Friday, August 14, 2020

မောင်ဇိ၏ဂရိဒဏ္ဍာရီ (၁၇){ ခရိုးနပ်စ်ကို စိန်ခေါ်တဲ့ ဇူးစ်}

မောင်ဇိ၏ဂရိဒဏ္ဍာရီ (၁၇){ ခရိုးနပ်စ်ကို စိမ်ခေါ်တဲ့ ဇူးစ်}
*******************************************
တိုက်တန်နတ်ဘုရားတို့ရဲ့ဘုရင် ခရိုးနပ်စ်ရဲ့ အငယ်ဆုံးသား ဇူးစ်အရွယ်ရောက်လာချိန်မှာ ပင်လယ်နတ်သမီးတစ်ပါးဖြစ်တဲ့ မီးတစ်စ် (Metis) နဲ့ မေတ္တာမျှတယ်။

မီးတစ်စ်(Metis)
*****************
မီးတစ်စ်က တိုက်တန်နတ်ဘုရင် ခရိုးနပ်စ်ရဲ့အစ်ကိုနဲ့အစ်မနှစ်ယောက်ဖြစ်ကြတဲ့ ကမ္ဘာကိုရစ်ခွေထားတဲ့မြစ်ကြီးရဲ့နတ်ဘုရား အိုစီရေးနပ်စ်(Oceanus) နဲ့ ပင်လယ်နတ်ဘုရားမ သက်တစ်စ် (Tethys) တို့ရဲ့ထောင်ပေါင်းများစွာသော သမီးကညာတွေထဲကတစ်ယောက်။
မီးတစ်စ်ကို ဉာဏ်ပညာကြီးသူ၊ ကြံရည်ဖန်ရည်ကောင်းသူအဖြစ်သိကြတယ်။ နောင်တစ်ချိန်မှာ ဉာဏ်ပညာရဲ့နတ်ဘုရားမအဖြစ်ထင်ရှားလာမယ့် အသီးနား (Athena) ရဲ့မိခင်ဖြစ်လာမယ့်သူပေါ့။

မီးတစ်စ်ရဲ့အကြံပေးမှုနဲ့ ဇူးစ်ဟာ ခရိုးနပ်စ်ရဲ့အဖျော်ယမကာဆက်သူတစ်ယောက်အဖြစ် အမှုထမ်းတယ်။ ခရိုးနပ်စ်ကတော့ သူ့ကို အဖျော်ယမကာ ဆက်သနေသူဟာ သူမျိုချလိုက်ပြီးပြီလို့ ထင်နေတဲ့ သူ့ရဲ့ဆဋ္ဌမသား ဇူးစ်ဖြစ်တယ်ဆိုတာမသိပါဘူး။

ဝမ်းဗိုက်ထဲက နတ်ဘုရားများ
****************************
အခွင့်သာတဲ့တစ်နေ့မှာတော့ မီးတစ်စ်ဖော်စပ်ပေးတဲ့ မူးဝေအော့အန်ဆေးတွေကို ဇူးစ်က ခရိုးနပ်စ်သောက်မယ့် အဖျော်ယမကာခွက်ထဲမှာထည့်ဖျော်ပြီး ဆက်သလိုက်တယ်။ ဉာဏ်ထက်မြက်တဲ့ မီးတစ်စ်ရဲ့ဆေးကအစွမ်းထက်ပါတယ်။ ချက်ချင်းပဲ အစွမ်းပြပြီး သောက်မိတဲ့ ခရိုးနပ်စ်တစ်ယောက်ကို တဝေါ့ဝေါ့ပျို့အန်စေပါတော့တယ်။

ပထမဆုံး ထွက်လာတာက နောက်ဆုံးမှ မျိုချထားတဲ့ ကျောက်တုံး။
ဒုတိယ ဟီးရာ (Hera)။
ပြီးတော့ ပိုဆီဒွန် (Poseidon)။
နောက် ဒမီတာ (Demeter)။
တစ်ခါ ဟေးဒီးစ် (Hades)။
နောက်ဆုံးမှာတော့ အကြီးဆုံးနဲ့ ပထမဦးဆုံးမျိုချခံခဲ့ရတဲ့ ဟက်စ်တီယာ (Hestia)။
မောင်နှမခြောက်ယောက်လုံး ထွက်လာပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှမွေးခဲ့ပေမယ့် အပြင်လောကမှာ အကြာဆုံးနေခဲ့တဲ့ ဇူးစ်ကဦးဆောင်ပြီး ခရိုးနပ်စ်ကို အတိအလင်းစိမ်ခေါ်လို့ ပုန်ကန်တော်လှန်မှုကြီးစတင်ကြလေတယ်။

