အိုင်အို၏ ခရီး
***********
အာဂို့စ် (Argos) ရဲ့မင်းသမီးဖြစ်တဲ့ အိုင်အိုရဲ့ဘဝကတော်တော် ကြမ်းတမ်းပါတယ်။
ဇူးစ်နတ်ဘုရားနဲ့ ချစ်ကြိုက်မိလို့ နွားဖြူမလေးအဖြစ်အသွင်ပြောင်းခံရတယ်။
နွားဘဝရောက်တော့ မျက်လုံးပေါင်း ၁၀၀ ရှိတဲ့ လူ့ဘီလူးကြီး အားဂတ်စ် ( Argus Panopte) ရဲ့ အကျဥ်းသားဖြစ်ရပြန်တယ်။
တမန်တော် ဟာမီးစ်(Hermes) ရဲ့ကျေးဇူးကြောင့် လူ့ဘီလူးကြီးအားဂတ်စ်လက်ကနေလွတ်ပြန်တော့လဲ သူ့ဘဝက အနားမရပါဘူး။
ဇူးစ်ရဲ့မိဖုရားကြီး ဟီးရာ (Hera) ဖန်တီးလိုက်တဲ့ မှတ်ခြင် တစ်ကောင်က သူ့ကိုအဆက်မပြတ်ကိုက်ခဲနေလို့ အနားမနေရပဲတစ်ချိန်လုံး လျှောက်ပြေးနေရပြန်လေတယ်။
နွားပျိုမလေး အိုင်အို နားမှာ တစ်ဇီဇီဝဲနေတဲ့ မှတ် က အိုင်အိုကိုအနားမပေးပဲကိုက်ခဲနေလို့ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်းမစားရနဲ့ ဂရိတစ်ခွင်လုံးကို ပြေးလွှားသွားလာနေရတဲ့ ဘဝမျိုးရောက်ရတော့တာပေါ့။
မှတ်ရဲ့ ကိုက်ခဲမှုကနေ ရှောင်တိမ်းလွတ်မြောက်ဖို့ ဂရိပြည်တစ်ခုလုံးကို ချောင်းတွေဖြတ်၊ လွင်ပြင်တွေကျော်၊ တောင်တွေတက်ပြီး ပြေးပေမယ့် အညှိုးကြီးတဲ့ ဟီးရာရဲ့မှတ်ကတော့ အိုင်အို့ကိုအလွတ်မပေးပါဘူး။
ကော်ကေးဆပ်တောင်တန်းကြီးတွေပေါ်က ဖြတ်ပြေးတဲ့အခါမှာ လူသားတွေကို မီးပေးခဲ့တဲ့အတွက် သံကြိုးတွေနဲ့ချည်နှောင်ပြီး အပြစ်ပေးခံထားရတဲ့ တိုက်တန်ကြီးပရိုမီးသီးရပ်စ် (Prometheus) ကိုတွေ့တယ်။
ကိုယ်တိုင်ဒုက္ခဆင်းရဲခံနေရပေမယ့် သနားစရာအိုင်အိုကို ကရုဏာသက်မိတဲ့ ပရိုမီးသီးရပ်စ်က အနာဂတ်ဟောကိန်းတစ်ခုကို လှမ်းအော်ပြောလို့ အားပေးခဲ့တယ်။
" လုံမငယ် အိုင်အို...ပြေးလော့၊ မရပ်မနားဆက်လက်ပြေးလော့။
တစ်နေ့သောအခါ လွင်ပြင်ရှိရာအရပ်ဒေသတစ်ခု၌ သင်သည် လူသားအဖြစ်ကိုပြန်ရလိမ့်မည်။
သင်မွေးသော သင့်ရင့်သွေး၏ မျိုးဆက်မှ သူရဲကောင်းများပေါ်ပေါက်လာလိမ့်ဦးမည်။
ထို သူရဲကောင်းများထဲမှ တစ်ဦးသည် ကျွန်ုပ်အားအနှောင်အဖွဲ့မှပင်လွတ်စေလိမ့်ဦးမည်။
ထို့ကြောင့် ဇွဲမလျှော့၊ အရှုံးမပေးပဲ ဒုက္ခကိုခုခံတိုက်ခိုက်လော့"
