နော့စ်ဒဏ္ဍာရီက ဘုံကိုးသွယ်နဲ့ ကမ္ဘာသစ်ပင်
***********************************
အဲဒီသစ်ပင်ကြီးရဲ့နာမည်က Yggdrasil (အီဒရာဆေး ) တဲ့။
ကြီးမားလွန်းတဲ့သစ်ပင်ကြီးကို ကမ္ဘာ့သစ်ပင်ကြီးလို့လဲခေါ်တယ်။
သူ့ရဲ့ရှည်လျားတဲ့အမြစ်တွေက သက်ရှိတွေနေထိုင်တဲ့ ဘုံသုံးဘုံကိုဆက်သွယ်ထားတယ်။
သစ်ပင်ကြီး ရဲ့အနီးတဝိုက်မှာက စုစုပေါင်း ဘုံ (၉) ဘုံရှိတယ်။
အီဒရာဆေးရဲ့ အမြစ်ကြီးတစ်ခုက နတ်ဘုရားတွေနေထိုင်ရာ Asgard (အော့စ်ဂေါ့) ဘုံကိုသွားပြီး နောက်ထပ်အမြစ်ကြီးတစ်ခုကတော့ လူသားတွေနေထိုင်ရာ Midgard (မစ်ဂေါ့) ကိုထိုးဖောက်ထားတယ်။ Asgard နဲ့ Midgard ကဝေးကွာလွန်းလို့ ဘယ်လူသားမှ ဘုံနှစ်ခုကြားမှာ အကူးအသန်းမလုပ်နိုင်ဘူး။ နတ်ဘုရားတွေကတော့ ဘုံနှစ်ခုကိုဆက်သွယ်ထားတဲ့ အရောင်သုံးရောင်ပါတဲ့ သက်တန့်တံတား Bifrost (ဘီးဖရော့စ်)ကိုသုံးပြီး ကူးလူးနိုင်ကြတယ်။ လူသားတွေနေထိုင်တဲ့ Midgard ဘုံကမ္ဘာဘေးမှာပဲ တောင်တန်းတွေထူထပ်ပြီး နယ်မြေကြမ်းတမ်းတဲ့ဘုံတစ်ခုရှိတယ်။ ကြီးမားထွားကျိုင်းတဲ့လူဘီလူးကြီး (Giant) တွေနေထိုင်တဲ့ ကမ္ဘာ Jotunheim (ယူတွန်ဟိုင်းမ်) တဲ့။ လူသားတွေနေထိုင်တဲ့ Midgard ကစက်ဝိုင်းပုံဖြစ်ပြီးသူ့ကိုတော့ Loki (လိုကီ) ရဲ့ ကလေးတစ်ယောက်ဖြစ်တဲ့ ဧရာမမြွေကြီး Jormungand (ရောမွန်ဂန်ဒရှ်) ကတစ်ပတ်ပြည့်အောင်ဝိုင်းပတ်ထားတယ်။
အီဒရာဆေးရဲ့ အနက်ရှိုင်းဆုံးအမြစ်တစ်ခုက မြူတွေထူ၊ မှောင်မိုက်ပြီး နက်ရှိုင်းတဲ့နေရာမှာရှိတဲ့ Niflheim (နစ်ဖ်ဟိုင်းမ်) ထိ ဆန့်ထွက်ဖြန့်ကျက်နေတယ်။ Niflheim ကရေတွေထဲမှာ နဂါးကြီး Nidhogg (နိဒ်ဟော့ဂ်) နေပြီး ကမ္ဘာသစ်ပင်ကြီးရဲ့အမြစ်ကိုအမြဲဝါးနေလေ့ရှိတယ်။
