ဆယ်နှစ်ကျော်လောက်မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အဆက်အသွယ်ပြန်ရတယ်။ စကားတွေပြောကြရင်းနဲ့ ကလေးတုံးကဟာတွေ၊ အဖြစ်အပျက်တွေ၊ အမှတ်တရတွေ အစီအရီပေါ်လာတယ်။
ကျွန်တေ်ာတို့တွေ ကိုးတန်းစာမေးပွဲပြီးတဲ့နောက် ကျောင်းပိတ်ပိတ်ချင်း ကျွန်တော့အိမ်မှာ လူစုဖြစ်ကြတဲ့အကြောင်းကို သတိတရပြန်ပြောဖြစ်တယ်။ ကျွန်တော်တို့ခေတ်က ကော်ကျည်ဆံထည့်ပစ်ရတဲ့ လေသေနတ်လေးတွေ တအားခေတ်စားတယ်။ ဒါနဲ့ပဲ စာမေးပွဲပြီးတာနဲ့ ကျွန်တော့အိမ်မှာလူစုပြီး သေနတ်ပစ်တိုင်းကစားဖို့ စီစဉ်ဖြစ်ကြတယ်။ အဲဒီတုံးက ကွန်ပြူ တာဂိမ်းတွေခေတ်မစားသေးဘူး။ Conter Strike တောင်မပေါ်သေးဘူး။ ကျွန်တော်တို့တွေ အများဆုံးဆော့တဲ့ဂိမ်းက Play Station လောက်နဲ့ family game လေးတွေပဲရှိတာ။ ဒီတော့ outdoor ဆော့တဲ့အလုပ်တွေ ပိုလုပ်ဖြစ်သွားတာပေါ့။ ပြန်ဆက်ရရင် ကျွန်တော်တို့ ဆော့တာက Counter Strike ပုံစံမျိုး အပြင်မှာလူနှစ်ဖက်ခွဲပြီး တစ်ဖက်နဲ့တစ်ဖက် ကော်ကျည်ဆံထွက်တဲ့ သေနတ်တွေနဲ့ လိုက်ပစ်ကြတာပါ။ အဲတုံးက ကျွန်တော်နေတာက အင်းစိန်မှာ။ ခြံကလဲ ခြုံတွေ သစ်ပင်တွေနဲ့ အကျယ်ကြီးဆိုတော့ သေနတ်ပစ်တိုင်းဆော့ရတာ အင်မတန်ကောင်းတာကလား။
လူကတော့ တော်တေ်ာစုယူရတယ်။ ကျောင်းမပိတ်ခင်ကတည်းကကြိုစီစဉ်ထားတဲ့အတိုင်း အဲဒီနေ့မှာတစ်ချို့ကိုဖုန်းဆက်ပြီးချိန်း၊ တစ်ချို့ကိုတစ်အိမ်တက်ဆင်းလိုက်ခေါ် လုပ်ရတယ်။ တစ်ချို့သူငယ်ချင်းမိဘတွေက သူတို့ကလေးကို အပြင်လွှတ်ရမှာ စိတ်မချတော့ ကျွန်တော်တို့က မျက်နှာသွားပြပြီး ခေါ်ရတယ်။ စက်ဘီးတွေနဲ့ အင်းစိန်တစ်မြို့လုံး ကုန်းတက်ကုန်းဆင်းပတ်ရတာ တပျော်တပါးကြီး။ ကျွန်တော်တို့အားလုံးမှာ တူတာတစ်ခုရှိတယ်။ ဒီနေ့အတွက် အားခဲပြီးဝယ်ထားတဲ့ ပစ္စတိုသေနတ်ကလေးတွေပါ။ ဒီဇိုင်း၊ အတိုအရှည်၊ အလေးအပေါ့ကွာကြပေမယ့် ကျွန်တော်တို့အားလုံးမှာ ပစ္စတိုတစ်လက်စီရှိတယ်။ တစ်ချို့ကလဲ ပိုကောင်းမယ်ထင်တဲ့သေနတ်ထပ်ဝယ်ပြီး