Saturday, September 12, 2020

မကာရရာသီခွင်(Capricorn)၏ သင်္ကေတ ဆိတ်ကိုယ်ခန္ဓာ၊ ငါမြီး၏ ဇာစ်မြစ်

 မကာရရာသီခွင်(Capricorn)၏ သင်္ကေတ ဆိတ်ကိုယ်ခန္ဓာ၊ ငါမြီး၏ ဇာစ်မြစ်
****************************************************************

မကာရရာသီခွင်( Capricorn) ကို  ကိုယ်စားပြုတဲ့ Carpicornus constellation က ခပ်မှိန်မှိန်ကြယ်တာရာစုပေမယ့် ရှေးအကျဆုံးဒဏ္ဍာရီတွေနဲ့ဆက်စပ်နေတယ်။ ရှေးအကျဆုံးရှာတွေ့ခဲ့တဲ့ကြယ်စုတွေထဲက တစ်ခုလဲဖြစ်တယ်။
Capricorn နဲ့ပက်သက်တဲ့ ဒဏ္ဍာရီ သုံးခုရှိတယ်။

ရှေးခတ်အာရပ် (သို့) ဘေဘီလုံခေတ်က ဆူးမီးရီးရန်း ဒဏ္ဍာရီလာ မကာရသင်္ကေတ
************************************************************
ပထမတစ်ခုက ဘီစီ ၂၁၀၀ ကနေ ၁၅၅၀ ကြားလောက်မှာ ပေါ်ထွန်းခဲ့တဲ့ ဘေဘီလုံခေတ်ကတည်းက ပေါ်ပေါက်ခဲ့တဲ့ ဒဏ္ဍာရီ။ Sea-goat လို့ခေါ်တဲ့ ပင်လယ်ဆိတ်က ဘေဘီလုံတိုင်းပြည်က Sumerian (ဆူးမီးရီးရန်းလူမျိုး)တွေ ကိုးကွယ်ယုံကြည်ခဲ့ကြတဲ့ နတ်ဘုရား Enki သို့မဟုတ် Ea ကိုကိုယ်စားပြုတယ်။
Enki က ရေနတ်ဘုရားဖြစ်သလို ဖန်တီးရှင်နတ်ဘုရားလဲဖြစ်တယ်။ (စကားမစပ်ပြောရရင် မြန်မာပြည်မှာမြို့ပြနေထိုင်မှုအထောက်အထား အစောဆုံးတွေ့ရတယ်ဆိုတဲ့ ပြူမြို့ပြနိုင်ငံခေတ်က ဘေဘီလုံခေတ်ထက် နှစ်ပေါင်းငါးရာလောက်နောက်ကျတဲ့ ဘီစီ ၁၀၀၀ ခုနှစ်လောက်မှာ)

သူ့ရဲ့ထင်ရှားတဲ့ပုံပြင်လေးတစ်ခုက ဒီလို။

ရေချိုနတ်ဘုရား Enki နဲ့ မိဖုရားဖြစ်သူ Ninhursag တို့ဟာ Dilmun လို့ခေါ်တဲ့ နိဗ္ဗာန်ဘုံလေးမှာနေကြသတဲ့။
Dilmun နိဗ္ဗာန်ဘုံလေးမှာ ထူးခြားတဲ့ဝိသေသတွေရှိပါသတဲ့။
Dilmun ဟာ သန့်စင်တဲ့နေရာလေးဖြစ်သလို၊ တောက်ပတဲ့နေရာလေးလဲဖြစ်ပါတယ်တဲ့။
Dilmun ဟာ သန့်ရှင်းစင်ကြယ်တဲ့နေရာလေးဖြစ်ပါတယ်တဲ့။
ကျီးကန်းတွေ မအော်၊
ခြင်္သေ့က သတ်ဖြတ်မှုတွေမလုပ်၊
ဝံပုလွေက သိုးသားငယ်ကိုမဖမ်း၊
ကလေးတွေက ခွေးကလေးတွေကို မနှိပ်စက်တတ်တဲ့ နေရာဒေသတစ်ခုဖြစ်သော်လည်းပဲ Dilmun မှာ ရေချိုတော့ မရှိပါဘူးတဲ့။
Dilmun ရဲ့ နတ်ဘုရားမတစ်ပါးဖြစ်တဲ့ Ninsikil ရဲ့ငိုကြွေးမြည်တမ်းသံကိုကြားတဲ့အခါမှာ Enki ကနေနတ်ဘုရား Utu ကို စေလွှတ်ပြီး ကမ္ဘာမြေပြင်ကနေ ရေကောင်းရေသန့် ကိုသွားယူစေပါသတဲ့။

