Tuesday, June 27, 2017

ဘဝအတွက်အရေးပါတဲ့ အခြေခံစိတ်ခံယူချက် (သို့မဟုတ် ) Mindset


မြောက်များလှစွာသော သုသေသနလုပ်ငန်းတွေက ကျွန်တော်တို့ ဦးဏှောက်တွေနဲ့ ပက်သက်တဲ့ စိတ်လှုပ်ရှားစရာအချိန်တစ်ခုကိုရောက်ရှိလာပြီလို့ဆိုပါတယ်။ အကြောင်းရင်းကတော့….. ကျွန်တော်တို့ ဦးဏှောက်တွေဟာ သင်ယူမှုတွေ၊ အတွေ့အကြုံတွေကနေတဆင့်  ပုံမှန်ပြောင်းလဲမှုတွေ တဖြည်းဖြည်းဖြစ်နေတယ်ဆိုတဲ့အချက်နဲ့ အဲဒီအချက်က ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံးဖြစ်နေတယ်ဆိုတဲ့ ထပ်ဆင့်အချက်တွေကြောင့်ပါပဲ။

ဒီအချက်တွေက ကျောင်းသားတွေရဲ့ စာကြိုးစားချင်စိတ်နဲ့ သင်ယူမှုအပေါ်ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာကြည့်ကြပါစို့။ သုသေသနတွေအရဆိုရင်တော့ မိမိဉာဏ်ရည်(Intelligence) နဲ့ပတ်သက်လို့ တစ်သက်လုံးမပြောင်းလဲနိုင်ဘူးလို့ထင်တဲ့ကျောင်းသားတွေနဲ့….. ဉာဏ်ရည်ဆိုတာမြင့်မားလာနိုင်သလို ပြောင်းလဲပြောင်းလဲလာနိုင်တယ်လို့မြင်တဲ့ကျောင်းသားတွေအကြားမှာ သူတို့အမြင်အလိုက် ကြိုးစားချင်စိတ်၊ သင်ယူမှုနဲ့ ကျောင်းတွင်းအောင်မြင်မှုတွေပေါ်မှာ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေရှိတာကို တွေ့ရပါတယ်။


အခြေခံစိတ်ခံယူချက်နှင့် အောင်မြင်မှု……

ကျောင်းသားအများစုက ဉာဏ်ရည် (Intelligence)ဆိုတာပြောင်းလဲလို့မရတဲ့ ပုံသေအရာတစ်ခုလို့ထင်ကြတယ်။ ဆိုလိုတာက… လူတိုင်း၊ လူတိုင်းမှာ ဉာဏ်ရည်ဒီလောက်ရှိတယ်ဆိုရင် တစ်သက်လုံးဒီလောက်ပဲဆိုတာမျိုး။ ဒီလိုအတွေးမျိုးကို မပြောင်းလဲတတ်တဲ့ ပုံသေ အခြေခံ စိတ်ခံယူချက် (Fixed mindset) လို့ခေါ်ပါတယ်။ ဒီလို အခြေခံစိတ်ခံယူချက်ရှိတဲ့ကျောင်းသားတွေက သူတို့မှာဘယ်လောက် ပုံသေဉာဏ်ရည်ရှိသလဲဆိုတာလောက်ပဲစိတ်ဝင်စားပူပန်တတ်ကြတယ်။

တခြားကျောင်းသားတွေရှိသေးတယ်။  အဲဒီကျောင်းသားတွေကတော့ ဉာဏ်ရည်ဆိုတာ ကြိုးစားအားထုတ်မှုတွေ၊ ပညာသင်ကြားမှုတွေနေတဆင့် ဖြည်းဖြည်းချင်း မွေးမြူတည်ဆောက်လာရတာလို့ ယုံကြည်ကြတယ်။ သူတို့က လူတိုင်းမှာ တူညီတဲ့စွမ်းရည်ရှိတယ်လို့ယုံလေ့မရှိသလို၊ တစ်ယောက်ယောက်က အိုင်းစတိုင်းလောက်ကြီနီးနီးထက်မြက်နိုင်တယ်လို့လဲ ယုံလေ့မရှိဘူး။ သူတို့ အလေးအနက်ယုံကြည်တာကတော့….. လူတိုင်း၊ လူတိုင်းမှာ သူတို့ရဲ့စွမ်းရည်ကို တိုးတက်အောင်မြှင့်တင်နိုင်စွမ်းရှိတယ်ဆိုတာပါပဲ။ ဒါ့အပြင် သူတို့နားလည်ထားတာတစ်ခုက အိုင်းစတိုင်းတောင်မှ အိုင်းစတိုင်းဖြစ်ဖို့အတွက်နှစ်ပေါင်းများစွာကြာအောင် အာရုံစူးစိုက်ပြီး ကြိုးစားလုပ်ကိုင်ခဲ့ရတယ်ဆိုတာပဲ။ တိုတိုပြောရရင် အဲဒီလို ဖွံ့ဖြိုးနေတဲ့ အခြေခံစိတ်ခံယူချက် (Growth Mindset) ရှိတဲ့ကျောင်းသားတွေက “ ဉာဏ်ရည် (Intelligence) ဆိုတာ အစွမ်းအစတစ်ခု….. သင်ယူမှုတွေကတဆင့်  နားလည်တတ်မြောက်လာနိုင်တဲ့ အစွမ်းအစတစ်ခု” လို့ယုံကြည်လက်ခံထားကြတယ်။ အကျိုးဆက်အားဖြင့်တော့ စိန်ခေါ်မှုတွေကိုရင်ဆိုင်တာ… အမှားတွေကနေ သင်ခန်းစာယူပြီးအမြတ်ထွက်အောင်လုပ်တာ… မအောင်မမြင်ဖြစ်နေတဲ့အခြေအနေမှာ တောင့်ခံထားတာတွေက… ထူးချွန်ထက်မြက်ဖို့အတွက်နည်းလမ်းတွေဖြစ်လာတော့တယ်။

အခြေခံစိတ်ခံယူချက် မတူညီတဲ့ကျောင်းသားတွေ စိတ်ဝင်စားဂရုတစိုက်ရှိတတ်တဲ့အရာတွေကလဲ မတူညီကြပါဘူး။ Growth Mindset လို့ခေါ်တဲ့ ဖွံ့ဖြိုးနေတဲ့ အခြေခံစိတ်ခံယူချက်ရှိသူကျောင်းသားတွေဟာ သူတို့ကိုကျောင်းမှာသိပ်တော်တာပဲလို့ အထင်ခံရတာထက် သင်ယူစရာရှိတာတွေကိုသင်ယူဖို့ကိုသာ ပိုပြီးစိတ်ဝင်စားပါတယ်။ အဲ… Fixed Mindset လို့ခေါ်တဲ့ ပုံသေအခြေခံစိတ်ခံယူချက် ရှိသူကျောင်းသားတွေကတော့ ဒီလိုမဟုတ်ပါဘူး။ မူလတန်းအရွယ်ကနေ ကောလိပ်အရွယ်ထိရှိတဲ့ ကျောင်းသူ၊ကျောင်းသားမြောက်များစွာကိုလေ့လာထားရှိချက်အရ Fixed Mindset သမားတွေဟာ အများရှေ့မှာ သူတို့ဘယ်လောက်ထူးချွန်ထက်မြက်တဲ့ပုံဖမ်းနိုင်မလဲဆိုတာပဲ စိတ်ဝင်စားလို့ သင်ယူခွင့်ရမယ့်အခွင့်အရေးတွေကိုတောင်ရှောင်ဖယ်လေ့ရှိပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် သူတို့ရဲ့အောင်မြင်မုှအတွက် အချက်အချာကျလှတဲ့သင်ယူမှုတွေကိုပါ ငြင်းဆန်ပစ်တတ်ကြတဲ့ထိပါ။

နောက်တစ်ခုက….. မတူညီတဲ့ အခြေခံစိတ်ခံယူချက်တစ်ခုစီကို ပိုင်ဆိုင်တဲ့ ကျောင်းသားနှစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုပေါ်မှာယုံကြည်ပုံ ယုံကြည်ချက်ချင်း သိသိသာသာကွဲပြားပါတယ်။ Growth Mindset ရှိတဲ့ကျောင်းသားတွေက ကြိုးစားအားထုတ်မှုနဲ့ပက်သက်ရင် ဖြောင့်ဖြောင့်မှန်မှန်ပဲတွေးပါတယ်။ ဘယ်လိုတွေးတာလဲဆိုတော့ ကြိုးစားလေ၊ စွမ်းရည်တက်လေဆိုတာမျိုး၊ ပြီးတော့… ဉာဏ်ကြီးရှင် Genius တွေတောင်မှ သူတို့ရဲ့အောင်မြင်မှုတွေအတွက်ကြိုး ကြိုးစားစားလုပ်ကိုင်ခဲ့ရတယ်ဆိုတာမျိုးပါ။ Fixed Mindset ရှိတဲ့ကျောင်းသားတွေကတော့ ဆန့်ကျင်ဘက်ယုံကြည်ချက်မျိုးရှိကြတယ်။ ဘာတွေလဲဆိုတော့ တကယ်လို့လူတစ်ယောက်က ကြိုးကြိုးစားစားလုပ်ကိုင်ရမယ်ဆိုရင် သူ့မှာစွမ်းရည်မရှိလို့၊ ပြီးတော့စွမ်းရည်ဆိုတာကလဲ ကိုယ့်မှာရှိရင် သူ့အလိုလိုပေါ်လာတတ်တယ် ဆိုတာမျိုးတွေပေါ့။


မအောင်မြင်မှုတွေကို တုန့်ပြန်ရာမှာလဲ အခြေခံစိတ်ခံယူချက် ကွာခြားသူတွေကြားမှာ သိသိသာသာကွခြားချက်ရှိပါတယ်။ Growth Mindset ရှိသူတွေက ကျောင်းမှာမအောင်မြင်မှုတွေနဲ့ကြုံတဲ့အခါ နောက်တစ်ကြိမ်မှာ ပိုကြိုးစားချင်ကြိုးစားမယ်။ ဒါမှမဟုတ် စာလုပ်တဲ့ပုံစံကိုပြုပြင်ပြောင်းလဲမယ် လို့ဆိုပါတယ်။  ဒါပေမယ့် Fixed Mindset ရှိသူတွေကတော့ သူတို့ကိုယ်သူတို့ ညံ့ဖျင်းထုံအ သူတွေဖြစ်တယ်လို့ခံစားပြီး နောက်တစ်ကြိမ်မှာကြိုးစားချင်စိတ်လျော့သွားတယ်။ ပြီးတော့ ခိုးချရင်ကောင်းမလားလို့တောင် အသည်းအသန်စဉ်းစားကြပါလိမ့်မယ်။ သူတို့ရဲ့အမြင်မှာတော့ ကိုယ့်ကိုယ်ကို ငတုံးတစ်ယောက်ဖြစ်တယ်လို့ခံစားရရင်၊ ပညာရေးကဏ္ဍမှာ ဒါရာသက်ပန်ငတုံးပဲ… ပြန်တည့်မတ်ဖို့ နည်းလမ်းကောင်းမရှိသလို၊ အနာဂတ်မှာလဲ မအောင်မြင်နိုင်တော့ပါဘူး။ ဒါပေမဲ့လဲ…….. Growth Mindset သမားတစ်ယောက်ကတော့ အပြုသဘောဆောင်တဲ့လုပ်ငန်းအစီအစဉ်တစ်ခုခုချမှတ်ပြီး ကိုယ့်မှာရှိတဲ့ချို့ယွင်းချက်ကိုကုစားရမယ်လို့ မြင်ပါတယ်။

ဒီလို အခြေခံစိတ်ခံယူချက်တွေကို ဘယ်လိုလေ့လာသင်ယူကြမလဲ………………

၁၉၉၀ ပြည့်နှစ်တွေအတွင်း၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းတွေမှာ ခေတ်စားတာက ကလေးတွေအတွက် အရေးကြီးဆုံးက မိမိကိုယ်ကိုကျေနပ်အားရနှစ်သိမ့်မှု (ဝါ) အထင်ကြီးမှု (Self-esteem) ရှိဖို့တဲ့။ ဒီတော့………… သင်္ချာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုအထင်ကြီးနေတာက တကယ်တွက်ချက်တတ်တာထက်ပို အရေးကြီးသလိုဖြစ်လာတယ်။ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးမှုက ရေးတတ်၊ ဖတ်တတ်ဖို့ထက် ပိုအရေးကြီးသလိုဖြစ်လာတယ်။ အကြီးမားဆုံး အမှားကတော့ သူတို့ဘယ်လောက်တော်ကြောင်း၊ ပင်ကိုယ်စွမ်းရည်ဘယ်လောက်ရှိကြောင်းပြောခြင်းအားဖြင့် ကလေးတွေကို မိမိကိုယ်မိမိအထင်ကြီးမှုကို အလွယ်တကူပေးလိုက်တာပါပဲ။ ရည်ရွယ်ချက်ကကောင်းမွန်ပေမယ့် အကျိုးဆက်တွေကတော့ ကဖျက်ကယက်နိုင်လွန်းလှပါတယ်။

၁၉၉၀ခုနှစ်တွေမှာ ကျောင်းသားမိဘတွေကြားမှာစစ်တမ်းကောက်လိုက်တော့ ၈၅ ရာခိုင်နှုန်းက  မိမိကိုယ်မိမိယုံကြည်ချက်တက်စေဖို့နဲ့ အောင်မြင်မုှတွေရစေဖို့အတွက် ကလေးတွေရဲ့စွမ်းရည်တွေကိုချီးကျုးမြှောက်ပင့်ပေးဖို့လိုအပ်တယ်လို့ ယုံကြည်ယူဆကြတယ်။ အဲဒီတုန်းကကလေးတွေက အခုချိန်မှာတော့ အလုပ်ခွင်ထဲရောက်နေကြပြီး၊ ချီးကျူးမြှောက်ပင့်မှု၊ ဆုလာဘ်နဲ့ အသိအမှတ်ပြုမုှတွေမရရင် အလုပ်ထဲမှာ တစ်ရက်တောင်မခံဘူးလု့ိသိရတယ်။ ဒါတွေအားလုံးက ရည်ရွယ်ချက်ကောင်းနဲ့လုပ်ခဲ့တဲ့ ချီးကျူးမြှောက်ပင့်မှုတစ်ခုကနေလာတာ ဖြစ်နေနိုင်မလား။


ကလေးတွေကို အဖွဲ့နှစ်ဖွဲ့ခွဲ၊ IQ (ဉာဏ်ရည်အဆင့်) စမ်းသပ်ချက်မေးခွန်းလေးတွေဖြေခိုင်းပြီး ချီးကျူးမြှောက်ပင့်စကားလေးတွေပြောပေးခဲ့ပါတယ်။ ပထမအဖွဲ့ကိုတော့ သူတို့ရဲ့ဉာဏ်ရည်အတွက်ချီးကျူးပေးတယ်။

 “အိုး..သိပ်ကောင်းတဲ့အမှတ်ပဲ၊ မင်းကသိပ်တော်တာပဲ”… စသည်ဖြင့်။
 တခြားအဖွဲ့ကိုတော့ လုံ့လဥဿာဟအတွက်ချီးကျူးဂုဏ်ပြုစကားပြောတယ်။
 “ အိုး…..အရမ်းကောင်းတဲ့အမှတ်ပဲ၊ မင်း ဒီအတွက်တကယ်ကို အရမ်းကြိုးစားခဲ့တာပဲ”… စသည်လိုပေါ့။

လုပ်ခဲ့တာ ဒီလောက်ကလေးပေမယ့် ရလဒ်ကတော့ ကြီးကျယ်ထင်ရှားပါတယ်။ အသက်အရွယ်မတူတဲ့၊ လူမျိုးမတူတဲ့ကလေးတွေကို နိုင်ငံအနှံ့မှာလေ့လာကြည့်တော့လဲ ရလဒ်ကအတူတူပါပဲ။

ငါးတန်းကလေးတွေကိုလေ့လာကြည့်တဲ့အခါမှာ ဉာဏ်ရည်အတွက်ချီးကျူးခံရတဲ့ကလေးတွေက သင်ယူလိုစိတ်မရှိကြဘူး။ ပညာရဖို့အခွင့်အလမ်းတွေရှိတဲ့ ခက်ခဲတဲ့ပုစ္ဆာတွေပေးတဲ့အခါ အများစုက ခက်တာကိုရှောင်ပြီး အမှားအယွင်းသိပ်မရှိနိုင်တဲ့ လွယ်တာကိုပဲရွေးလုပ်ကြတယ်။ ကြိုးစားအားထုတ်မှုနဲ့ လုံ့လဥဿာဟအတွက် ချီးကျူးခံရတဲ့ကလေးတွေကတော့ သူတို့အတွက် ပညာတိုးမယ့်ပုစ္ဆာတွေကိုလုပ်ကြတယ်။


ပုစ္ဆာတွေကပိုခက်လာတဲ့အခါမျိုးမှာ ဉာဏ်ရည်အတွက်ချီးကျူးခံကလေးတွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်ချက်ပျောက်ကုန်ကြတော့တယ်။ တစ်ဖွဲ့လုံးအနေနဲ့ပြောမယ်ဆိုရင် သူတို့ကိုယ်သူတို့ ထူးချွန်ထက်မြက်မှုမရှိဘူးလို့ထင်ကုန်ကြတယ်။ တစ်ဆက်ထဲမှာလဲ လုပ်နေတဲ့အလုပ်ပေါ် သဘောကျနှစ်သက်မှုတွေပျောက်သွားပြီး သူတို့ရဲ့လုပ်ရည်ကိုင်ရည်တွေဟာလဲ ဒလိမ့်ခေါက်ကွေးကျသွားတော့တယ်။ တစ်ချိန်ထဲမှာပဲ၊  ကြိုးစားမုှအတွက်ချီးကျူးခံကလေးတွေကိုကြည့်တဲ့အခါမှာ သူတို့ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်ချက်တွေ၊ စိတ်အားထက်သန်မှုတွေနဲ့ လုပ်ရည်ကိုင်ရည်တွေကို ထိန်းသိမ်းထားနိုင်တာတွေ့ရတယ်။ နောက်ဆုံးအချက်ကတော့ အမှတ်တွေ၊ ရလဒ်တွေနဲ့ ပက်သက်တဲ့အခါမျိုးမှာ ဉာဏ်ရည်အတွက်ချီးကျူးခံကလေးတွေအများစုဟာ ကြိုးစားအားထုတ်မှုအတွက်ချီးကျူးခံကလေးတွေနဲ့စာရင် အမှန်ကိုမပြောကြပဲ လီဆယ်တတ်ကြပါတာပါပဲ။

ကဲ…..ကျွန်တော်တို့ရဲ့ကျောင်းသားသူငယ်တွေကို ဘယ်လိုချီးကျူးဂုဏ်ပြုစကားတွေပြောကြမလဲ။ သူတို့ကိုဘယ်လို အာမခံချက်တွေထပ်ပေးကြမလဲ……………….။
နည်းလမ်းကတော့………….သူတို့ရဲ့ ကြိုးပမ်းအားထုတ်မုှလုပ်ငန်းစဉ်… အားစိုက်ထုတ်မှု… နည်းလမ်းရှာဖွေမှု… အာရုံစူးစိုက်မှု… လုံ့လဥဿာဟနဲ့… တိုးတက်ဖြစ်ထွန်းမှုတို့အပေါ်မှာသာ မီးမောင်းထိုးပြဖို့ပဲဖြစ်ပါတယ်။

ဥပမာပြောရရင်
“ မင်းမအောင်မြင်မချင်းလုပ်ခဲ့တာပဲ၊ တော်လိုက်တာ”

“ ဒါကြီးက တော်တော်ခက်တဲ့ ပရောဂျက်ကြီးကွ။ မင်းကတစ်ဆင့်ချင်းနဲ့အချိန်ယူလုပ်ခဲ့လို့ အတော်ကောင်းသွားတာပဲ”

“ခက်ခဲတဲ့ပုစ္ဆာတွေကိုရှင်းဖို့ မင်းရွေးတာကိုသဘောကျတယ်။ မင်း ဒီထက်မက ကိုယ့်ကိုယ်ကိုဖြန့်ကျက်လာနိုင်ပြီး အသစ်အဆန်းတွေသိလာတော့မှာသေချာတယ်။”


“ ကျောင်းစာတွေက မင်းအတွက်အမြဲသိပ်လွယ်လွန်းနေခဲ့တာ သိပါတယ်။ နှမြောစရာတော့ကောင်းသား။ အခုတော့ မင်းရဲ့စွမ်းဆောင်ရည်တွေကို အမှန်တကယ်မြှင့်တင့်ဖို့ အခွင့်အရေးရပြီပေါ့။”

ဦးဏှောက်ဗေဒ………………..

ကလေးတွေကို ဖွံ့ဖြိုးနေတဲ့ အခြေခံစိတ်ခံယူချက် (Growth Mindset) သင်ပေးလို့ရပါသလား။ ရတယ်ဆိုရင် အဲဒါကသူတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ ကျောင်းမှာရတဲ့အမှတ်တွေကို တိုးတက်အောင်လုပ်ပေးနိုင်သလား။ ဒီမေးခွန်းတွေကိုဖြေဖို့အတွက် ၇တန်းကျောင်းသားတွေကို Growth Mindset နဲ့ပတ်သက်တဲ့သင်တန်းလေးတစ်ခုဖန်တီးပေးခဲ့ပါတယ်။ ကျောင်းသားတွေကို အဖွဲ့နှစ်ခုခွဲပြီး စာသင်ယူမှုစွမ်းရည်ဖွံ့ဖြိုးရေးနည်းလမ်းတွေ (learning skills) အကြောင်း သင်တန်း ၈ ကြိမ်ပေးခဲ့တယ်။ “Growth Mindset” အဖွဲ့ကတော့ “Growth Mindset” သင်ခန်းစာတွေပါထပ်ဆောင်းသင်ခံရတယ်။ ဥပမာ…“Growth Mindset” ဆိုတာဘာလဲ။ ကျောင်းစာတွေလုပ်ရင် အဲဒါကို ဘယ်လိုသုံးရမလဲ စသည်ဖြင့်ပေါ့။ သင်ခန်းစာတွေကို……………. “ သင်၏ ဉာဏ်ရည်ကိုတိုးတက်အောင်မွေးမြူလို့ရပြီ။ နောက်ဆုံးပေါ်တွေ့ရှိချက်ရဲ့အဆိုအရ ဦးဏှောက်ကို ခန္ဓာကိုယ်ကြွက်သားတစ်ခုလို ဖွံ့ဖြိုးသန်မာအောင်လုပ်လို့ရပါပြီ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ စဖွင့်တယ်။ ကျောင်းသားတွေက ဒီဆောင်းပါးနဲ့ ဆောင်းပါးပါသတင်းစကားကြောင့် မှင်တက်သွားကြတယ်။ ဦးဏှောက်ရဲ့ဖွံ့ဖြိုးရေးက သူတို့လက်ထဲမှာရှိနေတယ်ဆိုတဲ့ အတွေးကို သူတို့ သိပ်သဘောကျကြတယ်။

ဆောင်းပါးရယ်၊ အဲဒီနောက်မှာဆက်လုပ်တဲ့လေ့ကျင့်ခန်းတွေရယ်က ကျောင်းသားတွေရဲ့ ကိစ္စရပ်တွေကိုရင်ဆိုင်ပုံရင်ဆိုင်နည်းတွေကိုပြောင်းလဲသွားစေခဲ့တယ်။ ကျောင်းသားတော်တော်များများက ကျောင်းဆိုတာ သူတို့လုပ်ရည်ကိုင်ရည်တွေကို အကဲဖြတ်ခံရတဲ့နေရာလို့ မြင်ထားခဲ့ကြတယ်။ ခုတော့ သူတို့ရဲ့အခြေခံစိတ်ခံယူချက် (Mindset)တွေဖွံ့ဖြိုးဖို့အတွက် သူတို့ပါတက်တက်ကြွကြွဝင်ရောက်လုပ်ဆောင်ပေးရမယ့်နေရာလို့  နားလည်သွားကြပြီ။ ကျောင်းဖွင့်ရာသီတစ်ခုပြီးသွားတဲ့အချိန်မှာ Growth Mindset အဖွဲ့ရဲ့ သချာၤရမှတ်တွေသိသိသာသာကြီးတိုးတက်လာပြီး….တစ်ဖက်ကအခြားအဖွဲ့ဖြစ်တဲ့ စာသင်ယူမှုစွမ်းရည်ဖွံ့ဖြိုးရေးနည်းလမ်းကိုပဲသင်တန်းချိန် ၈ကြိမ်သင်ခဲ့ရတဲ့အဖွဲ့ကတော့တိုးတက်မှုမရှိတဲ့အပြင် ဆက်ပြီးတော့လဲကျဆင်းသွားတယ်။ အသုံးဝင်တဲ့ သင်ယူမှုစွမ်းရည်နည်းလမ်းတွေအကြောင်း အများကြီးသင်ခဲ့ရပေမဲ့ ဒါကိုလက်တွေ့အသုံးချဖို့က သူတို့မှာ စိတ်အားထက်သက်မှုမရှိကြဘူး။


အဖွဲ့နှစ်ခုရှိတယ်ဆိုတာ မသိထားတဲ့ဆရာတွေက သိသိသာသာစိတ်အားထက်သက်မှုတိုးတက်လာတယ်ဆိုပြီး ဆွဲထုတ်ပြလိုက်တဲ့ကျောင်းသားတိုင်းဟာ Growth Mindset အဖွဲ့ကဖြစ်နေတာတွေ့ရတယ်။ အဲဒီကျောင်းသားတွေဟာ ခုဆိုရင် ကျောင်းစာတွေကိုပိုပြီးထဲထဲဝင်ဝင်လုပ်လာရုံမက ကျောင်းခန်းထဲက စာသင်ချိန်တွေမှာ၊ အိမ်စာတွေပေးလိုက်တဲ့အခါ၊ စာကြည့်တဲ့အခါတွေမှာ ပိုပြီး အားစိုက်ထုတ်လာတာကိုလဲ ဆရာတွေကထောက်ပြကြတယ်။

ဘာကိုတန်ဖိုးထားကြမလဲ……………………….

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ talent လို့ခေါ်တဲ့ ပင်ကိုယ်ထူးချွန်မှု ကို အထင်ကြီးကိုးကွယ်ကြချင်ကြရုံမက… အဲဒါကိုပဲ မွေးရာပါစွမ်းရည်တစ်ခု၊ ပါရမီတစ်ခုအနေနဲ့ပါ ပုံဖော်ကြတယ်။ ဘာဖြစ်လာသလဲဆိုတော့ အဲဒီလိုပါရမီပါတယ်လို့ ကိုယ့်ကိုယ်ကိုထင်တဲ့သူတွေက ဘာမှမလုပ်ပဲထိုင်နေကြပြီး သူ့အလိုလို အောင်မြင်ဖို့မျှော်လင့်လာကြရော။ အဲ…အဲလိုမျှော်လင့်ထားပေမယ့် အမှန်တကယ်မအောင်မြင်တဲ့အခါမှာ ထစ်ခနဲဆိုဘုဂလန့်စိတ်တွေမွေး၊ နောက်….. စိတ်ဓါတ်တွေကျ၊ မျှော်လင့်ချက်တွေပျောက်ဆုံးလာကြပြီး… တစ်ခါတစ်လေ ဘာမှကိုမလုပ်တော့ပဲ ဘေးထွက်ထိုင်နေတတ်တော့တယ်။ ကိုယ့်ကိုယ်ကို ဘာပါရမီမှမပါဘူးလို့ ထင်မြင်ယူဆတဲ့သူတွေကလဲ အတူတူပဲ၊ ထိုနည်းလည်းကောင်းပဲ ဖြစ်လာကြတယ်။


အောင်မြင်မှုဆီကိုအရောက်တွန်းပို့ပေးနိုင်တဲ့ စွမ်းရည်ထူး (သို့) ပါရမီဟာ လူတွေမှာမွေးကတည်းကဒီလိုပဲပါလာတယ် ဆိုတဲ့အတွေးအခေါ်ဟာ အင်မတန် အန္တရာယ်ကြီးပါတယ်။ ဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲ ထူးချွန်လို့ အိုင်းစတိုင်းဖြစ်ပါစေ… မိုးဇက်ဖြစ်ပါစေ… မိုက်ကယ်ဂျော်ဒန်ဖြစ်ပါစေ… အဆုံးအစမဲ့ ပေးဆပ်ရင်းနှီးမုှတွေနဲ့ လုံ့လဥဿာဟတို့မပါပဲ အကြီးအကျယ်မအောင်မြင်နိုင်ပါဘူး။ စွမ်းရည်ဆိုတာမျိုးက ကြိုးစားအားထုတ်မှုတွေကတစ်ဆင့် တဖြည်းဖြည်းတည်ဆောက်ယူလာရပြီး၊ အဲဒီကမှနောက်တစ်ဆင့်ကိုယ့်ရဲ့ ရှေ့အလားအလာတွေဘာရှိလဲဆိုတာတွေ့မြင် သဘောပေါက်နားလည်လာရတာပါ။ သုတေသနစာတမ်းတွေက အကြိမ်ကြိမ်အထပ်ထပ်ဖော်ထုတ်ပြနေတာကတော့ ပင်ကိုယ်ထူးချွန်မှုမတိမ်းမယိမ်းရှိသူအချင်းချင်း ကြားမှာမှ….. တစ်မူထူးခြားစွာ ကြီးမားတဲ့အောင်မြင်မှုတွေကို ရရှိအောင်လုပ်ပေးနိုင်တဲ့ အရာတစ်ခုပဲရှိတယ်ဆိုတာဖြစ်ပြီး….. အဲဒီအရာကတော့ “သူတို့ဘယ်လောက်ကြိုးစားအားထုတ်မှုရှိသလဲ” ဆိုတဲ့ အရာပါပဲ။


နောက်ဆိုရင်  ကျောင်းသားသူငယ်တွေရဲ့ အသိဉာဏ်၊ ပင်ကိုယ်ထူးချွန်မုှတို့နဲ့ပက်သက်ပြီး ချီးကျူးဂုဏ်ပြုစကားပြောချင်စိတ်တွေပေါ်လာတဲ့အခါ၊ အဲဒီအတွေးကိုမျိုသိပ်ထိန်းချုပ်ပြီး…စိန်ခေါ်မုှတွေများတဲ့အလုပ်တစ်ခုဟာဘယ်လောက်ပျော်စရာကောင်းကြောင်း…..အမှားတွေကနေသင်ယူရတာ ဘယ်လောက်မှတ်သားစရာတွေများပြီး စိတ်ဝင်စားဖို့ကောင်းကြောင်းနဲ့…..ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ပြီးမှ တိုးတက်မှုရတဲ့အရာတစ်ခုဟာ ဘယ်လောက်ကြီးကျယ်ခမ်းနားကြောင်း….. သင်ကြားပေးရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ စိန်ခေါ်မှုတွေကိုရဲရဲလက်ခံ….. အမှားတွေလုပ်ရာကတစ်ဆင့်….. ခွန်အားစိုက်ထုတ်ပြီးရှေ့ကိုတက်လှမ်းခြင်းက လူတွေကို ပိုပြီးတော်တဲ့၊ ထက်မြက်တဲ့သူတွေဖြစ်အောင်လုပ်ပေးနိုင်ကြောင်း သင်ကြားပေးကြဖို့ပါပဲ။ ။


                                                                                                       မောင်ဇိ

(စိတ်ပညာပါမောက္ခ ဒေါက်တာ ကာရိုးဒွက်၏ Mindset ဆိုသောစာအုပ်ကိုကိုးကား၍ National association of indepent schools website ပါ ထိုဆရာမ၏ ဆောင်းပါးတစ်ခုမှ ဆီလျော်အောင်ထုတ်နှုတ်ဘာသာပြန်ပါသည်။)


Reference:
Dweck, C.S (2006). Mindset. New York: Random House.


