Friday, August 7, 2020

မိတ်ဆွေကောင်းလိုချင်ရင်

 

မိတ်ဆွေကောင်းလိုချင်ရင်
********************

”လူတွေက မကောင်းဘူး” လို့ စဉ်းစားမယ့်အစား ”ငါကရော လူတွေပေါ် ဘယ်လောက်ကောင်းခဲ့ဖူးလဲ” ဆိုတဲ့ အတွေးနဲ့ ”စ"စဉ်းစားတာ မကောင်းဘူးလား။ လူဆိုတာကတော့ လူဆိုး၊ လူကောင်းမျိုးစုံရောနေတာပါပဲ။ ကိုယ်ကသာ လူတွေအပေါ် အနှောင်အတွယ်ကင်းကင်းနဲ့ တကယ်ကောင်းမယ်ဆိုရင် ကိုယ်တကယ်ဒုက္ခရောက်ချိန်မှာ ကူညီဖေးမမယ့်သူမရှားပါဘူး။

အတွေးအခေါ်ဘယ်လောက်ရှိရှိ၊ လက်တွေ့ကျင့်ကြံမှုအားနည်းရင် လူတော်ဖြစ်ကောင်းဖြစ်မယ်၊ လူကောင်းမဖြစ်ပါဘူး။ ကိုယ်ကသာ သူများအားနည်းချိန်မှာ ဖေးမသူ၊ သူများကိုပေးထားတဲ့ ကတိတွေတည်သူ၊ ဆောင်ရွက်ရမယ့်ဝတ္တရားကို တာဝန်ကျေပွန်သူ၊ ကိုယ်ကျိုးမကြည့်လွန်းသူ တစ်ယောက်ဆိုရင် လူတွေက သိပါတယ်။ အနည်းဆုံးတော့ လူကောင်းတွေက အသိအမှတ်ပြုပါတယ်။ဒါဖြင့် မကောင်းတဲ့သူတွေရော။ မကောင်းတဲ့သူတွေကတော့ နေရာတိုင်းမှာရှိမှာပါပဲ။ ကိုယ့်စိတ်လေးကို သူတို့ကြေင့် မညစ်နွမ်းစေပဲ၊ မကောင်းတဲ့သူဆိုတာခိုင်ခိုင်မာမာသိိတာနဲ့ တတ်နိုင်သလောက် မပက်သက်ပဲနေတာက ကြည်လင်စင်ကြယ်တဲ့ သမာဓိနဲ့ စိတ်ကိုရစေမှာပါ။

မိတ်ဆွေကောင်းတွေ အများကြီးရှိဖို့က အဲဒီမိတ်ဆွေတွေပေါ်မှာပဲ မူတည်နေတာမဟုတ်ပါဘူး။
အဓိကတာဝန်ရှိသူက ကိုယ်ပါ။
ဖြောင့်မှန်စွာကျင့်ကြံလို့ အားကိုးအားထားပြုထိုက်သူ၊နှစ်လိုဖွယ်ရာလူတစ်ယောက်ဆိုတာ သိနေကြရင် ကိုယ့်နားမှာဝန်းရံမယ့် မိတ်ဆွေကောင်းတွေအများကြီးရှိမှာပါ။ အခွင့်အရေးသာလိုချင်သူ မိတ်ဆွေတုတစ်ချို့လဲ ရှိကောင်းရှိမှာဖြစ်ပေမယ့် ဉာဏ်မျက်စိနဲ့ကြည့်တတ်ရင် ဘယ်သူက ဘယ်လိုဆိုတာ သိတတ်တဲ့ ခံစားမှုမျိုး လူတွေမှာရှိတတ်လို့ ကိုယ့်စိတ်သာကိုယ်ဖြူဖြူစင်စင်ထားလို့ သတိထားဆက်ဆံလို့ရပါတယ်။

လူဆိုတာက `ငါ့အတွက်’ ဆိုတဲ့အတ္တကိုအခြေပြုပြီး လောဘ၊ ဒေါသ၊ မာန်မာနတရားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ခြောက်ပြစ်ကင်း၊သဲလဲစင် တော့ဖြစ်မှာမဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ကိုယ့်ပေါ်မှာလဲကောင်းတယ်၊ သူ့ဘက်၊ ကိုယ့်ဘက်မျှကြည့်တတ်၊ သူများပေါ်ညှာတာထောက်ထားတတ်ပြီး စိတ်သဘောထားကောင်းမွန်ရင် သူ့ရဲ့အားနည်းချက်လေးတွေ၊ ရံဖန်ရံခါဖြစ်တတ်တဲ့ သိပ်မထိခိုက်စေတဲ့ အမှားအယွင်းလေးတွေကို ခွင့်လွှတ်ပေးရမှာပါပဲ။