အဲဒီအချိန်ကနေစပြီး
Dilmun မှာ ရေကောင်းရေသန့်တွေပေါများစွာရပါသတဲ့။
မြို့တော်ရဲ့ ရေတွင်းတွေကခါးသက်တဲ့ရေကနေ ရေချိုတွေပြောင်းထွက်လာတယ်။
စိုက်ခင်းတွေကလဲ ကောက်ပဲသီးနှံတွေ လှိုင်လှိုင်ပေါလာတယ်။
မြို့တော်ကလဲ ကမ်းနားတွေ၊ဆိပ်ကမ်းတွေနဲ့ သာယာစည်ပြောလာပါတယ်တဲ့။

Enki ဟာရေထဲကိုခြေတစ်ဖက်ချပြီး ကုန်းပေါ်မှာခြေတစ်ဖက်တင်ထားတဲ့ ရေနတ်ဘုရား၊ ရွှံ့ကနေလူသားကိုဖန်တီးခဲ့တဲ့ ဖန်တီးရှင်နတ်ဘုရား၊ လူသားတွေရဲ့ကာကွယ်သူ၊ ကမ္ဘာမြေရဲ့နတ်ဘုရား အဖြစ်ရှေးခေတ်ဘေဘီလုံသားတွေက ယုံကြည်ခဲ့ကြပါတယ်။( ဘေဘီလုံမြို့ဟောင်းက အခုအီရတ်နိုင်ငံမှာရှိပါတယ်။)

ကမ္ဘာမြေနဲ့ရေပြင်တစ်ခုစီကိုကိုယ်စားပြုတဲ့ ဆိတ်ရဲ့အပေါ်ပိုင်းနဲ့ ငါးရဲ့ကိုယ်အောက်ပိုင်းကို ပေါင်းစပ်ပြီး Enki ကိုဖော်ကြူးရာကနေ Capricon ရဲ့သင်္ကေတ ဆိတ်တစ်ပိုင်းငါးတစ်ပိုင်းအရုပ်ကိုရလာတယ်လို့ ယူဆကြပါတယ်။

ဂရိဒဏ္ဍာရီလာ မကာရသင်္ကေတ (၁)
********************************
ထင်ရှားတဲ့ ဒဏ္ဍာရီကတော့ Zeus နတ်ဘုရားကိုမွေးဖွားတာနဲ့ဆက်စပ်နေပါတယ်။

Zeus ရဲ့ဖခင်၊ နတ်ဘုရားတွေရဲ့ဘုရင်ဖြစ်တဲ့ တိုက်တန်နတ်ဘုရား Cronus ဟာသူ့သားသမီးတွက သူ့ကိုပုန်ကန်မှာကြောက်လို့ မွေးလာသမျှကလေးတွေကိုမျိုချပစ်နေခဲ့တယ်တဲ့။
အဲဒီလိုနဲ့ ပထမကလေး ငါးယောက်ကိုမျိုချပြီးတဲ့နောက် နောက်ဆုံးမွေးလာတဲ့  Zeus အလှည့်မှာ
မိခင်ဖြစ်တဲ့ Rhea က Zeus ကို Crete ကျွန်းကကျောက်ဂူတစ်ခုမှာဖွက်ထားခဲ့တယ်။
Cronus ကိုတော့ အနှီးနဲ့ပတ်ထားတဲ့ကျောက်တုံးတစ်တုံးကို ကလေးအဖြစ်နဲ့ပေးလိုက်တဲ့အခါမှာ Cronus က အနှီးထုပ်ကိုကလေးလို့ယုံကြည်ပြီးမျိုချလိုက်ပါသတဲ့။

