ခြင်္သေ့ကိုယ်၊ မြွေဆိုးအမြီး အပြင် မီးတောက်တွေကိုပါမှုတ်ထုတ်နိုင်တဲ့ ဆိတ်ခေါင်းအပါအဝင် သုံးမျိုးစပ်သတ္တဝါဆိုးကြီး ခိုင်မဲရာ (Chimera) ရဲ့ ခေါင်းကို လက်ခံရရှိတဲ့အခါမှာ လစ်ဆီးရား (Lycia)ဘုရင် အိုင်အိုဘာတီးစ် (Iobates) စိတ်ပျက်သွားတယ်။
သူမျှော်လင့်ခဲ့တာက ခိုင်မဲရာလက်ချက်နဲ့ ဘယ်လာရိုဖွန်ရဲ့ ပျက်စီးခြင်းဆိုက်ရောက်လိမ့်မယ်လို့။
ခုတော့ ဘယ်လာရိုဖွန်က ခိုင်မဲရာခေါင်းကိုဖြတ်လို့ သူရဲကောင်းတစ်ယောက်အဖြစ်ပြန်လာခဲ့ပြီ။
ဆိုလီမိုင်း (Solymi) လူမျိုးများ
***********************
" မှော်တ္တဝါဆိုး ခိုင်မဲရာကိုသုတ်သင်ရှင်းလင်းသုတ်သင်နိုင်သည့် သူရဲကောင်း ဘယ်လာရိုဖွန်...
ပဲဂဆပ်စ် နတ်မြင်းပျံ၏ အရှင်သခင် လူစွမ်းကောင်း ဘယ်လာရိုဖွန်...
ခိုင်မဲရာကိုဤမြေပေါ်မှ ဖယ်ရှားလိုက်နိုင်းခြင်းသည် ကြီးကျယ်ခမ်းနားသည့် စွမ်းဆောင်မှုပင်။
သို့သော် လစ်ဆီးရားပြည်သားတို့၏ ဒုက္ခမှာ အဆုံးမသတ်သေးပါ။
ကျွန်ုပ်တို့နှင့် နယ်ချင်းဆက်စပ်လျက်ရှိသောစစ်မက်လိုလားသော အရိုင်းအစိုင်း ဆိုလီမိုင်းတိုင်းသားတို့၏ အန္တရာယ်ကို အမြဲစိုးရွံ့နေရပါသည်။
ထိုဆိုလီမိုင်းတိုင်းသားတို့၏ ရန်စွယ်ကိုဖယ်ရှားပေးနိုင်မှသာ ကျွန်ုပ်၏ ပြည်သူပြည်သားများ ကောင်းမွန်စွာအိပ်စက်ခွင့်ရပါလိမ့်မည်။
ဘုရင် အိုင်အိုဘာတီးစ်က ဘယ်လာရိုဖွန့်ကို သမီးတော်ဖီလိုနိုး (Philonoe) နဲ့ မပေးစားပဲ သူ့တိုင်းပြည်နဲ့ကပ်လျက် သူတို့နဲ့စစ်မက်အမြဲဖြစ်ပွားနေတဲ့ ဆိုလီမိုင်း (Solymi) လူမျိုးတွေကိုနှိမ်နင်းပေးဖို့ အကူအညီတောင်းပြန်တယ်။
ဆိုလီမိုင်းလူမျိုးတွေက စစ်မက်နတ်ဘုရား အေးရီးစ် (Ares) ကိုကိုးကွယ်တဲ့ အင်အားကြီးပြီး၊ အတိုက်အခိုက်ကျွမ်းကျင် ကျင်လည်ကြတဲ့သူတွေ။
သူတို့ကိုရင်ဆိုင်ဖို့ ဘယ်လာရိုဖွန်ကို တစ်ယောက်ထဲလွှတ်လိုက်တာပါ။
ရည်ရွယ်ချက်ကတော့ ဘယ်လာရိုဖွန်တစ်ယောက် ဆိုလီမိုင်းလူမျိုးတွေရဲ့ လက်ချက်နဲ့ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားစေဖို့ပေါ့။
ဘယ်လာရိုဖွန်ကလဲ ခိုင်းတဲ့အတိုင်း ဆိုလီမိုင်းလူမျိုးတွေနဲ့ သွားတိုက်ခိုက်ပါတယ်။
သူအင်မတန်ကျွမ်းကျင်တဲ့ လေးမြားအတတ်ကိုသုံးလို့ နတ်မြင်းပျံပဲဂဆပ်စ်ပေါ်ကနေ ဆိုလီမိုင်းတွေကိုတိုက်ခိုက်တာပေါ့။
