက်ထဲကိုက်စားနေတယ်။ ဒါနဲ့ နောက်တစ်ခေါက်ထပ်သွားပြီး “သားသားအဲဒါဘာလဲ” ဆိုတော့ “ဘာနားနား” ဆိုပြီး ဦးထက်ဘက်ကို လက်တစ်ဖက်ဆန့်လို့ပြောတယ်။ သူ့ “ဘာနားနား” ကိုင်ထားတဲ့နောက်လက်တစ်ဖက်ကိုတော့ ရင်ဘတ်နားကပ်ထားလေရဲ့။ လုမှာစိုးလို့နဲ့တူပါတယ်။ “ဦးဦးထက်ကို ကျွေးပါဦး” လို့ စ တော့၊ “ဗိုက်နာ” ဆိုပြီး ကျွေးရမှာစိုးလို့ လစ်ပြေးပါရော။ သူဆိုလိုတာက ငှက်ပျောသီးစားရင်ဗိုက်နာလိမ့်မယ်…မစားနဲ့ပေါ့။ သူ့အသံသေးသေးလေးနဲ့ “မေမေရေ…ဖေဖေရေ” နဲ့များ တဂျီဂျီခေါ်နေရင် သူ့အမေ၊ အဖေတွေများ သဘောတွေကျ၊ ပီတိဖြာနေတဲ့မျက်နှာကြီးတွေနဲ့ သွားကြီးတွေဖြဲလို့။ ဖိုးဖိုးကြီး၊ ဖွားဖွားကြီး၊ အဖိုး၊ အဖွား၊ ဦးလေး၊ အဒေါ်တွေ…တစ်အိမ်လုံးကို ဒီလိုပဲပတ်ပြီးညာစားနေလေရဲ့။

တစ်ရက်ကလဲ လူကြီးတွေထမင်းစားနေတုန်း သူကဧည့်ခန်းထဲမှာ“အား…ဝါးဝါး” နဲ့ စူးစူးဝါးဝါးမရပ်မနားအော်နေတယ်။ ဦးထက်က “ဝုန်း” ဆိုပြေးသွားပြီး မျက်ထောင့်နီကြီးနဲ့ကြည့်လိုက်တော့ အသံလေးကို “အ..အ” ဆိုနှိမ့်ချလိုက်ပြီး မျက်နှာကလဲ ရူးသလို၊ ပေါသလို ပြောင်ချော်ချော်လုပ်ပြီး မျက်နှာချိုသွေးပါလေရော။ ဒင်းက အဲလိုလည်တာ။ နောက်ပိုင်းတော့…သူ့အဒေါ်တွေရော၊ အမေရောက သူ့ကိုပြောလို့ဆိုလို့မရရင် ဦးထက်နဲ့ခြောက်တော့တာပါပဲ။

“ သားသား…သားသား…မဆူနဲ့။ ဦးထက်လာလိမ့်မယ်။”

“ ငြိမ်ငြိမ်နေနော်သားသား…ဦးထက်ကိုခေါ်လိုက်မယ်”

ဟောခုတော့ သူ့အမေ၊ အဒေါ်တွေတင်မက၊ သူ့အဖေပါ ပါလာပြီ။

“သားသားရေ…ပြောမရဘူးလား။ ဦးထက်ထွက်လာလိမ့်မယ်နော်”တဲ့။

------------------------------------------------------------------------------------------
တူေတာ္ေမာင္နဲ႔ သူ႔ဦးထက္


သားသား…..ဟုိမွာ ဦးထက္လာေတာ့မယ္ေနာ္။ ေျပာလို႔မရဘူးလား”
အခန္းအျပင္ဘက္မွာဆူညံပြက္ေလာရုိက္ေနတဲ့ တူေတာ္ေမာင္ ၃ ႏွစ္သားကို သူ႔အေဖက ေျခာက္ေနတာပါ။ အစကေတာ့ သူ႔အေမေတြ၊ အေဒၚေတြကပဲ အဲဒီလိုေျခာက္ၾကေပမ့ဲ ခုေတာ့သူ႔အေဖကပါဝင္ေျခာက္ေနပါပေကာလား။

