ကျွန်တော်စာတစ်ပုဒ်ရေးပြီးတိုင်း စာလုံးပေါင်းသတ်ပုံ၊ အကျအပေါက်၊ ဝါကျအထားအသို အဆင်ပြေအောင်အထပ်ထပ်စစ်လေ့ရှိတယ်။ စစ်တဲ့ကြားကပဲ မကြာခဏအမှားအယွင်းလေးတွေ ပါတတ်သေးတာပါပဲ။
အဲဒီအခါကျရင် ‘အစ်ကိုရေဒီစကားလုံးကနှစ်ခါထပ်နေတယ်’
‘မောင်လေးရေ ဒီဟာလေးက ဒီလိုရေးရတာမဟုတ်ဘူးလား’
‘ညီလေးရေ ဒီစာလုံးပေါင်းလေးကမှားနေတယ်’
ဆိုပြီး မတ်ဆေ့ချ်လာပို့ကြတဲ့သူတွေရှိတယ်။
ကျွန်တော်လဲမှားနေရင် အမြန်ဆုံးပြင်သလို လာပြောတဲ့သူတွေကိုလဲကျေးဇူးတင်ပါတယ်။
ကိုယ်ကိုယ်တိုင်လဲ ခင်မင်တဲ့သူတွေတစ်ခုခုမှားနေတာတွေ့ရင် ကိုယ်သိတာဆိုအမြဲနီးပါး မျှဝေပေးပါတယ်။
ပိုကောင်းတာတွေဖြစ်လာဖို့ရည်ရွယ်ချက်နဲ့ပါ။
လူကြားထဲမှာတော့ အရှက်ခွဲပြီး မပြောဘူးပေါ့။
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ အင်ဂျင်နီယာဘွဲ့အတွက်ကျောင်းဆက်တက်တော့ အဆောင်မှာကျွန်တော့ဘေးခန်းကပုဂ္ဂိုလ်က ပါကစ္စတန်မှာမွေး၊ အင်္ဂလန်မှာကြီးပြင်းခဲ့တဲ့ ဗြိတိသျှနိုင်ငံသား `အဒင်း’ တဲ့။
သူကဥပဒေပညာ မာစတာဘွဲ့တက်နေတဲ့ကျောင်းသား။
သူနဲ့မကြာခင်မှာ ခင်သွားပြီး နေ့တိုင်းစကားတွေ ပြောဖြစ်ကြတယ်။
တစ်ခါတစ်လေလဲ ညလုံးပေါက် ငြင်းကြခုန်ကြပေါ့။
နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အခွင့်အရေးတန်းတူညီမျှမှု၊ ဘဝအတွေ့အကြုံတွေ၊ရုပ်ရှင်တွေအကြောင်း၊ ဂိမ်းအကြောင်း စုံလို့ပါပဲ။
ကလေးဘဝကတည်းက အင်္ဂလန်မှာနေကပြီးပညာသင်လာတဲ့ သူက အင်္ဂလိပ်စကားပြော အင်မတန်ကောင်းပါတယ်။
နားထောင်လို့လဲတော်တော်ကောင်းသလို
ရှေ့နေပီပီ ချက်ကျလက်ကျနဲ့ စကားလဲအတော်တတ်ပါတယ်။
စတွေ့တွေ့ချင်း သူပြောတာတွေအကုန်နားမလည်ပါဘူး။
ရက်နည်းနည်းကြာသွားမှ သူ့အသံထွက်တွေ၊ လေသံတွေတဖြည်းဖြည်းနားယဉ်သွားပြီး သူပြောသမျှအကုန်နားလည်တဲ့ အခြေအနေရောက်ပါတယ်။
ကျွန်တော်ပြောတဲ့ တစ်ချို့အသံထွက်တွေသူနားမလည်ပါဘူး။ အဲဒီအခါကျရင် သူ့ကိုစာလုံးပေါင်းပြပြီး သူပြန်သင်ပေးတဲ့ အသံထွက်ကို လေ့ကျင့်ပါတယ်။
