Saturday, October 31, 2020

ပြိဿရာသီခွင် (Taurus) သင်္ကေတ နွားသိုး၏ဇာစ်မြစ်

 ပြိဿရာသီခွင် (Taurus) သင်္ကေတ နွားသိုး၏ဇာစ်မြစ်
***************************************
ပြိဿရာသီခွင်ရဲ့ကြယ်တာရာစုက နွားသိုးပုံနက္ခတ်ဖြစ်ပြီး လူတွေသိမှတ်ခဲ့ကြတဲ့ထဲက အစောဆုံးနက္ခတ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်။ ဘီစီ ၁၅၀၀၀ လောက်ကတည်းက ကျောက်ဂူနံရံပန်းချီတွေမှာဆွဲထားတဲ့နွားသိုးပုံတွေဟာ ပြိဿနက္ခတ်နဲ့ ဆက်စပ်သက်ဆိုင်လိမ့်မယ်လို့လဲ ထင်မှတ်ခဲ့ကြတယ်။ ဘေဘီလုံခေတ်နက္ခတ်တာရာပညာရပ်ကနေ ဒီကြယ်တာရာစုကို "The Bull of Heaven" ကောင်းကင်ဘုံက နွားသိုး လို့စပြီးခေါ်ဝေါ်သတ်မှတ်ခဲ့တဲ့အချိန်ကစပြီးတော့ပေါ့။
နွားသိုး (သို့မဟုတ်) နွားထီး (သို့မဟုတ်) နွား သင်္ကေတနဲ့ပက်သက်တဲ့ ဇာတ်လမ်းသုံးပုဒ်ရှိတယ်။ ပထမတစ်ခုက ဘေဘီလုံခေတ်မတိုင်ခင် ဆူမီးရီးရန်းဒဏ္ဍာရီထဲကဖြစ်ပြီး နောက်နှစ်ခုကတော့ ဂရိဒဏ္ဍာရီကပါ။

ဆူမီးရီးရန်းဒဏ္ဍာရီလာ ပြိဿနက္ခတ်၏သင်္ကေတ
************************************
ဒီဇာတ်လမ်းက ရှေးခေတ်ဆူမီးရီးရန်းဒဏ္ဍာရီမှာထင်ရှားခဲ့တဲ့ သူရဲကောင်းဘုရင် Gilgamesh နဲ့ သူ့အခင်ဆုံးမိတ်ဆွေဖြစ်သူEnkiduတို့  မှော်ခြင်္သေ့ကြီး Humbaba ကို နေနတ်ဘုရား Utu ရဲ့အကူအညီနဲ့သတ်ဖြတ်နှိမ်နင်းပြီးပြန်လာတဲ့အချိန်ကစတယ် (Leo နက္ခတ်အကြောင်းမှာပါ)။

မြို့တော် Uruk ကိုမဝင်ခင်မှာ ညစ်ပတ်စုတ်ပြတ်နေတဲ့အဝတ်ဟောင်းတွေကိုစွန့်ပြီး ရေချိုး၊ခေါင်းလျှော်၊ ဝတ်ရုံသစ်ဝတ်၊ သရဖူဆောင်းနေတဲ့ ဘုရင်Gilgamesh ကို သူ့နတ်ကွန်းကနေလှမ်းကြည့်နေတဲ့ နတ်ဘုရားမ Innana ခေါ် အချစ်နတ်သမီး Ishtar ( Virgo နက္ခတ်အကြောင်းမှာပါ) ကသဘောကျသွားသတဲ့။ ဘုရင်ကြီးကို သူ့ခင်ပွန်းအဖြစ်ပေါင်းသင်းနေထိုင်ဖို့ကမ်းလှမ်းတဲ့အခါ နတ်ဘုရားမငြီးငွေ့သွားချိန်ရောက်ရင် တစ်နည်းနည်းနဲ့ဒုက္ခပေးခြင်းခံရတဲ့ အရင်ခင်ပွန်းတွေအကြောင်းပြောပြီး ဘုရင် Gilgamesh ကငြင်းလိုက်တယ်။
ဒီမှာတင် အမျက်ထွက်သွားတဲ့ နတ်ဘုရားမက ဘုရင်ကသူ့ကိုဂုဏ်သိက္ခာကျဆင်းအောင်လုပ်တဲ့အကြောင်း သူ့အဖေဖြစ်တဲ့နတ်ဘုရား Anu ကိုသွားတိုင်ပြီး Gilgamesh ရဲ့Uruk မြို့ရှိရာကို ကောင်းကင်ဘုံကနွားသိုး "Bull of heaven" လွှတ်ပြီးတိုက်ခိုက်စေဖို့ တောင်းဆိုပါတော့တယ်။ ကောင်းကင်ဘုံကနွားသိုးကိုလွှတ်လိုက်ရင် ခုနစ်နှစ်တိတိ မြေပေါ်မှာ ကောက်ပဲသီးနှံတွေဖြစ်ထွန်းခြင်းမရှိတော့မှာမို့ လှပတဲ့ Uruk မြို့ဟာလဲအစာရေစာပြတ်လတ်ပြီးပျက်စီးသွားမှာဖြစ်တယ်။ ခုချိန်မှာနတ်ဆရာတွေရဲ့ပူဇော်ပသမှုနဲ့ ကောင်းမွန်ဆူဖြိုးနေတဲ့ ကောက်ပဲသီးနှံတွေကိုရရှိနေတဲ့နတ်ဘုရား Anu က နတ်ဘုရားမ Ishtar ရဲ့တောင်းဆိုချက်ကိုမလိုက်လျောပါဘူး။ ဒီတော့ Ishtar ကခုနစ်နှစ်စာသီးနှံတွေကို Uruk မြို့ကစပါးကျည်တွေမှာ ဖြည့်ဆီးသိုလှောင်ထားပြီးဖြစ်ကြောင်းသူ့အဖေကိုပြောရုံမက
တောင်းဆိုချက်ကိုမလိုက်လျောရင် လူသေတွေကိုပြန်ပြီးနိုးထစေတဲ့အထိ ငယ်သံပါအောင်အော်လိုက်ပြီး၊ နိုးထလာတဲ့သေရွာပြန်တွေကလဲ သက်ရှိတွေကိုစားသောက်ပစ်တာတွေဖြစ်စေမယ်လို့ ခြိမ်းခြောက်တယ်။
မတတ်သာတဲ့အဆုံးမှာတော့ နတ်ဘုရား Anu က Ishtar တောင်းဆိုတဲ့အတိုင်း ကောင်းကင်ဘုံရဲ့နွားသိုးကိုခဏပေးလိုက်ရ‌တော့တယ်။

Ishtar ကနွားသိုးကိုမြို့နားကမြစ်ရှိရာကိုစေလွှတ်လိုက်တယ်။
နွားသိုးခွာရှပ်လိုက်တဲ့အခါ မြေကြီးတုန်သွားပြီး မြေပြင်ပေါ်မှာအက်ကြောင်းကြီးပေါ်လာလို့ Uruk မြို့မှာနေတဲ့လူငယ် တစ်ရာဟာ အက်ကြောင်းထဲကိုကျသွားတယ်။
နွားသိုးက နှာမှုတ်လိုက်တဲ့အခါမှာတော့ ပိုပြင်းထန်တဲ့ငလျင်လှုပ်သွားပြီး ဒီတစ်ခါပေါ်လာတဲ့ ပိုကြီးတဲ့အက်ကြောင်းထဲကိုတော့ လူငယ်နှစ်ရာပြုတ်ကျသွားတယ်။
ဒီအချိန်မှာပဲ Gilgamesh ရဲ့ရောင်းရင်းဖြစ်သူ Enkidu ရောက်လာပြီး နွားသိုးနဲ့တိုက်ခိုက်တော့တယ်။ နွားသိုးနဲ့ခက်ခက်ခဲခဲရင်ဆိုင်နေရတဲ့ Enkidu ရှိရာကို မြို့ထဲကဘုရင် Gilgamesh ထွက်လာပြီးကူတယ်။
အဆုံးသတ်မှာတော့ Enkidu ကနွားသိုးကိုချုပ်ထားချိန်မှာ Gilgamesh က နွားသိုးရဲ့နှလုံးသားရှိရာကိုဓါးနဲ့ထိုးလိုက်ပြီး နွားသိုးကိုသတ်ဖြတ်လိုက်ခြင်းနဲ့ အောင်ပွဲရယူလိုက်ကြတယ်။
နွားသိုးရဲ့အသားကို ခုတ်ထစ်ပြီးချက်ပြုတ်စားသောက်ကြရုံမက Enkidu ကနွားပေါင်တစ်ဖက်နဲ့ Ishtar ကိုလှမ်းပစ်ပြီးဆဲရေးတိုင်းထွာလိုက်သေးတယ်။
ကောင်းကင်ဘုံရဲ့နွားသိုးသေသွားတဲ့အတွက် Anu အပါအဝင်နတ်ဘုရားတွေဟာ စည်းဝေးတိုင်ပင်ကြပြီး Gilgamesh နဲ့ Enkidu တို့နှစ်ယောက်အနက်တစ်ယောက်သေရမယ်လို့ဆုံးဖြတ်လိုက်ကြတယ်။
အဲဒီနောက်မှာတော့ ရောဂါဖြစ်ပြီး Enkidu တစ်ယောက်ဆုံးပါးသွားခဲ့တယ်။
သူ့အချစ်ဆုံးမိတ်ဆွေ Enkidu သေဆုံးသွားတဲ့အခါ Gilgamesh အတွက်ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ရပြီးငိုကြွေးရင်းကပဲ သူကိုယ်တိုင်လဲသေခြင်းတရားကိုကြောက်ရွံ့သွားခဲ့တယ်။
ဒါနဲ့ပဲ သူ့ရဲ့နောက်ထပ်စွန့်စားခန်းတစ်ခုဖြစ်တဲ့ မြေအောက်ကမ္ဘာကိုသွားပြီးမသေခြင်းတရားရှာတဲ့ ဇာတ်လမ်းတစ်ခုပေါ်လာတော့တယ် (Scorpio နက္ခတ်အကြောင်းတွင်ပါ)။
ဒါကတော့ ဆူမီးရီးရန်းဒဏ္ဍာရီမှာပါသ‌လောက် ကောင်းကင်ဘုံကနွားသိုး အကြောင်းပေါ့။

ဂရိဒဏ္ဍာရီလာ ပြိဿနက္ခတ်၏သင်္ကေတ (၁)
******************************
ဒီဇာတ်လမ်းကတော့ ချောမောလှပတဲ့မင်းသမီးလေး Europa နဲ့ စတယ်။
Phoenicia ဘုရင်ကြီး Agenor ရဲ့သမီးတော်မင်းသမီးလေးက တစ်ရက်မှာ အဖော်အပေါင်းတွေနဲ့အတူ ကမ်းခြေတစ်ခုမှာဆော့ကစားနေခဲ့တယ်တဲ့။
ဒါကို နတ်ဘုရင်Zeus ကမြင်သွားတဲ့အခါမှာ မင်းသမီးလေးကိုကြိုက်နှစ်သက်သွားပြီး ဆွတ်ဆွတ်ဖြူတဲ့နွားသိုးတစ်ကောင်သဏ္ဍာန်ဖန်ဆင်းလို့ မင်းသမီးလေးရှိတဲ့ကမ်းခြေမှာသွားနေသတဲ့။
လှပတဲ့နွားသိုးအဖြူရောင်ကိုမြင်ရချိန်မှာ မင်းသမီးလေးဟာမနေနိုင်ပဲအနားကိုသွားကြည့်ပါရော။
ဒူးထောက်ပြီးဝပ်နေတဲ့၊ လူကိုချစ်ခင်ပုံရတဲ့နွားသိုးရဲ့ကျောပေါ်ကိုတက်ထိုင်ကြည့်လိုက်ချိန်မှာတော့ နွားသိုးတစ်ဖြစ်လဲ Zeus က မင်းသမီးလေးကိုကျောပေါ်တင်ပြီးရေထဲဆင်းပြေးတော့တယ်။
ပြီးတော့ ပင်လယ်ထဲကနေရေကူးပြီး Crete ကျွန်းကိုသွားခဲ့တယ်။
ကျွန်းပေါ်မှာမင်းသမီးလေးနဲ့ သင့်မြတ်ပြီး Minos, Rhadamanthus, နဲ့ Sarpedon ဆိုတဲ့သားသုံးယောက်ထွန်းကားခဲ့ပါသတဲ့။
အဲဒီထဲကမှ Minos က Crete ကျွန်းရဲ့ဘုရင်ဖြစ်လာခဲ့ပြီး တရားဥပဒေတွေထုတ်တာကျွမ်းကျင်လွန်းလို့ ကွယ်လွန်ချိန်မှာတောင် မြေအောက်ကမ္ဘာက Hades ရဲ့တရားသူကြီးတစ်ယောက်ဖြစ်လာခဲ့ပါသေးတယ်။
ဂရိလူမျိုးတွေက ကောင်းကင်ပေါ်က ပြိဿရဲ့ နွားသိုးပုံနက္ခတ်ဟာ ဒီဇာတ်လမ်းထဲက နွားသိုးကိုကိုယ်စားပြုတယ်လို့ ယုံကြည်ကြပါတယ်။

ဂရိဒဏ္ဍာရီလာ ပြိဿနက္ခတ်၏သင်္ကေတ (၂)
**********************************
ဒါကတော့ နောက်ထပ်ဂရိတွေယုံကြည်ကြတဲ့ ပြိဿနက္ခတ်နဲ့ ပက်သက်တဲ့ဇာတ်လမ်းတစ်ခုပါ။
ဒီ ဒဏ္ဍာရီမှာတော့ နွားသိုးမဟုတ်ပဲ နွားပျိုမလေး ဖြစ်နေတာကိုတွေ့ရမှာပါ။

ပွေလီလှတဲ့ နတ်ဘုရင် Zeus ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းတစ်ခုပေါ့။
နတ်ဘုရင် Zeus  ကသူ့ရဲ့ချစ်သူတစ်ဦးဖြစ်တဲ့ Io နဲ့တွေ့နေချိန်မှာ မိဖုရားကြီးဖြစ်သူ Hera ရောက်ချလာတယ်။
ဒါပေမယ့် Hera  မရောက်ခင်လေးမှာပဲ Zeus က Io ကိုလှပတဲ့နွားပျိုမလေးတစ်ကောင်အဖြစ်အချိန်မီအသွင်ပြောင်းလိုက်နိုင်ပါသတဲ့။
မသင်္ကာတဲ့ Hera က Zeus ဆီကနေ ချောမောဖြူဖွေးတဲ့နွားပျိုမလေးကိုတောင်းယူလိုက်ပြီး၊ နွားပျိုမလေး Io ကို မျက်လုံးပေါင်းတစ်ရာရှိတဲ့ လူ့ဘီလူးကြီး Argus ရဲ့အစောင့်အရှောက်အောက်မှာ စောင့်ကြည့်ထားရုံမက လွတ်မြောက်သွားချိန်မှာလဲ ဘယ်ကိုပြေးပြေး မှက်တစ်ကောင်နဲ့ အဆက်မပြတ်လိုက်လံကိုက်ခဲနေစေခြင်းနဲ့ လက်စားချေနှိပ်စက်ခဲ့တယ်။
နောက်ဆုံးတစ်နေ့မှာ နွားဖြူမလေးIo အီဂျစ်ပြည်ကိုရောက်သွားပြီး လူသားမိန်းကလေးအဖြစ် Zeus ရဲ့အသွင်ပြောင်းပေးခြင်းကို ပြန်ခံရတဲ့အချိန်ထိပါပဲ။
 Zeus နဲ့ Io တို့ရတဲ့ကလေးတစ်ယောက်ကတော့ နောင်တစ်ချိန်မှာ အီဂျစ်ပြည်ရဲ့ ဘုရင်တစ်ပါးဖြစ်လာခဲ့တယ်တဲ့။
တစ်ချို့စာတွေမှာတော့ ပြိဿရာသီရဲ့ သ‌င်္ကေကတနွားရုပ်ဟာ လုံမငယ် Io ရဲ့ နွားဖြူမလေးအဖြစ်အသွင်ပြောင်းခံထားရချိန်ကို ကိုယ်စားပြုတယ်လို့ဆိုပါတယ်။

အပေါ်မှာရေးခဲ့တဲ့ ဆူမီးရီးရန်းဒဏ္ဍာရီတစ်ပုဒ်နဲ့ ဂရိဒဏ္ဍာရီနှစ်ပုဒ်က  ပြိဿရာသီ (Taurus) နက္ခတ်ရဲ့ နိမိတ်ပုံသင်္ကေတဖြစ်တဲ့ နွားသိုးပုံနဲ့ပက်သက်ဆက်စပ်လို့ လူသိများတဲ့ဇာတ်လမ်းလေးတွေပါပဲ။
လူမျိုးအလိုက်၊ ဒဏ္ဍာရီအလိုက် နွားသိုးပုံသင်္ကေတရဲ့နောက်ခံဇာတ်လမ်းလေးတွေကွဲပြားတာတွေ့ရမှာပါ။
အင်တာနက်ကနေဖတ်ထားတဲ့ဇာတ်လမ်းတွေကနေ ပြိဿရဲ့သင်္ကေတနဲ့ပက်သက်တဲ့ဒဏ္ဍာရီတွေကို စုစည်းပြီး နားလည်လွယ်အောင် ပြန်ရေးထားပါတယ်။

မောင်ဇိ
 #ရာသီခွင်ဇာတ်လမ်း #မောင်ဇိ #မောင်ဇိ၏ပုံပြင်များ #ပြိဿ #MaungZi #MaungZitales #Myth #Mythology #Horoscope #Taurus

=================================================================

ၿပိႆရာသီခြင္ (Taurus) သေကၤတ ႏြားသိုး၏ဇာစ္ျမစ္
***************************************
ၿပိႆရာသီခြင္ရဲ႕ၾကယ္တာရာစုက ႏြားသိုးပုံနကၡတ္ျဖစ္ၿပီး လူေတြသိမွတ္ခဲ့ၾကတဲ့ထဲက အေစာဆုံးနကၡတ္ေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္တယ္။ ဘီစီ ၁၅၀၀၀ ေလာက္ကတည္းက ေက်ာက္ဂူနံရံပန္းခ်ီေတြမွာဆြဲထားတဲ့ႏြားသိုးပုံေတြဟာ ၿပိႆနကၡတ္နဲ႔ ဆက္စပ္သက္ဆိုင္လိမ့္မယ္လို႔လဲ ထင္မွတ္ခဲ့ၾကတယ္။ ေဘဘီလုံေခတ္နကၡတ္တာရာပညာရပ္ကေန ဒီၾကယ္တာရာစုကို "The Bull of Heaven" ေကာင္းကင္ဘုံက ႏြားသိုး လို႔စၿပီးေခၚေဝၚသတ္မွတ္ခဲ့တဲ့အခ်ိန္ကစၿပီးေတာ့ေပါ့။
ႏြားသိုး (သို႔မဟုတ္) ႏြားထီး (သို႔မဟုတ္) ႏြား သေကၤတနဲ႔ပက္သက္တဲ့ ဇာတ္လမ္းသုံးပုဒ္ရွိတယ္။ ပထမတစ္ခုက ေဘဘီလုံေခတ္မတိုင္ခင္ ဆူမီးရီးရန္းဒ႑ာရီထဲကျဖစ္ၿပီး ေနာက္ႏွစ္ခုကေတာ့ ဂရိဒ႑ာရီကပါ။

ဆူမီးရီးရန္းဒ႑ာရီလာ ၿပိႆနကၡတ္၏သေကၤတ
************************************
ဒီဇာတ္လမ္းက ေရွးေခတ္ဆူမီးရီးရန္းဒ႑ာရီမွာထင္ရွားခဲ့တဲ့ သူရဲေကာင္းဘုရင္ Gilgamesh နဲ႔ သူ႔အခင္ဆုံးမိတ္ေဆြျဖစ္သူEnkiduတို႔  ေမွာ္ျခေသၤ့ႀကီး Humbaba ကို ေနနတ္ဘုရား Utu ရဲ႕အကူအညီနဲ႔သတ္ျဖတ္ႏွိမ္နင္းၿပီးျပန္လာတဲ့အခ်ိန္ကစတယ္ (Leo နကၡတ္အေၾကာင္းမွာပါ)။

ၿမိဳ႕ေတာ္ Uruk ကိုမဝင္ခင္မွာ ညစ္ပတ္စုတ္ျပတ္ေနတဲ့အဝတ္ေဟာင္းေတြကိုစြန႔္ၿပီး ေရခ်ိဳး၊ေခါင္းေလွ်ာ္၊ ဝတ္႐ုံသစ္ဝတ္၊ သရဖူေဆာင္းေနတဲ့ ဘုရင္Gilgamesh ကို သူ႔နတ္ကြန္းကေနလွမ္းၾကည့္ေနတဲ့ နတ္ဘုရားမ Innana ေခၚ အခ်စ္နတ္သမီး Ishtar ( Virgo နကၡတ္အေၾကာင္းမွာပါ) ကသေဘာက်သြားသတဲ့။ ဘုရင္ႀကီးကို သူ႔ခင္ပြန္းအျဖစ္ေပါင္းသင္းေနထိုင္ဖို႔ကမ္းလွမ္းတဲ့အခါ နတ္ဘုရားမၿငီးေငြ႕သြားခ်ိန္ေရာက္ရင္ တစ္နည္းနည္းနဲ႔ဒုကၡေပးျခင္းခံရတဲ့ အရင္ခင္ပြန္းေတြအေၾကာင္းေျပာၿပီး ဘုရင္ Gilgamesh ကျငင္းလိုက္တယ္။
ဒီမွာတင္ အမ်က္ထြက္သြားတဲ့ နတ္ဘုရားမက ဘုရင္ကသူ႔ကိုဂုဏ္သိကၡာက်ဆင္းေအာင္လုပ္တဲ့အေၾကာင္း သူ႔အေဖျဖစ္တဲ့နတ္ဘုရား Anu ကိုသြားတိုင္ၿပီး Gilgamesh ရဲ႕Uruk ၿမိဳ႕ရွိရာကို ေကာင္းကင္ဘုံကႏြားသိုး "Bull of heaven" လႊတ္ၿပီးတိုက္ခိုက္ေစဖို႔ ေတာင္းဆိုပါေတာ့တယ္။ ေကာင္းကင္ဘုံကႏြားသိုးကိုလႊတ္လိုက္ရင္ ခုနစ္ႏွစ္တိတိ ေျမေပၚမွာ ေကာက္ပဲသီးႏွံေတြျဖစ္ထြန္းျခင္းမရွိေတာ့မွာမို႔ လွပတဲ့ Uruk ၿမိဳ႕ဟာလဲအစာေရစာျပတ္လတ္ၿပီးပ်က္စီးသြားမွာျဖစ္တယ္။ ခုခ်ိန္မွာနတ္ဆရာေတြရဲ႕ပူေဇာ္ပသမႈနဲ႔ ေကာင္းမြန္ဆူၿဖိဳးေနတဲ့ ေကာက္ပဲသီးႏွံေတြကိုရရွိေနတဲ့နတ္ဘုရား Anu က နတ္ဘုရားမ Ishtar ရဲ႕ေတာင္းဆိုခ်က္ကိုမလိုက္ေလ်ာပါဘူး။ ဒီေတာ့ Ishtar ကခုနစ္ႏွစ္စာသီးႏွံေတြကို Uruk ၿမိဳ႕ကစပါးက်ည္ေတြမွာ ျဖည့္ဆီးသိုေလွာင္ထားၿပီးျဖစ္ေၾကာင္းသူ႔အေဖကိုေျပာ႐ုံမက
ေတာင္းဆိုခ်က္ကိုမလိုက္ေလ်ာရင္ လူေသေတြကိုျပန္ၿပီးႏိုးထေစတဲ့အထိ ငယ္သံပါေအာင္ေအာ္လိုက္ၿပီး၊ ႏိုးထလာတဲ့ေသ႐ြာျပန္ေတြကလဲ သက္ရွိေတြကိုစားေသာက္ပစ္တာေတြျဖစ္ေစမယ္လို႔ ၿခိမ္းေျခာက္တယ္။
မတတ္သာတဲ့အဆုံးမွာေတာ့ နတ္ဘုရား Anu က Ishtar ေတာင္းဆိုတဲ့အတိုင္း ေကာင္းကင္ဘုံရဲ႕ႏြားသိုးကိုခဏေပးလိုက္ရ‌ေတာ့တယ္။