ကလေးငယ် Zeus ကို Nymps လို့ခေါ်တဲ့နတ်သမီးလေးတွေက Amalthea ဆိုတဲ့ဆိတ်မရဲ့နို့တိုက်ပြီး
 ကျွေးမွေးစောင့်ရှောက်မွေးမြူခဲ့ကြတယ်။ တစ်ချို့ကလဲ Amalthea ကိုယ်တိုင်က ဆိတ်သဏ္ဍာန်ရှိတဲ့နတ်သမီးတစ်ပါးဖြစ်ပြီး Zeus ကိုကျွေးမွေးပြုစုခဲ့တဲ့ မွေးစားအမေလို့ဆိုကြတယ်။
Zeus ကိုနို့တိုက်နေရင်းနဲ့ တစ်နေ့မှာ  နတ်ဘုရားငယ်ရဲ့လက်ချက်နဲ့ ခေါင်းကဦးချိုတစ်ခုကျိုးသွားပြီး အဲဒီချိုက ပေါများပြည့်လျှံမှုနဲ့ အာဟာရဖြစ်မှုကို ကိုယ်စားပြုတဲ့မှော်အစွမ်းရှိတဲ့ “ပြည့်စုံကုံလုံဦးချို” ( horn of plenty သို့မဟုတ် Cornucopia) ဖြစ်လာပါတယ်တဲ့။

Zeus အရွယ်ရောက်လာလို့ သူ့ဖခင် Cronus  ကိုနန်းချပြီး နတ်ဘုရင်ဖြစ်လာတဲ့အခါမှာ သူ့အပေါ်ကျေးဇူးရှိခဲ့တဲ့Amalthea ကို ကောင်းကင်ပေါ်က ဆိတ်ပုံသဏ္ဍာန် ကြယ်တာရာစုတစ်ခုအဖြစ် Capella နက္ခတ်ကိုဖန်ဆင်းပေးခဲ့ပါသတဲ့။
(တစ်ချို့ကလဲ အဲဒီနက္ခတ်ဟာ  Capricon နဲ့ မဆိုင်ဘူးလို့ဆိုကြတယ်။ နှစ်သက်သလိုသာ ယူကြပါ)

ဂရိဒဏ္ဍာရီလာ မကာရသင်္ကေတ (၂)
***********************************
ဒီဇာတ်လမ်းကတော့ ဆိတ်နတ်ပန် ( Goat-legged Pan) နဲ့ဆက်စပ်ပါတယ်။

တိုက်တန်နတ်ဘုရားတွေနဲ့ အိုလံပီရန်နတ်ဘုရားတွေရဲ့စစ်ပွဲကြီးပြီးသွားတဲ့နောက်မှာ သူ့သားသမီးတွေဖြစ်တဲ့ Cronus နဲ့တိုက်တန်တွေကို အနိုင်ရသူအိုလံပီရန်တွေက မြေအောက်ကမ္ဘာမှာအကျဥ်းချထားတာကို မကျေနပ်လို့  Gaia က နတ်ဘုရင် Zeus ကိုဖျက်စီးဖို့စီမံပါတယ်။
Typhon ဆိုတဲ့ မိစ္ဆာသတ္တဝါဆိုးကြီးကို မွေးပြီး Zeus ဦးဆောင်တဲ့ Olympian နတ်ဘုရားတွေကို တိုက်ခိုက်စေတယ်။
 
