Wednesday, December 23, 2020

သီဟသူများ

 သီဟသူများ
*********

မြန်မာရာဇဝင်မှာက နာမည်တူနေကြတဲ့မင်းတွေ၊ မြို့စားတွေများပါတယ်။ အဲဒီထဲကမှ မောင်ဇိသိတဲ့သီဟသူ လေးယောက်အကြောင်းကို ဖတ်ဖူးသလောက် ပြောပြချင်ပါတယ်။ မပြောခင်မှာ ပိုပြီးတိကျအောင်လို့ သူတို့အားလုံးအကြောင်းကို ပြန်ရှာဖတ်ပြီးမှ ရေးတာပါ။

(၁) နရသီဟပတေ့ရဲ့ အစ်ကိုသီဟသူ (ပုဂံခေတ် အေဒီ၁၂၃၀-၁၂၅၆)
______________________________________________________
ဥဇနာမင်းမှာ ထင်ရှားတဲ့ သားတော်နှစ်ပါးရှိတယ်။
တစ်ပါးကသီဟသူ။ မိဖုရား‌ခေါင်ကြီး သုံးလူလကမွေးတဲ့ အကြီးဆုံးသား။ မိဘုရားခေါင်ကြီးကမွေးတဲ့သားတော်ကြီးဆိုတော့ အိမ်ရှေ့စံပေါ့။

နောက်တစ်ပါးက မြစ်သာရွာက ပန်းပွတ်သည်မရဲ့သမီးကိုကောက်ယူထားရာကနေ မွေးတဲ့သားတော် နရသီပတေ့။ သူ့ကတော့ ထီးမွေနန်းလျာမဟုတ်ဘူး။ ဒါပေမဲ့ နရသီဟပတေ့က ရာဇသင်္ကြန်အမတ်ကြီးတို့လို နန်းတော်မှာ သြဇာရှိတဲ့အမတ်ကြီးတွေကို တန်စိုးလက်ဆောင်ပေးထားပြီး သူ့ကိုစောင့်ရှောက်ဖို့ပြောထားတယ်။

တစ်နေ့မှာတော့ ညီလာခံကို သီဟသူဝင်လာတာကိုမမြင်မိလို့ မင်းသားလာရာလမ်းဘေးမှာထိုင်နေတဲ့ ရာဇသင်္ကြန်အမတ်ကြီးက အင်္ကျီလက်မသိမ်းမိတာကို သူ့အပေါ်မခန့်လေးစားလုပ်တယ်လို့မင်းသားကထင်သွားပြီး အင်္ကျီလက်ပေါ်ကွမ်းတံတွေး ထွေးသွားတယ်။ ဘုရင်ကိုမျက်နှာမူပြီး ကြမ်းပြင်ပေါ်မှာ ထိုင်နေရတာဆိုတော့ လက်ဝကျယ်ကျယ်၊ ပိတ်သားရှည်ရှည်နဲ့ အမတ်အင်္ကျီအကြီးကြီးရဲ့ လက်က ညီလာခံအလယ်က လူသွားလမ်းပေါ်ထိရောက်နေတယ်နဲ့တူပါတယ်။ ရာဇသင်္ကြန်က မှတ်ထားပြီး သူ့အင်္ကျီကြီးကိုလဲမလျှော်ပဲသိမ်းထားတယ်။ ဘုရင်ဥဇနာနတ်ရွာစံတော့မှ ကွမ်းတံတွေးပေနေတဲ့ အင်္ကျီကိုတခြားအမတ်တွေကိုထုတ်ပြပြီး သီဟသူဟာ ရုန့်ရင်းကြမ်းတမ်းကြောင်းသက်သေပြတာပေါ့။
တခြားအမတ်တွေကလဲ ဘုရင်မဖြစ်ခင်မင်းသားဘဝမှာတောင် ဒီလိုပညာကြီးမြင့်တဲ့အမတ်ကြီးမျိုးကို ဒီလောက်ရိုင်းစိုင်းရင် ဘုရင်သာဖြစ်သွားရင် ကျန်တဲ့အမတ်တွေလောက်ကတော့ မစားသာဘူးဆိုပြီး တညီတညွတ်တည်း နရသီဟပတေ့ကိုနန်းတင်လိုက်ကြရာက နရသီဟပတေ့ဘုရင်ဖြစ်လာတယ်။ သီဟသူကိုတော့ နောက်ပိုင်းမှာ ကွပ်မျက်လိုက်ကြတယ်လို့ သမိုင်းရေးသူတွေက ယူဆကြတယ်။

နရသီဟပတေ့ဘုရင်ဖြစ်ပြီးမှ အမတ်ကြီးရာဇသင်္ကြန်နဲ့ အချင်းများကြတဲ့အကြောင်းတွေကတော့ နောက်ဇာတ်လမ်းတစ်ခုပေါ့။

၂။ နရသီဟပတေ့ရဲ့သား ပြည်စားသီဟသူ(ပုဂံခေတ် အေဒီ ၁၂၅၀-၁၂၈၈)
_________________________________________________
ပြည်စားသီဟသူကို နရသီဟပတေ့ရဲ့မိဖုရားတွေထဲကတစ်ပါးဖြစ်တဲ့ ရှင်မောက်ကနေ ၁၂၅၀ ဝန်းကျင်လောက်မှာမွေးတယ်လို့ဆိုတယ်။ အသက် ၂၅နှစ်မှာပြည်မြို့စားဖြစ်လာခဲ့တယ်။
သီဟသူငယ်ငယ်က နရသီဟပတေ့မင်းက လူတွေကြားထဲမှာ အရှက်ရအောင်မကြာခဏကြည်စယ်ခဲ့လို့ သီဟသူက အငြှိုးထားပြီး သူ့ခမည်းတော် ပြည်ကိုရောက်ချိန်မှာလုပ်ကြံခဲ့တာ။ နရသီဟပတေ့မင်းကလဲ အမျက်ဒေါသကြီးတဲ့နေရာ၊ အရှက်ရအောင်ကြည်စယ်တဲ့နေရာမှာ နာမည်ကြီးတယ်။ မိဖုရားစောလုံတုန်းကလဲ ရေမွမ်းတဲ့ထိ ရံရွှေတော်တွေကိုရေပက်ခိုင်းပြီး ကြည်စယ်ခဲ့လို့ စောလုံကလဲသူ့ကိုလုပ်ကြံဖို့ ကြိုးစားခဲ့ဖူးတာပဲ။ အဲဒီအချိန်က စောလုံအဆိတ်ခတ်ပြီးပို့ခိုင်းလိုက်တဲ့ဟင်းခွက်ကိုသွားပို့ပေးရတာက သီဟသူရဲ့မယ်တော် ရှင်မောက်ပေါ့။

ဇာတ်လမ်းကိုပြန်ဆက်ရရင် နရသီဟပတေ့ကမွန်ဂိုတွေရန်ကြောင့် အောက်ပြည်ကိုပြေးလာတယ်။ အဲဒီနောက် မွန်ဂိုတွေကိုနှစ်စဥ်ပဏ္ဍာဆက်ပါ့မယ်ဆိုပြီး မွန်ဂိုလက်အောက်ခံအဖြစ်စစ်ပြေငြိမ်းလိုက်လို့ စစ်ကြီးပြီးသွားတဲ့နောက် ပုဂံကိုအပြန် ပြည်မှာနားချိန်မှာ "ဝက်လက်ခိုးမသား" လို့သူအမြဲခေါ်ခဲ့တဲ့ ပြည်စားသီဟသူက ဖမ်းပြီးအဆိပ်ခတ်ထားတဲ့စားတော်ပွဲနဲ့ ဓါးလက်နက်ကိုအတင်းအကြပ်ကြိုက်ရာရွေးခိုင်းလို့ အဆိပ်ခတ်ထားတဲ့ဟင်းစားပြီးနတ်ရွာစံသွားခဲ့တယ်။ သီဟသူအကြောင်းပြောချင်တာဖြစ်လို့ နရသီဟပတေ့ဘယ်လိုနတ်ရွာစံတယ်ဆိုတဲ့အကြောင်းအသေးစိတ်ကိုတော့မပြောတော့ပါဘူး။

ဖခင်ဘုရင်ကိုလုပ်ကြံပြီးတဲ့နောက် အဖေတူအမေကွဲနောင်တော်ဖြစ်သူ ဥဇနာ (သူ့အဖိုးနဲ့နာမည်တူ)ရဲ့ ပုသိမ်ကို ကြည်းကြောင်း၊ရေကြောင်းနဲ့သွားတိုက်ပြီး မကျန်းမာတဲ့ဥဇနာကို နုတ်နုတ်စင်းပြီးသတ်တယ်လို့ဆိုတယ်။ ပြီးတော့ ဒလကိုတိုက်တာမရ။ ပဲခူးကိုတိုက်တော့ ပဲခူးစား ငပမွန်က မြို့ရိုးပေါ်ကပြောင်ပြလို့ ဒေါသထွက်ပြီး မြားနဲ့ပစ်ဖို့လေးငင်ရာမှာ အငင်လွန်၊ သူ့ကိုယ်သူမြားစူးရာက ကိစ္စချောသွားရှာတယ်။ အသက် (၃၈) နှစ်လောက်ပဲရှိဦးမှာပေါ့။

၃။ပင်းယမြို့တည် တစ်စီးရှင် သီဟသူ ( ပင်းယခေတ် အေဒီ ၁၂၆၅-၁၃၂၅)
__________________________________________________________
ပုဂံနောက်ဆုံးမင်းဖြစ်တဲ့ နရသီဟပတေ့လုပ်ကြံခံရပြီးတဲ့နောက် ပုဂံမှာ နရသီဟပတေ့ရဲ့သားလတ် ကျော်စွာကိုနန်းတင်ကြပေမဲ့ ကျော်စွာကဘုရင် (၈)နှစ်ပဲဖြစ်လိုက်တယ်။ တစ်နိုင်ငံလုံးပုန်ကန်နေကြတော့ ကျော်စွာကမွန်ဂိုရဲ့အသိအမှတ်ပြုမှုကိုယူပြီး မွန်ဂိုလက်အောက်ခံအဖြစ်နဲ့ ဘုရင်လုပ်တာတောင်ပုဂံနဲ့အနီးတဝိုက်ကိုပဲ အာဏာရှိတော့တယ်။ နောက်ဆုံးမှာ မြင်စိုင်းက အသင်္ခယာ၊ ရာဇသင်္ကြန်၊ သီဟသူဆိုတဲ့ ရှမ်းညီနောင်သုံးယောက်ရဲ့နန်းချတာခံရပြီး အတင်းသင်္ဃန်းဆီးပေးခံရလို့ ဘုန်းကြီးဘဝရောက်သွားတယ်။ တချို့စာတွေမှာတော့ သူရော၊သူ့သားရောကွပ်မျက်ခံရတယ်လို့ဆိုတယ်။

ခုနကပြောခဲ့တဲ့ ရှမ်းညီနောင်သုံးဦးလို့မြန်မာရာဇဝင်မှာလူသိများတဲ့ထဲက သီဟသူကတော့ မောင်ဇိတို့ဇာတ်လိုက်သီဟသူတွေထဲကတစ်ယောက်ပေါ့။ ပင်းယခေတ်လို့ဆိုရမဲ့ (မြင်းစိုင်းခေတ်လို့လဲခေါ်) ပင်းယနိုင်ငံထူထောင်ခဲ့သူ သီဟသူက ရှမ်းညီနောင်သုံးပါးထဲမှာ အငယ်ဆုံးနဲ့ရည်မှန်းချက်အကြီးဆုံးလို့ဆိုတယ်။ နောင်တော်လတ် ရာဇသင်္ကြန်သူ့ဟာသူကွယ်လွန်ပြီးနောက်မှာ နောင်တော်ကြီး  အသင်္ခယာကိုအဆိပ်ခတ်လုပ်ကြံပြီး ပင်းယနေပြည်တော်ကို သူတစ်ယောက်ပဲ မင်းအဖြစ်အုပ်ချုပ်စိုးစံခဲ့တယ်။ တချို့စာတွေမှာတော့နောင်တော်နှစ်ယောက်လုံးကိုသူပဲလုပ်ကြံတာလို့ဆိုတယ်။သူတို့ညီအစ်ကိုတွေလက်ထက်မှာ မြင်စိုင်း-ပင်းယနိုင်ငံတော်က မွန်ဂိုတွေရဲ့ကျူးကျော်မှုကိုနှစ်ကြိမ်တိုင်အောင် ခုခံတွန်းလှန်နိုင်ခဲ့တယ်။
ဆင်ဖြူတစ်စီးရေမှာမျောလာတာကို ခြေထောက်တင်ပြီး ဆင်ဖြူရှင်ဘွဲ့ခံခဲ့လို့ တစ်စီးရှင်သီဟသူလို့ ရာဇဝင်မှာနာမည်ကျန်ခဲ့တယ်။ သူ့သားတော် ဥဇနာ (နောက်ထပ်ဥဇနာတစ်ယောက်)ကသူ့နောက်မှာ ပင်းယကိုဆက်ခံတယ်။ သားတော်အကြီးစောယွမ်းက စစ်ကိုင်းကို ဆက်ခံတယ်။ စုစုပေါင်း (၁၂)နှစ်လောက်နန်းစံသွားပြီး အသက် (၆၀)လောက်ထိနေသွားရတယ်၊ ဘယ်သူမှ မလုပ်ကြံပဲ သူ့ဟာသူကံကုန်သွားတဲ့ထိနေရတယ်ဆိုတော့ သီဟသူတွေထဲမှာ ကံအကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။

၄။ ဘုရင်မင်းခေါင်ရဲ့သား အင်းဝဆင်ဖြူရှင်သီဟသူ (အင်းဝခေတ် ၁၃၉၄-၁၄၂၅)
_________________________________________________
အင်းဝဘုရင်မင်းခေါင်နဲ့ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်တို့ရဲ့ အင်းဝ-ဟံသာဝတီအနှစ်လေးဆယ်စစ်ပွဲကာလမှာ သီဟသူကအင်းဝ အိမ်ရှေ့မင်းဖြစ်လာတယ်။
ဘုရင်မင်းခေါင်နဲ့မိဖုရားရှင်မိနောက်ကနေမွေးတဲ့ သီဟသူက သူ့အစ်ကို မင်းရဲကျော်စွာတိုက်ပွဲမှာကျပြီးတဲ့နောက် အိမ်ရှေ့မင်းဖြစ်လာတာပါ။ သူငယ်စဥ်ကလဲပြည်မြို့ကိုစားခဲ့တယ်လို့ဆိုတယ်။မင်းခေါင်လွန်တော့ သူဘုရင်ဖြစ်လာတယ်။ သူ့အထိန်းတော် မြေတူးစားက မူးမြစ်မှာမျောလာတဲ့ဆင်ဖြူကိုဆက်တာကတစ်ခါ၊ ပြည်စားကရလို့ဆင်ဖြူဆက်တာကတစ်ခါ၊ အဲဒီနှစ်ခါကြောင့် ဆင်ဖြူရှင်သီဟသူလို့နာမည်တွင်တယ်။

မွန်ဘုရင်ရာဇာဓိရာဇ်နောက်မှာမွန်မင်းညီမင်းသားတွေအချင်းချင်းမညီညွတ်ကြဘူးကြားတော့ အောက်ပြည်ကိုဆင်းပြီးမွန်ပိုင်နက်တိုက်ခိုက်တယ်။ ဒဂုံကိုဝိုင်းထားတုန်းမှာ ဒဂုံစားဗညားရံက နှမတော်ရှင်စောပုကို သီဟသူဆီမှာဆက်သလို့ ရှင်စောပုကိုယူပြီး အင်းဝကိုပြန်လာခဲ့ပါတယ်တဲ့။ အရင်က မိဖုရားရှင်ဘို့မယ်ကိုအရေးပေးရာကနေ အဆင်အပြင်လှတဲ့မိဖုရားသစ်ရှင်စောပုကိုပိုပြီး အရေးပေးလာလို့ စိတ်နာတဲ့ရှင်ဘို့မယ်က အုန်းပေါင်လယ်သံဘွားကိုအခွင့်ရခိုက်မှာလုပ်ကြံစေလို့ အောင်ပင်လယ်အရပ်မှာ မောင်းမတွေနဲ့ပျော်ပါးနေတုန်းမှာ ဟိုကလုပ်ကြံပါတယ်။  အုန်းပေါင်လယ်သံဘွားကဆင်နဲ့တိုက်ပြီးမြားနဲ့ပစ်လို့ မောင်ဇိတို့ရဲ့ စတုတ္တမြောက် ဆင်ဖြူရှင်သီဟသူမှာလဲ မြားသင့်ပြီးသေရှာပါတယ်။ အဲဒီအချိန်က သူ့အသက်က (၃၁) ပဲရှိသေးပြီး နန်းတက်တာ သုံး၊လေးနှစ်ပဲရှိပါသေးတယ်လို့ဆိုပါတယ်။

သီဟသူလေးယောက်အကြောင်းကိုဖတ်ပြီးတဲ့နောက် ပထမဆုံးခေါင်းထဲမှာပေါ်လာတာက မောင်ဇိတို့မြန်မာတွေက သူများနဲ့ဆိုရင်ခဏစည်းလုံးပြီး၊ အချင်းချင်းဆို အမြဲချနေကြတာဆိုတာပါပဲ။ တစ်ယောက်လက်ကနေ တစ်ယောက်လုယူထားကြတဲ့ သွေးစွန်းတဲ့ထီးနန်းစည်းစိမ်တွေကလဲမြဲတယ်လို့ကိုမရှိပါဘူး။ မကြာခဏ မင်းပြောင်းမင်းလွဲတွေဖြစ်၊ ဆက်စပ်ပက်သက်တဲ့သူတွေအသတ်ခံရ၊ စစ်ပွဲတွေဖြစ်ကြနဲ့ အဲဒီခေတ်ကလူဖြစ်ရတဲ့သာမန်လူတွေမှာ တော်တော်ဒုက္ခရောက်ရှာကြမှာပါ။ မောင်ဇိတို့ငယ်ဘဝ ရာဇဝင်ကိုဖတ်တဲ့၊ သင်တဲ့အခါမှာ ငါတို့မြန်မာပြည်နဲ့ မြန်မာဘုရင်တွေသာအတော်ဆုံး၊ ယဥ်ကျေးမှုအမြင့်ဆုံး၊ သူများနိုင်ငံတွေကို လိုက်ဆော်ကြတာအားရစရာအကောင်းဆုံးဆိုတဲ့ အတွေးမျိုးဝင်အောင် ဖတ်ခဲ့ကြရတာပါ။ ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်ဖို့အားမပေးပဲ၊ အတိတ်သမိုင်းတွေကို မာန်မာနတက်အောင်သင်ပေး၊ရေးပေးကြမဲ့အစား သင်ခန်းစာယူစရာတွေကိုလဲ သင်ပေး၊ လွတ်လွတ်လပ်လပ်တွေးခေါ်ပြီးအဖြေထုတ်ခွင့်ကိုလဲပေး၊ ပိုကောင်းအောင်ဘယ်လိုလုပ်လို့ရခဲ့မလဲဆိုတာလဲတွေးပြီး ဆွေးနွေးခွင့်လဲပေး၊ ကိုယ့်နိုင်ငံကောင်းတာရော၊ဆိုးတာရော၊ သူများနိုင်ငံကောင်းတာရော၊ဆိုးတာရော အကုန်မျှပြီး တွေးတတ်ခေါ်တတ်အောင်၊ စာဖတ်တတ်အောင်လေ့ကျင့်ပေးနိုင်ခဲ့ရင် မျှမျှတတတွေးခေါ်မျှော်မြင်တတ်တဲ့ လူငယ်တွေများလာမှာပဲ။ အဲဒီကနေ တိုင်းပြည်ကို ကောင်းသထက်ကောင်းအောင်လုပ်နိုင်တဲ့မျိုးဆက်တွေပေါ်လာပါလိမ့်မယ်။

မောင်ဇိ
#ရာဇဝင် #MaungZitales #Myanmarchronicles #မောင်ဇိ

========================================

သီဟသူမ်ား
*********

ျမန္မာရာဇဝင္မွာက နာမည္တူေနၾကတဲ့မင္းေတြ၊ ၿမိဳ႕စားေတြမ်ားပါတယ္။ အဲဒီထဲကမွ ေမာင္ဇိသိတဲ့သီဟသူ ေလးေယာက္အေၾကာင္းကို ဖတ္ဖူးသေလာက္ ေျပာျပခ်င္ပါတယ္။ မေျပာခင္မွာ ပိုၿပီးတိက်ေအာင္လို႔ သူတို႔အားလုံးအေၾကာင္းကို ျပန္ရွာဖတ္ၿပီးမွ ေရးတာပါ။

(၁) နရသီဟပေတ့ရဲ႕ အစ္ကိုသီဟသူ (ပုဂံေခတ္ ေအဒီ၁၂၃၀-၁၂၅၆)
______________________________________________________
ဥဇနာမင္းမွာ ထင္ရွားတဲ့ သားေတာ္ႏွစ္ပါးရွိတယ္။
တစ္ပါးကသီဟသူ။ မိဖုရား‌ေခါင္ႀကီး သုံးလူလကေမြးတဲ့ အႀကီးဆုံးသား။ မိဘုရားေခါင္ႀကီးကေမြးတဲ့သားေတာ္ႀကီးဆိုေတာ့ အိမ္ေရွ႕စံေပါ့။

ေနာက္တစ္ပါးက ျမစ္သာ႐ြာက ပန္းပြတ္သည္မရဲ႕သမီးကိုေကာက္ယူထားရာကေန ေမြးတဲ့သားေတာ္ နရသီပေတ့။ သူ႔ကေတာ့ ထီးေမြနန္းလ်ာမဟုတ္ဘူး။ ဒါေပမဲ့ နရသီဟပေတ့က ရာဇသၾကၤန္အမတ္ႀကီးတို႔လို နန္းေတာ္မွာ ၾသဇာရွိတဲ့အမတ္ႀကီးေတြကို တန္စိုးလက္ေဆာင္ေပးထားၿပီး သူ႔ကိုေစာင့္ေရွာက္ဖို႔ေျပာထားတယ္။

တစ္ေန႔မွာေတာ့ ညီလာခံကို သီဟသူဝင္လာတာကိုမျမင္မိလို႔ မင္းသားလာရာလမ္းေဘးမွာထိုင္ေနတဲ့ ရာဇသၾကၤန္အမတ္ႀကီးက အက်ႌလက္မသိမ္းမိတာကို သူ႔အေပၚမခန႔္ေလးစားလုပ္တယ္လို႔မင္းသားကထင္သြားၿပီး အက်ႌလက္ေပၚကြမ္းတံေတြး ေထြးသြားတယ္။ ဘုရင္ကိုမ်က္ႏွာမူၿပီး ၾကမ္းျပင္ေပၚမွာ ထိုင္ေနရတာဆိုေတာ့ လက္ဝက်ယ္က်ယ္၊ ပိတ္သားရွည္ရွည္နဲ႔ အမတ္အက်ႌအႀကီးႀကီးရဲ႕ လက္က ညီလာခံအလယ္က လူသြားလမ္းေပၚထိေရာက္ေနတယ္နဲ႔တူပါတယ္။ ရာဇသၾကၤန္က မွတ္ထားၿပီး သူ႔အက်ႌႀကီးကိုလဲမေလွ်ာ္ပဲသိမ္းထားတယ္။ ဘုရင္ဥဇနာနတ္႐ြာစံေတာ့မွ ကြမ္းတံေတြးေပေနတဲ့ အက်ႌကိုတျခားအမတ္ေတြကိုထုတ္ျပၿပီး သီဟသူဟာ ႐ုန႔္ရင္းၾကမ္းတမ္းေၾကာင္းသက္ေသျပတာေပါ့။
တျခားအမတ္ေတြကလဲ ဘုရင္မျဖစ္ခင္မင္းသားဘဝမွာေတာင္ ဒီလိုပညာႀကီးျမင့္တဲ့အမတ္ႀကီးမ်ိဳးကို ဒီေလာက္႐ိုင္းစိုင္းရင္ ဘုရင္သာျဖစ္သြားရင္ က်န္တဲ့အမတ္ေတြေလာက္ကေတာ့ မစားသာဘူးဆိုၿပီး တညီတၫြတ္တည္း နရသီဟပေတ့ကိုနန္းတင္လိုက္ၾကရာက နရသီဟပေတ့ဘုရင္ျဖစ္လာတယ္။ သီဟသူကိုေတာ့ ေနာက္ပိုင္းမွာ ကြပ္မ်က္လိုက္ၾကတယ္လို႔ သမိုင္းေရးသူေတြက ယူဆၾကတယ္။

နရသီဟပေတ့ဘုရင္ျဖစ္ၿပီးမွ အမတ္ႀကီးရာဇသၾကၤန္နဲ႔ အခ်င္းမ်ားၾကတဲ့အေၾကာင္းေတြကေတာ့ ေနာက္ဇာတ္လမ္းတစ္ခုေပါ့။

၂။ နရသီဟပေတ့ရဲ႕သား ျပည္စားသီဟသူ(ပုဂံေခတ္ ေအဒီ ၁၂၅၀-၁၂၈၈)
_________________________________________________
ျပည္စားသီဟသူကို နရသီဟပေတ့ရဲ႕မိဖုရားေတြထဲကတစ္ပါးျဖစ္တဲ့ ရွင္ေမာက္ကေန ၁၂၅၀ ဝန္းက်င္ေလာက္မွာေမြးတယ္လို႔ဆိုတယ္။ အသက္ ၂၅ႏွစ္မွာျပည္ၿမိဳ႕စားျဖစ္လာခဲ့တယ္။
သီဟသူငယ္ငယ္က နရသီဟပေတ့မင္းက လူေတြၾကားထဲမွာ အရွက္ရေအာင္မၾကာခဏၾကည္စယ္ခဲ့လို႔ သီဟသူက အျငႇိဳးထားၿပီး သူ႔ခမည္းေတာ္ ျပည္ကိုေရာက္ခ်ိန္မွာလုပ္ႀကံခဲ့တာ။ နရသီဟပေတ့မင္းကလဲ အမ်က္ေဒါသႀကီးတဲ့ေနရာ၊ အရွက္ရေအာင္ၾကည္စယ္တဲ့ေနရာမွာ နာမည္ႀကီးတယ္။ မိဖုရားေစာလုံတုန္းကလဲ ေရမြမ္းတဲ့ထိ ရံေ႐ႊေတာ္ေတြကိုေရပက္ခိုင္းၿပီး ၾကည္စယ္ခဲ့လို႔ ေစာလုံကလဲသူ႔ကိုလုပ္ႀကံဖို႔ ႀကိဳးစားခဲ့ဖူးတာပဲ။ အဲဒီအခ်ိန္က ေစာလုံအဆိတ္ခတ္ၿပီးပို႔ခိုင္းလိုက္တဲ့ဟင္းခြက္ကိုသြားပို႔ေပးရတာက သီဟသူရဲ႕မယ္ေတာ္ ရွင္ေမာက္ေပါ့။

ဇာတ္လမ္းကိုျပန္ဆက္ရရင္ နရသီဟပေတ့ကမြန္ဂိုေတြရန္ေၾကာင့္ ေအာက္ျပည္ကိုေျပးလာတယ္။ အဲဒီေနာက္ မြန္ဂိုေတြကိုႏွစ္စဥ္ပ႑ာဆက္ပါ့မယ္ဆိုၿပီး မြန္ဂိုလက္ေအာက္ခံအျဖစ္စစ္ေျပၿငိမ္းလိုက္လို႔ စစ္ႀကီးၿပီးသြားတဲ့ေနာက္ ပုဂံကိုအျပန္ ျပည္မွာနားခ်ိန္မွာ "ဝက္လက္ခိုးမသား" လို႔သူအၿမဲေခၚခဲ့တဲ့ ျပည္စားသီဟသူက ဖမ္းၿပီးအဆိပ္ခတ္ထားတဲ့စားေတာ္ပြဲနဲ႔ ဓါးလက္နက္ကိုအတင္းအၾကပ္ႀကိဳက္ရာေ႐ြးခိုင္းလို႔ အဆိပ္ခတ္ထားတဲ့ဟင္းစားၿပီးနတ္႐ြာစံသြားခဲ့တယ္။ သီဟသူအေၾကာင္းေျပာခ်င္တာျဖစ္လို႔ နရသီဟပေတ့ဘယ္လိုနတ္႐ြာစံတယ္ဆိုတဲ့အေၾကာင္းအေသးစိတ္ကိုေတာ့မေျပာေတာ့ပါဘူး။

ဖခင္ဘုရင္ကိုလုပ္ႀကံၿပီးတဲ့ေနာက္ အေဖတူအေမကြဲေနာင္ေတာ္ျဖစ္သူ ဥဇနာ (သူ႔အဖိုးနဲ႔နာမည္တူ)ရဲ႕ ပုသိမ္ကို ၾကည္းေၾကာင္း၊ေရေၾကာင္းနဲ႔သြားတိုက္ၿပီး မက်န္းမာတဲ့ဥဇနာကို ႏုတ္ႏုတ္စင္းၿပီးသတ္တယ္လို႔ဆိုတယ္။ ၿပီးေတာ့ ဒလကိုတိုက္တာမရ။ ပဲခူးကိုတိုက္ေတာ့ ပဲခူးစား ငပမြန္က ၿမိဳ႕႐ိုးေပၚကေျပာင္ျပလို႔ ေဒါသထြက္ၿပီး ျမားနဲ႔ပစ္ဖို႔ေလးငင္ရာမွာ အငင္လြန္၊ သူ႔ကိုယ္သူျမားစူးရာက ကိစၥေခ်ာသြားရွာတယ္။ အသက္ (၃၈) ႏွစ္ေလာက္ပဲရွိဦးမွာေပါ့။

၃။ပင္းယၿမိဳ႕တည္ တစ္စီးရွင္ သီဟသူ ( ပင္းယေခတ္ ေအဒီ ၁၂၆၅-၁၃၂၅)
__________________________________________________________
ပုဂံေနာက္ဆုံးမင္းျဖစ္တဲ့ နရသီဟပေတ့လုပ္ႀကံခံရၿပီးတဲ့ေနာက္ ပုဂံမွာ နရသီဟပေတ့ရဲ႕သားလတ္ ေက်ာ္စြာကိုနန္းတင္ၾကေပမဲ့ ေက်ာ္စြာကဘုရင္ (၈)ႏွစ္ပဲျဖစ္လိုက္တယ္။ တစ္ႏိုင္ငံလုံးပုန္ကန္ေနၾကေတာ့ ေက်ာ္စြာကမြန္ဂိုရဲ႕အသိအမွတ္ျပဳမႈကိုယူၿပီး မြန္ဂိုလက္ေအာက္ခံအျဖစ္နဲ႔ ဘုရင္လုပ္တာေတာင္ပုဂံနဲ႔အနီးတဝိုက္ကိုပဲ အာဏာရွိေတာ့တယ္။ ေနာက္ဆုံးမွာ ျမင္စိုင္းက အသခၤယာ၊ ရာဇသၾကၤန္၊ သီဟသူဆိုတဲ့ ရွမ္းညီေနာင္သုံးေယာက္ရဲ႕နန္းခ်တာခံရၿပီး အတင္းသဃၤန္းဆီးေပးခံရလို႔ ဘုန္းႀကီးဘဝေရာက္သြားတယ္။ တခ်ိဳ႕စာေတြမွာေတာ့ သူေရာ၊သူ႔သားေရာကြပ္မ်က္ခံရတယ္လို႔ဆိုတယ္။

ခုနကေျပာခဲ့တဲ့ ရွမ္းညီေနာင္သုံးဦးလို႔ျမန္မာရာဇဝင္မွာလူသိမ်ားတဲ့ထဲက သီဟသူကေတာ့ ေမာင္ဇိတို႔ဇာတ္လိုက္သီဟသူေတြထဲကတစ္ေယာက္ေပါ့။ ပင္းယေခတ္လို႔ဆိုရမဲ့ (ျမင္းစိုင္းေခတ္လို႔လဲေခၚ) ပင္းယႏိုင္ငံထူေထာင္ခဲ့သူ သီဟသူက ရွမ္းညီေနာင္သုံးပါးထဲမွာ အငယ္ဆုံးနဲ႔ရည္မွန္းခ်က္အႀကီးဆုံးလို႔ဆိုတယ္။ ေနာင္ေတာ္လတ္ ရာဇသၾကၤန္သူ႔ဟာသူကြယ္လြန္ၿပီးေနာက္မွာ ေနာင္ေတာ္ႀကီး  အသခၤယာကိုအဆိပ္ခတ္လုပ္ႀကံၿပီး ပင္းယေနျပည္ေတာ္ကို သူတစ္ေယာက္ပဲ မင္းအျဖစ္အုပ္ခ်ဳပ္စိုးစံခဲ့တယ္။ တခ်ိဳ႕စာေတြမွာေတာ့ေနာင္ေတာ္ႏွစ္ေယာက္လုံးကိုသူပဲလုပ္ႀကံတာလို႔ဆိုတယ္။သူတို႔ညီအစ္ကိုေတြလက္ထက္မွာ ျမင္စိုင္း-ပင္းယႏိုင္ငံေတာ္က မြန္ဂိုေတြရဲ႕က်ဴးေက်ာ္မႈကိုႏွစ္ႀကိမ္တိုင္ေအာင္ ခုခံတြန္းလွန္ႏိုင္ခဲ့တယ္။
ဆင္ျဖဴတစ္စီးေရမွာေမ်ာလာတာကို ေျခေထာက္တင္ၿပီး ဆင္ျဖဴရွင္ဘြဲ႕ခံခဲ့လို႔ တစ္စီးရွင္သီဟသူလို႔ ရာဇဝင္မွာနာမည္က်န္ခဲ့တယ္။ သူ႔သားေတာ္ ဥဇနာ (ေနာက္ထပ္ဥဇနာတစ္ေယာက္)ကသူ႔ေနာက္မွာ ပင္းယကိုဆက္ခံတယ္။ သားေတာ္အႀကီးေစာယြမ္းက စစ္ကိုင္းကို ဆက္ခံတယ္။ စုစုေပါင္း (၁၂)ႏွစ္ေလာက္နန္းစံသြားၿပီး အသက္ (၆၀)ေလာက္ထိေနသြားရတယ္၊ ဘယ္သူမွ မလုပ္ႀကံပဲ သူ႔ဟာသူကံကုန္သြားတဲ့ထိေနရတယ္ဆိုေတာ့ သီဟသူေတြထဲမွာ ကံအေကာင္းဆုံးျဖစ္မယ္ထင္ပါတယ္။