တစ်ချို့အသံထွက်တွေကျတော့ မြန်မာသံနဲ့ထွက်နေကျဖြစ်တော့ သူကဝေဖန်ပါတယ်။
အထူးသဖြင့် မြန်မာလိုထွက်ရလွယ်အောင် ကျွန်တော်တို့မွေးစားထားပြီး အလွယ်တကူပြောနေဆိုနေကျ Telephone, Appointment, Company, Police, computer, Table Tennis, Confidence, Villain တို့လိုစကားလုံးမျိုးတွေပါ။
တစ်နေ့မှာ ရဲကားတွေ `ဝီးညောင် ဝီးညောင်’ ဆိုတဲ့အသံပေးပြီး မီးရောင်စုံတွေဖွင့်မောင်းသွားတာတွေတော့ ‘ဟာ...ရဲတွေ ဘယ်သွားကြတာလဲမသိဘူး’ လို့သူ့ကိုပြောမိတယ်။
မင်းPolice ဆိုတဲ့စာလုံးအသံထွက်တာ လျှာထူကြီးနဲ့ ငါတို့ပါကစ္စတန်ကလူတွေ အသံထွက်တာကျနေတာပဲတဲ့။
ဒါနဲ့ အသံထွက် မမှန်မချင်းသူ့ဆီကနေ နေ့တိုင်းသင်ရပြန်တယ်။
ကျွန်တော့အသံထွက်တွေလွဲလို့ သူကပြောတဲ့၊ ထောက်ပြတဲ့အခါတိုင်း သင်ယူဖို့အခွင့်အရေးရလို့ ကျွန်တော်ဝမ်းသာပါတယ်။
မှားတိုင်း၊လွဲတိုင်း ပြင်ပေးဖို့ပါမှာထားတဲ့ထိပါပဲ။
အင်္ဂလိပ်စာကို တတ်နိုင်သလောက်လေ့လာခဲ့ပေမယ့် အထက်တန်းအောင်တဲ့ထိ မြန်မာကျောင်းတွေမှာ အသံထွက်တွေမမှန်ပဲအင်္ဂလိပ်စာလေ့လာခဲ့ရတာကများတော့ ကျွန်တော်တို့ခေတ်လူတော်တော်များများ အသံထွက်တွေက မမှန်တာတွေအများကြီးပါ။ ဒီဘက်ခေတ်လူငယ်တွေအတွက်ကတော့ သင်တန်းကောင်းတွေ၊ ရုပ်ရှင်၊ အင်တာနက်တွေကြောင့် အသံထွက်ကောင်းကောင်းပြောနိုင်ဖို့ အခွင့်အလမ်းတွေပိုများပါတယ်။
ဒီနေရာမှာ အသံထွက်ဆိုတာကလဲ accent ဆိုတဲ့လေယူလေသိမ်းကိုပြောတာမဟုတ်ပါဘူး။ မှန်မှန်ကန်ကန် ပီပီသသအသံထွက်နိုင်တဲ့ pronunciation ကိုပြောတာပါ။ မြန်မာသံဝဲတဲ့ အသံထွက်မှန်တဲ့အင်္ဂလိပ်စကားဆိုရင်ကို ရပါတယ်။
အမေရိကန်ကျောင်းမှာ တက်သူက American accent နဲ့ပြောချင်ပြောမယ်။
အင်္ဂလိပ်ကျောင်းမှာ တက်သူက British accent နဲ့ပြောချင်ပြောမယ်။
အဓိက က အသံထွက် (pronunciation)တွေမှန်မှန်ကန်ကန်ထွက်သွားရင်၊ သိထားရင် နိုင်ငံတကာမှာ ပြောဆိုဆက်ဆံရတာ အခက်အခဲမရှိပဲ လွယ်ကူတာကိုပြောချင်တာပါ။
