မက်ဒူးဆာ
********
နေကိုမောင်းနှင်တဲ့ နတ်ဘုရား အပိုလိုရဲ့ လှည်းယာဥ်အနောက်ယွန်းယွန်းကိုရောက်လို့ ပင်လယ်ကမ်းခြေက သဲသောင်ပေါ်မှာရွှေရောင်တွေ တလက်လက်တောက်ပနေတဲ့ ညနေခင်းအချိန်လေးမှာပေါ့။ တောက်ပတဲ့သဲပြင်ထက်ကိုပိုပြီး ထူးထူးခြားခြားတောက်ပဆွဲဆောင်မှုရှိတဲ့ ရွှေရောင်ဆံပင်ရှည်တွေနဲ့ မိန်းမပျိုလေးတစ်ယောက်က ကမ်းခြေတစ်လျှောက်မှာ လှပတဲ့ခြေလှမ်းလေးတွေနဲ့ လေညှင်းခံလမ်းလျှောက်လို့နေတယ်။
ကြန်အင်လက္ခဏာနဲ့ပြည့်စုံပြီး ကျက်သရေရှိလွန်းလှတဲ့ မိန်းမငယ်လေးရဲ့အလှကိုမြင်မိသွားတဲ့ သမုဒ္ဒရာကို အစိုးရတဲ့ နတ်ဘုရား ပိုဆီဒန် (Poseidon) ဟာ ချောမောခန့်ငြားတဲ့ လုလင်ပျိုအသွင်ယူပြီး မိန်းမပျိုနားကို ချဥ်းကပ်သွားတယ်။
"နတ်ဘုရားမ များနှင့်ပင်ယှဥ်ပြိုင်နိုင်လောက်အောင် ပြီးပြည့်စုံသည့်အလှတရားများကိုစုဝေးပိုင်ဆိုင်နေသည့် မိန်းမငယ်၊
သင်သည်မည်သူဖြစ်သနည်း"
" အမည်မှာ မက်ဒူးဆာဖြစ်၍ အပျိုစင်နတ်ဘုရားမ အသီးနား (Athena) ကို ခစားပူဇော်သူ၊
အသီးနား၏ နတ်ကွန်းတွင် အပျိုစင်နတ်ဆရာမ အဖြစ်အမှုထမ်းသူတစ်ယောက်ပင် ဖြစ်သည် "
"ပျိုမျစ်နုနယ် လှပတင့်တယ်လွန်းလှသည့် မိန်းမပျို၊ ငါသည်ကား သမုဒ္ဒရာကို စိုးမိုးသော ဘုန်းတန်ခိုးကြီးမားသည့် နတ်မင်း ပိုဆီဒန် ကိုယ်တိုင်ပင်။
သင်၏ နုပျိုချောမောမှုကို အသီးနားထံတွင် အချည်းနှီးကုန်ဆုံးစေမည့်အစား ငါ၏ကြင်ယာဖြစ်ပါလေ။
သင်အလိုရှိရာကို ဆောင်ကျဥ်းပေးပါအံ့ "
" ဉာဏ်ပညာ၏ ပြယုဒ်၊ အနုပညာ၏ အရှင်သခင်၊ အတတ်ပညာ၏စောင့်ရှောက်သူဖြစ်သော နတ်ဘုရားမ အသီးနား၏ ကျောင်းဆောင်တွင် အပျိုစင်တစ်ယောက်အဖြစ် အလုပ်အကျွေးပြုရခြင်းသည်ပင်လျှင် အကျွန်အလိုရှိရာ အန္တိမရည်မှန်းချက်ဖြစ်၍ ဘာကိုမှထပ်မံမလိုအပ်တော့ပါ။
နတ်ဘုရားကျောင်းသို့ ပြန်ချိန်ကျပြီဖြစ်၍အကျွန့်အား သွားခွင့်ပြုပါလေ"
ပြောပြောဆိုဆိုနဲ့ပဲ ရွှေရောင်ဆံပင်ရှည်ကြီးတွေနဲ့ လှပတဲ့မက်ဒူးဆာဟာ ရေနတ်ဘုရား ပိုဆီဒန်ကိုကျောခိုင်းခဲ့ပြီး အသီးနားရဲ့ဘုရားကျောင်းရှိရာကို ပြန်သွားခဲ့တယ်။