တိုက်တန်စစ်ပွဲကြီး
***************

အောသရစ်(စ်) တောင်တော် (Mount Othrys) က ဒုတိယမျိုးဆက်နတ်ဘုရားတွေဖြစ်တဲ့ တိုက်တန်တွေ နဲ့ အိုလံပစ်တောင်တော် (Mount Olympus)ကိုအခြေပြုတဲ့ တတိယမျိုးဆက် အိုလံပီရန်နတ်ဘုရားတွေရဲ့ ကမ္ဘာလောကကိုစိုးမိုးအုပ်ချုပ်ဖို့ သရဖူလုတဲ့တိုက်ပွဲကတော့ စပါပြီ။
 
“ ကောင်းကင်ကိုထောက်ပင့်ထားသည့် အထောက်အပံ့ကြီးလေးခုတွင်ပါဝင်သည့် ငါ၏အစ်ကိုဖြစ်သူ တိုက်တန်နတ်မင်း လပ္ပီးတပ်စ်၏ သားတော်ကြီးဖြစ်သော ခွန်အားကြီးမားစွမ်းရည်ထက်မြက်လှသည့် တူတော် အတ်လတ်စ်...
ငါ၏ကိုယ်စား တိုက်တန်များကိုဦးဆောင်၍ ပုန်ကန်သူများကို နှိမ်နင်းလော့”

တိုက်တန်တွေဘက်မှာ ခရိုးနပ်စ်က သူ့ကိုယ်စား ကြံ့ခိုင်ကြီးမားပြီး တန်ခိုးထွားတဲ့ သူ့တူဖြစ်သူ အတ်လတ်စ်(Atlas) ကိုကြီးမှူးစေပြီး တိုက်ခိုက်စေတယ်။ အတ်လတ်စ်က ခရိုးနပ်စ်ရဲ့ အစ်ကိုတစ်ယောက်ဖြစ်တဲ့ တိုက်တန်ကြီး ၁၂ယောက်ထဲက လပ္ပီးတပ်စ် (Lapetus) နဲ့ ခရိုးနပ်စ်ရဲ့တူမ ပင်လယ်နတ်ဘုရားမတစ်ယောက်ဖြစ်တဲ့ ကလီမန်းနီ (Clymene) တို့ရဲ့ သားလေးယောက်ထဲကအကြီးဆုံး။
တိုက်တန်တွေဘက်ကနေ အတ်လတ်စ်ကခေါင်းဆောင်ပြီးတိုက်ခဲ့ပေမယ့် သူ့ညီနှစ်ယောက်ဖြစ်တဲ့ ပရိုမီးသီးရပ်စ် (Prometheus)နဲ့ အပီမီးသီးရပ်စ် (Epimetheus)တို့က‌တော့ အိုလံပစ်တောင်တော်သားတွေနဲ့ ပူးပေါင်းသွားခဲ့တယ်။

တားတားရပ်စ်ကိုစီးနင်းခြင်း
****************************
မြေအောက်ကမ္ဘာရဲ့အနက်ရှိုင်းဆုံးအပိုင်း တားတားရပ်စ်ကို ဇူးစ်နဲ့ ဟေးဒီးစ်တို့ရောက်လာကြတယ်။  ဝင်္ဂဘာလိုရှုပ်ထွေးတဲ့ မြေအောက်ဥမင်တွေ၊ နက်ရှိုင်းတဲ့ချောက်ကမ်းပါးကြီးတွေကို ဖြတ်သန်းပြီးဒီနေရာကိုရောက်လာဖို့ကမြေအောက်ကမ္ဘာအကြောင်း သေချာလေ့လာထားတဲ့ ဟေးဒီးစ်ရဲ့ စွမ်းဆောင်မှုက အက္ခရာကျတဲ့နေရာမှာပါတယ်။

တားတားရပ်စ်ရဲ့ အဝကိုစောင့်ကြပ်နေတဲ့ နဂါးမ ကမ်ပီ ( campe) ကဇူးစ်တို့ညီအစ်ကို ကိုမြင်တာနဲ့ အဆိပ်ပြင်းလှတဲ့ သူ့ရဲ့ကင်းမြှီးကောက်အမြှီးကြီးနဲ့ ထိုးသတ်ဖို့ကြိုးစားတော့တယ်။ ကမ်ပီရဲ့ခါးမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်မျိုးစုံရဲ့ခေါင်းတွေကလဲ ကြောက်မက်ဖွယ်ရာမျိုးစုံဟိန်းဟောက်ပြီး ထက်မြတဲအစွယ်တွေတစ်ဖွေးဖွေးနဲ့ အနားကပ်လာတာနဲ့ ကိုက်ဖြတ်ဆွဲဖြဲပစ်ကြဖို့ အသင့်ရှိနေကြတယ်။