Dweck, C.S (2008). ‘Brainology’. National association of independent schools. January 4,2008.Accessed on June 2nd, 2017.
____________________________________________
 ဘဝအတြက္အေရးပါတဲ့ အေျခခံစိတ္ခံယူခ်က္ (သို႔မဟုတ္ ) Mindset
ေျမာက္မ်ားလွစြာေသာ သုေသသနလုပ္ငန္းေတြက ကြ်န္ေတာ္တို႔ ဦးေဏွာက္ေတြနဲ႔ ပက္သက္တဲ့ စိိတ္လွဳပ္ရွားစရာအခ်ိန္တစ္ခုကိုေရာက္ရွိလာၿပီလို႔ဆိုပါတယ္။ အေၾကာင္းရင္းကေတာ့….. ကြ်န္ေတာ္တို႔ ဦးေဏွာက္ေတြဟာ သင္ယူမွဳေတြ၊ အေတြ႔အၾကံဳေတြကေနတဆင့္  ပံုမွန္ေျပာင္းလဲမွဳေတြ တျဖည္းျဖည္းျဖစ္ေနတယ္ဆိုတဲ့အခ်က္နဲ႔ အဲဒီအခ်က္က ကြ်န္ေတာ္တို႔ရဲ ႔ဘဝတစ္ေလွ်ာက္လုံးျဖစ္ေနတယ္ဆိုတဲ့ ထပ္ဆင့္အခ်က္ေတြေၾကာင့္ပါပဲ။

ဒီအခ်က္ေတြက ေက်ာင္းသားေတြရဲ ႔ စာၾကိဳးစားခ်င္စိတ္နဲ႔ သင္ယူမွဳအေပၚဘယ္လိုအက်ိဳးသက္ေရာက္မွဳရွိသလဲဆိုတာၾကည့္ၾကပါစို႔။ သုေသသနေတြအရဆိုရင္ေတာ့ မိမိဥာဏ္ရည္(Intelligence) နဲ႔ပတ္သက္လို႔ တစ္သက္လုံးမေျပာင္းလဲႏုိင္ဘူးလို႔ထင္တဲ့ေက်ာင္းသားေတြနဲ႔….. ဉာဏ္ရည္္ဆိုတာျမင့္မားလာႏုိင္သလုိ ေျပာင္းလဲေျပာင္းလဲလာႏုိင္တယ္လုိ႔ျမင္တဲ့ေက်ာင္းသားေတြအၾကားမွာ သူတို႔အျမင္အလိုက္ ၾကိဳးစားခ်င္စိတ္၊ သင္ယူမွဳနဲ႔ ေက်ာင္းတြင္းေအာင္ျမင္မွဳေတြေပၚမွာ သိသာထင္ရွားတဲ့ အက်ိဳးသက္ေရာက္မွဳေတြရွိတာကို ေတြ႔ရပါတယ္။

အေျခခံစိတ္ခံယူခ်က္ႏွင့္ ေအာင္ျမင္မွဳ……
ေက်ာင္းသားအမ်ားစုက ဥာဏ္ရည္ (Intelligence)ဆိုတာေျပာင္းလဲလို႔မရတဲ့ ပုံေသအရာတစ္ခုလို႔ထင္ၾကတယ္။ ဆိုလိုတာက… လူတိုင္း၊ လူတိုင္းမွာ ဉာဏ္ရည္္ဒီေလာက္ရွိတယ္ဆိုရင္ တစ္သက္လုံးဒီေလာက္ပဲဆိုတာမ်ိဳး။ ဒီလိုအေတြးမ်ိဳးကို မေျပာင္းလဲတတ္တဲ့ ပုံေသ အေျခခံ စိတ္ခံယူခ်က္ (Fixed mindset) လို႔ေခၚပါတယ္။ ဒီလို အေျခခံစိတ္ခံယူခ်က္ရွိတဲ့ေက်ာင္းသားေတြက သူတို႔မွာဘယ္ေလာက္ ပုံေသဉာဏ္ရည္္ရွိသလဲဆိုတာေလာက္ပဲစိတ္ဝင္စားပူပန္တတ္ၾကတယ္။

တျခားေက်ာငး္သားေတြရွိေသးတယ္။  အဲဒီေက်ာင္းသားေတြကေတာ့ ဉာဏ္ရည္ဆိုတာ ၾကိဳးစားအားထုတ္မွဳေတြ၊ ပညာသင္ၾကားမွဳေတြေနတဆင့္ ျဖည္းျဖည္းခ်င္း ေမြးျမဴတည္ေဆာက္လာရတာလို႔ ယုံၾကည္ၾကတယ္။ သူတို႔က လူတိုင္းမွာ တူညီတဲ့စြမ္းရည္ရွိတယ္လို႔ယုံေလ့မရွိသလို၊ တစ္ေယာက္ေယာက္က အိုင္းစတိုင္းေလာက္ၾကီနီးနီးထက္ျမက္ႏုိင္တယ္လို႔လဲ ယုံေလ့မရွိဘူး။ သူတို႔ အေလးအနက္ယုံၾကည္တာကေတာ့….. လူတိုင္း၊ လူတိုင္းမွာ သူတို႔ရဲ ႔စြမ္းရည္ကို တိုးတက္ေအာင္ျမွင့္တင္ႏုိင္စြမ္းရွိတယ္ဆိုတာပါပဲ။ ဒါ့အျပင္ သူတို႔နားလည္ထားတာတစ္ခုက အိုင္းစတုိင္းေတာင္မွ အိုင္းစတိုင္းျဖစ္ဖို႔အတြက္ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အာရုံစူးစိုက္ၿပီး ၾကိဳးစားလုပ္ကိုင္ခဲ့ရတယ္ဆိုတာပဲ။ တိုတိုေျပာရရင္ အဲဒီလုိ ဖြ႔ံျဖိဳးေနတဲ့ အေျခခံစိတ္ခံယူခ်က္ (Growth Mindset) ရွိတဲ့ေက်ာင္းသားေတြက “ ဉာဏ္ရည္ (Intelligence) ဆိုတာ အစြမ္းအစတစ္ခု….. သင္ယူမွဳေတြကတဆင့္  နားလည္တတ္ေျမာက္လာႏုိင္တဲ့ အစြမ္းအစတစ္ခု” လို႔ယုံၾကည္လက္ခံထားၾကတယ္။ အက်ိဳးဆက္အားျဖင့္ေတာ့ စိန္ေခၚမွဳေတြကိုရင္ဆိုင္တာ… အမွားေတြကေန သင္ခန္းစာယူၿပီးအျမတ္ထြက္ေအာင္လုပ္တာ… မေအာင္မျမင္ျဖစ္ေနတဲ့အေျခအေနမွာ ေတာင့္ခံထားတာေတြက… ထူးခြ်န္ထက္ျမက္ဖို႔အတြက္နည္းလမ္းေတြျဖစ္လာေတာ့တယ္။

အေျခခံစိတ္ခံယူခ်က္ မတူညီတဲ့ေက်ာင္းသားေတြ စိတ္ဝင္စားဂရုတစိုက္ရွိတတ္တဲ့အရာေတြကလဲ မတူညီၾကပါဘူး။ Growth Mindset လို႔ေခၚတဲ့ ဖြံ႔ျဖိဳးေနတဲ့ အေျခခံစိတ္ခံယူခ်က္ရွိသူေက်ာင္းသားေတြဟာ သူတို႔ကိုေက်ာင္းမွာသိပ္ေတာ္တာပဲလို႔ အထင္ခံရတာထက္ သင္ယူစရာရွိတာေတြကိုသင္ယူဖို႔ကိုသာ ပိုၿပီးစိတ္ဝင္စားပါတယ္။ အဲ… Fixed Mindset လို႔ေခၚတဲ့ ပုံေသအေျခခံစိတ္ခံယူခ်က္ ရွိသူေက်ာင္းသားေတြကေတာ့ ဒီလိုမဟုတ္ပါဘူး။ မူလတန္းအရြယ္ကေန ေကာလိပ္အရြယ္ထိရွိတ့ဲ ေက်ာင္းသူ၊ေက်ာင္းသားေျမာက္မ်ားစြာကိုေလ့လာထားရွိခ်က္အရ Fixed Mindset သမားေတြဟာ အမ်ားေရွ ႔မွာ သူတို႔ဘယ္ေလာက္ထူးခြ်န္ထက္ျမက္တဲ့ပုံဖမ္းႏုိင္မလဲဆိုတာပဲ စိတ္ဝင္စားလို႔ သင္ယူခြင့္ရမယ့္အခြင့္အေရးေတြကိုေတာင္ေရွာင္ဖယ္ေလ့ရွိပါတယ္။ ဘယ္ေလာက္ေတာင္လဲဆိုရင္ သူတို႔ရဲ ႔ေအာင္ျမင္မဳွအတြက္ အခ်က္အခ်ာက်လွတဲ့သင္ယူမွဳေတြကိုပါ ျငင္းဆန္ပစ္တတ္ၾကတဲ့ထိပါ။

ေနာက္တစ္ခုက….. မတူညီတဲ့ အေျခခံစိတ္ခံယူခ်က္တစ္ခုစီကို ပိုင္ဆုိင္တဲ့ ေက်ာင္းသားႏွစ္ေယာက္ရဲ ႔ ၾကိဳးစားအားထုတ္မွဳေပၚမွာယုံၾကည္ပုံ ယုံၾကည္ခ်က္ခ်င္း သိသိသာသာကြဲျပားပါတယ္။ Growth Mindset ရွိတဲ့ေက်ာင္းသားေတြက ၾကိဳးစားအားထုတ္မွဳနဲ႔ပက္သက္ရင္ ေျဖာင့္ေျဖာင့္မွန္မွန္ပဲေတြးပါတယ္။ ဘယ္လုိေတြးတာလဲဆိုေတာ့ ၾကိဳးစားေလ၊ စြမ္းရည္တက္ေလဆိုတာမ်ိဳး၊ ၿပီးေတာ့… ဉာဏ္ၾကီးရွင္ Genius ေတြေတာင္မွ သူတို႔ရဲ ႔ေအာင္ျမင္မွဳေတြအတြက္ၾကိဳး ၾကိဳးစားစားလုပ္ကိုင္ခဲ့ရတယ္ဆိုတာမ်ိဳးပါ။ Fixed Mindset ရွိတဲ့ေက်ာင္းသားေတြကေတာ့ ဆန္႔က်င္ဘက္ယုံၾကည္ခ်က္မ်ိဳးရွိၾကတယ္။ ဘာေတြလဲဆိုေတာ့ တကယ္လို႔လူတစ္ေယာက္က ၾကိဳးၾကိဳးစားစားလုပ္ကိုင္ရမယ္ဆိုရင္ သူ႔မွာစြမ္းရည္မရွိလို႔၊ ၿပီးေတာ့စြမ္းရည္ဆိုတာကလဲ ကုိယ့္မွာရွိရင္ သူ႔အလိုလိုေပၚလာတတ္တယ္ ဆိုတာမ်ိဳးေတြေပါ့။

မေအာင္ျမင္မွဳေတြကို တုန္႔ျပန္ရာမွာလဲ အေျခခံစိတ္ခံယူခ်က္ ကြာျခားသူေတြၾကားမွာ သိသိသာသာကြျခားခ်က္ရွိပါတယ္။ Growth Mindset ရွိသူေတြက ေက်ာင္းမွာမေအာင္ျမင္မွဳေတြနဲ႔ၾကံဳတဲ့အခါ ေနာက္တစ္ၾကိမ္မွာ ပိုၾကိဳးစားခ်င္ၾကိဳးစားမယ္။ ဒါမွမဟုတ္ စာလုပ္တဲ့ပုံစံကိုျပဳျပင္ေျပာင္းလဲမယ္ လို႔ဆိုပါတယ္။  ဒါေပမယ့္ Fixed Mindset ရွိသူေတြကေတာ့ သူတို႔ကိုယ္သူတို႔ ညံ႔ဖ်င္းထုံအ သူေတြျဖစ္တယ္လို႔ခံစားၿပီး ေနာက္တစ္ၾကိမ္မွာၾကိဳးစားခ်င္စိတ္ေလ်ာ့သြားတယ္။ ၿပီးေတာ့ ခိုးခ်ရင္ေကာင္းမလားလို႔ေတာင္ အသည္းအသန္စဥ္းစားၾကပါလိမ့္မယ္။ သူတို႔ရဲ ႔အျမင္မွာေတာ့ ကိုယ့္ကုိယ္ကုိ ငတုံးတစ္ေယာက္ျဖစ္တယ္လို႔ခံစားရရင္၊ ပညာေရးက႑မွာ ဒါရာသက္ပန္ငတုံးပဲ… ျပန္တည့္မတ္ဖို႔ နည္းလမ္းေကာင္းမရွိသလို၊ အနာဂတ္မွာလဲ မေအာင္ျမင္ႏုိင္ေတာ့ပါဘူး။ ဒါေပမဲ့လဲ…….. Growth Mindset သမားတစ္ေယာက္ကေတာ့ အျပဳသေဘာေဆာင္တဲ့လုပ္ငန္းအစီအစဥ္တစ္ခုခုခ်မွတ္ၿပီး ကိုယ့္မွာရွိတဲ့ခ်ိဳ ႔ယြင္းခ်က္ကိုကုစားရမယ္လို႔ ျမင္ပါတယ္။

ဒီလို အေျခခံစိတ္ခံယူခ်က္ေတြကို ဘယ္လုိေလ့လာသင္ယူၾကမလဲ………………
၁၉၉၀ ျပည့္ႏွစ္ေတြအတြင္း၊ ေက်ာင္းသားမိဘေတြနဲ႔ ေက်ာင္းေတြမွာ ေခတ္စားတာက ကေလးေတြအတြက္ အေရးၾကီးဆုံးက မိမိကုိယ္ကုိေက်နပ္အားရႏွစ္သိမ့္မွဳ (ဝါ) အထင္ၾကီးမွဳ (Self-esteem) ရွိဖို႔တဲ့။ ဒီေတာ့………… သခ်ၤာနဲ႔ပတ္သက္ၿပီး ကိုယ့္ကုိယ္ကိုအထင္ၾကီးေနတာက တကယ္တြက္ခ်က္တတ္တာထက္ပို အေရးၾကီးသလိုျဖစ္လာတယ္။ အဂၤလိပ္စာနဲ႔ပတ္သက္ၿပီး ကိုယ့္ကုိယ္ကို အထင္ၾကီးမွဳက ေရးတတ္၊ ဖတ္တတ္ဖို႔ထက္ ပိုအေရးၾကီးသလိုျဖစ္လာတယ္။ အၾကီးမားဆုံး အမွားကေတာ့ သူတို႔ဘယ္ေလာက္ေတာ္ေၾကာင္း၊ ပင္ကိုယ္စြမ္းရည္ဘယ္ေလာက္ရွိေၾကာင္းေျပာျခင္းအားျဖင့္ ကေလးေတြကို မိမိကုိယ္မိမိအထင္ၾကီးမွဳကို အလြယ္တကူေပးလိုက္တာပါပဲ။ ရည္ရြယ္ခ်က္ကေကာင္းမြန္ေပမယ့္ အက်ိဳးဆက္ေတြကေတာ့ ကဖ်က္ကယက္ႏုိင္လြန္းလွပါတယ္။

၁၉၉၀ခုႏွစ္ေတြမွာ ေက်ာင္းသားမိဘေတြၾကားမွာစစ္တမ္းေကာက္လိုက္ေတာ့ ၈၅ ရာခိုင္ႏွဳန္းက  မိမိကုိယ္မိမိယုံၾကည္ခ်က္တက္ေစဖို႔နဲ႔ ေအာင္ျမင္မဳွေတြရေစဖို႔အတြက္ ကေလးေတြရဲ ႔စြမ္းရည္ေတြကိုခ်ီးက်ဳးေျမွာက္ပင့္ေပးဖို႔လိုအပ္တယ္လို႔ ယုံၾကည္ယူဆၾကတယ္။ အဲဒီတုန္းကကေလးေတြက အခုခ်ိန္မွာေတာ့ အလုပ္ခြင္ထဲေရာက္ေနၾကျပီး၊ ခ်ီးက်ဴးေျမွာက္ပင့္မွဳ၊ ဆုလာဘ္နဲ႔ အသိအမွတ္ျပဳမဳွေတြမရရင္ အလုပ္ထဲမွာ တစ္ရက္ေတာင္မခံဘူးလု႔ိသိရတယ္။ ဒါေတြအားလုံးက ရည္ရြယ္ခ်က္ေကာင္းနဲ႔လုပ္ခဲ့တဲ့ ခ်ီးက်ဴးေျမွာက္ပင့္မွဳတစ္ခုကေနလာတာ ျဖစ္ေနႏုိင္မလား။

ကေလးေတြကို အဖဲြ႔ႏွစ္ဖြဲ႔ခြဲ၊ IQ (ဉာဏ္ရည္အဆင့္) စမ္းသပ္ခ်က္ေမးခြန္းေလးေတြေျဖခိုင္းၿပီး ခ်ီးက်ဴးေျမွာက္ပင့္စကားေလးေတြေျပာေပးခဲ့ပါတယ္။ ပထမအဖြဲ႔ကိုေတာ့ သူတို႔ရဲ ႔ဉာဏ္ရည္အတြက္ခ်ီးက်ဴးေပးတယ္။

 “အိုး..သိပ္ေကာင္းတဲ့အမွတ္ပဲ၊ မင္းကသိပ္ေတာ္တာပဲ”… စသည္ျဖင့္။
 တျခားအဖဲြ႔ကိုေတာ့ လုံ႔လဥႆာဟအတြက္ခ်ီးက်ဴးဂုဏ္ျပဳစကားေျပာတယ္။
 “ အိုး…..အရမ္းေကာင္းတဲ့အမွတ္ပဲ၊ မင္း ဒီအတြက္တကယ္ကို အရမ္းၾကိဳးစားခဲ့တာပဲ”… စသည္လိုေပါ့။
လုပ္ခဲ့တာ ဒီေလာက္ကေလးေပမယ့္ ရလဒ္ကေတာ့ ၾကီးက်ယ္ထင္ရွားပါတယ္။ အသက္အရြယ္မတူတဲ့၊ လူမ်ိဳးမတူတဲ့ကေလးေတြကို ႏုိင္ငံအႏွံ႔မွာေလ့လာၾကည့္ေတာ့လဲ ရလဒ္ကအတူတူပါပဲ။

ငါးတန္းကေလးေတြကုိေလ့လာၾကည့္တဲ့အခါမွာ ဉာဏ္ရည္အတြက္ခ်ီးက်ဴးခံရတဲ့ကေလးေတြက သင္ယူလိုစိတ္မရွိၾကဘူး။ ပညာရဖို႔အခြင့္အလမ္းေတြရွိတဲ့ ခက္ခဲတဲ့ပုစာၦေတြေပးတဲ့အခါ အမ်ားစုက ခက္တာကိုေရွာင္ၿပီး အမွားအယြင္းသိပ္မရွိႏုိင္တဲ့ လြယ္တာကိုပဲေရြးလုပ္ၾကတယ္။ ၾကိဳးစားအားထုတ္မွဳနဲ႔ လုံ႔လဥႆာဟအတြက္ ခ်ီးက်ဴးခံရတဲ့ကေလးေတြကေတာ့ သူတို႔အတြက္ ပညာတိုးမယ့္ပုစာၦေတြကိုလုပ္ၾကတယ္။

ပုစာၦေတြကပိုခက္လာတဲ့အခါမ်ိဳးမွာ ဉာဏ္ရည္အတြက္ခ်ီးက်ဴးခံကေလးေတြဟာ ကိုယ့္ကုိယ္ကိုယုံၾကည္ခ်က္ေပ်ာက္ကုန္ၾကေတာ့တယ္။ တစ္ဖဲြ႔လုံးအေနနဲ႔ေျပာမယ္ဆိုရင္ သူတို႔ကိုယ္သူတို႔ ထူးခြ်န္ထက္ျမက္မွဳမရွိဘူးလုိ႔ထင္ကုန္ၾကတယ္။ တစ္ဆက္ထဲမွာလဲ လုပ္ေနတဲ့အလုပ္ေပၚ သေဘာက်ႏွစ္သက္မွဳေတြေပ်ာက္သြားၿပီး သူတို႔ရဲ ႔လုပ္ရည္ကုိင္ရည္ေတြဟာလဲ ဒလိမ့္ေခါက္ေကြးက်သြားေတာ့တယ္။ တစ္ခ်ိန္ထဲမွာပဲ၊  ၾကိဳးစားမဳွအတြက္ခ်ီးက်ဴးခံကေလးေတြကိုၾကည့္တဲ့အခါမွာ သူတို႔ရဲ ႔ကိုယ့္ကိုယ္ကိုယံုၾကည္ခ်က္ေတြ၊ စိတ္အားထက္သန္မွဳေတြနဲ႔ လုပ္ရည္ကိုင္ရည္ေတြကို ထိန္းသိမ္းထားႏုိင္တာေတြ႔ရတယ္။ ေနာက္ဆုံးအခ်က္ကေတာ့ အမွတ္ေတြ၊ ရလဒ္ေတြနဲ႔ ပက္သက္တဲ့အခါမ်ိဳးမွာ ဉာဏ္ရည္အတြက္ခ်ီးက်ဴးခံကေလးေတြအမ်ားစုဟာ ၾကိဳးစားအားထုတ္မွဳအတြက္ခ်ီးက်ဴးခံကေလးေတြနဲ႔စာရင္ အမွန္ကိုမေျပာၾကပဲ လီဆယ္တတ္ၾကပါတာပါပဲ။

ကဲ…..ကြ်န္ေတာ္တို႔ရဲ ႔ေက်ာင္းသားသူငယ္ေတြကို ဘယ္လိုခ်ီးက်ဴးဂုဏ္ျပဳစကားေတြေျပာၾကမလဲ။ သူတို႔ကိုဘယ္လို အာမခံခ်က္ေတြထပ္ေပးၾကမလဲ……………….။
နည္းလမ္းကေတာ့………….သူတို႔ရဲ ႔ ၾကိဳးပမ္းအားထုတ္မဳွလုပ္ငန္းစဥ္… အားစိုက္ထုတ္မွဳ… နည္းလမ္းရွာေဖြမွဳ… အာရုံစူးစိုက္မွဳ… လုံ႔လဥႆာဟနဲ႔… တိုးတက္ျဖစ္ထြန္းမွဳတုိ႔အေပၚမွာသာ မီးေမာင္းထိုးျပဖို႔ပဲျဖစ္ပါတယ္။
ဥပမာေျပာရရင္
“ မင္းမေအာင္ျမင္မခ်င္းလုပ္ခဲ့တာပဲ၊ ေတာ္လုိက္တာ”
“ ဒါၾကီးက ေတာ္ေတာ္ခက္တဲ့ ပေရာဂ်က္ၾကီးကြ။ မင္းကတစ္ဆင့္ခ်င္းနဲ႔အခ်ိန္ယူလုပ္ခဲ့လို႔ အေတာ္ေကာင္းသြားတာပဲ”

“ခက္ခဲတဲ့ပုစာၦေတြကိုရွင္းဖို႔ မင္းေရြးတာကိုသေဘာက်တယ္။ မင္း ဒီထက္မက ကိုယ့္ကိုယ္ကိုျဖန္႔က်က္လာႏုိင္ၿပီး အသစ္အဆန္းေတြသိလာေတာ့မွာေသခ်ာတယ္။”

“ ေက်ာင္းစာေတြက မင္းအတြက္အၿမဲသိပ္လြယ္လြန္းေနခဲ့တာ သိပါတယ္။ ႏွေျမာစရာေတာ့ေကာင္းသား။ အခုေတာ့ မင္းရဲ ႔စြမ္းေဆာင္ရည္ေတြကို အမွန္တကယ္ျမွင့္တင့္ဖို႔ အခြင့္အေရးရၿပီေပါ့။”

ဦးေဏွာက္ေဗဒ………………..
ကေလးေတြကို ဖြ႔ံျဖိဳးေနတဲ့ အေျခခံစိတ္ခံယူခ်က္ (Growth Mindset) သင္ေပးလို႔ရပါသလား။ ရတယ္ဆိုရင္ အဲဒါကသူတို႔ရဲ ႔ စိတ္အားထက္သန္မွဳနဲ႔ ေက်ာင္းမွာရတဲ့အမွတ္ေတြကို တိုးတက္ေအာင္လုပ္ေပးႏုိင္သလား။ ဒီေမးခြန္းေတြကိုေျဖဖုိ႔အတြက္ ၇တန္းေက်ာင္းသားေတြကို Growth Mindset နဲ႔ပတ္သက္တဲ့သင္တန္းေလးတစ္ခုဖန္တီးေပးခဲ့ပါတယ္။ ေက်ာင္းသားေတြကို အဖြဲ႔ႏွစ္ခုခဲြၿပီး စာသင္ယူမွဳစြမး္ရည္ဖြံ႔ျဖိဳးေရးနည္းလမ္းေတြ (learning skills) အေၾကာင္း သင္တန္း ၈ ၾကိမ္ေပးခဲ့တယ္။ “Growth Mindset” အဖြဲ႔ကေတာ့ “Growth Mindset” သင္ခန္းစာေတြပါထပ္ေဆာင္းသင္ခံရတယ္။ ဥပမာ…“Growth Mindset” ဆိုတာဘာလဲ။ ေက်ာင္းစာေတြလုပ္ရင္ အဲဒါကို ဘယ္လုိသုံးရမလဲ စသည္ျဖင့္ေပါ့။ သင္ခန္းစာေတြကုိ……………. “ သင္၏ ဉာဏ္ရည္ကိုတိုးတက္ေအာင္ေမြးျမဴလို႔ရၿပီ။ ေနာက္ဆုံးေပၚေတြ႔ရွိခ်က္ရဲ ႔အဆုိအရ ဦးေဏွာက္ကို ခႏၶာကိုယ္ၾကြက္သားတစ္ခုလို ဖြ႔ံျဖိဳးသန္မာေအာင္လုပ္လို႔ရပါၿပီ” ဆိုတဲ့ ေဆာင္းပါးတစ္ပုဒ္နဲ႔ စဖြင့္တယ္။ ေက်ာင္းသားေတြက ဒီေဆာင္းပါးနဲ႔ ေဆာင္းပါးပါသတင္းစကားေၾကာင့္ မွင္တက္သြားၾကတယ္။ ဦးေဏွာက္ရဲ ႔ဖြ႔ံျဖိဳးေရးက သူတို႔လက္ထဲမွာရွိေနတယ္ဆိုတဲ့ အေတြးကို သူတို႔ သိပ္သေဘာက်ၾကတယ္။

