လေပေါ်ဝဲဖို့ လူတိုင်းမစွမ်း
********************
ကျွန်တော် ဖတ်ဖူးတဲ့ဟာသလေးတစ်ခုရှိတယ်။ သူများတွေလဲ ဖန်တရာတေအောင် ကြားဖူး၊ဖတ်ဖူးသားနေမှာပါ။
အထပ်မြင့်တိုက်တစ်ခုမှာရှိတဲ့ အရက်ဘားတစ်ခုမှာတဲ့။
အရက်တွေမူးနေတဲ့လူတစ်ယောက်က လေထုရဲ့ပင့်တင်အားက လူတစ်ယောက်ကို ဘယ်လိုတွန်းတင်ထားနိုင်တယ်ဆိုတဲ့အကြောင်း၊ နည်းမှန်လမ်းမှန်နဲ့သာ ပြတင်းပေါက်အပြင်ကိုထွက်လိုက်ရင် လေထုပင့်အားကြောင့် လူဟာအောက်ကိုကျသွားမှာမဟုတ်ပဲ လေထဲမှာရပ်တည်နေနိုင်မှာဖြစ်ကြောင်းတွေ အာဝဇ္ဇန်းရွှင်ရွှင်နဲ့ပြောနေသတဲ့။
ပြောရုံနဲ့ အားမရပဲ လက်တွေ့ပြမယ်ဆိုပြီး အဲဒီလူက ပြတင်းပေါက်အပြင်ကို ထွက်သွားတဲ့အခါမှာ အောက်ကိုပြုတ်ကျမသွားပဲ သူပြောတဲ့အတိုင်း လေထဲမှာရပ်တည်နေနိုင်တာကိုတွေ့ကြရသတဲ့။
" ကဲ...တွေ့ကြတယ်မဟုတ်လား"
ဆိုပြီး အဲဒီလူကပြတင်းပေါက်ကပြန်ဝင်လာတဲ့အခါမှာ
အရက်သမားတွေအားလုံးက အရမ်းအံ့သြသွားကြပြီး သူ့ထက်ငါ အလုအယက်ပြတင်းပေါက်ကနေထွက်ပြီး စမ်းသပ်ကြဖို့ကြိုးစားကြသတဲ့။
အဲဒီအချိန်မှာပဲ ဘားမှာအရက်ရောင်းနေတဲ့သူက အမူးသမားတွေအားလုံးကိုတားလိုက်ပြီး သူ့ဖောက်သည်ဖြစ်တဲ့ ပြတင်းပေါက်အပြင်ထွက်သွားတဲ့သူကို
" ဟေ့လူ...စူပါမင်း၊ ခင်ဗျားအရက်မူးလာရင် ကောင်းကောင်းနေဗျာ။
သူများကို လိုက်ဒုက္ခမပေးနဲ့" လို့ ပြောလိုက်သတဲ့။
ဟာသလေးက အဲဒါပါပဲ။
အင်းပေါ့ သူကစူပါမင်းကိုး။ သူ့အတွက်ကတော့မှန်တာပေါ့။
လေထဲမှာ မတ်တပ်ရပ်နေနိုင်မှာပေါ့။ ကျန်တဲ့သူတွေလိုက်လုပ်ရင်သာသေမှာ။
ဒါလေးက ဟာသလေးပေမယ့် အပြင်လောကမှာ စူပါမင်းတွေနဲ့တွေ့တဲ့အခါတိုင်း ကျွန်တော့မှာ အဲ့ဒီပုံပြင်လေးကို သတိရမိတယ်။ အရက်မူးနေတဲ့ စူပါမင်းမျိုးနဲ့ပါတွေ့ရရင်တော့ ပိုဆိုးပေါ့။
ဥပမာတစ်ခုပြောရရင်...
ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။
သူရယ်၊ ကျွန်တော်ရယ် အတန်းတွေအတူတူပြေးကြတယ်၊ ဂိမ်းတွေ မနားမနေအတူတူဆော့ကြတယ်။ စာမေးပွဲဖြေခါနီးမှကပ်ပြီး နေ့မအိပ်ညမအိပ်စာတွေလုပ်ကြပြန်တယ်။
အချိန်တန် အောင်စာရင်းထွက်တော့ သူကအောင်ပြီး၊ ကျွန်တော်က ကျကျန်ခဲ့တယ်။
အောင်မှာပေါ့၊ သူက စူပါမင်းကိုး။
စာတစ်ပုဒ်ကို တစ်ခေါက်နှစ်ခေါက်ဖတ်လဲ အလွတ်ရ၊
ခက်ခဲတဲ့အသုံးအနှုန်းတွေလဲ ခဏလေးနဲ့နားလည်၊ ဖတ်ပြီးတဲ့ဟာတွေလဲ ကောင်းကောင်းမှတ်မိနဲ့ သူက အင်မတန်ဉာဏ်ကောင်းတဲ့သူကိုး။
ဒါ့အပြင် သူဖတ်သမျှစာတွေ စာမေးပွဲမေးခွန်းမှာမေးတတ်တဲ့ အင်မတန်ကောင်းတဲ့ ကံလဲရှိသေးတယ်။
ကိုယ်ကတော့သူ့လောက်ဉာဏ်မကောင်း၊ ကံကလဲမွဲတော့ သူ့လိုဘယ်အောင်မတုံး။
စောစောကတည်းကမှ ဝီရိယထားမကြိုးစားခဲ့ပဲ ကိုယ့်ထက်သာတဲ့စူပါမင်းက အောင်သွားမှ မျက်လုံးလေးကလယ်ကလယ်နဲ့ဆိုတော့လဲ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ။
ဒီတော့ ကိုယ့်အခြေအနေကိုယ်သိတဲ့ ကျွန်တော်က သာမန်လူတစ်ယောက်အဖို့ ကံ၊ ဉာဏ်၊ ဝီရိယ သုံးခုလုံးပြည့်စုံမှ အောင်မြင်မှုတစ်ခုရနိုင်တယ်ဆိုတာကို နောက်ပိုင်းမှာသဘောပေါက်လာရတယ်။
ဒါတောင် ဝီရိယထားလျှက်နဲ့ " ကံမရှိ၊ ဉာဏ်ရှိတိုင်းမွဲ" ဆိုတဲ့အဖြစ်မျိုးတွေက ကြုံရသေးတယ်။
ပြောချင်တာက ဉာဏ်ကိုသုံး၊ ဝီရိယနဲ့အားထုတ်ပေမယ့် ကံမကောင်းအကြောင်းမလှတဲ့အခါ လူတိုင်း ရ နေကျအရာက ကိုယ့်အလှည့်မှ နှစ်ခါ၊သုံးခါ ကြိုးစားယူမှရလိုက်တာမျိုး။
ဟော...ဒီနေ့ခေတ်ရောက်တော့ စဥ်ဆက်မပြတ်လေ့လာအားထုတ်ကြိုးပမ်းမှုတွေ၊ တတ်သိနားလည်ကျွမ်းကျင်မှုတွေမှာဖြည့်ဆည်းမှုမရှိပဲ လူသန်းပေါင်း ၅၀ မှာတစ်ယောက်ဆိုသလိုမျိုး ကံ၊ ဆန်း ကောင်းလွန်းတဲ့အခါ ဘာလုပ်လုပ်ပေါ်လွင်ထင်ရှားအားပေးခံရလာသူတွေရှိလာတယ်။
သူ့ခေတ်၊ သူ့အချိန် သူ့ကံအကျိုးပေးနဲ့ ပစ္စုပ္ပန်မှာကောင်းမွန်တဲ့ဆောင်ရွက်မှုတစ်ချို့ကြောင့် အောင်မြင်လာတဲ့အပေါ်မုဒိတာပွားလို့ရပေမယ့် အဲလိုအောင်မြင်မှုမျိုးကိုပဲအားကျပြီး ဘဝမှာအောင်မြင်ဖို့အတွက် ဘယ်ဟာကိုမှကြိုးစားသင်ယူနေစရာမလိုဘူး၊ ပေါက်သွားဖို့ပဲလိုတယ်လို့ တွေးထင်လာတဲ့လူငယ်တွေများလာတာကတော့ သူတို့အတွက်ရော၊ နိုင်ငံအတွက်ရော သိပ်မကောင်းဘူး။
