Friday, April 21, 2017

ဗိုက်ကင်းတို့ရဲ့ မြို့ငယ်လေး “ထရွန်ဆို” ရဲ့ နှစ်သစ်ကူးကာလ

ဗိုက်ကင်းတို့ရဲ့ မြို့ငယ်လေး “ထရွန်ဆို” ရဲ့ နှစ်သစ်ကူးကာလ
***********************************************
မြန်မာတို့ရဲ့နှစ်သစ်ကူးကာလက ဧပြီလဖြစ်ပြီး၊ နော်ဝေလူမျိုးတို့ကတော့ ဒီဇင်ဘာလမှာ နှစ်သစ်ကူးပွဲကျင်းပကြတယ်။ ရန်ကုန်မြို့ရဲ့ မြန်မာသင်္ကြန်ကာလနဲ့ ထရွန်ဆို(Tromso) မြို့လေးရဲ့ ခရစ္စမတ်နေ့ဟာ အလားသဏ္ဍာန်ဆင်တယ်။ ဘာတွေဆင်တာလဲဆိုတော့ နှစ်သစ်ကူးမရောက်ခင်ဆင်နွှဲကြတဲ့ နောက်ဆုံးပွဲဖြစ်တာတွေ၊ ရှိသမျှ ရုံး၊ ဆိုင်တွေအားလုံးပိတ်တာတွေ၊ လူတွေအားလုံးအလုပ်ကအနားယူကြတာတွေ၊ ညဘက်တွေမှာတိတ်ဆိတ်ခြောက်ကပ်နေကြတာတွေ စတာတွေဆင်တာ။ မြန်မာ့သင်္ကြန်ကာလမှာ ညဘက် ၈ နာရီလောက်ဆိုလမ်းတွေပေါ်မှာကားတွေရှင်းနေသလိုမျိုး၊ ထရွန်ဆိုမြို့လေးမှာလဲ ညနေပိုင်းလောက်ကစပြီး တစ်မြို့လုံးလူသွားလူလာမရှိပဲ တိတ်ဆိတ်ခြောက်ကပ်လို့။ သင်္ကြန်ကာလမှာ ရန်ကုန်မြို့ဆိုင်တွေအများစုပိတ်သလိုမျိုး၊ ထရွန်ဆိုမြို့လေးမှာလဲ ဘာဆိုင်မှမဖွင့်ဘူး။ ယုတ်စွအဆုံး နိုင်ငံတော်တော်များများမှာ ၂၄ နာရီဖွင့်ထားတတ်တဲ့ ဆဲဗင်း၊အလဲဗင်း လိုစတိုးဆိုင်မျိုးတောင် ခရစ္စမတ်နေ့ဆို ထရွန်ဆိုမြို့မှာမဖွင့်ဘူး။ ပြောရမယ်ဆို ခရစ္စမတ်အကြိုနေ့ညနေကတည်းက ဆိုင်အားလုံးက ပိတ်ထားကြပြီ။ နှစ်အသစ်တစ်ခုကိုရောက်တော့မယ်အချိန်ဖြစ်လို့ ရန်ကုန်နဲ့ ထရွန်ဆို နှစ်မြို့လုံးကလူတွေ စိတ်လှုပ်ရှားနေကြတာချင်းကလဲတူတယ်။ တူတာတွေရှိသလို၊ ဆန့်ကျင်ဖက်လို့ဆိုရမတတ် မတူခြားနားတာတစ်ခုလဲရှိတယ်။ နေ့အချိန်မှာစည်ကားလှတဲ့ရန်ကုန်မြို့လေးရဲ့ အတာပွဲတော်ရက်အတွင်းမှာ အပူတွေငြိမ်းဖို့ သင်္ကြန်မိုးရွာချပေမယ့် အေးစိမ့်စိမ့်နဲ့ တစ်နေ့လုံးခြောက်ကပ်တိတ်ဆိတ်နေတဲ့ ထရွန်ဆိုမြို့လေးရဲ့ ခရစ္စမတ်ကာလမှာတော့ အအေးလျော့သွားစေဖို့ နှင်းမိုးတွေရွာချလေ့ရှိတာ။ နှင်းကျပြီးသွားရင် အအေးဓါတ်သိသိသာသာလျော့သွားတယ်လို့ ဒေသခံတွေကဆိုကြတယ်။

“ထရွန်ဆို” ဆိုတာက နော်ဝေနိုင်ငံရဲ့ဟိုးမြောက်ဖျားပိုင်း မြောက်ဝင်ရိုးစွန်းနဲ့ အင်မတန်နီးကပ်တဲ့နေရာမှာရှိတဲ့ မြို့ငယ်လေးတစ်မြို့။ ကမ္ဘာမှာရှိတဲ့မြို့တွေအားလုံးထဲမှာလဲ ကမ္ဘာမြောက်ဖျားအကျဆုံးမြို့ပေါ့။ထရွန်ဆိုမြို့လေးက ကျွန်းမကြီးတစ်ခုပေါ်မှာ အဓိကရှိတာ၊ အဲဒီကျွန်းကြီးနဲ့ကပ်လျက်ရေပြင်ရဲ့ဟိုဘက်ကကုန်းမြေကိုတော့ တံတားတွေနဲ့ဆက်ထားတယ်။ ၂၀၁၆ခုနှစ် စာရင်းဇယားတွေအရ လူဦးရေ  ငါးသောင်းကျော်လောက်ပဲရှိတဲ့ပင်လယ်ဆိပ်ကမ်းမြို့လေးဖြစ်ပြီး အဓိကအားဖြင့် ငါးဖမ်းလုပ်ငန်း၊ ပင်လယ်ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနဲ့ ဟိုတယ်နဲ့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေကိုလုပ်ကိုင်ကြတယ်။ မြောက်ဝင်ရိုးစွန်းနဲ့နီးလို့ ဆောင်းတွင်းညဘက်တွေမှာ ရာသီဥတုကြည်လင်ရင် အလွန်လှပတဲ့ အစိမ်းရောင်၊ လိမ္မော်ရောင်ဝင်ရိုးစွန်းအလင်းတန်းတွေမြင်ရတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေ အလွန်ကြိုက်ကြပြီး မကြာခဏလာကြတဲ့နေရာတစ်ခုပါပဲ။ ဝင်ရိုးစွန်းအလင်းတန်းတွေကို အင်္ဂလိပ်လို Polar Light ဒါမှမဟုတ် Northern Light လို့လဲခေါ်ကြသေးတယ်။ ပညာရှင်တွေကတော့ မြောက်ဝင်ရိုးစွန်းက အလင်းတန်းကို Aurora Borealis လို့ခေါ်ပြီး တောင်ဝင်ရိုးစွန်းကအလင်းတန်းကို Aurora Austrails လို့ခေါ်ကြတယ်။ အလွယ်ကတော့ အော်ရိုးရား (Aurora) ပဲပေါ့။

          တစ်ခုသော ခရစ္စမတ်နေ့မတိုင်ခင်တစ်ရက်မှာ မောင်ဇိနဲ့ အပေါင်းအသင်းတွေ ထရွန်ဆိုမြို့လေးကိုရောက်နေကြတယ်။ အကြောင်းရင်းကတော့ လူတော်တော်များများရဲ့ စိတ်ကူးယဉ်အိပ်မက်ဖြစ်တဲ့ နာမည်ကြီး ဝင်ရိုးစွန်းအလင်းတန်းတွေကိုကြည့်ဖို့ ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ ဒီအလင်းတန်းတွေကိုတွေ့ခွင့်ရဖို့ မောင်ဇိတို့အဖွဲ့တွေ တစ်မြို့ပြီးတစ်မြို့လှည့်သွားခဲ့ရတာ။ ဆွီဒင်နိုင်ငံမြောက်ဖျားပိုင်း ကီရူးနား ဆိုတဲ့မြို့လေး၊ ပြီးတော့ ရထားကြီးစီးလို့ ဆီဒင်နိုင်ငံထဲကပဲ အာဘစ်စကိုမြို့၊ အဲဒီနောက် ရထားထပ်စီးပြီးနော်ဝေနိုင်ငံက နာဗစ်မြို့၊ နာဗစ်ကတဆင့်မှ အဝေးပြေးကား  ၄ နာရီလောက်စီးပြီး  ဒီ ထရွန်ဆိုမြို့လေးကိုရောက်လာတာ။ ဒီနေ့ကတော့ ခရစ္စမတ်နေ့ဖြစ်လို့ တစ်မြို့လုံးမှာဘာဆိုင်မှာမရှိ၊ ဘယ်စားသောက်ဆိုင်မှလဲ မဖွင့်လို့ မောင်ဇိတို့တစ်သိုက်အရင်နေ့ကကြိုဝယ်ထားတဲ့ အသားညှပ်ပေါင်မုန့်လေးတွေ၊ မုန့်ခြောက်လေးတွေ၊ သစ်သီးလေးတွေနဲ့ပဲ တစ်နေကုန်နှစ်ပါးသွားကြရတယ်။ လူတွေဘယ်လောက်တောင်နားကြလဲဆိုရင် မောင်ဇိတို့တည်းတဲ့ဟိုတယ်ကအစ ဝန်ထမ်းတစ်ယောက်မှမရှိ။ ဧည့်ကြိုကောင်တာက အပြုံးချိုချို၊ အရပ်မြင့်မြင့်နဲ့ သဘောကောင်းတဲ့နော်ဝေလူမျိုးကောင်မလေးက ခရစ္စမတ်မတိုင်ခင်တစ်ညကတည်းက မောင်ဇိတို့ကိုကြိုပြောထားပြီးသား။ လိုတာရှိရင်ကြိုပြောဖို့၊ စားစရာမရှိရင်ဝယ်ထားဖို့၊ ခရစ္စမတ်နေ့ပြန်မယ်ဆိုရင် စာတိုက်ပုံးထဲအခန်းသော့ထည့်သွားပြီးပြန်ဖို့နဲ့ ခရစ္စမတ်နေ့မှာလူတိုင်းအနားယူကြမှာမို့ ဘယ်သူမှမောင်ဇိတို့ကို အဖက်လုပ်ကြတော့မှာမဟုတ်ဘူး ဆိုတဲ့အကြောင်း။ တကယ်လဲ ပြောတဲ့အတိုင်းပါပဲ။ ခရစ္စမတ်နေ့ရောက်တော့ ဟိုတယ်မှာ မောင်ဇိတို့ကလွဲလို့ ခွေးတစ်ကောင်၊ ကြောင်တစ်မြှီးမှမရှိ။ တစ်မြို့လုံးပတ်ကြည့်တော့လဲ လမ်းတွေပေါ်မှာခြောက်ကပ်လို့ အသွားအလာမရှိ။ ဒီလိုနဲ့ တဖြည်းဖြည်းမှောင်လာတော့ ဝင်ရိုးစွန်းအလင်းတန်းတွေကိုသွားကြည့်ဖို့ မောင်ဇိတို့သူငယ်ချင်းတွေ ပြင်ရ၊ဆင်ရတော့တယ်။