Typhon က မိစ္ဆာသတ္တဝါဆိုးတွေအားလုံးရဲ့ ဖခင်ကြီးဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုမှာပြိုင်ဖက်ကင်းတယ်။
သူ့ရဲ့ကိုယ်ခန္ဓာအ‌ပေါ်ပိုင်းက လူသားနဲ့တူပြီးခါးအောက်ပိုင်းက စပြီးမြွေတစ်ကောင်ရဲ့ကိုယ်လုံးမျိုးဖြစ်တယ်။
သူ့ရဲ့လက်ချောင်းတွေမှာ မြွေဆိုးပေါင်း တစ်ရာ ရှိပြီး သူ့တစ်ကိုယ်လုံးမှာလဲ တောင်ပံပေါင်း တစ်ရာရှိတယ်။
မျက်လုံးတွေက မီးဝင်းဝင်းတောက်နေပြီး သူ့မေးရိုးကိုဟပြီးရင် မီးတောက်မီးလျှံတွေ ထုတ်လွှတ်နိုင်တယ်။
ချွန်တဲ့နားရွက်တွေရှိတယ်။
နဖူးမှာချိုနှစ်ချောင်းနဲ့ မုတ်ဆိတ်မွေးရှည်ကြီးတွေကိုပိုင်ဆိုင်တယ်။
သူ့အရပ်ကမြင့်မားလွန်းလို့  သူ့ခေါင်းက ကြယ်တာရာတွေကို ထိလုမတတ်မြင့်မားထွားကြိုင်းတယ်လို့ဆိုတယ်။
Typhon နဲ့ နတ်ဘုရင် Zeus တို့ရဲ့တိုက်ပွဲမှာ တမန်တော်နတ်ဘုရား Hermes နဲ့ သူ့သားတစ်ယောက်ဖြစ်တဲ့ Pan ကကူညီခဲ့လို့ Zeus အနိုင်ရခဲ့တယ်။

သူ့နောက်ကိုလိုက်လာတဲ့ Typhon လက်ကနေလွတ်ဖို့အတွက် Pan ဟာရေထဲကိုခုန်ဆင်းပြီး သူ့ခါးအောက်ပိုင်းကို ငါးတစ်ကောင်လိုမျိုးဖြစ်အောင်ပြောင်းလိုက်ရတယ်။
အဲဒီနောက်တော့ ရေကူးပြီး Typhon လက်ကနေလွတ်မြောက်သွားခဲ့ပါတယ်တဲ့။

နတ်ဘုရင် Zeus ကိုအကြိမ်ကြိမ်ကူညီခဲ့ဖူးတဲ့ ဆိတ်နတ်ပန် (Pan) ကို ဂုဏ်ပြုပြီး Zeus ကကောင်းကင်မှာ ကြယ်တာရာတစ်ခုဖန်တီးပေးခဲ့ရာကနေ ဆိတ်တစ်ကောင်ရဲ့အပေါ်ပိုင်းနဲ့ ငါးတစ်ကောင်ရဲ့အမြီးပိုင်းပုံရှိတဲ့ မကာရနက္ခတ် ဖြစ်လာခဲ့ပါတယ်တဲ့။

အပေါ်မှာရေးခဲ့တဲ့ အကြောင်းအရာသုံးခုကတော့ မောင်ဇိဖတ်လို့ရသမျှထဲက ကောက်နုတ်ထားတဲ့ မကာရရာသီခွင် (Capricorn)နဲ့ပက်သက်တဲ့ဟာတွေပါပဲ။ ဗေဒင်အကြောင်းရေးတာမဟုတ်ပဲ ဒဏ္ဍာရီအကြောင်းပဲပြောချင်တာဖြစ်လို့ ဗေဒင်အလိုအရ Capricorn ရာသီဖွားတွေ တွေအကြောင်းပြောတာကိုတော့ ထည့်မရေးထားပါဘူး။
ဒဏ္ဍာရီနဲ့ပက်သက်လို့ကတော့ မပြည့်စုံတာရှိရင်၊ မှားယွင်းတာလေးတွေရှိရင်လဲ သည်းခံပြီး၊ သိတာတွေရှိရင်လဲ ပြောပြနိုင်ပါတယ်လို့။

မောင်ဇိ
Ref: Various sources from internet

==================

(Zawgyi)

မကာရရာသီခြင္(Capricon)၏ သေကၤတ ဆိတ္ကိုယ္ခႏၶာ၊ ငါၿမီး၏ ဇာစ္ျမစ္
****************************************************************

