အင်တာနက်မှာ လူတွေရေးကြတဲ့ကိစ္စတွေမှာ တွေ့တွေ့နေတာက ပြည်ကြီးတရုတ်ကိုဘယ်လိုဆော်၊ ဘယ်လိုချဆိုတာမျိုး၊ ပြည်ကြီးတရုတ်တွေကို အကုန်မောင်းထုတ်တို့၊ တရုတ်နဲ့ အဆက်အဆံမလုပ်နဲ့တို့၊ အဲဒါတွေတော်တော်များတယ်။ ကျွန်တော်တို့လူမျိုးတွေ အမြင်တော်တော်ကျယ်ဖို့၊ ကမ္ဘာနဲ့အဝှမ်းဖြစ်နေတာတွေသိဖို့ နဲ့၊ ကျယ်ကျယ်ပြန့်ပြန့်တွေးခေါ်တတ်ဖို့လိုသေးတယ်ထင်လို့ ကျွန်တော်ကြုံတွေ့ခဲ့တာလေးတွေနဲ့ ယှဉ်ပြီး ဒီစာကိုရေးလိုက်တာပါ။
မြန်မာပြည်မပြောနဲ့၊ အင်္ဂလန်နိုင်ငံလိုမျိုးမှာတောင် တရုတ်ပြည်မကြီးကကျောင်းသားတွေ အုံနဲ့ကျင်းနဲ့ရှိတယ်။အင်္ဂလန်မှာကျောင်းတက်နေတဲ့ ဘွဲ့လွန်တန်းကျောင်းသားတွေထဲမှာ ပြည်ကြီးတရုတ်က ၂၀ ရာနှုန်းကျော် ( အင်္ဂလန်နိုင်ငံသား ကျောင်းသားဦးထက်နည်းနည်းပဲလျော့ ) ပါတယ်လို့ ၂၀၁၄ ဧပြီလထဲမှာထုတ်တဲ့ daily mail သတင်းစာမှာပါတယ်။ နောက် ဘွဲ့တန်းတက်နေတဲ့ကျောင်းသားတွေ၊ foundation၊ A level ဘာညာနဲ့ဆို တရုတ်ပြည်မကြီးက ကျောင်းသားတွေ အင်္ဂလန်မှာတော်တော်များတယ်။ ကုန်ကုန်ပြောရရင် တရုတ်သံဝဲဝဲ၊ အင်္ဂလိပ်စကားနဲ့ စာသင်နေကြတဲ့ တရုတ်လူမျိုးပါမောက္ခတွေတောင် တက္ကသိုလ်တွေမှာအများကြီး။ အဓိက ကတော့ တရုတ်ပြည်ကြီးက ချမ်းသာတဲ့သူတွေတဖြည်းဖြည်းများလာလို့ ဒီနိုင်ငံမှာတော်တော်များများကျောင်းလာတက်နိုင် ကြတာ။ နောက်တစ်ကြောင်းက အဲဒီကပြီးတဲ့ဘွဲ့တွေနဲ့ အင်္ဂလန်နိုင်ငံမှာ ဘွဲ့လွန်တန်းလျှောက်ဖို့ အဆင်ပြေတာလဲပါတယ်။ တရုတ်ပြည်မကြီးက ဘေဂျင်းတက္ကသို လ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၁၀၀ စာရင်းမှာပါတယ်။ အင်္ဂလန်ကကျောင်းတစ်ချို့ နဲ့ချိတ်ထားပြီး အပြန်အလှန်ကျောင်းသားလဲတာတွေဘာေ တွတောင်ရှိတယ်။
မြန်မာပြည်မပြောနဲ့၊ အင်္ဂလန်နိုင်ငံလိုမျိုးမှာတောင် တရုတ်ပြည်မကြီးကကျောင်းသားတွေ အုံနဲ့ကျင်းနဲ့ရှိတယ်။အင်္ဂလန်မှာကျောင်းတက်နေတဲ့ ဘွဲ့လွန်တန်းကျောင်းသားတွေထဲမှာ