ဆိုလီမိုင်းတွေက မြားတွေနဲ့ဝိုင်းပစ်တဲ့အခါ မြားတံတွေမမီ၊ မရောက်နိုင်တဲ့ ကောင်ကင်အမြင့်ထိပျံတက်သွားပြီး အပေါ်ကနေ ကျောက်တုံးကြီးတွေပစ်ချတယ်။
ဒီလိုနဲ့ အဆက်မပြတ်တိုက်ခိုက်နေလိုက်ကြတာ ဆိုလီမိုင်းစစ်သည်တော်တွေရဲ့ တစ်ဝက်လောက်ပြုတ်ပြုတ်ပြုန်းသွားတဲ့ အထိပဲ။
မတတ်သာတဲ့အဆုံးမှာ ဆိုလီမိုင်းတွေရဲ့ခေါင်းဆောင်က ဘယ်လာရိုဖွန်နဲ့ ငြိမ်းချမ်းရေးယူလိုက်ရပြီး လစ်ဆီးရားကိုလဲ ဘယ်တော့မှမနှောက်ယှက်ဖို့ ကတိပေးလိုက်ရတယ်။
ဘယ်လာရိုဖွန်ကလဲ လစ်ဆီးရားပြည်သူတွေရဲ့ သူရဲကောင်းဖြစ်လို့လာတယ်။
အမေဇွန် (Amazon) အမျိုးသမီးစစ်သည်တော်များ
**************************************
ဆိုလီမိုင်းတွေကို အောင်ပွဲခံလာတဲ့ ဘယ်လာရိုဖွန်ကို ဘုရင် အိုင်အိုဘာတီးစ်က ပင်လယ်နက်ရဲ့ကမ်းခြေမှာ အမေဇွန်အမျိုးသမီးစစ်သည်တော်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ စေလွှတ်ပြန်တယ်။
အမေဇွန်အမျိုးသမီးစစ်သည်တော်တွေဟာလဲ စစ်မက်နတ်ဘုရားအေးရိစ် (Aries) ကို ကိုးကွယ်ကြတဲ့ စစ်အတတ်ထူးချွန်တဲ့ အမျိုးသမီးတွေ။
သူတို့ဟာ ယောကျ်ားတွေလိုပဲ သန်စွမ်းကြပြီး တိုက်ရည်ခိုက်ရည်မှာ ယောက်ျားစစ်သည်တော်တွေကတောင် ကြောက်ရွံ့ရလောက်အောင်အစွမ်းထက်ကြတယ်။
ကျွန်းတစ်ကျွန်းလုံးမှာ အမျိုးသမီးတွေပဲနေကြပြီး မျိုးဆက်ပွားဖို့အတွက် တစ်နှစ်တစ်ခါ မနီးမဝေးက လူမျိုးစုတစ်ခုဆီကိုသွားကြတယ်။
ကလေးမွေးလာလို့ ယောက်ျားလေးဖြစ်ခဲ့ရင် သတ်ရင်သတ်၊ မသတ်ရင်သူ့အဖေရှိရာကိုပို့လေ့ရှိတယ်။
မွေးလာတဲ့ထဲက မိန်းကလေးတွေကိုပဲ ကြီးပြင်းတဲ့ထိစောင့်ရှောက်မွေးမြူပြီး သူတို့လို စွမ်းဆောင်ရည်မြင့်တဲ့ အမျိုးသမီးစစ်သည်တော် (Female warrior) တွေဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးကြတယ်။
လူသန်ကြီး ဟာရကလိ (ဟာကြူလီ) ရဲ့ အလုပ်ကြီး တစ်ဆယ့်နှစ်ခုလုပ်ရတဲ့ စွန့်စားခန်းထဲကတစ်ခုထဲမှာ အမေဇွန်ဘုရင်မတစ်ပါးဖြစ်တဲ့ ဟစ်ပိုလစ်တာ (Hyppolyta)ကို အေးရိစ်နတ်ဘုရားမင်းပေးထားတဲ့ ရွှေနဲ့လုပ်ထားတဲ့ မှော်ခါးစည်းကိုသွားယူရတဲ့အလုပ်တစ်ခုပါတယ်။
နောက်ထပ်ရာဇဝင်မှာ နာမည်ကြီးတဲ့ အမေဇွန်ဘုရင်မတစ်ဦးနာမည်က ပန်သီဆီးလိယ (Penthesilea)။
အမေဇွန်ဘုရင်မ ပန်သီဆီးလိယနဲ့ သူ့အမျိုးသမီးစစ်သည်တော်တွေက ထရိုဂျန်စစ်ပွဲမှာ ထရိုင်မြို့ဘက်ကနေဝင်တိုက်ပေးပြီး ဂရိတွေကိုရင်ဆိုင်ခဲ့တယ်။
