သီဟသူများ
*********
မြန်မာရာဇဝင်မှာက နာမည်တူနေကြတဲ့မင်းတွေ၊ မြို့စားတွေများပါတယ်။ အဲဒီထဲကမှ မောင်ဇိသိတဲ့သီဟသူ လေးယောက်အကြောင်းကို ဖတ်ဖူးသလောက် ပြောပြချင်ပါတယ်။ မပြောခင်မှာ ပိုပြီးတိကျအောင်လို့ သူတို့အားလုံးအကြောင်းကို ပြန်ရှာဖတ်ပြီးမှ ရေးတာပါ။
(၁) နရသီဟပတေ့ရဲ့ အစ်ကိုသီဟသူ (ပုဂံခေတ် အေဒီ၁၂၃၀-၁၂၅၆)
______________________________________________________
ဥဇနာမင်းမှာ ထင်ရှားတဲ့ သားတော်နှစ်ပါးရှိတယ်။
တစ်ပါးကသီဟသူ။ မိဖုရားခေါင်ကြီး သုံးလူလကမွေးတဲ့ အကြီးဆုံးသား။ မိဘုရားခေါင်ကြီးကမွေးတဲ့သားတော်ကြီးဆိုတော့ အိမ်ရှေ့စံပေါ့။
နောက်တစ်ပါးက မြစ်သာရွာက ပန်းပွတ်သည်မရဲ့သမီးကိုကောက်ယူထားရာကနေ မွေးတဲ့သားတော် နရသီပတေ့။ သူ့ကတော့ ထီးမွေနန်းလျာမဟုတ်ဘူး။ ဒါပေမဲ့ နရသီဟပတေ့က ရာဇသင်္ကြန်အမတ်ကြီးတို့လို နန်းတော်မှာ သြဇာရှိတဲ့အမတ်ကြီးတွေကို တန်စိုးလက်ဆောင်ပေးထားပြီး သူ့ကိုစောင့်ရှောက်ဖို့ပြောထားတယ်။
တစ်နေ့မှာတော့ ညီလာခံကို သီဟသူဝင်လာတာကိုမမြင်မိလို့ မင်းသားလာရာလမ်းဘေးမှာထိုင်နေတဲ့ ရာဇသင်္ကြန်အမတ်ကြီးက အင်္ကျီလက်မသိမ်းမိတာကို သူ့အပေါ်မခန့်လေးစားလုပ်တယ်လို့မင်းသားကထင်သွားပြီး အင်္ကျီလက်ပေါ်ကွမ်းတံတွေး ထွေးသွားတယ်။ ဘုရင်ကိုမျက်နှာမူပြီး ကြမ်းပြင်ပေါ်မှာ ထိုင်နေရတာဆိုတော့ လက်ဝကျယ်ကျယ်၊ ပိတ်သားရှည်ရှည်နဲ့ အမတ်အင်္ကျီအကြီးကြီးရဲ့ လက်က ညီလာခံအလယ်က လူသွားလမ်းပေါ်ထိရောက်နေတယ်နဲ့တူပါတယ်။ ရာဇသင်္ကြန်က မှတ်ထားပြီး သူ့အင်္ကျီကြီးကိုလဲမလျှော်ပဲသိမ်းထားတယ်။ ဘုရင်ဥဇနာနတ်ရွာစံတော့မှ ကွမ်းတံတွေးပေနေတဲ့ အင်္ကျီကိုတခြားအမတ်တွေကိုထုတ်ပြပြီး သီဟသူဟာ ရုန့်ရင်းကြမ်းတမ်းကြောင်းသက်သေပြတာပေါ့။
တခြားအမတ်တွေကလဲ ဘုရင်မဖြစ်ခင်မင်းသားဘဝမှာတောင် ဒီလိုပညာကြီးမြင့်တဲ့အမတ်ကြီးမျိုးကို ဒီလောက်ရိုင်းစိုင်းရင် ဘုရင်သာဖြစ်သွားရင် ကျန်တဲ့အမတ်တွေလောက်ကတော့ မစားသာဘူးဆိုပြီး တညီတညွတ်တည်း နရသီဟပတေ့ကိုနန်းတင်လိုက်ကြရာက နရသီဟပတေ့ဘုရင်ဖြစ်လာတယ်။ သီဟသူကိုတော့ နောက်ပိုင်းမှာ ကွပ်မျက်လိုက်ကြတယ်လို့ သမိုင်းရေးသူတွေက ယူဆကြတယ်။
နရသီဟပတေ့ဘုရင်ဖြစ်ပြီးမှ အမတ်ကြီးရာဇသင်္ကြန်နဲ့ အချင်းများကြတဲ့အကြောင်းတွေကတော့ နောက်ဇာတ်လမ်းတစ်ခုပေါ့။
၂။ နရသီဟပတေ့ရဲ့သား ပြည်စားသီဟသူ(ပုဂံခေတ် အေဒီ ၁၂၅၀-၁၂၈၈)
