ဝတ်ကောင်းစားလှကိုခြုံ
ပြတင်းပေါက်ကိုဖွင့်
ဖြတ်သွားဖြတ်လာတွေကို ပြုံးပြ
ရယ်ပြ
ငိုပြ
ဖရုဿ ဝါစာတွေနဲ့ ပစ်လွှတ်
တင်ပါးက အနာကို လှန်ပြ
မကြိုက်တဲ့သူတွေအကြောင်း အပုပ်ချ
မုန်းတီးမှုတွေကို စတုဒိသာဝေ
ကမ္ဘာလောကကြီးအကြောင်း
လူ့လောကကြီးအကြောင်း
အာဘောင်အာရင်းသန်သန်ဟောပြောရ
နေဟာအရှေ့ဘက်ကထွက်ကြောင်း
လူတွေကိုသင်ကြားရ
တစ်ချို့က ပြန်ပြုံးပြ
တစ်ချို့က ရပ်ကြည့်သွား
လှမ်းဆဲသူကလဲ တစ်ချို့
တစ်ချို့က သူ့အထုပ်သူထမ်း သူလမ်းသူလျှောက်
တစ်ချို့က လက်ခုပ်တီးပြီးအားပေးကြ
တစ်ချို့က ခေါင်းခါပြီး ဆက်လျှောက်သွား
ကရုဏာကြည့်နဲ့ တစ်ချို့ကစုတ်သပ်သွား
ပြတင်းပေါက်ကိုပိတ်
ကျောခိုင်းလို့ နေရာအိမ်ခန်းကို မျက်နှာမူ
ရှုပ်ပွနေတဲ့ အခန်းထဲ
တွင်းနက်နေတဲ့ အမှောင်ထဲ
ကြေးမုံပြင်က ပျောက်ဆုံးနေဆဲ။
--------------------------------------
ပြတင်းပေါက်ကိုဖွင့်
ဖြတ်သွားဖြတ်လာတွေကို ပြုံးပြ
ရယ်ပြ
ငိုပြ
ဖရုဿ ဝါစာတွေနဲ့ ပစ်လွှတ်
တင်ပါးက အနာကို လှန်ပြ
မကြိုက်တဲ့သူတွေအကြောင်း အပုပ်ချ
မုန်းတီးမှုတွေကို စတုဒိသာဝေ
ကမ္ဘာလောကကြီးအကြောင်း
လူ့လောကကြီးအကြောင်း
အာဘောင်အာရင်းသန်သန်ဟောပြောရ
နေဟာအရှေ့ဘက်ကထွက်ကြောင်း
လူတွေကိုသင်ကြားရ
တစ်ချို့က ပြန်ပြုံးပြ
တစ်ချို့က ရပ်ကြည့်သွား
လှမ်းဆဲသူကလဲ တစ်ချို့
တစ်ချို့က သူ့အထုပ်သူထမ်း သူလမ်းသူလျှောက်
တစ်ချို့က လက်ခုပ်တီးပြီးအားပေးကြ
တစ်ချို့က ခေါင်းခါပြီး ဆက်လျှောက်သွား
ကရုဏာကြည့်နဲ့ တစ်ချို့ကစုတ်သပ်သွား
ပြတင်းပေါက်ကိုပိတ်
ကျောခိုင်းလို့ နေရာအိမ်ခန်းကို မျက်နှာမူ
ရှုပ်ပွနေတဲ့ အခန်းထဲ
တွင်းနက်နေတဲ့ အမှောင်ထဲ
ကြေးမုံပြင်က ပျောက်ဆုံးနေဆဲ။
--------------------------------------
ပြတင်းပေါက်ကိုဖွင့်
ရယ်ပြ
ငိုပြ
တင်ပါးက အနာကို လှန်ပြ
လူ့လောကကြီးအကြောင်း
လူတွေကိုသင်ကြားရ
ပြတင်းပေါက်ကိုပိတ်
ရှုပ်ပွနေတဲ့ အခန်းထဲ
ပြတင်းပေါက်ကိုဖွင့်
ရယ်ပြ
ငိုပြ
တင်ပါးက အနာကို လှန်ပြ
လူ့လောကကြီးအကြောင်း
လူတွေကိုသင်ကြားရ
ပြတင်းပေါက်ကိုပိတ်
ရှုပ်ပွနေတဲ့ အခန်းထဲ
No comments:
Post a Comment