တိုက်ပွဲမှာ ဂရိသူရဲကောင်းအာခီးလိစ် ( Achilles) လက်ချက်နဲ့ ပန်သီဆီးလိယ ကျဆုံးသွားခဲ့တဲ့အထိပဲ။
ဒီလိုတိုက်ခိုက်ရေးစွမ်းရည်နဲ့ ကြံ့ခိုင်မှုမှာ သူမတူအောင်ထူးချွန်ကောင်းမွန်တဲ့ အမေဇွန်တွေကို ဘယ်လာရိုဖွန်ကသူ့ရဲ့ လုပ်နေကျနည်းလမ်းနဲ့ အနိုင်ယူလိုက်ပြန်တယ်။
နတ်မြင်းပျံပဲဂဆပ်စ်နဲ့ မြားတွေလှံတွေ မရောက်နိုင်တဲ့ကောင်းကင်မြင့်အထိပျံသန်းပြီး အပေါ်ကနေ ကျောက်တုံး၊ ကျောက်စိုင်တွေပစ်ချတဲ့နည်းလမ်းနဲ့ပေါ့။
ပင်လယ်ဓါးပြနဲ့ နန်းစောင့်တပ်
************************
အမေဇွန်တွေသတ်လို့ မသေတဲ့ ဘယ်လာရိုဖွန်ကို ကဲရီရန်း (Carian) ပင်လယ်ဓါးပြတွေကိုနှိမ်နင်းဖို့ ဘုရင်အိုင်အိုဘာတီးစ်က ခိုင်းပြန်တယ်။
ကဲရီရန်းပင်လယ်ဓါးပြတွေဟာ ကြမ်းတမ်းရက်စက်တဲ့နေရာမှာ နာမည်ကြီးတယ်။
တိုက်ခိုက်ဖို့သွားတဲ့သူတိုင်း ရက်ရက်စက်စက် အသတ်ခံရလို့ ဒီပင်လယ်ဓါးပြတွေကိုဘယ်သူကမှ မထိရဲကြဘူး။
ဘယ်လာရိုဖွန်ကတော့ ကယ်ရီရန်းပင်လယ်ဓါးပြတွေကိုလဲ တိုက်ခိုက်အနိုင်ယူလိုက်ပြန်တယ်။
စိတ်မရှည်တော့တဲ့ ဘုရင်အိုင်အိုဘာတီးစ်က ဒီတစ်ခါတော့ သူရဲ့နန်းတော်စောင့်တပ်ကိုလွှတ်ပြီး ဘယ်လာရိုဖွန်ကို လုပ်ကြံစေတော့တယ်။
လုပ်ကြံတဲ့နန်းတော်စောင့်တပ်ကလဲ ဘယ်လာရိုဖွန်လက်ချက်နဲ့ တပ်လုံးပြုတ်သွားတယ်။
အန်တီးရာမိဖုရား၏နိဂုံး
*******************
သူ့ကိုသေအောင်သတ်ဖို့ကြိုးစားနေတာကိုသိသွားတဲ့အခါမှာ ဘယ်လာရိုဖွန်ကဒေါသထွက်သွားပြီး သူ့အဖေ ရေနတ်ဘုရား ပိုဆီဒန်ကိုတိုင်တည်လိုက်တယ်။
လစ်ဆီးရားရဲ့မြေတစ်ချို့ရေလွှမ်းသွားတာကိုမြင်ရတဲ့အခါမှ ဘုရင်အိုင်အိုဘာတီးစ်က အသိတရားရသွားတယ်။
" နတ်ဘုရားတို့၏ မျက်နှာသာပေးမှုကို ဤမျှခံရ၍ ခက်ခဲစွန့်စားရသည့်အလုပ်များကို အောင်မြင်အောင်လုပ်နိုင်သည့် ထိုသူငယ်မှာ သာမန်မဟုတ်နိုင်။
ငါ၏ သမက်တော်ပရိုးတက်စ်စွပ်စွဲသကဲ့သို့ ယုတ်ညံ့သည့်အလုပ်မျိုးကိုလုပ်သူအား နတ်ဘုရားများက ထိုမျှမျက်နှာသာပေးလိမ့်မည်မဟုတ်။
အထင်အမြင်လွဲနေခြင်း ဖြစ်တန်ရာသည်။"
ဘုရင်ကြီး အိုင်အိုဘာတီးစ်က သူ့ကိုခွင့်လွှတ်ဖို့တောင်းပန်ပြီး ဘယ်လာရိုဖွန်ကို လစ်ဆီးရားတိုင်းပြည်ရဲ့ တစ်ဝက်ခွဲပေးလိုက်တယ်။
ပြီးတော့ သမီးတော်လေး ဖီလိုနိုးနဲ့လည်း လက်ဆက်ပေးလိုက်တယ်။