ရဲရင့်တဲ့နတ်ဘုရားညီနောင်ကတော့ နတ်ဘုရင်ခရိုးနပ်စ်ကိုတောင် ရင်ဆိုင်ဖို့ဆုံးဖြတ်ထားပြီးသူတွေပီပီ ဒီနဂါးမလောက်ကိုတော့မမှုပါဘူး။
ကမ်ပီရဲ့တိုက်ခိုက်မှုကိုတုံ့ပြန်ဖို့ အသင့်ဖြစ်နေတဲ့ ဇူးစ်နဲ့ဟေးဒီးစ်ပါ။
မုန်တိုင်းငယ်လေးတစ်ခုဖြစ်ရလောက်အောင်ပြင်းထန်တဲ့လေအဟုန်၊ နားကွဲမတတ်ဆူညံတဲ့လေသံ တဝေါဝေါကိုဖန်တီးနိုင်တဲ့ တောင်ပံအစုံကိုခတ်ပြီး သူတို့ရှိရာကို ခုန်ဝင်လာတဲ့ နဂါးမကမ်ပီကို ဇူးစ်က မိုးကြိုးသွားနဲ့ ဆီးပစ်လိုက်တယ်။
လင်းလက်တဲ့လျှပ်စီးရောင်နဲ့အတူ `ဝုန်း’ ဆိုတဲ့ကျယ်လောင်တဲ့မိုးကြိုးသံအဆုံးမှာတော့ ကမ်ပီဟာ အဝေးကိုလွင့်စင်သွားခဲ့တယ်။
ပြင်းထန်တဲ့မိုးကြိုးလက်နက်ရဲ့အနီးကပ်တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ ကမ်ပီနဲ့တကွ သူ့ခါးကသားရဲတွေရော၊ ခြေထောက်ကမြွေတွေရောကတော့ တစ်ခါထဲ ကိစ္စချောသွားတော့တာပါပဲ။

ကမ်ပီကိုသုတ်သင်ပြီးတဲ့နောက် ဇူးစ်က တားတားရပ်စ်မှာချုပ်နှောင်ခံထားရတဲ့ ဟက္ကတွန်ခီရိစ်တွေ၊ ဆိုက်ကလော့တွေနဲ့ ညှိနှိုင်းတယ်။ သူတို့ရဲ့ ခွန်အားကိုတိုက်ပွဲမှာဇူးစ်အသုံးပြုနိုင်ဖို့အပ်နှင်းခြင်းဖြင့် သူတို့ရဲ့လွတ်မြောက်မှုနဲ့လဲလှယ်ဖို့ အပေးအယူလုပ်သဘောတူလိုက်ကြတယ်။

ဟက္ကတွန်ခီရိစ်နှင့် ဆိုက်ကလော့များ
***************************
လက်ရုံးပေါင်းတစ်ရာ၊ ဦးခေါင်းပေါင်း ၅၀ စီရှိတဲ့ နတ်ဘီလူးဟက္ကတွန်ခီရိစ်ညီအစ်ကိုသုံးယောက်ရှိတယ်။
အကြီးဆုံးက ယူရေးနပ်စ်ထက်တောင်သန်စွမ်းတယ်ဆိုတဲ့ ခွန်အားကြီးသူ အေ‌‌ဂျေးရွန်(Aegaeon)၊ ဒုတိယက အမျက်ကြီးသူ ကုတ်တပ်စ်(Cottus) နဲ့ တတိယကခြေလက်ကြီးသူဂျိုက်အိစ်(Gyes)။

နဖူးမှာ ဝိုင်းစက်တဲ့မျက်လုံးတစ်လုံးစီပဲပါပြီး အတိုင်းအဆမဲ့ခွန်အားကိုပိုင်ဆိုင်တဲ့ ဆိုက်ကလော့ညီအစ်ကိုသုံးယောက်ကတော့ မိုးကြိုးသွားအားဂျစ်(Arges)၊ လျှပ်စီးစတပ်ရိုပီ (Steropes) နဲ့ လင်းလက်တောက်ပ ဘရွန်တိစ်(Brontus) တို့ဖြစ်တယ်။ ဆိုက်ကလော့ညီအစ်ကိုတွေကတော့ လက်မှုအတတ်၊ ပန်းပဲအတတ်တွေမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ကြတယ်။
နောင်နှစ်ရာပေါင်းများစွာကြာပြီးနောက်မှာ နောက်ထပ်ဆိုက်ကလော့တွေထပ်ပေါ်လာပြီးအဲဒီထဲမှာပိုဆီဒွန်ရဲ့သားတစ်ယောက်ကလဲ နဖူးအလည်မှာဧရာမမျက်လုံးကြီးတစ်လုံးနဲ့ ဆိုက်ကလော့တစ်ယောက်ပါပဲ။ ဒါပေမယ့်မျိုးဆက်သစ်ဆိုက်ကလော့တွေကထုံထိုင်းပြီး ဒီဆိုက်ကလေ့ာကြီးသုံးယောက်လောက်အစွမ်းမထက်ကြဘူး။