ဆောင်းရာသီဖြစ်လို့ ကမ္ဘာ့မြောက်ဖျားပိုင်း ထရွန်ဆိုမြို့လေးမှာ ညနေ ၂ နာရီ၊ ၃ နာရီဆိုမှောင်ပြီ။ ဝင်ရိုးစွန်းအလင်းတန်းတွေကိုကြည့်ဖို့ကတော့ အမှောင်ထုသိပ်သည်းတဲ့အချိန် ည ၈နာရီလောက်မှ အကောင်းဆုံးဆိုလို့ အနွေးထည်အထပ်ထပ်နဲ့ ခေါင်းစွပ်ပါတဲ့နှင်းကာအင်္ကျီကြီးတွေဝတ်ထားတဲ့မောင်ဇိတို့အဖွဲ့ ည ၇ နာရီလောက်မှာ ဟိုတယ်ကပေးထားတဲ့မြေပုံတစ်ချပ်ကိုကိုင်လို့ အပြင်ထွက်ခဲ့ကြတယ်။ အပူချိန်က ရေခဲမှတ်အောက်ရောက်နေပြီး၊ အနှုတ် ၁ ဒီဂရီစင်တီဂရိတ် လောက်ဖြစ်နေလို့ ရာသီဥတုကတော့ အေးလွန်းလှတယ်။ ခေါင်းစွပ်တွေစွပ်၊ လက်အိတ်တွေဝတ်ထားတဲ့ကြားက အေးလွန်းလို့နှာရည်တွေတစ်တောက်တောက်ကျနေတဲ့ မောင်ဇိတစ်ယောက် လက်ဖမိုးနဲ့နှာရည်တွေသုတ်လိုက်၊ မြေပုံကြည့်လိုက်၊ သူငယ်ချင်းတွေနဲ့တိုင်ပင်လိုက်နဲ့ ဝင်ရိုးစွန်းအလင်းတန်းကိုကောင်းကောင်းမြင်ရတယ်လို့ မြေပုံကညွှန်းတဲ့ တောင်ပေါ်ကိုကားလမ်းအတိုင်းတဖြည်းဖြည်းတက်လာခဲ့တယ်။ တောင်တက်ကားလမ်းလမ်းတစ်လျှောက် တောင်စောင်းလေးတွေမှာဆောက်ထားတဲ့ တစ်ထပ်၊ နှစ်ထပ် ချစ်စရာသစ်သားအိမ်လေးတွေက မီးလေးတွေလင်းပြီး တိတ်ဆိတ်ငြိမ်သက်လို့။ လမ်းတစ်လျှောက်လုံးမှာကလဲ သက်ရှိဆိုလို့ ကျယ်လောင်၊ ကျယ်လောင်လုပ်နေတဲ့ မောင်ဇိတို့တစ်အုပ်ပဲရှိတယ်။ မြေပုံမှာပါတဲ့ သင်္ချိုင်းခပ်မှောင်မှောင်ကြီးဘေးကနေ ကြောချမ်းချမ်းနဲ့ဖြတ်ကြချိန်မှာတော့ ဘယ်သူမှအသံမထွက်ရဲကြ။ ဟိုတယ်ကနေ နာရီဝက်ကျော်ကျော်လောက်တောင်ပေါ်ကိုလျှောက်ပြီးချိန်မှ မြေပုံကညွှန်းတဲ့သစ်တောအုပ်လေးကိုရောက်လာကြတယ်။ သစ်တောအုပ်ထဲမှာ အလင်းရောင်အားနည်းပေမယ့် လူသွားလမ်းလေးကိုမြင်နေရလို့ လမ်းမကြီးပေါ်ကနေဆင်းပြီး လမ်းမီးတိုင်တွေအောက်ကနေဖြတ်လျှောက်ခဲ့ကြတယ်။ တစ်နေရာရောက်၊ လမ်းခွဲလေးတွေတွေ့လို့ မီးမရှိတဲ့လမ်းတွေကိုသွားမှာဆိုဖုန်းဓါတ်မီးလေးတွေနဲ့မီးထိုးလို့ပေါ့။ ကောင်းကင်ကို မကြာ၊ မကြာကြည့်ပြီးလျှောက်လာကြပေမယ့် အစိမ်းရောင်အလင်းတန်းတွေရဲ့ အရိပ်အယောင်ကိုမတွေ့ရ။ တစ်ချိန်မှာတော့ ခပ်ပါးပါး စိမ်းဖန့်ဖန့်အလင်းတန်းလေးတွေပေါ်လာလို့ ဝမ်းသာအားရအော်ဟစ်ကြပြီး ဓါတ်ပုံရိုက်ဖို့ပြင်ဆင်နေတုန်းမှာပဲ အလင်းတန်းလေးတွေက ပြန်ပျောက်သွားပါလေရော။ ဖုန်းကင်မရာတွေက ဒီနေရာမှာ အားမကိုးရ။ အဝေးကကြယ်တွေ အလင်းတန်းတွေကိုရိုက်ရင် ဖုန်းမှာက ကောင်းကင်အနက်ရောင်ကြီးကလွဲလို့ ဘာမှမပေါ်။ ဆွီဒင်နိုင်ငံမှာတုန်းက တစ်ခါကြုံခဲ့ပြီးဖြစ်တာမို့ ဒီတစ်ခါတော့မောင်ဇိတစ်ယောက် DSLR ကင်မရာတစ်လုံးအသင့်ဝယ်ထားပြီးပြီ။ ပုံဆွဲတာ၊ ဓါတ်ပုံရိုက်တာဝါသနာပါတဲ့မောင်ဇိ ကင်မရာတစ်လုံးဝယ်ချင်နေခဲ့တာကြာပြီဆိုပေမယ့် အကြောင်းကြောင်းကြောင့်မဝယ်ဖြစ်ခဲ့။ ကြုံတောင့် ကြုံခဲဝင်ရိုးစွန်းအလင်းတန်းကိုမြင်ရတော့မယ်ဆိုတော့ ကင်မရာဝယ်ဖို့အချိန်တန်ပြီလို့ဆုံးဖြတ်၊ မောင်ဇိသူငယ်ချင်းတစ်ယောက်ကို ကင်မရာရရင်ဓါတ်ပုံရိုက်ပေးမယ်လို့ စည်းရုံးပြီးအဖော်ခေါ်လို့ ထရွန်ဆိုကျွန်းတစ်ခုလုံးပတ်ရှာပြီး ကင်မရာလေးတစ်လုံးဝယ်ခဲ့ရတာ။ ထရွန်ဆို တစ်မြို့လုံးမှာကလဲ ကျွန်းရဲ့ဟိုဘက်ထိပ်မှာရှိတဲ့ ဈေးဝယ်စင်တာကြီးတစ်ခုကလွဲလို့ ဘယ်မှာမှလိုချင်တဲ့ကင်မရာမျိုးရှာမရခဲ့။ ထရွန်ဆိုမြို့ကအရမ်းကြီးတဲ့မြို့တစ်မြို့လဲ မဟုတ်ဘူးမဟုတ်လား။ ဘာပဲပြောပြော ကင်မရာတစ်လုံးရခဲ့ပြီဆိုတော့ မောင်ဇိတို့တစ်ဖွဲ့လုံးတက်ကြွနေကြတာတော့အမှန်ပဲ။ ကောင်းကင်ကအလင်းတန်းလေးတွေ ပျောက်သွားပေမယ့် တောအုပ်ထဲမှာနေရာကောင်းကောင်းရှာပြီး နောက်တစ်ခေါက်ပေါ်လာရင် ဓါတ်ပုံရိုက်ဖို့အသင့်ပြင်လို့စောင့်ကြမယ်လို့ မောင်ဇိတို့ဆုံးဖြတ်ဖြစ်ကြတယ်။