မကာရရာသီခြင္( Capricorn) ကို  ကိုယ္စားျပဳတဲ့ Carpicornus constellation က ခပ္မွိန္မွိန္ၾကယ္တာရာစုေပမယ့္ ေရွးအက်ဆုံးဒ႑ာရီေတြနဲ႔ဆက္စပ္ေနတယ္။ ေရွးအက်ဆုံးရွာေတြ႕ခဲ့တဲ့ၾကယ္စုေတြထဲက တစ္ခုလဲျဖစ္တယ္။
Capricon နဲ႔ပက္သက္တဲ့ ဒ႑ာရီ သုံးခုရွိတယ္။

ေရွးခတ္အာရပ္ (သို႔) ေဘဘီလုံေခတ္က ဆူးမီးရီးရန္း ဒ႑ာရီလာ မကာရသေကၤတ
************************************************************
ပထမတစ္ခုက ဘီစီ ၂၁၀၀ ကေန ၁၅၅၀ ၾကားေလာက္မွာ ေပၚထြန္းခဲ့တဲ့ ေဘဘီလုံေခတ္ကတည္းက ေပၚေပါက္ခဲ့တဲ့ ဒ႑ာရီ။ Sea-goat လို႔ေခၚတဲ့ ပင္လယ္ဆိတ္က ေဘဘီလုံတိုင္းျပည္က Sumerian (ဆူးမီးရီးရန္းလူမ်ိဳး)ေတြ ကိုးကြယ္ယုံၾကည္ခဲ့ၾကတဲ့ နတ္ဘုရား Enki သို႔မဟုတ္ Ea ကိုကိုယ္စားျပဳတယ္။
Enki က ေရနတ္ဘုရားျဖစ္သလို ဖန္တီးရွင္နတ္ဘုရားလဲျဖစ္တယ္။ (စကားမစပ္ေျပာရရင္ ျမန္မာျပည္မွာၿမိဳ႕ျပေနထိုင္မႈအေထာက္အထား အေစာဆုံးေတြ႕ရတယ္ဆိုတဲ့ ျပဴၿမိဳ႕ျပႏိုင္ငံေခတ္က ေဘဘီလုံေခတ္ထက္ ႏွစ္ေပါင္းငါးရာေလာက္ေနာက္က်တဲ့ ဘီစီ ၁၀၀၀ ခုႏွစ္ေလာက္မွာ)

သူ႔ရဲ႕ထင္ရွားတဲ့ပုံျပင္ေလးတစ္ခုက ဒီလို။

ေရခ်ိဳနတ္ဘုရား Enki နဲ႔ မိဖုရားျဖစ္သူ Ninhursag တို႔ဟာ Dilmun လို႔ေခၚတဲ့ နိဗၺာန္ဘုံေလးမွာေနၾကသတဲ့။
Dilmun နိဗၺာန္ဘုံေလးမွာ ထူးျခားတဲ့ဝိေသသေတြရွိပါသတဲ့။
Dilmun ဟာ သန႔္စင္တဲ့ေနရာေလးျဖစ္သလို၊ ေတာက္ပတဲ့ေနရာေလးလဲျဖစ္ပါတယ္တဲ့။
Dilmun ဟာ သန႔္ရွင္းစင္ၾကယ္တဲ့ေနရာေလးျဖစ္ပါတယ္တဲ့။
က်ီးကန္းေတြ မေအာ္၊
ျခေသၤ့က သတ္ျဖတ္မႈေတြမလုပ္၊
ဝံပုေလြက သိုးသားငယ္ကိုမဖမ္း၊
ကေလးေတြက ေခြးကေလးေတြကို မႏွိပ္စက္တတ္တဲ့ ေနရာေဒသတစ္ခုျဖစ္ေသာ္လည္းပဲ Dilmun မွာ ေရခ်ိဳေတာ့ မရွိပါဘူးတဲ့။
Dilmun ရဲ႕ နတ္ဘုရားမတစ္ပါးျဖစ္တဲ့ Ninsikil ရဲ႕ငိုေႂကြးျမည္တမ္းသံကိုၾကားတဲ့အခါမွာ Enki ကေနနတ္ဘုရား Utu ကို ေစလႊတ္ၿပီး ကမာၻေျမျပင္ကေန ေရေကာင္းေရသန႔္ ကိုသြားယူေစပါသတဲ့။

