Sunday, November 8, 2015

ဂိုင်းဖော့စ်ပွဲတော် သို့မဟုတ် အင်္ဂလန်ကမီးရှုးမီးပန်းပွဲ



မြန်မာနိုင်ငံမှာ သီတင်းကျွတ်မီးထွန်းပွဲရှိသလိုပဲ၊ အင်္ဂလန်နိုင်ငံမှာလဲ အာက်တိုဘာလကုန်ပိုင်းကနေ နိုဝင်ဘာလဆန်းပိုင်းလောက်ထိ “တစ်ဖုန်းဖုန်း၊ တစ်ဒိုင်းဒိုင်း၊ တစ်ရွှီရွှီ ၊ တစ်ဖြောင်းဖြောင်း“ နဲ့ ဗြောက်အိုးဖောက်သံတွေ၊ မီးရှူးမီးပန်းလွှတ်သံတွေကို ကြားရ၊ မြင်ရလေ့ရှိတယ်။ အကြောင်းရင်းကတော့ နိုဝင်ဘာလ ၅ ရက်နေ့တိုင်း ကျရောက်လေ့ရှိတဲ့ Guy Fawkes Day အထိမ်းအမှတ်အတွက် မီးပုံပွဲတွေလုပ်ကြ၊ မီးရှူးမီးပန်း၊ ဗျောက်အိုးတွေဖောက်ကြလို့ဖြစ်တယ်။

ဂိုင်းဖော့စ် ( Guy Fawkes ) ဆိုတာက အင်္ဂလန်နိုင်ငံ၊ ယောက်(York) နယ်သား။ 

ဂီးဒိုဖော့စ် ( Guido Fowkes) လို့လဲခေါ်တယ်။

ခရစ်သက္ကရာဇ် ၁၅၇၀ ခုနှစ်လောက်မှာမွေးခဲ့တယ်။

အဲဒီအချိန် မြန်မာနိုင်ငံမှာ ဘုရင့်နောင်က တောင်ငူခေတ် ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ပြီး ယိုးဒယားနိုင်ငံကို အောင်မြင်ပြီးပြီ။  ဂိုင်းဖော့စ် အသက် ၂၁ နှစ်လောက်မှာ စပိန်ကက်သလစ်တွေနဲ့ စပိန်လက်အောက်ကခွဲထွက်ဖို့ကြိုးစားတဲ့ ဒတ်ခ်ျသမ္မတနိုင်ငံ ( အခု နယ်သာလန်) တို့ဖြစ်တဲ့ ၈ နှစ်စစ်ပွဲမှာ စပိန်တွေဘက်ကဝင်တိုက်ပေးခဲ့တယ်။ စစ်ဖြစ်ရတဲ့အကြောင်းရင်းက စပိန်လက်အောက်ခံဖြစ်တဲ့ နယ်သာလန်ဒေသတစ်ဝိုက်ကို စပိန်ဘုရင် ဖိလစ်-၂ က အခွန်အတုပ်ကြီးကြီးကောက်တာရယ်၊ ဒေသခံ ပရိုတက်စတင့်ခရစ်ယာန်ဘာသာဝင်တွေကို ကက်သလစ်ခရစ်ယာန်ဘာသာဝင် အာဏာပိုင်တွေက ဖိနှိပ်တာရယ် ကနေ စ တယ်။

ဒီစစ်ပွဲမှာ မျိုးရိုးစဉ်ဆက် ကက်သလစ်ဘာသာဝင်ဖြစ်တဲ့ ဖော့စ် က အင်္ဂလန်မှာရှိတဲ့ သူ့ပိုင်ဆိုင်မှုတွေကိုရောင်းချပြီး စပိန်ကက်သလစ်တွေဘက်ကဝင်တိုက်ပေးခဲ့တယ်။ အင်္ဂလန်နိုင်ငံနဲ့ စပိန်နိုင်ငံတို့က အဲဒီအချိန်မှာ ရန်သူတွေ။

 အင်္ဂလန်နိုင်ငံကတော့ တော်လှန်သူ ပရိုတက်စတင့်ဒတ်ခ်ျတွေကို ထောက်ပံ့ပေးခဲ့တဲ့နိုင်ငံတစ်ခု။

 စစ်ပွဲမှာ အရာရှိငယ်အဆင့်ထိ တာဝန်ထမ်းဆောင်တိုက်ခိုက်ခဲ့တဲ့ ဖော့စ် က ၁၆၀၃ မှာ စပိန်ဘုရင်ဆီသွားပြီး အင်္ဂလန်နိုင်ငံမှာ ကက်သလစ်တော်လှန်ရေးတစ်ခုလုပ်ဖို့ အကူအညီသွားရှာတယ်။

အကူအညီမရခဲ့တဲ့ ဖော့စ်က ၁၆၀၅ ခုနှစ်မှာ တစ်ခြားအင်္ဂလိပ်လူမျိုး ကက်သလစ်တစ်စုနဲ့ပေါင်းလို့ အဲဒီအချိန်က ပရိုတက်စတင့်ဘာသာဝင်ဖြစ်တဲ့ အင်္ဂလန်ဘုရင် ပထမမြောက် ဂျိမ်းစ် (James I)ကို လုပ်ကြံဖို့ကြံစည်တော့တယ်။