တရုတ်ကျောင်းသားတွေက သချာင်္တို့ ၊ရူပဗေဒတို့တော်ပေမယ့်တော်တော်များများက အင်္ဂလိပ်စာညံ့ကြတယ်။ ကျွန်တော့် သူငယ်ချင်းပြည်ကြီးတရုတ်မတစ်ယော က်ဆို IELTS band 6 လောက်ရအောင် ၇ ခါလောက်စာမေးပွဲဖြေလိုက်၊ ကျူရှင်တက်လိုက် လုပ်ခဲ့ရတယ်ပြောတယ်။သူတို့နဲ့ယှ ဉ်ရင်မြန်မာတွေက အရေးနဲ့အဖတ်မှာမညံ့တော့ အပြောနဲ့ နားထောင်တာကို ကျင့်လိုက်ရင် အတန်အသင့် ပြောနိုင်၊ နားလည်ပါတယ်။ အောင်မယ်...အဲဒြီ ပည်ကြီးတရုတ်တွေက အင်္ဂလိပ်စာသာမကျွမ်းကျင်တာ၊ ပေါ့ သေးသေးမထင်နဲ့။ ကျွန်တော် ဒီဇင်ဘာမှာ ဥရောပသွားတုံးကဆို ကမ္ဘာလှည့်ခရီးသည်တော်တော်များများက ပြည်မကြီးကတရုတ်တွေ (ကျန်တဲ့အချိန်တော့မသိဘူး) ။တစ်ခါတစ်လေ ရထားတစ်တွဲလုံး မန်ဒရင်းတရုတ်စကားပြောသံကို ညံလို့။ သူတို့က ငွေရှိတော့ ဘဏ်ကတ်လေးကိုင်ပြီး နေရာအနှံ့အေ ကြာက်အလန့်မရှိသွားနိုင်ကြတယ်။ အဲဒါအပြင် တရုတ်တွေက သွားလာခဲ့သမျှကို သူတို့တရုတ်ဝဘ်ဆိုက်တွေမှာ အသေးစိတ်တင်ကြတယ်။ ဒီတော့ သွားချင်တဲ့သူတွေက အဲဒီလမ်းညွှန်တွေထဲက အကောင်းဆုံးဆိုတာတွေကိုရွေးပြီး အဲဒီထဲက ညွှန်ကြားချက်တွေအတိုင်းလိုက်လု ပ်တော့ အခက်အခဲမရှိသွားလာနိုင်ကြတယ်။ ဘယ်ကိုသွားရင် ဘယ်ရထားစီး၊ ဘယ်လောက်ကျတယ်။ ဘယ်ကိုဆိုရင် ဘတ်စ်ကားနဲ့က သက်သာတယ်။ ဘယ်ဟိုတယ်က ဈေးသက်သာပြီး ဟင်းချက်စားလို့ရတယ်။ ဘယ်မြို့ တွေမှာဆို ဘယ်ရက်တွေမှာ ဘာပွဲတွေရှိတယ် စသည်ဖြင့် အသေးစိတ်ကို ရေးတင်ထားကြတာ။ ပြီးတော့ ဥရောပနိုင်ငံတွေမှာက အင်မတန်ကောင်းမွန်တဲ့ ဘဏ်စနစ်၊ ပို့ဆောင်ဆက်သွယ်ရေး၊ လူနေမှုစနစ်နဲ့၊ လုံခြုံစိတ်ချမှုပေးနိုင်တဲ့ အစိုးရစနစ်တွေရှိတာလဲပါတာပေါ့။ ဒီတော့ ငွေရယ်၊ လမ်းညွှန်ကောင်းကောင်းရယ်ရှိတဲ့ တရုတ်တွေက စည်းစနစ်အင်မတန်ကျနပြီး အစစအရာရာလွယ်ကူအဆင်ပြေအောင်လုပ် ထားတဲ့နိုင်ငံတွေမှာ နိုင်ငံခြားဘာသာစကားကို ကောင်းကောင်းမကျွ မ်းကျင်ပဲ၊ ဧည့်လမ်းညွှန်မပါပဲ ရဲရဲရင့်ရင့်သွားလာနေတာမဆန်းဘူး ။ ဥရောပသားအဖြူတွေကိုယ်တိုင်က ပိုက်ဆံရတော့ ဒီပြည်ကြီးတရုတ်တွေကို ဝန်ဆောင်မှုပေးရတာပဲ။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေမှာ ဘဏ်ကတ်တွေသုံးစွဲပြီး သွားလာနေထိုင်နေတဲ့တရုတ်တွေအများကြီးတွေ့ရတယ်။