အဲဒီဘုံလေးဘုံအပြင် အီဒရာဆေးကိုဝန်းရံပြီးနောက်ထပ် ဘုံကမ္ဘာငါးခုရှိသေးတယ်။ လူသားတွေရဲ့ Midgard အောက်တည့်တည့်မှာရှိတဲ့ Svartalfheim (ဆွချ်အယ်ဖာဟိုင်း) သို့မဟုတ် Nidavellir (နီဒါဗယ်လေး) ကမ္ဘာ။ အရင်က ကမ္ဘာနှစ်ခုဖြစ်ခဲ့ရာကနေတစ်ခုတည်းအဖြစ် ဆက်စပ်ပေါင်းစည်းသွားလို့ နာမည်နှစ်ခုရှိနေတာဖြစ်ပြီး အဲဒီမှာ လက်မှုအတတ်၊ ပန်းပဲအတတ်တွေမှာတစ်ဖက်ကမ်းခတ်တော်တဲ့ လူပုကြီးတွေ (Dwarf) တွေနဲ့ မဲနက်တဲ့အသားအရည်ရှိတဲ့ Dark Elf တွေ သတ်သတ်စီနေကြတယ်။
သစ်ပင်ကြီးရဲ့အနီးတဝိုက်မှာ Dark Elf တွေရှိသလို Light Elf တွေလဲရှိပြီး သူတို့က နောက်ထပ်ဘုံကမ္ဘာတစ်ခုမှာနေကြတယ်။ Light Elf တွေက Dark Elf တွေနဲ့ဆန့်ကျင်ဘက် တောက်ပပျိုးပြက်လှပလွန်းသူတွေဖြစ်တယ်။ သူတို့ရဲ့ကိုယ်ရောင်ကိုယ်ဝါကတောက်ပလွန်းလို့ နေမင်းကြီးထက်တောင်ထွန်းတောက်လှပသူတွေလို့ ဆိုစမှတ်ပြုကြတယ်။ ဘုံကိုးဘုံမှာ အလှပဆုံးဖြစ်တဲ့ Light Elf တွေနေတာက Alfheim ( အယ်ဖာဟိုင်းမ်) ဘုံ။
နောက်ထပ်နတ်ဘုရားမျိုးနွယ်တွေနေတဲ့ဘုံတစ်ခုကို Vanaheim (ဗာနာဟိုင်းမ်) လို့ခေါ်တယ်။ အဲဒီမှာ Asgard ကနတ်ဘုရားတွေနဲ့ မကြာမကြာစစ်ခင်းလေ့ရှိကြတဲ့ Vanir (ဗာနီးရ်) နတ်ဘုရားတွေနေတယ်။
Asgard မှာနေတဲ့နတ်ဘုရားတွေကို Aesir (အဲဆီးရ်) နတ်ဘုရားမျိုးနွယ်တွေလို့ခေါ်ပြီး Vanaheim မှာနေတဲ့နတ်ဘုရားမျိုးနွယ်တွေကို Vanir (ဗာနီးရ်) နတ်ဘုရားမျိုးနွယ်တွေလို့ခေါ်ကြတယ်။
ပြီးတော့ သေသူတွေရဲ့ဘုံဖြစ်တဲ့ Helheim (ဟယ်လ်ဟိုင်းမ်) ဘုံ။ Helheim ရဲ့အရှင်သခင်မက Loki ရဲ့သားသမီးသုံးယောက်ထဲကတစ်ယောက်ဖြစ်တဲ့ Hel ဖြစ်ပြီး မြွေကြီး Jormungand နဲ့ ဝံပုလွေကြီး Fenrir တို့နဲ့မောင်နှမတော်တယ်။
နောက်ဆုံးဘုံကတော့ ရှေးအကျဆုံးဘုံဖြစ်တဲ့ Mustpelheim (မွတ်စပယ်ဟိုင်းမ်) ဘုံ။ မီးတွေအမြဲတောက်လောင်ပြီး ချော်ရည်ပူတွေ၊ ပူပြင်းလောင်မြိုက်တဲ့လေတွေနဲ့ပြည့်နေတဲ့အဲဒီဘုံက မီးမိစ္ဆာကောင်ကြီး Surt (ဆာ့တ်) နေတဲ့ဘုံပါ။