Ishtar ကႏြားသိုးကိုၿမိဳ႕နားကျမစ္ရွိရာကိုေစလႊတ္လိုက္တယ္။
ႏြားသိုးခြာရွပ္လိုက္တဲ့အခါ ေျမႀကီးတုန္သြားၿပီး ေျမျပင္ေပၚမွာအက္ေၾကာင္းႀကီးေပၚလာလို႔ Uruk ၿမိဳ႕မွာေနတဲ့လူငယ္ တစ္ရာဟာ အက္ေၾကာင္းထဲကိုက်သြားတယ္။
ႏြားသိုးက ႏွာမႈတ္လိုက္တဲ့အခါမွာေတာ့ ပိုျပင္းထန္တဲ့ငလ်င္လႈပ္သြားၿပီး ဒီတစ္ခါေပၚလာတဲ့ ပိုႀကီးတဲ့အက္ေၾကာင္းထဲကိုေတာ့ လူငယ္ႏွစ္ရာျပဳတ္က်သြားတယ္။
ဒီအခ်ိန္မွာပဲ Gilgamesh ရဲ႕ေရာင္းရင္းျဖစ္သူ Enkidu ေရာက္လာၿပီး ႏြားသိုးနဲ႔တိုက္ခိုက္ေတာ့တယ္။ ႏြားသိုးနဲ႔ခက္ခက္ခဲခဲရင္ဆိုင္ေနရတဲ့ Enkidu ရွိရာကို ၿမိဳ႕ထဲကဘုရင္ Gilgamesh ထြက္လာၿပီးကူတယ္။
အဆုံးသတ္မွာေတာ့ Enkidu ကႏြားသိုးကိုခ်ဳပ္ထားခ်ိန္မွာ Gilgamesh က ႏြားသိုးရဲ႕ႏွလုံးသားရွိရာကိုဓါးနဲ႔ထိုးလိုက္ၿပီး ႏြားသိုးကိုသတ္ျဖတ္လိုက္ျခင္းနဲ႔ ေအာင္ပြဲရယူလိုက္ၾကတယ္။
ႏြားသိုးရဲ႕အသားကို ခုတ္ထစ္ၿပီးခ်က္ျပဳတ္စားေသာက္ၾက႐ုံမက Enkidu ကႏြားေပါင္တစ္ဖက္နဲ႔ Ishtar ကိုလွမ္းပစ္ၿပီးဆဲေရးတိုင္းထြာလိုက္ေသးတယ္။
ေကာင္းကင္ဘုံရဲ႕ႏြားသိုးေသသြားတဲ့အတြက္ Anu အပါအဝင္နတ္ဘုရားေတြဟာ စည္းေဝးတိုင္ပင္ၾကၿပီး Gilgamesh နဲ႔ Enkidu တို႔ႏွစ္ေယာက္အနက္တစ္ေယာက္ေသရမယ္လို႔ဆုံးျဖတ္လိုက္ၾကတယ္။
အဲဒီေနာက္မွာေတာ့ ေရာဂါျဖစ္ၿပီး Enkidu တစ္ေယာက္ဆုံးပါးသြားခဲ့တယ္။
သူ႔အခ်စ္ဆုံးမိတ္ေဆြ Enkidu ေသဆုံးသြားတဲ့အခါ Gilgamesh အတြက္ေျဖမဆည္ႏိုင္ေအာင္ျဖစ္ခဲ့ရၿပီးငိုေႂကြးရင္းကပဲ သူကိုယ္တိုင္လဲေသျခင္းတရားကိုေၾကာက္႐ြံ႕သြားခဲ့တယ္။
ဒါနဲ႔ပဲ သူ႔ရဲ႕ေနာက္ထပ္စြန႔္စားခန္းတစ္ခုျဖစ္တဲ့ ေျမေအာက္ကမာၻကိုသြားၿပီးမေသျခင္းတရားရွာတဲ့ ဇာတ္လမ္းတစ္ခုေပၚလာေတာ့တယ္ (Scorpio နကၡတ္အေၾကာင္းတြင္ပါ)။
ဒါကေတာ့ ဆူမီးရီးရန္းဒ႑ာရီမွာပါသ‌ေလာက္ ေကာင္းကင္ဘုံကႏြားသိုး အေၾကာင္းေပါ့။

ဂရိဒ႑ာရီလာ ၿပိႆနကၡတ္၏သေကၤတ (၁)
******************************
ဒီဇာတ္လမ္းကေတာ့ ေခ်ာေမာလွပတဲ့မင္းသမီးေလး Europa နဲ႔ စတယ္။
Phoenicia ဘုရင္ႀကီး Agenor ရဲ႕သမီးေတာ္မင္းသမီးေလးက တစ္ရက္မွာ အေဖာ္အေပါင္းေတြနဲ႔အတူ ကမ္းေျခတစ္ခုမွာေဆာ့ကစားေနခဲ့တယ္တဲ့။
ဒါကို နတ္ဘုရင္Zeus ကျမင္သြားတဲ့အခါမွာ မင္းသမီးေလးကိုႀကိဳက္ႏွစ္သက္သြားၿပီး ဆြတ္ဆြတ္ျဖဴတဲ့ႏြားသိုးတစ္ေကာင္သ႑ာန္ဖန္ဆင္းလို႔ မင္းသမီးေလးရွိတဲ့ကမ္းေျခမွာသြားေနသတဲ့။
လွပတဲ့ႏြားသိုးအျဖဴေရာင္ကိုျမင္ရခ်ိန္မွာ မင္းသမီးေလးဟာမေနႏိုင္ပဲအနားကိုသြားၾကည့္ပါေရာ။
ဒူးေထာက္ၿပီးဝပ္ေနတဲ့၊ လူကိုခ်စ္ခင္ပုံရတဲ့ႏြားသိုးရဲ႕ေက်ာေပၚကိုတက္ထိုင္ၾကည့္လိုက္ခ်ိန္မွာေတာ့ ႏြားသိုးတစ္ျဖစ္လဲ Zeus က မင္းသမီးေလးကိုေက်ာေပၚတင္ၿပီးေရထဲဆင္းေျပးေတာ့တယ္။
ၿပီးေတာ့ ပင္လယ္ထဲကေနေရကူးၿပီး Crete ကြၽန္းကိုသြားခဲ့တယ္။
ကြၽန္းေပၚမွာမင္းသမီးေလးနဲ႔ သင့္ျမတ္ၿပီး Minos, Rhadamanthus, နဲ႔ Sarpedon ဆိုတဲ့သားသုံးေယာက္ထြန္းကားခဲ့ပါသတဲ့။
အဲဒီထဲကမွ Minos က Crete ကြၽန္းရဲ႕ဘုရင္ျဖစ္လာခဲ့ၿပီး တရားဥပေဒေတြထုတ္တာကြၽမ္းက်င္လြန္းလို႔ ကြယ္လြန္ခ်ိန္မွာေတာင္ ေျမေအာက္ကမာၻက Hades ရဲ႕တရားသူႀကီးတစ္ေယာက္ျဖစ္လာခဲ့ပါေသးတယ္။
ဂရိလူမ်ိဳးေတြက ေကာင္းကင္ေပၚက ၿပိႆရဲ႕ ႏြားသိုးပုံနကၡတ္ဟာ ဒီဇာတ္လမ္းထဲက ႏြားသိုးကိုကိုယ္စားျပဳတယ္လို႔ ယုံၾကည္ၾကပါတယ္။

ဂရိဒ႑ာရီလာ ၿပိႆနကၡတ္၏သေကၤတ (၂)
**********************************
ဒါကေတာ့ ေနာက္ထပ္ဂရိေတြယုံၾကည္ၾကတဲ့ ၿပိႆနကၡတ္နဲ႔ ပက္သက္တဲ့ဇာတ္လမ္းတစ္ခုပါ။
ဒီ ဒ႑ာရီမွာေတာ့ ႏြားသိုးမဟုတ္ပဲ ႏြားပ်ိဳမေလး ျဖစ္ေနတာကိုေတြ႕ရမွာပါ။

ေပြလီလွတဲ့ နတ္ဘုရင္ Zeus ရဲ႕ ေနာက္ထပ္အခ်စ္ဇာတ္လမ္းတစ္ခုေပါ့။
နတ္ဘုရင္ Zeus  ကသူ႔ရဲ႕ခ်စ္သူတစ္ဦးျဖစ္တဲ့ Io နဲ႔ေတြ႕ေနခ်ိန္မွာ မိဖုရားႀကီးျဖစ္သူ Hera ေရာက္ခ်လာတယ္။
ဒါေပမယ့္ Hera  မေရာက္ခင္ေလးမွာပဲ Zeus က Io ကိုလွပတဲ့ႏြားပ်ိဳမေလးတစ္ေကာင္အျဖစ္အခ်ိန္မီအသြင္ေျပာင္းလိုက္ႏိုင္ပါသတဲ့။
မသကၤာတဲ့ Hera က Zeus ဆီကေန ေခ်ာေမာျဖဴေဖြးတဲ့ႏြားပ်ိဳမေလးကိုေတာင္းယူလိုက္ၿပီး၊ ႏြားပ်ိဳမေလး Io ကို မ်က္လုံးေပါင္းတစ္ရာရွိတဲ့ လူ႔ဘီလူးႀကီး Argus ရဲ႕အေစာင့္အေရွာက္ေအာက္မွာ ေစာင့္ၾကည့္ထား႐ုံမက လြတ္ေျမာက္သြားခ်ိန္မွာလဲ ဘယ္ကိုေျပးေျပး မွက္တစ္ေကာင္နဲ႔ အဆက္မျပတ္လိုက္လံကိုက္ခဲေနေစျခင္းနဲ႔ လက္စားေခ်ႏွိပ္စက္ခဲ့တယ္။
ေနာက္ဆုံးတစ္ေန႔မွာ ႏြားျဖဴမေလးIo အီဂ်စ္ျပည္ကိုေရာက္သြားၿပီး လူသားမိန္းကေလးအျဖစ္ Zeus ရဲ႕အသြင္ေျပာင္းေပးျခင္းကို ျပန္ခံရတဲ့အခ်ိန္ထိပါပဲ။
 Zeus နဲ႔ Io တို႔ရတဲ့ကေလးတစ္ေယာက္ကေတာ့ ေနာင္တစ္ခ်ိန္မွာ အီဂ်စ္ျပည္ရဲ႕ ဘုရင္တစ္ပါးျဖစ္လာခဲ့တယ္တဲ့။
တစ္ခ်ိဳ႕စာေတြမွာေတာ့ ၿပိႆရာသီရဲ႕ သ‌ေကၤကတႏြား႐ုပ္ဟာ လုံမငယ္ Io ရဲ႕ ႏြားျဖဴမေလးအျဖစ္အသြင္ေျပာင္းခံထားရခ်ိန္ကို ကိုယ္စားျပဳတယ္လို႔ဆိုပါတယ္။

အေပၚမွာေရးခဲ့တဲ့ ဆူမီးရီးရန္းဒ႑ာရီတစ္ပုဒ္နဲ႔ ဂရိဒ႑ာရီႏွစ္ပုဒ္က  ၿပိႆရာသီ (Taurus) နကၡတ္ရဲ႕ နိမိတ္ပုံသေကၤတျဖစ္တဲ့ ႏြားသိုးပုံနဲ႔ပက္သက္ဆက္စပ္လို႔ လူသိမ်ားတဲ့ဇာတ္လမ္းေလးေတြပါပဲ။
လူမ်ိဳးအလိုက္၊ ဒ႑ာရီအလိုက္ ႏြားသိုးပုံသေကၤတရဲ႕ေနာက္ခံဇာတ္လမ္းေလးေတြကြဲျပားတာေတြ႕ရမွာပါ။
အင္တာနက္ကေနဖတ္ထားတဲ့ဇာတ္လမ္းေတြကေန ၿပိႆရဲ႕သေကၤတနဲ႔ပက္သက္တဲ့ဒ႑ာရီေတြကို စုစည္းၿပီး နားလည္လြယ္ေအာင္ ျပန္ေရးထားပါတယ္။

ေမာင္ဇိ
 #ရာသီခြင္ဇာတ္လမ္း #ေမာင္ဇိ #ေမာင္ဇိ၏ပုံျပင္မ်ား #ၿပိႆ #MaungZi #MaungZitales #Myth #Mythology #Horoscope #Taurus






Thursday, October 29, 2020

ကလေးပုံပြင်ရေးသည့် အောက်စ်ဖို့မှသင်္ချာဆရာ

 

အဲလစ်(စ်)နှင့်အံ့ဖွယ်ကမ္ဘာ (Alice in wonderland) ဆိုတဲ့ နာမည်ကြီး ကလေးပုံပြင်လေးကို စာအုပ်အနေနဲ့ဖြစ်ဖြစ်၊ ကာတွန်းရုပ်ရှင်အနေနဲ့ဖြစ်ဖြစ်၊ လူရုပ်ရှင်အနေနဲ့ဖြစ်ဖြစ် တော်တော်များများသိကြမှာပါ။ အဲဒီပုံပြင်လေးကိုရေးတဲ့ အင်္ဂလိပ်လူမျိုး Lewis Carroll က ကလေးပုံပြင်ရေးသူအပြင် အောက်စ်ဖို့တက္ကသိုလ်က သင်္ချာပညာရှင်တစ်ယောက်လဲ ဖြစ်ပါသေးတယ်။
သူ့ရဲ့ Alice in wonderland ပုံပြင်စာအုပ်ကို သိပ်သဘောကျသွားတဲ့ ဝိတိုရိယဘုရင်မကြီး (Queen Victoria) ကနောက်စာအုပ်ထွက်ရင်လဲသူ့ဆီပို့ပေးဖို့မှာသတဲ့။ အဲဒါနဲ့ Carroll က သူ့ရဲ့နောက်တစ်ခေါက်ထုတ်စာအုပ်ဖြစ်တဲ့ သင်္ချာဘာသာရပ်နဲ့သက်ဆိုင်တဲ့စာအုပ်တစ်အုပ်ကို ဘုရင်မကြီးဆီပို့လိုက်လို့ ဘုရင်မကြီးမှာ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်သွားရှာပါသတဲ့။
ငယ်ငယ်ကဖတ်ဖူးတဲ့ ဒီအကြောင်းလေးကို သတိရတော့ မောင်ဇိရဲ့စာဖတ်ပရိသတ်တွေကိုပြေးမြင်မိတယ်။ မောင်ဇိရေးတဲ့ ပုံပြင်တွေဖတ်ပြီး‌ နောက်ထပ်ပုံပြင်တွေဖတ်ရအောင်ပေ့ချ်ကို Like & Follow လုပ်ထားတာ ပုံပြင်တွေချည်းမဖတ်ရပဲ မောင်ဇိရေးချင်ရာရေးတာတွေနဲ့ပါ ညားပါရောလားလို့။
(အပေါ်ကဟာလေးမရေးခင် သေချာအောင် အင်တာနက်မှာ Carroll အကြောင်းပြန်ရှာတော့ Carroll ကဘုရင်မကြီးကို သင်္ချာစာအုပ်လက်ဆောင်ပေးတယ်ဆိုတဲ့ နာမည်ကြီးဇာတ်လမ်းက ကောလာဟလတစ်ခုသာဖြစ်ပြီး နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် Carroll ကိုယ်တိုင်က လူကြားထဲမှာပျံံ့နှံ့နေတဲ့ အဲဒီကောလာဟလ ဟာမမှန်ကန်ကြောင်းငြင်းခဲ့တယ်လို့ဆိုတယ်။ Carroll ကို ၁၈၃၂ မှာမွေးခဲ့လို့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးနောက် ခြောက်နှစ်အကြာမှာဖြစ်တယ်။ သူကွယ်လွန်ချိန် ၁၈၉၈ မှာတော့ မြန်မာတစ်နိုင်ငံလုံးက အင်္ဂလိပ်လက်အောက်ရောက်ပြီးသွားပါပြီ။
အောက်မှာ Lewis Carroll ရဲ့ဓါတ်ပုံကိုမြင်ဖူးတယ်ရှိအောင် အင်တာနက်ပေါ်ကနေခိုးလာပြီးထည့်ထားပေးပါတယ်)
အဲဒီတော့ ဆိုင်ဆိုင်မဆိုင်ဆိုင် အတင်းစကားဆက်ရရင် မောင်ဇိရေးချင်ရာရေးတာတွေဖတ်ရတာက ဘာပဲဖြစ်ဖြစ် ပုံပြင်စာအုပ်ကနေ သင်္ချာစာအုပ်ပြောင်းဖတ်ရတာနဲ့စာရင်တော်သေးတယ်မှတ်ကြပါနော်။
#မောင်ဇိ
(အကြောင်းအရာပေါင်းစုံကို ဟိုခုန်ဒီခုန်ရေးနေရာက မိုးကြိုးပစ်ထန်းလက်ကာ ဆင်ခြေဆင်လက်ရအောင် သူ့လိုပဲ ဘာမှမဆိုင်သည့်အကြောင်းအရာများကို ရေးတတ်သူဟုကြားဖူးသည့်စာရေးဆရာ၏ နာမည်ကြီးအဖြစ်အပျက်တစ်ခုကို ကိုးကားရန် သွားရှာသော်လည်း အမှန်တကယ်ဖြစ်ခဲ့သည့်အရာမဟုတ်ပဲ ယုံတမ်းစကားသာဖြစ်နေကြောင်းတွေ့ရ၍ ပက်လက်လန်၍ ပြန်လာရသူ)
========================================
ကေလးပုံျပင္ေရးသည့္ ေအာက္စ္ဖို႔မွသခ်ၤာဆရာ
***********************************
အဲလစ္(စ္)ႏွင့္အံ့ဖြယ္ကမာၻ (Alice in wonderland) ဆိုတဲ့ နာမည္ႀကီး ကေလးပုံျပင္ေလးကို စာအုပ္အေနနဲ႔ျဖစ္ျဖစ္၊ ကာတြန္း႐ုပ္ရွင္အေနနဲ႔ျဖစ္ျဖစ္၊ လူ႐ုပ္ရွင္အေနနဲ႔ျဖစ္ျဖစ္ ေတာ္ေတာ္မ်ားမ်ားသိၾကမွာပါ။ အဲဒီပုံျပင္ေလးကိုေရးတဲ့ အဂၤလိပ္လူမ်ိဳး Lewis Carroll က ကေလးပုံျပင္ေရးသူအျပင္ ေအာက္စ္ဖို႔တကၠသိုလ္က သခ်ၤာပညာရွင္တစ္ေယာက္လဲ ျဖစ္ပါေသးတယ္။
သူ႔ရဲ႕ Alice in wonderland ပုံျပင္စာအုပ္ကို သိပ္သေဘာက်သြားတဲ့ ဝိတိုရိယဘုရင္မႀကီး (Queen Victoria) ကေနာက္စာအုပ္ထြက္ရင္လဲသူ႔ဆီပို႔ေပးဖို႔မွာသတဲ့။ အဲဒါနဲ႔ Carroll က သူ႔ရဲ႕ေနာက္တစ္ေခါက္ထုတ္စာအုပ္ျဖစ္တဲ့ သခ်ၤာဘာသာရပ္နဲ႔သက္ဆိုင္တဲ့စာအုပ္တစ္အုပ္ကို ဘုရင္မႀကီးဆီပို႔လိုက္လို႔ ဘုရင္မႀကီးမွာ မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္ျဖစ္သြားရွာပါသတဲ့။
ငယ္ငယ္ကဖတ္ဖူးတဲ့ ဒီအေၾကာင္းေလးကို သတိရေတာ့ ေမာင္ဇိရဲ႕စာဖတ္ပရိသတ္ေတြကိုေျပးျမင္မိတယ္။ ေမာင္ဇိေရးတဲ့ ပုံျပင္ေတြဖတ္ၿပီး‌ ေနာက္ထပ္ပုံျပင္ေတြဖတ္ရေအာင္ေပ့ခ်္ကို Like & Follow လုပ္ထားတာ ပုံျပင္ေတြခ်ည္းမဖတ္ရပဲ ေမာင္ဇိေရးခ်င္ရာေရးတာေတြနဲ႔ပါ ညားပါေရာလားလို႔။
(အေပၚကဟာေလးမေရးခင္ ေသခ်ာေအာင္ အင္တာနက္မွာ Carroll အေၾကာင္းျပန္ရွာေတာ့ Carroll ကဘုရင္မႀကီးကို သခ်ၤာစာအုပ္လက္ေဆာင္ေပးတယ္ဆိုတဲ့ နာမည္ႀကီးဇာတ္လမ္းက ေကာလာဟလတစ္ခုသာျဖစ္ၿပီး ႏွစ္ေပါင္းမ်ားစြာၾကာၿပီးတဲ့ေနာက္ Carroll ကိုယ္တိုင္က လူၾကားထဲမွာပ်ံံ့ႏွံ႔ေနတဲ့ အဲဒီေကာလာဟလ ဟာမမွန္ကန္ေၾကာင္းျငင္းခဲ့တယ္လို႔ဆိုတယ္။ Carroll ကို ၁၈၃၂ မွာေမြးခဲ့လို႔ အဂၤလိပ္-ျမန္မာ ပထမစစ္ပြဲၿပီးေနာက္ ေျခာက္ႏွစ္အၾကာမွာျဖစ္တယ္။ သူကြယ္လြန္ခ်ိန္ ၁၈၉၈ မွာေတာ့ ျမန္မာတစ္ႏိုင္ငံလုံးက အဂၤလိပ္လက္ေအာက္ေရာက္ၿပီးသြားပါၿပီ။
ေအာက္မွာ Lewis Carroll ရဲ႕ဓါတ္ပုံကိုျမင္ဖူးတယ္ရွိေအာင္ အင္တာနက္ေပၚကေနခိုးလာၿပီးထည့္ထားေပးပါတယ္)
အဲဒီေတာ့ ဆိုင္ဆိုင္မဆိုင္ဆိုင္ အတင္းစကားဆက္ရရင္ ေမာင္ဇိေရးခ်င္ရာေရးတာေတြဖတ္ရတာက ဘာပဲျဖစ္ျဖစ္ ပုံျပင္စာအုပ္ကေန သခ်ၤာစာအုပ္ေျပာင္းဖတ္ရတာနဲ႔စာရင္ေတာ္ေသးတယ္မွတ္ၾကပါေနာ္။
(အေၾကာင္းအရာေပါင္းစုံကို ဟိုခုန္ဒီခုန္ေရးေနရာက မိုးႀကိဳးပစ္ထန္းလက္ကာ ဆင္ေျခဆင္လက္ရေအာင္ သူ႔လိုပဲ ဘာမွမဆိုင္သည့္အေၾကာင္းအရာမ်ားကို ေရးတတ္သူဟုၾကားဖူးသည့္စာေရးဆရာ၏ နာမည္ႀကီးအျဖစ္အပ်က္တစ္ခုကို ကိုးကားရန္ သြားရွာေသာ္လည္း အမွန္တကယ္ျဖစ္ခဲ့သည့္အရာမဟုတ္ပဲ ယုံတမ္းစကားသာျဖစ္ေနေၾကာင္းေတြ႕ရ၍ ပက္လက္လန္၍ ျပန္လာရသူ)

Friday, October 23, 2020

မိဿရာသီခွင် (Aries) သင်္ကေတ သိုးထီး၏ ဇာစ်မြစ်

မိဿရာသီခွင် (Aries) သင်္ကေတ သိုးထီး၏ ဇာစ်မြစ်
***************************************
ရာသီခွင် ၁၂ ခုထဲမှာ ပထမဆုံးဖြစ်တဲ့ မိဿရာသီခွင် Aries က Latin ဘာသာစကားနဲ့ သိုးထီး (Ram) လို့အဓိပ္ပါယ်ရပြီး မိဿရာသီခွင်ရဲ့ သင်္ကေတက ဦးချိုပါတဲ့သိုးထီးတစ်ကောင်ရဲ့ပုံဖြစ်တယ်။

ရှေးဟောင်းဘေဘီလုံခေတ်ကတည်းက Aries ကြယ်တာရာစုရဲ့ သင်္ကေတဟာ သိုးထီး (Ram) ဖြစ်ခဲ့ပေမယ့် Aries နဲ့ပက်သက်လို့ ထင်ရှားတဲ့ ဇာတ်လမ်းကတော့ ဂရိဒဏ္ဍာရီက သူရဲကောင်း Jason နဲ့ အပေါင်းအဖော်တွေရဲ့ရွှေသိုးမွေးသားရေ ရယူဖို့ကြိုးစားတဲ့ ပင်လယ်ပြင်စွန့်စားခန်းရဲ့ အစနဲ့ ဆက်စပ်နေတယ်။
ရှေးကျတဲ့အီဂျစ်ပြည်မှာတော့ ဦးချိုနဲ့သိုးထီးသင်္ကေတက နတ်ဘုရား Amun-Ra နဲ့ ဆက်နွှယ်နေပြန်ပါတယ်။

အီဂျစ်ဒဏ္ဍာရီလာ မိဿနက္ခတ်၏သင်္ကေတ
********************************
နတ်ဘုရား Amun-Ra ကို နေနဲ့လေရဲ့ နတ်ဘုရားအဖြစ် ရှေးခေတ်အီဂျစ်ပြည်မှာ ကိုးကွယ်ခဲ့ကြတယ်။ အရေးပါထင်ရှားပြီး တန်ခိုးကြီးတဲ့နတ်ဘုရားတွေထဲမှာ တစ်ပါးအပါအဝင်ဖြစ်ပါတယ်တဲ့။
သူ့ကို ပုံဖော်တဲ့အခါမှာ ဦးချိုနဲ့သိုးထီးခေါင်း၊ လူသားကိုယ်ခန္ဓာနဲ့နတ်ဘုရားတစ်ပါး၊ ဒါမှမဟုတ်ရင် သိုးထီးတစ်ကောင်သက်သက် အဖြစ်ပုံဖော်လေ့ရှိကြတယ်။ သိုးထီးက သန္ဓေအောင်ခြင်း၊ တိုက်ခိုက်မှုကိုခုံမင်ခြင်း၊ သတ္တိရှိခြင်းတို့ကို ကိုယ်စားပြုတယ်လို့ဆိုတယ်။

ဘီစီ၂၄၀၀-၂၃၀၀ လောက်က ပိရမစ်စာတွေမှာ Amun နတ်ဘုရားအကြောင်းကို အစောဆုံးတွေ့ခဲ့ရပြီး အဲဒီအချိန်က နတ်ဘုရား Amun နဲ့ နတ်ဘုရား Ra တို့ဟာ သတ်သတ်စီဖြစ်ပါသတဲ့။ နတ်ဘုရား Amun ဟာ Ogdoad လို့ခေါ်တဲ့နတ်ဘုရားရှစ်ပါး (ဖိုမလေးတွဲ) မှာပါဝင်ခဲ့ပြီး သူ့ရဲ့ကြင်ယာတော်ကတော့ Amaunet ဖြစ်တယ်။ လေ ကို ကိုယ်စားပြုတဲ့နတ်ဘုရားဖြစ်တယ်လို့ပြောကြသလို တစ်ချို့စာတွေမှာတော့ အမျိုးအမည်မကွဲပြားပဲ ကိုးကွယ်ဆုတောင်းသူရဲ့ဆန္ဒပေါ်မူတည်ပြီး အမှောင်လဲဖြစ်နိုင်သလို၊ အလင်းလဲဖြစ်နိုင်တဲ့၊ ဒါမှမဟုတ် ဘာမဆိုဖြစ်နိုင်တဲ့ လျှို့ဝှက်နက်နဲတဲ့ သဘောသဘာဝရှိတယ်လို့လဲဆိုတယ်။

Ra ကတော့ နေနတ်ဘုရားနဲ့ အရာရာကိုစတင်ဖန်တီးခဲ့တဲ့ ဖန်တီးရှင်နတ်ဘုရားဖြစ်တယ်။ နေနတ်ဘုရားတစ်ပါးအနေနဲ့ ကောင်းကင်ဘုံကိုဖြတ်ပြီး မနက်ကနေညတိုင်အောာင် သူ့ရဲ့လှေလေးနဲ့နေ့စဥ်ရွက်လွှင့်သွားလေ့ရှိတယ်လို့ ယုံကြည်ကြတယ်။ ခေါင်းပေါ်မှာ နေမင်းပုံစက်ကွင်းလေးဆောင်းထားတဲ့ သိမ်းငှက်ခေါင်းနဲ့လူခန္ဓာ လို့ပုံဖော်လေ့ရှိကြတယ်။ သိမ်းငှက်ခေါင်းပေါ်က နေစက်ကွင်း ကိုတော့ Uraeus လို့ခေါ်တဲ့ အထွဋ်အမြတ်မြွေပွေးကဝိုင်းပတ်ထားတယ်။ တစ်ခါတစ်ရံသိုးထီးခေါင်းနဲ့ လူကိုယ်အဖြစ်လဲ ပုံဖော်တတ်ကြတယ်။

ဘီစီ ၁၅၇၀ နောက်ပိုင်းမှာတော့ အီဂျစ်ပြည် သီးဘီးစ်မှာနိုင်ငံအသစ်ပေါ်ထွန်းလာပြီး Amun နဲ့ Ra တို့‌ပေါင်းစပ်လို့ Amun-Ra ဆိုတဲ့ တန်ခိုးအကြီးဆုံး၊နတ်ဘုရားတွေရဲ့ဘုရင်အဖြစ်ပေါ်ပေါက်လာတယ်။
ဖာရိုဘုရင်တွေရဲ့ ဖခင်အဖြစ် ယုံကြည်ကိုးကွယ်ခဲ့ကြတယ်။
နတ်ဘုရား Amun-Ra ရဲ့သင်္ကေတကတော့ မိဿရာသီ(Aries) ရဲ့သင်္ကေတဖြစ်တဲ့ သိုးထီးတစ်ကောင်ပဲပေါ့။

ဂရိဒဏ္ဍာရီလာ မိဿနက္ခတ်၏သင်္ကေတ
******************************
ဂရိဒဏ္ဍာရီမှာ Phrixus နဲ့ Helle ဆိုတဲ့ အမွှာမောင်နှမကလေးနှစ်ယောက်ရှိခဲ့တယ်။ သူတို့အဖေက ဘုရင်တစ်ပါးဖြစ်ပြီး Athamas လို့ခေါ်တယ်။ Boeotia ပြည်ရဲ့ဘုရင်ပေါ့။
ကလေးတွေရဲ့အမေကနတ်သမီးတစ်ပါးဖြစ်တယ်။

Phrixus နဲ့ Helle တို့ရဲ့အမေနဲ့ကွဲကွာပြီးတဲ့နောက်မှာ ဘုရင်ကြီးက နောက်ထပ်မိဖုရားတစ်ပါးထပ်မြှောက်လိုက်တယ်။
မိထွေးဖြစ်သူမိဖုရား Ino က အမွှာလေးတွေကို မျက်မုန်းကျိုးပြီး၊ မကြည်ဖြူပါဘူး။
သူ့မှာလဲ ကိုယ်ပိုင်သားလေးနှစ်ယောက်ရှိတော့ ထီးနန်းအတွက်လဲစိတ်ပူရတဲ့အတွက်
အချိန်နဲ့အမျှ ဒီကလေးနှစ်ယောက်ကိုဖယ်ရှားပစ်ဖို့ ကြံစည်နေခဲ့ပြီး တစ်နေ့မှာတော့ အခွင့်အရေးရလာတယ်။

တိုင်းပြည်မှာ စိုက်ပျိုးသီးနှံတွေပျက်စီးပြီး ငတ်မွတ်ခေါင်းပါးမှုတွေဖြစ်လာတဲ့အခါ ဘုရင်နဲ့လယ်သမားတွေက Delphi နတ်ကွန်းကရှေ့ဖြစ်ဟောနတ်ဝင်သည်ဆီမှာ နတ်မေးကြတယ်။ မိဖုရား လာဘ်ထိုးထားတဲ့ နတ်ဝင်သည်က ဘုရင်ရဲ့ကလေးနှစ်ယောက်ကို နတ်ဘုရားတွေဆီမှာ ယဇ်ပူဇော်မှသာ တိုင်းပြည်မှာကျရောက်နေတဲ့အခက်အခဲတွေ ပြန်လည်ကောင်းမွန်သွားလိမ့်မယ်လို့ ဟောလိုက်တယ်။

ယဇ်ပူဇော်ဖို့အတွက် ယဇ်ပူဇော်စင်ဆောက်နေတုန်းမှာပဲ တိမ်တိုက်နတ်သမီးတစ်ပါးဖြစ်တဲ့ ကလေးတွေရဲ့မိခင်ရင်း Nephele က ဒီကိစ္စကိုသိသွားတဲ့အတွက် သူ့ကလေးတွေမသေရ‌အောင် ရွှေရောင်အမွေးတွေရှိတဲ့ သိုးထီးကြီးတစ်ကောင်ကိုစေလွှတ်ပြီးကလေးတွေကို ကယ်ဆယ်စေတယ်။ မှော်သတ္တဝါဖြစ်ပြီး စကားလဲပြောနိုင်သလို၊ တောင်ပံတစ်စုံလဲပါတဲ့ ရွှေရောင်သိုးထီးကြီးက ကလေးနှစ်ယောက်ကိုတင်ပြီး ပင်လယ်ပြင်ကိုဖြတ်လို့ Colchis ပြည်ကိုပျံသန်းသွားတယ်။
ဒါပေမယ့် လမ်းမှာ ကလေးနှစ်ယောက်ထဲက Helle က မြေပြင်ကိုငုံ့ကြည့်ဖို့ကြိုးစားရင်း ဟန်ချက်ပျက်ခြေချော်လို့ သိုးပျံပေါ်ကနေ ပင်လယ်ထဲကိုပြုတ်ကျ၊ ရေနစ်သေသွားရှာသတဲ့။
တစ်ချို့ဇာတ်လမ်းတွေမှာတော့ ခရီးလမ်းကဝေးလွန်းလို့ သိုးမွေးတွေကိုကြာကြာမဆုပ်ကိုင်ထားနိုင်တော့ပဲ ပြုတ်ကျရတယ်လို့ဆိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Helle ပြုတ်ကျသွားတဲ့ ပင်လယ်ရေလက်ကြားကိုတော့ Hellespont (Helleပင်လယ်) လို့ ယနေ့တိုင်ခေါ်ကြပါတယ်တဲ့။
ကောင်လေး Phrixus တစ်ယောက်ကတော့ Colchis ကိုချောချောမောမောရောက်သွားပြီး Colchis ဘုရင်ကလဲ ကောင်းကောင်းမွန်မွန်ကြိုဆိုနေခဲ့တယ်။

သူ့တာဝန်ပြီးဆုံးသွားတဲ့ရွှေရောင်သိုးကြီးကလဲ သူ့ကိုယဇ်ပူဇော်ပြီး နတ်ဘုရား Zeus ကို ပသ ရမယ်လို့ ပြောတဲ့အတွက် Phrixus  ကပြောတဲ့အတိုင်းလုပ်ပေးခဲ့တယ်။ အဲဒီနောက် ကျန်ခဲ့တဲ့ရွှေရောင်သိုးမွေးတွေနဲ့သိုးသားရေကို Colchis ရဲ့ ဘုရင်ကြီး Aeetes ကိုလက်ဆောင်ဆက်လိုက်တယ်လို့ဆိုတယ်။ ဘုရင်ကြီးက ရွှေသိုးမွေးသားရေကို စစ်မက်နတ်ဘုရား Ares ကိုရည်စူးပြီးပူဇော်ပသထားတဲ့တောအုပ်လေးတစ်ခုထဲက ဝက်သစ်ချပင်ကြီးတစ်ပင်မှာချိတ်ထားစေခဲ့ပြီး အပင်ခြေရင်းမှာဘယ်တော့မှ မအိပ်တဲ့မြွေနဂါးကြီးတစ်ကောင်ကိုအစောင့်ချထားခဲ့ပါတယ်တဲ့။
ဒါ့အပြင် ဧည့်ဝတ်ပြူငှာတဲ့ဘုရင်ကြီးက Phrixus ကိုသဘောကျတဲ့အတွက် သူ့သမီးတော်လေးနဲ့လဲ လက်ဆက်ပေးလိုက်ပါသတဲ့။

ရွှေရောင်သိုးထီးကြီးကိုတော့ နတ်ဘုရင် Zeus က ကောင်းကင်မှာ Aries ကြယ်စုအဖြစ်ဖန်ဆင်းပေးလိုက်ရာကနေ မိဿရာသီ Aries ရဲ့သင်္ကေတသိုးထီးကြီးဖြစ်လာပါတယ်လို့ ဂရိဒဏ္ဍာရီက ဆိုပါတယ်။

နောက်ဆက်တွဲအနေနဲ့ နှစ်ပေါင်းများစွာကြာသွားပြီးတဲ့တစ်နေ့မှာ  Centaur Chiron ရဲ့တပည့်တစ်ဦးဖြစ်တဲ့ သူရဲကောင်း Jason နဲ့ သူရဲ့အပေါင်းအပါ လူသန်ကြီး Heracles (Hercules)၊ ဂီတပါရမီရှင်Orpheus စတဲ့ သူရဲကောင်းအမြောက်အများဟာ Argon ဆိုတဲ့လှေကြီးကိုစီးပြီး အခက်အခဲအမျိုးမျိုး၊ ထူးဆန်းတဲ့အန္တရာယ်အသွယ်သွယ်ကြားကနေစွန့်စားလို့ ရွှေသိုးသားရေကို လာရောက်ဆောင်ယူရာကနေ ဂရိဒဏ္ဍာရီမှာလူသိများတဲ့ "Jason နဲ့  Argonaut သူရဲကောင်းများ" ဆိုတဲ့ဇာတ်လမ်းတစ်ခုထပ်ပြီးပေါ်ပေါက်ခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းက မိဿရာသီခွင်နဲ့ တိုက်ရိုက်ပက်သက်နေတာမဟုတ်လို ဒီမှာပဲချန်ထားခဲ့လိုက်ပါ့မယ်။

အပေါ်မှာပြောခဲ့တဲ့ အီဂျစ်နဲ့ဂရိဒဏ္ဍာရီတွေက မိဿရာသီ Aries ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ သိုးထီးနဲ့ဆက်စပ်နေတဲ့ နောက်ခံဇာတ်လမ်းတွေပါပဲ။ မူကွဲတွေရှိနိုင်ပေမယ့် အကြမ်းအားဖြင့်တော့ ဒီဇာတ်လမ်းကျောရိုးတွေပေါ်မှာပဲ အခြေပြုထားတာပါ။ စစ်နတ်ဘုရား Ares နဲ့က နာမည်ချင်းဆင်ပေမယ့် Aries ရာသီခွင်နဲ့ ဆက်စပ်တာကိုရှာလို့မတွေ့ပါဘူး။
 အင်တာနက်မှာ မောင်ဇိလက်လှမ်းမီသ‌လောက် အဓိကအကြောင်းအရာရော၊ ယှက်နွယ်နေတာတွေရော လိုက်ဖတ်၊တိုက်ဆိုင်ပြီး လိုအပ်တဲ့အတိုင်းပြန်စုစည်းရေးထားတာဖြစ်လို့  မိဿရာသီသမားတွေရော၊ စိတ်ဝင်စားသူတွေပါ ကျေနပ်ကြလိမ့်လို့ မျှော်လင့်ပါတယ်။

မောင်ဇိ
Pictures: Internet
#MaungZi #Zodiac #Aries #myth #mythology #မောင်ဇိ #မိဿရာသီ #ဒဏ္ဍာရီ #ရာသီခွင်

=============================

မိႆရာသီခြင္ (Aries) သေကၤတ သိုးထီး၏ ဇာစ္ျမစ္
***************************************
ရာသီခြင္ ၁၂ ခုထဲမွာ ပထမဆုံးျဖစ္တဲ့ မိႆရာသီခြင္ Aries က Latin ဘာသာစကားနဲ႔ သိုးထီး (Ram) လို႔အဓိပၸါယ္ရၿပီး မိႆရာသီခြင္ရဲ႕ သေကၤတက ဦးခ်ိဳပါတဲ့သိုးထီးတစ္ေကာင္ရဲ႕ပုံျဖစ္တယ္။

ေရွးေဟာင္းေဘဘီလုံေခတ္ကတည္းက Aries ၾကယ္တာရာစုရဲ႕ သေကၤတဟာ သိုးထီး (Ram) ျဖစ္ခဲ့ေပမယ့္ Aries နဲ႔ပက္သက္လို႔ ထင္ရွားတဲ့ ဇာတ္လမ္းကေတာ့ ဂရိဒ႑ာရီက သူရဲေကာင္း Jason နဲ႔ အေပါင္းအေဖာ္ေတြရဲ႕ေ႐ႊသိုးေမြးသားေရ ရယူဖို႔ႀကိဳးစားတဲ့ ပင္လယ္ျပင္စြန႔္စားခန္းရဲ႕ အစနဲ႔ ဆက္စပ္ေနတယ္။
ေရွးက်တဲ့အီဂ်စ္ျပည္မွာေတာ့ ဦးခ်ိဳနဲ႔သိုးထီးသေကၤတက နတ္ဘုရား Amun-Ra နဲ႔ ဆက္ႏႊယ္ေနျပန္ပါတယ္။

အီဂ်စ္ဒ႑ာရီလာ မိႆနကၡတ္၏သေကၤတ
********************************
နတ္ဘုရား Amun-Ra ကို ေနနဲ႔ေလရဲ႕ နတ္ဘုရားအျဖစ္ ေရွးေခတ္အီဂ်စ္ျပည္မွာ ကိုးကြယ္ခဲ့ၾကတယ္။ အေရးပါထင္ရွားၿပီး တန္ခိုးႀကီးတဲ့နတ္ဘုရားေတြထဲမွာ တစ္ပါးအပါအဝင္ျဖစ္ပါတယ္တဲ့။
သူ႔ကို ပုံေဖာ္တဲ့အခါမွာ ဦးခ်ိဳနဲ႔သိုးထီးေခါင္း၊ လူသားကိုယ္ခႏၶာနဲ႔နတ္ဘုရားတစ္ပါး၊ ဒါမွမဟုတ္ရင္ သိုးထီးတစ္ေကာင္သက္သက္ အျဖစ္ပုံေဖာ္ေလ့ရွိၾကတယ္။ သိုးထီးက သေႏၶေအာင္ျခင္း၊ တိုက္ခိုက္မႈကိုခုံမင္ျခင္း၊ သတၱိရွိျခင္းတို႔ကို ကိုယ္စားျပဳတယ္လို႔ဆိုတယ္။

ဘီစီ၂၄၀၀-၂၃၀၀ ေလာက္က ပိရမစ္စာေတြမွာ Amun နတ္ဘုရားအေၾကာင္းကို အေစာဆုံးေတြ႕ခဲ့ရၿပီး အဲဒီအခ်ိန္က နတ္ဘုရား Amun နဲ႔ နတ္ဘုရား Ra တို႔ဟာ သတ္သတ္စီျဖစ္ပါသတဲ့။ နတ္ဘုရား Amun ဟာ Ogdoad လို႔ေခၚတဲ့နတ္ဘုရားရွစ္ပါး (ဖိုမေလးတြဲ) မွာပါဝင္ခဲ့ၿပီး သူ႔ရဲ႕ၾကင္ယာေတာ္ကေတာ့ Amaunet ျဖစ္တယ္။ ေလ ကို ကိုယ္စားျပဳတဲ့နတ္ဘုရားျဖစ္တယ္လို႔ေျပာၾကသလို တစ္ခ်ိဳ႕စာေတြမွာေတာ့ အမ်ိဳးအမည္မကြဲျပားပဲ ကိုးကြယ္ဆုေတာင္းသူရဲ႕ဆႏၵေပၚမူတည္ၿပီး အေမွာင္လဲျဖစ္ႏိုင္သလို၊ အလင္းလဲျဖစ္ႏိုင္တဲ့၊ ဒါမွမဟုတ္ ဘာမဆိုျဖစ္ႏိုင္တဲ့ လွ်ိဳ႕ဝွက္နက္နဲတဲ့ သေဘာသဘာဝရွိတယ္လို႔လဲဆိုတယ္။

