Saturday, May 28, 2011

အမှတ်တမဲ့ပင်ဖြစ်သော်ငြား

အဝေးမှာရှိတဲ့ ကျွန်တော့်အိမ်ကိုဖုန်းဆက်တော့ ဖေဖေက " ငါ့သား၊ မင်းဘဘက မင်းပြန်သွားခါနီး သူ့ကိုဖက်သွားတာ စိတ်ထဲမှာဝမ်းနည်းလို့တဲ့ကွာ" တဲ့။ ကျွန်တော်အဖိုးအကြောင်းကိုပြောတာပါ။ ကျွန်တော်လဲ စိတ်ထဲမှာတစ်ချက်ငိုင်သွားပြီး ဘဘကို တော်တော်လွမ်းသွားပါတယ်။ အဲဒီနေ့က ကျွန်တော်ကျောင်းတက်ရာနိုင်ငံငယ်လေးကို ပြန်ဖို့လေဆိပ်ကိုဆင်းတော့ ကျွန်တော့အဖိုးပါလိုက်ပို့ပါတယ်။ အဖိုးကို ကျွန်တော်တို့မောင်နှမတွေက ဘဘ လို့ခေါ်ပါတယ်။ ဖေဖေရယ်၊ ဘဘရယ် နှစ်ယောက်လိုက်ပို့ကြတာပါ။ ဘဘက အသက် ၈၇ နှစ်ရှိပါပြီ။ အိမ်နားမှာလမ်းလျှောက်တာကလွဲလို့ ဘယ်မှသိပ်သွားတာမဟုတ်ပါဘူး။ ခုတော့ " ငါ့မြေးကိုလိုက်ပို့ဦးမယ်" ဆိုပြီး သူဝတ်နေကျရှပ်အင်္ကျီအဖြူလေးရယ်၊ ပုဆိုးလေးကို ခါးပုံစကြီးကြီးနဲ့ ဝတ်နေကျအတိုင်းတိုတိုရယ် ဝတ်လို့လေဆိပ်ကိုလိုက်ချလာပါတယ်။ အသက်သာ ၈၇ နှစ်ရှိပေမယ့် ဘဘက တော်တော်ကျန်းမာပါသေးတယ်။ ခါးနည်းနည်းကိုင်းနေတာကလွဲလို့ သူ့ဟာသူအကူမပါပဲ သန်သန်မာမာနဲ့ လမ်းလျှောက်နိုင်နေတုံးပါ။ ကျွန်တော်က ဘဘကိုလက်တွဲပြီး လူဝင်မှုကြီးကြပ်ရေးထိခေါ်လာခဲ့ပါတယ်။ ဘဘက ကျွန်တော့လက်ကို မြဲမြဲကိုင်လို့ မြေးအဖိုးနှစ်ယောက် နဲ့ ဖေဖေ၊ သားအဖ နှစ်စုံပေါ့။ လူဝင်မှုကြီးကြပ်ရေးကောင်တာဖြတ်ခါနီးမှာ အနားမှာရှိတဲ့ဖေဖေ့ကို ဖက်ပြီးနှုတ်ဆက်လိုက်တယ်။ ပြီးတော့ ဘဘကိုလဲ ပွေ့ဖက်ပြီးနှုတ်ဆက်ချင်လာလို့ အနားကိုသွားပြီး " သား၊ သွားတော့မယ် ဘဘ" ဆိုပြီး ခဏဖက်ထားလိုက်ပါတယ်။ နောက်တော့ လေယာဉ်ပေါ်တက်လို့ပြန်လာခဲ့ပါတယ်။ ကျွန်တော် ဘဘကို ဖက်ထားတုန်းမှာ ဘဘစိတ်ထဲ ဝမ်းနည်းစရာ ခံစားရတယ်ဆိုတာ ဖေဖေပြောမှသိတာပါ။ ကျွန်တော်လဲ ဖေဖေပြောတာပြန်ကြားတော့ ဘဘကို သတိရလို့ ဝမ်းနည်းမိပါတယ်။ ဟုတ်ပါတယ်။ ဘဘကကျွန်တော်နဲ့က စိတ်ချင်းနီးစပ်ပါတယ်။ ကျွန်တော်ကလဲ ဘဘကိုချစ်တာကိုး။ ဘဘနဲ့နေစဉ်က အပြင်သွားရင် ဘဘအတွက်မုန့်လေးတွေ တစ်မျိုးမဟုတ်တစ်မျိုး ကျွန်တော် သတိတရနဲ့ ဝယ်လာတတ်ပါတယ်။ ဘဘကြိုက်တဲ့ဟာမျိုးဆို မှတ်ထားပြီးကို ခဏ၊ခဏ ဝယ်လာပေးတာပါ။ ဘဘကလဲ အဲဒါမျိုးဆို "ငါ့မြေးက ငါ့အတွက်ဝယ်လာတဲ့မုန့်" ဆိုပြီး တစ်ဖွဖွပြောတတ်တာပါ။ ကျွန်တော်ကလဲ ဘဘအဲလိုပြောလေ သိပ်ပျော်လေပေါ့။ ဘဘ တီဗီကြည့်တဲ့အချိန်ဆို ဘေးမှာထိုင်ပြီး ဘဘစားဖို့ နေကြာစေ့တွေကို မကုန်မချင်း ကျွန်တော် အခွံခွာပေးတတ်ပါတယ်။ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ ကျွန်တော့အဖိုးကို သက်ရှိထင်ရှားရှိစဉ်တုန်းမှာ တတ်နိုင်သလောက်ပြုစုပေးလိုက်ချင်တဲ့ စေတနာနဲ့ပါ။ အဲဒီလိုပြုစုပေးတာတွေကြောင့်လဲ ဘဘကကျွန်တော့ကို သံယောဇဉ်ကြီးတာနေမှာပါ။ ခုလိုဘဘပြောမှပဲ ဘဘကျွန်တော့ကို သံယောဇဉ်ဘယ်လောက်ကြီးလဲ သိရတာပါ။ တစ်ခါတစ်လေတော့လဲ မထင်မှတ်ပဲ ပြုလိုက်တဲ့အပြုအမူလေးတွေက လူ့စိတ်ကို ညွတ်နူးစေတတ်ပါတယ်။ ကျွန်တော့ရဲ့ အပြုအမူလေးတစ်ခုက ဘဘကို " ငါ့မြေး၊ ငါ့ကိုပြန်ခါနီးဖက်သွားတာ စိတ်ထဲမှာ ဝမ်းနည်းလိုက်တာကွာ" လို့ပြောစေပြီး၊ ဘဘရဲ့ အဲဒီစကားက ပြန်ကြားရတဲ့ကျွန်တော့ကိုလဲ အတိုင်းမသိ စိတ်ထဲမှာသတိရ ဝမ်းနည်းစေပါတယ်။ ဘဘနဲ့ အမေကြီး ကျန်းကျန်းမာမာနဲ့ အသက်ရာကျော်ရှည်ပါစေ..............။
(မေ၂၈၊ ၂၀၁၁)