ေဆာင္းပါးရယ္၊ အဲဒီေနာက္မွာဆက္လုပ္တဲ့ေလ့က်င့္ခန္းေတြရယ္က ေက်ာင္းသားေတြရဲ ႔ ကိစၥရပ္ေတြကိုရင္ဆိုင္ပုံရင္ဆုိင္နည္းေတြကိုေျပာင္းလဲသြားေစခဲ့တယ္။ ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားက ေက်ာင္းဆိုတာ သူတို႔လုပ္ရည္ကိုင္ရည္ေတြကို အကဲျဖတ္ခံရတဲ့ေနရာလို႔ ျမင္ထားခဲ့ၾကတယ္။ ခုေတာ့ သူတို႔ရဲ ႔အေျခခံစိတ္ခံယူခ်က္ (Mindset)ေတြဖြ႔ံျဖိဳးဖို႔အတြက္ သူတို႔ပါတက္တက္ၾကြၾကြဝင္ေရာက္လုပ္ေဆာင္ေပးရမယ့္ေနရာလို႔  နားလည္သြားၾကၿပီ။ ေက်ာင္းဖြင့္ရာသီတစ္ခုၿပီးသြားတဲ့အခ်ိန္မွာ Growth Mindset အဖြဲ႔ရဲ ႔ သခ်ာၤရမွတ္ေတြသိသိသာသာၾကီးတိုးတက္လာၿပီး….တစ္ဖက္ကအျခားအဖြဲ႔ျဖစ္တဲ့ စာသင္ယူမွဳစြမး္ရည္ဖြ႔ံျဖိဳးေရးနည္းလမ္းကုိပဲသင္တန္းခ်ိန္ ၈ၾကိမ္သင္ခဲ့ရတဲ့အဖြဲ႔ကေတာ့တိုးတက္မွဳမရွိတဲ့အျပင္ ဆက္ၿပီးေတာ့လဲက်ဆင္းသြားတယ္။ အသုံးဝင္တဲ့ သင္ယူမွဳစြမ္းရည္နည္းလမ္းေတြအေၾကာင္း အမ်ားၾကီးသင္ခဲ့ရေပမ့ဲ ဒါကိုလက္ေတြ႔အသုံးခ်ဖို႔က သူတို႔မွာ စိတ္အားထက္သက္မွဳမရွိၾကဘူး။


အဖြဲ႔ႏွစ္ခုရွိတယ္ဆိုတာ မသိထားတဲ့ဆရာေတြက သိသိသာသာစိတ္အားထက္သက္မွဳတိုးတက္လာတယ္ဆုိၿပီး ဆြဲထုတ္ျပလိုက္တဲ့ေက်ာင္းသားတိုင္းဟာ Growth Mindset အဖြဲ႔ကျဖစ္ေနတာေတြ႔ရတယ္။ အဲဒီေက်ာင္းသားေတြဟာ ခုဆုိရင္ ေက်ာင္းစာေတြကိုပိုၿပီးထဲထဲဝင္ဝင္လုပ္လာရုံမက ေက်ာင္းခန္းထဲက စာသင္ခ်ိန္ေတြမွာ၊ အိမ္စာေတြေပးလိုက္တဲ့အခါ၊ စာၾကည့္တဲ့အခါေတြမွာ ပိုၿပီး အားစိုက္ထုတ္လာတာကိုလဲ ဆရာေတြကေထာက္ျပၾကတယ္။

ဘာကိုတန္ဖိုးထားၾကမလဲ……………………….
ကြ်န္ေတာ္တို႔ လူ႔အဖြဲ႔အစည္းမွာ talent လို႔ေခၚတဲ့ ပင္ကိုယ္ထူးခြ်န္မွဳ ကို အထင္ၾကီးကိုးကြယ္ၾကခ်င္ၾကရုံမက… အဲဒါကိုပဲ ေမြးရာပါစြမ္းရည္တစ္ခု၊ ပါရမီတစ္ခုအေနန႔ဲပါ ပုံေဖာ္ၾကတယ္။ ဘာျဖစ္လာသလဲဆိုေတာ့ အဲဒီလုိပါရမီပါတယ္လို႔ ကိုယ့္ကုိယ္ကိုထင္တဲ့သူေတြက ဘာမွမလုပ္ပဲထုိင္ေနၾကၿပီး သူ႔အလိုလို ေအာင္ျမင္ဖို႔ေမွ်ာ္လင့္လာၾကေရာ။ အဲ…အဲလိုေမွ်ာ္လင့္ထားေပမယ့္ အမွန္တကယ္မေအာင္ျမင္တဲ့အခါမွာ ထစ္ခနဲဆိုဘုဂလန္႔စိတ္ေတြေမြး၊ ေနာက္….. စိတ္ဓါတ္ေတြက်၊ ေမွ်ာ္လင့္ခ်က္ေတြေပ်ာက္ဆုံးလာၾကၿပီး… တစ္ခါတစ္ေလ ဘာမွကိုမလုပ္ေတာ့ပဲ ေဘးထြက္ထုိင္ေနတတ္ေတာ့တယ္။ ကုိယ့္ကိုယ္ကို ဘာပါရမီမွမပါဘူးလို႔ ထင္ျမင္ယူဆတဲ့သူေတြကလဲ အတူတူပဲ၊ ထိုနည္းလည္းေကာင္းပဲ ျဖစ္လာၾကတယ္။

ေအာင္ျမင္မွဳဆီကိုအေရာက္တြန္းပို႔ေပးႏိုင္တဲ့ စြမ္းရည္ထူး (သို႔) ပါရမီဟာ လူေတြမွာေမြးကတည္းကဒီလိုပဲပါလာတယ္ ဆိုတဲ့အေတြးအေခၚဟာ အင္မတန္ အႏၱရာယ္ၾကီးပါတယ္။ ဘယ္ေလာက္ပဲဲေတာ္ေတာ္၊ ဘယ္ေလာက္ပဲ ထူးခြ်န္လို႔ အိုင္းစတိုင္းျဖစ္ပါေစ… မိုးဇက္ျဖစ္ပါေစ… မုိက္ကယ္ေဂ်ာ္ဒန္ျဖစ္ပါေစ… အဆုံးအစမဲ့ ေပးဆပ္ရင္းႏွီးမဳွေတြနဲ႔ လု႔ံလဥႆာဟတို႔မပါပဲ အၾကီးအက်ယ္မေအာင္ျမင္ႏိုင္ပါဘူး။ စြမ္းရည္ဆိုတာမ်ိဳးက ၾကိဳးစားအားထုတ္မွဳေတြကတစ္ဆင့္ တျဖည္းျဖည္းတည္ေဆာက္ယူလာရၿပီး၊ အဲဒီကမွေနာက္တစ္ဆင့္ကုိယ့္ရဲ ႔ ေရွ ႔အလားအလာေတြဘာရွိလဲဆိုတာေတြ႔ျမင္ သေဘာေပါက္နားလည္လာရတာပါ။ သုေတသနစာတမ္းေတြက အၾကိမ္ၾကိမ္အထပ္ထပ္ေဖာ္ထုတ္ျပေနတာကေတာ့ ပင္ကိုယ္ထူးခြ်န္မွဳမတိမ္းမယိမ္းရွိသူအခ်င္းခ်င္း ၾကားမွာမွ….. တစ္မူထူးျခားစြာ ၾကီးမားတဲ့ေအာင္ျမင္မွဳေတြကို ရရွိေအာင္လုပ္ေပးႏုိင္တဲ့ အရာတစ္ခုပဲရွိတယ္ဆိုတာျဖစ္ၿပီး….. အဲဒီအရာကေတာ့ “သူတို႔ဘယ္ေလာက္ၾကိဳးစားအားထုတ္မွဳရွိသလဲ” ဆိုတဲ့ အရာပါပဲ။

ေနာက္ဆိုရင္  ေက်ာင္းသားသူငယ္ေတြရဲ ႔ အသိဉာဏ္္၊ ပင္ကိုယ္ထူးခြ်န္မဳွတို႔နဲ႔ပက္သက္ၿပီး ခ်ီးက်ဴးဂုဏ္ျပဳစကားေျပာခ်င္စိတ္ေတြေပၚလာတဲ့အခါ၊ အဲဒီအေတြးကိုမ်ိဳသိပ္ထိန္းခ်ဳပ္ၿပီး…စိန္ေခၚမဳွေတြမ်ားတဲ့အလုပ္တစ္ခုဟာဘယ္ေလာက္ေပ်ာ္စရာေကာင္းေၾကာင္း…..အမွားေတြကေနသင္ယူရတာ ဘယ္ေလာက္မွတ္သားစရာေတြမ်ားၿပီး စိတ္ဝင္စားဖို႔ေကာင္းေၾကာင္းနဲ႔…..ခက္ခက္ခဲခဲ ၾကိဳးစားအားထုတ္ၿပီးမွ တိုးတက္မွဳရတဲ့အရာတစ္ခုဟာ ဘယ္ေလာက္ၾကီးက်ယ္ခမ္းနားေၾကာင္း….. သင္ၾကားေပးရမွာျဖစ္ပါတယ္။ အေရးအၾကီးဆံုးကေတာ့ စိန္ေခၚမွဳေတြကိုရဲရဲလက္ခံ….. အမွားေတြလုပ္ရာကတစ္ဆင့္….. ခြန္အားစိုက္ထုတ္ၿပီးေရွ ႔ကိုတက္လွမ္းျခင္းက လူေတြကို ပုိၿပီးေတာ္တဲ့၊ ထက္ျမက္တဲ့သူေတြျဖစ္ေအာင္လုပ္ေပးႏုိင္ေၾကာင္း သင္ၾကားေပးၾကဖို႔ပါပဲ။ ။
 
                                                                                                       ေမာင္ဇိ

(စိတ္ပညာပါေမာကၡ ေဒါက္တာ ကာရိုးဒြက္၏ Mindset ဆိုေသာစာအုပ္ကိုကုိးကား၍ National association of indepent schools website ပါ ထိုဆရာမ၏ ေဆာင္းပါးတစ္ခုမွ ဆီေလ်ာ္ေအာင္ထုတ္ႏွဳတ္ဘာသာျပန္ပါသည္။)

Reference:
Dweck, C.S (2006). Mindset. New York: Random House.

Dweck, C.S (2008). ‘Brainology’. National association of independent schools. January 4,2008.Accessed on June 2nd, 2017.

Thursday, June 15, 2017

တူတော်မောင်နဲ့ သူ့ဦးထက်

“ သားသား…..ဟိုမှာ ဦးထက်လာတော့မယ်နော်။ ပြောလို့မရဘူးလား”
အခန်းအပြင်ဘက်မှာဆူညံပွက်လောရိုက်နေတဲ့ တူတော်မောင် ၃ နှစ်သားကို သူ့အဖေက ခြောက်နေတာပါ။ အစကတော့ သူ့အမေတွေ၊ အဒေါ်တွေကပဲ အဲဒီလိုခြောက်ကြပေမဲ့ ခုတော့သူ့အဖေကပါဝင်ခြောက်နေပါပကောလား။

သုံးနှစ်ဆိုတဲ့အရွယ်က အင်မတန်မျောက်ရှုံးအောင်ဆော့တဲ့အရွယ်ပါ။ တွေ့သမျှကိုဆွဲချမယ်၊ လွှင့်ပစ်မယ်၊ တက်ခုန်မယ်၊ တစ်အိမ်လုံးပတ်ပြေးမယ်၊ နေရာစုံလျှောက်တက်မယ်၊ အသံစူးစူးလေးနဲ့ အားကုန်အော်မယ်၊ တစ်အိမ်လုံးတစ်ခန်းဝင်တစ်ခန်းထွက် လျှောက်မွှေမယ်။ သူ့နောက်ကနေ “တဟဲ့ဟဲ့” နဲ့လျှာအလျားလိုက်ထွက်အောင်လိုက်ဖို့သာပြင်ထား။ ခေါင်းပေါ်မှာချွေးတဒီးဒီးကျတဲ့ထိ ဆော့လို့ဝ၊ မောသွားပြီဆိုရင်တော့ ဧည့်ခန်းကသူ့ရဲ့ ရုပ်ပုံကားချပ်တွေပါတဲ့ဖျာပေါ်မှာ ကားကားကြီးအိပ်သွားပါလိမ့်မယ်။ နိုးလာတာနဲ့ မျက်လုံးကိုပြူးနေအောင်ဖွင့်ပြီး အသံမျိုးစုံထွက်လို့၊ အဆက်မပြတ် ဆက်ဆော့ပြန်ပါတယ်။ လူကြီးတွေမှာသာ မနားရပဲ ခေါင်းမွေးပြောင်မတတ်လိုက်ရ၊ အော်ရ၊ ဟန့်ရတာကလား။

အန္တရာယ်ကိုမသိ၊ ပြောမရ၊ ဆိုမရ ဆော့ချင်တိုင်းဆော့၊ ကဲချင်တိုင်းကဲပေမဲ့ သူသိချင်တဲ့ဟာကျတော့လဲ အကုန်သိနေပြန်ရော။ မနက်အိပ်ယာကနိုးလို့ အိမ်ပေါ်ထပ်က အိမ်အောက်ဆင်းမယ်ဆိုရင် “ခါးနာ….ခါးနာ” ဆိုပြီး သူ့အသံသေးသေးလေးနဲ့ မူလဂျီသွန်ဂျီလုပ်၊ ပြီးရင်လူကြီးတွေကိုချီပြီးဆင်းခိုင်း။ တစ်ယောက်ယောက်ကများသူ့ကို အတင်းချီမယ်၊ နမ်းမယ်၊ ဖမ်းထားပြီး စ မယ်များလုပ်ရင် “မေမေရေ…..ကယ်ပါဦး၊ ကယ်ကြပါဦး” နဲ့များ အသံသေးသေးလေးနဲ့ အော်တတ်သေးတာ။ အိမ်ကို ဧည့်သည်များလာရင် ကျွမ်းတွေထိုးပြလိုက်၊ သိုင်းကွက်တွေခင်းပြလိုက်၊ ကပြလိုက်နဲ့ ဧည့်ဝတ်ကကျေသေး။ အဲ…ဧည့်သည်ထဲမှာ အပျိုအရွယ် ကောင်မလေးချောချောလေးတွေများပါလာပြီဆိုရင်တော့ “မမ…မမ”နဲ့ အနားကမခွာတော့ပါဘူး။ တူတော်မောင်“ခန့်ခန့်”ရဲ့ လုပ်ပုံကိုင်ပုံလေးတွေပေါ့။

မောင်ခန့်ခန့်က လိုချင်တာမရရင်၊ စိတ်ဆိုးရင် ရောက်တဲ့နေရာမှာတံတွေးတွေ ထွေးချတတ်တဲ့အကျင့်ရှိတယ်။ သူ့ဦးထက်ကလဲ ဒါမျိုးဆိုကလေးသော ဘာသောမသိ၊ “ဟေ့ကောင်…ပြန်သုတ်” ဆိုပြီး တစ်သျှုးစလက်ထဲထိုးထည့်၊ ကြမ်းပေါ်က တံတွေးကို ပြန်မသုတ်မချင်းဘယ်မှပေးမသွားပဲထိုင်စောင့်နေတာ။ ခန့်ခန့်ကလဲ လူပါး၊ အခြေအနေမဟန်မှန်းသိတော့ ကြမ်းပေါ်ကသူ့တံတွေးလေးတွေကို ဆောင့်အောင့်ပြီး၊ တစ်သျှုးနဲ့ပြန်သုတ်ရှာတယ်။ “အမှိုက်ပုံးထဲတစ်ခါထဲပစ်” ဆိုတဲ့ သူ့ဦးလေးစကားအတိုင်း အခန်းထောင့်က အမှိုက်ပုံးထဲထိသွားပစ်ရှာတာ။ သူဆိုးလို့မရတဲ့လူဆိုအဲ့လို ပါးတာ။ ဒီအရွယ်တွေက အဲလို…အရိပ်အကဲ နားလည်ပါတယ်။

တစ်ရက်ကတော့ သူ့ဦးထက်ကို ငှက်ပျောသီးလာပြပြီး “ ဘာနားနား” တဲ့။ “ပေးပေး…ဦးထက်စားမယ်” ဆိုတော့ “မေ့မေ့ဟာ” တဲ့။ မကျွေးဘူး။ ပြန်ယူသွားပြီးသူတစ်ယောက်ထဲကိုက်စားနေတယ်။ ဒါနဲ့ နောက်တစ်ခေါက်ထပ်သွားပြီး “သားသားအဲဒါဘာလဲ” ဆိုတော့ “ဘာနားနား” ဆိုပြီး ဦးထက်ဘက်ကို လက်တစ်ဖက်ဆန့်လို့ပြောတယ်။ သူ့ “ဘာနားနား” ကိုင်ထားတဲ့နောက်လက်တစ်ဖက်ကိုတော့ ရင်ဘတ်နားကပ်ထားလေရဲ့။ လုမှာစိုးလို့နဲ့တူပါတယ်။ “ဦးဦးထက်ကို ကျွေးပါဦး” လို့ စ တော့၊ “ဗိုက်နာ” ဆိုပြီး ကျွေးရမှာစိုးလို့ လစ်ပြေးပါရော။ သူဆိုလိုတာက ငှက်ပျောသီးစားရင်ဗိုက်နာလိမ့်မယ်…မစားနဲ့ပေါ့။ သူ့အသံသေးသေးလေးနဲ့ “မေမေရေ…ဖေဖေရေ” နဲ့များ တဂျီဂျီခေါ်နေရင် သူ့အမေ၊ အဖေတွေများ သဘောတွေကျ၊ ပီတိဖြာနေတဲ့မျက်နှာကြီးတွေနဲ့ သွားကြီးတွေဖြဲလို့။ ဖိုးဖိုးကြီး၊ ဖွားဖွားကြီး၊ အဖိုး၊ အဖွား၊ ဦးလေး၊ အဒေါ်တွေ…တစ်အိမ်လုံးကို ဒီလိုပဲပတ်ပြီးညာစားနေလေရဲ့။

တစ်ရက်ကလဲ လူကြီးတွေထမင်းစားနေတုန်း သူကဧည့်ခန်းထဲမှာ“အား…ဝါးဝါး” နဲ့ စူးစူးဝါးဝါးမရပ်မနားအော်နေတယ်။ ဦးထက်က “ဝုန်း” ဆိုပြေးသွားပြီး မျက်ထောင့်နီကြီးနဲ့ကြည့်လိုက်တော့ အသံလေးကို “အ..အ” ဆိုနှိမ့်ချလိုက်ပြီး မျက်နှာကလဲ ရူးသလို၊ ပေါသလို ပြောင်ချော်ချော်လုပ်ပြီး မျက်နှာချိုသွေးပါလေရော။ ဒင်းက အဲလိုလည်တာ။ နောက်ပိုင်းတော့…သူ့အဒေါ်တွေရော၊ အမေရောက သူ့ကိုပြောလို့ဆိုလို့မရရင် ဦးထက်နဲ့ခြောက်တော့တာပါပဲ။

“ သားသား…သားသား…မဆူနဲ့။ ဦးထက်လာလိမ့်မယ်။”

“ ငြိမ်ငြိမ်နေနော်သားသား…ဦးထက်ကိုခေါ်လိုက်မယ်”

ဟောခုတော့ သူ့အမေ၊ အဒေါ်တွေတင်မက၊ သူ့အဖေပါ ပါလာပြီ။

“သားသားရေ…ပြောမရဘူးလား။ ဦးထက်ထွက်လာလိမ့်မယ်နော်”တဲ့။

------------------------------------------------------------------------------------------
တူေတာ္ေမာင္နဲ႔ သူ႔ဦးထက္


သားသား…..ဟုိမွာ ဦးထက္လာေတာ့မယ္ေနာ္။ ေျပာလို႔မရဘူးလား”
အခန္းအျပင္ဘက္မွာဆူညံပြက္ေလာရုိက္ေနတဲ့ တူေတာ္ေမာင္ ၃ ႏွစ္သားကို သူ႔အေဖက ေျခာက္ေနတာပါ။ အစကေတာ့ သူ႔အေမေတြ၊ အေဒၚေတြကပဲ အဲဒီလိုေျခာက္ၾကေပမ့ဲ ခုေတာ့သူ႔အေဖကပါဝင္ေျခာက္ေနပါပေကာလား။

သုံးႏွစ္ဆိုတဲ့အရြယ္က အင္မတန္ေမ်ာက္ရွံဳးေအာင္ေဆာ့တဲ့အရြယ္ပါ။ ေတြ႔သမွ်ကိုဆြဲခ်မယ္၊ လႊင့္ပစ္မယ္၊ တက္ခုန္မယ္၊ တစ္အိမ္လုံးပတ္ေျပးမယ္၊ ေနရာစုံေလွ်ာက္တက္မယ္၊ အသံစူးစူးေလးနဲ႔ အားကုန္ေအာ္မယ္၊ တစ္အိမ္လုံးတစ္ခန္းဝင္တစ္ခန္းထြက္ ေလွ်ာက္ေမႊမယ္။ သူ႔ေနာက္ကေန “တဟဲ့ဟဲ့” နဲ႔လွ်ာအလ်ားလိုက္ထြက္ေအာင္လိုက္ဖို႔သာျပင္ထား။ ေခါင္းေပၚမွာေခြ်းတဒီးဒီးက်တဲ့ထိ ေဆာ့လို႔ဝ၊ ေမာသြားၿပီဆိုရင္ေတာ့ ဧည့္ခန္းကသူ႔ရဲ ႔ ရုပ္ပုံကားခ်ပ္ေတြပါတဲ့ဖ်ာေပၚမွာ ကားကားၾကီးအိပ္သြားပါလိမ့္မယ္။ ႏိုးလာတာနဲ႔ မ်က္လုံးကိုျပဴးေနေအာင္ဖြင့္ၿပီး အသံမ်ိဳးစုံထြက္လို႔၊ အဆက္မျပတ္ ဆက္ေဆာ့ျပန္ပါတယ္။ လူၾကီးေတြမွာသာ မနားရပဲ ေခါင္းေမြးေျပာင္မတတ္လိုက္ရ၊ ေအာ္ရ၊ ဟန္႔ရတာကလား။

အႏၱရာယ္ကိုမသိ၊ ေျပာမရ၊ ဆုိမရ ေဆာ့ခ်င္တုိင္းေဆာ့၊ ကဲခ်င္တုိင္းကဲေပမဲ့ သူသိခ်င္တဲ့ဟာက်ေတာ့လဲ အကုန္သိေနျပန္ေရာ။ မနက္အိပ္ယာကႏုိးလုိ႔ အိမ္ေပၚထပ္က အိမ္ေအာက္ဆင္းမယ္ဆိုရင္ “ခါးနာ….ခါးနာ” ဆိုၿပီး သူ႔အသံေသးေသးေလးနဲ႔ မူလဂ်ီသြန္ဂ်ီလုပ္၊ ၿပီးရင္လူၾကီးေတြကိုခ်ီၿပီးဆင္းခိုင္း။ တစ္ေယာက္ေယာက္ကမ်ားသူ႔ကို အတင္းခ်ီမယ္၊ နမ္းမယ္၊ ဖမ္းထားၿပီး စ မယ္မ်ားလုပ္ရင္ “ေမေမေရ…..ကယ္ပါဦး၊ ကယ္ၾကပါဦး” နဲ႔မ်ား အသံေသးေသးေလးနဲ႔ ေအာ္တတ္ေသးတာ။ အိမ္ကို ဧည့္သည္မ်ားလာရင္ ကြ်မ္းေတြထိုးျပလိုက္၊ သိုင္းကြက္ေတြခင္းျပလိုက္၊ ကျပလိုက္နဲ႔ ဧည္႔ဝတ္ကေက်ေသး။ အဲ…ဧည့္သည္ထဲမွာ အပ်ိဳအရြယ္ ေကာင္မေလးေခ်ာေခ်ာေလးေတြမ်ားပါလာၿပီဆိုရင္ေတာ့ “မမ…မမ”နဲ႔ အနားကမခြာေတာ့ပါဘူး။ တူေတာ္ေမာင္“ခန္႔ခန္႔”ရဲ ႔ လုပ္ပုံကိုင္ပုံေလးေတြေပါ့။

ေမာင္ခန္႔ခန္႔က လိုခ်င္တာမရရင္၊ စိတ္ဆိုးရင္ ေရာက္တဲ့ေနရာမွာတံေတြးေတြ ေထြးခ်တတ္တဲ့အက်င့္ရွိတယ္။ သူ႔ဦးထက္ကလဲ ဒါမ်ိဳးဆိုကေလးေသာ ဘာေသာမသိ၊ “ေဟ့ေကာင္…ျပန္သုတ္” ဆုိၿပီး တစ္သွ်ဳးစလက္ထဲထိုးထည့္၊ ၾကမ္းေပၚက တံေတြးကို ျပန္မသုတ္မခ်င္းဘယ္မွေပးမသြားပဲထိုင္ေစာင့္ေနတာ။ ခန္႔ခန္႔ကလဲ လူပါး၊ အေျခအေနမဟန္မွန္းသိေတာ့ ၾကမ္းေပၚကသူ႔တံေတြးေလးေတြကို ေဆာင့္ေအာင့္ၿပီး၊ တစ္သွ်ဳးနဲ႔ျပန္သုတ္ရွာတယ္။ “အမွိဳက္ပုံးထဲတစ္ခါထဲပစ္” ဆိုတဲ့ သူ႔ဦးေလးစကားအတုိင္း အခန္းေထာင့္က အမွိဳက္ပုံးထဲထိသြားပစ္ရွာတာ။ သူဆိုးလို႔မရတဲ့လူဆိုအဲ့လို ပါးတာ။ ဒီအရြယ္ေတြက အဲလို…အရိပ္အကဲ နားလည္ပါတယ္။

တစ္ရက္ကေတာ့ သူ႔ဦးထက္ကို ငွက္ေပ်ာသီးလာျပၿပီး “ ဘာနားနား” တဲ့။ “ေပးေပး…ဦးထက္စားမယ္” ဆိုေတာ့ “ေမ့ေမ့ဟာ” တဲ့။ မေကြ်းဘူး။ ျပန္ယူသြားၿပီးသူတစ္ေယာက္ထဲကိုက္စားေနတယ္။ ဒါနဲ႔ ေနာက္တစ္ေခါက္ထပ္သြားၿပီး “သားသားအဲဒါဘာလဲ” ဆိုေတာ့ “ဘာနားနား” ဆိုၿပီး ဦးထက္ဘက္ကို လက္တစ္ဖက္ဆန္႔လို႔ေျပာတယ္။ သူ႔ “ဘာနားနား” ကိုင္ထားတဲ့ေနာက္လက္တစ္ဖက္ကိုေတာ့ ရင္ဘတ္နားကပ္ထားေလရဲ ႔။ လုမွာစိုးလို႔နဲ႔တူပါတယ္။ “ဦးဦးထက္ကို ေကြ်းပါဦး” လို႔ စ ေတာ့၊ “ဗိုက္နာ” ဆိုၿပီး ေကြ်းရမွာစိုးလုိ႔ လစ္ေျပးပါေရာ။ သူဆိုလိုတာက ငွက္ေပ်ာသီးစားရင္ဗိုက္နာလိမ့္မယ္…မစားနဲ႔ေပါ့။ သူ႔အသံေသးေသးေလးနဲ႔ “ေမေမေရ…ေဖေဖေရ” နဲ႔မ်ား တဂ်ီဂ်ီေခၚေနရင္ သူ႔အေမ၊ အေဖေတြမ်ား သေဘာေတြက်၊ ပီတိျဖာေနတဲ့မ်က္ႏွာၾကီးေတြနဲ႔ သြားၾကီးေတြၿဖဲလို႔။ ဖိုးဖိုးၾကီး၊ ဖြားဖြားၾကီး၊ အဖိုး၊ အဖြား၊ ဦးေလး၊ အေဒၚေတြ…တစ္အိမ္လုံးကို ဒီလုိပဲပတ္ၿပီးညာစားေနေလရဲ ႔။

တစ္ရက္ကလဲ လူၾကီးေတြထမင္းစားေနတုန္း သူကဧည့္ခန္းထဲမွာ“အား…ဝါးဝါး” နဲ႔ စူးစူးဝါးဝါးမရပ္မနားေအာ္ေနတယ္။ ဦးထက္က “ဝုန္း” ဆိုေျပးသြားၿပီး မ်က္ေထာင့္နီၾကီးနဲ႔ၾကည့္လိုက္ေတာ့ အသံေလးကို “အ..အ” ဆိုႏွိမ့္ခ်လိုက္ၿပီး မ်က္ႏွာကလဲ ရူးသလို၊ ေပါသလို ေျပာင္ေခ်ာ္ေခ်ာ္လုပ္ၿပီး မ်က္ႏွာခ်ိဳေသြးပါေလေရာ။ ဒင္းက အဲလိုလည္တာ။ ေနာက္ပိုင္းေတာ့…သူ႔အေဒၚေတြေရာ၊ အေမေရာက သူ႔ကိုေျပာလို႔ဆိုလို႔မရရင္ ဦးထက္နဲ႔ေျခာက္ေတာ့တာပါပဲ။

“ သားသား…သားသား…မဆူနဲ႔။ ဦးထက္လာလိမ့္မယ္။”
“ ျငိမ္ျငိမ္ေနေနာ္သားသား…ဦးထက္ကိုေခၚလိုက္မယ္”
ေဟာခုေတာ့ သူ႔အေမ၊ အေဒၚေတြတင္မက၊ သူ႔အေဖပါ ပါလာၿပီ။
“သားသားေရ…ေျပာမရဘူးလား။ ဦးထက္ထြက္လာလိမ့္မယ္ေနာ္”တဲ့။


