Saturday, May 28, 2011

အမှတ်တမဲ့ပင်ဖြစ်သော်ငြား

အဝေးမှာရှိတဲ့ ကျွန်တော့်အိမ်ကိုဖုန်းဆက်တော့ ဖေဖေက " ငါ့သား၊ မင်းဘဘက မင်းပြန်သွားခါနီး သူ့ကိုဖက်သွားတာ စိတ်ထဲမှာဝမ်းနည်းလို့တဲ့ကွာ" တဲ့။ ကျွန်တော်အဖိုးအကြောင်းကိုပြောတာပါ။ ကျွန်တော်လဲ စိတ်ထဲမှာတစ်ချက်ငိုင်သွားပြီး ဘဘကို တော်တော်လွမ်းသွားပါတယ်။ အဲဒီနေ့က ကျွန်တော်ကျောင်းတက်ရာနိုင်ငံငယ်လေးကို ပြန်ဖို့လေဆိပ်ကိုဆင်းတော့ ကျွန်တော့အဖိုးပါလိုက်ပို့ပါတယ်။ အဖိုးကို ကျွန်တော်တို့မောင်နှမတွေက ဘဘ လို့ခေါ်ပါတယ်။ ဖေဖေရယ်၊ ဘဘရယ် နှစ်ယောက်လိုက်ပို့ကြတာပါ။ ဘဘက အသက် ၈၇ နှစ်ရှိပါပြီ။ အိမ်နားမှာလမ်းလျှောက်တာကလွဲလို့ ဘယ်မှသိပ်သွားတာမဟုတ်ပါဘူး။ ခုတော့ " ငါ့မြေးကိုလိုက်ပို့ဦးမယ်" ဆိုပြီး သူဝတ်နေကျရှပ်အင်္ကျီအဖြူလေးရယ်၊ ပုဆိုးလေးကို ခါးပုံစကြီးကြီးနဲ့ ဝတ်နေကျအတိုင်းတိုတိုရယ် ဝတ်လို့လေဆိပ်ကိုလိုက်ချလာပါတယ်။ အသက်သာ ၈၇ နှစ်ရှိပေမယ့် ဘဘက တော်တော်ကျန်းမာပါသေးတယ်။ ခါးနည်းနည်းကိုင်းနေတာကလွဲလို့ သူ့ဟာသူအကူမပါပဲ သန်သန်မာမာနဲ့ လမ်းလျှောက်နိုင်နေတုံးပါ။ ကျွန်တော်က ဘဘကိုလက်တွဲပြီး လူဝင်မှုကြီးကြပ်ရေးထိခေါ်လာခဲ့ပါတယ်။ ဘဘက ကျွန်တော့လက်ကို မြဲမြဲကိုင်လို့ မြေးအဖိုးနှစ်ယောက် နဲ့ ဖေဖေ၊ သားအဖ နှစ်စုံပေါ့။ လူဝင်မှုကြီးကြပ်ရေးကောင်တာဖြတ်ခါနီးမှာ အနားမှာရှိတဲ့ဖေဖေ့ကို ဖက်ပြီးနှုတ်ဆက်လိုက်တယ်။ ပြီးတော့ ဘဘကိုလဲ ပွေ့ဖက်ပြီးနှုတ်ဆက်ချင်လာလို့ အနားကိုသွားပြီး " သား၊ သွားတော့မယ် ဘဘ" ဆိုပြီး ခဏဖက်ထားလိုက်ပါတယ်။ နောက်တော့ လေယာဉ်ပေါ်တက်လို့ပြန်လာခဲ့ပါတယ်။ ကျွန်တော် ဘဘကို ဖက်ထားတုန်းမှာ ဘဘစိတ်ထဲ ဝမ်းနည်းစရာ ခံစားရတယ်ဆိုတာ ဖေဖေပြောမှသိတာပါ။ ကျွန်တော်လဲ ဖေဖေပြောတာပြန်ကြားတော့ ဘဘကို သတိရလို့ ဝမ်းနည်းမိပါတယ်။ ဟုတ်ပါတယ်။ ဘဘကကျွန်တော်နဲ့က စိတ်ချင်းနီးစပ်ပါတယ်။ ကျွန်တော်ကလဲ ဘဘကိုချစ်တာကိုး။ ဘဘနဲ့နေစဉ်က အပြင်သွားရင် ဘဘအတွက်မုန့်လေးတွေ တစ်မျိုးမဟုတ်တစ်မျိုး ကျွန်တော် သတိတရနဲ့ ဝယ်လာတတ်ပါတယ်။ ဘဘကြိုက်တဲ့ဟာမျိုးဆို မှတ်ထားပြီးကို ခဏ၊ခဏ ဝယ်လာပေးတာပါ။ ဘဘကလဲ အဲဒါမျိုးဆို "ငါ့မြေးက ငါ့အတွက်ဝယ်လာတဲ့မုန့်" ဆိုပြီး တစ်ဖွဖွပြောတတ်တာပါ။ ကျွန်တော်ကလဲ ဘဘအဲလိုပြောလေ သိပ်ပျော်လေပေါ့။ ဘဘ တီဗီကြည့်တဲ့အချိန်ဆို ဘေးမှာထိုင်ပြီး ဘဘစားဖို့ နေကြာစေ့တွေကို မကုန်မချင်း ကျွန်တော် အခွံခွာပေးတတ်ပါတယ်။ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ ကျွန်တော့အဖိုးကို သက်ရှိထင်ရှားရှိစဉ်တုန်းမှာ တတ်နိုင်သလောက်ပြုစုပေးလိုက်ချင်တဲ့ စေတနာနဲ့ပါ။ အဲဒီလိုပြုစုပေးတာတွေကြောင့်လဲ ဘဘကကျွန်တော့ကို သံယောဇဉ်ကြီးတာနေမှာပါ။ ခုလိုဘဘပြောမှပဲ ဘဘကျွန်တော့ကို သံယောဇဉ်ဘယ်လောက်ကြီးလဲ သိရတာပါ။ တစ်ခါတစ်လေတော့လဲ မထင်မှတ်ပဲ ပြုလိုက်တဲ့အပြုအမူလေးတွေက လူ့စိတ်ကို ညွတ်နူးစေတတ်ပါတယ်။ ကျွန်တော့ရဲ့ အပြုအမူလေးတစ်ခုက ဘဘကို " ငါ့မြေး၊ ငါ့ကိုပြန်ခါနီးဖက်သွားတာ စိတ်ထဲမှာ ဝမ်းနည်းလိုက်တာကွာ" လို့ပြောစေပြီး၊ ဘဘရဲ့ အဲဒီစကားက ပြန်ကြားရတဲ့ကျွန်တော့ကိုလဲ အတိုင်းမသိ စိတ်ထဲမှာသတိရ ဝမ်းနည်းစေပါတယ်။ ဘဘနဲ့ အမေကြီး ကျန်းကျန်းမာမာနဲ့ အသက်ရာကျော်ရှည်ပါစေ..............။
(မေ၂၈၊ ၂၀၁၁)

