နှင်းတွေထဲမှာ
***********
ဆွီဒင်နိုင်ငံမြို့တော် စတော့ဟုမ်း (stockholm)မြို့ကနေ မြောက်ဖျားပိုင်း ကီရူနား (kiruna) မြို့လေးကို ရထားစီးရင် ၁၈ နာရီလောက်စီးရတယ်။ ကျွန်တော်စီးခဲ့တဲ့ ညရထားက ညနေ၅နာရီ စတော့ဟုမ်းကနေထွက်ပြီး ရထားပေါ်မှာ ၄ ယောက် အိပ်လို့ရတဲ့ အိပ်ခန်းတွဲတွေပါတယ်။ နံရံတစ်ဖက်ကို အိပ်စင်နှစ်ခု အပေါ်အောက်စီထားပြီး နံရံနှစ်ဖက်မှာ အိပ်စင်လေးခု။ ညရထားဆိုတော့ ရထားပေါ်မှာပဲ ညအိပ်ပေါ့။ ရထားတွဲတွေထဲက အလယ်ဆုံးတွဲကစားသောက်ခန်းတွဲ။အရှေ့ပိုင်းအတွဲတွေကဖြစ်ဖြစ်၊ အနောက်ပိုင်းတွဲကဖြစ်ဖြစ်လာရတာ အဆင်ပြေအောင်အလယ်မှာ ထားတာ။ ပေါင်မုန့်အသားညှပ်တို့၊ ကော်ဖီ၊ အအေး၊ လက်ဘက်ရည်အပြင် အားလူးခြောက်ကြော်လို သွားရေစာမုန့်ထုပ်လေးတွေပါရတယ်။ ဈေးတော့နည်းနည်းကြီးတယ်။ ကျွန်တော်ကတော့ ရထားပေါ်မတက်ခင်ကတည်းက အပြင်ကနေ ပန်းသီးတို့၊ ပေါင်မုန့်တို့ ဝယ်ထားလို့ စားသောက်တွဲမှာသွားမစားဘူး။ ရောက်ဖူးတယ်ရှိအောင်ပဲ ရထားတွဲ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်လျှောက်ကြည့်လိုက်တယ်။ ရထားကတော့ မခုန်ပါဘူး။ ငြိမ့်ငြိမ့်လေးနဲ့ စီးလို့ကောင်းတယ်။ မြန်လဲမြန်တယ်။
ဒီဇင်ဘာလဆိုတော့ရာသီဥတုကတော့ အေးတယ်။ မြို့တော် စတော့ဟုမ်းမှာ နှင်းတွေကျတာတွေ့ပြီး အေးလှပြီထင်ခဲ့တာ ဆွီဒင်မြောက်ပိုင်းရောက်မှ တဖြည်းဖြည်းနဲ့ပိုထူတဲ့ နှင်းတောထဲကိုရောက်မှန်းမသိရောက်လာမှန်းတွေ့ရလို့ အဆမတန်ပိုအေးမှန်း သိရတယ်။ ကြည့်လေရာမှာနှင်းတွေနဲ့ဖွေးနေပြီး သစ်ပင်တွေ၊ အဆောက်အဦးအမိုးတွေကလည်း နှင်းတွေနဲ့ဖုံးနေတယ်။ ရထားထဲမှာ အတန်အသင်နွေးနေပေမယ့် ကျွန်တော်က နှင်းကာအင်္ကျီအထူကြီးကို ဝတ်ထားတော့ ရထားပေါ်မှာခင်တဲ့ မိတ်ဆွေဘူဂေးရီးယားနိုင်ငံသား မစ္စတာအမ်မိုက အနွေးထည်ကြီးချွတ်ထားဖို့ပြောတယ်။ ဒါမှအနွေးဓါတ်က ကိုယ်ထဲကိုဝင်ပြီး၊ နှင်းထဲကိုထွက်လိုက်ချိန်မှာတော့ ကိုယ်ထဲမှာနွေးနေမှာလို့ သင်ပေးတယ်။ ဆွီဒင်စကားစုတစ်ချို့ကိုလဲ သူ့ဆီကနေသင်ယူရတယ်။ ဆွီဒင်စကားက နော်ဝေစကားနဲ့ဆင်တူယိုးမှားတူတယ်။ ဒီတော့ ဆွီဒင်စကားတတ်ရင် နော်ဝေမှာလဲသုံးလို့ရတာပေါ့။သူက ဥရောပကို ယူရုပ် (Europe) လို့မခေါ်ပဲ ဥရောပလို့ခေါ်တာသတိထားမိလို့မေးကြည့်တော့ ဆွီဒင်ဘာသာစကားနဲ့ဆို ဥရောပလို့ပဲ အသံထွက်တယ်ဆိုတာသိရတယ်။ အင်္ဂလိပ်နဲ့ အမေရိကန်ကတော့ ယူရုပ် ( Europe ) လို့ခေါ်တယ်။ ထိုင်ပြီးစကားပြောကြရင်း ပြတင်းပေါက်ကနေ မြင်ရသမျှရှုခင်းတွေကိုငေးရတယ်။ ရထားပြတင်းကမြင်ရသမျှကတော့ မျက်စိတစ်ဆုံး ဖြူဖွေးနေတဲ့နှင်းပြင်ကြီးရယ်၊ နှင်းတွေဖုံးနေတဲ့ သစ်တောအုပ်ကလေးတွေရယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက ဆွတ်ဆွတ်ဖြူပြီး သန့်သန့်စင်စင်နဲ့ တော်တော်လေးကိုလှတယ်။
