Friday, June 26, 2020

တစ်ယောက်တစ်မျိုး၊ မရိုးရတဲ့ ဒီဟာလေးတွေ

တစ်ယောက်တစ်မျိုး၊ မရိုးရတဲ့ ဒီဟာလေးတွေ
--------------------------------------------------------
ပထမဆုံးကောင်က ဟိဏ်း။ ဒီကလေး ကျွန်တော်တို့မြို့ကိုရောက်လာတော့ အသက်က ၂ နှစ်ကျော်ကျော်လောက်၊ တောက်တောက် တက်တက်ပြေးတဲ့အရွယ်။ သူ့ အဖိုးအစီအမံနဲ့ ဦးစွန်းဖုတ်လေးကလွဲလို့ တစ်ခေါင်းလုံးပြောင်အောင်ရိတ်ထားတဲ့ ဟိဏ်းက ချိုလိမ်ကိုပါးစပ်မှာအမြဲကိုက်ထားတတ်တယ်။ သူ့အကျင့်က ကားတစ်စီးစီးရပ်ထားတာတွေ့ရင် ပြေးသွားပြီး ဘီးကိုကိုင်တတ်တာ။ ကျွန်တော့အစ်မဝမ်းကွဲကမွေးတဲ့ဒီကလေးက မိဘတွေအလုပ်လုပ်တဲ့မြို့မှာနေလို့မရလို့ သူ့အဖိုးအဖွားရှိရာကျွန်တော်တို့မြို့လေးကို ခဏရောက်လာတာ။ ဟိဏ်းက ကလေးသဘာဝတီတီတာတာပြောတာမျိုးလဲသိပ်မလုပ်ဘူး။ သူ့ချိုလိမ်ကြီးကို သူ့ဟာသူပါးစပ်မှာကိုက်ထားပြီး မျက်နှာသေကြီးနဲ့ လိုက်ကြည့်နေလေ့ပဲရှိတယ်။ ကားတွေတွေ့ရင်တော့ လက်ညှိုးကြီးထိုးထိုးပြီး ကားဘီးတွေကို သွားကိုင်ကြည့်ချင်ကြောင်းအမူအရာပြတတ်တယ်။ သူစိတ်အဝင်စားဆုံးက ဘိလပ်မြေဖျော်တဲ့စက်လုံးလုံးကြီးတင်ထားတဲ့ အရပ်အခေါ် အုံးမွှေးလုံးကားတွေ။ နည်းနည်းလေးစကားပြောတတ်လာလို့ ကြီးရင်ဘာလုပ်မလဲမေးတိုင်း ဘတ်စ်ကားမောင်းမယ်ချည်းဖြေတဲ့ကောင်။ တစ်ရက်မှာ သူသိပ်ကြိုက်တဲ့ အုန်းမွှေးလုံးကားပုံစံတူအရုပ်တွေရောင်းနေတာတွေ့တော့ သွားကြည့်မိတယ်။ 'ထိုင်း'ကလာတာမို့လို့ လုပ်ထားတဲ့ပလတ်စတစ်အမာစားကလဲကောင်း၊ ဘီးတွေကလဲလည်မှလည်၊ အရွယ်အစားကလဲ အကြီးကြီးဆိုတော့ ကလေးတွေနဲ့အလွန်သင့်တော်။
 ဒါနဲ့ပဲ ပိုက်ဆံမပါတဲ့ကြားက အတူတူသွားတဲ့ သူငယ်ချင်းဆီကနေပိုက်ဆံချေးပြီး ဝယ်သွားပေးလိုက်တယ်။ မှတ်မှတ်ရရပြောပါတယ်။ ကျွန်တော်ဝယ်ပေးထားတဲ့ကားကို ဟိဏ်းတအားသဘောကျနေတာတွေ့တော့ကျေနပ်ရတယ်။ အဲဒီကားက သူ့အမေနဲ့အဖေနေတဲ့မြို့ကို သူပြန်တဲ့ထိပါသွားပြီး နောက်နှစ်တော်တော်ကြာကျွန်တော်အလည်ရောက်တဲ့အချိန်ထိကောင်းနေသေးတုန်း။ “ဒီမှာလေ၊ သူ့ဦးလေးဝယ်ပေးထားတဲ့ အုန်းမွှေးလုံးကား၊ ကောင်းမှကောင်း၊ ခိုင်မှခိုင်။ ခုထိဆော့ရတုန်း” လို့များကားကြီးကိုပြပြီး သူ့အမေကပြောလိုက်လိုက်ရင် ကျွန်တော့မှာ ပီတိဖြစ်လိုက်ရတာ။ ခုတော့ ဟိဏ်းလဲ အသက် ၁၂ နှစ်လောက်ရှိပေါ့။

