မောင်ဇိ၏ဂရိဒဏ္ဍာရီ (၁၈) { နတ်ဘုရားတို့၏ စစ်ပွဲကြီး}
*******************************************
မြေပြင် ဝေဟင်တွေက မီးဟုန်းဟုန်းတောက်နေတယ်။ သမုဒ္ဒရာပြင်ကြီးကလဲ မြင့်မားတဲ့လှိုင်းလုံးကြီးတွေနဲ့ မုန်တိုင်းထန်လို့။
စွမ်းအားကြီးတဲ့နတ်ဘုရားတို့ရဲ့ ပြင်းထန်လှတဲ့ စစ်ပွဲကြီးကြောင့် ကမ္ဘာလောကကြီးတစ်ခုလုံး ကပြောင်းကပြန်တွေလန်ပြီး ပထဝီမြေကြီးကပါ တုန်ဟီးသံပေးလို့ လူးလွန့်လှုပ်ရှားနေတယ်။
အတ်လတ်စ် (Atlas)ဦးဆောင်တဲ့ တိုက်တန်တွေနဲ့ ဇူးစ်(Zeus)စုစည်းထားတဲ့ မျိုးဆက်သစ်နတ်ဘုရားတွေရဲ့ စစ်ပွဲက ဆယ်နှစ်နီးပါးကြာရှည်လာခဲ့ပြီ။
အတ်လတ်စ်ရဲ့ညီဖြစ်တဲ့ မီနိုးတီးရပ်စ် ( Menoetius) က စစ်ပွဲအတွင်းကြမ်းတဲ့ရမ်းတဲ့နေရာမှာ ဗိုလ်စွဲတယ်။ သူနဲ့မနီးရိုးစွဲလိုက်ပြီး ကြမ်းတမ်းရက်စက်တာက သူတို့အဖေတိုက်တန်ကြီး လပ္ပီးတပ်စ် ( Lapetus)။ တိုက်တန်တွေဘက်က ရှေ့တန်းတိုက်ခိုက်ရေးသမားကြီးတွေပေါ့။
တိုက်တန်တွေထဲက တစ်ဦးဖြစ်တဲ့ အိုစီးရန်းနပ်စ်(Oceanus)ကတော့ တိုက်ပွဲအတွင်း ဘယ်ဘက်မှမပါပဲ ကြားမှာနေခဲ့တယ်။
တိုက်တန်နတ်ဘုရားမတွေကလဲ တိုက်တဲ့ခိုက်တဲ့ထဲမပါခဲ့ပါဘူး။
အိုစီရန်းနပ်စ်ရဲ့သမီးဖြစ်တဲ့ဇူးစ်ရဲ့ချစ်သူ မီးတစ်(Métis) ကဇူးစ်ရဲ့ဘေးမှာအကြံပေးတစ်ယောက်အနေနဲ့ကူညီနေခဲ့တယ်။ ဉာဏ်ပညာကြီးတဲ့ မီးတစ် က အတွေ့အကြုံနည်းတဲ့ ဇူးစ်တို့မောင်နှမတစ်တွေကို အရှုံးနဲ့ရင်မဆိုင်ရစေဖို့ အမြဲလမ်းပြကူညီနိုင်ခဲ့တယ်။
ဒီလိုနဲ့တိုက်ပွဲကရှည်ကြာလာခဲ့တယ်။
အောသရစ်(စ်)တောင်တော် (Mount Othrys)က တိုက်တန်နတ်ဘုရားတွေက အောင်ပွဲမရသလို အိုလံပစ်တောင် (Mount Olympus) က တော်လှန်သူနတ်ဘုရားမျိုးဆက်သစ်တွေကလဲ အနိုင်မရရှိနိုင်ဖြစ်နေတယ်။
“ကျွန်ုပ်ဘက်မှ ကူညီတိုက်ခိုက်ပေးသော မည်သည့် တိုက်တန်ကိုမဆို စစ်ပွဲကြီးပြီး၍ကျွန်ုပ်အနိုင်ရရှိက အပြစ်မပေးပဲ နေမြဲအတိုင်းနေစေအံ့။
အဆောင်အယောင်များကို ခံစားမြဲခံစားစေ၍ ဆုလာဘ်များပေးအံ့။
အကြောက်တရားဖြင့် နတ်ဘုရားများအားစိုးမိုးထားသူ၊ သားသမီးများကို ဝမ်းတွင်းမျိုချသည့် ရက်စက်ကြမ်းကြုတ်သူ ကျွန်ုပ်၏ဖခင် ခရိုးနပ်စ်ကို ကျွန်ုပ်တို့မောင်နှမများနှင့်အတူလက်တွဲ၍ တိုက်ပွဲဝင်ကာ ပလ္လင်ထက်မှဖြုတ်ချကြလော့”
ဇူးစ်က သူ့ဘက်ကိုလာရောက်ပူးပေါင်းသူတိုက်တန်တွေကို အပြစ်မပေးပဲ သူကောင်းပြုမယ်လို့ကတိပေးတယ်။
စတစ်နတ်သမီး
**************
အိုလံပစ်သားတွေဘက်ကို ပထမဆုံးအပြေးရောက်လာပြီးပူးပေါင်းခဲ့တာက အိုစီးရန်းနပ်စ် (Oceanus)နဲ့ သက်တစ်စ်(Thetys)တို့ရဲ့ သမီးတွေထဲက မြစ်နတ်သမီးတစ်ပါးဖြစ်တဲ့ စတစ်(Styx) နဲ့သူ့သားသမီးလေးယောက်။ သူသားသမီးလေးယောက်က ခရားတို့စ်Kratos (Strength), နိုက်ကီNike (Victory)၊ ဗီရာ Bia(Force) နဲ့ ဇဲလို့စ်Zelos (Zeal) တို့ဖြစ်တယ်။
ခရားတို့စ်ကခွန်အား(Strength)ကိုကိုယ်စားပြုတဲ့နတ်ဖြစ်ပြီး သူ့ညီမ နိုက်ကီကတော့ အောင်ပွဲ(Victory)ရဲ့နတ်သမီးဖြစ်တယ်။ ဗီရာ က အားအင်သဘာဝ (Force) ရဲ့နတ်တစ်ပါးဖြစ်တယ်။ ဇဲလို့စ်ကတော့စိတ်အားထက်သန်မှုကိုစောင့်ရှောက်တဲ့နတ်သမီး။
ဇူးစ်ကို အရင်ဦးဆုံးလာပြီးကူညီခဲ့တဲ့အတွက် နောင်တစ်ချိန်ဇူးစ်အာဏာရလာချိန်မှာ မြေအောက်ကမ္ဘာက စတစ်မြစ် (River Styx) ကိုနတ်ဘုရားတွေသစ္စာဆိုတဲ့အခါ တိုင်တည်ရာမြစ်တစ်ခုဖြစ်စေခဲ့တယ်။ စတစ်မြစ်မှာဆိုထားတဲ့သစ္စာကို ဇူးစ်အပါအဝင်ဘယ်နတ်ဘုရားမှဖောက်ဖျက်လို့မရဘူး။