နောက်တစ်ရက်နေ့လည် ၁ နာရီလောက်မှာ ကီရူးနားမြို့လေးကိုရောက်တယ်။ အပူချိန်က သုညမှတ်အောက်ရောက်နေပြီး အနှုတ်၂ ဒီဂရီလောက်ပဲရှိတယ်။ နှင်းကာအင်္ကျီအပြင် လက်အိတ်စွပ်၊ ခေါင်းစွပ်ဝတ်ထားတာတောင် နှာရည်တွေအဆက်မပြတ်ကျနေလို့တစ်ချိန်လုံးသုတ်နေရတယ်။ မျက်နှာတစ်ခုလုံးကတော့ထုံနေတာပဲ။အေးလွန်းလို့ နှင်းကာအင်္ကျီကြီးမှာတွဲပါတဲ့ ခေါင်းစွပ်ကြီးကိုပါဆောင်းထားရတယ်။ ဆောင်းတွင်းပိုင်းဖြစ်တာရယ်၊ ကမ္ဘာ့မြောက်ဖျားပိုင်းအကျဆုံးဒေသဖြစ်တာရယ်ကြောင့် ဒီမြို့လေးမှာ နေ့ခင်းဘက်ဆို နှစ်နာရီ၊ သုံးနာရီလောက်ပဲနေ့အလင်းရောင်ရပြီး ကျန်တဲ့အချိန်က အမြဲမှောင်နေတယ်။ တစ်ကယ်တော့ ဒီဒေသတွေက ကမ္ဘာပေါ်မှာ မြောက်ဝင်ရိုးစွန်းနဲ့ အနီးဆုံးနေရာတွေ။ ဆောင်းတွင်းဆို နေ့တာတိုလွန်းမကတိုပြီး အမြဲမှောင်မဲနေတတ်သလို နွေဆိုနေ့တာရှည်လွန်းလို့ တစ်ညလုံးအမြဲအလင်းရောင်ရှိနေတတ်တယ်။
ကျွန်တော်တို့ခရီးသွားတဲ့အချိန်မှာ ခရီးသွားတွေက အရမ်းတော့ကျပ်ခဲမနေဘူး။ ဘူတာကလဲ ခပ်ခြောက်ကပ်ကပ်ပဲ။ ရထားစောင့်တဲ့သူတွေ အေးရင်ဝင်နေဖို့လုပ်ပေးထားတဲ့ မှန်လုံအိမ်လေးတွေထဲကခုံလေးတွေပေါ်မှာလဲ လူမရှိဘူး။ သံလမ်းနဲ့ မလှမ်းမကမ်း နှစ်ထပ်ဘူတာရုံ အဆောက်အဦးလေးထဲမှာတော့ အထုပ်အပိုးတွေကိုယ်စီနဲ့ လူတွေ ထိုင်ခုံတွေမှာထိုင်နေကြတယ်။ ဒီမြို့လေးမှာ နှင်းလျှောစီးတာတို့၊ ရေခဲတောင်တက်တာတို့စတဲ့ နှင်းနဲ့ပက်သက်တဲ့ အပန်းဖြေအားကစားမျိုးစုံလုပ်လို့ရတယ်။ခရီးသွားအများစုက ပြည်မကြီးကလာတဲ့တရုတ်လူငယ်ကျောင်းသားအရွယ်တွေ။ တော်တော်များများကအင်္ဂလန်နဲ့ ဥရောပမှာကျောင်းတက်နေတဲ့ကျောင်းသားတွေနဲ့ တစ်ချို့ကတော့အလည်သက်သက်လာကြတဲ့သူတွေ။ အရင်က ကျွန်တော်ထင်ခဲ့တာက ကမ္ဘာပေါ်မှာဘယ်သွားသွား တရုတ်လူမျိုးတွေနဲ့ ပုရွက်ဆိတ်တွေကတော့နေရာတကာမှာရှိလိမ့်မယ်လို့။ တကယ်တော့ ကျွန်တော့အထင်မှားမှန်း အဲဒီတော့မှသိတယ်။ မြောက်ဝင်ရိုးစွန်းမှာ တရုတ်တွေရှိပေမယ့် ပုရွက်ဆိတ်တွေတော့ အေးလွန်းလို့မနေနိုင်ရှာကြဘူး။ နင်းလိုက်ရင် ခြေမျက်စိလောက်ထိမြုပ်မြုပ်ဝင်သွားတဲ့နှင်းထဲမှာဟိုလျှောက်ဒီလျှောက် လျှောက်ကြည့်ရင်းနဲ့ ဘာပုရွက်ဆိတ်မှမရှိနိုင်ဘူးဆိုတာ ပိုသေချာသွားတယ်။