ဘဝမှာလိုအပ်တဲ့ အခြေခံသင်ရိုးတွေ၊ အောင်မြင်မှုရဖို့ဖြည့်ဆည်းရမယ့်သင်ယူမှုတွေ၊ စိုက်ထုတ်ပေးဆပ်ရမယ့်အချိန်နဲ့ဝီရိယတွေကို မပေးချင်၊မလုပ်ချင်တော့ပဲ ဖြတ်လမ်းနည်းနဲ့ပဲ အောင်မြင်ချင်တဲ့လူငယ်တွေပေါ်လာတယ်။
ပြန်မေးရမှာက နှစ်ချက်ရှိတယ်။
(၁) ကိုယ်က သူ့လိုစူပါမင်းလား ။
(၂) ထင်ပေါ်ကျော်ကြားတာနဲ့ အောင်မြင်မှုဆိုတာရော တူသလား။
ပတ်ဝန်းကျင်မှာ တစ်ခုခုလုပ်ရင်းပေါက်သွားလို့ ကျော်ကြားသွားသူတွေကို တွေ့တဲ့အခါမှာ ကိုယ့်မှာသူနဲ့ထပ်တူညီတဲ့အခြေအနေရှိလား၊ ကိုယ့်မှာ လူတကာထက်အဆမတန်သာတဲ့ ဉာဏ်ရည်၊ အစွမ်းအစ၊ ရုပ်ရည်ရှိသလား၊ နောက်ခံဘက်ဂရောင်းရှိလား၊ နောက်ဆုံးကိုယ့်မှာ သူ့လို ကံ ရောရှိလားဆိုတာကိုတွေးရပါတယ်။
ပြီးတော့ အဲဒါတွေရှိမရှိ မသေချာရင် လူတစ်ယောက်အနေနဲ့ရပ်တည်ဖို့ အသေချာဆုံးနည်းလမ်းဖြစ်တဲ့ သက်မွေးဝမ်းကြောင်းအတတ်ပညာပဲဖြစ်ဖြစ်၊ အသိပညာပဲဖြစ်ဖြစ်၊ ကျောင်းသင်ခန်းစာဘွဲ့၊ဒီဂရီပဲဖြစ်ဖြစ် တစ်ခုခုကိုဝီရိယစိုက်ထုတ်အချိန်ပေးပြီး ယူထားရမှာပဲ။
အဲဒီကမှတဆင့် ကံ၊ ဉာဏ်၊ ဝီရိယ ကိုဟန်ချက်ညီညီအားကိုးပြီး ကြိုးစားရင်တော့ အောင်မြင်မှုရမှာ အသေချာဆုံးနည်းလမ်းပါပဲ။
"ငါဆို ဒီတိုင်းလေထဲရပ်နေလို့ရတယ်" ဆိုတဲ့ စူပါမင်းတွေရဲ့စကားကို အဟုတ်မှတ်ပြီး သူတို့လုပ်သလိုပြတင်းပေါက်ကထွက်လိုက်ရင်တော့ "ပလုံ" လို့တောင်မမြည်ပဲ ပြုတ်ကျသွားပါလိမ့်မယ်။
"ကိုယ့်အိုးနဲ့ကိုယ့်ဆန်တန်ရုံပေါ့" ဆိုတဲ့ စကားလိုပဲ ကိုယ့်အတွက်ဖြစ်နိုင်မဖြစ်နိုင် ချင့်ချိန်ပြီးမှ ကိုယ်လုပ်စရာရှိတာကို အစွမ်းကုန်လုပ်ရမှာပါ။
အမှန်တကယ်အောင်မြင်သူတွေအားလုံးက ကိုယ့်ကိုယ်ကိုနှိမ်ချတတ်ကြသလို သူတို့ရဲ့ဖြတ်သန်းအားထုတ်မှုတွေကိုလဲ သူများကိုလမ်းညွှန်ပြသတတ်ကြပေမယ့် အောင်မြင်တယ်လို့ ကိုယ့်ကိုယ်ကိုထင်တဲ့ အနည်းစုသောသူတွေကတော့ ပရိသတ်တွေများတိုင်း ကိုယ်မကျွမ်းကျင်တဲ့နယ်တွေမှာပါဝင်ပြီး "ငါ့စကားနွားရ" တွေပြော၊ နေရာတကာ ကိုယ်ပြောတာသာအမှန်လုပ်လာတော့ ဒီလိုပြောချင်တိုင်းပြောသမျှကို ချင့်ချိန်ဖို့ လူတိုင်းအတွက် အမှန်အမှား ကိုယ်တိုင်စဥ်းစားဝေဖန်ပိုင်းခြားနိုင်တဲ့ဉာဏ်တွေရဖို့ ဗဟုသုတဆည်းပူးမှုနဲ့ ကိုယ့်ကိုယ်ကိုမြှင့်တင်ဖို့တွေက ပိုလို့တောင်လိုအပ်လာပါသေးတယ်။