ဇူးစ်ရဲ့နောက်လိုက်သစ်များ
************************
ဆယ်နှစ်တိုက်ပွဲကြီးမှာ ဇူးစ်ဘက်ကို တိုက်တန်တွေဘက်က ပရိုမီးသီးရပ်စ် (Prometheus)နဲ့ အပီမီးသီးရပ်စ်(Epimetheus)တို့ညီအစ်ကို လာပူးပေါင်းတဲ့အခါ အိုလံပစ်သားတွေရဲ့ အင်အားတောင့်တင်းလာတယ်။
အဆုံးအဖြတ်ပေးနိုင်ဖို့အထိ အင်အားကောင်းလာတာက ဟက္ကတွန်ခီရိစ်တွေနဲ့ ဆိုက်ကလော့တွေကို ကယ်တင်ပြီးသွားတဲ့အခါမှာ။
ဆိုက်ကလော့တွေရဲ့ကျေးဇူးနဲ့ ဇူးစ်ရဲ့မိုးကြိုးသွားက ပိုအစွမ်းထက်လာပြီး၊ ပြင်းထန်ထက်မြက်တဲ့မိုးကြိုးသွားလက်နက်တွေကို ရန်သူတွေရှိရာကို အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နိုင်လာတယ်။ ဆိုက်ကလော့တွေရဲ့လက်ရာ ကိုယ်ပျောက်ဦးထုပ်နဲ့ မှော်စွမ်းအင်တွေရှိတဲ့ ခက်ရင်းသုံးခွမှိန်းတို့ကိုသုံးပြီး ဟေးဒီးစ်နဲ့ ပိုဆီဒွန်တို့ရဲ့အတိုက်အခိုက်တွေကလဲ ပိုထိရောက်လာတယ်။
ပိုဆီဒွန်က မြေပြင်ကို သူ့ရဲ့ ခက်ရင်းခွနဲ့ရိုက်ခတ်လိုက်တဲ့အခါမှာ မြေပြင်တစ်ခုလုံး လှိုင်းလုံးတွေလိုလှုပ်ခတ်သွားပြီး တိုက်တန်တွေအတွက်ရပ်တည်လို့မရဖြစ်ကုန်တယ်။
ဟက္ကတွန်ခီရိစ်တွေကတော့ တောင်လောက်ရှိတဲ့ကျောက်တုံးကြီးတွေနဲ့ ရန်သူတွေကိုလွှဲလွဲပြီးပစ်လို့ တိုက်တန်တပ်တွေကို အဝေးကြီးကနေတောင်မှ ကစဥ့်ကလျားဖြစ်စေတယ်။ ကျောက်စိုင်ကျောက်သားကြီးတွေနဲ့ လေထုနဲ့ပွတ်တိုက်ရာကနေ ရဲရဲနီတွေတဲ့မီးရောင်တွေပွင့်လို့ ကောင်းကင်ကြီးတစ်ခုလုံးကလဲ မီးလျှံတွေနဲ့ပြည့်နေတယ်။
တိုက်ပွဲတွေခဏနားချိန်မှာ သားတွေဖြစ်တဲ့ ဒဏ်ရာရတိုက်တန်တွေကိုမကြည့်ရက်လို့ ဂိုင်းယာက ဆေးပင်ဆေးမြစ်အရှာထွက်တဲ့အခါ ကောင်းကင်ကြီးတစ်ခုလုံးကို မဲမှောင်အောင်လုပ်ထားပြီး ဘာမှမမြင်မရအောင်လုပ်ခြင်းနဲ့ ဟီးလိရို့စ်ကဇူးစ်ကိုကူညီပြန်တယ်။
တိုက်ပွဲတလျှောက်မှာ စတစ်နတ်သမီးရဲ့ သမီးတစ်ယောက်ဖြစ်တဲ့ အောင်ပွဲကိုစောင့်ရှောက်တဲ့နတ်သမီးနိုက်ကီက စစ်လှည်းတစ်စီးနဲ့ကောင်းကင်မှာပျံဝဲရင်း ဇူးစ်ရဲ့တပ်တွေအတွက် အောင်မြင်ရေးဓါတ်တွေသွတ်သွင်းလို့ အောင်ပွဲအတွက်ကောင်းချီးပေးခြင်းနဲ့ တိုက်ခိုက်စွမ်းရည်တွေကို မြှင့်တင်ပေးနေခဲ့တယ်။
အဆုံးအဖြတ်တိုက်ပွဲ
***************
အိုလံပစ်သားတွေ တိုက်တန်တို့ရဲ့အောသရစ်စ်တောင်ကိုဝင်မစီးခင်ညမှာ ကိုယ်ပျောက်ခမောက်ပိုင်ရှင် ဟေးဒီးစ်က အောသရစ်စ်တောင်က တိုက်တန်တွေသုံးစွဲတဲ့လက်နက်တွေကို တိတ်တိတ်လေးသွားဖျက်စီးပစ်လိုက်တယ်။
နောက်တစ်နေ့မှာတော့ ပစ်အားကောင်းတဲ့ ဟက္ကတွန်ခီရိစ်တွေရဲ့ ကျောက်တုံး၊ကျောက်ခဲမိုးကြီးတွေရွာအပြီးမှာ ဇူးစ်နဲ့မဟာမိတ်တွေဟာ အောသရစ်စ်တောင်တော်ပေါ်ကိုတက်လို့ နောက်ဆုံးတိုက်ပွဲကြီးဆင်နွှဲကြတယ်။
တစ်ချိန်က ခမ်းနားခဲ့တဲ့ နတ်ဘုရင်ခရိုးနိုစ် နန်းစိုက်ရာ အောသရစ်စ်တောင်တော်ကြီးကတော့
နားကန်းမတတ်မိုးခြိမ်းသံတွေ၊
တစ်ဝင်းဝင်းလျှပ်ရောင်တွေ၊
အက်ကွဲသံပေးလို့ တုန်ခါနေတဲ့ မြေပြင်တွေ။
တစ်ဖွဲဖွဲကျနေတဲ့ ကျောက်ဆောင်ကျောက်သားမိုးတွေအောက်မှာ
မီးတောက်မီးလျှံတွေကြားက ပြိုလဲပျက်စီးနေတဲ့ စစ်မြေပြင်ကြီးဖြစ်နေတယ်။
ဆယ်စုနှစ်တစ်ခုအကြာ စစ်ပွဲတွေဖြစ်ပြီးတဲ့နောက်မှာတော့ အင်အားအလွန်တောင့်တင်းနေပြီဖြစ်တဲ့ ဇူးစ်၊ ပိုဆီဒွန်၊ ဟေးဒီးစ်တို့ဦးစီးတဲ့ အိုလံပစ်သားတွေရဲ့လက်ထဲကို အောသရစ်စ်တောင်တော်နဲ့တကွ စစ်ရှုံးသူ တိုက်တန်တွေအားလုံးကျရောက်သွားပါတော့တယ်။
