Friday, December 11, 2020

မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၂) { အိုဒင်၏မျက်လုံး}

 မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၂) { အိုဒင်၏မျက်လုံး}
==================================

တန်ခိုးစွမ်းအင်ထက်မြက်သူ နတ်ဘုရားတွေရဲ့အကြီးအမှူး အိုဒင်(Odin)ဟာ အဲဆီးရ် (Aesir)နတ်ဘုရားတွေရဲ့ဘုံကမ္ဘာဖြစ်တဲ့ အော့စ်‌ဂေါ့ (Asgard) ကသူ့ရဲ့သလွန်ပေါ်မှာထိုင်နေရင်း သူ့မှာလိုအပ်နေသေးတဲ့ အရာတစ်ခုကိုငတ်မွတ်တမ်းတနေတယ်။ ခွန်အားကြီးမားတဲ့မိုးကြိုးနတ်ဘုရား သော (Thor)၊ ချောမောခန့်ညားပြီး ကြင်နာတတ်တဲ့နတ်ဘုရား ဘောလ်ဒါ (Balder) တို့ရဲ့ဖခင်ဖြစ်တဲ့ နတ်ဘုရင်ကြီးဟာ အရာရာကိုထိုးထွင်းသိမြင်နိုင်တဲ့ဉာဏ်ပညာကို သိပ်တောင့်တမိတယ်။ ကိစ္စတော်တော်များများကိုသိမြင်ပေမယ့် သူ့အတွက်ကဒါဟာ မလုံလောက်သေးဘူးလို့ သူယူဆတယ်။

ဉာဏ်ပညာကိုရဖို့အတွက်ဆို စကြဝဠာဘုံကိုးခုရဲ့ ပင်မထောက်တိုင်ကြီးဖြစ်တဲ့ ကမ္ဘာ့သစ်ပင်ကြီး အီဒရာဆေး(Yggdrasil) ပေါ်မှာလဲ ကိုးရက်နဲ့ကိုးညအစာငတ်ခံတွဲလောင်းချိတ်နေခဲ့ဖို့လဲသူဝန်မလေးခဲ့ဘူး။
အဲဒီတုန်းကဆို ကြီးမားလှတဲ့ အီဒရာဆေးရဲ့အကိုင်းအခက်တွေမှာ သူ့ကိုယ်သူချိတ်၊ ခိုင်မြဲအောင်သူ့ရဲ့လက်စွဲတော်လှံတံနဲ့ ကိုယ့်ကိုယ်ကိုထိုးဖောက်၊ အကိုင်းအခက်တွေမှာမြဲမြံစေပြီး အကိုင်းတွေမှာရှိခဲ့တဲ့ ရှေးဟောင်းအက္ခရာတွေကို လေ့လာခဲ့ရတာ။ ကိုးရက်နဲ့ ကိုးညတိတိ အစာမစား၊ ရေမသောက်ရုံမက သူ့နံကြားကလှံတံထိုးဖောက်ထားတဲ့ဒဏ်ရာက တစ်ဆစ်ဆစ်နာကျင်မှုကိုပါအံတုရင်း ရှေးဟောင်းစာလုံးတစ်လုံးချင်းစီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်သင်ယူခဲ့တယ်။ သူရဲ့စွန့်လွှတ်ပေးဆပ်မှုနဲ့ ပြင်းထန်တဲ့လုံ့လကြောင့်မှော်ပညာရဲ့သင်္ကေတတွေဖြစ်တဲ့ ရွန်း (Rune) လို့ခေါ်တဲ့စာလုံးလေးတွေကို မြင်တွေ့ခွင့်ရခဲ့ပြီး ကိုးညမြောက်မှာတော့ လောကကိုကြိုက်သလိုပုံဖော်နိုင်တဲ့ မှော်ပညာကိုကျွမ်းကျင်တတ်မြောက်သွားတော့တယ်။ သူ့ရဲ့ကိုယ်ခန္ဓာကို သူကိုယ်တိုင်ဆီမှာ ယဇ်ပူဇော်ခဲ့ပြီးတဲ့နောက်မှာပေ့ါ။ အရာအားလုံးရဲ့ဖခင် အိုဒင်ဟာ မှော်ပညာရဲ့နတ်ဘုရားအိုဒင်ပါဖြစ်လာခဲ့ပြီ။