===================================================

အေဝးမွာရွိတဲ့ ကြ်န္ေတာ့္အိမ္ကိုဖုန္းဆက္ေတာ့ ေဖေဖက " ငါ့သား၊ မင္းဘဘက မင္းျပန္သြားခါနီး သူ႔ကိုဖက္သြားတာ စိတ္ထဲမွာဝမ္းနည္းလို႔တဲ့ကြာ" တဲ့။ ကြ်န္ေတာ္အဖိုးအေၾကာင္းကိုေျပာတာပါ။ ကြ်န္ေတာ္လဲ စိတ္ထဲမွာတစ္ခ်က္ငိုင္သြားၿပီး ဘဘကို ေတာ္ေတာ္လြမ္းသြားပါတယ္။ အဲဒီေန႔က ကြ်န္ေတာ္ေက်ာင္းတက္ရာႏုိင္ငံငယ္ေလးကို ျပန္ဖို႔ေလဆိပ္ကုိဆင္းေတာ့ ကြ်န္ေတာ့အဖိုးပါလုိက္ပို႔ပါတယ္။ အဖိုးကို ကြ်န္ေတာ္တို႔ေမာင္ႏွမေတြက ဘဘ လို႔ေခၚပါတယ္။ ေဖေဖရယ္၊ ဘဘရယ္ ႏွစ္ေယာက္လိုက္ပို႔ၾကတာပါ။ ဘဘက အသက္ ၈၇ ႏွစ္ရွိပါၿပီ။ အိမ္နားမွာလမ္းေလွ်ာက္တာကလြဲလို႔ ဘယ္မွသိပ္သြားတာမဟုတ္ပါဘူး။ ခုေတာ့ " ငါ့ေျမးကိုလိုက္ပို႔ဦးမယ္" ဆိုၿပီး သူူဝတ္ေနက်ရွပ္အကၤ်ီအျဖဴေလးရယ္၊ ပုဆိုးေလးကို ခါးပုံစၾကီးၾကီးနဲ႔ ဝတ္ေနက်အတိုင္းတိုတိုရယ္ ဝတ္လို႔ေလဆိပ္ကိုလိုက္ခ်လာပါတယ္။ အသက္သာ ၈၇ ႏွစ္ရွိေပမယ့္ ဘဘက ေတာ္ေတာ္က်န္းမာပါေသးတယ္။ ခါးနည္းနည္းကိုင္းေနတာကလြဲလို႔ သူ႔ဟာသူအကူမပါပဲ သန္သန္မာမာနဲ႔ လမ္းေလွ်ာက္ႏုိင္ေနတုံးပါ။ ကြ်န္ေတာ္က ဘဘကိုလက္တြဲၿပီး လူဝင္မွဳၾကီးၾကပ္ေရးထိေခၚလာခဲ့ပါတယ္။ ဘဘက ကြ်န္ေတာ့လက္ကို ၿမဲၿမဲကို္င္လို႔ ေျမးအဖိုးႏွစ္ေယာက္ နဲ႔ ေဖေဖ၊ သားအဖ ႏွစ္စုံေပါ့။ လူဝင္မွဳၾကီးၾကပ္ေရးေကာင္တာျဖတ္ခါနီးမွာ အနားမွာရွိတဲ့ေဖေဖ့ကို ဖက္ၿပီးႏွဳတ္ဆက္လိုက္တယ္။ ၿပီးေတာ့ ဘဘကိုလဲ ေပြ႔ဖက္ၿပီးႏွဳတ္ဆက္ခ်င္လာလို႔ အနားကိုေခၚၿပီး " သား၊ သြားေတာ့မယ္ ဘဘ" ဆိုၿပီး ခဏဖက္ထားလုိက္ပါတယ္။ ေနာက္ေတာ့ ေလယာဥ္ေပၚတက္လို႔ျပန္လာခဲ့ပါတယ္။ ကြ်န္ေတာ္ ဘဘကို ဖက္ထားတုံးမွာ ဘဘစိတ္ထဲ ဝမ္းနည္းစရာ ခံစားရတယ္ဆိုတာ ေဖေဖေျပာမွသိတာပါ။ ကြ်န္ေတာ္လဲ ေဖေဖေျပာတာျပန္ၾကားေတာ့ ဘဘကို သတိရလို႔ ဝမ္းနည္းမိပါတယ္။ ဟုတ္ပါတယ္။ ဘဘကကြ်န္ေတာ္နဲ႔က စိတ္ခ်င္းနီးစပ္ပါတယ္။ ကြ်န္ေတာ္ကလဲ ဘဘကိုခ်စ္တာကိုး။ ဘဘနဲ႔ေနစဥ္က အျပင္သြားရင္ ဘဘအတြက္မုန္႔ေလးေတြ တစ္မ်ိဳးမဟုတ္တစ္မ်ိဳး ကြ်န္ေတာ္ သတိတရနဲ႔ ဝယ္လာတတ္ပါတယ္။ ဘဘၾကိဳက္တဲ့ဟာမ်ိဳးဆို မွတ္ထားၿပီးကို ခဏ၊ခဏ ဝယ္လာေပးတာပါ။ ဘဘကလဲ အဲဒါမ်ိဳးဆို "ငါ့ေျမးက ငါ့အတြက္ဝယ္လာတဲ့မုန္႔" ဆိုၿပီး တစ္ဖြဖြေျပာတတ္တာပါ။ ကြ်န္ေတာ္ကလဲ ဘဘအဲလိုေျပာေလ သိပ္ေပ်ာ္ေလေပါ့။ ဘဘ တီဗီၾကည့္တဲ့အခ်ိန္ဆုိ ေဘးမွာထိုင္ၿပီး ဘဘစားဖုိ႔ ေနၾကာေစ့ေတြကို မကုန္မခ်င္း ကြ်န္ေတာ္ အခြံခြာေပးတတ္ပါတယ္။ အသက္အရြယ္ၾကီးရင့္ၿပီျဖစ္တဲ့ ကြ်န္ေတာ့အဖိုးကို သက္ရွိထင္ရွားရွိစဥ္တုံးမွာ တတ္ႏုိင္သေလာက္ျပဳစုေပးလုိက္ခ်င္တဲ့ ေစတနာနဲ႔ပါ။ အဲဒီလုိျပဳစုေပးတာေတြေၾကာင့္လဲ ဘဘကိုကြ်န္ေတာ့ကို သံေယာဇဥ္ၾကီးတာေနမွာပါ။ ခုလိုဘဘေျပာမွပဲ ဘဘကြ်န္ေတာ့ကို သံေယာဇဥ္ဘယ္ေလာက္ၾကီးလဲ သိရတာပါ။ တစ္ခါတစ္ေလေတာ့လဲ မထင္မွတ္ပဲ ျပဳလိုက္တဲ့အျပဳအမူေလးေတြက လူ႔စိတ္ကို ညြတ္ႏူးေစတတ္ပါတယ္။ ကြ်န္ေတာ့ရဲ ႔ အျပဳအမူေလးတစ္ခုက ဘဘကို " ငါ့ေျမး၊ ငါ့ကိုျပန္ခါနီးဖက္သြားတာ စိတ္ထဲမွာ ဝမ္းနည္းလိုက္တာကြာ" လို႔ေျပာေစၿပီး၊ ဘဘရဲ ႔ အဲဒီစကားက ျပန္ၾကားရတဲ့ကြ်န္ေတာ့ကိုလဲ အတိုင္းမသိ စိတ္ထဲမွာသတိရ ဝမ္းနည္းေစပါတယ္။ ဘဘနဲ႔ အေမၾကီး က်န္းက်န္းမာမာနဲ႔ အသက္ရာေက်ာ္ရွည္ပါေစ..............။