ပရိုမီးသီးရပ်စ်ရဲ့ အားပေးစကားကြောင့် အားပြန်တက်လာတဲ့ အိုင်အိုကလဲ လက်မြှောက်အရှုံးမပေးတော့ပဲ ဆက်ပြီးပြေးသွားခဲ့တယ်။
အိုင်အိုဖြတ်ပြေးသွားတဲ့ နေရာဒေသတစ်ချို့ကို နောက်ပိုင်းမှာ အိုင်အိုရဲ့ နာမည်နဲ့ လူတွေကခေါ်ခဲ့ကြတယ်။
ဂရိနဲ့ အီဂျစ်ကြား တစ်ခုသောနေရာက ကမ်းရိုးတန်းတစ်လျှောက်ကိုနောက်ပိုင်းမှာ အိုင်အိုနီးရမ်းပင်လယ် (Ionian Sea) လို့ လူသားတွေကခေါ်ခဲ့ကြတာ ဒီနေ့ဒီချိန်ထိပဲ။
အီဂျစ်ပြည်သို့ရောက်ရှိခြင်း
*********************
ဒီလိုနဲ့ မရပ်မနားပြေးလွှားခဲ့ရလို့ ပင်ပန်းနွမ်းနယ်နေတဲ့အိုင်အိုဟာ အီဂျစ်ပြည်နိုင်းမြစ်ဝှမ်းလွင်ပြင်အထိရောက်လာခဲ့တယ်။
အမောဖြေနေတဲ့ အိုင်အိုရှိရာကို ဟီးရာအလစ်ကိုစောင့်နေတဲ့ ဇူးနတ်ဘုရားမင်းရောက်လာပြီး လူသားအသွင်ပြန်ပြောင်းပေးလို့
"ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်သည့် ခိုင်ကျည်သောနှလုံးသားကို ပိုင်ဆိုင်သည့် ငါ၏လက်တွဲဖော်အိုင်အို...
သင်၏ဒုက္ခများဤနေရာတွင် အဆုံးသတ်ပြီဖြစ်၍ ငါ၏လက်ကိုပြန်တွဲဖို့အချိန်ရောက်လေပြီ"
"နတ်ဘုရားတို့ဘုရင် အရှင်ဇူးစ်နတ်မင်းကြီး။
ရရှိခဲ့သည့် ဒုက္ခမှာ အကျွန်ုပ်အတွက်လုံလောက်ရုံမက ပိုလျှံလွန်းလှပြီဖြစ်၍ အကျွန်ုပ်အားလွတ်မြောက်ခွင့်ကိုသာ ပေးပါတော့။
အရှင်ဇူးစ်နတ်ဘုရားနှင့်ရခဲ့သော အကျွန်ုပ်၏ ကိုယ်ဝန်ကိုဤအရပ်ဒေသတွင် မွေးဖွား၍ အေးချမ်းစွာနေခွင့်ပြုပါတော့"
ဒုက္ခဆင်းရဲမျိုးစုံကို ကြုံဆုံခဲ့ရတဲ့ အိုင်အိုင်က ဇူးစ်ကိုဘယ်နည်းနဲ့မှ လက်မခံတော့ပါဘူး။
နောင်တစ်ချိန်မှာ အီဂျစ်ပြည်ရဲ့ဘုရင်ဖြစ်လာမယ့် သားဖြစ်သူ အီပါဖက်စ် (Epaphus) ကိုမွေးလို့ အီဂျစ်ပြည်မှာပဲ နေထိုင်ခဲ့တယ်။
ငယ်ရွယ်လှပနေဆဲအိုင်အိုဟာ အီဂျစ်ဘုရင် တယ်လီဂိုးနပ်စ် (Telegonus) နဲ့ထပ်မံလက်ဆက်ပြီး အသက်ထက်ဆုံး ဒုက္ခဆင်းရဲတွေမရှိတော့ပဲ ငြိမ်းချမ်းစွာနေထိုင်ခွင့်ရခဲ့တယ်။