၄။ ဘုရင္မင္းေခါင္ရဲ႕သား အင္းဝဆင္ျဖဴရွင္သီဟသူ (အင္းဝေခတ္ ၁၃၉၄-၁၄၂၅)
_________________________________________________
အင္းဝဘုရင္မင္းေခါင္နဲ႔ ဟံသာဝတီဘုရင္ရာဇာဓိရာဇ္တို႔ရဲ႕ အင္းဝ-ဟံသာဝတီအႏွစ္ေလးဆယ္စစ္ပြဲကာလမွာ သီဟသူကအင္းဝ အိမ္ေရွ႕မင္းျဖစ္လာတယ္။
ဘုရင္မင္းေခါင္နဲ႔မိဖုရားရွင္မိေနာက္ကေနေမြးတဲ့ သီဟသူက သူ႔အစ္ကို မင္းရဲေက်ာ္စြာတိုက္ပြဲမွာက်ၿပီးတဲ့ေနာက္ အိမ္ေရွ႕မင္းျဖစ္လာတာပါ။ သူငယ္စဥ္ကလဲျပည္ၿမိဳ႕ကိုစားခဲ့တယ္လို႔ဆိုတယ္။မင္းေခါင္လြန္ေတာ့ သူဘုရင္ျဖစ္လာတယ္။ သူ႔အထိန္းေတာ္ ေျမတူးစားက မူးျမစ္မွာေမ်ာလာတဲ့ဆင္ျဖဴကိုဆက္တာကတစ္ခါ၊ ျပည္စားကရလို႔ဆင္ျဖဴဆက္တာကတစ္ခါ၊ အဲဒီႏွစ္ခါေၾကာင့္ ဆင္ျဖဴရွင္သီဟသူလို႔နာမည္တြင္တယ္။

မြန္ဘုရင္ရာဇာဓိရာဇ္ေနာက္မွာမြန္မင္းညီမင္းသားေတြအခ်င္းခ်င္းမညီၫြတ္ၾကဘူးၾကားေတာ့ ေအာက္ျပည္ကိုဆင္းၿပီးမြန္ပိုင္နက္တိုက္ခိုက္တယ္။ ဒဂုံကိုဝိုင္းထားတုန္းမွာ ဒဂုံစားဗညားရံက ႏွမေတာ္ရွင္ေစာပုကို သီဟသူဆီမွာဆက္သလို႔ ရွင္ေစာပုကိုယူၿပီး အင္းဝကိုျပန္လာခဲ့ပါတယ္တဲ့။ အရင္က မိဖုရားရွင္ဘို႔မယ္ကိုအေရးေပးရာကေန အဆင္အျပင္လွတဲ့မိဖုရားသစ္ရွင္ေစာပုကိုပိုၿပီး အေရးေပးလာလို႔ စိတ္နာတဲ့ရွင္ဘို႔မယ္က အုန္းေပါင္လယ္သံဘြားကိုအခြင့္ရခိုက္မွာလုပ္ႀကံေစလို႔ ေအာင္ပင္လယ္အရပ္မွာ ေမာင္းမေတြနဲ႔ေပ်ာ္ပါးေနတုန္းမွာ ဟိုကလုပ္ႀကံပါတယ္။  အုန္းေပါင္လယ္သံဘြားကဆင္နဲ႔တိုက္ၿပီးျမားနဲ႔ပစ္လို႔ ေမာင္ဇိတို႔ရဲ႕ စတုတၱေျမာက္ ဆင္ျဖဴရွင္သီဟသူမွာလဲ ျမားသင့္ၿပီးေသရွာပါတယ္။ အဲဒီအခ်ိန္က သူ႔အသက္က (၃၁) ပဲရွိေသးၿပီး နန္းတက္တာ သုံး၊ေလးႏွစ္ပဲရွိပါေသးတယ္လို႔ဆိုပါတယ္။

သီဟသူေလးေယာက္အေၾကာင္းကိုဖတ္ၿပီးတဲ့ေနာက္ ပထမဆုံးေခါင္းထဲမွာေပၚလာတာက ေမာင္ဇိတို႔ျမန္မာေတြက သူမ်ားနဲ႔ဆိုရင္ခဏစည္းလုံးၿပီး၊ အခ်င္းခ်င္းဆို အၿမဲခ်ေနၾကတာဆိုတာပါပဲ။ တစ္ေယာက္လက္ကေန တစ္ေယာက္လုယူထားၾကတဲ့ ေသြးစြန္းတဲ့ထီးနန္းစည္းစိမ္ေတြကလဲၿမဲတယ္လို႔ကိုမရွိပါဘူး။ မၾကာခဏ မင္းေျပာင္းမင္းလြဲေတြျဖစ္၊ ဆက္စပ္ပက္သက္တဲ့သူေတြအသတ္ခံရ၊ စစ္ပြဲေတြျဖစ္ၾကနဲ႔ အဲဒီေခတ္ကလူျဖစ္ရတဲ့သာမန္လူေတြမွာ ေတာ္ေတာ္ဒုကၡေရာက္ရွာၾကမွာပါ။ ေမာင္ဇိတို႔ငယ္ဘဝ ရာဇဝင္ကိုဖတ္တဲ့၊ သင္တဲ့အခါမွာ ငါတို႔ျမန္မာျပည္နဲ႔ ျမန္မာဘုရင္ေတြသာအေတာ္ဆုံး၊ ယဥ္ေက်းမႈအျမင့္ဆုံး၊ သူမ်ားႏိုင္ငံေတြကို လိုက္ေဆာ္ၾကတာအားရစရာအေကာင္းဆုံးဆိုတဲ့ အေတြးမ်ိဳးဝင္ေအာင္ ဖတ္ခဲ့ၾကရတာပါ။ ကိုယ့္ကိုယ္ကိုအေကာင္းဆုံးျဖစ္ေအာင္တည္ေဆာက္ဖို႔အားမေပးပဲ၊ အတိတ္သမိုင္းေတြကို မာန္မာနတက္ေအာင္သင္ေပး၊ေရးေပးၾကမဲ့အစား သင္ခန္းစာယူစရာေတြကိုလဲ သင္ေပး၊ လြတ္လြတ္လပ္လပ္ေတြးေခၚၿပီးအေျဖထုတ္ခြင့္ကိုလဲေပး၊ ပိုေကာင္းေအာင္ဘယ္လိုလုပ္လို႔ရခဲ့မလဲဆိုတာလဲေတြးၿပီး ေဆြးေႏြးခြင့္လဲေပး၊ ကိုယ့္ႏိုင္ငံေကာင္းတာေရာ၊ဆိုးတာေရာ၊ သူမ်ားႏိုင္ငံေကာင္းတာေရာ၊ဆိုးတာေရာ အကုန္မွ်ၿပီး ေတြးတတ္ေခၚတတ္ေအာင္၊ စာဖတ္တတ္ေအာင္ေလ့က်င့္ေပးႏိုင္ခဲ့ရင္ မွ်မွ်တတေတြးေခၚေမွ်ာ္ျမင္တတ္တဲ့ လူငယ္ေတြမ်ားလာမွာပဲ။ အဲဒီကေန တိုင္းျပည္ကို ေကာင္းသထက္ေကာင္းေအာင္လုပ္ႏိုင္တဲ့မ်ိဳးဆက္ေတြေပၚလာပါလိမ့္မယ္။။

ေမာင္ဇိ
#ရာဇဝင္ #MaungZitales #Myanmarchronicles #ေမာင္ဇိ

သီဟသူ

 သီဟသူ

မြန်မာရာဇဝင်မှာက နာမည်တူနေကြတဲ့မင်းတွေ၊ မြို့စားတွေများပါတယ်။ အဲဒီထဲကမှ မောင်ဇိသိတဲ့သီဟသူ လေးယောက်အကြောင်းကို ဖတ်ဖူးသလောက် ပြောပြချင်ပါတယ်။ မပြောခင်မှာ ပိုပြီးတိကျအောင်လို့ သူတို့အားလုံးအကြောင်းကို ပြန်ရှာဖတ်ပြီးမှ ရေးတာပါလို့။

(၁) နရသီဟပတေ့ရဲ့ အစ်ကိုသီဟသူ (ပုဂံခေတ် အေဒီ၁၂၃၀-၁၂၅၆)
______________________________________________________
ဥဇနာမင်းမှာ ထင်ရှားတဲ့ သားတော်နှစ်ပါးရှိတယ်။
တစ်ပါးကသီဟသူ။ မိဖုရား‌ခေါင်ကြီး သုံးလူလကမွေးတဲ့ အကြီးဆုံးသား။ မိဘုရားခေါင်ကြီးကမွေးတဲ့သားတော်ကြီးဆိုတော့ အိမ်ရှေ့စံပေါ့။

နောက်တစ်ပါးက မြစ်သာရွာက ပန်းပွတ်သည်မရဲ့သမီးကိုကောက်ယူထားရာကနေ မွေးတဲ့သားတော် နရသီပတေ့။ နရသီဟပတေ့က ရာဇသင်္ကြန်အမတ်ကြီးတို့လို နန်းတော်မှာ သြဇာရှိတဲ့အမတ်ကြီးတွေကို တန်စိုးလက်ဆောင်ပေးထားပြီး သူ့ကိုစောင့်ရှောက်ဖို့ပြောထားတယ်။

တစ်နေ့မှာတော့ ညီလာခံကို သီဟသူဝင်လာတာကိုမမြင်မိလို့ မင်းသားလာရာလမ်းဘေးမှာထိုင်နေတဲ့ ရာဇသင်္ကြန်အမတ်ကြီးက အင်္ကျီလက်မသိမ်းမိတာကို သူ့အပေါ်မခန့်လေးစားလုပ်တယ်လို့မင်းသားကထင်သွားပြီး အင်္ကျီလက်ပေါ်ကွမ်းတံတွေး ထွေးသွားတယ်။ ဘုရင်ကိုမျက်နှာမူပြီး ကြမ်းပြင်ပေါ်မှာ ထိုင်နေရတာဆိုတော့ လက်ဝကျယ်ကျယ်၊ ပိတ်သားရှည်ရှည်နဲ့ အမတ်အင်္ကျီအကြီးကြီးရဲ့ လက်က ညီလာခံအလယ်က လူသွားလမ်းပေါ်ထိရောက်နေတယ်နဲ့တူပါတယ်။ ရာဇသင်္ကြန်က မှတ်ထားပြီး အင်္ကျီကြီးကိုလဲမလျှော်ပဲသိမ်းထားတယ်။ ဘုရင်ဥဇနာနတ်ရွာစံတော့မှ အင်္ကျီကိုတခြားအမတ်တွေကိုထုတ်ပြပြီး သီဟသူဟာ ရုန့်ရင်းကြမ်းတမ်းကြောင်းသက်သေပြတာပေါ့။
တခြားအမတ်တွေကလဲ ဘုရင်မဖြစ်ခင်မင်းသားဘဝမှာတောင် ဒီလိုပညာကြီးမြင့်အမတ်ကြီးမျိုးကို ဒီလောက်ရိုင်းစိုင်းရင် ဘုရင်သာဖြစ်သွားရင် ကျန်တဲ့အမတ်တွေလောက်ကတော့ မစားသာဘူးဆိုပြီး တညီတညွတ်တည်း နရသီဟပတေ့ကိုနန်းတင်လိုက်ကြရာက နရသီဟပတေ့ဘုရင်ဖြစ်လာတယ်။ သီဟသူကိုတော့ နောက်ပိုင်းမှာ ကွပ်မျက်လိုက်ကြတယ်လို့ သမိုင်းရေးသူတွေက ယူဆကြတယ်။

နရသီဟပတေ့ဘုရင်ဖြစ်ပြီးမှ အမတ်ကြီးရာဇသင်္ကြန်နဲ့ အချင်းများကြတဲ့အကြောင်းတွေကတော့ နောက်ဇာတ်လမ်းတစ်ခုပေါ့။

၂။ နရသီဟပတေ့ရဲ့သား ပြည်စားသီဟသူ(ပုဂံခေတ် အေဒီ ၁၂၅၀-၁၂၈၈)
_________________________________________________
ပြည်စားသီဟသူကို နရသီဟပတေ့ရဲ့မိဖုရားတွေထဲကတစ်ပါးဖြစ်တဲ့ ရှင်မောက်ကနေ ၁၂၅၀ ဝန်းကျင်လောက်မှာမွေးတယ်လို့ဆိုတယ်။ အသက် ၂၅နှစ်မှာပြည်မြို့စားဖြစ်လာခဲ့တယ်။
သီဟသူငယ်ငယ်က နရသီဟပတေ့မင်းက လူတွေကြားထဲမှာ အရှက်ရအောင်မကြာခဏကြည်စယ်ခဲ့လို့ သီဟသူက အငြှိုးထားပြီး သူ့ခမည်းတော် ပြည်ကိုရောက်ချိန်မှာလုပ်ကြံခဲ့တာ။ နရသီဟပတေ့မင်းကလဲ အမျက်ဒေါသကြီးတဲ့နေရာ၊ အရှက်ရအောင်ကြည်စယ်တဲ့နေရာမှာ နာမည်ကြီးတယ်။ မိဖုရားစောလုံတုန်းကလဲ ရေမွမ်းတဲ့ထိ ရံရွှေတော်တွေကိုရေပက်ခိုင်းပြီး ကြည်စယ်ခဲ့လို့ စောလုံကလဲသူ့ကိုလုပ်ကြံဖို့ ကြိုးစားခဲ့ဖူးတာပဲ။ အဲဒီအချိန်က စောလုံအဆိတ်ခတ်ပြီးပို့ခိုင်းလိုက်တဲ့ဟင်းခွက်ကိုသွားပို့ပေးရတာက သီဟသူရဲ့မယ်တော် ရှင်မောက်ပေါ့။

ဇာတ်လမ်းကိုပြန်ဆက်ရရင် နရသီဟပတေ့ကမွန်ဂိုတွေရန်ကြောင့် အောက်ပြည်ကိုပြေးလာတယ်။ အဲဒီနောက် မွန်ဂိုတွေကိုနှစ်စဥ်ပဏ္ဍာဆက်ပါ့မယ်ဆိုပြီး မွန်ဂိုလက်အောက်ခံအဖြစ်စစ်ပြေငြိမ်းလိုက်လို့ စစ်ကြီးပြီးသွားတဲ့နောက် ပုဂံကိုအပြန် ပြည်မှာနားချိန်မှာ "ဝက်လက်ခိုးမသား" လို့သူအမြဲခေါ်ခဲ့တဲ့ ပြည်စားသီဟသူက ဖမ်းပြီးအဆိပ်ခတ်ထားတဲ့စားတော်ပွဲနဲ့ ဓါးလက်နက်ကိုကြိုက်ရာရွေးခိုင်းလို့ အဆိပ်ခတ်ထားတဲ့ဟင်းစားပြီးနတ်ရွာစံသွားခဲ့တယ်။ သီဟသူအကြောင်းပြောချင်တာဖြစ်လို့ နရသီဟပတေ့ဘယ်လိုနတ်ရွာစံတယ်ဆိုတဲ့အကြောင်းအသေးစိတ်ကိုတော့မပြောတော့ပါဘူး။

ဖခင်ဘုရင်ကိုလုပ်ကြံပြီးတဲ့နောက် အဖေတူအမေကွဲနောင်တော်ဖြစ်သူ ဥဇနာ (သူ့အဖိုးနဲ့နာမည်တူ)ရဲ့ ပုသိမ်ကို ကြည်းကြောင်း၊ရေကြောင်းနဲ့သွားတိုက်ပြီး မကျန်းမာတဲ့ဥဇနာကို နုတ်နုတ်စင်းပြီးသတ်တယ်လို့ဆိုတယ်။ ပြီးတော့ ဒလကိုတိုက်တာမရ။ ပဲခူးကိုတိုက်တော့ ပဲခူးစား ငပမွန်က မြို့ရိုးပေါ်ကပြောင်ပြလို့ ဒေါသထွက်ပြီး မြားနဲ့ပစ်ဖို့လေးငင်ရာမှာ အငင်လွန်၊ သူ့ကိုယ်သူမြားစူးရာက ကိစ္စချောသွားရှာတယ်။ အသက် (၃၈) နှစ်လောက်ပဲရှိဦးမှာပေါ့။

၃။ ပုဂံခေတ်ပျက်ပြီး ရှမ်းညီနောင် သုံးပါးထဲက ပင်းယမြို့တည် တစ်စီးရှင် သီဟသူ ( ပင်းယခေတ် အေဒီ ၁၂၆၅-၁၃၂၅)
__________________________________________________________
ပုဂံနောက်ဆုံးမင်းဖြစ်တဲ့ နရသီဟပတေ့လုပ်ကြံခံရပြီးတဲ့နောက် ပုဂံမှာ နရသီဟပတေ့ရဲ့သားလတ် ကျော်စွာကိုနန်းတင်ကြပေမဲ့ ကျော်စွာကဘုရင် (၈)နှစ်ပဲဖြစ်လိုက်တယ်။ တစ်နိုင်ငံလုံးပုန်ကန်နေကြတော့ ကျော်စွာကမွန်ဂိုရဲ့အသိအမှတ်ပြုမှုကိုယူပြီး မွန်ဂိုလက်အောက်ခံအဖြစ်နဲ့ ဘုရင်လုပ်တာတောင်ပုဂံနဲ့အနီးတဝိုက်ကိုပဲ အာဏာရှိတော့တယ်။ နောက်ဆုံးမှာ မြင်စိုင်းက အသင်္ခယာ၊ ရာဇသင်္ကြန်၊ သီဟသူဆိုတဲ့ ရှမ်းညီနောင်သုံးယောက်ရဲ့နန်းချတာခံရပြီး အတင်းသင်္ဃန်းဆီးပေးခံရလို့ ဘုန်းကြီးဘဝရောက်သွားတယ်။ အဲဒီနောက်တော့ ကွပ်မျက်ခံရတယ်လို့တချို့စာတွေမှာဆိုတယ်။

၄။ဘုရင်မင်းခေါင်ရဲ့သား မင်းရဲကျော်စွာရဲ့ညီ အင်းဝဆင်ဖြူရှင်သီဟသူ (အင်းဝခေတ် ၁၃၉၄-၁၄၂၅)

အနောက်ဖက်လွန်မင်း (၁၆၀၆-၁၆၂၈)

Saturday, December 19, 2020

မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၄) { နတ်ဘုရားများ၏ အော့စ်ဂေါ့တံတိုင်း အပိုင်း (၁) }

  မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၄) { နတ်ဘုရားများ၏ အော့စ်ဂေါ့တံတိုင်း အပိုင်း (၁) }
===============================================
စစ်ပွဲအလွန်
*********
နတ်ဘုရားမျိုးနွယ်စုနှစ်ခုကြားက စစ်ပွဲကြီးပြီးသွားခဲ့ပြီ။

အော့စ်ဂေါ့(Asgard)က အဲဆီးရ် (Aesir) နတ်ဘုရားတွေရော၊ ဗာနာဟိုင်းမ်(Vanaheim) က ဗာနီးရ် (Vanir) နတ်ဘုရားတွေရော ဘတစ်ပြန်၊ကျားတစ်ပြန် အသေအကျေတိုက်ခိုက်ခဲ့ကြပေမဲ့ ပြတ်ပြတ်သားသားအောင်ပွဲခံနိုင်သူ မရှိခဲ့။ မျိုးနွယ်စုနှစ်ခု ငြိမ်းချမ်းစွာယှဥ်တွဲနေထိုင်ရေးကသာ အဖြေလို့သိသွားခဲ့ချိန်မှာ တစ်ဖက်နဲ့တစ်ဖက်ခေါင်းဆောင်တွေလဲလှယ်ပြီး တစ်ယောက်ကိုတစ်ယောက်အလေးအမြတ်ပြုလို့ စစ်ပွဲအတွင်းမှာပျက်စီးခဲ့တဲ့ အရာရာကိုပြန်တည်ဆောက်ဖို့အချိန်ရောက်လာပြီ။

" အော့စ်ဂေါ့ရဲ့တံတိုင်းကြီးက တိုက်ပွဲတွေကြားမှာ ပြိုကျသွားလို့ ပထမဆုံးလုပ်ရမှာက နံရံတံတိုင်းကြီးတစ်ခုအမြန်ဆုံးဆောက်ဖို့ပဲ"

ရွှေရောင်အမိုးတွေနဲ့ တန်ဆာဆင်ထားတဲ့ အိုဒင်(Odin) ရဲ့ တစ်ပိုင်းတစ်စပျက်စီးနေတဲ့ ဂလတ်စ်ဟိုင်းမ်(Gladsheim) ခန်းမကြီးထဲမှာ စုဝေးနေကြတဲ့နတ်ဘုရားတွေကို အကြီးအမှူးဖြစ်တဲ့ အိုဒင်ကပြောလိုက်တာပါ။

အဲဒီအခါမှာ အိုဒင်ရဲ့မိဖုရားဖြစ်တဲ့ ဖရစ်ဂျ် (Frigg) ကလဲ သူ့ခင်ပွန်းစကားကို ထောက်ခံတယ်။
" ဟုတ်တယ်...အဓိကရန်သူတွေဖြစ်တဲ့ နှင်းဘီလူး(Frost Giant)၊ ကျောက်ဘီလူး(Rock Giant) နဲ့ လူ့ဘီလူး (Giant) တွေရဲ့ရန်က ကာကွယ်ဖို့ တံတိုင်းထူထူထဲထဲ၊ မြင့်မြင့်မားမားတစ်ခုတော့ ခိုင်ခိုင်ခန့်ခန့်ပြန်ဆောက်ကြမှဖြစ်မယ်"

"ကျွန်တော်ကတော့ မြေဆီမြေလွှာတွေဖြစ်ထွန်းအောင် မန်းမှုတ်ပြီး ကောက်ပဲသီးနှံတွေအောင်မြင်ကြီးထွားအောင်လုပ်နိုင်ပေမဲ့ တံတိုင်းဆောက်ဖို့ကတော့ ဘယ်ကစရမလဲဆိုတာတောင်မသိဘူးဗျာ"

စစ်တိုက်ကျွမ်းကျင်တဲ့၊ မြေဆီနဲ့အပင်တွေပေါ်မှာသြဇာညောင်းတဲ့ နတ်ဘုရား ဖရေး(Frey) က စပြောတယ်။

"ဒါဖြင့်ဘယ်သူက ဗိသုကာကြီးလုပ်ပြီး တံတိုင်းကို ဆောက်ဖို့ဦးစီးမှာလဲ။ ကျွမ်းကျင်တဲ့သူ တစ်ယောက်ယောက်ကတော့ ခေါင်းဆောင်ပြီးလုပ်မှဖြစ်မှာပေါ့ "
နတ်ဘုရားတွေထဲမှာ ရုပ်ချောသ‌လောက် နူးညံ့သိမ်မွေ့သဘောကောင်းပြီး ဘယ်သူ့ကိုမှရန်မပြုတတ်လို့ အားလုံးကချစ်ခင်ကြတဲ့ အိုဒင်ရဲ့ဒုတိယသား ဘောလ်ဒါ (Balder) ကမေးတယ်။

အိုဒင်ရဲ့သားကြီး သောရ်(Thor) ရဲ့ကြင်ယာဖြစ်တဲ့ ရွှေရောင်ဆံကေသာပိုင်ရှင် ဆစ်ဖ်(Sif) က "အခုလိုမျိုး သောရ်အဝေးကိုရောက်နေချိန်မျိုးမှာ လူ့ဘီလူးတွေလာခဲ့ရင် သောရ်ပြန်ရောက်ချိန်ထိခုခံနိုင်ဖို့အတွက် တံတိုင်းကောင်းကောင်းတစ်ခုတော့လိုတာအမှန်ပဲ"
သောရ်က နတ်ဘုရားတွေအားလုံးထဲမှာ ခွန်အားအကြီးဆုံး၊ တိုက်ရည်ခိုက်ရည်အကောင်းဆုံးဖြစ်လို့ နတ်ဘုရားအားလုံးကို ကာကွယ်စောင့်ရှောက်သူတစ်ယောက်အဖြစ် လူတိုင်းကအမြဲ အားကိုးရလေ့ရှိတယ်မဟုတ်လား။

"နတ်ဘုရားတွေအားလုံး လူ့ဘီလူးကြီးတွေပုံ အသွင်ပြောင်းပြီးတော့ ကျောက်တုံးတွေကို ပခုံးမှာထမ်း၊ ထမ်းလာတဲ့ကျောက်တုံးတွေ တစ်လုံးပြီးတစ်လုံးဆင့်ပြီး တံတိုင်းဆောက်ကြလေ၊ ဘာခက်လို့လဲ"
နတ်ဘုရားတွေရဲ့ သွေးသောက်ညီအစ်ကိုတစ်ယောက်ဖြစ်တဲ့ ဉာဏ်များတဲ့နေရာမှာ ဧတဒဂ်ရနိုင်တဲ့ လိုကီ(Loki) က သရော်တော်တော်၊ ငေါ့တော့တော့ဝင်ပြောတယ်။

" လူ့ဘီလူးသွေးပါတဲ့ လော်ဖေးရဲ့သား သင့်ကိုထမ်းခိုင်းရမယ်"
ဒေါသထွက်သွားတဲ့နတ်ဘုရားတွေက လိုကီ့ကိုပြန်ပက်ကြတော့ပေါ့။

ဒီခန်းမထဲမှာ အဲဆီးရ်မျိုးနွယ်ရော၊ ဗာနီးရ်ရောမဟုတ်ပဲ နတ်ဘုရားတွေထဲမှာရောနှောနေတာ လိုကီတစ်ယောက်ပဲရှိတာပါ။ လိုကီရဲ့အဖေက အန္တရာယ်ကြီးကြီးပေးနိုင်တဲ့ လူ့ဘီလူးတစ်ယောက်ဖြစ်ပြီး နာမည်က ဖာဘော့တီ(Farbauti) လို့ခေါ်တယ်။ သူ့နာမည်က "ကြမ်းကြုတ်တဲ့ လက်သီးမိုးပိုင်ရှင်" လို့ အဓိပ္ပါယ်ရတယ်။ သူ့အမေကတော့ သေးသေးသွယ်သွယ်လို့ အဓိပ္ပါယ်ရတဲ့ လော်ဖေး(Laufey)။ လော်ဖေးက နတ်ဘုရားမတစ်ပါးလို့လဲဆိုကြတယ်။
အိုဒင်နဲ့လိုကီ ဘယ်လိုကနေစပြီး သွေးသောက်ညီအစ်ကိုတွေဖြစ်၊ ဘယ်ကတည်းက နတ်ဘုရားတွေကြားကို လိုကီရောက်နေလဲဆိုတာတော့ ဘယ်သူမှ မပြောနိုင်ကြဘူး။ သေချာတာကတော့ ဉာဏ်များတယ်ဆိုတဲ့ အိုဒင်ထက်ကို လိုကီကအဆပေါင်းများစွာဉာဏ်များပြီး၊ ကလိမ်ဉာဏ်ဆင်ရာမှာလဲ ပြိုင်ဘက်ကင်းတယ်ဆိုတာပါပဲ။

လိုကီက နတ်ဘုရားစစ်စစ်တစ်ပါးမဟုတ်ပေမဲ့ သူ့ရဲ့ဟာသဉာဏ်တွေနဲ့ နတ်ဘုရားတွေကို ရယ်ရွှင်အောင်လုပ်နိုင်တယ်။ တစ်ခါတစ်ခါမှာ ပြဿနာတွေသယ်လာတတ်ပေမဲ့ လိုအပ်ချိန်မှာ စဥ်းလဲတဲ့အကြံကောင်းဉာဏ်ကောင်းတွေလဲပေးနိုင်ပြန်တာပဲ။ သူအရက်မူးချိန်ဆို သူ့ပါးစပ်ကစည်းကမ်းတစ်စက်မှမရှိတော့ပဲ ပြောချင်ရာတွေလျှောက်လျှောက်ပြောတတ်လို့ နတ်ဘုရားတွေနဲ့ မကြာခဏ ကတောက်ကဆဖြစ်ကြရပေမဲ့လဲ သူမရှိတဲ့အချိန်တွေမှာ အော့စ်ဂေါ့က ခြောက်ကပ်ကပ်ဖြစ်နေတတ်ပြန်တယ်။ အစအနောက်သန်သလောက်၊ သူများကိုညစ်ကျယ်ကျယ်နဲ့ဒုက္ခပေးတတ်လွန်းလို့ ပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် လိုကီရဲ့လက်ချက်ဟုတ်မဟုတ်အရင်ဆုံး ဆန်းစစ်ရတာကလဲ ထုံးစံတစ်ခုဖြစ်နေပြီ။ စိတ်ဆတ်သလောက်၊ ဟောဟောဒိုင်းဒိုင်းလုပ်တတ်တဲ့ သောရ်နဲ့လိုကီကတော့ အမြဲတကျက်ကျက်ပေါ့။ ဘယ်လိုပဲ ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြစ်အောင် ဖန်တီးတတ်ပေမဲ့ ဝိုင်းပြီးကြိမ်းမောင်းကြ၊ ခြိမ်းခြောက်ကြလုပ်လိုက်ရင် သူရှာလာတဲ့ပြဿနာတွေကို သူ့ရဲ့ ဉာဏ်နီဉာဏ်နက်ပေါင်းများစွာနဲ့ပဲ ပြေလည်သွားအောင် ပြန်ပြန်ရှင်းပေးတဲ့အတွက် နတ်ဘုရားတွေကသူ့ကို ပြန်လက်ခံရတာပါပဲ။

အခုလဲ ပုံပန်းသဏ္ဍာန်အမျိုးမျိုးကို ကြိုက်သလို၊ လိုသလိုပြောင်းနိုင်တဲ့လိုကီက တံတိုင်းကြီးတစ်ခုဆောက်ဖို့ရာ ကျွမ်းကျင်မှုမရှိတဲ့နတ်ဘုရားတွေကို အကြံပေးသလိုလိုနဲ့ လှောင်ပြောင်သရော်ပြီး ရယ်စရာလုပ်လို့ နတ်ဘုရားတွေကဒေါသထွက်ကြရတာပေါ့။

တံတိုင်းပညာရှင်
************
နတ်ဘုရားတွေကြားမှာ ငြင်းကြ၊ခုန်ကြနဲ့ တံတိုင်းကိစ္စကမပြီးပြတ်ပဲ လပေါင်းများစွာကြာသွားတယ်။ အော့စ်ဂေါ့ကနတ်ဘုရားတွေက ကြီးမားခိုင်ခံ့ပြီး မပျက်စီးနိုင်တဲ့အထူးတံတိုင်းတစ်ခုဆောက်ချင်နေတယ်ဆိုတဲ့ သတင်းစကားကလဲ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံနဲ့ အီဒရာဆေး (Yggdrasil) သစ်ပင်ကြီးရဲ့ အထက်အောက်ဘေးက ကမ္ဘာကိုးခုကိုပျံ့နှံ့သွားတယ်။

အဲဒီလိုနဲ့ နွေရာသီခြောက်လကုန်ခါနီး ဆောင်းရာသီမစခင် တစ်ရက်နှစ်ရက် အလိုကိုရောက်လာတယ်။ နတ်ဘုရားတွေရဲ့မျက်လုံးဖြစ်တဲ့ အော့စ်ဂေါ့ကိုစောင့်ကြပ်တဲ့နတ်ဘုရား ဟိမ်ဒေါ (Heimdall)က အချက်ပေးတံပိုးခရာကိုမှုတ်လိုက်တဲ့အသံကြောင့် နတ်ဘုရားတွေအားလုံး ဂလတ်စ်ဟိုင်းမ်း ခန်းမရှေ့မှာစုဝေးလာကြတယ်။
ဟိမ်ဒေါရဲ့တံပိုးခရာက ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ မီမီးရား(Mimir) တစ်ချိန်ကပိုင်ဆိုင်ခဲ့တဲ့ ကျွဲချိုသဏ္ဍန်ရေကတော့ခွက် ယဲလာဟွန်း (Gjallarhorn) ပါ။ ခုချိန်မှာတော့ မီမီးရားအသုံးမပြုနိုင်တော့တဲ့ ယဲလာဟွန်းအတွက် အသင့်တော်ဆုံးပိုင်ရှင်က နတ်ဘုရားတွေရဲ့ဘုံကမ္ဘာအော့စ်ဂေါ့ရဲ့အဝင်ဝကိုစောင့်ရှောက်တဲ့ ဟိမ်ဒေါပဲပေါ့။