မက်ဒူးဆာရဲ့ မိဘတွေက လူသားတွေ မဟုတ်ပါဘူး။
ပင်လယ်စောင့်နတ်တွေထဲမှာ အပါအဝင်ဖြစ်တဲ့ ဖောဆစ် (Phorcys) နဲ့ ဆီတို (Ceto) တို့ကမွေးတဲ့ ဂေါ်ဂွန်ညီအစ်မ ( Gorgon sisters) သုံးယောက်ရှိတဲ့ထဲမှာ မက်ဒူးဆာက အငယ်ဆုံးပါ။
တိုက်တန်တွေကနေ ဆင်းသက်လာတဲ့ ဖောဆစ်နဲ့ ဆီတိုတို့မှာ ဂေါ်ဂွန်ညီအစ်မတွေအပြင် တစ်ခြားသားသမီးတွေရှိပါသေးတယ်။
ထင်ရှားတဲ့ သားတစ်ယောက်က လေဒန် (Ladon) ပါ။
ခေါင်းပေါင်းတစ်ရာရှိတဲ့ မြွေနဂါးလေဒန် (Ladon) ကို သူပိုင်ဆိုင်တဲ့ရွှေရောင်ပန်းသီးဥယာဥ်ကိုစောင့်ရှောက်ဖို့ နတ်ဘုရားဇူးစ်ရဲ့ မိဖုရားခေါင်ကြီး ဟီးရာကတောင်မှ တာဝန်ချထားခဲ့ဖူးပါတယ်။
တိုက်တန်နတ်ဘုရားမျိုးနွယ်ရဲ့ အဆွယ်အပွားတွေပီပီ ဖခင်ဖော်ဆစ်နဲ့ မိခင်ဆီတိုတို့ရဲ့ရင်သွေးတွေဖြစ်တဲ့ ဂေါ်ဂွန်ညီအစ်မတွေဟာ ထာဝရအသက်ရှည်ခြင်းကို ပိုင်ဆိုင်ကြပါတယ်။
အကြီးဆုံးဂေါ်ဂွန်ရဲ့နာမည်က စတက်နို (Stheno) လို့ခေါ်ပြီး သန်မာကြံ့ခိုင်သူလို့အဓိပ္ပါယ်ရတယ်။
ဒုတိယဂေါ်ဂွန်က ယူရီယေး (Euryale) တဲ့။ ဝေးဝေးခုန်နိုင်သူလို့အဓိပ္ပါယ်ရှိတယ်။
ဂေါ်ဂွန်ညီအစ်မတွေဟာ အကြေးခွံတွေပါတဲ့ကိုယ်ခန္ဓာ၊ လင်းနို့လိုအတောင်ပံတွေနဲ့ ကြောက်မက်ဖွယ်ရာရုပ်ရည်ကို ပိုင်ဆိုင်ကြတယ်။
ခြွင်းချက်ကတော့ အငယ်ဆုံး ဂေါ်ဂွန် မက်ဒူးဆာပါ။
ကာကွယ်စောင့်ရှောက်သူ၊ ဘုရင်မ စသည်ဖြင့်အနက်ကောက်နိုင်တဲ့ နာမည်ပိုင်ရှင် မက်ဒူးဆာဟာ အစ်မတွေနဲ့မတူပဲ ချောမောပြေပြစ်လွန်းသူတစ်ယောက်ဖြစ်ရုံမက သေခြင်းတရားကိုမလွန်ဆန်နိုင်သူ သာမာန်လူတစ်ယောက်သာ ဖြစ်ပါတယ်။
အစ်မတွေနဲ့တူတာဆိုလို့ ညီအစ်မသုံးယောက်လုံးက လေး၊မြားအတတ်ကို ထူးချွန်ကြတာချင်းတူတာပဲ ရှိပါတယ်။
ချောမောလှပလွန်းသူ မက်ဒူးဆာဟာ နတ်ဘုရားမ အသီးနားရဲ့ နတ်ကွန်းမှာ အပျိုစင်၊ သူတော်စင်မလေးအဖြစ်နဲ့ နတ်ကွန်းကိုထိန်းသိမ်းစောင့်ရှောက်ရာကနေ တစ်နေ့တစ်ခြား ထင်ရှားသထက်ထင်ရှားလာပါတယ်။
သူ့ရဲ့ အလှဂုဏ်သတင်းကြောင့် ရပ်ဝေး၊ရပ်နီးကနေ အသီးနားနတ်ကွန်းကို ပူဇော်ပသဖို့လာသူတွေနဲ့ တစ်နေ့တစ်ခြား စည်ကားသထက်စည်ကားလို့ပေါ့။