အာဏာခွဲဝေခြင်းနှင့်ချီးမြှောက်ခြင်း
***********************************
တိုက်တန်တွေကို အောင်မြင်စွာနှိမ်နင်းပြီးစကြဝဠာကိုပိုင်စိုးနိုင်တဲ့အခါမှာ ဇူးစ်တို့ညီအစ်ကိုသုံးယောက်က ကမ္ဘာမြေကိုသုံးပိုင်းပိုင်းပြီး အုပ်စိုးကြတယ်။
ဇူးစ်က ကောင်းကင်နဲ့မြေပြင်ကို ချယ်လှယ်ပြီး နတ်ဘုရားအားလုံးရဲ့အခေါင်အချုပ်ဖြစ်လာတယ်။
ခက်ရင်းခွပိုင်ရှင် ပိုဆီဒွန်က သမုဒ္ဒရာရဲ့ နတ်ဘုရားဖြစ်လာပြီး ရေမှာရှိသမျှအရာတွေကို အာဏာတည်သူ။
ကိုယ်ပျောက်ခမောက်ရဲ့သခင် ဟေးဒီးစ်ကတော့ မြေအောက်ကမ္ဘာရဲ့အရှင်သခင်ဖြစ်လာတယ်။
ဟက္ကတွန်ခီရိစ်တွေကိုကမ္ဘာမြေအနှံ့က ခမ်းနားတဲ့နန်းတော်တွေနဲ့ဆုချပြီး ပိုဆီဒွန်ကလဲ ဟက္ကဒွန်ခီရိစ်တစ်ယောက်ကို သူ့သမီးတော်နဲ့လက်ဆက်စေတယ်။
ဆိုက်ကလော့တွေကတော့ အိုလံပစ်တောင်တော်မှာနေထိုင်ခွင့်ရပြီး နတ်ဘုရင်ဇူးစ်အတွက် လိုအပ်တဲ့မိုးကြိုးသွားတွေကိုဆက်လက်ထုလုပ်ပေးကြတယ်။
စတစ်နတ်ဘုရားမရဲ့သားသမီးလေးယောက်ကလဲ ဇူးစ်ရဲ့ယုံကြည်ရတဲ့လူယုံတွေဖြစ်လာပြီး ဇူးစ်အနားမှာ မကြာခဏခစားခွင့်ရကြတယ်။မောင်နှမလေးယောက်က ဇူးစ်ရဲ့လက်ရုံးတွေဖြအနေနဲ့ အင်အားကိုအသုံးပြုဖြေရှင်းရတဲ့အလုပ်တွေကို ဇူးစ်ကိုယ်စားလုပ်ပေးကြတယ်။ နောင်တစ်ချိန် ဇူးစ်နဲ့ ပရိုမီးသီရပ်စ်တို့ လူသားတွေကိုမီးပေးတဲ့ကိစ္စကိုအကြောင်းပြုပြီး မသင့်မတင့်ဖြစ်တဲ့အခါ ဟက်ဖက်စ်တပ်စ် ရဲ့ သံကြိုးတွေကို တိုက်တန်ကြီး ပရိုမီးသီးရပ်စ်ရဲ့ကိုယ်မှာချည်နှောင်လို့ ကော်ကေးဆပ်တောင်တန်းတွေမှာထားခဲ့ဖို့တာဝန်ပေးခံရသူတွေကလဲ ခွန်အားကြီးတဲ့ ခရေးတို့စ်(Kratos) နဲ့သူ့ညီမ ဇဲလို့ (Zalos)တို့ပါပဲ။
စစ်ပွဲမှာမပါဝင်ခဲ့သူတိုက်တန်နတ်ဘုရားမတွေနဲ့ ကြားနေခဲ့သူ၊ ဇူးစ်တို့ဘက်ကိုကူညီခဲ့သူတွေကတော့ ရှိဆဲအဆောင်အယောင်တွေအတိုင်းဆက်လက်ခံစားခွင့်ရခဲ့တယ်။
အပြစ်ပေးခြင်း
***********
ပထမဆုံးအပြစ်ပေးခံရတာကတော့ ခရိုးနပ်စ်နဲ့ ဟိုက်ပါရီရွန်၊ လပ္ပီးတပ်စ် စတဲ့နောက်ပါတိုက်တန်တွေ။
သူတို့ကို တစ်ချိန်က ဟက္ကတွန်ခီရိစ်တွေနဲ့ ဆိုက်ကလော့တွေကိုချုပ်နှောင်ခဲ့ရာ တားတားရပ်စ်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ ဆိုက်ကလော့တွေသွန်းလုပ်တဲ့ခိုင်မာတဲ့သံကြိုးတွေနဲ့နှောင်တည်းလို့ ထိန်းသိမ်းအကျဥ်းကျစေခဲ့လိုက်တယ်။
ဟက္ကတွန်ခီရိစ်တွေကတော့ သူတို့ထွက်မပြေးနိုင်အောင်စောင့်ကြည့်တဲ့ အစောင့်တွေပေါ့။
ကြီးမားထွားကျိုင်းပြီး တိုက်တန်တပ်ဦးကနေရွပ်ရွပ်ချွံချွံတိုက်လို့ ဇူးစ်တို့ကိုထိပ်တိုက်တွေ့တဲ့တိုက်တန်တပ်တွေရဲ့ ဦးစီးဦးဆောင် အတ်လတ်စ်ကတော့ အထူးပြစ်ဒဏ်။
"ကမ္ဘာရဲ့အနောက်ဘက်စွန်းအရပ်တွင်ရပ်တည်၍ ကောင်းကင်ကြီးကို နှစ်ပေါင်းအသင်္ချေတိုင်အောင်ထမ်းထားစေ"
ဆိုတဲ့ အမိန့်နဲ့အတူ ကောင်းကင်ကြီးကို တစ်သက်ပတ်လုံးထမ်းပိုးထားရတယ်။
မျိုးဆက်သစ်နတ်ဘုရားများ
********************
ဇူးစ်ကိုကူညီခဲ့တဲ့ အိုစီရန်းနပ်စ်ရဲ့ သမီးတော်ဉာဏ်ပညာကြီးတဲ့ မီးတစ်စ်က ဇူးစ်ရဲ့ပထမဆုံးမိဖုရားဖြစ်လာခဲ့တယ်။
ဒါပေမယ့်လဲ မီးတစ်စ်မွေးလာတဲ့သားသမီးတွေထဲက ဇူးစ်ကိုပုံကန်သူတွေပေါ်လာမယ်ဆိုတဲ့ ပရိုမီးသီးရပ်စ်ရဲ့ရှေ့ဖြစ်အဟောကြောင့် ဇူးစ်ကမီးတစ်စ်ကို ဝမ်းတွင်းကိုမျိုချလိုက်တယ်။