အသိပညာကိုရပြီးတဲ့နောက် ထိုးထွင်းသိနိုင်တဲ့၊ ကြီးမားတဲ့ဉာဏ်ပညာကိုရလိုမှုက အိုဒင့်ဆီမှာကျန်နေသေးတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ပခုံးတစ်ဖက်တစ်ချက်စီမှာနားနေတဲ့ ကျီးငှက်နှစ်ကောင်ကို ဘုံကိုးခုရဲ့သတင်းတွေစုံစမ်းပြီး သူ့ကိုပြန်ပြောပြဖို့ခါတိုင်းလိုပဲစေလွှတ်လိုက်တယ်။ ကျီးငှက်နှစ်ကောင်ရဲ့နာမည်က ဟူဂင်း (Huginn) နဲ့ မူနင်း (Muninn) တဲ့။ ဟူဂင်းကအတွေး လို့အဓိပ္ပါယ်ရပြီး မူနင်းက မှတ်ဉာဏ်လို့ အဓိပ္ပါယ်ရတယ်။ သူတို့နှစ်ကောင်က ကမ္ဘာလောကအနှံ့တောင်ပံဖြန့်ပြီး သတင်းတွေကို စုဆောင်းလို့ သခင်ဖြစ်သူ အိုဒင်ဆီကိုသယ်လာကြလိမ့်မယ်။ ပြီးရင် သူ့ပခုံးတစ်ဖက်စီမှာပြန်နားပြီး သူ့နားထဲကို တိုးတိုး၊တိုးတိုးနဲ့ သတင်းတွေပြန်ပြောပြကြလိမ့်မယ်။

အိုဒင်ကတော့ ဦးထုပ်ရှည်ကြီးဆောင်း၊ ခရီးသွားဝတ်ရုံကြီးဝတ်လိုက်ပြီး သူ့ကိုယ်သူ ခရီးသည်ကြီးတစ်ယောက်အဖြစ်ပုံစံပြောင်းလိုက်တယ်။ အဲဒီနောက် သူစိုးစံရာ အော့စ်ဂေါ့ကနေ သက်တံ့တံတား ဘီးဖရော့စ် (Bifrost) ကိုသုံးပြီး လူသားတွေရဲ့နေရပ် မစ်‌ဂေါ့ကမ္ဘာ (Midgard) ကိုဆင်း၊ အဲဒီကမှတဆင့် တောင်ကုန်း၊တောင်တန်းမြင့်ကြီးတွေ၊ ကန္တာရတွေထူထပ်တဲ့ လူ့ဘီလူးကြီးတွေနေထိုင်ရာ ယူတွန်ဟိုင်းမ် (Jotunheim) ကမ္ဘာထဲကိုဆက်ပြီးထွက်လာခဲ့တယ်။ အန္တရာယ်အမျိုးမျိုးကိုကျော်ဖြတ်ပြီးတဲ့နောက် ခရီးရှည်ကြီးရဲ့အဆုံးမှာ ကမ္ဘာသစ်ပင်ကြီး အီဒရာဆေးရဲ့ဒုတိယအမြစ်ကြီးကိုရေပေးရာ မီမီးရား (Mimir) ရဲ့ရေတွင်းကြီးရှိရာကိုရောက်လာတယ်။ အဲဒီရေတွင်းထဲကို ကမ္ဘာသစ်ပင်ကြီးရဲ့ အမြစ်ကြီးတစ်ခုက တိုးဝင်နေတယ်။ရေတွင်းကြီးရဲ့ပိုင်ရှင်ကတော့ လူ့ဘီလူးကြီးတစ်ယောက်ဖြစ်တဲ့ ဉာဏ်ပညာကြီးမားလှတဲ့ မီမီးရား (Mimir) ဖြစ်တယ်။

"ဦးရီးတော် မီမီးရား...ကျွန်ုပ်အား ဉာဏ်ပညာ၏ရင်းမြစ်ဖြစ်သောရေတွင်းမှ ရေတစ်ခွက်သောက်ခွင့်ပြုပါ"

"ဤရေတွင်းမှာ ငါတစ်ဦးတည်းပိုင်ဖြစ်၏။ နေ့စဥ်နံနက်မိုးသောက်တိုင်း ရေတွင်းမှရေကိုတစ်ခွက်သောက်၍ ငါ၏ဉာဏ်ပညာမှာအတိုင်းအဆမဲ့ကြီးမားလာခြင်းဖြစ်သည်။ အဘယ်ကြောင့် ဤ‌ရေကိုသင့်အား သောက်သုံးခွင့်ပြုရမည်နည်း"