တောအုပ်ထဲကလမ်းမွှာလေးတစ်ခုအတိုင်းဆက်လျှောက်လာတော့ တစ်ဖျတ်ဖျတ်နဲ့ပြေးလာတဲ့ခြေသံတွေနဲ့အတူ အမှောင်ထဲကနေမဲမဲပုပုအရာတစ်ခုနဲ့ မဲမဲမြင့်မြင့်အရာတစ်ခု မောင်ဇိတို့ရှိရာကို လမ်းအတိုင်းခပ်မြန်မြန်ရွေ့လာတာတွေ့ကြရပါလေရော။ အားလုံးလဲ ဘယ်ပြေးရမှန်းမသိဖြစ်ကုန်လို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြပြီး အချင်းချင်းမသိမသာပူးကပ်ကုန်ကြတယ်ဆိုပါတော့။ တော်ပါသေးတယ်။ ကပ်လာတာက ခွေးတစ်ကောင်နဲ့ လူတစ်ယောက်။ ညဘက်ကြီး ဒီလောက်အေးနေတဲ့အချိန်မှာလဲ ပန်းခြံ၊တောအုပ်ထဲလျှောက်ပြေးနေတဲ့လူတွေကရှိသေးတယ်။ အံ့သြတာပဲ။ လမ်းဖယ်ပေးပြီး ဆက်လျှောက်လာကြတော့ သစ်ပင်တွေရဲ့အလယ်မှာက ကွင်းပြင်ကြီးတစ်ခု။ ရှုခင်းလဲကောင်း၊ ကောင်းကင်ကိုဓါတ်ပုံရိုက်ရင် သစ်ပင်တွေနဲ့လဲလွတ်မှာမို့ ကွင်းပြင်ထဲကိုပြေးသွားမလို့လုပ်ပြီးမှ အမှောင်ထဲမှာသေသေချာချာလေ့လာကြည့်လိုက်တော့ နှင်းမှုန်တွေအောက်၊ အပေါ်ယံမျက်နှာပြင်မှာ ရေတွေခဲနေတဲ့ရေကန်ကြီးဖြစ်နေပါရောလား။ ည မှောင်မှောင်မှာ ဘယ်လောက်ထူမှန်းမသိတဲ့ရေခဲပြင်ပေါ်ကိုတော့ မတက်ရဲ။ ရေခဲကျွံပြီးရေထဲကျလို့ကတော့ အေးတာနဲ့ပဲ သွေးခဲပြီးသေမှာ။ ရေကန်ဘေးမှာ ဓါတ်ပုံရိုက်မယ်ဆိုပြီး မောင်ဇိရဲ့ကင်မရာထောက်တိုင်လေးကိုထုတ်၊ ကင်မရာတပ်ဖို့ ထောက်တိုင်ခေါင်းလေးကိုလဲဆွဲခွာလိုက်ရော၊ အေးခဲလွန်းလို့ ကြွတ်ဆတ်နေတဲ့ ပလတ်စတစ်ကင်မရာထောက်တိုင်ခေါင်းလေးက “ဂျွတ်” ဆိုကျိုးသွားရှာလေရဲ့။ မောင်ဇိကလဲ ခပ်ညံ့ညံ့ထောက်တိုင်အမျိုးအစားကို ဝယ်လာမိသကိုး။ တော်သေးတယ် ကင်မရာကတော့ အအေးဒဏ်ခံနိုင်တဲ့အမျိုးအစားပေမို့။ မောင်ဇိတစ်ယောက်ကင်မရာတစ်လုံးနဲ့အလုပ်ရှုပ်နေတုန်းမှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် စကားတပြောပြောနဲ့ လမ်းတစ်လျှောက်ခပ်မှန်မှန်ပြေးလာတာတွေ့ရသေးတယ်။ ခုနကတစ်ခါကြုံဖူးပြီးပြီဆိုတော့ မောင်ဇိတို့က မကြောက်တော့ပေါင်။ နော်ဝေစကားနဲ့ “ဟေး…ဟေး” လို့တောင်နှုတ်ဆက်လိုက်သေး။ အင်္ဂလိပ်လိုဆို “ ဟိုင်း” ပေါ့။ မကြာခင်မှာပဲ မောင်ဇိတို့စောင့်မျှော်နေတဲ့ ဝင်ရိုးစွန်းအလင်းတန်းတွေပေါ်လာလို့ မောင်ဇိတို့တစ်အုပ်လုံးပျော်ရွှင်သွားကြရတယ်။ ဒီတစ်ကြိမ်မှာတော့ အလင်းတန်းတွေက ပီပီပြင်ပြင်နဲ့၊ ကောင်းကင်ပေါ်မှာ အရောင်လွင်လွင် အလံအကြီးကြီးကို ကန့်လန့်ဖြတ်လွှင့်ထားသလိုမျိုး ၊ အရောင်တောက်တောက်နဂါးကြီးတွေ မြူးတူးနေကြသလိုမျိုး၊ အစိမ်းရောင်သန်းလိုက် အဖျားအနားလေးတွေမှာ လိမ္မော်ရင့်ရောင်၊ ပန်းရောင်သန်းလိုက်နဲ့ လွင့်လွင့်လူးလူး ကခုန်လို့ပေါ့။ ဝင်ရိုးစွန်းအလင်းတန်းတွေကိုကြည့်ရတာ ခေါင်းပေါ်ကိုဖြတ်သွားတဲ့တိမ်တွေကိုကြည့်နေရသလိုမျိုး လူနဲ့နီးနီးလေးလို့ ခံစားရတယ်။ ထောက်တိုင်မရှိလို့ အမှောင်ထဲမှာ လက်တုန်တုန်နဲ့ရိုက်ထားတဲ့မောင်ဇိရဲ့ ဝင်ရိုးစွန်းအလင်းတန်းပုံတွေက ခပ်ဝါးဝါး။ ၁၅ မိနစ်လောက်ကြာတော့ အလင်းတန်းတွေက ပြန်ပြီပျောက်သွားပြန်တယ်။ ဒါပေမယ့် မောင်ဇိတို့တွေ ကျေနပ်အားရကြပါတယ်။ ဝင်ရိုးစွန်းအလင်းတန်းတွေကို တစ်ဝကြီးတွေ့ခွင့်ရလိုက်ကြတယ်မဟုတ်လား။

မောင်ဇိတို့က ဝင်ရိုးစွန်းအလင်းတန်းတွေကိုကြည့်ဖို့ခရီးမထွက်ခင်ကတည်းက အဲဒီဟာတွေအကြောင်း စိတ်ဝင်စားလွန်းလို့ ရှာဖတ်ထားပြီးသား။ ဝင်ရိုးစွန်းအလင်းတန်းတွေဆိုတာကဘာလဲ၊ ဘယ်လိုဖြစ်လာတာလဲဆိုတာမျိုးပေါ့။ နေကထုတ်လွှတ်လိုက်တဲ့ လျှပ်စစ်ဓါတ်ပါတဲ့အမှုန်လေးတွေကမ္ဘာ့လေထုထဲကိုဝင်လာရာကနေ ကမ္ဘာပေါ်က အောက်ဆီဂျင်၊ နိုက်ထရိုဂျင်စတဲ့ဓါတ်ငွေ့မှုန်လေးတွေ နဲ့ တိုက်ခိုက်မိရာကထွက်လာတဲ့ရောင်စဉ်တွေကို ဝင်ရိုးစွန်းအလင်းတန်းတွေလို့ ခေါ်တယ်လို့ သိပ္ပံပညာရှင်တွေက ရှင်းပြကြတယ်။ သံလိုက်စက်ကွင်းအားပြင်းတဲ့ မြောက်ဝင်ရိုးစွန်းနဲ့၊ တောင်ဝင်ရိုးစွန်းဒေသတွေမှာ ဖြစ်တတ်တယ်ဆိုပါတော့။ တစ်ချိန်ထဲမှာပဲ နိုင်ငံအသီးသီး၊ လူမျိုးအသသမှာလဲ ဝင်ရိုစွန်းအလင်းတန်းနဲ့ပက်သက်လို့ ဒဏ္ဍာရီကိုယ်စီဆိုသလိုရှိကြသေးတယ်။ ရောမဒဏ္ဍာရီမှာ အော်ရိုးရား(Aurora) ဆိုတာက အရုဏ်ဦးနတ်သမီးရဲ့နာမည်။ မြောက်အမေရိကနဲ့ ဥရောပမြောက်ပိုင်းကလူမျိုးတစ်ချို့က ဝင်ရိုးစွန်းအလင်းတန်းတွေဟာ မီးတုတ်တွေ၊ မီးပုံပွဲတွေကနေကောင်းကင်ကိုရောင်ပြန်ဟပ်တာလို့ယူဆကြပြီး ကမ္ဘာ့မြောက်ပိုင်းမှာနေတဲ့တခြားလူမျိုးတွေကတော့ သူတို့လူမျိုးကွယ်လွန်သူတွေရဲ့ဝိညာဉ်တွေကိုမြင်ရတာလို့ယုံကြည်ကြတယ်။ ဘယ်လိုပဲဆိုဆိုပါ၊ ဝင်ရိုးစွန်းအလင်းတန်းတွေဟာ အံ့ချီးဖွယ်ကောင်းလောက်အောင်လှပပြီး စိတ်ကိုရွှင်လန်းဝမ်းမြောက်စေတယ်ဆိုတာတော့သေချာတယ်။

ပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လာတဲ့ မောင်ဇိတို့အဖွဲ့ကို ဝင်ရိုးစွန်းအလင်းတန်းတွေနဲ့နှုတ်ဆက်လမ်းခွဲပြီး ကမ္ဘာမြေပေါ်ကိုခုန်ချလာတဲ့ နှင်းတွေတဖွဲဖွဲက ကောင်းချီးပေးပါတယ်။ နှင်းတွေတဖွဲဖွဲကနေ နှင်းတွေဒလဟောဖြစ်လာလို့ ဟိုတယ်ရောက်ခါနီးမှ သုတ်ခြေတင်ပြီးပြေးကြရပြန်တယ်။ ဟိုတယ်ရောက်ပြီးတဲ့နောက် တစ်ညလုံးနှင်းမိုးတွေသည်းနေလိုက်တာ ဒါမျိုးတစ်ခါမှမမြင်ဖူးတဲ့မောင်ဇိတို့အတွက်ကတော့ ကြည့်မဝပါပဲ။ မနက်လင်းတော့ လမ်းတွေထဲမှာနှင်းတွေနဲ့ပြည့်နေပြီး၊ လမ်းဘေးတွေမှာဆိုနှင်းတွေကိုမရှင်းထားလို့ နင်းလိုက်ရင်ခြေချင်းဝတ်ထိနစ်နစ်ဝင်သွားတာ စိတ်လှုပ်ရှားစရာကောင်းလွန်းလှပေါ့။ တစ်ချို့နေရာတွေမှာတော့နှင်းတွေကိုပုံထားတာ လူတစ်ရပ်နီးပါး။ ကားလမ်းပေါ်မှာတော့ ကားသွားလို့ရအောင်နှင်းရှင်းတဲ့ကားတွေနဲ့ရှင်းပေးထားလို့ တော်ပါသေး။

ခရစ္စမတ်ပြီးနောက်တစ်ရက်မှာတော့ ဝင်ရိုးစွန်းပြတိုက် (Polar Museum) ကို သွားကြည့်ဖြစ်ကြတယ်။ အရင်ရက်တွေကမောင်ဇိတို့ရောက်ခဲ့ဖူးတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို သတင်းအချက်အလက်တွေပေးနေတဲ့  Information ကိုကိုယ်စားပြုတဲ့ (i) တံဆိပ်အလံလေးတလူလူနဲ့ မြို့လယ်ကနှစ်ထပ်သစ်သားရုံးအဖြူလေးထဲကိုဝင်၊ ဖော်ရွေတဲ့ ဝန်ထမ်းအမျိုးသမီးကြီးတွေဆီကနေ အလကားဝေတဲ့မြေပုံကိုထပ်တောင်း၊ သိချင်ရာတွေမေးပြီး ပိုလာပြတိုက်ရှိရာကို ခြေလျင်ချီတက်ခဲ့ကြတယ်။ မြို့လေးကသေးတာကတစ်ကြောင်း၊ အဓိကဆွဲဆောင်ရာတွေရော၊ ဆိုင်တွေတော်တော်များများကရော တည်းတဲ့ဟိုတယ်နဲ့နီးတာကတစ်ကြောင်း၊ မြို့အလှကိုသေသေချာချာခံစားချင်တာကလဲတစ်ကြောင်းကြောင့် မောင်ဇိတို့အဖွဲ့တွေလမ်းပဲလျှောက်ဖြစ်ကြတာများတယ်။ ဘတ်စ်ကားခလဲသက်သာ၊ လမ်းမှာဝင်ချင်ရာတွေ့ရင်လဲဝင်ကြည့်ကြနဲ့ တစ်ချက်ခုတ်၊ ဆယ်ချက်လောက်ပြတ်ပေါ့။ ဥပမာပြောရရင် ဝင်ရိုးစွန်းပြတိုက်ကိုသွားရင်းဆိပ်ကမ်းမှာကပ်ထားတဲ့ပင်လယ်ကူးသင်္ဘောကြီးကို သွားငေးကြတာမျိုး၊ လမ်းမှာနှင်းတွေလုံးပြီး တစ်ယောက်နဲ့တစ်ယောက် ပစ်ပေါက်ကြတာမျိုး၊ တွေ့တဲ့နှင်းပုံကြီးထဲကို ဒိုင်ပင်ပစ်ဝင်ကြတာမျိုး၊ အဲလိုမျိုးလေးတွေက ခြေလျင်လျှောက်မှခံစားရတာမျိုးတွေမဟုတ်လား။