အရှေ့ကို လျှောက်ပါလို့ အနောက်ကိုမျှော်

ကျွန်တော်ဆယ်တန်းတက်နေရင်းနဲ့ တစ်နေ့တော့ စာကျက်ရင်း စဉ်းစားမိတယ်။ ဒီစာတွေကို ဒီအရွယ်ထိသင်လာ၊ ပြီးတော့လဲ ထပ်သင်၊ နောက်ဆုံး တစ်နေ့မှာ သေသွားတယ်ဆိုပါတော့။ နောက်ဘဝလဲရောက်ရော ဟိုး...အစက ပြန်သင်ရပြန်ရော( လူပြန်ဖြစ်ရင်ပြောပါတယ်)။ ဒီလိုနဲ့ ဘဝတွေပြောင်းတိုင်း ပြောင်းတိုင်း အကုန်မေ့၊ ထပ်ခါ၊ထပ်ခါ အစကပြန်သင်။ ဒါဖြင့် စာတွေသင်နေတာ အဓိပ္ပါယ် ဘာရှိမှာလဲပေါ့။ ဒါနဲ့ ကျွန်တော့်ရဲ့ အတွေးမဟာကြီးကို ကျွန်တော့အဖိုးကို သွားပြောပြလိုက်တယ်။ "ဘဘရေ၊ ဘဝဆိုတာ အဲလိုမျိုးကြီးဆိုရင်တော့ ပျင်းစရာကြီးနော်၊ ဘာအဓိပ္ပါယ်မှလဲ မရှိဘူး " ဆိုပြီးတော့ပေါ့။ ဘဘက ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ပေးပါတယ်။ ပြီးတော့မှ ကျွန်တော့အဖေကို သွားပြောပါတယ်။ " သား၊ မင်းသား စာမလိုက်နိုင်ဘူးနဲ့တူတယ်ကွ၊ ငါ့ကို အဲလိုလာပြောနေတယ်တဲ့ " တဲ့။ မှတ်ကရော။ အဲဒီကတည်းက ကျွန်တော်တွေးမိသမျှကို လူကြီးတွေနဲ့ ဆွေးနွေးဖို့ တော်တော်စဉ်းစားလိုက်ရပါတယ်။ ကျွန်တော်ပြောတဲ့စကားကိုမူတည်ပြီး သူတို့ကကျွန်တော့ စိတ်အခြေအနေကို အကဲခတ်တာကိုး။ တကယ်တော့ ပြောရရင် အဲဒီအတွေးက နောက်ပိုင်း တလျှောက်လုံး ခဏ၊ ခဏပေါ်နေပါသေးတယ်။ အသက်အရွယ်၊ အတွေ့အကြုံတွေကြောင့် အတွေးအခေါ်တစ်ချို့ပြောင်းသွားပေမယ့် ဘဝဆိုတာ ဘယ်လိုနေရင် တန်ဖိုးရှိမှာလဲဆိုတာကို သိချင်နေတုန်းပါ။ အောင်မြင်မှု၊ ကျော်ကြားမှု၊ ချမ်းသာလိုမှု စတဲ့ အလိုလောဘနဲ့ စပ်တဲ့ ကိစ္စတိုင်းကလဲ ပူလောင်လွန်းလှပါတယ်။ ဘဝမှာနေရတာ အရမ်းစိတ်ချမ်းသာစရာကောင်းတယ်လို့ ခံစားရတဲ့ အခိုက်အတန့်လေးတွေ၊ ဘဝမှာပျော်ရွှင်နေတယ်ဆိုတဲ့ အခိုက်အတန့်လေးတွေ ရှိခဲ့ဘူးသလို၊ လူတွေဘာအတွက် အသက်ရှင်နေတာလဲလို့ တွေးမိနေခဲ့တဲ့ အချိန်တွေလဲ ရှိခဲ့ပါတယ်။ အရမ်းအောင်မြင်ကျော်ကြားခဲ့တဲ့ ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးတို့၊ မင်းသမီး မာရီလင်မွန်ရိုးတို့ စတဲ့စတဲ့သူတွေဟာလဲ ဘဝကိုအရှုံးပေးပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာ ဖတ်ဖူးပါတယ်။ ဒီလောက်ကမ္ဘာသိကျော်ကြားနေတာတောင်မှ ဒီလိုဖြစ်မှတော့ ဘဝဟာ အဓိပ္ပါယ်မရှိဘူးလို့ ခံစားရပါတယ်။ ဒါဖြင့် ဘဝမှာ အမြဲပျော်ရွှင်နေနိုင်ဖို့ ဘာလုပ်ကြမလဲ။ စဉ်းစားရတာတော်တော်ခေါင်းခြောက်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ သာမာန်ဗုဒ္ဓဘာသာဝင်တစ်ယောက်ထက်လဲ ဘာသာရေးကိုလေ့လာ လိုက်စားဖူးပါတယ်။ ဘာသာရေးကတော့ စိတ်ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တယ်ဆိုတာ အမှန်ပါ။ ကျွန်တော်ပြောတဲ့ ဘာသာရေးဆိုတာက နေ့တိုင်းဘုရားရှိခိုးပြီး တရားစာရွတ်နေတာလောက်ကိုပြောတာမဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း ကိုယ်တိုင် ကျင့်ကြံပြီး စိတ်ရဲ့ငြိမ်းချမ်းမှုကို ရအောင်ရှာတာမျိုးကိုပြောတာပါ။ အချိန်အတိုင်းအတာလေးတစ်ခုလောက်ထိ စိတ်ရဲ့ငြိမ်းချမ်းမှုလေးရတာတောင်မှ တော်တော်အေးချမ်းပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အလိုဆန္ဒတွေအများကြီးရှိသေးတဲ့ လူငယ်တစ်ယောက်ပါ။ တစ်သက်လုံး ဘုန်းကြီးလဲ မဝတ်နိုင်သေးပါဘူး။ အဲလောက်လဲ မရောင့်ရဲနိုင်သေးပါဘူး။ ကျွန်တော့်မှာလုပ်စရာတွေ၊ လုပ်ချင်တာတွေအများကြီးရှိပါသေးတယ်။ ဘဝကို တန်ဖိုးရှိရှိ၊ အဓိပ္ပါယ်ပါပါ ဖြတ်သန်းသွားချင်ပါသေးတယ်။ ဘဝကိုပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်ကျော်သွားသူတွေကို လေ့လာမိပြန်ပါတယ်။ ဘယ်လိုလူတွေက ဘဝမှာပျော်ပျော်ရွှင်ရွှင်နေသွားကြသလဲပေါ့။ သောက်စားမူးယစ်ပြီး၊ ပျော်နေခဲ့တာကိုပြောတာမဟုတ်ပါဘူး။ မစဉ်းစားမဆင်ခြင်ပဲ ကိုယ်လုပ်ချင်ရာတွေလျှောက်လုပ်ပြီးပျော်နေခဲ့တာကိုလဲ မဆိုလိုပါဘူး။ အသိစိတ်ကလေးထဲမှာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်နေခဲ့ရတဲ့ဘဝမျိုးကိုရည်ညွှန်းတာပါ။ ခက်တာက အောင်မြင်ကျော်ကြားမှု၊ ချမ်းသာမှု၊ နာမည်ကြီးမှုတွေကိုသာ မှတ်တမ်းတင်ကြတာ။ ပျော်ရွှင်ရောင့်ရဲလို့ အဓိပ္ပါယ်ပြည့်ဝတဲ့ ကျေနပ်စရာဘဝမျိုးကျတော့ သီးသန့်ရေးထားတာ အလွန်ရှားပါတယ်။ ထင်ရှားသူများရဲ့ အတ္ထုပ္ပတ္တိကနေပဲ သာယာတဲ့ဘဝလေးတွေကို ရွေးပြီး လေ့လာယူရတာပါ။ နှစ်ပေါင်းကိုးဆယ်ကျော်တောင် အသက်ရှည်ခဲ့ပြီး ငြိမ်းငြိမ်းချမ်းချမ်းကွယ်လွန်သွားတဲ့ ဂျော့ဘားနပ်ရှောတို့လို ပိုဂ္ဂိုလ်မျိုးကတော ဘဝမှာအဓိပ္ပါယ်ရှိခဲ့သလားမပြောတတ်ပါဘူး။ သူပြောခဲ့တဲ့စကားတွေ၊ သူရေးခဲ့တဲ့စာတွေအားလုံးကို ပြန်လေ့လာမှသေချာပြောနိုင်မှာပါ။ ၂၀ရာစုမှာ နာမည်ကြီးခဲ့တဲ့ ဖြစ်ရပ်တစ်ခုရှိပါသေးတယ်။ စိတ်ချမ်းသာဖို့ အဓိကဆိုတဲ့ ဖြစ်ရပ်ပါ။ အင်္ဂလန်က ဝင်ဆာမြို့စားကြီး အက်ဒွပ်ဟာ မစ္စဆင်မ်ဆန်ဆိုတဲ့တစ်ခုလပ်အမျိုးသမီးကိုလက်ထပ်ဖို့ ဘုရင်ဆိုတဲ့ခံစားခွင့်၊ ရာထူး၊ နေရာ၊ သရဖူကြီးကို စွန့်ခဲ့တဲ့ဖြစ်ရပ်ပါ။ သာမန်မြို့စားတစ်ယောက်ဘဝနဲ့ပဲ သူ့ချစ်သူကိုလက်ထပ်လို့ ပျော်ရွှင်စွာနေသွားမယ်ဆိုတဲ့ အတွေးအခေါ်ပါ။ ဝင်ဆာမြို့စားကြီးဟာ ဘဝတစ်လျှောက်လုံးပျော်ရွှင်မှုနဲ့ အဓိပ္ပါယ်ကိုရှာတွေ့ခဲ့လားဆိုတာ သိချင်ပါသေးတယ်။ ကိုယ်လျှောက်နေတဲ့ ဘဝလေးကို ခဏလေးရပ်လိုက်ပြီး ရှေ့၊ နောက်၊ ကိုယ့်ပတ်ဝန်းကျင် အရာအားလုံးကို ကြည့်လိုက်တဲ့အခါမှာ ဘဝတွေက ကြွတက်လာပြီး အောင်မြင်သူတွေ၊ အောင်မြင်တယ်လို့ထင်နေသူတွေ၊ ရှုံးနိမ့်သူတွေ၊ ပျော်ရွှင်နေသူတွေ၊ ဝမ်းနည်းနေသူတွေ၊ ဘဝအဓိပ္ပါယ်ရှိသူတွေ၊ မရှိသူတွေ၊ ရှိတယ်လို့ထင်သူတွေ အများကြီးဆိုတာသိလာရပါတယ် (ဒီနေရာမှာ အောင်မြင်မှုဆိုတာဘာပေတံနဲ့တိုင်းမလဲဆိုတာကလဲရှိပါသေးတယ်)။ လမ်းမကြီးပေါ်မှာ မသွားဘဲ လမ်းဘေးမှာထိုင်ပြီး သွားလာနေတဲ့သူတွေကို ကြည့်သလိုမျိုးပါ။ ကိုယ့်ကိုယ်ကို ပြန်ရပ်ကြည့်တဲ့အခါမှာလဲ စဉ်းစားစရာတွေက တောင်လိုပုံလို့လာပါတယ်။ ခုချိန်မှာ ကျွန်တော့်အဖိုးကို " ဘဘ၊ ဘဝရဲ့ အဓိပ္ပါယ်ဆိုတာ ဘာလဲဟင် " လို့မေးရင် ကျွန်တော့အဖိုးက ကျွန်တော့အဖေကို " သား၊ မင်းသား စာမလိုက်နိုင်ဘူးလားထင်တယ် " လို့ပဲ သွားပြောဦးမလား မသိပါဘူး။