" ကျွန်ုပ်မှာသင်၏ တူတော်သူ အိုဒင်ဖြစ်သည်။ ကျွန်ုပ်မိခင်မှာ လူ့ဘီလူးမကြီးတစ်ဦးဖြစ်သော ဘက်စ်လာ (Bestla) ပင်ဖြစ်သည်"

"ငါ့တူပင်ဖြစ်ပါစေ။ တန်ဖိုးကြီးသည့် ရေကိုအလကားမတိုက်နိုင်"
" ရေ၏တန်ဖိုးကို ပိုင်းဖြတ်ပါ။ ကျွန်ုပ်ပေးရန် အသင့်ရှိပါသည်"
" တန်ဖိုးမှာကြီးမားလှသည်။ သင်ပေးနိုင်မည်လော"
" ကြိုက်ရာကိုပြောပါ။ ရေကိုသာရမည်ဆိုလျှင် ဝမ်းမြောက်စွာပေးပါမည်"
" ကောင်းပြီ။ သင်၏ မျက်လုံးတစ်လုံးကို အဆုံးရှုံးခံရမည်ဆိုလျှင် သင်မည်သို့ဆုံးဖြတ်မည်နည်း"
" ကျွန်ုပ်နောက်တွန့်မည်မဟုတ်ပါ"
 
လိုချင်လွန်းလှတဲ့ ဉာဏ်ပညာရဖို့ အခက်အခဲမျိုးစုံကိုဖြတ်ပြီး၊ ရှည်လျားတဲ့လမ်းကိုလျှောက်ခဲ့တဲ့အိုဒင်အတွက်က မျက်လုံးတစ်လုံးကို ဉာဏ်ပညာရဲ့အဖိုးအခအဖြစ် ပူဇော်ရမယ်ဆိုရင်လဲ မမှုတော့ပါဘူး။
တုံ့ဆိုင်းခြင်းမရှိပဲ သူ့ရဲ့မျက်လုံးတစ်လုံးကို ကိုယ်တိုင်ပဲ ရဲရဲရင့်ရင့်ကော်ထုတ်လိုက်ပြီး ကြည်လင်နေတဲ့ရေတွင်းထဲကို ချပေးလိုက်တယ်။ ကြည်လင်တဲ့ရေထဲကမျက်လုံးက သူ့ကိုပြန်ကြည့်နေတယ်။ သူကလဲကျန်တဲ့မျက်လုံးတစ်လုံးနဲ့စိုက်ကြည့်နေလိုက်တယ်။

"သင်၏ အဖိုးအခကြီးမြင့်သည့် ပေးဆပ်မှုကို အသိအမှတ်ပြု၍ ကျွန်ုပ်၏ရေတွင်းမှရေကိုသောက်ခွင့်ပြုလိုက်မည်။ ဤချို (ဂျို)အတွင်းမှ ရေများကို တစ်ခါတည်းနှင့်ကုန်အောင်သောက်ပေလော့"

မီမီးရားက သူ့ရဲ့လက်စွဲတော် ကျွဲချိုပုံခွက်ဖြစ်တဲ့ ဂျေလာဟွန်း (Gjallerhorn) ကိုရေတွင်းထဲကရေအပြည့်ထည့်ပြီး အိုဒင့်ကိုကမ်းပေးလိုက်တယ်။ အိုဒင်က ‌ဂျေလာဟွန်းကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ချိုထဲမှာရှိတဲ့ရေတွေ တစ်စက်မကျန်ကုန်သွားတဲ့ထိ အသက်မရှူပဲ မနားတမ်းသောက်ချလိုက်တယ်။