Ra ကေတာ့ ေနနတ္ဘုရားနဲ႔ အရာရာကိုစတင္ဖန္တီးခဲ့တဲ့ ဖန္တီးရွင္နတ္ဘုရားျဖစ္တယ္။ ေနနတ္ဘုရားတစ္ပါးအေနနဲ႔ ေကာင္းကင္ဘုံကိုျဖတ္ၿပီး မနက္ကေနညတိုင္ေအာာင္ သူ႔ရဲ႕ေလွေလးနဲ႔ေန႔စဥ္႐ြက္လႊင့္သြားေလ့ရွိတယ္လို႔ ယုံၾကည္ၾကတယ္။ ေခါင္းေပၚမွာ ေနမင္းပုံစက္ကြင္းေလးေဆာင္းထားတဲ့ သိမ္းငွက္ေခါင္းနဲ႔လူခႏၶာ လို႔ပုံေဖာ္ေလ့ရွိၾကတယ္။ သိမ္းငွက္ေခါင္းေပၚက ေနစက္ကြင္း ကိုေတာ့ Uraeus လို႔ေခၚတဲ့ အထြဋ္အျမတ္ေႁမြေပြးကဝိုင္းပတ္ထားတယ္။ တစ္ခါတစ္ရံသိုးထီးေခါင္းနဲ႔ လူကိုယ္အျဖစ္လဲ ပုံေဖာ္တတ္ၾကတယ္။

ဘီစီ ၁၅၇၀ ေနာက္ပိုင္းမွာေတာ့ အီဂ်စ္ျပည္ သီးဘီးစ္မွာႏိုင္ငံအသစ္ေပၚထြန္းလာၿပီး Amun နဲ႔ Ra တို႔‌ေပါင္းစပ္လို႔ Amun-Ra ဆိုတဲ့ တန္ခိုးအႀကီးဆုံး၊နတ္ဘုရားေတြရဲ႕ဘုရင္အျဖစ္ေပၚေပါက္လာတယ္။
ဖာ႐ိုဘုရင္ေတြရဲ႕ ဖခင္အျဖစ္ ယုံၾကည္ကိုးကြယ္ခဲ့ၾကတယ္။
နတ္ဘုရား Amun-Ra ရဲ႕သေကၤတကေတာ့ မိႆရာသီ(Aries) ရဲ႕သေကၤတျဖစ္တဲ့ သိုးထီးတစ္ေကာင္ပဲေပါ့။

ဂရိဒ႑ာရီလာ မိႆနကၡတ္၏သေကၤတ
******************************
ဂရိဒ႑ာရီမွာ Phrixus နဲ႔ Helle ဆိုတဲ့ အမႊာေမာင္ႏွမကေလးႏွစ္ေယာက္ရွိခဲ့တယ္။ သူတို႔အေဖက ဘုရင္တစ္ပါးျဖစ္ၿပီး Athamas လို႔ေခၚတယ္။ Boeotia ျပည္ရဲ႕ဘုရင္ေပါ့။
ကေလးေတြရဲ႕အေမကနတ္သမီးတစ္ပါးျဖစ္တယ္။

Phrixus နဲ႔ Helle တို႔ရဲ႕အေမနဲ႔ကြဲကြာၿပီးတဲ့ေနာက္မွာ ဘုရင္ႀကီးက ေနာက္ထပ္မိဖုရားတစ္ပါးထပ္ေျမႇာက္လိုက္တယ္။
မိေထြးျဖစ္သူမိဖုရား Ino က အမႊာေလးေတြကို မ်က္မုန္းက်ိဳးၿပီး၊ မၾကည္ျဖဴပါဘူး။
သူ႔မွာလဲ ကိုယ္ပိုင္သားေလးႏွစ္ေယာက္ရွိေတာ့ ထီးနန္းအတြက္လဲစိတ္ပူရတဲ့အတြက္
အခ်ိန္နဲ႔အမွ် ဒီကေလးႏွစ္ေယာက္ကိုဖယ္ရွားပစ္ဖို႔ ႀကံစည္ေနခဲ့ၿပီး တစ္ေန႔မွာေတာ့ အခြင့္အေရးရလာတယ္။

တိုင္းျပည္မွာ စိုက္ပ်ိဳးသီးႏွံေတြပ်က္စီးၿပီး ငတ္မြတ္ေခါင္းပါးမႈေတြျဖစ္လာတဲ့အခါ ဘုရင္နဲ႔လယ္သမားေတြက Delphi နတ္ကြန္းကေရွ႕ျဖစ္ေဟာနတ္ဝင္သည္ဆီမွာ နတ္ေမးၾကတယ္။ မိဖုရား လာဘ္ထိုးထားတဲ့ နတ္ဝင္သည္က ဘုရင္ရဲ႕ကေလးႏွစ္ေယာက္ကို နတ္ဘုရားေတြဆီမွာ ယဇ္ပူေဇာ္မွသာ တိုင္းျပည္မွာက်ေရာက္ေနတဲ့အခက္အခဲေတြ ျပန္လည္ေကာင္းမြန္သြားလိမ့္မယ္လို႔ ေဟာလိုက္တယ္။

ယဇ္ပူေဇာ္ဖို႔အတြက္ ယဇ္ပူေဇာ္စင္ေဆာက္ေနတုန္းမွာပဲ တိမ္တိုက္နတ္သမီးတစ္ပါးျဖစ္တဲ့ ကေလးေတြရဲ႕မိခင္ရင္း Nephele က ဒီကိစၥကိုသိသြားတဲ့အတြက္ သူ႔ကေလးေတြမေသရ‌ေအာင္ ေ႐ႊေရာင္အေမြးေတြရွိတဲ့ သိုးထီးႀကီးတစ္ေကာင္ကိုေစလႊတ္ၿပီးကေလးေတြကို ကယ္ဆယ္ေစတယ္။ ေမွာ္သတၱဝါျဖစ္ၿပီး စကားလဲေျပာႏိုင္သလို၊ ေတာင္ပံတစ္စုံလဲပါတဲ့ ေ႐ႊေရာင္သိုးထီးႀကီးက ကေလးႏွစ္ေယာက္ကိုတင္ၿပီး ပင္လယ္ျပင္ကိုျဖတ္လို႔ Colchis ျပည္ကိုပ်ံသန္းသြားတယ္။
ဒါေပမယ့္ လမ္းမွာ ကေလးႏွစ္ေယာက္ထဲက Helle က ေျမျပင္ကိုငုံ႔ၾကည့္ဖို႔ႀကိဳးစားရင္း ဟန္ခ်က္ပ်က္ေျခေခ်ာ္လို႔ သိုးပ်ံေပၚကေန ပင္လယ္ထဲကိုျပဳတ္က်၊ ေရနစ္ေသသြားရွာသတဲ့။
တစ္ခ်ိဳ႕ဇာတ္လမ္းေတြမွာေတာ့ ခရီးလမ္းကေဝးလြန္းလို႔ သိုးေမြးေတြကိုၾကာၾကာမဆုပ္ကိုင္ထားႏိုင္ေတာ့ပဲ ျပဳတ္က်ရတယ္လို႔ဆိုတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Helle ျပဳတ္က်သြားတဲ့ ပင္လယ္ေရလက္ၾကားကိုေတာ့ Hellespont (Helleပင္လယ္) လို႔ ယေန႔တိုင္ေခၚၾကပါတယ္တဲ့။
ေကာင္ေလး Phrixus တစ္ေယာက္ကေတာ့ Colchis ကိုေခ်ာေခ်ာေမာေမာေရာက္သြားၿပီး Colchis ဘုရင္ကလဲ ေကာင္းေကာင္းမြန္မြန္ႀကိဳဆိုေနခဲ့တယ္။

သူ႔တာဝန္ၿပီးဆုံးသြားတဲ့ေ႐ႊေရာင္သိုးႀကီးကလဲ သူ႔ကိုယဇ္ပူေဇာ္ၿပီး နတ္ဘုရား Zeus ကို ပသ ရမယ္လို႔ ေျပာတဲ့အတြက္ Phrixus  ကေျပာတဲ့အတိုင္းလုပ္ေပးခဲ့တယ္။ အဲဒီေနာက္ က်န္ခဲ့တဲ့ေ႐ႊေရာင္သိုးေမြးေတြနဲ႔သိုးသားေရကို Colchis ရဲ႕ ဘုရင္ႀကီး Aeetes ကိုလက္ေဆာင္ဆက္လိုက္တယ္လို႔ဆိုတယ္။ ဘုရင္ႀကီးက ေ႐ႊသိုးေမြးသားေရကို စစ္မက္နတ္ဘုရား Ares ကိုရည္စူးၿပီးပူေဇာ္ပသထားတဲ့ေတာအုပ္ေလးတစ္ခုထဲက ဝက္သစ္ခ်ပင္ႀကီးတစ္ပင္မွာခ်ိတ္ထားေစခဲ့ၿပီး အပင္ေျခရင္းမွာဘယ္ေတာ့မွ မအိပ္တဲ့ေႁမြနဂါးႀကီးတစ္ေကာင္ကိုအေစာင့္ခ်ထားခဲ့ပါတယ္တဲ့။
ဒါ့အျပင္ ဧည့္ဝတ္ျပဴငွာတဲ့ဘုရင္ႀကီးက Phrixus ကိုသေဘာက်တဲ့အတြက္ သူ႔သမီးေတာ္ေလးနဲ႔လဲ လက္ဆက္ေပးလိုက္ပါသတဲ့။

ေ႐ႊေရာင္သိုးထီးႀကီးကိုေတာ့ နတ္ဘုရင္ Zeus က ေကာင္းကင္မွာ Aries ၾကယ္စုအျဖစ္ဖန္ဆင္းေပးလိုက္ရာကေန မိႆရာသီ Aries ရဲ႕သေကၤတသိုးထီးႀကီးျဖစ္လာပါတယ္လို႔ ဂရိဒ႑ာရီက ဆိုပါတယ္။

ေနာက္ဆက္တြဲအေနနဲ႔ ႏွစ္ေပါင္းမ်ားစြာၾကာသြားၿပီးတဲ့တစ္ေန႔မွာ  Centaur Chiron ရဲ႕တပည့္တစ္ဦးျဖစ္တဲ့ သူရဲေကာင္း Jason နဲ႔ သူရဲ႕အေပါင္းအပါ လူသန္ႀကီး Heracles (Hercules)၊ ဂီတပါရမီရွင္Orpheus စတဲ့ သူရဲေကာင္းအေျမာက္အမ်ားဟာ Argon ဆိုတဲ့ေလွႀကီးကိုစီးၿပီး အခက္အခဲအမ်ိဳးမ်ိဳး၊ ထူးဆန္းတဲ့အႏၲရာယ္အသြယ္သြယ္ၾကားကေနစြန႔္စားလို႔ ေ႐ႊသိုးသားေရကို လာေရာက္ေဆာင္ယူရာကေန ဂရိဒ႑ာရီမွာလူသိမ်ားတဲ့ "Jason နဲ႔  Argonaut သူရဲေကာင္းမ်ား" ဆိုတဲ့ဇာတ္လမ္းတစ္ခုထပ္ၿပီးေပၚေပါက္ခဲ့ပါေသးတယ္။ ဒီဇာတ္လမ္းက မိႆရာသီခြင္နဲ႔ တိုက္႐ိုက္ပက္သက္ေနတာမဟုတ္လို ဒီမွာပဲခ်န္ထားခဲ့လိုက္ပါ့မယ္။

အေပၚမွာေျပာခဲ့တဲ့ အီဂ်စ္နဲ႔ဂရိဒ႑ာရီေတြက မိႆရာသီ Aries ရဲ႕ အမွတ္တံဆိပ္ျဖစ္တဲ့ သိုးထီးနဲ႔ဆက္စပ္ေနတဲ့ ေနာက္ခံဇာတ္လမ္းေတြပါပဲ။ မူကြဲေတြရွိႏိုင္ေပမယ့္ အၾကမ္းအားျဖင့္ေတာ့ ဒီဇာတ္လမ္းေက်ာ႐ိုးေတြေပၚမွာပဲ အေျချပဳထားတာပါ။ စစ္နတ္ဘုရား Ares နဲ႔က နာမည္ခ်င္းဆင္ေပမယ့္ Aries ရာသီခြင္နဲ႔ ဆက္စပ္တာကိုရွာလို႔မေတြ႕ပါဘူး။
 အင္တာနက္မွာ ေမာင္ဇိလက္လွမ္းမီသ‌ေလာက္ အဓိကအေၾကာင္းအရာေရာ၊ ယွက္ႏြယ္ေနတာေတြေရာ လိုက္ဖတ္၊တိုက္ဆိုင္ၿပီး လိုအပ္တဲ့အတိုင္းျပန္စုစည္းေရးထားတာျဖစ္လို႔  မိႆရာသီသမားေတြေရာ၊ စိတ္ဝင္စားသူေတြပါ ေက်နပ္ၾကလိမ့္လို႔ ေမွ်ာ္လင့္ပါတယ္။

ေမာင္ဇိ
Pictures: Internet
#MaungZi #Zodiac #Aries #myth #mythology #ေမာင္ဇိ #မိႆရာသီ #ဒ႑ာရီ #ရာသီခြင္


Friday, October 16, 2020

ကန်ရာသီခွင်(Virgo) သင်္ကေတအမျိုးသမီးငယ်၏ ဇာစ်မြစ်

ကန်ရာသီခွင်(Virgo) သင်္ကေတအမျိုးသမီးငယ်၏ ဇာစ်မြစ်
*************************************
ကန်ရာသီခွင်ရဲ့နက္ခတ် Virgo က ကောင်းကင်ပေါ်မှာ ဒုတိယအကြီးဆုံးကြယ်စုဖြစ်ပါသတဲ့။ အကြီးဆုံးကြယ်စုကတော့ Hydra ကြယ်စုပါတဲ့။

ကန်နက္ခတ်က အမျိုးသမီးငယ်တစ်ယောက်ရဲ့ပုံ၊ တစ်ချို့ကလဲ အပျိုစင်မိန်းကလေးတစ်ယောက်ရဲ့ပုံဖြစ်တယ်လို့ဆိုတယ်။ တောင်ပံနှစ်ဖက်နဲ့ လက်တစ်ဖက်မှာ ကောက်ပဲသီးနှံတွေကိုကိုင်ထားတဲ့မိန်းမပျိုပုံလို့လဲ တစ်ချို့ကယူဆကြပြန်တယ်။

ကြယ်တာရာစုထဲက အမျိုးသမီးငယ်က ဘယ်သူ့ကိုကိုယ်စားပြုတယ်ဆိုတာတော့ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို ကမ္ဘာအနှံ့မှာ အမျိုးမျိုးဆိုကြတယ်။ ရှေးဟောင်း ဆူမီးရီးရန်းလူမျိုးတွေက နတ်ဘုရားတွေနဲ့လူသားတွေရဲ့မိခင် Inanna ဖြစ်တယ်လို့ ယုံကြည်ခဲ့ကြပြီး၊ သူ့နောက်မှာဆက်ခံတဲ့ ဘေဘီလုံလူမျိုးတွေခေတ်မှာတော့ ဒီနတ်ဘုရားမကိုပဲ Ishtar ဆိုတဲ့နာမည်နဲ့ အချစ်၊ မျိုးဆက်ပွားများရေး၊ ကောက်ပဲသီးနှံဖြစ်ထွန်းမှု၊တရားမျှတမှုနဲ့ စစ်ပွဲကိုစောင့်ရှောက်တဲ့နတ်သမီးလို့ ယုံကြည်ကိုးကွယ်ကြပြန်တယ်။
 ဂရိဒဏ္ဍာရီမှာတော့ ကန်နက္ခတ်က Dike နတ်သမီးကို ကိုယ်စားပြုတယ်လို့ ယူဆကြတယ်။ ဂရိနဲ့ဆင်တဲ့ ရောမဒဏ္ဍာရီမှာတော့ Ceres နတ်သမီး ( ဂရိနတ်ဘုရားမ Demeter နဲ့တူ) လို့ပြောကြသလို ဂရိတွေကပဲ လုံမငယ် Erigone၊ နတ်ဘုရားမ Persephone တို့ရဲ့ပုံရိပ်ဖြစ်တယ်ဆိုကြပြန်ရော။ ရှေးခတ်အီဂျစ်လူမျိုးတွေအတွက်တော့ နတ်ဘုရားမ Isis ပေါ့။
ကန်နက္ခတ်ကို ကိုယ်စားပြုတယ်ဆိုတဲ့ လုံမပျို၊ နတ်သမီး၊ နတ်ဘုရားမတွေထဲက ထင်ရှားသူတွေအကြောင်းကို မကျဥ်းမကျယ်လေးပြောပြပါ့မယ်။

ဂရိဒဏ္ဍာရီလာ ကန်နက္ခတ်၏ သင်္ကေတ
******************************
ဂရိဒဏ္ဍာရီမှာ ကန်နက္ခတ်ထဲကအမျိုးသမီးငယ်ဟာ နတ်သမီး Dike ဖြစ်တယ်ဆို ခိုင်ခိုင်မာမာယုံကြည်ခဲ့ကြတယ်။ Dike ဟာ နတ်ဘုရင် Zeus နဲ့ တိုက်တန်နတ်ဘုရားမတစ်ဦးဖြစ်သူ Themis ရဲ့သမီးဖြစ်တယ်။ လူသားတွေကြားမှာတရားမျှတမှုကို စောင့်ရှောက်ဆောင်ကျဥ်းပေးတဲ့နတ်သမီးဖြစ်တယ်။

ဘီစီ၇၅၀-၆၅၀ ကြားမှာပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ ဂရိစာဆိုHesiod အဆိုအရလူသားတွေမှာ ခေတ်ကြီး  ငါးခေတ်  နဲ့ ဘီစီ၄၃ ဝန်းကျင်(ဂျူးလိယက်ဆီဆာကွယ်လွန်ပြီးနောက်တစ်နှစ်၊ နှစ်နှစ်) မှာမွေးခဲ့တယ်ဆိုတဲ့ ရောမစာဆို Ovid တို့ရဲ့အဆိုအရ ခေတ်ကြီး လေးခေတ်ပေါ်ထွန်းခဲ့ပါတယ်တဲ့။
Hesiod ရဲ့ခေတ်ကြီးငါးခေတ်က ရွှေခတ်၊ ငွေခေတ်၊ ကြေးခေတ်၊ သူရဲကောင်းခေတ်နဲ့ သံခေတ်ဖြစ်ပြီး၊ Ovidရဲ့ခေတ်ကြီး လေးခေတ်ကတော့ ရွှေခတ်၊ ငွေခေတ်၊ ကြေးခေတ်နဲ့ (သူရဲကောင်းနဲ့သံခေတ်ကိုပေါင်းထားတဲ့) သံခေတ်ပဲဖြစ်တယ်။

လူသားတွေရဲ့ရွှေခေတ်က နတ်ဘုရင် Zeus ရဲ့ဖခင် Cronus ရဲ့စကြဝဠာကိုအုပ်စိုးစဥ်ကာလကဖြစ်တယ်။ ရွှေခေတ်လူသားတွေဟာ နတ်ဘုရားတွေလိုပဲ အသက်ရှည်ကြတယ်။ နတ်ဘုရားတွေနဲ့လဲ ရောနှောသွားလာနေထိုင်ကြတယ်။ မြေပြင်ကနေ စားစရာကို အလျှံပယ်ရနိုင်ကြလို့ အလုပ်လုပ်စရာလဲမလိုပါဘူးတဲ့။ အသက်အရွယ်အင်မတန်အိုမင်းတဲ့အထိ နုပျိုတဲ့အဆင်းရှိကြပြီး ကွယ်လွန်ချိန်မှာလဲ သက်သက်သာသာ၊ အေးအေးချမ်းချမ်းနဲ့ပဲ အသက်ထွက်လေ့ရှိကြသတဲ့။

ငွေခေတ်ကိုတော့ တိုက်တန်နတ်ဘုရား Cronus ကိုဆက်ခံတဲ့ အိုလံပစ်တောင်ကနတ်ဘုရင် Zeus လက်ထက်မှာလို့ဆိုတယ်။ ဒီခေတ်မှာတော့ လူသားတွေက အသက် ၁၀၀ အထိမိခင်ထံမှာကလေးဘဝနဲ့နေကြပြီး အရွယ်ရောက်ချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက်ငြင်းခုန်တိုက်ခိုက်နေခြင်းနဲ့ သက်တမ်းတိုလာကြတယ်။ ငွေခေတ်ကလူသားတွေက နတ်ဘုရားတွေကို မကိုးကွယ်တော့တဲ့အတွက် Zeus က နတ်ဘုရားတွေကိုဆန့်ကျင်သူအကုန်လုံးကိုဖျက်စီးပစ်လိုက်တယ်။

သံလွင်မျိုးနွယ်ဝင်အပင်ဖြစ်တဲ့ Ash tree ကနေ ကြေးခေတ်လူသားတွေကို Zeus ကထပ်ပြီးဖန်တီးခဲ့တယ်။ ကြေးခေတ်လူသားတွေက ကိုယ်ချပ်အင်္ကျီတွေ၊ အိမ်တွေ၊ လက်နက်ကိရိယာတွေကိုကြေးနဲ့လုပ်ပြီးသုံးကြတယ်။ အချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေကြပြီးနောက်ဆုံးမှာတော့ ရေလွှမ်းခံရပြီး အားလုံးပျက်စီးသွားကြတယ်။

သူရဲကောင်းခေတ်ကလူသားတွေကတော့ Prometheus ဖန်တီးခဲ့တဲ့လူသားတွေရဲ့အဆက်အနွယ်လို့ ယူဆလို့ရမယ်။ Troy စစ်ပွဲတို့၊ Perseus တို့လိုသူရဲကောင်းတွေရဲ့ စွန့်စားခန်းတွေတို့ဟာ အဲဒီခေတ်မှာဖြစ်ခဲ့တယ်။ အဲဒီကနေ ဒီနေ့ခေတ်ထိက သံခေတ်လူသားတွေလို့ ဆိုတယ်။

