Sunday, December 18, 2011

ရထားပေါ်က ကျွန်တော်တို့ဘဝများ

ကျွန်တော် ငယ်ငယ်က စစ်ဗိုလ်တစ်ယောက်ဖြစ်ချင်ခဲ့တယ်။ ပြီးတော့ တီထွင်သူတစ်ယောက်။ အသက်ကြီးလာလေလေ ကြောက်တတ်တဲ့စိတ်က ပိုကြီးလာလေလေဆိုတာ မှန်တယ်။ ကျွန်တော်စစ်ဗိုလ်မဖြစ်ချင်တော့ဘူး။ တိုက်ပွဲတိုက်ရင်း ကိုယ်လက်အင်္ဂါတစ်ခုခုချို့ယွင်းသွားမှာ ကြောက်လို့။ ဒီလိုနဲ့ တီထွင်သူဖြစ်ချင်တဲ့ စိတ်တစ်ခုပဲ ကျန်ခဲ့တယ်။ အနီးစပ်ဆုံးဆိုရင်တော့ အင်ဂျင်နီယာလုပ်ရမှာပေါ့။ ဆရာဝန်ဖြစ်ဖို့တော့ စိတ်မကူူးခဲ့ဖူးပါဘူး။ ကျွန်တော်ဆယ်တန်းအောင်ပြီးတဲ့နှစ်မှာ ဆေးကျောင်းဝင်ခွင့်ရပြီး ဆေးကျောင်းသားတစ်ယောက်ဖြစ်လာခဲ့တယ်။ တစ်ခါမှ စိတ်ကူးတောင် မယဉ်ခဲ့ဖူးတဲ့ဆရာဝန်ဘဝ။ မပျော်ဘူးလားဆိုတော့ ပျော်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူတူတက်ရတာကိုး။ တက္ကသိုလ်ကျောင်းသားဘဝကို သူငယ်ချင်းတွေနဲ့ အတူတူခံစားရတာ အလွန်ပျော်စရာကောင်းပါတယ်။ အချိန်တန်ရင် အိမ်ကပေးတဲ့မုန့်ဖိုးယူ၊ ကျောင်းကိုသွား စာသင်၊ သူငယ်ချင်းတွေနဲ့တွေ့။ ဂိမ်းတွေဘာတွေဆော့။ အိမ်ပြန်။ အိမ်ကချက်တဲ့ထမင်းခပ်စား။ အဝတ်ကလဲလျှော်စရာမလို၊ ဘာတာဝန်မှလဲမရှိ။ လူတွေကလဲဆေးကျောင်းသားဆိုပြီး အထင်ကြီး၊ အမျိုးတွေကလဲ ပ စားပေး။ ဘဝကြီးက တော်တော်ကိုသာယာပါတယ်။ ဒီလိုနဲ့ ပထမနှစ်၊ ဒုတိယနှစ် နှစ်ခါ (တစ်ခါက ဆေးကျောင်းတက်မလို၊ နိုင်ငံခြားသွားမလိုလုပ်နေရာက အလယ်မှာ ပလုံဆိုကျသွားတာ)၊ တတိယနှစ် ကနေ နောက်ဆုံးနှစ်အပိုင်း(က) ကိုရောက်လာခဲ့တယ်။ နောက်ဆုံးနှစ်အပိုင်း(က) ကိုရောက်တဲ့အခါမှာ ကျွန်တော်သေသေချာချာ စဉ်းစားနေရပြီ။ ဘဝရှေ့ရေးကိုတွေးမိလာပြီ။ ဆရာဝန်ဖြစ်ပြီးရင် ဘာလုပ်မှာလဲပေါ့။ ကျွန်တော်သင်နေရတဲ့စာတွေကို စိတ်မဝင်စားဘူး။ ဒါမျိုးတွေပဲ ဆက်သင်ရမယ်ဆိုရင် ဘွဲ့လွန်လဲ မတက်ချင်ဘူး။ ဘွဲ့လွန်မတက်လို့ အလုပ်ထဲမှာရာထူးမတိုးရင် ကိုယ့်နောက်ကကျောင်းတက်လာတဲ့ ညီ၊ညီမတွေကို" အစ်မ" တို့၊" ဆရာ "တို့ခေါ်ပြီး သူတို့ခိုင်းသမျှခေါင်းငြိမ့်ပြီးလုပ်ရမယ်။ အဲလိုဘဝမျိုးနဲ့ ရိုးရိုးဆရာဝန်လေးဘဝမှာလဲ တစ်သက်လုံး မနေချင်ဘူး။ ပြီးတော့ ကိုယ့်အသက်မွေးဝမ်းကျောင်းကိုလဲ ကိုယ်ဝါသနာပါတာကို ပျော်ပျော်ရွှင်ရွှင်လုပ်ချင်တယ်။ ကျွန်တော့်မှာတခြားရွေးချယ်စရာ ရှိသလား။ ရှိသလားလို့ စဉ်းစားတော့ရှိတယ်။ ကျွန်တော့မှာ နောက်ရွေးချယ်စရာတစ်ခုရှိနေတာပဲ။ ဒုတိယနှစ် အမ်ဘီဘီအက်စ်စတက် ကတည်းက စင်ကာပူမှာအင်ဂျင်နီယာကျောင်းတက်ဖို့ ကျွန်တော်ပြင်ဆင်ခဲ့ဖူးတယ်။ ဆေးကျောင်းတစ်ဖက်၊ ဘာမှမဆိုင်တဲ့ အင်ဂျင်နီယာတက်ဖို့ကျောင်းစာတွေတစ်ဖက်နဲ့ နှစ်ခုလုံးဘာမှမဖြစ်ထွန်းပဲ ဗျာများခဲ့ရဖူးတယ်။ ခုတော့ တစ်ခုခုကို ယတိပြတ်ဆုံးဖြတ်ဖို့ အချိန်ရောက်ပြီထင်ပါရဲ့။ သားနှစ်ယောက်လုံး အဝေးကိုရောက်နေမှာ မလိုလားတဲ့မေမေက ပြောခဲ့ဖူးတယ်..."သားရယ်၊ သားတစ်ယောက်တော့ ဆရာဝန်လုပ်ပြီး မေမေတို့နားမှာနေပါလား" တဲ့။ မေမေ့စကားတစ်ခွန်းနဲ့တင် ကျွန်တော့်အိပ်မက်တွေကို ထုပ်သိမ်းအလုံပိတ်လို့ အိပ်မက်တွေအတွက်မျက်ရည်ဝဲစွာနဲ့ ဆရာဝန်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ဖူးတယ်။ အတန်းတွေကိုကြိုးစားတက်၊ စာတွေကို ခေါင်းထဲထည့်ဖို့ကြိုးစားပေမယ့် စိတ်ဝင်စားမှုက သုညအဆင့်က တက်မလာခဲ့ဘူး။ စိတ်မပါတဲ့အရာကိုလုပ်ရတာ ပင်ပန်းကြီးလှပါလား။ ၁၈ နှစ်ဆိုတဲ့အရွယ် ဆေးကျောင်းဒုတိယနှစ်မှာ ဘဝအတွက်ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချနိုင်လောက်အောင် ကျွန်တော်မရင့်ကျက်ခဲ့ပါဘူး။ ဘာမှန်းမသိတဲ့၊ မရေရာ မသေချာတဲ့ အိပ်မက်နောက်ကိုလိုက်မယ့်သတ္တိအစား၊ သက်သာနေတဲ့၊ ရေစီးအတိုင်းအလိုက်သင့်မျောပါလို့ရနေတဲ့ ဆေးကျောင်းသားဘဝကို ဆက်လျှောက်ဖြစ်တဲ့ တွေဝေမှုတွေပဲ ရှိခဲ့တယ်။ စိတ်တူ၊ ကိုယ်တူ အရမ်းခင်တဲ့ ရဲဖော်ရဲဖက်သူငယ်ချင်းတွေ၊ လိုလေသေးမရှိဖြည့်ဆည်းပေးထားတဲ့ အိမ်ရဲ့ အရိပ်၊ ဆေးကျောင်းသားဆိုတာကို