Saturday, January 9, 2021

မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၆) { နတ်ဘုရားတို့၏ ရတနာများ (၁) }

မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၆) { နတ်ဘုရားတို့၏ ရတနာများ (၁) }
----------------------------------------------------------------------------

နတ်ဘုရားမများ
***************
နတ်ဘုရားတွေနေတဲ့ အေ့ာစ်ဂေ့ါ (Asgard) ဘုံမှာ ထင်ရှားတဲ့နတ်ဘုရားမတွေထဲမှာမှ အထင်ရှားဆုံးက နတ်ဘုရားမ ဖရစ်ဂျ် (Frigg)၊ နတ်ဘုရားမဖရေယာ(Freyja)နဲ့ နတ်ဘုရားမ ဆစ်ဖ် (Sif) တို့ သုံးယောက်ပဲ။

နတ်ဘုရားမ ဖရစ်ဂျ်က လောကရဲ့ဖခင် နတ်ဘုရင်ကြီး အိုဒင် (Odin allfather) ရဲ့ မိဖုရားကြီးဖြစ်လို့ သြဇာအရရော၊ ဝါအရရော နတ်ဘုရားမတွေထဲမှာ ထင်ရှားတယ်လို့ဆိုနိုင်တယ်။ လူသားတွေရဲ့ကောက်ပဲ သီးနှံဖြစ်ထွန်းမှုကိုစောင့်ရှောက်ကောင်းချီးပေးတဲ့ နတ်ဘုရားပျို ဖရေး(Frey) ရဲ့ညီမဖြစ်တဲ့ ဗာနီးရ်ဇာတိ (Varnir) နတ်ဘုရားမ ဖရေယာကတော့ လှပမှုမှာပြိုင်ဘက်ကင်းပြီး ကမ္ဘာကိုးခုလုံးမှာအလှအပနဲ့ထင်ရှားတယ်။ ဒ့ါအပြင် ဆေးဒါရ် (Seidr) မှော်ပညာကို တစ်ဖက်ကမ်းခပ်တတ်တဲ့သူတစ်ယောက်လဲဖြစ်သေးတယ်။ ပြီးတော့ လူ့ကမ္ဘာမစ်ဂေါ့ (Midgard) ကစစ်ပွဲတွေမှာ သူရဲကောင်းပီသစွာကျဆုံးသွားသူတွေရဲ့ တစ်ဝက်ကို သူစီမံခွင့်ရထားတယ်။ ကျန်တဲ့တစ်ဝက်ကတော့ စစ်နတ်ဘုရားအိုဒင်ရဲ့ ခန်းမကြီးသုံးခုထဲက တစ်ခုဖြစ်တဲ့ ရဲရင့်သူတို့စံပျော်ရာ ဗယ်ဟာလာ (Valhalla) ခန်းမထဲမှာ အမျိုးသမီးနတ်စစ်သည်တော် ဗဲလ်ကီရီ  (Valkyrie) တွေရဲ့လမ်းပြမှုနဲ့ အတိုက်အခိုက်၊ အသတ်အပုတ်၊ စစ်နည်းဗျူဟာတွေကို အပြင်းအထန်လေ့ကျင့်နေကြရတာပါ။

အဲဆီးရ်မျိုးနွယ် (Aesir)နတ်ဘုရားမ ဆစ်ဖ်ကိုတော့ လှပချောမောတဲ့နတ်ဘုရားမတစ်ပါးအဖြစ်သာမက လူသားကမ္ဘာမစ်ဂေါ့ (Midgard) နဲ့ နတ်ဘုရားကမ္ဘာ‌‌အော့စ်ဂေါ့(Asgard)ရဲ့ ကာကွယ်စောင့်ရှောက်သူ နတ်ဘုရားသောရ် (Thor) ရဲ့ကြင်ယာတော်အဖြစ်ပါ သိကြပါတယ်။
 အလှအပတွေအများကြီးရှိတဲ့ ဆစ်ဖ်ရဲ့ အထင်ရှားဆုံးအလှတစ်ခုကတော့ လှပသွယ်ပြောင်းပြီး ရှည်လျားလှတဲ့ သူ့ရဲ့ရွှေအိုရောင်ဆံနွယ်တွေပါပဲ။

ဆစ်ဖ်ရဲ့ဆံနွယ်များ
*****************
ရာသီဥတုကောင်းမွန်တဲ့ မနက်ခင်းတစ်ခုမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပြီး အိပ်ရာကနေ လန်းဆန်းစွာနိုးလာတဲ့ နတ်ဘုရားသောရ်က သူ့ဘေးမှာအိပ်ပျော်နေတဲ့ ကြင်ယာတော် ဆစ်ဖ်ကို ကြင်ကြင်နာနာနဲ့ကြည့်လိုက်တယ်။ ချက်ချင်းပဲ သောရ်ရဲ့မျက်လုံးတွေက မယုံကြည်နိုင်မှုနဲ့ ပြူးကျယ်သွားပြီး

“ ဆစ်ဖ်...ဆစ်ဖ်၊ ထပါဦး”

အိပ်ပျော်နေတဲ့ ဆစ်ဖ်ကို ညင်ညင်သာသာလှုပ်နှိုးလိုက်တယ်။
ရွှေရောင်မျက်တောင်လေးတွေနဲ့ရံထားတဲ့ လှပတဲ့အပြာရောင်မျက်လုံးလေးတွေပွင့်လာပြီးသောရ်ကို ပြုံးပြတယ်။ မနက်တိုင်းမြင်ရတဲ့ နှင်းဆီဖူးလိုလှပတဲ့နှုတ်ခမ်းရဲ့အပြုံးက သောရ်ကိုအမြဲကျေနပ်စေခဲ့ပေမဲ့ ဒီတစ်ခါတော့ သောရ်ရဲ့အမူအရာတွေကကျေနပ်ဟန်မပေါ်လာပဲ ထူးခြားနေတယ်။

“ ဆစ်ဖ်...မင်းဆံပင်တွေ…”

ဆစ်ဖ်ကသူ့ခေါင်းကိုပြန်စမ်းကြည့်လိုက်တဲ့အခါမှာ သူ့ရဲ့အပြာရောင်မျက်လုံးလှလှလေးတွေပါ အံ့သြထိတ်လန့်မှုနဲ့ ပြူးကျယ်သွားရတော့တယ်။ သူအမြဲဂုဏ်ယူရတဲ့ ဆံပင်တွေ တစ်ချောင်းမှမရှိတော့ပါလား။
ဆစ်ဖ်ရဲ့အလှဆိုပြီး လူတွေချီးမြှောက်ကြတဲ့ ရွှေအိုရောင်ဆံပင်တွေ ခေါင်းပေါ်မှမရှိတော့ဘူး။
အဲဒီအစား ပန်းရောင်ဦးပြည်းကတုံးလေးပဲကျန်တော့တယ်။
ပန်းနုရောင်ခေါင်းပြောင်ပြောင်လေးနဲ့ နဝေတိမ်တောင်ဖြစ်နေတဲ့ ဆစ်ဖ်ဟာ အိပ်ရာဘေးမှာကျနေတဲ့ သူမရဲ့လှပတဲ့ ရွှေရောင်ဆံပင်အထွေးလိုက်ကိုမြင်ရချိန်မှာတော့ မျက်ရည်တွေရုတ်တရက်ကျလာတော့တယ်။

“ကျွန်မ...ကျွန်မဆံပင်တွေ အားလုံးကုန်သွားပြီ...မရှိတော့ဘူး”
ငိုသံတွေဗလုံးပထွေးကြားကပဲ
“သောရ်...ဘယ်လိုလုပ်ကြမလဲ၊ ကျွန်မရဲ့ဆံပင်တွေအကုန်ကျွတ်သွားပြီ”

“မငိုနဲ့ အချစ်...တိတ်ပါ။ ဒါ သွေးရိုးသားရိုးမဖြစ်နိုင်ဘူး”

ဆစ်ဖ်ကတော့ ရှိုက်ကြီးတငင်ငိုကြွေးနေတယ်။

“ကျွန်မဆံပင်တွေမရှိတော့ရင် နတ်ဘုရားတွေကြားမှာ ဘယ်လိုမျက်နှာပြရတော့မလဲ”

သောရ်ကနားထင်ကျောတွေထောင်ထလာတဲ့ထိ အံကြိတ်၊ မျက်မှောင်ကြုံ့စဥ်းစားလိုက်ရင်း
“ဒါ...ဟိုကောင် လိုကီရဲ့ လက်ချက်ပဲဖြစ်ရမယ်။ သေချာပါတယ်။ ဒင်းလက်ချက်ပဲဖြစ်မှာပဲ”

သူ့ချစ်ဇနီးရဲ့ ဆံပင်တွေဆုံးရှုံးသွားလို့ ဒေါသတွေတလိပ်လိပ်တက်လာတဲ့သောရ်က အိပ်ရာပေါ်ကနေခုန်ဆင်းပြီး လိုကီ (Loki) ကိုရှာဖို့ အခန်းထဲကထွက်သွားတော့တယ်။

လိုကီရဲ့ဖြောင့်ချက်
*******************
“ဝုန်း”
လိုကီရဲ့ အခန်းတံခါးကိုကန်ဖွင့်ပြီး အထဲကိုသောရ်ဝင်သွားချိန်မှာ အရက်မူးပြီး အိပ်ပျော်နေတဲ့ လိုကီကိုတွေ့လိုက်ရတယ်။

“ လော်ဖေးရဲ့သား လိုကီ ထစမ်း...သင် ငါ့မိန်းမရဲ့ဆံပင်တွေကို ဘာလုပ်လိုက်တာလဲ၊ ပြောစမ်း”

“ငါဘယ်တုန်းကလုပ်လို့လဲ။ ငါ့ဟာငါမူးပြီးအိပ်ပျော်နေတာ”

စိတ်တိုနေတဲ့သောရ်က လိုကီကို အိပ်ရာထဲကနေဆွဲထုတ်လိုက်ပြီး အင်္ကျီကော်လာနှစ်ဖက်ကနေ ဆွဲလို့လေထဲမှာမြှောက်ထားလိုက်ရင်း

“ သင်လိမ်ဖို့မကြိုးစားနဲ့၊ ဒါမျိုးလုပ်တတ်တာ သင်ပဲရှိတယ်။ သင် မဟုတ်ရင် တခြားဘယ်သူရှိဦးမှာလဲ၊ အိုဒင်ကိုယ်တိုင်ပဲဖြစ်ရဦးမလား”

လိုကီက ရုန်းဖို့ကြိုးစားပေမဲ့ အရာမရောက်ဘူး။ လူကောင်ထွားပြီး ခွန်အားဗလကြီးမားလှတဲ့ သောရ်ရဲ့ လက်ထဲမှာ ပိန်သွယ်သွယ်လိုကီက ယက်ကန်ယက်ကန်ဖြစ်နေတယ်။ မုတ်ဆိတ်နီကြီးတွေနဲ့ သူ့မျက်နှာနားကိုကပ်ပြီးအော်နေတဲ့ သောရ်ကိုလဲ သူနိုင်အောင်ချနိုင်မှာမဟုတ်ဘူးဆိုတာ သေချာသိနေတယ်။

“ ငါ...ငါ ညကမူးပြီး လုပ်လိုက်မိတာ”
“ဘာလုပ်လိုက်တာလဲ ပြော”

သောရ်က လိုကီကိုဆွဲခါလိုက်ရင်း အော်မေးတယ်။
“ ညက သင်တို့အိပ်နေတုန်း ငါယင်ကောင်ပုံပြောင်းပြီး သင်တို့အခန်းထဲကိုဝင်ခဲ့တာ”

“ပြီးတော့ရော...ပြီးတော့ ငါ့မိန်းမရဲ့ဆံပင်တွေကို သင်ဘာလုပ်လိုက်တာလဲ”
စိတ်မရှည်တဲ့သောရ်က မိုးကြိုးလိုဟိန်းတဲ့အသံနဲ့ ထပ်အော်တယ်။

“ငါ ဓါးနဲ့အကုန်လုံးရိတ်လိုက်မိတယ်”
မျက်တောင်လေးပုတ်ခတ်၊ပုတ်ခတ်လုပ်ရင်း လိုကီကဖြေတယ်။

“ ပြောစမ်း၊ ငါ့မိန်းမရဲ့ဆံပင်တွေ အမြန်ဆုံးပြန်ပေါက်လာအောင်ဘယ်လိုလုပ်ရမလဲပြောစမ်း”

လိုကီက ဆံပင်အနီ၊ မုတ်ဆိတ်အနီကြားက ဒေါသနဲ့ နီရဲနေတဲ့သောရ်ရဲ့ မျက်နှာကို မဝံ့မရဲကြည့်လိုက်ပြီး

“ ပြန်မပေါက်တော့ဘူး။ ငါအမြစ်တွေပါ နှုတ်ပစ်လိုက်တာ”

“ ဘာကွ!”