ဒုတိယက ထွဋ်။ မြို့လေးတစ်မြို့မှာ ကျွန်တော့အစ်ကိုရယ်၊ သူ့သူငယ်ချင်းရယ်၊ ကျွန်တော်ရယ် စုနေကြတုန်းမှာ ထွဋ်ကလေး ရောက်လာတာ။ ထွဋ်က ကျွန်တော့်အစ်ကိုရဲ့သူငယ်ချင်းရဲ့သား။ စကားပြောရင် “ထွဋ်ကလေ….ထွဋ်ကလေ” နဲ့ ပြောတတ်ပြီး အသံနွဲ့နွဲ့လေးနဲ့ အင်မတန်ချစ်စရာကောင်းတယ်။ ကျွန်တော်ကလဲ ထွဋ်ကလေးနဲ့အတူ ကစားပေးဖြစ်တယ်။ ကျွန်တော်ကျောင်းကပြန်လာချိန်တွေဆို ထွဋ်ကလေးက သူနဲ့အတူဆော့ဖို့အမြဲဆွဲထားလေ့ရှိတာပေါ့။ ပြဿနာက ကျွန်တော့မှာ စာလုပ်စရာရှိတဲ့အခါမျိုးတွေ၊ တစ်ယောက်ထဲနေချင်တဲ့အခါမျိုးတွေမှာဖြစ်တာ။ ကျွန်တော်အခန်းထဲကို ထွဋ်ဝင်လာရင် နှစ်ထပ်ကုတင်ပေါ်ကိုလှေကားက တက်သွားလိုက်၊ ပြန်ဆင်းလာလိုက်၊ ကွန်ပြူတာဖွင့်ထားရင် တွေ့တဲ့ခလုပ်တွေကိုလိုက်နှိပ်လိုက်နဲ့ ကလေးသဘာဝဆော့တတ်တယ်။ အမြဲလိုက်ဆွဲနေရတော့ ကျွန်တော်လဲ ဘာအလုပ်မှလုပ်လို့မရ။ ဒါနဲ့ပဲ အလုပ်ရှိရင်သူ့အလစ်မှာ အခန်းထဲအမြန်ဝင်ပြီး ဂျက်ချထားရတယ်။ ဒါတောင်သူက အပြင်ကနေ “ဦးဦးထက်ရေ….ဦးဦးထက်ရေ” နဲ့ သနားကမားအသံလေးနဲ့ခေါ်နေတတ်သေးတာ။ စိတ်မကောင်းပေမဲ့ အကျင့်ဖြစ်သွားမှာစိုးလို့ တံခါးကိုမဖွင့်ပေးပဲထားရတယ်။ တစ်ခါ၊ နှစ်ခါလောက် မဖွင့်ပေးရင် နောက်သူ့ဟာသူတစ်ယောက်ထဲဆော့နေလိမ့်မယ်မဟုတ်လား။ မထင်ထားတာက ထွဋ်ကလေးကတော်တော်ဇွဲကောင်းတဲ့ကလေးလေးဖြစ်နေတာ။ ခေါ်လို့လဲမရရော အခန်းတံခါးကို တဒုံးဒုံးဆောင့်ကန်ပြီး အော်ဟစ်နေတော့တာ။ အဲဒီမှာတင် သူ့အမေရောက်လာပြီး “ သူများကမဖွင့်ပေးချင်လို့ပိတ်ထားတာကို နင်ကအတင်းဝင်ချင်ဦး…ကဲဟယ်၊ ကဲဟယ်” ဆိုပြီးရိုက်တော့မှ တဗြဲဗြဲငိုပြီးလက်လျှော့သွားတော့တယ်။ သနားပေမဲ့ ဒီတစ်ခါအောင့်ထားလိုက်ရင်၊ ခဏခဏဒါမျိုးစိတ်မကောင်းစရာ မကြုံရတော့ဘူးလို့ စိတ်ကိုတင်းပြီး တံခါးကိုမဖွင့်ပဲတင်းခံထားရတယ်။ နောက်တော့ ကျွန်တော်ရှိရှိ၊ မရှိရှိ သူ့ဟာသူနေတတ်သွားပါတယ်။