အားကိုးရမယ့် မဟာမိတ်များ
*********************
ဆိုက်ကလော့တွေနဲ့ ဟက္ကတွန်ခီရိစ်တွေကိုထိန်းသိမ်းချုပ်နှောင်ထားတဲ့ တားတားရပ်စ်ရဲ့ခိုင််ခန့်တဲ့တံခါးကြီးကိုရိုက်ချိုးလိုက်တာနဲ့တစ်ပြိုင်နက် ”ဟေး” ဆိုတဲ့ကြုံးဝါးကြွေးကြော်သံကြီးတွေထွက်လာတယ်။ ဘဝဂ်ကိုညံသွားစေတဲ့ ညာသံပေးသံကြီးနဲ့အတူခရိုးနပ်စ်ကို လက်စားခြေချင်နေတဲ့ ဒီသတ္တဝါကြီးတွေဟာ တိုက်တန်တွေနဲ့စစ်ပွဲကြီးမှာသူ့အတွက်အားကိုးရမယ့် မဟာမိတ်တွေဖြစ်လာတော့မယ်ဆိုတာကို ဇူးစ်အနေနဲ့ကောင်းကောင်းသိလိုက်ရပြီ။

လက်နက်တပ်ဆင်ခြင်း
*********************
တားတားရပ်စ်မှာ ထာဝရချုပ်နှောင်ထားခံထားရတဲ့ဘဝကနေကယ်တင်ပေးခဲ့တဲ့ ဇူးစ်ကိုကျေးဇူးဆပ်တဲ့အနေနဲ့ ပန်းပဲအတတ်မှာ တစ်ဖက်ကမ်းခတ်တဲ့ ဆိုက်ကလော့တွေက အစွမ်းထက်တဲ့မိုးကြိုးသွားတွေ တစ်ခုပြီးတစ်ခုသွန်းလုပ်ပေးတယ်။ ဒါတင်မက ဇူးစ်ရဲ့အစ်ကိုနှစ်ယောက်ဖြစ်တဲ့ ပိုဆီဒန်နဲ့ ဟေးဒီးစ်အတွက်အတွက် ခက်ရင်းသုံးခွပါတဲ့မှိန်းရှည်ကြီးတစ်ချောင်းနဲ့ ဝတ်ဆင်လိုက်သူကို ကိုယ်ပျောက်သွားစေနိုင်စွမ်းရှိတဲ့ သံခမောက်တစ်လုံးကိုပါ သွန်းလုပ်ပေးကြတယ်။

အားကိုးဖွယ်ရာ စွမ်းပကားကြီးမားတဲ့မဟာမိတ်တွေနဲ့ မှော်အစွမ်းရှိတဲ့တိုက်ခိုက်ရေးလက်နက်တွေကို လက်မှာရနေပြီဖြစ်တဲ့ ဇူးစ်တို့ညီအစ်ကိုမောင်နှမတစ်တွေကတော့ အတ်လတ်စ်ဦးဆောင်တဲ့ နတ်ဘုရားတို့ရဲ့ဘုရင်ခရိုးနပ်စ်ရဲ့တိုက်တန်တပ်ကြီးနဲ့ စစ်ခင်းရာမှာ အနိုင်ရရှိဖို့ နီးစပ်သထက်နီးစပ်လာကြပြီ။
 

https://www.facebook.com/MaungZiTales/
မောင်ဇိ
ကိုးကား။  ။
https://www.thoughtco.com/the-five-ages-of-man-111776
https://www.mythical-creatures-and-beasts.com/hecatoncheires.html
https://www.greekmythology.com/Myths/Creatures/Hecatoncheires/hecatoncheires.html
https://www.theoi.com/Titan/Hekatonkheires.html
https://greekgodsandgoddesses.net/myths/titanomachy/
https://mythology.net/greek/greek-concepts/titanomachy/

=======================

Zawgyi
ေမာင္ဇိ၏ဂရိဒ႑ာရီ (၁၇){ ခ႐ိုးနပ္စ္ကို စိမ္ေခၚတဲ့ ဇူးစ္}
*******************************************
တိုက္တန္နတ္ဘုရားတို႔ရဲ႕ဘုရင္ ခ႐ိုးနပ္စ္ရဲ႕ အငယ္ဆုံးသား ဇူးစ္အ႐ြယ္ေရာက္လာခ်ိန္မွာ ပင္လယ္နတ္သမီးတစ္ပါးျဖစ္တဲ့ မီးတစ္စ္ (Metis) နဲ႔ ေမတၱာမွ်တယ္။