Dike နတ်သမီးကို  Zeus နဲ့ Themis ကနေလူသားတွေကြားမှာပဲ မွေးဖွားခဲ့ပြီး လူသားတွေကြားမှာ တရားမျှတမှုထွန်းကားစေဖို့ တာဝန်ယူစေခဲ့တယ်တဲ့။ ပျိုမျစ်နုနယ်တဲ့အဆင်းရှိပြီး လက်တစ်ဖက်မှာချိန်ခွင်တစ်ခုကိုကိုင်ထားတဲ့ပုံမျိုး ပုံဖော်လေ့ရှိကြတယ်။ ငွေခေတ်လူသားတွေ အချင်းချင်း ငြင်းခုန်ကြတော့ Dike က ငြိမ်းချမ်းစွာနေထိုင်ကြဖို့၊ ရှေးကရှိခဲ့တဲ့တန်ဖိုးတွေကိုပစ်ပယ်ပြီး ရန်လိုဆိုသွမ်းနေကြရင် ကမ္ဘာမြေပေါ်ကိုမကောင်းတဲ့အရာတွေကျရောက်လာမယ်လို့ လူသားမျိုးနွယ်တစ်ခုလုံးကိုနောက်ဆုံးသတိပေးခဲ့တယ်။ အဲဒီနောက်တော့ တောင်တန်းတစ်ခုပေါ်ကိုပျံသန်းသွားပြီး လူတွေကိုဥပက္ခာပြုလို့နေထိုင်ခဲ့တယ်တဲ့။
ငွေခေတ်လူသားတွေပျက်စီးသွားပြီး ကြေးခေတ်လူသားတွေပေါ်လာတဲ့နောက် အချင်းချင်းစစ်တွေခင်းကြတဲ့အချိန်မှာတော့ Dike ဟာ ထိန်းသိမ်းလို့မရတဲ့လူသားတွေရှိတဲ့ ကမ္ဘာမြေမှာတောင်မနေထိုင်တော့ပဲ ကောင်းကင်ဘုံကို ပျံတက်သွားပါသတဲ့။

ဂရိဒဏ္ဍာရီလာ ကန်နက္ခတ်၏ သင်္ကေတ (၂)
*******************************
Erigone ဟာ Icaria ဒေသက သူရဲကောင်းဘုရင်တစ်ပါးဖြစ်တဲ့ Icarius ရဲ့ သမီးတော်လေးဖြစ်တယ်။ အဲဒီခေတ်မှာ ဝိုင်မပေါ်သေးဘူးတဲ့။ ဒါပေမယ့် ဝိုင်နတ်ဘုရား Dionysus ရဲ့သင်ကြားမှုနဲ့
Icarius ဘုရင်ဟာ ဝိုင်ချက်လုပ်နည်းကိုတတ်မြောက်သွားတယ်။ တစ်နေ့မှာတော့ သိုးကျောင်းသားတွေကို သူချက်လုပ်ထားတဲ့ဝိုင်ကိုတိုက်လိုက်ရာမှာ မူးဝေကုန်ကြပြီး ဘုရင် Icarius ကသူတို့ကို အဆိပ်ခတ်ပါတယ်လို့ ထင်မှတ်ကုန်ကြသတဲ့။ မူးယစ်ပြီး ဝိုင်ဆိပ်တက်နေတဲ့ သိုးကျောင်းသားတွေက အထင်လွဲစွာနဲ့ဘုရင်ကြီးကိုသတ်လိုက်ကြပြီး သစ်ပင်တစ်ပင်အောက်မှာ မြှုပ်ထားလိုက်ကြတယ်။ ဖခင်ပျောက်သွားတဲ့ မင်းသမီးလေး Erigone က သူ့ခွေးလေး Maera ရဲ့အကူအညီနဲ့ ဘုရင်ကြီးကိုလိုက်ရှာရာမှာ သစ်ပင်အောက်မှာမြှုပ်ထားတာကို သွားတွေ့သတဲ့။ ဖခင်ကိုချစ်မြတ်နိုးလွန်းတဲ့ မင်းသမီးလေးက အဲဒီသစ်ပင်မှာပဲ သူ့ကိုယ်သူကြိုးဆွဲချသေသွားခဲ့တယ်။ သခင်မသေသွားတဲ့ ခွေးကလေး Maera ကလဲရေတွင်းတစ်တွင်းထဲကိုခုန်ချလိုက်ပြီးရေနစ်သေသွားရှာတယ်။
ဝိုင်နတ်ဘုရား Dionysus ကတော့ဒီကိစ္စကြောင့်စိတ်ဆိုးသွားပြီး အဲဒီဒေသမှာ ပလိပ်ရောဂါတစ်ခုပြန့်ပွားအောင်လုပ်လိုက်တယ်။ မိန်းမပျိုတွေဟာလဲ အကြောင်းမရှိပဲ ရူးသွပ်ကုန်ကြပြီး တစ်ယောက်ပြီးတစ်ယောက်ကြိုးဆွဲချကုန်ကြတယ်။ အဲဒီလိုတွေဖြစ်နေတာ ပြစ်မှုကျူးလွန်တဲ့ သိုးကျောင်းသားတွေကို လူတွေကဖမ်းမိပြီး ဒဏ်ခတ်လိုက်တဲ့အချိန်ထိပါပဲတဲ့။
ဘုရင် Icarius၊ သမီးတော်လေး Erigone နဲ့ သစ္စာရှိတဲ့ခွေးကလေး Maera တို့ကို Dionysus က ကောင်းကင်ပြင်ပေါ်မှာ ကြယ်တာရာတွေအဖြစ်ဖန်ဆင်းပေးခဲ့တယ်။ ကန်ရာသီရဲ့နက္ခတ် Virgo ကတော့ မင်းသမီးလေး Erigone ပဲပေါ့။

ရောမဒဏ္ဍာရီလာ ကန်နက္ခတ်၏ သင်္ကေတ
********************************
ရောမလူမျိုးတွေယုံကြည်တာကတော့ ကန်ရာသီ Virgo နက္ခတ်ဟာ မြေဆီလွှာနဲ့ ကောက်ပဲ သီးနှံနတ်ဘုရားမ Ceres ကိုကိုယ်စားပြုပါတယ်တဲ့။ ရောမဒဏ္ဍာရီက Ceres ကို ဂရိဒဏ္ဍာရီမှာတော့ Demeter လို့ခေါ်ကြတယ်။ သူ့ရဲ့တစ်ဦးတည်းသော သမီးလေးဖြစ်သူ လှပတဲ့နတ်သမီးလေး Proserpina ( ဂရိ Persephone) ကိုမြေအောက်ကမ္ဘာကနတ်ဘုရား Pluto (ဂရိ Hades) က ခိုးယူသွားတဲ့အခါမှာ သူ့သမီးလေးကို ကမ္ဘာအနှံ့လိုက်ရှာခဲ့တယ်။ ကမ္ဘာပေါ်က ကောက်ပဲသီးနှံတွေအားလုံးခြောက်သွေ့ပျက်စီးပြီး ဘာအပင်မှမဖြစ်ထွန်းတော့တဲ့ထိ သူ့ရဲ့ပူဆွေးသောက ကကြီးမားလွန်းခဲ့တယ်။ ဒါကြောင့်ပဲ နတ်ဘုရင် Jupiter (ဂရိ Zeus)က Mercury (ဂရိ Hermes) ကိုစေလွှတ်ပြီး Proserpina ကိုမိဖုရားအဖြစ်ပေါင်းသင်းနေထိုင်တဲ့ Pluto ရှိရာမြေအောက်ကမ္ဘာမှာ ညှိနှိုင်းစေခဲ့တယ်။ နောက်ဆုံးမှာတော့ Proserpina ဟာသူ့မိခင်နဲ့အတူမြေပေါ်မှာခြောက်လနေထိုင်ခွင့်ရပြီး ကျန်တဲ့ခြောက်လကိုတော့ သူ့ခင်ပွန်းဖြစ်သူ Pluto နဲ့နေထိုင်ဖို့ဖြစ်လာခဲ့တယ်။

ကန်ရာသီရဲ့ နက္ခတ်ဟာကောက်ပဲသီးနှံနတ်သမီး Ceres ကိုကိုယ်စားပြုတယ်လို့ ရောမလူမျိုးတွေက ယူဆကြတယ်။
တစ်ချို့ဂရိဒဏ္ဍာရီတွေမှာတော့ ဒီနက္ခတ်ဟာ ကောက်ပဲသီးနှံနတ်ဘုရားမတစ်ပါးဖြစ်တဲ့ Demeter ရဲ့သမီးဖြစ်သူ နတ်သမီး Persephone (ရောမ Proserpina ) ရဲ့ပုံဖြစ်တယ်လို့ ပြောကြပြန်တယ်။

အီဂျစ်ဒဏ္ဍာရီလာ ကန်နက္ခတ်၏ သင်္ကေတ
********************************
အီဂျစ်တွေကတော့ ကန်နက္ခတ်ဟာ နတ်ဘုရားမ Isis နဲ့ဆက်နွယ်ပက်သက်ပါတယ်လို့ ဆိုကြတယ်။
တရားမျှတမှုကိုဆောင်ကျဥ်းသူနတ်ဘုရားမ Isis နဲ့ သူ့ခင်ပွန်းဖြစ်တဲ့ သေလွန်သူတို့ကမ္ဘာရဲ့နတ်ဘုရား Osiris တို့ရဲ့ဇာတ်လမ်းကတော့ ရှည်လျားလို့ တစ်ပုဒ်သတ်သတ်ရေးမှရပါလိမ့်မယ်။
ဒီတော့ ရှေးဟောင်းအီဂျစ်လူမျိုးတွေက ကန်နက္ခတ် Virgo ဟာ Isis နတ်ဘုရားမကို ကိုယ်စားပြုတယ်လို့ယုံကြည်ကြတယ်ဆိုရင် Virgo အတွက်လုံလောက်မယ်ထင်ပါတယ်။

အပေါ်မှာရေးခဲ့သမျှကတော့ Virgo နဲ့ပက်သက်လို့ ရှာတွေ့သမျှနောက်ခံဇာတ်လမ်းလေးတွေနဲ့ Virgo ရဲ့ကိုယ်စားပြုသင်္ကေတပုံရိပ်ဖြစ်တဲ့မိန်းမငယ်ပုံလေးရဲ့ မူလအဖြစ်ဒေသအသီးသီးမှာယုံကြည်ကြတဲ့ အယူအဆလေးတွေပါပဲ။
အင်တာနက်ဝဘ်ဆိုက်အများအပြားကနေဖတ်ပြီး ကိုးကားထားပါတယ်။

မောင်ဇိ
#MaungZi #Zodiac #Virgo #myth #mythology #မောင်ဇိ #ကန်ရာသီ #ဒဏ္ဍာရီ #ရာသီခွင်
(Pictures : internet)

==============================

ကန္ရာသီခြင္(Virgo) သေကၤတအမ်ိဳးသမီးငယ္၏ ဇာစ္ျမစ္
*************************************
ကန္ရာသီခြင္ရဲ႕နကၡတ္ Virgo က ေကာင္းကင္ေပၚမွာ ဒုတိယအႀကီးဆုံးၾကယ္စုျဖစ္ပါသတဲ့။ အႀကီးဆုံးၾကယ္စုကေတာ့ Hydra ၾကယ္စုပါတဲ့။

ကန္နကၡတ္က အမ်ိဳးသမီးငယ္တစ္ေယာက္ရဲ႕ပုံ၊ တစ္ခ်ိဳ႕ကလဲ အပ်ိဳစင္မိန္းကေလးတစ္ေယာက္ရဲ႕ပုံျဖစ္တယ္လို႔ဆိုတယ္။ ေတာင္ပံႏွစ္ဖက္နဲ႔ လက္တစ္ဖက္မွာ ေကာက္ပဲသီးႏွံေတြကိုကိုင္ထားတဲ့မိန္းမပ်ိဳပုံလို႔လဲ တစ္ခ်ိဳ႕ကယူဆၾကျပန္တယ္။

ၾကယ္တာရာစုထဲက အမ်ိဳးသမီးငယ္က ဘယ္သူ႔ကိုကိုယ္စားျပဳတယ္ဆိုတာေတာ့ တစ္ေက်ာင္းတစ္ဂါထာ၊ တစ္႐ြာတစ္ပုဒ္ဆန္း ဆိုသလို ကမာၻအႏွံ႔မွာ အမ်ိဳးမ်ိဳးဆိုၾကတယ္။ ေရွးေဟာင္း ဆူမီးရီးရန္းလူမ်ိဳးေတြက နတ္ဘုရားေတြနဲ႔လူသားေတြရဲ႕မိခင္ Inanna ျဖစ္တယ္လို႔ ယုံၾကည္ခဲ့ၾကၿပီး၊ သူ႔ေနာက္မွာဆက္ခံတဲ့ ေဘဘီလုံလူမ်ိဳးေတြေခတ္မွာေတာ့ ဒီနတ္ဘုရားမကိုပဲ Ishtar ဆိုတဲ့နာမည္နဲ႔ အခ်စ္၊ မ်ိဳးဆက္ပြားမ်ားေရး၊ ေကာက္ပဲသီးႏွံျဖစ္ထြန္းမႈ၊တရားမွ်တမႈနဲ႔ စစ္ပြဲကိုေစာင့္ေရွာက္တဲ့နတ္သမီးလို႔ ယုံၾကည္ကိုးကြယ္ၾကျပန္တယ္။
 ဂရိဒ႑ာရီမွာေတာ့ ကန္နကၡတ္က Dike နတ္သမီးကို ကိုယ္စားျပဳတယ္လို႔ ယူဆၾကတယ္။ ဂရိနဲ႔ဆင္တဲ့ ေရာမဒ႑ာရီမွာေတာ့ Ceres နတ္သမီး ( ဂရိနတ္ဘုရားမ Demeter နဲ႔တူ) လို႔ေျပာၾကသလို ဂရိေတြကပဲ လုံမငယ္ Erigone၊ နတ္ဘုရားမ Persephone တို႔ရဲ႕ပုံရိပ္ျဖစ္တယ္ဆိုၾကျပန္ေရာ။ ေရွးခတ္အီဂ်စ္လူမ်ိဳးေတြအတြက္ေတာ့ နတ္ဘုရားမ Isis ေပါ့။
ကန္နကၡတ္ကို ကိုယ္စားျပဳတယ္ဆိုတဲ့ လုံမပ်ိဳ၊ နတ္သမီး၊ နတ္ဘုရားမေတြထဲက ထင္ရွားသူေတြအေၾကာင္းကို မက်ဥ္းမက်ယ္ေလးေျပာျပပါ့မယ္။

ဂရိဒ႑ာရီလာ ကန္နကၡတ္၏ သေကၤတ
******************************
ဂရိဒ႑ာရီမွာ ကန္နကၡတ္ထဲကအမ်ိဳးသမီးငယ္ဟာ နတ္သမီး Dike ျဖစ္တယ္ဆို ခိုင္ခိုင္မာမာယုံၾကည္ခဲ့ၾကတယ္။ Dike ဟာ နတ္ဘုရင္ Zeus နဲ႔ တိုက္တန္နတ္ဘုရားမတစ္ဦးျဖစ္သူ Themis ရဲ႕သမီးျဖစ္တယ္။ လူသားေတြၾကားမွာတရားမွ်တမႈကို ေစာင့္ေရွာက္ေဆာင္က်ဥ္းေပးတဲ့နတ္သမီးျဖစ္တယ္။

ဘီစီ၇၅၀-၆၅၀ ၾကားမွာေပၚေပါက္ခဲ့တယ္ဆိုတဲ့ ဂရိစာဆိုHesiod အဆိုအရလူသားေတြမွာ ေခတ္ႀကီး  ငါးေခတ္  နဲ႔ ဘီစီ၄၃ ဝန္းက်င္(ဂ်ဴးလိယက္ဆီဆာကြယ္လြန္ၿပီးေနာက္တစ္ႏွစ္၊ ႏွစ္ႏွစ္) မွာေမြးခဲ့တယ္ဆိုတဲ့ ေရာမစာဆို Ovid တို႔ရဲ႕အဆိုအရ ေခတ္ႀကီး ေလးေခတ္ေပၚထြန္းခဲ့ပါတယ္တဲ့။
Hesiod ရဲ႕ေခတ္ႀကီးငါးေခတ္က ေ႐ႊခတ္၊ ေငြေခတ္၊ ေၾကးေခတ္၊ သူရဲေကာင္းေခတ္နဲ႔ သံေခတ္ျဖစ္ၿပီး၊ Ovidရဲ႕ေခတ္ႀကီး ေလးေခတ္ကေတာ့ ေ႐ႊခတ္၊ ေငြေခတ္၊ ေၾကးေခတ္နဲ႔ (သူရဲေကာင္းနဲ႔သံေခတ္ကိုေပါင္းထားတဲ့) သံေခတ္ပဲျဖစ္တယ္။

လူသားေတြရဲ႕ေ႐ႊေခတ္က နတ္ဘုရင္ Zeus ရဲ႕ဖခင္ Cronus ရဲ႕စၾကဝဠာကိုအုပ္စိုးစဥ္ကာလကျဖစ္တယ္။ ေ႐ႊေခတ္လူသားေတြဟာ နတ္ဘုရားေတြလိုပဲ အသက္ရွည္ၾကတယ္။ နတ္ဘုရားေတြနဲ႔လဲ ေရာေႏွာသြားလာေနထိုင္ၾကတယ္။ ေျမျပင္ကေန စားစရာကို အလွ်ံပယ္ရႏိုင္ၾကလို႔ အလုပ္လုပ္စရာလဲမလိုပါဘူးတဲ့။ အသက္အ႐ြယ္အင္မတန္အိုမင္းတဲ့အထိ ႏုပ်ိဳတဲ့အဆင္းရွိၾကၿပီး ကြယ္လြန္ခ်ိန္မွာလဲ သက္သက္သာသာ၊ ေအးေအးခ်မ္းခ်မ္းနဲ႔ပဲ အသက္ထြက္ေလ့ရွိၾကသတဲ့။

ေငြေခတ္ကိုေတာ့ တိုက္တန္နတ္ဘုရား Cronus ကိုဆက္ခံတဲ့ အိုလံပစ္ေတာင္ကနတ္ဘုရင္ Zeus လက္ထက္မွာလို႔ဆိုတယ္။ ဒီေခတ္မွာေတာ့ လူသားေတြက အသက္ ၁၀၀ အထိမိခင္ထံမွာကေလးဘဝနဲ႔ေနၾကၿပီး အ႐ြယ္ေရာက္ခ်ိန္မွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ျငင္းခုန္တိုက္ခိုက္ေနျခင္းနဲ႔ သက္တမ္းတိုလာၾကတယ္။ ေငြေခတ္ကလူသားေတြက နတ္ဘုရားေတြကို မကိုးကြယ္ေတာ့တဲ့အတြက္ Zeus က နတ္ဘုရားေတြကိုဆန႔္က်င္သူအကုန္လုံးကိုဖ်က္စီးပစ္လိုက္တယ္။

သံလြင္မ်ိဳးႏြယ္ဝင္အပင္ျဖစ္တဲ့ Ash tree ကေန ေၾကးေခတ္လူသားေတြကို Zeus ကထပ္ၿပီးဖန္တီးခဲ့တယ္။ ေၾကးေခတ္လူသားေတြက ကိုယ္ခ်ပ္အက်ႌေတြ၊ အိမ္ေတြ၊ လက္နက္ကိရိယာေတြကိုေၾကးနဲ႔လုပ္ၿပီးသုံးၾကတယ္။ အခ်င္းခ်င္းတိုက္ခိုက္သတ္ျဖတ္ေနၾကၿပီးေနာက္ဆုံးမွာေတာ့ ေရလႊမ္းခံရၿပီး အားလုံးပ်က္စီးသြားၾကတယ္။

သူရဲေကာင္းေခတ္ကလူသားေတြကေတာ့ Prometheus ဖန္တီးခဲ့တဲ့လူသားေတြရဲ႕အဆက္အႏြယ္လို႔ ယူဆလို႔ရမယ္။ Troy စစ္ပြဲတို႔၊ Perseus တို႔လိုသူရဲေကာင္းေတြရဲ႕ စြန႔္စားခန္းေတြတို႔ဟာ အဲဒီေခတ္မွာျဖစ္ခဲ့တယ္။ အဲဒီကေန ဒီေန႔ေခတ္ထိက သံေခတ္လူသားေတြလို႔ ဆိုတယ္။

Dike နတ္သမီးကို  Zeus နဲ႔ Themis ကေနလူသားေတြၾကားမွာပဲ ေမြးဖြားခဲ့ၿပီး လူသားေတြၾကားမွာ တရားမွ်တမႈထြန္းကားေစဖို႔ တာဝန္ယူေစခဲ့တယ္တဲ့။ ပ်ိဳမ်စ္ႏုနယ္တဲ့အဆင္းရွိၿပီး လက္တစ္ဖက္မွာခ်ိန္ခြင္တစ္ခုကိုကိုင္ထားတဲ့ပုံမ်ိဳး ပုံေဖာ္ေလ့ရွိၾကတယ္။ ေငြေခတ္လူသားေတြ အခ်င္းခ်င္း ျငင္းခုန္ၾကေတာ့ Dike က ၿငိမ္းခ်မ္းစြာေနထိုင္ၾကဖို႔၊ ေရွးကရွိခဲ့တဲ့တန္ဖိုးေတြကိုပစ္ပယ္ၿပီး ရန္လိုဆိုသြမ္းေနၾကရင္ ကမာၻေျမေပၚကိုမေကာင္းတဲ့အရာေတြက်ေရာက္လာမယ္လို႔ လူသားမ်ိဳးႏြယ္တစ္ခုလုံးကိုေနာက္ဆုံးသတိေပးခဲ့တယ္။ အဲဒီေနာက္ေတာ့ ေတာင္တန္းတစ္ခုေပၚကိုပ်ံသန္းသြားၿပီး လူေတြကိုဥပကၡာျပဳလို႔ေနထိုင္ခဲ့တယ္တဲ့။
ေငြေခတ္လူသားေတြပ်က္စီးသြားၿပီး ေၾကးေခတ္လူသားေတြေပၚလာတဲ့ေနာက္ အခ်င္းခ်င္းစစ္ေတြခင္းၾကတဲ့အခ်ိန္မွာေတာ့ Dike ဟာ ထိန္းသိမ္းလို႔မရတဲ့လူသားေတြရွိတဲ့ ကမာၻေျမမွာေတာင္မေနထိုင္ေတာ့ပဲ ေကာင္းကင္ဘုံကို ပ်ံတက္သြားပါသတဲ့။