ကျွန်တော်ကတော့ ကိုယ်မှားနေတဲ့အသံထွက်တွေကို အခွင့်အရေးရတိုင်း အမှန်ဖြစ်အောင်ပြန်ကျင့်ပါတယ်။
ပြည်တွင်းမှာ ကိုယ်ထွက်နေကျအတိုင်း အသံထွက်ချင်သလိုထွက်တာ အချင်းချင်းနားလည်ကြပေမယ့် ပြည်ပမှာဆိုရင်တော့ ကိုယ့်စကားကိုသူများနားလည်ဖို့ အခက်အခဲတွေ့နိုင်ပါတယ်။ တွေ့လဲတကယ်တွေ့ပါတယ်။
စင်ကာပူမှာ ဒီပလိုမာကျောင်းသားဘဝက Presentation တစ်ခုမှာ Villain ဆိုတဲ့ လူဆိုးကို မြန်မာသံပီပီသသကြီးနဲ့ ဗီလိန် လို့ထွက်ပြီးပြောတဲ့အခါ ဆရာက နားမလည်ပါဘူး။
ထပ်ကာ၊ ထပ်ကာပြောလဲ ဒီအသံထွက်ပဲဆိုတော့ နားမလည်ဘူးပေါ့။
စာလုံးပေါင်းပြလိုက်မှပဲ နားလည်သွားတာပါ။
လူကတော့ချွေးပြန်ပြီး Presentationမှာကိုယ့်ကိုယ်ကိုယုံကြည်မှုလဲနည်းနည်းကျသွားပါတယ်။
ဒါကြောင့် အမေရိကန်ဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ်ကိုယ်နှစ်သက်ရာအသံထွက်ကို ယူပြီးကျင့်ရတာပါ။ ဥပမာပြောရရင် tomato ကို `တိုမေးတိုး’ဖြစ်ဖြစ်၊ `တိုမားတိုး’ဖြစ်ဖြစ် အပြင်မှာနားလည်ကြပေမယ့် ငါလဲငါထွက်ချင်သလို `တိုမှတို’လို့ထွက်မယ်ကွာဆိုရင်တော့ နိုင်ငံတကာသွားတဲ့အခါ ဘယ်သူမှနားလည်မှာမဟုတ်ပါဘူး။
ဆိုလိုတာက အင်္ဂလိပ်စကားပြောတဲ့လူမျိုးတစ်ခုခုရဲ့ `စံ’ သတ်မှတ်ချက်တစ်ခုခုအတိုင်းတော့ လိုက်ရမယ်ဆိုတာပါ။
မသိလို့ အသံထွက်မှားတာ၊ သင်ယူခွင့်မရခဲ့လို့ အသံထွက်မှားတာတွေက ရှက်စရာမဟုတ်သလို၊ နှိမ်ချလှောင်ပြောင်စရာတော့လဲ မဟုတ်ပါဘူး။
သင်ယူချင်စိတ်၊ ပြောင်းလဲချင်စိတ်မရှိတော့တာကမှ ပြဿနာပါ။
လေ့ကျင့်ယူရင် အနီးစပ်ဆုံးအသံထွက်တွေကိုရနိုင်ပါတယ်။
ကျွန်တော် ၇တန်း၊ ၈ တန်းလောက်ထိ စကားမပီပါဘူး။ ဖြူ၊ ပြာ၊ ဖျော့ စတဲ့ ပစောက်နဲ့ ဖဦးထုပ်သံတွေကိုထွက်ရင် ခြူ၊ကြာ၊ ချော့ ဆိုတဲ့ ကကြီးနဲ့ ခကွေးသံတွေထွက်နေတာပါ။
၈ တန်းနှစ်မှာတော့ ကျွန်တော့ အစ်မကြီးကိုရှေ့ကဆိုပြခိုင်း၊ ကျွန်တော်ကနောက်ကလိုက်ဆိုနဲ့ အသံထွက်လေ့ကျင့်ပါတယ်။