“ဆန်ပေးမှ ဆေးရ” ဆိုတဲ့ စကားပုံလိုပဲ တစ်ချို့ကိစ္စတွေက ကိုယ်ကပေးမှ ပြန်ရတာပါ။
မအားလပ်တဲ့ သူငယ်ချင်းတွေ ခက်ခက်ခဲခဲတွေ့ကြဖို့ချိန်းတယ်။
အနားကပ်မှ အရေးမပါတဲ့ ခပ်ညံ့ညံ့အကြောင်းပြချက်ပေးပြီး မလာတော့ဘူးပြောလိုက်မယ်။
နောက်တစ်ခါ ချိန်းလို့သူငယ်ချင်းတွေက မလာမှ လူတွေမကောင်းဘူးမပြောပါနဲ့။
တာဝန်ယူထားတဲ့ကိစ္စတစ်ခုကို စေတနာမထားပဲ ပြီးစလွယ်လုပ်ထည့်လိုက်မယ်။
နောက်မှ “လူတွေက ငါ့အလုပ်တွေကျသေချာမလုပ်ပေးကြဘူး” မပြောပါနဲ့။
ပေးထားတဲ့ ကတိတစ်ခုကို လွယ်လွယ်ဖျက်လိုက်မယ်။
နောက်မှ “လူတွေက ငါ့ပေါ်ကတိမတည်ကြဘူး” မပြောပါနဲ့။
သူတပါးကိုကူညီဖို့ စိတ်ရော၊ကိုယ်ပါနှစ်ပြီး အချိန်ပေးအလုပ်လုပ်လို့ အရာရောက်သည်ထိ တစ်ခါလောက် ကြိုးစားပေးခဲ့ဖူးပါသလား။
အဲလိုမျိုးတော့ တစ်ခါမှ မလုပ်ဖူးပဲနဲ့ “ငါ့ကျမှကူညီမယ့်မိတ်ဆွေ မရှိဘူး” မပြောပါနဲ့။

ကိုယ်စိုက်ပျိုးတဲ့အသီးကို ကိုယ်ရိတ်သိမ်းရလေ့ရှိတယ်ဆိုတဲ့ သဘောတရားကိုနားလည်ရင် ကိုယ့်ကိုယ်ကို အရင်တည်ဆောက်ရမှာပါ။

ကိုယ့်ကိုယ်ကို သေချာတည်ဆောက်ထားတဲ့လူတစ်ယောက်ဘေးမှာ လူကောင်းသူကောင်းတွေ အများကြီးရှိနေတာတွေ့ရမှာ သိပ်ကိုသေချာတဲ့အမှန်တရားတစ်ခုပါ။

သမိုင်းမှာကြည့်ပါ။
ရာဇဝင်မှာကြည့်ပါ။
ကမ္ဘာပေါ်မှာကြည့်ပါ။
ပတ်ဝန်းကျင်မှာကြည့်ပါ။
ကိုယ့်ကိုယ်ကို သေချာတည်ဆောက်ထားတဲ့ ခေါင်းဆောင်တစ်ယောက်ကခေါ်လိုက်ရင် လူကောင်းသူကောင်းတွေ အများကြီးရောက်လာပြီး လူ့လောကအတွက်ကောင်းမွန်တဲ့အပြောင်းအလဲကြီးတွေကိုတောင်လုပ်နိုင်တာတွေ့ရပါလိမ့်မယ်။
ကိုယ်ချင်းစာတရားနဲ့ ပြည့်စုံတဲ့၊ စိတ်ထားမှန်ကန်တဲ့၊ ယုံကြည်အားထားထိုက်တဲ့ လူတစ်ယောက်အတွက် နေရာဒေသပေါင်းစုံမှာ မိတ်ဆွေကောင်းတွေ မလွဲမသွေရှာဖွေလို့ရပါတယ်။ ကိုယ့်အတ္တသာ ကိုယ်အရောင်တင်တတ်သူကတော့ ဘယ်အရပ်၊ ဘယ်ဒေသမှာဖြစ်ဖြစ် မိတ်ဆွေတွေက စွန့်ခွါသွားမှာပဲ။