ဂရိဒ႑ာရီလာ ကန္နကၡတ္၏ သေကၤတ (၂)
*******************************
Erigone ဟာ Icaria ေဒသက သူရဲေကာင္းဘုရင္တစ္ပါးျဖစ္တဲ့ Icarius ရဲ႕ သမီးေတာ္ေလးျဖစ္တယ္။ အဲဒီေခတ္မွာ ဝိုင္မေပၚေသးဘူးတဲ့။ ဒါေပမယ့္ ဝိုင္နတ္ဘုရား Dionysus ရဲ႕သင္ၾကားမႈနဲ႔
Icarius ဘုရင္ဟာ ဝိုင္ခ်က္လုပ္နည္းကိုတတ္ေျမာက္သြားတယ္။ တစ္ေန႔မွာေတာ့ သိုးေက်ာင္းသားေတြကို သူခ်က္လုပ္ထားတဲ့ဝိုင္ကိုတိုက္လိုက္ရာမွာ မူးေဝကုန္ၾကၿပီး ဘုရင္ Icarius ကသူတို႔ကို အဆိပ္ခတ္ပါတယ္လို႔ ထင္မွတ္ကုန္ၾကသတဲ့။ မူးယစ္ၿပီး ဝိုင္ဆိပ္တက္ေနတဲ့ သိုးေက်ာင္းသားေတြက အထင္လြဲစြာနဲ႔ဘုရင္ႀကီးကိုသတ္လိုက္ၾကၿပီး သစ္ပင္တစ္ပင္ေအာက္မွာ ျမႇဳပ္ထားလိုက္ၾကတယ္။ ဖခင္ေပ်ာက္သြားတဲ့ မင္းသမီးေလး Erigone က သူ႔ေခြးေလး Maera ရဲ႕အကူအညီနဲ႔ ဘုရင္ႀကီးကိုလိုက္ရွာရာမွာ သစ္ပင္ေအာက္မွာျမႇဳပ္ထားတာကို သြားေတြ႕သတဲ့။ ဖခင္ကိုခ်စ္ျမတ္ႏိုးလြန္းတဲ့ မင္းသမီးေလးက အဲဒီသစ္ပင္မွာပဲ သူ႔ကိုယ္သူႀကိဳးဆြဲခ်ေသသြားခဲ့တယ္။ သခင္မေသသြားတဲ့ ေခြးကေလး Maera ကလဲေရတြင္းတစ္တြင္းထဲကိုခုန္ခ်လိုက္ၿပီးေရနစ္ေသသြားရွာတယ္။
ဝိုင္နတ္ဘုရား Dionysus ကေတာ့ဒီကိစၥေၾကာင့္စိတ္ဆိုးသြားၿပီး အဲဒီေဒသမွာ ပလိပ္ေရာဂါတစ္ခုျပန႔္ပြားေအာင္လုပ္လိုက္တယ္။ မိန္းမပ်ိဳေတြဟာလဲ အေၾကာင္းမရွိပဲ ႐ူးသြပ္ကုန္ၾကၿပီး တစ္ေယာက္ၿပီးတစ္ေယာက္ႀကိဳးဆြဲခ်ကုန္ၾကတယ္။ အဲဒီလိုေတြျဖစ္ေနတာ ျပစ္မႈက်ဴးလြန္တဲ့ သိုးေက်ာင္းသားေတြကို လူေတြကဖမ္းမိၿပီး ဒဏ္ခတ္လိုက္တဲ့အခ်ိန္ထိပါပဲတဲ့။
ဘုရင္ Icarius၊ သမီးေတာ္ေလး Erigone နဲ႔ သစၥာရွိတဲ့ေခြးကေလး Maera တို႔ကို Dionysus က ေကာင္းကင္ျပင္ေပၚမွာ ၾကယ္တာရာေတြအျဖစ္ဖန္ဆင္းေပးခဲ့တယ္။ ကန္ရာသီရဲ႕နကၡတ္ Virgo ကေတာ့ မင္းသမီးေလး Erigone ပဲေပါ့။

ေရာမဒ႑ာရီလာ ကန္နကၡတ္၏ သေကၤတ
********************************
ေရာမလူမ်ိဳးေတြယုံၾကည္တာကေတာ့ ကန္ရာသီ Virgo နကၡတ္ဟာ ေျမဆီလႊာနဲ႔ ေကာက္ပဲ သီးႏွံနတ္ဘုရားမ Ceres ကိုကိုယ္စားျပဳပါတယ္တဲ့။ ေရာမဒ႑ာရီက Ceres ကို ဂရိဒ႑ာရီမွာေတာ့ Demeter လို႔ေခၚၾကတယ္။ သူ႔ရဲ႕တစ္ဦးတည္းေသာ သမီးေလးျဖစ္သူ လွပတဲ့နတ္သမီးေလး Proserpina ( ဂရိ Persephone) ကိုေျမေအာက္ကမာၻကနတ္ဘုရား Pluto (ဂရိ Hades) က ခိုးယူသြားတဲ့အခါမွာ သူ႔သမီးေလးကို ကမာၻအႏွံ႔လိုက္ရွာခဲ့တယ္။ ကမာၻေပၚက ေကာက္ပဲသီးႏွံေတြအားလုံးေျခာက္ေသြ႕ပ်က္စီးၿပီး ဘာအပင္မွမျဖစ္ထြန္းေတာ့တဲ့ထိ သူ႔ရဲ႕ပူေဆြးေသာက ကႀကီးမားလြန္းခဲ့တယ္။ ဒါေၾကာင့္ပဲ နတ္ဘုရင္ Jupiter (ဂရိ Zeus)က Mercury (ဂရိ Hermes) ကိုေစလႊတ္ၿပီး Proserpina ကိုမိဖုရားအျဖစ္ေပါင္းသင္းေနထိုင္တဲ့ Pluto ရွိရာေျမေအာက္ကမာၻမွာ ညႇိႏႈိင္းေစခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ Proserpina ဟာသူ႔မိခင္နဲ႔အတူေျမေပၚမွာေျခာက္လေနထိုင္ခြင့္ရၿပီး က်န္တဲ့ေျခာက္လကိုေတာ့ သူ႔ခင္ပြန္းျဖစ္သူ Pluto နဲ႔ေနထိုင္ဖို႔ျဖစ္လာခဲ့တယ္။

ကန္ရာသီရဲ႕ နကၡတ္ဟာေကာက္ပဲသီးႏွံနတ္သမီး Ceres ကိုကိုယ္စားျပဳတယ္လို႔ ေရာမလူမ်ိဳးေတြက ယူဆၾကတယ္။
တစ္ခ်ိဳ႕ဂရိဒ႑ာရီေတြမွာေတာ့ ဒီနကၡတ္ဟာ ေကာက္ပဲသီးႏွံနတ္ဘုရားမတစ္ပါးျဖစ္တဲ့ Demeter ရဲ႕သမီးျဖစ္သူ နတ္သမီး Persephone (ေရာမ Proserpina ) ရဲ႕ပုံျဖစ္တယ္လို႔ ေျပာၾကျပန္တယ္။

အီဂ်စ္ဒ႑ာရီလာ ကန္နကၡတ္၏ သေကၤတ
********************************
အီဂ်စ္ေတြကေတာ့ ကန္နကၡတ္ဟာ နတ္ဘုရားမ Isis နဲ႔ဆက္ႏြယ္ပက္သက္ပါတယ္လို႔ ဆိုၾကတယ္။
တရားမွ်တမႈကိုေဆာင္က်ဥ္းသူနတ္ဘုရားမ Isis နဲ႔ သူ႔ခင္ပြန္းျဖစ္တဲ့ ေသလြန္သူတို႔ကမာၻရဲ႕နတ္ဘုရား Osiris တို႔ရဲ႕ဇာတ္လမ္းကေတာ့ ရွည္လ်ားလို႔ တစ္ပုဒ္သတ္သတ္ေရးမွရပါလိမ့္မယ္။
ဒီေတာ့ ေရွးေဟာင္းအီဂ်စ္လူမ်ိဳးေတြက ကန္နကၡတ္ Virgo ဟာ Isis နတ္ဘုရားမကို ကိုယ္စားျပဳတယ္လို႔ယုံၾကည္ၾကတယ္ဆိုရင္ Virgo အတြက္လုံေလာက္မယ္ထင္ပါတယ္။

အေပၚမွာေရးခဲ့သမွ်ကေတာ့ Virgo နဲ႔ပက္သက္လို႔ ရွာေတြ႕သမွ်ေနာက္ခံဇာတ္လမ္းေလးေတြနဲ႔ Virgo ရဲ႕ကိုယ္စားျပဳသေကၤတပုံရိပ္ျဖစ္တဲ့မိန္းမငယ္ပုံေလးရဲ႕ မူလအျဖစ္ေဒသအသီးသီးမွာယုံၾကည္ၾကတဲ့ အယူအဆေလးေတြပါပဲ။
အင္တာနက္ဝဘ္ဆိုက္အမ်ားအျပားကေနဖတ္ၿပီး ကိုးကားထားပါတယ္။

ေမာင္ဇိ
#MaungZi #Zodiac #Virgo #myth #mythology #ေမာင္ဇိ #ကန္ရာသီ #ဒ႑ာရီ #ရာသီခြင္
(Pictures : internet)

Friday, October 9, 2020

ဓနုရာသီခွင်(Sagittarius) သင်္ကေတ မြင်းတစ်ပိုင်းလူတစ်ပိုင်း၏ ဇာစ်မြစ်

ဓနုရာသီခွင်(Sagittarius) သင်္ကေတ မြင်းတစ်ပိုင်းလူတစ်ပိုင်း၏ ဇာစ်မြစ်
******************************************
ဓနုရာသီခွင်ကြယ်စု (Sagittarius Constellation)ကို ‌လေးနဲ့မြားကိုင်ထားတဲ့ လူတစ်ပိုင်းမြင်းတစ်ပိုင်း သတ္တဝါ Centaur တစ်ကောင်ရဲ့ပုံနဲ့ ပုံဖော်လေ့ရှိတယ်။
အနီးအနားမှာရှိတဲ့ ‌ဗြိစ္ဆာရာသီခွင်ရဲ့ ကင်းမြီးကောက်သဏ္ဌာန်နက္ခတ်ကိုမြားနဲ့ချိန်ထားဟန် ဓနုနက္ခတ်ဖြစ်တယ်။

ခါးအထက်ပိုင်းမှာလူကိုယ်ခန္ဓာ၊ ခါးအောက်ပိုင်းက မြင်းခန္ဓာကိုယ်ရှိတဲ့ Centaur အမျိုးအစားသတ္တဝါက ဓနုရာသီရဲ့ သင်္ကေတအစစ်မဟုတ်ပဲ၊ ခါးအထက်ပိုင်းကလူကိုယ်ခန္ဓာ၊ ခါးအောက်ပိုင်းက ဆိတ်ရဲ့ခြေနှစ်ချောင်းနဲ့ ‌ခေါင်းမှာဆိတ်ချိုပါတဲ့ Satyr သတ္တဝါအမျိုးအစားကသာ ဓနုရာသီရဲ့သင်္ကေတကိုကိုယ်စားပြုတယ်လို့ ဘီစီ၂၀၀ ဝန်းကျင်လောက်မှာပေါ်ပေါက်ခဲ့တဲ့ ဂရိလူမျိုးနက္ခတ်ဗေဒ၊သင်္ချာ နဲ့ကဗျာပညာရှင် Eratosthenes ကပြောခဲ့တယ်။ အီဂျစ်ပြည်၊ အလက်ဇန္ဒရီးယ မြို့မှာစာကြည့်တိုက်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ရင်း အဆက်မပြတ်သင်ယူလေ့လာနေခဲ့တဲ့သူတစ်ယောက်လဲဖြစ်တယ်။ သူ့အဆိုအရတော့ လူတွေက ဆိတ်ခြေထောက်နဲ့ Satyr ကိုပုံစံချင်းဆင်တဲ့ မြင်းကိုယ်ရှိတဲ့Centaur နဲ့မှားကြတာဖြစ်တယ်တဲ့။ Centaur တွေအတွက်က Centaurus နက္ခတ်က သတ်သတ်ရှိပြီးသားဖြစ်လို့ ဓနုရာသီခွင်ရဲ့ Sagittarius နက္ခတ်ဟာ Satyr တစ်ယောက်ဖြစ်တဲ့ Crotus ကိုသာကိုယ်စားပြုတယ်လို့ဆိုတယ်။


ဘယ်လိုပဲဖြစ်ဖြစ် Satyr နဲ့ပက်သက်တဲ့ဇာတ်လမ်းရော၊ Centaur နဲ့ပက်သက်တဲ့ဇာတ်လမ်းရောကိုရေးသွားပါမယ်။ အဲဒီနှစ်ခုအပြင် ဘေဘီလုံခေတ်ကလူတွေယုံကြည်ကြတဲ့ ဓနုနက္ခတ်ရဲ့ကိုယ်စားပြုနတ်ဘုရားအကြောင်းကိုလဲ မိတ်ဆက်ပေးပါ့မယ်။

ဘေဘီလုံဒဏ္ဍာရီလာ ဓနုသင်္ကေတ
***************************
ဘေဘီလုံခေတ်ကလူတွေက ဓနုသင်္ကေတဟာ မြေအောက်ကမ္ဘာကိုစောင့်ကြပ်တဲ့နတ်ဘုရား Nergal ရဲ့ပုံဖြစ်တယ်လို့ ယူဆကြတယ်။
လူခေါင်းနဲ့ခါး၊ မြင်းနဲ့တူတဲ့ကိုယ် (ခြင်္သေ့လို့လဲတစ်ချို့ကရေး)၊ ကျောပေါ်မှာ တောင်ပံနှစ်ဖက်နဲ့ မြင်းမြီးနေရာမှာ မြွေဆိုးတစ်ကောင်ရှိနေတဲ့ ဆူမီးရီးရန်းနတ်ဘုရား Nergal က Centaur နဲ့ပုံစံချင်းဆင်တယ်လို့ဆိုတယ်။ Nergal ရဲ့ ခေါင်းကလဲလူခေါင်းအပြင် ကျားသစ်တစ်ကောင်ရဲ့ခေါင်းပါ ပါသေးတယ်လို့လဲဖော်ပြကြတယ်။
 ဒါကတော့ ရှေးဟောင်းဘေဘီလုံလူမျိုးတွေရဲ့ ဓနုနက္ခတ်ပုံနဲ့ပက်သက်တဲ့ ဒဏ္ဍာရီပေါ့။

ဂရိဒဏ္ဍာရီလာ ဓနုနက္ခတ်သင်္ကေတ (၁)
*****************************
ဒါကတော့ Satyr တွေနဲ့ပက်သက်တဲ့ ဒဏ္ဍာရီ။
ဆိတ်ခြေထောက်နတ် Pan ရဲ့သားတစ်ယောက်ဖြစ်တဲ့ Crotus က ကဗျာ၊ ဂီတ၊ အနုပညာနဲ့ စိတ်ကူးဉာဏ်ကွန့်မြူးဖန်တီးမှုတို့ကိုစောင့်ရှောက်တဲ့ နတ်သမီး‌လေးတွေဖြစ်တဲ့ The Muses ရဲ့အဖော်အလှော်ဖြစ်တယ်။ စုစုပေါင်း ကိုးပါးရှိတဲ့ The Muses နတ်သမီးလေးတွေဟာ ဂီတနတ်ဘုရားတစ်ပါးဖြစ်တဲ့ Apollo ရဲ့သင်ကြားမှုကိုလက်ခံရရှိပြီး အနုပညာရပ်တွေအမျိုးမျိုးကို ကိုယ်စားပြုကြတယ်တဲ့။ Homer အပါအဝင်ရှေးခေတ်ဂရိစာဆိုတွေဟာလဲ စာ၊လင်္ကာတစ်ခုခုမရေးခင်၊ ရှေ့ဆုံးမှာ The Muses နတ်သမီးတွေကိုတိုင်တည်ပြီးမှ ပြောဆိုရေးသားလေ့ရှိကြတယ်လို့လဲ အထောက်အထားတစ်ချို့အရသိရတယ်။

 ဇာတ်လမ်းကိုပြန်ဆက်ရရင်တော့ The Muses နတ်သမီးလေးတွေက သာယာလှပတဲ့ တေးသီချင်းလေးတွေ သီကုံးပြီး ဆိတ်ခြေထောက်တွေနဲ့ လူကိုယ်ရှိတဲ့ Satyr သတ္တဝါ Crotus ကို ဖျော်ဖြေပြကြလေ့ရှိတယ်။ အဲဒီအခါမျိုးမှာ Crotus ကကျယ်လောင်စွာလက်ခုပ်တီးပြီး ရွှင်မြူးစွာသြဘာပေးလေ့ရှိသတဲ့။
မြင်းစီးကျွမ်းကျင်ရုံသာမက အမဲလိုက်လေးနဲ့မြားကို စတင်တီထွင်ခဲ့သူအဖြစ်လဲ ယူဆခြင်းခံရတဲ့ Crotus နဲ့ The Muses တို့ဟာ Helicon တောင်မှာ တစ်ဦးကိုတစ်ဦးစောင့်ရှောက်ရင်းပျော်ရွှင်စွာအတူနေထိုင်ခဲ့ကြတယ်တဲ့။
Satyr သတ္တဝါတွေဟာပုံမှန်အားဖြင့် ကြမ်းတမ်းပြီး မိန်းမလိုက်စားမှုမှာနာမည်ကြီးကြပေမယ့် Crotus ကတော့ချွင်းချက်အနေနဲ့ ကြင်နာသနားတတ်ပြီး The Muses တွေအတွက် အားကိုးချစ်ခင်ရတဲ့ အဖော်သဟဲဖြစ်ခဲ့တယ်။ ဒါကြောင့်လဲ သူကွယ်လွန်ပြီးတဲ့နောက်မှာ သူ့အတွက်ကြယ်တာရာစုတစ်ခုကိုဖန်ဆင်းပေးဖို့ The Muses နတ်သမီးလေးတွေက သူတို့အဖေဖြစ်တဲ့ နတ်ဘုရင် Zeus ကိုတောင်းဆိုခဲ့ကြတယ်တဲ့။
လေးနဲ့မြားကိုကိုင်ထားတဲ့ Crotus ရဲ့ပုံနက္ခတ်ကိုဖန်တီးရာမှာ မြင်းစီးရတာကိုနှစ်သက်သူဖြစ်တဲ့အတွက် မြင်းတစ်ကောင်ရဲ့နောက်ခြေထောက်တွေပါထည့်ပေးလိုက်လို့ ခြေလေးချောင်းနဲ့ လေးမြားကိုင်ထားတဲ့လူပုံသဏ္ဍာန် ဓနုနက္ခတ် (Sagittarius) ဖြစ်လာတယ်လို့ ဒီဒဏ္ဍာရီလေးက ဖော်ပြတယ်။

ဂရိဒဏ္ဍာရီလာ ဓနုနက္ခတ်သင်္ကေတ (၂)
*****************************
ဒီဇာတ်လမ်းကတော့ Centaur တစ်ယောက်ဖြစ်တဲ့ Chiron၊ နာမည်ကျော်လူသန်ကြီး Heracles ( ရောမအခေါ် Hercules၊ မြန်မာအခေါ် ဟာကြူလီ) တို့နဲ့ပက်သက်နေတယ်။

ခါးအထက်မှာလူကိုယ်၊ ခါးအောက်ပိုင်းမှာမြင်းခန္ဓာရှိတဲ့ Centaur အမျိုးအစားသတ္တဝါတွေဟာ ရန်လိုသူတွေဖြစ်ကြပြီး ရိုင်းစိုင်းကြတယ်။ အထိမ်းအကွပ်မဲ့ကြတယ်။ ဝိုင်တစ်ခွက်လောက်သောက်ပြီးရင် ရန်ဖြစ်ကြ၊သောင်းကျန်းကြသူတွေဖြစ်တယ်။
သူတို့တွေနဲ့ မတူပဲ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သူကတော့ Centaur တစ်ယောက်ဖြစ်တဲ့Chiron ။ တိုက်တန်နတ်ဘုရင်ဖြစ်တဲ့ Cronus ကနေတိုက်ရိုက်ဆင်းသက်လာသူဖြစ်တဲ့ Chiron က မြင်းရိုင်းသဘာဝနဲ့လူသဘာဝရောယှက်နေတဲ့ သာမန် Centaur တွေလိုမဟုတ်ပဲ ဉာဏ်ပညာကြီးမြင့်သူ၊ တွေးခေါ်ချင့်ချိန်မှုအားကောင်းသူ၊ ကြင်နာသနားတတ်သူ၊ လေးမြားအတတ်၊ ဆေးပညာကစလို့ အတတ်မျိုးစုံကျွမ်းကျင်သူ ဒိဿပါမောက္ခဆရာကြီးတစ်ယောက်ဖြစ်တယ်။
သူ့တပည့်တွေထဲမှာ Jason, Heracles နဲ့ Achilles တို့လိုနာမည်ကြီးသူရဲကောင်းတွေပါတယ်။

လူသန်ကြီး Heracles ရဲ့ ထင်ရှားတဲ့အလုပ်ကြီး ၁၂ ခုမှာ လေးခုမြောက်ဖြစ်တဲ့ Erymanthian Boar ခေါ်  Erymanthia ဒေသက တောဝက်ရိုင်းကြီးကို သတ်ဖြတ်ရတဲ့ အလုပ်တစ်ခုမှာ သူ့ဆရာဖြစ်တဲ့ Chiron ကမြားတံတွေထောက်ပံ့ပေးပြီးကူညီခဲ့တယ်လို့ဆိုတယ်။ အဲဒီတောဝက်ကိုသတ်ပြီးအပြန် မိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာဝိုင်သောက်ဖို့ဖိတ်ခေါ်ခံရလို့ ဝိုင်စည်တွေကိုဖွင့်နေတုန်းမှာပဲ ဝိုင်နံ့ရတဲ့ အရိုင်းစိတ်နဲ့Centaur တွေရောက်လာပြီး Heracles ကိုတိုက်ခိုက်ကြသတဲ့။ အဆိပ်လူးမြားတွေတစ်ချောင်းပြီးတစ်ချောင်းပစ်ပြီး Centaur တွေကိုရှင်းလင်းရာမှာ သူ့ဆရာဖြစ်တဲ့ Chiron ကိုပါမှားပစ်မိပြီး Chiron ရဲ့ပေါင်မှာမြားဒဏ်ရာရသွားတယ်။ ကိုယ်တိုင်ဆေးဆရာတစ်ယောက်ဖြစ်ပေမယ့် Lernaean ရေကန်ကခေါင်းကိုးလုံးမြွေနဂါး Hydra ရဲ့သွေးနဲ့စိမ်ထားတဲ့အဆိပ်မြားရဲ့ဒဏ်ကိုတော့ ပြေအောင်မကုနိုင်ရှာဘူး။ Chiron ဟာမသေမျိုး immortal တစ်ယောက်လဲဖြစ်လို့ မသေနိုင်ပဲပြင်းထန်တဲ့ ပူလောင်နာကျင်မှုကိုခံစားနေရတော့တာပေါ့။