အဲဒီအခ်ိန္ကေနစၿပီး
Dilmun မွာ ေရေကာင္းေရသန႔္ေတြေပါမ်ားစြာရပါသတဲ့။
ၿမိဳ႕ေတာ္ရဲ႕ ေရတြင္းေတြကခါးသက္တဲ့ေရကေန ေရခ်ိဳေတြေျပာင္းထြက္လာတယ္။
စိုက္ခင္းေတြကလဲ ေကာက္ပဲသီးႏွံေတြ လႈိင္လႈိင္ေပါလာတယ္။
ၿမိဳ႕ေတာ္ကလဲ ကမ္းနားေတြ၊ဆိပ္ကမ္းေတြနဲ႔ သာယာစည္ေျပာလာပါတယ္တဲ့။

Enki ဟာေရထဲကိုေျခတစ္ဖက္ခ်ၿပီး ကုန္းေပၚမွာေျခတစ္ဖက္တင္ထားတဲ့ ေရနတ္ဘုရား၊ ႐ႊံ႕ကေနလူသားကိုဖန္တီးခဲ့တဲ့ ဖန္တီးရွင္နတ္ဘုရား၊ လူသားေတြရဲ႕ကာကြယ္သူ၊ ကမာၻေျမရဲ႕နတ္ဘုရား အျဖစ္ေရွးေခတ္ေဘဘီလုံသားေတြက ယုံၾကည္ခဲ့ၾကပါတယ္။( ေဘဘီလုံၿမိဳ႕ေဟာင္းက အခုအီရတ္ႏိုင္ငံမွာရွိပါတယ္။)

ကမာၻေျမနဲ႔ေရျပင္တစ္ခုစီကိုကိုယ္စားျပဳတဲ့ ဆိတ္ရဲ႕အေပၚပိုင္းနဲ႔ ငါးရဲ႕ကိုယ္ေအာက္ပိုင္းကို ေပါင္းစပ္ၿပီး Enki ကိုေဖာ္ၾကဴးရာကေန Capricon ရဲ႕သေကၤတ ဆိတ္တစ္ပိုင္းငါးတစ္ပိုင္းအ႐ုပ္ကိုရလာတယ္လို႔ ယူဆၾကပါတယ္။

ဂရိဒ႑ာရီလာ မကာရသေကၤတ (၁)
********************************
ထင္ရွားတဲ့ ဒ႑ာရီကေတာ့ Zeus နတ္ဘုရားကိုေမြးဖြားတာနဲ႔ဆက္စပ္ေနပါတယ္။

Zeus ရဲ႕ဖခင္၊ နတ္ဘုရားေတြရဲ႕ဘုရင္ျဖစ္တဲ့ တိုက္တန္နတ္ဘုရား Cronus ဟာသူ႔သားသမီးတြက သူ႔ကိုပုန္ကန္မွာေၾကာက္လို႔ ေမြးလာသမွ်ကေလးေတြကိုမ်ိဳခ်ပစ္ေနခဲ့တယ္တဲ့။
အဲဒီလိုနဲ႔ ပထမကေလး ငါးေယာက္ကိုမ်ိဳခ်ၿပီးတဲ့ေနာက္ ေနာက္ဆုံးေမြးလာတဲ့  Zeus အလွည့္မွာ
မိခင္ျဖစ္တဲ့ Rhea က Zeus ကို Crete ကြၽန္းကေက်ာက္ဂူတစ္ခုမွာဖြက္ထားခဲ့တယ္။
Cronus ကိုေတာ့ အႏွီးနဲ႔ပတ္ထားတဲ့ေက်ာက္တုံးတစ္တုံးကို ကေလးအျဖစ္နဲ႔ေပးလိုက္တဲ့အခါမွာ Cronus က အႏွီးထုပ္ကိုကေလးလို႔ယုံၾကည္ၿပီးမ်ိဳခ်လိုက္ပါသတဲ့။