မသိမသာဂုဏ်ယူတတ်နေတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ မသိစိတ်၊ မပြတ်သားပဲ ကြောက်တတ်တဲ့ကျွန်တော့ရဲ့ စိတ်ဓါတ်၊ အရာအားလုံးက ကျွန်တော့ကို ဆေးကျောင်းသားဘဝမှာ ချည်နှောင်ထားခဲ့တယ်။ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ပေးလိုက်တဲ့ အဲဒီနေ့အထိပေါ့။ ကျွန်တော့စိတ်ဟာ မြူတွေကြားမှာ လေယူရာလွင့်နေတဲ့ သတင်းစာစက္ကူတစ်ရွက်လို ဝေဝါးနေခဲ့တယ်။ အဲဒီနေ့မတိုင်ခင်ထိပါ။ လက်ထဲကို လက်မှတ်ထည့်ပေးပြီး စီးရမယ့်ရထားပေါ်ကို ဆောင့်ကန်တင်ပေးတာခံလိုက်ရသလိုမျိုး ဘဝလမ်းကြောင်းကို တိတိကျကျဆုံးဖြတ်ပေးခံလိုက်ရတာ အဲဒီနေ့မှာပါ။ ကျွန်တော် သံယောဇဉ်အရှိဆုံး၊ အခင်ဆုံးသူငယ်ချင်းနဲ့ အဲဒီနေ့မှာ စကားများကြတယ်။ ဘယ်အရာမဆို ကိုယ်နဲ့တစ်သားထဲ စိတ်တူကိုယ်တူရှိခဲ့တယ် လို့ ထင်မှတ်ခဲ့မိတဲ့သူငယ်ချင်းမှာ သေချာပေါက်ကိုယ့်အတွက်ရှိနေမယ်လို့ ယုံကြည်ခဲ့တဲ့အရာမျိုး၊ ကိုယ့်အတွက်လုပ်ပေးနိုင်မယ်လို့ယုံကြည်ခဲ့ရတဲ့ အရာမျိုး၊ ကိုယ်လိုအပ်တိုင်း သူ့မှာ အမြဲမရှိနိုင်ဘူးဆိုတာကို အလန့်တကြား သဘောပေါက်ခဲ့ရတယ်။ ကျွန်တော် အတ္တသိပ်ကြီးနေခဲ့တာပဲ။ ဟုတ်ပါတယ်၊ ဘယ်လောက်ပဲခင်ခင်၊ ဘယ်လောက်ပဲချစ်ချစ်၊သူငယ်ချင်းဆိုတာလဲ သူ့ဘဝနဲ့သူပါ။ အချိန်တန်လာရင် လူတိုင်း ကိုယ့်ဘဝတစ်ခုကိုပဲ ကိုယ်တာဝန်ယူနိုင်မှာပါ။ ကျွန်တော် ရှင်းရှင်းလင်းလင်း သဘောမပေါက်နိုင်ခဲ့တာပဲ။ " မင်းသူငယ်ချင်းတွေနဲ့ အဲလောက်ခင်လဲ၊ အချိန်တန်တော့ ကိုယ့်လမ်းကိုကိုယ်လျှာက်ရမှာ၊ ကိုယ့်ဘဝအတွက်ကိုယ်လုပ်၊ သူငယ်ချင်းဆိုတာ နောက်မှဆက်ခင်လဲရတယ်၊ တစ်ချိန်လုံးတစ်ပူးတွဲတွဲလုပ်နေဖို့မလိုဘူး " ဆိုတဲ့ ဖေ့ဖေ့စကားတွေကို နားလည်သလိုလိုရှိသွားတယ်။ ကျွန်တော်ဟာ တစ်သက်လုံး သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာနေသွားရမယ်လို့ စိတ်ကူးယဉ်နေခဲ့တဲ့ ကလေးတစ်ယောက်ပဲ။ စိတ်ကူးယဉ်တတ်တဲ့ကလေးလေး တစ်ယောက်သာပါပဲ။ ကျွန်တော့သူငယ်ချင်းက သူ့ဘဝလမ်းညွှန်နဲ့သူသွားနေတာပါ၊ တစ်ခြားသူငယ်ချင်းတွေကို ကြည့်လိုက်တော့လဲ အားလုံးက သူတို့လမ်းညွှန်နဲ့သူတို့ ဒီရထားတစ်စီးပေါ်ကို တက်လာကြတာပါ။ ကျွန်တော်ကရော??? ကျွန်တော်ကတော့ ဘုမသိ၊ ဘမသိ သူတို့နဲ့ရထားစီးရတာပျော်လို့ လိုက်တက်စီးလာတဲ့ အပျော်စီး ခရီးသည်ပဲ။ အချိန်တန်လို့ သူတို့ခရီးဆုံးရောက်သွားရင် ကျွန်တော်က ယောင်လည်လည်နဲ့ ဘူတာမှာတစ်ယောက်ထဲ ကျန်ခဲ့မယ့်ကောင်။ သေချာတွေးကြည့်လိုက်တော့ ကျွန်တော့ဘဝက မရေမရာနဲ့......အို...ကြောက်စရာပါလား။ အနီးဆုံးဘူတာမှာ အမြန်ဆုံးဆင်းလို့ ကျွန်တော်စီးရမယ့်ရထားမှီအောင်ပြေးမှ။ ဘူတာမှာရထားမရပ်ရင်လဲ ခုန်ချသင့်ရင် ခုန်ချရမယ်။ ဒါမှ ကျွန်တော်စီးရမယ့်ရထားကို အမြန်ဆုံးစီးလို့ သူတို့နဲ့ သိပ်မကွာခင် သွားလိုရာဘူတာကိုရောက်မှာလေ။ ကျွန်တော့ အထုပ်အပိုးတွေကို ကျစ်ကျစ်လျစ်လျစ်ထုပ်၊ လိုအပ်ရင်ရထားပေါ်က ခုန်ချမယ်ဆိုတဲ့ စိတ်ကိုမွေး၊ စီးရမယ့်ရထားနဲ့ သွားရမယ့်ဘူတာကို စိတ်ထဲမှာ ရှင်းရှင်းမြင်အောင်ကြည့်လို့ ကျွန်တော်ထိုင်နေရာမှာ ငိုက်မျည်းနေရာက ဝုန်းကနဲထရပ်လိုက်တယ်။ ကျွန်တော် ရထားပြောင်းစီးတော့မယ်။ ဆုံးဖြတ်ချက်တစ်ခုကို ချပြီးတဲ့နောက်မှာတော့ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် သံယောဇဉ်အမျှင်မှန်သမျှမီးမြှိုက်လို့ လုပ်ကိုလုပ်ရတော့မှာပေါ့။ ၁၈ နှစ်သားမှာ မဆုံးဖြတ်နိုင်ခဲ့တဲ့ကိစ္စကို ၂၁ နှစ်သားရောက်မှ ကောင်းကောင်းဆုံးဖြတ်နိုင်ခဲ့တာပါ။ ဒါပေမယ့် " နောက်ကျတာက ဘယ်တော့မှမလုပ်တာထက်ကောင်းတယ် " ဆိုတဲ့ အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်မဟုတ်လား။ ဆေးကျောင်းသားဘဝရဲ့ ပျော်စရာအကောင်းဆုံး၊ အောက်မေ့ဖွယ်ရာ အကောင်းဆုံးဆိုတဲ့ သူငယ်ချင်းတွေနဲ့သွားရတဲ့ field trip ကိုသွားခါနီးမှာ မသွားတော့ပဲ ကျွန်တော့ရထားကို မှီဖို့ပဲ အားစိုက်ခဲ့ပါတယ်။ မက်ခဲ့ဖူးတဲ့ အိပ်မက်တွေကို ပြန်ကောက်ကိုင်၊ မှိန်မှိန်မြင်နေရတဲ့ မီးရောင်ကို ရှေးရှုလို့ ကျွန်တော်ရထားပြောင်းစီးခဲ့ပါပြီ။