ဒီတော့ နိဂုံးချုပ်ရရင် ကိုယ့်ကိုယ်ကိုအရင်ဝေဖန်ဆန်းစစ်ပြီး အားနည်းချက် အားသာချက်ကိုရှာ၊ ကိုယ်လေ့လာရမယ့်အရာကိုလေ့လာ၊ ကိုယ်လုပ်ရမယ့်အလုပ်ကိုသေချာလုပ်ပါမှ အားမကျသင့်တာတွေအားမကျရုံသာမက၊ အရက်မူးနေတဲ့ စူပါမင်းတစ်ချို့ရဲ့ ချောက်တွန်းခံရခြင်းမှလဲကင်းဝေးပါလိမ့်မယ်။
လေပေါ်မဝဲနိုင်ပေမယ့် အရှိန်အဟုန်နဲ့ပြေးလို့ လိုရာခရီးကိုရောက်ပါလိမ့်မယ်။ ။
မောင်ဇိ
==================================================================
ေလေပၚဝဲဖို႔ လူတိုင္းမစြမ္း
********************
ကြၽန္ေတာ္ ဖတ္ဖူးတဲ့ဟာသေလးတစ္ခုရွိတယ္။ သူမ်ားေတြလဲ ဖန္တရာေတေအာင္ ၾကားဖူး၊ဖတ္ဖူးသားေနမွာပါ။
အထပ္ျမင့္တိုက္တစ္ခုမွာရွိတဲ့ အရက္ဘားတစ္ခုမွာတဲ့။
အရက္ေတြမူးေနတဲ့လူတစ္ေယာက္က ေလထုရဲ႕ပင့္တင္အားက လူတစ္ေယာက္ကို ဘယ္လိုတြန္းတင္ထားႏိုင္တယ္ဆိုတဲ့အေၾကာင္း၊ နည္းမွန္လမ္းမွန္နဲ႔သာ ျပတင္းေပါက္အျပင္ကိုထြက္လိုက္ရင္ ေလထုပင့္အားေၾကာင့္ လူဟာေအာက္ကိုက်သြားမွာမဟုတ္ပဲ ေလထဲမွာရပ္တည္ေနႏိုင္မွာျဖစ္ေၾကာင္းေတြ အာဝဇၨန္း႐ႊင္႐ႊင္နဲ႔ေျပာေနသတဲ့။
ေျပာ႐ုံနဲ႔ အားမရပဲ လက္ေတြ႕ျပမယ္ဆိုၿပီး အဲဒီလူက ျပတင္းေပါက္အျပင္ကို ထြက္သြားတဲ့အခါမွာ ေအာက္ကိုျပဳတ္က်မသြားပဲ သူေျပာတဲ့အတိုင္း ေလထဲမွာရပ္တည္ေနႏိုင္တာကိုေတြ႕ၾကရသတဲ့။
" ကဲ...ေတြ႕ၾကတယ္မဟုတ္လား"
ဆိုၿပီး အဲဒီလူကျပတင္းေပါက္ကျပန္ဝင္လာတဲ့အခါမွာ
အရက္သမားေတြအားလုံးက အရမ္းအံ့ၾသသြားၾကၿပီး သူ႔ထက္ငါ အလုအယက္ျပတင္းေပါက္ကေနထြက္ၿပီး စမ္းသပ္ၾကဖို႔ႀကိဳးစားၾကသတဲ့။
အဲဒီအခ်ိန္မွာပဲ ဘားမွာအရက္ေရာင္းေနတဲ့သူက အမူးသမားေတြအားလုံးကိုတားလိုက္ၿပီး သူ႔ေဖာက္သည္ျဖစ္တဲ့ ျပတင္းေပါက္အျပင္ထြက္သြားတဲ့သူကို
" ေဟ့လူ...စူပါမင္း၊ ခင္ဗ်ားအရက္မူးလာရင္ ေကာင္းေကာင္းေနဗ်ာ။
သူမ်ားကို လိုက္ဒုကၡမေပးနဲ႔" လို႔ ေျပာလိုက္သတဲ့။
ဟာသေလးက အဲဒါပါပဲ။
အင္းေပါ့ သူကစူပါမင္းကိုး။ သူ႔အတြက္ကေတာ့မွန္တာေပါ့။
ေလထဲမွာ မတ္တပ္ရပ္ေနႏိုင္မွာေပါ့။ က်န္တဲ့သူေတြလိုက္လုပ္ရင္သာေသမွာ။
ဒါေလးက ဟာသေလးေပမယ့္ အျပင္ေလာကမွာ စူပါမင္းေတြနဲ႔ေတြ႕တဲ့အခါတိုင္း ကြၽန္ေတာ့မွာ အဲ့ဒီပုံျပင္ေလးကို သတိရမိတယ္။ အရက္မူးေနတဲ့ စူပါမင္းမ်ိဳးနဲ႔ပါေတြ႕ရရင္ေတာ့ ပိုဆိုးေပါ့။
ဥပမာတစ္ခုေျပာရရင္...