သောရ်ရဲ့အသံက မိုးကြိုး (၁၀) ခုတပြိုင်နက်ပစ်လိုက်သ‌လောက်ကို ကျယ်သွားတယ်။
ပါးနပ်သူပီပီ၊ အသက်နဲ့ကိုယ် အိုးစားကွဲရကိန်းရှိတာကိုမြင်တဲ့လိုကီက အလျှင်အမြန်ပဲ

“ ဒါပေမဲ့ ငါ့မှာ နည်းလမ်းရှိပါတယ်”

“ပြောစမ်း၊ အမြန်ပြောစမ်း၊ မဟုတ်လို့ကတော့ သင့်ရဲ့အရိုးပိန်လေးတွေကို ဆောင်းတွင်းသစ်ခြောက်ပင်တွေက အကိုင်းတွေကိုချိုးပစ်သလိုမျိုး တစ်ချောင်းပြီးတစ်ချောင်းချိုးပစ်မယ်”

လိုကီက တံတွေးကိုမျိုချလိုက်ပြီး

“ လူပုတွေရှိတယ်။ ပန်းပဲ၊ ပန်းတိမ်၊ လက်မှုအတတ်တွေမှာ တစ်ဖက်ကမ်းခတ်တော်တဲ့ လူပုတွေရှိတယ်။ ငါသူတို့ကို ဆံပင်တွေပြန်လုပ်ခိုင်းလိုက်မယ်။ သူတို့ လုပ်နိုင်မှာသေချာတယ်”

“ အေး...ကောင်းပြီ။ သင်ပြောတဲ့အတိုင်းဖြစ်ပါစေ။ မဟုတ်လို့ကတော့ သင့်ဆံပင်တွေကိုလဲ ငါ့ရဲ့သနားစရာ ဆစ်ဖ်လေးလိုခေါင်းပြောင်သွားတဲ့ထိ တစ်ချောင်းချင်းနှုတ်ပစ်မယ်။ သင့်နံရိုးတွေကို အကုန်ကုန်တဲ့ထိချိုးပစ်မယ်”

သောရ်က လိုကီကို ဆောင့်ချလိုက်ပြီး အခန်းထဲကနေ ခြေသံပြင်းပြင်းနဲ့ထွက်သွားတယ်။
အမူးပြေသွားတဲ့လိုကီကတော့ သက်ပြင်းရှည်ကြီးချလိုက်ပြီး သူ့နံရိုးတွေကို တစ်ချောင်းချင်းလိုက်စမ်းရင်း ကျန်ခဲ့လေရဲ့။

အီဗာဒီ၏သားများ
************
ဆစ်ဖ်ရဲ့ ဆံပင်တွေပြန်မရရင် သောရ်ရဲ့အမျက်ကနေ ဘယ်မှာမှ ပုန်းလို့မရနိုင်မှန်းသိတဲ့လိုကီက သက်တန့်တံတား ဘီးဖရော့စ် (Bifrost) ကိုဖြတ်ပြီး လူသားတွေနေထိုင်တဲ့ မစ်ဂေါ့ကမ္ဘာကို ဆင်းသွားတယ်။ မြောက်ဘက်စူးစူးကို ရက်ပေါင်းများစွာသွားပြီးတဲ့နောက်မှာတော့ အဲဒီကမှတဆင့် မြေအောက်ကိုဆင်းပြီး လူပု (Dwarf)တွေနေထိုင်ရာ ကမ္ဘာဖြစ်တဲ့ ဆွာ့တ်အယ်ဖာဟိုင်းမ် (Svartalfheim) ကိုထပ်ဆင်းသွားလိုက်တယ်။ ဆွာ့တ်အယ်ဖာဟိုင်းကမ္ဘာရဲ့ တစ်နေရာမှာရှိတဲ့ ကျောက်ဂူကြီးတစ်ခုရှေ့ကိုအရောက်မှာတော့ ရုပ်ချင်းခွဲမရအောင်တူတဲ့ လူပုကြီး (၃)ယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်။

အဲဒီလူပုကြီးသုံးယောက်ရဲ့အဖေက ပန်းပဲအကျော်အမော် အီဗာဒီ (Ivaldi) ဆိုတဲ့ လူပုကြီးဖြစ်ပြီး သူ့သားတွေကို ပညာကုန်သင်ပေးခဲ့လို့ အီဗာဒီရဲ့သားသုံးယောက်ကလဲ ပန်းပဲအတတ်မှာပြိုင်ဘက်ကင်းတယ်လို့ နာမည်ကြီးတယ်။

“ မင်္ဂလာပါ...အီဗာဒီရဲ့သားတို့”
လိုကီက အပြုံးချိုမြမြနဲ့ နှုတ်ဆက်လိုက်ပေမဲ့ အီဗာဒီရဲ့ သားသုံးယောက်ကတော့ လှည့်ပတ်ဖျားယောင်းမှုမှာ သူမတူအောင်ထူးချွန်သူလို့ နာမည်ကြီးတဲ့ လိုကီကို သံသယမျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး

“ သင် ဘာလိုချင်လို့ ရောက်လာရပြန်တာလဲ အလှည့်အပတ်ဝိဇ္ဇာ လိုကီ”
လို့ သူတို့ထဲက အကြီးဆုံးဖြစ်ဟန်တူတဲ့တစ်ယောက်က ဆီးမေးလိုက်တယ်။

“လိုချင်လို့ မဟုတ်ပါဘူး၊ ပေးချင်လို့ပါ”
လိုကီက နှုတ်ခမ်းပါးပါးလေးတွေကို တွန့်ကွေးရုံလေးပြုံးလိုက်ပြီး ရိုးသားဖြူစင်ဟန်နဲ့ပြန်ပြောတယ်။

“လိုကီက ငါတို့ကို သဘောရိုးနဲ့ တစ်ခုခုပေးမလို့ဟုတ်လား။ ယုံရခက်ကြီးပဲ”
အီဗာဒီရဲ့ သားသုံးယောက်ထဲက အရပ်အရှည်ဆုံးတစ်ယောက်က မှတ်ချက်ချတယ်။

“ ဟုတ်တယ်။ သင်တို့ကို ပေးမလို့လာတာ။
နတ်ဘုရားတွေရဲ့ မိတ်ဆွေမဖြစ်ချင်ကြဘူးလား။
အော့စ်ဂေါ့က နတ်ဘုရားတွေက အသိအမှတ်ပြုပြီး အကာအကွယ်ပေးတာ မလိုချင်ကြဘူးလား”

လို့ လိုကီက သေချာကြောင်းထပ်ပြောတယ်။

“ တကယ်ပြောတာလား”

အီဗာဒီရဲ့ သားတစ်ယောက်က လွှတ်ခနဲ ပြောလိုက်တာကို လိုကီကလိုက်နင်းပြီး

“ တကယ်ပေါ့...နတ်ဘုရားတွေက သင်တို့ရဲ့ အစွမ်းအစကိုကြည့်ပြီး မိတ်ဆွေတွေအဖြစ်အသိအမှတ်ပြုကြလိမ့်မယ်။ အဲဒီအတွက် တောင်တန်းတွေရဲ့ ဟိုဘက်မှာရှိတဲ့ ဘရော့ခ်
 နဲ့ အီထရီ ညီအစ်ကိုတွေထက် သင်တို့ကပိုတော်ကြောင်းတော့ သက်သေပြရမယ်”

“ဘာ...ဘရော့ခ်တို့ညီအစ်ကို ဟုတ်လား။ သူတို့က ငါတို့နဲ့ယှဥ်ရင် ဘာမှမဟုတ်ပါဘူးကွာ”
လို့ မခံချင်ဖြစ်သွားတဲ့ တစ်ယောက်က ဝင်ပြောတယ်။

“ ဒါဖြင့် ခေါင်းပေါ်မှာတပ်လို့ရမဲ့ ဆံပင်အစစ်နဲ့ မခြားတဲ့ ရွှေရောင်ဆံပင်တွေ သင်တို့လုပ်နိုင်ပါ့မလား”

“ ဘာလို့ မလုပ်နိုင်ရမှာလဲ၊ ခေါင်းပေါ်ကိုရောက်တာနဲ့ ဦးရေပြားနဲ့ တသားတည်းဖြစ်သွားရုံမက ပုံမှန်ဆံပင်အတိုင်းရှည်လာမဲ့ ဆံပင်မျိုးတောင်လုပ်နိုင်သေးတယ်။ ဒါပေမဲ့ ဘာလို့ ဆံပင်တွေလုပ်ရမှာလဲ”

လိုကီက သူနောက်ပြောင်တာလွန်သွားလို့ သောရ်ရဲ့ကြင်ယာ ဆစ်ဖ်မှာ ဆံပင်တစ်ချောင်းမှမကျန်တော့တဲ့အကြောင်းရှင်းပြလိုက်တယ်။ အဲဒီဆံပင်တွေကိုသာ ရအောင်ဖန်တီးနိုင်ရင် သောရ်နဲ့ ဆစ်ဖ်တို့ရဲ့ကျေးဇူးတင်မှုပါရမဲ့အကြောင်း ထပ်လောင်းပြောလိုက်သေးတယ်။

“ အိုး၊ ဒီဆံပင်လောက်ကတော့ ငါတို့ညီအစ်ကိုသုံးယောက်အတွက်က လွယ်လွန်းလို့။ တခြားလက်ဆောင်တွေပါ သေချာလုပ်ပေးမယ်”

“အေးလေ...ဒါကတော့ သင်တို့သက်သေပြရမဲ့အပိုင်းပဲ။ နတ်ဘုရားတွေကို ရွှေဆံပင်အပါအဝင်
ထူးခြားကောင်းမွန်တဲ့ လက်ဆောင်သုံးခုသာလုပ်ပေး။ နတ်ဘုရားတွေသဘောကျရင် သင်တို့က နတ်ဘုရားတွေရဲ့မိတ်ဆွေဖြစ်ပြီ”

“သေချာလား လိုကီ”
“သေချာတာပေါ့။ ငါ အာမခံတယ်”

နတ်ဘုရားတွေနဲ့ မိတ်ဆွေဖြစ်ချင်တာရော၊ ဘ‌ရော့ခ်တို့ညီအစ်ကိုထက် သာကြောင်းပြချင်တာရောကြောင့် လူပုတွေက လိုကီပြောတဲ့အတိုင်းလုပ်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။