_________________________________________________
ပြည်စားသီဟသူကို နရသီဟပတေ့ရဲ့မိဖုရားတွေထဲကတစ်ပါးဖြစ်တဲ့ ရှင်မောက်ကနေ ၁၂၅၀ ဝန်းကျင်လောက်မှာမွေးတယ်လို့ဆိုတယ်။ အသက် ၂၅နှစ်မှာပြည်မြို့စားဖြစ်လာခဲ့တယ်။
သီဟသူငယ်ငယ်က နရသီဟပတေ့မင်းက လူတွေကြားထဲမှာ အရှက်ရအောင်မကြာခဏကြည်စယ်ခဲ့လို့ သီဟသူက အငြှိုးထားပြီး သူ့ခမည်းတော် ပြည်ကိုရောက်ချိန်မှာလုပ်ကြံခဲ့တာ။ နရသီဟပတေ့မင်းကလဲ အမျက်ဒေါသကြီးတဲ့နေရာ၊ အရှက်ရအောင်ကြည်စယ်တဲ့နေရာမှာ နာမည်ကြီးတယ်။ မိဖုရားစောလုံတုန်းကလဲ ရေမွမ်းတဲ့ထိ ရံရွှေတော်တွေကိုရေပက်ခိုင်းပြီး ကြည်စယ်ခဲ့လို့ စောလုံကလဲသူ့ကိုလုပ်ကြံဖို့ ကြိုးစားခဲ့ဖူးတာပဲ။ အဲဒီအချိန်က စောလုံအဆိတ်ခတ်ပြီးပို့ခိုင်းလိုက်တဲ့ဟင်းခွက်ကိုသွားပို့ပေးရတာက သီဟသူရဲ့မယ်တော် ရှင်မောက်ပေါ့။
ဇာတ်လမ်းကိုပြန်ဆက်ရရင် နရသီဟပတေ့ကမွန်ဂိုတွေရန်ကြောင့် အောက်ပြည်ကိုပြေးလာတယ်။ အဲဒီနောက် မွန်ဂိုတွေကိုနှစ်စဥ်ပဏ္ဍာဆက်ပါ့မယ်ဆိုပြီး မွန်ဂိုလက်အောက်ခံအဖြစ်စစ်ပြေငြိမ်းလိုက်လို့ စစ်ကြီးပြီးသွားတဲ့နောက် ပုဂံကိုအပြန် ပြည်မှာနားချိန်မှာ "ဝက်လက်ခိုးမသား" လို့သူအမြဲခေါ်ခဲ့တဲ့ ပြည်စားသီဟသူက ဖမ်းပြီးအဆိပ်ခတ်ထားတဲ့စားတော်ပွဲနဲ့ ဓါးလက်နက်ကိုအတင်းအကြပ်ကြိုက်ရာရွေးခိုင်းလို့ အဆိပ်ခတ်ထားတဲ့ဟင်းစားပြီးနတ်ရွာစံသွားခဲ့တယ်။ သီဟသူအကြောင်းပြောချင်တာဖြစ်လို့ နရသီဟပတေ့ဘယ်လိုနတ်ရွာစံတယ်ဆိုတဲ့အကြောင်းအသေးစိတ်ကိုတော့မပြောတော့ပါဘူး။
ဖခင်ဘုရင်ကိုလုပ်ကြံပြီးတဲ့နောက် အဖေတူအမေကွဲနောင်တော်ဖြစ်သူ ဥဇနာ (သူ့အဖိုးနဲ့နာမည်တူ)ရဲ့ ပုသိမ်ကို ကြည်းကြောင်း၊ရေကြောင်းနဲ့သွားတိုက်ပြီး မကျန်းမာတဲ့ဥဇနာကို နုတ်နုတ်စင်းပြီးသတ်တယ်လို့ဆိုတယ်။ ပြီးတော့ ဒလကိုတိုက်တာမရ။ ပဲခူးကိုတိုက်တော့ ပဲခူးစား ငပမွန်က မြို့ရိုးပေါ်ကပြောင်ပြလို့ ဒေါသထွက်ပြီး မြားနဲ့ပစ်ဖို့လေးငင်ရာမှာ အငင်လွန်၊ သူ့ကိုယ်သူမြားစူးရာက ကိစ္စချောသွားရှာတယ်။ အသက် (၃၈) နှစ်လောက်ပဲရှိဦးမှာပေါ့။
၃။ပင်းယမြို့တည် တစ်စီးရှင် သီဟသူ ( ပင်းယခေတ် အေဒီ ၁၂၆၅-၁၃၂၅)
__________________________________________________________
ပုဂံနောက်ဆုံးမင်းဖြစ်တဲ့ နရသီဟပတေ့လုပ်ကြံခံရပြီးတဲ့နောက် ပုဂံမှာ နရသီဟပတေ့ရဲ့သားလတ် ကျော်စွာကိုနန်းတင်ကြပေမဲ့ ကျော်စွာကဘုရင် (၈)နှစ်ပဲဖြစ်လိုက်တယ်။ တစ်နိုင်ငံလုံးပုန်ကန်နေကြတော့ ကျော်စွာကမွန်ဂိုရဲ့အသိအမှတ်ပြုမှုကိုယူပြီး မွန်ဂိုလက်အောက်ခံအဖြစ်နဲ့ ဘုရင်လုပ်တာတောင်ပုဂံနဲ့အနီးတဝိုက်ကိုပဲ အာဏာရှိတော့တယ်။ နောက်ဆုံးမှာ မြင်စိုင်းက အသင်္ခယာ၊ ရာဇသင်္ကြန်၊ သီဟသူဆိုတဲ့ ရှမ်းညီနောင်သုံးယောက်ရဲ့နန်းချတာခံရပြီး အတင်းသင်္ဃန်းဆီးပေးခံရလို့ ဘုန်းကြီးဘဝရောက်သွားတယ်။ တချို့စာတွေမှာတော့ သူရော၊သူ့သားရောကွပ်မျက်ခံရတယ်လို့ဆိုတယ်။