တစ်ချို့ကဆိုရင် သူ့ရဲ့လှပတဲ့ ရွှေရောင်ဆံနွယ်တွေဟာ နတ်ဘုရားမ အသီးနားထက်တောင် ပိုပြီး လှပကျက်သရေရှိတယ်လို့ ချီးမြှောက်ကြလေရဲ့။
ကြည်လင်တောက်ပတဲ့မျက်လုံး၊ သာယာချိုပြောင်းတဲ့အသံ၊ ရှုမဆုံးချင်စရာ ရုပ်ရည်တို့ကြောင့် အသီးနားကိုသာမက မက်ဒူးဆာကိုပါ ကိုးကွယ်ချင်သူတွေများလာကြလို့ နတ်ဘုရားမ အသီးနားကိုယ်တိုင်တောင် မနှစ်မြို့နိုင်တဲ့ အခြေအနေဖြစ်လာပါတယ်။
ဒီလိုအချိန်မျိုးမှာမှ ကံဆိုးစရာကိစ္စကြီးတစ်ခုပေါ်လာပါတယ်။
ထုံးစံအတိုင်း ညနေခင်းလမ်းလျှောက်ထွက်တဲ့ မက်ဒူးဆာကို ချစ်စိတ်မွှန်နေတဲ့ နတ်ဘုရားပိုဆီဒန်ကအတင်းလိုက်နှောက်ယှက်လို့ အသီးနားနတ်ကွန်းရှိရာကို အားကိုးတကြီးနဲ့ ပြန်ပြေးလာခဲ့ရှာပါတယ်။
ဒါပေမယ့် မက်ဒူးဆာကိုတပ်မက်စိတ်နဲ့ ခဏတာရူးသွပ်သွားတဲ့ ပိုဆီဒန်ဟာ ဆန္ဒကို မချုပ်တည်းနိုင်တော့ပဲ ကျောင်းဆောင်ထဲက အပျိုစင်နတ်ဘုရား အသီးနားရဲ့ ရုပ်ထုရှေ့မှာပဲ မက်ဒူးဆာကို အနိုင်အထက်ပြုလို့ မယားအဖြစ်သိမ်းပိုက်လိုက်ပါလေတယ်။
အဲဒီနောက် ပိုဆီဒန်ထွက်သွားလို့ အသီးနားရုပ်ထုရှေ့မှာ ငိုကြွေးရင်း မက်ဒူးဆာတစ်ယောက်ထဲကျန်ခဲ့ချိန်မှာပဲ ဒေါသအမျက်ခြောင်းခြောင်းထွက်နေတဲ့ နတ်ဘုရားမ အသီးနားရောက်လို့လာပါတယ်။
နဂိုကတည်းက သူ့အလှကိုခြေရာတိုင်းလို့ ဘဝင်မကျနိုင်တဲ့ အသီးနားဟာ ဖြစ်ပျက်သွားတဲ့ကိစ္စတွေအတွက် မက်ဒူးဆာကိုလုံးဝခွင့်မလွှတ်နိုင်ပါဘူး။
သနားစရာမက်ဒူးဆာဟာ ပိုဆီဒန်ရဲ့ အတင်းအဓမ္မကျူးလွန်မှုကိုခံရရုံမက နတ်ဘုရားမ အသီးနားရဲ့ အမျက်သင့်တာကိုပါခံရတော့တာပါ။
အသီးနား (Athena)
****************
နတ်ဘုရင်ဇူးစ်ရဲ့ မိဘုရားတစ်ပါးဖြစ်တဲ့ မီးတစ်စ် (Metis) ကမွေးတဲ့ကလေးတွေထဲကနေ ဇူးစ်ကိုတော်လှန်ပုန်ကန်နိုင်သူပေါ်လာလိမ့်မယ်ဆိုတဲ့ ရှေ့ဖြစ်ဟောကိန်းကို အနာဂါတ်ကိုကြိုမြင်နိုင်သူ ပရိုမီးသီးရက်စ်က ပြောခဲ့ပါတယ်။
ဒီဟောကိန်းကြောင့် ကိုယ်ဝန်သည်မိဖုရားကို အာခံတွင်းမှာထည့်လို့ မျိုချပစ်ပြီး သူပုန်မျိုးဆက်မမွေးအောင်ကြံစည်ခဲ့ပေမယ့် ဇူးစ်ရဲ့အကြံက အထမမြောက်ခဲ့ပါဘူး။