အိုင်အိုရဲ့ မြေးဖြစ်သူ ဒန်နေရပ်စ် (Danaus) ကတော့ဂရိကိုပြန်သွားခဲ့ပြီး သူတို့ရဲ့ မျိုးဆက်ပေါင်းမြောက်များစွာထဲက တစ်ယောက်ဖြစ်တဲ့ ဟာရကလိ (ဟာကြူလီ) ဟာ ရာဇဝင်မှာထင်ရှားကျော်ကြားတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာလို့ သံကြိုးတွေနဲ့ချည်နှောင်ပြီး သိမ်းငှက်ရဲ့အသည်းဖောက်စားခြင်းကိုနေ့စဥ်ခံနေရတဲ့ တိုက်တန်ကြီး ပရိုမီးသီးရပ်စ်ကိုလဲ အချုပ်အနှောင်ကနေကယ်တင်ခဲ့တယ်။
အိုလံပစ်တောင်မှ ဟာမီးစ်
********************
ဟာမီးစ်ကို မကျေနပ်တဲ့ဟီးရာက အပြစ်ပေးဖို့အတွက် နတ်ဘုရားတွေကြားမှာ မဲခွဲဆုံးဖြတ်တယ်။
ပထမဆုံး ဟီးရာကကျောက်တုံးလေးတစ်တုံးနဲ့ ဟာမီးစ်ကို ပစ်ပေါက်လိုက်တယ်။
ကျန်တဲ့နတ်ဘုရားတွေကလဲ ကျောက်တုံးလေးတစ်တုံးစီနဲ့ပေါက်ကြတယ်။
နောက်ဆုံးမှာ ဟာမီးစ်တစ်ကိုယ်လုံး ကျောက်တုံးလေးတွေနဲ့ဖုံးလွှမ်းသွားတယ်။
အဲဒီလို စတိသဘောအပြစ်ပေးပြီးတဲ့နောက် ဟာမီးစ်ကို ခွင့်လွှတ်လိုက်ကြတယ်။
ပြုံးချိုတဲ့မျက်နှာ၊ သွက်လက်တဲ့အမူအရာနဲ့ ဉာဏ်ရည်ထက်မြက်ပြီး အားကိုးအားထားပြုလို့ရတဲ့ဟာမီးစ်ကို နတ်ဘုရားတွေအားလုံးက ချစ်ခင်ကြတယ်လေ။
ဒီလိုနဲ့ဟာမီးစ်ဟာ သတင်းစကားသယ်ဆောင်သူနတ်ဘုရား၊ ခိုးသူတို့၏နတ်ဘုရား၊ လှည့်ပတ်တတ်သူတို့၏နတ်ဘုရား၊ သိုးကျောင်းသားနဲ့နွားကျောင်းသားတွေရဲ့နတ်ဘုရား၊ ခရီးသွားတွေကို ကာကွယ်စောင့်ရှောက်တတ်တဲ့နတ်ဘုရားဖြစ်လာတယ်။
အသီးနား၊ ပါဆီရပ်စ်နဲ့ ဟာမီးစ်
***********************
ဉာဏ်ပညာကိုအစိုးရတဲ့ နတ်ဘုရားမအသီးနား (Athena) က တစ်နေ့မှာ ဟာမီးစ်ကိုခေါ်ပြီး ဇူးစ်ရဲ့ လူသားတစ်ပိုင်း၊နတ်ဘုရားတစ်ပိုင်း (Demigod) သားတစ်ယောက် ဖြစ်တဲ့ ပါဆီရပ်စ် (Perseus) ကိုကူညီဖို့သွားကြတယ်။
အမြဲပြုံးနေတတ်တဲ့ ဟာမီးစ်က သူ့ရဲ့တောင်ပံပါတဲ့ ဖိနပ်တွေကို သူရဲကောင်း ပါဆီရပ်စ်ကိုငှားလိုက်ပြီး ဂေါ်ဂွန်မက်ဒူးဆာ (Gorgon Medusa)ကိုတွေ့နိုင်မယ့် နည်းလမ်းကိုပါလမ်းညွှန်လိုက်လို့ နောက်ဆုံးမှာ ပါဆီရပ်စ်က မက်ဒူးဆာကိုအောင်အောင်မြင်မြင်သုတ်သင်လိုက်နိုင်တယ်။
ဟေးဒီးစ်နဲ့ ဟာမီးစ်
***************
ဒါတင်မက မြေအောက်ကမ္ဘာကိုပိုင်စိုးတဲ့ နတ်ဘုရားဟေးဒီးစ် (Hades) ကလဲ ဟာမီးစ်ကိုသဘောကျတဲ့အတွက် မြေအောက်ကမ္ဘာနဲ့ လူသားကမ္ဘာကို လွတ်လပ်စွာကူးသန်းသွားလာခွင့်ပေးထားခဲ့တယ်။