ပြန်ချုပ်ရရင်
၁။ Aesir နတ်ဘုရားတွေနေတဲ့ Asgard
၂။ လူသားတွေနေတဲ့ Midgard
၃။ Giant တွေနေတဲ့ Jotunheim
၄။ နဂါးကြီး Nidhogg နေထိုင်ရာ မြူတွေနဲ့ပြည့်နေတဲ့ Niflheim
၅။ Dwarf တွေနဲ့ Dark Elf တွေနေတဲ့ Nidavellir သို့မဟုတ် Svartalfheim
၆။ Light Elf တွေနေတဲ့ Alfheim
၇။ Vanir နတ်ဘုရားတွေနေတဲ့ Vanaheim
၈။ သေပြီးသူတွေနေတဲ့ Helheim
၉။ မီးမိစ္ဆာကြီး Surt ရဲ့အမြဲလောင်မြိုက်နေတဲ့ Mustpelheim
ဆိုတဲ့ ကိုးဘုံ၊ကိုးကမ္ဘာကို ကမ္ဘာသစ်ပင်ကြီး Yggdrasil (အီဒရာဆေး)ကဆက်သွယ်ထားတယ်။
အိုက်စ်လန်၊ နော်ဝေ၊ ဆွီဒင် စတဲ့ဥရောပမြောက်ပိုင်းနိုင်ငံတွေမှာ ရှေးခေတ်ကဗိုက်ကင်းတိုက်ခိုက်ရေးသမားတွေယုံကြည်ခဲ့ကြတဲ့ Norse နတ်ဘုရားတွေအကြောင်းပြောတဲ့အခါ မပါမဖြစ်တဲ့ Yggdrasil (အီဒရာဆေး) ဆိုတဲ့ ကမ္ဘာသစ်ပင်ကြီးအကြောင်းပါ။ အသံထွက်တွေကိုလဲ မူရင်း Norse အသံထွက်တွေနဲ့အနီးစပ်ဆုံးထွက်ပြီးရေးပေးထားပါတယ်။ ရုပ်ရှင်တွေထဲမှာလူသိများပြီးသား၊ ကြားဖူးပြီးသား နာမည်တစ်ချို့ကိုတော့ဖတ်တဲ့သူတွေမှတ်ရအဆင်ပြေအောင် နားစွဲပြီးသားအင်္ဂလိပ်အသံထွက်နဲ့အနီးစပ်ဆုံးပဲ ရေးပေးလိုက်ပါတယ်။
ကမ္ဘာသစ်ပင်နဲ့ Norse နတ်ဘုရားနာမည်တွေ၊ ဘုံကမ္ဘာတွေ၊ နေရာဒေသအမည်တွေအကြောင်း ကြားဖူးနားဝရှိပြီး၊ နည်းနည်းပါးပါးနားလည်ထားရင် နောက်ပိုင်း Norse ဒဏ္ဍာရီတွေဖတ်တဲ့အခါ လွယ်လွယ်ကူကူ အသားကျပြီး နားလည်လွယ်ပါလိမ့်မယ်။
မောင်ဇိ
(Picture : Norse Myths Tales of Odin, Thor, and Loki by Kevin Crossley-Holland)
#MaungZi #Norsemythology #mythology #နောစ့်ဒဏ္ဍာရီ #မောင်ဇိ၏ပုံပြင်များ