ခုနကပြောခဲ့တဲ့ ရှမ်းညီနောင်သုံးဦးလို့မြန်မာရာဇဝင်မှာလူသိများတဲ့ထဲက သီဟသူကတော့ မောင်ဇိတို့ဇာတ်လိုက်သီဟသူတွေထဲကတစ်ယောက်ပေါ့။ ပင်းယခေတ်လို့ဆိုရမဲ့ (မြင်းစိုင်းခေတ်လို့လဲခေါ်) ပင်းယနိုင်ငံထူထောင်ခဲ့သူ သီဟသူက ရှမ်းညီနောင်သုံးပါးထဲမှာ အငယ်ဆုံးနဲ့ရည်မှန်းချက်အကြီးဆုံးလို့ဆိုတယ်။ နောင်တော်လတ် ရာဇသင်္ကြန်သူ့ဟာသူကွယ်လွန်ပြီးနောက်မှာ နောင်တော်ကြီး အသင်္ခယာကိုအဆိပ်ခတ်လုပ်ကြံပြီး ပင်းယနေပြည်တော်ကို သူတစ်ယောက်ပဲ မင်းအဖြစ်အုပ်ချုပ်စိုးစံခဲ့တယ်။ တချို့စာတွေမှာတော့နောင်တော်နှစ်ယောက်လုံးကိုသူပဲလုပ်ကြံတာလို့ဆိုတယ်။သူတို့ညီအစ်ကိုတွေလက်ထက်မှာ မြင်စိုင်း-ပင်းယနိုင်ငံတော်က မွန်ဂိုတွေရဲ့ကျူးကျော်မှုကိုနှစ်ကြိမ်တိုင်အောင် ခုခံတွန်းလှန်နိုင်ခဲ့တယ်။
ဆင်ဖြူတစ်စီးရေမှာမျောလာတာကို ခြေထောက်တင်ပြီး ဆင်ဖြူရှင်ဘွဲ့ခံခဲ့လို့ တစ်စီးရှင်သီဟသူလို့ ရာဇဝင်မှာနာမည်ကျန်ခဲ့တယ်။ သူ့သားတော် ဥဇနာ (နောက်ထပ်ဥဇနာတစ်ယောက်)ကသူ့နောက်မှာ ပင်းယကိုဆက်ခံတယ်။ သားတော်အကြီးစောယွမ်းက စစ်ကိုင်းကို ဆက်ခံတယ်။ စုစုပေါင်း (၁၂)နှစ်လောက်နန်းစံသွားပြီး အသက် (၆၀)လောက်ထိနေသွားရတယ်၊ ဘယ်သူမှ မလုပ်ကြံပဲ သူ့ဟာသူကံကုန်သွားတဲ့ထိနေရတယ်ဆိုတော့ သီဟသူတွေထဲမှာ ကံအကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။
၄။ ဘုရင်မင်းခေါင်ရဲ့သား အင်းဝဆင်ဖြူရှင်သီဟသူ (အင်းဝခေတ် ၁၃၉၄-၁၄၂၅)
_________________________________________________
အင်းဝဘုရင်မင်းခေါင်နဲ့ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်တို့ရဲ့ အင်းဝ-ဟံသာဝတီအနှစ်လေးဆယ်စစ်ပွဲကာလမှာ သီဟသူကအင်းဝ အိမ်ရှေ့မင်းဖြစ်လာတယ်။
ဘုရင်မင်းခေါင်နဲ့မိဖုရားရှင်မိနောက်ကနေမွေးတဲ့ သီဟသူက သူ့အစ်ကို မင်းရဲကျော်စွာတိုက်ပွဲမှာကျပြီးတဲ့နောက် အိမ်ရှေ့မင်းဖြစ်လာတာပါ။ သူငယ်စဥ်ကလဲပြည်မြို့ကိုစားခဲ့တယ်လို့ဆိုတယ်။မင်းခေါင်လွန်တော့ သူဘုရင်ဖြစ်လာတယ်။ သူ့အထိန်းတော် မြေတူးစားက မူးမြစ်မှာမျောလာတဲ့ဆင်ဖြူကိုဆက်တာကတစ်ခါ၊ ပြည်စားကရလို့ဆင်ဖြူဆက်တာကတစ်ခါ၊ အဲဒီနှစ်ခါကြောင့် ဆင်ဖြူရှင်သီဟသူလို့နာမည်တွင်တယ်။