သူ့အဖေခရိုးနပ်စ်က ကလေးတွေကိုသာမျိုချခဲ့ပေမယ့် သူကတော့ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကလေးတွေရဲ့အမေဖြစ်လာမယ့်သူကိုပါ မျိုချခဲ့တာပါ။
ဒီကြားထဲကပဲ ဉာဏ်ပညာရဲ့နတ်သမီးဖြစ်တဲ့ အသီးနားက ဇူးစ်ရဲ့ဦးခေါင်းကိုခွဲလို့ထွက်လာပြီး မွေးဖွားလာပါသေးတယ်။
မီးတစ်စ်မရှိတဲ့နောက်မှာ ဇူးစ်ရဲ့အမရင်းဖြစ်သူ ဟီးရာကမိဖုရားခေါင်ကြီးဖြစ်လာပြီး အိုလံပစ်တောင်က ညီလာခံခန်းမထိပ်ဆုံးမှာ ဇူးစ်ရဲ့ပလ္လင်နဲ့အတူကပ်လျက်ယှဥ်တွဲလို့ထိုင်တယ်။
ခန်းမထဲကိုဝင်သွားရင် ဘယ်ဘက်ခြမ်းမှာ ဇူးစ်ရဲ့ညီအစ်ကိုဖြစ်သူ ရေနတ်ဘုရားပိုဆီဒွန်(Poseidon)နဲ့ ဇူးစ်ရဲ့သားတွေဖြစ်တဲ့ ဂီတနဲ့အလင်းရောင်ရဲ့နတ်ဘုရား အပိုလို (Apollo)၊ စစ်မက်နတ်ဘုရား အေးရိစ် (Ares)၊ ခြေထောက်မသန်တဲ့ ပန်းပဲနတ်ဘုရား ဟပ်ဖက််စ်တပ်စ် (Hephaestus)၊ တမန်တော်နတ်ဘုရား ဟာမီးစ်(Hermes)၊ အငယ်ဆုံးဖြစ်တဲ့ ဝိုင်နတ်ဘုရား ဒိုင်အောနစ်ဆပ်စ် (Dionysus) တို့ထိုင်ကြတယ်။ ညာဘက်ခြမ်းကပလ္လင်တွေမှာတော့ ဇူးစ်ရဲ့အစ်မနဲ့မိဖုရားတစ်ပါးဖြစ်တဲ့ ကောက်ပဲသီးနှံနတ်ဘုရားမ ဒမီတာ(Demeter)၊ ယူရေးနပ်စ်ကို ခရိုးနပ်စ်ကပုန်ကန်စဥ်က မွေးဖွားလာတဲ့အလှနတ်ဘုရားမ အဖရိုဒိုက်တီး (Aphrodite)၊ ဇူးစ်ရဲ့ သမီးတွေဖြစ်တဲ့ ဉာဏ်ပညာနဲ့စစ်ဗြူဟာအတတ်ရဲ့နတ်ဘုရားမ အသီးနား (Athena)၊ အမဲလိုက်နတ်ဘုရားမ အာတိမစ်စ်(Artemis)၊ ဇူးစ်ရဲ့အစ်မအကြီးဆုံးနဲ့ အပျိုစင်လဲဖြစ်တဲ့ မိသားစု၊နေအိမ်ကိုစောင့်ရှောက်ကောင်းချီးပေးတဲ့နတ်ဘုရားမ ဟက်စ်တီးရား (Hestia)။
စုစုပေါင်း နတ်ဘုရားနဲ့ နတ်ဘုရားမ ၁၃ ယောက်တို့က အိုလံပစ်တောင်ကညီလာခံခန်းမထဲမှာထိုင်လို့ ကမ္ဘာလောကကြီးကို အုပ်ချုပ်ထိန်းကြောင်းလို့ အဆုံးအဖြတ်တွေချမှတ်ကြတယ်။
မြေအောက်ကမ္ဘာရဲ့နတ်ဘုရားဟေးဒီးစ်ကတော့ အိုလံပစ်တောင်ကိုလာလေ့မရှိပဲ အနက်ရောင်ကျောက်သားနဲ့ဆောက်ထားတဲ့ အိုလံပစ်တောင်နန်းတော်ပုံတူ သူ့ရဲ့မြေအောက်ကမ္ဘာကနန်းတော်ကြီးထဲမှာပဲ စံမြန်းနေလေ့ရှိတယ်။
လူသားကိုဖန်တီးခြင်း
****************
တိုက်တန်တွေနဲ့ စစ်ပွဲကြီးပြီးသွားလို့ နှစ်ပေါင်းများစွာကြာသွားတဲ့တစ်နေ့မှာ ဇူးစ်ရဲ့အမိန့်နဲ့ ခြေမြန်တော်ဟာမီးစ်က တိုက်တန်တွေဖြစ်သူ ပရိုမီးသီးရပ်စ်နဲ့ အပီမီးသီးရပ်စ်ကို နတ်ဘုရား ၁၃ ပါးစံမြန်းရာ ညီလာခံခန်းမကိုဆင့်ခေါ်လိုက်တယ်။
ရောက်လာတဲ့ တိုက်တန်နတ်ဘုရားညီအစ်ကိုနှစ်ယောက်ကို နတ်ဘုရင်ဇူးစ်က
"ကဲ....တိုက်တန်ညီအစ်ကိုတို့...............ငါတို့ကို ဖျော်ဖြေနိုင်တဲ့ သတ္တဝါတွေ၊ နတ်ဘုရားတွေရဲ့စိတ်ကို အပန်းပြေစေမယ့် အရာတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ သက်ရှိတွေကို ကမ္ဘာမြေကြီးပေါ်မှာ ဖန်တီးကြပေတော့"
လို့ အမိန့်ပေးလိုက်ရာကနေစပြီး သတ္တဝါပေါင်းစုံနဲ့ လူသားမျိုးနွယ်တို့ဟာ ဒီကမ္ဘာမှာ စတင်ဖြစ်ထွန်းလာပါတော့တယ်။
(မောင်ဇိ၏ ဂရိဒဏ္ဍာရီများ ဤတွင်တစ်ခန်းရပ်ပါပြီ)
မောင်ဇိ (၂၈.၀၈.၂၀၂၀)
[အစမှအဆုံးလင့်အားလုံးကို ပို့စ်နောက်ဆုံးမှာကြည့်ပေးပါ]
ကိုးကား။ ။
https://www.greeklegendsandmyths.com/titanomachy.html
https://www.ancient-origins.net/
https://www.britannica.com/browse/Ancient-Religions-Mythology
https://greekgodsandgoddesses.net/myths/titanomachy/
https://www.greekmythology.com/Myths/myths.html
https://mythology.net/greek/greek-concepts/titanomachy/