" မိခင်ကိုးယောက်ကမွေးတဲ့ ဟိမ်ဒေါ၊ ဘာကိစ္စကြောင့် ယဲလာဟွန်းတံပိုးခရာကိုမှုတ်ရလဲဆိုတာ ပြောပါ"
နတ်ဘုရားတို့ရဲ့ ခေါင်ချုပ်ဖြစ်တဲ့ ဖခင်ကြီးအိုဒင် (Odin Allfather) ကမေးလိုက်တဲ့အခါမှာ ဟိမ်ဒေါက မြင်းတစ်ကောင်ကိုဆွဲလာတဲ့ လူတစ်ယောက်ကို ညွှန်ပြပြီး

" ဒီလူက အော့စ်ဂေါ့ရဲ့တံတိုင်းကြီးကို အာမခံနဲ့ ဆောက်ပေးနိုင်တယ်လို့ လာပြောနေလို့ပါ ဖခင်"
 
နတ်ဘုရားတွေက စိတ်ဝင်တစားနဲ့ကြည့်လိုက်တဲ့အခါ သန်စွမ်းပုံရတဲ့ တုတ်တုတ်ခိုင်ခိုင်လူတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိပုံနဲ့ရင်ကော့ပြီးရပ်နေတာတွေ့လိုက်ရတယ်။
" ဟုတ်တယ်...အိုဒင်၊ ကျွန်တော်က ကမ္ဘာကိုးခုမှာ အတော်ဆုံးဗိသုကာပဲ။ ကျွန်တော့ကိုသာ ခွင့်ပေးမယ်ဆိုရင် တံတိုင်းကြီးတစ်ခုကို ရာသီသုံးခုအတွင်းအပြီးဆောက်ပေးနိုင်တယ်လို့ ကတိပေးတယ်"

အော့ဂေါ့မှာက ဆောင်းရာသီနဲ့နွေရာသီနှစ်ခုပဲရှိတယ်။ ဆောင်းရာသီဆိုနှင်းတွေသိပ်သိပ်သည်းသည်းကျပြီးနေရောင်ကိုမြင်ရဖို့ခက်ခဲတယ်။ အဲလိုမျိုး ခြောက်လကြာတဲ့အခါမှာနွေရာသီကို တဖြည်းဖြည်းရောက်သွားပြီး တောက်ပလင်းလက်ပြီးနေ့တာရှည်လျားတဲ့နွေရာသီက တစ်ခါ ခြောက်လကြာ ရှည်ကြာပြန်တယ်။ ဆောင်းခြောက်လ၊ နွေခြောက်လနဲ့ ရာသီစက်ဝန်းတစ်ခါလည်ပတ်ရင်း နှစ်သစ်တစ်ခုကိုရောက်လေ့ရှိတယ်။
လူစိမ်းပြောတဲ့ ရာသီသုံးခုဆိုတာက ခြောက်လသုံးခါကြာတဲ့ တစ်နှစ်ခွဲအချိန်ကာလကိုရည်ညွှန်းတာပါ။

"ငါတို့လိုချင်တဲ့ တံတိုင်းက ထူထဲလွန်းလို့ ဘာလက်နက်၊ ဘာကိရိယာမှတိုးမပေါက်စေရဘူး၊ မြင့်မားလွန်းလို့ အကြီးဆုံးဆိုတဲ့လူ့ဘီလူးထက်တောင်မြင့်မားရမယ်၊ ခိုင်ခံ့လွန်းလို့ ရာသီဥတုတွေအလီလီပြောင်းသွားလဲ တံတိုင်းကမြဲမြဲရပ်နေရမယ်။ ဒါမျိုးတံတိုင်းကို မင်း‌ဆောက်နိုင်ပါ့မလား"
အိုဒင်က နတ်ဘုရားတွေအားလုံးကိုယ်စား သူတို့လိုချင်တဲ့ တံတိုင်းရဲ့အရည်အသွေးကို ပြောပြလိုက်တဲ့အခါ

" စိတ်ချ အိုဒင်၊ ကမ္ဘာကိုးခုမှာအခိုင်ခံ့ဆုံးတံတိုင်းကြီး၊ ဘယ်ရန်သူမှမဖျက်စီးနိုင်တဲ့တံတိုင်းကြီးတစ်ခုကိုကျွန်တော်ဆောက်ပေးမယ်။ ဒါပေမဲ့ အဖိုးအခတော့ကြီးကြီးပေးရမယ်"

"ငါတို့လိုချင်တဲ့တံတိုင်းသာရမယ်ဆိုရင် မင်းလိုချင်သလောက်ပေးနိုင်တာပေါ့။ မီးလိုနီတဲ့ရွှေနီလိုချင်လား၊ လင်းလက်တဲ့ရွှေဝါလိုချင်လား၊ ဖြူစင်တောက်ပတဲ့ ငွေသားလိုချင်လား၊ လိုချင်သ‌လောက်ပြော၊ ရစေရမယ်"

" ရွှေတွေငွေတွေမလိုချင်ပါဘူး။ ကမ္ဘာကိုးခုလုံးမှာပြိုင်ဘက်ကင်းအောင်လှတဲ့ ဖရေရာကိုပဲ လိုချင်တယ်။
ပြီးတော့ တံတိုင်းကြီးပြီးသွားတဲ့အခါ ဖရေရာအပြင် ကောင်းကင်ပေါ်ကနေနဲ့လ ကိုပါလိုချင်တယ်"

"ဟာ..ဒါတော့ ဘယ်ဖြစ်မလဲ။ ဖရေရာက ငါတို့ရဲ့အော့စ်ဂေါ့ရဲ့ကျက်သရေဆောင်နတ်သမီး။ ပေးလို့မဖြစ်ဘူး"

အိုဒင်က မဆိုင်းမတွပြောတယ်။

"ဟုတ်တယ်...ချစ်စရာကောင်းတဲ့ဖရေရာကိုတော့ ကျွန်တော်တို့လဲ အဆုံးရှုံးမခံနိုင်ဘူး"
တစ်ယောက်က အသံထွက်တယ်။
ကျန်တဲ့ နတ်ဘုရားတွေကလဲ ဆူညံ၊ ဆူညံဖြစ်လာပြီး ကန့်ကွက်ကြတယ်။

ဖရေရာရဲ့မျက်နှာကတော့ သွေးဆုတ်သွားတယ်။

ဉာဏ်များတဲ့ လိုကီက သူ့ရဲ့ရွှေရောင်မျက်တောင်တွေကို ပုတ်ခတ်၊ပုတ်ခတ်လုပ်လိုက်ပြီး

"နေကြပါဦး၊ ကျွန်တော်တို့တွေ အားလုံးအရင် တိုင်ပင်ပြီးမှ ဆုံးဖြတ်ကြတာပေါ့။ ခန်းမထဲကိုသွားကြမယ်...လာကြ" ဆိုတော့
နတ်ဘုရားတွေက

"ဘာမှတိုင်ပင်စရာမလိုဘူး၊ နေ တို့ လတို့ ဖရေရာတို့ဆိုတာ ငါတို့အတွက်အရေးကြီးတဲ့အရာတွေချည်းပဲ"
 လို့ လိုကီကိုမနှစ်မြို့သလိုကြည့်ကြရင်း ဝိုင်းပြောကြတယ်။

"အားလုံးတိတ်ကြစမ်း"
နတ်ဘုရားတွေက စူးရှပြီး ဉာဏ်ပညာပြည့်ဝပုံပေါက်တဲ့မျက်လုံးတစ်လုံးနဲ့အိုဒင်ကို လှမ်းကြည့်လိုက်ကြတယ်။

" ဒီမှာစကားမများကြနဲ့၊ မင်းတို့အားလုံး အထဲကိုလိုက်ခဲ့ကြ"

အကြီးအမှူးဖြစ်တဲ့ အိုဒင်က လိုကီ့မှာ အကြံတစ်ခုခုရှိပုံရတာကိုရိပ်မိလို့ ဗိသုကာလူစိမ်းနဲ့မြင်းကို အပြင်မှာစောင့်ခိုင်းလိုက်ပြီး နတ်ဘုရားတွေကိုဦးဆောင်လို့ ခန်းမထဲကိုလျှောက်ဝင်လာခဲ့လိုက်တယ်။
ခန်းမထဲကိုရောက်တော့ ပလ္လင်ပေါ်မှာထိုင်လိုက်ပြီး ခြေရင်းမှာလာဝပ်တဲ့သူ့ရဲ့ဝံပုလွေနှစ်ကောင်ဖြစ်တဲ့ ဖရက်ကီ(Freki) နဲ့ဂီရီ(Geri)တို့ရဲ့ခေါင်းကို တစ်လှည့်စီပွတ်သပ်ပေးရင်း

" ကဲ...ဗိသုကာရဲ့တောင်းဆိုချက်ကို ဘယ်လိုလုပ်ရင်ကောင်းမယ်လို့စဥ်းစားကြလဲ" လို့ မေးပြောပြောလိုက်တဲ့အခါ

"ဘာမှ စဥ်းစားစရာတောင်မလိုဘူး။ ဖရေရာကိုပေးလိုက်လို့ဘယ်ဖြစ်မှာလဲ"

လို့ ဖရေရာရဲ့အစ်ကိုဖရေးကဆိုတယ်။
ကျန်တဲ့နတ်ဘုရားတွေကလဲ ခေါင်းတငြိမ့်ငြိမ့်နဲ့ထောက်ခံကြရင်း

"ဟုတ်တယ်...နေနဲ့လကိုပေးလိုက်ရင်လဲ ကျွန်တော်တို့အားလုံးက အမှောင်ထဲမှာ အမြဲနေကြရတော့မှာပေါ့။ ဒီကိစ္စက လိုက်လျောလို့မဖြစ်နိုင်တဲ့ ကိစ္စပဲ"

" သင်တို့အားလုံးက ခေါင်းသိပ်မာကြတာပဲ။ တံတိုင်းကိုလိုချင်တယ်ဆိုရင်တော့ နည်းလမ်းရှာမှဖြစ်မှာပေါ့"

လိုကီရဲ့စကားကြောင့် လူစိမ်းနဲ့မလိုက်သွားချင်တဲ့ နတ်ဘုရားမဖရေရာက သူ့ရဲ့လှပတဲ့မျက်ဝန်းတွေနဲ့ လိုကီကိုစိမ်းစိမ်းကြည့်လိုက်တယ်။ လိုကီရဲ့အကြံပါလာရင် ဘာမဟုတ်တာတွေဖြစ်လာဦးမလဲဆိုတာ ဘယ်သူမှမသိဘူးလေ။

"တံတိုင်းကတော့ အမှန်တကယ်လိုအပ်တာပဲ။ ဒါပေမဲ့ ကျွန်တော့တို့ရဲ့ ဖရေရာရယ်၊ နေနဲ့ လရယ်ကိုတော့ဘယ်သူ့ကိုမှ မပေးချင်ဘူး"

သိမ်မွေ့တဲ့ ဘောလ်ဒါက သူ့ဆန္ဒကိုရှင်းရှင်းပဲ ဖော်ထုတ်တယ်။
"ဟုတ်တယ်...အဲဒါတော့ ထောက်ခံတယ်"
ကျန်တဲ့နတ်ဘုရားတွေကလဲ အသီးသီး သဘောတူကြလေရဲ့။

လိုကီကနတ်ဘုရားတွေအားလုံးကို အထင်သေးတဲ့မျက်လုံးနဲ့ကြည့်လိုက်ပြီး
" အားလုံးနားထောင်ကြ၊ ငါ့မှာ အင်မတန်ကောင်းမွန်တဲ့ အကြံဉာဏ်ရှိတယ်။ သင်တို့အားလုံး ငါ့ကိုကျေးဇူးတင်ကြရလိမ့်မယ်" လို့ ခပ်ပြုံးပြုံးလုပ်ရင်း ပြောလိုက်တယ်။

 အဲဒီနောက် အလွန်ခမ်းနားတဲ့အစီအစဥ်တစ်ခုကိုဖွင့်လှစ်တော့မဲ့ အခမ်းအနားမှူးအမူအရာနဲ့ လက်တွေ့ကိုဝှေ့ယမ်းလိုက်ပြီး အားလုံးမတွေးမိတဲ့ အကြံဉာဏ်တစ်ခုကို ထုတ်ပြောလိုက်တော့တယ်။

မောင်ဇိ













Friday, December 18, 2020

မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၃) { အဲဆီးရ်နဲ့ ဗာနီးရ်နတ်ဘုရားများစစ်ခင်းခြင်း}

မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၃) { အဲဆီးရ်နဲ့ ဗာနီးရ်နတ်ဘုရားများစစ်ခင်းခြင်း} ==================================== 
(‌၁)ဆေးဒါရ်မှော်ပညာ 
**************** 
အဲဆီးရ်နတ်ဘုရား (Aesir) တွေရဲ့ကမ္ဘာဖြစ်တဲ့ အော့စ်‌ဂေါ့(Asgard) ကို မှော်ဆရာမတစ်ဦးရောက်လာရာကနေစပြီး ထူးဆန်းတဲ့ အဖြစ်အပျက်တွေတစ်ခုပြီးတစ်ခုဖြစ်လာတယ်။ မှော်ဆရာမနာမည်က ဂူလ်ဗေ (Gullveig) တဲ့။ နယ်တကာလှည့်ပြီး ဒေသခံတွေရဲ့ ကံကြမ္မာကိုပြောင်းလဲစေမဲ့ မှော်အစီအရင်တွေလုပ်ပေးတယ်။ တောင်းဆိုသူတွေရဲ့ဆန္ဒရှိတဲ့အတိုင်း အခကြေးငွေယူလို့ ဆေးကုတာတွေလုပ်သလို ကျိန်စာတိုက်တာတွေလဲလုပ်ပေးတယ်။ ဆေးဒါရ် (Seidr) လို့ခေါ်တဲ့ မှော်ပညာအစီအရင်တွေက အမျိုးသမီးမှော်ဆရာမတွေကပဲ စီရင်လို့ရတာဖြစ်ပြီး အမျိုးသားတွေစီမံချင်ရင် အမျိုးသမီးတစ်ယောက်လိုဝတ်ဆင်ပြီးမှ စီရင်လို့ရတယ်။ ဒါပေမယ့်လဲ အော့စ်ဂေါ့မှာ ဆေးဒါရ်မှော်ပညာကိုတတ်မြောက်သူတစ်ယောက်မှတော့မရှိပါဘူး။ ဒီမှော်ပညာက နက်နဲပြီးလျှို့ဝှက်တဲ့အရာတစ်ခုဆိုတာ အားလုံးသိထားကြတယ်။ အဲဆီးရ်မှာ ဉာဏ်အမျှော်အမြင်နဲ့အပြည့်စုံဆုံး ဉာဏ်နီဉာဏ်နက်အများဆုံး အရာအားလုံးကိုမြင်နိုင်တယ်ဆိုတဲ့ အိုဒင် (All-father Odin) တောင် မှော်စာလုံးတွေဖြစ်တဲ့ ရွန်း(Rune) တွေရဲ့လျှို့ဝှက်ချက်ကို ကိုယ့်ကိုယ်ကိုယဇ်ပူဇော်ပြီး ဖော်ထုတ်နိုင်ခဲ့လို့ ရွန်းတွေကိုလိုသလိုခြယ်လှယ်အသုံးချနိုင်ပေမဲ့ ဆေးဒါရ်ရဲ့လျှို့ဝှက်ချက်ကိုတော့ မသိပါဘူး။ မှော်တောင်ဝှေးကို တဒေါက်ဒေါက်ထောက်ရင်း တစ်နေရာကနေတစ်နေရာ ပြောင်းရွှေ့ပြီးကံကောင်းစေမဲ့ယတြာအစီအရင်တွေ၊ ကျန်းမာစေတဲ့ အစီအရင်တွေ၊ ဒုက္ခတွေ့စေမဲ့ကျိန်စာအစီအရင်တွေကို လိုက်လုပ်‌ပေးနေတဲ့ မှော်ဆရာမတစ်ယောက်ဖြစ်တဲ့ ဂူဗေလ်ကတစ်နေ့တစ်ခြား ‌အော့စ်ဂေါ့မှာ ထင်ရှားလာတယ်။ ဆန်းပြားတဲ့အဆောင်လက်ဖွဲ့တွေကိုသုံး၊ အထူးစီမံထားတဲ့စင်ပေါ်မှာ အငွေ့တထောင်းထောင်းထနေတဲ့ အိုးတစ်လုံးနဲ့‌ဆေးစီရင်ချင်စီရင်မယ်၊ နားလည်ဖို့ခက်ခဲတဲ့ မန္တာန်တွေရွတ်ပြီး မန်းမှုတ်လို့ ပုံသဏ္ဍာန်ထူးဆန်းတဲ့တောင်ဝှေးကိုကိုင်ရင်း ကျိန်စာတွေတိုက်ရင်တိုက်ပေးမယ်။ ကံကောင်းချင်သူတွေအတွက် အနာဂတ်ကိုကြိုတင်ပြီး မှန်းဆပေးရုံမက ကံကောင်းစေမဲ့ယတြာတွေကိုပါလုပ်ပေးမယ်။ ဒီလိုနဲ့ ကြာလာတဲ့အခါမှာ အစွမ်းထက်မြက်လွန်းတဲ့ အစီအရင်တွေကိုဖန်တီးနိုင်တဲ့ မှော်ဆရာမကို တဖြည်းဖြည်းနဲ့ ကြောက်ရွံ့သူတွေများလာပြီး တစ်နေ့မှာတော့ အော့စ်ဂေါ့ရဲ့အရှင်သခင်တွေဖြစ်တဲ့ အဲဆီးရ်နတ်ဘုရားတွေက သူတို့နားမလည်တဲ့ပညာရပ်ကိုသုံးပြီး လူတွေကိုလွှမ်းမိုးထိတ်လန့်စေနိုင်တဲ့ မှော်ဆရာမကို မီးရှို့ပြီးသုတ်သင်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီဆုံးဖြတ်ချက်ကပဲ အော့စ်ဂေါ့(Asgard)မှာနေတဲ့ အဲဆီးရ်နတ်ဘုရား (Aesir) နဲ့ ဗာနာဟိုင်းမ်(Vanaheim)က ဗာနီးရ်နတ်ဘုရား (Vanir) တွေအကြားမှာ စစ်ပွဲဖြစ်စေဖို့ ပထမဆုံးအချက်ဖြစ်လာတော့တယ်။ ဆေးဒါရ်မှော်ပညာကို တစ်ဖက်ကမ်းခတ်တဲ့ ဂူလ်ဗေကို အဲဆီးရ်နတ်ဘုရားတွေက လှံတွေနဲ့ဝိုင်းထိုးပြီး နတ်ဘုရားအိုဒင်(Odin) စံမြန်းရာခန်းမတွေထဲကတစ်ခုမှာပဲ မီးရှို့လိုက်ကြတယ်။ မီးငြိမ်းသွားချိန်မှာ ပြန်လည်ပြီးအသက်ရှင်သန်မွေးဖွားလာတဲ့ မှော်ဆရာမကို အံ့အားသင့်စရာတွေ့လိုက်ကြရတယ်။ နတ်ဘုရားတွေက လက်မလျှော့ပဲ နောက်တစ်ကြိမ် လှံရှည်တွေနဲ့ထိုးစိုက်လို့ မှော်ဆရာမဂူလ်ဗေကိုမီးလျှံစာကျွေးကြပြန်တယ်။ ဒီတစ်ကြိမ်မှာလဲ ဘေးမသီရန်မခ၊ အမွေးတစ်မျှင်မှမီးမလောင်ပဲ အကောင်းအတိုင်းပြန်ထွက်လာတဲ့မှော်ဆရာမကိုတွေ့ကြရပြန်လို့ နတ်ဘုရားတွေစိတ်ရှုပ်ရပြန်တယ်။ ဒီလိုနဲ့သုံးကြိမ်၊သုံးခါတိုင်အောင် လှံတွေနဲ့ထိုး၊မီးတောက်မီးလျှံတွေနဲ့ဝိုင်းပတ်ပြီးလောင်ကျွမ်းစေတာတောင် မြူတစ်မှုန်စာမှအထိအခိုက်မရှိတဲ့ မှော်ဆရာမက အဲဆီးရ်နတ်ဘုရားတွေရဲ့ပိုင်နက်ထဲကနေ အေးအေးဆေးဆေးပဲ ထွက်ခွာသွားတာကို နတ်ဘုရားတွေလက်ပိုက်ပြီးကြည့်နေလိုက်ရတယ်။ "ဒါဟာ ဗာနာဟိုင်းမ်ကမ္ဘာက ဗာနီးရ်နတ်ဘုရားတွေရဲ့စနက်ပဲဖြစ်ရမယ်" "ဟုတ်တယ်...ငါတို့အဲဆီးရ်တွေလို ရဲရဲရင့်ရင့်တိုက်ပွဲမဝင်ပဲ၊ မှော်ပညာတွေသုံးပြီးတိုက်ခိုက်တတ်တဲ့ ဗာနီးရ်တွေရဲ့သူလျှိုပဲဖြစ်မယ်" အဲဆီးနတ်ဘုရားတွေက အိုဒင်ရဲ့ ခန်းမထဲမှာစုဝေးကြပြီး တစ်ယောက်တစ်ပေါက်ထင်မြင်ချက်တွေပေးကြတယ်။ အဲဆီးရ်နတ်ဘုရင် အိုဒင်ကလဲသူ့ရဲ့လှံတံကို နတ်ဘုရားတွေရဲ့အလယ်ကို ချလိုက်ပြီးကာယသိဒ္ဓိပြီးစေဖို့ စီမံပေးလိုက်တယ်။ " ရာသီဥတုတွေပြောင်းအောင်လုပ်၊ အပင်တွေကြီးထွားဖို့လောက်ကိုစိုးမိုးခြယ်လှယ်တဲ့ လယ်သမား၊ ယာသမားသာသာ ဗာနီးရ်နတ်ဘုရားတွေကို တိုက်ရည်ခိုက်ရည်ကောင်းပြီးရဲရင့်တဲ့ငါတို့အဲဆီးရ်နတ်ဘုရားတွေအကြောင်းပြရမယ်" အိုဒင်နဲ့ အဲဆီးရ်နတ်ဘုရားတွေ အော့စ်ဂေါ့ဘုံမှာဆွေးနွေးတိုင်ပင်နေကြတုန်းမှာပဲ ဗာနာဟိုင်းမ်ဘုံမှာလဲ ဂူလ်ဗေကို ရက်ရက်စက်စက်လှံနဲ့ထိုးပြီးမီးရှို့ခဲ့ကြတဲ့ အဲဆီးရ်တွေရဲ့လုပ်ရပ်ကို ဗာနီးရ်တို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ နတ်ဘုရား ဖရေး (Frey) ဦးဆောင်လို့ရှုံ့ချကြတယ်။ တကယ်တော့ ဆေးဒါမှော်အတတ်ကိုပြိုင်ဘက်မရှိကျွမ်းကျင်သူက အီဒရာဆေး(Yggdrasil) သစ်ပင်ကြီးရဲ့ဘုံကိုးခုလုံးမှာ ဖရေယာ (Freyja) တစ်ယောက်ပဲရှိလို့ ဂူလ်ဗေအဖြစ်ရုပ်ဖျက်ထားသူဟာဘယ်သူလဲဆိုတာကို ပြောပြဖို့ကိုမလိုတော့ပါဘူး။ ရွှေရောင်ဆံနွယ်တွေနဲ့လှပချောမောလွန်းလှတဲ့ အချစ်နတ်ဘုရားမ ဖရေရာက ဆေးဒါရ်မှော်အတတ်ကိုတတ်မြောက်ကျွမ်းကျင်ရုံသာမက ဗာနီးရ်နတ်ဘုရားတွေရဲ့ခေါင်းဆောင် ဖရေးရဲ့ညီမလဲဖြစ်သေးတယ်။ သူတို့နှစ်ယောက်ရဲ့ ဖခင်ဖြစ်တဲ့ နတ်ဘုရား နျော့ထ် (Njord) ကတော့စွမ်းအားကြီးတဲ့ ပင်လယ်နတ်ဘုရားတစ်ပါးပါပဲ။ အတိုက်အခိုက်၊အသတ်အပုတ်ကိုစိတ်သန်ပြီး ခွန်အားကြီးမားကြတဲ့ အဲဆီးရ်နတ်ဘုရားမျိုးနွယ်တွေနဲ့ သဘာဝတရားကိုစိုးမိုးပြီး မြေဆီလွှာ၊သစ်ပင်နဲ့ ရာသီဥတုတွေကိုစီမံကြတဲ့၊ မှော်ပညာရပ်တွေသုံးတဲ့ ဗာနီးရ်နတ်ဘုရားတွေက အရင်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အထင်အမြင်သေးပြီး ဆက်ဆံရေးကောင်းခဲ့ကြတာတော့မဟုတ်ပါဘူး။ ခုတော့ စစ်ပွဲတစ်ခုဖြစ်ဖို့ မီးစ တစ်ခုရခဲ့ပြီပေါ့။
 