ထွဋ်ကလေးနည်းနည်းကြီးလာပြီး အိမ်ပြောင်းခါနီးအချိန်မှာ “မီးမီး”ကိုမွေးတယ်။ မီးမီးက ကျွန်တော့အစ်ကိုအရင်းရဲ့သမီးလေး။ မမွေးခင်မှာလဲသူ့အမေဗိုက်ကြီးသည်ကိုဈေးတွေလိုက်ပို့၊ အဝတ်တွေကူလှန်း၊ မွေးပြီးတော့လဲ ကလေးကိုကူထိန်းခဲ့ရတော့ ဗိုက်ထဲမှာကထဲက စောင့်ရှောက်ခဲ့ရတဲ့ မီးမီးလေးကိုတော့ ကျွန်တော်သံယောဇဉ်တော်တော်ကြီးတယ်။ ကျွန်တော်ရုံးကမိုးချုပ်မှပြန်ရောက်ပါစေ၊ မီးမီးလေးအိပ်ပျော်တဲ့ထိ ပုခုံးပေါ်မှာထမ်းသိပ်ပေးတယ်။ မီးမီးက သူ့ကိုထမ်းပြီးလမ်းလျှောက်ပေးနေရင် သိပ်သဘောကျတာ။ မကြာခင်အိပ်သွားရော။ သူအိပ်သွားပြီထင်လို့ အောက်ချလိုက်ရင် ဖျတ်ဆိုမျက်လုံးကြီးက ပြန်ပွင့်ချင်ပွင့်လာတာ။ ဒါနဲ့ပဲ ပြန်ထမ်းရပြန်ရော။ ထွဋ်ကလေးကိုသာ အပြင်မှာပိတ်ထားလို့ရတာ၊ မီးမီးကိုတော့ သူ့အဖေက ကျွန်တော့အခန်းထဲလာထိုးထည့်ပြီး “ ဒီမှာ…မင်းတူမလေးကိုကြည့်ပါဦးကွ” ဆိုပြီး လင်မယားနှစ်ယောက် အပြင်ကိုလစ်သွားရင် ကျွန်တော့မှာကလေးတစ်ကောင်နဲ့ ကျန်ခဲ့ရော။ ဘာအလုပ်မှမလုပ်ရပဲသူ့ကိုပဲ အဆက်မပြတ်ထိုင်ကြည့်နေရတယ်။ မဟုတ်ရင်တွေ့ကရာဆွဲချ၊ ပါးစပ်ထဲပစ်ထည့်လုပ်လွန်းလို့။ သူကြိုက်တတ်တဲ့ ကလေးသီချင်းလေးတွေဖွင့်ပေးရတာများလွန်းတော့ ရုံးမှာသီချင်းညည်းရင်းတောင် “ ဒယ်ဒီဖင်းဂါး ဒယ်ဒီဖင်းဂါး ဟောင်အား….ယူ” လို့ဖြစ်နေတာနဲ့ လုပ်ဖော်ကိုင်ဖက်တွေက မျက်ခုံးပင့်ကြည့်တာခံရတယ်။ အပြင်ထွက်ရင်လဲ မီးမီးကြီးကိုချီပိုးသွားတော့ ကလေးအဖေက အထင်ခံရသေးတယ်။ အစ်ကိုကတော့ ရှေ့ကနေ ကော့ကော့၊ ကော့ကော့နဲ့ လူပျိုစတိုင်နဲ့။ မီးမီး နှစ်နှစ်ပြည့်ပြီးတော့ ကျွန်တော်တခြားမြို့လေးတစ်မြို့မှာ ပညာဆက်သင်ဖို့ဖြစ်လာတယ်။

ဒီတစ်ခါ ဆုံတာက “နေချမ်း” ကလေး။ ကျွန်တော့ဘေးခန်းက အစ်ကိုနဲ့အစ်မရဲ့ကလေးလေး နေချမ်းက တစ်နှစ်ခွဲသားလေးပေါ့။ သေးသေး သွယ်သွယ်လေးနဲ့ ချစ်စရာကောင်းတဲ့နေချမ်းလေးက အပြင်သွားဖို့များ အနွေးထည်တွေအထပ်ထပ်ဝတ်လိုက်ရင် ရှိုးအပြည့်နဲ့သိပ်ချစ်ဖို့ကောင်းတာ။ ကလေးလေးက ချစ်စရာကောင်းလို့ သူကြိုက်မယ်ထင်တဲ့မုန့်လေးတွေ ဝယ်ဝယ်ကျွေးဖြစ်ပေမဲ့ ရှေ့ပိုင်းက အတွေ့အကြုံတွေအရ နှစ်ဦးနှစ်ဖက်ရေရှည်အဆင်ပြေစေဖို့ ကလေးကို အခန်းထဲခေါ်တာ အကျင့်မလုပ်တော့ဘူး။ တစ်ခါတစ်လေသူဆော့ချင်ရင် အခန်းအပြင်မှာပဲ ထွက်ဆော့ပေးဖြစ်တယ်။ ဒီတော့ အရေးကြီးတဲ့ စာမေးပွဲရာသီတို့၊ ပရောဂျက်ရာသီတို့ရောက်လို့ အခန်းအောင်းပြီး တစ်ယောက်ထဲစာလုပ်လဲ ကလေးလေးက သူ့ဟာသူနေတတ်နေတော့ မျက်နှာမနာရတော့ဘူးပေါ့။ ဒီအရွယ်ကလေးတွေနဲ့ ဆုံတာများတော့လဲ အတွေ့အကြုံက ရင့်ကျက်လာပြီလေ။ မြို့လေးကို ခွဲခွာရကာနီးတော့ ကျွန်တော့အပေါ်အမြဲကောင်းခဲ့တဲ့ သူတို့မိသားစုကို အမှတ်တရတစ်ခုခုလုပ်ပေးချင်တာနဲ့ တစ်ရက်အပင်ပန်းခံပြီး အပြင်ထွက်လို့ မိသားစုပုံလေးတွေဓါတ်ပုံလိုက်ရိုက်ပေးဖြစ်တယ်။ သူတို့မိသားစုသုံးယောက်နဲ့ ကျွန်တော်နဲ့တွဲရိုက်ဖို့တော့မေ့ခဲ့လေရဲ့။

ကျောင်းပြီးလို့ မိဘအိမ်ပြန်လာတော့ အိမ်မှာ မျောက်တကာရံှုးအောင်ဆော့တဲ့ တူတော်မောင်တစ်ကောင်က စောင့်နေပြန်လေရော။ ဘာပြောလိုက်၊ ပြောလိုက်၊ “ဟုတ်ကဲ့” လို့ အသံသေးလေးနဲ့ဖြေပြီး၊ တော်ကြာမှထင်ရာလုပ်တတ်တဲ့ “ခန့်ခန့်” က ကျွန်တော့အစ်မရဲ့သားကလေး။ ကျွန်တော့မှာလဲ သွားလေရာမှာ ဒီ ၂နှစ်၊ ၃ နှစ်အရွယ်ကလေးတွေနဲ့က ရေစက်ကမလွတ်နိုင်။ ခန့်ခန့်တစ်ကောင် ကျွန်တော့အခန်းထဲဝင်လာပြီး “ခုန်ခုန်…ခုန်ခုန်”လို့အော်ပြီး မွေ့ယာပေါ်တက်ခုန်နေရင် ဘယ်လိုမှဆွဲချလို့မရ။ တစ်ခါတော့ ခုန်ရင်းနဲ့ ကုတင်ကြားချော်ကျသွားပြီး ထိပ်ပေါက်သွားလို့ တဝါးဝါးအော်ငိုပြီး ထွက်ပြေးသွားတာ အခန်းထဲကိုနောက်ထပ်တော်တော်နဲ့ပေါ်မလာတော့။ သူ့အဖိုးကအလိုလိုက်ထားလို့ တစ်အိမ်လုံးမှာဘယ်သူ့မှသူမကြောက်၊ အင်မတန်ဗိုလ်လုပ်တာ။ တစ်ရက်ကတောင် ဒီကောင် အော်ဟစ်သောင်းကျန်းနေတာနဲ့ “ ဟေ့ကောင်…မင်းကိုငါလာဆော်တော့မယ်။ လာဆော်တော့မယ်”ဆိုပြီး သူ့အဖိုးရှေ့မှာသွားကြိမ်းမိတာ “ငါ့မြေးကိုမဆော်ခင်…မင်းကိုအရင်ဆော်သကွာ” ဆိုပြီး သ့ူအဖိုး၊ ကျွန်တော့အဖေက ကျွန်တော့ကိုဇက်ပိုးအုပ်လွှတ်လိုက်တာခံလိုက်ရသေး။ အကင်းပါးပြီးမျက်နှာရိပ်၊ မျက်နှာကဲခတ်တတ်ရုံမက သူ့ကိုဖူးဖူးမှုတ်ထားတဲ့တစ်အိမ်လုံးကိုမကြောက်တဲ့ ကလေးလေး သိပ်မဆိုးရဲအောင်မျက်နှာကို နည်းနည်းတင်းထားရတယ်။ မတတ်နိုင်ဘူး လူဆိုးကြီးလုပ်ရတော့မှာပဲ။ ခုလောလောဆယ်တော့ ဒီကောင့်ကို ဟိဏ်းရဲ့ကားလိုမျိုး အုန်းမွှေးလုံးကားကောင်းကောင်းတစ်စီး ဝယ်ပေးရဦးမယ်။  ။

မောင်ဇိ
ဇွန်လ ၂၄ရက်၊ ၂၀၁၇ခု။
မြန်မာစံတော်ချိန် ည၁၁နာရီ ၁၀မိနစ်။