အဲဒီအဖြစ်အပျက်ကို ယမ်းမှုန့်အရေးအခင်း (Gunpowder plot) လို့ လူသိများတယ်။

သူတို့ အစီအစဉ်က နိုဝင်ဘာ ၅ ရက်နေ့မှာလုပ်မယ့် ပါလီမန်အဆောက်အဦးဖွင့်ပွဲ (Big Ben မျှော်စင်ရှိတဲ့ အသစ်ပြန်ဆောက်ထားတဲ့အခုဗြိတိသျှပါလီမန်နေရာ) မှာ ပါလီမန်ကိုရော၊ ဖွင့်ပွဲလာတဲ့ ဘုရင်နဲ့အမတ်အားလုံးကိုရော ဖောက်ခွဲပစ်ဖို့ ဖြစ်တယ်။

အဲဒီအတွက် ပါလီမန်နဲ့ ကပ်လျက်မှာရှိတဲ့ အိမ်တစ်လုံးကိုငှားပြီး ပါလီမန်အောက်ဖက်ထိရောက်နေတဲ့ အဲဒီအိမ်ရဲ့မြေတိုက်ခန်းမှာ ယမ်းမှုန့်တွေကို တိတ်တဆိတ်သိုလှောင်ကြတယ်။

 ယမ်းမှုန့်စည်ပေါင်း ၃၆ စည်ရှိတယ်လို့ဆိုတယ်။

 ဖွင့်ပွဲမတိုင်ခင်ရက်တွေအတွင်းမှာ ဘုရင့်ဆီအမှုထမ်းနေတဲ့ ကက်သလစ်အမတ်တစ်ယောက်ဆီကို ကက်သလစ်အမတ်တွေအန္တရာယ်မဖြစ်စေချင်တဲ့အတွက် ပါလီမန်ဖွင့်ပွဲကိုမတက်စေလိုကြောင်း ဘယ်ကလာမှန်းမသိတဲ့စာတစ်စောင်ရောက်လာခဲ့တယ်။

 ယုံရကောင်းနိုး၊ မယုံရကောင်းနိုးဖြစ်နေရာကနေ နောက်ဆုံးမှာတော့ အဲဒီစာဟာ ဘုရင်ဂျိမ်းစ်လက်ထဲကိုရောက်သွားတယ်။ ဖွင့်ပွဲနေ့မနက်မှာပဲ ဘုရင့်အမိန့်နဲ့ ပတ်ဝန်းကျင်ကို ပိုက်စိပ်တိုက်ရှာဖွေတဲ့ စစ်သားတွေဟာ မြေတိုက်ခန်းထဲမှာ ယမ်းမှုန့်စည်တွေရယ်၊ မီးခြစ်ဆံတွေရယ်နဲ့ အချိန်ရောက်တာနဲ့ ဖောက်ခွဲဖို့အသင့်ဖြစ်နေတဲ့ ဖော့စ်ကိုမိသွားကြတော့တယ်။

ဖော့စ်ကို နာမည်ကျော်သိမ်းမြစ်ဘေးက လန်ဒန်မျှော်စင် (Tower of London) လို့ခေါ်တဲ့ တစ်ချိန်ကဘုရင်တွေနန်းစိုက်ခဲ့တဲ့ ရဲတိုက်ကြီး ( အခု Tower Bridge နားကရဲတိုက်) မှာ ချုပ်နှောင်ထားလိုက်ပြီး အမျိုးမျိုးနှိပ်စက်ညှင်းပန်းလို့ သူ့ရဲ့အကြံအစည်နဲ့ ပူးပေါင်းကြံစည်သူတွေကို မပေါ်မချင်းစစ်မေးတော့တာပေါ့။ နောက်ဆုံးမှာတော့ ပြင်းထန်၊ ရက်စက်လှတဲ့ နှိပ်စက်မှုဒဏ်ကို မခံနိုင်တဲ့အဆုံး၊ ကြံစည်ဖော်ကြံစည်ဖက်တွေရဲ့ နာမည်တွေနဲ့ သူတို့ အစီအစဉ်အားလုံးကို ထုတ်ပြောလိုက်ရတော့တာပါပဲ။

ဖော့စ် ကို နှိပ်စက်ခဲ့တဲ့အခန်းကို Guy Fawkes room လို့ခေါ်ပြီး ခုချိန်ထိ Tower of London မှာ သွားကြည့်နိုင်ပါသေးတယ်။

အဲဒီအချိန်က အင်္ဂလန်နိုင်ငံရဲ့ထုံးစံအရ ဘုရင်ကိုပုန်ကန်သူတွေကို ကြိုးဆွဲချပြီးဖြစ်စေ၊ ရေနှစ်ပြီးဖြစ်စေ၊ လေးစိတ်လေးပိုင်း ဖြတ်တောက်လို့ဖြစ်စေ စီရင်လေ့ရှိတယ်။ ပြစ်ဒဏ်စီရင်ခံရဖို့ စင်ပေါ်မှာစောင့်ဆိုင်းနေတုန်းမှာပဲ အရှင်လတ်လတ် ဗိုက်ကိုဖောက်၊ အူတွေဆွဲထုတ်ပြီး အသတ်ခံရမယ့်ဘေးကနေရှောင်ရှားဖို့ ဖော့စ်တစ်ယောက် စင်ပေါ်ကနေခုန်ချလိုက်ပါတော့တယ်။