(ဒီဇင်ဘာ ၁၈၊ ၂၀၁၁)

=========================================================

ကြ်န္ေတာ္ ငယ္ငယ္က စစ္ဗုိလ္တစ္ေယာက္ျဖစ္ခ်င္ခဲ့တယ္။ ၿပီးေတာ့ တီထြင္သူတစ္ေယာက္။ အသက္ၾကီးလာေလေလ ေၾကာက္တတ္တဲ့စိတ္က ပိုၾကီးလာေလေလဆိုတာ မွန္တယ္။ ကြ်န္ေတာ္စစ္ဗိုလ္မျဖစ္ခ်င္ေတာ့ဘူး။ တုိက္ပြဲတိုက္ရင္း ကိုယ္လက္အဂၤါတစ္ခုခုခ်ိဳ ႔ယြင္းသြားမွာ ေၾကာက္လို႔။ ဒီလိုနဲ႔ တီထြင္သူျဖစ္ခ်င္တဲ့ စိတ္တစ္ခုပဲ က်န္ခ့ဲတယ္။ အနီီးစပ္ဆုံးဆိုရင္ေတာ့ အင္ဂ်င္နီယာလုပ္ရမွာေပါ့။ ဆရာဝန္ျဖစ္ဖုိ႔ေတာ့ စိတ္မကူူးခဲ့ဖူးပါဘူး။ ကြ်န္ေတာ္ဆယ္တန္းေအာင္ၿပီးတဲ့ႏွစ္မွာ ေဆးေက်ာင္းဝင္ခြင့္ရၿပီး ေဆးေက်ာင္းသားတစ္ေယာက္ျဖစ္လာခဲ့တယ္။ တစ္ခါမွ စိတ္ကူးေတာင္ မယဥ္ခဲ့ဖူးတဲ့ဆရာဝန္ဘဝ။ မေပ်ာ္ဘူးလားဆိုေတာ့ ေပ်ာ္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ အတူတူတက္ရတာကိုး။ တကၠသို္လ္ေက်ာင္းသားဘဝကို သူငယ္ခ်င္းေတြနဲ႔ အတူတူခံစားရတာ အလြန္ေပ်ာ္စရာေကာင္းပါတယ္။ အခ်ိန္တန္ရင္ အိ္မ္ကေပးတဲ့မုန္႔ဖိုးယူ၊ ေက်ာင္းကိုသြား စာသင္၊ သူငယ္ခ်င္းေတြနဲ႔ေတြ႔။ ဂိမ္းေတြဘာေတြေဆာ့။ အိမ္ျပန္။ အိမ္ကခ်က္တဲ့ထမင္းခပ္စား။ အဝတ္ကလဲေလွ်ာ္စရာမလို၊ ဘာတာဝန္မွလဲမရွိ။ လူေတြကလဲေဆးေက်ာင္းသားဆိုၿပီး အထင္ၾကီး၊ အမ်ိဳးေတြကလဲ ပ စားေပး။ ဘဝၾကီးက ေတာ္ေတာ္ကိုသာယာပါတယ္။ ဒီလိုနဲ႔ ပထမႏွစ္၊ ဒုတိယႏွစ္ ႏွစ္ခါ (တစ္ခါက ေဆးေက်ာင္းတက္မလုိ၊ ႏုိ္င္ငံျခားသြားမလိုလုပ္ေနရာက အလယ္မွာ ပလုံဆုိက်သြားတာ)၊ တတိယႏွစ္ ကေန ေနာက္ဆုံးနွစ္အပိုင္း(က) ကိုေရာက္လာခဲ့တယ္။ ေနာက္ဆုံးႏွစ္အပိုင္း(က) ကိုေရာက္တဲ့အခါမွာ ကြ်န္ေတာ္ေသေသခ်ာခ်ာ စဥ္းစားေနရၿပီ။ ဘဝေရွ ႔ေရးကိုေတြးမိလာၿပီ။ ဆရာဝန္ျဖစ္ၿပီးရင္ ဘာလုပ္မွာလဲေပါ့။ ကြ်န္ေတာ္သင္ေနရတဲ့စာေတြကို စိတ္မဝင္စားဘူး။ ဒါမ်ိဳးေတြပဲ ဆက္သင္ရမယ္ဆိုရင္ ဘြဲ႔လြန္လဲ မတက္ခ်င္ဘူး။ ဘဲြ႔လြန္မတက္လို႔ အလုပ္ထဲမွာရာထူးမတိုးရင္ ကိုယ့္ေနာက္ကေက်ာင္းတက္လာတဲ့ ညီ၊ညီမေတြကို" အစ္မ" တို႔၊" ဆရာ "တို႔ေခၚၿပီး သူတို႔ခုိင္းသမွ်ေခါင္းျငိမ့္ၿပီးလုပ္ရမယ္။ အဲလိုဘဝမ်ိဳးနဲ႔ ရိုးရုိးဆရာဝန္ေလးဘဝမွာလဲ တစ္သက္လုံး မေနခ်င္ဘူး။ ၿပီးေတာ့ ကိုယ့္အသက္ေမြးဝမ္းေက်ာင္းကိုလဲ ကိုယ္ဝါသနာပါတာကို ေပ်ာ္္ေပ်ာ္ရႊင္ရႊင္လုပ္ခ်င္တယ္။ ကြ်န္ေတာ့္မွာတျခားေရြးခ်ယ္စရာ ရွိသလား။ ရွိသလားလို႔ စဥ္းစားေတာ့ရွိတယ္။ ကြ်န္ေတာ့မွာ ေနာက္ေရြးခ်ယ္စရာတစ္ခုရွိေနတာပဲ။ ဒုတိယႏွစ္ အမ္ဘီဘီအက္စ္စတက္ ကတည္းက စင္ကာပူမွာအင္ဂ်င္နီယာေက်ာင္းတက္ဖုိ႔ ကြ်န္ေတာ္ျပင္ဆင္ခဲ့ဖူးတယ္။ ေဆးေက်ာင္းတစ္ဖက္၊ ဘာမွမဆိုင္တဲ့ အင္ဂ်င္နီယာတက္ဖုိ႔ေက်ာင္းစာေတြတစ္ဖက္နဲ႔ ႏွစ္ခုလုံးဘာမွမျဖစ္ထြန္းပဲ ဗ်ာမ်ားခဲ့ရဖူးတယ္။ ခုေတာ့ တစ္ခုခုကို ယတိျပတ္ဆုံးျဖတ္ဖို႔ အခ်ိန္ေရာက္ၿပီထင္ပါရဲ ႔။ သားႏွစ္ေယာက္လုံး အေဝးကိုေရာက္ေနမွာ မလိုလားတဲ့ေမေမက ေျပာခဲ့ဖူးတယ္..."သားရယ္၊ သားတစ္ေယာက္ေတာ့ ဆရာဝန္လုပ္ၿပီး ေမေမတို႔နားမွာေနပါလား" တဲ့။ ေမေမ့စကားတစ္ခြန္းနဲ႔တင္ ကြ်န္ေတာ့္အိပ္မက္ေတြကို ထုပ္သိမ္းအလုံပိတ္လို႔ အိပ္မက္ေတြအတြက္မ်က္ရည္ဝဲစြာနဲ႔ ဆရာဝန္လုပ္မယ္လို႔ ဆုံးျဖတ္ခဲ့ဖူးတယ္။ အတန္းေတြကိုၾကိဳးစားတက္၊ စာေတြကို ေခါင္းထဲထည့္ဖို႔ၾကိဳးစားေပမယ့္ စိတ္ဝင္စားမွဳက သုညအဆင့္က တက္မလာခဲ့ဘူး။ စိတ္မပါတဲ့အရာကိုလုပ္ရတာ ပင္ပန္းၾကီးလွပါလား။ ၁၈ ႏွစ္ဆိုတဲ့အရြယ္ ေဆးေက်ာင္းဒုတိယႏွစ္မွာ ဘဝအတြက္ဆုံးျဖတ္ခ်က္တစ္ခုကို ပိုင္ပိုင္ႏုိင္ႏုိင္ခ်ႏုိင္ေလာက္ေအာင္ ကြ်န္ေတာ္မရင့္က်က္ခဲ့ပါဘူး။ ဘာမွန္းမသိတဲ့၊ မေရရာ မေသခ်ာတဲ့ အိပ္မက္ေနာက္ကိုလိုက္မယ့္သတၱိအစား၊ သက္သာေနတဲ့၊ ေရစီးအတုိင္းအလုိက္သင့္ေမ်ာပါလို႔ရေနတဲ့ ေဆးေက်ာင္းသားဘဝကို ဆက္ေလွ်ာက္ျဖစ္တဲ့ ေတြေဝမွဳေတြပဲ ရွိခဲ့တယ္။ စိတ္တူ၊ ကိုယ္တူ အရမ္းခင္တဲ့ ရဲေဖာ္ရဲဖက္သူငယ္ခ်င္းေတြ၊ လိုေလေသးမရွိျဖည့္ဆည္းေပးထားတဲ့ အိမ္ရဲ ႔ အရိပ္၊ ေဆးေက်ာင္းသားဆိုတာကို