အေးမြတဲ့ရေတွေက သူ့လည်ချောင်းထဲကိုစီးဝင်လာတာနဲ့အတူ သူ့ကိုယ်ထဲကို ဉာဏ်ပညာတွေတိုးဝင်လာတာကိုသူခံစားနေရတယ်။ ချိုတစ်ခုလုံးကရေကိုကုန်အောင်သောက်ပြီးတဲ့နောက်မှာတော့ သူ့မှာအရင်ကနဲ့မတူတော့ပဲ သိသိသာသာဉာဏ်ပညာတွေပိုပြည့်စုံသွားတာကို သတိထားမိလိုက်တယ်။ သူ့ရဲ့ တစ်လုံးတည်းသောမျက်လုံးကမြင်နိုင်စွမ်းက မျက်လုံးနှစ်လုံးနဲ့မြင်နိုင်ခဲ့တာထက် အဆပေါင်းများစွာသာလွန်သွားခဲ့ပြီ။
သူ့ဆီမှာကျန်နေတဲ့ သူရဲ့မျက်လုံးကနေ အရောင်တွေတစ်လက်လက်ထွက်နေပြီး အရာအားလုံးရဲ့ဖခင် (All-father) အိုဒင်ဟာ ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ ၊ကမ္ဘာလောကကြီးရဲ့လျှို့ဝှက်ချက်တွေကို သိမြင်တဲ့ မျက်လုံးတစ်လုံးနတ်ဘုရား၊ မီးလျှံမျက်လုံးနဲ့နတ်ဘုရား၊ တစ်ဖက်ကန်းနတ်ဘုရားအဖြစ်ပါ ရာဇဝင်တွင်ခဲ့ပြီ။

မောင်ဇိ
Photo:internet
#MaungZi #Norsemythology #mythology #နောစ့်ဒဏ္ဍာရီ #မောင်ဇိ၏ပုံပြင်များ
-----------------------------------------------------------------------------------------------------------------

ေမာင္ဇိ၏ ေနာ့စ္ဒ႑ာရီ (၂) { အိုဒင္၏မ်က္လုံး}
==================================

တန္ခိုးစြမ္းအင္ထက္ျမက္သူ နတ္ဘုရားေတြရဲ႕အႀကီးအမႉး အိုဒင္(Odin)ဟာ အဲဆီးရ္ (Aesir)နတ္ဘုရားေတြရဲ႕ဘုံကမာၻျဖစ္တဲ့ ေအာ့စ္‌ေဂါ့ (Asgard) ကသူ႔ရဲ႕သလြန္ေပၚမွာထိုင္ေနရင္း သူ႔မွာလိုအပ္ေနေသးတဲ့ အရာတစ္ခုကိုငတ္မြတ္တမ္းတေနတယ္။ ခြန္အားႀကီးမားတဲ့မိုးႀကိဳးနတ္ဘုရား ေသာ (Thor)၊ ေခ်ာေမာခန႔္ညားၿပီး ၾကင္နာတတ္တဲ့နတ္ဘုရား ေဘာလ္ဒါ (Balder) တို႔ရဲ႕ဖခင္ျဖစ္တဲ့ နတ္ဘုရင္ႀကီးဟာ အရာရာကိုထိုးထြင္းသိျမင္ႏိုင္တဲ့ဉာဏ္ပညာကို သိပ္ေတာင့္တမိတယ္။ ကိစၥေတာ္ေတာ္မ်ားမ်ားကိုသိျမင္ေပမယ့္ သူ႔အတြက္ကဒါဟာ မလုံေလာက္ေသးဘူးလို႔ သူယူဆတယ္။