ရလဒ်အနေနဲ့ကတော့ ဇက်ကျိုးပြီး ဇီဝိန်ချုပ်သွားတာပါ။

ဒါတောင် ဘုရင်က ကြွင်းကျန်ရစ်တဲ့ရုပ်အလောင်းကို လေးပိုင်းပိုင်းပြီး အင်္ဂလန်နိုင်ငံရဲ့အရပ်လေးမျက်နှာကို စံနမူနာအဖြစ် ပြသခဲ့ပါသေးတယ်။ အသက်ဆုံးရှုံးသွားတဲ့အချိန်မှာ ဂိုင်းဖော့စ်က အသက် ၃၅ နှစ်ပဲရှိပါသေးတယ်။ ကြံစည်ဖော်ကြံစည်ဖက် ၁၂ ယောက်ရှိတဲ့ထဲက ၄ ယောက်ပဲလွတ်သွားပြီး ကျန်တဲ့သူအားလုံး နည်းအမျိုးမျိုးနဲ့ အသတ်ခံခဲ့ရပါတယ်။

နောက်ပိုင်းမှာ နိုဝင်ဘာ ၅ရက်နေ့ကို ကျေးဇူးတော်နေ့အဖြစ်ဘုရင်က သတ်မှတ်လိုက်ပြီး မအောင်မြင်တဲ့လုပ်ကြံမှုကြီးအပြီးနောက်တစ်နှစ် ၁၆၀၆ ခုနှစ် (မြန်မာပြည်မှာ ဘုရင့်နောင်ရဲ့သားတော် ညောင်ရမ်းမင်းလက်ထက်) ကစလို့လန်ဒန်သားတွေဟာ ပွဲလမ်းသဘင်တွေကျင်းပခဲ့ကြတယ်။

အဲဒီနေ့တွေမှာ ဖော့စ်ကိုကိုယ်စားပြုတဲ့ ကောက်ရိုး၊ အဝတ်စတွေ ဒါမှမဟုတ် စက္ကူ တွေနဲ့လုပ်ထားတဲ့ ပုံတူအရုပ်တစ်ခုကို မျက်နှာဖုံးတပ် လှည်းပေါ်မှာတင်ပြီး တစ်မြို့လုံးလှည့်ကြတယ်။ အဲဒီလို ကိုရိုးကားယားဝတ်စားထားတဲ့အရုပ်ကို Guy လို့ခေါ်ကြတယ် (ခုခေတ်မှာတော့ guy ဆိုတာ အမျိုးသားတွေကိုပုံမှန်သုံးနှုံးတဲ့အခေါ်အဝေါ်ဖြစ်နေပါပြီ)။ ကလေးတွေက guy အတွက် တစ်ကျပ်တစ်ပြားပေးကြပါဆိုပြီးပိုက်ဆံတောင်းကြတယ်။ နောက်ဆုံးမှာတော့ မီးပုံပွဲ (bonfire)ကြီးလုပ်ပြီး guy အရုပ်ရော၊ တစ်ခြားနိုင်ငံရေးသမားအရုပ်တွေပါပစ်ထည့်လို့ မီးရှို့လိုက်ကြတယ်။

မီးပုံပွဲ (bonfire) ဆိုတဲ့စကားလုံးက (bonefire ) ဆိုတဲ့စကားကလာတယ်။ ရှေးတုံးက စုန်းကဝေတွေကို မြေမှာမမြှုပ်ပဲ အရိုးပါကျွမ်းတဲ့ထိ မီးရှို့ပစ်ကြတဲ့ bonefire ဆိုတဲ့စကားလုံးကနေ bonfire အဖြစ်ရွေ့လျားလာတာဖြစ်တယ်။

 မီးရှုး၊ မီးပန်း၊ မီးပုံပွဲတွေက မပေါက်ကွဲလိုက်ရတဲ့ ဖော့စ်ရဲ့ ယမ်းမှုန့်တွေကို ကိုယ်စားပြုကြတယ်။

Guy Fawkes Day ကို နောက်ပိုင်းမှာ အင်္ဂလန်တစ်နိုင်ငံလုံးအနှံ့ကျင်းပကြပေမယ့် ဖော့စ်ကျောင်းနေခဲ့တဲ့ ယောက်နယ်က စိန့်ပီတာကျောင်းကတော့ အဲဒီပွဲကိုလုံးဝမလုပ်ပါဘူး။ ၁၉၂၈ နိုဝင်ဘာလကစလို့ ပါလီမန်ဖွင့်ပွဲမတိုင်ခင်တိုင်းမှာ ပါလီမန်အစောင့်တွေက မီးအိမ်တွေကိုယ်စီကိုင်ပြီး ခေတ်သစ် ဂိုင်းဖော့စ်တွေရဲ့ရန်ကိုကာကွယ်ဖို့ မြေအောက်ခန်းတွေမှာ ဗုံးတွေ၊ယမ်းမှုန့်တွေရှာတဲ့ အခမ်းအနားကို ကျင်းပလေ့ရှိကြတယ်။