===================================================

အေဝးမွာရွိတဲ့ ကြ်န္ေတာ့္အိမ္ကိုဖုန္းဆက္ေတာ့ ေဖေဖက " ငါ့သား၊ မင္းဘဘက မင္းျပန္သြားခါနီး သူ႔ကိုဖက္သြားတာ စိတ္ထဲမွာဝမ္းနည္းလို႔တဲ့ကြာ" တဲ့။ ကြ်န္ေတာ္အဖိုးအေၾကာင္းကိုေျပာတာပါ။ ကြ်န္ေတာ္လဲ စိတ္ထဲမွာတစ္ခ်က္ငိုင္သြားၿပီး ဘဘကို ေတာ္ေတာ္လြမ္းသြားပါတယ္။ အဲဒီေန႔က ကြ်န္ေတာ္ေက်ာင္းတက္ရာႏုိင္ငံငယ္ေလးကို ျပန္ဖို႔ေလဆိပ္ကုိဆင္းေတာ့ ကြ်န္ေတာ့အဖိုးပါလုိက္ပို႔ပါတယ္။ အဖိုးကို ကြ်န္ေတာ္တို႔ေမာင္ႏွမေတြက ဘဘ လို႔ေခၚပါတယ္။ ေဖေဖရယ္၊ ဘဘရယ္ ႏွစ္ေယာက္လိုက္ပို႔ၾကတာပါ။ ဘဘက အသက္ ၈၇ ႏွစ္ရွိပါၿပီ။ အိမ္နားမွာလမ္းေလွ်ာက္တာကလြဲလို႔ ဘယ္မွသိပ္သြားတာမဟုတ္ပါဘူး။ ခုေတာ့ " ငါ့ေျမးကိုလိုက္ပို႔ဦးမယ္" ဆိုၿပီး သူူဝတ္ေနက်ရွပ္အကၤ်ီအျဖဴေလးရယ္၊ ပုဆိုးေလးကို ခါးပုံစၾကီးၾကီးနဲ႔ ဝတ္ေနက်အတိုင္းတိုတိုရယ္ ဝတ္လို႔ေလဆိပ္ကိုလိုက္ခ်လာပါတယ္။ အသက္သာ ၈၇ ႏွစ္ရွိေပမယ့္ ဘဘက ေတာ္ေတာ္က်န္းမာပါေသးတယ္။ ခါးနည္းနည္းကိုင္းေနတာကလြဲလို႔ သူ႔ဟာသူအကူမပါပဲ သန္သန္မာမာနဲ႔ လမ္းေလွ်ာက္ႏုိင္ေနတုံးပါ။ ကြ်န္ေတာ္က ဘဘကိုလက္တြဲၿပီး လူဝင္မွဳၾကီးၾကပ္ေရးထိေခၚလာခဲ့ပါတယ္။ ဘဘက ကြ်န္ေတာ့လက္ကို ၿမဲၿမဲကို္င္လို႔ ေျမးအဖိုးႏွစ္ေယာက္ နဲ႔ ေဖေဖ၊ သားအဖ ႏွစ္စုံေပါ့။ လူဝင္မွဳၾကီးၾကပ္ေရးေကာင္တာျဖတ္ခါနီးမွာ အနားမွာရွိတဲ့ေဖေဖ့ကို ဖက္ၿပီးႏွဳတ္ဆက္လိုက္တယ္။ ၿပီးေတာ့ ဘဘကိုလဲ ေပြ႔ဖက္ၿပီးႏွဳတ္ဆက္ခ်င္လာလို႔ အနားကိုေခၚၿပီး " သား၊ သြားေတာ့မယ္ ဘဘ" ဆိုၿပီး ခဏဖက္ထားလုိက္ပါတယ္။ ေနာက္ေတာ့ ေလယာဥ္ေပၚတက္လို႔ျပန္လာခဲ့ပါတယ္။ ကြ်န္ေတာ္ ဘဘကို ဖက္ထားတုံးမွာ ဘဘစိတ္ထဲ ဝမ္းနည္းစရာ ခံစားရတယ္ဆိုတာ ေဖေဖေျပာမွသိတာပါ။ ကြ်န္ေတာ္လဲ ေဖေဖေျပာတာျပန္ၾကားေတာ့ ဘဘကို သတိရလို႔ ဝမ္းနည္းမိပါတယ္။ ဟုတ္ပါတယ္။ ဘဘကကြ်န္ေတာ္နဲ႔က စိတ္ခ်င္းနီးစပ္ပါတယ္။ ကြ်န္ေတာ္ကလဲ ဘဘကိုခ်စ္တာကိုး။ ဘဘနဲ႔ေနစဥ္က အျပင္သြားရင္ ဘဘအတြက္မုန္႔ေလးေတြ တစ္မ်ိဳးမဟုတ္တစ္မ်ိဳး ကြ်န္ေတာ္ သတိတရနဲ႔ ဝယ္လာတတ္ပါတယ္။ ဘဘၾကိဳက္တဲ့ဟာမ်ိဳးဆို မွတ္ထားၿပီးကို ခဏ၊ခဏ ဝယ္လာေပးတာပါ။ ဘဘကလဲ အဲဒါမ်ိဳးဆို "ငါ့ေျမးက ငါ့အတြက္ဝယ္လာတဲ့မုန္႔" ဆိုၿပီး တစ္ဖြဖြေျပာတတ္တာပါ။ ကြ်န္ေတာ္ကလဲ ဘဘအဲလိုေျပာေလ သိပ္ေပ်ာ္ေလေပါ့။ ဘဘ တီဗီၾကည့္တဲ့အခ်ိန္ဆုိ ေဘးမွာထိုင္ၿပီး ဘဘစားဖုိ႔ ေနၾကာေစ့ေတြကို မကုန္မခ်င္း ကြ်န္ေတာ္ အခြံခြာေပးတတ္ပါတယ္။ အသက္အရြယ္ၾကီးရင့္ၿပီျဖစ္တဲ့ ကြ်န္ေတာ့အဖိုးကို သက္ရွိထင္ရွားရွိစဥ္တုံးမွာ တတ္ႏုိင္သေလာက္ျပဳစုေပးလုိက္ခ်င္တဲ့ ေစတနာနဲ႔ပါ။ အဲဒီလုိျပဳစုေပးတာေတြေၾကာင့္လဲ ဘဘကိုကြ်န္ေတာ့ကို သံေယာဇဥ္ၾကီးတာေနမွာပါ။ ခုလိုဘဘေျပာမွပဲ ဘဘကြ်န္ေတာ့ကို သံေယာဇဥ္ဘယ္ေလာက္ၾကီးလဲ သိရတာပါ။ တစ္ခါတစ္ေလေတာ့လဲ မထင္မွတ္ပဲ ျပဳလိုက္တဲ့အျပဳအမူေလးေတြက လူ႔စိတ္ကို ညြတ္ႏူးေစတတ္ပါတယ္။ ကြ်န္ေတာ့ရဲ ႔ အျပဳအမူေလးတစ္ခုက ဘဘကို " ငါ့ေျမး၊ ငါ့ကိုျပန္ခါနီးဖက္သြားတာ စိတ္ထဲမွာ ဝမ္းနည္းလိုက္တာကြာ" လို႔ေျပာေစၿပီး၊ ဘဘရဲ ႔ အဲဒီစကားက ျပန္ၾကားရတဲ့ကြ်န္ေတာ့ကိုလဲ အတိုင္းမသိ စိတ္ထဲမွာသတိရ ဝမ္းနည္းေစပါတယ္။ ဘဘနဲ႔ အေမၾကီး က်န္းက်န္းမာမာနဲ႔ အသက္ရာေက်ာ္ရွည္ပါေစ..............။

No comments:

Post a Comment