__________________________
(Zawgyi)
တစ္ေယာက္တစ္မ်ိဳး၊ မ႐ိုးရတဲ့ ဒီဟာေလးေတြ
---------------------------------
ပထမဆုံးေကာင္က ဟိဏ္း။ ဒီကေလး ကြၽန္ေတာ္တို႔ၿမိဳ႕ကိုေရာက္လာေတာ့ အသက္က ၂ ႏွစ္ေက်ာ္ေက်ာ္ေလာက္၊ ေတာက္ေတာက္ တက္တက္ေျပးတဲ့အ႐ြယ္။ သူ႔ အဖိုးအစီအမံနဲ႔ ဦးစြန္းဖုတ္ေလးကလြဲလို႔ တစ္ေခါင္းလုံးေျပာင္ေအာင္ရိတ္ထားတဲ့ ဟိဏ္းက ခ်ိဳလိမ္ကိုပါးစပ္မွာအၿမဲကိုက္ထားတတ္တယ္။ သူ႔အက်င့္က ကားတစ္စီးစီးရပ္ထားတာေတြ႕ရင္ ေျပးသြားၿပီး ဘီးကိုကိုင္တတ္တာ။ ကြၽန္ေတာ့အစ္မဝမ္းကြဲကေမြးတဲ့ဒီကေလးက မိဘေတြအလုပ္လုပ္တဲ့ၿမိဳ႕မွာေနလို႔မရလို႔ သူ႔အဖိုးအဖြားရွိရာကြၽန္ေတာ္တို႔ၿမိဳ႕ေလးကို ခဏေရာက္လာတာ။ ဟိဏ္းက ကေလးသဘာဝတီတီတာတာေျပာတာမ်ိဳးလဲသိပ္မလုပ္ဘူး။ သူ႔ခ်ိဳလိမ္ႀကီးကို သူ႔ဟာသူပါးစပ္မွာကိုက္ထားၿပီး မ်က္ႏွာေသႀကီးနဲ႔ လိုက္ၾကည့္ေနေလ့ပဲရွိတယ္။ ကားေတြေတြ႕ရင္ေတာ့ လက္ညႇိဳးႀကီးထိုးထိုးၿပီး ကားဘီးေတြကို သြားကိုင္ၾကည့္ခ်င္ေၾကာင္းအမူအရာျပတတ္တယ္။ သူစိတ္အဝင္စားဆုံးက ဘိလပ္ေျမေဖ်ာ္တဲ့စက္လုံးလုံးႀကီးတင္ထားတဲ့ အရပ္အေခၚ အုံးေမႊးလုံးကားေတြ။ နည္းနည္းေလးစကားေျပာတတ္လာလို႔ ႀကီးရင္ဘာလုပ္မလဲေမးတိုင္း ဘတ္စ္ကားေမာင္းမယ္ခ်ည္းေျဖတဲ့ေကာင္။ တစ္ရက္မွာ သူသိပ္ႀကိဳက္တဲ့ အုန္းေမႊးလုံးကားပုံစံတူအ႐ုပ္ေတြေရာင္းေနတာေတြ႕ေတာ့ သြားၾကည့္မိတယ္။ 'ထိုင္း'ကလာတာမို႔လို႔ လုပ္ထားတဲ့ပလတ္စတစ္အမာစားကလဲေကာင္း၊ ဘီးေတြကလဲလည္မွလည္၊ အ႐ြယ္အစားကလဲ အႀကီးႀကီးဆိုေတာ့ ကေလးေတြနဲ႔အလြန္သင့္ေတာ္။
 ဒါနဲ႔ပဲ ပိုက္ဆံမပါတဲ့ၾကားက အတူတူသြားတဲ့ သူငယ္ခ်င္းဆီကေနပိုက္ဆံေခ်းၿပီး ဝယ္သြားေပးလိုက္တယ္။ မွတ္မွတ္ရရေျပာပါတယ္။ ကြၽန္ေတာ္ဝယ္ေပးထားတဲ့ကားကို ဟိဏ္းတအားသေဘာက်ေနတာေတြ႕ေတာ့ေက်နပ္ရတယ္။ အဲဒီကားက သူ႔အေမနဲ႔အေဖေနတဲ့ၿမိဳ႕ကို သူျပန္တဲ့ထိပါသြားၿပီး ေနာက္ႏွစ္ေတာ္ေတာ္ၾကာကြၽန္ေတာ္အလည္ေရာက္တဲ့အခ်ိန္ထိေကာင္းေနေသးတုန္း။ “ဒီမွာေလ၊ သူ႔ဦးေလးဝယ္ေပးထားတဲ့ အုန္းေမႊးလုံးကား၊ ေကာင္းမွေကာင္း၊ ခိုင္မွခိုင္။ ခုထိေဆာ့ရတုန္း” လို႔မ်ားကားႀကီးကိုျပၿပီး သူ႔အေမကေျပာလိုက္လိုက္ရင္ ကြၽန္ေတာ့မွာ ပီတိျဖစ္လိုက္ရတာ။ ခုေတာ့ ဟိဏ္းလဲ အသက္ ၁၂ ႏွစ္ေလာက္ရွိေပါ့။