သုံးႏွစ္ဆိုတဲ့အရြယ္က အင္မတန္ေမ်ာက္ရွံဳးေအာင္ေဆာ့တဲ့အရြယ္ပါ။ ေတြ႔သမွ်ကိုဆြဲခ်မယ္၊ လႊင့္ပစ္မယ္၊ တက္ခုန္မယ္၊ တစ္အိမ္လုံးပတ္ေျပးမယ္၊ ေနရာစုံေလွ်ာက္တက္မယ္၊ အသံစူးစူးေလးနဲ႔ အားကုန္ေအာ္မယ္၊ တစ္အိမ္လုံးတစ္ခန္းဝင္တစ္ခန္းထြက္ ေလွ်ာက္ေမႊမယ္။ သူ႔ေနာက္ကေန “တဟဲ့ဟဲ့” နဲ႔လွ်ာအလ်ားလိုက္ထြက္ေအာင္လိုက္ဖို႔သာျပင္ထား။ ေခါင္းေပၚမွာေခြ်းတဒီးဒီးက်တဲ့ထိ ေဆာ့လို႔ဝ၊ ေမာသြားၿပီဆိုရင္ေတာ့ ဧည့္ခန္းကသူ႔ရဲ ႔ ရုပ္ပုံကားခ်ပ္ေတြပါတဲ့ဖ်ာေပၚမွာ ကားကားၾကီးအိပ္သြားပါလိမ့္မယ္။ ႏိုးလာတာနဲ႔ မ်က္လုံးကိုျပဴးေနေအာင္ဖြင့္ၿပီး အသံမ်ိဳးစုံထြက္လို႔၊ အဆက္မျပတ္ ဆက္ေဆာ့ျပန္ပါတယ္။ လူၾကီးေတြမွာသာ မနားရပဲ ေခါင္းေမြးေျပာင္မတတ္လိုက္ရ၊ ေအာ္ရ၊ ဟန္႔ရတာကလား။

အႏၱရာယ္ကိုမသိ၊ ေျပာမရ၊ ဆုိမရ ေဆာ့ခ်င္တုိင္းေဆာ့၊ ကဲခ်င္တုိင္းကဲေပမဲ့ သူသိခ်င္တဲ့ဟာက်ေတာ့လဲ အကုန္သိေနျပန္ေရာ။ မနက္အိပ္ယာကႏုိးလုိ႔ အိမ္ေပၚထပ္က အိမ္ေအာက္ဆင္းမယ္ဆိုရင္ “ခါးနာ….ခါးနာ” ဆိုၿပီး သူ႔အသံေသးေသးေလးနဲ႔ မူလဂ်ီသြန္ဂ်ီလုပ္၊ ၿပီးရင္လူၾကီးေတြကိုခ်ီၿပီးဆင္းခိုင္း။ တစ္ေယာက္ေယာက္ကမ်ားသူ႔ကို အတင္းခ်ီမယ္၊ နမ္းမယ္၊ ဖမ္းထားၿပီး စ မယ္မ်ားလုပ္ရင္ “ေမေမေရ…..ကယ္ပါဦး၊ ကယ္ၾကပါဦး” နဲ႔မ်ား အသံေသးေသးေလးနဲ႔ ေအာ္တတ္ေသးတာ။ အိမ္ကို ဧည့္သည္မ်ားလာရင္ ကြ်မ္းေတြထိုးျပလိုက္၊ သိုင္းကြက္ေတြခင္းျပလိုက္၊ ကျပလိုက္နဲ႔ ဧည္႔ဝတ္ကေက်ေသး။ အဲ…ဧည့္သည္ထဲမွာ အပ်ိဳအရြယ္ ေကာင္မေလးေခ်ာေခ်ာေလးေတြမ်ားပါလာၿပီဆိုရင္ေတာ့ “မမ…မမ”နဲ႔ အနားကမခြာေတာ့ပါဘူး။ တူေတာ္ေမာင္“ခန္႔ခန္႔”ရဲ ႔ လုပ္ပုံကိုင္ပုံေလးေတြေပါ့။

ေမာင္ခန္႔ခန္႔က လိုခ်င္တာမရရင္၊ စိတ္ဆိုးရင္ ေရာက္တဲ့ေနရာမွာတံေတြးေတြ ေထြးခ်တတ္တဲ့အက်င့္ရွိတယ္။ သူ႔ဦးထက္ကလဲ ဒါမ်ိဳးဆိုကေလးေသာ ဘာေသာမသိ၊ “ေဟ့ေကာင္…ျပန္သုတ္” ဆုိၿပီး တစ္သွ်ဳးစလက္ထဲထိုးထည့္၊ ၾကမ္းေပၚက တံေတြးကို ျပန္မသုတ္မခ်င္းဘယ္မွေပးမသြားပဲထိုင္ေစာင့္ေနတာ။ ခန္႔ခန္႔ကလဲ လူပါး၊ အေျခအေနမဟန္မွန္းသိေတာ့ ၾကမ္းေပၚကသူ႔တံေတြးေလးေတြကို ေဆာင့္ေအာင့္ၿပီး၊ တစ္သွ်ဳးနဲ႔ျပန္သုတ္ရွာတယ္။ “အမွိဳက္ပုံးထဲတစ္ခါထဲပစ္” ဆိုတဲ့ သူ႔ဦးေလးစကားအတုိင္း အခန္းေထာင့္က အမွိဳက္ပုံးထဲထိသြားပစ္ရွာတာ။ သူဆိုးလို႔မရတဲ့လူဆိုအဲ့လို ပါးတာ။ ဒီအရြယ္ေတြက အဲလို…အရိပ္အကဲ နားလည္ပါတယ္။