ကြၽန္ေတာ္တကၠသိုလ္ေက်ာင္းသားဘဝမွာ သူငယ္ခ်င္းတစ္ေယာက္ရွိတယ္။
သူရယ္၊ ကြၽန္ေတာ္ရယ္ အတန္းေတြအတူတူေျပးၾကတယ္၊ ဂိမ္းေတြ မနားမေနအတူတူေဆာ့ၾကတယ္။ စာေမးပြဲေျဖခါနီးမွကပ္ၿပီး ေန႔မအိပ္ညမအိပ္စာေတြလုပ္ၾကျပန္တယ္။
အခ်ိန္တန္ ေအာင္စာရင္းထြက္ေတာ့ သူကေအာင္ၿပီး၊ ကြၽန္ေတာ္က က်က်န္ခဲ့တယ္။
ေအာင္မွာေပါ့၊ သူက စူပါမင္းကိုး။
စာတစ္ပုဒ္ကို တစ္ေခါက္ႏွစ္ေခါက္ဖတ္လဲ အလြတ္ရ၊
ခက္ခဲတဲ့အသုံးအႏႈန္းေတြလဲ ခဏေလးနဲ႔နားလည္၊ ဖတ္ၿပီးတဲ့ဟာေတြလဲ ေကာင္းေကာင္းမွတ္မိနဲ႔ သူက အင္မတန္ဉာဏ္ေကာင္းတဲ့သူကိုး။
ဒါ့အျပင္ သူဖတ္သမွ်စာေတြ စာေမးပြဲေမးခြန္းမွာေမးတတ္တဲ့ အင္မတန္ေကာင္းတဲ့ ကံလဲရွိေသးတယ္။
ကိုယ္ကေတာ့သူ႔ေလာက္ဉာဏ္မေကာင္း၊ ကံကလဲမြဲေတာ့ သူ႔လိုဘယ္ေအာင္မတုံး။
ေစာေစာကတည္းကမွ ဝီရိယထားမႀကိဳးစားခဲ့ပဲ ကိုယ့္ထက္သာတဲ့စူပါမင္းက ေအာင္သြားမွ မ်က္လုံးေလးကလယ္ကလယ္နဲ႔ဆိုေတာ့လဲ ကိုယ့္အျပစ္နဲ႔ကိုယ္ပဲ။
ဒီေတာ့ ကိုယ့္အေျခအေနကိုယ္သိတဲ့ ကြၽန္ေတာ္က သာမန္လူတစ္ေယာက္အဖို႔ ကံ၊ ဉာဏ္၊ ဝီရိယ သုံးခုလုံးျပည့္စုံမွ ေအာင္ျမင္မႈတစ္ခုရႏိုင္တယ္ဆိုတာကို ေနာက္ပိုင္းမွာသေဘာေပါက္လာရတယ္။
ဒါေတာင္ ဝီရိယထားလွ်က္နဲ႔ " ကံမရွိ၊ ဉာဏ္ရွိတိုင္းမြဲ" ဆိုတဲ့အျဖစ္မ်ိဳးေတြက ႀကဳံရေသးတယ္။
ေျပာခ်င္တာက ဉာဏ္ကိုသုံး၊ ဝီရိယနဲ႔အားထုတ္ေပမယ့္ ကံမေကာင္းအေၾကာင္းမလွတဲ့အခါ လူတိုင္း ရ ေနက်အရာက ကိုယ့္အလွည့္မွ ႏွစ္ခါ၊သုံးခါ ႀကိဳးစားယူမွရလိုက္တာမ်ိဳး။
ေဟာ...ဒီေန႔ေခတ္ေရာက္ေတာ့ စဥ္ဆက္မျပတ္ေလ့လာအားထုတ္ႀကိဳးပမ္းမႈေတြ၊ တတ္သိနားလည္ကြၽမ္းက်င္မႈေတြမွာျဖည့္ဆည္းမႈမရွိပဲ လူသန္းေပါင္း ၅၀ မွာတစ္ေယာက္ဆိုသလိုမ်ိဳး ကံ၊ ဆန္း ေကာင္းလြန္းတဲ့အခါ ဘာလုပ္လုပ္ေပၚလြင္ထင္ရွားအားေပးခံရလာသူေတြရွိလာတယ္။