ဝင်ရိုးစွန်းပြတိုက်ကလဲ မြို့ထဲကတခြားအဆောက်အဦးတော်တော်များများလိုပဲ ထပ်ခိုးပါတဲ့နှစ်ထပ်သစ်သားအိမ်ကြီးတစ်ခုကို အဆောင်ဆောင်အခန်းခန်းနဲ့ဖွဲ့စည်းထားတာ။ အထဲမှာကတော့ အရိုးကွဲမတတ်အအေးဒဏ်ကို အံတုဖို့ထူထဲလှတဲ့သားမွေးအင်္ကျီပွကြီးတွေဝတ်ထားတဲ့ ရှေးလူကြီးတွေရဲ့အရုပ်တွေ၊ ပုံတွေ၊ အညွှန်းစာတွေ၊ သားရေနဲ့ကျတ်ထားတဲ့ တစ်ယောက်စီးလောင်းလှေရှည်လေးတွေ၊ ရှေးကသုံးခဲ့တဲ့ရေခဲခွဲကိရိယာတွေနဲ့ အမဲလိုက်ကိရိယာတွေ၊ လှေ၊ သင်္ဘောပုံစံငယ်တွေ၊ သေနတ်တွေစသည်ဖြင့်စုံလင်အောင်ပြထားတယ်။ အစစ်နဲ့မခြားအသက်ဝင်အောင် အစာသွတ်ပြီး လှုပ်ရှားသွားလာနေဟန်လုပ်ထားတဲ့ ပိုလာဝက်ဝံဖြူကြီးတွေ၊ အစွယ်ပါတဲ့ဖျံကြီးတွေအပြင် ဦးချိုကားကားနဲ့သမင်ကြီးတွေ၊ လင်းယုံငှက်ကြီးတွေကို ပုံသွင်းထားကလဲ ပညာသားပါလွန်းလှတယ်။ လူတစ်ရပ်ကျော်၊ ရှစ်ပေမကရှည်တဲ့ ပင်လယ်ဖျံကြီးတစ်ကောင်ရဲ့အရိုးစုကိုမြင်မှ ဖျံတစ်ကောင်ဟာဒီလောက်တောင်ကြီးနိုင်ပါလားဆိုပြီး အံ့သြရသေးတယ်။ ဖျံကြီးရဲ့အစွယ်တစ်ချောင်းချင်းကကို တစ်တောင်ကျော်ကျော်လောက်ရှည်တာပါကလား။ ရေခဲပြင်ပေါ်မှာ လှေပေါ်ကဆင်းလာတဲ့ဖျံလိုက်မုဆိုးတွေရဲ့ ဖျံလိုက်လှံတွေနဲ့ ဖျံတွေကိုဖမ်းဆီးပုံပြခန်းကိုမြင်ရတော့ ဖျံကလေးတွေကိုတောင် သနားမိသေးတယ်။ လျှင်လှတယ်ဆိုတဲ့ဖျံတွေလဲ ညဏ်နီ၊ ညဏ်နက်များတဲ့လူသားတွေနဲ့တွေ့တော့ ဘာတတ်နိုင်ကြသေးလဲလို့ သံဝေဂလဲရမိတာပေါ့လေ။ တစ်ချို့ပြခန်းတွေမှာတော့ အာတိတ်သမုဒ္ဒရာထဲမှာစွန့်စားသွားလာခဲ့တဲ့ သင်္ဘောကပ္ပတိန်တွေရဲ့ ရုပ်တုတွေ၊ စွမ်းဆောင်မှုတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုကြည့်ခွင့်ရတယ်။ ကြက်၊ငှက်တိရိစ္ဆာန်အသေကောင်တွေကို အိမ်ရှေ့နံရံမှာချိတ်ဆွဲထားပြီး ခွေးတစ်ကောင်နဲ့အတူ အိမ်ရှေ့မှာထိုင်နေတဲ့ လူတစ်ယောက်ရဲ့တကယ့်အရွယ်အစားလက်ရာမြောက်လှတဲ့ ပုံတူရုပ်တွေနဲ့ပြခန်းကြီးမျိုးကိုလဲ ခမ်းခမ်းနားနား အသေးစိတ်လုပ်ထားသေးတယ်။ နှစ်သစ်ကူးကာလဖြစ်လို့ထင်ပါတယ်၊ ပြတိုက်တစ်ခုလုံးမှာကလဲ မောင်ဇိတို့အဖွဲ့အပြင်လူက လေး၊ငါး၊ ဆယ်ယောက်လောက်ပဲရှိရဲ့။ လူနည်းတော့ ပြတိုက်ကြီးထဲမှာအဆင့်အတန်းမြင့်မြင့်၊ စုံစုံလင်လင်ပြထားတဲ့ ပြခန်းတွေကို အေးအေးဆေးဆေးလေ့လာခွင့်ရလို့ ပိုတောင်ကောင်းသေး။

မောင်ဇိတို့အားလုံးပြတိုက်ထဲကနေထွက်လာတော့ နေ့တာတိုလွန်းလှတဲ့ဆောင်တွင်းကာလဖြစ်လို့ ထရွန်ဆိုမြို့လေးက အမှောင်ထုအောက်တောင်ရောက်နေပြီ။ ငွေရောင်ဖွေးဖွေး အေးစက်စက်နှင်းမှုန်လေးတွေကတော့ မောင်ဇိတို့ခေါင်းပေါ်မှာတဖျောက်ဖျောက်ကျနေတုန်း။ မောင်ဇိနဲ့ သူငယ်ချင်းတွေလဲ နှင်းတွေထဲကို တစွပ်စွပ်နင်းလို့ တည်းခိုရာဟိုတယ်ကိုပြန်ခဲ့ကြတယ်။ ထရွန်ဆိုမြို့လေးကလဲ နှင်းတွေထဲမှာအေးချမ်းတိတ်ဆိတ်လို့ တည်တည်ငြိမ်ငြိမ်လှလှပပပဲပေါ့။ မောင်ဇိကတော့ မြန်မာနှစ်ကူး၊ တရုတ်နှစ်ကူး၊ အင်္ဂလိပ်နှစ်ကူး မျိုးစုံ ကိုနိုင်ငံအမျိုးမျိုးမှာကျင်းပကြပုံချင်းမတူကြတာတွေရှိသလို၊ ဆင်တူကြတာတွေရှိတာကိုလဲတွေး၊ ဝင်ရိုးစွန်းအလင်းတန်းရဲ့လှပပုံကိုလဲတွေး၊ တခြားရောက်တတ်ရာရာတွေလဲတွေးလို့ စီးကျလာတဲ့နှာရည်တွေကို လက်အိတ်စွပ်ထားတဲ့လက်ဖမိုးနဲ့သုတ်လိုက်ရင်း စိတ်ကူးထဲမှာမျောနေလေရဲ့။          ။

မောင်ဇိ
၂၂၊ ၀၄၊ ၂၀၁၇ ( မြန်မာစံတော်ချိန် မနက် ၁နာရီ )

____________________________________________________________


ဗိုက္ကင္းတို႔ရဲ႕ ၿမိဳ႕ငယ္ေလး “ထ႐ြန္ဆို” ရဲ႕ ႏွစ္သစ္ကူးကာလ
***************************************************
ျမန္မာတို႔ရဲ႕ႏွစ္သစ္ကူးကာလက ဧၿပီလျဖစ္ၿပီး၊ ေနာ္ေဝလူမ်ိဳးတို႔ကေတာ့ ဒီဇင္ဘာလမွာ ႏွစ္သစ္ကူးပြဲက်င္းပၾကတယ္။ ရန္ကုန္ၿမိဳ႕ရဲ႕ ျမန္မာသၾကၤန္ကာလနဲ႔ ထ႐ြန္ဆို(Tromso) ၿမိဳ႕ေလးရဲ႕ ခရစၥမတ္ေန႔ဟာ အလားသ႑ာန္ဆင္တယ္။ ဘာေတြဆင္တာလဲဆိုေတာ့ ႏွစ္သစ္ကူးမေရာက္ခင္ဆင္ႏႊဲၾကတဲ့ ေနာက္ဆုံးပြဲျဖစ္တာေတြ၊ ရွိသမွ် ႐ုံး၊ ဆိုင္ေတြအားလုံးပိတ္တာေတြ၊ လူေတြအားလုံးအလုပ္ကအနားယူၾကတာေတြ၊ ညဘက္ေတြမွာတိတ္ဆိတ္ေျခာက္ကပ္ေနၾကတာေတြ စတာေတြဆင္တာ။ ျမန္မာ့သၾကၤန္ကာလမွာ ညဘက္ ၈ နာရီေလာက္ဆိုလမ္းေတြေပၚမွာကားေတြရွင္းေနသလိုမ်ိဳး၊ ထ႐ြန္ဆိုၿမိဳ႕ေလးမွာလဲ ညေနပိုင္းေလာက္ကစၿပီး တစ္ၿမိဳ႕လုံးလူသြားလူလာမရွိပဲ တိတ္ဆိတ္ေျခာက္ကပ္လို႔။ သၾကၤန္ကာလမွာ ရန္ကုန္ၿမိဳ႕ဆိုင္ေတြအမ်ားစုပိတ္သလိုမ်ိဳး၊ ထ႐ြန္ဆိုၿမိဳ႕ေလးမွာလဲ ဘာဆိုင္မွမဖြင့္ဘူး။ ယုတ္စြအဆုံး ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ၂၄ နာရီဖြင့္ထားတတ္တဲ့ ဆဲဗင္း၊အလဲဗင္း လိုစတိုးဆိုင္မ်ိဳးေတာင္ ခရစၥမတ္ေန႔ဆို ထ႐ြန္ဆိုၿမိဳ႕မွာမဖြင့္ဘူး။ ေျပာရမယ္ဆို ခရစၥမတ္အႀကိဳေန႔ညေနကတည္းက ဆိုင္အားလုံးက ပိတ္ထားၾကၿပီ။ ႏွစ္အသစ္တစ္ခုကိုေရာက္ေတာ့မယ္အခ်ိန္ျဖစ္လို႔ ရန္ကုန္နဲ႔ ထ႐ြန္ဆို ႏွစ္ၿမိဳ႕လုံးကလူေတြ စိတ္လႈပ္ရွားေနၾကတာခ်င္းကလဲတူတယ္။ တူတာေတြရွိသလို၊ ဆန႔္က်င္ဖက္လို႔ဆိုရမတတ္ မတူျခားနားတာတစ္ခုလဲရွိတယ္။ ေန႔အခ်ိန္မွာစည္ကားလွတဲ့ရန္ကုန္ၿမိဳ႕ေလးရဲ႕ အတာပြဲေတာ္ရက္အတြင္းမွာ အပူေတြၿငိမ္းဖို႔ သၾကၤန္မိုး႐ြာခ်ေပမယ့္ ေအးစိမ့္စိမ့္နဲ႔ တစ္ေန႔လုံးေျခာက္ကပ္တိတ္ဆိတ္ေနတဲ့ ထ႐ြန္ဆိုၿမိဳ႕ေလးရဲ႕ ခရစၥမတ္ကာလမွာေတာ့ အေအးေလ်ာ့သြားေစဖို႔ ႏွင္းမိုးေတြ႐ြာခ်ေလ့ရွိတာ။ ႏွင္းက်ၿပီးသြားရင္ အေအးဓါတ္သိသိသာသာေလ်ာ့သြားတယ္လို႔ ေဒသခံေတြကဆိုၾကတယ္။