 (၂)စစ်ခင်းတဲ့နတ်မင်းများ **************** ဒီလိုနဲ့ အော့စ်ဂေါ့ဘုံနဲ့ ဗာနာဟိိုင်းမ်ဘုံကြားက နတ်ဘုရားမျိုးနွယ်စုနှစ်ခုကြားမှာစစ်ပွဲကြီးဖြစ်လာတော့တယ်။ ကြမ်းတမ်းသန်မာတဲ့ အဲဆီးရ်နတ်ဘုရားတွေက သူတို့ခွန်အားကိုအသုံးပြုပြီးတိုက်ခိုက်ကြတယ်။ အဲဆီးရ်တွေထဲမှာမှ အသန်မာဆုံး၊ အစွမ်းအထက်ဆုံးတိုက်ပွဲဝင်ခေါင်းဆောင် သောရ်(Thor)က ပုဆိန်တွေ၊ ဓါးတွေ၊ လှံတွေ တစ်ခုပြီးတစ်ခုကျိုးတဲ့ထိ မမောနိုင်မပမ်းနိုင် အဆက်မပြတ်ခုတ်ထစ်တိုက်ခိုက်တယ်။ မိုးကြိုးပစ်သလိုကျယ်‌လောင်ပြီးကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ပွဲဝင်ကြွေးကြော်သံကိုအော်ပြီး ဗာနီးရ်နတ်ဘုရားတွေကို အတင်းဝင်ထိုးခုတ်တယ်။ အဲဆီးရ်နတ်ဘုရင်အိုဒင်က ဉာဏ်များသူပီပီ တိုက်ပွဲတစ်ခုလုံးကိုခြုံငုံကြည့်ပြီး တိုက်ပွဲဝင်နည်းဗျူဟာတွေချမှတ်ပေးလို့ သူ့တပ်တွေကိုကောင်းကောင်းကွပ်ကဲနေခဲ့တယ်။ မှော်အတတ်ကျွမ်းကျင်ကြတဲ့ ဗာရ်နီးရ်တွေရဲ့ အကာအကွယ်မှော်ပညာအစီအမံတွေကြောင့် အဲဆီးရ်တွေရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေက အရာမထင်ဘူး။ လေမုန်တိုင်းလိုပြင်းထန်တဲ့ ထိုးနှက်မှုတွေက ဗာနီးရ်တွေဆီကျရောက်ချိန်မှာလေပြည်လို့နူးညံ့ကုန်ကြတယ်။ တော်ရုံတန်ရုံ ထိခိုက်ရှနာတွေကလည်း တမုဟုတ်ချင်းပြန်ကောင်းကုန်ကြတယ်။ တစ်ချိန်တည်းမှာပဲ ဗာနီးရ်တွေရဲ့ခေါင်းဆောင် ဖရေးကသူ့ရဲ့အလိုအလျှောက်ထိုးခုတ်တိုက်ခိုက်တဲ့ မှော်ဓါးကိုသုံးပြီး အသတ်အပုတ်ကျင်လည်တဲ့အဲဆီးရ်နတ်ဘုရားတွေကို ဟန့်တားတယ်။ အဲဆီးရ်စစ်သည်တော်တွေက အစွမ်းထက်တဲ့မှော်ဓါးရဲ့ရေပက်မဝင်‌အောင်ထိုးနှက်တိုက်ခိုက်မှုတွေကို မယှဥ်နိုင်ကြလို့ ဗာနီးရ်တွေကိုထိခိုက်အောင်မလုပ်နိုင်ကြပြန်ဘူး။ မူလကတည်းကသန်စွမ်းပြီး အကြမ်းပတမ်းခံမှုနဲ့ အိုဒင်ရဲ့လှံတံနဲ့ကောင်းချီး‌ပေး သိဒ္ဓိတင်ပေးထားမှုကြောင့်သာ အဲဆီးရ်မျိုးနွယ်တွေမှာအထိအခိုက်မရှိဖြစ်ရတယ်။ စစ်ပွဲက ဘယ်ဘက်မှာမှအသာစီးမရပဲ အကြာကြီး ဆက်ဖြစ်နေခဲ့တယ်။ တစ်ခါတစ်လေ ဗာနာဟိုင်းမ်မှာတိုက်ကြခိုက်ကြပြီး၊ တစ်ခါတစ်ရံ အော့စ်ဂေါ့မှာတိုက်ပွဲဖြစ်ကြတယ်။ နတ်ဘုရားတွေကိုမထိခိုက်ပေမဲ့ ပတ်ဝန်းကျင်ကတော့ စစ်ဒဏ်ကြောင့် နာရတယ်။ အဆောက်အဦးတွေပျက်စီး၊ အပင်တွေကျိုးပဲ့လဲကျနဲ့ စစ်မြေပြင်ကမသာယာသလို ဗာနီးရ်တွေမှာ မြေဆီလွှာတွေကောင်းမွန်ဖြစ်ထွန်းအောင်လုပ်ချိန်မရလို့ အပင်တွေမကြီးထွားမဖြစ်ထွန်းပဲသဘာဝတရားကလဲ ဖောက်ပြန်လာတယ်။ အချိန်ကြာလာတာနဲ့အမျှ အနိုင်အရှုံးမပေါ်၊ အကျိုးအမြတ်မရှိပဲတိုက်နေရတဲ့ စစ်ပွဲကို နတ်ဘုရားမျိုးနွယ်စုနှစ်ခုလုံးစိတ်ပျက်လာတယ်။ နောက်ဆုံးမှာတော့ ခြေကုန်လက်ပန်းကျနေတဲ့ အဲဆီးရ်နတ်ဘုရားတွေနဲ့ ဗာနီးရ်နတ်ဘုရားတွေက ငြိမ်းချမ်းရေးယူကြဖို့ သဘောတူလိုက်ကြရတော့တယ်။ (၃)သူရဲကောင်းများလဲလှယ်ခြင်း ************************* စစ်ပွဲကိုရပ်နားပြီးတဲ့အခါ ငြိမ်းချမ်းရေးအဓွန့်ရှည်ဖို့ စီမံကြရပြန်တယ်။ တစ်ယောက်သဘောကို တစ်ယောက်ပိုနားလည်ပြီး၊ တစ်ဖက်နဲ့တစ်ဖက်ပိုရင်းနှီးစေဖို့ အော့စ်ဂေါ့ကနတ်ဘုရားတစ်ချို့ကို ဗာနာဟိိုင်းမ်ကိုသွားနေစေပြီး၊ ဗာနာဟိုင်းမ်ကနတ်ဘုရားတစ်ချို့ကိုလဲ အော့စ်ဂေါ့မှာသွားနေစေကြဖို့ စီစဥ်ကြတယ်။ ပင်လယ်နတ်ဘုရား နျော့ထ် နဲ့သူ့သားသမီးနှစ်ယောက်ဖြစ်ကြတဲ့ ဖ‌ရေးနဲ့ဖရေယာတို့က အော့စ်ဂေါ့မှာ အဲဆီးရ်တွေနဲ့သွားနေကြပြီး၊ အော့စ်ဂေါ့ဘက်က အိုဒင်ရဲ့ဦးလေး မီမီးရား(Mimir) နဲ့ အဲဆီးရ်နတ်ဘုရားတစ်ပါးဖြစ်တဲ့ ဟိုနီးရား (Hoenir) တို့က ဗာနာဟိုင်းမ်မှာနေဖို့ရွေးချယ်ခံရတယ်။ အဲဆီးရ်နတ်ဘုရားတွေက ပင်လယ်ကမ်းစပ်မှာနေရတာကိုသဘောကျတဲ့ ပင်လယ်နတ်ဘုရားနျော့ထ်၊ အတိုက်အခိုက်ကျင်လည်ပြီး အစွမ်းထက်မှော်ဓါးကိုပိုင်ဆိုင်သူစစ်နတ်ဘုရားဖရေး၊ လှပချောမွေ့တဲ့ အချစ်နတ်ဘုရားမ ဖရေယာတို့ကို ‌အော့စ်ဂေါ့ကနတ်ဘုရားခေါင်းဆောင်တွေမှာအပါအဝင်အဖြစ်အသိအမှတ်ပြုကြတယ်။ ဒါပေမယ့် ဗာနာဟိိုင်းကိုသွားတဲ့ မီမီးရားနဲ့ဟိုနီးရားတို့ကတော့ ဗာနီးရ်တွေကြားမှာအဆင်မပြေပါဘူး။ မီမီးရားက ကမ္ဘာသစ်ပင်ကြီးရဲ့အမြစ်တစ်ခုစိုက်နေတဲ့ရေတွင်းကရေကိုနေ့စဥ်သောက်ခဲ့သူဖြစ်လို့ ဉာဏ်ကြီးသူဖြစ်ပေမယ့် အရပ်မြင့်မြင့်ရုပ်ချောချောနဲ့ရှင်ဘုရင်တစ်ပါးလို ခံ့ညားတဲ့ ဟိုနီးရားကတော့ ဉာဏ်သိပ်မရှိပါဘူး။ ဗာနီးရ်နတ်ဘုရားမျိုးနွယ်တွေစည်းဝေးပြီးတိုင်ပင်ကြတဲ့အခါ မီမီးရားရှိနေတဲ့အခါတိုင်း အဖိုးတန်တဲ့အကြံဉာဏ်တွေကို ဟိုနီးရားကပြောနိုင်ပေမဲ့ မီမီးရားမပါတဲ့အခေါက်တွေဆိုရင် "အင်း..အင်း အားလုံးသဘောအတိုင်းလုပ်ကြတာပေါ့" ဆိုတာမျိုးချည်းပြောလေ့ရှိတယ်။ ဒီလိုမျိုးအကြိမ်ကြိမ်ကြုံလာရတဲ့အခါမှာ ဗာနီးရ်တွေက သူတို့အပေါ်မှာအဲဆီးရ်တွေလူလည်ကျပြီး အသုံးမတည့်တဲ့သူတွေပေးလိုက်တယ်လို့ သံသယဝင်လာတယ်။ အဲဒါနဲ့ပဲ လက်စားချေတဲ့အနေနဲ့ ဘာမှဝင်ပြောလေ့မရှိတဲ့မီမီးရားကိုအထင်မှားခေါင်းဖြတ်လိုက်ပြီး အဲဒီခေါင်းနဲ့အတူ ဟိုနီရားကိုအော့စ်ဂေ့ါကိုပြန်လွှတ်လိုက်တယ်။ မီမီးရားရဲ့ တန်ဖိုးကိုသိတဲ့အိုဒင်က ခေါင်းပြတ်ကိုဆေးပင်၊ဆေးရွက်တွေနဲ့သေချာစိမ်ပြီး မန်းမှုတ်လိုက်တဲ့အခါမှာ မီမီးရားရဲ့မျက်လုံးတွေပြန်ပွင့်လာတယ်။ အဲဒီနောက်တော့ အိုဒင့်အတွက်အကြံဉာဏ်လိုတဲ့အခါတိုင်းမှာ မီမီးရားရဲ့ခေါင်းကနေ ကောင်းမွန်တဲ့အကြံဉာဏ်တွေကို အမြဲပေးလေ့ရှိတော့တယ်။ အဖိုးတန်တဲ့ မီမီးရားကိုပြန်ရတဲ့အတွက် အိုဒင်က ဗာနီးရ်နတ်ဘုရားတွေအပေါ်မှာ တုံ့ပြန်ဖို့မစဥ်းစားတော့ပဲ နျော့ထ်၊ ဖရေးနဲ့ ဖရေယာတို့ဟာလဲ အော့စ်ဂေါ့မှာနေထိုင်ရင်း အဲဆီးရ်နတ်ဘုရားတွေနဲ့ တစ်သားတည်းဖြစ်လာတော့တယ်။ မောင်ဇိ (Picture: The Æsir lift Gullveig on spears over fire as illustrated by Lorenz Frølich (1895) ) #MaungZi #Norsemythology #mythology #နောစ့်ဒဏ္ဍာရီ #မောင်ဇိ၏ပုံပြင်များ ----------------------------------------------------------------------- ေမာင္ဇိ၏ ေနာ့စ္ဒ႑ာရီ (၃) { အဲဆီးရ္နဲ႔ ဗာနီးရ္နတ္ဘုရားမ်ားစစ္ခင္းျခင္း} ==================================== (‌၁)ေဆးဒါရ္ေမွာ္ပညာ **************** အဲဆီးရ္နတ္ဘုရား (Aesir) ေတြရဲ႕ကမာၻျဖစ္တဲ့ ေအာ့စ္‌ေဂါ့(Asgard) ကို ေမွာ္ဆရာမတစ္ဦးေရာက္လာရာကေနစၿပီး ထူးဆန္းတဲ့ အျဖစ္အပ်က္ေတြတစ္ခုၿပီးတစ္ခုျဖစ္လာတယ္။ ေမွာ္ဆရာမနာမည္က ဂူလ္ေဗ (Gullveig) တဲ့။ နယ္တကာလွည့္ၿပီး ေဒသခံေတြရဲ႕ ကံၾကမၼာကိုေျပာင္းလဲေစမဲ့ ေမွာ္အစီအရင္ေတြလုပ္ေပးတယ္။ ေတာင္းဆိုသူေတြရဲ႕ဆႏၵရွိတဲ့အတိုင္း အခေၾကးေငြယူလို႔ ေဆးကုတာေတြလုပ္သလို က်ိန္စာတိုက္တာေတြလဲလုပ္ေပးတယ္။ ေဆးဒါရ္ (Seidr) လို႔ေခၚတဲ့ ေမွာ္ပညာအစီအရင္ေတြက အမ်ိဳးသမီးေမွာ္ဆရာမေတြကပဲ စီရင္လို႔ရတာျဖစ္ၿပီး အမ်ိဳးသားေတြစီမံခ်င္ရင္ အမ်ိဳးသမီးတစ္ေယာက္လိုဝတ္ဆင္ၿပီးမွ စီရင္လို႔ရတယ္။ ဒါေပမယ့္လဲ ေအာ့စ္ေဂါ့မွာ ေဆးဒါရ္ေမွာ္ပညာကိုတတ္ေျမာက္သူတစ္ေယာက္မွေတာ့မရွိပါဘူး။ ဒီေမွာ္ပညာက နက္နဲၿပီးလွ်ိဳ႕ဝွက္တဲ့အရာတစ္ခုဆိုတာ အားလုံးသိထားၾကတယ္။ အဲဆီးရ္မွာ ဉာဏ္အေမွ်ာ္အျမင္နဲ႔အျပည့္စုံဆုံး ဉာဏ္နီဉာဏ္နက္အမ်ားဆုံး အရာအားလုံးကိုျမင္ႏိုင္တယ္ဆိုတဲ့ အိုဒင္ (All-father Odin) ေတာင္ ေမွာ္စာလုံးေတြျဖစ္တဲ့ ႐ြန္း(Rune) ေတြရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို ကိုယ့္ကိုယ္ကိုယဇ္ပူေဇာ္ၿပီး ေဖာ္ထုတ္ႏိုင္ခဲ့လို႔ ႐ြန္းေတြကိုလိုသလိုျခယ္လွယ္အသုံးခ်ႏိုင္ေပမဲ့ ေဆးဒါရ္ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကိုေတာ့ မသိပါဘူး။ ေမွာ္ေတာင္ေဝွးကို တေဒါက္ေဒါက္ေထာက္ရင္း တစ္ေနရာကေနတစ္ေနရာ ေျပာင္းေ႐ႊ႕ၿပီးကံေကာင္းေစမဲ့ယၾတာအစီအရင္ေတြ၊ က်န္းမာေစတဲ့ အစီအရင္ေတြ၊ ဒုကၡေတြ႕ေစမဲ့က်ိန္စာအစီအရင္ေတြကို လိုက္လုပ္‌ေပးေနတဲ့ ေမွာ္ဆရာမတစ္ေယာက္ျဖစ္တဲ့ ဂူေဗလ္ကတစ္ေန႔တစ္ျခား ‌ေအာ့စ္ေဂါ့မွာ ထင္ရွားလာတယ္။ ဆန္းျပားတဲ့အေဆာင္လက္ဖြဲ႕ေတြကိုသုံး၊ အထူးစီမံထားတဲ့စင္ေပၚမွာ အေငြ႕တေထာင္းေထာင္းထေနတဲ့ အိုးတစ္လုံးနဲ႔‌ေဆးစီရင္ခ်င္စီရင္မယ္၊ နားလည္ဖို႔ခက္ခဲတဲ့ မႏၲာန္ေတြ႐ြတ္ၿပီး မန္းမႈတ္လို႔ ပုံသ႑ာန္ထူးဆန္းတဲ့ေတာင္ေဝွးကိုကိုင္ရင္း က်ိန္စာေတြတိုက္ရင္တိုက္ေပးမယ္။ ကံေကာင္းခ်င္သူေတြအတြက္ အနာဂတ္ကိုႀကိဳတင္ၿပီး မွန္းဆေပး႐ုံမက ကံေကာင္းေစမဲ့ယၾတာေတြကိုပါလုပ္ေပးမယ္။ ဒီလိုနဲ႔ ၾကာလာတဲ့အခါမွာ အစြမ္းထက္ျမက္လြန္းတဲ့ အစီအရင္ေတြကိုဖန္တီးႏိုင္တဲ့ ေမွာ္ဆရာမကို တျဖည္းျဖည္းနဲ႔ ေၾကာက္႐ြံ႕သူေတြမ်ားလာၿပီး တစ္ေန႔မွာေတာ့ ေအာ့စ္ေဂါ့ရဲ႕အရွင္သခင္ေတြျဖစ္တဲ့ အဲဆီးရ္နတ္ဘုရားေတြက သူတို႔နားမလည္တဲ့ပညာရပ္ကိုသုံးၿပီး လူေတြကိုလႊမ္းမိုးထိတ္လန႔္ေစႏိုင္တဲ့ ေမွာ္ဆရာမကို မီးရႈိ႕ၿပီးသုတ္သင္လိုက္ဖို႔ ဆုံးျဖတ္လိုက္ၾကတယ္။ ဒီဆုံးျဖတ္ခ်က္ကပဲ ေအာ့စ္ေဂါ့(Asgard)မွာေနတဲ့ အဲဆီးရ္နတ္ဘုရား (Aesir) နဲ႔ ဗာနာဟိုင္းမ္(Vanaheim)က ဗာနီးရ္နတ္ဘုရား (Vanir) ေတြအၾကားမွာ စစ္ပြဲျဖစ္ေစဖို႔ ပထမဆုံးအခ်က္ျဖစ္လာေတာ့တယ္။ ေဆးဒါရ္ေမွာ္ပညာကို တစ္ဖက္ကမ္းခတ္တဲ့ ဂူလ္ေဗကို အဲဆီးရ္နတ္ဘုရားေတြက လွံေတြနဲ႔ဝိုင္းထိုးၿပီး နတ္ဘုရားအိုဒင္(Odin) စံျမန္းရာခန္းမေတြထဲကတစ္ခုမွာပဲ မီးရႈိ႕လိုက္ၾကတယ္။ မီးၿငိမ္းသြားခ်ိန္မွာ ျပန္လည္ၿပီးအသက္ရွင္သန္ေမြးဖြားလာတဲ့ ေမွာ္ဆရာမကို အံ့အားသင့္စရာေတြ႕လိုက္ၾကရတယ္။ နတ္ဘုရားေတြက လက္မေလွ်ာ့ပဲ ေနာက္တစ္ႀကိမ္ လွံရွည္ေတြနဲ႔ထိုးစိုက္လို႔ ေမွာ္ဆရာမဂူလ္ေဗကိုမီးလွ်ံစာေကြၽးၾကျပန္တယ္။ ဒီတစ္ႀကိမ္မွာလဲ ေဘးမသီရန္မခ၊ အေမြးတစ္မွ်င္မွမီးမေလာင္ပဲ အေကာင္းအတိုင္းျပန္ထြက္လာတဲ့ေမွာ္ဆရာမကိုေတြ႕ၾကရျပန္လို႔ နတ္ဘုရားေတြစိတ္ရႈပ္ရျပန္တယ္။ ဒီလိုနဲ႔သုံးႀကိမ္၊သုံးခါတိုင္ေအာင္ လွံေတြနဲ႔ထိုး၊မီးေတာက္မီးလွ်ံေတြနဲ႔ဝိုင္းပတ္ၿပီးေလာင္ကြၽမ္းေစတာေတာင္ ျမဴတစ္မႈန္စာမွအထိအခိုက္မရွိတဲ့ ေမွာ္ဆရာမက အဲဆီးရ္နတ္ဘုရားေတြရဲ႕ပိုင္နက္ထဲကေန ေအးေအးေဆးေဆးပဲ ထြက္ခြာသြားတာကို နတ္ဘုရားေတြလက္ပိုက္ၿပီးၾကည့္ေနလိုက္ရတယ္။ "ဒါဟာ ဗာနာဟိုင္းမ္ကမာၻက ဗာနီးရ္နတ္ဘုရားေတြရဲ႕စနက္ပဲျဖစ္ရမယ္" "ဟုတ္တယ္...ငါတို႔အဲဆီးရ္ေတြလို ရဲရဲရင့္ရင့္တိုက္ပြဲမဝင္ပဲ၊ ေမွာ္ပညာေတြသုံးၿပီးတိုက္ခိုက္တတ္တဲ့ ဗာနီးရ္ေတြရဲ႕သူလွ်ိဳပဲျဖစ္မယ္" အဲဆီးနတ္ဘုရားေတြက အိုဒင္ရဲ႕ ခန္းမထဲမွာစုေဝးၾကၿပီး တစ္ေယာက္တစ္ေပါက္ထင္ျမင္ခ်က္ေတြေပးၾကတယ္။ အဲဆီးရ္နတ္ဘုရင္ အိုဒင္ကလဲသူ႔ရဲ႕လွံတံကို နတ္ဘုရားေတြရဲ႕အလယ္ကို ခ်လိုက္ၿပီးကာယသိဒၶိၿပီးေစဖို႔ စီမံေပးလိုက္တယ္။ " ရာသီဥတုေတြေျပာင္းေအာင္လုပ္၊ အပင္ေတြႀကီးထြားဖို႔ေလာက္ကိုစိုးမိုးျခယ္လွယ္တဲ့ လယ္သမား၊ ယာသမားသာသာ ဗာနီးရ္နတ္ဘုရားေတြကို တိုက္ရည္ခိုက္ရည္ေကာင္းၿပီးရဲရင့္တဲ့ငါတို႔အဲဆီးရ္နတ္ဘုရားေတြအေၾကာင္းျပရမယ္" အိုဒင္နဲ႔ အဲဆီးရ္နတ္ဘုရားေတြ ေအာ့စ္ေဂါ့ဘုံမွာေဆြးေႏြးတိုင္ပင္ေနၾကတုန္းမွာပဲ ဗာနာဟိုင္းမ္ဘုံမွာလဲ ဂူလ္ေဗကို ရက္ရက္စက္စက္လွံနဲ႔ထိုးၿပီးမီးရႈိ႕ခဲ့ၾကတဲ့ အဲဆီးရ္ေတြရဲ႕လုပ္ရပ္ကို ဗာနီးရ္တို႔ရဲ႕ေခါင္းေဆာင္ျဖစ္တဲ့ နတ္ဘုရား ဖေရး (Frey) ဦးေဆာင္လို႔ရႈံ႕ခ်ၾကတယ္။ တကယ္ေတာ့ ေဆးဒါေမွာ္အတတ္ကိုၿပိဳင္ဘက္မရွိကြၽမ္းက်င္သူက အီဒရာေဆး(Yggdrasil) သစ္ပင္ႀကီးရဲ႕ဘုံကိုးခုလုံးမွာ ဖေရယာ (Freyja) တစ္ေယာက္ပဲရွိလို႔ ဂူလ္ေဗအျဖစ္႐ုပ္ဖ်က္ထားသူဟာဘယ္သူလဲဆိုတာကို ေျပာျပဖို႔ကိုမလိုေတာ့ပါဘူး။ ေ႐ႊေရာင္ဆံႏြယ္ေတြနဲ႔လွပေခ်ာေမာလြန္းလွတဲ့ အခ်စ္နတ္ဘုရားမ ဖေရယာက ေဆးဒါရ္ေမွာ္အတတ္ကိုတတ္ေျမာက္ကြၽမ္းက်င္႐ုံသာမက ဗာနီးရ္နတ္ဘုရားေတြရဲ႕ေခါင္းေဆာင္ ဖေရးရဲ႕ညီမလဲျဖစ္ေသးတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ဖခင္ျဖစ္တဲ့ နတ္ဘုရား ေန်ာ့ထ္ (Njord) ကေတာ့စြမ္းအားႀကီးတဲ့ ပင္လယ္နတ္ဘုရားတစ္ပါးပါပဲ။ အတိုက္အခိုက္၊အသတ္အပုတ္ကိုစိတ္သန္ၿပီး ခြန္အားႀကီးမားၾကတဲ့ အဲဆီးရ္နတ္ဘုရားမ်ိဳးႏြယ္ေတြနဲ႔ သဘာဝတရားကိုစိုးမိုးၿပီး ေျမဆီလႊာ၊သစ္ပင္နဲ႔ ရာသီဥတုေတြကိုစီမံၾကတဲ့၊ ေမွာ္ပညာရပ္ေတြသုံးတဲ့ ဗာနီးရ္နတ္ဘုရားေတြက အရင္ကတည္းက တစ္ဖက္နဲ႔တစ္ဖက္ အထင္အျမင္ေသးၿပီး ဆက္ဆံေရးေကာင္းခဲ့ၾကတာေတာ့မဟုတ္ပါဘူး။ ခုေတာ့ စစ္ပြဲတစ္ခုျဖစ္ဖို႔ မီးစ တစ္ခုရခဲ့ၿပီေပါ့။ (၂)စစ္ခင္းတဲ့နတ္မင္းမ်ား **************** ဒီလိုနဲ႔ ေအာ့စ္ေဂါ့ဘုံနဲ႔ ဗာနာဟိိုင္းမ္ဘုံၾကားက နတ္ဘုရားမ်ိဳးႏြယ္စုႏွစ္ခုၾကားမွာစစ္ပြဲႀကီးျဖစ္လာေတာ့တယ္။ ၾကမ္းတမ္းသန္မာတဲ့ အဲဆီးရ္နတ္ဘုရားေတြက သူတို႔ခြန္အားကိုအသုံးျပဳၿပီးတိုက္ခိုက္ၾကတယ္။ အဲဆီးရ္ေတြထဲမွာမွ အသန္မာဆုံး၊ အစြမ္းအထက္ဆုံးတိုက္ပြဲဝင္ေခါင္းေဆာင္ ေသာရ္(Thor)က ပုဆိန္ေတြ၊ ဓါးေတြ၊ လွံေတြ တစ္ခုၿပီးတစ္ခုက်ိဳးတဲ့ထိ မေမာႏိုင္မပမ္းႏိုင္ အဆက္မျပတ္ခုတ္ထစ္တိုက္ခိုက္တယ္။ မိုးႀကိဳးပစ္သလိုက်ယ္‌ေလာင္ၿပီးေၾကာက္မက္ဖြယ္ေကာင္းတဲ့ တိုက္ပြဲဝင္ေႂကြးေၾကာ္သံကိုေအာ္ၿပီး ဗာနီးရ္နတ္ဘုရားေတြကို အတင္းဝင္ထိုးခုတ္တယ္။ အဲဆီးရ္နတ္ဘုရင္အိုဒင္က ဉာဏ္မ်ားသူပီပီ တိုက္ပြဲတစ္ခုလုံးကိုၿခဳံငုံၾကည့္ၿပီး တိုက္ပြဲဝင္နည္းဗ်ဴဟာေတြခ်မွတ္ေပးလို႔ သူ႔တပ္ေတြကိုေကာင္းေကာင္းကြပ္ကဲေနခဲ့တယ္။ ေမွာ္အတတ္ကြၽမ္းက်င္ၾကတဲ့ ဗာရ္နီးရ္ေတြရဲ႕ အကာအကြယ္ေမွာ္ပညာအစီအမံေတြေၾကာင့္ အဲဆီးရ္ေတြရဲ႕ျပင္းထန္တဲ့တိုက္ခိုက္မႈေတြက အရာမထင္ဘူး။ ေလမုန္တိုင္းလိုျပင္းထန္တဲ့ ထိုးႏွက္မႈေတြက ဗာနီးရ္ေတြဆီက်ေရာက္ခ်ိန္မွာေလျပည္လို႔ႏူးညံ့ကုန္ၾကတယ္။ ေတာ္႐ုံတန္႐ုံ ထိခိုက္ရွနာေတြကလည္း တမုဟုတ္ခ်င္းျပန္ေကာင္းကုန္ၾကတယ္။ တစ္ခ်ိန္တည္းမွာပဲ ဗာနီးရ္ေတြရဲ႕ေခါင္းေဆာင္ ဖေရးကသူ႔ရဲ႕အလိုအေလွ်ာက္ထိုးခုတ္တိုက္ခိုက္တဲ့ ေမွာ္ဓါးကိုသုံးၿပီး အသတ္အပုတ္က်င္လည္တဲ့အဲဆီးရ္နတ္ဘုရားေတြကို ဟန႔္တားတယ္။ အဲဆီးရ္စစ္သည္ေတာ္ေတြက အစြမ္းထက္တဲ့ေမွာ္ဓါးရဲ႕ေရပက္မဝင္‌ေအာင္ထိုးႏွက္တိုက္ခိုက္မႈေတြကို မယွဥ္ႏိုင္ၾကလို႔ ဗာနီးရ္ေတြကိုထိခိုက္ေအာင္မလုပ္ႏိုင္ၾကျပန္ဘူး။ မူလကတည္းကသန္စြမ္းၿပီး အၾကမ္းပတမ္းခံမႈနဲ႔ အိုဒင္ရဲ႕လွံတံနဲ႔ေကာင္းခ်ီး‌ေပး သိဒၶိတင္ေပးထားမႈေၾကာင့္သာ အဲဆီးရ္မ်ိဳးႏြယ္ေတြမွာအထိအခိုက္မရွိျဖစ္ရတယ္။ စစ္ပြဲက ဘယ္ဘက္မွာမွအသာစီးမရပဲ အၾကာႀကီး ဆက္ျဖစ္ေနခဲ့တယ္။ တစ္ခါတစ္ေလ ဗာနာဟိုင္းမ္မွာတိုက္ၾကခိုက္ၾကၿပီး၊ တစ္ခါတစ္ရံ ေအာ့စ္ေဂါ့မွာတိုက္ပြဲျဖစ္ၾကတယ္။ နတ္ဘုရားေတြကိုမထိခိုက္ေပမဲ့ ပတ္ဝန္းက်င္ကေတာ့ စစ္ဒဏ္ေၾကာင့္ နာရတယ္။ အေဆာက္အဦးေတြပ်က္စီး၊ အပင္ေတြက်ိဳးပဲ့လဲက်နဲ႔ စစ္ေျမျပင္ကမသာယာသလို ဗာနီးရ္ေတြမွာ ေျမဆီလႊာေတြေကာင္းမြန္ျဖစ္ထြန္းေအာင္လုပ္ခ်ိန္မရလို႔ အပင္ေတြမႀကီးထြားမျဖစ္ထြန္းပဲသဘာဝတရားကလဲ ေဖာက္ျပန္လာတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် အႏိုင္အရႈံးမေပၚ၊ အက်ိဳးအျမတ္မရွိပဲတိုက္ေနရတဲ့ စစ္ပြဲကို နတ္ဘုရားမ်ိဳးႏြယ္စုႏွစ္ခုလုံးစိတ္ပ်က္လာတယ္။ ေနာက္ဆုံးမွာေတာ့ ေျခကုန္လက္ပန္းက်ေနတဲ့ အဲဆီးရ္နတ္ဘုရားေတြနဲ႔ ဗာနီးရ္နတ္ဘုရားေတြက ၿငိမ္းခ်မ္းေရးယူၾကဖို႔ သေဘာတူလိုက္ၾကရေတာ့တယ္။ (၃)သူရဲေကာင္းမ်ားလဲလွယ္ျခင္း ************************* စစ္ပြဲကိုရပ္နားၿပီးတဲ့အခါ ၿငိမ္းခ်မ္းေရးအဓြန႔္ရွည္ဖို႔ စီမံၾကရျပန္တယ္။ တစ္ေယာက္သေဘာကို တစ္ေယာက္ပိုနားလည္ၿပီး၊ တစ္ဖက္နဲ႔တစ္ဖက္ပိုရင္းႏွီးေစဖို႔ ေအာ့စ္ေဂါ့ကနတ္ဘုရားတစ္ခ်ိဳ႕ကို ဗာနာဟိိုင္းမ္ကိုသြားေနေစၿပီး၊ ဗာနာဟိုင္းမ္ကနတ္ဘုရားတစ္ခ်ိဳ႕ကိုလဲ ေအာ့စ္ေဂါ့မွာသြားေနေစၾကဖို႔ စီစဥ္ၾကတယ္။ ပင္လယ္နတ္ဘုရား ေန်ာ့ထ္ နဲ႔သူ႔သားသမီးႏွစ္ေယာက္ျဖစ္ၾကတဲ့ ဖ‌ေရးနဲ႔ဖေရယာတို႔က ေအာ့စ္ေဂါ့မွာ အဲဆီးရ္ေတြနဲ႔သြားေနၾကၿပီး၊ ေအာ့စ္ေဂါ့ဘက္က အိုဒင္ရဲ႕ဦးေလး မီမီးရား(Mimir) နဲ႔ အဲဆီးရ္နတ္ဘုရားတစ္ပါးျဖစ္တဲ့ ဟိုနီးရား (Hoenir) တို႔က ဗာနာဟိုင္းမ္မွာေနဖို႔ေ႐ြးခ်ယ္ခံရတယ္။ အဲဆီးရ္နတ္ဘုရားေတြက ပင္လယ္ကမ္းစပ္မွာေနရတာကိုသေဘာက်တဲ့ ပင္လယ္နတ္ဘုရားေန်ာ့ထ္၊ အတိုက္အခိုက္က်င္လည္ၿပီး အစြမ္းထက္ေမွာ္ဓါးကိုပိုင္ဆိုင္သူစစ္နတ္ဘုရားဖေရး၊ လွပေခ်ာေမြ႕တဲ့ အခ်စ္နတ္ဘုရားမ ဖေရယာတို႔ကို ‌ေအာ့စ္ေဂါ့ကနတ္ဘုရားေခါင္းေဆာင္ေတြမွာအပါအဝင္အျဖစ္အသိအမွတ္ျပဳၾကတယ္။ ဒါေပမယ့္ ဗာနာဟိိုင္းကိုသြားတဲ့ မီမီးရားနဲ႔ဟိုနီးရားတို႔ကေတာ့ ဗာနီးရ္ေတြၾကားမွာအဆင္မေျပပါဘူး။ မီမီးရားက ကမာၻသစ္ပင္ႀကီးရဲ႕အျမစ္တစ္ခုစိုက္ေနတဲ့ေရတြင္းကေရကိုေန႔စဥ္ေသာက္ခဲ့သူျဖစ္လို႔ ဉာဏ္ႀကီးသူျဖစ္ေပမယ့္ အရပ္ျမင့္ျမင့္႐ုပ္ေခ်ာေခ်ာနဲ႔ရွင္ဘုရင္တစ္ပါးလို ခံ့ညားတဲ့ ဟိုနီးရားကေတာ့ ဉာဏ္သိပ္မရွိပါဘူး။ ဗာနီးရ္နတ္ဘုရားမ်ိဳးႏြယ္ေတြစည္းေဝးၿပီးတိုင္ပင္ၾကတဲ့အခါ မီမီးရားရွိေနတဲ့အခါတိုင္း အဖိုးတန္တဲ့အႀကံဉာဏ္ေတြကို ဟိုနီးရားကေျပာႏိုင္ေပမဲ့ မီမီးရားမပါတဲ့အေခါက္ေတြဆိုရင္ "အင္း..အင္း အားလုံးသေဘာအတိုင္းလုပ္ၾကတာေပါ့" ဆိုတာမ်ိဳးခ်ည္းေျပာေလ့ရွိတယ္။ ဒီလိုမ်ိဳးအႀကိမ္ႀကိမ္ႀကဳံလာရတဲ့အခါမွာ ဗာနီးရ္ေတြက သူတို႔အေပၚမွာအဲဆီးရ္ေတြလူလည္က်ၿပီး အသုံးမတည့္တဲ့သူေတြေပးလိုက္တယ္လို႔ သံသယဝင္လာတယ္။ အဲဒါနဲ႔ပဲ လက္စားေခ်တဲ့အေနနဲ႔ ဘာမွဝင္ေျပာေလ့မရွိတဲ့မီမီးရားကိုအထင္မွားေခါင္းျဖတ္လိုက္ၿပီး အဲဒီေခါင္းနဲ႔အတူ ဟိုနီရားကိုေအာ့စ္ေဂ့ါကိုျပန္လႊတ္လိုက္တယ္။ မီမီးရားရဲ႕ တန္ဖိုးကိုသိတဲ့အိုဒင္က ေခါင္းျပတ္ကိုေဆးပင္၊ေဆး႐ြက္ေတြနဲ႔ေသခ်ာစိမ္ၿပီး မန္းမႈတ္လိုက္တဲ့အခါမွာ မီမီးရားရဲ႕မ်က္လုံးေတြျပန္ပြင့္လာတယ္။ အဲဒီေနာက္ေတာ့ အိုဒင့္အတြက္အႀကံဉာဏ္လိုတဲ့အခါတိုင္းမွာ မီမီးရားရဲ႕ေခါင္းကေန ေကာင္းမြန္တဲ့အႀကံဉာဏ္ေတြကို အၿမဲေပးေလ့ရွိေတာ့တယ္။ အဖိုးတန္တဲ့ မီမီးရားကိုျပန္ရတဲ့အတြက္ အိုဒင္က ဗာနီးရ္နတ္ဘုရားေတြအေပၚမွာ တုံ႔ျပန္ဖို႔မစဥ္းစားေတာ့ပဲ ေန်ာ့ထ္၊ ဖေရးနဲ႔ ဖေရယာတို႔ဟာလဲ ေအာ့စ္ေဂါ့မွာေနထိုင္ရင္း အဲဆီးရ္နတ္ဘုရားေတြနဲ႔ တစ္သားတည္းျဖစ္လာေတာ့တယ္။ ေမာင္ဇိ (Picture: The Æsir lift Gullveig on spears over fire as illustrated by Lorenz Frølich (1895) ) #MaungZi #Norsemythology #mythology #ေနာစ့္ဒ႑ာရီ #ေမာင္ဇိ၏ပုံျပင္မ်ား

Friday, December 11, 2020

မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၂) { အိုဒင်၏မျက်လုံး}

 မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၂) { အိုဒင်၏မျက်လုံး}
==================================

တန်ခိုးစွမ်းအင်ထက်မြက်သူ နတ်ဘုရားတွေရဲ့အကြီးအမှူး အိုဒင်(Odin)ဟာ အဲဆီးရ် (Aesir)နတ်ဘုရားတွေရဲ့ဘုံကမ္ဘာဖြစ်တဲ့ အော့စ်‌ဂေါ့ (Asgard) ကသူ့ရဲ့သလွန်ပေါ်မှာထိုင်နေရင်း သူ့မှာလိုအပ်နေသေးတဲ့ အရာတစ်ခုကိုငတ်မွတ်တမ်းတနေတယ်။ ခွန်အားကြီးမားတဲ့မိုးကြိုးနတ်ဘုရား သော (Thor)၊ ချောမောခန့်ညားပြီး ကြင်နာတတ်တဲ့နတ်ဘုရား ဘောလ်ဒါ (Balder) တို့ရဲ့ဖခင်ဖြစ်တဲ့ နတ်ဘုရင်ကြီးဟာ အရာရာကိုထိုးထွင်းသိမြင်နိုင်တဲ့ဉာဏ်ပညာကို သိပ်တောင့်တမိတယ်။ ကိစ္စတော်တော်များများကိုသိမြင်ပေမယ့် သူ့အတွက်ကဒါဟာ မလုံလောက်သေးဘူးလို့ သူယူဆတယ်။