သူ႔ေခတ္၊ သူ႔အခ်ိန္ သူ႔ကံအက်ိဳးေပးနဲ႔ ပစၥဳပၸန္မွာေကာင္းမြန္တဲ့ေဆာင္႐ြက္မႈတစ္ခ်ိဳ႕ေၾကာင့္ ေအာင္ျမင္လာတဲ့အေပၚမုဒိတာပြားလို႔ရေပမယ့္ အဲလိုေအာင္ျမင္မႈမ်ိဳးကိုပဲအားက်ၿပီး ဘဝမွာေအာင္ျမင္ဖို႔အတြက္ ဘယ္ဟာကိုမွႀကိဳးစားသင္ယူေနစရာမလိုဘူး၊ ေပါက္သြားဖို႔ပဲလိုတယ္လို႔ ေတြးထင္လာတဲ့လူငယ္ေတြမ်ားလာတာကေတာ့ သူတို႔အတြက္ေရာ၊ ႏိုင္ငံအတြက္ေရာ သိပ္မေကာင္းဘူး။
ဘဝမွာလိုအပ္တဲ့ အေျခခံသင္႐ိုးေတြ၊ ေအာင္ျမင္မႈရဖို႔ျဖည့္ဆည္းရမယ့္သင္ယူမႈေတြ၊ စိုက္ထုတ္ေပးဆပ္ရမယ့္အခ်ိန္နဲ႔ဝီရိယေတြကို မေပးခ်င္၊မလုပ္ခ်င္ေတာ့ပဲ ျဖတ္လမ္းနည္းနဲ႔ပဲ ေအာင္ျမင္ခ်င္တဲ့လူငယ္ေတြေပၚလာတယ္။
ျပန္ေမးရမွာက ႏွစ္ခ်က္ရွိတယ္။
(၁) ကိုယ္က သူ႔လိုစူပါမင္းလား ။
(၂) ထင္ေပၚေက်ာ္ၾကားတာနဲ႔ ေအာင္ျမင္မႈဆိုတာေရာ တူသလား။
ပတ္ဝန္းက်င္မွာ တစ္ခုခုလုပ္ရင္းေပါက္သြားလို႔ ေက်ာ္ၾကားသြားသူေတြကို ေတြ႕တဲ့အခါမွာ ကိုယ့္မွာသူနဲ႔ထပ္တူညီတဲ့အေျခအေနရွိလား၊ ကိုယ့္မွာ လူတကာထက္အဆမတန္သာတဲ့ ဉာဏ္ရည္၊ အစြမ္းအစ၊ ႐ုပ္ရည္ရွိသလား၊ ေနာက္ခံဘက္ဂေရာင္းရွိလား၊ ေနာက္ဆုံးကိုယ့္မွာ သူ႔လို ကံ ေရာရွိလားဆိုတာကိုေတြးရပါတယ္။
ၿပီးေတာ့ အဲဒါေတြရွိမရွိ မေသခ်ာရင္ လူတစ္ေယာက္အေနနဲ႔ရပ္တည္ဖို႔ အေသခ်ာဆုံးနည္းလမ္းျဖစ္တဲ့ သက္ေမြးဝမ္းေၾကာင္းအတတ္ပညာပဲျဖစ္ျဖစ္၊ အသိပညာပဲျဖစ္ျဖစ္၊ ေက်ာင္းသင္ခန္းစာဘြဲ႕၊ဒီဂရီပဲျဖစ္ျဖစ္ တစ္ခုခုကိုဝီရိယစိုက္ထုတ္အခ်ိန္ေပးၿပီး ယူထားရမွာပဲ။