“ထ႐ြန္ဆို” ဆိုတာက ေနာ္ေဝႏိုင္ငံရဲ႕ဟိုးေျမာက္ဖ်ားပိုင္း ေျမာက္ဝင္႐ိုးစြန္းနဲ႔ အင္မတန္နီးကပ္တဲ့ေနရာမွာရွိတဲ့ ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕။ ကမာၻမွာရွိတဲ့ၿမိဳ႕ေတြအားလုံးထဲမွာလဲ ကမာၻေျမာက္ဖ်ားအက်ဆုံးၿမိဳ႕ေပါ့။ထ႐ြန္ဆိုၿမိဳ႕ေလးက ကြၽန္းမႀကီးတစ္ခုေပၚမွာ အဓိကရွိတာ၊ အဲဒီကြၽန္းႀကီးနဲ႔ကပ္လ်က္ေရျပင္ရဲ႕ဟိုဘက္ကကုန္းေျမကိုေတာ့ တံတားေတြနဲ႔ဆက္ထားတယ္။ ၂၀၁၆ခုႏွစ္ စာရင္းဇယားေတြအရ လူဦးေရ  ငါးေသာင္းေက်ာ္ေလာက္ပဲရွိတဲ့ပင္လယ္ဆိပ္ကမ္းၿမိဳ႕ေလးျဖစ္ၿပီး အဓိကအားျဖင့္ ငါးဖမ္းလုပ္ငန္း၊ ပင္လယ္ထြက္ပစၥည္းေရာင္းဝယ္ေရးလုပ္ငန္းနဲ႔ ဟိုတယ္နဲ႔ကမာၻလွည့္ခရီးသြားလုပ္ငန္းေတြကိုလုပ္ကိုင္ၾကတယ္။ ေျမာက္ဝင္႐ိုးစြန္းနဲ႔နီးလို႔ ေဆာင္းတြင္းညဘက္ေတြမွာ ရာသီဥတုၾကည္လင္ရင္ အလြန္လွပတဲ့ အစိမ္းေရာင္၊ လိေမၼာ္ေရာင္ဝင္႐ိုးစြန္းအလင္းတန္းေတြျမင္ရတဲ့အတြက္ ကမာၻလွည့္ခရီးသြားေတြ အလြန္ႀကိဳက္ၾကၿပီး မၾကာခဏလာၾကတဲ့ေနရာတစ္ခုပါပဲ။ ဝင္႐ိုးစြန္းအလင္းတန္းေတြကို အဂၤလိပ္လို Polar Light ဒါမွမဟုတ္ Northern Light လို႔လဲေခၚၾကေသးတယ္။ ပညာရွင္ေတြကေတာ့ ေျမာက္ဝင္႐ိုးစြန္းက အလင္းတန္းကို Aurora Borealis လို႔ေခၚၿပီး ေတာင္ဝင္႐ိုးစြန္းကအလင္းတန္းကို Aurora Austrails လို႔ေခၚၾကတယ္။ အလြယ္ကေတာ့ ေအာ္႐ိုးရား (Aurora) ပဲေပါ့။

          တစ္ခုေသာ ခရစၥမတ္ေန႔မတိုင္ခင္တစ္ရက္မွာ ေမာင္ဇိနဲ႔ အေပါင္းအသင္းေတြ ထ႐ြန္ဆိုၿမိဳ႕ေလးကိုေရာက္ေနၾကတယ္။ အေၾကာင္းရင္းကေတာ့ လူေတာ္ေတာ္မ်ားမ်ားရဲ႕ စိတ္ကူးယဥ္အိပ္မက္ျဖစ္တဲ့ နာမည္ႀကီး ဝင္႐ိုးစြန္းအလင္းတန္းေတြကိုၾကည့္ဖို႔ ဆိုတဲ့ေခါင္းစဥ္နဲ႔ေပါ့။ ဒီအလင္းတန္းေတြကိုေတြ႕ခြင့္ရဖို႔ ေမာင္ဇိတို႔အဖြဲ႕ေတြ တစ္ၿမိဳ႕ၿပီးတစ္ၿမိဳ႕လွည့္သြားခဲ့ရတာ။ ဆြီဒင္ႏိုင္ငံေျမာက္ဖ်ားပိုင္း ကီ႐ူးနား ဆိုတဲ့ၿမိဳ႕ေလး၊ ၿပီးေတာ့ ရထားႀကီးစီးလို႔ ဆီဒင္ႏိုင္ငံထဲကပဲ အာဘစ္စကိုၿမိဳ႕၊ အဲဒီေနာက္ ရထားထပ္စီးၿပီးေနာ္ေဝႏိုင္ငံက နာဗစ္ၿမိဳ႕၊ နာဗစ္ကတဆင့္မွ အေဝးေျပးကား  ၄ နာရီေလာက္စီးၿပီး  ဒီ ထ႐ြန္ဆိုၿမိဳ႕ေလးကိုေရာက္လာတာ။ ဒီေန႔ကေတာ့ ခရစၥမတ္ေန႔ျဖစ္လို႔ တစ္ၿမိဳ႕လုံးမွာဘာဆိုင္မွာမရွိ၊ ဘယ္စားေသာက္ဆိုင္မွလဲ မဖြင့္လို႔ ေမာင္ဇိတို႔တစ္သိုက္အရင္ေန႔ကႀကိဳဝယ္ထားတဲ့ အသားညႇပ္ေပါင္မုန႔္ေလးေတြ၊ မုန႔္ေျခာက္ေလးေတြ၊ သစ္သီးေလးေတြနဲ႔ပဲ တစ္ေနကုန္ႏွစ္ပါးသြားၾကရတယ္။ လူေတြဘယ္ေလာက္ေတာင္နားၾကလဲဆိုရင္ ေမာင္ဇိတို႔တည္းတဲ့ဟိုတယ္ကအစ ဝန္ထမ္းတစ္ေယာက္မွမရွိ။ ဧည့္ႀကိဳေကာင္တာက အၿပဳံးခ်ိဳခ်ိဳ၊ အရပ္ျမင့္ျမင့္နဲ႔ သေဘာေကာင္းတဲ့ေနာ္ေဝလူမ်ိဳးေကာင္မေလးက ခရစၥမတ္မတိုင္ခင္တစ္ညကတည္းက ေမာင္ဇိတို႔ကိုႀကိဳေျပာထားၿပီးသား။ လိုတာရွိရင္ႀကိဳေျပာဖို႔၊ စားစရာမရွိရင္ဝယ္ထားဖို႔၊ ခရစၥမတ္ေန႔ျပန္မယ္ဆိုရင္ စာတိုက္ပုံးထဲအခန္းေသာ့ထည့္သြားၿပီးျပန္ဖို႔နဲ႔ ခရစၥမတ္ေန႔မွာလူတိုင္းအနားယူၾကမွာမို႔ ဘယ္သူမွေမာင္ဇိတို႔ကို အဖက္လုပ္ၾကေတာ့မွာမဟုတ္ဘူး ဆိုတဲ့အေၾကာင္း။ တကယ္လဲ ေျပာတဲ့အတိုင္းပါပဲ။ ခရစၥမတ္ေန႔ေရာက္ေတာ့ ဟိုတယ္မွာ ေမာင္ဇိတို႔ကလြဲလို႔ ေခြးတစ္ေကာင္၊ ေၾကာင္တစ္ျမႇီးမွမရွိ။ တစ္ၿမိဳ႕လုံးပတ္ၾကည့္ေတာ့လဲ လမ္းေတြေပၚမွာေျခာက္ကပ္လို႔ အသြားအလာမရွိ။ ဒီလိုနဲ႔ တျဖည္းျဖည္းေမွာင္လာေတာ့ ဝင္႐ိုးစြန္းအလင္းတန္းေတြကိုသြားၾကည့္ဖို႔ ေမာင္ဇိတို႔သူငယ္ခ်င္းေတြ ျပင္ရ၊ဆင္ရေတာ့တယ္။