စာအုပ်ငှားသူတွေ

စာအုပ်ငှားသူတွေ
*************
စာဖတ်တယ်....စာဖတ်ဝါသနာပါတယ်ဆိုတဲ့သူတွေကြားထဲမှာတောင် အမျိုးမျိုးရှိတယ်။ တချို့က ခံစားဖို့ တိတ်တိတ်ဆိတ်ဆိတ်ဖတ်တယ်။ တချို့က သိချင်လို့ဖတ်တယ်။ တချို့ကဖတ်ပြီးမျှဝေတယ်။ တချို့ကဖတ်ပြီး မိမိကိုယ်ကိုမြှင့်တင်တယ်။ တချို့က လူတကာကို ကြွားဖို့ဖတ်တယ်။ တချို့က သူများကို အနိုင်ယူ၊ ငြင်းခုန်ဖို့ဖတ်တယ်။

ကျွန်တော်အရင်က စာတစ်အုပ်ဖတ်လို့ကြိုက်မိရင် အများကြီးဝယ်ပြီး ချစ်တဲ့ခင်တဲ့သူတွေ၊ သူငယ်ချင်းတွေ၊ စာဖတ်ဝါသနာပါတဲ့သူတွေကို လက်ဆောင်ပေးလေ့ရှိတယ်။ နောက်ပိုင်းတော့လဲ ကိုယ်ဖတ်ပြီးကောင်းတဲ့စာတစ်အုပ်ဆိုရင် နောက်တစ်ကြိမ်ဘယ်အချိန်မှပြန်ဖတ်ဖြစ်မယ်မှန်းမသိလို့ ကိုယ့်ဆီမှာတစ်သက်လုံးသိမ်းထားမယ့်အစား ဖတ်မယ့်သူတစ်ယောက်ယောက်ကိုပေးဖြစ်တယ်။

တစ်ခါတုန်းက ဖတ်ချင်တဲ့စာအုပ်တွေရှိလို့ ဝါသနာတူ သူငယ်ချင်းတစ်ယောက်ကို ကိုယ့်မှာရှိတာလေးတွေနဲ့ ခဏလောက်လဲဖတ်ဖို့ပြောတော့ သူသိမ်းထားမယ့်ဟာတွေဖြစ်လို့ဘယ်သူ့မှ မငှားနိုင်ဘူးလို့ဆိုတယ်။ ဖြစ်တတ်ပါတယ်။ ကိုယ်လဲ ကိုယ်ချင်းစာလို့ ငှားဖတ်တဲ့ဟာမျိုးဆို အားစိုက်ပြီးပြန်ပေးတတ်ပါတယ်။ သူ့ကိုပဲ
စာအုပ်တွေက ဈေးကြီးကြောင်း၊ နှမ်းစေ့လောက်လေးထူတဲ့စာအုပ်ကိုတောင် မြန်မာငွေတစ်ထောင်လောက်ပေးရကြောင်း၊ ကိုယ့်မှာ စာအုပ်အများကြီးဝယ်ဖတ်ဖို့သိပ်မတတ်နိုင်ကြောင်း စနောက်ပြီး၊ သူ့စာအုပ်တစ်ချို့နဲ့ ကိုယ့်စာအုပ်တစ်ချို့အလဲအထပ်သဘောမျီုး ခဏငှားဖို့ထပ်ပြောတော့ ကိုယ့်ကိုပြန်ပြောသွားတယ်။
စာအုပ် စာပေတန်ဖိုးဆိုသည်မှာ ထူသည် ပါးသည်နဲ့ ဆုံးဖြတ်လို့မရကြောင်း၊ အကြောင်းအရာနဲ့သာဆိုင်ကြောင်း ဘာညာသာရကာနဲ့ပါ။ သူပြောမှပဲ ကိုယ်ဟာစာပေတန်ဖိုးကို တစ်လုံးမှနားမလည်တဲ့ ငတုံးကြီးလုံးလုံးဖြစ်တော့တယ်။ ပြောမိတဲ့ ကိုယ့်ကိုယ်ကိုပဲ ကြိတ်ဆဲပြီး နောက်စကားမစမိအောင်နေခဲ့ရပါလေရဲ့။ သူများဆီက စာအုပ်တွေငှားဖို့လဲ နည်းနည်းလန့်သွားတယ်။ တော်တော်ချစ်အောင်၊ခင်အောင်ပြောတတ်တဲ့သူပါပဲ။

အမှန်ကတော့ ကျွန်တော်စာအုပ်ငှားတာလူရွေးမှားသွားတာနဲ့တူပါတယ်။
ဘာလို့လဲဆိုတော့ နောက်ရက်နည်းနည်းကြာတော့ ကဗျာတွေ၊ စာတွေရေးတဲ့၊ စာနဲ့ပက်သက်ရင်ကိုယ့်ကိုအပြုသဘောအမြဲ ဝေဖန်အကြံပြုပေးတတ်တဲ့ နောက်ထပ်သူငယ်ချင်းတစ်ယောက်က အိမ်တိုင်ရာရောက်ပေါက်ချလာပြီး “မင်းဖတ်ချင်မယ်ထင်တဲ့စာအုပ်တွေ ငါယူလာတယ်။ အေးအေးဆေးဆေးဖတ်ပြီးမှပြန်ပေး" ဆိုပြီး စာအုပ်ကြီးသုံးအုပ်ထိုးပေးတော့ သိပ်ကျေးဇူးတင်မိတယ်။ အိပ်ရာက နိုးလာတော့ စာအုပ်ကြီးတွေကိုမြင်တော့လဲ သိပ်ကျေနပ်မိတယ်။ တခါတလေ လူတစ်ယောက် သူတပါးအပေါ်အမှုမဲ့ အမှတ်မဲ့လုပ်ပေးလိုက်တဲ့ ကိစ္စလေးတွေက တစ်ဖက်သားကိုတော့ တော်တော်စိတ်ချမ်းသာစေတတ်တာကလား။

စာအုပ်မငှားပဲခပ်ရင့်ရင့်ပြောလွှတ်လိုက်တဲ့သူငယ်ချင်းကပေးတဲ့စိတ်ဒဏ်ရာ သိပ်မနက်ခင်မှာပဲ၊ ငွေကုန်ကြေးကျစရာမလိုပဲ စေတနာနဲ့စာအုပ်တွေလာပေးသွားတဲ့သူငယ်ချင်းကြောင့် ကျွန်တော့မှာနွေးနွေးထွေးထွေးခံစားခဲ့ရသလို၊ ပျော်လဲပျော်ရွှင်ခဲ့ရတယ်။ လောကကြီးကို အကောင်းမြင်စိတ်တွေလည်း ဆက်ပြီးရှင်သန်ခဲ့ရတယ်။ "တို့ ဒုက္ခတွေက ကမ္ဘာကြီးမှာဖြစ်နေတဲ့ဒုက္ခတွေနဲ့ယှဥ်ရင် လိပ်ပြာတောင်ပံခတ်သလောက်တောင်မရှိဘူး" လို့ပြောတတ်တဲ့ သူငယ်ချင်းစကားအတိုင်းပါပဲ။ ဒါလေးက ဘာမှတော့မဟုတ်ပါဘူး။ ဒါပေမယ့်လဲ မေတ္တာတရားတို့၊ စိတ်ကျန်းမာရေးတို့ကလဲ လူတစ်ယောက်ရဲ့ဖြစ်တည်မှုအတွက်အရေးကြီးတယ်မဟုတ်လား။

================================================================

စာအုပ္ငွားသူေတြ
*************
စာဖတ္တယ္....စာဖတ္ဝါသနာပါတယ္ဆိုတဲ့သူေတြၾကားထဲမွာေတာင္ အမ်ိဳးမ်ိဳးရွိတယ္။ တခ်ိဳ႕က ခံစားဖို႔ တိတ္တိတ္ဆိတ္ဆိတ္ဖတ္တယ္။ တခ်ိဳ႕က သိခ်င္လို႔ဖတ္တယ္။ တခ်ိဳ႕ကဖတ္ၿပီးမွ်ေဝတယ္။ တခ်ိဳ႕ကဖတ္ၿပီး မိမိကိုယ္ကိုျမႇင့္တင္တယ္။ တခ်ိဳ႕က လူတကာကို ႂကြားဖို႔ဖတ္တယ္။ တခ်ိဳ႕က သူမ်ားကို အႏိုင္ယူ၊ ျငင္းခုန္ဖို႔ဖတ္တယ္။

ကြၽန္ေတာ္အရင္က စာတစ္အုပ္ဖတ္လို႔ႀကိဳက္မိရင္ အမ်ားႀကီးဝယ္ၿပီး ခ်စ္တဲ့ခင္တဲ့သူေတြ၊ သူငယ္ခ်င္းေတြ၊ စာဖတ္ဝါသနာပါတဲ့သူေတြကို လက္ေဆာင္ေပးေလ့ရွိတယ္။ ေနာက္ပိုင္းေတာ့လဲ ကိုယ္ဖတ္ၿပီးေကာင္းတဲ့စာတစ္အုပ္ဆိုရင္ ေနာက္တစ္ႀကိမ္ဘယ္အခ်ိန္မွျပန္ဖတ္ျဖစ္မယ္မွန္းမသိလို႔ ကိုယ့္ဆီမွာတစ္သက္လုံးသိမ္းထားမယ့္အစား ဖတ္မယ့္သူတစ္ေယာက္ေယာက္ကိုေပးျဖစ္တယ္။

တစ္ခါတုန္းက ဖတ္ခ်င္တဲ့စာအုပ္ေတြရွိလို႔ ဝါသနာတူ သူငယ္ခ်င္းတစ္ေယာက္ကို ကိုယ့္မွာရွိတာေလးေတြနဲ႔ ခဏေလာက္လဲဖတ္ဖို႔ေျပာေတာ့ သူသိမ္းထားမယ့္ဟာေတြျဖစ္လို႔ဘယ္သူ႔မွ မငွားႏိုင္ဘူးလို႔ဆိုတယ္။ ျဖစ္တတ္ပါတယ္။ ကိုယ္လဲ ကိုယ္ခ်င္းစာလို႔ ငွားဖတ္တဲ့ဟာမ်ိဳးဆို အားစိုက္ၿပီးျပန္ေပးတတ္ပါတယ္။ သူ႔ကိုပဲ
စာအုပ္ေတြက ေဈးႀကီးေၾကာင္း၊ ႏွမ္းေစ့ေလာက္ေလးထူတဲ့စာအုပ္ကိုေတာင္ ျမန္မာေငြတစ္ေထာင္ေလာက္ေပးရေၾကာင္း၊ ကိုယ့္မွာ စာအုပ္အမ်ားႀကီးဝယ္ဖတ္ဖို႔သိပ္မတတ္ႏိုင္ေၾကာင္း စေနာက္ၿပီး၊ သူ႔စာအုပ္တစ္ခ်ိဳ႕နဲ႔ ကိုယ့္စာအုပ္တစ္ခ်ိဳ႕အလဲအထပ္သေဘာမ်ီဳး ခဏငွားဖို႔ထပ္ေျပာေတာ့ ကိုယ့္ကိုျပန္ေျပာသြားတယ္။
စာအုပ္ စာေပတန္ဖိုးဆိုသည္မွာ ထူသည္ ပါးသည္နဲ႔ ဆုံးျဖတ္လို႔မရေၾကာင္း၊ အေၾကာင္းအရာနဲ႔သာဆိုင္ေၾကာင္း ဘာညာသာရကာနဲ႔ပါ။ သူေျပာမွပဲ ကိုယ္ဟာစာေပတန္ဖိုးကို တစ္လုံးမွနားမလည္တဲ့ ငတုံးႀကီးလုံးလုံးျဖစ္ေတာ့တယ္။ ေျပာမိတဲ့ ကိုယ့္ကိုယ္ကိုပဲ ႀကိတ္ဆဲၿပီး ေနာက္စကားမစမိေအာင္ေနခဲ့ရပါေလရဲ႕။ သူမ်ားဆီက စာအုပ္ေတြငွားဖို႔လဲ နည္းနည္းလန႔္သြားတယ္။ ေတာ္ေတာ္ခ်စ္ေအာင္၊ခင္ေအာင္ေျပာတတ္တဲ့သူပါပဲ။

အမွန္ကေတာ့ ကြၽန္ေတာ္စာအုပ္ငွားတာလူေ႐ြးမွားသြားတာနဲ႔တူပါတယ္။
ဘာလို႔လဲဆိုေတာ့ ေနာက္ရက္နည္းနည္းၾကာေတာ့ ကဗ်ာေတြ၊ စာေတြေရးတဲ့၊ စာနဲ႔ပက္သက္ရင္ကိုယ့္ကိုအျပဳသေဘာအၿမဲ ေဝဖန္အႀကံျပဳေပးတတ္တဲ့ ေနာက္ထပ္သူငယ္ခ်င္းတစ္ေယာက္က အိမ္တိုင္ရာေရာက္ေပါက္ခ်လာၿပီး “မင္းဖတ္ခ်င္မယ္ထင္တဲ့စာအုပ္ေတြ ငါယူလာတယ္။ ေအးေအးေဆးေဆးဖတ္ၿပီးမွျပန္ေပး" ဆိုၿပီး စာအုပ္ႀကီးသုံးအုပ္ထိုးေပးေတာ့ သိပ္ေက်းဇူးတင္မိတယ္။ အိပ္ရာက ႏိုးလာေတာ့ စာအုပ္ႀကီးေတြကိုျမင္ေတာ့လဲ သိပ္ေက်နပ္မိတယ္။ တခါတေလ လူတစ္ေယာက္ သူတပါးအေပၚအမႈမဲ့ အမွတ္မဲ့လုပ္ေပးလိုက္တဲ့ ကိစၥေလးေတြက တစ္ဖက္သားကိုေတာ့ ေတာ္ေတာ္စိတ္ခ်မ္းသာေစတတ္တာကလား။

စာအုပ္မငွားပဲခပ္ရင့္ရင့္ေျပာလႊတ္လိုက္တဲ့သူငယ္ခ်င္းကေပးတဲ့စိတ္ဒဏ္ရာ သိပ္မနက္ခင္မွာပဲ၊ ေငြကုန္ေၾကးက်စရာမလိုပဲ ေစတနာနဲ႔စာအုပ္ေတြလာေပးသြားတဲ့သူငယ္ခ်င္းေၾကာင့္ ကြၽန္ေတာ့မွာေႏြးေႏြးေထြးေထြးခံစားခဲ့ရသလို၊ ေပ်ာ္လဲေပ်ာ္႐ႊင္ခဲ့ရတယ္။ ေလာကႀကီးကို အေကာင္းျမင္စိတ္ေတြလည္း ဆက္ၿပီးရွင္သန္ခဲ့ရတယ္။ "တို႔ ဒုကၡေတြက ကမာၻႀကီးမွာျဖစ္ေနတဲ့ဒုကၡေတြနဲ႔ယွဥ္ရင္ လိပ္ျပာေတာင္ပံခတ္သေလာက္ေတာင္မရွိဘူး" လို႔ေျပာတတ္တဲ့ သူငယ္ခ်င္းစကားအတိုင္းပါပဲ။ ဒါေလးက ဘာမွေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္လဲ ေမတၱာတရားတို႔၊ စိတ္က်န္းမာေရးတို႔ကလဲ လူတစ္ေယာက္ရဲ႕ျဖစ္တည္မႈအတြက္အေရးႀကီးတယ္မဟုတ္လား။



Friday, April 21, 2017

ဗိုက်ကင်းတို့ရဲ့ မြို့ငယ်လေး “ထရွန်ဆို” ရဲ့ နှစ်သစ်ကူးကာလ

ဗိုက်ကင်းတို့ရဲ့ မြို့ငယ်လေး “ထရွန်ဆို” ရဲ့ နှစ်သစ်ကူးကာလ
***********************************************
မြန်မာတို့ရဲ့နှစ်သစ်ကူးကာလက ဧပြီလဖြစ်ပြီး၊ နော်ဝေလူမျိုးတို့ကတော့ ဒီဇင်ဘာလမှာ နှစ်သစ်ကူးပွဲကျင်းပကြတယ်။ ရန်ကုန်မြို့ရဲ့ မြန်မာသင်္ကြန်ကာလနဲ့ ထရွန်ဆို(Tromso) မြို့လေးရဲ့ ခရစ္စမတ်နေ့ဟာ အလားသဏ္ဍာန်ဆင်တယ်။ ဘာတွေဆင်တာလဲဆိုတော့ နှစ်သစ်ကူးမရောက်ခင်ဆင်နွှဲကြတဲ့ နောက်ဆုံးပွဲဖြစ်တာတွေ၊ ရှိသမျှ ရုံး၊ ဆိုင်တွေအားလုံးပိတ်တာတွေ၊ လူတွေအားလုံးအလုပ်ကအနားယူကြတာတွေ၊ ညဘက်တွေမှာတိတ်ဆိတ်ခြောက်ကပ်နေကြတာတွေ စတာတွေဆင်တာ။ မြန်မာ့သင်္ကြန်ကာလမှာ ညဘက် ၈ နာရီလောက်ဆိုလမ်းတွေပေါ်မှာကားတွေရှင်းနေသလိုမျိုး၊ ထရွန်ဆိုမြို့လေးမှာလဲ ညနေပိုင်းလောက်ကစပြီး တစ်မြို့လုံးလူသွားလူလာမရှိပဲ တိတ်ဆိတ်ခြောက်ကပ်လို့။ သင်္ကြန်ကာလမှာ ရန်ကုန်မြို့ဆိုင်တွေအများစုပိတ်သလိုမျိုး၊ ထရွန်ဆိုမြို့လေးမှာလဲ ဘာဆိုင်မှမဖွင့်ဘူး။ ယုတ်စွအဆုံး နိုင်ငံတော်တော်များများမှာ ၂၄ နာရီဖွင့်ထားတတ်တဲ့ ဆဲဗင်း၊အလဲဗင်း လိုစတိုးဆိုင်မျိုးတောင် ခရစ္စမတ်နေ့ဆို ထရွန်ဆိုမြို့မှာမဖွင့်ဘူး။ ပြောရမယ်ဆို ခရစ္စမတ်အကြိုနေ့ညနေကတည်းက ဆိုင်အားလုံးက ပိတ်ထားကြပြီ။ နှစ်အသစ်တစ်ခုကိုရောက်တော့မယ်အချိန်ဖြစ်လို့ ရန်ကုန်နဲ့ ထရွန်ဆို နှစ်မြို့လုံးကလူတွေ စိတ်လှုပ်ရှားနေကြတာချင်းကလဲတူတယ်။ တူတာတွေရှိသလို၊ ဆန့်ကျင်ဖက်လို့ဆိုရမတတ် မတူခြားနားတာတစ်ခုလဲရှိတယ်။ နေ့အချိန်မှာစည်ကားလှတဲ့ရန်ကုန်မြို့လေးရဲ့ အတာပွဲတော်ရက်အတွင်းမှာ အပူတွေငြိမ်းဖို့ သင်္ကြန်မိုးရွာချပေမယ့် အေးစိမ့်စိမ့်နဲ့ တစ်နေ့လုံးခြောက်ကပ်တိတ်ဆိတ်နေတဲ့ ထရွန်ဆိုမြို့လေးရဲ့ ခရစ္စမတ်ကာလမှာတော့ အအေးလျော့သွားစေဖို့ နှင်းမိုးတွေရွာချလေ့ရှိတာ။ နှင်းကျပြီးသွားရင် အအေးဓါတ်သိသိသာသာလျော့သွားတယ်လို့ ဒေသခံတွေကဆိုကြတယ်။

“ထရွန်ဆို” ဆိုတာက နော်ဝေနိုင်ငံရဲ့ဟိုးမြောက်ဖျားပိုင်း မြောက်ဝင်ရိုးစွန်းနဲ့ အင်မတန်နီးကပ်တဲ့နေရာမှာရှိတဲ့ မြို့ငယ်လေးတစ်မြို့။ ကမ္ဘာမှာရှိတဲ့မြို့တွေအားလုံးထဲမှာလဲ ကမ္ဘာမြောက်ဖျားအကျဆုံးမြို့ပေါ့။ထရွန်ဆိုမြို့လေးက ကျွန်းမကြီးတစ်ခုပေါ်မှာ အဓိကရှိတာ၊ အဲဒီကျွန်းကြီးနဲ့ကပ်လျက်ရေပြင်ရဲ့ဟိုဘက်ကကုန်းမြေကိုတော့ တံတားတွေနဲ့ဆက်ထားတယ်။ ၂၀၁၆ခုနှစ် စာရင်းဇယားတွေအရ လူဦးရေ  ငါးသောင်းကျော်လောက်ပဲရှိတဲ့ပင်လယ်ဆိပ်ကမ်းမြို့လေးဖြစ်ပြီး အဓိကအားဖြင့် ငါးဖမ်းလုပ်ငန်း၊ ပင်လယ်ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနဲ့ ဟိုတယ်နဲ့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေကိုလုပ်ကိုင်ကြတယ်။ မြောက်ဝင်ရိုးစွန်းနဲ့နီးလို့ ဆောင်းတွင်းညဘက်တွေမှာ ရာသီဥတုကြည်လင်ရင် အလွန်လှပတဲ့ အစိမ်းရောင်၊ လိမ္မော်ရောင်ဝင်ရိုးစွန်းအလင်းတန်းတွေမြင်ရတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေ အလွန်ကြိုက်ကြပြီး မကြာခဏလာကြတဲ့နေရာတစ်ခုပါပဲ။ ဝင်ရိုးစွန်းအလင်းတန်းတွေကို အင်္ဂလိပ်လို Polar Light ဒါမှမဟုတ် Northern Light လို့လဲခေါ်ကြသေးတယ်။ ပညာရှင်တွေကတော့ မြောက်ဝင်ရိုးစွန်းက အလင်းတန်းကို Aurora Borealis လို့ခေါ်ပြီး တောင်ဝင်ရိုးစွန်းကအလင်းတန်းကို Aurora Austrails လို့ခေါ်ကြတယ်။ အလွယ်ကတော့ အော်ရိုးရား (Aurora) ပဲပေါ့။

          တစ်ခုသော ခရစ္စမတ်နေ့မတိုင်ခင်တစ်ရက်မှာ မောင်ဇိနဲ့ အပေါင်းအသင်းတွေ ထရွန်ဆိုမြို့လေးကိုရောက်နေကြတယ်။ အကြောင်းရင်းကတော့ လူတော်တော်များများရဲ့ စိတ်ကူးယဉ်အိပ်မက်ဖြစ်တဲ့ နာမည်ကြီး ဝင်ရိုးစွန်းအလင်းတန်းတွေကိုကြည့်ဖို့ ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ ဒီအလင်းတန်းတွေကိုတွေ့ခွင့်ရဖို့ မောင်ဇိတို့အဖွဲ့တွေ တစ်မြို့ပြီးတစ်မြို့လှည့်သွားခဲ့ရတာ။ ဆွီဒင်နိုင်ငံမြောက်ဖျားပိုင်း ကီရူးနား ဆိုတဲ့မြို့လေး၊ ပြီးတော့ ရထားကြီးစီးလို့ ဆီဒင်နိုင်ငံထဲကပဲ အာဘစ်စကိုမြို့၊ အဲဒီနောက် ရထားထပ်စီးပြီးနော်ဝေနိုင်ငံက နာဗစ်မြို့၊ နာဗစ်ကတဆင့်မှ အဝေးပြေးကား  ၄ နာရီလောက်စီးပြီး  ဒီ ထရွန်ဆိုမြို့လေးကိုရောက်လာတာ။ ဒီနေ့ကတော့ ခရစ္စမတ်နေ့ဖြစ်လို့ တစ်မြို့လုံးမှာဘာဆိုင်မှာမရှိ၊ ဘယ်စားသောက်ဆိုင်မှလဲ မဖွင့်လို့ မောင်ဇိတို့တစ်သိုက်အရင်နေ့ကကြိုဝယ်ထားတဲ့ အသားညှပ်ပေါင်မုန့်လေးတွေ၊ မုန့်ခြောက်လေးတွေ၊ သစ်သီးလေးတွေနဲ့ပဲ တစ်နေကုန်နှစ်ပါးသွားကြရတယ်။ လူတွေဘယ်လောက်တောင်နားကြလဲဆိုရင် မောင်ဇိတို့တည်းတဲ့ဟိုတယ်ကအစ ဝန်ထမ်းတစ်ယောက်မှမရှိ။ ဧည့်ကြိုကောင်တာက အပြုံးချိုချို၊ အရပ်မြင့်မြင့်နဲ့ သဘောကောင်းတဲ့နော်ဝေလူမျိုးကောင်မလေးက ခရစ္စမတ်မတိုင်ခင်တစ်ညကတည်းက မောင်ဇိတို့ကိုကြိုပြောထားပြီးသား။ လိုတာရှိရင်ကြိုပြောဖို့၊ စားစရာမရှိရင်ဝယ်ထားဖို့၊ ခရစ္စမတ်နေ့ပြန်မယ်ဆိုရင် စာတိုက်ပုံးထဲအခန်းသော့ထည့်သွားပြီးပြန်ဖို့နဲ့ ခရစ္စမတ်နေ့မှာလူတိုင်းအနားယူကြမှာမို့ ဘယ်သူမှမောင်ဇိတို့ကို အဖက်လုပ်ကြတော့မှာမဟုတ်ဘူး ဆိုတဲ့အကြောင်း။ တကယ်လဲ ပြောတဲ့အတိုင်းပါပဲ။ ခရစ္စမတ်နေ့ရောက်တော့ ဟိုတယ်မှာ မောင်ဇိတို့ကလွဲလို့ ခွေးတစ်ကောင်၊ ကြောင်တစ်မြှီးမှမရှိ။ တစ်မြို့လုံးပတ်ကြည့်တော့လဲ လမ်းတွေပေါ်မှာခြောက်ကပ်လို့ အသွားအလာမရှိ။ ဒီလိုနဲ့ တဖြည်းဖြည်းမှောင်လာတော့ ဝင်ရိုးစွန်းအလင်းတန်းတွေကိုသွားကြည့်ဖို့ မောင်ဇိတို့သူငယ်ချင်းတွေ ပြင်ရ၊ဆင်ရတော့တယ်။