အဲဒီကမွတဆင့္ ကံ၊ ဉာဏ္၊ ဝီရိယ ကိုဟန္ခ်က္ညီညီအားကိုးၿပီး ႀကိဳးစားရင္ေတာ့ ေအာင္ျမင္မႈရမွာ အေသခ်ာဆုံးနည္းလမ္းပါပဲ။
"ငါဆို ဒီတိုင္းေလထဲရပ္ေနလို႔ရတယ္" ဆိုတဲ့ စူပါမင္းေတြရဲ႕စကားကို အဟုတ္မွတ္ၿပီး သူတို႔လုပ္သလိုျပတင္းေပါက္ကထြက္လိုက္ရင္ေတာ့ "ပလုံ" လို႔ေတာင္မျမည္ပဲ ျပဳတ္က်သြားပါလိမ့္မယ္။
"ကိုယ့္အိုးနဲ႔ကိုယ့္ဆန္တန္႐ုံေပါ့" ဆိုတဲ့ စကားလိုပဲ ကိုယ့္အတြက္ျဖစ္ႏိုင္မျဖစ္ႏိုင္ ခ်င့္ခ်ိန္ၿပီးမွ ကိုယ္လုပ္စရာရွိတာကို အစြမ္းကုန္လုပ္ရမွာပါ။
အမွန္တကယ္ေအာင္ျမင္သူေတြအားလုံးက ကိုယ့္ကိုယ္ကိုႏွိမ္ခ်တတ္ၾကသလို သူတို႔ရဲ႕ျဖတ္သန္းအားထုတ္မႈေတြကိုလဲ သူမ်ားကိုလမ္းၫႊန္ျပသတတ္ၾကေပမယ့္ ေအာင္ျမင္တယ္လို႔ ကိုယ့္ကိုယ္ကိုထင္တဲ့ အနည္းစုေသာသူေတြကေတာ့ ပရိသတ္ေတြမ်ားတိုင္း ကိုယ္မကြၽမ္းက်င္တဲ့နယ္ေတြမွာပါဝင္ၿပီး "ငါ့စကားႏြားရ" ေတြေျပာ၊ ေနရာတကာ ကိုယ္ေျပာတာသာအမွန္လုပ္လာေတာ့ ဒီလိုေျပာခ်င္တိုင္းေျပာသမွ်ကို ခ်င့္ခ်ိန္ဖို႔ လူတိုင္းအတြက္ အမွန္အမွား ကိုယ္တိုင္စဥ္းစားေဝဖန္ပိုင္းျခားႏိုင္တဲ့ဉာဏ္ေတြရဖို႔ ဗဟုသုတဆည္းပူးမႈနဲ႔ ကိုယ့္ကိုယ္ကိုျမႇင့္တင္ဖို႔ေတြက ပိုလို႔ေတာင္လိုအပ္လာပါေသးတယ္။
ဒီေတာ့ နိဂုံးခ်ဳပ္ရရင္ ကိုယ့္ကိုယ္ကိုအရင္ေဝဖန္ဆန္းစစ္ၿပီး အားနည္းခ်က္ အားသာခ်က္ကိုရွာ၊ ကိုယ္ေလ့လာရမယ့္အရာကိုေလ့လာ၊ ကိုယ္လုပ္ရမယ့္အလုပ္ကိုေသခ်ာလုပ္ပါမွ အားမက်သင့္တာေတြအားမက်႐ုံသာမက၊ အရက္မူးေနတဲ့ စူပါမင္းတစ္ခ်ိဳ႕ရဲ႕ ေခ်ာက္တြန္းခံရျခင္းမွလဲကင္းေဝးပါလိမ့္မယ္။
ေလေပၚမဝဲႏိုင္ေပမယ့္ အရွိန္အဟုန္နဲ႔ေျပးလို႔ လိုရာခရီးကိုေရာက္ပါလိမ့္မယ္။ ။
ေမာင္ဇိ