ေဆာင္းရာသီျဖစ္လို႔ ကမာၻ႔ေျမာက္ဖ်ားပိုင္း ထ႐ြန္ဆိုၿမိဳ႕ေလးမွာ ညေန ၂ နာရီ၊ ၃ နာရီဆိုေမွာင္ၿပီ။ ဝင္႐ိုးစြန္းအလင္းတန္းေတြကိုၾကည့္ဖို႔ကေတာ့ အေမွာင္ထုသိပ္သည္းတဲ့အခ်ိန္ ည ၈နာရီေလာက္မွ အေကာင္းဆုံးဆိုလို႔ အေႏြးထည္အထပ္ထပ္နဲ႔ ေခါင္းစြပ္ပါတဲ့ႏွင္းကာအက်ႌႀကီးေတြဝတ္ထားတဲ့ေမာင္ဇိတို႔အဖြဲ႕ ည ၇ နာရီေလာက္မွာ ဟိုတယ္ကေပးထားတဲ့ေျမပုံတစ္ခ်ပ္ကိုကိုင္လို႔ အျပင္ထြက္ခဲ့ၾကတယ္။ အပူခ်ိန္က ေရခဲမွတ္ေအာက္ေရာက္ေနၿပီး၊ အႏႈတ္ ၁ ဒီဂရီစင္တီဂရိတ္ ေလာက္ျဖစ္ေနလို႔ ရာသီဥတုကေတာ့ ေအးလြန္းလွတယ္။ ေခါင္းစြပ္ေတြစြပ္၊ လက္အိတ္ေတြဝတ္ထားတဲ့ၾကားက ေအးလြန္းလို႔ႏွာရည္ေတြတစ္ေတာက္ေတာက္က်ေနတဲ့ ေမာင္ဇိတစ္ေယာက္ လက္ဖမိုးနဲ႔ႏွာရည္ေတြသုတ္လိုက္၊ ေျမပုံၾကည့္လိုက္၊ သူငယ္ခ်င္းေတြနဲ႔တိုင္ပင္လိုက္နဲ႔ ဝင္႐ိုးစြန္းအလင္းတန္းကိုေကာင္းေကာင္းျမင္ရတယ္လို႔ ေျမပုံကၫႊန္းတဲ့ ေတာင္ေပၚကိုကားလမ္းအတိုင္းတျဖည္းျဖည္းတက္လာခဲ့တယ္။ ေတာင္တက္ကားလမ္းလမ္းတစ္ေလွ်ာက္ ေတာင္ေစာင္းေလးေတြမွာေဆာက္ထားတဲ့ တစ္ထပ္၊ ႏွစ္ထပ္ ခ်စ္စရာသစ္သားအိမ္ေလးေတြက မီးေလးေတြလင္းၿပီး တိတ္ဆိတ္ၿငိမ္သက္လို႔။ လမ္းတစ္ေလွ်ာက္လုံးမွာကလဲ သက္ရွိဆိုလို႔ က်ယ္ေလာင္၊ က်ယ္ေလာင္လုပ္ေနတဲ့ ေမာင္ဇိတို႔တစ္အုပ္ပဲရွိတယ္။ ေျမပုံမွာပါတဲ့ သခ်ႋဳင္းခပ္ေမွာင္ေမွာင္ႀကီးေဘးကေန ေၾကာခ်မ္းခ်မ္းနဲ႔ျဖတ္ၾကခ်ိန္မွာေတာ့ ဘယ္သူမွအသံမထြက္ရဲၾက။ ဟိုတယ္ကေန နာရီဝက္ေက်ာ္ေက်ာ္ေလာက္ေတာင္ေပၚကိုေလွ်ာက္ၿပီးခ်ိန္မွ ေျမပုံကၫႊန္းတဲ့သစ္ေတာအုပ္ေလးကိုေရာက္လာၾကတယ္။ သစ္ေတာအုပ္ထဲမွာ အလင္းေရာင္အားနည္းေပမယ့္ လူသြားလမ္းေလးကိုျမင္ေနရလို႔ လမ္းမႀကီးေပၚကေနဆင္းၿပီး လမ္းမီးတိုင္ေတြေအာက္ကေနျဖတ္ေလွ်ာက္ခဲ့ၾကတယ္။ တစ္ေနရာေရာက္၊ လမ္းခြဲေလးေတြေတြ႕လို႔ မီးမရွိတဲ့လမ္းေတြကိုသြားမွာဆိုဖုန္းဓါတ္မီးေလးေတြနဲ႔မီးထိုးလို႔ေပါ့။ ေကာင္းကင္ကို မၾကာ၊ မၾကာၾကည့္ၿပီးေလွ်ာက္လာၾကေပမယ့္ အစိမ္းေရာင္အလင္းတန္းေတြရဲ႕ အရိပ္အေယာင္ကိုမေတြ႕ရ။ တစ္ခ်ိန္မွာေတာ့ ခပ္ပါးပါး စိမ္းဖန႔္ဖန႔္အလင္းတန္းေလးေတြေပၚလာလို႔ ဝမ္းသာအားရေအာ္ဟစ္ၾကၿပီး ဓါတ္ပုံ႐ိုက္ဖို႔ျပင္ဆင္ေနတုန္းမွာပဲ အလင္းတန္းေလးေတြက ျပန္ေပ်ာက္သြားပါေလေရာ။ ဖုန္းကင္မရာေတြက ဒီေနရာမွာ အားမကိုးရ။ အေဝးကၾကယ္ေတြ အလင္းတန္းေတြကို႐ိုက္ရင္ ဖုန္းမွာက ေကာင္းကင္အနက္ေရာင္ႀကီးကလြဲလို႔ ဘာမွမေပၚ။ ဆြီဒင္ႏိုင္ငံမွာတုန္းက တစ္ခါႀကဳံခဲ့ၿပီးျဖစ္တာမို႔ ဒီတစ္ခါေတာ့ေမာင္ဇိတစ္ေယာက္ DSLR ကင္မရာတစ္လုံးအသင့္ဝယ္ထားၿပီးၿပီ။ ပုံဆြဲတာ၊ ဓါတ္ပုံ႐ိုက္တာဝါသနာပါတဲ့ေမာင္ဇိ ကင္မရာတစ္လုံးဝယ္ခ်င္ေနခဲ့တာၾကာၿပီဆိုေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္မဝယ္ျဖစ္ခဲ့။ ႀကဳံေတာင့္ ႀကဳံခဲဝင္႐ိုးစြန္းအလင္းတန္းကိုျမင္ရေတာ့မယ္ဆိုေတာ့ ကင္မရာဝယ္ဖို႔အခ်ိန္တန္ၿပီလို႔ဆုံးျဖတ္၊ ေမာင္ဇိသူငယ္ခ်င္းတစ္ေယာက္ကို ကင္မရာရရင္ဓါတ္ပုံ႐ိုက္ေပးမယ္လို႔ စည္း႐ုံးၿပီးအေဖာ္ေခၚလို႔ ထ႐ြန္ဆိုကြၽန္းတစ္ခုလုံးပတ္ရွာၿပီး ကင္မရာေလးတစ္လုံးဝယ္ခဲ့ရတာ။ ထ႐ြန္ဆို တစ္ၿမိဳ႕လုံးမွာကလဲ ကြၽန္းရဲ႕ဟိုဘက္ထိပ္မွာရွိတဲ့ ေဈးဝယ္စင္တာႀကီးတစ္ခုကလြဲလို႔ ဘယ္မွာမွလိုခ်င္တဲ့ကင္မရာမ်ိဳးရွာမရခဲ့။ ထ႐ြန္ဆိုၿမိဳ႕ကအရမ္းႀကီးတဲ့ၿမိဳ႕တစ္ၿမိဳ႕လဲ မဟုတ္ဘူးမဟုတ္လား။ ဘာပဲေျပာေျပာ ကင္မရာတစ္လုံးရခဲ့ၿပီဆိုေတာ့ ေမာင္ဇိတို႔တစ္ဖြဲ႕လုံးတက္ႂကြေနၾကတာေတာ့အမွန္ပဲ။ ေကာင္းကင္ကအလင္းတန္းေလးေတြ ေပ်ာက္သြားေပမယ့္ ေတာအုပ္ထဲမွာေနရာေကာင္းေကာင္းရွာၿပီး ေနာက္တစ္ေခါက္ေပၚလာရင္ ဓါတ္ပုံ႐ိုက္ဖို႔အသင့္ျပင္လို႔ေစာင့္ၾကမယ္လို႔ ေမာင္ဇိတို႔ဆုံးျဖတ္ျဖစ္ၾကတယ္။