ကျွန်တော်တို့ကို လာခေါ်တဲ့ကားလေးနဲ့ဘူတာရုံလေးက စထွက်လာတော့ ကားဆရာကိုကားခပေးဖို့ငွေသားမရှိကြဘူး။ ဒါနဲ့သူက မြို့ထဲကအနီးဆုံးငွေထုတ်စက်ကိုပို့ပေးလို့ ကားပေါ်ပါလာတဲ့သူအားလုံးတန်းစီပြီး ငွေသားလေးတွေထုတ်ကြတယ်။ ဘဏ်စနစ်ကောင်းမွန်တဲ့နိုင်ငံတွေဖြစ်တော့ ဒီလိုအစွန်အဖျားမြို့မှာတောင် ဘဏ်ကတ်ထဲမှာဘယ်နိုင်ငံကငွေသားရှိရှိ (မြန်မာနိုင်ငံမပါ) ဆွီဒင်ငံသုံးငွေကိုငွေလဲနှုန်းနဲ့တွက်ပေးပြီး တစ်ခါထဲထုတ်လို့ရတဲ့အတွက် တော်တော်လေး အဆင်ပြေတယ်။ အရင်က ဥရောပတစ်ခုလုံးမှာ ယူရိုငွေကိုသုံးကြရမယ်လို့ထင်ခဲ့ပေမယ့် မဟုတ်ဘူး။ ဆွီဒင်နိုင်ငံထဲမှာ ဆွီဒင်ခရိုနာကိုပဲသုံးကြပြီး နော်ဝေနိုင်ငံမှာတော့နော်ဝေခရိုနာကိုပဲသုံးကြတယ်။ ဆိုင်ကြီးတွေ၊ တည်းခိုခန်းတွေတော်တေ်ာများများကတော့ ကိုယ်ပေးချင်တဲ့ နိုင်ငံငွေကြေး (ဥပမာ၊ အမေရိကန်ဒေါ်လာ၊ ဗြိတိသျှစတာလင်ပေါင်) ကိုလည်း ငွေလဲနှုန်းနဲ့တွက်ချက်ပြီးလက်ခံပေးတတ်ကြပါတယ်။
တစ်နာရီကျော်နီးပါးလောက် ကားစီးရပြီး ကျွန်တော်တို့သွားမယ့်တောစခန်းလေးရဲ့အစွန်အဖျားကိုရောက်တဲ့အချိန်မှာ နေ့ခင်း ၂ နာရီခွဲလောက်ပဲရှိသေးပေမယ့် နေဝင်စပြု ပြီ။ ကျွန်တော်တို့အားလုံးကို နှင်းကာဘောင်းဘီရှည်အထူကြီးတွေနဲ့ နှင်းတောစီးဖိနပ်ရှည်ကြီးတွေထုတ်ပေးတယ်။ ဝတ်လာတဲ့ဘောင်းဘီရှည်တွေပေါ်ကနေထပ်ဝတ်ကြပေါ့။ ကားဆရာကကျွန်တော်တို့ကိုမေးတယ်။ မော်တော်ကားမောင်းလိုင်စင်ရှိတဲ့သူ ဘယ်သူရှိလဲတဲ့။ ကျွန်တော်က မြန်မာလိုင်စင်ပဲရှိတယ်ဆိုတော့ သူကရတယ်တဲ့။ နှင်းလျှောစီးဆိုင်ကယ်ကြီးတွေမောင်းခိုင်းဖို့ ကားမောင်းတတ်လားသိချင်လို့မေးတာပါ။ တစ်ကယ်တော့နှင်းလျှောစီးဆိုင်ကယ်ကြီးတွေက မောင်းရတာတော်တော်လွယ်တယ်။ သော့တံနဲ့လှည့် စက်နှိုးပြီးတာနဲ့ လက်ကိုင်ဘေးက ခလုတ်အနီလေးကိုလက်မနဲ့ဖိထားလိုက်ပြီး ဆိုင်ကယ်ကိုမောင်းထွက်ယုံပဲ။ တစ်ခြားလက်ကိုင်တစ်ဖက်ကိုလှည့်ပြီးတော့ အရှိန်အတင်အလျှော့လုပ်ရတယ်။ ကျွန်တော့ဆိုင်ကယ်နောက်မှာ လှည်းတစ်စီးတွဲပေးပြီး ပါလာတဲ့သူတွေကိုတက်ခိုင်းတယ်။ ကားဆရာဦးလေးကြီးကတော့ ပစ္စည်းတွေတင်ထားတဲ့လှည်းတစ်စီးကိုဆွဲထားတဲ့ တခြားဆိုင်ကယ်တစ်စီးကိုရှေ့ကမောင်းသွားလေရဲ့။ ဒူးဆစ်ကျော်ကျော် ခပ်ပွပွနှင်းတွေကြားထဲမှာ နှင်းလျှောစီးယာဉ်သွားတဲ့ လမ်းကြောင်းခပ်ကျစ်ကျစ်ကိုမြင်နေရလို့အဲဒီပေါ်ကပဲမောင်းသွားရတယ်။ အရှိန်နည်းနည်းတင်မိရင် အကွေ့တွေမှာခက်တယ်။ တစ်ခါတစ်လေ အကွေ့တွေမှာ ဆိုင်ကယ်ကအရှိန်လွန်ပြီး