ဆောင်းရာသီဖြစ်လို့ ကမ္ဘာ့မြောက်ဖျားပိုင်း ထရွန်ဆိုမြို့လေးမှာ ညနေ ၂ နာရီ၊ ၃ နာရီဆိုမှောင်ပြီ။ ဝင်ရိုးစွန်းအလင်းတန်းတွေကိုကြည့်ဖို့ကတော့ အမှောင်ထုသိပ်သည်းတဲ့အချိန် ည ၈နာရီလောက်မှ အကောင်းဆုံးဆိုလို့ အနွေးထည်အထပ်ထပ်နဲ့ ခေါင်းစွပ်ပါတဲ့နှင်းကာအင်္ကျီကြီးတွေဝတ်ထားတဲ့မောင်ဇိတို့အဖွဲ့ ည ၇ နာရီလောက်မှာ ဟိုတယ်ကပေးထားတဲ့မြေပုံတစ်ချပ်ကိုကိုင်လို့ အပြင်ထွက်ခဲ့ကြတယ်။ အပူချိန်က ရေခဲမှတ်အောက်ရောက်နေပြီး၊ အနှုတ် ၁ ဒီဂရီစင်တီဂရိတ် လောက်ဖြစ်နေလို့ ရာသီဥတုကတော့ အေးလွန်းလှတယ်။ ခေါင်းစွပ်တွေစွပ်၊ လက်အိတ်တွေဝတ်ထားတဲ့ကြားက အေးလွန်းလို့နှာရည်တွေတစ်တောက်တောက်ကျနေတဲ့ မောင်ဇိတစ်ယောက် လက်ဖမိုးနဲ့နှာရည်တွေသုတ်လိုက်၊ မြေပုံကြည့်လိုက်၊ သူငယ်ချင်းတွေနဲ့တိုင်ပင်လိုက်နဲ့ ဝင်ရိုးစွန်းအလင်းတန်းကိုကောင်းကောင်းမြင်ရတယ်လို့ မြေပုံကညွှန်းတဲ့ တောင်ပေါ်ကိုကားလမ်းအတိုင်းတဖြည်းဖြည်းတက်လာခဲ့တယ်။ တောင်တက်ကားလမ်းလမ်းတစ်လျှောက် တောင်စောင်းလေးတွေမှာဆောက်ထားတဲ့ တစ်ထပ်၊ နှစ်ထပ် ချစ်စရာသစ်သားအိမ်လေးတွေက မီးလေးတွေလင်းပြီး တိတ်ဆိတ်ငြိမ်သက်လို့။ လမ်းတစ်လျှောက်လုံးမှာကလဲ သက်ရှိဆိုလို့ ကျယ်လောင်၊ ကျယ်လောင်လုပ်နေတဲ့ မောင်ဇိတို့တစ်အုပ်ပဲရှိတယ်။ မြေပုံမှာပါတဲ့ သင်္ချိုင်းခပ်မှောင်မှောင်ကြီးဘေးကနေ ကြောချမ်းချမ်းနဲ့ဖြတ်ကြချိန်မှာတော့ ဘယ်သူမှအသံမထွက်ရဲကြ။ ဟိုတယ်ကနေ နာရီဝက်ကျော်ကျော်လောက်တောင်ပေါ်ကိုလျှောက်ပြီးချိန်မှ မြေပုံကညွှန်းတဲ့သစ်တောအုပ်လေးကိုရောက်လာကြတယ်။ သစ်တောအုပ်ထဲမှာ အလင်းရောင်အားနည်းပေမယ့် လူသွားလမ်းလေးကိုမြင်နေရလို့ လမ်းမကြီးပေါ်ကနေဆင်းပြီး လမ်းမီးတိုင်တွေအောက်ကနေဖြတ်လျှောက်ခဲ့ကြတယ်။ တစ်နေရာရောက်၊ လမ်းခွဲလေးတွေတွေ့လို့ မီးမရှိတဲ့လမ်းတွေကိုသွားမှာဆိုဖုန်းဓါတ်မီးလေးတွေနဲ့မီးထိုးလို့ပေါ့။ ကောင်းကင်ကို မကြာ၊ မကြာကြည့်ပြီးလျှောက်လာကြပေမယ့် အစိမ်းရောင်အလင်းတန်းတွေရဲ့ အရိပ်အယောင်ကိုမတွေ့ရ။ တစ်ချိန်မှာတော့ ခပ်ပါးပါး စိမ်းဖန့်ဖန့်အလင်းတန်းလေးတွေပေါ်လာလို့ ဝမ်းသာအားရအော်ဟစ်ကြပြီး ဓါတ်ပုံရိုက်ဖို့ပြင်ဆင်နေတုန်းမှာပဲ အလင်းတန်းလေးတွေက ပြန်ပျောက်သွားပါလေရော။ ဖုန်းကင်မရာတွေက ဒီနေရာမှာ အားမကိုးရ။ အဝေးကကြယ်တွေ အလင်းတန်းတွေကိုရိုက်ရင် ဖုန်းမှာက ကောင်းကင်အနက်ရောင်ကြီးကလွဲလို့ ဘာမှမပေါ်။ ဆွီဒင်နိုင်ငံမှာတုန်းက တစ်ခါကြုံခဲ့ပြီးဖြစ်တာမို့ ဒီတစ်ခါတော့မောင်ဇိတစ်ယောက် DSLR ကင်မရာတစ်လုံးအသင့်ဝယ်ထားပြီးပြီ။ ပုံဆွဲတာ၊ ဓါတ်ပုံရိုက်တာဝါသနာပါတဲ့မောင်ဇိ ကင်မရာတစ်လုံးဝယ်ချင်နေခဲ့တာကြာပြီဆိုပေမယ့် အကြောင်းကြောင်းကြောင့်မဝယ်ဖြစ်ခဲ့။ ကြုံတောင့် ကြုံခဲဝင်ရိုးစွန်းအလင်းတန်းကိုမြင်ရတော့မယ်ဆိုတော့ ကင်မရာဝယ်ဖို့အချိန်တန်ပြီလို့ဆုံးဖြတ်၊ မောင်ဇိသူငယ်ချင်းတစ်ယောက်ကို ကင်မရာရရင်ဓါတ်ပုံရိုက်ပေးမယ်လို့ စည်းရုံးပြီးအဖော်ခေါ်လို့ ထရွန်ဆိုကျွန်းတစ်ခုလုံးပတ်ရှာပြီး ကင်မရာလေးတစ်လုံးဝယ်ခဲ့ရတာ။ ထရွန်ဆို တစ်မြို့လုံးမှာကလဲ ကျွန်းရဲ့ဟိုဘက်ထိပ်မှာရှိတဲ့ ဈေးဝယ်စင်တာကြီးတစ်ခုကလွဲလို့ ဘယ်မှာမှလိုချင်တဲ့ကင်မရာမျိုးရှာမရခဲ့။ ထရွန်ဆိုမြို့ကအရမ်းကြီးတဲ့မြို့တစ်မြို့လဲ မဟုတ်ဘူးမဟုတ်လား။ ဘာပဲပြောပြော ကင်မရာတစ်လုံးရခဲ့ပြီဆိုတော့ မောင်ဇိတို့တစ်ဖွဲ့လုံးတက်ကြွနေကြတာတော့အမှန်ပဲ။ ကောင်းကင်ကအလင်းတန်းလေးတွေ ပျောက်သွားပေမယ့် တောအုပ်ထဲမှာနေရာကောင်းကောင်းရှာပြီး နောက်တစ်ခေါက်ပေါ်လာရင် ဓါတ်ပုံရိုက်ဖို့အသင့်ပြင်လို့စောင့်ကြမယ်လို့ မောင်ဇိတို့ဆုံးဖြတ်ဖြစ်ကြတယ်။

တောအုပ်ထဲကလမ်းမွှာလေးတစ်ခုအတိုင်းဆက်လျှောက်လာတော့ တစ်ဖျတ်ဖျတ်နဲ့ပြေးလာတဲ့ခြေသံတွေနဲ့အတူ အမှောင်ထဲကနေမဲမဲပုပုအရာတစ်ခုနဲ့ မဲမဲမြင့်မြင့်အရာတစ်ခု မောင်ဇိတို့ရှိရာကို လမ်းအတိုင်းခပ်မြန်မြန်ရွေ့လာတာတွေ့ကြရပါလေရော။ အားလုံးလဲ ဘယ်ပြေးရမှန်းမသိဖြစ်ကုန်လို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြပြီး အချင်းချင်းမသိမသာပူးကပ်ကုန်ကြတယ်ဆိုပါတော့။ တော်ပါသေးတယ်။ ကပ်လာတာက ခွေးတစ်ကောင်နဲ့ လူတစ်ယောက်။ ညဘက်ကြီး ဒီလောက်အေးနေတဲ့အချိန်မှာလဲ ပန်းခြံ၊တောအုပ်ထဲလျှောက်ပြေးနေတဲ့လူတွေကရှိသေးတယ်။ အံ့သြတာပဲ။ လမ်းဖယ်ပေးပြီး ဆက်လျှောက်လာကြတော့ သစ်ပင်တွေရဲ့အလယ်မှာက ကွင်းပြင်ကြီးတစ်ခု။ ရှုခင်းလဲကောင်း၊ ကောင်းကင်ကိုဓါတ်ပုံရိုက်ရင် သစ်ပင်တွေနဲ့လဲလွတ်မှာမို့ ကွင်းပြင်ထဲကိုပြေးသွားမလို့လုပ်ပြီးမှ အမှောင်ထဲမှာသေသေချာချာလေ့လာကြည့်လိုက်တော့ နှင်းမှုန်တွေအောက်၊ အပေါ်ယံမျက်နှာပြင်မှာ ရေတွေခဲနေတဲ့ရေကန်ကြီးဖြစ်နေပါရောလား။ ည မှောင်မှောင်မှာ ဘယ်လောက်ထူမှန်းမသိတဲ့ရေခဲပြင်ပေါ်ကိုတော့ မတက်ရဲ။ ရေခဲကျွံပြီးရေထဲကျလို့ကတော့ အေးတာနဲ့ပဲ သွေးခဲပြီးသေမှာ။ ရေကန်ဘေးမှာ ဓါတ်ပုံရိုက်မယ်ဆိုပြီး မောင်ဇိရဲ့ကင်မရာထောက်တိုင်လေးကိုထုတ်၊ ကင်မရာတပ်ဖို့ ထောက်တိုင်ခေါင်းလေးကိုလဲဆွဲခွာလိုက်ရော၊ အေးခဲလွန်းလို့ ကြွတ်ဆတ်နေတဲ့ ပလတ်စတစ်ကင်မရာထောက်တိုင်ခေါင်းလေးက “ဂျွတ်” ဆိုကျိုးသွားရှာလေရဲ့။ မောင်ဇိကလဲ ခပ်ညံ့ညံ့ထောက်တိုင်အမျိုးအစားကို ဝယ်လာမိသကိုး။ တော်သေးတယ် ကင်မရာကတော့ အအေးဒဏ်ခံနိုင်တဲ့အမျိုးအစားပေမို့။ မောင်ဇိတစ်ယောက်ကင်မရာတစ်လုံးနဲ့အလုပ်ရှုပ်နေတုန်းမှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် စကားတပြောပြောနဲ့ လမ်းတစ်လျှောက်ခပ်မှန်မှန်ပြေးလာတာတွေ့ရသေးတယ်။ ခုနကတစ်ခါကြုံဖူးပြီးပြီဆိုတော့ မောင်ဇိတို့က မကြောက်တော့ပေါင်။ နော်ဝေစကားနဲ့ “ဟေး…ဟေး” လို့တောင်နှုတ်ဆက်လိုက်သေး။ အင်္ဂလိပ်လိုဆို “ ဟိုင်း” ပေါ့။ မကြာခင်မှာပဲ မောင်ဇိတို့စောင့်မျှော်နေတဲ့ ဝင်ရိုးစွန်းအလင်းတန်းတွေပေါ်လာလို့ မောင်ဇိတို့တစ်အုပ်လုံးပျော်ရွှင်သွားကြရတယ်။ ဒီတစ်ကြိမ်မှာတော့ အလင်းတန်းတွေက ပီပီပြင်ပြင်နဲ့၊ ကောင်းကင်ပေါ်မှာ အရောင်လွင်လွင် အလံအကြီးကြီးကို ကန့်လန့်ဖြတ်လွှင့်ထားသလိုမျိုး ၊ အရောင်တောက်တောက်နဂါးကြီးတွေ မြူးတူးနေကြသလိုမျိုး၊ အစိမ်းရောင်သန်းလိုက် အဖျားအနားလေးတွေမှာ လိမ္မော်ရင့်ရောင်၊ ပန်းရောင်သန်းလိုက်နဲ့ လွင့်လွင့်လူးလူး ကခုန်လို့ပေါ့။ ဝင်ရိုးစွန်းအလင်းတန်းတွေကိုကြည့်ရတာ ခေါင်းပေါ်ကိုဖြတ်သွားတဲ့တိမ်တွေကိုကြည့်နေရသလိုမျိုး လူနဲ့နီးနီးလေးလို့ ခံစားရတယ်။ ထောက်တိုင်မရှိလို့ အမှောင်ထဲမှာ လက်တုန်တုန်နဲ့ရိုက်ထားတဲ့မောင်ဇိရဲ့ ဝင်ရိုးစွန်းအလင်းတန်းပုံတွေက ခပ်ဝါးဝါး။ ၁၅ မိနစ်လောက်ကြာတော့ အလင်းတန်းတွေက ပြန်ပြီပျောက်သွားပြန်တယ်။ ဒါပေမယ့် မောင်ဇိတို့တွေ ကျေနပ်အားရကြပါတယ်။ ဝင်ရိုးစွန်းအလင်းတန်းတွေကို တစ်ဝကြီးတွေ့ခွင့်ရလိုက်ကြတယ်မဟုတ်လား။

မောင်ဇိတို့က ဝင်ရိုးစွန်းအလင်းတန်းတွေကိုကြည့်ဖို့ခရီးမထွက်ခင်ကတည်းက အဲဒီဟာတွေအကြောင်း စိတ်ဝင်စားလွန်းလို့ ရှာဖတ်ထားပြီးသား။ ဝင်ရိုးစွန်းအလင်းတန်းတွေဆိုတာကဘာလဲ၊ ဘယ်လိုဖြစ်လာတာလဲဆိုတာမျိုးပေါ့။ နေကထုတ်လွှတ်လိုက်တဲ့ လျှပ်စစ်ဓါတ်ပါတဲ့အမှုန်လေးတွေကမ္ဘာ့လေထုထဲကိုဝင်လာရာကနေ ကမ္ဘာပေါ်က အောက်ဆီဂျင်၊ နိုက်ထရိုဂျင်စတဲ့ဓါတ်ငွေ့မှုန်လေးတွေ နဲ့ တိုက်ခိုက်မိရာကထွက်လာတဲ့ရောင်စဉ်တွေကို ဝင်ရိုးစွန်းအလင်းတန်းတွေလို့ ခေါ်တယ်လို့ သိပ္ပံပညာရှင်တွေက ရှင်းပြကြတယ်။ သံလိုက်စက်ကွင်းအားပြင်းတဲ့ မြောက်ဝင်ရိုးစွန်းနဲ့၊ တောင်ဝင်ရိုးစွန်းဒေသတွေမှာ ဖြစ်တတ်တယ်ဆိုပါတော့။ တစ်ချိန်ထဲမှာပဲ နိုင်ငံအသီးသီး၊ လူမျိုးအသသမှာလဲ ဝင်ရိုစွန်းအလင်းတန်းနဲ့ပက်သက်လို့ ဒဏ္ဍာရီကိုယ်စီဆိုသလိုရှိကြသေးတယ်။ ရောမဒဏ္ဍာရီမှာ အော်ရိုးရား(Aurora) ဆိုတာက အရုဏ်ဦးနတ်သမီးရဲ့နာမည်။ မြောက်အမေရိကနဲ့ ဥရောပမြောက်ပိုင်းကလူမျိုးတစ်ချို့က ဝင်ရိုးစွန်းအလင်းတန်းတွေဟာ မီးတုတ်တွေ၊ မီးပုံပွဲတွေကနေကောင်းကင်ကိုရောင်ပြန်ဟပ်တာလို့ယူဆကြပြီး ကမ္ဘာ့မြောက်ပိုင်းမှာနေတဲ့တခြားလူမျိုးတွေကတော့ သူတို့လူမျိုးကွယ်လွန်သူတွေရဲ့ဝိညာဉ်တွေကိုမြင်ရတာလို့ယုံကြည်ကြတယ်။ ဘယ်လိုပဲဆိုဆိုပါ၊ ဝင်ရိုးစွန်းအလင်းတန်းတွေဟာ အံ့ချီးဖွယ်ကောင်းလောက်အောင်လှပပြီး စိတ်ကိုရွှင်လန်းဝမ်းမြောက်စေတယ်ဆိုတာတော့သေချာတယ်။

ပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လာတဲ့ မောင်ဇိတို့အဖွဲ့ကို ဝင်ရိုးစွန်းအလင်းတန်းတွေနဲ့နှုတ်ဆက်လမ်းခွဲပြီး ကမ္ဘာမြေပေါ်ကိုခုန်ချလာတဲ့ နှင်းတွေတဖွဲဖွဲက ကောင်းချီးပေးပါတယ်။ နှင်းတွေတဖွဲဖွဲကနေ နှင်းတွေဒလဟောဖြစ်လာလို့ ဟိုတယ်ရောက်ခါနီးမှ သုတ်ခြေတင်ပြီးပြေးကြရပြန်တယ်။ ဟိုတယ်ရောက်ပြီးတဲ့နောက် တစ်ညလုံးနှင်းမိုးတွေသည်းနေလိုက်တာ ဒါမျိုးတစ်ခါမှမမြင်ဖူးတဲ့မောင်ဇိတို့အတွက်ကတော့ ကြည့်မဝပါပဲ။ မနက်လင်းတော့ လမ်းတွေထဲမှာနှင်းတွေနဲ့ပြည့်နေပြီး၊ လမ်းဘေးတွေမှာဆိုနှင်းတွေကိုမရှင်းထားလို့ နင်းလိုက်ရင်ခြေချင်းဝတ်ထိနစ်နစ်ဝင်သွားတာ စိတ်လှုပ်ရှားစရာကောင်းလွန်းလှပေါ့။ တစ်ချို့နေရာတွေမှာတော့နှင်းတွေကိုပုံထားတာ လူတစ်ရပ်နီးပါး။ ကားလမ်းပေါ်မှာတော့ ကားသွားလို့ရအောင်နှင်းရှင်းတဲ့ကားတွေနဲ့ရှင်းပေးထားလို့ တော်ပါသေး။

ခရစ္စမတ်ပြီးနောက်တစ်ရက်မှာတော့ ဝင်ရိုးစွန်းပြတိုက် (Polar Museum) ကို သွားကြည့်ဖြစ်ကြတယ်။ အရင်ရက်တွေကမောင်ဇိတို့ရောက်ခဲ့ဖူးတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို သတင်းအချက်အလက်တွေပေးနေတဲ့  Information ကိုကိုယ်စားပြုတဲ့ (i) တံဆိပ်အလံလေးတလူလူနဲ့ မြို့လယ်ကနှစ်ထပ်သစ်သားရုံးအဖြူလေးထဲကိုဝင်၊ ဖော်ရွေတဲ့ ဝန်ထမ်းအမျိုးသမီးကြီးတွေဆီကနေ အလကားဝေတဲ့မြေပုံကိုထပ်တောင်း၊ သိချင်ရာတွေမေးပြီး ပိုလာပြတိုက်ရှိရာကို ခြေလျင်ချီတက်ခဲ့ကြတယ်။ မြို့လေးကသေးတာကတစ်ကြောင်း၊ အဓိကဆွဲဆောင်ရာတွေရော၊ ဆိုင်တွေတော်တော်များများကရော တည်းတဲ့ဟိုတယ်နဲ့နီးတာကတစ်ကြောင်း၊ မြို့အလှကိုသေသေချာချာခံစားချင်တာကလဲတစ်ကြောင်းကြောင့် မောင်ဇိတို့အဖွဲ့တွေလမ်းပဲလျှောက်ဖြစ်ကြတာများတယ်။ ဘတ်စ်ကားခလဲသက်သာ၊ လမ်းမှာဝင်ချင်ရာတွေ့ရင်လဲဝင်ကြည့်ကြနဲ့ တစ်ချက်ခုတ်၊ ဆယ်ချက်လောက်ပြတ်ပေါ့။ ဥပမာပြောရရင် ဝင်ရိုးစွန်းပြတိုက်ကိုသွားရင်းဆိပ်ကမ်းမှာကပ်ထားတဲ့ပင်လယ်ကူးသင်္ဘောကြီးကို သွားငေးကြတာမျိုး၊ လမ်းမှာနှင်းတွေလုံးပြီး တစ်ယောက်နဲ့တစ်ယောက် ပစ်ပေါက်ကြတာမျိုး၊ တွေ့တဲ့နှင်းပုံကြီးထဲကို ဒိုင်ပင်ပစ်ဝင်ကြတာမျိုး၊ အဲလိုမျိုးလေးတွေက ခြေလျင်လျှောက်မှခံစားရတာမျိုးတွေမဟုတ်လား။

ဝင်ရိုးစွန်းပြတိုက်ကလဲ မြို့ထဲကတခြားအဆောက်အဦးတော်တော်များများလိုပဲ ထပ်ခိုးပါတဲ့နှစ်ထပ်သစ်သားအိမ်ကြီးတစ်ခုကို အဆောင်ဆောင်အခန်းခန်းနဲ့ဖွဲ့စည်းထားတာ။ အထဲမှာကတော့ အရိုးကွဲမတတ်အအေးဒဏ်ကို အံတုဖို့ထူထဲလှတဲ့သားမွေးအင်္ကျီပွကြီးတွေဝတ်ထားတဲ့ ရှေးလူကြီးတွေရဲ့အရုပ်တွေ၊ ပုံတွေ၊ အညွှန်းစာတွေ၊ သားရေနဲ့ကျတ်ထားတဲ့ တစ်ယောက်စီးလောင်းလှေရှည်လေးတွေ၊ ရှေးကသုံးခဲ့တဲ့ရေခဲခွဲကိရိယာတွေနဲ့ အမဲလိုက်ကိရိယာတွေ၊ လှေ၊ သင်္ဘောပုံစံငယ်တွေ၊ သေနတ်တွေစသည်ဖြင့်စုံလင်အောင်ပြထားတယ်။ အစစ်နဲ့မခြားအသက်ဝင်အောင် အစာသွတ်ပြီး လှုပ်ရှားသွားလာနေဟန်လုပ်ထားတဲ့ ပိုလာဝက်ဝံဖြူကြီးတွေ၊ အစွယ်ပါတဲ့ဖျံကြီးတွေအပြင် ဦးချိုကားကားနဲ့သမင်ကြီးတွေ၊ လင်းယုံငှက်ကြီးတွေကို ပုံသွင်းထားကလဲ ပညာသားပါလွန်းလှတယ်။ လူတစ်ရပ်ကျော်၊ ရှစ်ပေမကရှည်တဲ့ ပင်လယ်ဖျံကြီးတစ်ကောင်ရဲ့အရိုးစုကိုမြင်မှ ဖျံတစ်ကောင်ဟာဒီလောက်တောင်ကြီးနိုင်ပါလားဆိုပြီး အံ့သြရသေးတယ်။ ဖျံကြီးရဲ့အစွယ်တစ်ချောင်းချင်းကကို တစ်တောင်ကျော်ကျော်လောက်ရှည်တာပါကလား။ ရေခဲပြင်ပေါ်မှာ လှေပေါ်ကဆင်းလာတဲ့ဖျံလိုက်မုဆိုးတွေရဲ့ ဖျံလိုက်လှံတွေနဲ့ ဖျံတွေကိုဖမ်းဆီးပုံပြခန်းကိုမြင်ရတော့ ဖျံကလေးတွေကိုတောင် သနားမိသေးတယ်။ လျှင်လှတယ်ဆိုတဲ့ဖျံတွေလဲ ညဏ်နီ၊ ညဏ်နက်များတဲ့လူသားတွေနဲ့တွေ့တော့ ဘာတတ်နိုင်ကြသေးလဲလို့ သံဝေဂလဲရမိတာပေါ့လေ။ တစ်ချို့ပြခန်းတွေမှာတော့ အာတိတ်သမုဒ္ဒရာထဲမှာစွန့်စားသွားလာခဲ့တဲ့ သင်္ဘောကပ္ပတိန်တွေရဲ့ ရုပ်တုတွေ၊ စွမ်းဆောင်မှုတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုကြည့်ခွင့်ရတယ်။ ကြက်၊ငှက်တိရိစ္ဆာန်အသေကောင်တွေကို အိမ်ရှေ့နံရံမှာချိတ်ဆွဲထားပြီး ခွေးတစ်ကောင်နဲ့အတူ အိမ်ရှေ့မှာထိုင်နေတဲ့ လူတစ်ယောက်ရဲ့တကယ့်အရွယ်အစားလက်ရာမြောက်လှတဲ့ ပုံတူရုပ်တွေနဲ့ပြခန်းကြီးမျိုးကိုလဲ ခမ်းခမ်းနားနား အသေးစိတ်လုပ်ထားသေးတယ်။ နှစ်သစ်ကူးကာလဖြစ်လို့ထင်ပါတယ်၊ ပြတိုက်တစ်ခုလုံးမှာကလဲ မောင်ဇိတို့အဖွဲ့အပြင်လူက လေး၊ငါး၊ ဆယ်ယောက်လောက်ပဲရှိရဲ့။ လူနည်းတော့ ပြတိုက်ကြီးထဲမှာအဆင့်အတန်းမြင့်မြင့်၊ စုံစုံလင်လင်ပြထားတဲ့ ပြခန်းတွေကို အေးအေးဆေးဆေးလေ့လာခွင့်ရလို့ ပိုတောင်ကောင်းသေး။

မောင်ဇိတို့အားလုံးပြတိုက်ထဲကနေထွက်လာတော့ နေ့တာတိုလွန်းလှတဲ့ဆောင်တွင်းကာလဖြစ်လို့ ထရွန်ဆိုမြို့လေးက အမှောင်ထုအောက်တောင်ရောက်နေပြီ။ ငွေရောင်ဖွေးဖွေး အေးစက်စက်နှင်းမှုန်လေးတွေကတော့ မောင်ဇိတို့ခေါင်းပေါ်မှာတဖျောက်ဖျောက်ကျနေတုန်း။ မောင်ဇိနဲ့ သူငယ်ချင်းတွေလဲ နှင်းတွေထဲကို တစွပ်စွပ်နင်းလို့ တည်းခိုရာဟိုတယ်ကိုပြန်ခဲ့ကြတယ်။ ထရွန်ဆိုမြို့လေးကလဲ နှင်းတွေထဲမှာအေးချမ်းတိတ်ဆိတ်လို့ တည်တည်ငြိမ်ငြိမ်လှလှပပပဲပေါ့။ မောင်ဇိကတော့ မြန်မာနှစ်ကူး၊ တရုတ်နှစ်ကူး၊ အင်္ဂလိပ်နှစ်ကူး မျိုးစုံ ကိုနိုင်ငံအမျိုးမျိုးမှာကျင်းပကြပုံချင်းမတူကြတာတွေရှိသလို၊ ဆင်တူကြတာတွေရှိတာကိုလဲတွေး၊ ဝင်ရိုးစွန်းအလင်းတန်းရဲ့လှပပုံကိုလဲတွေး၊ တခြားရောက်တတ်ရာရာတွေလဲတွေးလို့ စီးကျလာတဲ့နှာရည်တွေကို လက်အိတ်စွပ်ထားတဲ့လက်ဖမိုးနဲ့သုတ်လိုက်ရင်း စိတ်ကူးထဲမှာမျောနေလေရဲ့။          ။

မောင်ဇိ
၂၂၊ ၀၄၊ ၂၀၁၇ ( မြန်မာစံတော်ချိန် မနက် ၁နာရီ )

____________________________________________________________


ဗိုက္ကင္းတို႔ရဲ႕ ၿမိဳ႕ငယ္ေလး “ထ႐ြန္ဆို” ရဲ႕ ႏွစ္သစ္ကူးကာလ
***************************************************
ျမန္မာတို႔ရဲ႕ႏွစ္သစ္ကူးကာလက ဧၿပီလျဖစ္ၿပီး၊ ေနာ္ေဝလူမ်ိဳးတို႔ကေတာ့ ဒီဇင္ဘာလမွာ ႏွစ္သစ္ကူးပြဲက်င္းပၾကတယ္။ ရန္ကုန္ၿမိဳ႕ရဲ႕ ျမန္မာသၾကၤန္ကာလနဲ႔ ထ႐ြန္ဆို(Tromso) ၿမိဳ႕ေလးရဲ႕ ခရစၥမတ္ေန႔ဟာ အလားသ႑ာန္ဆင္တယ္။ ဘာေတြဆင္တာလဲဆိုေတာ့ ႏွစ္သစ္ကူးမေရာက္ခင္ဆင္ႏႊဲၾကတဲ့ ေနာက္ဆုံးပြဲျဖစ္တာေတြ၊ ရွိသမွ် ႐ုံး၊ ဆိုင္ေတြအားလုံးပိတ္တာေတြ၊ လူေတြအားလုံးအလုပ္ကအနားယူၾကတာေတြ၊ ညဘက္ေတြမွာတိတ္ဆိတ္ေျခာက္ကပ္ေနၾကတာေတြ စတာေတြဆင္တာ။ ျမန္မာ့သၾကၤန္ကာလမွာ ညဘက္ ၈ နာရီေလာက္ဆိုလမ္းေတြေပၚမွာကားေတြရွင္းေနသလိုမ်ိဳး၊ ထ႐ြန္ဆိုၿမိဳ႕ေလးမွာလဲ ညေနပိုင္းေလာက္ကစၿပီး တစ္ၿမိဳ႕လုံးလူသြားလူလာမရွိပဲ တိတ္ဆိတ္ေျခာက္ကပ္လို႔။ သၾကၤန္ကာလမွာ ရန္ကုန္ၿမိဳ႕ဆိုင္ေတြအမ်ားစုပိတ္သလိုမ်ိဳး၊ ထ႐ြန္ဆိုၿမိဳ႕ေလးမွာလဲ ဘာဆိုင္မွမဖြင့္ဘူး။ ယုတ္စြအဆုံး ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ၂၄ နာရီဖြင့္ထားတတ္တဲ့ ဆဲဗင္း၊အလဲဗင္း လိုစတိုးဆိုင္မ်ိဳးေတာင္ ခရစၥမတ္ေန႔ဆို ထ႐ြန္ဆိုၿမိဳ႕မွာမဖြင့္ဘူး။ ေျပာရမယ္ဆို ခရစၥမတ္အႀကိဳေန႔ညေနကတည္းက ဆိုင္အားလုံးက ပိတ္ထားၾကၿပီ။ ႏွစ္အသစ္တစ္ခုကိုေရာက္ေတာ့မယ္အခ်ိန္ျဖစ္လို႔ ရန္ကုန္နဲ႔ ထ႐ြန္ဆို ႏွစ္ၿမိဳ႕လုံးကလူေတြ စိတ္လႈပ္ရွားေနၾကတာခ်င္းကလဲတူတယ္။ တူတာေတြရွိသလို၊ ဆန႔္က်င္ဖက္လို႔ဆိုရမတတ္ မတူျခားနားတာတစ္ခုလဲရွိတယ္။ ေန႔အခ်ိန္မွာစည္ကားလွတဲ့ရန္ကုန္ၿမိဳ႕ေလးရဲ႕ အတာပြဲေတာ္ရက္အတြင္းမွာ အပူေတြၿငိမ္းဖို႔ သၾကၤန္မိုး႐ြာခ်ေပမယ့္ ေအးစိမ့္စိမ့္နဲ႔ တစ္ေန႔လုံးေျခာက္ကပ္တိတ္ဆိတ္ေနတဲ့ ထ႐ြန္ဆိုၿမိဳ႕ေလးရဲ႕ ခရစၥမတ္ကာလမွာေတာ့ အေအးေလ်ာ့သြားေစဖို႔ ႏွင္းမိုးေတြ႐ြာခ်ေလ့ရွိတာ။ ႏွင္းက်ၿပီးသြားရင္ အေအးဓါတ္သိသိသာသာေလ်ာ့သြားတယ္လို႔ ေဒသခံေတြကဆိုၾကတယ္။