and Others
=====================================================
ေမာင္ဇိ၏ဂရိဒ႑ာရီ (၁၈) { နတ္ဘုရားတို႔၏ စစ္ပြဲႀကီး}
*******************************************
ေျမျပင္ ေဝဟင္ေတြက မီးဟုန္းဟုန္းေတာက္ေနတယ္။ သမုဒၵရာျပင္ႀကီးကလဲ ျမင့္မားတဲ့လႈိင္းလုံးႀကီးေတြနဲ႔ မုန္တိုင္းထန္လို႔။
စြမ္းအားႀကီးတဲ့နတ္ဘုရားတို႔ရဲ႕ ျပင္းထန္လွတဲ့ စစ္ပြဲႀကီးေၾကာင့္ ကမာၻေလာကႀကီးတစ္ခုလုံး ကေျပာင္းကျပန္ေတြလန္ၿပီး ပထဝီေျမႀကီးကပါ တုန္ဟီးသံေပးလို႔ လူးလြန္႔လႈပ္ရွားေနတယ္။
အတ္လတ္စ္ (Atlas)ဦးေဆာင္တဲ့ တိုက္တန္ေတြနဲ႔ ဇူးစ္(Zeus)စုစည္းထားတဲ့ မ်ိဳးဆက္သစ္နတ္ဘုရားေတြရဲ႕ စစ္ပြဲက ဆယ္ႏွစ္နီးပါးၾကာရွည္လာခဲ့ၿပီ။
အတ္လတ္စ္ရဲ႕ညီျဖစ္တဲ့ မီႏိုးတီးရပ္စ္ ( Menoetius) က စစ္ပြဲအတြင္းၾကမ္းတဲ့ရမ္းတဲ့ေနရာမွာ ဗိုလ္စြဲတယ္။ သူနဲ႔မနီး႐ိုးစြဲလိုက္ၿပီး ၾကမ္းတမ္းရက္စက္တာက သူတို႔အေဖတိုက္တန္ႀကီး လပၸီးတပ္စ္ ( Lapetus)။ တိုက္တန္ေတြဘက္က ေရွ႕တန္းတိုက္ခိုက္ေရးသမားႀကီးေတြေပါ့။
တိုက္တန္ေတြထဲက တစ္ဦးျဖစ္တဲ့ အိုစီးရန္းနပ္စ္(Oceanus)ကေတာ့ တိုက္ပြဲအတြင္း ဘယ္ဘက္မွမပါပဲ ၾကားမွာေနခဲ့တယ္။
တိုက္တန္နတ္ဘုရားမေတြကလဲ တိုက္တဲ့ခိုက္တဲ့ထဲမပါခဲ့ပါဘူး။
အိုစီရန္းနပ္စ္ရဲ႕သမီးျဖစ္တဲ့ဇူးစ္ရဲ႕ခ်စ္သူ မီးတစ္(Métis) ကဇူးစ္ရဲ႕ေဘးမွာအႀကံေပးတစ္ေယာက္အေနနဲ႔ကူညီေနခဲ့တယ္။ ဉာဏ္ပညာႀကီးတဲ့ မီးတစ္ က အေတြ႕အႀကဳံနည္းတဲ့ ဇူးစ္တို႔ေမာင္ႏွမတစ္ေတြကို အရႈံးနဲ႔ရင္မဆိုင္ရေစဖို႔ အၿမဲလမ္းျပကူညီႏိုင္ခဲ့တယ္။
ဒီလိုနဲ႔တိုက္ပြဲကရွည္ၾကာလာခဲ့တယ္။
ေအာသရစ္(စ္)ေတာင္ေတာ္ (Mount Othrys)က တိုက္တန္နတ္ဘုရားေတြက ေအာင္ပြဲမရသလို အိုလံပစ္ေတာင္ (Mount Olympus) က ေတာ္လွန္သူနတ္ဘုရားမ်ိဳးဆက္သစ္ေတြကလဲ အႏိုင္မရရွိႏိုင္ျဖစ္ေနတယ္။
“ကြၽႏ္ုပ္ဘက္မွ ကူညီတိုက္ခိုက္ေပးေသာ မည္သည့္ တိုက္တန္ကိုမဆို စစ္ပြဲႀကီးၿပီး၍ကြၽႏ္ုပ္အႏိုင္ရရွိက အျပစ္မေပးပဲ ေနၿမဲအတိုင္းေနေစအံ့။
အေဆာင္အေယာင္မ်ားကို ခံစားၿမဲခံစားေစ၍ ဆုလာဘ္မ်ားေပးအံ့။
အေၾကာက္တရားျဖင့္ နတ္ဘုရားမ်ားအားစိုးမိုးထားသူ၊ သားသမီးမ်ားကို ဝမ္းတြင္းမ်ိဳခ်သည့္ ရက္စက္ၾကမ္းၾကဳတ္သူ ကြၽႏ္ုပ္၏ဖခင္ ခ႐ိုးနပ္စ္ကို ကြၽႏ္ုပ္တို႔ေမာင္ႏွမမ်ားႏွင့္အတူလက္တြဲ၍ တိုက္ပြဲဝင္ကာ ပလႅင္ထက္မွျဖဳတ္ခ်ၾကေလာ့”
ဇူးစ္က သူ႔ဘက္ကိုလာေရာက္ပူးေပါင္းသူတိုက္တန္ေတြကို အျပစ္မေပးပဲ သူေကာင္းျပဳမယ္လို႔ကတိေပးတယ္။
စတစ္နတ္သမီး
**************
အိုလံပစ္သားေတြဘက္ကို ပထမဆုံးအေျပးေရာက္လာၿပီးပူးေပါင္းခဲ့တာက အိုစီးရန္းနပ္စ္ (Oceanus)နဲ႔ သက္တစ္စ္(Thetys)တို႔ရဲ႕ သမီးေတြထဲက ျမစ္နတ္သမီးတစ္ပါးျဖစ္တဲ့ စတစ္(Styx) နဲ႔သူ႔သားသမီးေလးေယာက္။ သူသားသမီးေလးေယာက္က ခရားတို႔စ္Kratos (Strength), ႏိုက္ကီNike (Victory)၊ ဗီရာ Bia(Force) နဲ႔ ဇဲလို႔စ္Zelos (Zeal) တို႔ျဖစ္တယ္။
ခရားတို႔စ္ကခြန္အား(Strength)ကိုကိုယ္စားျပဳတဲ့နတ္ျဖစ္ၿပီး သူ႔ညီမ ႏိုက္ကီကေတာ့ ေအာင္ပြဲ(Victory)ရဲ႕နတ္သမီးျဖစ္တယ္။ ဗီရာ က အားအင္သဘာဝ (Force) ရဲ႕နတ္တစ္ပါးျဖစ္တယ္။ ဇဲလို႔စ္ကေတာ့စိတ္အားထက္သန္မႈကိုေစာင့္ေရွာက္တဲ့နတ္သမီး။
ဇူးစ္ကို အရင္ဦးဆုံးလာၿပီးကူညီခဲ့တဲ့အတြက္ ေနာင္တစ္ခ်ိန္ဇူးစ္အာဏာရလာခ်ိန္မွာ ေျမေအာက္ကမာၻက စတစ္ျမစ္ (River Styx) ကိုနတ္ဘုရားေတြသစၥာဆိုတဲ့အခါ တိုင္တည္ရာျမစ္တစ္ခုျဖစ္ေစခဲ့တယ္။ စတစ္ျမစ္မွာဆိုထားတဲ့သစၥာကို ဇူးစ္အပါအဝင္ဘယ္နတ္ဘုရားမွေဖာက္ဖ်က္လို႔မရဘူး။