နှင်းတောထဲကိုတိုးပြီးဝင်ဝင်သွားတတ်လို့ လက်ကိုင်ကို အတင်းပြန်ပြန်ဆွဲလှည့်ရတယ်။ ကျွန်တော့နောက်ကပါလာတဲ့ဆွပ်ဖားပေါ်ကလူတစ်အုပ်ကတော့ အဲလိုမျိုးများကွေ့လိုက်ရင် ငယ်သံပါအောင် အော်ကြ၊ ဟစ်ကြ၊ ဘုရား တ ကြနဲ့ပေါ့။ ဒီလိုနဲ့ နှင်းဖုံးနေတဲ့သစ်တောအုပ်တွေ၊ လွင်ပြင်တွေဖြတ်ပြီးတော့အပေါ်ယံရေခဲနေတဲ့မြစ်တစ်စင်းနားကိုရောက်တယ်။ ကားဆရာက ဆိုင်ကယ်ခဏရပ်ပြီး ကျွန်တော်တို့ကို မြစ်ကမ်းဘေးကနေပဲ လမ်းကြောင်းအတိုင်း သတိထားပြီးမောင်းခဲ့ဖို့၊ မြစ်ပေါ်ကရေခဲကပါးပါးလေးမိ့ု အဲဒီပေါ်ဆိုင်ကယ်တက်မသွားအောင်သတိထားဖို့ လာသတိပေးတယ်။
ကျွန်တော်တို့ ဖြတ်ကူးရမယ့်နေရာကိုမှာတော့ မြစ်ကတော်တော်ကျဉ်းတယ်။ ရေကခပ်သွက်သွက်လေးစီးနေပြီး၊ မြစ်ထဲမှာရေခဲတွေကို ဟိုတစ်စ၊ ဒီတစ်စတွေ့ရတယ်။မြစ်ရေက ကြည်လင်နေပြီးတော့ ခပ်တိမ်တိမ်ပါပဲ။ ဒါပေမယ့် သွေးခဲလောက်အောင်အေးတဲ့ရေခဲရေတွေ။ နှင်းလျှောစီးယာဉ်တွေရပ်ပြီး ကျွန်တော်တို့တွေမြစ်ကိုကူးဖို့ ပြင်ဆင်ရတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လုံးဝတိတ်ဆိတ်နေပြီး မြစ်ရေစီးတဲ့ အသံလေးသဲ့သဲ့ကိုပဲကြားရတယ်။ အလင်းရောင်မှုန်ပျပျအောက်မှာမြင်နေရတာက မျက်စိတစ်ဆုံးဖြူ ဖွေးနေတဲ့ နှင်းပြင်ကြီးရယ်၊ အရွက်တွေပေါ်မှာ နှင်းတွေဖွေးဖွေးလှုပ်တင်နေတဲ့ ခပ်ဝေးဝေးကသစ်တောအုပ်တွေရယ်၊ နှင်းပြင်ကြီးထဲမှာ စီးဆင်းနေတဲ့ရေခဲမြစ်ကြီးရယ်။ ပြီးတော့ မြောက်ဝင်ရိုးစွန်းရဲ့ကောင်းကင်ခုံးခုံးကြီးရယ်။
ကားဆရာကြီးရဲ့သားက အသက်ကယ်ရာဘာလှေကြီးတစ်စင်းနဲ့လာခေါ်လို့ ကျွန်တော်တို့အားလုံးသူ့ရဲ့ညွှန်ကြားချက်အတိုင်း လှော်တက်ကိုယ်စီနဲ့လှော်ရင်းခတ်ရင်း ဟိုဘက်ကမ်းကိုရောက်ခဲ့ကြတယ်။ ကမ်းပေါ်တက်၊ နှင်းထဲကလူသွားလမ်းလေးအတိုင်း၊ နှင်းဖုံးသစ်ပင်တွေကြားထဲကနေ ကုန်းမြင့်လေးပေါ်ကိုတက်လိုက်တော့ တစ်ညတာနေရမယ့် တောစခန်းလေးကို နှင်းတောထဲမှာတွေ့ရတယ်။ နှင်းတွေဖုံးနေတဲ့ တောအုပ်အလယ်မှာ မီးခိုးခေါင်းတိုင်လေးတွေကိုယ်စီနဲ့ အစီအစဉ်မကျဆောက်ထားတဲ့ ဟိုနားတစ်လုံး၊ ဒီနားတစ်လုံး နေချင့်စဖွယ်သစ်လုံးအိမ်စုစု ကလေးတွေ။ ဆောင်းတွင်းဘက်ရာသီဥတုကြည်လင်တဲ့ညတွေမှာ ဒီတိတ်ဆိတ်တဲ့တောအုပ်လေးကနေကောင်းကင်ကိုကြည့်လိုက်ရင် ဒဏ္ဍာရီလာ ကွယ်လွန်သူများရဲ့ ဝိညာဉ်တွေကနေ အလင်းစွမ်းအင်တွေ ဖြာထွက်ရာကဖြစ်လာတာလို့ ဒေသခံ စာမီ (saami) လူမျိုးတွေယုံကြည်ကြတဲ့၊ Aurora Borealis လို့ခေါ်တဲ့ အင်မတန်လှပဆန်းကြယ်တဲ့ဝင်ရိုးစွန်းအလင်းတန်းတွေကို ကောင်းကင်ထက်မှာ မြင်ရတတ်တယ်။