မီးတစ္စ္(Metis)
*****************
မီးတစ္စ္က တိုက္တန္နတ္ဘုရင္ ခ႐ိုးနပ္စ္ရဲ႕အစ္ကိုနဲ႔အစ္မႏွစ္ေယာက္ျဖစ္ၾကတဲ့ ကမာၻကိုရစ္ေခြထားတဲ့ျမစ္ႀကီးရဲ႕နတ္ဘုရား အိုစီေရးနပ္စ္(Oceanus) နဲ႔ ပင္လယ္နတ္ဘုရားမ သက္တစ္စ္ (Tethys) တို႔ရဲ႕ေထာင္ေပါင္းမ်ားစြာေသာ သမီးကညာေတြထဲကတစ္ေယာက္။
မီးတစ္စ္ကို ဉာဏ္ပညာႀကီးသူ၊ ႀကံရည္ဖန္ရည္ေကာင္းသူအျဖစ္သိၾကတယ္။ ေနာင္တစ္ခ်ိန္မွာ ဉာဏ္ပညာရဲ႕နတ္ဘုရားမအျဖစ္ထင္ရွားလာမယ့္ အသီးနား (Athena) ရဲ႕မိခင္ျဖစ္လာမယ့္သူေပါ့။

မီးတစ္စ္ရဲ႕အႀကံေပးမႈနဲ႔ ဇူးစ္ဟာ ခ႐ိုးနပ္စ္ရဲ႕အေဖ်ာ္ယမကာဆက္သူတစ္ေယာက္အျဖစ္ အမႈထမ္းတယ္။ ခ႐ိုးနပ္စ္ကေတာ့ သူ႔ကို အေဖ်ာ္ယမကာ ဆက္သေနသူဟာ သူမ်ိဳခ်လိုက္ၿပီးၿပီလို႔ ထင္ေနတဲ့ သူ႔ရဲ႕ဆ႒မသား ဇူးစ္ျဖစ္တယ္ဆိုတာမသိပါဘူး။

ဝမ္းဗိုက္ထဲက နတ္ဘုရားမ်ား
****************************
အခြင့္သာတဲ့တစ္ေန႔မွာေတာ့ မီးတစ္စ္ေဖာ္စပ္ေပးတဲ့ မူးေဝေအာ့အန္ေဆးေတြကို ဇူးစ္က ခ႐ိုးနပ္စ္ေသာက္မယ့္ အေဖ်ာ္ယမကာခြက္ထဲမွာထည့္ေဖ်ာ္ၿပီး ဆက္သလိုက္တယ္။ ဉာဏ္ထက္ျမက္တဲ့ မီးတစ္စ္ရဲ႕ေဆးကအစြမ္းထက္ပါတယ္။ ခ်က္ခ်င္းပဲ အစြမ္းျပၿပီး ေသာက္မိတဲ့ ခ႐ိုးနပ္စ္တစ္ေယာက္ကို တေဝါ့ေဝါ့ပ်ိဳ႕အန္ေစပါေတာ့တယ္။

ပထမဆုံး ထြက္လာတာက ေနာက္ဆုံးမွ မ်ိဳခ်ထားတဲ့ ေက်ာက္တုံး။
ဒုတိယ ဟီးရာ (Hera)။
ၿပီးေတာ့ ပိုဆီဒင္ (Poseidon)။
ေနာက္ ဒမီတာ (Demeter)။
တစ္ခါ ေဟးဒီးစ္ (Hades)။
ေနာက္ဆုံးမွာေတာ့ အႀကီးဆုံးနဲ႔ ပထမဦးဆုံးမ်ိဳခ်ခံခဲ့ရတဲ့ ဟက္စ္တီယာ (Hestia)။
ေမာင္ႏွမေျခာက္ေယာက္လုံး ထြက္လာၿပီးတဲ့ေနာက္မွာေတာ့ ေနာက္ဆုံးမွေမြးခဲ့ေပမယ့္ အျပင္ေလာကမွာ အၾကာဆုံးေနခဲ့တဲ့ ဇူးစ္ကဦးေဆာင္ၿပီး ခ႐ိုးနပ္စ္ကို အတိအလင္းစိမ္ေခၚလို႔ ပုန္ကန္ေတာ္လွန္မႈႀကီးစတင္ၾကေလတယ္။

တိုက္တန္စစ္ပြဲႀကီး
***************

ေအာသရစ္(စ္) ေတာင္ေတာ္ (Mount Othrys) က ဒုတိယမ်ိဳးဆက္နတ္ဘုရားေတြျဖစ္တဲ့ တိုက္တန္ေတြ နဲ႔ အိုလံပစ္ေတာင္ေတာ္ (Mount Olympus)ကိုအေျချပဳတဲ့ တတိယမ်ိဳးဆက္ အိုလံပီရန္နတ္ဘုရားေတြရဲ႕ ကမာၻေလာကကိုစိုးမိုးအုပ္ခ်ဳပ္ဖို႔ သရဖူလုတဲ့တိုက္ပြဲကေတာ့ စပါၿပီ။
 