ဖြူဖြူပြာပြာဆိုတဲ့ အသံထွက်ကို ခြူခြူကြာကြာလို့ထွက်နေရာကနေ စကားပီတဲ့ထိ နေ့စဉ်အကြိမ်ကြိမ် လေ့ကျင့်ခဲ့တယ်။
ခုတော့ ပီပီသသထွက်နိုင်နေပါပြီ။
အဲဒီဥပမာကနေ အင်္ဂလိပ်အသံထွက်တွေကလဲလေ့ကျင့်ရင်မှန်အောင်ထွက်နိုင်မှာပဲဆိုတဲ့ယုံကြည်ချက်နဲ့ အခွင့်ကြုံတိုင်း အသံထွက်အမှားတွေကို အမှန်နဲ့အနီးစပ်ဆုံးထွက်နိုင်အောင်လေ့ကျင့်တာပါ။
သူများနိုင်ငံမှာ လူမျိုးခြားတွေနဲ့ဆက်ဆံရတဲ့အခါ အသံထွက်မှန်နေမှ ဆက်ဆံရေးချောမွေ့ဖို့အတွက်၊ နားလည်မှုမလွဲဖို့အတွက် အထောက်အကူဖြစ်တာမို့လဲပါ ပါတယ်။
ကိုယ်က ဘယ်အသိုင်းအဝိုင်းနဲ့ဆက်ဆံမှာလဲဆိုတာကလဲ အရေးကြီးပါတယ်။
ပညာတတ်အသိုင်းအဝိုင်းလား၊ သာမန်စျေးသည်လားပေါ့။
ပညာတတ်အသိုင်းအဝိုင်းမှာတော့ အသံထွက်မှန်မှန်နဲ့ စနစ်တကျပြောနိုင်ရင် First impression ကောင်းလို့ ပိုအရာရောက်သလို လူလဲအထင်မသေးပါဘူး။
သာမန်အသိုင်းအဝိုင်းဆိုရင်ရော။
စင်ကာပူမှာ စျေးသည်တွေအားလုံးက `egg’ ကို `အက်ဂ်’လို့မထွက်ပဲ `အေ့ဂ်’လို့ထွက်တတ်ကြတယ်။ အဲဒီတော့ သူတို့နဲ့ဆက်ဆံလို့ ကြက်ဥဝယ်တဲ့အခါမှာတော့ `အေ့ဂ်’ ပဲပေါ့။
ကိုယ်သိထားတဲ့အသိကို မသိသူကို မျှဝေပေးတာမွန်မြတ်ပါတယ်။ လူကြားထဲမှာ အရှက်ခွဲပြီးတော့ တော့ မမျှဝေနဲ့ပေါ့။
သူများမသိတာကိုယ်သိတယ်၊ ကိုယ်သိတာများတယ်ထင်လို့ မာန်မာနတက်မယ်တွေးတိုင်းလဲ ကိုယ့်ထက်အဆပေါင်းများစွာ သိတဲ့၊ တတ်တဲ့သူတွေဒီလောကကြီးမှာရှိတာကို စဉ်းစားပြီး ပြောဆိုရေးသားမှုတွေမှာ ရိုးသားရင်အကောင်းဆုံးပါပဲ။
ကိုယ့်လောက်မသိသေးသူတွေကိုလဲ မျှဝေနိုင်တာတွေရှိရင် စေတနာနဲ့ ရိုးရိုးသားသားမျှဝေပေးပေါ့။
မျှဝေပါ။
ပြီးတော့ ပိုကောင်းအောင်လဲ ကြိုးစားပါ။
ကျွန်တော်ကတော့ ကျွန်တော်သိသလောက်လေးကို မသိသူရှိရင် ရိုးရိုးသားသားမျှဝေဖို့အဆင်သင့်ပါပဲ။
မျှဝေမှုတိုင်းက လှပသလို သင်ယူမှုတိုင်းက တင့်တယ်ပါတယ်။
မောင်ဇိ ( ဇွန်လ ၁၇၊ ၂၀၂၀)