“ ဟုတ်ပြီလေ။ သင့်စကားသာတည်ပါစေ။ ငါတို့ အစွမ်းပြဖို့ကတော့ အသင့်ပဲ”
လို့ ပြောပြီး လူပုတွေက ပန်းပဲလုပ်ဖို့ မီးတွေ စပြင်တော့တယ်။

ပန်းပဲဖိုမှာ လိုအပ်တဲ့ မီးရပြီဆိုတာနဲ့ လူပုတွေထဲက တစ်ယောက်က ရွှေတုံးတစ်တုံးကို ယူချလာတယ်။
ပြီးတော့ လူပုတွေသာသိတဲ့ ဘာသာစကားနဲ့ မန်းရင်း၊ မှုတ်ရင်း၊ အပူပေးရင်း၊ နန်းဆွဲရင်း၊ တူထုရင်း ရွှေတုံးကနေ ရွှေမျှင်တွေဖြစ်လာတယ်။ လူပုမှော်ပညာနဲ့ လက်မှုကျွမ်းကျင်မှုတွေပေါင်းစပ်ပြီး ထုဆစ်လိုက်ကြတာ မကြာခင်မှာပဲ လေထဲမှာ တလွင့်လွင့်မျောနိုင်တဲ့ထိ နူးညံ့ပေါ့ပါးပြီး ဆံပင်အစစ်နဲ့မခြားတဲ့ ရွှေရောင်ဆံနွယ်တွေကို ရလာတော့တယ်။

“ဒါကတော့ သင့်လက်ချက်နဲ့ ဂတုံးမဘဝရောက်သွားရှာတဲ့ နတ်ဘုရားမ ဆစ်ဖ်အတွက်”
လူပုတွေက ရွှေရောင်ဆံပင်အုံကြီးကို လိုကီ့ကိုပြလိုက်တယ်။

ပြီးတော့ ငွေတုံးတစ်တုံးနဲ့ သတ္တုတုံးတစ်တုံးယူလာပြီး မီးဖိုထဲထည့် ထုကြ၊ နှက်ကြ မန်းမှုတ်ကြပြန်တယ်။
မကြာခင်မှာပဲ လှံတံတစ်ချောင်းထွက်လာတယ်။

“ဒါက အိုဒင့်အတွက်လှံတံ၊ ဂွန်နီးယာ”

အီဗာဒီရဲ့သားတွေက လှံရဲ့နာမည်ကို ဂွန်နီးယား (Gungnir) လို့ပြောလိုက်တယ်။

အဲဒီနောက် ငွေသားနဲ့ သစ်သားတွေယူလာပြန်ပြီး ဖိုပေါ်မှာတင် ဆက်ပြီးတော့ အလုပ်လုပ်နေကြတယ်။

လိုကီက တစ်ယောက်တည်းပြုံးပြီး လူပုတွေဆီကထွက်လာခဲ့လိုက်တယ်။ ဒီတစ်ခါသူဦးတည်နေတာက တောင်တန်းတွေရဲ့ ဟိုဘက်ခြမ်းမှာရှိတဲ့ ဘ‌ရော့ခ်နဲ့ အီထရီ ညီအစ်ကိုဆီကို။

ဘရော့ခ်နဲ့ အီထရီ
******************
ဘရော့ခ် (Brokk) နဲ့ အီထရီ (Eitri) တို့ကိုသူတို့ရဲ့ အလုပ်ရုံမှာပဲတွေ့ရတယ်။
လိုကီ့ကို မြင်တော့ ဘရော့ခ်က မျက်ခုံးပင့်ကြည့်တယ်။

“ ဘာကိစ္စလဲ လိုကီ”

“ သင်တို့ နှစ်ယောက်က အတော်ဆုံး ပန်းပဲအတတ်ပညာရှင်တွေဆိုတာ လူပြောသူပြောများပေမဲ့ အီဗာဒီရဲ့သားတွေကတော့ သင်တို့နှစ်ယောက်က မြင်းခွာတောင်ဖြောင့်အောင်မရိုက်နိုင်တဲ့ အသုံးမကျတဲ့ အလကားလူတွေလို့ ထင်နေကြပါလား”

“ဘာလဲ သင်ကငါတို့ကို သပ်ရှိုသွေးခွဲရန်တိုက်ပေးဖို့လာတာလား”

“ဟာ မဟုတ်ပါဘူး။ သင်တို့တွေ ဘယ်သူက အမှန်တကယ်သာတယ်ဆိုတာ သိချင်ရုံသက်သက်ပါ”

လိုကီက တကယ်ကို မသိနားမလည်တဲ့မျက်နှာပေးလေးနဲ့

“ ပြီးတော့...အီဗာဒီရဲ့ သားသုံးယောက်က နတ်ဘုရားတွေကိုပေးဖို့အတွက် ကမ္ဘာကိုးခုမှာ အကောင်းဆုံးဆိုတဲ့ ရတနာတွေကိုဖန်တီးထုလုပ်နေကြသဗျ။ သင်တို့သာ သူတို့ထက်သာတဲ့လက်ဆောင်မလုပ်နိုင်ဘူးဆိုရင် သူတို့ညီအစ်ကိုသုံးယောက်က အတော်ဆုံးပညာရှင်တွေဆိုတာတော့ လက်ခံရမှာပဲ”

“ ဟားဟား...သင်က ငါတို့ညီအစ်ကိုကို လာစမ်းသပ်နေတာပဲ။
ကဲ.. သူတို့ထက်သာတဲ့လက်ဆောင်တွေလုပ်နိုင်ရင် သင်ဘာပေးမလဲ”

အီထရီက လိုကီ့ကိုမေးလိုက်တယ်။
“ သင်တို့မလုပ်နိုင်ပါဘူး။ လောင်းတောင်လောင်းလိုက်ချင်သေးတယ်”

“ ဟုတ်ပြီလေ။ ဒါဆိုလဲ သင့်ခေါင်းကို လောင်းကြေးထပ်ကြတာပေါ့။ ဘယ်လိုလဲ”
လိုကီက တစ်ချက်စဥ်းစားလိုက်ပြီး
“ရတယ်လေ၊ ငါ့ခေါင်းနဲ့တောင်လောင်းလိုက်ဦးမယ်”

“ဉာဏ်များတဲ့လိုကီ့ခေါင်းနဲ့ တို့တွေတစ်ခုခုတော့ ဖန်တီးလို့ရကြဦးမှာပေါ့။ ဟုတ်တယ်မဟုတ်လား အီထရီ”
လို့ ဘရော့ခ်က သူ့ညီကိုလှမ်းပြောလိုက်တယ်။

“ဒါပေါ့ စကားပြောပြီး အကြံဆိုးတွေပေးတတ်တဲ့ အရုပ်တွေဘာတွေလုပ်လို့ရတာပဲ။ ဒါမှမဟုတ် အလှပြထားတောင် လိုကီရဲ့ခေါင်းဆိုရင် လူတွေက စိတ်ဝင်စားကြမှာ”

အဲဒီနောက်တော့ အလုပ်စဖို့ပြင်ကြတော့တာပါပဲ။
ညီအစ်ကိုနှစ်ယောက်မှာ အီထရီက ပိုပြီးကျွမ်းကျင်တဲ့ ပန်းပဲသမား။
ဒီတော့ဘရော့ခ်က ဖားဖိုကြီးကို တရှဲရှဲထိုးပြီး မီးမပြတ်အောင် တာဝန်ယူရတယ်။
အီထရီကတော့ လက်စွမ်းပြပြီး ပစ္စည်းကိရိယာတွေ ထုလုပ်ပေါ့။

အီထရီက သတ္တုစပ်တစ်ခုကိုယူလာပြီး အလုပ်ရုံထဲကိုဝင်လာတယ်။ ပြီးတော့ဖားဖိုဘေးမှာရှိတဲ့ ဘရော့ခ်ကို
“ငါ ဟိုဘက်မှာ စပြီး အလုပ်လုပ်ပြီဆိုတာနဲ့ မင်းဒီဘက်က မီးတွေကိုအရှိန်မပြတ်စေနဲ့။
မီးအားကောင်းကောင်းမှန်မှန်နော်။ လုံးဝ အတက်အကျမရှိစေရဘူး။ သဘောပေါက်လား”

“ သဘောပေါက်တယ် အစ်ကို။ မင်းလုပ်စရာရှိတာသာသေချာလုပ် ငါ့ဘက်က စိတ်ချ”

ဘရော့ခ်ကို ဖားဖိုရှိရာမှာထားခဲ့ပြီး အီထရီက ပန်းပဲလုပ်ရမဲ့ဖိုမှာ သတ္တုတွေကိုချလိုက်တယ်။
အဲဒီနောက်တော့ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ထုတော့နှက်တော့တာပဲ။ လိုအပ်တဲ့နေရာမှာလဲ ဂါထာ မန္တရားတွေရွတ်ပေါ့

လိုကီကတော့ အပြင်ထွက်လာရင်း တစ်ယောက်တည်းတွေးနေတယ်။

တကယ်လို့ ပြိုင်ပွဲမှာအီဗာဒီရဲ့သားတွေသာ နိုင်ခဲ့ရင် နတ်ဘုရားတွေက ရတနာခြောက်ခုရမယ်။
သူတို့ကို အသိအမှတ်ပြုလိုက်ရုံပဲ။

ဘရော့ခ်တို့ညီအစ်ကို နိုင်ခဲ့ရင်တော့ ရတနာခြောက်ခုရပေမဲ့သူ့ခေါင်းကိုပေးရမယ်။
ဒီတော့ အီဗာဒီရဲ့သားတွေနိုင်နိုင်၊ ဘရော့ခ်ညီအစ်ကိုနိုင်နိုင် နတ်ဘုရားတွေအတွက် အရှုံးမရှိပေမဲ့ သူ့အတွက်ကတော့ ဘရော့ခ်ညီအစ်ကိုတွေ မနိုင်မှဖြစ်မယ်။
ကံထက် ဉာဏ်ကိုပိုယုံတဲ့ လိုကီအတွက်ကတော့ ဘာလုပ်ရမလဲဆိုတာ အကြံကရှိပြီးသားပါပဲ။

ပန်းပဲဖိုက မှက်တစ်ကောင်
*************************
တရှူးရှူး၊ တရှဲရှဲနဲ့ ဖားဖိုထိုးနေတဲ့ ဘရောခ့်ရဲ့မျက်နှာမှာ အပူရှိန်နဲ့ လှုပ်ရှားမှုကြောင့်ချွေးတွေသီးနေတယ်။
ဟန်ချက်ညီညီ အားနဲ့မာန်နဲ့ အလုပ်လုပ်နေတဲ့ ဘ‌ရော့ခ်ရဲ့ အနားကို တဝီဝီအသံပေးရင် ဧရာမမှက်ကြီးတစ်ကောင် ကပ်လာတယ်။
မြင်းမှက်၊ ယင်ကောင်၊ ခြင်တွေထက်ကြီးတဲ့ မှက်ကြီးတစ်ကောင်။
ဖားဖိုရဲ့လက်ကိုင်ကို ကိုင်ထားတဲ့ ဘရော့ခ်ရဲ့လက်ပေါ်မှာ အသာအယာနားလိုက်ပြီး အားရပါးရ စူးစူးနစ်နစ်ကိုက်ထည့်လိုက်တယ်။
ကြမ်းတမ်းတဲ့လက်တွေပေါ်မှာ ရုတ်တရက်ဖြစ်လာတဲ့နာကျင်မှုကြောင့် ငုံ့ကြည့်လိုက်တဲ့အခါ သူ့လက်ကို အသည်းအသန်ကိုက်နေတဲ့ မှက်ကို ဘရော့ခ်တွေ့လိုက်ရတယ်။
ဒါပေမဲ့ ဘရော့ခ်က လက်ကို ဖားဖိုပေါ်ကနေမလွှတ်ဘူး။
နာကျင်မှုကိုတင်းခံပြီး အံကြိတ်ရင်း မီးပဲဆက်ပေးနေတဲ့ ဘရော့ခ်ကို မှက်ကလဲ သည်းကြီးမည်းကြီးကိုက်တုန်းပဲ။
အတော်လေးကြာချိန်မှာ အီထရီရောက်လာတယ်။
“ သိပ်ကောင်းတယ် ဘရော့ခ်၊ မင်းမီးပေးတာကောင်းလို့ အဖိုးတန်ရတနာတစ်ခုပြီးသွားပြီ။
ဒီမှာကြည့်”
လက်မှာကိုက်နေတဲ့ မှက်က မျက်နှာကျက်ကိုပျံတက်သွားပြီးညီအစ်ကိုနှစ်ယောက်ကို မျက်နှာကျက်ကနေကြည့်နေတယ်။