=====================================================================
ေနာ့စ္ဒ႑ာရီက ဘုံကိုးသြယ္နဲ႔ ကမာၻသစ္ပင္
***********************************
အဲဒီသစ္ပင္ႀကီးရဲ႕နာမည္က Yggdrasil (အီဒရာေဆး ) တဲ့။
ႀကီးမားလြန္းတဲ့သစ္ပင္ႀကီးကို ကမာၻ႔သစ္ပင္ႀကီးလို႔လဲေခၚတယ္။
သူ႔ရဲ႕ရွည္လ်ားတဲ့အျမစ္ေတြက သက္ရွိေတြေနထိုင္တဲ့ ဘုံသုံးဘုံကိုဆက္သြယ္ထားတယ္။
သစ္ပင္ႀကီး ရဲ႕အနီးတဝိုက္မွာက စုစုေပါင္း ဘုံ (၉) ဘုံရွိတယ္။
အီဒရာေဆးရဲ႕ အျမစ္ႀကီးတစ္ခုက နတ္ဘုရားေတြေနထိုင္ရာ Asgard (ေအာ့စ္ေဂါ့) ဘုံကိုသြားၿပီး ေနာက္ထပ္အျမစ္ႀကီးတစ္ခုကေတာ့ လူသားေတြေနထိုင္ရာ Midgard (မစ္ေဂါ့) ကိုထိုးေဖာက္ထားတယ္။ Asgard နဲ႔ Midgard ကေဝးကြာလြန္းလို႔ ဘယ္လူသားမွ ဘုံႏွစ္ခုၾကားမွာ အကူးအသန္းမလုပ္ႏိုင္ဘူး။ နတ္ဘုရားေတြကေတာ့ ဘုံႏွစ္ခုကိုဆက္သြယ္ထားတဲ့ အေရာင္သုံးေရာင္ပါတဲ့ သက္တန႔္တံတား Bifrost (ဘီးဖေရာ့စ္)ကိုသုံးၿပီး ကူးလူးႏိုင္ၾကတယ္။ လူသားေတြေနထိုင္တဲ့ Midgard ဘုံကမာၻေဘးမွာပဲ ေတာင္တန္းေတြထူထပ္ၿပီး နယ္ေျမၾကမ္းတမ္းတဲ့ဘုံတစ္ခုရွိတယ္။ ႀကီးမားထြားက်ိဳင္းတဲ့လူဘီလူးႀကီး (Giant) ေတြေနထိုင္တဲ့ ကမာၻ Jotunheim (ယူတြန္ဟိုင္းမ္) တဲ့။ လူသားေတြေနထိုင္တဲ့ Midgard ကစက္ဝိုင္းပုံျဖစ္ၿပီးသူ႔ကိုေတာ့ Loki (လိုကီ) ရဲ႕ ကေလးတစ္ေယာက္ျဖစ္တဲ့ ဧရာမေႁမြႀကီး Jormungand (ေရာမြန္ဂန္ဒရွ္) ကတစ္ပတ္ျပည့္ေအာင္ဝိုင္းပတ္ထားတယ္။
အီဒရာေဆးရဲ႕ အနက္ရႈိင္းဆုံးအျမစ္တစ္ခုက ျမဴေတြထူ၊ ေမွာင္မိုက္ၿပီး နက္ရႈိင္းတဲ့ေနရာမွာရွိတဲ့ Niflheim (နစ္ဖ္ဟိုင္းမ္) ထိ ဆန႔္ထြက္ျဖန႔္က်က္ေနတယ္။ Niflheim ကေရေတြထဲမွာ နဂါးႀကီး Nidhogg (နိဒ္ေဟာ့ဂ္) ေနၿပီး ကမာၻသစ္ပင္ႀကီးရဲ႕အျမစ္ကိုအၿမဲဝါးေနေလ့ရွိတယ္။