ဉာဏ္ပညာကိုရဖို႔အတြက္ဆို စၾကဝဠာဘုံကိုးခုရဲ႕ ပင္မေထာက္တိုင္ႀကီးျဖစ္တဲ့ ကမာၻ႔သစ္ပင္ႀကီး အီဒရာေဆး(Yggdrasil) ေပၚမွာလဲ ကိုးရက္နဲ႔ကိုးညအစာငတ္ခံတြဲေလာင္းခ်ိတ္ေနခဲ့ဖို႔လဲသူဝန္မေလးခဲ့ဘူး။
အဲဒီတုန္းကဆို ႀကီးမားလွတဲ့ အီဒရာေဆးရဲ႕အကိုင္းအခက္ေတြမွာ သူ႔ကိုယ္သူခ်ိတ္၊ ခိုင္ၿမဲေအာင္သူ႔ရဲ႕လက္စြဲေတာ္လွံတံနဲ႔ ကိုယ့္ကိုယ္ကိုထိုးေဖာက္၊ အကိုင္းအခက္ေတြမွာၿမဲၿမံေစၿပီး အကိုင္းေတြမွာရွိခဲ့တဲ့ ေရွးေဟာင္းအကၡရာေတြကို ေလ့လာခဲ့ရတာ။ ကိုးရက္နဲ႔ ကိုးညတိတိ အစာမစား၊ ေရမေသာက္႐ုံမက သူ႔နံၾကားကလွံတံထိုးေဖာက္ထားတဲ့ဒဏ္ရာက တစ္ဆစ္ဆစ္နာက်င္မႈကိုပါအံတုရင္း ေရွးေဟာင္းစာလုံးတစ္လုံးခ်င္းစီရဲ႕လွ်ိဳ႕ဝွက္ခ်က္ကိုေဖာ္ထုတ္သင္ယူခဲ့တယ္။ သူရဲ႕စြန႔္လႊတ္ေပးဆပ္မႈနဲ႔ ျပင္းထန္တဲ့လုံ႔လေၾကာင့္ေမွာ္ပညာရဲ႕သေကၤတေတြျဖစ္တဲ့ ႐ြန္း (Rune) လို႔ေခၚတဲ့စာလုံးေလးေတြကို ျမင္ေတြ႕ခြင့္ရခဲ့ၿပီး ကိုးညေျမာက္မွာေတာ့ ေလာကကိုႀကိဳက္သလိုပုံေဖာ္ႏိုင္တဲ့ ေမွာ္ပညာကိုကြၽမ္းက်င္တတ္ေျမာက္သြားေတာ့တယ္။ သူ႔ရဲ႕ကိုယ္ခႏၶာကို သူကိုယ္တိုင္ဆီမွာ ယဇ္ပူေဇာ္ခဲ့ၿပီးတဲ့ေနာက္မွာေပ့ါ။ အရာအားလုံးရဲ႕ဖခင္ အိုဒင္ဟာ ေမွာ္ပညာရဲ႕နတ္ဘုရားအိုဒင္ပါျဖစ္လာခဲ့ၿပီ။

အသိပညာကိုရၿပီးတဲ့ေနာက္ ထိုးထြင္းသိႏိုင္တဲ့၊ ႀကီးမားတဲ့ဉာဏ္ပညာကိုရလိုမႈက အိုဒင့္ဆီမွာက်န္ေနေသးတယ္။ တစ္ေန႔မွာေတာ့ သူ႔ရဲ႕ပခုံးတစ္ဖက္တစ္ခ်က္စီမွာနားေနတဲ့ က်ီးငွက္ႏွစ္ေကာင္ကို ဘုံကိုးခုရဲ႕သတင္းေတြစုံစမ္းၿပီး သူ႔ကိုျပန္ေျပာျပဖို႔ခါတိုင္းလိုပဲေစလႊတ္လိုက္တယ္။ က်ီးငွက္ႏွစ္ေကာင္ရဲ႕နာမည္က ဟူဂင္း (Huginn) နဲ႔ မူနင္း (Muninn) တဲ့။ ဟူဂင္းကအေတြး လို႔အဓိပၸါယ္ရၿပီး မူနင္းက မွတ္ဉာဏ္လို႔ အဓိပၸါယ္ရတယ္။ သူတို႔ႏွစ္ေကာင္က ကမာၻေလာကအႏွံ႔ေတာင္ပံျဖန႔္ၿပီး သတင္းေတြကို စုေဆာင္းလို႔ သခင္ျဖစ္သူ အိုဒင္ဆီကိုသယ္လာၾကလိမ့္မယ္။ ၿပီးရင္ သူ႔ပခုံးတစ္ဖက္စီမွာျပန္နားၿပီး သူ႔နားထဲကို တိုးတိုး၊တိုးတိုးနဲ႔ သတင္းေတြျပန္ေျပာျပၾကလိမ့္မယ္။