ဒုတိယက ထြဋ္။ ၿမိဳ႕ေလးတစ္ၿမိဳ႕မွာ ကြၽန္ေတာ့အစ္ကိုရယ္၊ သူ႔သူငယ္ခ်င္းရယ္၊ ကြၽန္ေတာ္ရယ္ စုေနၾကတုန္းမွာ ထြဋ္ကေလး ေရာက္လာတာ။ ထြဋ္က ကြၽန္ေတာ့္အစ္ကိုရဲ႕သူငယ္ခ်င္းရဲ႕သား။ စကားေျပာရင္ “ထြဋ္ကေလ….ထြဋ္ကေလ” နဲ႔ ေျပာတတ္ၿပီး အသံႏြဲ႕ႏြဲ႕ေလးနဲ႔ အင္မတန္ခ်စ္စရာေကာင္းတယ္။ ကြၽန္ေတာ္ကလဲ ထြဋ္ကေလးနဲ႔အတူ ကစားေပးျဖစ္တယ္။ ကြၽန္ေတာ္ေက်ာင္းကျပန္လာခ်ိန္ေတြဆို ထြဋ္ကေလးက သူနဲ႔အတူေဆာ့ဖို႔အၿမဲဆြဲထားေလ့ရွိတာေပါ့။ ျပႆနာက ကြၽန္ေတာ့မွာ စာလုပ္စရာရွိတဲ့အခါမ်ိဳးေတြ၊ တစ္ေယာက္ထဲေနခ်င္တဲ့အခါမ်ိဳးေတြမွာျဖစ္တာ။ ကြၽန္ေတာ္အခန္းထဲကို ထြဋ္ဝင္လာရင္ ႏွစ္ထပ္ကုတင္ေပၚကိုေလွကားက တက္သြားလိုက္၊ ျပန္ဆင္းလာလိုက္၊ ကြန္ျပဴတာဖြင့္ထားရင္ ေတြ႕တဲ့ခလုပ္ေတြကိုလိုက္ႏွိပ္လိုက္နဲ႔ ကေလးသဘာဝေဆာ့တတ္တယ္။ အၿမဲလိုက္ဆြဲေနရေတာ့ ကြၽန္ေတာ္လဲ ဘာအလုပ္မွလုပ္လို႔မရ။ ဒါနဲ႔ပဲ အလုပ္ရွိရင္သူ႔အလစ္မွာ အခန္းထဲအျမန္ဝင္ၿပီး ဂ်က္ခ်ထားရတယ္။ ဒါေတာင္သူက အျပင္ကေန “ဦးဦးထက္ေရ….ဦးဦးထက္ေရ” နဲ႔ သနားကမားအသံေလးနဲ႔ေခၚေနတတ္ေသးတာ။ စိတ္မေကာင္းေပမဲ့ အက်င့္ျဖစ္သြားမွာစိုးလို႔ တံခါးကိုမဖြင့္ေပးပဲထားရတယ္။ တစ္ခါ၊ ႏွစ္ခါေလာက္ မဖြင့္ေပးရင္ ေနာက္သူ႔ဟာသူတစ္ေယာက္ထဲေဆာ့ေနလိမ့္မယ္မဟုတ္လား။ မထင္ထားတာက ထြဋ္ကေလးကေတာ္ေတာ္ဇြဲေကာင္းတဲ့ကေလးေလးျဖစ္ေနတာ။ ေခၚလို႔လဲမရေရာ အခန္းတံခါးကို တဒုံးဒုံးေဆာင့္ကန္ၿပီး ေအာ္ဟစ္ေနေတာ့တာ။ အဲဒီမွာတင္ သူ႔အေမေရာက္လာၿပီး “ သူမ်ားကမဖြင့္ေပးခ်င္လို႔ပိတ္ထားတာကို နင္ကအတင္းဝင္ခ်င္ဦး…ကဲဟယ္၊ ကဲဟယ္” ဆိုၿပီး႐ိုက္ေတာ့မွ တၿဗဲၿဗဲငိုၿပီးလက္ေလွ်ာ့သြားေတာ့တယ္။ သနားေပမဲ့ ဒီတစ္ခါေအာင့္ထားလိုက္ရင္၊ ခဏခဏဒါမ်ိဳးစိတ္မေကာင္းစရာ မႀကဳံရေတာ့ဘူးလို႔ စိတ္ကိုတင္းၿပီး တံခါးကိုမဖြင့္ပဲတင္းခံထားရတယ္။ ေနာက္ေတာ့ ကြၽန္ေတာ္ရွိရွိ၊ မရွိရွိ သူ႔ဟာသူေနတတ္သြားပါတယ္။