အားဖြည့်ပေါ့။ သူငယ်ချင်းတစ်ယောက်ရဲ့အမေကတော့ သူ့ရဲ့ တစ်ဦးတည်းသောသားကိုအရမ်းချစ်လို့ ပုံမှန်ဆိုဘယ်မှလွှတ်လေ့မရှိဘူး။ ကျွန်တော်တို့ သူ့အိမ်ကိုသွားခေါ်တော့ စိတ်ချလက်ချလွှတ်ရှာပါတယ်။ အဲဒီတုံးကလဲ ကျွန်တော်တို့က ကျောင်းမှာ ဗိုင်းကောင်းကျောက်ဖိနေ၊ စာတစ်အားလုပ်ကြတဲ့ကလေးတွေကိုး။ လူကြီးတွေကွယ်ရာမှ မျောက်ရှုံးအောင်ဆော့ကြတာသူတို့မှ မသိတာ။ ဘယ်လောက်မျောက်ရှုံးကြလဲဆို စလောင်းကလာတဲ့ BMX စက်ဘီးစတန့်တွေကြည့်ပြီးအားကျ၊ တောင်ကုန်းအပြတ်တွေပေါ်ကနေ ဖီးနစ်လိုမျိုးမိန်းမစီးစက်ဘီးလေးတွေကိုစီးပြီး ခုန်ခုန်ချကြတာ။ စက်ဘီးခွေတွေဆို လိမ်လိမ်နေတာ အိမ်ကမသိလို့။ ပြီးတော့ အဲဒီမိန်းမစီးဘီးတွေကိုပဲ ရှေ့ဘီးတွေထောင်၊ နောက်ဘီးတွေထောင်၊ ခုန်ဆွ ခုန်ဆွတွေလုပ် မျိုးစုံစမ်းစီးနဲ့ အပြိုင်အဆိုင်လုပ်ကြသေးတာ။ သူငယ်ချင်းတစ်ယောက်ဆို ရှေ့ဘီးထောင်လိုက်တာ အထောင်လွန်ပြီးပက်လက်လန်ပြုတ်ကျ၊ ခေါင်းနဲ့မြေကြီးနဲ့ဆောင့်၊ ပုဆိုးလဲနှစ်ခြမ်းကွဲပါရောလား။ ဒါလဲ မမှတ်ကြပါဘူး။ အခွင့်သာတာနဲ့ မျိုးစုံနေအောင် စတန့်ထွင်ကြတာပါပဲ။ နောက်စက်ဘီးချင်း စီးချင်းထိုးကြတယ်။ နောက်ကတစ်ယောက်ထိုင်၊ ရှေ့ကတစ်ယောက်နင်း၊ ပြီးတာနဲ့ အဲလိုစက်ဘီးနှစ်စီးတစ်ဖက်နဲ့တစ်ဖက် ပြုတ်မကျမချင်း လှည့်ပတ်ပြီးခြေထောက်နဲ့ကန်ကြ၊ ခေါင်းချင်းဆိုင်တိုက်ကြ လုပ်ကြတာ။ ပြောရရင်တော့ အများကြီးပါပဲ။ မိဘတွေကတော့ ဘယ်သိမလဲ ကျွန်တော်တို့ကမြင်းကျောထတာ။ ဒီတော့လဲ စာကြိုးစားတဲ့ကလေးတွေ ကျောင်းပိတ်လို့ဆော့ကြတာ ဆော့ပါစေဆိုပြီး၊ သူတို့ကလေးကို ကျွန်တော်တို့လက် ယုံယုံကြည်ကြည်အပ်လိုက်တယ်။ အပ်ယုံတင်မကဘူး သူ့သားကို ကျည်ဆံတွေအများကြီးထည့်လို့ရတဲ့ ကျည်ကပ်အရှည်ကြီးနဲ့ သေနတ်ကြီးကြီးရှည်ရှည်ကြီးတစ်လက်ပါ ဝယ်ပေးလိုက်သေးတယ်။