ေတာအုပ္ထဲကလမ္းမႊာေလးတစ္ခုအတိုင္းဆက္ေလွ်ာက္လာေတာ့ တစ္ဖ်တ္ဖ်တ္နဲ႔ေျပးလာတဲ့ေျခသံေတြနဲ႔အတူ အေမွာင္ထဲကေနမဲမဲပုပုအရာတစ္ခုနဲ႔ မဲမဲျမင့္ျမင့္အရာတစ္ခု ေမာင္ဇိတို႔ရွိရာကို လမ္းအတိုင္းခပ္ျမန္ျမန္ေ႐ြ႕လာတာေတြ႕ၾကရပါေလေရာ။ အားလုံးလဲ ဘယ္ေျပးရမွန္းမသိျဖစ္ကုန္လို႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၾကၿပီး အခ်င္းခ်င္းမသိမသာပူးကပ္ကုန္ၾကတယ္ဆိုပါေတာ့။ ေတာ္ပါေသးတယ္။ ကပ္လာတာက ေခြးတစ္ေကာင္နဲ႔ လူတစ္ေယာက္။ ညဘက္ႀကီး ဒီေလာက္ေအးေနတဲ့အခ်ိန္မွာလဲ ပန္းၿခံ၊ေတာအုပ္ထဲေလွ်ာက္ေျပးေနတဲ့လူေတြကရွိေသးတယ္။ အံ့ၾသတာပဲ။ လမ္းဖယ္ေပးၿပီး ဆက္ေလွ်ာက္လာၾကေတာ့ သစ္ပင္ေတြရဲ႕အလယ္မွာက ကြင္းျပင္ႀကီးတစ္ခု။ ရႈခင္းလဲေကာင္း၊ ေကာင္းကင္ကိုဓါတ္ပုံ႐ိုက္ရင္ သစ္ပင္ေတြနဲ႔လဲလြတ္မွာမို႔ ကြင္းျပင္ထဲကိုေျပးသြားမလို႔လုပ္ၿပီးမွ အေမွာင္ထဲမွာေသေသခ်ာခ်ာေလ့လာၾကည့္လိုက္ေတာ့ ႏွင္းမႈန္ေတြေအာက္၊ အေပၚယံမ်က္ႏွာျပင္မွာ ေရေတြခဲေနတဲ့ေရကန္ႀကီးျဖစ္ေနပါေရာလား။ ည ေမွာင္ေမွာင္မွာ ဘယ္ေလာက္ထူမွန္းမသိတဲ့ေရခဲျပင္ေပၚကိုေတာ့ မတက္ရဲ။ ေရခဲကြၽံၿပီးေရထဲက်လို႔ကေတာ့ ေအးတာနဲ႔ပဲ ေသြးခဲၿပီးေသမွာ။ ေရကန္ေဘးမွာ ဓါတ္ပုံ႐ိုက္မယ္ဆိုၿပီး ေမာင္ဇိရဲ႕ကင္မရာေထာက္တိုင္ေလးကိုထုတ္၊ ကင္မရာတပ္ဖို႔ ေထာက္တိုင္ေခါင္းေလးကိုလဲဆြဲခြာလိုက္ေရာ၊ ေအးခဲလြန္းလို႔ ႂကြတ္ဆတ္ေနတဲ့ ပလတ္စတစ္ကင္မရာေထာက္တိုင္ေခါင္းေလးက “ဂြၽတ္” ဆိုက်ိဳးသြားရွာေလရဲ႕။ ေမာင္ဇိကလဲ ခပ္ညံ့ညံ့ေထာက္တိုင္အမ်ိဳးအစားကို ဝယ္လာမိသကိုး။ ေတာ္ေသးတယ္ ကင္မရာကေတာ့ အေအးဒဏ္ခံႏိုင္တဲ့အမ်ိဳးအစားေပမို႔။ ေမာင္ဇိတစ္ေယာက္ကင္မရာတစ္လုံးနဲ႔အလုပ္ရႈပ္ေနတုန္းမွာ အမ်ိဳးသမီးတစ္ေယာက္နဲ႔ အမ်ိဳးသားတစ္ေယာက္ စကားတေျပာေျပာနဲ႔ လမ္းတစ္ေလွ်ာက္ခပ္မွန္မွန္ေျပးလာတာေတြ႕ရေသးတယ္။ ခုနကတစ္ခါႀကဳံဖူးၿပီးၿပီဆိုေတာ့ ေမာင္ဇိတို႔က မေၾကာက္ေတာ့ေပါင္။ ေနာ္ေဝစကားနဲ႔ “ေဟး…ေဟး” လို႔ေတာင္ႏႈတ္ဆက္လိုက္ေသး။ အဂၤလိပ္လိုဆို “ ဟိုင္း” ေပါ့။ မၾကာခင္မွာပဲ ေမာင္ဇိတို႔ေစာင့္ေမွ်ာ္ေနတဲ့ ဝင္႐ိုးစြန္းအလင္းတန္းေတြေပၚလာလို႔ ေမာင္ဇိတို႔တစ္အုပ္လုံးေပ်ာ္႐ႊင္သြားၾကရတယ္။ ဒီတစ္ႀကိမ္မွာေတာ့ အလင္းတန္းေတြက ပီပီျပင္ျပင္နဲ႔၊ ေကာင္းကင္ေပၚမွာ အေရာင္လြင္လြင္ အလံအႀကီးႀကီးကို ကန႔္လန႔္ျဖတ္လႊင့္ထားသလိုမ်ိဳး ၊ အေရာင္ေတာက္ေတာက္နဂါးႀကီးေတြ ျမဴးတူးေနၾကသလိုမ်ိဳး၊ အစိမ္းေရာင္သန္းလိုက္ အဖ်ားအနားေလးေတြမွာ လိေမၼာ္ရင့္ေရာင္၊ ပန္းေရာင္သန္းလိုက္နဲ႔ လြင့္လြင့္လူးလူး ကခုန္လို႔ေပါ့။ ဝင္႐ိုးစြန္းအလင္းတန္းေတြကိုၾကည့္ရတာ ေခါင္းေပၚကိုျဖတ္သြားတဲ့တိမ္ေတြကိုၾကည့္ေနရသလိုမ်ိဳး လူနဲ႔နီးနီးေလးလို႔ ခံစားရတယ္။ ေထာက္တိုင္မရွိလို႔ အေမွာင္ထဲမွာ လက္တုန္တုန္နဲ႔႐ိုက္ထားတဲ့ေမာင္ဇိရဲ႕ ဝင္႐ိုးစြန္းအလင္းတန္းပုံေတြက ခပ္ဝါးဝါး။ ၁၅ မိနစ္ေလာက္ၾကာေတာ့ အလင္းတန္းေတြက ျပန္ၿပီေပ်ာက္သြားျပန္တယ္။ ဒါေပမယ့္ ေမာင္ဇိတို႔ေတြ ေက်နပ္အားရၾကပါတယ္။ ဝင္႐ိုးစြန္းအလင္းတန္းေတြကို တစ္ဝႀကီးေတြ႕ခြင့္ရလိုက္ၾကတယ္မဟုတ္လား။

ေမာင္ဇိတို႔က ဝင္႐ိုးစြန္းအလင္းတန္းေတြကိုၾကည့္ဖို႔ခရီးမထြက္ခင္ကတည္းက အဲဒီဟာေတြအေၾကာင္း စိတ္ဝင္စားလြန္းလို႔ ရွာဖတ္ထားၿပီးသား။ ဝင္႐ိုးစြန္းအလင္းတန္းေတြဆိုတာကဘာလဲ၊ ဘယ္လိုျဖစ္လာတာလဲဆိုတာမ်ိဳးေပါ့။ ေနကထုတ္လႊတ္လိုက္တဲ့ လွ်ပ္စစ္ဓါတ္ပါတဲ့အမႈန္ေလးေတြကမာၻ႔ေလထုထဲကိုဝင္လာရာကေန ကမာၻေပၚက ေအာက္ဆီဂ်င္၊ ႏိုက္ထ႐ိုဂ်င္စတဲ့ဓါတ္ေငြ႕မႈန္ေလးေတြ နဲ႔ တိုက္ခိုက္မိရာကထြက္လာတဲ့ေရာင္စဥ္ေတြကို ဝင္႐ိုးစြန္းအလင္းတန္းေတြလို႔ ေခၚတယ္လို႔ သိပၸံပညာရွင္ေတြက ရွင္းျပၾကတယ္။ သံလိုက္စက္ကြင္းအားျပင္းတဲ့ ေျမာက္ဝင္႐ိုးစြန္းနဲ႔၊ ေတာင္ဝင္႐ိုးစြန္းေဒသေတြမွာ ျဖစ္တတ္တယ္ဆိုပါေတာ့။ တစ္ခ်ိန္ထဲမွာပဲ ႏိုင္ငံအသီးသီး၊ လူမ်ိဳးအသသမွာလဲ ဝင္႐ိုစြန္းအလင္းတန္းနဲ႔ပက္သက္လို႔ ဒ႑ာရီကိုယ္စီဆိုသလိုရွိၾကေသးတယ္။ ေရာမဒ႑ာရီမွာ ေအာ္႐ိုးရား(Aurora) ဆိုတာက အ႐ုဏ္ဦးနတ္သမီးရဲ႕နာမည္။ ေျမာက္အေမရိကနဲ႔ ဥေရာပေျမာက္ပိုင္းကလူမ်ိဳးတစ္ခ်ိဳ႕က ဝင္႐ိုးစြန္းအလင္းတန္းေတြဟာ မီးတုတ္ေတြ၊ မီးပုံပြဲေတြကေနေကာင္းကင္ကိုေရာင္ျပန္ဟပ္တာလို႔ယူဆၾကၿပီး ကမာၻ႔ေျမာက္ပိုင္းမွာေနတဲ့တျခားလူမ်ိဳးေတြကေတာ့ သူတို႔လူမ်ိဳးကြယ္လြန္သူေတြရဲ႕ဝိညာဥ္ေတြကိုျမင္ရတာလို႔ယုံၾကည္ၾကတယ္။ ဘယ္လိုပဲဆိုဆိုပါ၊ ဝင္႐ိုးစြန္းအလင္းတန္းေတြဟာ အံ့ခ်ီးဖြယ္ေကာင္းေလာက္ေအာင္လွပၿပီး စိတ္ကို႐ႊင္လန္းဝမ္းေျမာက္ေစတယ္ဆိုတာေတာ့ေသခ်ာတယ္။

ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ျပန္လာတဲ့ ေမာင္ဇိတို႔အဖြဲ႕ကို ဝင္႐ိုးစြန္းအလင္းတန္းေတြနဲ႔ႏႈတ္ဆက္လမ္းခြဲၿပီး ကမာၻေျမေပၚကိုခုန္ခ်လာတဲ့ ႏွင္းေတြတဖြဲဖြဲက ေကာင္းခ်ီးေပးပါတယ္။ ႏွင္းေတြတဖြဲဖြဲကေန ႏွင္းေတြဒလေဟာျဖစ္လာလို႔ ဟိုတယ္ေရာက္ခါနီးမွ သုတ္ေျခတင္ၿပီးေျပးၾကရျပန္တယ္။ ဟိုတယ္ေရာက္ၿပီးတဲ့ေနာက္ တစ္ညလုံးႏွင္းမိုးေတြသည္းေနလိုက္တာ ဒါမ်ိဳးတစ္ခါမွမျမင္ဖူးတဲ့ေမာင္ဇိတို႔အတြက္ကေတာ့ ၾကည့္မဝပါပဲ။ မနက္လင္းေတာ့ လမ္းေတြထဲမွာႏွင္းေတြနဲ႔ျပည့္ေနၿပီး၊ လမ္းေဘးေတြမွာဆိုႏွင္းေတြကိုမရွင္းထားလို႔ နင္းလိုက္ရင္ေျခခ်င္းဝတ္ထိနစ္နစ္ဝင္သြားတာ စိတ္လႈပ္ရွားစရာေကာင္းလြန္းလွေပါ့။ တစ္ခ်ိဳ႕ေနရာေတြမွာေတာ့ႏွင္းေတြကိုပုံထားတာ လူတစ္ရပ္နီးပါး။ ကားလမ္းေပၚမွာေတာ့ ကားသြားလို႔ရေအာင္ႏွင္းရွင္းတဲ့ကားေတြနဲ႔ရွင္းေပးထားလို႔ ေတာ္ပါေသး။