ဇူးစ္ရဲ႕ေနာက္လိုက္သစ္မ်ား
************************
ဆယ္ႏွစ္တိုက္ပြဲႀကီးမွာ ဇူးစ္ဘက္ကို တိုက္တန္ေတြဘက္က ပ႐ိုမီးသီးရပ္စ္ (Prometheus)နဲ႔ အပီမီးသီးရပ္စ္(Epimetheus)တို႔ညီအစ္ကို လာပူးေပါင္းတဲ့အခါ အိုလံပစ္သားေတြရဲ႕ အင္အားေတာင့္တင္းလာတယ္။
အဆုံးအျဖတ္ေပးႏိုင္ဖို႔အထိ အင္အားေကာင္းလာတာက ဟကၠတြန္ခီရိစ္ေတြနဲ႔ ဆိုက္ကေလာ့ေတြကို ကယ္တင္ၿပီးသြားတဲ့အခါမွာ။
ဆိုက္ကေလာ့ေတြရဲ႕ေက်းဇူးနဲ႔ ဇူးစ္ရဲ႕မိုးႀကိဳးသြားက ပိုအစြမ္းထက္လာၿပီး၊ ျပင္းထန္ထက္ျမက္တဲ့မိုးႀကိဳးသြားလက္နက္ေတြကို ရန္သူေတြရွိရာကို အဆက္မျပတ္ပစ္ခတ္တိုက္ခိုက္ႏိုင္လာတယ္။ ဆိုက္ကေလာ့ေတြရဲ႕လက္ရာ ကိုယ္ေပ်ာက္ဦးထုပ္နဲ႔ ေမွာ္စြမ္းအင္ေတြရွိတဲ့ ခက္ရင္းသုံးခြမွိန္းတို႔ကိုသုံးၿပီး ေဟးဒီးစ္နဲ႔ ပိုဆီဒြန္တို႔ရဲ႕အတိုက္အခိုက္ေတြကလဲ ပိုထိေရာက္လာတယ္။
ပိုဆီဒြန္က ေျမျပင္ကို သူ႔ရဲ႕ ခက္ရင္းခြနဲ႔႐ိုက္ခတ္လိုက္တဲ့အခါမွာ ေျမျပင္တစ္ခုလုံး လႈိင္းလုံးေတြလိုလႈပ္ခတ္သြားၿပီး တိုက္တန္ေတြအတြက္ရပ္တည္လို႔မရျဖစ္ကုန္တယ္။
ဟကၠတြန္ခီရိစ္ေတြကေတာ့ ေတာင္ေလာက္ရွိတဲ့ေက်ာက္တုံးႀကီးေတြနဲ႔ ရန္သူေတြကိုလႊဲလြဲၿပီးပစ္လို႔ တိုက္တန္တပ္ေတြကို အေဝးႀကီးကေနေတာင္မွ ကစဥ့္ကလ်ားျဖစ္ေစတယ္။ ေက်ာက္စိုင္ေက်ာက္သားႀကီးေတြနဲ႔ ေလထုနဲ႔ပြတ္တိုက္ရာကေန ရဲရဲနီေတြတဲ့မီးေရာင္ေတြပြင့္လို႔ ေကာင္းကင္ႀကီးတစ္ခုလုံးကလဲ မီးလွ်ံေတြနဲ႔ျပည့္ေနတယ္။
တိုက္ပြဲေတြခဏနားခ်ိန္မွာ သားေတြျဖစ္တဲ့ ဒဏ္ရာရတိုက္တန္ေတြကိုမၾကည့္ရက္လို႔ ဂိုင္းယာက ေဆးပင္ေဆးျမစ္အရွာထြက္တဲ့အခါ ေကာင္းကင္ႀကီးတစ္ခုလုံးကို မဲေမွာင္ေအာင္လုပ္ထားၿပီး ဘာမွမျမင္မရေအာင္လုပ္ျခင္းနဲ႔ ဟီးလိ႐ို႕စ္ကဇူးစ္ကိုကူညီျပန္တယ္။
တိုက္ပြဲတေလွ်ာက္မွာ စတစ္နတ္သမီးရဲ႕ သမီးတစ္ေယာက္ျဖစ္တဲ့ ေအာင္ပြဲကိုေစာင့္ေရွာက္တဲ့နတ္သမီးႏိုက္ကီက စစ္လွည္းတစ္စီးနဲ႔ေကာင္းကင္မွာပ်ံဝဲရင္း ဇူးစ္ရဲ႕တပ္ေတြအတြက္ ေအာင္ျမင္ေရးဓါတ္ေတြသြတ္သြင္းလို႔ ေအာင္ပြဲအတြက္ေကာင္းခ်ီးေပးျခင္းနဲ႔ တိုက္ခိုက္စြမ္းရည္ေတြကို ျမႇင့္တင္ေပးေနခဲ့တယ္။
အဆုံးအျဖတ္တိုက္ပြဲ
***************
အိုလံပစ္သားေတြ တိုက္တန္တို႔ရဲ႕ေအာသရစ္စ္ေတာင္ကိုဝင္မစီးခင္ညမွာ ကိုယ္ေပ်ာက္ခေမာက္ပိုင္ရွင္ ေဟးဒီးစ္က ေအာသရစ္စ္ေတာင္က တိုက္တန္ေတြသုံးစြဲတဲ့လက္နက္ေတြကို တိတ္တိတ္ေလးသြားဖ်က္စီးပစ္လိုက္တယ္။
ေနာက္တစ္ေန႔မွာေတာ့ ပစ္အားေကာင္းတဲ့ ဟကၠတြန္ခီရိစ္ေတြရဲ႕ ေက်ာက္တုံး၊ေက်ာက္ခဲမိုးႀကီးေတြ႐ြာအၿပီးမွာ ဇူးစ္နဲ႔မဟာမိတ္ေတြဟာ ေအာသရစ္စ္ေတာင္ေတာ္ေပၚကိုတက္လို႔ ေနာက္ဆုံးတိုက္ပြဲႀကီးဆင္ႏႊဲၾကတယ္။
တစ္ခ်ိန္က ခမ္းနားခဲ့တဲ့ နတ္ဘုရင္ခ႐ိုးႏိုစ္ နန္းစိုက္ရာ ေအာသရစ္စ္ေတာင္ေတာ္ႀကီးကေတာ့
နားကန္းမတတ္မိုးၿခိမ္းသံေတြ၊
တစ္ဝင္းဝင္းလွ်ပ္ေရာင္ေတြ၊
အက္ကြဲသံေပးလို႔ တုန္ခါေနတဲ့ ေျမျပင္ေတြ။
တစ္ဖြဲဖြဲက်ေနတဲ့ ေက်ာက္ေဆာင္ေက်ာက္သားမိုးေတြေအာက္မွာ
မီးေတာက္မီးလွ်ံေတြၾကားက ၿပိဳလဲပ်က္စီးေနတဲ့ စစ္ေျမျပင္ႀကီးျဖစ္ေနတယ္။
ဆယ္စုႏွစ္တစ္ခုအၾကာ စစ္ပြဲေတြျဖစ္ၿပီးတဲ့ေနာက္မွာေတာ့ အင္အားအလြန္ေတာင့္တင္းေနၿပီျဖစ္တဲ့ ဇူးစ္၊ ပိုဆီဒြန္၊ ေဟးဒီးစ္တို႔ဦးစီးတဲ့ အိုလံပစ္သားေတြရဲ႕လက္ထဲကို ေအာသရစ္စ္ေတာင္ေတာ္နဲ႔တကြ စစ္ရႈံးသူ တိုက္တန္ေတြအားလုံးက်ေရာက္သြားပါေတာ့တယ္။