မောင်ဇိ
( The Voice Sunday 7 June,2015)
_______________________________-
ႏွင္းေတြထဲမွာ
***********
ဆြီဒင္ႏိုင္ငံၿမိဳ႕ေတာ္ စေတာ့ဟုမ္း (stockholm)ၿမိဳ႕ကေန ေျမာက္ဖ်ားပိုင္း ကီ႐ူနား (kiruna) ၿမိဳ႕ေလးကို ရထားစီးရင္ ၁၈ နာရီေလာက္စီးရတယ္။ ကြၽန္ေတာ္စီးခဲ့တဲ့ ညရထားက ညေန၅နာရီ စေတာ့ဟုမ္းကေနထြက္ၿပီး ရထားေပၚမွာ ၄ ေယာက္ အိပ္လို႔ရတဲ့ အိပ္ခန္းတြဲေတြပါတယ္။ နံရံတစ္ဖက္ကို အိပ္စင္ႏွစ္ခု အေပၚေအာက္စီထားၿပီး နံရံႏွစ္ဖက္မွာ အိပ္စင္ေလးခု။ ညရထားဆိုေတာ့ ရထားေပၚမွာပဲ ညအိပ္ေပါ့။ ရထားတြဲေတြထဲက အလယ္ဆုံးတြဲကစားေသာက္ခန္းတြဲ။အေရွ႕ပိုင္းအတြဲေတြကျဖစ္ျဖစ္၊ အေနာက္ပိုင္းတြဲကျဖစ္ျဖစ္လာရတာ အဆင္ေျပေအာင္အလယ္မွာ ထားတာ။ ေပါင္မုန႔္အသားညႇပ္တို႔၊ ေကာ္ဖီ၊ အေအး၊ လက္ဘက္ရည္အျပင္ အားလူးေျခာက္ေၾကာ္လို သြားေရစာမုန႔္ထုပ္ေလးေတြပါရတယ္။ ေဈးေတာ့နည္းနည္းႀကီးတယ္။ ကြၽန္ေတာ္ကေတာ့ ရထားေပၚမတက္ခင္ကတည္းက အျပင္ကေန ပန္းသီးတို႔၊ ေပါင္မုန႔္တို႔ ဝယ္ထားလို႔ စားေသာက္တြဲမွာသြားမစားဘူး။ ေရာက္ဖူးတယ္ရွိေအာင္ပဲ ရထားတြဲ ဟိုဘက္ထိပ္၊ ဒီဘက္ထိပ္ေလွ်ာက္ၾကည့္လိုက္တယ္။ ရထားကေတာ့ မခုန္ပါဘူး။ ၿငိမ့္ၿငိမ့္ေလးနဲ႔ စီးလို႔ေကာင္းတယ္။ ျမန္လဲျမန္တယ္။
ဒီဇင္ဘာလဆိုေတာ့ရာသီဥတုကေတာ့ ေအးတယ္။ ၿမိဳ႕ေတာ္ စေတာ့ဟုမ္းမွာ ႏွင္းေတြက်တာေတြ႕ၿပီး ေအးလွၿပီထင္ခဲ့တာ ဆြီဒင္ေျမာက္ပိုင္းေရာက္မွ တျဖည္းျဖည္းနဲ႔ပိုထူတဲ့ ႏွင္းေတာထဲကိုေရာက္မွန္းမသိေရာက္လာမွန္းေတြ႕ရလို႔ အဆမတန္ပိုေအးမွန္း သိရတယ္။ ၾကည့္ေလရာမွာႏွင္းေတြနဲ႔ေဖြးေနၿပီး သစ္ပင္ေတြ၊ အေဆာက္အဦးအမိုးေတြကလည္း ႏွင္းေတြနဲ႔ဖုံးေနတယ္။ ရထားထဲမွာ အတန္အသင္ေႏြးေနေပမယ့္ ကြၽန္ေတာ္က ႏွင္းကာအက်ႌအထူႀကီးကို ဝတ္ထားေတာ့ ရထားေပၚမွာခင္တဲ့ မိတ္ေဆြဘူေဂးရီးယားႏိုင္ငံသား မစၥတာအမ္မိုက အေႏြးထည္ႀကီးခြၽတ္ထားဖို႔ေျပာတယ္။ ဒါမွအေႏြးဓါတ္က ကိုယ္ထဲကိုဝင္ၿပီး၊ ႏွင္းထဲကိုထြက္လိုက္ခ်ိန္မွာေတာ့ ကိုယ္ထဲမွာေႏြးေနမွာလို႔ သင္ေပးတယ္။ ဆြီဒင္စကားစုတစ္ခ်ိဳ႕ကိုလဲ သူ႔ဆီကေနသင္ယူရတယ္။ ဆြီဒင္စကားက ေနာ္ေဝစကားနဲ႔ဆင္တူယိုးမွားတူတယ္။ ဒီေတာ့ ဆြီဒင္စကားတတ္ရင္ ေနာ္ေဝမွာလဲသုံးလို႔ရတာေပါ့။သူက ဥေရာပကို ယူ႐ုပ္ (Europe) လို႔မေခၚပဲ ဥေရာပလို႔ေခၚတာသတိထားမိလို႔ေမးၾကည့္ေတာ့ ဆြီဒင္ဘာသာစကားနဲ႔ဆို ဥေရာပလို႔ပဲ အသံထြက္တယ္ဆိုတာသိရတယ္။ အဂၤလိပ္နဲ႔ အေမရိကန္ကေတာ့ ယူ႐ုပ္ ( Europe ) လို႔ေခၚတယ္။ ထိုင္ၿပီးစကားေျပာၾကရင္း ျပတင္းေပါက္ကေန ျမင္ရသမွ်ရႈခင္းေတြကိုေငးရတယ္။ ရထားျပတင္းကျမင္ရသမွ်ကေတာ့ မ်က္စိတစ္ဆုံး ျဖဴေဖြးေနတဲ့ႏွင္းျပင္ႀကီးရယ္၊ ႏွင္းေတြဖုံးေနတဲ့ သစ္ေတာအုပ္ကေလးေတြရယ္။ ပတ္ဝန္းက်င္တစ္ခုလုံးက ဆြတ္ဆြတ္ျဖဴၿပီး သန႔္သန႔္စင္စင္နဲ႔ ေတာ္ေတာ္ေလးကိုလွတယ္။