၁၉၈၀ ခုနှစ်တွေမှာ Alan Moore နဲ့ David Lloyd ရေးဆွဲခဲ့တဲ့ V for Vendetta ရုပ်ပြဇာတ်လမ်းတွဲတွေထဲမှာ ဂိုင်းဖော့စ်မျက်နှာဖုံး (Guy Fawkes Mask ) ကို ဧရာမအပြုံး၊ ရဲရဲတွတ်နေတဲ့ ပါးနီးနှစ်ဖက်၊ပါးရဲ့တစ်ဖက်တစ်ချက်မှာ အပေါ်ကိုကော့တက်နေတဲ့နှုတ်ခမ်းမွှေးတွေ၊ပြီးတော့ ဒေါင်လိုက် အောက်ကိုချွန်ထွက်နေတဲ့ မုတ်ဆိတ်မွေး သေးသေးသွယ်သွယ်ရှည်ရှည်တို့နဲ့သရုပ်ဖော်ခဲ့တယ်။

 V for Vendetta က Guy Fawkes ရဲ့ဇာတ်လမ်းကို မဆိုစလောက်မှီငြမ်းတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ကူးယဉ်အနာဂတ်ကာလတစ်ခုမှာ ပြည်သူလူထုပေါ် ရက်စက်ဖိနှိပ်တဲ့အစိုးရကိုပုန်ကန်ဖို့ကြိုးစားတဲ့ တစ်ကိုယ်တော် မင်းမဲ့ဝါဒီတော်လှန်ရေးသမားတစ်ယောက်အကြောင်း။

ဒီနာမည်နဲ့ပဲ ၂၀၀၆ ခုနှစ်မှာ ရုပ်ရှင်အဖြစ်ထွက်လာတော့ အကြီးအကျယ်အောင်မြင်ခဲ့တယ်။ ဂိုင်းဖော့စ်မျက်နှာဖုံးဟာလဲ လူသိများသွားပြီး ၂၀၀၈ နောက်ပိုင်းမှာ  အစိုးရအဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်းနဲ့ လုပ်ငန်းကြီးတွေရဲ့ဝဘ်ဆိုက်တွေကို ဦးတည်တိုက်ခိုက်တတ်တဲ့ Anonymous လို့ခေါ်တဲ့ဟက်ကာအဖွဲ့ဝင်တွေကပါ  တပ်ဆင်သုံးစွဲလိုက်ကြတဲ့အခါ ပိုပြီးထင်ရှားကျော်ကြားလာတော့တယ်။ နောက်ပိုင်းမှာတော့ ဂိုင်းဖော့စ်မျက်နှာဖုံးဟာ ဖိနှိပ်သူကို ပုန်ကန်ရာမှာ သုံးစွဲတဲ့ သေကင်္တတစ်ခုအဖြစ် နိုင်ငံအသီးသီးက ဆန္ဒပြပွဲတွေမှာ တွင်ကျယ်လာတော့တယ်။

၁၇ ရာစုက ဂိုင်းဖော့စ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကနေအစပြုခဲ့တဲ့ဇာတ်လမ်းတစ်ခုက ၂၁ ရာစုကိုရောက်တဲ့အချိန်မှာ ဂိုင်းဖော့စ်မျက်နှာဖုံးနဲ့ ဂိုင်းဖော့စ်ပွဲတော်နေ့ဆိုပြီး အသွင်သဏ္ဍာန်အမျိုးမျိုး၊ အနှစ်သာရအမျိုးမျိုးပြောင်းလဲပြီး နှစ်ပေါင်း ၄၀၀ ကျော်ဆက်လက်တည်ရှိနေခဲ့တာပါ။

မောင်ဇိ ( 7th November 2015; 2:15am)

ကိုးကား။  ။

*http://www.telegraph.co.uk/ (Friday 06 November 2015 issue)

*http://www.history.com/news/guy-fawkes-day-a-brief-history

*https://anoninsiders.net/the-mask-46/

*http://www.nps.gov/fora/learn/education/unit-1-the-church-of-england-in-the-sixteenth-century.htm