ကေလးငယ္ Zeus ကို Nymps လို႔ေခၚတဲ့နတ္သမီးေလးေတြက Amalthea ဆိုတဲ့ဆိတ္မရဲ႕ႏို႔တိုက္ၿပီး
 ေကြၽးေမြးေစာင့္ေရွာက္ေမြးျမဴခဲ့ၾကတယ္။ တစ္ခ်ိဳ႕ကလဲ Amalthea ကိုယ္တိုင္က ဆိတ္သ႑ာန္ရွိတဲ့နတ္သမီးတစ္ပါးျဖစ္ၿပီး Zeus ကိုေကြၽးေမြးျပဳစုခဲ့တဲ့ ေမြးစားအေမလို႔ဆိုၾကတယ္။
Zeus ကိုႏို႔တိုက္ေနရင္းနဲ႔ တစ္ေန႔မွာ  နတ္ဘုရားငယ္ရဲ႕လက္ခ်က္နဲ႔ ေခါင္းကဦးခ်ိဳတစ္ခုက်ိဳးသြားၿပီး အဲဒီခ်ိဳက ေပါမ်ားျပည့္လွ်ံမႈနဲ႔ အာဟာရျဖစ္မႈကို ကိုယ္စားျပဳတဲ့ေမွာ္အစြမ္းရွိတဲ့ “ျပည့္စုံကုံလုံဦးခ်ိဳ” ( horn of plenty သို႔မဟုတ္ Cornucopia) ျဖစ္လာပါတယ္တဲ့။

Zeus အ႐ြယ္ေရာက္လာလို႔ သူ႔ဖခင္ Cronus  ကိုနန္းခ်ၿပီး နတ္ဘုရင္ျဖစ္လာတဲ့အခါမွာ သူ႔အေပၚေက်းဇူးရွိခဲ့တဲ့Amalthea ကို ေကာင္းကင္ေပၚက ဆိတ္ပုံသ႑ာန္ ၾကယ္တာရာစုတစ္ခုအျဖစ္ Capella နကၡတ္ကိုဖန္ဆင္းေပးခဲ့ပါသတဲ့။
(တစ္ခ်ိဳ႕ကလဲ အဲဒီနကၡတ္ဟာ  Capricon နဲ႔ မဆိုင္ဘူးလို႔ဆိုၾကတယ္။ ႏွစ္သက္သလိုသာ ယူၾကပါ)

ဂရိဒ႑ာရီလာ မကာရသေကၤတ (၂)
***********************************
ဒီဇာတ္လမ္းကေတာ့ ဆိတ္နတ္ပန္ ( Goat-legged Pan) နဲ႔ဆက္စပ္ပါတယ္။

တိုက္တန္နတ္ဘုရားေတြနဲ႔ အိုလံပီရန္နတ္ဘုရားေတြရဲ႕စစ္ပြဲႀကီးၿပီးသြားတဲ့ေနာက္မွာ သူ႔သားသမီးေတြျဖစ္တဲ့ Cronus နဲ႔တိုက္တန္ေတြကို အႏိုင္ရသူအိုလံပီရန္ေတြက ေျမေအာက္ကမာၻမွာအက်ဥ္းခ်ထားတာကို မေက်နပ္လို႔  Gaia က နတ္ဘုရင္ Zeus ကိုဖ်က္စီးဖို႔စီမံပါတယ္။
Typhon ဆိုတဲ့ မိစာၦသတၱဝါဆိုးႀကီးကို ေမြးၿပီး Zeus ဦးေဆာင္တဲ့ Olympian နတ္ဘုရားေတြကို တိုက္ခိုက္ေစတယ္။
 