ေနာက္တစ္ရက္ေန႔လည္ ၁ နာရီေလာက္မွာ ကီ႐ူးနားၿမိဳ႕ေလးကိုေရာက္တယ္။ အပူခ်ိန္က သုညမွတ္ေအာက္ေရာက္ေနၿပီး အႏႈတ္၂ ဒီဂရီေလာက္ပဲရွိတယ္။ ႏွင္းကာအက်ႌအျပင္ လက္အိတ္စြပ္၊ ေခါင္းစြပ္ဝတ္ထားတာေတာင္ ႏွာရည္ေတြအဆက္မျပတ္က်ေနလို႔တစ္ခ်ိန္လုံးသုတ္ေနရတယ္။ မ်က္ႏွာတစ္ခုလုံးကေတာ့ထုံေနတာပဲ။ေအးလြန္းလို႔ ႏွင္းကာအက်ႌႀကီးမွာတြဲပါတဲ့ ေခါင္းစြပ္ႀကီးကိုပါေဆာင္းထားရတယ္။ ေဆာင္းတြင္းပိုင္းျဖစ္တာရယ္၊ ကမာၻ႔ေျမာက္ဖ်ားပိုင္းအက်ဆုံးေဒသျဖစ္တာရယ္ေၾကာင့္ ဒီၿမိဳ႕ေလးမွာ ေန႔ခင္းဘက္ဆို ႏွစ္နာရီ၊ သုံးနာရီေလာက္ပဲေန႔အလင္းေရာင္ရၿပီး က်န္တဲ့အခ်ိန္က အၿမဲေမွာင္ေနတယ္။ တစ္ကယ္ေတာ့ ဒီေဒသေတြက ကမာၻေပၚမွာ ေျမာက္ဝင္႐ိုးစြန္းနဲ႔ အနီးဆုံးေနရာေတြ။ ေဆာင္းတြင္းဆို ေန႔တာတိုလြန္းမကတိုၿပီး အၿမဲေမွာင္မဲေနတတ္သလို ေႏြဆိုေန႔တာရွည္လြန္းလို႔ တစ္ညလုံးအၿမဲအလင္းေရာင္ရွိေနတတ္တယ္။
ကြၽန္ေတာ္တို႔ခရီးသြားတဲ့အခ်ိန္မွာ ခရီးသြားေတြက အရမ္းေတာ့က်ပ္ခဲမေနဘူး။ ဘူတာကလဲ ခပ္ေျခာက္ကပ္ကပ္ပဲ။ ရထားေစာင့္တဲ့သူေတြ ေအးရင္ဝင္ေနဖို႔လုပ္ေပးထားတဲ့ မွန္လုံအိမ္ေလးေတြထဲကခုံေလးေတြေပၚမွာလဲ လူမရွိဘူး။ သံလမ္းနဲ႔ မလွမ္းမကမ္း ႏွစ္ထပ္ဘူတာ႐ုံ အေဆာက္အဦးေလးထဲမွာေတာ့ အထုပ္အပိုးေတြကိုယ္စီနဲ႔ လူေတြ ထိုင္ခုံေတြမွာထိုင္ေနၾကတယ္။ ဒီၿမိဳ႕ေလးမွာ ႏွင္းေလွ်ာစီးတာတို႔၊ ေရခဲေတာင္တက္တာတို႔စတဲ့ ႏွင္းနဲ႔ပက္သက္တဲ့ အပန္းေျဖအားကစားမ်ိဳးစုံလုပ္လို႔ရတယ္။ခရီးသြားအမ်ားစုက ျပည္မႀကီးကလာတဲ့တ႐ုတ္လူငယ္ေက်ာင္းသားအ႐ြယ္ေတြ။ ေတာ္ေတာ္မ်ားမ်ားကအဂၤလန္နဲ႔ ဥေရာပမွာေက်ာင္းတက္ေနတဲ့ေက်ာင္းသားေတြနဲ႔ တစ္ခ်ိဳ႕ကေတာ့အလည္သက္သက္လာၾကတဲ့သူေတြ။ အရင္က ကြၽန္ေတာ္ထင္ခဲ့တာက ကမာၻေပၚမွာဘယ္သြားသြား တ႐ုတ္လူမ်ိဳးေတြနဲ႔ ပု႐ြက္ဆိတ္ေတြကေတာ့ေနရာတကာမွာရွိလိမ့္မယ္လို႔။ တကယ္ေတာ့ ကြၽန္ေတာ့အထင္မွားမွန္း အဲဒီေတာ့မွသိတယ္။ ေျမာက္ဝင္႐ိုးစြန္းမွာ တ႐ုတ္ေတြရွိေပမယ့္ ပု႐ြက္ဆိတ္ေတြေတာ့ ေအးလြန္းလို႔မေနႏိုင္ရွာၾကဘူး။ နင္းလိုက္ရင္ ေျခမ်က္စိေလာက္ထိျမဳပ္ျမဳပ္ဝင္သြားတဲ့ႏွင္းထဲမွာဟိုေလွ်ာက္ဒီေလွ်ာက္ ေလွ်ာက္ၾကည့္ရင္းနဲ႔ ဘာပု႐ြက္ဆိတ္မွမရွိႏိုင္ဘူးဆိုတာ ပိုေသခ်ာသြားတယ္။