မွန်ဘုရင်ရာဇာဓိရာဇ်နောက်မှာမွန်မင်းညီမင်းသားတွေအချင်းချင်းမညီညွတ်ကြဘူးကြားတော့ အောက်ပြည်ကိုဆင်းပြီးမွန်ပိုင်နက်တိုက်ခိုက်တယ်။ ဒဂုံကိုဝိုင်းထားတုန်းမှာ ဒဂုံစားဗညားရံက နှမတော်ရှင်စောပုကို သီဟသူဆီမှာဆက်သလို့ ရှင်စောပုကိုယူပြီး အင်းဝကိုပြန်လာခဲ့ပါတယ်တဲ့။ အရင်က မိဖုရားရှင်ဘို့မယ်ကိုအရေးပေးရာကနေ အဆင်အပြင်လှတဲ့မိဖုရားသစ်ရှင်စောပုကိုပိုပြီး အရေးပေးလာလို့ စိတ်နာတဲ့ရှင်ဘို့မယ်က အုန်းပေါင်လယ်သံဘွားကိုအခွင့်ရခိုက်မှာလုပ်ကြံစေလို့ အောင်ပင်လယ်အရပ်မှာ မောင်းမတွေနဲ့ပျော်ပါးနေတုန်းမှာ ဟိုကလုပ်ကြံပါတယ်။ အုန်းပေါင်လယ်သံဘွားကဆင်နဲ့တိုက်ပြီးမြားနဲ့ပစ်လို့ မောင်ဇိတို့ရဲ့ စတုတ္တမြောက် ဆင်ဖြူရှင်သီဟသူမှာလဲ မြားသင့်ပြီးသေရှာပါတယ်။ အဲဒီအချိန်က သူ့အသက်က (၃၁) ပဲရှိသေးပြီး နန်းတက်တာ သုံး၊လေးနှစ်ပဲရှိပါသေးတယ်လို့ဆိုပါတယ်။
သီဟသူလေးယောက်အကြောင်းကိုဖတ်ပြီးတဲ့နောက် ပထမဆုံးခေါင်းထဲမှာပေါ်လာတာက မောင်ဇိတို့မြန်မာတွေက သူများနဲ့ဆိုရင်ခဏစည်းလုံးပြီး၊ အချင်းချင်းဆို အမြဲချနေကြတာဆိုတာပါပဲ။ တစ်ယောက်လက်ကနေ တစ်ယောက်လုယူထားကြတဲ့ သွေးစွန်းတဲ့ထီးနန်းစည်းစိမ်တွေကလဲမြဲတယ်လို့ကိုမရှိပါဘူး။ မကြာခဏ မင်းပြောင်းမင်းလွဲတွေဖြစ်၊ ဆက်စပ်ပက်သက်တဲ့သူတွေအသတ်ခံရ၊ စစ်ပွဲတွေဖြစ်ကြနဲ့ အဲဒီခေတ်ကလူဖြစ်ရတဲ့သာမန်လူတွေမှာ တော်တော်ဒုက္ခရောက်ရှာကြမှာပါ။ မောင်ဇိတို့ငယ်ဘဝ ရာဇဝင်ကိုဖတ်တဲ့၊ သင်တဲ့အခါမှာ ငါတို့မြန်မာပြည်နဲ့ မြန်မာဘုရင်တွေသာအတော်ဆုံး၊ ယဥ်ကျေးမှုအမြင့်ဆုံး၊ သူများနိုင်ငံတွေကို လိုက်ဆော်ကြတာအားရစရာအကောင်းဆုံးဆိုတဲ့ အတွေးမျိုးဝင်အောင် ဖတ်ခဲ့ကြရတာပါ။ ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်ဖို့အားမပေးပဲ၊ အတိတ်သမိုင်းတွေကို မာန်မာနတက်အောင်သင်ပေး၊ရေးပေးကြမဲ့အစား သင်ခန်းစာယူစရာတွေကိုလဲ သင်ပေး၊ လွတ်လွတ်လပ်လပ်တွေးခေါ်ပြီးအဖြေထုတ်ခွင့်ကိုလဲပေး၊ ပိုကောင်းအောင်ဘယ်လိုလုပ်လို့ရခဲ့မလဲဆိုတာလဲတွေးပြီး ဆွေးနွေးခွင့်လဲပေး၊ ကိုယ့်နိုင်ငံကောင်းတာရော၊ဆိုးတာရော၊ သူများနိုင်ငံကောင်းတာရော၊ဆိုးတာရော အကုန်မျှပြီး တွေးတတ်ခေါ်တတ်အောင်၊ စာဖတ်တတ်အောင်လေ့ကျင့်ပေးနိုင်ခဲ့ရင် မျှမျှတတတွေးခေါ်မျှော်မြင်တတ်တဲ့ လူငယ်တွေများလာမှာပဲ။ အဲဒီကနေ တိုင်းပြည်ကို ကောင်းသထက်ကောင်းအောင်လုပ်နိုင်တဲ့မျိုးဆက်တွေပေါ်လာပါလိမ့်မယ်။
မောင်ဇိ