ဒီတော့ “လူတွေမကောင်းဘူး” လို့မတွေးပဲ လူတွေကို ယုံကြည်ပြီး အကောင်းမြင်စိတ်မွေးပါ။
လူတွေကိုချစ်ခင်ပါ။
ဆင်ခြေတွေပေးပြီး ကိုယ့်ကိုယ်ကို သနားနေမယ့်အစား လူတွေချစ်ခင်အားကိုးနိုင်တဲ့သူဖြစ်တဲ့ထိ ကိုယ့်ကိုယ်ကိုမြှင့်တင်ပါ။
သူများကိုပဲ အပြစ်တွေလွှဲချနေမယ့်အစား ကိုယ့်ကိုယ်ကိုလဲ ပြန်ဆန်းစစ်ပါ။
တစ်ခါတစ်လေ တကယ် မကောင်းတဲ့သူတွေလဲ ကြုံရတဲ့အခါ ခေါင်းပေါ်မှာတစ်သက်လုံးရွက်ထားစရာမလိုလို့ ကိုယ့်လမ်းကိုယ်လျှောက်ပါ။
ကိုယ့်ကို ခင်မင်မြတ်နိုးသူတွေကို ခေါင်းထဲမှာထည့်ထားပါ။

မိမိကိုယ်ကို ကိုယ်တိုင်လဲချစ်ခင်လေးစားနိုင်တဲ့သူတစ်ယောက်ဖြစ်ပါစေ။
တစ်နေ့တာကုန်လို့ ညအိပ်ရာဝင်တဲ့အခါတိုင်း “ငါဟာအဆွေခင်ပွန်းကောင်းတစ်ယောက်ဖြစ်တယ်။ ဒါကြောင့် ငါ့မှာလဲမိတ်ဆွေကောင်းတွေအများကြီးရှိတယ်” ဆိုတဲ့အသိနဲ့ စိတ်လက်ချမ်းသာစွာ အေးအေးချမ်းချမ်း အိပ်နိုင်ပါလိမ့်မယ်။

မောင်ဇိ
https://www.facebook.com/MaungZiTales/

————————
ZawGyi

မိတ္ေဆြေကာင္းလိုခ်င္ရင္
*************************

”လူေတြက မေကာင္းဘူး” လို႔ စဥ္းစားမယ့္အစား ”ငါကေရာ လူေတြေပၚ ဘယ္ေလာက္ေကာင္းခဲ့ဖူးလဲ” ဆိုတဲ့ အေတြးနဲ႔ ”စ"စဥ္းစားတာ မေကာင္းဘူးလား။ လူဆိုတာကေတာ့ လူဆိုး၊ လူေကာင္းမ်ိဳးစုံေရာေနတာပါပဲ။ ကိုယ္ကသာ လူေတြအေပၚ အေႏွာင္အတြယ္ကင္းကင္းနဲ႔ တကယ္ေကာင္းမယ္ဆိုရင္ ကိုယ္တကယ္ဒုကၡေရာက္ခ်ိန္မွာ ကူညီေဖးမမယ့္သူမရွားပါဘူး။

အေတြးအေခၚဘယ္ေလာက္ရွိရွိ၊ လက္ေတြ႕က်င့္ႀကံမႈအားနည္းရင္ လူေတာ္ျဖစ္ေကာင္းျဖစ္မယ္၊ လူေကာင္းမျဖစ္ပါဘူး။ ကိုယ္ကသာ သူမ်ားအားနည္းခ်ိန္မွာ ေဖးမသူ၊ သူမ်ားကိုေပးထားတဲ့ ကတိေတြတည္သူ၊ ေဆာင္႐ြက္ရမယ့္ဝတၱရားကို တာဝန္ေက်ပြန္သူ၊ ကိုယ္က်ိဳးမၾကည့္လြန္းသူ တစ္ေယာက္ဆိုရင္ လူေတြက သိပါတယ္။ အနည္းဆုံးေတာ့ လူေကာင္းေတြက အသိအမွတ္ျပဳပါတယ္။ဒါျဖင့္ မေကာင္းတဲ့သူေတြေရာ။ မေကာင္းတဲ့သူေတြကေတာ့ ေနရာတိုင္းမွာရွိမွာပါပဲ။ ကိုယ့္စိတ္ေလးကို သူတို႔ေၾကာင့္ မညစ္ႏြမ္းေစပဲ၊ မေကာင္းတဲ့သူဆိုတာခိုင္ခိုင္မာမာသိတာနဲ႔ တတ္ႏိုင္သေလာက္ မပက္သက္ပဲေနတာက ၾကည္လင္စင္ၾကယ္တဲ့ သမာဓိနဲ႔ စိတ္ကိုရေစမွာပါ။