“ ေကာင္းကင္ကိုေထာက္ပင့္ထားသည့္ အေထာက္အပံ့ႀကီးေလးခုတြင္ပါဝင္သည့္ ငါ၏အစ္ကိုျဖစ္သူ တိုက္တန္နတ္မင္း လပၸီးတပ္စ္၏ သားေတာ္ႀကီးျဖစ္ေသာ ခြန္အားႀကီးမားစြမ္းရည္ထက္ျမက္လွသည့္ တူေတာ္ အတ္လတ္စ္...
ငါ၏ကိုယ္စား တိုက္တန္မ်ားကိုဦးေဆာင္၍ ပုန္ကန္သူမ်ားကို ႏွိမ္နင္းေလာ့”

တိုက္တန္ေတြဘက္မွာ ခ႐ိုးနပ္စ္က သူ႔ကိုယ္စား ႀကံ့ခိုင္ႀကီးမားၿပီး တန္ခိုးထြားတဲ့ သူ႔တူျဖစ္သူ အတ္လတ္စ္(Atlas) ကိုႀကီးမႉးေစၿပီး တိုက္ခိုက္ေစတယ္။ အတ္လတ္စ္က ခ႐ိုးနပ္စ္ရဲ႕ အစ္ကိုတစ္ေယာက္ျဖစ္တဲ့ တိုက္တန္ႀကီး ၁၂ေယာက္ထဲက လပၸီးတပ္စ္ (Lapetus) နဲ႔ ခ႐ိုးနပ္စ္ရဲ႕တူမ ပင္လယ္နတ္ဘုရားမတစ္ေယာက္ျဖစ္တဲ့ ကလီမန္းနီ (Clymene) တို႔ရဲ႕ သားေလးေယာက္ထဲကအႀကီးဆုံး။
တိုက္တန္ေတြဘက္ကေန အတ္လတ္စ္ကေခါင္းေဆာင္ၿပီးတိုက္ခဲ့ေပမယ့္ သူ႔ညီႏွစ္ေယာက္ျဖစ္တဲ့ ပ႐ိုမီးသီးရပ္စ္ (Prometheus)နဲ႔ အပီမီးသီးရပ္စ္ (Epimetheus)တို႔က‌ေတာ့ အိုလံပစ္ေတာင္ေတာ္သားေတြနဲ႔ ပူးေပါင္းသြားခဲ့တယ္။

တားတားရပ္စ္ကိုစ

တားတားရပ္စ္ကိုစီးနင္းျခင္း
****************************
ေျမေအာက္ကမာၻရဲ႕အနက္ရႈိင္းဆုံးအပိုင္း တားတားရပ္စ္ကို ဇူးစ္နဲ႔ ေဟးဒီးစ္တို႔ေရာက္လာၾကတယ္။  ဝဂၤဘာလိုရႈပ္ေထြးတဲ့ ေျမေအာက္ဥမင္ေတြ၊ နက္ရႈိင္းတဲ့ေခ်ာက္ကမ္းပါးႀကီးေတြကို ျဖတ္သန္းၿပီးဒီေနရာကိုေရာက္လာဖို႔ကေျမေအာက္ကမာၻအေၾကာင္း ေသခ်ာေလ့လာထားတဲ့ ေဟးဒီးစ္ရဲ႕ စြမ္းေဆာင္မႈက အကၡရာက်တဲ့ေနရာမွာပါတယ္။

တားတားရပ္စ္ရဲ႕ အဝကိုေစာင့္ၾကပ္ေနတဲ့ နဂါးမ ကမ္ပီ ( campe) ကဇူးစ္တို႔ညီအစ္ကို ကိုျမင္တာနဲ႔ အဆိပ္ျပင္းလွတဲ့ သူ႔ရဲ႕ကင္းျမႇီးေကာက္အျမႇီးႀကီးနဲ႔ ထိုးသတ္ဖို႔ႀကိဳးစားေတာ့တယ္။ ကမ္ပီရဲ႕ခါးမွာရွိတဲ့ ေတာ႐ိုင္းတိရစာၦန္မ်ိဳးစုံရဲ႕ေခါင္းေတြကလဲ ေၾကာက္မက္ဖြယ္ရာမ်ိဳးစုံဟိန္းေဟာက္ၿပီး ထက္ျမတဲအစြယ္ေတြတစ္ေဖြးေဖြးနဲ႔ အနားကပ္လာတာနဲ႔ ကိုက္ျဖတ္ဆြဲၿဖဲပစ္ၾကဖို႔ အသင့္ရွိေနၾကတယ္။