တစ္ရက္ကေတာ့ သူ႔ဦးထက္ကို ငွက္ေပ်ာသီးလာျပၿပီး “ ဘာနားနား” တဲ့။ “ေပးေပး…ဦးထက္စားမယ္” ဆိုေတာ့ “ေမ့ေမ့ဟာ” တဲ့။ မေကြ်းဘူး။ ျပန္ယူသြားၿပီးသူတစ္ေယာက္ထဲကိုက္စားေနတယ္။ ဒါနဲ႔ ေနာက္တစ္ေခါက္ထပ္သြားၿပီး “သားသားအဲဒါဘာလဲ” ဆိုေတာ့ “ဘာနားနား” ဆိုၿပီး ဦးထက္ဘက္ကို လက္တစ္ဖက္ဆန္႔လို႔ေျပာတယ္။ သူ႔ “ဘာနားနား” ကိုင္ထားတဲ့ေနာက္လက္တစ္ဖက္ကိုေတာ့ ရင္ဘတ္နားကပ္ထားေလရဲ ႔။ လုမွာစိုးလို႔နဲ႔တူပါတယ္။ “ဦးဦးထက္ကို ေကြ်းပါဦး” လို႔ စ ေတာ့၊ “ဗိုက္နာ” ဆိုၿပီး ေကြ်းရမွာစိုးလုိ႔ လစ္ေျပးပါေရာ။ သူဆိုလိုတာက ငွက္ေပ်ာသီးစားရင္ဗိုက္နာလိမ့္မယ္…မစားနဲ႔ေပါ့။ သူ႔အသံေသးေသးေလးနဲ႔ “ေမေမေရ…ေဖေဖေရ” နဲ႔မ်ား တဂ်ီဂ်ီေခၚေနရင္ သူ႔အေမ၊ အေဖေတြမ်ား သေဘာေတြက်၊ ပီတိျဖာေနတဲ့မ်က္ႏွာၾကီးေတြနဲ႔ သြားၾကီးေတြၿဖဲလို႔။ ဖိုးဖိုးၾကီး၊ ဖြားဖြားၾကီး၊ အဖိုး၊ အဖြား၊ ဦးေလး၊ အေဒၚေတြ…တစ္အိမ္လုံးကို ဒီလုိပဲပတ္ၿပီးညာစားေနေလရဲ ႔။

တစ္ရက္ကလဲ လူၾကီးေတြထမင္းစားေနတုန္း သူကဧည့္ခန္းထဲမွာ“အား…ဝါးဝါး” နဲ႔ စူးစူးဝါးဝါးမရပ္မနားေအာ္ေနတယ္။ ဦးထက္က “ဝုန္း” ဆိုေျပးသြားၿပီး မ်က္ေထာင့္နီၾကီးနဲ႔ၾကည့္လိုက္ေတာ့ အသံေလးကို “အ..အ” ဆိုႏွိမ့္ခ်လိုက္ၿပီး မ်က္ႏွာကလဲ ရူးသလို၊ ေပါသလို ေျပာင္ေခ်ာ္ေခ်ာ္လုပ္ၿပီး မ်က္ႏွာခ်ိဳေသြးပါေလေရာ။ ဒင္းက အဲလိုလည္တာ။ ေနာက္ပိုင္းေတာ့…သူ႔အေဒၚေတြေရာ၊ အေမေရာက သူ႔ကိုေျပာလို႔ဆိုလို႔မရရင္ ဦးထက္နဲ႔ေျခာက္ေတာ့တာပါပဲ။

“ သားသား…သားသား…မဆူနဲ႔။ ဦးထက္လာလိမ့္မယ္။”
“ ျငိမ္ျငိမ္ေနေနာ္သားသား…ဦးထက္ကိုေခၚလိုက္မယ္”
ေဟာခုေတာ့ သူ႔အေမ၊ အေဒၚေတြတင္မက၊ သူ႔အေဖပါ ပါလာၿပီ။
“သားသားေရ…ေျပာမရဘူးလား။ ဦးထက္ထြက္လာလိမ့္မယ္ေနာ္”တဲ့။


No comments:

Post a Comment