#ရာဇဝင် #MaungZitales #Myanmarchronicles #မောင်ဇိ
========================================
သီဟသူမ်ား
*********
ျမန္မာရာဇဝင္မွာက နာမည္တူေနၾကတဲ့မင္းေတြ၊ ၿမိဳ႕စားေတြမ်ားပါတယ္။ အဲဒီထဲကမွ ေမာင္ဇိသိတဲ့သီဟသူ ေလးေယာက္အေၾကာင္းကို ဖတ္ဖူးသေလာက္ ေျပာျပခ်င္ပါတယ္။ မေျပာခင္မွာ ပိုၿပီးတိက်ေအာင္လို႔ သူတို႔အားလုံးအေၾကာင္းကို ျပန္ရွာဖတ္ၿပီးမွ ေရးတာပါ။
(၁) နရသီဟပေတ့ရဲ႕ အစ္ကိုသီဟသူ (ပုဂံေခတ္ ေအဒီ၁၂၃၀-၁၂၅၆)
______________________________________________________
ဥဇနာမင္းမွာ ထင္ရွားတဲ့ သားေတာ္ႏွစ္ပါးရွိတယ္။
တစ္ပါးကသီဟသူ။ မိဖုရားေခါင္ႀကီး သုံးလူလကေမြးတဲ့ အႀကီးဆုံးသား။ မိဘုရားေခါင္ႀကီးကေမြးတဲ့သားေတာ္ႀကီးဆိုေတာ့ အိမ္ေရွ႕စံေပါ့။
ေနာက္တစ္ပါးက ျမစ္သာ႐ြာက ပန္းပြတ္သည္မရဲ႕သမီးကိုေကာက္ယူထားရာကေန ေမြးတဲ့သားေတာ္ နရသီပေတ့။ သူ႔ကေတာ့ ထီးေမြနန္းလ်ာမဟုတ္ဘူး။ ဒါေပမဲ့ နရသီဟပေတ့က ရာဇသၾကၤန္အမတ္ႀကီးတို႔လို နန္းေတာ္မွာ ၾသဇာရွိတဲ့အမတ္ႀကီးေတြကို တန္စိုးလက္ေဆာင္ေပးထားၿပီး သူ႔ကိုေစာင့္ေရွာက္ဖို႔ေျပာထားတယ္။
တစ္ေန႔မွာေတာ့ ညီလာခံကို သီဟသူဝင္လာတာကိုမျမင္မိလို႔ မင္းသားလာရာလမ္းေဘးမွာထိုင္ေနတဲ့ ရာဇသၾကၤန္အမတ္ႀကီးက အက်ႌလက္မသိမ္းမိတာကို သူ႔အေပၚမခန႔္ေလးစားလုပ္တယ္လို႔မင္းသားကထင္သြားၿပီး အက်ႌလက္ေပၚကြမ္းတံေတြး ေထြးသြားတယ္။ ဘုရင္ကိုမ်က္ႏွာမူၿပီး ၾကမ္းျပင္ေပၚမွာ ထိုင္ေနရတာဆိုေတာ့ လက္ဝက်ယ္က်ယ္၊ ပိတ္သားရွည္ရွည္နဲ႔ အမတ္အက်ႌအႀကီးႀကီးရဲ႕ လက္က ညီလာခံအလယ္က လူသြားလမ္းေပၚထိေရာက္ေနတယ္နဲ႔တူပါတယ္။ ရာဇသၾကၤန္က မွတ္ထားၿပီး သူ႔အက်ႌႀကီးကိုလဲမေလွ်ာ္ပဲသိမ္းထားတယ္။ ဘုရင္ဥဇနာနတ္႐ြာစံေတာ့မွ ကြမ္းတံေတြးေပေနတဲ့ အက်ႌကိုတျခားအမတ္ေတြကိုထုတ္ျပၿပီး သီဟသူဟာ ႐ုန႔္ရင္းၾကမ္းတမ္းေၾကာင္းသက္ေသျပတာေပါ့။
တျခားအမတ္ေတြကလဲ ဘုရင္မျဖစ္ခင္မင္းသားဘဝမွာေတာင္ ဒီလိုပညာႀကီးျမင့္တဲ့အမတ္ႀကီးမ်ိဳးကို ဒီေလာက္႐ိုင္းစိုင္းရင္ ဘုရင္သာျဖစ္သြားရင္ က်န္တဲ့အမတ္ေတြေလာက္ကေတာ့ မစားသာဘူးဆိုၿပီး တညီတၫြတ္တည္း နရသီဟပေတ့ကိုနန္းတင္လိုက္ၾကရာက နရသီဟပေတ့ဘုရင္ျဖစ္လာတယ္။ သီဟသူကိုေတာ့ ေနာက္ပိုင္းမွာ ကြပ္မ်က္လိုက္ၾကတယ္လို႔ သမိုင္းေရးသူေတြက ယူဆၾကတယ္။
နရသီဟပေတ့ဘုရင္ျဖစ္ၿပီးမွ အမတ္ႀကီးရာဇသၾကၤန္နဲ႔ အခ်င္းမ်ားၾကတဲ့အေၾကာင္းေတြကေတာ့ ေနာက္ဇာတ္လမ္းတစ္ခုေပါ့။
၂။ နရသီဟပေတ့ရဲ႕သား ျပည္စားသီဟသူ(ပုဂံေခတ္ ေအဒီ ၁၂၅၀-၁၂၈၈)