ရယ်စရာတစ်ခုပြောရရင် ကျွန်တော်ဆွီဒင်က မြို့ လေးတစ်မြို့ကိုရောက်တုံးကပေါ့။ ဟိုတယ်တစ်ခုကိုရောက်တော့ ထုံးစံအတိုင်း wifi password တောင်းလိုက်ရော။ ဟိုတယ်က ဥရောပသားတွေပိုင်တဲ့ ဥရောပဟိုတယ်ပါ။ အဲဒီမှာ ဟိုတယ်က wifi password ကဘာလို့ထင်တုံး။ Mandarin တဲ့ဗျာ။ ကဲ..တရုတ်တွေ ဘယ်လောက်တည်းတယ် မတည်းတယ် အဲဒီမှာသာကြည့်တော့။ ကျွန်တော့မှာ အဲဒီအကြောင်းကို တစ်နေ့စာထဲမှာတောင်ထည့်ရေးသင့် တယ်လို့တွေးပြီး ရယ်လိုက်ရတာ။ နောက် ပြည်မကြီး တရုတ်တွေလုပ်တာတစ်ခုက ဘယ်နိုင်ငံကိုရောက်ရောက်၊ အဲဒီနိုင်ငံက တစ်ခါသုံး sim card နဲ့ အင်တာနက်ကို အရင်ဆုံးဝယ်ကြတယ်။ ဈေးလဲသက်သာတာကိုး။ (ဒါကတော့ မြန်မာနိုင်ငံမှာလဲ ဝယ်လို့ရနေပါပြီး။ နှေးတာလေးနဲ့ နေရာတိုင်းမမိတာလေးတစ်ခုပဲ)လူကွဲသွားရင် တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့ နဲ့ အင်တာနက်ကတရုတ်ဝဘ်ဆိုက်မှာလမ်း ညွှန်ကြည့်ဖို့ရယ်၊ အင်တာနက်ကနေမြေပုံကြည့်ပြီး သူတို့လိုချင်တဲ့နေရာကိုမြို့ ထဲမှာရှာပြီးသွားဖို့ရယ်။ ဘယ်လောက်အဆင်ပြေလဲ။
ထပ်သိလာရတာက ဆွီဒင်တို့ဘာတို့လို ဥရောပကမြို့ တွေမှာလဲ တရုတ်ပြည်မကြီးကကျောင်းသားတွေရှိတယ်ဆိုတာပဲ။ ကျွန်တော်တို့မြန်မာတွေ အများကြီးလုပ်ရဦးမယ်။ ဝါးလုံးခေါင်းထဲမှာလသာ၊ နွာြးေ ခရာခွက်ထဲက ဖားသူငယ်လုပ်ပြီး ကိုယ်သိသလောက်လေးနဲ့ တောင်အော်ေ မြာက်အော်၊ တောင်ပြောမြောက်ပြော ပြောနေလို့မရတော့ဘူး။ တရုတ်ပြည်မကြီးကလူတွေက နိုင်ငံတကာအတွေ့အကြုံတွေရှိေ နပြီ။ ပိုက်ဆံရှိပြီး နိုင်ငံတကာက ယဉ်ကျေးမှုတွေကိုနားမလည်ပဲ လိုချင်တာမရလို့ လေယာဉ်မယ်ကိုရေနွေးနဲ့ပက်တြဲ့ ပည်ကြီးတရုတ်တို့၊ မြန်မြန်အော က်ရောက်အောင် လေယာဉ်ရပ်တာနဲ့ အသက်ကယ်တံခါးဖွင့်ဆင်းတဲ့ ပြည် ကြီးတရုတ်တို့ စသည်ဖြင့်ကတော့ရှိမှာပဲလေ။ လူဦးရေများတော့ ပိုက်ဆံရှိခါစမှာ ငွေကလွဲလို့ ဘာမှနားမလည်တဲ့တရုတ်တွေလဲရှိမှာ ပေါ့။ ဒါပေမယ့် နောက်ထပ်မျိုးဆက်တစ်ခု ကျရင်အဲလိုမဟုတ်တော့ဘူး။ အင်္ဂလန်၊ အမေရိကန်၊ ဥရောပပြန် အတွေ့အကြုံများ၊ ပညာတတ်၊ ငွေရှိတရုတ်တွေဖြစ်လာေ တာ့မယ်။
ရယ်စရာတစ်ခုပြောရရင် ကျွန်တော်ဆွီဒင်က မြို့ လေးတစ်မြို့ကိုရောက်တုံးကပေါ့။ ဟိုတယ်တစ်ခုကိုရောက်တော့ ထုံးစံအတိုင်း wifi password တောင်းလိုက်ရော။ ဟိုတယ်က ဥရောပသားတွေပိုင်တဲ့ ဥရောပဟိုတယ်ပါ။ အဲဒီမှာ ဟိုတယ်က wifi password ကဘာလို့ထင်တုံး။ Mandarin တဲ့ဗျာ။ ကဲ..တရုတ်တွေ ဘယ်လောက်တည်းတယ် မတည်းတယ် အဲဒီမှာသာကြည့်တော့။ ကျွန်တော့မှာ အဲဒီအကြောင်းကို တစ်နေ့စာထဲမှာတောင်ထည့်ရေးသင့်