ထြဋ္ကေလးနည္းနည္းႀကီးလာၿပီး အိမ္ေျပာင္းခါနီးအခ်ိန္မွာ “မီးမီး”ကိုေမြးတယ္။ မီးမီးက ကြၽန္ေတာ့အစ္ကိုအရင္းရဲ႕သမီးေလး။ မေမြးခင္မွာလဲသူ႔အေမဗိုက္ႀကီးသည္ကိုေဈးေတြလိုက္ပို႔၊ အဝတ္ေတြကူလွန္း၊ ေမြးၿပီးေတာ့လဲ ကေလးကိုကူထိန္းခဲ့ရေတာ့ ဗိုက္ထဲမွာကထဲက ေစာင့္ေရွာက္ခဲ့ရတဲ့ မီးမီးေလးကိုေတာ့ ကြၽန္ေတာ္သံေယာဇဥ္ေတာ္ေတာ္ႀကီးတယ္။ ကြၽန္ေတာ္႐ုံးကမိုးခ်ဳပ္မွျပန္ေရာက္ပါေစ၊ မီးမီးေလးအိပ္ေပ်ာ္တဲ့ထိ ပုခုံးေပၚမွာထမ္းသိပ္ေပးတယ္။ မီးမီးက သူ႔ကိုထမ္းၿပီးလမ္းေလွ်ာက္ေပးေနရင္ သိပ္သေဘာက်တာ။ မၾကာခင္အိပ္သြားေရာ။ သူအိပ္သြားၿပီထင္လို႔ ေအာက္ခ်လိုက္ရင္ ဖ်တ္ဆိုမ်က္လုံးႀကီးက ျပန္ပြင့္ခ်င္ပြင့္လာတာ။ ဒါနဲ႔ပဲ ျပန္ထမ္းရျပန္ေရာ။ ထြဋ္ကေလးကိုသာ အျပင္မွာပိတ္ထားလို႔ရတာ၊ မီးမီးကိုေတာ့ သူ႔အေဖက ကြၽန္ေတာ့အခန္းထဲလာထိုးထည့္ၿပီး “ ဒီမွာ…မင္းတူမေလးကိုၾကည့္ပါဦးကြ” ဆိုၿပီး လင္မယားႏွစ္ေယာက္ အျပင္ကိုလစ္သြားရင္ ကြၽန္ေတာ့မွာကေလးတစ္ေကာင္နဲ႔ က်န္ခဲ့ေရာ။ ဘာအလုပ္မွမလုပ္ရပဲသူ႔ကိုပဲ အဆက္မျပတ္ထိုင္ၾကည့္ေနရတယ္။ မဟုတ္ရင္ေတြ႕ကရာဆြဲခ်၊ ပါးစပ္ထဲပစ္ထည့္လုပ္လြန္းလို႔။ သူႀကိဳက္တတ္တဲ့ ကေလးသီခ်င္းေလးေတြဖြင့္ေပးရတာမ်ားလြန္းေတာ့ ႐ုံးမွာသီခ်င္းညည္းရင္းေတာင္ “ ဒယ္ဒီဖင္းဂါး ဒယ္ဒီဖင္းဂါး ေဟာင္အား….ယူ” လို႔ျဖစ္ေနတာနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြက မ်က္ခုံးပင့္ၾကည့္တာခံရတယ္။ အျပင္ထြက္ရင္လဲ မီးမီးႀကီးကိုခ်ီပိုးသြားေတာ့ ကေလးအေဖက အထင္ခံရေသးတယ္။ အစ္ကိုကေတာ့ ေရွ႕ကေန ေကာ့ေကာ့၊ ေကာ့ေကာ့နဲ႔ လူပ်ိဳစတိုင္နဲ႔။ မီးမီး ႏွစ္ႏွစ္ျပည့္ၿပီးေတာ့ ကြၽန္ေတာ္တျခားၿမိဳ႕ေလးတစ္ၿမိဳ႕မွာ ပညာဆက္သင္ဖို႔ျဖစ္လာတယ္။

ဒီတစ္ခါ ဆုံတာက “ေနခ်မ္း” ကေလး။ ကြၽန္ေတာ့ေဘးခန္းက အစ္ကိုနဲ႔အစ္မရဲ႕ကေလးေလး ေနခ်မ္းက တစ္ႏွစ္ခြဲသားေလးေပါ့။ ေသးေသး သြယ္သြယ္ေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ေနခ်မ္းေလးက အျပင္သြားဖို႔မ်ား အေႏြးထည္ေတြအထပ္ထပ္ဝတ္လိုက္ရင္ ရႈိးအျပည့္နဲ႔သိပ္ခ်စ္ဖို႔ေကာင္းတာ။ ကေလးေလးက ခ်စ္စရာေကာင္းလို႔ သူႀကိဳက္မယ္ထင္တဲ့မုန႔္ေလးေတြ ဝယ္ဝယ္ေကြၽးျဖစ္ေပမဲ့ ေရွ႕ပိုင္းက အေတြ႕အႀကဳံေတြအရ ႏွစ္ဦးႏွစ္ဖက္ေရရွည္အဆင္ေျပေစဖို႔ ကေလးကို အခန္းထဲေခၚတာ အက်င့္မလုပ္ေတာ့ဘူး။ တစ္ခါတစ္ေလသူေဆာ့ခ်င္ရင္ အခန္းအျပင္မွာပဲ ထြက္ေဆာ့ေပးျဖစ္တယ္။ ဒီေတာ့ အေရးႀကီးတဲ့ စာေမးပြဲရာသီတို႔၊ ပေရာဂ်က္ရာသီတို႔ေရာက္လို႔ အခန္းေအာင္းၿပီး တစ္ေယာက္ထဲစာလုပ္လဲ ကေလးေလးက သူ႔ဟာသူေနတတ္ေနေတာ့ မ်က္ႏွာမနာရေတာ့ဘူးေပါ့။ ဒီအ႐ြယ္ကေလးေတြနဲ႔ ဆုံတာမ်ားေတာ့လဲ အေတြ႕အႀကဳံက ရင့္က်က္လာၿပီေလ။ ၿမိဳ႕ေလးကို ခြဲခြာရကာနီးေတာ့ ကြၽန္ေတာ့အေပၚအၿမဲေကာင္းခဲ့တဲ့ သူတို႔မိသားစုကို အမွတ္တရတစ္ခုခုလုပ္ေပးခ်င္တာနဲ႔ တစ္ရက္အပင္ပန္းခံၿပီး အျပင္ထြက္လို႔ မိသားစုပုံေလးေတြဓါတ္ပုံလိုက္႐ိုက္ေပးျဖစ္တယ္။ သူတို႔မိသားစုသုံးေယာက္နဲ႔ ကြၽန္ေတာ္နဲ႔တြဲ႐ိုက္ဖို႔ေတာ့ေမ့ခဲ့ေလရဲ႕။

ေက်ာင္းၿပီးလို႔ မိဘအိမ္ျပန္လာေတာ့ အိမ္မွာ ေမ်ာက္တကာရံႈးေအာင္ေဆာ့တဲ့ တူေတာ္ေမာင္တစ္ေကာင္က ေစာင့္ေနျပန္ေလေရာ။ ဘာေျပာလိုက္၊ ေျပာလိုက္၊ “ဟုတ္ကဲ့” လို႔ အသံေသးေလးနဲ႔ေျဖၿပီး၊ ေတာ္ၾကာမွထင္ရာလုပ္တတ္တဲ့ “ခန႔္ခန႔္” က ကြၽန္ေတာ့အစ္မရဲ႕သားကေလး။ ကြၽန္ေတာ့မွာလဲ သြားေလရာမွာ ဒီ ၂ႏွစ္၊ ၃ ႏွစ္အ႐ြယ္ကေလးေတြနဲ႔က ေရစက္ကမလြတ္ႏိုင္။ ခန႔္ခန႔္တစ္ေကာင္ ကြၽန္ေတာ့အခန္းထဲဝင္လာၿပီး “ခုန္ခုန္…ခုန္ခုန္”လို႔ေအာ္ၿပီး ေမြ႕ယာေပၚတက္ခုန္ေနရင္ ဘယ္လိုမွဆြဲခ်လို႔မရ။ တစ္ခါေတာ့ ခုန္ရင္းနဲ႔ ကုတင္ၾကားေခ်ာ္က်သြားၿပီး ထိပ္ေပါက္သြားလို႔ တဝါးဝါးေအာ္ငိုၿပီး ထြက္ေျပးသြားတာ အခန္းထဲကိုေနာက္ထပ္ေတာ္ေတာ္နဲ႔ေပၚမလာေတာ့။ သူ႔အဖိုးကအလိုလိုက္ထားလို႔ တစ္အိမ္လုံးမွာဘယ္သူ႔မွသူမေၾကာက္၊ အင္မတန္ဗိုလ္လုပ္တာ။ တစ္ရက္ကေတာင္ ဒီေကာင္ ေအာ္ဟစ္ေသာင္းက်န္းေနတာနဲ႔ “ ေဟ့ေကာင္…မင္းကိုငါလာေဆာ္ေတာ့မယ္။ လာေဆာ္ေတာ့မယ္”ဆိုၿပီး သူ႔အဖိုးေရွ႕မွာသြားႀကိမ္းမိတာ “ငါ့ေျမးကိုမေဆာ္ခင္…မင္းကိုအရင္ေဆာ္သကြာ” ဆိုၿပီး သ့ူအဖိုး၊ ကြၽန္ေတာ့အေဖက ကြၽန္ေတာ့ကိုဇက္ပိုးအုပ္လႊတ္လိုက္တာခံလိုက္ရေသး။ အကင္းပါးၿပီးမ်က္ႏွာရိပ္၊ မ်က္ႏွာကဲခတ္တတ္႐ုံမက သူ႔ကိုဖူးဖူးမႈတ္ထားတဲ့တစ္အိမ္လုံးကိုမေၾကာက္တဲ့ ကေလးေလး သိပ္မဆိုးရဲေအာင္မ်က္ႏွာကို နည္းနည္းတင္းထားရတယ္။ မတတ္ႏိုင္ဘူး လူဆိုးႀကီးလုပ္ရေတာ့မွာပဲ။ ခုေလာေလာဆယ္ေတာ့ ဒီေကာင့္ကို ဟိဏ္းရဲ႕ကားလိုမ်ိဳး အုန္းေမႊးလုံးကားေကာင္းေကာင္းတစ္စီး ဝယ္ေပးရဦးမယ္။  ။

ေမာင္ဇိ
ဇြန္လ ၂၄ရက္၊ ၂၀၁၇ခု။
ျမန္မာစံေတာ္ခ်ိန္ ည၁၁နာရီ ၁၀မိနစ္။

No comments:

Post a Comment