“ထ႐ြန္ဆို” ဆိုတာက ေနာ္ေဝႏိုင္ငံရဲ႕ဟိုးေျမာက္ဖ်ားပိုင္း ေျမာက္ဝင္႐ိုးစြန္းနဲ႔ အင္မတန္နီးကပ္တဲ့ေနရာမွာရွိတဲ့ ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕။ ကမာၻမွာရွိတဲ့ၿမိဳ႕ေတြအားလုံးထဲမွာလဲ ကမာၻေျမာက္ဖ်ားအက်ဆုံးၿမိဳ႕ေပါ့။ထ႐ြန္ဆိုၿမိဳ႕ေလးက ကြၽန္းမႀကီးတစ္ခုေပၚမွာ အဓိကရွိတာ၊ အဲဒီကြၽန္းႀကီးနဲ႔ကပ္လ်က္ေရျပင္ရဲ႕ဟိုဘက္ကကုန္းေျမကိုေတာ့ တံတားေတြနဲ႔ဆက္ထားတယ္။ ၂၀၁၆ခုႏွစ္ စာရင္းဇယားေတြအရ လူဦးေရ  ငါးေသာင္းေက်ာ္ေလာက္ပဲရွိတဲ့ပင္လယ္ဆိပ္ကမ္းၿမိဳ႕ေလးျဖစ္ၿပီး အဓိကအားျဖင့္ ငါးဖမ္းလုပ္ငန္း၊ ပင္လယ္ထြက္ပစၥည္းေရာင္းဝယ္ေရးလုပ္ငန္းနဲ႔ ဟိုတယ္နဲ႔ကမာၻလွည့္ခရီးသြားလုပ္ငန္းေတြကိုလုပ္ကိုင္ၾကတယ္။ ေျမာက္ဝင္႐ိုးစြန္းနဲ႔နီးလို႔ ေဆာင္းတြင္းညဘက္ေတြမွာ ရာသီဥတုၾကည္လင္ရင္ အလြန္လွပတဲ့ အစိမ္းေရာင္၊ လိေမၼာ္ေရာင္ဝင္႐ိုးစြန္းအလင္းတန္းေတြျမင္ရတဲ့အတြက္ ကမာၻလွည့္ခရီးသြားေတြ အလြန္ႀကိဳက္ၾကၿပီး မၾကာခဏလာၾကတဲ့ေနရာတစ္ခုပါပဲ။ ဝင္႐ိုးစြန္းအလင္းတန္းေတြကို အဂၤလိပ္လို Polar Light ဒါမွမဟုတ္ Northern Light လို႔လဲေခၚၾကေသးတယ္။ ပညာရွင္ေတြကေတာ့ ေျမာက္ဝင္႐ိုးစြန္းက အလင္းတန္းကို Aurora Borealis လို႔ေခၚၿပီး ေတာင္ဝင္႐ိုးစြန္းကအလင္းတန္းကို Aurora Austrails လို႔ေခၚၾကတယ္။ အလြယ္ကေတာ့ ေအာ္႐ိုးရား (Aurora) ပဲေပါ့။

          တစ္ခုေသာ ခရစၥမတ္ေန႔မတိုင္ခင္တစ္ရက္မွာ ေမာင္ဇိနဲ႔ အေပါင္းအသင္းေတြ ထ႐ြန္ဆိုၿမိဳ႕ေလးကိုေရာက္ေနၾကတယ္။ အေၾကာင္းရင္းကေတာ့ လူေတာ္ေတာ္မ်ားမ်ားရဲ႕ စိတ္ကူးယဥ္အိပ္မက္ျဖစ္တဲ့ နာမည္ႀကီး ဝင္႐ိုးစြန္းအလင္းတန္းေတြကိုၾကည့္ဖို႔ ဆိုတဲ့ေခါင္းစဥ္နဲ႔ေပါ့။ ဒီအလင္းတန္းေတြကိုေတြ႕ခြင့္ရဖို႔ ေမာင္ဇိတို႔အဖြဲ႕ေတြ တစ္ၿမိဳ႕ၿပီးတစ္ၿမိဳ႕လွည့္သြားခဲ့ရတာ။ ဆြီဒင္ႏိုင္ငံေျမာက္ဖ်ားပိုင္း ကီ႐ူးနား ဆိုတဲ့ၿမိဳ႕ေလး၊ ၿပီးေတာ့ ရထားႀကီးစီးလို႔ ဆီဒင္ႏိုင္ငံထဲကပဲ အာဘစ္စကိုၿမိဳ႕၊ အဲဒီေနာက္ ရထားထပ္စီးၿပီးေနာ္ေဝႏိုင္ငံက နာဗစ္ၿမိဳ႕၊ နာဗစ္ကတဆင့္မွ အေဝးေျပးကား  ၄ နာရီေလာက္စီးၿပီး  ဒီ ထ႐ြန္ဆိုၿမိဳ႕ေလးကိုေရာက္လာတာ။ ဒီေန႔ကေတာ့ ခရစၥမတ္ေန႔ျဖစ္လို႔ တစ္ၿမိဳ႕လုံးမွာဘာဆိုင္မွာမရွိ၊ ဘယ္စားေသာက္ဆိုင္မွလဲ မဖြင့္လို႔ ေမာင္ဇိတို႔တစ္သိုက္အရင္ေန႔ကႀကိဳဝယ္ထားတဲ့ အသားညႇပ္ေပါင္မုန႔္ေလးေတြ၊ မုန႔္ေျခာက္ေလးေတြ၊ သစ္သီးေလးေတြနဲ႔ပဲ တစ္ေနကုန္ႏွစ္ပါးသြားၾကရတယ္။ လူေတြဘယ္ေလာက္ေတာင္နားၾကလဲဆိုရင္ ေမာင္ဇိတို႔တည္းတဲ့ဟိုတယ္ကအစ ဝန္ထမ္းတစ္ေယာက္မွမရွိ။ ဧည့္ႀကိဳေကာင္တာက အၿပဳံးခ်ိဳခ်ိဳ၊ အရပ္ျမင့္ျမင့္နဲ႔ သေဘာေကာင္းတဲ့ေနာ္ေဝလူမ်ိဳးေကာင္မေလးက ခရစၥမတ္မတိုင္ခင္တစ္ညကတည္းက ေမာင္ဇိတို႔ကိုႀကိဳေျပာထားၿပီးသား။ လိုတာရွိရင္ႀကိဳေျပာဖို႔၊ စားစရာမရွိရင္ဝယ္ထားဖို႔၊ ခရစၥမတ္ေန႔ျပန္မယ္ဆိုရင္ စာတိုက္ပုံးထဲအခန္းေသာ့ထည့္သြားၿပီးျပန္ဖို႔နဲ႔ ခရစၥမတ္ေန႔မွာလူတိုင္းအနားယူၾကမွာမို႔ ဘယ္သူမွေမာင္ဇိတို႔ကို အဖက္လုပ္ၾကေတာ့မွာမဟုတ္ဘူး ဆိုတဲ့အေၾကာင္း။ တကယ္လဲ ေျပာတဲ့အတိုင္းပါပဲ။ ခရစၥမတ္ေန႔ေရာက္ေတာ့ ဟိုတယ္မွာ ေမာင္ဇိတို႔ကလြဲလို႔ ေခြးတစ္ေကာင္၊ ေၾကာင္တစ္ျမႇီးမွမရွိ။ တစ္ၿမိဳ႕လုံးပတ္ၾကည့္ေတာ့လဲ လမ္းေတြေပၚမွာေျခာက္ကပ္လို႔ အသြားအလာမရွိ။ ဒီလိုနဲ႔ တျဖည္းျဖည္းေမွာင္လာေတာ့ ဝင္႐ိုးစြန္းအလင္းတန္းေတြကိုသြားၾကည့္ဖို႔ ေမာင္ဇိတို႔သူငယ္ခ်င္းေတြ ျပင္ရ၊ဆင္ရေတာ့တယ္။

ေဆာင္းရာသီျဖစ္လို႔ ကမာၻ႔ေျမာက္ဖ်ားပိုင္း ထ႐ြန္ဆိုၿမိဳ႕ေလးမွာ ညေန ၂ နာရီ၊ ၃ နာရီဆိုေမွာင္ၿပီ။ ဝင္႐ိုးစြန္းအလင္းတန္းေတြကိုၾကည့္ဖို႔ကေတာ့ အေမွာင္ထုသိပ္သည္းတဲ့အခ်ိန္ ည ၈နာရီေလာက္မွ အေကာင္းဆုံးဆိုလို႔ အေႏြးထည္အထပ္ထပ္နဲ႔ ေခါင္းစြပ္ပါတဲ့ႏွင္းကာအက်ႌႀကီးေတြဝတ္ထားတဲ့ေမာင္ဇိတို႔အဖြဲ႕ ည ၇ နာရီေလာက္မွာ ဟိုတယ္ကေပးထားတဲ့ေျမပုံတစ္ခ်ပ္ကိုကိုင္လို႔ အျပင္ထြက္ခဲ့ၾကတယ္။ အပူခ်ိန္က ေရခဲမွတ္ေအာက္ေရာက္ေနၿပီး၊ အႏႈတ္ ၁ ဒီဂရီစင္တီဂရိတ္ ေလာက္ျဖစ္ေနလို႔ ရာသီဥတုကေတာ့ ေအးလြန္းလွတယ္။ ေခါင္းစြပ္ေတြစြပ္၊ လက္အိတ္ေတြဝတ္ထားတဲ့ၾကားက ေအးလြန္းလို႔ႏွာရည္ေတြတစ္ေတာက္ေတာက္က်ေနတဲ့ ေမာင္ဇိတစ္ေယာက္ လက္ဖမိုးနဲ႔ႏွာရည္ေတြသုတ္လိုက္၊ ေျမပုံၾကည့္လိုက္၊ သူငယ္ခ်င္းေတြနဲ႔တိုင္ပင္လိုက္နဲ႔ ဝင္႐ိုးစြန္းအလင္းတန္းကိုေကာင္းေကာင္းျမင္ရတယ္လို႔ ေျမပုံကၫႊန္းတဲ့ ေတာင္ေပၚကိုကားလမ္းအတိုင္းတျဖည္းျဖည္းတက္လာခဲ့တယ္။ ေတာင္တက္ကားလမ္းလမ္းတစ္ေလွ်ာက္ ေတာင္ေစာင္းေလးေတြမွာေဆာက္ထားတဲ့ တစ္ထပ္၊ ႏွစ္ထပ္ ခ်စ္စရာသစ္သားအိမ္ေလးေတြက မီးေလးေတြလင္းၿပီး တိတ္ဆိတ္ၿငိမ္သက္လို႔။ လမ္းတစ္ေလွ်ာက္လုံးမွာကလဲ သက္ရွိဆိုလို႔ က်ယ္ေလာင္၊ က်ယ္ေလာင္လုပ္ေနတဲ့ ေမာင္ဇိတို႔တစ္အုပ္ပဲရွိတယ္။ ေျမပုံမွာပါတဲ့ သခ်ႋဳင္းခပ္ေမွာင္ေမွာင္ႀကီးေဘးကေန ေၾကာခ်မ္းခ်မ္းနဲ႔ျဖတ္ၾကခ်ိန္မွာေတာ့ ဘယ္သူမွအသံမထြက္ရဲၾက။ ဟိုတယ္ကေန နာရီဝက္ေက်ာ္ေက်ာ္ေလာက္ေတာင္ေပၚကိုေလွ်ာက္ၿပီးခ်ိန္မွ ေျမပုံကၫႊန္းတဲ့သစ္ေတာအုပ္ေလးကိုေရာက္လာၾကတယ္။ သစ္ေတာအုပ္ထဲမွာ အလင္းေရာင္အားနည္းေပမယ့္ လူသြားလမ္းေလးကိုျမင္ေနရလို႔ လမ္းမႀကီးေပၚကေနဆင္းၿပီး လမ္းမီးတိုင္ေတြေအာက္ကေနျဖတ္ေလွ်ာက္ခဲ့ၾကတယ္။ တစ္ေနရာေရာက္၊ လမ္းခြဲေလးေတြေတြ႕လို႔ မီးမရွိတဲ့လမ္းေတြကိုသြားမွာဆိုဖုန္းဓါတ္မီးေလးေတြနဲ႔မီးထိုးလို႔ေပါ့။ ေကာင္းကင္ကို မၾကာ၊ မၾကာၾကည့္ၿပီးေလွ်ာက္လာၾကေပမယ့္ အစိမ္းေရာင္အလင္းတန္းေတြရဲ႕ အရိပ္အေယာင္ကိုမေတြ႕ရ။ တစ္ခ်ိန္မွာေတာ့ ခပ္ပါးပါး စိမ္းဖန႔္ဖန႔္အလင္းတန္းေလးေတြေပၚလာလို႔ ဝမ္းသာအားရေအာ္ဟစ္ၾကၿပီး ဓါတ္ပုံ႐ိုက္ဖို႔ျပင္ဆင္ေနတုန္းမွာပဲ အလင္းတန္းေလးေတြက ျပန္ေပ်ာက္သြားပါေလေရာ။ ဖုန္းကင္မရာေတြက ဒီေနရာမွာ အားမကိုးရ။ အေဝးကၾကယ္ေတြ အလင္းတန္းေတြကို႐ိုက္ရင္ ဖုန္းမွာက ေကာင္းကင္အနက္ေရာင္ႀကီးကလြဲလို႔ ဘာမွမေပၚ။ ဆြီဒင္ႏိုင္ငံမွာတုန္းက တစ္ခါႀကဳံခဲ့ၿပီးျဖစ္တာမို႔ ဒီတစ္ခါေတာ့ေမာင္ဇိတစ္ေယာက္ DSLR ကင္မရာတစ္လုံးအသင့္ဝယ္ထားၿပီးၿပီ။ ပုံဆြဲတာ၊ ဓါတ္ပုံ႐ိုက္တာဝါသနာပါတဲ့ေမာင္ဇိ ကင္မရာတစ္လုံးဝယ္ခ်င္ေနခဲ့တာၾကာၿပီဆိုေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္မဝယ္ျဖစ္ခဲ့။ ႀကဳံေတာင့္ ႀကဳံခဲဝင္႐ိုးစြန္းအလင္းတန္းကိုျမင္ရေတာ့မယ္ဆိုေတာ့ ကင္မရာဝယ္ဖို႔အခ်ိန္တန္ၿပီလို႔ဆုံးျဖတ္၊ ေမာင္ဇိသူငယ္ခ်င္းတစ္ေယာက္ကို ကင္မရာရရင္ဓါတ္ပုံ႐ိုက္ေပးမယ္လို႔ စည္း႐ုံးၿပီးအေဖာ္ေခၚလို႔ ထ႐ြန္ဆိုကြၽန္းတစ္ခုလုံးပတ္ရွာၿပီး ကင္မရာေလးတစ္လုံးဝယ္ခဲ့ရတာ။ ထ႐ြန္ဆို တစ္ၿမိဳ႕လုံးမွာကလဲ ကြၽန္းရဲ႕ဟိုဘက္ထိပ္မွာရွိတဲ့ ေဈးဝယ္စင္တာႀကီးတစ္ခုကလြဲလို႔ ဘယ္မွာမွလိုခ်င္တဲ့ကင္မရာမ်ိဳးရွာမရခဲ့။ ထ႐ြန္ဆိုၿမိဳ႕ကအရမ္းႀကီးတဲ့ၿမိဳ႕တစ္ၿမိဳ႕လဲ မဟုတ္ဘူးမဟုတ္လား။ ဘာပဲေျပာေျပာ ကင္မရာတစ္လုံးရခဲ့ၿပီဆိုေတာ့ ေမာင္ဇိတို႔တစ္ဖြဲ႕လုံးတက္ႂကြေနၾကတာေတာ့အမွန္ပဲ။ ေကာင္းကင္ကအလင္းတန္းေလးေတြ ေပ်ာက္သြားေပမယ့္ ေတာအုပ္ထဲမွာေနရာေကာင္းေကာင္းရွာၿပီး ေနာက္တစ္ေခါက္ေပၚလာရင္ ဓါတ္ပုံ႐ိုက္ဖို႔အသင့္ျပင္လို႔ေစာင့္ၾကမယ္လို႔ ေမာင္ဇိတို႔ဆုံးျဖတ္ျဖစ္ၾကတယ္။

ေတာအုပ္ထဲကလမ္းမႊာေလးတစ္ခုအတိုင္းဆက္ေလွ်ာက္လာေတာ့ တစ္ဖ်တ္ဖ်တ္နဲ႔ေျပးလာတဲ့ေျခသံေတြနဲ႔အတူ အေမွာင္ထဲကေနမဲမဲပုပုအရာတစ္ခုနဲ႔ မဲမဲျမင့္ျမင့္အရာတစ္ခု ေမာင္ဇိတို႔ရွိရာကို လမ္းအတိုင္းခပ္ျမန္ျမန္ေ႐ြ႕လာတာေတြ႕ၾကရပါေလေရာ။ အားလုံးလဲ ဘယ္ေျပးရမွန္းမသိျဖစ္ကုန္လို႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၾကၿပီး အခ်င္းခ်င္းမသိမသာပူးကပ္ကုန္ၾကတယ္ဆိုပါေတာ့။ ေတာ္ပါေသးတယ္။ ကပ္လာတာက ေခြးတစ္ေကာင္နဲ႔ လူတစ္ေယာက္။ ညဘက္ႀကီး ဒီေလာက္ေအးေနတဲ့အခ်ိန္မွာလဲ ပန္းၿခံ၊ေတာအုပ္ထဲေလွ်ာက္ေျပးေနတဲ့လူေတြကရွိေသးတယ္။ အံ့ၾသတာပဲ။ လမ္းဖယ္ေပးၿပီး ဆက္ေလွ်ာက္လာၾကေတာ့ သစ္ပင္ေတြရဲ႕အလယ္မွာက ကြင္းျပင္ႀကီးတစ္ခု။ ရႈခင္းလဲေကာင္း၊ ေကာင္းကင္ကိုဓါတ္ပုံ႐ိုက္ရင္ သစ္ပင္ေတြနဲ႔လဲလြတ္မွာမို႔ ကြင္းျပင္ထဲကိုေျပးသြားမလို႔လုပ္ၿပီးမွ အေမွာင္ထဲမွာေသေသခ်ာခ်ာေလ့လာၾကည့္လိုက္ေတာ့ ႏွင္းမႈန္ေတြေအာက္၊ အေပၚယံမ်က္ႏွာျပင္မွာ ေရေတြခဲေနတဲ့ေရကန္ႀကီးျဖစ္ေနပါေရာလား။ ည ေမွာင္ေမွာင္မွာ ဘယ္ေလာက္ထူမွန္းမသိတဲ့ေရခဲျပင္ေပၚကိုေတာ့ မတက္ရဲ။ ေရခဲကြၽံၿပီးေရထဲက်လို႔ကေတာ့ ေအးတာနဲ႔ပဲ ေသြးခဲၿပီးေသမွာ။ ေရကန္ေဘးမွာ ဓါတ္ပုံ႐ိုက္မယ္ဆိုၿပီး ေမာင္ဇိရဲ႕ကင္မရာေထာက္တိုင္ေလးကိုထုတ္၊ ကင္မရာတပ္ဖို႔ ေထာက္တိုင္ေခါင္းေလးကိုလဲဆြဲခြာလိုက္ေရာ၊ ေအးခဲလြန္းလို႔ ႂကြတ္ဆတ္ေနတဲ့ ပလတ္စတစ္ကင္မရာေထာက္တိုင္ေခါင္းေလးက “ဂြၽတ္” ဆိုက်ိဳးသြားရွာေလရဲ႕။ ေမာင္ဇိကလဲ ခပ္ညံ့ညံ့ေထာက္တိုင္အမ်ိဳးအစားကို ဝယ္လာမိသကိုး။ ေတာ္ေသးတယ္ ကင္မရာကေတာ့ အေအးဒဏ္ခံႏိုင္တဲ့အမ်ိဳးအစားေပမို႔။ ေမာင္ဇိတစ္ေယာက္ကင္မရာတစ္လုံးနဲ႔အလုပ္ရႈပ္ေနတုန္းမွာ အမ်ိဳးသမီးတစ္ေယာက္နဲ႔ အမ်ိဳးသားတစ္ေယာက္ စကားတေျပာေျပာနဲ႔ လမ္းတစ္ေလွ်ာက္ခပ္မွန္မွန္ေျပးလာတာေတြ႕ရေသးတယ္။ ခုနကတစ္ခါႀကဳံဖူးၿပီးၿပီဆိုေတာ့ ေမာင္ဇိတို႔က မေၾကာက္ေတာ့ေပါင္။ ေနာ္ေဝစကားနဲ႔ “ေဟး…ေဟး” လို႔ေတာင္ႏႈတ္ဆက္လိုက္ေသး။ အဂၤလိပ္လိုဆို “ ဟိုင္း” ေပါ့။ မၾကာခင္မွာပဲ ေမာင္ဇိတို႔ေစာင့္ေမွ်ာ္ေနတဲ့ ဝင္႐ိုးစြန္းအလင္းတန္းေတြေပၚလာလို႔ ေမာင္ဇိတို႔တစ္အုပ္လုံးေပ်ာ္႐ႊင္သြားၾကရတယ္။ ဒီတစ္ႀကိမ္မွာေတာ့ အလင္းတန္းေတြက ပီပီျပင္ျပင္နဲ႔၊ ေကာင္းကင္ေပၚမွာ အေရာင္လြင္လြင္ အလံအႀကီးႀကီးကို ကန႔္လန႔္ျဖတ္လႊင့္ထားသလိုမ်ိဳး ၊ အေရာင္ေတာက္ေတာက္နဂါးႀကီးေတြ ျမဴးတူးေနၾကသလိုမ်ိဳး၊ အစိမ္းေရာင္သန္းလိုက္ အဖ်ားအနားေလးေတြမွာ လိေမၼာ္ရင့္ေရာင္၊ ပန္းေရာင္သန္းလိုက္နဲ႔ လြင့္လြင့္လူးလူး ကခုန္လို႔ေပါ့။ ဝင္႐ိုးစြန္းအလင္းတန္းေတြကိုၾကည့္ရတာ ေခါင္းေပၚကိုျဖတ္သြားတဲ့တိမ္ေတြကိုၾကည့္ေနရသလိုမ်ိဳး လူနဲ႔နီးနီးေလးလို႔ ခံစားရတယ္။ ေထာက္တိုင္မရွိလို႔ အေမွာင္ထဲမွာ လက္တုန္တုန္နဲ႔႐ိုက္ထားတဲ့ေမာင္ဇိရဲ႕ ဝင္႐ိုးစြန္းအလင္းတန္းပုံေတြက ခပ္ဝါးဝါး။ ၁၅ မိနစ္ေလာက္ၾကာေတာ့ အလင္းတန္းေတြက ျပန္ၿပီေပ်ာက္သြားျပန္တယ္။ ဒါေပမယ့္ ေမာင္ဇိတို႔ေတြ ေက်နပ္အားရၾကပါတယ္။ ဝင္႐ိုးစြန္းအလင္းတန္းေတြကို တစ္ဝႀကီးေတြ႕ခြင့္ရလိုက္ၾကတယ္မဟုတ္လား။

ေမာင္ဇိတို႔က ဝင္႐ိုးစြန္းအလင္းတန္းေတြကိုၾကည့္ဖို႔ခရီးမထြက္ခင္ကတည္းက အဲဒီဟာေတြအေၾကာင္း စိတ္ဝင္စားလြန္းလို႔ ရွာဖတ္ထားၿပီးသား။ ဝင္႐ိုးစြန္းအလင္းတန္းေတြဆိုတာကဘာလဲ၊ ဘယ္လိုျဖစ္လာတာလဲဆိုတာမ်ိဳးေပါ့။ ေနကထုတ္လႊတ္လိုက္တဲ့ လွ်ပ္စစ္ဓါတ္ပါတဲ့အမႈန္ေလးေတြကမာၻ႔ေလထုထဲကိုဝင္လာရာကေန ကမာၻေပၚက ေအာက္ဆီဂ်င္၊ ႏိုက္ထ႐ိုဂ်င္စတဲ့ဓါတ္ေငြ႕မႈန္ေလးေတြ နဲ႔ တိုက္ခိုက္မိရာကထြက္လာတဲ့ေရာင္စဥ္ေတြကို ဝင္႐ိုးစြန္းအလင္းတန္းေတြလို႔ ေခၚတယ္လို႔ သိပၸံပညာရွင္ေတြက ရွင္းျပၾကတယ္။ သံလိုက္စက္ကြင္းအားျပင္းတဲ့ ေျမာက္ဝင္႐ိုးစြန္းနဲ႔၊ ေတာင္ဝင္႐ိုးစြန္းေဒသေတြမွာ ျဖစ္တတ္တယ္ဆိုပါေတာ့။ တစ္ခ်ိန္ထဲမွာပဲ ႏိုင္ငံအသီးသီး၊ လူမ်ိဳးအသသမွာလဲ ဝင္႐ိုစြန္းအလင္းတန္းနဲ႔ပက္သက္လို႔ ဒ႑ာရီကိုယ္စီဆိုသလိုရွိၾကေသးတယ္။ ေရာမဒ႑ာရီမွာ ေအာ္႐ိုးရား(Aurora) ဆိုတာက အ႐ုဏ္ဦးနတ္သမီးရဲ႕နာမည္။ ေျမာက္အေမရိကနဲ႔ ဥေရာပေျမာက္ပိုင္းကလူမ်ိဳးတစ္ခ်ိဳ႕က ဝင္႐ိုးစြန္းအလင္းတန္းေတြဟာ မီးတုတ္ေတြ၊ မီးပုံပြဲေတြကေနေကာင္းကင္ကိုေရာင္ျပန္ဟပ္တာလို႔ယူဆၾကၿပီး ကမာၻ႔ေျမာက္ပိုင္းမွာေနတဲ့တျခားလူမ်ိဳးေတြကေတာ့ သူတို႔လူမ်ိဳးကြယ္လြန္သူေတြရဲ႕ဝိညာဥ္ေတြကိုျမင္ရတာလို႔ယုံၾကည္ၾကတယ္။ ဘယ္လိုပဲဆိုဆိုပါ၊ ဝင္႐ိုးစြန္းအလင္းတန္းေတြဟာ အံ့ခ်ီးဖြယ္ေကာင္းေလာက္ေအာင္လွပၿပီး စိတ္ကို႐ႊင္လန္းဝမ္းေျမာက္ေစတယ္ဆိုတာေတာ့ေသခ်ာတယ္။

ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ျပန္လာတဲ့ ေမာင္ဇိတို႔အဖြဲ႕ကို ဝင္႐ိုးစြန္းအလင္းတန္းေတြနဲ႔ႏႈတ္ဆက္လမ္းခြဲၿပီး ကမာၻေျမေပၚကိုခုန္ခ်လာတဲ့ ႏွင္းေတြတဖြဲဖြဲက ေကာင္းခ်ီးေပးပါတယ္။ ႏွင္းေတြတဖြဲဖြဲကေန ႏွင္းေတြဒလေဟာျဖစ္လာလို႔ ဟိုတယ္ေရာက္ခါနီးမွ သုတ္ေျခတင္ၿပီးေျပးၾကရျပန္တယ္။ ဟိုတယ္ေရာက္ၿပီးတဲ့ေနာက္ တစ္ညလုံးႏွင္းမိုးေတြသည္းေနလိုက္တာ ဒါမ်ိဳးတစ္ခါမွမျမင္ဖူးတဲ့ေမာင္ဇိတို႔အတြက္ကေတာ့ ၾကည့္မဝပါပဲ။ မနက္လင္းေတာ့ လမ္းေတြထဲမွာႏွင္းေတြနဲ႔ျပည့္ေနၿပီး၊ လမ္းေဘးေတြမွာဆိုႏွင္းေတြကိုမရွင္းထားလို႔ နင္းလိုက္ရင္ေျခခ်င္းဝတ္ထိနစ္နစ္ဝင္သြားတာ စိတ္လႈပ္ရွားစရာေကာင္းလြန္းလွေပါ့။ တစ္ခ်ိဳ႕ေနရာေတြမွာေတာ့ႏွင္းေတြကိုပုံထားတာ လူတစ္ရပ္နီးပါး။ ကားလမ္းေပၚမွာေတာ့ ကားသြားလို႔ရေအာင္ႏွင္းရွင္းတဲ့ကားေတြနဲ႔ရွင္းေပးထားလို႔ ေတာ္ပါေသး။