ရဲရင့္တဲ့နတ္ဘုရားညီေနာင္ကေတာ့ နတ္ဘုရင္ခ႐ိုးနပ္စ္ကိုေတာင္ ရင္ဆိုင္ဖို႔ဆုံးျဖတ္ထားၿပီးသူေတြပီပီ ဒီနဂါးမေလာက္ကိုေတာ့မမႈပါဘူး။
ကမ္ပီရဲ႕တိုက္ခိုက္မႈကိုတုံ႔ျပန္ဖို႔ အသင့္ျဖစ္ေနတဲ့ ဇူးစ္နဲ႔ေဟးဒီးစ္ပါ။
မုန္တိုင္းငယ္ေလးတစ္ခုျဖစ္ရေလာက္ေအာင္ျပင္းထန္တဲ့ေလအဟုန္၊ နားကြဲမတတ္ဆူညံတဲ့ေလသံ တေဝါေဝါကိုဖန္တီးႏိုင္တဲ့ ေတာင္ပံအစုံကိုခတ္ၿပီး သူတို႔ရွိရာကို ခုန္ဝင္လာတဲ့ နဂါးမကမ္ပီကို ဇူးစ္က မိုးႀကိဳးသြားနဲ႔ ဆီးပစ္လိုက္တယ္။
လင္းလက္တဲ့လွ်ပ္စီးေရာင္နဲ႔အတူ `ဝုန္း’ ဆိုတဲ့က်ယ္ေလာင္တဲ့မိုးႀကိဳးသံအဆုံးမွာေတာ့ ကမ္ပီဟာ အေဝးကိုလြင့္စင္သြားခဲ့တယ္။
ျပင္းထန္တဲ့မိုးႀကိဳးလက္နက္ရဲ႕အနီးကပ္တိုက္ခိုက္မႈကိုခံလိုက္ရတဲ့ ကမ္ပီနဲ႔တကြ သူ႔ခါးကသားရဲေတြေရာ၊ ေျခေထာက္ကေႁမြေတြေရာကေတာ့ တစ္ခါထဲ ကိစၥေခ်ာသြားေတာ့တာပါပဲ။

ကမ္ပီကိုသုတ္သင္ၿပီးတဲ့ေနာက္ ဇူးစ္က တားတားရပ္စ္မွာခ်ဳပ္ေႏွာင္ခံထားရတဲ့ ဟကၠတြန္ခီရိစ္ေတြ၊ ဆိုက္ကေလာ့ေတြနဲ႔ ညႇိႏႈိင္းတယ္။ သူတို႔ရဲ႕ ခြန္အားကိုတိုက္ပြဲမွာဇူးစ္အသုံးျပဳႏိုင္ဖို႔အပ္ႏွင္းျခင္းျဖင့္ သူတို႔ရဲ႕လြတ္ေျမာက္မႈနဲ႔လဲလွယ္ဖို႔ အေပးအယူလုပ္သေဘာတူလိုက္ၾကတယ္။

ဟကၠတြန္ခီရိစ္ႏွင့္ ဆိုက္ကေလာ့မ်ား
***************************
လက္႐ုံးေပါင္းတစ္ရာ၊ ဦးေခါင္းေပါင္း ၅၀ စီရွိတဲ့ နတ္ဘီလူးဟကၠတြန္ခီရိစ္ညီအစ္ကိုသုံးေယာက္ရွိတယ္။
အႀကီးဆုံးက ယူေရးနပ္စ္ထက္ေတာင္သန္စြမ္းတယ္ဆိုတဲ့ ခြန္အားႀကီးသူ ေအ‌‌ေဂ်း႐ြန္(Aegaeon)၊ ဒုတိယက အမ်က္ႀကီးသူ ကုတ္တပ္စ္(Cottus) နဲ႔ တတိယကေျခလက္ႀကီးသူဂ်ိဳက္အိစ္(Gyes)။

နဖူးမွာ ဝိုင္းစက္တဲ့မ်က္လုံးတစ္လုံးစီပဲပါၿပီး အတိုင္းအဆမဲ့ခြန္အားကိုပိုင္ဆိုင္တဲ့ ဆိုက္ကေလာ့ညီအစ္ကိုသုံးေယာက္ကေတာ့ မိုးႀကိဳးသြားအားဂ်စ္(Arges)၊ လွ်ပ္စီးစတပ္႐ိုပီ (Steropes) နဲ႔ လင္းလက္ေတာက္ပ ဘ႐ြန္တိစ္(Brontus) တို႔ျဖစ္တယ္။ ဆိုက္ကေလာ့ညီအစ္ကိုေတြကေတာ့ လက္မႈအတတ္၊ ပန္းပဲအတတ္ေတြမွာ တစ္ဖက္ကမ္းခတ္ကြၽမ္းက်င္ၾကတယ္။
ေနာင္ႏွစ္ရာေပါင္းမ်ားစြာၾကာၿပီးေနာက္မွာ ေနာက္ထပ္ဆိုက္ကေလာ့ေတြထပ္ေပၚလာၿပီးအဲဒီထဲမွာပိုဆီဒြန္ရဲ႕သားတစ္ေယာက္ကလဲ နဖူးအလည္မွာဧရာမမ်က္လုံးႀကီးတစ္လုံးနဲ႔ ဆိုက္ကေလာ့တစ္ေယာက္ပါပဲ။ ဒါေပမယ့္မ်ိဳးဆက္သစ္ဆိုက္ကေလာ့ေတြကထုံထိုင္းၿပီး ဒီဆိုက္ကေလ့ာႀကီးသုံးေယာက္ေလာက္အစြမ္းမထက္ၾကဘူး။