*http://www.jorvik.co.uk/guy-fawkes/

*https://www.britannica.com/event/Gunpowder-Plot

other internet sources
______________________
ျမန္မာႏုိင္ငံမွာ သီတင္းကြ်တ္မီးထြန္းပြဲရွိသလုိပဲ၊ အဂၤလန္ႏုိင္ငံမွာလဲ အာက္တုိဘာလကုန္ပိုင္းကေန ႏုိဝင္ဘာလဆန္းပိုင္းေလာက္ထိ “တစ္ဖုန္းဖုန္း၊ တစ္ဒုိင္းဒုိင္း၊ တစ္ရႊီရႊီ ၊ တစ္ေျဖာင္းေျဖာင္း“ နဲ႔ ေျဗာက္အုိးေဖာက္သံေတြ၊ မီးရွဴ းမီးပန္းလႊတ္သံေတြကုိ ၾကားရ၊ ျမင္ရေလ့ရွိတယ္။ အေၾကာင္းရင္းကေတာ့ ႏုိဝင္ဘာလ ၅ ရက္ေန႔တုိင္း က်ေရာက္ေလ့ရွိတဲ့ Guy Fawkes Day အထိမ္းအမွတ္အတြက္ မီးပုံပြဲေတြလုပ္ၾက၊ မီးရွဴ းမီးပန္း၊ ေဗ်ာက္အိုးေတြေဖာက္ၾကလို႔ျဖစ္တယ္။

ဂိုင္းေဖာ့စ္ ( Guy Fawkes ) ဆိုတာက အဂၤလန္ႏုိင္ငံ၊ ေယာက္ နယ္သား။  ဂီးဒိုေဖာ့စ္ ( Guido Fowkes) လို႔လဲေခၚတယ္။ ခရစ္သကၠရာဇ္ ၁၅၇၀ ခုႏွစ္ေလာက္မွာေမြးခဲ့ၿပီး သူ႔အသက္ ၂၁ ႏွစ္ေလာက္မွာ စပိန္ကက္သလစ္ေတြနဲ႔ စပိန္လက္ေအာက္ကခဲြထြက္ဖို႔ၾကိဳးစားတဲ့ ဒတ္ခ်္သမၼတႏုိင္ငံ ( အခု နယ္သာလန္) တို႔ျဖစ္တဲ့ ၈ ႏွစ္စစ္ပဲြမွာ စပိန္ေတြဘက္ကဝင္တိုက္ေပးခဲ့တယ္။ စစ္ျဖစ္ရတဲ့အေၾကာင္းရင္းက စပိန္လက္ေအာက္ခံျဖစ္တဲ့ နယ္သာလန္ေဒသတစ္ဝိုက္ကို စပိန္ဘုရင္ ဖိလစ္-၂ က အခြန္အတုပ္ၾကီးၾကီးေကာက္တာရယ္၊ ေဒသခံ ပရုိတက္စတင့္ခရစ္ယာန္ဘာသာဝင္ေတြကို ကက္သလစ္ခရစ္ယာန္ဘာသာဝင္ အာဏာပိုင္ေတြက ဖိႏွိပ္တာရယ္ ကေနစတယ္။ ဒီစစ္ပဲြမွာ မ်ိဳးရိုးစဥ္ဆက္ ကက္သလစ္ဘာသာဝင္ျဖစ္တဲ့ ေဖာ့စ္ က အဂၤလန္မွာရွိတဲ့ သူ႔ပိုင္ဆုိင္မွဳေတြကိုေရာင္းခ်ၿပီး စပိန္ကက္သလစ္ေတြဘက္ကဝင္တိုက္ေပးခဲ့တယ္။ အဂၤလန္ႏုိင္ငံနဲ႔ စပိန္ႏုိင္ငံတုိ႔က အဲဒီအခ်ိန္မွာ ရန္သူေတြ။ အဂၤလန္ႏုိင္ငံကေတာ့ ေတာ္လွန္သူ ပရုိတက္စတင့္ဒတ္ခ်္ေတြကို ေထာက္ပံ႔ေပးခဲ့တဲ့ႏုိင္ငံတစ္ခု။