====================================

ကြ်န္ေတာ္ဆယ္တန္းတက္ေနရင္းနဲ႔ တစ္ေန႔ေတာ့ စာက်က္ရင္း စဥ္းစားမိတယ္။ ဒီစာေတြကို ဒီအရြယ္ထိသင္လာ၊ ၿပီးေတာ့လဲ ထပ္သင္၊ ေနာက္ဆုံး တစ္ေန႔မွာ ေသသြားတယ္ဆုိပါေတာ့။ ေနာက္ဘဝလဲေရာက္ေရာ ဟိုး...အစက ျပန္သင္ရျပန္ေရာ( လူျပန္ျဖစ္ရင္ေျပာပါတယ္)။ ဒီလိုနဲ႔ ဘဝေတြေျပာင္းတိုင္း ေျပာင္းတုိင္း အကုန္ေမ့၊ ထပ္ခါ၊ထပ္ခါ အစကျပန္သင္။ ဒါျဖင့္ စာေတြသင္ေနတာ အဓိပၸါယ္ ဘာရွိမွာလဲေပါ့။ ဒါနဲ႔ ကြ်န္ေတာ့္ရဲ ႔ အေတြးမဟာၾကီးကို ကြ်န္ေတာ့အဖိုးကို သြားေျပာျပလိုက္တယ္။ "ဘဘေရ၊ ဘဝဆိုတာ အဲလိုမ်ိဳးၾကီးဆိုရင္ေတာ့ ပ်င္းစရာၾကီးေနာ္၊ ဘာအဓိပၸါယ္မွလဲ မရွိဘူး " ဆိုၿပီးေတာ့ေပါ့။ ဘဘက ေခါင္းတညိတ္ညိတ္နဲ႔ နားေထာင္ေပးပါတယ္။ ၿပီးေတာ့မွ ကြ်န္ေတာ့အေဖကို သြားေျပာပါတယ္။ " သား၊ မင္းသား စာမလိုက္ႏုိင္ဘူးနဲ႔တူတယ္ကြ၊ ငါ့ကို အဲလိုလာေျပာေနတယ္တဲ့ " တဲ့။ မွတ္ကေရာ။ အဲဒီကတည္းက ကြ်န္ေတာ္ေတြးမိသမွ်ကို လူၾကီးေတြနဲ႔ ေဆြးေႏြးဖို႔ ေတာ္ေတာ္စဥ္းစားလိုက္ရပါတယ္။ ကြ်န္ေတာ္ေျပာတဲ့စကားကိုမူတည္ၿပီး သူတို႔ကကြ်န္ေတာ့ စိတ္အေျခအေနကို အကဲခတ္တာကိုး။ တကယ္ေတာ့ ေျပာရရင္ အဲဒီအေတြးက ေနာက္ပိုင္း တေလွ်ာက္လုံး ခဏ၊ ခဏေပၚေနပါေသးတယ္။ အသက္အရြယ္၊ အေတြ႔အၾကံဳေတြေၾကာင့္ အေတြးအေခၚတစ္ခ်ိဳ႔ေျပာင္းသြားေပမယ့္ ဘဝဆိုတာ ဘယ္လိုေနရင္ တန္ဖိုးရွိမွာလဲဆိုတာကို သိခ်င္ေနတုံးပါ။ ေအာင္ျမင္မွဳ၊ ေက်ာ္ၾကားမွဳ၊ ခ်မ္းသာလုိမွဳ စတဲ့ အလိုေလာဘနဲ႔ စပ္တဲ့ ကိစၥတိုင္းကလဲ ပူေလာင္လြန္းလွပါတယ္။ ဘဝမွာေနရတာ အရမ္းစိတ္ခ်မ္းသာစရာေကာင္းတယ္လို႔ ခံစားရတဲ့ အခိုက္အတန္႔ေလးေတြ၊ ဘဝမွာေပ်ာ္ရႊင္ေနတယ္ဆိုတဲ့ အခုိက္အတန္႔ေလးေတြ ရွိခဲ့ဘူးသလို၊ လူေတြဘာအတြက္ အသက္ရွင္ေနတာလဲလို႔ ေတြးမိေနခဲ့တဲ့ အခ်ိန္ေတြလဲ ရွိခဲ့ပါတယ္။ အရမ္းေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ပန္းခ်ီဆရာ ဗင္းဆင့္ဗန္ဂိုးတို႔၊ မင္းသမီး မာရီလင္မြန္ရိုးတို႔ စတဲ့စတဲ့သူေတြဟာလဲ ဘဝကိုအရွဳံးေပးၿပီး ကိုယ့္ကုိယ္ကို သတ္ေသသြားတာ ဖတ္ဖူးပါတယ္။ ဒီေလာက္ကမာၻသိေက်ာ္ၾကားေနတာေတာင္မွ ဒီလိုျဖစ္မွေတာ့ ဘဝဟာ အဓိပၸါယ္မရွိဘူးလို႔ ခံစားရပါတယ္။ ဒါျဖင့္ ဘဝမွာ အၿမဲေပ်ာ္ရႊင္ေနႏုိင္ဖို႔ ဘာလုပ္ၾကမလဲ။ စဥ္းစားရတာေတာ္ေတာ္ေခါင္းေျခာက္ပါတယ္။ ဗုဒၶဘာသာဝင္တစ္ေယာက္ျဖစ္တဲ့ ကြ်န္ေတာ္ဟာ သာမာန္ဗုဒၶဘာသာဝင္တစ္ေယာက္ထက္လဲ ဘာသာေရးကိုေလ့လာ လိုက္စားဖူးပါတယ္။ ဘာသာေရးကေတာ့ စိတ္ျငိမ္းခ်မ္းမွဳကို ေပးစြမ္းႏုိင္တယ္ဆိုတာ အမွန္ပါ။ ကြ်န္ေတာ္ေျပာတဲ့ ဘာသာေရးဆိုတာက ေန႔တုိင္းဘုရားရွိခုိးၿပီး တရားစာရြတ္ေနတာေလာက္ကိုေျပာတာမဟုတ္ပါဘူး။ ဗုဒၶရဲ ႔ အဆုံးအမအတုိင္း ကိုယ္တိုင္ က်င့္ၾကံၿပီး စိတ္ရဲ ႔ျငိမ္းခ်မ္းမွဳကို ရေအာင္ရွာတာမ်ိဳးကိုေျပာတာပါ။ အခ်ိန္အတိုင္းအတာေလးတစ္ခုေလာက္ထိ စိတ္ရဲ ႔ျငိမ္းခ်မ္းမွဳေလးရတာေတာင္မွ ေတာ္ေတာ္ေအးခ်မ္းပါတယ္။ ဒါေပမယ့္ ကြ်န္ေတာ္ဟာ အလိုဆႏၵေတြအမ်ားၾကီးရွိေသးတဲ့ လူငယ္တစ္ေယာက္ပါ။ တစ္သက္လုံး ဘုန္းၾကီးလဲ မဝတ္ႏုိင္ေသးပါဘူး။ အဲေလာက္လဲ မေရာင့္ရဲႏုိင္ေသးပါဘူး။ ကြ်န္ေတာ့္မွာလုပ္စရာေတြ၊ လုပ္ခ်င္တာေတြအမ်ားၾကီးရွိပါေသးတယ္။ ဘဝကို တန္ဖိုးရွိရွိ၊ အဓိပၸါယ္ပါပါ ျဖတ္သန္းသြားခ်င္ပါေသးတယ္။ ဘဝကိုေပ်ာ္ရႊင္ခ်မ္းေျမ့စြာ ျဖတ္ေက်ာ္သြားသူေတြကို ေလ့လာမိျပန္ပါတယ္။ ဘယ္လိုလူေတြက ဘဝမွာေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနသြားၾကသလဲေပါ့။ ေသာက္စားမူးယစ္ၿပီး၊ ေပ်ာ္ေနခဲ့တာကိုေျပာတာမဟုတ္ပါဘူး။ မစဥ္းစားမဆင္ျခင္ပဲ ကိုယ္လုပ္ခ်င္ရာေတြေလွ်ာက္လုပ္ၿပီးေပ်ာ္ေနခဲ့တာကိုလဲ မဆိုလိုပါဘူး။ အသိစိတ္ကေလးထဲမွာကို ျငိမ္းျငိမ္းခ်မ္းခ်မ္းနဲ႔ ေပ်ာ္ေနခဲ့ရတဲ့ဘဝမ်ိဳးကိုရည္ညႊန္းတာပါ။ ခက္တာက ေအာင္ျမင္ေက်ာ္ၾကားမွဳ၊ ခ်မ္းသာမွဳ၊ နာမည္ၾကီးမွဳေတြကိုသာ မွတ္တမ္းတင္ၾကတာ။ ေပ်ာ္ရႊင္ေရာင့္ရဲလို႔ အဓိပၸါယ္ျပည့္ဝတဲ့ ေက်နပ္စရာဘဝမ်ိဳးက်ေတာ့ သီးသန္႔ေရးထားတာ အလြန္ရွားပါတယ္။ ထင္ရွားသူမ်ားရဲ ႔ အတၳဳပၸတၱိကေနပဲ သာယာတဲ့ဘဝေလးေတြကို ေရြးၿပီး ေလ့လာယူရတာပါ။ ႏွစ္ေပါင္းကိုးဆယ္ေက်ာ္ေတာင္ အသက္ရွည္ခ့ဲၿပီး ျငိမ္းျငိမ္းခ်မ္းခ်မ္းကြယ္လြန္သြားတဲ့ ေဂ်ာ့ဘားနပ္ေရွာတို႔လို ပုိဂၢိဳလ္မ်ိဳးကေတာ ဘဝမွာအဓိပၸါယ္ရွိခဲ့သလားမေျပာတတ္ပါဘူး။ သူေျပာခဲ့တဲ့စကားေတြ၊ သူေရးခဲ့တဲ့စာေတြအားလုံးကို ျပန္ေလ့လာမွေသခ်ာေျပာႏုိင္မွာပါ။ ၂၀ရာစုမွာ နာမည္ၾကီးခဲ့တဲ့ ျဖစ္ရပ္တစ္ခုရွိပါေသးတယ္။ စိတ္ခ်မ္းသာဖို႔ အဓိကဆိုတဲ့ ျဖစ္ရပ္ပါ။ အဂၤလန္က ဝင္ဆာျမိဳ႔စားၾကီး အက္ဒြပ္ဟာ မစၥဆင္မ္ဆန္ဆိုတဲ့တစ္ခုလပ္အမ်ိဳးသမီးကိုလက္ထပ္ဖို႔ ဘုရင္ဆိုတဲ့ခံစားခြင့္၊ ရာထူး၊ ေနရာ၊ သရဖူၾကီးကို စြန္႔ခဲ့တဲ့ျဖစ္ရပ္ပါ။ သာမာန္ျမိဳ႔စားတစ္ေယာက္ဘဝနဲ႔ပဲ သူ႔ခ်စ္သူကိုလက္ထပ္လို႔ ေပ်ာ္ရႊင္စြာေနသြားမယ္ဆိုတဲ့ အေတြးအေခၚပါ။ ဝင္ဆာျမိဳ႔စားၾကီးဟာ ဘဝတစ္ေလွ်ာက္လုံးေပ်ာ္ရႊင္မွဳနဲ႔ အဓိပၸါယ္ကိုရွာေတြ႔ခဲ့လားဆုိတာ သိခ်င္ပါေသးတယ္။ ကိုယ္ေလွ်ာက္ေနတဲ့ ဘဝေလးကုိ ခဏေလးရပ္လိုက္ၿပီး ေရွ ႔၊ ေနာက္၊ ကုိယ့္ပတ္ဝန္းက်င္ အရာအားလုံးကို ၾကည့္လိုက္တဲ့အခါမွာ ဘဝေတြက ၾကြတက္လာၿပီး ေအာင္ျမင္မွဳသူေတြ၊ ရွံဳးနိမ့္သူေတြ၊ ေပ်ာ္ရႊင္ေနသူေတြ၊ ဝမ္းနည္းေနသူေတြ၊ ဘဝအဓိပၸါယ္ရွိသူေတြ၊ မရွိသူေတြ၊ ရွိတယ္လို႔ထင္သူေတြ အမ်ားၾကီးဆိုတာသိလာရပါတယ္။ လမ္းမၾကီးေပၚမွာ မသြားဘဲ လမ္းေဘးမွာထုိင္ၿပီး သြားလာေနတဲ့သူေတြကိုု ၾကည့္သလိုမ်ိဳးပါ။ ကိုယ့္ကိုယ္ကို ျပန္ရပ္ၾကည့္တဲ့အခါမွာလဲ စဥ္းစားစရာေတြက ေတာင္လိုပုံလို႔လာပါတယ္။ ခုခ်ိန္မွာ ကြ်န္ေတာ့္အဖိုးကို " ဘဘ၊ ဘဝရဲ ႔ အဓိပၸါယ္ဆိုတာ ဘာလဲဟင္ " လို႔ေမးရင္ ကြ်န္ေတာ့အဖိုးက ကြ်န္ေတာ့အေဖကို " သား၊ မင္းသား စာမလိုက္ႏုိင္ဘူးလားထင္တယ္ " လို႔ပဲ သြားေျပာဦးမလား မသိပါဘူး။