————///—————
Zawgyi
မွ်ေဝပါ
*******
ကြၽန္ေတာ္စာတစ္ပုဒ္ေရးၿပီးတိုင္း စာလုံးေပါင္းသတ္ပုံ၊ အက်အေပါက္၊ ဝါက်အထားအသို အဆင္ေျပေအာင္အထပ္ထပ္စစ္ေလ့ရွိတယ္။ စစ္တဲ့ၾကားကပဲ မၾကာခဏအမွားအယြင္းေလးေတြ ပါတတ္ေသးတာပါပဲ။
အဲဒီအခါက်ရင္ ‘အစ္ကိုေရဒီစကားလုံးကႏွစ္ခါထပ္ေနတယ္’
‘ေမာင္ေလးေရ ဒီဟာေလးက ဒီလိုေရးရတာမဟုတ္ဘူးလား’
‘ညီေလးေရ ဒီစာလုံးေပါင္းေလးကမွားေနတယ္’
ဆိုၿပီး မတ္ေဆ့ခ်္လာပို႔ၾကတဲ့သူေတြရွိတယ္။
ကြၽန္ေတာ္လဲမွားေနရင္ အျမန္ဆုံးျပင္သလို လာေျပာတဲ့သူေတြကိုလဲေက်းဇူးတင္ပါတယ္။
ကိုယ္ကိုယ္တိုင္လဲ ခင္မင္တဲ့သူေတြတစ္ခုခုမွားေနတာေတြ႕ရင္ ကိုယ္သိတာဆိုအၿမဲနီးပါး မွ်ေဝေပးပါတယ္။
ပိုေကာင္းတာေတြျဖစ္လာဖို႔ရည္႐ြယ္ခ်က္နဲ႔ပါ။
လူၾကားထဲမွာေတာ့ အရွက္ခြဲၿပီး မေျပာဘူးေပါ့။
အဂၤလန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕မွာ အင္ဂ်င္နီယာဘြဲ႕အတြက္ေက်ာင္းဆက္တက္ေတာ့ အေဆာင္မွာကြၽန္ေတာ့ေဘးခန္းကပုဂၢိဳလ္က ပါကစၥတန္မွာေမြး၊ အဂၤလန္မွာႀကီးျပင္းခဲ့တဲ့ ၿဗိတိသွ်ႏိုင္ငံသား `အဒင္း’ တဲ့။
သူကဥပေဒပညာ မာစတာဘြဲ႕တက္ေနတဲ့ေက်ာင္းသား။
သူနဲ႔မၾကာခင္မွာ ခင္သြားၿပီး ေန႔တိုင္းစကားေတြ ေျပာျဖစ္ၾကတယ္။
တစ္ခါတစ္ေလလဲ ညလုံးေပါက္ ျငင္းၾကခုန္ၾကေပါ့။
ႏိုင္ငံေရး၊ ယဥ္ေက်းမႈ၊ အခြင့္အေရးတန္းတူညီမွ်မႈ၊ ဘဝအေတြ႕အႀကဳံေတြ၊႐ုပ္ရွင္ေတြအေၾကာင္း၊ ဂိမ္းအေၾကာင္း စုံလို႔ပါပဲ။
ကေလးဘဝကတည္းက အဂၤလန္မွာေနကၿပီးပညာသင္လာတဲ့ သူက အဂၤလိပ္စကားေျပာ အင္မတန္ေကာင္းပါတယ္။
နားေထာင္လို႔လဲေတာ္ေတာ္ေကာင္းသလို
ေရွ႕ေနပီပီ ခ်က္က်လက္က်နဲ႔ စကားလဲအေတာ္တတ္ပါတယ္။
စေတြ႕ေတြ႕ခ်င္း သူေျပာတာေတြအကုန္နားမလည္ပါဘူး။
ရက္နည္းနည္းၾကာသြားမွ သူ႔အသံထြက္ေတြ၊ ေလသံေတြတျဖည္းျဖည္းနားယဥ္သြားၿပီး သူေျပာသမွ်အကုန္နားလည္တဲ့ အေျခအေနေရာက္ပါတယ္။
ကြၽန္ေတာ္ေျပာတဲ့ တစ္ခ်ိဳ႕အသံထြက္ေတြသူနားမလည္ပါဘူး။ အဲဒီအခါက်ရင္ သူ႔ကိုစာလုံးေပါင္းျပၿပီး သူျပန္သင္ေပးတဲ့ အသံထြက္ကို ေလ့က်င့္ပါတယ္။