အီထရီက လက်မောင်းမှာတပ်ရတဲ့ သတ္တုကွင်းလေးတစ်ခုကိုပြပြီး
“ ဒရော့ပ်နီးယာ” လို့ပြောလိုက်တယ်။
“ဒရော့ပ်နီးယာ...စီးကျတယ်ဆိုတဲ့ အဓိပ္ပါယ်လား”
ဘရော့ခ်က သံယောင်လိုက်ပြောတယ်။

“ဟုတ်တယ်။ ဒါ အိုဒင့်ကိုပေးဖို့ ရွှေလက်မောင်းကွင်း။ နောက်ကျမှ မင်းကိုပြောပြမယ်”
 အီထရီက ဒရော့ပ်နီးယာ (Draupnir) ကိုပြန်သိမ်းလိုက်တယ်။ ပြီးတော့ ‌တောဝက်သားရေကြီးတစ်ခုနဲ့ ရွှေတုံးကြီးတစ်တုံးကိုယူပြီး ပြန်ရောက်လာပြန်တယ်။

“ဒီတစ်ခါလဲ ခုနကလိုပဲ။ မီးပြင်းပြင်းကို နည်းနည်းမှ မလျော့စေနဲ့။ အစွမ်းကုန်သာလုပ်”
“စိတ်ချ အီထရီ”
ပြောပြောဆိုဆိုနဲ့ အီထရီထွက်သွားပြီး အလုပ်ပြန်စချိန်မှာ ဖားဖိုထိုးနေတဲ့ ဘရော့ခ်ဆီကို မှက်ကပြန်ရောက်လာတယ်။ နှစ်ပတ်သုံးပတ်လောက်ပတ်ပျံပြီးတဲ့နောက် အားနည်းပုံပေါက်တဲ့ လည်ပင်းပေါ်မှာနားလိုက်တယ်။
အလုပ်ကြိုးစားနေတဲ့ ဘရော့ခ်ရဲ့ လည်ကုပ်ကို အစွမ်းကုန်သုံးပြီး ကိုက်ထည့်လိုက်တယ်။
ဘရော့ခ်က နည်းနည်းတော့ တွန့်သွားတယ်။
ဒါပေမဲ့ အရှိန်ကိုတော့ မလျှော့ပါဘူး။
“ရှူးရှဲ၊ ရှူးရှဲ”
မှက်ကလဲ ကိုက်မြဲ၊ ကိုက်ဆဲ။
မကြာခင်မှာ အီထရီပြန်ရောက်လာပြန်တယ်။
သူ့လက်ထဲမှာရွှေတောဝက်လေးတစ်ကောင်။
တောဝက်ရဲ့အစွယ်နှစ်ခုကတော့ ရွှေရောင်ဝင်းလက်လို့။

“ကောင်းတယ်ဟေ့။ ကောင်းတယ်။
ဒါက ဖရေးအတွက်လက်ဆောင်။
ဂီလင်ဘွတ်စ်တ လို့ခေါ်တယ်”

“ဂီလင်ဘွတ်စ်တ”
ဘရော့ခ်က သူ့ဂုတ်ကိုပွတ်လိုက်ရင်းလိုက်ရွတ်တယ်။
မှက်ကတော့ နံရံတစ်နေရာကနေ အခြေအနေကြည့်နေတယ်။

ဂီလင်ဘွတ်စ်တ (Gullinbusti) ကို ပြန်သိမ်းပြီးတဲ့နောက် မာကျောတဲ့သတ္တုတစ်မျိုးကိုကိုင်ပြီး အီထရီက ဘရော့ခ်ကိုပြောလိုက်တယ်။

“နားထောင်ဟေ့၊ ဒီတစ်ခါတော့ အရေးအကြီးဆုံးပဲ။
ငါ့ရဲ့  အကောင်းဆုံးလက်ရာက ခုမှလာမှာ။
ဒီတစ်ခါ လုံးဝ လုံးဝမှားလို့မရဘူး။
မှားတာနဲ့ သွားပြီပဲ။
ဘယ်နည်းနဲ့မှ မီးအရှိန်ကိုမပြောင်းစေနဲ့ ကြားလား”

“စိတ်ချ အီထရီ”
ဘရော့ခ်က မီးစထိုးပြီဆိုတာနဲ့ မှက်ကရောက်လာပြန်တယ်။ တဝဲလည်လည်လုပ်နေတဲ့ မှက်ကို ဂရုမစိုက်ပဲ မီးကိုပဲ အာရုံစိုက်ပြီးထိုးနေတဲ့ ဘရော့ခ်ရဲ့ မျက်ခွံပေါ်မှာ မှက်ကနားလိုက်တယ်။
မျက်တောင်တွေကို ခတ်ပစ်ပေမဲ့ မှက်က မပျံသွားပဲ မျက်ခွံကို စွဲစွဲမြဲမြဲ၊ အားကုန်ကိုက်လိုက်တယ်။
ဘရော့ခ်က နာကျင်မှုကိုတောာင့်ခံပြီး ပါးစပ်ကလေနဲ့ မျက်ခွံကိုကြိုးစားပြီးမှုတ်ကြည့်တယ်။
ဇွဲကောင်းတဲ့မှက်က ပျံမသွားပဲ အတင်းခဲထားလို့ ဘရော့ခ်ရဲ့ မျက်ခွံကနေ သွေးတွေစီးကျလာတယ်။
မကျခင်မှာပဲသွေးတွေက မျက်လုံးထဲပါ စီးဝင်လာလို့ မြင်ကွင်းက မကောင်းတော့ဘူး။
ဘာမှ ကောင်းကောင်းမမြင်ရတော့လို့ ဘရော့ခ်ကနောက်ဆုံးမှာ အင်မတန်လျှင်မြန်တဲ့အရှိန်နဲ့ လက်တစ်ဖက်ကို ဖားဖိုကလွှတ်ပြီး  မှက်ကိုရိုက်ထည့်လိုက်တယ်။
အင်အားအပြည့်နဲ့ လျှင်မြန်လွန်းတဲ့ရိုက်ချက်ကြောင့် မှက်ခမြာမှာ အသက်မပါသွားအောင် အသည်းအသန်ရှောင်တိမ်းပြီး ပျံထွက်သွားလိုက်ရတော့တယ်။

သိပ်မကြာခင်မှာပဲ အီထရီရောက်လာပြီ ဘရော့ခ်ကို ပြောတော့တယ်။
“ ဘယ်လို လုပ်လိုက်တာလဲကွာ။
ဒီတစ်ခါက အရေးကြီးပါတယ်ဆိုမှ မင်းကမီးကိုငြိမ်အောင်မထိန်းထားဘူး”

ဘရော့ခ်က ဘာမှမပြောပဲ သူ့မျက်ခွံကသွေးတွေကို သုတ်နေတယ်။
 အီထရီက ဆက်ပြောတယ်။
“လုံးဝပျက်စီးသွားဖို့ တည်းတည်းလေးပဲလိုတော့တယ်။
ငါကျွမ်းကျင်လွန်းလို့သာ မပျက်သွားတာ။
ဒါတောင့် မင်းကြော့င်လက်ကိုင်က နည်းနည်းတိုသွားသေးတယ်။
ဒီမှာကြည့်”

အီထရီပြတာကို ကြည့်လိုက်တော့ တိုက်ခိုက်ရေးသုံး တူတစ်ချောင်း။
တူက လက်နှစ်ဖက်နဲ့ကိုင်ရတဲ့ ပုံမှန်တိုက်ခိုက်ရေးတူတွေနဲ့ယှဥ်ရင် လက်ကိုင်ကတော့ တိုနေတယ်။
အီထရီက လက်ထဲက တူကိုမြှောက်ပြလိုက်ပြီး
“ဒါက သောရ်အတွက်။
မျိုးနီးယား”

ဘရော့ခ်က အီထရီမြှောက်ပြတဲ့ တူကြီး မျိုးနီးရား (Mjollnir) ကိုကြည့်ပြီး ပါးစပ်က တိုးတိုးလေးရွတ်လိုက်တယ်။

“မျိုးနီးယား”

( နောက်တစ်ပတ်သောကြာ နောက်တစ်ပိုင်း လာပါမယ်နော်)

မောင်ဇိ
Picture : E. Boyd Smith/In the days of giants; a book of Norse tales by Abbie Farwell Brown

#MaungZi #Norsemythology #mythology #နောစ့်ဒဏ္ဍာရီ #မောင်ဇိ၏ပုံပြင်များ #TreasuresOfGods #နတ်ဘုရားတို့၏ရတနာ #Mjollnir #မျိုးနီးယား
=====================================================================

ေမာင္ဇိ၏ ေနာ့စ္ဒ႑ာရီ (၆) { နတ္ဘုရားတို႔၏ ရတနာမ်ား (၁) }
----------------------------------------------------------------------------

နတ္ဘုရားမမ်ား
***************
နတ္ဘုရားေတြေနတဲ့ ေအ့ာစ္ေဂ့ါ (Asgard) ဘုံမွာ ထင္ရွားတဲ့နတ္ဘုရားမေတြထဲမွာမွ အထင္ရွားဆုံးက နတ္ဘုရားမ ဖရစ္ဂ်္ (Frigg)၊ နတ္ဘုရားမဖေရယာ(Freyja)နဲ႔ နတ္ဘုရားမ ဆစ္ဖ္ (Sif) တို႔ သုံးေယာက္ပဲ။

နတ္ဘုရားမ ဖရစ္ဂ်္က ေလာကရဲ႕ဖခင္ နတ္ဘုရင္ႀကီး အိုဒင္ (Odin allfather) ရဲ႕ မိဖုရားႀကီးျဖစ္လို႔ ၾသဇာအရေရာ၊ ဝါအရေရာ နတ္ဘုရားမေတြထဲမွာ ထင္ရွားတယ္လို႔ဆိုႏိုင္တယ္။ လူသားေတြရဲ႕ေကာက္ပဲ သီးႏွံျဖစ္ထြန္းမႈကိုေစာင့္ေရွာက္ေကာင္းခ်ီးေပးတဲ့ နတ္ဘုရားပ်ိဳ ဖေရး(Frey) ရဲ႕ညီမျဖစ္တဲ့ ဗာနီးရ္ဇာတိ (Varnir) နတ္ဘုရားမ ဖေရယာကေတာ့ လွပမႈမွာၿပိဳင္ဘက္ကင္းၿပီး ကမာၻကိုးခုလုံးမွာအလွအပနဲ႔ထင္ရွားတယ္။ ဒ့ါအျပင္ ေဆးဒါရ္ (Seidr) ေမွာ္ပညာကို တစ္ဖက္ကမ္းခပ္တတ္တဲ့သူတစ္ေယာက္လဲျဖစ္ေသးတယ္။ ၿပီးေတာ့ လူ႔ကမာၻမစ္ေဂါ့ (Midgard) ကစစ္ပြဲေတြမွာ သူရဲေကာင္းပီသစြာက်ဆုံးသြားသူေတြရဲ႕ တစ္ဝက္ကို သူစီမံခြင့္ရထားတယ္။ က်န္တဲ့တစ္ဝက္ကေတာ့ စစ္နတ္ဘုရားအိုဒင္ရဲ႕ ခန္းမႀကီးသုံးခုထဲက တစ္ခုျဖစ္တဲ့ ရဲရင့္သူတို႔စံေပ်ာ္ရာ ဗယ္ဟာလာ (Valhalla) ခန္းမထဲမွာ အမ်ိဳးသမီးနတ္စစ္သည္ေတာ္ ဗဲလ္ကီရီ  (Valkyrie) ေတြရဲ႕လမ္းျပမႈနဲ႔ အတိုက္အခိုက္၊ အသတ္အပုတ္၊ စစ္နည္းဗ်ဴဟာေတြကို အျပင္းအထန္ေလ့က်င့္ေနၾကရတာပါ။