အာဏာခြဲေဝျခင္းႏွင့္ခ်ီးေျမႇာက္ျခင္း
***********************************
တိုက္တန္ေတြကို ေအာင္ျမင္စြာႏွိမ္နင္းၿပီးစၾကဝဠာကိုပိုင္စိုးႏိုင္တဲ့အခါမွာ ဇူးစ္တို႔ညီအစ္ကိုသုံးေယာက္က ကမာၻေျမကိုသုံးပိုင္းပိုင္းၿပီး အုပ္စိုးၾကတယ္။
ဇူးစ္က ေကာင္းကင္နဲ႔ေျမျပင္ကို ခ်ယ္လွယ္ၿပီး နတ္ဘုရားအားလုံးရဲ႕အေခါင္အခ်ဳပ္ျဖစ္လာတယ္။
ခက္ရင္းခြပိုင္ရွင္ ပိုဆီဒြန္က သမုဒၵရာရဲ႕ နတ္ဘုရားျဖစ္လာၿပီး ေရမွာရွိသမွ်အရာေတြကို အာဏာတည္သူ။
ကိုယ္ေပ်ာက္ခေမာက္ရဲ႕သခင္ ေဟးဒီးစ္ကေတာ့ ေျမေအာက္ကမာၻရဲ႕အရွင္သခင္ျဖစ္လာတယ္။
ဟကၠတြန္ခီရိစ္ေတြကိုကမာၻေျမအႏွံ႔က ခမ္းနားတဲ့နန္းေတာ္ေတြနဲ႔ဆုခ်ၿပီး ပိုဆီဒြန္ကလဲ ဟကၠဒြန္ခီရိစ္တစ္ေယာက္ကို သူ႔သမီးေတာ္နဲ႔လက္ဆက္ေစတယ္။
ဆိုက္ကေလာ့ေတြကေတာ့ အိုလံပစ္ေတာင္ေတာ္မွာေနထိုင္ခြင့္ရၿပီး နတ္ဘုရင္ဇူးစ္အတြက္ လိုအပ္တဲ့မိုးႀကိဳးသြားေတြကိုဆက္လက္ထုလုပ္ေပးၾကတယ္။
စတစ္နတ္ဘုရားမရဲ႕သားသမီးေလးေယာက္ကလဲ ဇူးစ္ရဲ႕ယုံၾကည္ရတဲ့လူယုံေတြျဖစ္လာၿပီး ဇူးစ္အနားမွာ မၾကာခဏခစားခြင့္ရၾကတယ္။ေမာင္ႏွမေလးေယာက္က ဇူးစ္ရဲ႕လက္႐ုံးေတြျဖအေနနဲ႔ အင္အားကိုအသုံးျပဳေျဖရွင္းရတဲ့အလုပ္ေတြကို ဇူးစ္ကိုယ္စားလုပ္ေပးၾကတယ္။ ေနာင္တစ္ခ်ိန္ ဇူးစ္နဲ႔ ပ႐ိုမီးသီရပ္စ္တို႔ လူသားေတြကိုမီးေပးတဲ့ကိစၥကိုအေၾကာင္းျပဳၿပီး မသင့္မတင့္ျဖစ္တဲ့အခါ ဟက္ဖက္စ္တပ္စ္ ရဲ႕ သံႀကိဳးေတြကို တိုက္တန္ႀကီး ပ႐ိုမီးသီးရပ္စ္ရဲ႕ကိုယ္မွာခ်ည္ေႏွာင္လို႔ ေကာ္ေကးဆပ္ေတာင္တန္းေတြမွာထားခဲ့ဖို႔တာဝန္ေပးခံရသူေတြကလဲ ခြန္အားႀကီးတဲ့ ခေရးတို႔စ္(Kratos) နဲ႔သူ႔ညီမ ဇဲလို႔ (Zalos)တို႔ပါပဲ။
စစ္ပြဲမွာမပါဝင္ခဲ့သူတိုက္တန္နတ္ဘုရားမေတြနဲ႔ ၾကားေနခဲ့သူ၊ ဇူးစ္တို႔ဘက္ကိုကူညီခဲ့သူေတြကေတာ့ ရွိဆဲအေဆာင္အေယာင္ေတြအတိုင္းဆက္လက္ခံစားခြင့္ရခဲ့တယ္။
အျပစ္ေပးျခင္း
***********
ပထမဆုံးအျပစ္ေပးခံရတာကေတာ့ ခ႐ိုးနပ္စ္နဲ႔ ဟိုက္ပါရီ႐ြန္၊ လပၸီးတပ္စ္ စတဲ့ေနာက္ပါတိုက္တန္ေတြ။
သူတို႔ကို တစ္ခ်ိန္က ဟကၠတြန္ခီရိစ္ေတြနဲ႔ ဆိုက္ကေလာ့ေတြကိုခ်ဳပ္ေႏွာင္ခဲ့ရာ တားတားရပ္စ္ရဲ႕ အနက္ရႈိင္းဆုံးအပိုင္းမွာ ဆိုက္ကေလာ့ေတြသြန္းလုပ္တဲ့ခိုင္မာတဲ့သံႀကိဳးေတြနဲ႔ေႏွာင္တည္းလို႔ ထိန္းသိမ္းအက်ဥ္းက်ေစခဲ့လိုက္တယ္။
ဟကၠတြန္ခီရိစ္ေတြကေတာ့ သူတို႔ထြက္မေျပးႏိုင္ေအာင္ေစာင့္ၾကည့္တဲ့ အေစာင့္ေတြေပါ့။
ႀကီးမားထြားက်ိဳင္းၿပီး တိုက္တန္တပ္ဦးကေန႐ြပ္႐ြပ္ခြၽံခြၽံတိုက္လို႔ ဇူးစ္တို႔ကိုထိပ္တိုက္ေတြ႕တဲ့တိုက္တန္တပ္ေတြရဲ႕ ဦးစီးဦးေဆာင္ အတ္လတ္စ္ကေတာ့ အထူးျပစ္ဒဏ္။
"ကမာၻရဲ႕အေနာက္ဘက္စြန္းအရပ္တြင္ရပ္တည္၍ ေကာင္းကင္ႀကီးကို ႏွစ္ေပါင္းအသေခ်ၤတိုင္ေအာင္ထမ္းထားေစ"
ဆိုတဲ့ အမိန႔္နဲ႔အတူ ေကာင္းကင္ႀကီးကို တစ္သက္ပတ္လုံးထမ္းပိုးထားရတယ္။
မ်ိဳးဆက္သစ္နတ္ဘုရားမ်ား
********************
ဇူးစ္ကိုကူညီခဲ့တဲ့ အိုစီရန္းနပ္စ္ရဲ႕ သမီးေတာ္ဉာဏ္ပညာႀကီးတဲ့ မီးတစ္စ္က ဇူးစ္ရဲ႕ပထမဆုံးမိဖုရားျဖစ္လာခဲ့တယ္။
ဒါေပမယ့္လဲ မီးတစ္စ္ေမြးလာတဲ့သားသမီးေတြထဲက ဇူးစ္ကိုပုံကန္သူေတြေပၚလာမယ္ဆိုတဲ့ ပ႐ိုမီးသီးရပ္စ္ရဲ႕ေရွ႕ျဖစ္အေဟာေၾကာင့္ ဇူးစ္ကမီးတစ္စ္ကို ဝမ္းတြင္းကိုမ်ိဳခ်လိုက္တယ္။