_________________________________________________
ျပည္စားသီဟသူကို နရသီဟပေတ့ရဲ႕မိဖုရားေတြထဲကတစ္ပါးျဖစ္တဲ့ ရွင္ေမာက္ကေန ၁၂၅၀ ဝန္းက်င္ေလာက္မွာေမြးတယ္လို႔ဆိုတယ္။ အသက္ ၂၅ႏွစ္မွာျပည္ၿမိဳ႕စားျဖစ္လာခဲ့တယ္။
သီဟသူငယ္ငယ္က နရသီဟပေတ့မင္းက လူေတြၾကားထဲမွာ အရွက္ရေအာင္မၾကာခဏၾကည္စယ္ခဲ့လို႔ သီဟသူက အျငႇိဳးထားၿပီး သူ႔ခမည္းေတာ္ ျပည္ကိုေရာက္ခ်ိန္မွာလုပ္ႀကံခဲ့တာ။ နရသီဟပေတ့မင္းကလဲ အမ်က္ေဒါသႀကီးတဲ့ေနရာ၊ အရွက္ရေအာင္ၾကည္စယ္တဲ့ေနရာမွာ နာမည္ႀကီးတယ္။ မိဖုရားေစာလုံတုန္းကလဲ ေရမြမ္းတဲ့ထိ ရံေ႐ႊေတာ္ေတြကိုေရပက္ခိုင္းၿပီး ၾကည္စယ္ခဲ့လို႔ ေစာလုံကလဲသူ႔ကိုလုပ္ႀကံဖို႔ ႀကိဳးစားခဲ့ဖူးတာပဲ။ အဲဒီအခ်ိန္က ေစာလုံအဆိတ္ခတ္ၿပီးပို႔ခိုင္းလိုက္တဲ့ဟင္းခြက္ကိုသြားပို႔ေပးရတာက သီဟသူရဲ႕မယ္ေတာ္ ရွင္ေမာက္ေပါ့။
ဇာတ္လမ္းကိုျပန္ဆက္ရရင္ နရသီဟပေတ့ကမြန္ဂိုေတြရန္ေၾကာင့္ ေအာက္ျပည္ကိုေျပးလာတယ္။ အဲဒီေနာက္ မြန္ဂိုေတြကိုႏွစ္စဥ္ပ႑ာဆက္ပါ့မယ္ဆိုၿပီး မြန္ဂိုလက္ေအာက္ခံအျဖစ္စစ္ေျပၿငိမ္းလိုက္လို႔ စစ္ႀကီးၿပီးသြားတဲ့ေနာက္ ပုဂံကိုအျပန္ ျပည္မွာနားခ်ိန္မွာ "ဝက္လက္ခိုးမသား" လို႔သူအၿမဲေခၚခဲ့တဲ့ ျပည္စားသီဟသူက ဖမ္းၿပီးအဆိပ္ခတ္ထားတဲ့စားေတာ္ပြဲနဲ႔ ဓါးလက္နက္ကိုအတင္းအၾကပ္ႀကိဳက္ရာေ႐ြးခိုင္းလို႔ အဆိပ္ခတ္ထားတဲ့ဟင္းစားၿပီးနတ္႐ြာစံသြားခဲ့တယ္။ သီဟသူအေၾကာင္းေျပာခ်င္တာျဖစ္လို႔ နရသီဟပေတ့ဘယ္လိုနတ္႐ြာစံတယ္ဆိုတဲ့အေၾကာင္းအေသးစိတ္ကိုေတာ့မေျပာေတာ့ပါဘူး။
ဖခင္ဘုရင္ကိုလုပ္ႀကံၿပီးတဲ့ေနာက္ အေဖတူအေမကြဲေနာင္ေတာ္ျဖစ္သူ ဥဇနာ (သူ႔အဖိုးနဲ႔နာမည္တူ)ရဲ႕ ပုသိမ္ကို ၾကည္းေၾကာင္း၊ေရေၾကာင္းနဲ႔သြားတိုက္ၿပီး မက်န္းမာတဲ့ဥဇနာကို ႏုတ္ႏုတ္စင္းၿပီးသတ္တယ္လို႔ဆိုတယ္။ ၿပီးေတာ့ ဒလကိုတိုက္တာမရ။ ပဲခူးကိုတိုက္ေတာ့ ပဲခူးစား ငပမြန္က ၿမိဳ႕႐ိုးေပၚကေျပာင္ျပလို႔ ေဒါသထြက္ၿပီး ျမားနဲ႔ပစ္ဖို႔ေလးငင္ရာမွာ အငင္လြန္၊ သူ႔ကိုယ္သူျမားစူးရာက ကိစၥေခ်ာသြားရွာတယ္။ အသက္ (၃၈) ႏွစ္ေလာက္ပဲရွိဦးမွာေပါ့။
၃။ပင္းယၿမိဳ႕တည္ တစ္စီးရွင္ သီဟသူ ( ပင္းယေခတ္ ေအဒီ ၁၂၆၅-၁၃၂၅)
__________________________________________________________
ပုဂံေနာက္ဆုံးမင္းျဖစ္တဲ့ နရသီဟပေတ့လုပ္ႀကံခံရၿပီးတဲ့ေနာက္ ပုဂံမွာ နရသီဟပေတ့ရဲ႕သားလတ္ ေက်ာ္စြာကိုနန္းတင္ၾကေပမဲ့ ေက်ာ္စြာကဘုရင္ (၈)ႏွစ္ပဲျဖစ္လိုက္တယ္။ တစ္ႏိုင္ငံလုံးပုန္ကန္ေနၾကေတာ့ ေက်ာ္စြာကမြန္ဂိုရဲ႕အသိအမွတ္ျပဳမႈကိုယူၿပီး မြန္ဂိုလက္ေအာက္ခံအျဖစ္နဲ႔ ဘုရင္လုပ္တာေတာင္ပုဂံနဲ႔အနီးတဝိုက္ကိုပဲ အာဏာရွိေတာ့တယ္။ ေနာက္ဆုံးမွာ ျမင္စိုင္းက အသခၤယာ၊ ရာဇသၾကၤန္၊ သီဟသူဆိုတဲ့ ရွမ္းညီေနာင္သုံးေယာက္ရဲ႕နန္းခ်တာခံရၿပီး အတင္းသဃၤန္းဆီးေပးခံရလို႔ ဘုန္းႀကီးဘဝေရာက္သြားတယ္။ တခ်ိဳ႕စာေတြမွာေတာ့ သူေရာ၊သူ႔သားေရာကြပ္မ်က္ခံရတယ္လို႔ဆိုတယ္။