တစ္ခ်ိဳ႕အသံထြက္ေတြက်ေတာ့ ျမန္မာသံနဲ႔ထြက္ေနက်ျဖစ္ေတာ့ သူကေဝဖန္ပါတယ္။
အထူးသျဖင့္ ျမန္မာလိုထြက္ရလြယ္ေအာင္ ကြၽန္ေတာ္တို႔ေမြးစားထားၿပီး အလြယ္တကူေျပာေနဆိုေနက် Telephone, Appointment, Company, Police, computer, Table Tennis, Confidence, Villain တို႔လိုစကားလုံးမ်ိဳးေတြပါ။
တစ္ေန႔မွာ ရဲကားေတြ `ဝီးေညာင္ ဝီးေညာင္’ ဆိုတဲ့အသံေပးၿပီး မီးေရာင္စုံေတြဖြင့္ေမာင္းသြားတာေတြေတာ့ ‘ဟာ...ရဲေတြ ဘယ္သြားၾကတာလဲမသိဘူး’ လို႔သူ႔ကိုေျပာမိတယ္။
မင္းPolice ဆိုတဲ့စာလုံးအသံထြက္တာ လွ်ာထူႀကီးနဲ႔ ငါတို႔ပါကစၥတန္ကလူေတြ အသံထြက္တာက်ေနတာပဲတဲ့။
ဒါနဲ႔ အသံထြက္ မမွန္မခ်င္းသူ႔ဆီကေန ေန႔တိုင္းသင္ရျပန္တယ္။
ကြၽန္ေတာ့အသံထြက္ေတြလြဲလို႔ သူကေျပာတဲ့၊ ေထာက္ျပတဲ့အခါတိုင္း သင္ယူဖို႔အခြင့္အေရးရလို႔ ကြၽန္ေတာ္ဝမ္းသာပါတယ္။
မွားတိုင္း၊လြဲတိုင္း ျပင္ေပးဖို႔ပါမွာထားတဲ့ထိပါပဲ။
အဂၤလိပ္စာကို တတ္ႏိုင္သေလာက္ေလ့လာခဲ့ေပမယ့္ အထက္တန္းေအာင္တဲ့ထိ ျမန္မာေက်ာင္းေတြမွာ အသံထြက္ေတြမမွန္ပဲအဂၤလိပ္စာေလ့လာခဲ့ရတာကမ်ားေတာ့ ကြၽန္ေတာ္တို႔ေခတ္လူေတာ္ေတာ္မ်ားမ်ား အသံထြက္ေတြက မမွန္တာေတြအမ်ားႀကီးပါ။ ဒီဘက္ေခတ္လူငယ္ေတြအတြက္ကေတာ့ သင္တန္းေကာင္းေတြ၊ ႐ုပ္ရွင္၊ အင္တာနက္ေတြေၾကာင့္ အသံထြက္ေကာင္းေကာင္းေျပာႏိုင္ဖို႔ အခြင့္အလမ္းေတြပိုမ်ားပါတယ္။
ဒီေနရာမွာ အသံထြက္ဆိုတာကလဲ accent ဆိုတဲ့ေလယူေလသိမ္းကိုေျပာတာမဟုတ္ပါဘူး။ မွန္မွန္ကန္ကန္ ပီပီသသအသံထြက္ႏိုင္တဲ့ pronunciation ကိုေျပာတာပါ။ ျမန္မာသံဝဲတဲ့ အသံထြက္မွန္တဲ့အဂၤလိပ္စကားဆိုရင္ကို ရပါတယ္။
အေမရိကန္ေက်ာင္းမွာ တက္သူက American accent နဲ႔ေျပာခ်င္ေျပာမယ္။
အဂၤလိပ္ေက်ာင္းမွာ တက္သူက British accent နဲ႔ေျပာခ်င္ေျပာမယ္။
အဓိက က အသံထြက္ (pronunciation)ေတြမွန္မွန္ကန္ကန္ထြက္သြားရင္၊ သိထားရင္ ႏိုင္ငံတကာမွာ ေျပာဆိုဆက္ဆံရတာ အခက္အခဲမရွိပဲ လြယ္ကူတာကိုေျပာခ်င္တာပါ။