အားကိုးရမယ့္ မဟာမိတ္မ်ား
*********************
ဆိုက္ကေလာ့ေတြနဲ႔ ဟကၠတြန္ခီရိစ္ေတြကိုထိန္းသိမ္းခ်ဳပ္ေႏွာင္ထားတဲ့ တားတားရပ္စ္ရဲ႕ခိုင္္ခန္႔တဲ့တံခါးႀကီးကို႐ိုက္ခ်ိဳးလိုက္တာနဲ႔တစ္ၿပိဳင္နက္ ”ေဟး” ဆိုတဲ့ႀကဳံးဝါးေႂကြးေၾကာ္သံႀကီးေတြထြက္လာတယ္။ ဘဝဂ္ကိုညံသြားေစတဲ့ ညာသံေပးသံႀကီးနဲ႔အတူခ႐ိုးနပ္စ္ကို လက္စားေျခခ်င္ေနတဲ့ ဒီသတၱဝါႀကီးေတြဟာ တိုက္တန္ေတြနဲ႔စစ္ပြဲႀကီးမွာသူ႔အတြက္အားကိုးရမယ့္ မဟာမိတ္ေတြျဖစ္လာေတာ့မယ္ဆိုတာကို ဇူးစ္အေနနဲ႔ေကာင္းေကာင္းသိလိုက္ရၿပီ။

လက္နက္တပ္ဆင္ျခင္း
*********************
တားတားရပ္စ္မွာ ထာဝရခ်ဳပ္ေႏွာင္ထားခံထားရတဲ့ဘဝကေနကယ္တင္ေပးခဲ့တဲ့ ဇူးစ္ကိုေက်းဇူးဆပ္တဲ့အေနနဲ႔ ပန္းပဲအတတ္မွာ တစ္ဖက္ကမ္းခတ္တဲ့ ဆိုက္ကေလာ့ေတြက အစြမ္းထက္တဲ့မိုးႀကိဳးသြားေတြ တစ္ခုၿပီးတစ္ခုသြန္းလုပ္ေပးတယ္။ ဒါတင္မက ဇူးစ္ရဲ႕အစ္ကိုႏွစ္ေယာက္ျဖစ္တဲ့ ပိုဆီဒန္နဲ႔ ေဟးဒီးစ္အတြက္အတြက္ ခက္ရင္းသုံးခြပါတဲ့မွိန္းရွည္ႀကီးတစ္ေခ်ာင္းနဲ႔ ဝတ္ဆင္လိုက္သူကို ကိုယ္ေပ်ာက္သြားေစႏိုင္စြမ္းရွိတဲ့ သံခေမာက္တစ္လုံးကိုပါ သြန္းလုပ္ေပးၾကတယ္။

အားကိုးဖြယ္ရာ စြမ္းပကားႀကီးမားတဲ့မဟာမိတ္ေတြနဲ႔ ေမွာ္အစြမ္းရွိတဲ့တိုက္ခိုက္ေရးလက္နက္ေတြကို လက္မွာရေနၿပီျဖစ္တဲ့ ဇူးစ္တို႔ညီအစ္ကိုေမာင္ႏွမတစ္ေတြကေတာ့ အတ္လတ္စ္ဦးေဆာင္တဲ့ နတ္ဘုရားတို႔ရဲ႕ဘုရင္ခ႐ိုးနပ္စ္ရဲ႕တိုက္တန္တပ္ႀကီးနဲ႔ စစ္ခင္းရာမွာ အႏိုင္ရရွိဖို႔ နီးစပ္သထက္နီးစပ္လာၾကၿပီ။
 

https://www.facebook.com/MaungZiTales/
ေမာင္ဇိ
ကိုးကား။  ။
https://www.thoughtco.com/the-five-ages-of-man-111776
https://www.mythical-creatures-and-beasts.com/hecatoncheires.html
https://www.greekmythology.com/Myths/Creatures/Hecatoncheires/hecatoncheires.html
https://www.theoi.com/Titan/Hekatonkheires.html
https://greekgodsandgoddesses.net/myths/titanomachy/
https://mythology.net/greek/greek-concepts/titanomachy/

No comments:

Post a Comment