ခုနကေျပာခဲ့တဲ့ ရွမ္းညီေနာင္သုံးဦးလို႔ျမန္မာရာဇဝင္မွာလူသိမ်ားတဲ့ထဲက သီဟသူကေတာ့ ေမာင္ဇိတို႔ဇာတ္လိုက္သီဟသူေတြထဲကတစ္ေယာက္ေပါ့။ ပင္းယေခတ္လို႔ဆိုရမဲ့ (ျမင္းစိုင္းေခတ္လို႔လဲေခၚ) ပင္းယႏိုင္ငံထူေထာင္ခဲ့သူ သီဟသူက ရွမ္းညီေနာင္သုံးပါးထဲမွာ အငယ္ဆုံးနဲ႔ရည္မွန္းခ်က္အႀကီးဆုံးလို႔ဆိုတယ္။ ေနာင္ေတာ္လတ္ ရာဇသၾကၤန္သူ႔ဟာသူကြယ္လြန္ၿပီးေနာက္မွာ ေနာင္ေတာ္ႀကီး အသခၤယာကိုအဆိပ္ခတ္လုပ္ႀကံၿပီး ပင္းယေနျပည္ေတာ္ကို သူတစ္ေယာက္ပဲ မင္းအျဖစ္အုပ္ခ်ဳပ္စိုးစံခဲ့တယ္။ တခ်ိဳ႕စာေတြမွာေတာ့ေနာင္ေတာ္ႏွစ္ေယာက္လုံးကိုသူပဲလုပ္ႀကံတာလို႔ဆိုတယ္။သူတို႔ညီအစ္ကိုေတြလက္ထက္မွာ ျမင္စိုင္း-ပင္းယႏိုင္ငံေတာ္က မြန္ဂိုေတြရဲ႕က်ဴးေက်ာ္မႈကိုႏွစ္ႀကိမ္တိုင္ေအာင္ ခုခံတြန္းလွန္ႏိုင္ခဲ့တယ္။
ဆင္ျဖဴတစ္စီးေရမွာေမ်ာလာတာကို ေျခေထာက္တင္ၿပီး ဆင္ျဖဴရွင္ဘြဲ႕ခံခဲ့လို႔ တစ္စီးရွင္သီဟသူလို႔ ရာဇဝင္မွာနာမည္က်န္ခဲ့တယ္။ သူ႔သားေတာ္ ဥဇနာ (ေနာက္ထပ္ဥဇနာတစ္ေယာက္)ကသူ႔ေနာက္မွာ ပင္းယကိုဆက္ခံတယ္။ သားေတာ္အႀကီးေစာယြမ္းက စစ္ကိုင္းကို ဆက္ခံတယ္။ စုစုေပါင္း (၁၂)ႏွစ္ေလာက္နန္းစံသြားၿပီး အသက္ (၆၀)ေလာက္ထိေနသြားရတယ္၊ ဘယ္သူမွ မလုပ္ႀကံပဲ သူ႔ဟာသူကံကုန္သြားတဲ့ထိေနရတယ္ဆိုေတာ့ သီဟသူေတြထဲမွာ ကံအေကာင္းဆုံးျဖစ္မယ္ထင္ပါတယ္။
၄။ ဘုရင္မင္းေခါင္ရဲ႕သား အင္းဝဆင္ျဖဴရွင္သီဟသူ (အင္းဝေခတ္ ၁၃၉၄-၁၄၂၅)
_________________________________________________
အင္းဝဘုရင္မင္းေခါင္နဲ႔ ဟံသာဝတီဘုရင္ရာဇာဓိရာဇ္တို႔ရဲ႕ အင္းဝ-ဟံသာဝတီအႏွစ္ေလးဆယ္စစ္ပြဲကာလမွာ သီဟသူကအင္းဝ အိမ္ေရွ႕မင္းျဖစ္လာတယ္။
ဘုရင္မင္းေခါင္နဲ႔မိဖုရားရွင္မိေနာက္ကေနေမြးတဲ့ သီဟသူက သူ႔အစ္ကို မင္းရဲေက်ာ္စြာတိုက္ပြဲမွာက်ၿပီးတဲ့ေနာက္ အိမ္ေရွ႕မင္းျဖစ္လာတာပါ။ သူငယ္စဥ္ကလဲျပည္ၿမိဳ႕ကိုစားခဲ့တယ္လို႔ဆိုတယ္။မင္းေခါင္လြန္ေတာ့ သူဘုရင္ျဖစ္လာတယ္။ သူ႔အထိန္းေတာ္ ေျမတူးစားက မူးျမစ္မွာေမ်ာလာတဲ့ဆင္ျဖဴကိုဆက္တာကတစ္ခါ၊ ျပည္စားကရလို႔ဆင္ျဖဴဆက္တာကတစ္ခါ၊ အဲဒီႏွစ္ခါေၾကာင့္ ဆင္ျဖဴရွင္သီဟသူလို႔နာမည္တြင္တယ္။