သွားခေါ်ကြတာက ကျွန်တော်ရယ်၊ နောက်သူငယ်ချင်းတစ်ယောက်ရယ်၊ နောက်တော့ တစ်အိမ်ပြီးတစ်အိမ်သွားရင်း တစ်ဖြည်းဖြည်းလူအင်အားတောင့်လာတယ်။ ကျွန်တေ်ာနဲ့သွားတဲ့ကောင်ကလဲ စာသာတော်တာ ကဲတဲ့၊ မွှေတဲ့နေရာမှာတော့ အမေရိကန်စာရေးဆရာကြီး မတ်တွိန်းရဲ့ဇာတ်ကောင် ကလေးဗိုလ်တွမ်ဆောယာတို့၊ ဟက်ကယ်ဘယ်ရီဖင်းတို့၊ ဆရာဇဝနရဲ့ ဆိုးပေ တို့ထက်မညံံ့ဘူး။ နောက်ပိုင်း အဲလိုခပ်ဆင်ဆင် နာမည်တစ်ခုတောင် ဘွဲ့တံဆိပ်အနေနဲ့ရလိုက်သေး။ မဟုတ်တာလုပ်ရမယ်ဆို ပြုံးစိပြုံးစိ မြှုံးမိတဲ့ငါးလိုလိုဆိုပြီး ကျွန်တော်တို့ပြောကြတာ။ ဖော်တယ်ဖြစ်မှာစိုးလို့ ထားပါတော့။ သူငယ်ချင်းကကျောင်းက ဆရာမရဲ့သား၊ လိမ္မာတယ်ဘာညာဆိုပြီး လူကြီးတွေကလဲ အမြင်မှားနေ၊ စာကလွဲပြီး ဘာမှလုပ်တတ်ပုံမရတဲ့ ကျွန်တော်ကလဲ ကုပ်ချောင်းချောင်းနဲ့ ဘေးကပါနေဆိုတော့ တော်ရုံ ဘယ်သူနဲ့မှအပြင်မထွက်ရတဲ့သူငယ်ချင်းတွေပါ ပါလာတယ်။ တစ်ချို့ကတော့ အိမ်ကအထွက်မှာ သေနတ်ကလေးတွေ ဝှက်ယူခဲ့ရတာပေါ့။ ခုတော့ အဲကောင်တွေ တော်တော်များများတောင် ကလေးအဖေတွေဖြစ်ကုန်ပါပြီ။ သူတို့ကလေးပုံတွေတောင် ဖေ့စ်ဘွတ်မှာ ၁၅ မိနစ်တစ်ခါတင်လို့။
လူစုတဲ့လုပ်ငန်းစဉ်ကြီးပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့တွေ ကျွန်တော့အိမ်ကိုချီတက်ကြပေါ့။ လူတွေခွဲ၊ လက်နက်တွေတပ်ဆင်ပြီးတဲ့နောက်တော့ ခြံအနောက်နဲ့အရှေ့နဲ့ခွဲပြီး နှစ်ဖွဲ့နေရာယူကြတယ်။ ကြားထဲမှာ သစ်ပင်တွေ၊ ခြုံတွေအပြင်၊ အလည်ခေါင်မှာ အိမ်ကြီးကလဲရှိနေတော့ တစ်ဖက်နဲ့တစ်ဖက်မမြင်ကြရဘူး။ ဒီကြားထဲ သေနတ်အကြီးကြီးနဲ့ သူငယ်ချင်းကို မမျှတဘူးဆိုပြီး ဝိုင်းပြောကြပြန်တယ်။ ပြောလဲ ပြောစရာ ပစ္စတိုလေးတွေကြားထဲမှာ သူ့သေနတ်ကြီးက အကြီးကြီးတော်တော်ကြောက်စရာကောင်းတာ။ ကျည်ဆံတွေကလဲ အများကြီးဆံ့သေး။ စာသူငယ်ကြား လဒနားသကဲ့သို့ဆိုတာ အဲလို အခြေအနေမျိုးကိုပြောတာနေမှာ။ နောက်တော့လဲ ဘာဖြစ်လဲ ချကြတာပေါ့ဆိုပြီး စဖြစ်သွားတယ်။ မျက်လုံးတွေမထိအောင် နေကာမျက်မှန်လေးတွေ ကိုယ်စီတပ်ပြီး တစ်ဖက်နဲ့တစ်ဖက်ပစ်ကြပေါ့။ ဒီတော့မှ သေနတ်အကြီးကြီးရဲ့အစွမ်းသိရတော့တယ်။ အဲဒီသေနတ်က ပစ်လိုက်ရင် ကျည်နှစ်တာင့်၊ တစ်ခါတစ်လေသုံးတောင့်တစ်ခါထဲထွက်တယ်။ ထွက်တာက ဘယ်ဘက်ကိုတစ်တောင့်၊ ညာဖက်ကိုတစ်တောင့်ကွေ့ပြီးတော့သွားတာ။ ဘယ်တော့မှ ကျည်ဆံက တည့်တည့်မသွားတာကလား။ ဒီတော့ဘယ်လိုချိန်ပစ်ပစ်သူ့သေနတ်က လူကိုမထိဘူး။ ကျည်ကနှစ်တောင့်လောက်ထွက်တာဆိုတော့ ပြင်းအားလဲလျော့သွားတယ်။ ။ ပထမတော့ ကျန်တဲ့သူတွေက သူ့သေနတ်ကြီးကိုကြောက်ကြပေမယ့် နောက်တော့ အကြောင်းလဲသိသွားရော သူ့ကိုမဲပစ်ကုန်ကြရော။ သူ့မှာ သူ့ရဲ့ဧရာမသေနတ်ကြီးတကားကားနဲ့ ဟိုပြေးဒီပြေးဖြစ်ပြီး ကမ္ဘာကိုပျက်လို့။ တစ်ခြံလုံးလဲ ညာသံပေးသံတွေ၊ တစ်ဖောင်းဖောင်း လေသေနတ်သံတွေ၊ ပြေးကြလွှားကြသံတွေ၊ ငြင်းကြခုန်ကြသံတွေ၊ အော်သံဟစ်သံတွေနဲ့ စီစီညံနေတာပါပဲ။ တစ်ချို့က ဂိုထောင်ဘေးမှာ ကပ်ပေါက်နေတဲ့ မာလကာပင်ပေါ်ကနေတစ်ဆင့် ဂိုထောင်ခေါင်မိုးပေါ်တက်ပြီးနေရာယူကြတယ်။ ခေါင်မိုးသွပ်ပြားရဲ့ စောင်းနေတဲ့အခြမ်းမှာပုန်းပြီးအောက်ကဖြတ်သွားတဲ့သူတွေကို ချောင်းပစ်ကြတယ်။ နောက် သိကုန်ကြတော့ အောက်ကနေဝိုင်းပြီး ပစ်လိုက်ကြတာ သူတို့မှာဆင်းပြေးလို့လဲမရ၊ ပတ်ပြေးလို့လဲမရနဲ့၊ ဂိုဒေါင်အမိုးပေါ်မှာ ပြားပြားကိုဝပ်နေကြရတာပါပဲ။ အငြင်းသန်တဲ့ကောင်တွေကလဲ သေနတ်မှန်တာကို မမှန်ဘူးခံငြင်း၊ ပြီးတော့အနီးကပ်တွေတေ့ပစ်ကြ၊ စကားတွေများကြနဲ့။
ညနေပိုင်းဇာတ်သိမ်းတော့ ကျွန်တော်တို့အားလုံး တစ်ကိုယ်လုံး၊ လက်တွေ၊ခြေတွေ၊ မျက်နှာတွေမှာ ကော်ကျည်ဆံရာအနီဖုတွေကျန်ခဲ့ပြီး၊ သူငယ်ချင်းတစ်ယောက်ရဲ့နေကာမျက်မှန်ကတော့ သေနတ်မှန်ပြီးအက်သွားတယ်။ ချော်လဲ၊ ပြုတ်ကျ၊ ပွန်းတဲ့ပဲ့တဲ့ဒဏ်ရာတွေ အားလုံးနီးပါးရကြပေမယ့် အတော်ကိုပျော်ခဲ့ကြတယ်။ နောက်တစ်ခေါက်ထပ်ချိန်းပြီး ပစ်ကြဖို့အားလုံး အားတက်သရောသဘောတူခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် အဲဒီလို ထပ်မဆော့ဖြစ်ကြတော့တာ ဒီနေ့ထိဆိုပါတော့။
_____________________________________
ေရွးေဟာင္းေႏွာင္းျဖစ္ေတြ