မိတ္ေဆြေကာင္းေတြ အမ်ားႀကီးရွိဖို႔က အဲဒီမိတ္ေဆြေတြေပၚမွာပဲ မူတည္ေနတာမဟုတ္ပါဘူး။
အဓိကတာဝန္ရွိသူက ကိုယ္ပါ။
ေျဖာင့္မွန္စြာက်င့္ႀကံလို႔ အားကိုးအားထားျပဳထိုက္သူ၊ႏွစ္လိုဖြယ္ရာလူတစ္ေယာက္ဆိုတာ သိေနၾကရင္ ကိုယ့္နားမွာဝန္းရံမယ့္ မိတ္ေဆြေကာင္းေတြအမ်ားႀကီးရွိမွာပါ။ အခြင့္အေရးသာလိုခ်င္သူ မိတ္ေဆြတုတစ္ခ်ိဳ႕လဲ ရွိေကာင္းရွိမွာျဖစ္ေပမယ့္ ဉာဏ္မ်က္စိနဲ႔ၾကည့္တတ္ရင္ ဘယ္သူက ဘယ္လိုဆိုတာ သိတတ္တဲ့ ခံစားမႈမ်ိဳး လူေတြမွာရွိတတ္လို႔ ကိုယ့္စိတ္သာကိုယ္ျဖဴျဖဴစင္စင္ထားလို႔ သတိထားဆက္ဆံလို႔ရပါတယ္။

လူဆိုတာက `ငါ့အတြက္’ ဆိုတဲ့အတၱကိုအေျချပဳၿပီး ေလာဘ၊ ေဒါသ၊ မာန္မာနတရားေတြနဲ႔ ဖြဲ႕စည္းထားတာျဖစ္လို႔ ေျခာက္ျပစ္ကင္း၊သဲလဲစင္ ေတာ့ျဖစ္မွာမဟုတ္ပါဘူး။ လူတစ္ေယာက္ဟာ ကိုယ့္ေပၚမွာလဲေကာင္းတယ္၊ သူ႔ဘက္၊ ကိုယ့္ဘက္မွ်ၾကည့္တတ္၊ သူမ်ားေပၚညႇာတာေထာက္ထားတတ္ၿပီး စိတ္သေဘာထားေကာင္းမြန္ရင္ သူ႔ရဲ႕အားနည္းခ်က္ေလးေတြ၊ ရံဖန္ရံခါျဖစ္တတ္တဲ့ သိပ္မထိခိုက္ေစတဲ့ အမွားအယြင္းေလးေတြကို ခြင့္လႊတ္ေပးရမွာပါပဲ။

“ဆန္ေပးမွ ေဆးရ” ဆိုတဲ့ စကားပုံလိုပဲ တစ္ခ်ိဳ႕ကိစၥေတြက ကိုယ္ကေပးမွ ျပန္ရတာပါ။
မအားလပ္တဲ့ သူငယ္ခ်င္းေတြ ခက္ခက္ခဲခဲေတြ႕ၾကဖို႔ခ်ိန္းတယ္။
အနားကပ္မွ အေရးမပါတဲ့ ခပ္ညံ့ညံ့အေၾကာင္းျပခ်က္ေပးၿပီး မလာေတာ့ဘူးေျပာလိုက္မယ္။
ေနာက္တစ္ခါ ခ်ိန္းလို႔သူငယ္ခ်င္းေတြက မလာမွ လူေတြမေကာင္းဘူးမေျပာပါနဲ႔။
တာဝန္ယူထားတဲ့ကိစၥတစ္ခုကို ေစတနာမထားပဲ ၿပီးစလြယ္လုပ္ထည့္လိုက္မယ္။
ေနာက္မွ “လူေတြက ငါ့အလုပ္ေတြက်ေသခ်ာမလုပ္ေပးၾကဘူး” မေျပာပါနဲ႔။
ေပးထားတဲ့ ကတိတစ္ခုကို လြယ္လြယ္ဖ်က္လိုက္မယ္။
ေနာက္မွ “လူေတြက ငါ့ေပၚကတိမတည္ၾကဘူး” မေျပာပါနဲ႔။
သူတပါးကိုကူညီဖို႔ စိတ္ေရာ၊ကိုယ္ပါႏွစ္ၿပီး အခ်ိန္ေပးအလုပ္လုပ္လို႔ အရာေရာက္သည္ထိ တစ္ခါေလာက္ ႀကိဳးစားေပးခဲ့ဖူးပါသလား။
အဲလိုမ်ိဳးေတာ့ တစ္ခါမွ မလုပ္ဖူးပဲနဲ႔ “ငါ့က်မွကူညီမယ့္မိတ္ေဆြ မရွိဘူး” မေျပာပါနဲ႔။