အဲဒီဘုံေလးဘုံအျပင္ အီဒရာေဆးကိုဝန္းရံၿပီးေနာက္ထပ္ ဘုံကမာၻငါးခုရွိေသးတယ္။ လူသားေတြရဲ႕ Midgard ေအာက္တည့္တည့္မွာရွိတဲ့ Svartalfheim (ဆြခ်္အယ္ဖာဟိုင္း) သို႔မဟုတ္ Nidavellir (နီဒါဗယ္ေလး) ကမာၻ။ အရင္က ကမာၻႏွစ္ခုျဖစ္ခဲ့ရာကေနတစ္ခုတည္းအျဖစ္ ဆက္စပ္ေပါင္းစည္းသြားလို႔ နာမည္ႏွစ္ခုရွိေနတာျဖစ္ၿပီး အဲဒီမွာ လက္မႈအတတ္၊ ပန္းပဲအတတ္ေတြမွာတစ္ဖက္ကမ္းခတ္ေတာ္တဲ့ လူပုႀကီးေတြ (Dwarf) ေတြနဲ႔ မဲနက္တဲ့အသားအရည္ရွိတဲ့ Dark Elf ေတြ သတ္သတ္စီေနၾကတယ္။
သစ္ပင္ႀကီးရဲ႕အနီးတဝိုက္မွာ Dark Elf ေတြရွိသလို Light Elf ေတြလဲရွိၿပီး သူတို႔က ေနာက္ထပ္ဘုံကမာၻတစ္ခုမွာေနၾကတယ္။ Light Elf ေတြက Dark Elf ေတြနဲ႔ဆန႔္က်င္ဘက္ ေတာက္ပပ်ိဳးျပက္လွပလြန္းသူေတြျဖစ္တယ္။ သူတို႔ရဲ႕ကိုယ္ေရာင္ကိုယ္ဝါကေတာက္ပလြန္းလို႔ ေနမင္းႀကီးထက္ေတာင္ထြန္းေတာက္လွပသူေတြလို႔ ဆိုစမွတ္ျပဳၾကတယ္။ ဘုံကိုးဘုံမွာ အလွပဆုံးျဖစ္တဲ့ Light Elf ေတြေနတာက Alfheim ( အယ္ဖာဟိုင္းမ္) ဘုံ။
ေနာက္ထပ္နတ္ဘုရားမ်ိဳးႏြယ္ေတြေနတဲ့ဘုံတစ္ခုကို Vanaheim (ဗာနာဟိုင္းမ္) လို႔ေခၚတယ္။ အဲဒီမွာ Asgard ကနတ္ဘုရားေတြနဲ႔ မၾကာမၾကာစစ္ခင္းေလ့ရွိၾကတဲ့ Vanir (ဗာနီးရ္) နတ္ဘုရားေတြေနတယ္။
Asgard မွာေနတဲ့နတ္ဘုရားေတြကို Aesir (အဲဆီးရ္) နတ္ဘုရားမ်ိဳးႏြယ္ေတြလို႔ေခၚၿပီး Vanaheim မွာေနတဲ့နတ္ဘုရားမ်ိဳးႏြယ္ေတြကို Vanir (ဗာနီးရ္) နတ္ဘုရားမ်ိဳးႏြယ္ေတြလို႔ေခၚၾကတယ္။
ၿပီးေတာ့ ေသသူေတြရဲ႕ဘုံျဖစ္တဲ့ Helheim (ဟယ္လ္ဟိုင္းမ္) ဘုံ။ Helheim ရဲ႕အရွင္သခင္မက Loki ရဲ႕သားသမီးသုံးေယာက္ထဲကတစ္ေယာက္ျဖစ္တဲ့ Hel ျဖစ္ၿပီး ေႁမြႀကီး Jormungand နဲ႔ ဝံပုေလြႀကီး Fenrir တို႔နဲ႔ေမာင္ႏွမေတာ္တယ္။
ေနာက္ဆုံးဘုံကေတာ့ ေရွးအက်ဆုံးဘုံျဖစ္တဲ့ Mustpelheim (မြတ္စပယ္ဟိုင္းမ္) ဘုံ။ မီးေတြအၿမဲေတာက္ေလာင္ၿပီး ေခ်ာ္ရည္ပူေတြ၊ ပူျပင္းေလာင္ၿမိဳက္တဲ့ေလေတြနဲ႔ျပည့္ေနတဲ့အဲဒီဘုံက မီးမိစာၦေကာင္ႀကီး Surt (ဆာ့တ္) ေနတဲ့ဘုံပါ။