ဘယ်လာရိုဖွန်က သူ့ညီမတော်နဲ့လက်ဆက်သွားပြီလို့ ကြားရတဲ့အခါမှာ ပရိုးတက်စ်ဘုရင်ရဲ့ မိဖုရား အန်တီးရာတစ်ယောက်ဆောက်တည်ရာမရဖြစ်ပါတော့တယ်။
သူ လီဆည်ပြီးလုပ်ကြံခဲ့တဲ့ဇာတ်လမ်းကလဲ ပေါ်ပေါက်သွားတော့မှာဖြစ်လို့ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တော့တယ်။
ဘယ်လာရိုဖွန်ကတော့ မင်းသမီးလေးဖီလိုနိုးနဲ့လက်ဆက်ပြီး လစ်ဆီးရားတိုင်းပြည်ကိုအုပ်ချုပ်သွားလိုက်တာ သားတော်၊ သမီးတော် သုံးပါးရတဲ့အထိပဲ။
အိုလံပစ်တောင်သို့
**************
အိုင်အိုဘာတီးစ်ကွယ်လွန်ပြီးတဲ့နောက် လစ်ဆီးရားတိုင်းပြည်တစ်ခုလုံးကို အုပ်ချုပ်စီမံနေတဲ့ ဘုရင်ကြီးဘယ်လာရိုဖွန်ကိုတိုင်းပြည်တစ်ခုလုံးက ချစ်မြတ်နိုးကြတယ်။
သူရဲကောင်းတစ်ယောက်အနေနဲ့ သူ့ရဲ့ဂုဏ်သတင်းကလည်း ကြီးမားလှတယ်။
နှစ်တွေကြာလာတာနဲ့အမျှ တစ်နေ့တစ်ခြား မာန်တက်ပြီး ဘဝင်မြင့်လာတဲ့ဘယ်လာရိုဖွန်က ပိုပြီးကြီးကြယ်ခမ်းနားတဲ့ စွန့်စားခန်းတစ်ခုလုပ်ဖို့ စ,စဥ်းစားတယ်။
ဒီတစ်ခါတော့ နတ်ဘုရားတွေစံမြန်းရာ အိုလံပစ်တောင်ကို နတ်မြင်းပျံပဲဂဆပ်စ်ကိုစီးလို့ အလည်အပတ်သွားမယ်လို့ ကြံတာပါ။
" ငါ၏ ရဲဘော်ရဲဘက်၊ ညီအစ်ကိုဖြစ်သော ပဲဂဆပ်စ်...
ငါတို့ပူးတွဲဆောင်ရွက်ခဲ့ကြသော ကိစ္စကြီးငယ်တိုင်းမှာ အောင်ပွဲအလီလီရခဲ့ကြသည်ချည်းပင်။
ရန်သူအပေါင်းတို့အား ငါတို့နှစ်ဦး၏ ပူပေါင်းအားဖြင့်လဲ နှိမ်နင်းခဲ့ကြဖူးပြီ။
ဤအကြိမ်တွင်တော့ အကြီးကျယ်အခမ်းနားဆုံးသော၊ သာမန်လူသားတို့မလုပ်ဖူးသော အလုပ်တစ်ခုကို လုပ်၍ ငါတို့၏ဂုဏ်သတင်းကို အတိုင်းအဆမရှိမွှေးပျံ့စေအံ့။
နတ်ဘုရားတို့၏စံရာ အိုလံပစ်တောင်တော်ဆီသို့ ခရီးထွက်ကြပါစို့"
ပဲဂဆပ်စ်ကိုတောင်ပံဖြန့်လို့ ဘယ်လာရိုဖွန်ဟာ အိုလံပစ်တောင်ရှိရာကိုစတင်ပျံသန်းပါတော့တယ်။
ဘယ်လာရိုဖွန်၏ ဘဝအဆုံး
**********************
ဘယ်လာရိုဖွန်အိုလံပစ်တောင်ကိုပျံသန်းလာနေတာကို ခြေမြန်တော်နတ်ဘုရားဟားမီးစ် (Hermes)ကမြင်တာနဲ့ နတ်ဘုရားဇူးစ်(Zeus)ကိုသွားသတင်းပို့တယ်။
ဇူးစ်ကအမျက်ထွက်သွားပြီး နတ်ဘုရားတွေရဲ့စံရာကိုတောင် ခွင့်ပြုချက်မရှိလာချင်တဲ့ မာန်မာနမြင့်မားလှတဲ့ ဘယ်လာရိုဖွန်ကို မိုးကြိုးသွားနဲ့ပစ်ချဖို့ ပြင်ဆင်လိုက်တယ်။
" အို...နတ်တို့သနင်း ဇူးစ်နတ်မင်း...