 စစ္ပြဲမွာ အရာရွိငယ္အဆင့္ထိ တာဝန္ထမး္ေဆာင္တိုက္ခုိက္ခဲ့တဲ့ ေဖာ့စ္ က ၁၆၀၃ မွာ စပိန္ဘုရင္ဆီသြားၿပီး အဂၤလန္ႏုိင္ငံမွာ ကက္သလစ္ေတာ္လွန္ေရးတစ္ခုလုပ္ဖို႔ အကူအညီသြားရွာတယ္။ အကူအညီမရခဲ့တဲ့ ေဖာ့စ္က ၁၆၀၅ ခုနွစ္မွာ တစ္ျခားအဂၤလိပ္လူမ်ိဳး ကက္သလစ္တစ္စုနဲ႔ေပါင္းလို႔ အဲဒီအခ်ိန္က ပရုိတက္စတင့္ဘာသာဝင္ျဖစ္တဲ့ အဂၤလန္ဘုရင္ ဂ်ိမ္းစ္ကို လုပ္ၾကံဖို႔ၾကံစည္ေတာ့တယ္။ သူတို႔ အစီအစဥ္က ႏုိဝင္ဘာ ၅ ရက္ေန႔မွာလုပ္မယ့္ ပါလီမန္အေဆာက္အဦးဖြင့္ပြဲမွာ ပါလီမန္ကိုေရာ၊ ဖြင့္ပြဲလာတဲ့ ဘုရင္နဲ႔အမတ္အားလုံးကိုေရာ ဗုံးခဲြပစ္ဖို႔ ျဖစ္တယ္။ အဲဒီအတြက္ ပါလီမန္နဲ႔ ကပ္လ်က္မွာရွိတဲ့ အိမ္တစ္လုံးကိုငွားၿပီး ပါလီမန္ေအာက္ဖက္ထိေရာက္ေနတဲ့ အဲဒီအိမ္ရဲ ႔ေျမတုိက္ခန္းမွာ ယမ္းမွဳန္႔ေတြကို တိတ္တဆိတ္သိုေလွာင္ၾကတယ္။ ယမ္းမွဳန္႔စည္ေပါင္း ၃၆ စည္ရွိတယ္လို႔ဆိုတယ္။ ဖြင့္ပြဲမတုိင္ခင္ရက္ေတြအတြင္းမွာ ဘုရင့္ဆီအမွဳထမ္းေနတဲ့ ကက္သလစ္အမတ္တစ္ေယာက္ဆီကို ကက္သလစ္အမတ္ေတြအႏ ၱရာယ္မျဖစ္ေစခ်င္တဲ့အတြက္ ပါလီမန္ဖြင့္ပြဲကုိမတက္ေစလိုေၾကာင္း ဘယ္ကလာမွန္းမသိတဲ့စာတစ္ေစာင္ေရာက္လာခဲ့တယ္။ ယုံရေကာင္းႏုိး၊ မယုံရေကာင္းႏုိးျဖစ္ေနရာကေန ေနာက္ဆုံးမွာေတာ့ အဲဒီစာဟာ ဘုရင္ဂ်ိမ္းစ္လက္ထဲကိုေရာက္သြားတယ္။ ဖြင့္ပြဲေန႔မနက္မွာပဲ ဘုရင့္အမိန္႔နဲ႔ ပတ္ဝန္းက်င္ကို ပိုက္စိပ္တိုက္ရွာေဖြတဲ့ စစ္သားေတြဟာ ေျမတုိက္ခန္းထဲမွာ ယမး္မွဳန္႔စည္ေတြရယ္၊ မီးျခစ္ဆံေတြရယ္နဲ႔ အခ်ိန္ေရာက္တာနဲ႔ ေဖာက္ခဲြဖို႔အသင့္ျဖစ္ေနတဲ့ ေဖာ့စ္ကိုမိသြားၾကေတာ့တယ္။

ေဖာ့စ္ကို နာမည္ေက်ာ္သိမ္းျမစ္ေဘးက လန္ဒန္ေမွ်ာ္စင္ (Tower of London) လို႔ေခၚတဲ့ တစ္ခ်ိန္ကဘုရင္ေတြနန္းစိုက္ခဲ့တဲ့ ရဲတိုက္ၾကီး ( အခု Tower Bridge နားကရဲတိုက္) မွာ ခ်ဳပ္ေႏွာင္ထားလိုက္ၿပီး အမ်ိဳးမ်ိဳးႏွိပ္စက္ညွင္းပန္းလို႔ သူ႔ရဲ ႔အၾကံအစည္နဲ႔ ပူးေပါင္းၾကံစည္သူေတြကို မေပၚမခ်င္းစစ္ေမးေတာ့တာေပါ့။ ေနာက္ဆုံးမွာေတာ့ ျပင္းထန္၊ ရက္စက္လွတဲ့ ႏွိပ္စက္မွဳဒဏ္ကို မခံႏုိင္တဲ့အဆုံး၊ ၾကံစည္ေဖာ္ၾကံစည္ဖက္ေတြရဲ ႔ နာမည္ေတြနဲ႔ သူတို႔ အစီအစဥ္အားလုံးကို ထုတ္ေျပာလိုက္ရေတာ့တာပါပဲ။ ေဖာ့စ္ ကို ႏွိပ္စက္ခဲ့တဲ့အခန္းကို Guy Fawkes room လို႔ေခၚၿပီး ခုခ်ိန္ထိ Tower of London မွာ သြားၾကည့္နုိင္ပါေသးတယ္။

အဲဒီအခ်ိန္က အဂၤလန္ႏုိင္ငံရဲ ႔ထုံးစံအရ ဘုရင္ကိုပုန္ကန္သူေတြကို ၾကိဳးဆဲြခ်ၿပီးျဖစ္ေစ၊ ေရႏွစ္ၿပီးျဖစ္ေစ၊ ေလးစိတ္ေလးပိုင္း ျဖတ္ေတာက္လုိ႔ျဖစ္ေစ စီရင္ေလ့ရွိတယ္။ ျပစ္ဒဏ္စီရင္ခံရဖို႔ စင္ေပၚမွာေစာင့္ဆုိင္းေနတုံးမွာပဲ အရွင္လတ္လတ္ ဗိုက္ကိုေဖာက္၊ အူေတြဆြဲထုတ္ၿပီး အသတ္ခံရမယ့္ေဘးကေနေရွာင္ရွားဖုိ႔ ေဖာ့စ္တစ္ေယာက္ စင္ေပၚကေနခုန္ခ်လုိက္ပါေတာ့တယ္။ ရလဒ္အေနနဲ႔ကေတာ့ ဇက္က်ိဳးၿပီး ဇီဝိန္ခ်ဳပ္သြားတာပါ။ ဒါေတာင္ ဘုရင္က ၾကြင္းက်န္ရစ္တဲ့ရုပ္အေလာင္းကို ေလးပိုင္းပိုင္းၿပီး အဂၤလန္ႏိုင္ငံရဲ ႔အရပ္ေလးမ်က္ႏွာကို စံနမူနာအျဖစ္ ျပသခဲ့ပါေသးတယ္။ အသက္ဆုံးရွံဳးသြားတဲ့အခ်ိန္မွာ ဂုိင္းေဖာ့စ္က အသက္ ၃၅ ႏွစ္ပဲရွိပါေသးတယ္။ ၾကံစည္ေဖာ္ၾကံစည္ဖက္ ၁၂ ေယာက္ရွိတဲ့ထဲက ၄ ေယာက္ပဲလြတ္သြားၿပီး က်န္တဲ့သူအားလုံး နည္းအမ်ိဳးမ်ိဳးနဲ႔ အသတ္ခံခဲ့ရပါတယ္။