ျပန္ခ်ဳပ္ရရင္
၁။ Aesir နတ္ဘုရားေတြေနတဲ့ Asgard
၂။ လူသားေတြေနတဲ့ Midgard
၃။ Giant ေတြေနတဲ့ Jotunheim
၄။ နဂါးႀကီး Nidhogg ေနထိုင္ရာ ျမဴေတြနဲ႔ျပည့္ေနတဲ့ Niflheim
၅။ Dwarf ေတြနဲ႔ Dark Elf ေတြေနတဲ့ Nidavellir သို႔မဟုတ္ Svartalfheim
၆။ Light Elf ေတြေနတဲ့ Alfheim
၇။ Vanir နတ္ဘုရားေတြေနတဲ့ Vanaheim
၈။ ေသၿပီးသူေတြေနတဲ့ Helheim
၉။ မီးမိစာၦႀကီး Surt ရဲ႕အၿမဲေလာင္ၿမိဳက္ေနတဲ့ Mustpelheim
ဆိုတဲ့ ကိုးဘုံ၊ကိုးကမာၻကို ကမာၻသစ္ပင္ႀကီး Yggdrasil (အီဒရာေဆး)ကဆက္သြယ္ထားတယ္။
အိုက္စ္လန္၊ ေနာ္ေဝ၊ ဆြီဒင္ စတဲ့ဥေရာပေျမာက္ပိုင္းႏိုင္ငံေတြမွာ ေရွးေခတ္ကဗိုက္ကင္းတိုက္ခိုက္ေရးသမားေတြယုံၾကည္ခဲ့ၾကတဲ့ Norse နတ္ဘုရားေတြအေၾကာင္းေျပာတဲ့အခါ မပါမျဖစ္တဲ့ Yggdrasil (အီဒရာေဆး) ဆိုတဲ့ ကမာၻသစ္ပင္ႀကီးအေၾကာင္းပါ။ အသံထြက္ေတြကိုလဲ မူရင္း Norse အသံထြက္ေတြနဲ႔အနီးစပ္ဆုံးထြက္ၿပီးေရးေပးထားပါတယ္။ ႐ုပ္ရွင္ေတြထဲမွာလူသိမ်ားၿပီးသား၊ ၾကားဖူးၿပီးသား နာမည္တစ္ခ်ိဳ႕ကိုေတာ့ဖတ္တဲ့သူေတြမွတ္ရအဆင္ေျပေအာင္ နားစြဲၿပီးသားအဂၤလိပ္အသံထြက္နဲ႔အနီးစပ္ဆုံးပဲ ေရးေပးလိုက္ပါတယ္။
ကမာၻသစ္ပင္နဲ႔ Norse နတ္ဘုရားနာမည္ေတြ၊ ဘုံကမာၻေတြ၊ ေနရာေဒသအမည္ေတြအေၾကာင္း ၾကားဖူးနားဝရွိၿပီး၊ နည္းနည္းပါးပါးနားလည္ထားရင္ ေနာက္ပိုင္း Norse ဒ႑ာရီေတြဖတ္တဲ့အခါ လြယ္လြယ္ကူကူ အသားက်ၿပီး နားလည္လြယ္ပါလိမ့္မယ္။
ေမာင္ဇိ
(Picture : Norse Myths Tales of Odin, Thor, and Loki by Kevin Crossley-Holland)
#MaungZi #Norsemythology #mythology #ေနာစ့္ဒ႑ာရီ #ေမာင္ဇိ၏ပုံျပင္မ်ား
No comments:
Post a Comment