ကြၽန္ေတာ္တို႔ကို လာေခၚတဲ့ကားေလးနဲ႔ဘူတာ႐ုံေလးက စထြက္လာေတာ့ ကားဆရာကိုကားခေပးဖို႔ေငြသားမရွိၾကဘူး။ ဒါနဲ႔သူက ၿမိဳ႕ထဲကအနီးဆုံးေငြထုတ္စက္ကိုပို႔ေပးလို႔ ကားေပၚပါလာတဲ့သူအားလုံးတန္းစီၿပီး ေငြသားေလးေတြထုတ္ၾကတယ္။ ဘဏ္စနစ္ေကာင္းမြန္တဲ့ႏိုင္ငံေတြျဖစ္ေတာ့ ဒီလိုအစြန္အဖ်ားၿမိဳ႕မွာေတာင္ ဘဏ္ကတ္ထဲမွာဘယ္ႏိုင္ငံကေငြသားရွိရွိ (ျမန္မာႏိုင္ငံမပါ) ဆြီဒင္ငံသုံးေငြကိုေငြလဲႏႈန္းနဲ႔တြက္ေပးၿပီး တစ္ခါထဲထုတ္လို႔ရတဲ့အတြက္ ေတာ္ေတာ္ေလး အဆင္ေျပတယ္။ အရင္က ဥေရာပတစ္ခုလုံးမွာ ယူ႐ိုေငြကိုသုံးၾကရမယ္လို႔ထင္ခဲ့ေပမယ့္ မဟုတ္ဘူး။ ဆြီဒင္ႏိုင္ငံထဲမွာ ဆြီဒင္ခ႐ိုနာကိုပဲသုံးၾကၿပီး ေနာ္ေဝႏိုင္ငံမွာေတာ့ေနာ္ေဝခ႐ိုနာကိုပဲသုံးၾကတယ္။ ဆိုင္ႀကီးေတြ၊ တည္းခိုခန္းေတြေတာ္ေတ္ာမ်ားမ်ားကေတာ့ ကိုယ္ေပးခ်င္တဲ့ ႏိုင္ငံေငြေၾကး (ဥပမာ၊ အေမရိကန္ေဒၚလာ၊ ၿဗိတိသွ်စတာလင္ေပါင္) ကိုလည္း ေငြလဲႏႈန္းနဲ႔တြက္ခ်က္ၿပီးလက္ခံေပးတတ္ၾကပါတယ္။
တစ္နာရီေက်ာ္နီးပါးေလာက္ ကားစီးရၿပီး ကြၽန္ေတာ္တို႔သြားမယ့္ေတာစခန္းေလးရဲ႕အစြန္အဖ်ားကိုေရာက္တဲ့အခ်ိန္မွာ ေန႔ခင္း ၂ နာရီခြဲေလာက္ပဲရွိေသးေပမယ့္ ေနဝင္စျပဳ ၿပီ။ ကြၽန္ေတာ္တို႔အားလုံးကို ႏွင္းကာေဘာင္းဘီရွည္အထူႀကီးေတြနဲ႔ ႏွင္းေတာစီးဖိနပ္ရွည္ႀကီးေတြထုတ္ေပးတယ္။ ဝတ္လာတဲ့ေဘာင္းဘီရွည္ေတြေပၚကေနထပ္ဝတ္ၾကေပါ့။ ကားဆရာကကြၽန္ေတာ္တို႔ကိုေမးတယ္။ ေမာ္ေတာ္ကားေမာင္းလိုင္စင္ရွိတဲ့သူ ဘယ္သူရွိလဲတဲ့။ ကြၽန္ေတာ္က ျမန္မာလိုင္စင္ပဲရွိတယ္ဆိုေတာ့ သူကရတယ္တဲ့။ ႏွင္းေလွ်ာစီးဆိုင္ကယ္ႀကီးေတြေမာင္းခိုင္းဖို႔ ကားေမာင္းတတ္လားသိခ်င္လို႔ေမးတာပါ။ တစ္ကယ္ေတာ့ႏွင္းေလွ်ာစီးဆိုင္ကယ္ႀကီးေတြက ေမာင္းရတာေတာ္ေတာ္လြယ္တယ္။ ေသာ့တံနဲ႔လွည့္ စက္ႏႈိးၿပီးတာနဲ႔ လက္ကိုင္ေဘးက ခလုတ္အနီေလးကိုလက္မနဲ႔ဖိထားလိုက္ၿပီး ဆိုင္ကယ္ကိုေမာင္းထြက္ယုံပဲ။ တစ္ျခားလက္ကိုင္တစ္ဖက္ကိုလွည့္ၿပီးေတာ့ အရွိန္အတင္အေလွ်ာ့လုပ္ရတယ္။ ကြၽန္ေတာ့ဆိုင္ကယ္ေနာက္မွာ လွည္းတစ္စီးတြဲေပးၿပီး ပါလာတဲ့သူေတြကိုတက္ခိုင္းတယ္။ ကားဆရာဦးေလးႀကီးကေတာ့ ပစၥည္းေတြတင္ထားတဲ့လွည္းတစ္စီးကိုဆြဲထားတဲ့ တျခားဆိုင္ကယ္တစ္စီးကိုေရွ႕ကေမာင္းသြားေလရဲ႕။ ဒူးဆစ္ေက်ာ္ေက်ာ္ ခပ္ပြပြႏွင္းေတြၾကားထဲမွာ ႏွင္းေလွ်ာစီးယာဥ္သြားတဲ့ လမ္းေၾကာင္းခပ္က်စ္က်စ္ကိုျမင္ေနရလို႔အဲဒီေပၚကပဲေမာင္းသြားရတယ္။ အရွိန္နည္းနည္းတင္မိရင္ အေကြ႕ေတြမွာခက္တယ္။ တစ္ခါတစ္ေလ အေကြ႕ေတြမွာ ဆိုင္ကယ္ကအရွိန္လြန္ၿပီး ႏွင္းေတာထဲကိုတိုးၿပီးဝင္ဝင္သြားတတ္လို႔ လက္ကိုင္ကို အတင္းျပန္ျပန္ဆြဲလွည့္ရတယ္။ ကြၽန္ေတာ့ေနာက္ကပါလာတဲ့ဆြပ္ဖားေပၚကလူတစ္အုပ္ကေတာ့ အဲလိုမ်ိဳးမ်ားေကြ႕လိုက္ရင္ ငယ္သံပါေအာင္ ေအာ္ၾက၊ ဟစ္ၾက၊ ဘုရား တ ၾကနဲ႔ေပါ့။ ဒီလိုနဲ႔ ႏွင္းဖုံးေနတဲ့သစ္ေတာအုပ္ေတြ၊ လြင္ျပင္ေတြျဖတ္ၿပီးေတာ့အေပၚယံေရခဲေနတဲ့ျမစ္တစ္စင္းနားကိုေရာက္တယ္။ ကားဆရာက ဆိုင္ကယ္ခဏရပ္ၿပီး ကြၽန္ေတာ္တို႔ကို ျမစ္ကမ္းေဘးကေနပဲ လမ္းေၾကာင္းအတိုင္း သတိထားၿပီးေမာင္းခဲ့ဖို႔၊ ျမစ္ေပၚကေရခဲကပါးပါးေလးမိ့ု အဲဒီေပၚဆိုင္ကယ္တက္မသြားေအာင္သတိထားဖို႔ လာသတိေပးတယ္။
ကြၽန္ေတာ္တို႔ ျဖတ္ကူးရမယ့္ေနရာကိုမွာေတာ့ ျမစ္ကေတာ္ေတာ္က်ဥ္းတယ္။ ေရကခပ္သြက္သြက္ေလးစီးေနၿပီး၊ ျမစ္ထဲမွာေရခဲေတြကို ဟိုတစ္စ၊ ဒီတစ္စေတြ႕ရတယ္။ျမစ္ေရက ၾကည္လင္ေနၿပီးေတာ့ ခပ္တိမ္တိမ္ပါပဲ။ ဒါေပမယ့္ ေသြးခဲေလာက္ေအာင္ေအးတဲ့ေရခဲေရေတြ။ ႏွင္းေလွ်ာစီးယာဥ္ေတြရပ္ၿပီး ကြၽန္ေတာ္တို႔ေတြျမစ္ကိုကူးဖို႔ ျပင္ဆင္ရတယ္။ ကြၽန္ေတာ္တို႔ပတ္ဝန္းက်င္မွာ လုံးဝတိတ္ဆိတ္ေနၿပီး ျမစ္ေရစီးတဲ့ အသံေလးသဲ့သဲ့ကိုပဲၾကားရတယ္။ အလင္းေရာင္မႈန္ပ်ပ်ေအာက္မွာျမင္ေနရတာက မ်က္စိတစ္ဆုံးျဖဴ ေဖြးေနတဲ့ ႏွင္းျပင္ႀကီးရယ္၊ အ႐ြက္ေတြေပၚမွာ ႏွင္းေတြေဖြးေဖြးလႈပ္တင္ေနတဲ့ ခပ္ေဝးေဝးကသစ္ေတာအုပ္ေတြရယ္၊ ႏွင္းျပင္ႀကီးထဲမွာ စီးဆင္းေနတဲ့ေရခဲျမစ္ႀကီးရယ္။ ၿပီးေတာ့ ေျမာက္ဝင္႐ိုးစြန္းရဲ႕ေကာင္းကင္ခုံးခုံးႀကီးရယ္။
ကားဆရာႀကီးရဲ႕သားက အသက္ကယ္ရာဘာေလွႀကီးတစ္စင္းနဲ႔လာေခၚလို႔ ကြၽန္ေတာ္တို႔အားလုံးသူ႔ရဲ႕ၫႊန္ၾကားခ်က္အတိုင္း ေလွာ္တက္ကိုယ္စီနဲ႔ေလွာ္ရင္းခတ္ရင္း ဟိုဘက္ကမ္းကိုေရာက္ခဲ့ၾကတယ္။ ကမ္းေပၚတက္၊ ႏွင္းထဲကလူသြားလမ္းေလးအတိုင္း၊ ႏွင္းဖုံးသစ္ပင္ေတြၾကားထဲကေန ကုန္းျမင့္ေလးေပၚကိုတက္လိုက္ေတာ့ တစ္ညတာေနရမယ့္ ေတာစခန္းေလးကို ႏွင္းေတာထဲမွာေတြ႕ရတယ္။ ႏွင္းေတြဖုံးေနတဲ့ ေတာအုပ္အလယ္မွာ မီးခိုးေခါင္းတိုင္ေလးေတြကိုယ္စီနဲ႔ အစီအစဥ္မက်ေဆာက္ထားတဲ့ ဟိုနားတစ္လုံး၊ ဒီနားတစ္လုံး ေနခ်င့္စဖြယ္သစ္လုံးအိမ္စုစု ကေလးေတြ။ ေဆာင္းတြင္းဘက္ရာသီဥတုၾကည္လင္တဲ့ညေတြမွာ ဒီတိတ္ဆိတ္တဲ့ေတာအုပ္ေလးကေနေကာင္းကင္ကိုၾကည့္လိုက္ရင္ ဒ႑ာရီလာ ကြယ္လြန္သူမ်ားရဲ႕ ဝိညာဥ္ေတြကေန အလင္းစြမ္းအင္ေတြ ျဖာထြက္ရာကျဖစ္လာတာလို႔ ေဒသခံ စာမီ (saami) လူမ်ိဳးေတြယုံၾကည္ၾကတဲ့၊ Aurora Borealis လို႔ေခၚတဲ့ အင္မတန္လွပဆန္းၾကယ္တဲ့ဝင္႐ိုးစြန္းအလင္းတန္းေတြကို ေကာင္းကင္ထက္မွာ ျမင္ရတတ္တယ္။
ေမာင္ဇိ

No comments:
Post a Comment