ခရစၥမတ္ၿပီးေနာက္တစ္ရက္မွာေတာ့ ဝင္႐ိုးစြန္းျပတိုက္ (Polar Museum) ကို သြားၾကည့္ျဖစ္ၾကတယ္။ အရင္ရက္ေတြကေမာင္ဇိတို႔ေရာက္ခဲ့ဖူးတဲ့ ကမာၻလွည့္ခရီးသည္ေတြကို သတင္းအခ်က္အလက္ေတြေပးေနတဲ့  Information ကိုကိုယ္စားျပဳတဲ့ (i) တံဆိပ္အလံေလးတလူလူနဲ႔ ၿမိဳ႕လယ္ကႏွစ္ထပ္သစ္သား႐ုံးအျဖဴေလးထဲကိုဝင္၊ ေဖာ္ေ႐ြတဲ့ ဝန္ထမ္းအမ်ိဳးသမီးႀကီးေတြဆီကေန အလကားေဝတဲ့ေျမပုံကိုထပ္ေတာင္း၊ သိခ်င္ရာေတြေမးၿပီး ပိုလာျပတိုက္ရွိရာကို ေျခလ်င္ခ်ီတက္ခဲ့ၾကတယ္။ ၿမိဳ႕ေလးကေသးတာကတစ္ေၾကာင္း၊ အဓိကဆြဲေဆာင္ရာေတြေရာ၊ ဆိုင္ေတြေတာ္ေတာ္မ်ားမ်ားကေရာ တည္းတဲ့ဟိုတယ္နဲ႔နီးတာကတစ္ေၾကာင္း၊ ၿမိဳ႕အလွကိုေသေသခ်ာခ်ာခံစားခ်င္တာကလဲတစ္ေၾကာင္းေၾကာင့္ ေမာင္ဇိတို႔အဖြဲ႕ေတြလမ္းပဲေလွ်ာက္ျဖစ္ၾကတာမ်ားတယ္။ ဘတ္စ္ကားခလဲသက္သာ၊ လမ္းမွာဝင္ခ်င္ရာေတြ႕ရင္လဲဝင္ၾကည့္ၾကနဲ႔ တစ္ခ်က္ခုတ္၊ ဆယ္ခ်က္ေလာက္ျပတ္ေပါ့။ ဥပမာေျပာရရင္ ဝင္႐ိုးစြန္းျပတိုက္ကိုသြားရင္းဆိပ္ကမ္းမွာကပ္ထားတဲ့ပင္လယ္ကူးသေဘၤာႀကီးကို သြားေငးၾကတာမ်ိဳး၊ လမ္းမွာႏွင္းေတြလုံးၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ပစ္ေပါက္ၾကတာမ်ိဳး၊ ေတြ႕တဲ့ႏွင္းပုံႀကီးထဲကို ဒိုင္ပင္ပစ္ဝင္ၾကတာမ်ိဳး၊ အဲလိုမ်ိဳးေလးေတြက ေျခလ်င္ေလွ်ာက္မွခံစားရတာမ်ိဳးေတြမဟုတ္လား။

ဝင္႐ိုးစြန္းျပတိုက္ကလဲ ၿမိဳ႕ထဲကတျခားအေဆာက္အဦးေတာ္ေတာ္မ်ားမ်ားလိုပဲ ထပ္ခိုးပါတဲ့ႏွစ္ထပ္သစ္သားအိမ္ႀကီးတစ္ခုကို အေဆာင္ေဆာင္အခန္းခန္းနဲ႔ဖြဲ႕စည္းထားတာ။ အထဲမွာကေတာ့ အ႐ိုးကြဲမတတ္အေအးဒဏ္ကို အံတုဖို႔ထူထဲလွတဲ့သားေမြးအက်ႌပြႀကီးေတြဝတ္ထားတဲ့ ေရွးလူႀကီးေတြရဲ႕အ႐ုပ္ေတြ၊ ပုံေတြ၊ အၫႊန္းစာေတြ၊ သားေရနဲ႔က်တ္ထားတဲ့ တစ္ေယာက္စီးေလာင္းေလွရွည္ေလးေတြ၊ ေရွးကသုံးခဲ့တဲ့ေရခဲခြဲကိရိယာေတြနဲ႔ အမဲလိုက္ကိရိယာေတြ၊ ေလွ၊ သေဘၤာပုံစံငယ္ေတြ၊ ေသနတ္ေတြစသည္ျဖင့္စုံလင္ေအာင္ျပထားတယ္။ အစစ္နဲ႔မျခားအသက္ဝင္ေအာင္ အစာသြတ္ၿပီး လႈပ္ရွားသြားလာေနဟန္လုပ္ထားတဲ့ ပိုလာဝက္ဝံျဖဴႀကီးေတြ၊ အစြယ္ပါတဲ့ဖ်ံႀကီးေတြအျပင္ ဦးခ်ိဳကားကားနဲ႔သမင္ႀကီးေတြ၊ လင္းယုံငွက္ႀကီးေတြကို ပုံသြင္းထားကလဲ ပညာသားပါလြန္းလွတယ္။ လူတစ္ရပ္ေက်ာ္၊ ရွစ္ေပမကရွည္တဲ့ ပင္လယ္ဖ်ံႀကီးတစ္ေကာင္ရဲ႕အ႐ိုးစုကိုျမင္မွ ဖ်ံတစ္ေကာင္ဟာဒီေလာက္ေတာင္ႀကီးႏိုင္ပါလားဆိုၿပီး အံ့ၾသရေသးတယ္။ ဖ်ံႀကီးရဲ႕အစြယ္တစ္ေခ်ာင္းခ်င္းကကို တစ္ေတာင္ေက်ာ္ေက်ာ္ေလာက္ရွည္တာပါကလား။ ေရခဲျပင္ေပၚမွာ ေလွေပၚကဆင္းလာတဲ့ဖ်ံလိုက္မုဆိုးေတြရဲ႕ ဖ်ံလိုက္လွံေတြနဲ႔ ဖ်ံေတြကိုဖမ္းဆီးပုံျပခန္းကိုျမင္ရေတာ့ ဖ်ံကေလးေတြကိုေတာင္ သနားမိေသးတယ္။ လွ်င္လွတယ္ဆိုတဲ့ဖ်ံေတြလဲ ညဏ္နီ၊ ညဏ္နက္မ်ားတဲ့လူသားေတြနဲ႔ေတြ႕ေတာ့ ဘာတတ္ႏိုင္ၾကေသးလဲလို႔ သံေဝဂလဲရမိတာေပါ့ေလ။ တစ္ခ်ိဳ႕ျပခန္းေတြမွာေတာ့ အာတိတ္သမုဒၵရာထဲမွာစြန႔္စားသြားလာခဲ့တဲ့ သေဘၤာကပၸတိန္ေတြရဲ႕ ႐ုပ္တုေတြ၊ စြမ္းေဆာင္မႈေတြနဲ႔ အသုံးအေဆာင္ပစၥည္းေတြကိုၾကည့္ခြင့္ရတယ္။ ၾကက္၊ငွက္တိရိစာၦန္အေသေကာင္ေတြကို အိမ္ေရွ႕နံရံမွာခ်ိတ္ဆြဲထားၿပီး ေခြးတစ္ေကာင္နဲ႔အတူ အိမ္ေရွ႕မွာထိုင္ေနတဲ့ လူတစ္ေယာက္ရဲ႕တကယ့္အ႐ြယ္အစားလက္ရာေျမာက္လွတဲ့ ပုံတူ႐ုပ္ေတြနဲ႔ျပခန္းႀကီးမ်ိဳးကိုလဲ ခမ္းခမ္းနားနား အေသးစိတ္လုပ္ထားေသးတယ္။ ႏွစ္သစ္ကူးကာလျဖစ္လို႔ထင္ပါတယ္၊ ျပတိုက္တစ္ခုလုံးမွာကလဲ ေမာင္ဇိတို႔အဖြဲ႕အျပင္လူက ေလး၊ငါး၊ ဆယ္ေယာက္ေလာက္ပဲရွိရဲ႕။ လူနည္းေတာ့ ျပတိုက္ႀကီးထဲမွာအဆင့္အတန္းျမင့္ျမင့္၊ စုံစုံလင္လင္ျပထားတဲ့ ျပခန္းေတြကို ေအးေအးေဆးေဆးေလ့လာခြင့္ရလို႔ ပိုေတာင္ေကာင္းေသး။

ေမာင္ဇိတို႔အားလုံးျပတိုက္ထဲကေနထြက္လာေတာ့ ေန႔တာတိုလြန္းလွတဲ့ေဆာင္တြင္းကာလျဖစ္လို႔ ထ႐ြန္ဆိုၿမိဳ႕ေလးက အေမွာင္ထုေအာက္ေတာင္ေရာက္ေနၿပီ။ ေငြေရာင္ေဖြးေဖြး ေအးစက္စက္ႏွင္းမႈန္ေလးေတြကေတာ့ ေမာင္ဇိတို႔ေခါင္းေပၚမွာတေဖ်ာက္ေဖ်ာက္က်ေနတုန္း။ ေမာင္ဇိနဲ႔ သူငယ္ခ်င္းေတြလဲ ႏွင္းေတြထဲကို တစြပ္စြပ္နင္းလို႔ တည္းခိုရာဟိုတယ္ကိုျပန္ခဲ့ၾကတယ္။ ထ႐ြန္ဆိုၿမိဳ႕ေလးကလဲ ႏွင္းေတြထဲမွာေအးခ်မ္းတိတ္ဆိတ္လို႔ တည္တည္ၿငိမ္ၿငိမ္လွလွပပပဲေပါ့။ ေမာင္ဇိကေတာ့ ျမန္မာႏွစ္ကူး၊ တ႐ုတ္ႏွစ္ကူး၊ အဂၤလိပ္ႏွစ္ကူး မ်ိဳးစုံ ကိုႏိုင္ငံအမ်ိဳးမ်ိဳးမွာက်င္းပၾကပုံခ်င္းမတူၾကတာေတြရွိသလို၊ ဆင္တူၾကတာေတြရွိတာကိုလဲေတြး၊ ဝင္႐ိုးစြန္းအလင္းတန္းရဲ႕လွပပုံကိုလဲေတြး၊ တျခားေရာက္တတ္ရာရာေတြလဲေတြးလို႔ စီးက်လာတဲ့ႏွာရည္ေတြကို လက္အိတ္စြပ္ထားတဲ့လက္ဖမိုးနဲ႔သုတ္လိုက္ရင္း စိတ္ကူးထဲမွာေမ်ာေနေလရဲ႕။          ။

ေမာင္ဇိ
၂၂၊ ၀၄၊ ၂၀၁၇ ( ျမန္မာစံေတာ္ခ်ိန္ မနက္ ၁နာရီ )




No comments:

Post a Comment