တစ်နေ့မှာ မခံမရပ်နိုင်အောင် ခေါင်းထဲကနေ ပြင်းပြင်းထန်ထန်၊ တစ်ဆစ်ဆစ်ထိုးကိုက်လွန်းနေတဲ့ နတ်ဘုရားဇူးစ်ရဲ့ခေါင်းကို သားတော်တစ်ပါးဖြစ်တဲ့ ပန်းပဲနတ်ဘုရား ဟက်ဖက်စတပ်က ပုဆိန်နဲ့ထိုးခုတ်ပေးလိုက်ရပါတယ်။
အဲဒီအခါမှာ ကောင်းကင်နဲ့ ကမ္ဘာမြေတစ်ခွင်ကိုပါ သိမ့်သိမ့်တုန်သွားအောင်ညာသံပေးလို့၊ ချပ်ဝတ်တန်ဆာအပြည့်အစုံဝတ်ဆင်ကိုင်စွဲထားတဲ့ အရွယ်ရောက်ပြီးသား နတ်ဘုရားမတစ်ပါးအနေနဲ့ ဇူးစ်ရဲ့ခေါင်းထဲကနေခုန်ထွက်လာတာက အသီးနားပါ။
ဇူးစ်ရဲ့ခေါင်းကနေမွေးဖွားလာသူပီသစွာပဲ ညဏ်ပညာကိုအစိုးရသူ နတ်ဘုရားမတစ်ပါးဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် စစ်အတတ်၊ လက်မှုပညာနဲ့ အနုပညာတို့ကိုကျွမ်းကျင်ပြီး သူရဲကောင်းတွေကို ကူညီတတ်သူ၊ ချစ်ခင်တတ်သူတစ်ယောက်လဲဖြစ်ပါသေးတယ်။
မာနကြီးမြင့်တဲ့ အပျိုစင်နတ်ဘုရားမတစ်ပါးအနေနဲ့ အိုလံပစ်တောင်ပေါ်မှာ တစ်ခြားနတ်ဘုရားတွေနဲ့အတူစံမြန်းပါတယ်။
သူကာကွယ်စောင့်ရှောက်တဲ့ အေသင် (Athens) မြို့ကိုအစွဲပြုပြီး အသီးနား (Athena) လို့ခေါ်ကြတယ်လို့ တစ်ချို့ကဆိုပါတယ်။
မက်ဒူးဆာအတွက်ကျိန်စာ
********************
သူ့ရဲ့ နတ်ကွန်းထဲက သူ့ကိုကိုယ်စားပြုတဲ့ရုပ်ထုရှေ့မှာဖြစ်သွားတဲ့ မသန့်စင်တဲ့ကိစ္စတွေရဲ့ တရားခံဟာ မက်ဒူးဆာပဲလို့ တပ်အပ်စွပ်စွဲပြီး အပျိုစင်နတ်ဘုရားမဟာ မကြည်ရင်းစွဲရှိတဲ့ မိန်းမငယ်မက်ဒူးဆာကို ကျိန်စာတိုက်ပါတော့တယ်။
" ငါ၏ မြင့်မြတ်သော ကျောင်းဆောင်၌ မလျော်ကံသည့် ယုတ်ညံ့သောအပြစ်ကိုပြုသူ မက်ဒူးဆာ...
ငါ၏ ဂုဏ်သတင်းပျက်ပြားအောင် ငါ၏နတ်နန်း၌ သံဝါသအမှုကိုပြုခြင်းဖြင့် ညစ်ညမ်းစေသည့် မက်ဒူးဆာ...
အလှဂုဏ်မောက်၍ အိုလံပစ်တောင်တော်မှ နတ်ဘုရားမများ၏အလှကိုပါ ယှဥ်ပြိုင်ကြွားဝါလိုသည့် မက်ဒူးဆာ...
မိစ္ဆာများ၏ ညီအစ်မဖြစ်၍ တိုက်တန်တို့၏သွေးဖြစ်သော အို မက်ဒူးဆာ...
ယနေ့မှစ၍ သင်သည်လဲ သင့်အစ်မများကဲ့သို့ပင် စက်ဆုပ်ဖွယ်ရာ ပုံပန်းသွင်ပြင်ကို ပိုင်ဆိုင်အံ့။
သင်မြတ်နိုးသော သင်၏ဆံပင်ခွေများသည် ရွံရှာဖွယ်ရာ ခွေခေါက်နေသည့် မြွေဆိုးများဖြစ်ပါစေ...
