Saturday, May 28, 2011

အရှေ့ကို လျှောက်ပါလို့ အနောက်ကိုမျှော်

ကျွန်တော်ဆယ်တန်းတက်နေရင်းနဲ့ တစ်နေ့တော့ စာကျက်ရင်း စဉ်းစားမိတယ်။ ဒီစာတွေကို ဒီအရွယ်ထိသင်လာ၊ ပြီးတော့လဲ ထပ်သင်၊ နောက်ဆုံး တစ်နေ့မှာ သေသွားတယ်ဆိုပါတော့။ နောက်ဘဝလဲရောက်ရော ဟိုး...အစက ပြန်သင်ရပြန်ရော( လူပြန်ဖြစ်ရင်ပြောပါတယ်)။ ဒီလိုနဲ့ ဘဝတွေပြောင်းတိုင်း ပြောင်းတိုင်း အကုန်မေ့၊ ထပ်ခါ၊ထပ်ခါ အစကပြန်သင်။ ဒါဖြင့် စာတွေသင်နေတာ အဓိပ္ပါယ် ဘာရှိမှာလဲပေါ့။ ဒါနဲ့ ကျွန်တော့်ရဲ့ အတွေးမဟာကြီးကို ကျွန်တော့အဖိုးကို သွားပြောပြလိုက်တယ်။ "ဘဘရေ၊ ဘဝဆိုတာ အဲလိုမျိုးကြီးဆိုရင်တော့ ပျင်းစရာကြီးနော်၊ ဘာအဓိပ္ပါယ်မှလဲ မရှိဘူး " ဆိုပြီးတော့ပေါ့။ ဘဘက ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ပေးပါတယ်။ ပြီးတော့မှ ကျွန်တော့အဖေကို သွားပြောပါတယ်။ " သား၊ မင်းသား စာမလိုက်နိုင်ဘူးနဲ့တူတယ်ကွ၊ ငါ့ကို အဲလိုလာပြောနေတယ်တဲ့ " တဲ့။ မှတ်ကရော။ အဲဒီကတည်းက ကျွန်တော်တွေးမိသမျှကို လူကြီးတွေနဲ့ ဆွေးနွေးဖို့ တော်တော်စဉ်းစားလိုက်ရပါတယ်။ ကျွန်တော်ပြောတဲ့စကားကိုမူတည်ပြီး သူတို့ကကျွန်တော့ စိတ်အခြေအနေကို အကဲခတ်တာကိုး။ တကယ်တော့ ပြောရရင် အဲဒီအတွေးက နောက်ပိုင်း တလျှောက်လုံး ခဏ၊ ခဏပေါ်နေပါသေးတယ်။ အသက်အရွယ်၊ အတွေ့အကြုံတွေကြောင့် အတွေးအခေါ်တစ်ချို့ပြောင်းသွားပေမယ့် ဘဝဆိုတာ ဘယ်လိုနေရင် တန်ဖိုးရှိမှာလဲဆိုတာကို သိချင်နေတုန်းပါ။ အောင်မြင်မှု၊ ကျော်ကြားမှု၊ ချမ်းသာလိုမှု စတဲ့ အလိုလောဘနဲ့ စပ်တဲ့ ကိစ္စတိုင်းကလဲ ပူလောင်လွန်းလှပါတယ်။ ဘဝမှာနေရတာ အရမ်းစိတ်ချမ်းသာစရာကောင်းတယ်လို့ ခံစားရတဲ့ အခိုက်အတန့်လေးတွေ၊ ဘဝမှာပျော်ရွှင်နေတယ်ဆိုတဲ့ အခိုက်အတန့်လေးတွေ ရှိခဲ့ဘူးသလို၊ လူတွေဘာအတွက် အသက်ရှင်နေတာလဲလို့ တွေးမိနေခဲ့တဲ့ အချိန်တွေလဲ ရှိခဲ့ပါတယ်။ အရမ်းအောင်မြင်ကျော်ကြားခဲ့တဲ့ ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးတို့၊ မင်းသမီး မာရီလင်မွန်ရိုးတို့ စတဲ့စတဲ့သူတွေဟာလဲ ဘဝကိုအရှုံးပေးပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာ ဖတ်ဖူးပါတယ်။ ဒီလောက်ကမ္ဘာသိကျော်ကြားနေတာတောင်မှ ဒီလိုဖြစ်မှတော့ ဘဝဟာ အဓိပ္ပါယ်မရှိဘူးလို့ ခံစားရပါတယ်။ ဒါဖြင့် ဘဝမှာ အမြဲပျော်ရွှင်နေနိုင်ဖို့ ဘာလုပ်ကြမလဲ။ စဉ်းစားရတာတော်တော်ခေါင်းခြောက်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ သာမာန်ဗုဒ္ဓဘာသာဝင်တစ်ယောက်ထက်လဲ ဘာသာရေးကိုလေ့လာ လိုက်စားဖူးပါတယ်။ ဘာသာရေးကတော့ စိတ်ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တယ်ဆိုတာ အမှန်ပါ။ ကျွန်တော်ပြောတဲ့ ဘာသာရေးဆိုတာက နေ့တိုင်းဘုရားရှိခိုးပြီး တရားစာရွတ်နေတာလောက်ကိုပြောတာမဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း ကိုယ်တိုင် ကျင့်ကြံပြီး စိတ်ရဲ့ငြိမ်းချမ်းမှုကို ရအောင်ရှာတာမျိုးကိုပြောတာပါ။ အချိန်အတိုင်းအတာလေးတစ်ခုလောက်ထိ စိတ်ရဲ့ငြိမ်းချမ်းမှုလေးရတာတောင်မှ တော်တော်အေးချမ်းပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အလိုဆန္ဒတွေအများကြီးရှိသေးတဲ့ လူငယ်တစ်ယောက်ပါ။ တစ်သက်လုံး ဘုန်းကြီးလဲ မဝတ်နိုင်သေးပါဘူး။ အဲလောက်လဲ မရောင့်ရဲနိုင်သေးပါဘူး။ ကျွန်တော့်မှာလုပ်စရာတွေ၊ လုပ်ချင်တာတွေအများကြီးရှိပါသေးတယ်။ ဘဝကို တန်ဖိုးရှိရှိ၊ အဓိပ္ပါယ်ပါပါ ဖြတ်သန်းသွားချင်ပါသေးတယ်။ ဘဝကိုပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်ကျော်သွားသူတွေကို လေ့လာမိပြန်ပါတယ်။ ဘယ်လိုလူတွေက ဘဝမှာပျော်ပျော်ရွှင်ရွှင်နေသွားကြသလဲပေါ့။ သောက်စားမူးယစ်ပြီး၊ ပျော်နေခဲ့တာကိုပြောတာမဟုတ်ပါဘူး။ မစဉ်းစားမဆင်ခြင်ပဲ ကိုယ်လုပ်ချင်ရာတွေလျှောက်လုပ်ပြီးပျော်နေခဲ့တာကိုလဲ မဆိုလိုပါဘူး။ အသိစိတ်ကလေးထဲမှာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်နေခဲ့ရတဲ့ဘဝမျိုးကိုရည်ညွှန်းတာပါ။ ခက်တာက အောင်မြင်ကျော်ကြားမှု၊ ချမ်းသာမှု၊ နာမည်ကြီးမှုတွေကိုသာ မှတ်တမ်းတင်ကြတာ။ ပျော်ရွှင်ရောင့်ရဲလို့ အဓိပ္ပါယ်ပြည့်ဝတဲ့ ကျေနပ်စရာဘဝမျိုးကျတော့ သီးသန့်ရေးထားတာ အလွန်ရှားပါတယ်။ ထင်ရှားသူများရဲ့ အတ္ထုပ္ပတ္တိကနေပဲ သာယာတဲ့ဘဝလေးတွေကို ရွေးပြီး လေ့လာယူရတာပါ။ နှစ်ပေါင်းကိုးဆယ်ကျော်တောင် အသက်ရှည်ခဲ့ပြီး ငြိမ်းငြိမ်းချမ်းချမ်းကွယ်လွန်သွားတဲ့ ဂျော့ဘားနပ်ရှောတို့လို ပိုဂ္ဂိုလ်မျိုးကတော ဘဝမှာအဓိပ္ပါယ်ရှိခဲ့သလားမပြောတတ်ပါဘူး။ သူပြောခဲ့တဲ့စကားတွေ၊ သူရေးခဲ့တဲ့စာတွေအားလုံးကို ပြန်လေ့လာမှသေချာပြောနိုင်မှာပါ။ ၂၀ရာစုမှာ နာမည်ကြီးခဲ့တဲ့ ဖြစ်ရပ်တစ်ခုရှိပါသေးတယ်။ စိတ်ချမ်းသာဖို့ အဓိကဆိုတဲ့ ဖြစ်ရပ်ပါ။ အင်္ဂလန်က ဝင်ဆာမြို့စားကြီး အက်ဒွပ်ဟာ မစ္စဆင်မ်ဆန်ဆိုတဲ့တစ်ခုလပ်အမျိုးသမီးကိုလက်ထပ်ဖို့ ဘုရင်ဆိုတဲ့ခံစားခွင့်၊ ရာထူး၊ နေရာ၊ သရဖူကြီးကို စွန့်ခဲ့တဲ့ဖြစ်ရပ်ပါ။ သာမန်မြို့စားတစ်ယောက်ဘဝနဲ့ပဲ သူ့ချစ်သူကိုလက်ထပ်လို့ ပျော်ရွှင်စွာနေသွားမယ်ဆိုတဲ့ အတွေးအခေါ်ပါ။ ဝင်ဆာမြို့စားကြီးဟာ ဘဝတစ်လျှောက်လုံးပျော်ရွှင်မှုနဲ့ အဓိပ္ပါယ်ကိုရှာတွေ့ခဲ့လားဆိုတာ သိချင်ပါသေးတယ်။ ကိုယ်လျှောက်နေတဲ့ ဘဝလေးကို ခဏလေးရပ်လိုက်ပြီး ရှေ့၊ နောက်၊ ကိုယ့်ပတ်ဝန်းကျင် အရာအားလုံးကို ကြည့်လိုက်တဲ့အခါမှာ ဘဝတွေက ကြွတက်လာပြီး အောင်မြင်သူတွေ၊ အောင်မြင်တယ်လို့ထင်နေသူတွေ၊ ရှုံးနိမ့်သူတွေ၊ ပျော်ရွှင်နေသူတွေ၊ ဝမ်းနည်းနေသူတွေ၊ ဘဝအဓိပ္ပါယ်ရှိသူတွေ၊ မရှိသူတွေ၊ ရှိတယ်လို့ထင်သူတွေ အများကြီးဆိုတာသိလာရပါတယ် (ဒီနေရာမှာ အောင်မြင်မှုဆိုတာဘာပေတံနဲ့တိုင်းမလဲဆိုတာကလဲရှိပါသေးတယ်)။ လမ်းမကြီးပေါ်မှာ မသွားဘဲ လမ်းဘေးမှာထိုင်ပြီး သွားလာနေတဲ့သူတွေကို ကြည့်သလိုမျိုးပါ။ ကိုယ့်ကိုယ်ကို ပြန်ရပ်ကြည့်တဲ့အခါမှာလဲ စဉ်းစားစရာတွေက တောင်လိုပုံလို့လာပါတယ်။ ခုချိန်မှာ ကျွန်တော့်အဖိုးကို " ဘဘ၊ ဘဝရဲ့ အဓိပ္ပါယ်ဆိုတာ ဘာလဲဟင် " လို့မေးရင် ကျွန်တော့အဖိုးက ကျွန်တော့အဖေကို " သား၊ မင်းသား စာမလိုက်နိုင်ဘူးလားထင်တယ် " လို့ပဲ သွားပြောဦးမလား မသိပါဘူး။