ဆယ္ႏွစ္ေက်ာ္ေလာက္မေတြ႔တာၾကာၿပီျဖစ္တဲ့ သူငယ္ခ်င္းတစ္ေယာက္နဲ႔ အဆက္အသြယ္ျပန္ရတယ္။ စကားေတြေျပာၾကရင္းနဲ႔ ကေလးတုံးကဟာေတြ၊ အျဖစ္အပ်က္ေတြ၊ အမွတ္တရေတြ အစီအရီေပၚလာတယ္။

ကြ်န္ေတ္ာတို႔ေတြ ကိုးတန္းစာေမးပြဲၿပီးတဲ့ေနာက္ ေက်ာင္းပိတ္ပိတ္ခ်င္း ကြ်န္ေတာ့အိမ္မွာ လူစုျဖစ္ၾကတဲ့အေၾကာင္းကို သတိတရျပန္ေျပာျဖစ္တယ္။ ကြ်န္ေတာ္တို႔ေခတ္က ေကာ္က်ည္ဆံထည့္ပစ္ရတဲ့ ေလေသနတ္ေလးေတြ တအားေခတ္စားတယ္။ ဒါနဲ႔ပဲ စာေမးပြဲၿပီးတာနဲ႔ ကြ်န္ေတာ့အိမ္မွာလူစုၿပီး ေသနတ္ပစ္တုိင္းကစားဖို႔ စီစဥ္ျဖစ္ၾကတယ္။ အဲဒီတုံးက ကြန္ျပဴ တာဂိမ္းေတြေခတ္မစားေသးဘူး။ Conter Strike ေတာင္မေပၚေသးဘူး။ ကြ်န္ေတာ္တုိ႔ေတြ အမ်ားဆုံးေဆာ့တဲ့ဂိမ္းက Play Station ေလာက္နဲ႔ family game ေလးေတြပဲရွိတာ။ ဒီေတာ့ outdoor ေဆာ့တဲ့အလုပ္ေတြ ပိုလုပ္ျဖစ္သြားတာေပါ့။ ျပန္ဆက္ရရင္ ကြ်န္ေတာ္တို႔ ေဆာ့တာက Counter Strike ပုံစံမ်ိဳး အျပင္မွာလူႏွစ္ဖက္ခဲြၿပီး တစ္ဖက္နဲ႔တစ္ဖက္ ေကာ္က်ည္ဆံထြက္တဲ့ ေသနတ္ေတြနဲ႔ လိုက္ပစ္ၾကတာပါ။ အဲတုံးက ကြ်န္ေတာ္ေနတာက အင္းစိန္မွာ။ ျခံကလဲ ျခံဳေတြ သစ္ပင္ေတြနဲ႔ အက်ယ္ၾကီးဆိုေတာ့ ေသနတ္ပစ္တုိင္းေဆာ့ရတာ အင္မတန္ေကာင္းတာကလား။
လူကေတာ့ ေတာ္ေတ္ာစုယူရတယ္။ ေက်ာင္းမပိတ္ခင္ကတည္းကၾကိဳစီစဥ္ထားတဲ့အတုိင္း အဲဒီေန႔မွာတစ္ခ်ဳိ ႔ကိုဖုန္းဆက္ၿပီးခ်ိန္း၊ တစ္ခ်ိဳ ႔ကိုတစ္အိမ္တက္ဆင္းလိုက္ေခၚ လုပ္ရတယ္။ တစ္ခ်ိဳ ႔သူငယ္ခ်င္းမိဘေတြက သူတုိ႔ကေလးကို အျပင္လႊတ္ရမွာ စိတ္မခ်ေတာ့ ကြ်န္ေတာ္တို႔က မ်က္ႏွာသြားျပၿပီး ေခၚရတယ္။ စက္ဘီးေတြနဲ႔ အင္းစိန္တစ္ၿမိဳ ႔လုံး ကုန္းတက္ကုန္းဆင္းပတ္ရတာ တေပ်ာ္တပါးၾကီး။ ကြ်န္ေတာ္တို႔အားလုံးမွာ တူတာတစ္ခုရွိတယ္။ ဒီေန႔အတြက္ အားခဲၿပီးဝယ္ထားတဲ့ ပစၥတိုေသနတ္ကေလးေတြပါ။ ဒီဇုိင္း၊ အတိုအရွည္၊ အေလးအေပါ့ကြာၾကေပမယ့္ ကြ်န္ေတာ္တို႔အားလုံးမွာ ပစၥတုိတစ္လက္စီရွိတယ္။ တစ္ခ်ိဳ ႔ကလဲ ပိုေကာင္းမယ္ထင္တဲ့ေသနတ္ထပ္ဝယ္ၿပီး အားျဖည့္ေပါ့။ သူငယ္ခ်င္းတစ္ေယာက္ရဲ ႔အေမကေတာ့ သူ႔ရဲ ႔ တစ္ဦးတည္းေသာသားကိုအရမ္းခ်စ္လို႔ ပုံမွန္ဆိုဘယ္မွလႊတ္ေလ့မရွိဘူး။ ကြ်န္ေတာ္တို႔ သူ႔အိမ္ကိုသြားေခၚေတာ့ စိတ္ခ်လက္ခ်လႊတ္ရွာပါတယ္။ အဲဒီတုံးကလဲ ကြ်န္ေတာ္တုိ႔က ေက်ာင္းမွာ ဗိုင္းေကာင္းေက်ာက္ဖိေန၊ စာတစ္အားလုပ္ၾကတဲ့ကေလးေတြကိုး။ လူၾကီးေတြကြယ္ရာမွ ေမ်ာက္ရွံဳးေအာင္ေဆာ့ၾကတာသူတို႔မွ မသိတာ။ ဘယ္ေလာက္ေမ်ာက္ရွံဳးၾကလဲဆို စေလာင္းကလာတဲ့ BMX စက္ဘီးစတန္႔ေတြၾကည့္ၿပီးအားက်၊ ေတာင္ကုန္းအျပတ္ေတြေပၚကေန ဖီးနစ္လိုမ်ိဳးမိန္းမစီးစက္ဘီးေလးေတြကိုစီးၿပီး ခုန္ခုန္ခ်ၾကတာ။ စက္ဘီးေခြေတြဆို လိမ္လိမ္ေနတာ အိမ္ကမသိလုိ႔။ ၿပီးေတာ့ အဲဒီမိန္းမစီးဘီးေတြကိုပဲ ေရွ ႔ဘီးေတြေထာင္၊ ေနာက္ဘီးေတြေထာင္၊ ခုန္ဆြ ခုန္ဆြေတြလုပ္ မ်ိဳးစုံစမ္းစီးနဲ႔ အၿပိဳင္အဆိုင္လုပ္ၾကေသးတာ။ သူငယ္ခ်င္းတစ္ေယာက္ဆို ေရွ ႔ဘီးေထာင္လိုက္တာ အေထာင္လြန္ၿပီးပက္လက္လန္ျပဳတ္က်၊ ေခါင္းနဲ႔ေျမၾကီးနဲ႔ေဆာင့္၊ ပုဆိုးလဲႏွစ္ျခမ္းကြဲပါေရာလား။ ဒါလဲ မမွတ္ၾကပါဘူး။ အခြင့္သာတာနဲ႔ မ်ိဳးစုံေနေအာင္ စတန္႔ထြင္ၾကတာပါပဲ။ ေနာက္စက္ဘီးခ်င္း စီးခ်င္းထိုးၾကတယ္။ ေနာက္ကတစ္ေယာက္ထိုင္၊ ေရွ ႔ကတစ္ေယာက္နင္း၊ ၿပီးတာနဲ႔ အဲလိုစက္ဘီးႏွစ္စီးတစ္ဖက္နဲ႔တစ္ဖက္ ျပဳတ္မက်မခ်င္း လွည့္ပတ္ၿပီးေျခေထာက္နဲ႔ကန္ၾက၊ ေခါင္းခ်င္းဆိုင္တိုုက္ၾက လုပ္ၾကတာ။ ေျပာရရင္ေတာ့ အမ်ားၾကီးပါပဲ။ မိဘေတြကေတာ့ ဘယ္သိမလဲ ကြ်န္ေတာ္တို႔ကျမင္းေက်ာထတာ။ ဒီေတာ့လဲ စာၾကိဳးစားတဲ့ကေလးေတြ ေက်ာင္းပိတ္လို႔ေဆာ့ၾကတာ ေဆာ့ပါေစဆိုၿပီး၊ သူတို႔ကေလးကို ကြ်န္ေတာ္တို႔လက္ ယုံယုံၾကည္ၾကည္အပ္လိုက္တယ္။ အပ္ယုုံတင္မကဘူး သူ႔သားကို က်ည္ဆံေတြအမ်ားၾကီးထည့္လို႔ရတဲ့ က်ည္ကပ္အရွည္ၾကီးန႔ဲ ေသနတ္ၾကီးၾကီးရွည္ရွည္ၾကီးတစ္လက္ပါ ဝယ္ေပးလိုက္ေသးတယ္။