သာမာန်လူတွေအတွက် မြေအောက်ကမ္ဘာကိုရောက်ပြီးရင် လူသားကမ္ဘာမြေပြင်ပေါ်ကိုပြန်လာခွင့်မရှိတော့ပေမယ့် ဟာမီးစ်ကတော့ ခြွင်းချက်အနေနဲ့ ဘာမှပြန်ပေးဆပ်စရာမလိုပဲ ကမ္ဘာနှစ်ခုကိုခေါက်တုံ့ခေါက်ပြန်သွားနိုင်၊ ပြန်နိုင်တယ်။
ဒါကြောင့်ပဲ ဟာမီးစ်ဟာ သေသူတွေကို မြေအောက်ကမ္ဘာရှိရာကိုပို့ဆောင်လမ်းပြပေးတဲ့နတ်ဘုရားဖြစ်လာခဲ့တယ်။
ပြီးတော့ နယ်စပ်တွေကိုဖြတ်ကျော်မှုမှာကြီးမှုးတဲ့နတ်ဘုရား။
သတင်းစကားသယ်ဆောင်သူ၊ တမန်တော်နတ်ဘုရားဖြစ်တဲ့အပြင် မြေအောက်ကမ္ဘာကိုပါအဆီးအတားမရှိသွားနိုင်ခွင့်ရှိတဲ့အတွက် မြေအောက်ကမ္ဘာရဲ့အရှင်သခင် ဟေးဒီးစ်နဲ့ နတ်ဘုရားမ ပါဆီဖိုနီ (Persephone) တို့ရဲ့ အချစ်ဇာတ်လမ်းမှာလဲ ဟာမီးစ်က အရေးပါတဲ့နေရာက ပါခွင့်ရခဲ့တယ်။
ပါဆီဖိုနီကို သဘောကျနှစ်သက်လွန်းလို့ မြေပေါ်ကမ္ဘာထိတက်ပြီး အလိုမတူပဲခိုးယူသွားခဲ့လို့ အိုလံပစ်တောင်ကနတ်ဘုရားတွေအားလုံးကို အလုပ်များသွားစေခဲ့တဲ့ ဟေးဒီးစ်ရဲ့လုပ်ရပ်အပြီးမှာပေါ့။ ။
မောင်ဇိ ( ဇွန် ၆၊ ၂၀၂၀)
Pictures : Internet
ကိုးကား။ ။
https://greekmythology.wikia.org/wiki/Hermes
https://www.godchecker.com/greek-mythology/IO/
https://www.greekmythology.com/Myths/The_Myths/Zeus's_Lovers/Io/io.html
https://www.greeka.com/greece-myths/io-zeus/
https://www.greekmythology.com/Olympians/Hermes/hermes.html
http://www.perseus.tufts.edu/hopper/text?doc=HH%204
https://www.theoi.com/Olympios/Hermes.html
https://www.britannica.com/topic/Hermes-Greek-mythology
https://www.greek-gods.org/olympian-gods/hermes.php
https://www.ancient.eu/Hermes/

Selamat petang apa khabar? Saya orang Brazil, dari Rio de Janeiro dan mencari pengikut baru untuk blog saya. Rakan-rakan baru juga dialu-alukan, tidak kira jarak.
ReplyDeletehttps://viagenspelobrasilerio.blogspot.com/?m=1