မတော်တဆမှုကြောင့် နောင်တကြီးစွာရနေတဲ့ တပည့်ဖြစ်သူ လူသန်ကြီးHeracles မှာကလဲနောက်ထပ်ဆက်လုပ်ရမယ့်အလုပ်ကြီးပေါင်း ၈ ခုကျန်သေးတယ်။ Chiron အနေနဲ့ကလဲ တပည့်ဖြစ်သူကို အကူအညီမပေးနိုင်တော့ဘူး။
ဒီတော့ ဒုက္ခခံစားနေရမယ့်အတူတူ လူသားတွေအတွက် မီးကိုခိုးယူပေးမှုနဲ့ ကော်ကေးဆပ်တောင်တန်းမှာ သံကြိုးနဲ့ချည်နှောင်ပြီးပြစ်ဒဏ်ခတ်ခြင်းခံနေရတဲ့ တိုက်တန် Prometheus နဲ့နေရာချင်းလဲပေးဖို့ နတ်ဘုရင် Zeus ကိုတောင်းဆိုလိုက်သတဲ့။ Prometheus ရဲ့ပြစ်ဒဏ်က တောင်တန်းပေါ်မှာ သံကြိုးတွေနဲ့ချည်နှောင်ခံထားရပြီး နေ့စဥ်နေ့တိုင်း သိမ်းစွန်တစ်ကောင်ရဲ့ အသည်းဖောက်စားတာကို ခံရတာပါ။ တစ်နေ့ကုန်လို့ နောက်တစ်နေ့ရောက်ရင် Prometheus ရဲ့အသည်းကပြန်ပြည့်သွားပြီး နောက်တစ်ကြိမ် သိမ်းစွန်ရဲ့ဖောက်စားခြင်းကိုခံရပြန်လို့ အဆုံးမရှိတဲ့ဒုက္ခကိုနေ့စဥ်ခံစားနေရပါသတဲ့။

ကြင်နာသနားတတ်ပြီး ကိုယ်ချင်းစာတရားကြီးမားတဲ့ Chiron က လူစားလဲပေးမှ Prometheus လွတ်မြောက်မှာသိလို့ သူ့ကိုယ်သူအနစ်နာခံပြီး Prometheus ကိုလွတ်မြောက်စေအောင်ကြံဆောင်တာပေါ့။

စိတ်သဘောထားကြီးမြင့်တဲ့ Chiron ရဲ့လုပ်ရပ်ကို သဘောကျလေးစားတဲ့ နတ်ဘုရင် Zeus က ပညာရှိChironကို ကောင်းကင်ပေါ်မှာထာဝရတည်ရှိနေနိုင်တဲ့ ဓနုနက္ခတ်အဖြစ် ပြောင်းလဲဖန်ဆင်းပေးလိုက်ခြင်းနဲ့ ဝေဒနာတွေကနေသက်သာလွတ်မြောက်ခွင့်ရစေခဲ့တယ်။
ဒီလိုနဲ့ လေးနဲ့မြားကိုစွဲကိုင်ထားတဲ့ လူတစ်ပိိုင်းမြင်းတစ်ပိုင်းပုံနက္ခတ် ဓနု ခေါ်  Sagittarius ကြယ်စုကြီး ပေါ်ပေါက်လာခဲ့ပါသတဲ့။

နောက်ဆက်တွဲအနေနဲ့ ပြောရရင်၊ Prometheus ကိုတော့  Heracles ကသူ့ရဲ့ တစ်ဆယ့်တစ်ခုမြောက်အလုပ်ဖြစ်တဲ့ Hesperides ဥယျာဥ်က ရွှေရောင်ပန်းသီးကိုသွားယူရတဲ့အလုပ်ကို ဆောင်ရွက်တုန်းမှာ အနှောင်အဖွဲ့ကနေလွတ်မြောက်စေခဲ့တယ်။ အသည်းကိုဖောက်စားနေတဲ့ငှက်ဆိုးကြီးကို လေးနဲ့ခွင်းပြီး သုတ်သင်လိုက်ခြင်းအားဖြင့်ပေါ့။

အပေါ်မှာရေးခဲ့တဲ့ ဒဏ္ဍာရီလေးတွေကတော့ အမျိုးမျိုးရေးကြတဲ့ ဓနုရာသီခွင်ရဲ့နက္ခတ်သင်္ကေတပုံဖြစ်ပေါ်လာပုံ ဇာတ်လမ်းလေးတွေကို စုစည်းပြီး လိုအပ်သလောက်ပြန်ထုတ်နုတ်ရေးထားတာပါ။ အမှားအယွင်းတွေ၊ လိုအပ်တာတွေရှိခဲ့ရင်လဲ မောင်ဇိကို သည်းခံကြပါလို့။

မောင်ဇိ
#MaungZi #Zodiac #Sagittarius #myth #mythology #မောင်ဇိ #ဓနု #ဒဏ္ဍာရီ #ရာသီခွင်
======================================================

ဓႏုရာသီခြင္(Sagittarius) သေကၤတ ျမင္းတစ္ပိုင္းလူတစ္ပိုင္း၏ ဇာစ္ျမစ္
******************************************
ဓႏုရာသီခြင္ၾကယ္စု (Sagittarius Constellation)ကို ‌ေလးနဲ႔ျမားကိုင္ထားတဲ့ လူတစ္ပိုင္းျမင္းတစ္ပိုင္း သတၱဝါ Centaur တစ္ေကာင္ရဲ႕ပုံနဲ႔ ပုံေဖာ္ေလ့ရွိတယ္။
အနီးအနားမွာရွိတဲ့ ‌ၿဗိစာၦရာသီခြင္ရဲ႕ ကင္းၿမီးေကာက္သဏၭာန္နကၡတ္ကိုျမားနဲ႔ခ်ိန္ထားဟန္ ဓႏုနကၡတ္ျဖစ္တယ္။

ခါးအထက္ပိုင္းမွာလူကိုယ္ခႏၶာ၊ ခါးေအာက္ပိုင္းက ျမင္းခႏၶာကိုယ္ရွိတဲ့ Centaur အမ်ိဳးအစားသတၱဝါက ဓႏုရာသီရဲ႕ သေကၤတအစစ္မဟုတ္ပဲ၊ ခါးအထက္ပိုင္းကလူကိုယ္ခႏၶာ၊ ခါးေအာက္ပိုင္းက ဆိတ္ရဲ႕ေျခႏွစ္ေခ်ာင္းနဲ႔ ‌ေခါင္းမွာဆိတ္ခ်ိဳပါတဲ့ Satyr သတၱဝါအမ်ိဳးအစားကသာ ဓႏုရာသီရဲ႕သေကၤတကိုကိုယ္စားျပဳတယ္လို႔ ဘီစီ၂၀၀ ဝန္းက်င္ေလာက္မွာေပၚေပါက္ခဲ့တဲ့ ဂရိလူမ်ိဳးနကၡတ္ေဗဒ၊သခ်ၤာ နဲ႔ကဗ်ာပညာရွင္ Eratosthenes ကေျပာခဲ့တယ္။ အီဂ်စ္ျပည္၊ အလက္ဇႏၵရီးယ ၿမိဳ႕မွာစာၾကည့္တိုက္မႉးႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ရင္း အဆက္မျပတ္သင္ယူေလ့လာေနခဲ့တဲ့သူတစ္ေယာက္လဲျဖစ္တယ္။ သူ႔အဆိုအရေတာ့ လူေတြက ဆိတ္ေျခေထာက္နဲ႔ Satyr ကိုပုံစံခ်င္းဆင္တဲ့ ျမင္းကိုယ္ရွိတဲ့Centaur နဲ႔မွားၾကတာျဖစ္တယ္တဲ့။ Centaur ေတြအတြက္က Centaurus နကၡတ္က သတ္သတ္ရွိၿပီးသားျဖစ္လို႔ ဓႏုရာသီခြင္ရဲ႕ Sagittarius နကၡတ္ဟာ Satyr တစ္ေယာက္ျဖစ္တဲ့ Crotus ကိုသာကိုယ္စားျပဳတယ္လို႔ဆိုတယ္။


ဘယ္လိုပဲျဖစ္ျဖစ္ Satyr နဲ႔ပက္သက္တဲ့ဇာတ္လမ္းေရာ၊ Centaur နဲ႔ပက္သက္တဲ့ဇာတ္လမ္းေရာကိုေရးသြားပါမယ္။ အဲဒီႏွစ္ခုအျပင္ ေဘဘီလုံေခတ္ကလူေတြယုံၾကည္ၾကတဲ့ ဓႏုနကၡတ္ရဲ႕ကိုယ္စားျပဳနတ္ဘုရားအေၾကာင္းကိုလဲ မိတ္ဆက္ေပးပါ့မယ္။

ေဘဘီလုံဒ႑ာရီလာ ဓႏုသေကၤတ
***************************
ေဘဘီလုံေခတ္ကလူေတြက ဓႏုသေကၤတဟာ ေျမေအာက္ကမာၻကိုေစာင့္ၾကပ္တဲ့နတ္ဘုရား Nergal ရဲ႕ပုံျဖစ္တယ္လို႔ ယူဆၾကတယ္။
လူေခါင္းနဲ႔ခါး၊ ျမင္းနဲ႔တူတဲ့ကိုယ္ (ျခေသၤ့လို႔လဲတစ္ခ်ိဳ႕ကေရး)၊ ေက်ာေပၚမွာ ေတာင္ပံႏွစ္ဖက္နဲ႔ ျမင္းၿမီးေနရာမွာ ေႁမြဆိုးတစ္ေကာင္ရွိေနတဲ့ ဆူမီးရီးရန္းနတ္ဘုရား Nergal က Centaur နဲ႔ပုံစံခ်င္းဆင္တယ္လို႔ဆိုတယ္။ Nergal ရဲ႕ ေခါင္းကလဲလူေခါင္းအျပင္ က်ားသစ္တစ္ေကာင္ရဲ႕ေခါင္းပါ ပါေသးတယ္လို႔လဲေဖာ္ျပၾကတယ္။
 ဒါကေတာ့ ေရွးေဟာင္းေဘဘီလုံလူမ်ိဳးေတြရဲ႕ ဓႏုနကၡတ္ပုံနဲ႔ပက္သက္တဲ့ ဒ႑ာရီေပါ့။

ဂရိဒ႑ာရီလာ ဓႏုနကၡတ္သေကၤတ (၁)
*****************************
ဒါကေတာ့ Satyr ေတြနဲ႔ပက္သက္တဲ့ ဒ႑ာရီ။
ဆိတ္ေျခေထာက္နတ္ Pan ရဲ႕သားတစ္ေယာက္ျဖစ္တဲ့ Crotus က ကဗ်ာ၊ ဂီတ၊ အႏုပညာနဲ႔ စိတ္ကူးဉာဏ္ကြန႔္ျမဴးဖန္တီးမႈတို႔ကိုေစာင့္ေရွာက္တဲ့ နတ္သမီး‌ေလးေတြျဖစ္တဲ့ The Muses ရဲ႕အေဖာ္အေလွာ္ျဖစ္တယ္။ စုစုေပါင္း ကိုးပါးရွိတဲ့ The Muses နတ္သမီးေလးေတြဟာ ဂီတနတ္ဘုရားတစ္ပါးျဖစ္တဲ့ Apollo ရဲ႕သင္ၾကားမႈကိုလက္ခံရရွိၿပီး အႏုပညာရပ္ေတြအမ်ိဳးမ်ိဳးကို ကိုယ္စားျပဳၾကတယ္တဲ့။ Homer အပါအဝင္ေရွးေခတ္ဂရိစာဆိုေတြဟာလဲ စာ၊လကၤာတစ္ခုခုမေရးခင္၊ ေရွ႕ဆုံးမွာ The Muses နတ္သမီးေတြကိုတိုင္တည္ၿပီးမွ ေျပာဆိုေရးသားေလ့ရွိၾကတယ္လို႔လဲ အေထာက္အထားတစ္ခ်ိဳ႕အရသိရတယ္။

 ဇာတ္လမ္းကိုျပန္ဆက္ရရင္ေတာ့ The Muses နတ္သမီးေလးေတြက သာယာလွပတဲ့ ေတးသီခ်င္းေလးေတြ သီကုံးၿပီး ဆိတ္ေျခေထာက္ေတြနဲ႔ လူကိုယ္ရွိတဲ့ Satyr သတၱဝါ Crotus ကို ေဖ်ာ္ေျဖျပၾကေလ့ရွိတယ္။ အဲဒီအခါမ်ိဳးမွာ Crotus ကက်ယ္ေလာင္စြာလက္ခုပ္တီးၿပီး ႐ႊင္ျမဴးစြာၾသဘာေပးေလ့ရွိသတဲ့။
ျမင္းစီးကြၽမ္းက်င္႐ုံသာမက အမဲလိုက္ေလးနဲ႔ျမားကို စတင္တီထြင္ခဲ့သူအျဖစ္လဲ ယူဆျခင္းခံရတဲ့ Crotus နဲ႔ The Muses တို႔ဟာ Helicon ေတာင္မွာ တစ္ဦးကိုတစ္ဦးေစာင့္ေရွာက္ရင္းေပ်ာ္႐ႊင္စြာအတူေနထိုင္ခဲ့ၾကတယ္တဲ့။
Satyr သတၱဝါေတြဟာပုံမွန္အားျဖင့္ ၾကမ္းတမ္းၿပီး မိန္းမလိုက္စားမႈမွာနာမည္ႀကီးၾကေပမယ့္ Crotus ကေတာ့ခြၽင္းခ်က္အေနနဲ႔ ၾကင္နာသနားတတ္ၿပီး The Muses ေတြအတြက္ အားကိုးခ်စ္ခင္ရတဲ့ အေဖာ္သဟဲျဖစ္ခဲ့တယ္။ ဒါေၾကာင့္လဲ သူကြယ္လြန္ၿပီးတဲ့ေနာက္မွာ သူ႔အတြက္ၾကယ္တာရာစုတစ္ခုကိုဖန္ဆင္းေပးဖို႔ The Muses နတ္သမီးေလးေတြက သူတို႔အေဖျဖစ္တဲ့ နတ္ဘုရင္ Zeus ကိုေတာင္းဆိုခဲ့ၾကတယ္တဲ့။
ေလးနဲ႔ျမားကိုကိုင္ထားတဲ့ Crotus ရဲ႕ပုံနကၡတ္ကိုဖန္တီးရာမွာ ျမင္းစီးရတာကိုႏွစ္သက္သူျဖစ္တဲ့အတြက္ ျမင္းတစ္ေကာင္ရဲ႕ေနာက္ေျခေထာက္ေတြပါထည့္ေပးလိုက္လို႔ ေျခေလးေခ်ာင္းနဲ႔ ေလးျမားကိုင္ထားတဲ့လူပုံသ႑ာန္ ဓႏုနကၡတ္ (Sagittarius) ျဖစ္လာတယ္လို႔ ဒီဒ႑ာရီေလးက ေဖာ္ျပတယ္။

ဂရိဒ႑ာရီလာ ဓႏုနကၡတ္သေကၤတ (၂)
*****************************
ဒီဇာတ္လမ္းကေတာ့ Centaur တစ္ေယာက္ျဖစ္တဲ့ Chiron၊ နာမည္ေက်ာ္လူသန္ႀကီး Heracles ( ေရာမအေခၚ Hercules၊ ျမန္မာအေခၚ ဟာၾကဴလီ) တို႔နဲ႔ပက္သက္ေနတယ္။

ခါးအထက္မွာလူကိုယ္၊ ခါးေအာက္ပိုင္းမွာျမင္းခႏၶာရွိတဲ့ Centaur အမ်ိဳးအစားသတၱဝါေတြဟာ ရန္လိုသူေတြျဖစ္ၾကၿပီး ႐ိုင္းစိုင္းၾကတယ္။ အထိမ္းအကြပ္မဲ့ၾကတယ္။ ဝိုင္တစ္ခြက္ေလာက္ေသာက္ၿပီးရင္ ရန္ျဖစ္ၾက၊ေသာင္းက်န္းၾကသူေတြျဖစ္တယ္။
သူတို႔ေတြနဲ႔ မတူပဲ ေျဖာင့္ေျဖာင့္ႀကီးဆန႔္က်င္သူကေတာ့ Centaur တစ္ေယာက္ျဖစ္တဲ့Chiron ။ တိုက္တန္နတ္ဘုရင္ျဖစ္တဲ့ Cronus ကေနတိုက္႐ိုက္ဆင္းသက္လာသူျဖစ္တဲ့ Chiron က ျမင္း႐ိုင္းသဘာဝနဲ႔လူသဘာဝေရာယွက္ေနတဲ့ သာမန္ Centaur ေတြလိုမဟုတ္ပဲ ဉာဏ္ပညာႀကီးျမင့္သူ၊ ေတြးေခၚခ်င့္ခ်ိန္မႈအားေကာင္းသူ၊ ၾကင္နာသနားတတ္သူ၊ ေလးျမားအတတ္၊ ေဆးပညာကစလို႔ အတတ္မ်ိဳးစုံကြၽမ္းက်င္သူ ဒိႆပါေမာကၡဆရာႀကီးတစ္ေယာက္ျဖစ္တယ္။
သူ႔တပည့္ေတြထဲမွာ Jason, Heracles နဲ႔ Achilles တို႔လိုနာမည္ႀကီးသူရဲေကာင္းေတြပါတယ္။

လူသန္ႀကီး Heracles ရဲ႕ ထင္ရွားတဲ့အလုပ္ႀကီး ၁၂ ခုမွာ ေလးခုေျမာက္ျဖစ္တဲ့ Erymanthian Boar ေခၚ  Erymanthia ေဒသက ေတာဝက္႐ိုင္းႀကီးကို သတ္ျဖတ္ရတဲ့ အလုပ္တစ္ခုမွာ သူ႔ဆရာျဖစ္တဲ့ Chiron ကျမားတံေတြေထာက္ပံ့ေပးၿပီးကူညီခဲ့တယ္လို႔ဆိုတယ္။ အဲဒီေတာဝက္ကိုသတ္ၿပီးအျပန္ မိတ္ေဆြတစ္ေယာက္ရဲ႕အိမ္မွာဝိုင္ေသာက္ဖို႔ဖိတ္ေခၚခံရလို႔ ဝိုင္စည္ေတြကိုဖြင့္ေနတုန္းမွာပဲ ဝိုင္နံ႔ရတဲ့ အ႐ိုင္းစိတ္နဲ႔Centaur ေတြေရာက္လာၿပီး Heracles ကိုတိုက္ခိုက္ၾကသတဲ့။ အဆိပ္လူးျမားေတြတစ္ေခ်ာင္းၿပီးတစ္ေခ်ာင္းပစ္ၿပီး Centaur ေတြကိုရွင္းလင္းရာမွာ သူ႔ဆရာျဖစ္တဲ့ Chiron ကိုပါမွားပစ္မိၿပီး Chiron ရဲ႕ေပါင္မွာျမားဒဏ္ရာရသြားတယ္။ ကိုယ္တိုင္ေဆးဆရာတစ္ေယာက္ျဖစ္ေပမယ့္ Lernaean ေရကန္ကေခါင္းကိုးလုံးေႁမြနဂါး Hydra ရဲ႕ေသြးနဲ႔စိမ္ထားတဲ့အဆိပ္ျမားရဲ႕ဒဏ္ကိုေတာ့ ေျပေအာင္မကုႏိုင္ရွာဘူး။ Chiron ဟာမေသမ်ိဳး immortal တစ္ေယာက္လဲျဖစ္လို႔ မေသႏိုင္ပဲျပင္းထန္တဲ့ ပူေလာင္နာက်င္မႈကိုခံစားေနရေတာ့တာေပါ့။

မေတာ္တဆမႈေၾကာင့္ ေနာင္တႀကီးစြာရေနတဲ့ တပည့္ျဖစ္သူ လူသန္ႀကီးHeracles မွာကလဲေနာက္ထပ္ဆက္လုပ္ရမယ့္အလုပ္ႀကီးေပါင္း ၈ ခုက်န္ေသးတယ္။ Chiron အေနနဲ႔ကလဲ တပည့္ျဖစ္သူကို အကူအညီမေပးႏိုင္ေတာ့ဘူး။
ဒီေတာ့ ဒုကၡခံစားေနရမယ့္အတူတူ လူသားေတြအတြက္ မီးကိုခိုးယူေပးမႈနဲ႔ ေကာ္ေကးဆပ္ေတာင္တန္းမွာ သံႀကိဳးနဲ႔ခ်ည္ေႏွာင္ၿပီးျပစ္ဒဏ္ခတ္ျခင္းခံေနရတဲ့ တိုက္တန္ Prometheus နဲ႔ေနရာခ်င္းလဲေပးဖို႔ နတ္ဘုရင္ Zeus ကိုေတာင္းဆိုလိုက္သတဲ့။ Prometheus ရဲ႕ျပစ္ဒဏ္က ေတာင္တန္းေပၚမွာ သံႀကိဳးေတြနဲ႔ခ်ည္ေႏွာင္ခံထားရၿပီး ေန႔စဥ္ေန႔တိုင္း သိမ္းစြန္တစ္ေကာင္ရဲ႕ အသည္းေဖာက္စားတာကို ခံရတာပါ။ တစ္ေန႔ကုန္လို႔ ေနာက္တစ္ေန႔ေရာက္ရင္ Prometheus ရဲ႕အသည္းကျပန္ျပည့္သြားၿပီး ေနာက္တစ္ႀကိမ္ သိမ္းစြန္ရဲ႕ေဖာက္စားျခင္းကိုခံရျပန္လို႔ အဆုံးမရွိတဲ့ဒုကၡကိုေန႔စဥ္ခံစားေနရပါသတဲ့။

ၾကင္နာသနားတတ္ၿပီး ကိုယ္ခ်င္းစာတရားႀကီးမားတဲ့ Chiron က လူစားလဲေပးမွ Prometheus လြတ္ေျမာက္မွာသိလို႔ သူ႔ကိုယ္သူအနစ္နာခံၿပီး Prometheus ကိုလြတ္ေျမာက္ေစေအာင္ႀကံေဆာင္တာေပါ့။

စိတ္သေဘာထားႀကီးျမင့္တဲ့ Chiron ရဲ႕လုပ္ရပ္ကို သေဘာက်ေလးစားတဲ့ နတ္ဘုရင္ Zeus က ပညာရွိChironကို ေကာင္းကင္ေပၚမွာထာဝရတည္ရွိေနႏိုင္တဲ့ ဓႏုနကၡတ္အျဖစ္ ေျပာင္းလဲဖန္ဆင္းေပးလိုက္ျခင္းနဲ႔ ေဝဒနာေတြကေနသက္သာလြတ္ေျမာက္ခြင့္ရေစခဲ့တယ္။
ဒီလိုနဲ႔ ေလးနဲ႔ျမားကိုစြဲကိုင္ထားတဲ့ လူတစ္ပိိုင္းျမင္းတစ္ပိုင္းပုံနကၡတ္ ဓႏု ေခၚ  Sagittarius ၾကယ္စုႀကီး ေပၚေပါက္လာခဲ့ပါသတဲ့။