ကြၽန္ေတာ္ကေတာ့ ကိုယ္မွားေနတဲ့အသံထြက္ေတြကို အခြင့္အေရးရတိုင္း အမွန္ျဖစ္ေအာင္ျပန္က်င့္ပါတယ္။
ျပည္တြင္းမွာ ကိုယ္ထြက္ေနက်အတိုင္း အသံထြက္ခ်င္သလိုထြက္တာ အခ်င္းခ်င္းနားလည္ၾကေပမယ့္ ျပည္ပမွာဆိုရင္ေတာ့ ကိုယ့္စကားကိုသူမ်ားနားလည္ဖို႔ အခက္အခဲေတြ႕ႏိုင္ပါတယ္။ ေတြ႕လဲတကယ္ေတြ႕ပါတယ္။
စင္ကာပူမွာ ဒီပလိုမာေက်ာင္းသားဘဝက Presentation တစ္ခုမွာ Villain ဆိုတဲ့ လူဆိုးကို ျမန္မာသံပီပီသသႀကီးနဲ႔ ဗီလိန္ လို႔ထြက္ၿပီးေျပာတဲ့အခါ ဆရာက နားမလည္ပါဘူး။
ထပ္ကာ၊ ထပ္ကာေျပာလဲ ဒီအသံထြက္ပဲဆိုေတာ့ နားမလည္ဘူးေပါ့။
စာလုံးေပါင္းျပလိုက္မွပဲ နားလည္သြားတာပါ။
လူကေတာ့ေခြၽးျပန္ၿပီး Presentationမွာကိုယ့္ကိုယ္ကိုယုံၾကည္မႈလဲနည္းနည္းက်သြားပါတယ္။
ဒါေၾကာင့္ အေမရိကန္ျဖစ္ျဖစ္၊ အဂၤလိပ္ျဖစ္ျဖစ္ကိုယ္ႏွစ္သက္ရာအသံထြက္ကို ယူၿပီးက်င့္ရတာပါ။ ဥပမာေျပာရရင္ tomato ကို `တိုေမးတိုး’ျဖစ္ျဖစ္၊ `တိုမားတိုး’ျဖစ္ျဖစ္ အျပင္မွာနားလည္ၾကေပမယ့္ ငါလဲငါထြက္ခ်င္သလို `တိုမွတို’လို႔ထြက္မယ္ကြာဆိုရင္ေတာ့ ႏိုင္ငံတကာသြားတဲ့အခါ ဘယ္သူမွနားလည္မွာမဟုတ္ပါဘူး။
ဆိုလိုတာက အဂၤလိပ္စကားေျပာတဲ့လူမ်ိဳးတစ္ခုခုရဲ႕ `စံ’ သတ္မွတ္ခ်က္တစ္ခုခုအတိုင္းေတာ့ လိုက္ရမယ္ဆိုတာပါ။
မသိလို႔ အသံထြက္မွားတာ၊ သင္ယူခြင့္မရခဲ့လို႔ အသံထြက္မွားတာေတြက ရွက္စရာမဟုတ္သလို၊ ႏွိမ္ခ်ေလွာင္ေျပာင္စရာေတာ့လဲ မဟုတ္ပါဘူး။
သင္ယူခ်င္စိတ္၊ ေျပာင္းလဲခ်င္စိတ္မရွိေတာ့တာကမွ ျပႆနာပါ။
ေလ့က်င့္ယူရင္ အနီးစပ္ဆုံးအသံထြက္ေတြကိုရႏိုင္ပါတယ္။
ကြၽန္ေတာ္ ၇တန္း၊ ၈ တန္းေလာက္ထိ စကားမပီပါဘူး။ ျဖဴ၊ ျပာ၊ ေဖ်ာ့ စတဲ့ ပေစာက္နဲ႔ ဖဦးထုပ္သံေတြကိုထြက္ရင္ ျခဴ၊ၾကာ၊ ေခ်ာ့ ဆိုတဲ့ ကႀကီးနဲ႔ ခေကြးသံေတြထြက္ေနတာပါ။
၈ တန္းႏွစ္မွာေတာ့ ကြၽန္ေတာ့ အစ္မႀကီးကိုေရွ႕ကဆိုျပခိုင္း၊ ကြၽန္ေတာ္ကေနာက္ကလိုက္ဆိုနဲ႔ အသံထြက္ေလ့က်င့္ပါတယ္။