Typhon က မိစာၦသတၱဝါဆိုးေတြအားလုံးရဲ႕ ဖခင္ႀကီးျဖစ္ၿပီး ရက္စက္ၾကမ္းၾကဳတ္မႈမွာၿပိဳင္ဖက္ကင္းတယ္။
သူ႔ရဲ႕ကိုယ္ခႏၶာအ‌ေပၚပိုင္းက လူသားနဲ႔တူၿပီးခါးေအာက္ပိုင္းက စၿပီးေႁမြတစ္ေကာင္ရဲ႕ကိုယ္လုံးမ်ိဳးျဖစ္တယ္။
သူ႔ရဲ႕လက္ေခ်ာင္းေတြမွာ ေႁမြဆိုးေပါင္း တစ္ရာ ရွိၿပီး သူ႔တစ္ကိုယ္လုံးမွာလဲ ေတာင္ပံေပါင္း တစ္ရာရွိတယ္။
မ်က္လုံးေတြက မီးဝင္းဝင္းေတာက္ေနၿပီး သူ႔ေမး႐ိုးကိုဟၿပီးရင္ မီးေတာက္မီးလွ်ံေတြ ထုတ္လႊတ္ႏိုင္တယ္။
ခြၽန္တဲ့နား႐ြက္ေတြရွိတယ္။
နဖူးမွာခ်ိဳႏွစ္ေခ်ာင္းနဲ႔ မုတ္ဆိတ္ေမြးရွည္ႀကီးေတြကိုပိုင္ဆိုင္တယ္။
သူ႔အရပ္ကျမင့္မားလြန္းလို႔  သူ႔ေခါင္းက ၾကယ္တာရာေတြကို ထိလုမတတ္ျမင့္မားထြားႀကိဳင္းတယ္လို႔ဆိုတယ္။
Typhon နဲ႔ နတ္ဘုရင္ Zeus တို႔ရဲ႕တိုက္ပြဲမွာ တမန္ေတာ္နတ္ဘုရား Hermes နဲ႔ သူ႔သားတစ္ေယာက္ျဖစ္တဲ့ Pan ကကူညီခဲ့လို႔ Zeus အႏိုင္ရခဲ့တယ္။

သူ႔ေနာက္ကိုလိုက္လာတဲ့ Typhon လက္ကေနလြတ္ဖို႔အတြက္ Pan ဟာေရထဲကိုခုန္ဆင္းၿပီး သူ႔ခါးေအာက္ပိုင္းကို ငါးတစ္ေကာင္လိုမ်ိဳးျဖစ္ေအာင္ေျပာင္းလိုက္ရတယ္။
အဲဒီေနာက္ေတာ့ ေရကူးၿပီး Typhon လက္ကေနလြတ္ေျမာက္သြားခဲ့ပါတယ္တဲ့။

နတ္ဘုရင္ Zeus ကိုအႀကိမ္ႀကိမ္ကူညီခဲ့ဖူးတဲ့ ဆိတ္နတ္ပန္ (Pan) ကို ဂုဏ္ျပဳၿပီး Zeus ကေကာင္းကင္မွာ ၾကယ္တာရာတစ္ခုဖန္တီးေပးခဲ့ရာကေန ဆိတ္တစ္ေကာင္ရဲ႕အေပၚပိုင္းနဲ႔ ငါးတစ္ေကာင္ရဲ႕အၿမီးပိုင္းပုံရွိတဲ့ မကာရနကၡတ္ ျဖစ္လာခဲ့ပါတယ္တဲ့။

အေပၚမွာေရးခဲ့တဲ့ အေၾကာင္းအရာသုံးခုကေတာ့ ေမာင္ဇိဖတ္လို႔ရသမွ်ထဲက ေကာက္ႏုတ္ထားတဲ့ မကာရရာသီခြင္ (Capricorn)နဲ႔ပက္သက္တဲ့ဟာေတြပါပဲ။ ေဗဒင္အေၾကာင္းေရးတာမဟုတ္ပဲ ဒ႑ာရီအေၾကာင္းပဲေျပာခ်င္တာျဖစ္လို႔ ေဗဒင္အလိုအရ Capricorn ရာသီဖြားေတြ ေတြအေၾကာင္းေျပာတာကိုေတာ့ ထည့္မေရးထားပါဘူး။
ဒ႑ာရီနဲ႔ပက္သက္လို႔ကေတာ့ မျပည့္စုံတာရွိရင္၊ မွားယြင္းတာေလးေတြရွိရင္လဲ သည္းခံၿပီး၊ သိတာေတြရွိရင္လဲ ေျပာျပႏိုင္ပါတယ္လို႔။

ေမာင္ဇိ
Ref: Various sources from internet


















No comments:

Post a Comment