အဲဆီးရ္မ်ိဳးႏြယ္ (Aesir)နတ္ဘုရားမ ဆစ္ဖ္ကိုေတာ့ လွပေခ်ာေမာတဲ့နတ္ဘုရားမတစ္ပါးအျဖစ္သာမက လူသားကမာၻမစ္ေဂါ့ (Midgard) နဲ႔ နတ္ဘုရားကမာၻ‌‌ေအာ့စ္ေဂါ့(Asgard)ရဲ႕ ကာကြယ္ေစာင့္ေရွာက္သူ နတ္ဘုရားေသာရ္ (Thor) ရဲ႕ၾကင္ယာေတာ္အျဖစ္ပါ သိၾကပါတယ္။
 အလွအပေတြအမ်ားႀကီးရွိတဲ့ ဆစ္ဖ္ရဲ႕ အထင္ရွားဆုံးအလွတစ္ခုကေတာ့ လွပသြယ္ေျပာင္းၿပီး ရွည္လ်ားလွတဲ့ သူ႔ရဲ႕ေ႐ႊအိုေရာင္ဆံႏြယ္ေတြပါပဲ။

ဆစ္ဖ္ရဲ႕ဆံႏြယ္မ်ား
*****************
ရာသီဥတုေကာင္းမြန္တဲ့ မနက္ခင္းတစ္ခုမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ၿပီး အိပ္ရာကေန လန္းဆန္းစြာႏိုးလာတဲ့ နတ္ဘုရားေသာရ္က သူ႔ေဘးမွာအိပ္ေပ်ာ္ေနတဲ့ ၾကင္ယာေတာ္ ဆစ္ဖ္ကို ၾကင္ၾကင္နာနာနဲ႔ၾကည့္လိုက္တယ္။ ခ်က္ခ်င္းပဲ ေသာရ္ရဲ႕မ်က္လုံးေတြက မယုံၾကည္ႏိုင္မႈနဲ႔ ျပဴးက်ယ္သြားၿပီး

“ ဆစ္ဖ္...ဆစ္ဖ္၊ ထပါဦး”

အိပ္ေပ်ာ္ေနတဲ့ ဆစ္ဖ္ကို ညင္ညင္သာသာလႈပ္ႏႈိးလိုက္တယ္။
ေ႐ႊေရာင္မ်က္ေတာင္ေလးေတြနဲ႔ရံထားတဲ့ လွပတဲ့အျပာေရာင္မ်က္လုံးေလးေတြပြင့္လာၿပီးေသာရ္ကို ၿပဳံးျပတယ္။ မနက္တိုင္းျမင္ရတဲ့ ႏွင္းဆီဖူးလိုလွပတဲ့ႏႈတ္ခမ္းရဲ႕အၿပဳံးက ေသာရ္ကိုအၿမဲေက်နပ္ေစခဲ့ေပမဲ့ ဒီတစ္ခါေတာ့ ေသာရ္ရဲ႕အမူအရာေတြကေက်နပ္ဟန္မေပၚလာပဲ ထူးျခားေနတယ္။

“ ဆစ္ဖ္...မင္းဆံပင္ေတြ…”

ဆစ္ဖ္ကသူ႔ေခါင္းကိုျပန္စမ္းၾကည့္လိုက္တဲ့အခါမွာ သူ႔ရဲ႕အျပာေရာင္မ်က္လုံးလွလွေလးေတြပါ အံ့ၾသထိတ္လန႔္မႈနဲ႔ ျပဴးက်ယ္သြားရေတာ့တယ္။ သူအၿမဲဂုဏ္ယူရတဲ့ ဆံပင္ေတြ တစ္ေခ်ာင္းမွမရွိေတာ့ပါလား။
ဆစ္ဖ္ရဲ႕အလွဆိုၿပီး လူေတြခ်ီးေျမႇာက္ၾကတဲ့ ေ႐ႊအိုေရာင္ဆံပင္ေတြ ေခါင္းေပၚမွမရွိေတာ့ဘူး။
အဲဒီအစား ပန္းေရာင္ဦးျပည္းကတုံးေလးပဲက်န္ေတာ့တယ္။
ပန္းႏုေရာင္ေခါင္းေျပာင္ေျပာင္ေလးနဲ႔ နေဝတိမ္ေတာင္ျဖစ္ေနတဲ့ ဆစ္ဖ္ဟာ အိပ္ရာေဘးမွာက်ေနတဲ့ သူမရဲ႕လွပတဲ့ ေ႐ႊေရာင္ဆံပင္အေထြးလိုက္ကိုျမင္ရခ်ိန္မွာေတာ့ မ်က္ရည္ေတြ႐ုတ္တရက္က်လာေတာ့တယ္။

“ကြၽန္မ...ကြၽန္မဆံပင္ေတြ အားလုံးကုန္သြားၿပီ...မရွိေတာ့ဘူး”
ငိုသံေတြဗလုံးပေထြးၾကားကပဲ
“ေသာရ္...ဘယ္လိုလုပ္ၾကမလဲ၊ ကြၽန္မရဲ႕ဆံပင္ေတြအကုန္ကြၽတ္သြားၿပီ”

“မငိုနဲ႔ အခ်စ္...တိတ္ပါ။ ဒါ ေသြး႐ိုးသား႐ိုးမျဖစ္ႏိုင္ဘူး”

ဆစ္ဖ္ကေတာ့ ရႈိက္ႀကီးတငင္ငိုေႂကြးေနတယ္။

“ကြၽန္မဆံပင္ေတြမရွိေတာ့ရင္ နတ္ဘုရားေတြၾကားမွာ ဘယ္လိုမ်က္ႏွာျပရေတာ့မလဲ”

ေသာရ္ကနားထင္ေက်ာေတြေထာင္ထလာတဲ့ထိ အံႀကိတ္၊ မ်က္ေမွာင္ႀကဳံ႕စဥ္းစားလိုက္ရင္း
“ဒါ...ဟိုေကာင္ လိုကီရဲ႕ လက္ခ်က္ပဲျဖစ္ရမယ္။ ေသခ်ာပါတယ္။ ဒင္းလက္ခ်က္ပဲျဖစ္မွာပဲ”

သူ႔ခ်စ္ဇနီးရဲ႕ ဆံပင္ေတြဆုံးရႈံးသြားလို႔ ေဒါသေတြတလိပ္လိပ္တက္လာတဲ့ေသာရ္က အိပ္ရာေပၚကေနခုန္ဆင္းၿပီး လိုကီ (Loki) ကိုရွာဖို႔ အခန္းထဲကထြက္သြားေတာ့တယ္။

လိုကီရဲ႕ေျဖာင့္ခ်က္
*******************
“ဝုန္း”
လိုကီရဲ႕ အခန္းတံခါးကိုကန္ဖြင့္ၿပီး အထဲကိုေသာရ္ဝင္သြားခ်ိန္မွာ အရက္မူးၿပီး အိပ္ေပ်ာ္ေနတဲ့ လိုကီကိုေတြ႕လိုက္ရတယ္။

“ ေလာ္ေဖးရဲ႕သား လိုကီ ထစမ္း...သင္ ငါ့မိန္းမရဲ႕ဆံပင္ေတြကို ဘာလုပ္လိုက္တာလဲ၊ ေျပာစမ္း”

“ငါဘယ္တုန္းကလုပ္လို႔လဲ။ ငါ့ဟာငါမူးၿပီးအိပ္ေပ်ာ္ေနတာ”

စိတ္တိုေနတဲ့ေသာရ္က လိုကီကို အိပ္ရာထဲကေနဆြဲထုတ္လိုက္ၿပီး အက်ႌေကာ္လာႏွစ္ဖက္ကေန ဆြဲလို႔ေလထဲမွာေျမႇာက္ထားလိုက္ရင္း

“ သင္လိမ္ဖို႔မႀကိဳးစားနဲ႔၊ ဒါမ်ိဳးလုပ္တတ္တာ သင္ပဲရွိတယ္။ သင္ မဟုတ္ရင္ တျခားဘယ္သူရွိဦးမွာလဲ၊ အိုဒင္ကိုယ္တိုင္ပဲျဖစ္ရဦးမလား”

လိုကီက ႐ုန္းဖို႔ႀကိဳးစားေပမဲ့ အရာမေရာက္ဘူး။ လူေကာင္ထြားၿပီး ခြန္အားဗလႀကီးမားလွတဲ့ ေသာရ္ရဲ႕ လက္ထဲမွာ ပိန္သြယ္သြယ္လိုကီက ယက္ကန္ယက္ကန္ျဖစ္ေနတယ္။ မုတ္ဆိတ္နီႀကီးေတြနဲ႔ သူ႔မ်က္ႏွာနားကိုကပ္ၿပီးေအာ္ေနတဲ့ ေသာရ္ကိုလဲ သူႏိုင္ေအာင္ခ်ႏိုင္မွာမဟုတ္ဘူးဆိုတာ ေသခ်ာသိေနတယ္။

“ ငါ...ငါ ညကမူးၿပီး လုပ္လိုက္မိတာ”
“ဘာလုပ္လိုက္တာလဲ ေျပာ”

ေသာရ္က လိုကီကိုဆြဲခါလိုက္ရင္း ေအာ္ေမးတယ္။
“ ညက သင္တို႔အိပ္ေနတုန္း ငါယင္ေကာင္ပုံေျပာင္းၿပီး သင္တို႔အခန္းထဲကိုဝင္ခဲ့တာ”

“ၿပီးေတာ့ေရာ...ၿပီးေတာ့ ငါ့မိန္းမရဲ႕ဆံပင္ေတြကို သင္ဘာလုပ္လိုက္တာလဲ”
စိတ္မရွည္တဲ့ေသာရ္က မိုးႀကိဳးလိုဟိန္းတဲ့အသံနဲ႔ ထပ္ေအာ္တယ္။

“ငါ ဓါးနဲ႔အကုန္လုံးရိတ္လိုက္မိတယ္”
မ်က္ေတာင္ေလးပုတ္ခတ္၊ပုတ္ခတ္လုပ္ရင္း လိုကီကေျဖတယ္။

“ ေျပာစမ္း၊ ငါ့မိန္းမရဲ႕ဆံပင္ေတြ အျမန္ဆုံးျပန္ေပါက္လာေအာင္ဘယ္လိုလုပ္ရမလဲေျပာစမ္း”

လိုကီက ဆံပင္အနီ၊ မုတ္ဆိတ္အနီၾကားက ေဒါသနဲ႔ နီရဲေနတဲ့ေသာရ္ရဲ႕ မ်က္ႏွာကို မဝံ့မရဲၾကည့္လိုက္ၿပီး

“ ျပန္မေပါက္ေတာ့ဘူး။ ငါအျမစ္ေတြပါ ႏႈတ္ပစ္လိုက္တာ”

“ ဘာကြ!”