လူတစ်ကာရှုမငြီးဟုသတင်းကြီးသော သင်၏မျက်လုံးများသည်လည်း ကြည့်ရှုသူကိုအေးခဲထိတ်လန့်စေ၍ ကျောက်စိုင်ကျောက်သားရုပ်တု အဖြစ်ပင် အသွင်ပြောင်းစေ...
သင်၏လှပသောမျက်နှာသည်လည်း အကြေးခွံအထပ်ထပ်ဖြင့် မျက်နှာမပြဝံ့သည့် အဖြစ်ဖြစ်စေ...
သင်၏ကျော့ရှင်းသော ကိုယ်သည်လည်း မြင်သူထိတ်လန့်ဖွယ်ရာ သတ္တဝါကောင်တစ်ကောင် ဖြစ်စေသတည်း..."
နတ်ဘုရားမ အသီးနားရဲ့ ကျိန်စာကြောင့် တစ်ချိန်ကပြိုင်ဘက်ကင်းအောင် လှပချောမောခဲ့လွန်းသူ မက်ဒူးဆာဟာ ကြောက်မက်ဖွယ်ရာ သတ္တဝါတစ်ကောင်အဖြစ် အသွင်ပြောင်းသွားတော့တယ်။
သူမရဲ့ ဆံနွယ်တွေကနေ မြွေဆိုးတွေ၊
သူမရဲ့ လှပရွှန်းလက်တဲ့မျက်လုံးတွေက မြင်သူကိုကျောက်ရုပ်ဖြစ်စေနိုင်တဲ့ အေးစက်စူးရှတဲ့မျက်လုံးတွေ၊
သူမရဲ့ နို့နှစ်ရောင်၊ ကြည်လင်တဲ့အသားအရေက စိမ်းဖန့်ဖန့်နဲ့ အကြေးခွံတွေပြည့်နေတဲ့ ကြမ်းတမ်းတဲ့အသားအရေ၊
သွယ်လျတဲ့ ခြေထောက်တွေအစား စပါးကြီးမြွေတစ်ကောင်ရဲ့ ကိုယ်ခန္ဓာတွေ၊
လှပသွယ်ပြောင်းတဲ့ လက်ချောင်းလေးတွေအစား သန်မာချွန်ထက်တဲ့ လက်သည်းရှည်ကြီးတွေနဲ့လက်ချောင်းတွေ၊
တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲသွားပြီး ဒေါသကြီး၊ အကျည်းတန်တဲ့ မက်ဒူးဆာမိစ္ဆာမဖြစ်သွားတော့တယ်။
တစ်ချိန်တုန်းက သူ့အလှကြောင့်သူ့နောက်ကိုတကောက်ကောက် လိုက်နေတဲ့သူတွေက သူ့ကိုသတ်ဖြတ်ဖို့အမဲလိုက်သူတွေဖြစ်လာကြတယ်။
သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ အတွက် မိစ္ဆာမကိုသတ်ဖို့ရာ အတော်ဆုံးဆိုတဲ့ တိုက်ခိုက်ရေးသမားတွေ၊ မင်းညီမင်းသားတွေ၊ စွန့်စားသူတွေဟာ မက်ဒူးဆာကို လိုက်လံရှာဖွေကြတယ်။
အဲဒီသူတွေအားလုံးဟာလဲ မက်ဒူးဆာရဲ့လက်ချက်နဲ့ အသက်ဆုံးရှုံးရင်ဆုံးရှုံး၊ ဒါမှမဟုတ်ရင် ကျောက်ရုပ်တွေအဖြစ်နဲ့ ဘဝနိဂုံးချုပ်ကြရတယ်။
မက်ဒူးဆာကိုတော့ ဘယ်သူကမှ မသတ်နိုင်ခဲ့ကြဘူး။
ဒီလိုနဲ့ မက်ဒူးဆာဟာ သေခြင်းကင်းတဲ့သူ့အစ်မနှစ်ယောက်ရဲ့စောင့်ရှောက်မှုနဲ့ လူတွေနဲ့ဝေးရာမှာ ပုန်းအောင်းနေခဲ့တယ်။
နောက်ဆုံးတစ်နေ့မှာတော့ သူ့ကိုသတ်ဖို့ အသီးနားကလွှတ်လိုက်တဲ့ သူရဲကောင်း ပါစီရက်စ် (Perseus) ရောက်လာတဲ့အထိပဲဆိုပါတော့။

No comments:
Post a Comment