ျဖဴျဖဴျပာျပာဆိုတဲ့ အသံထြက္ကို ျခဴျခဴၾကာၾကာလို႔ထြက္ေနရာကေန စကားပီတဲ့ထိ ေန႔စဥ္အႀကိမ္ႀကိမ္ ေလ့က်င့္ခဲ့တယ္။
ခုေတာ့ ပီပီသသထြက္ႏိုင္ေနပါၿပီ။
အဲဒီဥပမာကေန အဂၤလိပ္အသံထြက္ေတြကလဲေလ့က်င့္ရင္မွန္ေအာင္ထြက္ႏိုင္မွာပဲဆိုတဲ့ယုံၾကည္ခ်က္နဲ႔ အခြင့္ႀကဳံတိုင္း အသံထြက္အမွားေတြကို အမွန္နဲ႔အနီးစပ္ဆုံးထြက္ႏိုင္ေအာင္ေလ့က်င့္တာပါ။
သူမ်ားႏိုင္ငံမွာ လူမ်ိဳးျခားေတြနဲ႔ဆက္ဆံရတဲ့အခါ အသံထြက္မွန္ေနမွ ဆက္ဆံေရးေခ်ာေမြ႕ဖို႔အတြက္၊ နားလည္မႈမလြဲဖို႔အတြက္ အေထာက္အကူျဖစ္တာမို႔လဲပါ ပါတယ္။
ကိုယ္က ဘယ္အသိုင္းအဝိုင္းနဲ႔ဆက္ဆံမွာလဲဆိုတာကလဲ အေရးႀကီးပါတယ္။
ပညာတတ္အသိုင္းအဝိုင္းလား၊ သာမန္ေစ်းသည္လားေပါ့။
ပညာတတ္အသိုင္းအဝိုင္းမွာေတာ့ အသံထြက္မွန္မွန္နဲ႔ စနစ္တက်ေျပာႏိုင္ရင္ First impression ေကာင္းလို႔ ပိုအရာေရာက္သလို လူလဲအထင္မေသးပါဘူး။
သာမန္အသိုင္းအဝိုင္းဆိုရင္ေရာ။
စင္ကာပူမွာ ေစ်းသည္ေတြအားလုံးက `egg’ ကို `အက္ဂ္’လို႔မထြက္ပဲ `ေအ့ဂ္’လို႔ထြက္တတ္ၾကတယ္။ အဲဒီေတာ့ သူတို႔နဲ႔ဆက္ဆံလို႔ ၾကက္ဥဝယ္တဲ့အခါမွာေတာ့ `ေအ့ဂ္’ ပဲေပါ့။
ကိုယ္သိထားတဲ့အသိကို မသိသူကို မွ်ေဝေပးတာမြန္ျမတ္ပါတယ္။ လူၾကားထဲမွာ အရွက္ခြဲၿပီးေတာ့ ေတာ့ မမွ်ေဝနဲ႔ေပါ့။
သူမ်ားမသိတာကိုယ္သိတယ္၊ ကိုယ္သိတာမ်ားတယ္ထင္လို႔ မာန္မာနတက္မယ္ေတြးတိုင္းလဲ ကိုယ့္ထက္အဆေပါင္းမ်ားစြာ သိတဲ့၊ တတ္တဲ့သူေတြဒီေလာကႀကီးမွာရွိတာကို စဥ္းစားၿပီး ေျပာဆိုေရးသားမႈေတြမွာ ႐ိုးသားရင္အေကာင္းဆုံးပါပဲ။
ကိုယ့္ေလာက္မသိေသးသူေတြကိုလဲ မွ်ေဝႏိုင္တာေတြရွိရင္ ေစတနာနဲ႔ ႐ိုး႐ိုးသားသားမွ်ေဝေပးေပါ့။
မွ်ေဝပါ။
ၿပီးေတာ့ ပိုေကာင္းေအာင္လဲ ႀကိဳးစားပါ။
ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ္သိသေလာက္ေလးကို မသိသူရွိရင္ ႐ိုး႐ိုးသားသားမွ်ေဝဖို႔အဆင္သင့္ပါပဲ။
မွ်ေဝမႈတိုင္းက လွပသလို သင္ယူမႈတိုင္းက တင့္တယ္ပါတယ္။
ေမာင္ဇိ ( ဇြန္လ ၁၇၊ ၂၀၂၀)