ဉာဏ်ပညာကိုရဖို့အတွက်ဆို စကြဝဠာဘုံကိုးခုရဲ့ ပင်မထောက်တိုင်ကြီးဖြစ်တဲ့ ကမ္ဘာ့သစ်ပင်ကြီး အီဒရာဆေး(Yggdrasil) ပေါ်မှာလဲ ကိုးရက်နဲ့ကိုးညအစာငတ်ခံတွဲလောင်းချိတ်နေခဲ့ဖို့လဲသူဝန်မလေးခဲ့ဘူး။
အဲဒီတုန်းကဆို ကြီးမားလှတဲ့ အီဒရာဆေးရဲ့အကိုင်းအခက်တွေမှာ သူ့ကိုယ်သူချိတ်၊ ခိုင်မြဲအောင်သူ့ရဲ့လက်စွဲတော်လှံတံနဲ့ ကိုယ့်ကိုယ်ကိုထိုးဖောက်၊ အကိုင်းအခက်တွေမှာမြဲမြံစေပြီး အကိုင်းတွေမှာရှိခဲ့တဲ့ ရှေးဟောင်းအက္ခရာတွေကို လေ့လာခဲ့ရတာ။ ကိုးရက်နဲ့ ကိုးညတိတိ အစာမစား၊ ရေမသောက်ရုံမက သူ့နံကြားကလှံတံထိုးဖောက်ထားတဲ့ဒဏ်ရာက တစ်ဆစ်ဆစ်နာကျင်မှုကိုပါအံတုရင်း ရှေးဟောင်းစာလုံးတစ်လုံးချင်းစီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်သင်ယူခဲ့တယ်။ သူရဲ့စွန့်လွှတ်ပေးဆပ်မှုနဲ့ ပြင်းထန်တဲ့လုံ့လကြောင့်မှော်ပညာရဲ့သင်္ကေတတွေဖြစ်တဲ့ ရွန်း (Rune) လို့ခေါ်တဲ့စာလုံးလေးတွေကို မြင်တွေ့ခွင့်ရခဲ့ပြီး ကိုးညမြောက်မှာတော့ လောကကိုကြိုက်သလိုပုံဖော်နိုင်တဲ့ မှော်ပညာကိုကျွမ်းကျင်တတ်မြောက်သွားတော့တယ်။ သူ့ရဲ့ကိုယ်ခန္ဓာကို သူကိုယ်တိုင်ဆီမှာ ယဇ်ပူဇော်ခဲ့ပြီးတဲ့နောက်မှာပေ့ါ။ အရာအားလုံးရဲ့ဖခင် အိုဒင်ဟာ မှော်ပညာရဲ့နတ်ဘုရားအိုဒင်ပါဖြစ်လာခဲ့ပြီ။

အသိပညာကိုရပြီးတဲ့နောက် ထိုးထွင်းသိနိုင်တဲ့၊ ကြီးမားတဲ့ဉာဏ်ပညာကိုရလိုမှုက အိုဒင့်ဆီမှာကျန်နေသေးတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ပခုံးတစ်ဖက်တစ်ချက်စီမှာနားနေတဲ့ ကျီးငှက်နှစ်ကောင်ကို ဘုံကိုးခုရဲ့သတင်းတွေစုံစမ်းပြီး သူ့ကိုပြန်ပြောပြဖို့ခါတိုင်းလိုပဲစေလွှတ်လိုက်တယ်။ ကျီးငှက်နှစ်ကောင်ရဲ့နာမည်က ဟူဂင်း (Huginn) နဲ့ မူနင်း (Muninn) တဲ့။ ဟူဂင်းကအတွေး လို့အဓိပ္ပါယ်ရပြီး မူနင်းက မှတ်ဉာဏ်လို့ အဓိပ္ပါယ်ရတယ်။ သူတို့နှစ်ကောင်က ကမ္ဘာလောကအနှံ့တောင်ပံဖြန့်ပြီး သတင်းတွေကို စုဆောင်းလို့ သခင်ဖြစ်သူ အိုဒင်ဆီကိုသယ်လာကြလိမ့်မယ်။ ပြီးရင် သူ့ပခုံးတစ်ဖက်စီမှာပြန်နားပြီး သူ့နားထဲကို တိုးတိုး၊တိုးတိုးနဲ့ သတင်းတွေပြန်ပြောပြကြလိမ့်မယ်။

အိုဒင်ကတော့ ဦးထုပ်ရှည်ကြီးဆောင်း၊ ခရီးသွားဝတ်ရုံကြီးဝတ်လိုက်ပြီး သူ့ကိုယ်သူ ခရီးသည်ကြီးတစ်ယောက်အဖြစ်ပုံစံပြောင်းလိုက်တယ်။ အဲဒီနောက် သူစိုးစံရာ အော့စ်ဂေါ့ကနေ သက်တံ့တံတား ဘီးဖရော့စ် (Bifrost) ကိုသုံးပြီး လူသားတွေရဲ့နေရပ် မစ်‌ဂေါ့ကမ္ဘာ (Midgard) ကိုဆင်း၊ အဲဒီကမှတဆင့် တောင်ကုန်း၊တောင်တန်းမြင့်ကြီးတွေ၊ ကန္တာရတွေထူထပ်တဲ့ လူ့ဘီလူးကြီးတွေနေထိုင်ရာ ယူတွန်ဟိုင်းမ် (Jotunheim) ကမ္ဘာထဲကိုဆက်ပြီးထွက်လာခဲ့တယ်။ အန္တရာယ်အမျိုးမျိုးကိုကျော်ဖြတ်ပြီးတဲ့နောက် ခရီးရှည်ကြီးရဲ့အဆုံးမှာ ကမ္ဘာသစ်ပင်ကြီး အီဒရာဆေးရဲ့ဒုတိယအမြစ်ကြီးကိုရေပေးရာ မီမီးရား (Mimir) ရဲ့ရေတွင်းကြီးရှိရာကိုရောက်လာတယ်။ အဲဒီရေတွင်းထဲကို ကမ္ဘာသစ်ပင်ကြီးရဲ့ အမြစ်ကြီးတစ်ခုက တိုးဝင်နေတယ်။ရေတွင်းကြီးရဲ့ပိုင်ရှင်ကတော့ လူ့ဘီလူးကြီးတစ်ယောက်ဖြစ်တဲ့ ဉာဏ်ပညာကြီးမားလှတဲ့ မီမီးရား (Mimir) ဖြစ်တယ်။

"ဦးရီးတော် မီမီးရား...ကျွန်ုပ်အား ဉာဏ်ပညာ၏ရင်းမြစ်ဖြစ်သောရေတွင်းမှ ရေတစ်ခွက်သောက်ခွင့်ပြုပါ"

"ဤရေတွင်းမှာ ငါတစ်ဦးတည်းပိုင်ဖြစ်၏။ နေ့စဥ်နံနက်မိုးသောက်တိုင်း ရေတွင်းမှရေကိုတစ်ခွက်သောက်၍ ငါ၏ဉာဏ်ပညာမှာအတိုင်းအဆမဲ့ကြီးမားလာခြင်းဖြစ်သည်။ အဘယ်ကြောင့် ဤ‌ရေကိုသင့်အား သောက်သုံးခွင့်ပြုရမည်နည်း"

" ကျွန်ုပ်မှာသင်၏ တူတော်သူ အိုဒင်ဖြစ်သည်။ ကျွန်ုပ်မိခင်မှာ လူ့ဘီလူးမကြီးတစ်ဦးဖြစ်သော ဘက်စ်လာ (Bestla) ပင်ဖြစ်သည်"

"ငါ့တူပင်ဖြစ်ပါစေ။ တန်ဖိုးကြီးသည့် ရေကိုအလကားမတိုက်နိုင်"
" ရေ၏တန်ဖိုးကို ပိုင်းဖြတ်ပါ။ ကျွန်ုပ်ပေးရန် အသင့်ရှိပါသည်"
" တန်ဖိုးမှာကြီးမားလှသည်။ သင်ပေးနိုင်မည်လော"
" ကြိုက်ရာကိုပြောပါ။ ရေကိုသာရမည်ဆိုလျှင် ဝမ်းမြောက်စွာပေးပါမည်"
" ကောင်းပြီ။ သင်၏ မျက်လုံးတစ်လုံးကို အဆုံးရှုံးခံရမည်ဆိုလျှင် သင်မည်သို့ဆုံးဖြတ်မည်နည်း"
" ကျွန်ုပ်နောက်တွန့်မည်မဟုတ်ပါ"
 
လိုချင်လွန်းလှတဲ့ ဉာဏ်ပညာရဖို့ အခက်အခဲမျိုးစုံကိုဖြတ်ပြီး၊ ရှည်လျားတဲ့လမ်းကိုလျှောက်ခဲ့တဲ့အိုဒင်အတွက်က မျက်လုံးတစ်လုံးကို ဉာဏ်ပညာရဲ့အဖိုးအခအဖြစ် ပူဇော်ရမယ်ဆိုရင်လဲ မမှုတော့ပါဘူး။
တုံ့ဆိုင်းခြင်းမရှိပဲ သူ့ရဲ့မျက်လုံးတစ်လုံးကို ကိုယ်တိုင်ပဲ ရဲရဲရင့်ရင့်ကော်ထုတ်လိုက်ပြီး ကြည်လင်နေတဲ့ရေတွင်းထဲကို ချပေးလိုက်တယ်။ ကြည်လင်တဲ့ရေထဲကမျက်လုံးက သူ့ကိုပြန်ကြည့်နေတယ်။ သူကလဲကျန်တဲ့မျက်လုံးတစ်လုံးနဲ့စိုက်ကြည့်နေလိုက်တယ်။

"သင်၏ အဖိုးအခကြီးမြင့်သည့် ပေးဆပ်မှုကို အသိအမှတ်ပြု၍ ကျွန်ုပ်၏ရေတွင်းမှရေကိုသောက်ခွင့်ပြုလိုက်မည်။ ဤချို (ဂျို)အတွင်းမှ ရေများကို တစ်ခါတည်းနှင့်ကုန်အောင်သောက်ပေလော့"

မီမီးရားက သူ့ရဲ့လက်စွဲတော် ကျွဲချိုပုံခွက်ဖြစ်တဲ့ ဂျေလာဟွန်း (Gjallerhorn) ကိုရေတွင်းထဲကရေအပြည့်ထည့်ပြီး အိုဒင့်ကိုကမ်းပေးလိုက်တယ်။ အိုဒင်က ‌ဂျေလာဟွန်းကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ချိုထဲမှာရှိတဲ့ရေတွေ တစ်စက်မကျန်ကုန်သွားတဲ့ထိ အသက်မရှူပဲ မနားတမ်းသောက်ချလိုက်တယ်။

အေးမြတဲ့ရေတွေက သူ့လည်ချောင်းထဲကိုစီးဝင်လာတာနဲ့အတူ သူ့ကိုယ်ထဲကို ဉာဏ်ပညာတွေတိုးဝင်လာတာကိုသူခံစားနေရတယ်။ ချိုတစ်ခုလုံးကရေကိုကုန်အောင်သောက်ပြီးတဲ့နောက်မှာတော့ သူ့မှာအရင်ကနဲ့မတူတော့ပဲ သိသိသာသာဉာဏ်ပညာတွေပိုပြည့်စုံသွားတာကို သတိထားမိလိုက်တယ်။ သူ့ရဲ့ တစ်လုံးတည်းသောမျက်လုံးကမြင်နိုင်စွမ်းက မျက်လုံးနှစ်လုံးနဲ့မြင်နိုင်ခဲ့တာထက် အဆပေါင်းများစွာသာလွန်သွားခဲ့ပြီ။
သူ့ဆီမှာကျန်နေတဲ့ သူရဲ့မျက်လုံးကနေ အရောင်တွေတစ်လက်လက်ထွက်နေပြီး အရာအားလုံးရဲ့ဖခင် (All-father) အိုဒင်ဟာ ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ ၊ကမ္ဘာလောကကြီးရဲ့လျှို့ဝှက်ချက်တွေကို သိမြင်တဲ့ မျက်လုံးတစ်လုံးနတ်ဘုရား၊ မီးလျှံမျက်လုံးနဲ့နတ်ဘုရား၊ တစ်ဖက်ကန်းနတ်ဘုရားအဖြစ်ပါ ရာဇဝင်တွင်ခဲ့ပြီ။

မောင်ဇိ
Photo:internet
#MaungZi #Norsemythology #mythology #နောစ့်ဒဏ္ဍာရီ #မောင်ဇိ၏ပုံပြင်များ
-----------------------------------------------------------------------------------------------------------------

ေမာင္ဇိ၏ ေနာ့စ္ဒ႑ာရီ (၂) { အိုဒင္၏မ်က္လုံး}
==================================

တန္ခိုးစြမ္းအင္ထက္ျမက္သူ နတ္ဘုရားေတြရဲ႕အႀကီးအမႉး အိုဒင္(Odin)ဟာ အဲဆီးရ္ (Aesir)နတ္ဘုရားေတြရဲ႕ဘုံကမာၻျဖစ္တဲ့ ေအာ့စ္‌ေဂါ့ (Asgard) ကသူ႔ရဲ႕သလြန္ေပၚမွာထိုင္ေနရင္း သူ႔မွာလိုအပ္ေနေသးတဲ့ အရာတစ္ခုကိုငတ္မြတ္တမ္းတေနတယ္။ ခြန္အားႀကီးမားတဲ့မိုးႀကိဳးနတ္ဘုရား ေသာ (Thor)၊ ေခ်ာေမာခန႔္ညားၿပီး ၾကင္နာတတ္တဲ့နတ္ဘုရား ေဘာလ္ဒါ (Balder) တို႔ရဲ႕ဖခင္ျဖစ္တဲ့ နတ္ဘုရင္ႀကီးဟာ အရာရာကိုထိုးထြင္းသိျမင္ႏိုင္တဲ့ဉာဏ္ပညာကို သိပ္ေတာင့္တမိတယ္။ ကိစၥေတာ္ေတာ္မ်ားမ်ားကိုသိျမင္ေပမယ့္ သူ႔အတြက္ကဒါဟာ မလုံေလာက္ေသးဘူးလို႔ သူယူဆတယ္။

ဉာဏ္ပညာကိုရဖို႔အတြက္ဆို စၾကဝဠာဘုံကိုးခုရဲ႕ ပင္မေထာက္တိုင္ႀကီးျဖစ္တဲ့ ကမာၻ႔သစ္ပင္ႀကီး အီဒရာေဆး(Yggdrasil) ေပၚမွာလဲ ကိုးရက္နဲ႔ကိုးညအစာငတ္ခံတြဲေလာင္းခ်ိတ္ေနခဲ့ဖို႔လဲသူဝန္မေလးခဲ့ဘူး။
အဲဒီတုန္းကဆို ႀကီးမားလွတဲ့ အီဒရာေဆးရဲ႕အကိုင္းအခက္ေတြမွာ သူ႔ကိုယ္သူခ်ိတ္၊ ခိုင္ၿမဲေအာင္သူ႔ရဲ႕လက္စြဲေတာ္လွံတံနဲ႔ ကိုယ့္ကိုယ္ကိုထိုးေဖာက္၊ အကိုင္းအခက္ေတြမွာၿမဲၿမံေစၿပီး အကိုင္းေတြမွာရွိခဲ့တဲ့ ေရွးေဟာင္းအကၡရာေတြကို ေလ့လာခဲ့ရတာ။ ကိုးရက္နဲ႔ ကိုးညတိတိ အစာမစား၊ ေရမေသာက္႐ုံမက သူ႔နံၾကားကလွံတံထိုးေဖာက္ထားတဲ့ဒဏ္ရာက တစ္ဆစ္ဆစ္နာက်င္မႈကိုပါအံတုရင္း ေရွးေဟာင္းစာလုံးတစ္လုံးခ်င္းစီရဲ႕လွ်ိဳ႕ဝွက္ခ်က္ကိုေဖာ္ထုတ္သင္ယူခဲ့တယ္။ သူရဲ႕စြန႔္လႊတ္ေပးဆပ္မႈနဲ႔ ျပင္းထန္တဲ့လုံ႔လေၾကာင့္ေမွာ္ပညာရဲ႕သေကၤတေတြျဖစ္တဲ့ ႐ြန္း (Rune) လို႔ေခၚတဲ့စာလုံးေလးေတြကို ျမင္ေတြ႕ခြင့္ရခဲ့ၿပီး ကိုးညေျမာက္မွာေတာ့ ေလာကကိုႀကိဳက္သလိုပုံေဖာ္ႏိုင္တဲ့ ေမွာ္ပညာကိုကြၽမ္းက်င္တတ္ေျမာက္သြားေတာ့တယ္။ သူ႔ရဲ႕ကိုယ္ခႏၶာကို သူကိုယ္တိုင္ဆီမွာ ယဇ္ပူေဇာ္ခဲ့ၿပီးတဲ့ေနာက္မွာေပ့ါ။ အရာအားလုံးရဲ႕ဖခင္ အိုဒင္ဟာ ေမွာ္ပညာရဲ႕နတ္ဘုရားအိုဒင္ပါျဖစ္လာခဲ့ၿပီ။

အသိပညာကိုရၿပီးတဲ့ေနာက္ ထိုးထြင္းသိႏိုင္တဲ့၊ ႀကီးမားတဲ့ဉာဏ္ပညာကိုရလိုမႈက အိုဒင့္ဆီမွာက်န္ေနေသးတယ္။ တစ္ေန႔မွာေတာ့ သူ႔ရဲ႕ပခုံးတစ္ဖက္တစ္ခ်က္စီမွာနားေနတဲ့ က်ီးငွက္ႏွစ္ေကာင္ကို ဘုံကိုးခုရဲ႕သတင္းေတြစုံစမ္းၿပီး သူ႔ကိုျပန္ေျပာျပဖို႔ခါတိုင္းလိုပဲေစလႊတ္လိုက္တယ္။ က်ီးငွက္ႏွစ္ေကာင္ရဲ႕နာမည္က ဟူဂင္း (Huginn) နဲ႔ မူနင္း (Muninn) တဲ့။ ဟူဂင္းကအေတြး လို႔အဓိပၸါယ္ရၿပီး မူနင္းက မွတ္ဉာဏ္လို႔ အဓိပၸါယ္ရတယ္။ သူတို႔ႏွစ္ေကာင္က ကမာၻေလာကအႏွံ႔ေတာင္ပံျဖန႔္ၿပီး သတင္းေတြကို စုေဆာင္းလို႔ သခင္ျဖစ္သူ အိုဒင္ဆီကိုသယ္လာၾကလိမ့္မယ္။ ၿပီးရင္ သူ႔ပခုံးတစ္ဖက္စီမွာျပန္နားၿပီး သူ႔နားထဲကို တိုးတိုး၊တိုးတိုးနဲ႔ သတင္းေတြျပန္ေျပာျပၾကလိမ့္မယ္။

အိုဒင္ကေတာ့ ဦးထုပ္ရွည္ႀကီးေဆာင္း၊ ခရီးသြားဝတ္႐ုံႀကီးဝတ္လိုက္ၿပီး သူ႔ကိုယ္သူ ခရီးသည္ႀကီးတစ္ေယာက္အျဖစ္ပုံစံေျပာင္းလိုက္တယ္။ အဲဒီေနာက္ သူစိုးစံရာ ေအာ့စ္ေဂါ့ကေန သက္တံ့တံတား ဘီးဖေရာ့စ္ (Bifrost) ကိုသုံးၿပီး လူသားေတြရဲ႕ေနရပ္ မစ္‌ေဂါ့ကမာၻ (Midgard) ကိုဆင္း၊ အဲဒီကမွတဆင့္ ေတာင္ကုန္း၊ေတာင္တန္းျမင့္ႀကီးေတြ၊ ကႏၲာရေတြထူထပ္တဲ့ လူ႔ဘီလူးႀကီးေတြေနထိုင္ရာ ယူတြန္ဟိုင္းမ္ (Jotunheim) ကမာၻထဲကိုဆက္ၿပီးထြက္လာခဲ့တယ္။ အႏၲရာယ္အမ်ိဳးမ်ိဳးကိုေက်ာ္ျဖတ္ၿပီးတဲ့ေနာက္ ခရီးရွည္ႀကီးရဲ႕အဆုံးမွာ ကမာၻသစ္ပင္ႀကီး အီဒရာေဆးရဲ႕ဒုတိယအျမစ္ႀကီးကိုေရေပးရာ မီမီးရား (Mimir) ရဲ႕ေရတြင္းႀကီးရွိရာကိုေရာက္လာတယ္။ အဲဒီေရတြင္းထဲကို ကမာၻသစ္ပင္ႀကီးရဲ႕ အျမစ္ႀကီးတစ္ခုက တိုးဝင္ေနတယ္။ေရတြင္းႀကီးရဲ႕ပိုင္ရွင္ကေတာ့ လူ႔ဘီလူးႀကီးတစ္ေယာက္ျဖစ္တဲ့ ဉာဏ္ပညာႀကီးမားလွတဲ့ မီမီးရား (Mimir) ျဖစ္တယ္။

"ဦးရီးေတာ္ မီမီးရား...ကြၽႏ္ုပ္အား ဉာဏ္ပညာ၏ရင္းျမစ္ျဖစ္ေသာေရတြင္းမွ ေရတစ္ခြက္ေသာက္ခြင့္ျပဳပါ"

"ဤေရတြင္းမွာ ငါတစ္ဦးတည္းပိုင္ျဖစ္၏။ ေန႔စဥ္နံနက္မိုးေသာက္တိုင္း ေရတြင္းမွေရကိုတစ္ခြက္ေသာက္၍ ငါ၏ဉာဏ္ပညာမွာအတိုင္းအဆမဲ့ႀကီးမားလာျခင္းျဖစ္သည္။ အဘယ္ေၾကာင့္ ဤ‌ေရကိုသင့္အား ေသာက္သုံးခြင့္ျပဳရမည္နည္း"

" ကြၽႏ္ုပ္မွာသင္၏ တူေတာ္သူ အိုဒင္ျဖစ္သည္။ ကြၽႏ္ုပ္မိခင္မွာ လူ႔ဘီလူးမႀကီးတစ္ဦးျဖစ္ေသာ ဘက္စ္လာ (Bestla) ပင္ျဖစ္သည္"

"ငါ့တူပင္ျဖစ္ပါေစ။ တန္ဖိုးႀကီးသည့္ ေရကိုအလကားမတိုက္ႏိုင္"
" ေရ၏တန္ဖိုးကို ပိုင္းျဖတ္ပါ။ ကြၽႏ္ုပ္ေပးရန္ အသင့္ရွိပါသည္"
" တန္ဖိုးမွာႀကီးမားလွသည္။ သင္ေပးႏိုင္မည္ေလာ"
" ႀကိဳက္ရာကိုေျပာပါ။ ေရကိုသာရမည္ဆိုလွ်င္ ဝမ္းေျမာက္စြာေပးပါမည္"
" ေကာင္းၿပီ။ သင္၏ မ်က္လုံးတစ္လုံးကို အဆုံးရႈံးခံရမည္ဆိုလွ်င္ သင္မည္သို႔ဆုံးျဖတ္မည္နည္း"
" ကြၽႏ္ုပ္ေနာက္တြန႔္မည္မဟုတ္ပါ"
 
လိုခ်င္လြန္းလွတဲ့ ဉာဏ္ပညာရဖို႔ အခက္အခဲမ်ိဳးစုံကိုျဖတ္ၿပီး၊ ရွည္လ်ားတဲ့လမ္းကိုေလွ်ာက္ခဲ့တဲ့အိုဒင္အတြက္က မ်က္လုံးတစ္လုံးကို ဉာဏ္ပညာရဲ႕အဖိုးအခအျဖစ္ ပူေဇာ္ရမယ္ဆိုရင္လဲ မမႈေတာ့ပါဘူး။
တုံ႔ဆိုင္းျခင္းမရွိပဲ သူ႔ရဲ႕မ်က္လုံးတစ္လုံးကို ကိုယ္တိုင္ပဲ ရဲရဲရင့္ရင့္ေကာ္ထုတ္လိုက္ၿပီး ၾကည္လင္ေနတဲ့ေရတြင္းထဲကို ခ်ေပးလိုက္တယ္။ ၾကည္လင္တဲ့ေရထဲကမ်က္လုံးက သူ႔ကိုျပန္ၾကည့္ေနတယ္။ သူကလဲက်န္တဲ့မ်က္လုံးတစ္လုံးနဲ႔စိုက္ၾကည့္ေနလိုက္တယ္။

"သင္၏ အဖိုးအခႀကီးျမင့္သည့္ ေပးဆပ္မႈကို အသိအမွတ္ျပဳ၍ ကြၽႏ္ုပ္၏ေရတြင္းမွေရကိုေသာက္ခြင့္ျပဳလိုက္မည္။ ဤခ်ိဳ (ဂ်ိဳ)အတြင္းမွ ေရမ်ားကို တစ္ခါတည္းႏွင့္ကုန္ေအာင္ေသာက္ေပေလာ့"

မီမီးရားက သူ႔ရဲ႕လက္စြဲေတာ္ ကြၽဲခ်ိဳပုံခြက္ျဖစ္တဲ့ ေဂ်လာဟြန္း (Gjallerhorn) ကိုေရတြင္းထဲကေရအျပည့္ထည့္ၿပီး အိုဒင့္ကိုကမ္းေပးလိုက္တယ္။ အိုဒင္က ‌ေဂ်လာဟြန္းကိုလက္ႏွစ္ဖက္နဲ႔ကိုင္ၿပီး ခ်ိဳထဲမွာရွိတဲ့ေရေတြ တစ္စက္မက်န္ကုန္သြားတဲ့ထိ အသက္မရႉပဲ မနားတမ္းေသာက္ခ်လိုက္တယ္။

ေအးျမတဲ့ေရေတြက သူ႔လည္ေခ်ာင္းထဲကိုစီးဝင္လာတာနဲ႔အတူ သူ႔ကိုယ္ထဲကို ဉာဏ္ပညာေတြတိုးဝင္လာတာကိုသူခံစားေနရတယ္။ ခ်ိဳတစ္ခုလုံးကေရကိုကုန္ေအာင္ေသာက္ၿပီးတဲ့ေနာက္မွာေတာ့ သူ႔မွာအရင္ကနဲ႔မတူေတာ့ပဲ သိသိသာသာဉာဏ္ပညာေတြပိုျပည့္စုံသြားတာကို သတိထားမိလိုက္တယ္။ သူ႔ရဲ႕ တစ္လုံးတည္းေသာမ်က္လုံးကျမင္ႏိုင္စြမ္းက မ်က္လုံးႏွစ္လုံးနဲ႔ျမင္ႏိုင္ခဲ့တာထက္ အဆေပါင္းမ်ားစြာသာလြန္သြားခဲ့ၿပီ။
သူ႔ဆီမွာက်န္ေနတဲ့ သူရဲ႕မ်က္လုံးကေန အေရာင္ေတြတစ္လက္လက္ထြက္ေနၿပီး အရာအားလုံးရဲ႕ဖခင္ (All-father) အိုဒင္ဟာ ဉာဏ္ပညာနဲ႔ျပည့္စုံတဲ့ ၊ကမာၻေလာကႀကီးရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကို သိျမင္တဲ့ မ်က္လုံးတစ္လုံးနတ္ဘုရား၊ မီးလွ်ံမ်က္လုံးနဲ႔နတ္ဘုရား၊ တစ္ဖက္ကန္းနတ္ဘုရားအျဖစ္ပါ ရာဇဝင္တြင္ခဲ့ၿပီ။

ေမာင္ဇိ
Photo:internet
#MaungZi #Norsemythology #mythology #ေနာစ့္ဒ႑ာရီ #ေမာင္ဇိ၏ပုံျပင္မ်ား

ဆိုက်ဘာရာဇဝတ်မှု

 ဆိုက်ဘာရာဇဝတ်မှု
***************

မြန်မာပြည်မှာ အင်ဂျင်နီယာဘွဲ့ရထားတဲ့ကောင်မလေးတစ်ယောက် မာစတာတက်ဖို့ စင်ကာပူနိုင်ငံကိုရောက်လာတယ်။ စင်ကာပူရဲ့နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ NTU မှာကျောင်းစတက်ခါစမှာပဲ သူ့ဖုန်းထဲကို မတ်ဆေ့ချ်တစ်ခုဝင်လာတယ်။ One-time password (OTP) လို့ခေါ်တဲ့ တစ်ခါသုံးလျှို့ဝှက်နံပါတ်လေးတွေကို ဘဏ်ကပို့လိုက်တာပါ။ ခဏနေတော့ ဘဏ်ကလို့ဆိုတဲ့နောက်ထပ်မတ်ဆေ့ချ်တစ်ခု ဝင်လာပြီး သူရတဲ့ OTP နံပါတ်ကိုပြန်ပို့ပေးဖို့တောင်းတယ်။ သူပြန်ပို့လိုက်တယ်။ သူငယ်ချင်းတွေကိုပြောပြတော့ အဲဒါ Fraud လို့ခေါ်တဲ့ငွေလိမ်နည်းတစ်မျိုးပဲဆိုပြီး ဘဏ်လိပ်စာနဲ့နံပါတ်ကို ဘဏ်ဝဘ်ဆိုက်နေရှာပြီးဖုန်းဆက်ပြော၊ အကောင့်ကို ခဏပိတ်ထားဖို့ဝိုင်းပြောပေးကြတယ်။ ကြားထဲမှာ နာရီဝက်လောက်ပဲကြာပေမယ့် ကောင်မလေးရဲ့ ကျောင်းလခပေးဖို့ထားတဲ့ စင်ကာပူဒေါ်လာနှစ်သောင်းဘယ်သူထုတ်သွားမှန်းမသိပဲပါသွားတာ ဘဏ်ကလဲဘာမှ မလုပ်ပေးနိုင်တော့ဘူး။ ရဲကလဲ အမှုဖွင့်ပေးရုံကလွဲလို့ ဘာမှမတတ်နိုင်။

မြန်မာပြည်က မိတ်ဆွေတစ်ယောက်ရဲ့ အဖေကို မတွေ့တာကြာနေတဲ့ သူ့သူငယ်ချင်းက ဖေ့စ်ဘွတ်ကနေစကားလာပြောတယ်။ အရေးတကြီး ငွေလိုနေလို့ နှစ်သောင်းလောက်အမြန်လွှဲပေးပါတဲ့။ ငွေကလဲသောင်းဂဏန်းပဲဆိုတော့ ဦးလေးကလဲ အဆင်ပြေနေတာနဲ့လွှဲပေးလိုက်တယ်။ သူငယ်ချင်းနဲ့အပြင်မှာတွေ့ချိန်မှာမေးတော့ ငွေတောင်းသွားတဲ့အကောင့်က သူမဟုတ်ပါဘူးတဲ့။ သူ့ရဲ့ဓါတ်ပုံတွေ အချက်အလက်တွေသုံးပြီးလုပ်သွားတာပါ။ တစ်ခြားသိတဲ့သူတော်တော်များများလဲ ခံလိုက်ရပါတယ်တဲ့။

အဲဒီလိုမျိုးအင်တာနက်၊ ဖေ့စ်ဘွတ်၊ လေလှိုင်းထဲကနည်းပညာသုံးပြီးလိမ်တာ၊ Hack တာမျိုးတွေကို Cyber crime လို့ခေါ်ပါတယ်။  ဆိုက်ဘာရာဇဝတ်မှုတွေလို့ခေါ်ပါတော့။ အဲဒီမှာ ငွေလိမ်တာ၊ ဘဏ်အကောင့်ခိုးတာ၊ အရေးကြီးအချက်အလက်တွေခိုးယူတာ၊ ဖုန်းတို့ ကွန်ပြူတာတို့ကို Hack ပြီးစောင့်ကြည့်တာ၊ ကင်မရာကိုပါ Hack ပြီးကြည့်တာ စသည်ဖြင့် မျိုးစုံရှိပါတယ်။

Cyber Crime တွေကနေကာကွယ်ဖို့လုပ်ဆောင်ရတဲ့အရာတွေကိုတော့ Cyber security လို့ခေါ်ပါတယ်။ ဆိုက်ဘာလုံခြုံရေးပေါ့။ နိုင်ငံတကာက ရုံးတွေ၊ ကုမ္ပဏီကြီးတွေမှာ ဝန်ထမ်းတိုင်းကို ဆိုက်ဘာရာဇဝတ်မှုတွေကနေကာကွယ်ဖို့ ဆိုက်ဘာလုံခြုံရေးအသိသင်တန်း (Cyber security awareness training)တွေကို မတက်မနေရနှစ်စဉ်ထပ်ခါထပ်ခါပေးလေ့ရှိတယ်။ ဘာတွေသင်တန်းပေးလဲဆိုတော့ မသမာသူတွေအသုံးများတဲ့ဆိုက်ဘာတိုက်ခိုက်နည်းစနစ်တွေနဲ့ ကာကွယ်ဖို့နည်းလမ်းတွေ၊ မကာကွယ်ရင်ဘာတွေဆုံးရှုံးနိုင်တယ်ဆိုတဲ့အချက်တွေကို ကိန်းဂဏန်း၊စာရင်းတွေ၊ ဥပမာတွေသုံးပြီး သင်တန်းပေးတာပါ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာနေ့စဉ်နေ့တိုင်းလုပ်ငန်းပေါင်း ၄၀၀ လောက်က မသမာသူတွေရဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကိုခံနေရလို့ပါတဲ့။
၂၀၁၅ ခုနှစ်တုန်းကဆိုရင် ဆိုက်ဘာတိုက်ခိုက်မှုတွေကနေဆုံးရှုံးသွားတဲ့ငွေကြေးတန်ဖိုးက ‌ဒေါ်လာသန်းပါင်း(၃၀၀၀)ကျော်ရှိပြီး ၂၀၂၁ခုနှစ်ရောက်ရင် ဒေါ်လာသန်း(၆၀၀၀) ထိတောင်မြင့်တက်လာနိုင်ဖွယ်ရာရှိပါသတဲ့။ စစ်တမ်းတွေအရလဲ ဆိုက်ဘာလုံခြုံရေးအသိသင်တန်းတွေပေးခြင်းဖြင့် ဆိုက်ဘာတိုက်ခိုက်မှုတွေကို (၇၀) ရာခိုင်နှုန်းထိ ကာကွယ်ဟန့်တားနိုင်တယ်လို့လဲဆိုတယ်။

ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူတွေ အများဆုံးအသုံးပြုကြတဲ့နည်းလမ်းကတော့ အီးမေးလ်တို့ မက်ဆေ့ချ်တို့ကနေ လင့်ခ်တစ်ခုပို့ပေးပြီး ဘဏ် (သို့မဟုတ်) တစ်ခြားနေရာတစ်ခုခုကနေ အချက်အလက်လိုလို့ (သို့မဟုတ်) ပေးစရာရှိလို့ (သို့မဟုတ်) အခြားအကြောင်းပြချက်တစ်ခုနဲ့ ဒီလင့်ခ်ကိုနှိပ်ပါဆိုတာမျိုးပါ။ သူပေးထားတဲ့လင့်ခ်ကိုနှိပ်လိုက်ရင် ကိုယ့်ကွန်ပြူတာ၊ဖုန်းရဲ့အချက်အလက်တွေအကုန်ကိုသူက ယူနိုင်သွားတာပါ။ တစ်ခါတစ်လေ ဘဏ်အကောင့် လျှို့ဝှက်နံပါတ်ပြောင်းဖို့လိုတယ်။ ဒီလင့်မှာ လျှို့ဝှက်နံပါတ်ကိုရိုက်ထည့်ပါဆိုတာမျိုးလဲရှိတတ်တယ်။ ကိုယ့်ဘဏ်အကောင့်ရဲ့ လျှို့ဝှက်နံပါတ်(password) ကိုရိုက်ထည့်လိုက်ရင်တော့ကုန်ပြီသာမှတ်ပေတော့။ အဲလိုလုပ်တဲ့နည်းလမ်းတွေကို Phishing လို့ခေါ်ပါတယ်။
ဖုန်းမတ်ဆေ့ချ်နဲ့ phishing လုပ်တာကိုတော့ Smishing လို့ခေါ်တယ်။

တစ်ခါတစ်လေ  မသမာသူက ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေအများကြီးရထားရင် ပိုပြီးယုံကြည်ချင်စရာကောင်းတဲ့ အီးမေးလ်၊ မတ်ဆေ့ချ်ပို့ပြီး အချက်အလက်ခိုးယူဖို့၊တိုက်ခိုက်ဖို့၊ လိမ်ဖို့ကြိုးစားတတ်တယ်။ ဥပမာ- ဘယ်ကုမ္ပဏီမှာလုပ်နေတဲ့ ကိုဘယ်သူရေ၊ လွန်ခဲ့တဲ့တစ်လက သင်ဝယ်ခဲ့တဲ့ဘယ်ဆိုင်ကပါ။ သင်မဲပေါက်တဲ့အတွက်ဘာပစ္စည်းတွေပေါက်လဲသိရအောင် ဒီလင့်ခ်ကိုနှိပ်ပါ။ သင်သုံးနေကျဘယ်ဘဏ်ကပါ။ သင်ကဘဏ်အကောင့်ပိုင်ရှင်အစစ်အမှန်ဖြစ်ကြောင်းသိရအောင် ဒီနေရာမှာနံပါတ်တွေရိုက်ထည့်ပါ။အဲလိုမျိုးပေါ့။ ဒီထက်လဲဆန်းဆန်းပြားပြားတွေလာနိုင်ပါတယ်။ သွားနှိပ်လိုက်ရင် ကိုယ့်အချက်အလက်ပါသွားနိုင်သလို၊ ကိုယ့်ဖုန်း၊ကွန်ပြူတာကိုလဲသူတို့ခြယ်လှယ်လို့ရသွားနိုင်တယ်။ အဲဒီလင့်ခ်ကနေကိုယ့်ကို Keylogger ထည့်ပေးလိုက်မယ်ဆိုရင်တော့ ကိုယ့်လျှို့ဝှက်နံပါတ်တွေ (ဘဏ်၊ဖေ့စ်ဘွတ်အကောင့်စသည်ဖြင့်) ရိုက်ချိန်မှာ နံပါတ်တွေကိုသူတို့ကမှတ်သားခြေရာခံလို့ရမယ်။ ကိုယ့် password တွေကိုသူတို့ရသွားမယ်။အဲလိုမျိုး ယုံကြည်ရတဲ့နေရာတစ်ခုကလို့ဟန်ဆောင်ပြီး ဆိုက်ဘာတိုက်ခိုက်မှုလုပ်တာကိုတော့ Spear phishing လို့ခေါ်တယ်။ ဖေ့စ်ဘွတ်ပေါ်မှာဆိုရင် ကိုယ်သိတဲ့သူဟန်ဆောင်ပြီး ငွေချေးတာ၊ ဘဏ်လျှို့ဝှက်နံပါတ်ရယူတာ၊ တစ်ခါသုံးလျှို့ဝှက်နံပါတ်(OTP) ရအောင်လုပ်တာမျိုးတွေပေါ့။

 ကိုယ့်အချက်အလက်တွေကိုသုံးပြီး ဖုန်းခေါ်လာတာမျိုးလဲလုပ်နိုင်ပါသေးတယ်။ အဲဒီမှာဆို ဘဏ်ကနေပါလို့ပြောပြီး ကိုယ့်ရဲ့အချက်အလက်တွေကိုသေချာအောင်လုပ်ဖို့လိုလို့ပါဆိုတာမျိုးနဲ့၊ ဘဏ်အကောင့်ရဲ့ လျှို့ဝှက်နံပါတ်ပြောခိုင်းတာတို့၊ တစ်ခါသုံးလျှို့ဝှက်နံပါတ်(OTP)ပြောခိုင်းတာတို့လုပ်လေ့ရှိတယ်။ ဖုန်းခေါ်ပြီးအဲလို Phishing လုပ်တာကိုတော့ Voice Phishing (Vishing) လို့ခေါ်တယ်။ ဒါမျိုးကြုံရရင် သူတို့တောင်းတာတွေမပေးလိုက်ပဲ တကယ့်ဘဏ်ရဲ့ဝဘ်ဆိုက်၊ သေချာတဲ့ရင်းမြစ်တစ်ခုခုကနေ ဘဏ်ဖုန်းနံပါတ်ကိုယူပြီး ဖုန်းဆက်မေးဖို့လိုတယ်။ ဒါဆို ဘဏ်က ရှင်းပြပါလိမ့်မယ်။

ဘယ်လိုကာကွယ်မလဲ
_____________________
ဆိုက်ဘာတိုက်ခိုက်မှုတွေကနဲ့ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့အကောင်းဆုံးနည်းလမ်းကတော့ မသေချာရင် ဘာမှမလုပ်ပါနဲ့တဲ့။ ကိုယ့်ဆီကိုဘယ်ကပဲဖြစ်ဖြစ် လင့်ခ်တစ်ခုရောက်လာရင် သေချာအချိန်ယူပြီး စိစစ်ရမယ်။ မသိတဲ့ လင့်ခ်တွေကိုမနှိပ်တာ၊ လူစိမ်းသူစိမ်းတွေက တစ်ခုခုနဲ့လာပြီးမက်လုံးပေးရင်မယုံတာ၊ အရေးကြီးတဲ့ကိုယ့်အချက်အလက်‌တွေကိုလူတိုင်းမြင်နိုင်အောင်မထားတာတွေလုပ်ရပါမယ်။

ကျွန်‌တော့သူငယ်ချင်းနိုင်ငံခြားသားတစ်ချို့ဆို ဆိုရှယ်မီဒီယာအကောင့်တောင်မထားကြတာတွေရှိပါတယ်။ ဖေ့စ်ဘွတ်ကသူ့တို့ရဲ့ကိုယ်ရေးအချက်အလက်တွေ၊ ဓါတ်ပုံတွေရသွားမှာကို မလိုလားလို့တဲ့။ မယုံကြည်နိုင်လို့တဲ့။ ထားတဲ့သူတွေကလဲများသောအားဖြင့် သူတို့ပုံတွေ၊ အချက်အလက်တွေကို လူတိုင်းမြင်နိုင်တဲ့ public အနေနဲ့သိပ်မထားကြပါဘူး။ မိတ်ဆွေချင်းမြင်ရုံပဲထားပြီး ကိုယ့်ကိုယ်ကို ကာကွယ်ထားကြပါတယ်။ ဒါတောင် ဆိုက်ဘာရာဇဝတ်မှုတွေက စင်ကာပူတို့လို၊ ယူကေတို့လို၊ အမေရိကတို့လို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင်ဖြစ်နေဆဲပါ။ အသက်ကြီးတဲ့၊ နည်းပညာနဲ့မရင်းနှီးတဲ့လူကြီးတွေက ပိုပြီးပစ်မှတ်ထားခံရတတ်ပါတယ်။

မီးနဲ့ကစားသူ
_____________
ဘာကြောင့်ဒါတွေ‌ရေးနေရလဲဆိုတော့ နိုင်ငံတကာမှာလူတွေကဒါမျိုးတွေသိကြပေမယ့် ကျွန်တော်တို့နိုင်ငံကဖွံ့ဖြိုးဆဲဖြစ်လို့ လူတွေကမသိကြပါဘူး။ ဖုန်းတွေနဲ့ငွေလွှဲတာတွေ၊ ဂိမ်းပိုက်ဆံဝယ်တာတွေ၊ ဘဏ်အကောင့်သုံးတာတွေ စပြီးတွင်ကျယ်လာပြီဆိုတော့ လူမသမာတွေကမျက်စိကျလာပါပြီ။ အသိပညာမရှိရင် အန္တရာယ်ရှိလာပါပြီ။ ဥပမာတစ်ခုပြရရင် ဖေ့စ်ဘွတ်မှာလဲ နိုင်ငံခြားကလေယာဉ်မှူး၊ လုပ်ငန်းရှင်ဆိုပြီး ပရိုဖိုင်မှာတစ်ခြားလူတွေရဲ့ပုံတွေသုံး၊ လူတွေကိုအယုံသွင်း၊ လက်ဆောင်ပေးမယ်ဆိုတဲ့မက်လုံးနဲ့ ငွေတွေလိမ်နေတာလူတိုင်းသိကြမှာပါ။ အဲဒီလူတစ်ယောက်က လူလိမ်ဆိုတာနာမည်ကြီးလွန်းတော့ ကျွန်တော့သူငယ်ချင်းတစ်ယောက်ကဖေ့စ်ဘွတ်မှာ အပျော်သဘောနဲ့သူငယ်ချင်းသွားလုပ်ထားပါသေးတယ်။ ပြီးတော့ ပေါက်ကရစကားတွေသွားပြော၊ ဟိုကပြန်ပြောထားတာတွေကို screenshot တွေဖမ်းပြီးသူ့အကောင့်မှာတင် ခွီဖို့ဆိုပြီးတင်တာတွေမြင်တော့ တော်တော်စိတ်မသက်မသာဖြစ်ရပါတယ်။ ဟိုလူက အတွေ့အကြုံများတဲ့ဝါရင့်လူလိမ် ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူပါ။ သူတစ်ယောက်ထဲလဲမဟုတ်နိုင်ပါ။ အဖွဲ့အစည်းနဲ့ ပြည်တွင်းပြည်ပပေါင်းလိမ်တာလဲဖြစ်နိုင်ပါတယ်။ကျွန်တော့သူငယ်ချင်း မှာဘာမှဆုံးရှုံးစရာမရှိလို့ အရေးမကြီးဘူးလို့သူထင်တောင် လူလိမ်ကသူ့အကောင့်ထဲကလူတွေရဲ့အချက်အလက်တွေရသွားပြီး သားကောင်ရှာဖို့လွယ်သွားပါတယ်။ သူငယ်ချင်းရဲ့မိဘဆွေမျိုးအသိုင်းအဝိုင်းတွေ၊ သူငယ်ချင်းတွေရဲ့အချက်အလက်တွေကို သူကတဆင့်ယူတော့မှာပါ။ ပြီးတော့ ဒီလူလိမ်က ဒီပရိုဖိုင်နဲ့ဒီနည်းလမ်းပဲသုံးမယ်လို့ပြောလို့မရပါဘူး။ ခုချက်ချင်းလာမယ်လို့လဲပြောလို့မရပါဘူး။ လတွေ၊နှစ်တွေကြာတဲ့ထိစောင့်ကြည့်ပြီး တစ်ယောက်ချင်းကိုအမှည့်ချွေချွေလို့ရပါတယ်။ဝါရင့်လုပ်စားသူတွေဖြစ်တဲ့အတွက် အချက်အလက်တွေရရင် ရသလိုနည်းလမ်းအမျိုးမျိုးသုံးပြီး သူများရဲ့ငွေကြေး၊ နာမည်ဂုဏ်သတင်းကို ထိခိုက်အောင်လုပ်နိုင်ပါတယ်။ ဒီအလုပ်ကသူ့ရဲ့အသက်မွေးဝမ်းကြောင်းဖြစ်လို့ သေချာပေါက်သားကောင်ရှာမှာပါ။ ကျွန်တော်တို့လိုရိုးရိုးသာမန်လူတောင် ကိုယ့်ဆီလူတစ်ယောက်လာပြီး friend request ပို့ရင်နောက်ကြောင်းလိုက်ကြည့်တတ်ကြသေးတာမဟုတ်လား။ ပြောရရင် ဖေ့စ်ဘွတ်သူငယ်ချင်းတွေအများကြီးရှိတဲ့ကျွန်တော့သူငယ်ချင်းအတွက်က ရယ်ရရုံထက်မပိုပေမယ့်၊ ဆိုက်ဘာရာဇဝတ်ကောင်အတွက်ကတော့ အချက်အလက်တွေအများကြီးပါတဲ့ရွှေအိုးကြီးရလိုက်သလိုပါ။ ဝတ္တရားရှိတဲ့အတိုင်း သူငယ်ချင်းကိုကျွန်တော်သတိပေးလိုက်ပေမယ့် သူငယ်ချင်းက ဆိုက်ဘာရာဇဝတ်မှုတို့၊ ဆိုက်ဘာလုံခြုံရေးသတိ တို့ဆိုတဲ့ဘာသာရပ်တွေကိုနားလည်ပုံမရတော့ ခပ်ပေါ့ပေါ့ပဲတုံ့ပြန်ပါတယ်။ ဘာနဲ့တူလဲဆိုတော့ မီးနဲ့ဆော့တဲ့လူလို၊ အဆိပ်ပြင်းတဲ့မြွေနဲ့ကစားတဲ့သူလိုပါ။ သိပ်အန္တရာယ်ကြီးပါတယ်။သူကလူလည်မို့ အလိမ်မခံရတောင် သူ့သူငယ်ချင်းစာရင်းထဲက ရိုးသားတဲ့လူကြီးတွေ၊ အတွေ့အကြုံနည်းသူတွေကို အလိမ်ခံရဖို့၊ ဆိုက်ဘာရာဇဝတ်မှုကျူးလွန်တာခံရဖို့  လူမသမာဆီကိုစာရင်းနဲ့တကွအချက်အလက်တွေသွားပေးလိုက်သလိုပါပဲ။

ဒီတော့ ကျန်တဲ့သူတွေသတိထားလို့ရအောင် ကျွန်တော်ကပဲ  whistle blower (မောင်းကြေးနင်းခတ်သူ) လုပ်ပြီး သိသလောက်ရေးလိုက်ပါတယ်။ ဆိုက်ဘာရာဇဝတ်မှု (Cyber crime) နဲ့ ဆိုက်ဘာလုံခြုံရေးသတိ (Cyber security awareness) နဲ့ပက်သက်ရင် အဲဒီနယ်ပယ်တွေက ကျွန်တော့ထက် ပိုသိပိုတတ်တဲ့သူတွေအများကြီးရှိလို့ အသေးစိတ်ကိုတော့ သူတို့ကပဲရေးကြပါလိမ့်မယ်။ မှားတာရှိရင်လဲသူတို့ကပဲပြင်ပေးကြပါလိမ့်မယ်။

လေ့လာထားသလောက်၊ သင်ယူထားသလောက်ထဲက  လိုအပ်မယ်ထင်တဲ့ အဖြစ်များတဲ့ကိစ္စတွေကို ရေးလိုက်ပါတယ်။ လူတိုင်း သတိထားနိုင်ကြပါစေ။

မောင်ဇိ

#ဆိုက်ဘာရာဇဝတ်မှု #ဆိုက်ဘာလုံခြုံရေးအသိ #MaungZitales #cybersecurityawareness #cybercrime #မောင်ဇိ 

-----------------------------------------------------------

ဆိုက္ဘာရာဇဝတ္မႈ
***************

ျမန္မာျပည္မွာ အင္ဂ်င္နီယာဘြဲ႕ရထားတဲ့ေကာင္မေလးတစ္ေယာက္ မာစတာတက္ဖို႔ စင္ကာပူႏိုင္ငံကိုေရာက္လာတယ္။ စင္ကာပူရဲ႕နာမည္ႀကီး တကၠသိုလ္တစ္ခုျဖစ္တဲ့ NTU မွာေက်ာင္းစတက္ခါစမွာပဲ သူ႔ဖုန္းထဲကို မတ္ေဆ့ခ်္တစ္ခုဝင္လာတယ္။ One-time password (OTP) လို႔ေခၚတဲ့ တစ္ခါသုံးလွ်ိဳ႕ဝွက္နံပါတ္ေလးေတြကို ဘဏ္ကပို႔လိုက္တာပါ။ ခဏေနေတာ့ ဘဏ္ကလို႔ဆိုတဲ့ေနာက္ထပ္မတ္ေဆ့ခ်္တစ္ခု ဝင္လာၿပီး သူရတဲ့ OTP နံပါတ္ကိုျပန္ပို႔ေပးဖို႔ေတာင္းတယ္။ သူျပန္ပို႔လိုက္တယ္။ သူငယ္ခ်င္းေတြကိုေျပာျပေတာ့ အဲဒါ Fraud လို႔ေခၚတဲ့ေငြလိမ္နည္းတစ္မ်ိဳးပဲဆိုၿပီး ဘဏ္လိပ္စာနဲ႔နံပါတ္ကို ဘဏ္ဝဘ္ဆိုက္ေနရွာၿပီးဖုန္းဆက္ေျပာ၊ အေကာင့္ကို ခဏပိတ္ထားဖို႔ဝိုင္းေျပာေပးၾကတယ္။ ၾကားထဲမွာ နာရီဝက္ေလာက္ပဲၾကာေပမယ့္ ေကာင္မေလးရဲ႕ ေက်ာင္းလခေပးဖို႔ထားတဲ့ စင္ကာပူေဒၚလာႏွစ္ေသာင္းဘယ္သူထုတ္သြားမွန္းမသိပဲပါသြားတာ ဘဏ္ကလဲဘာမွ မလုပ္ေပးႏိုင္ေတာ့ဘူး။ ရဲကလဲ အမႈဖြင့္ေပး႐ုံကလြဲလို႔ ဘာမွမတတ္ႏိုင္။

ျမန္မာျပည္က မိတ္ေဆြတစ္ေယာက္ရဲ႕ အေဖကို မေတြ႕တာၾကာေနတဲ့ သူ႔သူငယ္ခ်င္းက ေဖ့စ္ဘြတ္ကေနစကားလာေျပာတယ္။ အေရးတႀကီး ေငြလိုေနလို႔ ႏွစ္ေသာင္းေလာက္အျမန္လႊဲေပးပါတဲ့။ ေငြကလဲေသာင္းဂဏန္းပဲဆိုေတာ့ ဦးေလးကလဲ အဆင္ေျပေနတာနဲ႔လႊဲေပးလိုက္တယ္။ သူငယ္ခ်င္းနဲ႔အျပင္မွာေတြ႕ခ်ိန္မွာေမးေတာ့ ေငြေတာင္းသြားတဲ့အေကာင့္က သူမဟုတ္ပါဘူးတဲ့။ သူ႔ရဲ႕ဓါတ္ပုံေတြ အခ်က္အလက္ေတြသုံးၿပီးလုပ္သြားတာပါ။ တစ္ျခားသိတဲ့သူေတာ္ေတာ္မ်ားမ်ားလဲ ခံလိုက္ရပါတယ္တဲ့။

အဲဒီလိုမ်ိဳးအင္တာနက္၊ ေဖ့စ္ဘြတ္၊ ေလလႈိင္းထဲကနည္းပညာသုံးၿပီးလိမ္တာ၊ Hack တာမ်ိဳးေတြကို Cyber crime လို႔ေခၚပါတယ္။  ဆိုက္ဘာရာဇဝတ္မႈေတြလို႔ေခၚပါေတာ့။ အဲဒီမွာ ေငြလိမ္တာ၊ ဘဏ္အေကာင့္ခိုးတာ၊ အေရးႀကီးအခ်က္အလက္ေတြခိုးယူတာ၊ ဖုန္းတို႔ ကြန္ျပဴတာတို႔ကို Hack ၿပီးေစာင့္ၾကည့္တာ၊ ကင္မရာကိုပါ Hack ၿပီးၾကည့္တာ စသည္ျဖင့္ မ်ိဳးစုံရွိပါတယ္။

Cyber Crime ေတြကေနကာကြယ္ဖို႔လုပ္ေဆာင္ရတဲ့အရာေတြကိုေတာ့ Cyber security လို႔ေခၚပါတယ္။ ဆိုက္ဘာလုံၿခဳံေရးေပါ့။ ႏိုင္ငံတကာက ႐ုံးေတြ၊ ကုမၸဏီႀကီးေတြမွာ ဝန္ထမ္းတိုင္းကို ဆိုက္ဘာရာဇဝတ္မႈေတြကေနကာကြယ္ဖို႔ ဆိုက္ဘာလုံၿခဳံေရးအသိသင္တန္း (Cyber security awareness training)ေတြကို မတက္မေနရႏွစ္စဥ္ထပ္ခါထပ္ခါေပးေလ့ရွိတယ္။ ဘာေတြသင္တန္းေပးလဲဆိုေတာ့ မသမာသူေတြအသုံးမ်ားတဲ့ဆိုက္ဘာတိုက္ခိုက္နည္းစနစ္ေတြနဲ႔ ကာကြယ္ဖို႔နည္းလမ္းေတြ၊ မကာကြယ္ရင္ဘာေတြဆုံးရႈံးႏိုင္တယ္ဆိုတဲ့အခ်က္ေတြကို ကိန္းဂဏန္း၊စာရင္းေတြ၊ ဥပမာေတြသုံးၿပီး သင္တန္းေပးတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ကမာၻေပၚမွာေန႔စဥ္ေန႔တိုင္းလုပ္ငန္းေပါင္း ၄၀၀ ေလာက္က မသမာသူေတြရဲ႕ ဆိုက္ဘာတိုက္ခိုက္မႈေတြကိုခံေနရလို႔ပါတဲ့။
၂၀၁၅ ခုႏွစ္တုန္းကဆိုရင္ ဆိုက္ဘာတိုက္ခိုက္မႈေတြကေနဆုံးရႈံးသြားတဲ့ေငြေၾကးတန္ဖိုးက ‌ေဒၚလာသန္းပါင္း(၃၀၀၀)ေက်ာ္ရွိၿပီး ၂၀၂၁ခုႏွစ္ေရာက္ရင္ ေဒၚလာသန္း(၆၀၀၀) ထိေတာင္ျမင့္တက္လာႏိုင္ဖြယ္ရာရွိပါသတဲ့။ စစ္တမ္းေတြအရလဲ ဆိုက္ဘာလုံၿခဳံေရးအသိသင္တန္းေတြေပးျခင္းျဖင့္ ဆိုက္ဘာတိုက္ခိုက္မႈေတြကို (၇၀) ရာခိုင္ႏႈန္းထိ ကာကြယ္ဟန္႔တားႏိုင္တယ္လို႔လဲဆိုတယ္။

ဆိုက္ဘာရာဇဝတ္မႈက်ဴးလြန္သူေတြ အမ်ားဆုံးအသုံးျပဳၾကတဲ့နည္းလမ္းကေတာ့ အီးေမးလ္တို႔ မက္ေဆ့ခ်္တို႔ကေန လင့္ခ္တစ္ခုပို႔ေပးၿပီး ဘဏ္ (သို႔မဟုတ္) တစ္ျခားေနရာတစ္ခုခုကေန အခ်က္အလက္လိုလို႔ (သို႔မဟုတ္) ေပးစရာရွိလို႔ (သို႔မဟုတ္) အျခားအေၾကာင္းျပခ်က္တစ္ခုနဲ႔ ဒီလင့္ခ္ကိုႏွိပ္ပါဆိုတာမ်ိဳးပါ။ သူေပးထားတဲ့လင့္ခ္ကိုႏွိပ္လိုက္ရင္ ကိုယ့္ကြန္ျပဴတာ၊ဖုန္းရဲ႕အခ်က္အလက္ေတြအကုန္ကိုသူက ယူႏိုင္သြားတာပါ။ တစ္ခါတစ္ေလ ဘဏ္အေကာင့္ လွ်ိဳ႕ဝွက္နံပါတ္ေျပာင္းဖို႔လိုတယ္။ ဒီလင့္မွာ လွ်ိဳ႕ဝွက္နံပါတ္ကို႐ိုက္ထည့္ပါဆိုတာမ်ိဳးလဲရွိတတ္တယ္။ ကိုယ့္ဘဏ္အေကာင့္ရဲ႕ လွ်ိဳ႕ဝွက္နံပါတ္(password) ကို႐ိုက္ထည့္လိုက္ရင္ေတာ့ကုန္ၿပီသာမွတ္ေပေတာ့။ အဲလိုလုပ္တဲ့နည္းလမ္းေတြကို Phishing လို႔ေခၚပါတယ္။
ဖုန္းမတ္ေဆ့ခ်္နဲ႔ phishing လုပ္တာကိုေတာ့ Smishing လို႔ေခၚတယ္။

တစ္ခါတစ္ေလ  မသမာသူက ကိုယ့္ရဲ႕ကိုယ္ေရးအခ်က္အလက္ေတြအမ်ားႀကီးရထားရင္ ပိုၿပီးယုံၾကည္ခ်င္စရာေကာင္းတဲ့ အီးေမးလ္၊ မတ္ေဆ့ခ်္ပို႔ၿပီး အခ်က္အလက္ခိုးယူဖို႔၊တိုက္ခိုက္ဖို႔၊ လိမ္ဖို႔ႀကိဳးစားတတ္တယ္။ ဥပမာ- ဘယ္ကုမၸဏီမွာလုပ္ေနတဲ့ ကိုဘယ္သူေရ၊ လြန္ခဲ့တဲ့တစ္လက သင္ဝယ္ခဲ့တဲ့ဘယ္ဆိုင္ကပါ။ သင္မဲေပါက္တဲ့အတြက္ဘာပစၥည္းေတြေပါက္လဲသိရေအာင္ ဒီလင့္ခ္ကိုႏွိပ္ပါ။ သင္သုံးေနက်ဘယ္ဘဏ္ကပါ။ သင္ကဘဏ္အေကာင့္ပိုင္ရွင္အစစ္အမွန္ျဖစ္ေၾကာင္းသိရေအာင္ ဒီေနရာမွာနံပါတ္ေတြ႐ိုက္ထည့္ပါ။အဲလိုမ်ိဳးေပါ့။ ဒီထက္လဲဆန္းဆန္းျပားျပားေတြလာႏိုင္ပါတယ္။ သြားႏွိပ္လိုက္ရင္ ကိုယ့္အခ်က္အလက္ပါသြားႏိုင္သလို၊ ကိုယ့္ဖုန္း၊ကြန္ျပဴတာကိုလဲသူတို႔ျခယ္လွယ္လို႔ရသြားႏိုင္တယ္။ အဲဒီလင့္ခ္ကေနကိုယ့္ကို Keylogger ထည့္ေပးလိုက္မယ္ဆိုရင္ေတာ့ ကိုယ့္လွ်ိဳ႕ဝွက္နံပါတ္ေတြ (ဘဏ္၊ေဖ့စ္ဘြတ္အေကာင့္စသည္ျဖင့္) ႐ိုက္ခ်ိန္မွာ နံပါတ္ေတြကိုသူတို႔ကမွတ္သားေျခရာခံလို႔ရမယ္။ ကိုယ့္ password ေတြကိုသူတို႔ရသြားမယ္။အဲလိုမ်ိဳး ယုံၾကည္ရတဲ့ေနရာတစ္ခုကလို႔ဟန္ေဆာင္ၿပီး ဆိုက္ဘာတိုက္ခိုက္မႈလုပ္တာကိုေတာ့ Spear phishing လို႔ေခၚတယ္။ ေဖ့စ္ဘြတ္ေပၚမွာဆိုရင္ ကိုယ္သိတဲ့သူဟန္ေဆာင္ၿပီး ေငြေခ်းတာ၊ ဘဏ္လွ်ိဳ႕ဝွက္နံပါတ္ရယူတာ၊ တစ္ခါသုံးလွ်ိဳ႕ဝွက္နံပါတ္(OTP) ရေအာင္လုပ္တာမ်ိဳးေတြေပါ့။

 ကိုယ့္အခ်က္အလက္ေတြကိုသုံးၿပီး ဖုန္းေခၚလာတာမ်ိဳးလဲလုပ္ႏိုင္ပါေသးတယ္။ အဲဒီမွာဆို ဘဏ္ကေနပါလို႔ေျပာၿပီး ကိုယ့္ရဲ႕အခ်က္အလက္ေတြကိုေသခ်ာေအာင္လုပ္ဖို႔လိုလို႔ပါဆိုတာမ်ိဳးနဲ႔၊ ဘဏ္အေကာင့္ရဲ႕ လွ်ိဳ႕ဝွက္နံပါတ္ေျပာခိုင္းတာတို႔၊ တစ္ခါသုံးလွ်ိဳ႕ဝွက္နံပါတ္(OTP)ေျပာခိုင္းတာတို႔လုပ္ေလ့ရွိတယ္။ ဖုန္းေခၚၿပီးအဲလို Phishing လုပ္တာကိုေတာ့ Voice Phishing (Vishing) လို႔ေခၚတယ္။ ဒါမ်ိဳးႀကဳံရရင္ သူတို႔ေတာင္းတာေတြမေပးလိုက္ပဲ တကယ့္ဘဏ္ရဲ႕ဝဘ္ဆိုက္၊ ေသခ်ာတဲ့ရင္းျမစ္တစ္ခုခုကေန ဘဏ္ဖုန္းနံပါတ္ကိုယူၿပီး ဖုန္းဆက္ေမးဖို႔လိုတယ္။ ဒါဆို ဘဏ္က ရွင္းျပပါလိမ့္မယ္။

ဘယ္လိုကာကြယ္မလဲ
_____________________
ဆိုက္ဘာတိုက္ခိုက္မႈေတြကနဲ႔ ဘယ္လိုကာကြယ္ရမလဲဆိုတဲ့အေကာင္းဆုံးနည္းလမ္းကေတာ့ မေသခ်ာရင္ ဘာမွမလုပ္ပါနဲ႔တဲ့။ ကိုယ့္ဆီကိုဘယ္ကပဲျဖစ္ျဖစ္ လင့္ခ္တစ္ခုေရာက္လာရင္ ေသခ်ာအခ်ိန္ယူၿပီး စိစစ္ရမယ္။ မသိတဲ့ လင့္ခ္ေတြကိုမႏွိပ္တာ၊ လူစိမ္းသူစိမ္းေတြက တစ္ခုခုနဲ႔လာၿပီးမက္လုံးေပးရင္မယုံတာ၊ အေရးႀကီးတဲ့ကိုယ့္အခ်က္အလက္‌ေတြကိုလူတိုင္းျမင္ႏိုင္ေအာင္မထားတာေတြလုပ္ရပါမယ္။

ကြၽန္‌ေတာ့သူငယ္ခ်င္းႏိုင္ငံျခားသားတစ္ခ်ိဳ႕ဆို ဆိုရွယ္မီဒီယာအေကာင့္ေတာင္မထားၾကတာေတြရွိပါတယ္။ ေဖ့စ္ဘြတ္ကသူ႔တို႔ရဲ႕ကိုယ္ေရးအခ်က္အလက္ေတြ၊ ဓါတ္ပုံေတြရသြားမွာကို မလိုလားလို႔တဲ့။ မယုံၾကည္ႏိုင္လို႔တဲ့။ ထားတဲ့သူေတြကလဲမ်ားေသာအားျဖင့္ သူတို႔ပုံေတြ၊ အခ်က္အလက္ေတြကို လူတိုင္းျမင္ႏိုင္တဲ့ public အေနနဲ႔သိပ္မထားၾကပါဘူး။ မိတ္ေဆြခ်င္းျမင္႐ုံပဲထားၿပီး ကိုယ့္ကိုယ္ကို ကာကြယ္ထားၾကပါတယ္။ ဒါေတာင္ ဆိုက္ဘာရာဇဝတ္မႈေတြက စင္ကာပူတို႔လို၊ ယူေကတို႔လို၊ အေမရိကတို႔လို႔ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာေတာင္ျဖစ္ေနဆဲပါ။ အသက္ႀကီးတဲ့၊ နည္းပညာနဲ႔မရင္းႏွီးတဲ့လူႀကီးေတြက ပိုၿပီးပစ္မွတ္ထားခံရတတ္ပါတယ္။