Friday, May 20, 2011

ေရာက္တတ္ရာရာ ဖမ္းဆုပ္မိသမွ်

တစ္ဂ်ဴတ္ဂ်ဴတ္နဲ႔ တရစပ္ခုတ္ေမာင္းေနတဲ့ေလယာဥ္ေပၚမွာ..
ကြ်န္ေတာ္ရယ္၊ ကြ်န္ေတာ္ရယ္၊ ကြ်န္ေတာ္ရယ္....
တိတ္တိတ္ဆိတ္ဆိတ္ စကားေတြ ေဖာင္ဖြဲ႔လို႔။

ကုိယ့္ကိုယ္ကို ခ်ဳပ္ေႏွာင္ခ်င္ရင္ သံကြန္ျခာ ခုနစ္ထပ္မလုိဘူးတဲ့။
တစ္ခ်ိန္မွာ အရမ္းကို အေရးၾကီးခဲ့ေပမယ့္ တစ္ခ်ိန္က်ေတာ့လဲ ဘာမွမဟုတ္ေတာ့ျပန္ဘူးဆိုလား။
တစ္ခ်ိဳ ႔ အေကြ႔ေတြက ၾကိဳျမင္ဖို႔ခက္တယ္။

ငယ္ငယ္တုံးကနဲ႔ အခုနဲ႔ အေတြးအေခၚမတူေတာ့ရင္....
သစၥာမရွိတာလား...။
ရင့္က်က္လာတာလား။

ေအာင္ျမင္မွဳဆိုတာ ေက်ာ္ၾကားမွဳမဟုတ္သလို၊
ခ်မ္းသာမွဳလဲမဟုတ္ျပန္ဘူးတဲ့။
ဒါျဖင့္ ဘဝမွာ ေအာင္ျမင္ေနတယ္ဆိုတာ ဘာၾကီးတုံး။

အေဖကေျပာတယ္..
ဖူးစာဆိုတာ ဦးရာတဲ့။
သုေတသန ထပ္လုပ္စရာမလိုေတာ့ပါဘူးေလ။

တစ္ခ်ိန္က မုန္းခဲ့တဲ့အျဖစ္မ်ိဳး...
တစ္ခါတစ္ေလ ကိုယ္ၾကံဳရင္ ၾကံဳတတ္ေသးတာပါကလား။
တစ္ခ်ိဳ ႔ အေကြ႔ေတြက ၾကိဳျမင္ဖို႔ခက္တယ္ေလ။

သံပုရာသီးခ်ဥ္တာ သူ႔သဘာဝပါ..။
သြားစိတ္ဆုိးေနရင္ ကိုယ္နာတာေပါ့။
ဒါျဖင့္ ကိုယ့္ပါးစပ္ထဲ အတင္းလာခ်ဥ္ေနရင္ေကာ....???

သေဘာထားၾကီးတာ ေနရာတိုင္းေကာင္းသလား။
အနည္းဆုံးေတာ့ ကိုယ့္လိပ္ျပာကုိယ္လုံတာေပါ့။

တိမ္ေတြက ေအာက္ကၾကည့္ေတာ့ျမင့္ေပမယ့္၊
ေလယာဥ္ေပၚကၾကည့္ေတာ့ နိမ့္ေနသား....
စိတ္သာ အဓိကပါ။

အဖိုးအၿမဲဆုံးမတာက....
ဝီရိယေတာ ကိ ံကမၼံ နသိဇၥတိ...။
ဝီရိယရွိသူသည္ မေအာင္ျမင္ပဲ ဘယ္မွာရွိအံ႔နည္း တဲ့။

ေမြးလိုက္၊ ေသလိုက္နဲ႔...
သံသရာကလဲ ရွည္ပါ့။
ဝီရိယရွိလဲ ေသေတာ့ဘာက်န္ခဲ့မွာမို႔လို႔လဲ။