မသိမသာဂုဏ္ယူတတ္ေနတဲ့ ကိုယ္ကိုယ္တိုင္ရဲ ႔ မသိစိတ္၊ မျပတ္သားပဲ ေၾကာက္တတ္တဲ့ကြ်န္ေတာ့ရဲ ႔ စိတ္ဓါတ္၊ အရာအားလုံးက ကြ်န္ေတာ့ကို ေဆးေက်ာင္းသားဘဝမွာ ခ်ည္ေႏွာင္ထားခဲ့တယ္။ အရာအားလုံးကို ရွင္းရွင္းလင္းလင္း ျမင္ခြင့္ေပးလိုက္တဲ့ အဲဒီေန႔အထိေပါ့။ ကြ်န္ေတာ့စိတ္ဟာ ျမဴေတြၾကားမွာ ေလယူရာလြင့္ေနတဲ့ သတင္းစာစကၠဴတစ္ရြက္လုိ ေဝဝါးေနခဲ့တယ္။ အဲဒီေန႔မတိုင္ခင္ထိပါ။ လက္ထဲကို လက္မွတ္ထည့္ေပးၿပီး စီးရမယ့္ရထားေပၚကို ေဆာင့္ကန္တင္ေပးတာခံလိုုက္ရသလိုမ်ိဳး ဘဝလမ္းေၾကာငး္ကို တိတိက်က်ဆုံးျဖတ္ေပးခံလုိက္ရတာ အဲဒီေန႔မွာပါ။ ကြ်န္ေတာ္ သံေယာဇဥ္အရွိဆုံး၊ အခင္ဆုံးသူငယ္ခ်င္းနဲ႔ အဲဒီေန႔မွာ စကားမ်ားၾကတယ္။ ဘယ္အရာမဆို ကိုယ္နဲ႔တစ္သားထဲ စိတ္တူကိုယ္တူရွိခဲ့တယ္ လို႔ ထင္မွတ္ခဲ့မိတဲ့သူငယ္ခ်င္းမွာ ေသခ်ာေပါက္ကိိုယ့္အတြက္ရွိေနမယ္လုိ႔ ယုံၾကည္ခဲ့တဲ့အရာမ်ိဳး၊ ကိုယ့္အတြက္လုပ္ေပးႏုိင္မယ္လို႔ယုံၾကည္ခဲ့ရတဲ့ အရာမ်ိဳး၊ ကို္ယ္လိုအပ္တုိင္း သူ႔မွာ အၿမဲမရွိႏုိင္ဘူးဆိုတာကို အလန္႔တၾကား သေဘာေပါက္ခဲ့ရတယ္။ ကြ်န္ေတာ္ အတၱသိပ္ၾကီးေနခဲ့တာပဲ။ ဟုတ္ပါတယ္၊ ဘယ္ေလာက္ပဲခင္ခင္၊ ဘယ္ေလာက္ပဲခ်စ္ခ်စ္၊သူငယ္ခ်င္းဆိုတာလဲ သူ႔ဘဝနဲ႔သူပါ။ အခ်ိန္တန္လာရင္ လူတိုင္း ကိုယ့္ဘဝတစ္ခုကိုပဲ ကိုယ္တာဝန္ယူႏုိင္မွာပါ။ ကြ်န္ေတာ္ ရွင္းရွင္းလင္းလင္း သေဘာမေပါက္ႏုိင္ခဲ့တာပဲ။ " မင္းသူငယ္ခ်င္းေတြနဲ႔ အဲေလာက္ခင္လဲ၊ အခ်ိန္တန္ေတာ့ ကိုယ္႔လမ္းကိုကုိယ္လွ်ာက္ရမွာ၊ ကိုယ့္ဘဝအတြက္ကိုယ္လုပ္၊ သူငယ္ခ်င္းဆိုတာ ေနာက္မွဆက္ခင္လဲရတယ္၊ တစ္ခ်ိန္လုံးတစ္ပူးတဲြတဲြလုပ္ေနဖို႔မလုိဘူး " ဆိုတဲ့ ေဖ့ေဖ့စကားေတြကို နားလည္သလိုလိုရွိသြားတယ္။ ကြ်န္ေတာ္ဟာ တစ္သက္လုံး သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ရႊင္စြာေနသြားရမယ္လို႔ စိတ္ကူးယဥ္ေနခဲ့တဲ့ ကေလးတစ္ေယာက္ပဲ။ စိတ္ကူးယဥ္တတ္တဲ့ကေလးေလး တစ္ေယာက္သာပါပဲ။ ကြ်န္ေတာ့သူငယ္ခ်င္းက သူ႔ဘဝလမ္းညႊန္နဲ႔သူသြားေနတာပါ၊ တစ္ျခားသူငယ္ခ်င္းေတြကို ၾကည့္လုိက္ေတာ့လဲ အားလုံးက သူတို႔လမ္းညႊန္နဲ႔သူတို႔ ဒီရထားတစ္စီးေပၚကို တက္လာၾကတာပါ။ ကြ်န္ေတာ္ကေရာ??? ကြ်န္ေတာ္ကေတာ့ ဘုမသိ၊ ဘမသိ သူတို႔နဲ႔ရထားစီးရတာေပ်ာ္လို႔ လိုက္တက္စီးလာတဲ့ အေပ်ာ္စီး ခရီးသည္ပဲ။ အခ်ိန္တန္လို႔ သူတို႔ခရီးဆုံးေရာက္သြားရင္ ကြ်န္ေတာ္က ေယာင္လည္လည္နဲ႔ ဘူတာမွာတစ္ေယာက္ထဲ က်န္ခဲ့မယ့္ေကာင္။ ေသခ်ာေတြးၾကည့္လိုက္ေတာ့ ကြ်န္ေတာ့ဘဝက မေရမရာနဲ႔......အို...ေၾကာက္စရာပါလား။ အနီးဆုံးဘူတာမွာ အျမန္ဆုံးဆင္းလို႔ ကြ်န္ေတာ္စီးရမယ့္ရထားမွီေအာင္ေျပးမွ။ ဘူတာမွာရထားမရပ္ရင္လဲ ခုန္ခ်သင့္ရင္ ခုန္ခ်ရမယ္။ ဒါမွ ကြ်န္ေတာ္စီးရမယ့္ရထားကို အျမန္ဆုံးစီးလို႔ သူတို႔နဲ႔ သိပ္မကြာခင္ သြားလိုရာဘူတာကိုေရာက္မွာေလ။ ကြ်န္ေတာ့ အထုပ္အပိုးေတြကို က်စ္က်စ္လ်စ္လ်စ္ထုပ္၊ လိုအပ္ရင္ရထားေပၚက ခုန္ခ်မယ္ဆုိတဲ့ စိတ္ကိုေမြး၊ စီးရမယ့္ရထားနဲ႔ သြားရမယ့္ဘူတာကို စိတ္ထဲမွာ ရွင္းရွင္းျမင္ေအာင္ၾကည့္လို႔ ကြ်န္ေတာ္ထုိင္ေနရာမွာ ငိုုက္မ်ည္းေနရာက ဝုန္းကနဲထရပ္လိုက္တယ္။ ကြ်န္ေတာ္ ရထားေျပာင္းစီးေတာ့မယ္။ ဆုံးျဖတ္ခ်က္တစ္ခုကို ခ်ၿပီးတဲ့ေနာက္မွာေတာ့ တုံးတိုက္တုိက္၊ က်ားကိုက္ကုိက္ သံေယာဇဥ္အမွ်င္မွန္သမွ်မီးျမွိဳက္လို႔ လုပ္ကိုလုပ္ရေတာ့မွာေပါ့။ ၁၈ ႏွစ္သားမွာ မဆုံးျဖတ္ႏုိ္င္ခဲ့တဲ့ကိစၥကိို ၂၁ နွစ္သားေရာက္မွ ေကာင္းေကာင္းဆုံးျဖတ္ႏုိ္င္ခဲ့တာပါ။ ဒါေပမယ့္ " ေနာက္က်တာက ဘယ္ေတာ့မွမလုပ္တာထက္ေကာင္းတယ္ " ဆိုတဲ့ အဂၤလိပ္စကားပုံတစ္ခုရိွတယ္မဟုတ္လား။ ေဆးေက်ာင္းသားဘဝရဲ ႔ ေပ်ာ္စရာအေကာင္းဆုံး၊ ေအာက္ေမ့ဖြယ္ရာ အေကာင္းဆုံးဆိုတဲ့ သူငယ္ခ်င္းေတြနဲ႔သြားရတဲ့ field trip ကိုသြားခါနီးမွာ မသြားေတာ့ပဲ ကြ်န္ေတာ့ရထားကို မွီဖို႔ပဲ အားစို္က္ခဲ့ပါတယ္။ မက္ခဲ့ဖူးတဲ့ အိပ္မက္ေတြကို ျပန္ေကာက္ကိုင္၊ မွိန္မွိန္ျမင္ေနရတဲ့ မီးေရာင္ကို ေရွးရွဳလို႔ ကြ်န္ေတာ္ရထားေျပာင္းစီးခဲ့ပါၿပီ။

No comments:

Post a Comment