အိုဒင္ကေတာ့ ဦးထုပ္ရွည္ႀကီးေဆာင္း၊ ခရီးသြားဝတ္႐ုံႀကီးဝတ္လိုက္ၿပီး သူ႔ကိုယ္သူ ခရီးသည္ႀကီးတစ္ေယာက္အျဖစ္ပုံစံေျပာင္းလိုက္တယ္။ အဲဒီေနာက္ သူစိုးစံရာ ေအာ့စ္ေဂါ့ကေန သက္တံ့တံတား ဘီးဖေရာ့စ္ (Bifrost) ကိုသုံးၿပီး လူသားေတြရဲ႕ေနရပ္ မစ္‌ေဂါ့ကမာၻ (Midgard) ကိုဆင္း၊ အဲဒီကမွတဆင့္ ေတာင္ကုန္း၊ေတာင္တန္းျမင့္ႀကီးေတြ၊ ကႏၲာရေတြထူထပ္တဲ့ လူ႔ဘီလူးႀကီးေတြေနထိုင္ရာ ယူတြန္ဟိုင္းမ္ (Jotunheim) ကမာၻထဲကိုဆက္ၿပီးထြက္လာခဲ့တယ္။ အႏၲရာယ္အမ်ိဳးမ်ိဳးကိုေက်ာ္ျဖတ္ၿပီးတဲ့ေနာက္ ခရီးရွည္ႀကီးရဲ႕အဆုံးမွာ ကမာၻသစ္ပင္ႀကီး အီဒရာေဆးရဲ႕ဒုတိယအျမစ္ႀကီးကိုေရေပးရာ မီမီးရား (Mimir) ရဲ႕ေရတြင္းႀကီးရွိရာကိုေရာက္လာတယ္။ အဲဒီေရတြင္းထဲကို ကမာၻသစ္ပင္ႀကီးရဲ႕ အျမစ္ႀကီးတစ္ခုက တိုးဝင္ေနတယ္။ေရတြင္းႀကီးရဲ႕ပိုင္ရွင္ကေတာ့ လူ႔ဘီလူးႀကီးတစ္ေယာက္ျဖစ္တဲ့ ဉာဏ္ပညာႀကီးမားလွတဲ့ မီမီးရား (Mimir) ျဖစ္တယ္။

"ဦးရီးေတာ္ မီမီးရား...ကြၽႏ္ုပ္အား ဉာဏ္ပညာ၏ရင္းျမစ္ျဖစ္ေသာေရတြင္းမွ ေရတစ္ခြက္ေသာက္ခြင့္ျပဳပါ"

"ဤေရတြင္းမွာ ငါတစ္ဦးတည္းပိုင္ျဖစ္၏။ ေန႔စဥ္နံနက္မိုးေသာက္တိုင္း ေရတြင္းမွေရကိုတစ္ခြက္ေသာက္၍ ငါ၏ဉာဏ္ပညာမွာအတိုင္းအဆမဲ့ႀကီးမားလာျခင္းျဖစ္သည္။ အဘယ္ေၾကာင့္ ဤ‌ေရကိုသင့္အား ေသာက္သုံးခြင့္ျပဳရမည္နည္း"

" ကြၽႏ္ုပ္မွာသင္၏ တူေတာ္သူ အိုဒင္ျဖစ္သည္။ ကြၽႏ္ုပ္မိခင္မွာ လူ႔ဘီလူးမႀကီးတစ္ဦးျဖစ္ေသာ ဘက္စ္လာ (Bestla) ပင္ျဖစ္သည္"

"ငါ့တူပင္ျဖစ္ပါေစ။ တန္ဖိုးႀကီးသည့္ ေရကိုအလကားမတိုက္ႏိုင္"
" ေရ၏တန္ဖိုးကို ပိုင္းျဖတ္ပါ။ ကြၽႏ္ုပ္ေပးရန္ အသင့္ရွိပါသည္"
" တန္ဖိုးမွာႀကီးမားလွသည္။ သင္ေပးႏိုင္မည္ေလာ"
" ႀကိဳက္ရာကိုေျပာပါ။ ေရကိုသာရမည္ဆိုလွ်င္ ဝမ္းေျမာက္စြာေပးပါမည္"
" ေကာင္းၿပီ။ သင္၏ မ်က္လုံးတစ္လုံးကို အဆုံးရႈံးခံရမည္ဆိုလွ်င္ သင္မည္သို႔ဆုံးျဖတ္မည္နည္း"
" ကြၽႏ္ုပ္ေနာက္တြန႔္မည္မဟုတ္ပါ"
 