ေသာရ္ရဲ႕အသံက မိုးႀကိဳး (၁၀) ခုတၿပိဳင္နက္ပစ္လိုက္သ‌ေလာက္ကို က်ယ္သြားတယ္။
ပါးနပ္သူပီပီ၊ အသက္နဲ႔ကိုယ္ အိုးစားကြဲရကိန္းရွိတာကိုျမင္တဲ့လိုကီက အလွ်င္အျမန္ပဲ

“ ဒါေပမဲ့ ငါ့မွာ နည္းလမ္းရွိပါတယ္”

“ေျပာစမ္း၊ အျမန္ေျပာစမ္း၊ မဟုတ္လို႔ကေတာ့ သင့္ရဲ႕အ႐ိုးပိန္ေလးေတြကို ေဆာင္းတြင္းသစ္ေျခာက္ပင္ေတြက အကိုင္းေတြကိုခ်ိဳးပစ္သလိုမ်ိဳး တစ္ေခ်ာင္းၿပီးတစ္ေခ်ာင္းခ်ိဳးပစ္မယ္”

လိုကီက တံေတြးကိုမ်ိဳခ်လိုက္ၿပီး

“ လူပုေတြရွိတယ္။ ပန္းပဲ၊ ပန္းတိမ္၊ လက္မႈအတတ္ေတြမွာ တစ္ဖက္ကမ္းခတ္ေတာ္တဲ့ လူပုေတြရွိတယ္။ ငါသူတို႔ကို ဆံပင္ေတြျပန္လုပ္ခိုင္းလိုက္မယ္။ သူတို႔ လုပ္ႏိုင္မွာေသခ်ာတယ္”

“ ေအး...ေကာင္းၿပီ။ သင္ေျပာတဲ့အတိုင္းျဖစ္ပါေစ။ မဟုတ္လို႔ကေတာ့ သင့္ဆံပင္ေတြကိုလဲ ငါ့ရဲ႕သနားစရာ ဆစ္ဖ္ေလးလိုေခါင္းေျပာင္သြားတဲ့ထိ တစ္ေခ်ာင္းခ်င္းႏႈတ္ပစ္မယ္။ သင့္နံ႐ိုးေတြကို အကုန္ကုန္တဲ့ထိခ်ိဳးပစ္မယ္”

ေသာရ္က လိုကီကို ေဆာင့္ခ်လိုက္ၿပီး အခန္းထဲကေန ေျခသံျပင္းျပင္းနဲ႔ထြက္သြားတယ္။
အမူးေျပသြားတဲ့လိုကီကေတာ့ သက္ျပင္းရွည္ႀကီးခ်လိုက္ၿပီး သူ႔နံ႐ိုးေတြကို တစ္ေခ်ာင္းခ်င္းလိုက္စမ္းရင္း က်န္ခဲ့ေလရဲ႕။

အီဗာဒီ၏သားမ်ား
************
ဆစ္ဖ္ရဲ႕ ဆံပင္ေတြျပန္မရရင္ ေသာရ္ရဲ႕အမ်က္ကေန ဘယ္မွာမွ ပုန္းလို႔မရႏိုင္မွန္းသိတဲ့လိုကီက သက္တန႔္တံတား ဘီးဖေရာ့စ္ (Bifrost) ကိုျဖတ္ၿပီး လူသားေတြေနထိုင္တဲ့ မစ္ေဂါ့ကမာၻကို ဆင္းသြားတယ္။ ေျမာက္ဘက္စူးစူးကို ရက္ေပါင္းမ်ားစြာသြားၿပီးတဲ့ေနာက္မွာေတာ့ အဲဒီကမွတဆင့္ ေျမေအာက္ကိုဆင္းၿပီး လူပု (Dwarf)ေတြေနထိုင္ရာ ကမာၻျဖစ္တဲ့ ဆြာ့တ္အယ္ဖာဟိုင္းမ္ (Svartalfheim) ကိုထပ္ဆင္းသြားလိုက္တယ္။ ဆြာ့တ္အယ္ဖာဟိုင္းကမာၻရဲ႕ တစ္ေနရာမွာရွိတဲ့ ေက်ာက္ဂူႀကီးတစ္ခုေရွ႕ကိုအေရာက္မွာေတာ့ ႐ုပ္ခ်င္းခြဲမရေအာင္တူတဲ့ လူပုႀကီး (၃)ေယာက္ထိုင္ေနတာကိုေတြ႕လိုက္ရတယ္။

အဲဒီလူပုႀကီးသုံးေယာက္ရဲ႕အေဖက ပန္းပဲအေက်ာ္အေမာ္ အီဗာဒီ (Ivaldi) ဆိုတဲ့ လူပုႀကီးျဖစ္ၿပီး သူ႔သားေတြကို ပညာကုန္သင္ေပးခဲ့လို႔ အီဗာဒီရဲ႕သားသုံးေယာက္ကလဲ ပန္းပဲအတတ္မွာၿပိဳင္ဘက္ကင္းတယ္လို႔ နာမည္ႀကီးတယ္။

“ မဂၤလာပါ...အီဗာဒီရဲ႕သားတို႔”
လိုကီက အၿပဳံးခ်ိဳျမျမနဲ႔ ႏႈတ္ဆက္လိုက္ေပမဲ့ အီဗာဒီရဲ႕ သားသုံးေယာက္ကေတာ့ လွည့္ပတ္ဖ်ားေယာင္းမႈမွာ သူမတူေအာင္ထူးခြၽန္သူလို႔ နာမည္ႀကီးတဲ့ လိုကီကို သံသယမ်က္လုံးေတြနဲ႔ ၾကည့္လိုက္ၿပီး

“ သင္ ဘာလိုခ်င္လို႔ ေရာက္လာရျပန္တာလဲ အလွည့္အပတ္ဝိဇၨာ လိုကီ”
လို႔ သူတို႔ထဲက အႀကီးဆုံးျဖစ္ဟန္တူတဲ့တစ္ေယာက္က ဆီးေမးလိုက္တယ္။

“လိုခ်င္လို႔ မဟုတ္ပါဘူး၊ ေပးခ်င္လို႔ပါ”
လိုကီက ႏႈတ္ခမ္းပါးပါးေလးေတြကို တြန႔္ေကြး႐ုံေလးၿပဳံးလိုက္ၿပီး ႐ိုးသားျဖဴစင္ဟန္နဲ႔ျပန္ေျပာတယ္။

“လိုကီက ငါတို႔ကို သေဘာ႐ိုးနဲ႔ တစ္ခုခုေပးမလို႔ဟုတ္လား။ ယုံရခက္ႀကီးပဲ”
အီဗာဒီရဲ႕ သားသုံးေယာက္ထဲက အရပ္အရွည္ဆုံးတစ္ေယာက္က မွတ္ခ်က္ခ်တယ္။

“ ဟုတ္တယ္။ သင္တို႔ကို ေပးမလို႔လာတာ။
နတ္ဘုရားေတြရဲ႕ မိတ္ေဆြမျဖစ္ခ်င္ၾကဘူးလား။
ေအာ့စ္ေဂါ့က နတ္ဘုရားေတြက အသိအမွတ္ျပဳၿပီး အကာအကြယ္ေပးတာ မလိုခ်င္ၾကဘူးလား”

လို႔ လိုကီက ေသခ်ာေၾကာင္းထပ္ေျပာတယ္။

“ တကယ္ေျပာတာလား”

အီဗာဒီရဲ႕ သားတစ္ေယာက္က လႊတ္ခနဲ ေျပာလိုက္တာကို လိုကီကလိုက္နင္းၿပီး

“ တကယ္ေပါ့...နတ္ဘုရားေတြက သင္တို႔ရဲ႕ အစြမ္းအစကိုၾကည့္ၿပီး မိတ္ေဆြေတြအျဖစ္အသိအမွတ္ျပဳၾကလိမ့္မယ္။ အဲဒီအတြက္ ေတာင္တန္းေတြရဲ႕ ဟိုဘက္မွာရွိတဲ့ ဘေရာ့ခ္
 နဲ႔ အီထရီ ညီအစ္ကိုေတြထက္ သင္တို႔ကပိုေတာ္ေၾကာင္းေတာ့ သက္ေသျပရမယ္”

“ဘာ...ဘေရာ့ခ္တို႔ညီအစ္ကို ဟုတ္လား။ သူတို႔က ငါတို႔နဲ႔ယွဥ္ရင္ ဘာမွမဟုတ္ပါဘူးကြာ”
လို႔ မခံခ်င္ျဖစ္သြားတဲ့ တစ္ေယာက္က ဝင္ေျပာတယ္။

“ ဒါျဖင့္ ေခါင္းေပၚမွာတပ္လို႔ရမဲ့ ဆံပင္အစစ္နဲ႔ မျခားတဲ့ ေ႐ႊေရာင္ဆံပင္ေတြ သင္တို႔လုပ္ႏိုင္ပါ့မလား”

“ ဘာလို႔ မလုပ္ႏိုင္ရမွာလဲ၊ ေခါင္းေပၚကိုေရာက္တာနဲ႔ ဦးေရျပားနဲ႔ တသားတည္းျဖစ္သြား႐ုံမက ပုံမွန္ဆံပင္အတိုင္းရွည္လာမဲ့ ဆံပင္မ်ိဳးေတာင္လုပ္ႏိုင္ေသးတယ္။ ဒါေပမဲ့ ဘာလို႔ ဆံပင္ေတြလုပ္ရမွာလဲ”

လိုကီက သူေနာက္ေျပာင္တာလြန္သြားလို႔ ေသာရ္ရဲ႕ၾကင္ယာ ဆစ္ဖ္မွာ ဆံပင္တစ္ေခ်ာင္းမွမက်န္ေတာ့တဲ့အေၾကာင္းရွင္းျပလိုက္တယ္။ အဲဒီဆံပင္ေတြကိုသာ ရေအာင္ဖန္တီးႏိုင္ရင္ ေသာရ္နဲ႔ ဆစ္ဖ္တို႔ရဲ႕ေက်းဇူးတင္မႈပါရမဲ့အေၾကာင္း ထပ္ေလာင္းေျပာလိုက္ေသးတယ္။

“ အိုး၊ ဒီဆံပင္ေလာက္ကေတာ့ ငါတို႔ညီအစ္ကိုသုံးေယာက္အတြက္က လြယ္လြန္းလို႔။ တျခားလက္ေဆာင္ေတြပါ ေသခ်ာလုပ္ေပးမယ္”

“ေအးေလ...ဒါကေတာ့ သင္တို႔သက္ေသျပရမဲ့အပိုင္းပဲ။ နတ္ဘုရားေတြကို ေ႐ႊဆံပင္အပါအဝင္
ထူးျခားေကာင္းမြန္တဲ့ လက္ေဆာင္သုံးခုသာလုပ္ေပး။ နတ္ဘုရားေတြသေဘာက်ရင္ သင္တို႔က နတ္ဘုရားေတြရဲ႕မိတ္ေဆြျဖစ္ၿပီ”

“ေသခ်ာလား လိုကီ”
“ေသခ်ာတာေပါ့။ ငါ အာမခံတယ္”

နတ္ဘုရားေတြနဲ႔ မိတ္ေဆြျဖစ္ခ်င္တာေရာ၊ ဘ‌ေရာ့ခ္တို႔ညီအစ္ကိုထက္ သာေၾကာင္းျပခ်င္တာေရာေၾကာင့္ လူပုေတြက လိုကီေျပာတဲ့အတိုင္းလုပ္ေပးဖို႔ ဆုံးျဖတ္လိုက္ၾကတယ္။

“ ဟုတ္ၿပီေလ။ သင့္စကားသာတည္ပါေစ။ ငါတို႔ အစြမ္းျပဖို႔ကေတာ့ အသင့္ပဲ”
လို႔ ေျပာၿပီး လူပုေတြက ပန္းပဲလုပ္ဖို႔ မီးေတြ စျပင္ေတာ့တယ္။

ပန္းပဲဖိုမွာ လိုအပ္တဲ့ မီးရၿပီဆိုတာနဲ႔ လူပုေတြထဲက တစ္ေယာက္က ေ႐ႊတုံးတစ္တုံးကို ယူခ်လာတယ္။
ၿပီးေတာ့ လူပုေတြသာသိတဲ့ ဘာသာစကားနဲ႔ မန္းရင္း၊ မႈတ္ရင္း၊ အပူေပးရင္း၊ နန္းဆြဲရင္း၊ တူထုရင္း ေ႐ႊတုံးကေန ေ႐ႊမွ်င္ေတြျဖစ္လာတယ္။ လူပုေမွာ္ပညာနဲ႔ လက္မႈကြၽမ္းက်င္မႈေတြေပါင္းစပ္ၿပီး ထုဆစ္လိုက္ၾကတာ မၾကာခင္မွာပဲ ေလထဲမွာ တလြင့္လြင့္ေမ်ာႏိုင္တဲ့ထိ ႏူးညံ့ေပါ့ပါးၿပီး ဆံပင္အစစ္နဲ႔မျခားတဲ့ ေ႐ႊေရာင္ဆံႏြယ္ေတြကို ရလာေတာ့တယ္။

“ဒါကေတာ့ သင့္လက္ခ်က္နဲ႔ ဂတုံးမဘဝေရာက္သြားရွာတဲ့ နတ္ဘုရားမ ဆစ္ဖ္အတြက္”
လူပုေတြက ေ႐ႊေရာင္ဆံပင္အုံႀကီးကို လိုကီ့ကိုျပလိုက္တယ္။

ၿပီးေတာ့ ေငြတုံးတစ္တုံးနဲ႔ သတၱဳတုံးတစ္တုံးယူလာၿပီး မီးဖိုထဲထည့္ ထုၾက၊ ႏွက္ၾက မန္းမႈတ္ၾကျပန္တယ္။
မၾကာခင္မွာပဲ လွံတံတစ္ေခ်ာင္းထြက္လာတယ္။

“ဒါက အိုဒင့္အတြက္လွံတံ၊ ဂြန္နီးယာ”

အီဗာဒီရဲ႕သားေတြက လွံရဲ႕နာမည္ကို ဂြန္နီးယား (Gungnir) လို႔ေျပာလိုက္တယ္။

အဲဒီေနာက္ ေငြသားနဲ႔ သစ္သားေတြယူလာျပန္ၿပီး ဖိုေပၚမွာတင္ ဆက္ၿပီးေတာ့ အလုပ္လုပ္ေနၾကတယ္။

လိုကီက တစ္ေယာက္တည္းၿပဳံးၿပီး လူပုေတြဆီကထြက္လာခဲ့လိုက္တယ္။ ဒီတစ္ခါသူဦးတည္ေနတာက ေတာင္တန္းေတြရဲ႕ ဟိုဘက္ျခမ္းမွာရွိတဲ့ ဘ‌ေရာ့ခ္နဲ႔ အီထရီ ညီအစ္ကိုဆီကို။

ဘေရာ့ခ္နဲ႔ အီထရီ
******************
ဘေရာ့ခ္ (Brokk) နဲ႔ အီထရီ (Eitri) တို႔ကိုသူတို႔ရဲ႕ အလုပ္႐ုံမွာပဲေတြ႕ရတယ္။
လိုကီ့ကို ျမင္ေတာ့ ဘေရာ့ခ္က မ်က္ခုံးပင့္ၾကည့္တယ္။

“ ဘာကိစၥလဲ လိုကီ”

“ သင္တို႔ ႏွစ္ေယာက္က အေတာ္ဆုံး ပန္းပဲအတတ္ပညာရွင္ေတြဆိုတာ လူေျပာသူေျပာမ်ားေပမဲ့ အီဗာဒီရဲ႕သားေတြကေတာ့ သင္တို႔ႏွစ္ေယာက္က ျမင္းခြာေတာင္ေျဖာင့္ေအာင္မ႐ိုက္ႏိုင္တဲ့ အသုံးမက်တဲ့ အလကားလူေတြလို႔ ထင္ေနၾကပါလား”

“ဘာလဲ သင္ကငါတို႔ကို သပ္ရႈိေသြးခြဲရန္တိုက္ေပးဖို႔လာတာလား”

“ဟာ မဟုတ္ပါဘူး။ သင္တို႔ေတြ ဘယ္သူက အမွန္တကယ္သာတယ္ဆိုတာ သိခ်င္႐ုံသက္သက္ပါ”

လိုကီက တကယ္ကို မသိနားမလည္တဲ့မ်က္ႏွာေပးေလးနဲ႔

“ ၿပီးေတာ့...အီဗာဒီရဲ႕ သားသုံးေယာက္က နတ္ဘုရားေတြကိုေပးဖို႔အတြက္ ကမာၻကိုးခုမွာ အေကာင္းဆုံးဆိုတဲ့ ရတနာေတြကိုဖန္တီးထုလုပ္ေနၾကသဗ်။ သင္တို႔သာ သူတို႔ထက္သာတဲ့လက္ေဆာင္မလုပ္ႏိုင္ဘူးဆိုရင္ သူတို႔ညီအစ္ကိုသုံးေယာက္က အေတာ္ဆုံးပညာရွင္ေတြဆိုတာေတာ့ လက္ခံရမွာပဲ”

“ ဟားဟား...သင္က ငါတို႔ညီအစ္ကိုကို လာစမ္းသပ္ေနတာပဲ။
ကဲ.. သူတို႔ထက္သာတဲ့လက္ေဆာင္ေတြလုပ္ႏိုင္ရင္ သင္ဘာေပးမလဲ”

အီထရီက လိုကီ့ကိုေမးလိုက္တယ္။
“ သင္တို႔မလုပ္ႏိုင္ပါဘူး။ ေလာင္းေတာင္ေလာင္းလိုက္ခ်င္ေသးတယ္”

“ ဟုတ္ၿပီေလ။ ဒါဆိုလဲ သင့္ေခါင္းကို ေလာင္းေၾကးထပ္ၾကတာေပါ့။ ဘယ္လိုလဲ”
လိုကီက တစ္ခ်က္စဥ္းစားလိုက္ၿပီး
“ရတယ္ေလ၊ ငါ့ေခါင္းနဲ႔ေတာင္ေလာင္းလိုက္ဦးမယ္”

“ဉာဏ္မ်ားတဲ့လိုကီ့ေခါင္းနဲ႔ တို႔ေတြတစ္ခုခုေတာ့ ဖန္တီးလို႔ရၾကဦးမွာေပါ့။ ဟုတ္တယ္မဟုတ္လား အီထရီ”
လို႔ ဘေရာ့ခ္က သူ႔ညီကိုလွမ္းေျပာလိုက္တယ္။

“ဒါေပါ့ စကားေျပာၿပီး အႀကံဆိုးေတြေပးတတ္တဲ့ အ႐ုပ္ေတြဘာေတြလုပ္လို႔ရတာပဲ။ ဒါမွမဟုတ္ အလွျပထားေတာင္ လိုကီရဲ႕ေခါင္းဆိုရင္ လူေတြက စိတ္ဝင္စားၾကမွာ”

အဲဒီေနာက္ေတာ့ အလုပ္စဖို႔ျပင္ၾကေတာ့တာပါပဲ။
ညီအစ္ကိုႏွစ္ေယာက္မွာ အီထရီက ပိုၿပီးကြၽမ္းက်င္တဲ့ ပန္းပဲသမား။
ဒီေတာ့ဘေရာ့ခ္က ဖားဖိုႀကီးကို တရွဲရွဲထိုးၿပီး မီးမျပတ္ေအာင္ တာဝန္ယူရတယ္။
အီထရီကေတာ့ လက္စြမ္းျပၿပီး ပစၥည္းကိရိယာေတြ ထုလုပ္ေပါ့။

အီထရီက သတၱဳစပ္တစ္ခုကိုယူလာၿပီး အလုပ္႐ုံထဲကိုဝင္လာတယ္။ ၿပီးေတာ့ဖားဖိုေဘးမွာရွိတဲ့ ဘေရာ့ခ္ကို
“ငါ ဟိုဘက္မွာ စၿပီး အလုပ္လုပ္ၿပီဆိုတာနဲ႔ မင္းဒီဘက္က မီးေတြကိုအရွိန္မျပတ္ေစနဲ႔။
မီးအားေကာင္းေကာင္းမွန္မွန္ေနာ္။ လုံးဝ အတက္အက်မရွိေစရဘူး။ သေဘာေပါက္လား”

“ သေဘာေပါက္တယ္ အစ္ကို။ မင္းလုပ္စရာရွိတာသာေသခ်ာလုပ္ ငါ့ဘက္က စိတ္ခ်”

ဘေရာ့ခ္ကို ဖားဖိုရွိရာမွာထားခဲ့ၿပီး အီထရီက ပန္းပဲလုပ္ရမဲ့ဖိုမွာ သတၱဳေတြကိုခ်လိုက္တယ္။
အဲဒီေနာက္ေတာ့ တဒုန္းဒုန္း တဒိုင္းဒိုင္းနဲ႔ ထုေတာ့ႏွက္ေတာ့တာပဲ။ လိုအပ္တဲ့ေနရာမွာလဲ ဂါထာ မႏၲရားေတြ႐ြတ္ေပါ့

လိုကီကေတာ့ အျပင္ထြက္လာရင္း တစ္ေယာက္တည္းေတြးေနတယ္။

တကယ္လို႔ ၿပိဳင္ပြဲမွာအီဗာဒီရဲ႕သားေတြသာ ႏိုင္ခဲ့ရင္ နတ္ဘုရားေတြက ရတနာေျခာက္ခုရမယ္။
သူတို႔ကို အသိအမွတ္ျပဳလိုက္႐ုံပဲ။

ဘေရာ့ခ္တို႔ညီအစ္ကို ႏိုင္ခဲ့ရင္ေတာ့ ရတနာေျခာက္ခုရေပမဲ့သူ႔ေခါင္းကိုေပးရမယ္။
ဒီေတာ့ အီဗာဒီရဲ႕သားေတြႏိုင္ႏိုင္၊ ဘေရာ့ခ္ညီအစ္ကိုႏိုင္ႏိုင္ နတ္ဘုရားေတြအတြက္ အရႈံးမရွိေပမဲ့ သူ႔အတြက္ကေတာ့ ဘေရာ့ခ္ညီအစ္ကိုေတြ မႏိုင္မွျဖစ္မယ္။
ကံထက္ ဉာဏ္ကိုပိုယုံတဲ့ လိုကီအတြက္ကေတာ့ ဘာလုပ္ရမလဲဆိုတာ အႀကံကရွိၿပီးသားပါပဲ။

ပန္းပဲဖိုက မွက္တစ္ေကာင္
*************************
တရႉးရႉး၊ တရွဲရွဲနဲ႔ ဖားဖိုထိုးေနတဲ့ ဘေရာခ့္ရဲ႕မ်က္ႏွာမွာ အပူရွိန္နဲ႔ လႈပ္ရွားမႈေၾကာင့္ေခြၽးေတြသီးေနတယ္။
ဟန္ခ်က္ညီညီ အားနဲ႔မာန္နဲ႔ အလုပ္လုပ္ေနတဲ့ ဘ‌ေရာ့ခ္ရဲ႕ အနားကို တဝီဝီအသံေပးရင္ ဧရာမမွက္ႀကီးတစ္ေကာင္ ကပ္လာတယ္။
ျမင္းမွက္၊ ယင္ေကာင္၊ ျခင္ေတြထက္ႀကီးတဲ့ မွက္ႀကီးတစ္ေကာင္။
ဖားဖိုရဲ႕လက္ကိုင္ကို ကိုင္ထားတဲ့ ဘေရာ့ခ္ရဲ႕လက္ေပၚမွာ အသာအယာနားလိုက္ၿပီး အားရပါးရ စူးစူးနစ္နစ္ကိုက္ထည့္လိုက္တယ္။
ၾကမ္းတမ္းတဲ့လက္ေတြေပၚမွာ ႐ုတ္တရက္ျဖစ္လာတဲ့နာက်င္မႈေၾကာင့္ ငုံ႔ၾကည့္လိုက္တဲ့အခါ သူ႔လက္ကို အသည္းအသန္ကိုက္ေနတဲ့ မွက္ကို ဘေရာ့ခ္ေတြ႕လိုက္ရတယ္။
ဒါေပမဲ့ ဘေရာ့ခ္က လက္ကို ဖားဖိုေပၚကေနမလႊတ္ဘူး။
နာက်င္မႈကိုတင္းခံၿပီး အံႀကိတ္ရင္း မီးပဲဆက္ေပးေနတဲ့ ဘေရာ့ခ္ကို မွက္ကလဲ သည္းႀကီးမည္းႀကီးကိုက္တုန္းပဲ။
အေတာ္ေလးၾကာခ်ိန္မွာ အီထရီေရာက္လာတယ္။
“ သိပ္ေကာင္းတယ္ ဘေရာ့ခ္၊ မင္းမီးေပးတာေကာင္းလို႔ အဖိုးတန္ရတနာတစ္ခုၿပီးသြားၿပီ။
ဒီမွာၾကည့္”
လက္မွာကိုက္ေနတဲ့ မွက္က မ်က္ႏွာက်က္ကိုပ်ံတက္သြားၿပီးညီအစ္ကိုႏွစ္ေယာက္ကို မ်က္ႏွာက်က္ကေနၾကည့္ေနတယ္။

အီထရီက လက္ေမာင္းမွာတပ္ရတဲ့ သတၱဳကြင္းေလးတစ္ခုကိုျပၿပီး
“ ဒေရာ့ပ္နီးယာ” လို႔ေျပာလိုက္တယ္။
“ဒေရာ့ပ္နီးယာ...စီးက်တယ္ဆိုတဲ့ အဓိပၸါယ္လား”
ဘေရာ့ခ္က သံေယာင္လိုက္ေျပာတယ္။

“ဟုတ္တယ္။ ဒါ အိုဒင့္ကိုေပးဖို႔ ေ႐ႊလက္ေမာင္းကြင္း။ ေနာက္က်မွ မင္းကိုေျပာျပမယ္”
 အီထရီက ဒေရာ့ပ္နီးယာ (Draupnir) ကိုျပန္သိမ္းလိုက္တယ္။ ၿပီးေတာ့ ‌ေတာဝက္သားေရႀကီးတစ္ခုနဲ႔ ေ႐ႊတုံးႀကီးတစ္တုံးကိုယူၿပီး ျပန္ေရာက္လာျပန္တယ္။

“ဒီတစ္ခါလဲ ခုနကလိုပဲ။ မီးျပင္းျပင္းကို နည္းနည္းမွ မေလ်ာ့ေစနဲ႔။ အစြမ္းကုန္သာလုပ္”
“စိတ္ခ် အီထရီ”
ေျပာေျပာဆိုဆိုနဲ႔ အီထရီထြက္သြားၿပီး အလုပ္ျပန္စခ်ိန္မွာ ဖားဖိုထိုးေနတဲ့ ဘေရာ့ခ္ဆီကို မွက္ကျပန္ေရာက္လာတယ္။ ႏွစ္ပတ္သုံးပတ္ေလာက္ပတ္ပ်ံၿပီးတဲ့ေနာက္ အားနည္းပုံေပါက္တဲ့ လည္ပင္းေပၚမွာနားလိုက္တယ္။
အလုပ္ႀကိဳးစားေနတဲ့ ဘေရာ့ခ္ရဲ႕ လည္ကုပ္ကို အစြမ္းကုန္သုံးၿပီး ကိုက္ထည့္လိုက္တယ္။
ဘေရာ့ခ္က နည္းနည္းေတာ့ တြန႔္သြားတယ္။
ဒါေပမဲ့ အရွိန္ကိုေတာ့ မေလွ်ာ့ပါဘူး။
“ရႉးရွဲ၊ ရႉးရွဲ”
မွက္ကလဲ ကိုက္ၿမဲ၊ ကိုက္ဆဲ။
မၾကာခင္မွာ အီထရီျပန္ေရာက္လာျပန္တယ္။
သူ႔လက္ထဲမွာေ႐ႊေတာဝက္ေလးတစ္ေကာင္။
ေတာဝက္ရဲ႕အစြယ္ႏွစ္ခုကေတာ့ ေ႐ႊေရာင္ဝင္းလက္လို႔။

“ေကာင္းတယ္ေဟ့။ ေကာင္းတယ္။
ဒါက ဖေရးအတြက္လက္ေဆာင္။
ဂီလင္ဘြတ္စ္တ လို႔ေခၚတယ္”

“ဂီလင္ဘြတ္စ္တ”
ဘေရာ့ခ္က သူ႔ဂုတ္ကိုပြတ္လိုက္ရင္းလိုက္႐ြတ္တယ္။
မွက္ကေတာ့ နံရံတစ္ေနရာကေန အေျခအေနၾကည့္ေနတယ္။

ဂီလင္ဘြတ္စ္တ (Gullinbusti) ကို ျပန္သိမ္းၿပီးတဲ့ေနာက္ မာေက်ာတဲ့သတၱဳတစ္မ်ိဳးကိုကိုင္ၿပီး အီထရီက ဘေရာ့ခ္ကိုေျပာလိုက္တယ္။

“နားေထာင္ေဟ့၊ ဒီတစ္ခါေတာ့ အေရးအႀကီးဆုံးပဲ။
ငါ့ရဲ႕  အေကာင္းဆုံးလက္ရာက ခုမွလာမွာ။
ဒီတစ္ခါ လုံးဝ လုံးဝမွားလို႔မရဘူး။
မွားတာနဲ႔ သြားၿပီပဲ။
ဘယ္နည္းနဲ႔မွ မီးအရွိန္ကိုမေျပာင္းေစနဲ႔ ၾကားလား”

“စိတ္ခ် အီထရီ”
ဘေရာ့ခ္က မီးစထိုးၿပီဆိုတာနဲ႔ မွက္ကေရာက္လာျပန္တယ္။ တဝဲလည္လည္လုပ္ေနတဲ့ မွက္ကို ဂ႐ုမစိုက္ပဲ မီးကိုပဲ အာ႐ုံစိုက္ၿပီးထိုးေနတဲ့ ဘေရာ့ခ္ရဲ႕ မ်က္ခြံေပၚမွာ မွက္ကနားလိုက္တယ္။
မ်က္ေတာင္ေတြကို ခတ္ပစ္ေပမဲ့ မွက္က မပ်ံသြားပဲ မ်က္ခြံကို စြဲစြဲၿမဲၿမဲ၊ အားကုန္ကိုက္လိုက္တယ္။
ဘေရာ့ခ္က နာက်င္မႈကိုေတာာင့္ခံၿပီး ပါးစပ္ကေလနဲ႔ မ်က္ခြံကိုႀကိဳးစားၿပီးမႈတ္ၾကည့္တယ္။
ဇြဲေကာင္းတဲ့မွက္က ပ်ံမသြားပဲ အတင္းခဲထားလို႔ ဘေရာ့ခ္ရဲ႕ မ်က္ခြံကေန ေသြးေတြစီးက်လာတယ္။
မက်ခင္မွာပဲေသြးေတြက မ်က္လုံးထဲပါ စီးဝင္လာလို႔ ျမင္ကြင္းက မေကာင္းေတာ့ဘူး။
ဘာမွ ေကာင္းေကာင္းမျမင္ရေတာ့လို႔ ဘေရာ့ခ္ကေနာက္ဆုံးမွာ အင္မတန္လွ်င္ျမန္တဲ့အရွိန္နဲ႔ လက္တစ္ဖက္ကို ဖားဖိုကလႊတ္ၿပီး  မွက္ကို႐ိုက္ထည့္လိုက္တယ္။
အင္အားအျပည့္နဲ႔ လွ်င္ျမန္လြန္းတဲ့႐ိုက္ခ်က္ေၾကာင့္ မွက္ချမာမွာ အသက္မပါသြားေအာင္ အသည္းအသန္ေရွာင္တိမ္းၿပီး ပ်ံထြက္သြားလိုက္ရေတာ့တယ္။

သိပ္မၾကာခင္မွာပဲ အီထရီေရာက္လာၿပီ ဘေရာ့ခ္ကို ေျပာေတာ့တယ္။
“ ဘယ္လို လုပ္လိုက္တာလဲကြာ။
ဒီတစ္ခါက အေရးႀကီးပါတယ္ဆိုမွ မင္းကမီးကိုၿငိမ္ေအာင္မထိန္းထားဘူး”

ဘေရာ့ခ္က ဘာမွမေျပာပဲ သူ႔မ်က္ခြံကေသြးေတြကို သုတ္ေနတယ္။
 အီထရီက ဆက္ေျပာတယ္။
“လုံးဝပ်က္စီးသြားဖို႔ တည္းတည္းေလးပဲလိုေတာ့တယ္။
ငါကြၽမ္းက်င္လြန္းလို႔သာ မပ်က္သြားတာ။
ဒါေတာင့္ မင္းေၾကာ့င္လက္ကိုင္က နည္းနည္းတိုသြားေသးတယ္။
ဒီမွာၾကည့္”

အီထရီျပတာကို ၾကည့္လိုက္ေတာ့ တိုက္ခိုက္ေရးသုံး တူတစ္ေခ်ာင္း။
တူက လက္ႏွစ္ဖက္နဲ႔ကိုင္ရတဲ့ ပုံမွန္တိုက္ခိုက္ေရးတူေတြနဲ႔ယွဥ္ရင္ လက္ကိုင္ကေတာ့ တိုေနတယ္။
အီထရီက လက္ထဲက တူကိုေျမႇာက္ျပလိုက္ၿပီး
“ဒါက ေသာရ္အတြက္။
မ်ိဳးနီးယား”

ဘေရာ့ခ္က အီထရီေျမႇာက္ျပတဲ့ တူႀကီး မ်ိဳးနီးရား (Mjollnir) ကိုၾကည့္ၿပီး ပါးစပ္က တိုးတိုးေလး႐ြတ္လိုက္တယ္။

“မ်ိဳးနီးယား”

( ေနာက္တစ္ပတ္ေသာၾကာ ေနာက္တစ္ပိုင္း လာပါမယ္ေနာ္)

ေမာင္ဇိ
Picture : E. Boyd Smith/In the days of giants; a book of Norse tales by Abbie Farwell Brown

#MaungZi #Norsemythology #mythology #ေနာစ့္ဒ႑ာရီ #ေမာင္ဇိ၏ပုံျပင္မ်ား #TreasuresOfGods #နတ္ဘုရားတို႔၏ရတနာ #Mjollnir #မ်ိဳးနီးယား





















No comments:

Post a Comment