မီးနဲ႔ကစားသူ
_____________
ဘာေၾကာင့္ဒါေတြ‌ေရးေနရလဲဆိုေတာ့ ႏိုင္ငံတကာမွာလူေတြကဒါမ်ိဳးေတြသိၾကေပမယ့္ ကြၽန္ေတာ္တို႔ႏိုင္ငံကဖြံ႕ၿဖိဳးဆဲျဖစ္လို႔ လူေတြကမသိၾကပါဘူး။ ဖုန္းေတြနဲ႔ေငြလႊဲတာေတြ၊ ဂိမ္းပိုက္ဆံဝယ္တာေတြ၊ ဘဏ္အေကာင့္သုံးတာေတြ စၿပီးတြင္က်ယ္လာၿပီဆိုေတာ့ လူမသမာေတြကမ်က္စိက်လာပါၿပီ။ အသိပညာမရွိရင္ အႏၲရာယ္ရွိလာပါၿပီ။ ဥပမာတစ္ခုျပရရင္ ေဖ့စ္ဘြတ္မွာလဲ ႏိုင္ငံျခားကေလယာဥ္မႉး၊ လုပ္ငန္းရွင္ဆိုၿပီး ပ႐ိုဖိုင္မွာတစ္ျခားလူေတြရဲ႕ပုံေတြသုံး၊ လူေတြကိုအယုံသြင္း၊ လက္ေဆာင္ေပးမယ္ဆိုတဲ့မက္လုံးနဲ႔ ေငြေတြလိမ္ေနတာလူတိုင္းသိၾကမွာပါ။ အဲဒီလူတစ္ေယာက္က လူလိမ္ဆိုတာနာမည္ႀကီးလြန္းေတာ့ ကြၽန္ေတာ့သူငယ္ခ်င္းတစ္ေယာက္ကေဖ့စ္ဘြတ္မွာ အေပ်ာ္သေဘာနဲ႔သူငယ္ခ်င္းသြားလုပ္ထားပါေသးတယ္။ ၿပီးေတာ့ ေပါက္ကရစကားေတြသြားေျပာ၊ ဟိုကျပန္ေျပာထားတာေတြကို screenshot ေတြဖမ္းၿပီးသူ႔အေကာင့္မွာတင္ ခြီဖို႔ဆိုၿပီးတင္တာေတြျမင္ေတာ့ ေတာ္ေတာ္စိတ္မသက္မသာျဖစ္ရပါတယ္။ ဟိုလူက အေတြ႕အႀကဳံမ်ားတဲ့ဝါရင့္လူလိမ္ ဆိုက္ဘာရာဇဝတ္မႈက်ဴးလြန္သူပါ။ သူတစ္ေယာက္ထဲလဲမဟုတ္ႏိုင္ပါ။ အဖြဲ႕အစည္းနဲ႔ ျပည္တြင္းျပည္ပေပါင္းလိမ္တာလဲျဖစ္ႏိုင္ပါတယ္။ကြၽန္ေတာ့သူငယ္ခ်င္း မွာဘာမွဆုံးရႈံးစရာမရွိလို႔ အေရးမႀကီးဘူးလို႔သူထင္ေတာင္ လူလိမ္ကသူ႔အေကာင့္ထဲကလူေတြရဲ႕အခ်က္အလက္ေတြရသြားၿပီး သားေကာင္ရွာဖို႔လြယ္သြားပါတယ္။ သူငယ္ခ်င္းရဲ႕မိဘေဆြမ်ိဳးအသိုင္းအဝိုင္းေတြ၊ သူငယ္ခ်င္းေတြရဲ႕အခ်က္အလက္ေတြကို သူကတဆင့္ယူေတာ့မွာပါ။ ၿပီးေတာ့ ဒီလူလိမ္က ဒီပ႐ိုဖိုင္နဲ႔ဒီနည္းလမ္းပဲသုံးမယ္လို႔ေျပာလို႔မရပါဘူး။ ခုခ်က္ခ်င္းလာမယ္လို႔လဲေျပာလို႔မရပါဘူး။ လေတြ၊ႏွစ္ေတြၾကာတဲ့ထိေစာင့္ၾကည့္ၿပီး တစ္ေယာက္ခ်င္းကိုအမွည့္ေခြၽေခြၽလို႔ရပါတယ္။ဝါရင့္လုပ္စားသူေတြျဖစ္တဲ့အတြက္ အခ်က္အလက္ေတြရရင္ ရသလိုနည္းလမ္းအမ်ိဳးမ်ိဳးသုံးၿပီး သူမ်ားရဲ႕ေငြေၾကး၊ နာမည္ဂုဏ္သတင္းကို ထိခိုက္ေအာင္လုပ္ႏိုင္ပါတယ္။ ဒီအလုပ္ကသူ႔ရဲ႕အသက္ေမြးဝမ္းေၾကာင္းျဖစ္လို႔ ေသခ်ာေပါက္သားေကာင္ရွာမွာပါ။ ကြၽန္ေတာ္တို႔လို႐ိုး႐ိုးသာမန္လူေတာင္ ကိုယ့္ဆီလူတစ္ေယာက္လာၿပီး friend request ပို႔ရင္ေနာက္ေၾကာင္းလိုက္ၾကည့္တတ္ၾကေသးတာမဟုတ္လား။ ေျပာရရင္ ေဖ့စ္ဘြတ္သူငယ္ခ်င္းေတြအမ်ားႀကီးရွိတဲ့ကြၽန္ေတာ့သူငယ္ခ်င္းအတြက္က ရယ္ရ႐ုံထက္မပိုေပမယ့္၊ ဆိုက္ဘာရာဇဝတ္ေကာင္အတြက္ကေတာ့ အခ်က္အလက္ေတြအမ်ားႀကီးပါတဲ့ေ႐ႊအိုးႀကီးရလိုက္သလိုပါ။ ဝတၱရားရွိတဲ့အတိုင္း သူငယ္ခ်င္းကိုကြၽန္ေတာ္သတိေပးလိုက္ေပမယ့္ သူငယ္ခ်င္းက ဆိုက္ဘာရာဇဝတ္မႈတို႔၊ ဆိုက္ဘာလုံၿခဳံေရးသတိ တို႔ဆိုတဲ့ဘာသာရပ္ေတြကိုနားလည္ပုံမရေတာ့ ခပ္ေပါ့ေပါ့ပဲတုံ႔ျပန္ပါတယ္။ ဘာနဲ႔တူလဲဆိုေတာ့ မီးနဲ႔ေဆာ့တဲ့လူလို၊ အဆိပ္ျပင္းတဲ့ေႁမြနဲ႔ကစားတဲ့သူလိုပါ။ သိပ္အႏၲရာယ္ႀကီးပါတယ္။သူကလူလည္မို႔ အလိမ္မခံရေတာင္ သူ႔သူငယ္ခ်င္းစာရင္းထဲက ႐ိုးသားတဲ့လူႀကီးေတြ၊ အေတြ႕အႀကဳံနည္းသူေတြကို အလိမ္ခံရဖို႔၊ ဆိုက္ဘာရာဇဝတ္မႈက်ဴးလြန္တာခံရဖို႔  လူမသမာဆီကိုစာရင္းနဲ႔တကြအခ်က္အလက္ေတြသြားေပးလိုက္သလိုပါပဲ။

ဒီေတာ့ က်န္တဲ့သူေတြသတိထားလို႔ရေအာင္ ကြၽန္ေတာ္ကပဲ  whistle blower (ေမာင္းေၾကးနင္းခတ္သူ) လုပ္ၿပီး သိသေလာက္ေရးလိုက္ပါတယ္။ ဆိုက္ဘာရာဇဝတ္မႈ (Cyber crime) နဲ႔ ဆိုက္ဘာလုံၿခဳံေရးသတိ (Cyber security awareness) နဲ႔ပက္သက္ရင္ အဲဒီနယ္ပယ္ေတြက ကြၽန္ေတာ့ထက္ ပိုသိပိုတတ္တဲ့သူေတြအမ်ားႀကီးရွိလို႔ အေသးစိတ္ကိုေတာ့ သူတို႔ကပဲေရးၾကပါလိမ့္မယ္။ မွားတာရွိရင္လဲသူတို႔ကပဲျပင္ေပးၾကပါလိမ့္မယ္။

ေလ့လာထားသေလာက္၊ သင္ယူထားသေလာက္ထဲက  လိုအပ္မယ္ထင္တဲ့ အျဖစ္မ်ားတဲ့ကိစၥေတြကို ေရးလိုက္ပါတယ္။ လူတိုင္း သတိထားႏိုင္ၾကပါေစ။

ေမာင္ဇိ

#ဆိုက္ဘာရာဇဝတ္မႈ #ဆိုက္ဘာလုံၿခဳံေရးအသိ #MaungZitales #cybersecurityawareness #cybercrime #ေမာင္ဇိ

Friday, December 4, 2020

နော့စ်ဒဏ္ဍာရီက ဘုံကိုးသွယ်နဲ့ ကမ္ဘာသစ်ပင်

နော့စ်ဒဏ္ဍာရီက ဘုံကိုးသွယ်နဲ့ ကမ္ဘာသစ်ပင်
***********************************
အဲဒီသစ်ပင်ကြီးရဲ့နာမည်က Yggdrasil (အီဒရာဆေး ) တဲ့။
 ကြီးမားလွန်းတဲ့သစ်ပင်ကြီးကို ကမ္ဘာ့သစ်ပင်ကြီးလို့လဲခေါ်တယ်။
သူ့ရဲ့ရှည်လျားတဲ့အမြစ်တွေက သက်ရှိတွေနေထိုင်တဲ့ ဘုံသုံးဘုံကိုဆက်သွယ်ထားတယ်။
သစ်ပင်ကြီး ရဲ့အနီးတဝိုက်မှာက စုစုပေါင်း ဘုံ (၉) ဘုံရှိတယ်။

အီဒရာဆေးရဲ့ အမြစ်ကြီးတစ်ခုက နတ်ဘုရားတွေနေထိုင်ရာ Asgard (အော့စ်ဂေါ့) ဘုံကိုသွားပြီး နောက်ထပ်အမြစ်ကြီးတစ်ခုကတော့ လူသားတွေနေထိုင်ရာ Midgard (မစ်ဂေါ့) ကိုထိုးဖောက်ထားတယ်။ Asgard နဲ့ Midgard ကဝေးကွာလွန်းလို့ ဘယ်လူသားမှ ဘုံနှစ်ခုကြားမှာ အကူးအသန်းမလုပ်နိုင်ဘူး။ နတ်ဘုရားတွေကတော့ ဘုံနှစ်ခုကိုဆက်သွယ်ထားတဲ့ အရောင်သုံးရောင်ပါတဲ့ သက်တန့်တံတား Bifrost (ဘီးဖရော့စ်)ကိုသုံးပြီး ကူးလူးနိုင်ကြတယ်။ လူသားတွေနေထိုင်တဲ့  Midgard ဘုံကမ္ဘာဘေးမှာပဲ တောင်တန်းတွေထူထပ်ပြီး နယ်မြေကြမ်းတမ်းတဲ့ဘုံတစ်ခုရှိတယ်။ ကြီးမားထွားကျိုင်းတဲ့လူဘီလူးကြီး (Giant) တွေနေထိုင်တဲ့ ကမ္ဘာ Jotunheim (ယူတွန်ဟိုင်းမ်) တဲ့။ လူသားတွေနေထိုင်တဲ့ Midgard ကစက်ဝိုင်းပုံဖြစ်ပြီးသူ့ကိုတော့ Loki (လိုကီ) ရဲ့ ကလေးတစ်ယောက်ဖြစ်တဲ့ ဧရာမမြွေကြီး Jormungand (ရောမွန်ဂန်ဒရှ်) ကတစ်ပတ်ပြည့်အောင်ဝိုင်းပတ်ထားတယ်။

အီဒရာဆေးရဲ့ အနက်ရှိုင်းဆုံးအမြစ်တစ်ခုက မြူတွေထူ၊ မှောင်မိုက်ပြီး နက်ရှိုင်းတဲ့နေရာမှာရှိတဲ့ Niflheim (နစ်ဖ်ဟိုင်းမ်) ထိ ဆန့်ထွက်ဖြန့်ကျက်နေတယ်။ Niflheim ကရေတွေထဲမှာ နဂါးကြီး Nidhogg (နိဒ်ဟော့ဂ်) နေပြီး ကမ္ဘာသစ်ပင်ကြီးရဲ့အမြစ်ကိုအမြဲဝါးနေလေ့ရှိတယ်။

အဲဒီဘုံလေးဘုံအပြင် အီဒရာဆေးကိုဝန်းရံပြီးနောက်ထပ် ဘုံကမ္ဘာငါးခုရှိသေးတယ်။ လူသားတွေရဲ့ Midgard အောက်တည့်တည့်မှာရှိတဲ့ Svartalfheim (ဆွချ်အယ်ဖာဟိုင်း) သို့မဟုတ် Nidavellir (နီဒါဗယ်လေး) ကမ္ဘာ။ အရင်က ကမ္ဘာနှစ်ခုဖြစ်ခဲ့ရာကနေတစ်ခုတည်းအဖြစ်‌ ဆက်စပ်ပေါင်းစည်းသွားလို့ နာမည်နှစ်ခုရှိနေတာဖြစ်ပြီး အဲဒီမှာ လက်မှုအတတ်၊ ပန်းပဲအတတ်တွေမှာတစ်ဖက်ကမ်းခတ်တော်တဲ့ လူပုကြီးတွေ (Dwarf) တွေနဲ့ မဲနက်တဲ့အသားအရည်ရှိတဲ့ Dark Elf တွေ သတ်သတ်စီနေကြတယ်။

သစ်ပင်ကြီးရဲ့အနီးတဝိုက်မှာ Dark Elf တွေရှိသလို Light Elf တွေလဲရှိပြီး သူတို့က နောက်ထပ်ဘုံကမ္ဘာတစ်ခုမှာနေကြတယ်။ Light Elf တွေက Dark Elf တွေနဲ့ဆန့်ကျင်ဘက် တောက်ပပျိုးပြက်လှပလွန်းသူတွေဖြစ်တယ်။ သူတို့ရဲ့ကိုယ်ရောင်ကိုယ်ဝါကတောက်ပလွန်းလို့ နေမင်းကြီးထက်တောင်ထွန်းတောက်လှပသူတွေလို့ ဆိုစမှတ်ပြုကြတယ်။ ဘုံကိုးဘုံမှာ အလှပဆုံးဖြစ်တဲ့ Light Elf တွေနေတာက Alfheim ( အယ်ဖာဟိုင်းမ်) ဘုံ။

နောက်ထပ်နတ်ဘုရားမျိုးနွယ်တွေနေတဲ့ဘုံတစ်ခုကို Vanaheim (ဗာနာဟိုင်းမ်) လို့ခေါ်တယ်။ အဲဒီမှာ Asgard ကနတ်ဘုရားတွေနဲ့ မကြာမကြာစစ်ခင်းလေ့ရှိကြတဲ့ Vanir (ဗာနီးရ်) နတ်ဘုရားတွေနေတယ်။
Asgard မှာနေတဲ့နတ်ဘုရားတွေကို Aesir (အဲဆီးရ်) နတ်ဘုရားမျိုးနွယ်တွေလို့ခေါ်ပြီး Vanaheim မှာနေတဲ့နတ်ဘုရားမျိုးနွယ်တွေကို Vanir (ဗာနီးရ်) နတ်ဘုရားမျိုးနွယ်တွေလို့ခေါ်ကြတယ်။

ပြီးတော့ သေသူတွေရဲ့ဘုံဖြစ်တဲ့ Helheim (ဟယ်လ်ဟိုင်းမ်) ဘုံ။  Helheim ရဲ့အရှင်သခင်မက Loki ရဲ့သားသမီးသုံးယောက်ထဲကတစ်ယောက်ဖြစ်တဲ့ Hel ဖြစ်ပြီး မြွေကြီး Jormungand နဲ့ ဝံပုလွေကြီး Fenrir တို့နဲ့မောင်နှမတော်တယ်။

နောက်ဆုံးဘုံကတော့ ရှေးအကျဆုံးဘုံဖြစ်တဲ့ Mustpelheim (မွတ်စပယ်ဟိုင်းမ်) ဘုံ။ မီးတွေအမြဲတောက်လောင်ပြီး ချော်ရည်ပူတွေ၊ ပူပြင်းလောင်မြိုက်တဲ့လေတွေနဲ့ပြည့်နေတဲ့အဲဒီဘုံက မီးမိစ္ဆာကောင်ကြီး Surt (ဆာ့တ်) နေတဲ့ဘုံပါ။

ပြန်ချုပ်ရရင်
၁။ Aesir နတ်ဘုရားတွေနေတဲ့ Asgard
၂။ လူသားတွေနေတဲ့ Midgard
၃။ Giant တွေနေတဲ့ Jotunheim
၄။ နဂါးကြီး Nidhogg နေထိုင်ရာ မြူတွေနဲ့ပြည့်နေတဲ့ Niflheim
၅။ Dwarf တွေနဲ့ Dark Elf တွေနေတဲ့ Nidavellir သို့မဟုတ် Svartalfheim
၆။ Light Elf တွေနေတဲ့ Alfheim
၇။ Vanir နတ်ဘုရားတွေနေတဲ့ Vanaheim
၈။ သေပြီးသူတွေနေတဲ့ Helheim
၉။ မီးမိစ္ဆာကြီး Surt ရဲ့အမြဲလောင်မြိုက်နေတဲ့  Mustpelheim
ဆိုတဲ့ ကိုးဘုံ၊ကိုးကမ္ဘာကို ကမ္ဘာသစ်ပင်ကြီး Yggdrasil (အီဒရာဆေး)ကဆက်သွယ်ထားတယ်။

အိုက်စ်လန်၊ နော်ဝေ၊ ဆွီဒင် စတဲ့ဥရောပမြောက်ပိုင်းနိုင်ငံတွေမှာ ရှေးခေတ်ကဗိုက်ကင်းတိုက်ခိုက်ရေးသမားတွေယုံကြည်ခဲ့ကြတဲ့ Norse နတ်ဘုရားတွေအကြောင်းပြောတဲ့အခါ မပါမဖြစ်တဲ့ Yggdrasil (အီဒရာဆေး) ဆိုတဲ့ ကမ္ဘာသစ်ပင်ကြီးအကြောင်းပါ။ အသံထွက်တွေကိုလဲ မူရင်း Norse အသံထွက်တွေနဲ့အနီးစပ်ဆုံးထွက်ပြီးရေးပေးထားပါတယ်။ ရုပ်ရှင်တွေထဲမှာလူသိများပြီးသား၊ ကြားဖူးပြီးသား နာမည်တစ်ချို့ကိုတော့ဖတ်တဲ့သူတွေမှတ်ရအဆင်ပြေ‌အောင် နားစွဲပြီးသားအင်္ဂလိပ်အသံထွက်နဲ့အနီးစပ်ဆုံးပဲ ရေးပေးလိုက်ပါတယ်။
ကမ္ဘာသစ်ပင်နဲ့ Norse နတ်ဘုရားနာမည်တွေ၊ ဘုံကမ္ဘာတွေ၊ နေရာဒေသအမည်တွေအကြောင်း ကြားဖူးနားဝရှိပြီး၊ နည်းနည်းပါးပါးနားလည်ထားရင် နောက်ပိုင်း Norse ဒဏ္ဍာရီတွေဖတ်တဲ့အခါ လွယ်လွယ်ကူကူ အသားကျပြီး နားလည်လွယ်ပါလိမ့်မယ်။

မောင်ဇိ
(Picture : Norse Myths Tales of Odin, Thor, and Loki by Kevin Crossley-Holland)
#MaungZi #Norsemythology #mythology #နောစ့်ဒဏ္ဍာရီ #မောင်ဇိ၏ပုံပြင်များ
=====================================================================

ေနာ့စ္ဒ႑ာရီက ဘုံကိုးသြယ္နဲ႔ ကမာၻသစ္ပင္
***********************************
အဲဒီသစ္ပင္ႀကီးရဲ႕နာမည္က Yggdrasil (အီဒရာေဆး ) တဲ့။
 ႀကီးမားလြန္းတဲ့သစ္ပင္ႀကီးကို ကမာၻ႔သစ္ပင္ႀကီးလို႔လဲေခၚတယ္။
သူ႔ရဲ႕ရွည္လ်ားတဲ့အျမစ္ေတြက သက္ရွိေတြေနထိုင္တဲ့ ဘုံသုံးဘုံကိုဆက္သြယ္ထားတယ္။
သစ္ပင္ႀကီး ရဲ႕အနီးတဝိုက္မွာက စုစုေပါင္း ဘုံ (၉) ဘုံရွိတယ္။

အီဒရာေဆးရဲ႕ အျမစ္ႀကီးတစ္ခုက နတ္ဘုရားေတြေနထိုင္ရာ Asgard (ေအာ့စ္ေဂါ့) ဘုံကိုသြားၿပီး ေနာက္ထပ္အျမစ္ႀကီးတစ္ခုကေတာ့ လူသားေတြေနထိုင္ရာ Midgard (မစ္ေဂါ့) ကိုထိုးေဖာက္ထားတယ္။ Asgard နဲ႔ Midgard ကေဝးကြာလြန္းလို႔ ဘယ္လူသားမွ ဘုံႏွစ္ခုၾကားမွာ အကူးအသန္းမလုပ္ႏိုင္ဘူး။ နတ္ဘုရားေတြကေတာ့ ဘုံႏွစ္ခုကိုဆက္သြယ္ထားတဲ့ အေရာင္သုံးေရာင္ပါတဲ့ သက္တန႔္တံတား Bifrost (ဘီးဖေရာ့စ္)ကိုသုံးၿပီး ကူးလူးႏိုင္ၾကတယ္။ လူသားေတြေနထိုင္တဲ့  Midgard ဘုံကမာၻေဘးမွာပဲ ေတာင္တန္းေတြထူထပ္ၿပီး နယ္ေျမၾကမ္းတမ္းတဲ့ဘုံတစ္ခုရွိတယ္။ ႀကီးမားထြားက်ိဳင္းတဲ့လူဘီလူးႀကီး (Giant) ေတြေနထိုင္တဲ့ ကမာၻ Jotunheim (ယူတြန္ဟိုင္းမ္) တဲ့။ လူသားေတြေနထိုင္တဲ့ Midgard ကစက္ဝိုင္းပုံျဖစ္ၿပီးသူ႔ကိုေတာ့ Loki (လိုကီ) ရဲ႕ ကေလးတစ္ေယာက္ျဖစ္တဲ့ ဧရာမေႁမြႀကီး Jormungand (ေရာမြန္ဂန္ဒရွ္) ကတစ္ပတ္ျပည့္ေအာင္ဝိုင္းပတ္ထားတယ္။

အီဒရာေဆးရဲ႕ အနက္ရႈိင္းဆုံးအျမစ္တစ္ခုက ျမဴေတြထူ၊ ေမွာင္မိုက္ၿပီး နက္ရႈိင္းတဲ့ေနရာမွာရွိတဲ့ Niflheim (နစ္ဖ္ဟိုင္းမ္) ထိ ဆန႔္ထြက္ျဖန႔္က်က္ေနတယ္။ Niflheim ကေရေတြထဲမွာ နဂါးႀကီး Nidhogg (နိဒ္ေဟာ့ဂ္) ေနၿပီး ကမာၻသစ္ပင္ႀကီးရဲ႕အျမစ္ကိုအၿမဲဝါးေနေလ့ရွိတယ္။

အဲဒီဘုံေလးဘုံအျပင္ အီဒရာေဆးကိုဝန္းရံၿပီးေနာက္ထပ္ ဘုံကမာၻငါးခုရွိေသးတယ္။ လူသားေတြရဲ႕ Midgard ေအာက္တည့္တည့္မွာရွိတဲ့ Svartalfheim (ဆြခ်္အယ္ဖာဟိုင္း) သို႔မဟုတ္ Nidavellir (နီဒါဗယ္ေလး) ကမာၻ။ အရင္က ကမာၻႏွစ္ခုျဖစ္ခဲ့ရာကေနတစ္ခုတည္းအျဖစ္‌ ဆက္စပ္ေပါင္းစည္းသြားလို႔ နာမည္ႏွစ္ခုရွိေနတာျဖစ္ၿပီး အဲဒီမွာ လက္မႈအတတ္၊ ပန္းပဲအတတ္ေတြမွာတစ္ဖက္ကမ္းခတ္ေတာ္တဲ့ လူပုႀကီးေတြ (Dwarf) ေတြနဲ႔ မဲနက္တဲ့အသားအရည္ရွိတဲ့ Dark Elf ေတြ သတ္သတ္စီေနၾကတယ္။

သစ္ပင္ႀကီးရဲ႕အနီးတဝိုက္မွာ Dark Elf ေတြရွိသလို Light Elf ေတြလဲရွိၿပီး သူတို႔က ေနာက္ထပ္ဘုံကမာၻတစ္ခုမွာေနၾကတယ္။ Light Elf ေတြက Dark Elf ေတြနဲ႔ဆန႔္က်င္ဘက္ ေတာက္ပပ်ိဳးျပက္လွပလြန္းသူေတြျဖစ္တယ္။ သူတို႔ရဲ႕ကိုယ္ေရာင္ကိုယ္ဝါကေတာက္ပလြန္းလို႔ ေနမင္းႀကီးထက္ေတာင္ထြန္းေတာက္လွပသူေတြလို႔ ဆိုစမွတ္ျပဳၾကတယ္။ ဘုံကိုးဘုံမွာ အလွပဆုံးျဖစ္တဲ့ Light Elf ေတြေနတာက Alfheim ( အယ္ဖာဟိုင္းမ္) ဘုံ။

ေနာက္ထပ္နတ္ဘုရားမ်ိဳးႏြယ္ေတြေနတဲ့ဘုံတစ္ခုကို Vanaheim (ဗာနာဟိုင္းမ္) လို႔ေခၚတယ္။ အဲဒီမွာ Asgard ကနတ္ဘုရားေတြနဲ႔ မၾကာမၾကာစစ္ခင္းေလ့ရွိၾကတဲ့ Vanir (ဗာနီးရ္) နတ္ဘုရားေတြေနတယ္။
Asgard မွာေနတဲ့နတ္ဘုရားေတြကို Aesir (အဲဆီးရ္) နတ္ဘုရားမ်ိဳးႏြယ္ေတြလို႔ေခၚၿပီး Vanaheim မွာေနတဲ့နတ္ဘုရားမ်ိဳးႏြယ္ေတြကို Vanir (ဗာနီးရ္) နတ္ဘုရားမ်ိဳးႏြယ္ေတြလို႔ေခၚၾကတယ္။

ၿပီးေတာ့ ေသသူေတြရဲ႕ဘုံျဖစ္တဲ့ Helheim (ဟယ္လ္ဟိုင္းမ္) ဘုံ။  Helheim ရဲ႕အရွင္သခင္မက Loki ရဲ႕သားသမီးသုံးေယာက္ထဲကတစ္ေယာက္ျဖစ္တဲ့ Hel ျဖစ္ၿပီး ေႁမြႀကီး Jormungand နဲ႔ ဝံပုေလြႀကီး Fenrir တို႔နဲ႔ေမာင္ႏွမေတာ္တယ္။

ေနာက္ဆုံးဘုံကေတာ့ ေရွးအက်ဆုံးဘုံျဖစ္တဲ့ Mustpelheim (မြတ္စပယ္ဟိုင္းမ္) ဘုံ။ မီးေတြအၿမဲေတာက္ေလာင္ၿပီး ေခ်ာ္ရည္ပူေတြ၊ ပူျပင္းေလာင္ၿမိဳက္တဲ့ေလေတြနဲ႔ျပည့္ေနတဲ့အဲဒီဘုံက မီးမိစာၦေကာင္ႀကီး Surt (ဆာ့တ္) ေနတဲ့ဘုံပါ။

ျပန္ခ်ဳပ္ရရင္
၁။ Aesir နတ္ဘုရားေတြေနတဲ့ Asgard
၂။ လူသားေတြေနတဲ့ Midgard
၃။ Giant ေတြေနတဲ့ Jotunheim
၄။ နဂါးႀကီး Nidhogg ေနထိုင္ရာ ျမဴေတြနဲ႔ျပည့္ေနတဲ့ Niflheim
၅။ Dwarf ေတြနဲ႔ Dark Elf ေတြေနတဲ့ Nidavellir သို႔မဟုတ္ Svartalfheim
၆။ Light Elf ေတြေနတဲ့ Alfheim
၇။ Vanir နတ္ဘုရားေတြေနတဲ့ Vanaheim
၈။ ေသၿပီးသူေတြေနတဲ့ Helheim
၉။ မီးမိစာၦႀကီး Surt ရဲ႕အၿမဲေလာင္ၿမိဳက္ေနတဲ့  Mustpelheim
ဆိုတဲ့ ကိုးဘုံ၊ကိုးကမာၻကို ကမာၻသစ္ပင္ႀကီး Yggdrasil (အီဒရာေဆး)ကဆက္သြယ္ထားတယ္။

အိုက္စ္လန္၊ ေနာ္ေဝ၊ ဆြီဒင္ စတဲ့ဥေရာပေျမာက္ပိုင္းႏိုင္ငံေတြမွာ ေရွးေခတ္ကဗိုက္ကင္းတိုက္ခိုက္ေရးသမားေတြယုံၾကည္ခဲ့ၾကတဲ့ Norse နတ္ဘုရားေတြအေၾကာင္းေျပာတဲ့အခါ မပါမျဖစ္တဲ့ Yggdrasil (အီဒရာေဆး) ဆိုတဲ့ ကမာၻသစ္ပင္ႀကီးအေၾကာင္းပါ။ အသံထြက္ေတြကိုလဲ မူရင္း Norse အသံထြက္ေတြနဲ႔အနီးစပ္ဆုံးထြက္ၿပီးေရးေပးထားပါတယ္။ ႐ုပ္ရွင္ေတြထဲမွာလူသိမ်ားၿပီးသား၊ ၾကားဖူးၿပီးသား နာမည္တစ္ခ်ိဳ႕ကိုေတာ့ဖတ္တဲ့သူေတြမွတ္ရအဆင္ေျပ‌ေအာင္ နားစြဲၿပီးသားအဂၤလိပ္အသံထြက္နဲ႔အနီးစပ္ဆုံးပဲ ေရးေပးလိုက္ပါတယ္။
ကမာၻသစ္ပင္နဲ႔ Norse နတ္ဘုရားနာမည္ေတြ၊ ဘုံကမာၻေတြ၊ ေနရာေဒသအမည္ေတြအေၾကာင္း ၾကားဖူးနားဝရွိၿပီး၊ နည္းနည္းပါးပါးနားလည္ထားရင္ ေနာက္ပိုင္း Norse ဒ႑ာရီေတြဖတ္တဲ့အခါ လြယ္လြယ္ကူကူ အသားက်ၿပီး နားလည္လြယ္ပါလိမ့္မယ္။

ေမာင္ဇိ
(Picture : Norse Myths Tales of Odin, Thor, and Loki by Kevin Crossley-Holland)
#MaungZi #Norsemythology #mythology #ေနာစ့္ဒ႑ာရီ #ေမာင္ဇိ၏ပုံျပင္မ်ား



Friday, November 27, 2020

မိန်ရာသီခွင် (Pisces) သင်္ကေတ ငါးနှစ်ကောင်၏ဇာစ်မြစ်

 မိန်ရာသီခွင် (Pisces) သင်္ကေတ ငါးနှစ်ကောင်၏ဇာစ်မြစ်
*****************************************
မိန်ရာသီခွင် (Pisces) ရဲ့သင်္ကေတက အမြီးမှာကြိုးချည်ထားတဲ့ ငါးနှစ်ကောင်ပုံပါ။ ကောင်းကင်မှာရှိတဲ့ မိန်ရာသီနက္ခတ်ကိုကြည့်လိုက်ရင် ငါးနှစ်ကောင်ပုံကိုတွေ့ရမှာဖြစ်ပြီး တစ်ကောင်နဲ့တစ်ကောင်ကိုကြိုးတစ်ချောင်းနဲ့ဆက်သွယ်ထားသလိုတွေ့ရမှာဖြစ်တယ်လို့ဆိုပါတယ်။ သူ့ရဲ့နောက်ခံဇာတ်လမ်းကတော့ တစ်ခြားနက္ခတ်တွေလိုအများကြီးမရှိပဲ ဇာတ်လမ်းတစ်ခုထဲကိုပဲ မူကွဲနည်းနည်းနဲ့သာရှိပါတယ်။
ဂရိနဲ့ရောမဒဏ္ဍာရီလာ ဇာတ်လမ်းပေါ့။

ဂရိဒဏ္ဍာရီလာ မိန်ရာသီခွင်၏ သင်္ကေတ
******************************
အိုလံပစ်တောင်မှာစိုးစံတဲ့ နတ်ဘုရင် Zeus (ဇူးစ်) ကို နတ်ဘုရားအားလုံးရဲ့မိခင်ဖြစ်သူ ကမ္ဘာမြေကိုကိုယ်စားပြုတဲ့ Gaia (ဂိုင်းယာ) ကမကျေနပ်ပါဘူး။ အဓိကအကြောင်းရင်းကတော့ သူ့သားတွေဖြစ်တဲ့ တိုက်တန်နတ်ဘုရားတွေကို Zeus က ကမ္ဘာမြေရဲ့အနက်ရှိုင်းဆုံးဖြစ်တဲ့ မြေအောက်ကမ္ဘာက Tartarus ( တားတရက်စ်) မှာချုပ်နှောင်ထားလို့ပါ။