ေနာက္ပိုင္းမွာ ႏုိဝင္ဘာ ၅ရက္ေန႔ကို ေက်းဇူးေတာ္ေန႔အျဖစ္ဘုရင္က သတ္မွတ္လိုက္ၿပီး မေအာင္ျမင္တဲ့လုပ္ၾကံမွဳၾကီးအၿပီးေနာက္တစ္ႏွစ္ ၁၆၀၆ ခုႏွစ္ကစလုိ႔လန္ဒန္သားေတြဟာ ပြဲလမ္းသဘင္ေတြက်င္းပခဲ့ၾကတယ္။ အဲဒီေန႔ေတြမွာ ေဖာ့စ္ကိုကုိယ္စားျပဳတဲ့ ေကာက္ရိုး၊ အဝတ္စေတြ ဒါမွမဟုတ္ စကၠဴ ေတြနဲ႔လုပ္ထားတဲ့ ပုံတူအရုပ္တစ္ခုကို မ်က္ႏွာဖုံးတပ္ လွည္းေပၚမွာတင္ၿပီး တစ္ၿမိဳ ႔လုံးလွည့္ၾကတယ္။ အဲဒီလို ကိုရိုးကားယားဝတ္စားထားတဲ့အရုပ္ကို Guy လုိ႔ေခၚၾကတယ္ (ခုေခတ္မွာေတာ့ guy ဆိုတာ အမ်ဳိးသားေတြကိုပုံမွန္သုံးႏွံဳးတဲ့အေခၚအေဝၚျဖစ္ေနပါၿပီ)။ ကေလးေတြက guy အတြက္ တစ္က်ပ္တစ္ျပားေပးၾကပါဆိုၿပီးပိုက္ဆံေတာင္းၾကတယ္။ ေနာက္ဆုံးမွာေတာ့ မီးပုံပြဲၾကီးလုပ္ၿပီး guy အရုပ္ေရာ၊ တစ္ျခားႏုိင္ငံေရးသမားအရုပ္ေတြပါပစ္ထည့္လုိ႔ မီးရွိဳ ႔လိုက္ၾကတယ္။ မီးပုံပြဲ (bonfire) ဆိုတဲ့စကားလုံးက (bonefire ) ဆိုတဲ့စကားကလာတယ္။ ေရွးတုံးက စုန္းကေဝေတြကို ေျမမွာမျမွဳပ္ပဲ အရုိးပါကြ်မ္းတဲ့ထိ မီးရွိဳ ႔ပစ္ၾကတဲ့ bonefire ဆိုတဲ့စကားလုံးကေန bonfire အျဖစ္ေရြ ႔လ်ားလာတာျဖစ္တယ္။ မီးရွဳး၊ မီးပန္း၊ မီးပုံပြဲေတြက မေပါက္ကြဲလိုက္တဲ့ ေဖာ့စ္ရဲ ႔ ယမ္းမွဳန္႔ေတြကို ကုိယ္စားျပဳၾကတယ္။ Guy Fawkes Day ကုိ ေနာက္ပိုင္းမွာ အဂၤလန္တစ္ႏုိင္ငံလုံးအႏွံ႔က်င္းပၾကေပမယ့္ ေဖာ့စ္ေက်ာင္းေနခဲ့တဲ့ ေယာက္နယ္က စိန္႔ပီတာေက်ာင္းကေတာ့ အဲဒီပြဲကိုလုံးဝမလုပ္ပါဘူး။ ၁၉၂၈ ႏုိဝင္ဘာလကစလို႔ ပါလီမန္ဖြင့္ပြဲမတုိင္ခင္တုိင္းမွာ ပါလီမန္အေစာင့္ေတြက မီးအိမ္ေတြကိုယ္စီကိုင္ၿပီး ေခတ္သစ္ ဂိုင္းေဖာ့စ္ေတြရဲ ႔ရန္ကိုကာကြယ္ဖုိ႔ ေျမေအာက္ခန္းေတြမွာ ဗုံးေတြ၊ယမ္းမွဳန္႔ေတြရွာတဲ့ အခမ္းအနားကို က်င္းပေလ့ရွိၾကတယ္။