တစ္ခါတစ္ေလ ဒြိဟျဖစ္ရင္...
လုပ္စရာရွိတာကိုသာ လုပ္ပါေလတဲ့။

ဒါနဲ႔ပဲ ခရီးဆုံးက နီးနီးလိုက္လာလို႔..........။

Monday, May 9, 2011

စာအုပ်လေးတစ်အုပ်ကပေးတဲ့အရာတွေ

ကောင်းကင်နဲ့ ပင်လစာအုပ်လေးတစ်အုပ်၊ စာရေးသူ သုံးယောက်.................။ ကိုယ့်ကိုယ်ကို စာဖတ်သူတစ်ယောက်အနေနဲ့ပဲ ခံစားလို့ အစွဲကင်းကင်းနဲ့ စပြီးဖတ်ကြည့်လိုက်ပါတယ်။ ပြောချင်တာက ခင်မင်မှုတွေ၊ ကြိုပြီးအထင်ကြီးမှု၊ အထင်သေးမှု စတာတွေနဲ့ စာရဲ့ အရည်အချင်းကိုဆုံးဖြတ်တာမပါဘူးရယ်လို့ပါ။ တစ်ပုဒ်၊ နှစ်ပုဒ်၊ သုံးပုဒ် ကနေစလို့ အဆုံးထိ ဖတ်ဖြစ်သွားတယ်ဆိုပါတော့။ စာပေဝါသနာပါတဲ့ လူငယ်လေးသုံးယောက်က ဝါသနာကိုအရင်းခံလို့ လုံ့လကိုအသုံးပြုပြီး စိတ်ဓါတ်နဲ့ထုတ်ခဲ့တဲ့ စာအုပ်လေးတစ်အုပ်ပါ။ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးနှစ်ယောက်ရဲ့ ဝါသနာပါရာအနုပညာနဲ့ပက်သက်လို့ လှမ်းလိုက်တဲ့ခြေလှမ်းလေးတစ်လှမ်းပေါ့။ ဘေးကကြည့်ရင် စာအုပ်လေးတစ်အုပ်ပေမယ့် သူတို့အတွက်တော့ ဘယ်လောက်တောင် အဓိပ္ပါယ်ရှိမယ်ဆိုတာ ကျွန်တော်ခံစားလို့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ စာဖတ်၊ စာရေးဝါသနာပါလို့ ကိုယ်အချိန်ပေး၊ ခေါင်းပူခံ၊ ချွေးစက်လေးတွေနဲ့ရင်းလို့ ခံစားချက်လေးတွေထည့်ပြီး ရေးခဲ့ရတဲ့စာကလေးတွေဟာ ကိုယ့်အတွက်ဘယ်လောက်တန်ဖိုးထားရတယ်ဆိုတာ သိပါတယ်။ ဖတ်ပြီးတဲ့နောက်မှတော့ ပြောချင်တာတွေ အများကြီးခေါင်းထဲမှာပေါ်လာလို့ ဒီစာကိုရေးဖြစ်သွားပါလေရဲ့။ ပြောချင်တာလေးတွေ မပြောခင်စာလေးတွေကို ဖတ်တုံး လှစ်ခနဲ မြင်လိုက်ရတဲ့စာရေးသူတွေအကြောင်းပြောချင်ပါတယ်။ စာရေးသူတွေနဲ့ ရင်းနှီးချင်စိတ်ကြောင့်ပါ။ စာရေးသူတစ်ယောက်က လောကကြီးကို လှန်လှောကြည့်ပြီး အမြှီးအမှောက်မတည့်တာတွေကို မြင်တတ်သူ၊ ရှုထောင့်တွေကို ပြောင်းပြောင်းတွေးပြီး စာရေးစရာကုန်ကြမ်းရှာဖို့ ကြိုးစားသူ၊ နောက်တစ်ယောက်ကတော့ လောကကြီးထဲက အလှအပလေးတွေကို မြင်တတ်သူ၊ နူးညံ့တဲ့နှလုံးသားနဲ့ အကောင်းတွေကိုပဲ တွေးဖို့ကြိုးစားသူ လို့မြင်မိပါတယ်။ သူတို့နှစ်ယောက်နဲ့ ပေါင်းမိတာက အရေးအသားလှပညက်ညောသလောက်၊ စိတ်မထင်ရင် ကလောင်ကိုလွှတ်လွှတ်ပေးတတ်တဲ့၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့လောကကြီးကို စိတ်အချဉ်ပေါက်ရင်း ဘဝရဲ့ အဓိပ္ပါယ်ကို စဉ်းစားနေတဲ့ တတိယစာရေးသူပေါ့ဗျာ။ သူတို့စာတွေကိုဖတ်ရင်း စာရေးသူတွေရဲ့ ဒေါသ၊ သောက၊ မာန နဲ့ စိတ်ကူးယဉ်မှုတွေဟာ ကျွန်တော့ရင်ထဲကို ဖြတ်စီးသွားပါတယ်။ ဒီလိုစရိုက်အမျိုးမျိုးရှိတဲ့ လူသုံးယောက်ပေါင်းမိရာကနေ ဒီလိုချစ်စရာကောင်းတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်လာခဲ့တယ်လို့ပဲ တိုတိုပြောလိုက်ပါတော့မယ်။ ကျွန်တော်အဓိက ပြောချင်တာက ဒီစာအုပ်လေးကြောင့်ဖြစ်လာတဲ့ ရလဒ်လေးတစ်ခုနဲ့ အဲဒီရလဒ်လေးက ဆင့်ပွားထွက်လာတဲ့ စိတ်ဓါတ်ခွန်အားအကြောင်းပါ။ စရိုက်မတူတဲ့လူသုံးယောက်က စာပေအနုပညာဆိုတဲ့တူညီတဲ့ ဝါသနာကြောင့် ညီညီညွတ်ညွတ်နဲ့ ပေါင်းမိကြရာက အဲဒီဝါသနာကို တစ်ယောက်နဲ့တစ်ယောက်အားပေးပြီး အချင်းချင်းထောက်ကူလို့ ဒီလိုစာအုပ်လေးတစ်အုပ်ဖြစ်လာတဲ့အထိ အချိန်၊ငွေ၊လူနဲ့ ဝီရိယတို့စိုက်ထုတ်ပြီး ကြိုးပမ်းခဲ့ကြပါတယ်။ ဒီလိုကြိုးပမ်းခဲ့ကြလို့ပဲ ဒီစာအုပ်လေးကို ကျွန်တော်ဖတ်ခွင့်ရပြီး၊ သူတို့ရဲ့ ပီတိလေးကို ကျွန်တော့ပီတိလေးအဖြစ် ကူးယူခွင့်ရခဲ့ပါလေတယ်။ ဝီရိယစိတ်နဲ့၊ စိတ်ဓါတ်အားမာန်လဲတိုးတက်လာလေရဲ့။ ဘာလို့လဲဆိုတော့ သူတို့စာအုပ်လေးရဲ့ စိတ်ဓါတ်ခွန်အားက ကျွန်တော့ကို ကူးစက်သွားလို့ပါ။ ဟုတ်ပါတယ်။ စိတ်ဓါတ်ခွန်အားပါ။ မိုးရေစက်လေးတွေလို ဖြည်းဖြည်းချင်းစုလာခဲ့ရတဲ့ ရင်ထဲကဖြစ်တဲ့ အနုပညာစာပေလေးတွေကို အပင်ပေါက်လေးတွေဘဝကနေ အသီးအပွင့်လေးတွေပွင့်တဲ့ထိ ပျိုးထောင်လိုက်နိုင်တဲ့ စိတ်ဓါတ်ခွန်အားပါ။ စာတွေကအရေးအသား အနုအရင့်၊ အတွေးအခေါ် အတိမ်၊အနက် ဘယ်လိုပဲရှိရှိ သူတို့မှာတော့ ဒီစာအုပ်လေးကို ဖြစ်အောင်လုပ်နိုင်လိုက်လို့ အမြတ်ထွက်သွားပါပြီ။ လူကြိုက်တာမကြိုက်တာ မစဉ်းစားနဲ့ဦး။ စာအုပ်ဖြစ်ပြီဆိုကတည်းကကို မြတ်တာပါ။ အောင်မြင်သွားတာပါ။ကိုယ်မြတ်နိုးတဲ့အရာတစ်ခုကို လက်တွေ့ဖြစ်အောင်အကောင်အထည်ဖော်နိုင်လိုက်တဲ့ ပီတိက အလွန်ကြီးမားတာကလား။ အဲ..အားပေးသူများပါရှိလာပြီဆိုရင်တော့ ဘာပြောကောင်းမလဲဗျာ။ အဲဒီစာအုပ်လေးကိုဖတ်ပြီးတဲ့နောက် မုဒိတာလဲ ပွားမိပါရဲ့၊ အားလဲကျမိပါရဲ့၊ စိတ်ဓါတ်ခွန်အားတွေလဲရမိပါရဲ့ဗျာ။ ခြုံပြီးပြောရရင်တော့ စာဖတ်သူကျွန်တော့အတွက်ရော စာရေးသူများအတွက်ပါ ရလိုက်တဲ့ အဲဒီလှပတဲ့ "အောင်မြင်မှုရလဒ်လေး တစ်ခု" နဲ့ ဆင့်ပွားစိတ်ဓါတ်ခွန်အားလေးအကြောင်းပေါ့။ စာရေးသူများရော အဲဒီလောက်ထိတောင် အကျိုးကျေးဇူးတွေများတယ်ဆိုတာကို တွေးမိရဲ့လားလို့ ကျွန်တော်စဉ်းစားနေမိတယ်ဗျာ။ယ်

==============================

စာအုပ္ေလးတစ္အုပ္၊ စာေရးသူ သုံးေယာက္.................။ ကိုယ့္ကိုယ္ကို စာဖတ္သူတစ္ေယာက္အေနနဲ႔ပဲ ခံစားလို႔ အစြဲကင္းကင္းနဲ႔ စၿပီးဖတ္ၾကည့္လိုက္ပါတယ္။ ေျပာခ်င္တာက ခင္မင္မွဳေတြ၊ ၾကိဳၿပီးအထင္ၾကီးမွဳ၊ အထင္ေသးမွဳ စတာေတြနဲ႔ စာရဲ ႔ အရည္အခ်င္းကိုဆုံးျဖတ္တာမပါဘူးရယ္လို႔ပါ။ တစ္ပုဒ္၊ ႏွစ္ပုဒ္၊ သုံးပုဒ္ ကေနစလို႔ အဆုံးထိ ဖတ္ျဖစ္သြားတယ္ဆိုပါေတာ့။ စာေပဝါသနာပါတဲ့ လူငယ္ေလးသုံးေယာက္က ဝါသနာကိုအရင္းခံလိုု႔ လုံ႔လကိုအသုံးျပဳၿပီး စိတ္ဓါတ္နဲ႔ထုတ္ခဲ့တဲ့ စာအုပ္ေလးတစ္အုပ္ပါ။ ေကာင္မေလးတစ္ေယာက္နဲ႔ ေကာင္ေလးႏွစ္ေယာက္ရဲ ႔ ဝါသနာပါရာအႏုပညာနဲ႔ပက္သက္လို႔ လွမ္းလုိက္တဲ့ေျခလွမ္းေလးတစ္လွမ္းေပါ့။ ေဘးကၾကည့္ရင္ စာအုပ္ေလးတစ္အုပ္ေပမယ့္ သူတို႔အတြက္ေတာ့ ဘယ္ေလာက္ေတာင္ အဓိပၸါယ္ရွိမယ္ဆိုတာ ကြ်န္ေတာ္ခံစားလို႔ရပါတယ္။ ကြ်န္ေတာ္ကိုယ္တိုင္လဲ စာဖတ္၊ စာေရးဝါသနာပါလုိ႔ ကိုယ္အခ်ိန္ေပး၊ ေခါင္းပူခံ၊ ေခြ်းစက္ေလးေတြနဲ႔ရင္းလို႔ ခံစားခ်က္ေလးေတြထည့္ၿပီး ေရးခဲ့ရတဲ့စာကေလးေတြဟာ ကိုယ့္အတြက္ဘယ္ေလာက္တန္ဖိုးထားရတယ္ဆိုတာ သိပါတယ္။ ဖတ္ၿပီးတဲ့ေနာက္မွေတာ့ ေျပာခ်င္တာေတြ အမ်ားၾကီးေခါင္းထဲမွာေပၚလာလို႔ ဒီစာကိုေရးျဖစ္သြားပါေလရဲ ႔။ ေျပာခ်င္တာေလးေတြ မေျပာခင္စာေလးေတြကို ဖတ္တုံး လွစ္ခနဲ ျမင္လိုက္ရတဲ့စာေရးသူေတြအေၾကာင္းေျပာခ်င္ပါတယ္။ စာေရးသူေတြနဲ႔ ရင္းႏွီးခ်င္စိတ္ေၾကာင့္ပါ။ စာေရးသူတစ္ေယာက္က ေလာကၾကီးကို လွန္ေလွာၾကည့္ၿပီး အၿမွီးအေမွာက္မတည့္တာေတြကို ျမင္တတ္သူ၊ ရွဳေထာင့္ေတြကို ေျပာင္းေျပာင္းေတြးၿပီး စာေရးစရာကုန္ၾကမ္းရွာဖို႔ ၾကိဳးစားသူ၊ ေနာက္တစ္ေယာက္ကေတာ့ ေလာကၾကီးထဲက အလွအပေလးေတြကို ျမင္တတ္သူ၊ ႏူးညံ႔တဲ့ႏွလုံးသားနဲ႔ အေကာင္းေတြကိုပဲ ေတြးဖုိ႔ၾကိဳးစားသူ လို႔ျမင္မိပါတယ္။ သူတို႔ႏွစ္ေယာက္နဲ႔ ေပါင္းမိတာက အေရးအသားလွပညက္ေညာသေလာက္၊ စိတ္မထင္ရင္ ကေလာင္ကိုလႊတ္လႊတ္ေပးတတ္တဲ့၊ ျဖစ္ခ်င္တုိင္းျဖစ္ေနတဲ့ေလာကၾကီးကို စိတ္အခ်ဥ္ေပါက္ရင္း ဘဝရဲ ႔ အဓိပၸါယ္ကို စဥ္းစားေနတဲ့ တတိယစာေရးသူေပါ့ဗ်ာ။ သူတို႔စာေတြကိုုဖတ္ရင္း စာေရးသူေတြရဲ႔႔ ေဒါသ၊ ေသာက၊ မာန နဲ႔ စိတ္ကူးယဥ္မွဳေတြဟာ ကြ်န္ေတာ့ရင္ထဲကို ျဖတ္စီးသြားပါတယ္။ ဒီလိုစရုိက္အမ်ိဳးမ်ိဳးရွိတဲ့ လူသုံးေယာက္ေပါင္းမိရာကေန ဒီလုိခ်စ္စရာေကာင္းတဲ့ စာအုပ္ေလးတစ္အုပ္ျဖစ္လာခဲ့တယ္လို႔ပဲ တုိတုိေျပာလိုက္ပါေတာ့မယ္။ ကြ်န္ေတာ္အဓိက ေျပာခ်င္တာက ဒီစာအုပ္ေလးေၾကာင့္ျဖစ္လာတဲ့ ရလဒ္ေလးတစ္ခုနဲ႔ အဲဒီရလဒ္ေလးက ဆင့္ပြားထြက္လာတဲ့ စိတ္ဓါတ္ခြန္အားအေၾကာင္းပါ။ စရုိက္မတူတဲ့လူသုံးေယာက္က စာေပအႏုပညာဆိုတဲ့တူညီတဲ့ ဝါသနာေၾကာင့္ ညီညီညြတ္ညြတ္နဲ႔ ေပါင္းမိၾကရာက အဲဒီဝါသနာကို တစ္ေယာက္နဲ႔တစ္ေယာက္အားေပးၿပီး အခ်င္းခ်င္းေထာက္ကူလို႔ ဒီလိုစာအုပ္ေလးတစ္အုပ္ျဖစ္လာတဲ့အထိ အခ်ိန္၊ေငြ၊လူနဲ႔ ဝီရိယတို႔စုိက္ထုတ္ၿပီး ၾကိဳးပမ္းခဲ့ၾကပါတယ္။ ဒီလိုၾကိဳးပမ္းခဲ့ၾကလို႔ပဲ ဒီစာအုပ္ေလးကို ကြ်န္ေတာ္ဖတ္ခြင့္ရၿပီး၊ သူတို႔ရဲ ႔ ပီတိေလးကို ကြ်န္ေတာ့ပီတိေလးအျဖစ္ ကူးယူခြင့္ရခဲ့ပါေလတယ္။ ဝီရိယစိတ္နဲ႔၊ စိတ္ဓါတ္အားမာန္လဲတိုးတက္လာေလရဲ ႔။ ဘာလို႔လဲဆိုေတာ့ သူတို႔စာအုပ္ေလးရဲ ႔ စိတ္ဓါတ္ခြန္အားက ကြ်န္ေတာ့ကို ကူးစက္သြားလုိ႔ပါ။ ဟုတ္ပါတယ္။ စိတ္ဓါတ္ခြန္အားပါ။ မိုးေရစက္ေလးေတြလုိ ျဖည္းျဖည္းခ်င္းစုလာခဲ့ရတဲ့ ရင္ထဲကျဖစ္တဲ့ အႏုပညာစာေပေလးေတြကို အပင္ေပါက္ေလးေတြဘဝကေန အသီးအပြင့္ေလးေတြပြင့္တဲ့ထိ ပ်ိဳးေထာင္လိုက္ႏုိင္တဲ့ စိတ္ဓါတ္ခြန္အားပါ။ စာေတြကအေရးအသား အႏုအရင့္၊ အေတြးအေခၚ အတိမ္၊အနက္ ဘယ္လိုပဲရွိရွိ သူတို႔မွာေတာ့ ဒီစာအုပ္ေလးကို ျဖစ္ေအာင္လုပ္ႏုိင္လိုက္လို႔ အျမတ္ထြက္သြားပါၿပီ။ လူၾကိဳက္တာမၾကိဳက္တာ မစဥ္းစားနဲ႔ဦး။ စာအုပ္ျဖစ္ၿပီဆိုကတည္းကကို ျမတ္တာပါ။ ေအာင္ျမင္သြားတာပါ။ကုိယ္ျမတ္ႏုိးတဲ့အရာတစ္ခုကို လက္ေတြ႔ျဖစ္ေအာင္အေကာင္အထည္ေဖာ္ႏုိင္လိုုက္တဲ့ ပီတိက အလြန္ၾကီးမားတာကလား။ အဲ..အားေပးသူမ်ားပါရွိလာၿပီဆိုရင္ေတာ့ ဘာေျပာေကာင္းမလဲဗ်ာ။ အဲဒီစာအုပ္ေလးကိုဖတ္ၿပီးတဲ့ေနာက္ မုဒိတာလဲ ပြားမိပါရဲ ႔၊ အားလဲက်မိပါရဲ ႔၊ စိတ္ဓါတ္ခြန္အားေတြလဲရမိပါရဲ ႔ဗ်ာ။ ျခံဳၿပီးေျပာရရင္ေတာ့ စာဖတ္သူကြ်န္ေတာ့အတြက္ေရာ စာေရးသူမ်ားအတြက္ပါ ရလိုက္တဲ့ အဲဒီလွပတဲ့ "ေအာင္ျမင္မွဳရလဒ္ေလး တစ္ခု" နဲ႔ ဆင့္ပြားစိတ္ဓါတ္ခြန္အားေလးအေၾကာင္းေပါ့။ စာေရးသူမ်ားေရာ အဲဒီေလာက္ထိေတာင္ အက်ိဳးေက်းဇူးေတြမ်ားတယ္ဆိုတာကို ေတြးမိရဲ ႔လားလို႔ ကြ်န္ေတာ္စဥ္းစားေနမိတယ္ဗ်ာ။

Saturday, May 7, 2011

ေရွ ႔သို႔

ျမင့္ျမင့္ပ်ံတဲ့ငွက္က ေဝးေဝးျမင္တယ္တဲ့...။
ေဝးေဝးျမင္ခ်င္ရင္ အျမင့္ေၾကာက္လို႔ ျဖစ္ပါ့မလား....။