ဤသို့သော သာမန်လူသားအတွက် အရှင်၏ မိုးကြိုးသွားကိုသုံးရမည်မှာ မထိုက်တန်လှပါ။
ထို့ပြင် ထိုသေမျိုးသေနွယ်လူသားမှာ အရှင့်အစ်ကိုဖြစ်သူ သမုဒ္ဒရာနတ်ဘုရား ပိုဆီဒန်၏သားတော်ဖြစ်သည်။
ဝရဇိန်လက်နက်ဖြင့် ပျက်စီးခြင်းကိုရောက်စေ၍ မသင့်တော်ပါ"
နတ်ဘုရားဟားမီးစ်က အကြံပေးတယ်။
"ကောင်းပြီ သားတော်ဟားမီးစ်...
သင်သည် လှည့်ပတ်တတ်သည့် ဉာဏ်အရာတွင် အထူးချွန်ဆုံးဖြစ်၍ သင့်အစ်ကိုတော် အပိုလိုနတ်ဘုရားကိုပင် လှည့်စားနိုင်ခဲ့သူဖြစ်သည်။
သင်ပေးသည့် အကြံအတိုင်း ငါလိုက်နာအံ့"
ဇူးစ်က ဟာမီးစ်ရဲ့အကြံပေးချက်အတိုင်း "မှတ်" တစ်ကောင်ဖန်ဆင်းပြီး နတ်မြင်းပျံပဲဂဆပ်ရဲ့တောင်ပံအောက်မှာ ကိုက်စေလိုက်တယ်။
နတ်မှတ်ကကိုက်လိုက်တဲ့ဒဏ်ကြောင့် ပဲဂဆပ်စ်က တောင်ပံတွေကိုရုတ်တရက်ခါချလိုက်တဲ့အခါ ကောင်းကင်မှာရှိနေဆဲမြင်းပျံပေါ်က ဘယ်လာရိုဖွန်လဲ မြင်းပေါ်ကနေပြုတ်ကျသွားတော့တယ်။
ကံကောင်းထောက်မစွာပဲ ခြုံတစ်ခုပေါ်ကျလို့ အသက်မသေခဲ့ပေမယ့် ကံဆိုးစွာပဲဆူးခြုံဖြစ်နေလို့ မျက်လုံးတွေကန်းသွားရုံမက တစ်ကိုယ်လုံးကအရိုးတွေလဲ ပြုတ်ကျတဲ့ဒဏ်နဲ့တော်တော်များများကျိုးသွားကြတယ်။
ဒုက္ခိတဘဝနဲ့ပဲ လှည့်လည်သွားလာရင်း နတ်ဘုရားတွေကိုခြေရာတိုင်းခြင်းရဲ့ အပြစ်ဒဏ်ကိုခံရတာ ညှိုးညှိုးငယ်ငယ်နဲ့ ကွယ်လွန်သွားတဲ့အချိန်အထိပါပဲ။
နတ်မြင်းပျံပဲဂဆပ်စ်ကတော့ ခရီးစဥ်အတိုင်း အိုလံပစ်တောင်ထိရောက်အောင်ဆက်ပျံသွားလိုက်တာ အိုလံပစ်တောင်ကိုရောက်သွားတယ်။
နတ်ဘုရားဇူးစ်က ပဲဂဆပ်စ်ကိုအနားမှာခေါ်ထားပြီး သူ့ရဲ့ မိုးကြိုးသွားတွေတင်တဲ့ယာဥ်အဖြစ်အသုံးချထားလိုက်တော့တယ်။
မောင်ဇိ ( ၁၆၊၀၅၊၂၀၂၀)
pictures: internet

No comments:
Post a Comment