၁၉၈၀ ခုႏွစ္ေတြမွာ Alan Moore နဲ႔ David Lloyd ေရးဆဲြခဲ့တဲ့ V for Vendetta ရုပ္ျပဇာတ္လမ္းတြဲေတြထဲမွာ ဂိုင္းေဖာ့စ္မ်က္ႏွာဖုံး (Guy Fawkes Mask ) ကို ဧရာမအၿပံဳး၊ ရဲရဲတြတ္ေနတဲ့ ပါးနီးႏွစ္ဖက္၊ပါးရဲ ႔တစ္ဖက္တစ္ခ်က္မွာ အေပၚကိုေကာ့တက္ေနတဲ့ႏွဳတ္ခမ္းေမႊးေတြ၊ၿပီးေတာ့ ေဒါင္လိုက္ ေအာက္ကိုခြ်န္ထြက္ေနတဲ့ မုတ္ဆိတ္ေမြး ေသးေသးသြယ္သြယ္ရွည္ရွည္တို႔နဲ႔သရုပ္ေဖာ္ခဲ့တယ္။ V for Vendetta က Guy Fawkes ရဲ ႔ဇာတ္လမး္ကို မဆိုစေလာက္မွီျငမ္းတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ စိတ္ကူးယဥ္အနာဂတ္ကာလတစ္ခုမွာ ျပည္သူလူထုေပၚ ရက္စက္ဖိႏွိပ္တဲ့အစိုးရကိုပုန္ကန္ဖို႔ၾကိဳးစားတဲ့ တစ္ကိုယ္ေတာ္ မင္းမဲ့ဝါဒီေတာ္လွန္ေရးသမားတစ္ေယာက္အေၾကာင္း။ ဒီနာမည္နဲ႔ပဲ ၂၀၀၆ ခုႏွစ္မွာ ရုပ္ရွင္အျဖစ္ထြက္လာေတာ့ အၾကီးအက်ယ္ေအာင္ျမင္ခဲ့တယ္။ ဂုိင္းေဖာ့စ္မ်က္ႏွာဖုံးဟာလဲ လူသိမ်ားသြားၿပီး Annonymous လို႔ေခၚတဲ့ အစိုးရအဖြဲ႔အစည္း၊ ဘာသာေရးအဖြဲ႔အစညး္နဲ႔ လုပ္ငန္းၾကီးေတြရဲ ႔ဝဘ္ဆိုက္ေတြကို ဦးတည္တုိက္ခုိက္တတ္တဲ့ ဟက္ကာအဖြဲ႔ဝင္ေတြကပါ ၂၀၀၈ ခုႏွစ္မွာ ဘာသာေရးနဲ႔ပက္သက္တဲ့အဖြဲ႔အစည္းတစ္ခုရဲ ႔ ဘုရားေက်ာင္းေတြေရွ ႔မွာ ဆႏၵထုတ္ေဖာ္ခ်ိန္ တပ္ဆင္သုံးစြဲလုိက္ၾကတဲ့အခါ ပိုၿပီးထင္ရွားေက်ာ္ၾကားလာေတာ့တယ္။ ေနာက္ပုိင္းမွာေတာ့ ဂုိင္းေဖာ့စ္မ်က္ႏွာဖုံးဟာ ဖိႏွိပ္သူကို ပုန္ကန္ရာမွာ သုံးစြဲတဲ့ သေကၤတစ္ခုအျဖစ္ ႏုိင္ငံအသီးသီးက ဆႏၵျပပြဲေတြမွာ တြင္က်ယ္လာေတာ့တယ္။

၁၇ ရာစုက ဂုိင္းေဖာ့စ္ဆိုတဲ့ ပုဂၢိဳလ္တစ္ေယာက္ကေနအစျပဳခဲ့တဲ့ဇာတ္လမ္းတစ္ခုက ၂၁ ရာစုကုိေရာက္တဲ့အခ်ိန္မွာ ဂုိင္းေဖာ့စ္မ်က္ႏွာဖုံးနဲ႔ ဂိုင္းေဖာ့စ္ပြဲေတာ္ေန႔ဆုိၿပီး အသြင္သ႑ာန္အမ်ိဳးမ်ိဳ း၊ အႏွစ္သာရအမ်ိဳးမ်ိဳးေျပာင္းလဲၿပီး ႏွစ္ေပါင္း ၄၀၀ ေက်ာ္ဆက္လက္တည္ရွိေနခဲ့တာပါ။

မ်ိဳးထက္ႏုိင္ ( 7th November 2015; 2:15am)

ကိုးကား။  ။
-http://www.telegraph.co.uk/ (Friday 06 November 2015 issue)
-http://www.history.com/news/guy-fawkes-day-a-brief-history
-https://anoninsiders.net/the-mask-46/
-http://www.nps.gov/fora/learn/education/unit-1-the-church-of-england-in-the-sixteenth-century.htm
-http://www.jorvik.co.uk/guy-fawkes/
-other internet sources

No comments:

Post a Comment