ဇာတ်ကြောင်းပြန်ရရင်တော့ စကြဝဠာကိုပိုင်စိုးတဲ့ Cronus (ခရိုးနပ်စ်) ဦးဆောင်တဲ့တိုက်တန်နတ်ဘုရားတွေကို Zeus ခေါင်းဆောင်တဲ့အိုလံပီရန်နတ်ဘုရားတွေက ပုန်ကန်ရာကနေစပါတယ်။ ဆယ်နှစ်ကျော်စစ်ပွဲကြီးဖြစ်ပြီးတဲ့နောက် တိုက်တန်တွေအရေးနိမ့်ပြီး အနိုင်ရသူအိုလံပီရန်တွေရဲ့ပြစ်ဒဏ်ပေးခြင်းကိုခံရပါတယ်။ အဲဒီကမှ Cronus နဲ့ တိုက်တန်တစ်ချို့ကို မြေအောက်ကမ္ဘာရဲ့ Tartarus မှာ ထာဝရချုပ်နှောင်ထားခြင်းဖြင့် Zeus  ကအပြစ်ပေးခဲ့ပါတယ်။ တိုက်တန်တွေရဲ့မိခင်ကြီးဖြစ်တဲ့ Gaia ကတော့ သူ့သားတွေကိုမြေအောက်ကမ္ဘာမှာချုပ်နှောင်ထားလို့ မကျေလည်ပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ နတ်ဘုရင် Zeus ကိုပြန်လက်စားချေဖို့အတွက် မိစ္ဆာသတ္တဝါတွေအားလုံးရဲ့ ဘိုးအေကြီးဖြစ်တဲ့ Typhon (တိုင်ဖွန်) ကိုဖန်တီးမွေးဖွားပြီး အိုလံပစ်တောင်ကိုတိုက်ခိုက်စေပါတော့တယ်။

Typhon ကလူ့ကိုယ်ခန္ဓာအပေါ်ပိုင်းနဲ့မြွေတစ်ကောင်ရဲ့အောက်ပိုင်းကိုပေါင်းစပ်ထားတဲ့ ပုံမျိုးရှိပြီး သူ့လက်ချောင်းတွေကလဲ မြွေဆိုးမြွေဟောက်ပေါင်းတစ်ရာလောက်နဲ့လုပ်ထားတာပါ။ ချွန်တဲ့နားရွက်တွေ၊ နှစ်ခုသောဦးချို၊ ရှည်လျားတဲ့မုတ်ဆိတ်၊ မီးဝင်းဝင်းတောက်တဲ့မျက်လုံးတွေနဲ့ မီးတောက်မီးလျှံတွေကိုထုတ်လွှတ်နိုင်တဲ့ အာခံတွင်းကိုပိုင်ဆိုင်ပါတယ်။ ကိုယ်ပေါ်မှာလဲတောင်ပံပေါင်းတစ်ရာရှိပါတယ်။
သူ့အရပ်ကလဲ ကြယ်တာရာတွေကိုထိမတတ်မြင့်မားပြီး ခွန်အားကြီးမားရုံမက ကြမ်းတမ်းရက်စက်တယ်လို့လဲဆိုတယ်။

အိုလံပစ်တောင်ကိုတိုက်ခိုက်ဖို့လာနေတဲ့
Typhon ကို လူကိုယ်နဲ့ဆိတ်ခြေထောက်တွေရှိတဲ့ ဆိတ်နတ် Pan (ပန်) ကအရင်ဆုံးမြင်ပြီး Typhon လက်ကလွတ်ဖို့ မြစ်ထဲခုန်ချ၊ ငါးတစ်ကောင်ပုံပြောင်းပြီး ပြေးပါတယ်။ ဆိတ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းမှာငါးအမြီးပါတဲ့ ဆိတ်နတ်Pan ပြောင်းလိုက်တဲ့ပုံက မကာရရာသီခွင် (Capricorn) ရဲ့သင်္ကေတတစ်ခုလဲဖြစ်တယ်လို့ တစ်ချို့ဒဏ္ဍာရီမှာ ဆိုထားပါသေးတယ်(Capricorn အကြောင်းမှာပါ)။

အိုလံပစ်တောင်မှာရှိတဲ့ တစ်ခြားနတ်ဘုရားတော်တော်များများလဲ Typhon ရန်ကလွတ်ဖို့ထွက်ပြေးကြရပါတယ်တဲ့။ အလှအပနဲ့ဖိုမအချစ်တို့ရဲ့နတ်ဘုရားမဖြစ်တဲ့ Aphrodite အဖရိုဒိုက်တီ (ရောမအခေါ်  Venus) နဲ့ သူ့သားတော်လေးဖြစ်တဲ့ ကျောပေါ်မှာတောင်ပံလေးနှစ်ဖက်ပါတဲ့မြှားနတ်မောင် Ero အီရို ( ရောမအခေါ် Cupid) တို့ဟာလဲ ပြေးကြရတဲ့နတ်ဘုရားတွေမှာအပါအဝင်ပေါ့။ သားအမိနှစ်ယောက်ပြေးလာလိုက်ကြတာ နောက်ဆုံးမှာ မြစ်ကမ်းတစ်ခုကိုရောက်လာကြသတဲ့။ နောက်က Typhon ရဲ့ရန်ကိုလဲကြောက်ရ၊ ရှေ့မှာလဲမြစ်နဲ့ဖြစ်နေချိန်မှာ မြစ်ထဲကနေ ငါး‌လေးနှစ်ကောင်ပေါ်လာပြီး Aphrodite နဲ့ Ero တို့ကိုတစ်ယောက်စီကျောပေါ်မှာတင်၊ ရေထဲမှာကူးခတ်သွားလို့ Typhon လက်ကလွတ်အောင် ကယ်ဆယ်ခဲ့ကြပါတယ်တဲ့။ တစ်ချို့ဒဏ္ဍာရီတွေမှာတော့  ငါးကလေးတွေနည်းလမ်းပြတဲ့အတိုင်း Aphrodite နဲ့ Ero ကိုယ်တိုင်ငါးပုံစံပြောင်း၊ တစ်ယောက်နဲ့တစ်ယောက်မကွဲအောင် အမြီးတွေမှာကြိုးနဲ့ချည်ပြီး မြစ်ထဲမှာကူးခတ်ပြေးတယ်လို့လဲ ပြောကြပါတယ်။

Typhon ကိုနှိမ်နင်းနိုင်ပြီးတဲ့နောက် အရာရာအေးချမ်းသွားချိန်မှာတော့ Aphrodite နဲ့ Ero တို့ကိုကယ်တင်ခဲ့တဲ့ ငါးလေးနှစ်ကောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ နတ်ဘုရားတွေက ကောင်းကင်မှာ အမြီးနှစ်ခုကို ကြိုးတစ်ချာင်းနဲ့ဆက်သွယ်ထားတဲ့ငါးနှစ်ကောင်ပုံနက္ခတ်တစ်ခုကို ဖန်ဆင်းပေးလိုက်ပါသတဲ့။
အဲဒီနက္ခတ်ကတော့ မိန်ရာသီခွင် (Pisces) ရဲ့သင်္ကေတ ငါးနှစ်ကောင်ပုံပါပဲ။

မောင်ဇိ
#ရာသီခွင်ဇာတ်လမ်း #မောင်ဇိ #မောင်ဇိ၏ပုံပြင်များ #မိန်ရာသီ #MaungZi #MaungZitales #Myth #Mythology #Horoscope #Pisces

======================================================================

မိန္ရာသီခြင္ (Pisces) သေကၤတ ငါးႏွစ္ေကာင္၏ဇာစ္ျမစ္
*****************************************
မိန္ရာသီခြင္ (Pisces) ရဲ႕သေကၤတက အၿမီးမွာႀကိဳးခ်ည္ထားတဲ့ ငါးႏွစ္ေကာင္ပုံပါ။ ေကာင္းကင္မွာရွိတဲ့ မိန္ရာသီနကၡတ္ကိုၾကည့္လိုက္ရင္ ငါးႏွစ္ေကာင္ပုံကိုေတြ႕ရမွာျဖစ္ၿပီး တစ္ေကာင္နဲ႔တစ္ေကာင္ကိုႀကိဳးတစ္ေခ်ာင္းနဲ႔ဆက္သြယ္ထားသလိုေတြ႕ရမွာျဖစ္တယ္လို႔ဆိုပါတယ္။ သူ႔ရဲ႕ေနာက္ခံဇာတ္လမ္းကေတာ့ တစ္ျခားနကၡတ္ေတြလိုအမ်ားႀကီးမရွိပဲ ဇာတ္လမ္းတစ္ခုထဲကိုပဲ မူကြဲနည္းနည္းနဲ႔သာရွိပါတယ္။
ဂရိနဲ႔ေရာမဒ႑ာရီလာ ဇာတ္လမ္းေပါ့။

ဂရိဒ႑ာရီလာ မိန္ရာသီခြင္၏ သေကၤတ
******************************
အိုလံပစ္ေတာင္မွာစိုးစံတဲ့ နတ္ဘုရင္ Zeus (ဇူးစ္) ကို နတ္ဘုရားအားလုံးရဲ႕မိခင္ျဖစ္သူ ကမာၻေျမကိုကိုယ္စားျပဳတဲ့ Gaia (ဂိုင္းယာ) ကမေက်နပ္ပါဘူး။ အဓိကအေၾကာင္းရင္းကေတာ့ သူ႔သားေတြျဖစ္တဲ့ တိုက္တန္နတ္ဘုရားေတြကို Zeus က ကမာၻေျမရဲ႕အနက္ရႈိင္းဆုံးျဖစ္တဲ့ ေျမေအာက္ကမာၻက Tartarus ( တားတရက္စ္) မွာခ်ဳပ္ေႏွာင္ထားလို႔ပါ။

ဇာတ္ေၾကာင္းျပန္ရရင္ေတာ့ စၾကဝဠာကိုပိုင္စိုးတဲ့ Cronus (ခ႐ိုးနပ္စ္) ဦးေဆာင္တဲ့တိုက္တန္နတ္ဘုရားေတြကို Zeus ေခါင္းေဆာင္တဲ့အိုလံပီရန္နတ္ဘုရားေတြက ပုန္ကန္ရာကေနစပါတယ္။ ဆယ္ႏွစ္ေက်ာ္စစ္ပြဲႀကီးျဖစ္ၿပီးတဲ့ေနာက္ တိုက္တန္ေတြအေရးနိမ့္ၿပီး အႏိုင္ရသူအိုလံပီရန္ေတြရဲ႕ျပစ္ဒဏ္ေပးျခင္းကိုခံရပါတယ္။ အဲဒီကမွ Cronus နဲ႔ တိုက္တန္တစ္ခ်ိဳ႕ကို ေျမေအာက္ကမာၻရဲ႕ Tartarus မွာ ထာဝရခ်ဳပ္ေႏွာင္ထားျခင္းျဖင့္ Zeus  ကအျပစ္ေပးခဲ့ပါတယ္။ တိုက္တန္ေတြရဲ႕မိခင္ႀကီးျဖစ္တဲ့ Gaia ကေတာ့ သူ႔သားေတြကိုေျမေအာက္ကမာၻမွာခ်ဳပ္ေႏွာင္ထားလို႔ မေက်လည္ပါဘူး။ ဒီလိုနဲ႔ တစ္ေန႔မွာေတာ့ နတ္ဘုရင္ Zeus ကိုျပန္လက္စားေခ်ဖို႔အတြက္ မိစာၦသတၱဝါေတြအားလုံးရဲ႕ ဘိုးေအႀကီးျဖစ္တဲ့ Typhon (တိုင္ဖြန္) ကိုဖန္တီးေမြးဖြားၿပီး အိုလံပစ္ေတာင္ကိုတိုက္ခိုက္ေစပါေတာ့တယ္။

Typhon ကလူ႔ကိုယ္ခႏၶာအေပၚပိုင္းနဲ႔ေႁမြတစ္ေကာင္ရဲ႕ေအာက္ပိုင္းကိုေပါင္းစပ္ထားတဲ့ ပုံမ်ိဳးရွိၿပီး သူ႔လက္ေခ်ာင္းေတြကလဲ ေႁမြဆိုးေႁမြေဟာက္ေပါင္းတစ္ရာေလာက္နဲ႔လုပ္ထားတာပါ။ ခြၽန္တဲ့နား႐ြက္ေတြ၊ ႏွစ္ခုေသာဦးခ်ိဳ၊ ရွည္လ်ားတဲ့မုတ္ဆိတ္၊ မီးဝင္းဝင္းေတာက္တဲ့မ်က္လုံးေတြနဲ႔ မီးေတာက္မီးလွ်ံေတြကိုထုတ္လႊတ္ႏိုင္တဲ့ အာခံတြင္းကိုပိုင္ဆိုင္ပါတယ္။ ကိုယ္ေပၚမွာလဲေတာင္ပံေပါင္းတစ္ရာရွိပါတယ္။
သူ႔အရပ္ကလဲ ၾကယ္တာရာေတြကိုထိမတတ္ျမင့္မားၿပီး ခြန္အားႀကီးမား႐ုံမက ၾကမ္းတမ္းရက္စက္တယ္လို႔လဲဆိုတယ္။

အိုလံပစ္ေတာင္ကိုတိုက္ခိုက္ဖို႔လာေနတဲ့
Typhon ကို လူကိုယ္နဲ႔ဆိတ္ေျခေထာက္ေတြရွိတဲ့ ဆိတ္နတ္ Pan (ပန္) ကအရင္ဆုံးျမင္ၿပီး Typhon လက္ကလြတ္ဖို႔ ျမစ္ထဲခုန္ခ်၊ ငါးတစ္ေကာင္ပုံေျပာင္းၿပီး ေျပးပါတယ္။ ဆိတ္အေပၚပိုင္းနဲ႔ ေအာက္ပိုင္းမွာငါးအၿမီးပါတဲ့ ဆိတ္နတ္Pan ေျပာင္းလိုက္တဲ့ပုံက မကာရရာသီခြင္ (Capricorn) ရဲ႕သေကၤတတစ္ခုလဲျဖစ္တယ္လို႔ တစ္ခ်ိဳ႕ဒ႑ာရီမွာ ဆိုထားပါေသးတယ္(Capricorn အေၾကာင္းမွာပါ)။

အိုလံပစ္ေတာင္မွာရွိတဲ့ တစ္ျခားနတ္ဘုရားေတာ္ေတာ္မ်ားမ်ားလဲ Typhon ရန္ကလြတ္ဖို႔ထြက္ေျပးၾကရပါတယ္တဲ့။ အလွအပနဲ႔ဖိုမအခ်စ္တို႔ရဲ႕နတ္ဘုရားမျဖစ္တဲ့ Aphrodite အဖ႐ိုဒိုက္တီ (ေရာမအေခၚ  Venus) နဲ႔ သူ႔သားေတာ္ေလးျဖစ္တဲ့ ေက်ာေပၚမွာေတာင္ပံေလးႏွစ္ဖက္ပါတဲ့ျမႇားနတ္ေမာင္ Ero အီ႐ို ( ေရာမအေခၚ Cupid) တို႔ဟာလဲ ေျပးၾကရတဲ့နတ္ဘုရားေတြမွာအပါအဝင္ေပါ့။ သားအမိႏွစ္ေယာက္ေျပးလာလိုက္ၾကတာ ေနာက္ဆုံးမွာ ျမစ္ကမ္းတစ္ခုကိုေရာက္လာၾကသတဲ့။ ေနာက္က Typhon ရဲ႕ရန္ကိုလဲေၾကာက္ရ၊ ေရွ႕မွာလဲျမစ္နဲ႔ျဖစ္ေနခ်ိန္မွာ ျမစ္ထဲကေန ငါး‌ေလးႏွစ္ေကာင္ေပၚလာၿပီး Aphrodite နဲ႔ Ero တို႔ကိုတစ္ေယာက္စီေက်ာေပၚမွာတင္၊ ေရထဲမွာကူးခတ္သြားလို႔ Typhon လက္ကလြတ္ေအာင္ ကယ္ဆယ္ခဲ့ၾကပါတယ္တဲ့။ တစ္ခ်ိဳ႕ဒ႑ာရီေတြမွာေတာ့  ငါးကေလးေတြနည္းလမ္းျပတဲ့အတိုင္း Aphrodite နဲ႔ Ero ကိုယ္တိုင္ငါးပုံစံေျပာင္း၊ တစ္ေယာက္နဲ႔တစ္ေယာက္မကြဲေအာင္ အၿမီးေတြမွာႀကိဳးနဲ႔ခ်ည္ၿပီး ျမစ္ထဲမွာကူးခတ္ေျပးတယ္လို႔လဲ ေျပာၾကပါတယ္။

Typhon ကိုႏွိမ္နင္းႏိုင္ၿပီးတဲ့ေနာက္ အရာရာေအးခ်မ္းသြားခ်ိန္မွာေတာ့ Aphrodite နဲ႔ Ero တို႔ကိုကယ္တင္ခဲ့တဲ့ ငါးေလးႏွစ္ေကာင္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ နတ္ဘုရားေတြက ေကာင္းကင္မွာ အၿမီးႏွစ္ခုကို ႀကိဳးတစ္ခ်ာင္းနဲ႔ဆက္သြယ္ထားတဲ့ငါးႏွစ္ေကာင္ပုံနကၡတ္တစ္ခုကို ဖန္ဆင္းေပးလိုက္ပါသတဲ့။
အဲဒီနကၡတ္ကေတာ့ မိန္ရာသီခြင္ (Pisces) ရဲ႕သေကၤတ ငါးႏွစ္ေကာင္ပုံပါပဲ။

ေမာင္ဇိ
#ရာသီခြင္ဇာတ္လမ္း #ေမာင္ဇိ #ေမာင္ဇိ၏ပုံျပင္မ်ား #မိန္ရာသီ #MaungZi #MaungZitales #Myth #Mythology #Horoscope #Pisces



လူနာတစ်ယောက်ကိုခွဲစိတ်ရာက လူသုံးယောက်ကို သေစေခဲ့သူ

 လူနာတစ်ယောက်ကိုခွဲစိတ်ရာက လူသုံးယောက်ကို သေစေခဲ့သူ
**********************************************
ခွဲစိတ်ခံရဖို့လိုအပ်တဲ့သူတစ်ယောက်ကိုခွဲစိတ်အောင်မြင်ပြီး လူနာအသက်ရှင်သွားရင် အောင်မြင်မှု ၁၀၀ ရာနှုန်းလို့ခေါ်တယ်ဆိုပါတော့၊ လူနာသေသွားတယ်ဆိုရင် သေနှုန်း ၁၀၀ ရာခိုင်နှုန်းပေါ့။ ဒါပေမယ့် ထူးထူးခြားခြား သေနှုန်း ၃၀၀ ရာခိုင်နှုန်းဖြစ်အောင် အစွမ်းပြခွဲစိတ်ခဲ့တဲ့ ဆရာဝန်တစ်ယောက်ရှိခဲ့ဖူးပါတယ်။
(တစ်ကယ်ကတော့ သေဆုံးနှုန်း Mortality rate ကိုတွက်တဲ့ပုံသေနည်းသက်သက်ရှိပါတယ်။ ထားပါတော့)

သူ့နာမည်က ဒေါက်တာ ရောဘတ်လစ်(စ်)တန် (Robert Liston) ပါတဲ့။ စကော့လူမျိုးတစ်ယောက်ဖြစ်တဲ့ လစ်(စ်)တန်က အနောက်တိုင်းမှာ ဓါးအမြန်ဆုံးခွဲစိတ်ဆရာဝန်အဖြစ်ထင်ရှားပါတယ်။ သူဆရာဝန်ဖြစ်ခဲ့တဲ့ ၁၈၂၀ ဝန်းကျင်ကာလတွေမှာ ထုံဆေးတို့၊ မေ့ဆေးတို့မပေါ်သေးပါဘူး (အဲဒီအချိန်က မြန်မာပြည်မှာ ကုန်းဘောင်မင်းဆက် ဘိုးတော်ဘုရားရဲ့မြေးတော်၊ ဘကြီးတော်ဘုရားလက်ထက်လောက်ပါ)။ ဒီတော့ လူ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ခွဲစိတ်ဖြတ်တောက်ချင်ရင် ဒီအတိုင်း လူနာကိုဝိုင်းချုပ်ထားပြီး အမြန်ဆုံးပြီးအောင်ခွဲစိတ်ဖြတ်တောက်ရပါတယ်။ မြန်မြန်ပြီးလေ၊ လူနာဝေဒနာခံစားရချိန်ကနည်းလေမို့လို့ပါ။ ထုံဆေးကတော့ ၁၈၈၄ ခုနှစ်လောက်ရောက်မှ ကိုကိန်းကနေ တရားဝင်စထုတ်လုပ်နိုင်တယ်လို့ဆိုပါတယ်။

လစ်(စ်)တန်ကလူနာတွေကို မိနစ်ပိုင်းအတွင်းမှာခွဲစိတ်ဖြတ်တောက်နိုင်သူအဖြစ် ထင်ရှားတယ်။ အကျော်ကြားဆုံး ခွဲစိတ်မှုကတော့ လူနာတစ်ယောက်ရဲ့ခြေထောက်ကို ၂ မိနစ်ခွဲအတွင်းခွဲစိတ်ဖြတ်တောက်လိုက်တဲ့ ခွဲစိတ်မှုပါ။ အမြန်ခွဲစိတ်ရတဲ့အတွက် ရုန်းကန်အော်ဟစ်နေတဲ့ လူနာရဲ့ခြေထောက်ကိုကိုင်ထားတဲ့ သူ့လက်ထောက်ရဲ့ လက်ချောင်းတွေကိုပါမှားဖြတ်လိုက်ပါတယ်။ အဲဒါတင်မပြီးသေးပါဘူး။ ဘေးကရပ်ကြည့်နေတဲ့ တစ်ခြားခွဲစိတ်ဆရာဝန်အိုကြီးတစ်ယောက်ရဲ့ကုတ်အင်္ကျီအနားသတ်ကိုပါ ဓါးနဲထိုးခွဲမိပါသေးတယ်။ ကုတ်အင်္ကျီစုတ်ပြဲသွားတဲ့ ဆရာဝန်က သွေးတွေနဲ့ပေရေပြီး ပြဲနေတဲ့သူ့အင်္ကျီကိုမြင်ချိန်မှာ သူပါဓါးချက်မိသွားပြီထင်လို့ လန့်ဖျပ်ပြီးမေ့လဲရာကနေ နှလုံးခုန်ရပ်ပြီးအသက်ပါ ပါသွားရှာသတဲ့။ ခြေထောက်ဖြတ်လူနာနဲ့ လက်ချောင်းပြတ်သွားတဲ့ လစ်(စ်)တန်ရဲ့လက်ထောက်ကလဲ ဒဏ်ရာတွေကနေပိုးဝင်ရာက မကြာခင်ပဲဆေးရုံပေါ်မှာဆုံးပါးသွားကြပါတော့တယ်။ ဒါနဲ့ပဲ လူနာသေဆုံးနှုန်း ၃၀၀ ရာခိုင်နှုန်းရှိတဲ့ဆရာဝန်အနေနဲ့နာမည်ကြီးတော့တာ ဒီခေတ်ထိပါပဲ။

ပြီးတော့မပြီးသေးပါဘူး။
သူ့ရဲ့နောက်ထပ်နာမည်ကြီးတဲ့ ခွဲစိတ်မှုတစ်ခုလဲရှိပါသေးတယ်။ အဲဒီမှာကတော့ လူနာရဲ့ခြေထောက်ကို ၂မိနစ်ခွဲအတွင်း ခွဲစိတ်ဖြတ်တောက်လိုက်နိုင်ပေမယ့် အလျင်လိုနေတာနဲ့ စိတ်လှုပ်ရှားပြီး လူနာရဲ့ဝှေးစေ့တွေကိုပါ ဖြတ်ထုတ်လိုက်မိတာပါတဲ့။

လစ်(စ်)တန်အနေနဲ့လဲ ဒီနေ့ခေတ်ထိအဲလိုမျိုးကြီးနာမည်ကြီးနေတာတော့ကြိုက်မယ်မထင်ပါဘူး။ ဒါပေမယ့်လဲ ဒီအဖြစ်အပျက်တွေကမှတ်တမ်းအနေနဲ့ကျန်ခဲ့တာဆိုတော့ ဖတ်မိတဲ့မောင်ဇိလဲ မောင်ဇိရဲ့မိတ်ဆွေတွေကိုပြန်ပြီးဖောက်သည်ချလိုက်ပါတယ်။ ထုံဆေးတွေ၊မေ့ဆေးတွေကောင်းလာတဲ့ ဒီဘက်ခေတ်မှာလူလာဖြစ်ရတာ ကံကောင်းတယ်လို့မှတ်ကြပေါ့ဗျာ။ ။

မောင်ဇိ
(Weird History ဖေ့စ်ဘွတ်ပေ့ချ်ကနေ အနံ့ရလို့ အင်တာနက်မှာတစ်ခြားအသေးစိတ်အချက်အလက်တွေပြန်ရှာပြီး ရေးပါတယ်)
#MaungZitales  #history  #သမိုင်း  #မောင်ဇိ၏ပုံပြင်များ #ရောက်တတ်ရာရာ
===================================================================

လူနာတစ္ေယာက္ကိုခြဲစိတ္ရာက လူသုံးေယာက္ကို ေသေစခဲ့သူ
**********************************************
ခြဲစိတ္ခံရဖို႔လိုအပ္တဲ့သူတစ္ေယာက္ကိုခြဲစိတ္ေအာင္ျမင္ၿပီး လူနာအသက္ရွင္သြားရင္ ေအာင္ျမင္မႈ ၁၀၀ ရာႏႈန္းလို႔ေခၚတယ္ဆိုပါေတာ့၊ လူနာေသသြားတယ္ဆိုရင္ ေသႏႈန္း ၁၀၀ ရာခိုင္ႏႈန္းေပါ့။ ဒါေပမယ့္ ထူးထူးျခားျခား ေသႏႈန္း ၃၀၀ ရာခိုင္ႏႈန္းျဖစ္ေအာင္ အစြမ္းျပခြဲစိတ္ခဲ့တဲ့ ဆရာဝန္တစ္ေယာက္ရွိခဲ့ဖူးပါတယ္။
(တစ္ကယ္ကေတာ့ ေသဆုံးႏႈန္း Mortality rate ကိုတြက္တဲ့ပုံေသနည္းသက္သက္ရွိပါတယ္။ ထားပါေတာ့)

သူ႔နာမည္က ေဒါက္တာ ေရာဘတ္လစ္(စ္)တန္ (Robert Liston) ပါတဲ့။ စေကာ့လူမ်ိဳးတစ္ေယာက္ျဖစ္တဲ့ လစ္(စ္)တန္က အေနာက္တိုင္းမွာ ဓါးအျမန္ဆုံးခြဲစိတ္ဆရာဝန္အျဖစ္ထင္ရွားပါတယ္။ သူဆရာဝန္ျဖစ္ခဲ့တဲ့ ၁၈၂၀ ဝန္းက်င္ကာလေတြမွာ ထုံေဆးတို႔၊ ေမ့ေဆးတို႔မေပၚေသးပါဘူး (အဲဒီအခ်ိန္က ျမန္မာျပည္မွာ ကုန္းေဘာင္မင္းဆက္ ဘိုးေတာ္ဘုရားရဲ႕ေျမးေတာ္၊ ဘႀကီးေတာ္ဘုရားလက္ထက္ေလာက္ပါ)။ ဒီေတာ့ လူ႔ကိုယ္ခႏၶာအစိတ္အပိုင္းေတြကို ခြဲစိတ္ျဖတ္ေတာက္ခ်င္ရင္ ဒီအတိုင္း လူနာကိုဝိုင္းခ်ဳပ္ထားၿပီး အျမန္ဆုံးၿပီးေအာင္ခြဲစိတ္ျဖတ္ေတာက္ရပါတယ္။ ျမန္ျမန္ၿပီးေလ၊ လူနာေဝဒနာခံစားရခ်ိန္ကနည္းေလမို႔လို႔ပါ။ ထုံေဆးကေတာ့ ၁၈၈၄ ခုႏွစ္ေလာက္ေရာက္မွ ကိုကိန္းကေန တရားဝင္စထုတ္လုပ္ႏိုင္တယ္လို႔ဆိုပါတယ္။

လစ္(စ္)တန္ကလူနာေတြကို မိနစ္ပိုင္းအတြင္းမွာခြဲစိတ္ျဖတ္ေတာက္ႏိုင္သူအျဖစ္ ထင္ရွားတယ္။ အေက်ာ္ၾကားဆုံး ခြဲစိတ္မႈကေတာ့ လူနာတစ္ေယာက္ရဲ႕ေျခေထာက္ကို ၂ မိနစ္ခြဲအတြင္းခြဲစိတ္ျဖတ္ေတာက္လိုက္တဲ့ ခြဲစိတ္မႈပါ။ အျမန္ခြဲစိတ္ရတဲ့အတြက္ ႐ုန္းကန္ေအာ္ဟစ္ေနတဲ့ လူနာရဲ႕ေျခေထာက္ကိုကိုင္ထားတဲ့ သူ႔လက္ေထာက္ရဲ႕ လက္ေခ်ာင္းေတြကိုပါမွားျဖတ္လိုက္ပါတယ္။ အဲဒါတင္မၿပီးေသးပါဘူး။ ေဘးကရပ္ၾကည့္ေနတဲ့ တစ္ျခားခြဲစိတ္ဆရာဝန္အိုႀကီးတစ္ေယာက္ရဲ႕ကုတ္အက်ႌအနားသတ္ကိုပါ ဓါးနဲထိုးခြဲမိပါေသးတယ္။ ကုတ္အက်ႌစုတ္ၿပဲသြားတဲ့ ဆရာဝန္က ေသြးေတြနဲ႔ေပေရၿပီး ၿပဲေနတဲ့သူ႔အက်ႌကိုျမင္ခ်ိန္မွာ သူပါဓါးခ်က္မိသြားၿပီထင္လို႔ လန႔္ဖ်ပ္ၿပီးေမ့လဲရာကေန ႏွလုံးခုန္ရပ္ၿပီးအသက္ပါ ပါသြားရွာသတဲ့။ ေျခေထာက္ျဖတ္လူနာနဲ႔ လက္ေခ်ာင္းျပတ္သြားတဲ့ လစ္(စ္)တန္ရဲ႕လက္ေထာက္ကလဲ ဒဏ္ရာေတြကေနပိုးဝင္ရာက မၾကာခင္ပဲေဆး႐ုံေပၚမွာဆုံးပါးသြားၾကပါေတာ့တယ္။ ဒါနဲ႔ပဲ လူနာေသဆုံးႏႈန္း ၃၀၀ ရာခိုင္ႏႈန္းရွိတဲ့ဆရာဝန္အေနနဲ႔နာမည္ႀကီးေတာ့တာ ဒီေခတ္ထိပါပဲ။

ၿပီးေတာ့မၿပီးေသးပါဘူး။
သူ႔ရဲ႕ေနာက္ထပ္နာမည္ႀကီးတဲ့ ခြဲစိတ္မႈတစ္ခုလဲရွိပါေသးတယ္။ အဲဒီမွာကေတာ့ လူနာရဲ႕ေျခေထာက္ကို ၂မိနစ္ခြဲအတြင္း ခြဲစိတ္ျဖတ္ေတာက္လိုက္ႏိုင္ေပမယ့္ အလ်င္လိုေနတာနဲ႔ စိတ္လႈပ္ရွားၿပီး လူနာရဲ႕ေဝွးေစ့ေတြကိုပါ ျဖတ္ထုတ္လိုက္မိတာပါတဲ့။

လစ္(စ္)တန္အေနနဲ႔လဲ ဒီေန႔ေခတ္ထိအဲလိုမ်ိဳးႀကီးနာမည္ႀကီးေနတာေတာ့ႀကိဳက္မယ္မထင္ပါဘူး။ ဒါေပမယ့္လဲ ဒီအျဖစ္အပ်က္ေတြကမွတ္တမ္းအေနနဲ႔က်န္ခဲ့တာဆိုေတာ့ ဖတ္မိတဲ့ေမာင္ဇိလဲ ေမာင္ဇိရဲ႕မိတ္ေဆြေတြကိုျပန္ၿပီးေဖာက္သည္ခ်လိုက္ပါတယ္။ ထုံေဆးေတြ၊ေမ့ေဆးေတြေကာင္းလာတဲ့ ဒီဘက္ေခတ္မွာလူလာျဖစ္ရတာ ကံေကာင္းတယ္လို႔မွတ္ၾကေပါ့ဗ်ာ။ ။

ေမာင္ဇိ
(Weird History ေဖ့စ္ဘြတ္ေပ့ခ်္ကေန အနံ႔ရလို႔ အင္တာနက္မွာတစ္ျခားအေသးစိတ္အခ်က္အလက္ေတြျပန္ရွာၿပီး ေရးပါတယ္)
#MaungZitales  #history  #သမိုင္း  #ေမာင္ဇိ၏ပုံျပင္မ်ား #ေရာက္တတ္ရာရာ