ထပ်သိလာရတာက ဆွီဒင်တို့ဘာတို့လို ဥရောပကမြို့ တွေမှာလဲ တရုတ်ပြည်မကြီးကကျောင်းသားတွေရှ
ပညာတတ်ဆိုလို့ နာက်ထပ်ဟာသတစ်ခုပြောရဦးမယ်။ ကျွန်တော့သူငယ်ချင်းတရုတ်တစ်ယော က်က အင်္ဂလိပ်စာမကျွမ်းကျင်တော့ ကျော င်းက အစီရင်ခံစာရေးခိုင်းတာကို ဘယ်လိုရေးရေး အမှတ် ၅၀ ကမတက်ရှာဘူး။ ဆရာကလဲ မကြိုက်တိုင်း ပြန်ရေးခိုင်းပေါ့ ဗျာ။ နောက်ဆုံးမှာ သူကဘယ်လိုလုပ်လိုက်လဲဆိုတော့ တရုတ်လိုရေးလိုက်ပြီး တရုတ်ကနေအင်္ဂလိပ်ဘာသာပြန်ဝဘ်ဆို က်ကို သုံးလိုက်တာ အမှတ်ကောင်းရသွားသတဲ့ဗျာ။တရုတ်တွေ ကမ္ဘာမှာအောင်မြင်နေတဲ့နည်းလမ်းေ တွထဲကတစ်ခုပဲဆိုပါတော့။
တရုတ်ချီးမွမ်းခန်းဖွင့်ချင်လို့  ဒါတွေပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာ အဓိကနှစ်ချက်ရှိတယ်။ ပထမတစ်ခုက အနောက်နိုင်ငံတွေမှာပညာသင်တဲ့ ကမ္ဘာ့ ဗဟုသုတတွေစုဆောင်းနေတဲ့ြ ပည်မကြီးသားတရုတ်တွေ အင်မတန်များတယ်ဆိုတာရယ်၊ အနောက်နိုင်ငံသားတွေ၊ ဥရောပသားတွေကိုယ်တိုင်က ဒီခရီးသွားတရုတ်တွေကိုဝန်ဆောင် မှုပေးနေရပြီဆိုတာကို သိစေချင်လို့ရယ်ပါ။ တကယ်တမ်း အင်္ဂလန်ကလဲ တရုတ်ကျောင်းသားတွေဆီကကျောင်း လခတွေနဲ့စီးပွားရှာစားနေတာပဲ။ ကျွန်တော်တို့လူမျိုးက မျက်စိမှိတ်ပြီး တရုတ်မုန်းကြောင်းကုန်းအော်ေ နမယ့်အစား မျက်စိဖွင့်နားဖွင့်နဲ့ တစ်ကမ္ဘာလုံးမှာ ဘာတွေဖြစ်နေလဲသိသင့်တယ်။ (အိမ်နီးနားချင်းဆိုတာကရွေးချယ်လို့ မရတဲ့အတူတူ၊ မပက်သက်လို့မရတဲ့အတူတူ )အမှီလိုက်ဖို့ကြိုးစားရင်း မျှမျှတတ၊ သမာသမတ်ကျကျတွေး၊ ပြည်ကြီးတရုတ် တွေ ဗိုလ်ကျ၊လူလည်ကျတာကို မခံရအောင်မှန်ကန်တဲ့နည်းစနစ်တွေ နဲ့ကာကွယ်ရင်း သူတို့ဆီက အမြတ်ပြန်ရအောင်ယူသင့်တယ်။ သိထားရမှာကဒီလူတွေက အဖြူတွေကြားမှာတောင် လူတွင်ကျယ်လုပ်နေနိုင်ပြီဆိုတာ ပဲ။ ကျွန်တော့သူငယ်ချင်း လူဖြူကျောင်းသားတစ်ယောက်ကို အရှေ့ တိုင်းတွေမှာ အဖြူတွေကို အင်မတန်အထင်ကြီးကြကြောင်းပြောပြတော့ သူက ဘာပြန်ပြောလဲဆိုတော့ အေး...ငါတို့ တရုတ်တွေအပေါ်မြင်သလိုပဲနေမှာပေါ့တဲ့။ ငါတို့ဆိုလဲ တရုတ်တွေကိုစာတော်တယ်ဆိုပြီး အထင်ကြီးကြတယ်တဲ့။ အဲဒီလို။