ခရစၥမတ္ၿပီးေနာက္တစ္ရက္မွာေတာ့ ဝင္႐ိုးစြန္းျပတိုက္ (Polar Museum) ကို သြားၾကည့္ျဖစ္ၾကတယ္။ အရင္ရက္ေတြကေမာင္ဇိတို႔ေရာက္ခဲ့ဖူးတဲ့ ကမာၻလွည့္ခရီးသည္ေတြကို သတင္းအခ်က္အလက္ေတြေပးေနတဲ့  Information ကိုကိုယ္စားျပဳတဲ့ (i) တံဆိပ္အလံေလးတလူလူနဲ႔ ၿမိဳ႕လယ္ကႏွစ္ထပ္သစ္သား႐ုံးအျဖဴေလးထဲကိုဝင္၊ ေဖာ္ေ႐ြတဲ့ ဝန္ထမ္းအမ်ိဳးသမီးႀကီးေတြဆီကေန အလကားေဝတဲ့ေျမပုံကိုထပ္ေတာင္း၊ သိခ်င္ရာေတြေမးၿပီး ပိုလာျပတိုက္ရွိရာကို ေျခလ်င္ခ်ီတက္ခဲ့ၾကတယ္။ ၿမိဳ႕ေလးကေသးတာကတစ္ေၾကာင္း၊ အဓိကဆြဲေဆာင္ရာေတြေရာ၊ ဆိုင္ေတြေတာ္ေတာ္မ်ားမ်ားကေရာ တည္းတဲ့ဟိုတယ္နဲ႔နီးတာကတစ္ေၾကာင္း၊ ၿမိဳ႕အလွကိုေသေသခ်ာခ်ာခံစားခ်င္တာကလဲတစ္ေၾကာင္းေၾကာင့္ ေမာင္ဇိတို႔အဖြဲ႕ေတြလမ္းပဲေလွ်ာက္ျဖစ္ၾကတာမ်ားတယ္။ ဘတ္စ္ကားခလဲသက္သာ၊ လမ္းမွာဝင္ခ်င္ရာေတြ႕ရင္လဲဝင္ၾကည့္ၾကနဲ႔ တစ္ခ်က္ခုတ္၊ ဆယ္ခ်က္ေလာက္ျပတ္ေပါ့။ ဥပမာေျပာရရင္ ဝင္႐ိုးစြန္းျပတိုက္ကိုသြားရင္းဆိပ္ကမ္းမွာကပ္ထားတဲ့ပင္လယ္ကူးသေဘၤာႀကီးကို သြားေငးၾကတာမ်ိဳး၊ လမ္းမွာႏွင္းေတြလုံးၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ပစ္ေပါက္ၾကတာမ်ိဳး၊ ေတြ႕တဲ့ႏွင္းပုံႀကီးထဲကို ဒိုင္ပင္ပစ္ဝင္ၾကတာမ်ိဳး၊ အဲလိုမ်ိဳးေလးေတြက ေျခလ်င္ေလွ်ာက္မွခံစားရတာမ်ိဳးေတြမဟုတ္လား။

ဝင္႐ိုးစြန္းျပတိုက္ကလဲ ၿမိဳ႕ထဲကတျခားအေဆာက္အဦးေတာ္ေတာ္မ်ားမ်ားလိုပဲ ထပ္ခိုးပါတဲ့ႏွစ္ထပ္သစ္သားအိမ္ႀကီးတစ္ခုကို အေဆာင္ေဆာင္အခန္းခန္းနဲ႔ဖြဲ႕စည္းထားတာ။ အထဲမွာကေတာ့ အ႐ိုးကြဲမတတ္အေအးဒဏ္ကို အံတုဖို႔ထူထဲလွတဲ့သားေမြးအက်ႌပြႀကီးေတြဝတ္ထားတဲ့ ေရွးလူႀကီးေတြရဲ႕အ႐ုပ္ေတြ၊ ပုံေတြ၊ အၫႊန္းစာေတြ၊ သားေရနဲ႔က်တ္ထားတဲ့ တစ္ေယာက္စီးေလာင္းေလွရွည္ေလးေတြ၊ ေရွးကသုံးခဲ့တဲ့ေရခဲခြဲကိရိယာေတြနဲ႔ အမဲလိုက္ကိရိယာေတြ၊ ေလွ၊ သေဘၤာပုံစံငယ္ေတြ၊ ေသနတ္ေတြစသည္ျဖင့္စုံလင္ေအာင္ျပထားတယ္။ အစစ္နဲ႔မျခားအသက္ဝင္ေအာင္ အစာသြတ္ၿပီး လႈပ္ရွားသြားလာေနဟန္လုပ္ထားတဲ့ ပိုလာဝက္ဝံျဖဴႀကီးေတြ၊ အစြယ္ပါတဲ့ဖ်ံႀကီးေတြအျပင္ ဦးခ်ိဳကားကားနဲ႔သမင္ႀကီးေတြ၊ လင္းယုံငွက္ႀကီးေတြကို ပုံသြင္းထားကလဲ ပညာသားပါလြန္းလွတယ္။ လူတစ္ရပ္ေက်ာ္၊ ရွစ္ေပမကရွည္တဲ့ ပင္လယ္ဖ်ံႀကီးတစ္ေကာင္ရဲ႕အ႐ိုးစုကိုျမင္မွ ဖ်ံတစ္ေကာင္ဟာဒီေလာက္ေတာင္ႀကီးႏိုင္ပါလားဆိုၿပီး အံ့ၾသရေသးတယ္။ ဖ်ံႀကီးရဲ႕အစြယ္တစ္ေခ်ာင္းခ်င္းကကို တစ္ေတာင္ေက်ာ္ေက်ာ္ေလာက္ရွည္တာပါကလား။ ေရခဲျပင္ေပၚမွာ ေလွေပၚကဆင္းလာတဲ့ဖ်ံလိုက္မုဆိုးေတြရဲ႕ ဖ်ံလိုက္လွံေတြနဲ႔ ဖ်ံေတြကိုဖမ္းဆီးပုံျပခန္းကိုျမင္ရေတာ့ ဖ်ံကေလးေတြကိုေတာင္ သနားမိေသးတယ္။ လွ်င္လွတယ္ဆိုတဲ့ဖ်ံေတြလဲ ညဏ္နီ၊ ညဏ္နက္မ်ားတဲ့လူသားေတြနဲ႔ေတြ႕ေတာ့ ဘာတတ္ႏိုင္ၾကေသးလဲလို႔ သံေဝဂလဲရမိတာေပါ့ေလ။ တစ္ခ်ိဳ႕ျပခန္းေတြမွာေတာ့ အာတိတ္သမုဒၵရာထဲမွာစြန႔္စားသြားလာခဲ့တဲ့ သေဘၤာကပၸတိန္ေတြရဲ႕ ႐ုပ္တုေတြ၊ စြမ္းေဆာင္မႈေတြနဲ႔ အသုံးအေဆာင္ပစၥည္းေတြကိုၾကည့္ခြင့္ရတယ္။ ၾကက္၊ငွက္တိရိစာၦန္အေသေကာင္ေတြကို အိမ္ေရွ႕နံရံမွာခ်ိတ္ဆြဲထားၿပီး ေခြးတစ္ေကာင္နဲ႔အတူ အိမ္ေရွ႕မွာထိုင္ေနတဲ့ လူတစ္ေယာက္ရဲ႕တကယ့္အ႐ြယ္အစားလက္ရာေျမာက္လွတဲ့ ပုံတူ႐ုပ္ေတြနဲ႔ျပခန္းႀကီးမ်ိဳးကိုလဲ ခမ္းခမ္းနားနား အေသးစိတ္လုပ္ထားေသးတယ္။ ႏွစ္သစ္ကူးကာလျဖစ္လို႔ထင္ပါတယ္၊ ျပတိုက္တစ္ခုလုံးမွာကလဲ ေမာင္ဇိတို႔အဖြဲ႕အျပင္လူက ေလး၊ငါး၊ ဆယ္ေယာက္ေလာက္ပဲရွိရဲ႕။ လူနည္းေတာ့ ျပတိုက္ႀကီးထဲမွာအဆင့္အတန္းျမင့္ျမင့္၊ စုံစုံလင္လင္ျပထားတဲ့ ျပခန္းေတြကို ေအးေအးေဆးေဆးေလ့လာခြင့္ရလို႔ ပိုေတာင္ေကာင္းေသး။

ေမာင္ဇိတို႔အားလုံးျပတိုက္ထဲကေနထြက္လာေတာ့ ေန႔တာတိုလြန္းလွတဲ့ေဆာင္တြင္းကာလျဖစ္လို႔ ထ႐ြန္ဆိုၿမိဳ႕ေလးက အေမွာင္ထုေအာက္ေတာင္ေရာက္ေနၿပီ။ ေငြေရာင္ေဖြးေဖြး ေအးစက္စက္ႏွင္းမႈန္ေလးေတြကေတာ့ ေမာင္ဇိတို႔ေခါင္းေပၚမွာတေဖ်ာက္ေဖ်ာက္က်ေနတုန္း။ ေမာင္ဇိနဲ႔ သူငယ္ခ်င္းေတြလဲ ႏွင္းေတြထဲကို တစြပ္စြပ္နင္းလို႔ တည္းခိုရာဟိုတယ္ကိုျပန္ခဲ့ၾကတယ္။ ထ႐ြန္ဆိုၿမိဳ႕ေလးကလဲ ႏွင္းေတြထဲမွာေအးခ်မ္းတိတ္ဆိတ္လို႔ တည္တည္ၿငိမ္ၿငိမ္လွလွပပပဲေပါ့။ ေမာင္ဇိကေတာ့ ျမန္မာႏွစ္ကူး၊ တ႐ုတ္ႏွစ္ကူး၊ အဂၤလိပ္ႏွစ္ကူး မ်ိဳးစုံ ကိုႏိုင္ငံအမ်ိဳးမ်ိဳးမွာက်င္းပၾကပုံခ်င္းမတူၾကတာေတြရွိသလို၊ ဆင္တူၾကတာေတြရွိတာကိုလဲေတြး၊ ဝင္႐ိုးစြန္းအလင္းတန္းရဲ႕လွပပုံကိုလဲေတြး၊ တျခားေရာက္တတ္ရာရာေတြလဲေတြးလို႔ စီးက်လာတဲ့ႏွာရည္ေတြကို လက္အိတ္စြပ္ထားတဲ့လက္ဖမိုးနဲ႔သုတ္လိုက္ရင္း စိတ္ကူးထဲမွာေမ်ာေနေလရဲ႕။          ။

ေမာင္ဇိ
၂၂၊ ၀၄၊ ၂၀၁၇ ( ျမန္မာစံေတာ္ခ်ိန္ မနက္ ၁နာရီ )




Tuesday, April 4, 2017

ရာဇဝင္ထဲက လန္ဒန္နန္းျမင့္

အဂၤလန္ႏုိင္ငံ၊ လန္ဒန္ျမိဳ ႔မွာရွိတဲ့ အထင္ကရေနရာေတြအမ်ားၾကီးထဲမွာမွ လွ်ိဳ ႔ဝွက္မွဳေတြနဲ႔ျပည့္ေနတဲ့၊ ေတာ္ဝင္မ်ိဳးႏြယ္ေတြနဲ႔ပက္သက္ခဲ့တဲ့၊ စိတ္လွဳပ္ရွားစရာရာဇဝင္ျဖစ္အပ်က္ေတြနဲ႔ျပည့္ေနတဲ့၊ ေနာက္ခံသမိုင္းရွည္လ်ားစုံလင္လွတဲ့ ေနရာတစ္ခုကိုျပပါဆိုရင္ ေမာင္ဇိကေတာ့ Tower of London လို႔ေခၚတဲ့ လန္ဒန္နန္းျမင့္ကို မဆိုင္းမတြေရြးမိမွာပဲ။ ရာဇဝင္၊ သမိုင္းေတြထဲက ဘုရင္ေတြ၊ သူရဲေကာင္းေတြ၊ စစ္ခ်ီစစ္တိုက္ပုံေတြ၊ ခန္းနားလွတဲ့တုိင္းျပည္ေတြကိုထူေထာင္ခဲ့ပုံေတြ၊ ပ်က္စီးခဲ့ပုံေတြ၊ ေသြးစြန္းတဲ့နန္းလုပဲြေတြ၊ ခြန္အားျပည့္ဝတဲ့ ေခါင္းေဆာင္သူေတြရဲ ႔ေဆာင္ရြက္ခ်က္ေတြကို စိတ္ဝင္စားလြန္းတဲ့ေမာင္ဇိအတြက္ မေရာက္ခင္ကတည္းက စာေတြကတဆင့္ ရင္းႏွီးေနခဲ့ရတဲ့ လန္ဒန္နန္းျမင့္။
အဂၤလိပ္ရာဇဝင္မွာ ထင္ရွားတဲ့ဘုရင္တစ္ပါးျဖစ္တဲ့ ေအာင္ႏုိင္သူဝီလ်ံ (William the Conquerer) က ၁၁ရာစုကုန္ခါနီး အခ်ိန္ အဂၤလိပ္သကၠရာဇ္ ၁၀၇၈ ခုႏွစ္မွာတည္ေဆာက္ခဲ့တာျဖစ္လုိ႔ ဒီေန႔ဆုိရင္ လန္ဒန္နန္းျမင့္ရဲ ႔သက္တမ္းက ႏွစ္တစ္ေထာင္နီးပါရွိေနၿပီ။ ျဖတ္သန္းခဲ့တဲ့ ႏွစ္တစ္ေထာင္နီးပါးသက္တမ္းအတြင္းမွာ အားတက္စရာေတြ၊ ထိတ္လန္႔ေၾကာက္ရြ႔ံဖြယ္ရာေတြ၊ ပုန္ကန္မွဳေတြ၊ အာဏာသိမ္းမွဳေတြ၊ သတ္ျဖတ္ညွင္းပမ္းႏွိပ္စက္မွဳေတြ၊ သစၥာေဖာက္မွဳေတြ၊ ရဲရင့္တည္ၾကည္မွဳေတြ စတာ၊ စတာေတြက ဒီနန္းေတာ္ၾကီးထဲမွာ၊ နန္းေတာ္တစ္ဝုိက္မွာ၊ နန္းေတာ္ကိုဗဟုိျပဳၿပီးေတာ့ တစ္တုိင္းျပည္လုံးမွာ အၾကိမ္ေရ မေရမတြက္ႏုိင္ေအာင္ျဖစ္ခဲ့၊ ပ်က္ခဲ့ၿပီးၿပီ။ ဘုရင္၊ ဘုရင္မနဲ႔၊ မင္းမ်ိဳးမင္းႏြယ္ေတြေနထုိင္ဖို႔ ရည္ရြယ္ခ်က္နဲ႔ေဆာက္ခဲ့တဲ့ နန္းေတာ္ၾကီးကို ထူထဲ၊ ခိုင္ခံ့တဲ့ေက်ာက္ၿမိဳ ႔ရိုးခံတပ္၊ က်ဳံးတို႔နဲ႔ ပတ္ပတ္လည္မွာအကာအကြယ္ေပးထားၿပီး အထဲမွာေတာ့ နန္းေတာ္ၾကီးတစ္ခုလုံးကို လန္ဒန္နန္းျမင့္လို႔ အမည္တြင္ေစတဲ့ ထီးထီးၾကီးျမင့္မားေနတဲ့၊ ေက်ာ္ၾကားလွတဲ့ White Tower အေဆာက္အဦးၾကီးရွိတယ္။ ဒါ့အျပင္ ဘာေတြရွိေသးလဲဆိုေတာ့ ဘုရားေက်ာင္းငယ္တစ္ခု၊ လက္နက္တုိက္၊ တျခား အေဆာက္အဦးေတြ၊ တန္းလ်ားေတြ၊ ေမွ်ာ္စင္ေတြ။ လန္ဒန္ၿမိဳ ႔ရဲ ့နာမည္ေက်ာ္ သိမ္းျမစ္ေဘးမွာရွိလို႔ ဟုိးေရွးကတည္းက ကုန္းလမ္း၊ ေရလမ္းသာတဲ့ေနရာတစ္ခုျဖစ္ခဲ့တယ္။ ၁၅ ရာစုေႏွာင္းပိုင္းထိ နန္းေတာ္အျဖစ္အသုံးျပဳခဲ့ေပမယ့္ အဲဒီေနာက္ပုိင္းမွာေတာ့ လက္နက္ၾကီးဒဏ္ကို ထိထိေရာက္ေရာက္မကာကြယ္ႏုိင္ေတာ့လို႔ဆုိတဲ့အေၾကာင္းျပခ်က္နဲ႔ ဘုရင္ေတြနန္းမစိုက္ေတာ့ပါဘူး။ ၁၆ ရာစုမွာေတာ့ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ အက်ဥ္းေထာင္ၾကီးတစ္ခုအျဖစ္နဲ႔သာ နာမည္ေက်ာ္ခဲ့ျပန္တယ္။ အလယ္ေခတ္က အက်ဥ္းသားေတြကို ႏွိပ္စက္ညွဥ္းပမ္းရာခန္းမကိုလဲ ေမာင္ဇိကိုယ္တုိင္ ေက်ာခ်မ္းဖြယ္ရာျမင္ခဲ့ရေသးတယ္။ လူကိုေက်ာခင္းျပားေတြေပၚမွာခ်ည္ၿပီး ဟုိဘက္ဒီဘက္ဆဲြဆန္႔ႏွိပ္စက္တဲ့ စက္သီးသြားနဲ႔ ကိရိယာၾကီးေတြ၊ လူကိုေကြးခုိင္းၿပီး သံကြင္းနဲ႔ပတ္၊ တျဖည္းျဖည္းနဲ႔ပိုၿပီးဖိႏွိပ္ပစ္ၿပီးႏွိပ္စက္တဲ့ ကိရိယာေတြ စသည္ျဖင့္ႏွိပ္စက္တဲ့ကိရိယာနဲ႔ နည္းစနစ္ကလဲ အမ်ိဳးမ်ိဳးအဖုံဖုံ။ အမ်ားအားျဖင့္ေတာ့ မင္းမ်ိဳးမင္းႏြယ္အျပစ္သားေတြနဲ႔ အေရးၾကီးရာဇဝတ္ေကာင္ေတြကိုသာ လန္ဒန္နန္းျမင့္မွာဖမ္းဆီးထားေလ့၊ ႏွိပ္စက္ေလ့ရွိတယ္လို႔ မွတ္သားရတယ္။
ေမာင္ဇိအပါအဝင္ လူငယ္ေတြသိပ္ၾကိဳက္ရတဲ့၊ ၂၀၁၁ခုႏွစ္ကေန ယေန႔ ၂၀၁၇ ေရာက္တဲ့ထိအေအာင္ျမင္ဆုံးတီဗီဇာတ္လမ္းတဲြတစ္ခုအျဖစ္ HBO တီဗီလုိင္းကေနလႊင့္ေနဆဲျဖစ္တဲ့ Game of Thrones ဇာတ္ကားထဲက ဇာတ္ဝင္ခန္းတစ္ခ်ိဳ ႔ဟာ ဒီၿမိဳ ႔ရိုးေတြရဲ ႔ေနာက္ကြယ္မွာ အမွန္တကယ္ျဖစ္ခဲ့တဲ့ ရာဇဝင္အျဖစ္အပ်က္ေတြကို မွီျငမ္းထားခဲ့တာ။ ဒီနန္းေတာ္ၾကီးကုိ အေျခတည္ၿပီးေရးထားတဲ့ War of Roses ဆုိတ့ဲစာအုပ္ကုိ ဖတ္ၿပီးတဲ့အခ်ိန္မွာ တစ္ေန႔ေန႔ေတာ့ ဒီနန္းေတာ္ထဲကိုေရာက္ေအာင္သြားမယ္လို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့တဲ့အတိုင္း ေမာင္ဇိတစ္ေယာက္ ေရာက္ေအာင္သြားျဖစ္ခဲ့တယ္ဆိုပါေတာ့။ မသြားခင္ နန္းေတာ္ၾကီးနဲ႔ပက္သက္တဲ့ စာအုပ္၊ စာတမ္းေတြ၊ အခ်က္အလက္ေတြ ရွာေဖြဖတ္ရွဳျဖစ္ခဲ့တဲ့အခါမွာ အဂၤလိပ္ဘုရင္ေတြနဲ႔ ဘုရင္မေတြအေၾကာင္းေရးတဲ့စာအုပ္တုိင္း၊ သမိုင္းအျဖစ္အပ်က္တိုင္းမွာ ဒီနန္းေတာ္ၾကီးက မပါမျဖစ္ အၿမဲပါတာကိုေတြ႔ခဲ့ရတယ္။ ထင္ရွားေက်ာ္ၾကားတဲ့ ဇာတ္ေကာင္တစ္ခ်ိဳ ႔ကလည္း ဒီနန္းေတာ္ၾကီးနဲ႔ ပက္သက္ေနတတ္ၾကျပန္ေရာ။ အဂၤလိပ္ရာဇဝင္မွာႏွင္းဆီစစ္ပဲြလုိ႔လူသိမ်ားတဲ့ႏွင္းဆီျဖဴနဲ႔ ႏွင္းဆီနီတံဆိပ္ကို မိသားစုအမွတ္တံဆိပ္ေတြအျဖစ္သုံးတဲ့မိသားစုႏွစ္ခုၾကားျဖစ္ပြားခဲ့တဲ့ နန္းလုပြဲေတြမွာ အဓိကဇာတ္ေကာင္အေနနဲ႔ပါဝင္ခဲ့ၾကတဲ့ ေယာက္နယ္စားၾကီး ရစ္ခ်တ္၊ အဂၤလန္နဲ႔ျပင္သစ္ျပည္ရဲ ႔ဘုရင္ ဆဌမေျမာက္ဟင္နရီ၊ ၿပီးေတာ့ ၿဗိတိသွ်ပါလီမန္ကို ယမ္းမွဳန္႔တန္ခ်ိန္ ၂ တန္ေလာက္နဲ႔ ေဖာက္ခဲြပစ္ဖို႔ၾကိဳးစားခဲ့တဲ့ နာမည္ၾကီး ဂိုင္းေဖာ့ (Guy Fawkes) ၊ လန္ဒန္နန္းျမင့္ကို ဝင္စီးခဲ့တဲ့ သူပုန္ေခါင္းေဆာင္ ဂ်က္ကိတ္၊ အဌမေျမာက္ဟင္နရီဘုရင္ရဲ ့ဒုတိယေျမာက္မိဖုရားျဖစ္ၿပီး နန္းေတာ္ဝင္းထဲမွာ ေခါင္းျဖတ္သတ္ခံခဲ့ရတဲ့ အန္နီဘိုလိန္း ၊ ဒုတိယကမၻာစစ္အတြင္းကဂ်ာမဏီႏုိင္ငံ အဓိပတိၾကီးဟစ္တလာရဲ ႔ညာလက္ရုံးစစ္သူၾကီး ရူးေဒါ့ဟက္စ္ စသူေတြဟာ နန္းေတာ္ၾကီးရဲ ့ သမိုင္းတစ္ေလွ်ာက္မွာ တစ္နည္းနည္းနဲ႔ ပါဝင္ပက္သက္ခဲ့ၾကတယ္။ ကမၻာေက်ာ္ ျပဇာတ္ေရးဆရာၾကီး ဝီလ်ံရွိတ္စပီးယားရဲ ႔ အင္မတန္ထင္ရွားေက်ာ္ၾကားခဲ့တဲ့ ဆဌမေျမာက္ဟင္နရီဘုရင္ၾကီး ျပဇာတ္သုံးတဲြမွာဆိုရင္လည္း ဟင္နရီဘုရင္နန္းစံရာ လန္ဒန္နန္းျမင့္ (Tower of London) ကေနာက္ခံအခင္းအက်င္းအေနနဲ႔ မပါမျဖစ္ပါခဲ့ရျပန္တယ္။
နန္းေတာ္ၾကီးကို ေနာက္ထပ္နာမည္ၾကီးေစတာကေတာ့ ေခတ္အဆက္ဆက္သူရဲေျခာက္တယ္ဆိုတဲ့ ရွင္းျပလို႔မရတဲ့ သတင္းစကားေတြပါပဲ။ နန္းေတာ္ထဲမွာေခါင္းျဖတ္သတ္ခံခဲ့ရတဲ့ အန္နီဘိုလိန္းရဲ ႔ ဝိညာဥ္ဟာ သူမကိုျမွဳပ္ႏွံရာ St Peter Ad Vincula ဘုရားေက်ာင္းအတြင္းမွာေျခာက္လွန္႔ေနတယ္ဆိုတာမ်ိဳး၊ တစ္ခါတစ္ရံ White Tower ပတ္ဝန္းက်င္မွာ ေခါင္းျပတ္ကိုခ်ိဳင္းေအာက္မွာပိုက္ၿပီးသြားလာေနတတ္တဲ့ သူမကိုေတြ႔တတ္တယ္ဆိုတာမ်ိဳးေတြက ပ်ံ ႔ႏွံ႔ေနတဲ့ ေကာလဟာလေတြပါ။ ဆဌမေျမာက္ဟင္နရီ၊ ေလဒီဂိ်မ္းဂေရး၊ မာဂရက္ပိုး၊ နန္းျမင့္ထဲကမင္းသားငယ္ေလးေတြ စသူေတြရဲ ႔ ဝိညာဥ္ေတြကို ေတြ႔တယ္လို႔ သတင္းပို႔တာေတြလဲရွိပါတယ္ (ဒီဝိညာဥ္ေတြရဲ ႔ အေသးစိတ္အျဖစ္သနစ္ရာဇဝင္ေတြကိုေတာ့ ေနာက္ေဆာင္းပါးေတြမွ အက်ယ္ေရးပါ့မယ္)။ အထူးသျဖင့္ ညတာဝန္က်ဝန္ထမ္းတစ္ခ်ိဳ ႔ဆီက သတင္းပို႔တာမ်ိဳးေတြေပါ့။
ဘုရင္ထီးနန္းစိုက္ရာ နန္းေတာ္အျဖစ္တည္ေဆာက္ခဲ့တဲ့ လန္ဒန္နန္းျမင့္ဟာ ႏွစ္ေပါင္းတစ္ေထာင္အတြင္း နန္းေတာ္ျဖစ္လိုက္၊ နန္းေတာ္တစ္ပိုင္း ေထာင္တစ္ပိုင္းျဖစ္လိုက္၊ အက်ဥ္းေထာင္ျဖစ္လိုက္နဲ႔အမ်ိဳးမ်ိဳးဘဝေျပာင္းခဲ့ရာကေန ဒီေန႔မွာေတာ့ ကမၻာလွည့္ခရီးသည္ေတြဆဲြေဆာင္ရာနဲ႔ ျပတုိက္တစ္ခုျဖစ္ေနပါၿပီ။