သူ႔အေဖခ႐ိုးနပ္စ္က ကေလးေတြကိုသာမ်ိဳခ်ခဲ့ေပမယ့္ သူကေတာ့ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ကေလးေတြရဲ႕အေမျဖစ္လာမယ့္သူကိုပါ မ်ိဳခ်ခဲ့တာပါ။
ဒီၾကားထဲကပဲ ဉာဏ္ပညာရဲ႕နတ္သမီးျဖစ္တဲ့ အသီးနားက ဇူးစ္ရဲ႕ဦးေခါင္းကိုခြဲလို႔ထြက္လာၿပီး ေမြးဖြားလာပါေသးတယ္။
မီးတစ္စ္မရွိတဲ့ေနာက္မွာ ဇူးစ္ရဲ႕အမရင္းျဖစ္သူ ဟီးရာကမိဖုရားေခါင္ႀကီးျဖစ္လာၿပီး အိုလံပစ္ေတာင္က ညီလာခံခန္းမထိပ္ဆုံးမွာ ဇူးစ္ရဲ႕ပလႅင္နဲ႔အတူကပ္လ်က္ယွဥ္တြဲလို႔ထိုင္တယ္။
ခန္းမထဲကိုဝင္သြားရင္ ဘယ္ဘက္ျခမ္းမွာ ဇူးစ္ရဲ႕ညီအစ္ကိုျဖစ္သူ ေရနတ္ဘုရားပိုဆီဒြန္(Poseidon)နဲ႔ ဇူးစ္ရဲ႕သားေတြျဖစ္တဲ့ ဂီတနဲ႔အလင္းေရာင္ရဲ႕နတ္ဘုရား အပိုလို (Apollo)၊ စစ္မက္နတ္ဘုရား ေအးရိစ္ (Ares)၊ ေျခေထာက္မသန္တဲ့ ပန္းပဲနတ္ဘုရား ဟပ္ဖက္္စ္တပ္စ္ (Hephaestus)၊ တမန္ေတာ္နတ္ဘုရား ဟာမီးစ္(Hermes)၊ အငယ္ဆုံးျဖစ္တဲ့ ဝိုင္နတ္ဘုရား ဒိုင္ေအာနစ္ဆပ္စ္ (Dionysus) တို႔ထိုင္ၾကတယ္။ ညာဘက္ျခမ္းကပလႅင္ေတြမွာေတာ့ ဇူးစ္ရဲ႕အစ္မနဲ႔မိဖုရားတစ္ပါးျဖစ္တဲ့ ေကာက္ပဲသီးႏွံနတ္ဘုရားမ ဒမီတာ(Demeter)၊ ယူေရးနပ္စ္ကို ခ႐ိုးနပ္စ္ကပုန္ကန္စဥ္က ေမြးဖြားလာတဲ့အလွနတ္ဘုရားမ အဖ႐ိုဒိုက္တီး (Aphrodite)၊ ဇူးစ္ရဲ႕ သမီးေတြျဖစ္တဲ့ ဉာဏ္ပညာနဲ႔စစ္ျဗဴဟာအတတ္ရဲ႕နတ္ဘုရားမ အသီးနား (Athena)၊ အမဲလိုက္နတ္ဘုရားမ အာတိမစ္စ္(Artemis)၊ ဇူးစ္ရဲ႕အစ္မအႀကီးဆုံးနဲ႔ အပ်ိဳစင္လဲျဖစ္တဲ့ မိသားစု၊ေနအိမ္ကိုေစာင့္ေရွာက္ေကာင္းခ်ီးေပးတဲ့နတ္ဘုရားမ ဟက္စ္တီးရား (Hestia)။
စုစုေပါင္း နတ္ဘုရားနဲ႔ နတ္ဘုရားမ ၁၃ ေယာက္တို႔က အိုလံပစ္ေတာင္ကညီလာခံခန္းမထဲမွာထိုင္လို႔ ကမာၻေလာကႀကီးကို အုပ္ခ်ဳပ္ထိန္းေၾကာင္းလို႔ အဆုံးအျဖတ္ေတြခ်မွတ္ၾကတယ္။
ေျမေအာက္ကမာၻရဲ႕နတ္ဘုရားေဟးဒီးစ္ကေတာ့ အိုလံပစ္ေတာင္ကိုလာေလ့မရွိပဲ အနက္ေရာင္ေက်ာက္သားနဲ႔ေဆာက္ထားတဲ့ အိုလံပစ္ေတာင္နန္းေတာ္ပုံတူ သူ႔ရဲ႕ေျမေအာက္ကမာၻကနန္းေတာ္ႀကီးထဲမွာပဲ စံျမန္းေနေလ့ရွိတယ္။
လူသားကိုဖန္တီးျခင္း
****************
တိုက္တန္ေတြနဲ႔ စစ္ပြဲႀကီးၿပီးသြားလို႔ ႏွစ္ေပါင္းမ်ားစြာၾကာသြားတဲ့တစ္ေန႔မွာ ဇူးစ္ရဲ႕အမိန႔္နဲ႔ ေျချမန္ေတာ္ဟာမီးစ္က တိုက္တန္ေတြျဖစ္သူ ပ႐ိုမီးသီးရပ္စ္နဲ႔ အပီမီးသီးရပ္စ္ကို နတ္ဘုရား ၁၃ ပါးစံျမန္းရာ ညီလာခံခန္းမကိုဆင့္ေခၚလိုက္တယ္။
ေရာက္လာတဲ့ တိုက္တန္နတ္ဘုရားညီအစ္ကိုႏွစ္ေယာက္ကို နတ္ဘုရင္ဇူးစ္က
"ကဲ....တိုက္တန္ညီအစ္ကိုတို႔...............ငါတို႔ကို ေဖ်ာ္ေျဖႏိုင္တဲ့ သတၱဝါေတြ၊ နတ္ဘုရားေတြရဲ႕စိတ္ကို အပန္းေျပေစမယ့္ အရာေတြ၊ စိတ္ဝင္စားစရာေကာင္းတဲ့ သက္ရွိေတြကို ကမာၻေျမႀကီးေပၚမွာ ဖန္တီးၾကေပေတာ့"
လို႔ အမိန႔္ေပးလိုက္ရာကေနစၿပီး သတၱဝါေပါင္းစုံနဲ႔ လူသားမ်ိဳးႏြယ္တို႔ဟာ ဒီကမာၻမွာ စတင္ျဖစ္ထြန္းလာပါေတာ့တယ္။
(ေမာင္ဇိ၏ ဂရိဒ႑ာရီမ်ား ဤတြင္တစ္ခန္းရပ္ပါၿပီ)
ေမာင္ဇိ (၂၈.၀၈.၂၀၂၀)
[အစမွအဆုံးလင့္အားလုံးကို ပို႔စ္ေနာက္ဆုံးမွာၾကည့္ေပးပါ]
ကိုးကား။ ။
https://www.greeklegendsandmyths.com/titanomachy.html
https://www.ancient-origins.net/
https://www.britannica.com/browse/Ancient-Religions-Mythology
https://greekgodsandgoddesses.net/myths/titanomachy/
https://www.greekmythology.com/Myths/myths.html
https://mythology.net/greek/greek-concepts/titanomachy/
and Others
No comments:
Post a Comment