ပြန်ဆက်ရရင် ကျွန်တော်တို့နိုင်ငံမှာလဲ စနစ်တကျလုပ်နိုင်ရင် တရုတ်တစ်နိုင်ငံထဲကကို နိုင်ငံခြားငွေဝင်နိုင်တာအများကြီးပဲ။ဥပမာ.... အစားအသောက်နဲ့ကုန်ချောရောင်းစား ရင်တောင် နည်းတဲ့ဈေးကွက်ကြီးမဟုတ်ဘူးဗျာ ။ နောက်...သူတို့ကို မြန်မာပြည်လာ လည်အောင်ဆွဲဆောင်နိုင်ရင် (ဘဏ်စနစ်ကောင်းကောင်းရှိရမယ်) ကမ္ဘာလှည့်ခရီးသွားအနေနဲ့ မလာပဲနေမလားဗျာ။ ခရီးသွားလုပ်ငန်းကနေငွေရမယ်ဗျာ။ ဆက်စပ်ပြီး သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်လုပ်ငန်းစတာတွေ စီးပွားဖြစ်မယ်၊ ပြည်တွင်းက လက်မှုပစ္စည်း၊ ထွက်ကုန်စသည်ဖြင့်ရောင်း၊ အမြတ်ကြီးပဲ။ ကျွန်တော်တို့လူမျိုးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလဲအများကြီးရမယ်။ဘယ်သူကမှ ဘယ်သူ့ကို အနိုင်ကျင့်ဗိုလ်ကျလို့မရအောင်၊ လုံခြုံစိတ်ချရမှုရှိအောင် ဥပဒေကောင်းကောင်းနဲ့ ထိန်းသိမ်းကွပ်ကဲ၊ အခြေခံအဆောက်အဦးတွေ၊ ဘဏ်လုပ်ငန်းတွေ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းတွေ ၊ အင်တာနက်တွေကောင်းအောင်လုပ်၊ ကိုယ့်လူမျိုးတွေကိုယ်တိုင်ကလဲ အမြင်ကျယ်ကျယ်ထား၊ဥရောပမှာ ခရီးသွားဧည့်လမ်းညွှန်မပါပဲသွား သလိုမျိုး မြန်မာပြ
ည်မှာလဲတရုတ်တင်မက နိုင်ငံတကာ ကပါလာကြမှာ။ အခုတောင် ကမ္ဘာ့ အသွားသင့်ဆုံးမြို့ တွေစာရင်းထဲမှာ ပုဂံကထိပ်ဆုံးကပြေးနေတာ။
ပြန်ဆက်ရရင် ကျွန်တော်တို့နိုင်ငံမှာလဲ စနစ်တကျလုပ်နိုင်ရင် တရုတ်တစ်နိုင်ငံထဲကကို နိုင်ငံခြားငွေဝင်နိုင်တာအများကြီးပဲ။ဥပမာ.... အစားအသောက်နဲ့ကုန်ချောရောင်းစား
ည်မှာလဲတရုတ်တင်မက နိုင်ငံတကာ
ပြောရရင်တော့ အများကြီး၊ အများကြီးရှိသေးတယ်ဗျာ။ ဒါပေမယ့် ပြည်မကြီးကတရုတ်တွေ ကမ္ဘာမှာဘာလုပ်နေလဲဆိုတာသိစေချင် တာနဲ့ တရုတ်ပြည်နဲ့ပက်သက်တဲ့ ကျွန်တော်တို့ရဲ့ အမြင်တွေ အများကြီးကျယ်စေချင်လို့ဒီစာရေး တာဆိုတော့ ဒီလောက်ပဲဗျာ။ တရုတ်ကိုဆရာမခေါ်ရပဲ သူတို့ကိုတန်းတူထားပြီး စီးပွားပြန်ရှာဖို့၊ သူတို့နဲ့ရင်ပေါင်တန်းနိုင်ဖို့ (မြန်မာတွေမှာလဲသူတို့ထက်သာတာေ တွရှိတယ်၊ ပေါင်းသင်းဆက်ဆံရေး၊ အင်္ဂလိပ်စာစသည်ဖြင့်) ရည်ရွယ်တာပါ။ မျက်စိမှိတ်ပြီးပြည်မကြီးကတရုတ် မှန်သမျှအဆက်အဆံမလုပ်ဘူးကွ လို့လုပ်လို့မဖြစ်ကြောင်းဆိုလို ရင်းပါ။
No comments:
Post a Comment