လိုခ်င္လြန္းလွတဲ့ ဉာဏ္ပညာရဖို႔ အခက္အခဲမ်ိဳးစုံကိုျဖတ္ၿပီး၊ ရွည္လ်ားတဲ့လမ္းကိုေလွ်ာက္ခဲ့တဲ့အိုဒင္အတြက္က မ်က္လုံးတစ္လုံးကို ဉာဏ္ပညာရဲ႕အဖိုးအခအျဖစ္ ပူေဇာ္ရမယ္ဆိုရင္လဲ မမႈေတာ့ပါဘူး။
တုံ႔ဆိုင္းျခင္းမရွိပဲ သူ႔ရဲ႕မ်က္လုံးတစ္လုံးကို ကိုယ္တိုင္ပဲ ရဲရဲရင့္ရင့္ေကာ္ထုတ္လိုက္ၿပီး ၾကည္လင္ေနတဲ့ေရတြင္းထဲကို ခ်ေပးလိုက္တယ္။ ၾကည္လင္တဲ့ေရထဲကမ်က္လုံးက သူ႔ကိုျပန္ၾကည့္ေနတယ္။ သူကလဲက်န္တဲ့မ်က္လုံးတစ္လုံးနဲ႔စိုက္ၾကည့္ေနလိုက္တယ္။

"သင္၏ အဖိုးအခႀကီးျမင့္သည့္ ေပးဆပ္မႈကို အသိအမွတ္ျပဳ၍ ကြၽႏ္ုပ္၏ေရတြင္းမွေရကိုေသာက္ခြင့္ျပဳလိုက္မည္။ ဤခ်ိဳ (ဂ်ိဳ)အတြင္းမွ ေရမ်ားကို တစ္ခါတည္းႏွင့္ကုန္ေအာင္ေသာက္ေပေလာ့"

မီမီးရားက သူ႔ရဲ႕လက္စြဲေတာ္ ကြၽဲခ်ိဳပုံခြက္ျဖစ္တဲ့ ေဂ်လာဟြန္း (Gjallerhorn) ကိုေရတြင္းထဲကေရအျပည့္ထည့္ၿပီး အိုဒင့္ကိုကမ္းေပးလိုက္တယ္။ အိုဒင္က ‌ေဂ်လာဟြန္းကိုလက္ႏွစ္ဖက္နဲ႔ကိုင္ၿပီး ခ်ိဳထဲမွာရွိတဲ့ေရေတြ တစ္စက္မက်န္ကုန္သြားတဲ့ထိ အသက္မရႉပဲ မနားတမ္းေသာက္ခ်လိုက္တယ္။

ေအးျမတဲ့ေရေတြက သူ႔လည္ေခ်ာင္းထဲကိုစီးဝင္လာတာနဲ႔အတူ သူ႔ကိုယ္ထဲကို ဉာဏ္ပညာေတြတိုးဝင္လာတာကိုသူခံစားေနရတယ္။ ခ်ိဳတစ္ခုလုံးကေရကိုကုန္ေအာင္ေသာက္ၿပီးတဲ့ေနာက္မွာေတာ့ သူ႔မွာအရင္ကနဲ႔မတူေတာ့ပဲ သိသိသာသာဉာဏ္ပညာေတြပိုျပည့္စုံသြားတာကို သတိထားမိလိုက္တယ္။ သူ႔ရဲ႕ တစ္လုံးတည္းေသာမ်က္လုံးကျမင္ႏိုင္စြမ္းက မ်က္လုံးႏွစ္လုံးနဲ႔ျမင္ႏိုင္ခဲ့တာထက္ အဆေပါင္းမ်ားစြာသာလြန္သြားခဲ့ၿပီ။
သူ႔ဆီမွာက်န္ေနတဲ့ သူရဲ႕မ်က္လုံးကေန အေရာင္ေတြတစ္လက္လက္ထြက္ေနၿပီး အရာအားလုံးရဲ႕ဖခင္ (All-father) အိုဒင္ဟာ ဉာဏ္ပညာနဲ႔ျပည့္စုံတဲ့ ၊ကမာၻေလာကႀကီးရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကို သိျမင္တဲ့ မ်က္လုံးတစ္လုံးနတ္ဘုရား၊ မီးလွ်ံမ်က္လုံးနဲ႔နတ္ဘုရား၊ တစ္ဖက္ကန္းနတ္ဘုရားအျဖစ္ပါ ရာဇဝင္တြင္ခဲ့ၿပီ။

ေမာင္ဇိ
Photo:internet
#MaungZi #Norsemythology #mythology #ေနာစ့္ဒ႑ာရီ #ေမာင္ဇိ၏ပုံျပင္မ်ား

No comments:

Post a Comment