ကိုယ္စိုက္ပ်ိဳးတဲ့အသီးကို ကိုယ္ရိတ္သိမ္းရေလ့ရွိတယ္ဆိုတဲ့ သေဘာတရားကိုနားလည္ရင္ ကိုယ့္ကိုယ္ကို အရင္တည္ေဆာက္ရမွာပါ။

ကိုယ့္ကိုယ္ကို ေသခ်ာတည္ေဆာက္ထားတဲ့လူတစ္ေယာက္ေဘးမွာ လူေကာင္းသူေကာင္းေတြ အမ်ားႀကီးရွိေနတာေတြ႕ရမွာ သိပ္ကိုေသခ်ာတဲ့အမွန္တရားတစ္ခုပါ။

သမိုင္းမွာၾကည့္ပါ။
ရာဇဝင္မွာၾကည့္ပါ။
ကမာၻေပၚမွာၾကည့္ပါ။
ပတ္ဝန္းက်င္မွာၾကည့္ပါ။
ကိုယ့္ကိုယ္ကို ေသခ်ာတည္ေဆာက္ထားတဲ့ ေခါင္းေဆာင္တစ္ေယာက္ကေခၚလိုက္ရင္ လူေကာင္းသူေကာင္းေတြ အမ်ားႀကီးေရာက္လာၿပီး လူ႔ေလာကအတြက္ေကာင္းမြန္တဲ့အေျပာင္းအလဲႀကီးေတြကိုေတာင္လုပ္ႏိုင္တာေတြ႕ရပါလိမ့္မယ္။
ကိုယ္ခ်င္းစာတရားနဲ႔ ျပည့္စုံတဲ့၊ စိတ္ထားမွန္ကန္တဲ့၊ ယုံၾကည္အားထားထိုက္တဲ့ လူတစ္ေယာက္အတြက္ ေနရာေဒသေပါင္းစုံမွာ မိတ္ေဆြေကာင္းေတြ မလြဲမေသြရွာေဖြလို႔ရပါတယ္။ ကိုယ့္အတၱသာ ကိုယ္အေရာင္တင္တတ္သူကေတာ့ ဘယ္အရပ္၊ ဘယ္ေဒသမွာျဖစ္ျဖစ္ မိတ္ေဆြေတြက စြန႔္ခြါသြားမွာပဲ။

ဒီေတာ့ “လူေတြမေကာင္းဘူး” လို႔မေတြးပဲ လူေတြကို ယုံၾကည္ၿပီး အေကာင္းျမင္စိတ္ေမြးပါ။
လူေတြကိုခ်စ္ခင္ပါ။
ဆင္ေျခေတြေပးၿပီး ကိုယ့္ကိုယ္ကို သနားေနမယ့္အစား လူေတြခ်စ္ခင္အားကိုးႏိုင္တဲ့သူျဖစ္တဲ့ထိ ကိုယ့္ကိုယ္ကိုျမႇင့္တင္ပါ။
သူမ်ားကိုပဲ အျပစ္ေတြလႊဲခ်ေနမယ့္အစား ကိုယ့္ကိုယ္ကိုလဲ ျပန္ဆန္းစစ္ပါ။
တစ္ခါတစ္ေလ တကယ္ မေကာင္းတဲ့သူေတြလဲ ႀကဳံရတဲ့အခါ ေခါင္းေပၚမွာတစ္သက္လုံး႐ြက္ထားစရာမလိုလို႔ ကိုယ့္လမ္းကိုယ္ေလွ်ာက္ပါ။
ကိုယ့္ကို ခင္မင္ျမတ္ႏိုးသူေတြကို ေခါင္းထဲမွာထည့္ထားပါ။

မိမိကိုယ္ကို ကိုယ္တိုင္လဲခ်စ္ခင္ေလးစားႏိုင္တဲ့သူတစ္ေယာက္ျဖစ္ပါေစ။
တစ္ေန႔တာကုန္လို႔ ညအိပ္ရာဝင္တဲ့အခါတိုင္း “ငါဟာအေဆြခင္ပြန္းေကာင္းတစ္ေယာက္ျဖစ္တယ္။ ဒါေၾကာင့္ ငါ့မွာလဲမိတ္ေဆြေကာင္းေတြအမ်ားႀကီးရွိတယ္” ဆိုတဲ့အသိနဲ႔ စိတ္လက္ခ်မ္းသာစြာ ေအးေအးခ်မ္းခ်မ္း အိပ္ႏိုင္ပါလိမ့္မယ္။

ေမာင္ဇိ

No comments:

Post a Comment