====================================

ကြ်န္ေတာ္ဆယ္တန္းတက္ေနရင္းနဲ႔ တစ္ေန႔ေတာ့ စာက်က္ရင္း စဥ္းစားမိတယ္။ ဒီစာေတြကို ဒီအရြယ္ထိသင္လာ၊ ၿပီးေတာ့လဲ ထပ္သင္၊ ေနာက္ဆုံး တစ္ေန႔မွာ ေသသြားတယ္ဆုိပါေတာ့။ ေနာက္ဘဝလဲေရာက္ေရာ ဟိုး...အစက ျပန္သင္ရျပန္ေရာ( လူျပန္ျဖစ္ရင္ေျပာပါတယ္)။ ဒီလိုနဲ႔ ဘဝေတြေျပာင္းတိုင္း ေျပာင္းတုိင္း အကုန္ေမ့၊ ထပ္ခါ၊ထပ္ခါ အစကျပန္သင္။ ဒါျဖင့္ စာေတြသင္ေနတာ အဓိပၸါယ္ ဘာရွိမွာလဲေပါ့။ ဒါနဲ႔ ကြ်န္ေတာ့္ရဲ ႔ အေတြးမဟာၾကီးကို ကြ်န္ေတာ့အဖိုးကို သြားေျပာျပလိုက္တယ္။ "ဘဘေရ၊ ဘဝဆိုတာ အဲလိုမ်ိဳးၾကီးဆိုရင္ေတာ့ ပ်င္းစရာၾကီးေနာ္၊ ဘာအဓိပၸါယ္မွလဲ မရွိဘူး " ဆိုၿပီးေတာ့ေပါ့။ ဘဘက ေခါင္းတညိတ္ညိတ္နဲ႔ နားေထာင္ေပးပါတယ္။ ၿပီးေတာ့မွ ကြ်န္ေတာ့အေဖကို သြားေျပာပါတယ္။ " သား၊ မင္းသား စာမလိုက္ႏုိင္ဘူးနဲ႔တူတယ္ကြ၊ ငါ့ကို အဲလိုလာေျပာေနတယ္တဲ့ " တဲ့။ မွတ္ကေရာ။ အဲဒီကတည္းက ကြ်န္ေတာ္ေတြးမိသမွ်ကို လူၾကီးေတြနဲ႔ ေဆြးေႏြးဖို႔ ေတာ္ေတာ္စဥ္းစားလိုက္ရပါတယ္။ ကြ်န္ေတာ္ေျပာတဲ့စကားကိုမူတည္ၿပီး သူတို႔ကကြ်န္ေတာ့ စိတ္အေျခအေနကို အကဲခတ္တာကိုး။ တကယ္ေတာ့ ေျပာရရင္ အဲဒီအေတြးက ေနာက္ပိုင္း တေလွ်ာက္လုံး ခဏ၊ ခဏေပၚေနပါေသးတယ္။ အသက္အရြယ္၊ အေတြ႔အၾကံဳေတြေၾကာင့္ အေတြးအေခၚတစ္ခ်ိဳ႔ေျပာင္းသြားေပမယ့္ ဘဝဆိုတာ ဘယ္လိုေနရင္ တန္ဖိုးရွိမွာလဲဆိုတာကို သိခ်င္ေနတုံးပါ။ ေအာင္ျမင္မွဳ၊ ေက်ာ္ၾကားမွဳ၊ ခ်မ္းသာလုိမွဳ စတဲ့ အလိုေလာဘနဲ႔ စပ္တဲ့ ကိစၥတိုင္းကလဲ ပူေလာင္လြန္းလွပါတယ္။ ဘဝမွာေနရတာ အရမ္းစိတ္ခ်မ္းသာစရာေကာင္းတယ္လို႔ ခံစားရတဲ့ အခိုက္အတန္႔ေလးေတြ၊ ဘဝမွာေပ်ာ္ရႊင္ေနတယ္ဆိုတဲ့ အခုိက္အတန္႔ေလးေတြ ရွိခဲ့ဘူးသလို၊ လူေတြဘာအတြက္ အသက္ရွင္ေနတာလဲလို႔ ေတြးမိေနခဲ့တဲ့ အခ်ိန္ေတြလဲ ရွိခဲ့ပါတယ္။ အရမ္းေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ပန္းခ်ီဆရာ ဗင္းဆင့္ဗန္ဂိုးတို႔၊ မင္းသမီး မာရီလင္မြန္ရိုးတို႔ စတဲ့စတဲ့သူေတြဟာလဲ ဘဝကိုအရွဳံးေပးၿပီး ကိုယ့္ကုိယ္ကို သတ္ေသသြားတာ ဖတ္ဖူးပါတယ္။ ဒီေလာက္ကမာၻသိေက်ာ္ၾကားေနတာေတာင္မွ ဒီလိုျဖစ္မွေတာ့ ဘဝဟာ အဓိပၸါယ္မရွိဘူးလို႔ ခံစားရပါတယ္။ ဒါျဖင့္ ဘဝမွာ အၿမဲေပ်ာ္ရႊင္ေနႏုိင္ဖို႔ ဘာလုပ္ၾကမလဲ။ စဥ္းစားရတာေတာ္ေတာ္ေခါင္းေျခာက္ပါတယ္။ ဗုဒၶဘာသာဝင္တစ္ေယာက္ျဖစ္တဲ့ ကြ်န္ေတာ္ဟာ သာမာန္ဗုဒၶဘာသာဝင္တစ္ေယာက္ထက္လဲ ဘာသာေရးကိုေလ့လာ လိုက္စားဖူးပါတယ္။ ဘာသာေရးကေတာ့ စိတ္ျငိမ္းခ်မ္းမွဳကို ေပးစြမ္းႏုိင္တယ္ဆိုတာ အမွန္ပါ။ ကြ်န္ေတာ္ေျပာတဲ့ ဘာသာေရးဆိုတာက ေန႔တုိင္းဘုရားရွိခုိးၿပီး တရားစာရြတ္ေနတာေလာက္ကိုေျပာတာမဟုတ္ပါဘူး။ ဗုဒၶရဲ ႔ အဆုံးအမအတုိင္း ကိုယ္တိုင္ က်င့္ၾကံၿပီး စိတ္ရဲ ႔ျငိမ္းခ်မ္းမွဳကို ရေအာင္ရွာတာမ်ိဳးကိုေျပာတာပါ။ အခ်ိန္အတိုင္းအတာေလးတစ္ခုေလာက္ထိ စိတ္ရဲ ႔ျငိမ္းခ်မ္းမွဳေလးရတာေတာင္မွ ေတာ္ေတာ္ေအးခ်မ္းပါတယ္။ ဒါေပမယ့္ ကြ်န္ေတာ္ဟာ အလိုဆႏၵေတြအမ်ားၾကီးရွိေသးတဲ့ လူငယ္တစ္ေယာက္ပါ။ တစ္သက္လုံး ဘုန္းၾကီးလဲ မဝတ္ႏုိင္ေသးပါဘူး။ အဲေလာက္လဲ မေရာင့္ရဲႏုိင္ေသးပါဘူး။ ကြ်န္ေတာ့္မွာလုပ္စရာေတြ၊ လုပ္ခ်င္တာေတြအမ်ားၾကီးရွိပါေသးတယ္။ ဘဝကို တန္ဖိုးရွိရွိ၊ အဓိပၸါယ္ပါပါ ျဖတ္သန္းသြားခ်င္ပါေသးတယ္။ ဘဝကိုေပ်ာ္ရႊင္ခ်မ္းေျမ့စြာ ျဖတ္ေက်ာ္သြားသူေတြကို ေလ့လာမိျပန္ပါတယ္။ ဘယ္လိုလူေတြက ဘဝမွာေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနသြားၾကသလဲေပါ့။ ေသာက္စားမူးယစ္ၿပီး၊ ေပ်ာ္ေနခဲ့တာကိုေျပာတာမဟုတ္ပါဘူး။ မစဥ္းစားမဆင္ျခင္ပဲ ကိုယ္လုပ္ခ်င္ရာေတြေလွ်ာက္လုပ္ၿပီးေပ်ာ္ေနခဲ့တာကိုလဲ မဆိုလိုပါဘူး။ အသိစိတ္ကေလးထဲမွာကို ျငိမ္းျငိမ္းခ်မ္းခ်မ္းနဲ႔ ေပ်ာ္ေနခဲ့ရတဲ့ဘဝမ်ိဳးကိုရည္ညႊန္းတာပါ။ ခက္တာက ေအာင္ျမင္ေက်ာ္ၾကားမွဳ၊ ခ်မ္းသာမွဳ၊ နာမည္ၾကီးမွဳေတြကိုသာ မွတ္တမ္းတင္ၾကတာ။ ေပ်ာ္ရႊင္ေရာင့္ရဲလို႔ အဓိပၸါယ္ျပည့္ဝတဲ့ ေက်နပ္စရာဘဝမ်ိဳးက်ေတာ့ သီးသန္႔ေရးထားတာ အလြန္ရွားပါတယ္။ ထင္ရွားသူမ်ားရဲ ႔ အတၳဳပၸတၱိကေနပဲ သာယာတဲ့ဘဝေလးေတြကို ေရြးၿပီး ေလ့လာယူရတာပါ။ ႏွစ္ေပါင္းကိုးဆယ္ေက်ာ္ေတာင္ အသက္ရွည္ခ့ဲၿပီး ျငိမ္းျငိမ္းခ်မ္းခ်မ္းကြယ္လြန္သြားတဲ့ ေဂ်ာ့ဘားနပ္ေရွာတို႔လို ပုိဂၢိဳလ္မ်ိဳးကေတာ ဘဝမွာအဓိပၸါယ္ရွိခဲ့သလားမေျပာတတ္ပါဘူး။ သူေျပာခဲ့တဲ့စကားေတြ၊ သူေရးခဲ့တဲ့စာေတြအားလုံးကို ျပန္ေလ့လာမွေသခ်ာေျပာႏုိင္မွာပါ။ ၂၀ရာစုမွာ နာမည္ၾကီးခဲ့တဲ့ ျဖစ္ရပ္တစ္ခုရွိပါေသးတယ္။ စိတ္ခ်မ္းသာဖို႔ အဓိကဆိုတဲ့ ျဖစ္ရပ္ပါ။ အဂၤလန္က ဝင္ဆာျမိဳ႔စားၾကီး အက္ဒြပ္ဟာ မစၥဆင္မ္ဆန္ဆိုတဲ့တစ္ခုလပ္အမ်ိဳးသမီးကိုလက္ထပ္ဖို႔ ဘုရင္ဆိုတဲ့ခံစားခြင့္၊ ရာထူး၊ ေနရာ၊ သရဖူၾကီးကို စြန္႔ခဲ့တဲ့ျဖစ္ရပ္ပါ။ သာမာန္ျမိဳ႔စားတစ္ေယာက္ဘဝနဲ႔ပဲ သူ႔ခ်စ္သူကိုလက္ထပ္လို႔ ေပ်ာ္ရႊင္စြာေနသြားမယ္ဆိုတဲ့ အေတြးအေခၚပါ။ ဝင္ဆာျမိဳ႔စားၾကီးဟာ ဘဝတစ္ေလွ်ာက္လုံးေပ်ာ္ရႊင္မွဳနဲ႔ အဓိပၸါယ္ကိုရွာေတြ႔ခဲ့လားဆုိတာ သိခ်င္ပါေသးတယ္။ ကိုယ္ေလွ်ာက္ေနတဲ့ ဘဝေလးကုိ ခဏေလးရပ္လိုက္ၿပီး ေရွ ႔၊ ေနာက္၊ ကုိယ့္ပတ္ဝန္းက်င္ အရာအားလုံးကို ၾကည့္လိုက္တဲ့အခါမွာ ဘဝေတြက ၾကြတက္လာၿပီး ေအာင္ျမင္မွဳသူေတြ၊ ရွံဳးနိမ့္သူေတြ၊ ေပ်ာ္ရႊင္ေနသူေတြ၊ ဝမ္းနည္းေနသူေတြ၊ ဘဝအဓိပၸါယ္ရွိသူေတြ၊ မရွိသူေတြ၊ ရွိတယ္လို႔ထင္သူေတြ အမ်ားၾကီးဆိုတာသိလာရပါတယ္။ လမ္းမၾကီးေပၚမွာ မသြားဘဲ လမ္းေဘးမွာထုိင္ၿပီး သြားလာေနတဲ့သူေတြကိုု ၾကည့္သလိုမ်ိဳးပါ။ ကိုယ့္ကိုယ္ကို ျပန္ရပ္ၾကည့္တဲ့အခါမွာလဲ စဥ္းစားစရာေတြက ေတာင္လိုပုံလို႔လာပါတယ္။ ခုခ်ိန္မွာ ကြ်န္ေတာ့္အဖိုးကို " ဘဘ၊ ဘဝရဲ ႔ အဓိပၸါယ္ဆိုတာ ဘာလဲဟင္ " လို႔ေမးရင္ ကြ်န္ေတာ့အဖိုးက ကြ်န္ေတာ့အေဖကို " သား၊ မင္းသား စာမလိုက္ႏုိင္ဘူးလားထင္တယ္ " လို႔ပဲ သြားေျပာဦးမလား မသိပါဘူး။

No comments:

Post a Comment