မြန္ဘုရင္ရာဇာဓိရာဇ္ေနာက္မွာမြန္မင္းညီမင္းသားေတြအခ်င္းခ်င္းမညီၫြတ္ၾကဘူးၾကားေတာ့ ေအာက္ျပည္ကိုဆင္းၿပီးမြန္ပိုင္နက္တိုက္ခိုက္တယ္။ ဒဂုံကိုဝိုင္းထားတုန္းမွာ ဒဂုံစားဗညားရံက ႏွမေတာ္ရွင္ေစာပုကို သီဟသူဆီမွာဆက္သလို႔ ရွင္ေစာပုကိုယူၿပီး အင္းဝကိုျပန္လာခဲ့ပါတယ္တဲ့။ အရင္က မိဖုရားရွင္ဘို႔မယ္ကိုအေရးေပးရာကေန အဆင္အျပင္လွတဲ့မိဖုရားသစ္ရွင္ေစာပုကိုပိုၿပီး အေရးေပးလာလို႔ စိတ္နာတဲ့ရွင္ဘို႔မယ္က အုန္းေပါင္လယ္သံဘြားကိုအခြင့္ရခိုက္မွာလုပ္ႀကံေစလို႔ ေအာင္ပင္လယ္အရပ္မွာ ေမာင္းမေတြနဲ႔ေပ်ာ္ပါးေနတုန္းမွာ ဟိုကလုပ္ႀကံပါတယ္။ အုန္းေပါင္လယ္သံဘြားကဆင္နဲ႔တိုက္ၿပီးျမားနဲ႔ပစ္လို႔ ေမာင္ဇိတို႔ရဲ႕ စတုတၱေျမာက္ ဆင္ျဖဴရွင္သီဟသူမွာလဲ ျမားသင့္ၿပီးေသရွာပါတယ္။ အဲဒီအခ်ိန္က သူ႔အသက္က (၃၁) ပဲရွိေသးၿပီး နန္းတက္တာ သုံး၊ေလးႏွစ္ပဲရွိပါေသးတယ္လို႔ဆိုပါတယ္။
သီဟသူေလးေယာက္အေၾကာင္းကိုဖတ္ၿပီးတဲ့ေနာက္ ပထမဆုံးေခါင္းထဲမွာေပၚလာတာက ေမာင္ဇိတို႔ျမန္မာေတြက သူမ်ားနဲ႔ဆိုရင္ခဏစည္းလုံးၿပီး၊ အခ်င္းခ်င္းဆို အၿမဲခ်ေနၾကတာဆိုတာပါပဲ။ တစ္ေယာက္လက္ကေန တစ္ေယာက္လုယူထားၾကတဲ့ ေသြးစြန္းတဲ့ထီးနန္းစည္းစိမ္ေတြကလဲၿမဲတယ္လို႔ကိုမရွိပါဘူး။ မၾကာခဏ မင္းေျပာင္းမင္းလြဲေတြျဖစ္၊ ဆက္စပ္ပက္သက္တဲ့သူေတြအသတ္ခံရ၊ စစ္ပြဲေတြျဖစ္ၾကနဲ႔ အဲဒီေခတ္ကလူျဖစ္ရတဲ့သာမန္လူေတြမွာ ေတာ္ေတာ္ဒုကၡေရာက္ရွာၾကမွာပါ။ ေမာင္ဇိတို႔ငယ္ဘဝ ရာဇဝင္ကိုဖတ္တဲ့၊ သင္တဲ့အခါမွာ ငါတို႔ျမန္မာျပည္နဲ႔ ျမန္မာဘုရင္ေတြသာအေတာ္ဆုံး၊ ယဥ္ေက်းမႈအျမင့္ဆုံး၊ သူမ်ားႏိုင္ငံေတြကို လိုက္ေဆာ္ၾကတာအားရစရာအေကာင္းဆုံးဆိုတဲ့ အေတြးမ်ိဳးဝင္ေအာင္ ဖတ္ခဲ့ၾကရတာပါ။ ကိုယ့္ကိုယ္ကိုအေကာင္းဆုံးျဖစ္ေအာင္တည္ေဆာက္ဖို႔အားမေပးပဲ၊ အတိတ္သမိုင္းေတြကို မာန္မာနတက္ေအာင္သင္ေပး၊ေရးေပးၾကမဲ့အစား သင္ခန္းစာယူစရာေတြကိုလဲ သင္ေပး၊ လြတ္လြတ္လပ္လပ္ေတြးေခၚၿပီးအေျဖထုတ္ခြင့္ကိုလဲေပး၊ ပိုေကာင္းေအာင္ဘယ္လိုလုပ္လို႔ရခဲ့မလဲဆိုတာလဲေတြးၿပီး ေဆြးေႏြးခြင့္လဲေပး၊ ကိုယ့္ႏိုင္ငံေကာင္းတာေရာ၊ဆိုးတာေရာ၊ သူမ်ားႏိုင္ငံေကာင္းတာေရာ၊ဆိုးတာေရာ အကုန္မွ်ၿပီး ေတြးတတ္ေခၚတတ္ေအာင္၊ စာဖတ္တတ္ေအာင္ေလ့က်င့္ေပးႏိုင္ခဲ့ရင္ မွ်မွ်တတေတြးေခၚေမွ်ာ္ျမင္တတ္တဲ့ လူငယ္ေတြမ်ားလာမွာပဲ။ အဲဒီကေန တိုင္းျပည္ကို ေကာင္းသထက္ေကာင္းေအာင္လုပ္ႏိုင္တဲ့မ်ိဳးဆက္ေတြေပၚလာပါလိမ့္မယ္။။
ေမာင္ဇိ
#ရာဇဝင္ #MaungZitales #Myanmarchronicles #ေမာင္ဇိ
No comments:
Post a Comment