တမ်းတမ်းတတ မေ့မရနှင့်
ဆို့နင့်ရင်မှာ ရှိလာခါလဲ
ဘဝရေစက် ဒီမှာပြတ်လို့
ပြတ်လျက်သာလေ ရှိနေစေဟု
ခိုင်ကြည်စိတ်ထား ငါပြတ်သားသည်
တစ်ခါသေက နားလည်ပြီ။
မြူ နှင်းခိုးဝေ ဆောင်းဆိုးပေသည်
အသားကိုစိုက် အရိုးခိုက်လျက်
ထိရှဒဏ်ချက် အိုဟောင်းထက်ပါ
ညှာတာမရှိ
တူးဆွဘိမို့
ခံရခက်သည့် ဒီရာသီ။
ကင်းပင်ကင်းငြား နာကားနာမို့
သံစဉ်ယောက်ယက် အတွေးဖျက်ကို
နေရာမပေး ကန်တော့သေးလျက်
လစ်တိုင်းဝင်တွယ်
အောင်ပွဲမျှော်လဲ
ဆုသာတောင်းလေ ရဦးမည်။
ဆို့နင့်ရင်မှာ ရှိလာခါလဲ
ဘဝရေစက် ဒီမှာပြတ်လို့
ပြတ်လျက်သာလေ ရှိနေစေဟု
ခိုင်ကြည်စိတ်ထား ငါပြတ်သားသည်
တစ်ခါသေက နားလည်ပြီ။
မြူ နှင်းခိုးဝေ ဆောင်းဆိုးပေသည်
အသားကိုစိုက် အရိုးခိုက်လျက်
ထိရှဒဏ်ချက် အိုဟောင်းထက်ပါ
ညှာတာမရှိ
တူးဆွဘိမို့
ခံရခက်သည့် ဒီရာသီ။
ကင်းပင်ကင်းငြား နာကားနာမို့
သံစဉ်ယောက်ယက် အတွေးဖျက်ကို
နေရာမပေး ကန်တော့သေးလျက်
လစ်တိုင်းဝင်တွယ်
အောင်ပွဲမျှော်လဲ
ဆုသာတောင်းလေ ရဦးမည်။
No comments:
Post a Comment