ျဗိတိသွ်ေတာ္ဝင္မ်ိဳးႏြယ္ေတြရဲ ႔ နန္းစဥ္အေမြအႏွစ္တစ္ခုျဖစ္လို႔ အဂၤလန္ရဲ ႔လက္ရွိဘုရင္မၾကီး ဒုတိယေျမာက္အဲလိဇဘက္ရဲ ႔ပိုင္ဆုိင္မွဳေအာက္မွာရွိတဲ့ လန္ဒန္နန္းျမင့္မွာ ရာဇဘိေသကရတနာ (Crown Jewels) ေတြကိုလဲ အမ်ားျပည္သူၾကည့္ရွဳဖို႔ ျပသေပးထားပါတယ္။ ဘိသိက္ခံရတနာေတြမွာ အဂၤလန္ရဲ ႔ဘုရင္၊ဘုရင္မ အဆက္ဆက္နန္းတက္ပြဲေတြမွာဝတ္ဆင္သုံးစဲြခဲ့တဲ့ အဖိုးထိုက္တန္တဲ့ရတနာေတြ တန္ဆာဆင္ထားတဲ့ သရဖူ၊ ႏွင္တံ ေတြကစလို႔ ရတနာစီျခယ္ထားတဲ့ပန္းကန္၊ ခြက္ေယာက္၊ ေရႊဇြန္း၊ ခရင္းေတြပါ ပါဝင္တယ္။ လက္ရွိဘုရင္မၾကီးရဲ ႔မိခင္ ပထမအဲလိဇဘက္ဘုရင္မၾကီးဝတ္ဆင္ခဲ့တဲ့သရဖူမွာေတာ့ ကမာၻမွာအေက်ာ္ၾကားဆုံးျဖစ္တဲ့ ကိုဟီႏူးစိန္ၾကီးအပါအဝင္ စိန္ပြင့္ေပါင္း ၂၈၀၀ စီျခယ္ထားတာေတြ႔ရမွာပါ။ ေနာက္ထပ္စိတ္ဝင္စားစရာတစ္ခုက ျမန္မာႏုိင္ငံနဲ႔ ပက္သက္ပါတယ္။ ျမန္မာေတြရဲ ႔ ပတၱျမားငေမာက္ကို တပ္ဆင္ထားတယ္လုိ႔ စြပ္စြဲခံရတဲ့ ဧကရာဇ္သရဖူ (Imperial State Crown) ပါ။ အဂၤလိပ္ေတြကေတာ့ အဲဒီ သရဖူမွာတပ္ထားတဲ့ပတၱျမားဟာ အက္ဒြက္မင္းသားေခၚ Black Prince ရဲ ႔ ပတၱျမားျဖစ္ေၾကာင္း၊ အာရပ္ကမာၻမွာျဖစ္တဲ့စစ္ပဲြတစ္ပြဲမွာပါဝင္ပက္သက္ရာက ၁၃၆၆ ခုႏွစ္မွာရခဲ့ေၾကာင္း ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ အခိုင္အမာေရးသားထားပါတယ္။ ေသေသခ်ာခ်ာျပဴးၿပီးၾကည့္ခဲ့ေပမယ့္လဲ ပတၱျမားငေမာက္လား၊ Black Prince ရဲ ႔ပတၱျမားလားဆိုတာကုိ ေဝခဲြႏုိင္တဲ့အစြမ္း ေမာင္ဇိမွာမရွိခဲ့ဘူးဆိုတာကိုေတာ့ ဝန္ခံရမွာပါ။
လန္ဒန္နန္းျမင့္ (Tower of London) က လန္ဒန္ၿမိဳ ႔ Tower Hill အရပ္မွာရွိပါတယ္။ ယူေကႏုိင္ငံမွာ ယူနက္စကိုရဲ ႔ ကမာၻ႔အေမြအႏွစ္စာရင္းဝင္ေနရာေပါင္း ၃၀ ရွိတဲ့အနက္က တစ္ခုေပ့ါ။ ေျမေအာက္ရထားစီးရင္ Tower Hill Station မွာဆင္းရမွာျဖစ္ၿပီး အထဲကိုဝင္ဖို႔ဝင္ေၾကးက စတာလင္ေပါင္နဲ႔ လူၾကီး ၂၈ ေပါင္(ျမန္မာေငြ ငါးေသာင္းက်ပ္နီးပါး)၊ ကေလး ၁၃ေပါင္ပါ။ ေက်ာင္းသားေတြနဲ႔ online က လက္မွတ္ဝယ္သူေတြအတြက္ကေတာ့ ေလွ်ာ့ေစ်းေပးေလ့ရွိပါတယ္။ အဖဲြဲ႔လိုက္လက္မွတ္တို႔၊ တစ္ျခား ကမာၻလွည့္ခရီးသည္ဆဲြေဆာင္ရာေနရာေတြနဲ႔တဲြၿပီးဝယ္ရတဲ့ အတဲြလိုက္လက္မွတ္တို႔လိုမ်ိဳးေတြလဲ ဝယ္လို႔ရႏုိင္ပါေသးတယ္။ အထဲမွာ နာရီဝက္ျခားတစ္ခါေလာက္ဆိုသလို Yeoman Warder Tour လို႔ေခၚတဲ့ ေရွးေခတ္နန္းေတာ္အမွဳထမ္းဝတ္စုံဝတ္ထားသူေတြ လုိက္ျပ၊ ရွင္းျပတဲ့ နန္းေတာ္တစ္ပတ္ပတ္တဲ့ အစီအစဥ္ေလးေတြရွိပါတယ္။ အမူအရာအျပည့္၊ အာေပါင္အာရင္းသန္သန္နဲ႔ နန္းေတာ္ဝင္းထဲမွာ တစ္ေနရာၿပီးတစ္ေနရာေရႊ ႔ရင္း ပရိသတ္အုပ္ၾကီးကို ရွင္းျပတာေတြနားေထာင္ရတာ စိတ္ဝင္စားစရာေကာင္းၿပီး ဗဟုသုတလဲရသလို၊ ဟာသေတြေႏွာၿပီးေျပာျပတတ္လို႔ တဝါးဝါး တဟားဟားနဲ႔ ပါးစပ္လဲ မပိတ္ရပါဘူး။ အထင္ကရလူေတြကို ဖမ္းထားခဲ့တဲ့ေနရာေတြ၊ အထင္ကရအျဖစ္အပ်က္ေတြျဖစ္ပ်က္ခဲ့တဲ့ေနရာေတြမွာလည္း အညႊန္းစာေတြေရးထားတာေတြ႔ရမွာပါ။ နန္းေတာ္ဝင္းတစ္ခုလုံးကို ေအးေအးေဆးေဆးႏွံ႔ေအာင္ၾကည့္မယ္ဆုိရင္ အခ်ိန္ ၄၊ ၅ နာရီေလာက္ယူမွျဖစ္ပါလိမ့္မယ္။ သိမ္းျမစ္ကမ္းနံေဘး၊ နာမည္ေက်ာ္တံတား ေမွ်ာ္စင္တံတား(Tower Bridge) နဲ႔ကပ္လ်က္၊ လန္ဒန္ၿမိဳ ႔ၾကီးရဲ ႔အလယ္ လန္ဒန္နန္းျမင့္ဆိုတာက စိတ္ဝင္စားစရာေတြနဲ႔ျပည့္ေနတဲ့၊ အေရာင္စုံလွတဲ့သမိုင္းအခ်က္အလက္ေတြနဲ႔ ယက္ေဖာက္ထားတဲ့ ကမာၻ႔သက္တမ္းအရွည္ဆုံး ကမာၻလွည့္ခရီးသည္စြဲေဆာင္ရာေနရာတစ္ခုလို႔ဆိုရမွာပါ။ ကမာၻမွာေနမဝင္အင္ပါယာအျဖစ္နာမည္ၾကီးခဲ့တဲ့ ႏုိင္ငံတစ္ခုရဲ ႔ အနိမ့္ အျမင့္၊ အတက္အက်ေတြ၊ ဘုန္းတန္ခိုးၾကီးတယ္ဆိုသူေတြရဲ ႔ ေအာင္ျမင္မဳွေတြ၊ က်ရွံဳးမွဳေတြကို အံ့ၾသ သံေဝဂယူစရာ ျပသေနတဲ့ေနရာတစ္ခုလို႔လဲ ေျပာလို႔ရပါတယ္။ ေမာင္ဇိအတြက္ကေတာ့ အခြင့္အေရးရရင္ ေနာက္ထပ္တစ္ေခါက္ေလာက္ထပ္သြားခ်င္ေသးတဲ့ ေနရာတစ္ခုေပါ့။
မ်ိဳးထက္ႏုိင္ ( ၀၄၊၀၄၊၂၀၁၇ ျမန္မာစံေတာ္ခ်ိန္ မနက္ ၂နာရီ၊ ၂၇ မိနစ္)

Tuesday, January 24, 2017

Batman ဋီကာ

Batman ဋီကာ
************
Justice league of America (JLA) comic တွေစဖတ်၊ ကာတွန်းကားတွေကြည့်တော့ Batman ကို အဖွဲ့ထဲမှာဘာကြောင့်ထည့်လဲ စဉ်းစားလို့မရဘူး။ တစ်ဖွဲ့လုံးမှာ သူက အပိန်းဆုံး။

JLA ထဲက ရှေးဦးအဖွဲ့ဝင်တစ်ချို့အကြောင်းပြောရမယ်ဆိုရင် -
Superman မှာက Super Power တွေရှိတယ်။ ပျံနိုင်တယ်၊ ဘယ်လောက်ပြင်းတဲ့လက်နက်နဲ့ ဆော်ဆော်မပျက်စီးနိုင်တဲ့ ကိုယ်ခန္ဓာရှိတယ်၊ ကောင်းကင်ကြီးကိုတောင်ထမ်းထားနိုင်ခဲ့တယ်ဆိုတဲ့ ဂရိဒဏ္ဍာရီထဲက ဟာကြူလီထက် အဆပေါင်းများစွာ သန်စွမ်းတယ်။ Kryptonite  နဲ့တွေ့ရင် ရိုးရိုးလူပိန်ပိန်တစ်ယောက်လောက်တောင် သုံးစားလို့မရတော့တာကလွဲလို့ အားနည်းချက်မရှိသလောက်။ Flash က တအားလျှင်တဲ့ကောင်။ လျှင်လွန်းလို့ အချိန်ခရီးသွားခြင်း(Time Travel) လုပ်လို့ရသလို၊ သီးခြားကမ္ဘာလောကတွေကိုဝင်ထွက်နိုင်ခြင်း (dimensional travel) လုပ်လို့ရတဲ့ထိ စွမ်းတဲ့သူ။ ပြီးတော့ တစ်ခြား super heroes တွေလိုပဲ၊ အကြမ်းပတမ်းခံနိုင်တယ်၊ အသက်ပြင်းတယ်၊ သာမာန်လူထက်အဆပေါင်းများစွာပိုတဲ့ တုန့်ပြန်ဖျတ်လတ်မှုရှိတယ်။ Wonder Woman ကရော? တိုက်ရည်ခိုက်ရည်ကောင်းသလောက် ညဏ်ရည်မြင့်မားတယ်။ ချွန်ထက်တဲ့လက်နက်ကလွဲလို့ တော်ရုံတန်ရုံ အထုအထောင်းကို မှုတာမဟုတ်။ သူ့ခါးမှာအမြဲချိတ်ထားတဲ့ ဘယ်တော့မှ ဖြတ်တောက်၊ဖျက်စီးလို့မရတဲ့ ကြာပွတ်ကြိုးခွေ ( Lasso of Truth) ကို လက်နဲ့အသုံးပြုသာမက စိတ်နဲ့ပါအမိန့်ပေးစေခိုင်းနိုင်တယ်။ ကြာပွတ်ကြိုးနဲ့ချည်နှောင်ဖမ်းဆီးခံရသူဟာ Wonder woman မေးသမျှမေးခွန်းကိုလိမ်လို့မရပဲ အမှန်အတိုင်းဖြေရတယ် (ဘဲရှိတဲ့ မိန်းကလေးတိုင်းကြိုက်နှစ်သက်ကြမယ့်လက်နက်မျိုး)။ ရေအောက်ကမ္ဘာAtlantic ရဲ့ဘုရင် Aquaman ကတော့ ရေသတ္တဝါတွေကို စိတ် (Telepathy) နဲ့ထိမ်းချုပ်နိုင်ရုံမက လူသာမာန်တွေထက်ပိုတဲ့ စွမ်းရည်သတ္တိတွေ (superhuman abilities) ရှိသူ။ ခေါင်းဆောင်မှုစွမ်းရည်ရှိသူ။ ပြီးတော့ ရုပ်သွင်၊ ပုံသဏ္ဍာန်ပြောင်းလဲခြင်းကို စိတ်တိုင်းကျလုပ်လို့ရပြီး၊ စိတ်စွမ်းအားရှိတ၊ဲ့ ညဏ်ရည်မြင့်မားတဲ့၊ Mars ကလာတဲ့ Martian Manhunter ဆိုတဲ့ဲဂြိုဟ်သား။  အစိမ်းရောင်လက်စွပ်တစ်ကွင်းကို စိတ်သတ္တိနဲ့ထိမ်းချုပ်ပြီး ပျံသန်းတာ၊ တိုက်ခိုက်တာ၊ ကာကွယ်တာစတာတွေမှာသုံးလို့ရတဲ့ လူစွမ်းကောင်း Green Lantern ။ စက်တစ်ပိုင်း၊ လူတစ်ပိုင်း အစွမ်းထက်တဲ့ စက်ရုပ်လူသား Cyborg ။ သူတို့အားလုံးမှာ ရိုးရိုးလူတွေထက် အဆပေါင်းများစွာသာတဲ့ အကြမ်းပတမ်းခံမှု ( superhuman durability)၊ နိုးကြားဖျတ်လတ်မှု ( superhuman reflexes)၊ သန်စွမ်းမှု ( superhuman strength)၊ သက်လုံကောင်းမှု ( superhuman stamina)၊ စတဲ့ စတဲ့ အရည်အသွေးတွေကလဲပါပြီးသား။

စွမ်းအားရှင်တွေအားလုံးထဲမှာ ရိုးရိုးလူဆိုလို့ Batman တစ်ယောက်ပဲပါတယ်။ သတ်ရင်သေတယ်၊ အကန်ခံရရင်နာတယ်၊ အမြင့်ကပြုတ်ကျရင်ကျိုးတယ်။ သူ့ဝတ်စုံလေးကောင်းလွန်းလို့သာတော်ရုံတန်ရုံဒဏ်ကိုခံနိုင်နေတာ။ သွားဖို့လာဖို့ကလဲ သူများတွေလိုမပျံနိုင်ရှာတော့ သူ့ရဲ့စီးတော်ယာဉ် ( Batmobile) ကိုစီးနေရသေးတယ်။ အပြင်းအထန်လေ့ကျင့်ထားလို့ အသတ်အပုတ်နဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းမှုမှာသာမာန်လူတွေထက်အများကြီးသာပေမယ့် တခြားလူစွမ်းကောင်းတွေနဲ့ယှဉ်ရင် အဆပေါင်းများစွာစွမ်းရည်နိမ့်ကျနေသေးတယ်။ ဒါဖြင့် ဘာလို့သူက JLA မှာ နေရာရနေတာလဲ။ သူ့ထက်စွမ်းတဲ့သူတွေအားလုံးက သူ့ကိုလေးစားရတာလဲ။ စွမ်းအားရှင်တွေကြားမှာ သာမန်လူတစ်ယောက်က ဘာလို့တွင်ကျယ်နေတာလဲ။Comic တွေဖတ်ရင်း၊ internet မှာမွှေနှောက်ရှာရင်းနဲ့ သူ့အကြောင်းတွေသိလာရပြီး ဘာကြောင့်ဆိုတာ တဖြည်းဖြည်းသဘောပေါက်လာခဲ့တယ်။ Batman ရဲ့အကောင်းဆုံးအချက်က စိတ်ဓါတ်ပြင်းပြတာ၊ သန္နိဌာန်ခိုင်မာတာပဲဖြစ်တယ်။ အဲဒီစိတ်ဓါတ်ကြောင့်ပဲ ဘယ်နှစ်ခါရှုံးရှုံးအမြဲပြန်ထခဲ့တယ်။ သူ သတ်မှတ်ထားတဲ့ တန်ဖိုးတွေ၊ စည်းမျဉ်းတွေကို ဘယ်အခြေအနေရောက်ရောက် အမြဲလိုက်နာခဲ့တာလဲ အဲဒီစိတ်ဓါတ်ပဲ။ ဘယ်တော့မှလူမသတ်ဘူးဆိုတဲ့စည်းမျဉ်းကို မဖောက်သလို၊ လူတွေကိုကယ်ဖို့အတွက်ဆို အသားနာတာလောက်ကိုထား၊ သူ့ကိုလူဆိုးတစ်ယောက်လို့တစ်မြို့လုံးက အထင်လွဲသွားလဲဂရုမစိုက်ဘူး။ သူ့ရဲ့ မဖောက်မပြန်ဖြောင့်မတ်လွန်းတဲ့စိတ်ဓါတ်ကြောင့် တစ်ဖွဲ့လုံးကသူ့ကို ယုံကြည်လေးစားကြတာ။ Justice league ကို Superman နဲ့ Wonder woman တို့နဲ့အတူ စပြီးဖွဲ့စည်းခဲ့တယ်။ တစ်ချိန်ထဲမှာပဲ သူဟာ အတော်ဆုံးစုံစမ်းထောက်လှမ်းရေးသမားတစ်ယောက်၊ သတင်းအချက်အလက်အစုဆောင်းနိုင်ဆုံးလူတစ်ယောက်ဖြစ်သလို၊ အကွက်ကျကျအစီစဉ်တတ်ဆုံးသူတစ်ယောက်လဲဖြစ်တယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ JLA ကလူစွမ်းကောင်းတွေကို လူဆိုးတစ်ယောက်ယောက်က တစ်နည်းနည်းနဲ့ထိမ်းချုပ်ပြီး အဖျက်အမှောင့်တွေလုပ်ခဲ့မယ်ဆိုရင်တောင် တန်ပြန်မယ့်နည်းလမ်းတွေ Batman မှာအဆင်သင့်စီစဉ်ပြီးသား။ အဲလိုအကွက်စေ့တယ်။

ဒီတော့ နိဂုံးချုပ်ရရင် ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေမြင့်မားလွန်းတဲ့ super hero တွေကြားမှာ စိတ်ဓါတ်ခွန်အားကြီးမားလွန်းတဲ့၊ စိတ်ဓါတ်ခိုင်မာပြတ်သားလွန်းတဲ့၊ ကိုယ်ပိုင်တန်ဖိုးတွေချထားပြီး တင်းကျပ်စွာလိုက်နာကျင့်သုံးနိုင်တဲ့၊ မယိမ်းမယိုင်ဖြောင့်မတ်တဲ့၊ တာဝန်ယူတတ်တဲ့၊ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင်အမြဲမြှင့်တင်လေ့ကျင့်နေတတ်တဲ့ Batman ဟာနေရာမြင့်မြင့်တစ်နေရာရနေတာ အံ့သြစရာမဟုတ်တော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာကျော်လွှားဖို့မဖြစ်နိုင်တဲ့ စွမ်းရည်တွေကို စိတ်ဓါတ်ပိုင်းဆိုင်ရာအရည်အသွေးတွေနဲ့ ယှဉ်ပြိုင်အမှီလိုက်နိုင်တယ်ဆိုတာ သက်သေပြနေတဲ့ ဇာတ်ကောင်တစ်ကောင်ပဲဆိုတာကို သဘောပေါက်ကြရင် Batman ကို တော်တော်များများကနှစ်သက် သဘောကျကြမှာပါ။      ။


( Batman ရုပ်ရှင်ကြည့်ရင်းအိပ်ပျော်တတ်သူများ၊ superheroes မကြိုက်သူများ၊ DC ကိုမုန်း Marvel ကိုသာကြိုက်သူများ၊ ကလေးစိတ်ကုန်ပြီဟု ကိုယ့်ကိုယ်ကိုယူဆသူများ၊ ကြီးကျယ်ခန်းနားသောကိစ္စကြီးများကိုသာစိတ်ဝင်စားသူများ ကျော်ဖတ်သွားကြပါလို့  )
==========================================================

Justice league of America (JLA) comic ေတြစဖတ္၊ ကာတြန္းကားေတြၾကည့္ေတာ့ Batman ကုိ အဖြဲ႔ထဲမွာဘာေၾကာင့္ထည့္လဲ စဥ္းစားလုိ႔မရဘူး။ တစ္ဖဲြ႔လုံးမွာ သူက အပိန္းဆုံး။

JLA ထဲက ေရွးဦးအဖြဲ႔ဝင္တစ္ခ်ိဳ႔အေၾကာင္းေျပာရမယ္ဆိုရင္ -
Superman မွာက Super Power ေတြရွိတယ္။ ပ်ံႏုိင္တယ္၊ ဘယ္ေလာက္ျပင္းတဲ့လက္နက္နဲ႔ ေဆာ္ေဆာ္မပ်က္စီးႏုိင္တဲ့ ကိုယ္ခႏၶာရွိတယ္၊ ေကာင္းကင္ၾကီးကိုေတာင္ထမ္းထားႏုိင္ခဲ့တယ္ဆိုတဲ့ ဂရိဒ႑ာရီထဲက ဟာၾကဴလီထက္ အဆေပါင္းမ်ားစြာ သန္စြမ္းတယ္။ Kryptonite  နဲ႔ေတြ႔ရင္ ရိုးရိုးလူပိန္ပိန္တစ္ေယာက္ေလာက္ေတာင္ သုံးစားလို႔မရေတာ့တာကလြဲလို႔ အားနည္းခ်က္မရွိသေလာက္။ Flash က တအားလွ်င္တဲ့ေကာင္။ လွ်င္လြန္းလို႔ အခ်ိန္ခရီးသြားျခင္း(Time Travel) လုပ္လုိ႔ရသလို၊ သီးျခားကမာၻေလာကေတြကိုဝင္ထြက္ႏုိင္ျခင္း (dimensional travel) လုပ္လို႔ရတဲ့ထိ စြမ္းတဲ့သူ။ ၿပီးေတာ့ တစ္ျခား super heroes ေတြလုိပဲ၊ အၾကမ္းပတမ္းခံႏုိင္တယ္၊ အသက္ျပင္းတယ္၊ သာမာန္လူထက္အဆေပါင္းမ်ားစြာပိုတဲ့ တုန္႔ျပန္ဖ်တ္လတ္မွဳရွိတယ္။ Wonder Woman ကေရာ? တိုက္ရည္ခိုက္ရည္ေကာင္းသေလာက္ ညဏ္ရည္ျမင့္မားတယ္။ ခြ်န္ထက္တဲ့လက္နက္ကလဲြလို႔ ေတာ္ရုံတန္ရုံ အထုအေထာင္းကို မွဳတာမဟုတ္။ သူ႔ခါးမွာအၿမဲခ်ိတ္ထားတဲ့ ဘယ္ေတာ့မွ ျဖတ္ေတာက္၊ဖ်က္စီးလို႔မရတဲ့ ၾကာပြတ္ၾကိဳးေခြ ( Lasso of Truth) ကုိ လက္နဲ႔အသုံးျပဳသာမက စိတ္နဲ႔ပါအမိန္႔ေပးေစခုိင္းႏုိင္တယ္။ ၾကာပြတ္ၾကိဳးနဲ႔ခ်ည္ေႏွာင္ဖမ္းဆီးခံရသူဟာ Wonder woman ေမးသမွ်ေမးခြန္းကိုလိမ္လို႔မရပဲ အမွန္အတိုင္းေျဖရတယ္ (မိန္းကေလးတိုင္းၾကိဳက္ႏွစ္သက္ၾကမယ့္လက္နက္မ်ိဳး)။ ေရေအာက္ကမာၻAtlantic ရဲ ႔ဘုရင္ Aquaman ကေတာ့ ေရသတၱဝါေတြကုိ စိတ္ (Telepathy) နဲ႔ထိမ္းခ်ဳပ္ႏုိင္ရုံမက လူသာမာန္ေတြထက္ပိုတဲ့ စြမ္းရည္သတိၱေတြ (superhuman abilities) ရွိသူ။ ေခါင္းေဆာင္မွဳစြမ္းရည္ရွိသူ။ ၿပီးေတာ့ ရုပ္သြင္၊ ပုံသ႑ာန္ေျပာင္းလဲျခင္းကို စိတ္တိုင္းက်လုပ္လို႔ရၿပီး၊ စိတ္စြမ္းအားရွိတ၊ဲ့ ညဏ္ရည္ျမင့္မားတဲ့၊ Mars ကလာတဲ့ Martian Manhunter ဆိုတဲ့ဲျဂိဳဟ္သား။  အစိမ္းေရာင္လက္စြပ္တစ္ကြင္းကို စိတ္သတၱိနဲ႔ထိမ္းခ်ဳပ္ၿပီး ပ်ံသန္းတာ၊ တိုက္ခိုက္တာ၊ ကာကြယ္တာစတာေတြမွာသုံးလို႔ရတဲ့ လူစြမ္းေကာင္း Green Lantern ။ စက္တစ္ပိုင္း၊ လူတစ္ပိုင္း အစြမ္းထက္တဲ့ စက္ရုပ္လူသား Cyborg ။ သူတို႔အားလုံးမွာ ရိုးရုိးလူေတြထက္ အဆေပါင္းမ်ားစြာသာတဲ့ အၾကမ္းပတမ္းခံမွဳ ( superhuman durability)၊ ႏုိးၾကားဖ်တ္လတ္မွဳ ( superhuman reflexes)၊ သန္စြမ္းမွဳ ( superhuman strength)၊ သက္လုံေကာင္းမွဳ ( superhuman stamina)၊ စတဲ့ စတဲ့ အရည္အေသြးေတြကလဲပါၿပီးသား။

စြမ္းအားရွင္ေတြအားလုံးထဲမွာ ရိုးရုိးလူဆိုလုိ႔ Batman တစ္ေယာက္ပဲပါတယ္။ သတ္ရင္ေသတယ္၊ အကန္ခံရရင္နာတယ္၊ အျမင့္ကျပဳတ္က်ရင္က်ိဳးတယ္။ သူ႔ဝတ္စံုေလးေကာင္းလြန္းလို႔သာေတာ္ရုံတန္ရုံဒဏ္ကိုခံႏုိင္ေနတာ။ သြားဖို႔လာဖို႔ကလဲ သူမ်ားေတြလုိမပ်ံနုိင္ရွာေတာ့ သူ႔ရဲ ႔စီးေတာ္ယာဥ္ ( Batmobile) ကုိစီးေနရေသးတယ္။ အျပင္းအထန္ေလ့က်င့္ထားလုိ႔ အသတ္အပုတ္နဲ႔ ကိုယ္ခႏၶာၾကံ့ခိုင္သန္စြမ္းမဳွမွာသာမာန္လူေတြထက္အမ်ားၾကီးသာေပမယ့္ တျခားလူစြမ္းေကာင္းေတြနဲ႔ယွဥ္ရင္ အဆေပါင္းမ်ားစြာစြမ္းရည္နိမ့္က်ေနေသးတယ္။ ဒါျဖင့္ ဘာလုိ႔သူက JLA မွာ ေနရာရေနတာလဲ။ သူ႔ထက္စြမ္းတဲ့သူေတြအားလုံးက သူ႔ကိုေလးစားရတာလဲ။ စြမ္းအားရွင္ေတြၾကားမွာ သာမာန္လူတစ္ေယာက္က ဘာလို႔တြင္က်ယ္ေနတာလဲ။Comic ေတြဖတ္ရင္း၊ internet မွာေမႊေႏွာက္ရွာရင္းနဲ႔ သူ႔အေၾကာင္းေတြသိလာရၿပီး ဘာေၾကာင့္ဆိုတာ တျဖည္းျဖည္းသေဘာေပါက္လာခဲ့တယ္။ Batman ရဲ ႔အေကာင္းဆုံးအခ်က္က စိတ္ဓါတ္ျပင္းျပတာ၊ သႏၷိဌာန္ခုိင္မာတာပဲျဖစ္တယ္။ အဲဒီစိတ္ဓါတ္ေၾကာင့္ပဲ ဘယ္ႏွစ္ခါရွဳံးရွံဳးအၿမဲျပန္ထခဲ့တယ္။ သူ သတ္မွတ္ထားတဲ့ တန္ဖိုးေတြ၊ စည္းမ်ဥ္းေတြကို ဘယ္အေျခအေနေရာက္ေရာက္ အၿမဲလိုက္နာခဲ့တာလဲ အဲဒီစိတ္ဓါတ္ပဲ။ ဘယ္ေတာ့မွလူမသတ္ဘူးဆိုတဲ့စည္းမ်ဥ္းကို မေဖာက္သလို၊ လူေတြကိုကယ္ဖို႔အတြက္ဆုိ အသားနာတာေလာက္ကိုထား၊ သူ႔ကိုလူဆိုးတစ္ေယာက္လုိ႔တစ္ၿမိဳ ႔လုံးက အထင္လြဲသြားလဲဂရုမစိုက္ဘူး။ သူ႔ရဲ ႔ မေဖာက္မျပန္ေျဖာင့္မတ္လြန္းတဲ့စိတ္ဓါတ္ေၾကာင့္ တစ္ဖဲြ႔လုံးကသူ႔ကို ယုံၾကည္ေလးစားၾကတာ။ Justice league ကို Superman နဲ႔ Wonder woman တို႔နဲ႔အတူ စၿပီးဖြဲ႔စည္းခဲ့တယ္။ တစ္ခ်ိန္ထဲမွာပဲ သူဟာ အေတာ္ဆုံးစုံစမ္းေထာက္လွမ္းေရးသမားတစ္ေယာက္၊ သတင္းအခ်က္အလက္အစုေဆာင္းႏုိင္ဆုံးလူတစ္ေယာက္ျဖစ္သလို၊ အကြက္က်က်အစီစဥ္တတ္ဆုံးသူတစ္ေယာက္လဲျဖစ္တယ္။ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ JLA ကလူစြမ္းေကာင္းေတြကို လူဆိုးတစ္ေယာက္ေယာက္က တစ္နည္းနည္းနဲ႔ထိမ္းခ်ဳပ္ၿပီး အဖ်က္အေမွာင့္ေတြလုပ္ခဲ့မယ္ဆိုရင္ေတာင္ တန္ျပန္မယ့္နည္းလမ္းေတြ Batman မွာအဆင္သင့္စီစဥ္ၿပီးသား။ အဲလိုအကြက္ေစ့တယ္။

ဒီေတာ့ နိဂံုးခ်ဳပ္ရရင္ ရုပ္ပိုင္းဆုိင္ရာစြမ္းရည္ေတြျမင့္မားလြန္းတဲ့ super hero ေတြၾကားမွာ စိတ္ဓါတ္ခြန္အားၾကီးမားလြန္းတဲ့၊ စိတ္ဓါတ္ခိုင္မာျပတ္သားလြန္းတဲ့၊ ကိုယ္ပိုင္တန္ဖိုးေတြခ်ထားၿပီး တင္းက်ပ္စြာလုိက္နာက်င့္သုံးႏုိင္တဲ့၊ မယိမ္းမယုိင္ေျဖာင့္မတ္တဲ့၊ တာဝန္ယူတတ္တဲ့၊ ကုိယ့္ကိုယ္ကို အေကာင္းဆုံးျဖစ္ေအာင္အၿမဲျမွင့္တင္ေလ့က်င့္ေနတတ္တဲ့ Batman ဟာေနရာျမင့္ျမင့္တစ္ေနရာရေနတာ အံ့ၾသစရာမဟုတ္ေတာ့ပါဘူး။ ရုပ္ပိုင္းဆိုင္ရာေက်ာ္လႊားဖုိ႔မျဖစ္နုိင္တဲ့ စြမ္းရည္ေတြကို စိတ္ဓါတ္ပိုင္းဆုိင္ရာအရည္အေသြးေတြနဲ႔ ယွဥ္ၿပိဳင္အမွီလိုက္ႏုိင္တယ္ဆိုတာ သက္ေသျပေနတဲ့ ဇာတ္ေကာင္တစ္ေကာင္ပဲဆိုတာကို သေဘာေပါက္ၾကရင္ Batman ကုိ ေတာ္ေတာ္မ်ားမ်ားကႏွစ္သက္ သေဘာက်ၾကမွာပါ။      ။

( Batman ရုပ္ရွင္ၾကည့္ရင္းအိပ္ေပ်ာ္တတ္သူမ်ား၊ superheroes မၾကိဳက္သူမ်ား၊ DC ကိုမုန္း Marvel ကိုသာၾကိဳက္သူမ်ား၊ ကေလးစိတ္ကုန္ၿပီဟု ကိုယ့္ကုိယ္ကိုယူဆသူမ်ား၊ ၾကီးက်ယ္ခန္းနားေသာကိစၥၾကီးမ်ားကိုသာစိတ္ဝင္စားသူမ်ား ေက်ာ္ဖတ္သြားၾကပါလို႔ XD )