သြားေခၚၾကတာက ကြ်န္ေတာ္ရယ္၊ ေနာက္သူငယ္ခ်င္းတစ္ေယာက္ရယ္၊ ေနာက္ေတာ့ တစ္အိမ္ၿပီးတစ္အိမ္သြားရင္း တစ္ျဖည္းျဖည္းလူအင္အားေတာင့္လာတယ္။ ကြ်န္ေတ္ာနဲ႔သြားတဲ့ေကာင္ကလဲ စာသာေတာ္တာ ကဲတဲ့၊ ေမႊတဲ့ေနရာမွာေတာ့ အေမရိကန္စာေရးဆရာၾကီး မတ္တြိန္းရဲ ႔ဇာတ္ေကာင္ ကေလးဗိုလ္တြမ္ေဆာယာတို႔၊ ဟက္ကယ္ဘယ္ရီဖင္းတို႔၊ ဆရာဇဝနရဲ ႔ ဆိုးေပ တို႔ထက္မညံံ့ဘူး။ ေနာက္ပိုင္း အဲလုိခပ္ဆင္ဆင္ နာမည္တစ္ခုေတာင္ ဘဲြ႔တံဆိပ္အေနနဲ႔ရလိုက္ေသး။ မဟုတ္တာလုပ္ရမယ္ဆို ျပံဳးစိျပဳံးစိ ျမွံဳးမိတဲ့ငါးလုိလုိဆိုၿပီး ကြ်န္ေတာ္တို႔ေျပာၾကတာ။ ေဖာ္တယ္ျဖစ္မွာစိုးလို႔ ထားပါေတာ့။ သူငယ္ခ်င္းကေက်ာင္းက ဆရာမရဲ ႔သား၊ လိမၼာတယ္ဘာညာဆိုၿပီး လူၾကီးေတြကလဲ အျမင္မွားေန၊ စာကလဲြၿပီး ဘာမွလုပ္တတ္ပုံမရတဲ့ ကြ်န္ေတာ္ကလဲ ကုပ္ေခ်ာင္းေခ်ာင္းနဲ႔ ေဘးကပါေနဆိုေတာ့ ေတာ္ရုံ ဘယ္သူနဲ႔မွအျပင္မထြက္ရတဲ့သူငယ္ခ်င္းေတြပါ ပါလာတယ္။ တစ္ခ်ိဳ ႔ကေတာ့ အိမ္ကအထြက္မွာ ေသနတ္ကေလးေတြ ဝွက္ယူခဲ့ရတာေပါ့။ ခုေတာ့ အဲေကာင္ေတြ ေတာ္ေတာ္မ်ားမ်ားေတာင္ ကေလးအေဖေတြျဖစ္ကုန္ပါၿပီ။ သူတို႔ကေလးပုံေတြေတာင္ ေဖ့စ္ဘြတ္မွာ ၁၅ မိနစ္တစ္ခါတင္လုိ႔။
လူစုတဲ့လုပ္ငန္းစဥ္ၾကီးၿပီးတဲ့ေနာက္မွာေတာ့ ကြ်န္ေတာ္တို႔ေတြ ကြ်န္ေတာ့အိမ္ကိုခ်ီတက္ၾကေပါ့။ လူေတြခဲြ၊ လက္နက္ေတြတပ္ဆင္ၿပီးတဲ့ေနာက္ေတာ့ ျခံအေနာက္နဲ႔အေရွ ႔နဲ႔ခြဲၿပီး ႏွစ္ဖဲြ႔ေနရာယူၾကတယ္။ ၾကားထဲမွာ သစ္ပင္ေတြ၊ ျခဳံေတြအျပင္၊ အလည္ေခါင္မွာ အိမ္ၾကီးကလဲရွိေနေတာ့ တစ္ဖက္နဲ႔တစ္ဖက္မျမင္ၾကရဘူး။ ဒီၾကားထဲ ေသနတ္အၾကီးၾကီးနဲ႔ သူငယ္ခ်င္းကို မမွ်တဘူးဆုိၿပီး ဝုိင္းေျပာၾကျပန္တယ္။ ေျပာလဲ ေျပာစရာ ပစၥတိုေလးေတြၾကားထဲမွာ သူ႔ေသနတ္ၾကီးက အၾကီးၾကီးေတာ္ေတာ္ေၾကာက္စရာေကာင္းတာ။ က်ည္ဆံေတြကလဲ အမ်ားၾကီးဆံ႔ေသး။ စာသူငယ္ၾကား လဒနားသကဲ့သုို႔ဆိုတာ အဲလို အေျခအေနမ်ိဳးကိုေျပာတာေနမွာ။ ေနာက္ေတာ့လဲ ဘာျဖစ္လဲ ခ်ၾကတာေပါ့ဆိုၿပီး စျဖစ္သြားတယ္။ မ်က္လုံးေတြမထိေအာင္ ေနကာမ်က္မွန္ေလးေတြ ကိုယ္စီတပ္ၿပီး တစ္ဖက္နဲ႔တစ္ဖက္ပစ္ၾကေပါ့။ ဒီေတာ့မွ ေသနတ္အၾကီးၾကီးရဲ ႔အစြမ္းသိရေတာ့တယ္။ အဲဒီေသနတ္က ပစ္လိုက္ရင္ က်ည္ႏွစ္တာင့္၊ တစ္ခါတစ္ေလသုံးေတာင့္တစ္ခါထဲထြက္တယ္။ ထြက္တာက ဘယ္ဘက္ကိုတစ္ေတာင့္၊ ညာဖက္ကိုတစ္ေတာင့္ေကြ ႔ၿပီးေတာ့သြားတာ။ ဘယ္ေတာ့မွ က်ည္ဆံက တည့္တည့္မသြားတာကလား။ ဒီေတာ့ဘယ္လိုခ်ိန္ပစ္ပစ္သူ႔ေသနတ္က လူကိုမထိဘူး။ က်ည္ကႏွစ္ေတာင့္ေလာက္ထြက္တာဆိုေတာ့ ျပင္းအားလဲေလ်ာ ့သြားတယ္။ ။ ပထမေတာ့ က်န္တဲ့သူေတြက သူ႔ေသနတ္ၾကီးကိုေၾကာက္ၾကေပမယ့္ ေနာက္ေတာ့ အေၾကာင္းလဲသိသြားေရာ သူ႔ကိုမဲပစ္ကုန္ၾကေရာ။ သူ႔မွာ သူ ႔ရဲ ႔ဧရာမေသနတ္ၾကီးတကားကားနဲ႔ ဟိုေျပးဒီေျပးျဖစ္ၿပီး ကမာၻကိုပ်က္လုိ႔။ တစ္ျခံလုံးလဲ ညာသံေပးသံေတြ၊ တစ္ေဖာင္းေဖာင္း ေလေသနတ္သံေတြ၊ ေျပးၾကလႊားၾကသံေတြ၊ ျငင္းၾကခုန္ၾကသံေတြ၊ ေအာ္သံဟစ္သံေတြနဲ႔ စီစီညံေနတာပါပဲ။ တစ္ခ်ိဳ ႔က ဂိုေထာင္ေဘးမွာ ကပ္ေပါက္ေနတဲ့ မာလကာပင္ေပၚကေနတစ္ဆင့္ ဂိုေထာင္ေခါင္မိုးေပၚတက္ၿပီးေနရာယူၾကတယ္။ ေခါင္မိုးသြပ္ျပားရဲ ႔ ေစာင္းေနတဲ့အျခမ္းမွာပုန္းၿပီးေအာက္ကျဖတ္သြားတဲ့သူေတြကို ေခ်ာင္းပစ္ၾကတယ္။ ေနာက္ သိကုန္ၾကေတာ့ ေအာက္ကေနဝုိင္းၿပီး ပစ္လုိက္ၾကတာ သူတို႔မွာဆင္းေျပးလို႔လဲမရ၊ ပတ္ေျပးလို႔လဲမရနဲ႔၊ ဂိုေဒါင္အမိုးေပၚမွာ ျပားျပားကိုဝပ္ေနၾကရတာပါပဲ။ အျငင္းသန္တဲ့ေကာင္ေတြကလဲ ေသနတ္မွန္တာကို မမွန္ဘူးခံျငင္း၊ ၿပီးေတာ့အနီးကပ္ေတြေတ့ပစ္ၾက၊ စကားေတြမ်ားၾကနဲ႔။
ညေနပိုင္းဇာတ္သိမ္းေတာ့ ကြ်န္ေတာ္တို႔အားလုံး တစ္ကုိယ္လုံး၊ လက္ေတြ၊ေျခေတြ၊ မ်က္ႏွာေတြမွာ ေကာ္က်ည္ဆံရာအနီဖုေတြက်န္ခဲ့ၿပီး၊ သူငယ္ခ်င္းတစ္ေယာက္ရဲ ႔ေနကာမ်က္မွန္ကေတာ့ ေသနတ္မွန္ၿပီးအက္သြားတယ္။ ေခ်ာ္လဲ၊ ျပဳတ္က်၊ ပြန္းတဲ့ပဲ့တဲ့ဒဏ္ရာေတြ အားလုံးနီးပါးရၾကေပမယ့္ အေတာ္ကိုေပ်ာ္ခဲ့ၾကတယ္။ ေနာက္တစ္ေခါက္ထပ္ခ်ိန္းၿပီး ပစ္ၾကဖုိ႔အားလုံး အားတက္သေရာသေဘာတူခဲ့ေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ အဲဒီလို ထပ္မေဆာ့ျဖစ္ၾကေတာ့တာ ဒီေန႔ထိဆိုပါေတာ့။
No comments:
Post a Comment