ေနာက္ဆက္တြဲအေနနဲ႔ ေျပာရရင္၊ Prometheus ကိုေတာ့  Heracles ကသူ႔ရဲ႕ တစ္ဆယ့္တစ္ခုေျမာက္အလုပ္ျဖစ္တဲ့ Hesperides ဥယ်ာဥ္က ေ႐ႊေရာင္ပန္းသီးကိုသြားယူရတဲ့အလုပ္ကို ေဆာင္႐ြက္တုန္းမွာ အေႏွာင္အဖြဲ႕ကေနလြတ္ေျမာက္ေစခဲ့တယ္။ အသည္းကိုေဖာက္စားေနတဲ့ငွက္ဆိုးႀကီးကို ေလးနဲ႔ခြင္းၿပီး သုတ္သင္လိုက္ျခင္းအားျဖင့္ေပါ့။

အေပၚမွာေရးခဲ့တဲ့ ဒ႑ာရီေလးေတြကေတာ့ အမ်ိဳးမ်ိဳးေရးၾကတဲ့ ဓႏုရာသီခြင္ရဲ႕နကၡတ္သေကၤတပုံျဖစ္ေပၚလာပုံ ဇာတ္လမ္းေလးေတြကို စုစည္းၿပီး လိုအပ္သေလာက္ျပန္ထုတ္ႏုတ္ေရးထားတာပါ။ အမွားအယြင္းေတြ၊ လိုအပ္တာေတြရွိခဲ့ရင္လဲ ေမာင္ဇိကို သည္းခံၾကပါလို႔။

ေမာင္ဇိ
#MaungZi #Zodiac #Sagittarius #myth #mythology #ေမာင္ဇိ #ဓႏု #ဒ႑ာရီ #ရာသီခြင္







Thursday, October 8, 2020

နေနတ်ဘုရားHelios နဲ့ နေနတ်ဘုရားApollo

 Helios နဲ့ Apollo
************

ဂရိဒဏ္ဍာရီထဲမှာ နေနတ်ဘုရား ဟီးလိရို့စ် (Helios)၊ နေနတ်ဘုရား အပိုလို (Apollo) တို့ နဲ့ပက်သက်ပြီး ဘယ်သူကဘာလဲဆိုပြီး ရှုပ်နေတာတစ်ခုရှိတယ်။

အမှန်ကတော့ ဂရိဒဏ္ဍာရီထဲမှာ အဲလိုရှုပ်နေတာနဲ့ ရှေ့နောက်မညီတာတွေနဲ့က တစ်ခုမကရှိပါတယ်။ ဂရိဒဏ္ဍာရီနဲ့ပက်သက်ရင် လူသိများတဲ့ ဘီစီ ၈၀၀နဲ့ ၇၀၀ကြားထဲလောက်မှာပေါ်ခဲ့တယ်ဆိုတဲ့ Homer ပြောထားတာ၊  သူနဲ့မတိမ်းမယိမ်းပေါ်ခဲ့တယ်ဆိုတဲ့ Hesiod ပြောထားတာ၊ နောက်ထပ်လင်္ကာဆရာတွေဖြစ်ကြတဲ့ Euripides ပြောထားတာ၊ Ovid ပြောထားတာတွေ ကွဲလွဲတာရော၊ တခြားနောက်လူတွေဖြည့်ထားတွေရောနဲ့ဆိုတော့ တစ်ခုနဲ့တစ်ခု မကိုက်တာလေးတွေကတော့ အများကြီးရှိတာပေါ့။ ပြီးတော့ အဲဒါတွေအားလုံးကလဲ အစကနေ အဆုံးထိ စာနဲ့ပေနဲ့အခိုင်အမာကျန်ခဲ့တာမှမဟုတ်တာ။ တွေ့ရတဲ့အထောက်အထားတွေ့ကနေ ဆက်စပ်ပြီးပြန်ပုံဖော်ရေးထားကြရတာကိုး။

ထားပါတော့ နေနတ်ဘုရားအကြောင်းပဲ ဆက်ပြောကြတာပေါ့။

မေးခွန်းက နှစ်ခုရှိတယ်။
နေနတ်ဘုရား ဟီးလိရို့စ် (Helios) နဲ့ နေနတ်ဘုရားအပိုလို (Apollo) ကအတူတူလားဆိုတဲ့မေးခွန်းရယ်၊
မတူခဲ့ရင် Helios နဲ့ Apollo ဘယ်သူက နေနတ်ဘုရားလဲဆိုတဲ့မေးခွန်းရယ်၊ နှစ်ခုပေါ့။

ပထမမေးခွန်းရဲ့အဖြေကတော့ မတူပါဘူး။
Helios ကတိုက်တန်နတ်ဘုရားတစ်ပါးဖြစ်ပြီး၊ Apollo က တိုက်တန်တွေဆီကအာဏာလုခဲ့တဲ့ အိုလံပစ်တောင်နတ်ဘုရားမျိုးဆက်ကပါ။

မတူရင် ဘယ်သူကနေနတ်ဘုရားလဲဆိုတဲ့ ဒုတိယမေးခွန်းအတွက်အဖြေကတော့ တစ်ယောက်ချင်းစီရဲ့အကြောင်းနဲ့ရှင်းရမှာပါပဲ။

Helios ကို Cronus ခေါင်းဆောင်တဲ့ တိုက်တန်နတ်ဘုရားမောင်နှမ ၁၂ ပါးထဲက Hyperion နဲ့ ညီမဖြစ်သူTheia တို့ကနေမွေးပါတယ်။ နေမင်းကိုကိုယ်စားပြုတဲ့ နတ်ဘုရား Helios၊ လကိုကိုယ်စားပြုတဲ့ နတ်ဘုရားမ Selene နဲ့ လင်းအရုဏ်ကိုကိုယ်စားပြုတဲ့နတ်ဘုရားမ Eos ဆိုတဲ့မောင်နှမသုံးယောက်ပါ။

Helios က ကောင်းကင်ပေါ်မှာ နေမင်းကြီးကို မြင်းတွေကတဲ့စစ်လှည်းနဲ့ဆွဲပြီး အရှေ့အရပ်ကနေ အနောက်အရပ်ကိုနေ့စဥ်သွားလာလေ့ရှိတယ်လို့ ရေးကြပါတယ်။ ဒါကြောင့်လဲ ကမ္ဘာလောကပေါ်မှာဖြစ်ပျက်နေသမျှကို အကုန်သိမြင်နေလေ့ရှိပြီး ကောက်ပဲသီးနှံနတ်ဘုရားမ Demeter ရဲ့သမီးဖြစ်တဲ့ Persephone ကို မြေအောက်ကမ္ဘာရဲ့နတ်ဘုရားဖြစ်တဲ့ Hades ကခိုးယူသွားခဲ့တုန်းကလဲ သူကပဲ Demeter ကိုသတင်းပေးခဲ့တာလို့ဆိုတယ်။

 Apollo ကတော့ Cronus ကိုပုန်ကန်တော်လှန်ပြီးနတ်ဘုရားဖြစ်လာတဲ့ အိုလံပစ်တောင်ကနတ်ဘုရင် Zeus ရဲ့သားပါ။
Zeus နဲ့  တိုက်တန်မျိုးဆက်နတ်ဘုရားမတစ်ပါးဖြစ်တဲ့ Leto တို့ကနေ  Apollo နဲ့ အမွှာအစ်မဖြစ်သူ Artemis ကိုမွေးခဲ့ပါတယ်။
 မူရင်းအားဖြင့် Apollo ကဂီတနဲ့ ‌လေးမြားအတတ်တို့ရဲ့နတ်ဘုရားဖြစ်ပြီး ဆေးပညာ၊ ကဗျာ၊ အနုပညာ၊ ကခုန်မှုနဲ့ ရှေ့ဖြစ်ဟောကိန်း တို့ကိုလဲစိုးမိုးပါတယ်။ ဒါကြောင့်လဲ Apollo ကိုသရုပ်ဖော်တဲ့အခါမှာ ‌စောင်းကိုကိုင်ထားတာ ဒါမှမဟုတ် လေးနဲ့မြားကို ကိုင်ထားတာ တစ်ခုခုနဲ့ပုံဖော်လေ့ရှိပါတယ်။

နောက်ပိုင်းမှာ Apollo ကို နေအလင်းရောင်ရဲ့နတ်ဘုရားအဖြစ်လဲ လူတွေကကိုးကွယ်လာကြပြီး ဘီစီ ၅၀၀ လောက်ရောက်တော့ လင်္ကာဆရာတွေနဲ့ ဘာသာရေးဆရာတွေက Apollo ကိုနေနတ်ဘုရားအဖြစ် Helios ရဲ့နေရာမှာ လုံးလုံးလျားလျားအစားထိုးလိုက်ကြတယ်လို့ဆိုတယ်။
တစ်ချို့ကလဲ Helios ကနေမင်းကြီးကိုယ်တိုင်ဖြစ်ပြီး၊ Apollo ကနေနတ်ဘုရားအဖြစ်ယူဆလိုက်ကြတယ်လို့ ယုံကြည်ကြပြန်တယ်။

ဒီတော့ တွေ့ရသလောက်၊ နားလည်သလောက် အချက်အလက်တွေကို စုပြီးကောက်ချက်ဆွဲရရင် Helios ကနေနတ်ဘုရားဟောင်းဖြစ်ပြီး၊ Apollo ကတော့ တစ်ချိန်မှာ Helios နေရာကိုအစားထိုးဝင်ယူပြီး နေနတ်ဘုရားဖြစ်လာတဲ့သူ လို့ယူဆရမှာပဲ။ ဒါကြောင့်လဲ တစ်ချို့ဒဏ္ဍာရီတွေမှာ နေနတ်ဘုရားက Helios ဖြစ်နေပြီး တစ်ချို့မှာတော့ နေနတ်ဘုရားက Apollo ဖြစ်နေပါလိမ့်မယ်။ ဒီအတွက်ငြင်းခုန်နေကြရတယ်လို့ မောင်ဇိကိုပြောတဲ့သူတွေရှိလို့ မောင်ဇိဖတ်ဖူးသမျှတွေနဲ့ အချက်အလက်အတွက် ထပ်ရှာဖတ်ထားတာလေးတွေပေါင်းပြီး မောင်ဇိသဘောကျတဲ့အယူအဆကို ရေးလိုက်ပါတယ်။ သဘောထားကွဲလွဲချင်လဲကွဲလွဲနိုင်ပါတယ်။

" Helios ကပထမနေနတ်ဘုရား (နေနတ်ဘုရားဟောင်း) ဖြစ်ပြီး၊ Apollo ကတော့ တစ်ချိန်မှာ Helios နေရာကိုအစားထိုးဝင်ယူခဲ့တဲ့ ဒုတိယနေနတ်ဘုရား (နေနတ်ဘုရားသစ်) ဆိုတဲ့အယူအဆကို သဘောကျပါတယ်"

အချက်အလက်အများစုကတော့ အင်တာနက်ပေါ်ကနေပဲ ဝီကီပီးဒီးယား၊ နတ်ဘုရားတွေအကြောင်းရေးထားတဲ့ ဝဘ်ဆိုက်တွေ၊ အမေးအဖြေ ဝဘ်ဆိုက်တွေ၊ ရှေးခေတ်ဂရိစာဆိုတွေအကြောင်းရေးထားတဲ့ ပေ့ချ်တွေ စသည်ကနေ ရှာဖွေ၊ဖတ်ကြည့်ထားတာဖြစ်လို့ အကိုးအကားကတော့ အင်တာနက်လို့ပဲ ပြောရမှာပါပဲ။

ဒီလောက်ဆို Helios နဲ့ Apollo တို့နဲ့ပက်သက်ပြီး ဘဝင်ကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မောင်ဇိ
#MaungZi #GreekMyth #Mythology #HeliosAndApollo #မောင်ဇိ #ဂရိဒဏ္ဍာရီ #မောင်ဇိ၏ပုံပြင်များ 

============================================================

ေနနတ္ဘုရားHelios နဲ႔ ေနနတ္ဘုရားApollo
*******************************

ဂရိဒ႑ာရီထဲမွာ ေနနတ္ဘုရား ဟီးလိ႐ို႕စ္ (Helios)၊ ေနနတ္ဘုရား အပိုလို (Apollo) တို႔ နဲ႔ပက္သက္ၿပီး ဘယ္သူကဘာလဲဆိုၿပီး ရႈပ္ေနတာတစ္ခုရွိတယ္။

အမွန္ကေတာ့ ဂရိဒ႑ာရီထဲမွာ အဲလိုရႈပ္ေနတာနဲ႔ ေရွ႕ေနာက္မညီတာေတြနဲ႔က တစ္ခုမကရွိပါတယ္။ ဂရိဒ႑ာရီနဲ႔ပက္သက္ရင္ လူသိမ်ားတဲ့ ဘီစီ ၈၀၀နဲ႔ ၇၀၀ၾကားထဲေလာက္မွာေပၚခဲ့တယ္ဆိုတဲ့ Homer ေျပာထားတာ၊  သူနဲ႔မတိမ္းမယိမ္းေပၚခဲ့တယ္ဆိုတဲ့ Hesiod ေျပာထားတာ၊ ေနာက္ထပ္လကၤာဆရာေတြျဖစ္ၾကတဲ့ Euripides ေျပာထားတာ၊ Ovid ေျပာထားတာေတြ ကြဲလြဲတာေရာ၊ တျခားေနာက္လူေတြျဖည့္ထားေတြေရာနဲ႔ဆိုေတာ့ တစ္ခုနဲ႔တစ္ခု မကိုက္တာေလးေတြကေတာ့ အမ်ားႀကီးရွိတာေပါ့။ ၿပီးေတာ့ အဲဒါေတြအားလုံးကလဲ အစကေန အဆုံးထိ စာနဲ႔ေပနဲ႔အခိုင္အမာက်န္ခဲ့တာမွမဟုတ္တာ။ ေတြ႕ရတဲ့အေထာက္အထားေတြ႕ကေန ဆက္စပ္ၿပီးျပန္ပုံေဖာ္ေရးထားၾကရတာကိုး။

ထားပါေတာ့ ေနနတ္ဘုရားအေၾကာင္းပဲ ဆက္ေျပာၾကတာေပါ့။

ေမးခြန္းက ႏွစ္ခုရွိတယ္။
ေနနတ္ဘုရား ဟီးလိ႐ို႕စ္ (Helios) နဲ႔ ေနနတ္ဘုရားအပိုလို (Apollo) ကအတူတူလားဆိုတဲ့ေမးခြန္းရယ္၊
မတူခဲ့ရင္ Helios နဲ႔ Apollo ဘယ္သူက ေနနတ္ဘုရားလဲဆိုတဲ့ေမးခြန္းရယ္၊ ႏွစ္ခုေပါ့။

ပထမေမးခြန္းရဲ႕အေျဖကေတာ့ မတူပါဘူး။
Helios ကတိုက္တန္နတ္ဘုရားတစ္ပါးျဖစ္ၿပီး၊ Apollo က တိုက္တန္ေတြဆီကအာဏာလုခဲ့တဲ့ အိုလံပစ္ေတာင္နတ္ဘုရားမ်ိဳးဆက္ကပါ။

မတူရင္ ဘယ္သူကေနနတ္ဘုရားလဲဆိုတဲ့ ဒုတိယေမးခြန္းအတြက္အေျဖကေတာ့ တစ္ေယာက္ခ်င္းစီရဲ႕အေၾကာင္းနဲ႔ရွင္းရမွာပါပဲ။

Helios ကို Cronus ေခါင္းေဆာင္တဲ့ တိုက္တန္နတ္ဘုရားေမာင္ႏွမ ၁၂ ပါးထဲက Hyperion နဲ႔ ညီမျဖစ္သူTheia တို႔ကေနေမြးပါတယ္။ ေနမင္းကိုကိုယ္စားျပဳတဲ့ နတ္ဘုရား Helios၊ လကိုကိုယ္စားျပဳတဲ့ နတ္ဘုရားမ Selene နဲ႔ လင္းအ႐ုဏ္ကိုကိုယ္စားျပဳတဲ့နတ္ဘုရားမ Eos ဆိုတဲ့ေမာင္ႏွမသုံးေယာက္ပါ။

Helios က ေကာင္းကင္ေပၚမွာ ေနမင္းႀကီးကို ျမင္းေတြကတဲ့စစ္လွည္းနဲ႔ဆြဲၿပီး အေရွ႕အရပ္ကေန အေနာက္အရပ္ကိုေန႔စဥ္သြားလာေလ့ရွိတယ္လို႔ ေရးၾကပါတယ္။ ဒါေၾကာင့္လဲ ကမာၻေလာကေပၚမွာျဖစ္ပ်က္ေနသမွ်ကို အကုန္သိျမင္ေနေလ့ရွိၿပီး ေကာက္ပဲသီးႏွံနတ္ဘုရားမ Demeter ရဲ႕သမီးျဖစ္တဲ့ Persephone ကို ေျမေအာက္ကမာၻရဲ႕နတ္ဘုရားျဖစ္တဲ့ Hades ကခိုးယူသြားခဲ့တုန္းကလဲ သူကပဲ Demeter ကိုသတင္းေပးခဲ့တာလို႔ဆိုတယ္။

 Apollo ကေတာ့ Cronus ကိုပုန္ကန္ေတာ္လွန္ၿပီးနတ္ဘုရားျဖစ္လာတဲ့ အိုလံပစ္ေတာင္ကနတ္ဘုရင္ Zeus ရဲ႕သားပါ။
Zeus နဲ႔  တိုက္တန္မ်ိဳးဆက္နတ္ဘုရားမတစ္ပါးျဖစ္တဲ့ Leto တို႔ကေန  Apollo နဲ႔ အမႊာအစ္မျဖစ္သူ Artemis ကိုေမြးခဲ့ပါတယ္။
 မူရင္းအားျဖင့္ Apollo ကဂီတနဲ႔ ‌ေလးျမားအတတ္တို႔ရဲ႕နတ္ဘုရားျဖစ္ၿပီး ေဆးပညာ၊ ကဗ်ာ၊ အႏုပညာ၊ ကခုန္မႈနဲ႔ ေရွ႕ျဖစ္ေဟာကိန္း တို႔ကိုလဲစိုးမိုးပါတယ္။ ဒါေၾကာင့္လဲ Apollo ကိုသ႐ုပ္ေဖာ္တဲ့အခါမွာ ‌ေစာင္းကိုကိုင္ထားတာ ဒါမွမဟုတ္ ေလးနဲ႔ျမားကို ကိုင္ထားတာ တစ္ခုခုနဲ႔ပုံေဖာ္ေလ့ရွိပါတယ္။

ေနာက္ပိုင္းမွာ Apollo ကို ေနအလင္းေရာင္ရဲ႕နတ္ဘုရားအျဖစ္လဲ လူေတြကကိုးကြယ္လာၾကၿပီး ဘီစီ ၅၀၀ ေလာက္ေရာက္ေတာ့ လကၤာဆရာေတြနဲ႔ ဘာသာေရးဆရာေတြက Apollo ကိုေနနတ္ဘုရားအျဖစ္ Helios ရဲ႕ေနရာမွာ လုံးလုံးလ်ားလ်ားအစားထိုးလိုက္ၾကတယ္လို႔ဆိုတယ္။
တစ္ခ်ိဳ႕ကလဲ Helios ကေနမင္းႀကီးကိုယ္တိုင္ျဖစ္ၿပီး၊ Apollo ကေနနတ္ဘုရားအျဖစ္ယူဆလိုက္ၾကတယ္လို႔ ယုံၾကည္ၾကျပန္တယ္။

ဒီေတာ့ ေတြ႕ရသေလာက္၊ နားလည္သေလာက္ အခ်က္အလက္ေတြကို စုၿပီးေကာက္ခ်က္ဆြဲရရင္ Helios ကေနနတ္ဘုရားေဟာင္းျဖစ္ၿပီး၊ Apollo ကေတာ့ တစ္ခ်ိန္မွာ Helios ေနရာကိုအစားထိုးဝင္ယူၿပီး ေနနတ္ဘုရားျဖစ္လာတဲ့သူ လို႔ယူဆရမွာပဲ။ ဒါေၾကာင့္လဲ တစ္ခ်ိဳ႕ဒ႑ာရီေတြမွာ ေနနတ္ဘုရားက Helios ျဖစ္ေနၿပီး တစ္ခ်ိဳ႕မွာေတာ့ ေနနတ္ဘုရားက Apollo ျဖစ္ေနပါလိမ့္မယ္။ ဒီအတြက္ျငင္းခုန္ေနၾကရတယ္လို႔ ေမာင္ဇိကိုေျပာတဲ့သူေတြရွိလို႔ ေမာင္ဇိဖတ္ဖူးသမွ်ေတြနဲ႔ အခ်က္အလက္အတြက္ ထပ္ရွာဖတ္ထားတာေလးေတြေပါင္းၿပီး ေမာင္ဇိသေဘာက်တဲ့အယူအဆကို ေရးလိုက္ပါတယ္။ သေဘာထားကြဲလြဲခ်င္လဲကြဲလြဲႏိုင္ပါတယ္။

" Helios ကပထမေနနတ္ဘုရား (ေနနတ္ဘုရားေဟာင္း) ျဖစ္ၿပီး၊ Apollo ကေတာ့ တစ္ခ်ိန္မွာ Helios ေနရာကိုအစားထိုးဝင္ယူခဲ့တဲ့ ဒုတိယေနနတ္ဘုရား (ေနနတ္ဘုရားသစ္) ဆိုတဲ့အယူအဆကို သေဘာက်ပါတယ္"

အခ်က္အလက္အမ်ားစုကေတာ့ အင္တာနက္ေပၚကေနပဲ ဝီကီပီးဒီးယား၊ နတ္ဘုရားေတြအေၾကာင္းေရးထားတဲ့ ဝဘ္ဆိုက္ေတြ၊ အေမးအေျဖ ဝဘ္ဆိုက္ေတြ၊ ေရွးေခတ္ဂရိစာဆိုေတြအေၾကာင္းေရးထားတဲ့ ေပ့ခ်္ေတြ စသည္ကေန ရွာေဖြ၊ဖတ္ၾကည့္ထားတာျဖစ္လို႔ အကိုးအကားကေတာ့ အင္တာနက္လို႔ပဲ ေျပာရမွာပါပဲ။

ဒီေလာက္ဆို Helios နဲ႔ Apollo တို႔နဲ႔ပက္သက္ၿပီး ဘဝင္က်ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ေမာင္ဇိ
#MaungZi #GreekMyth #Mythology #HeliosAndApollo #ေမာင္ဇိ #ဂရိဒ႑ာရီ #ေမာင္ဇိ၏ပုံျပင္မ်ား




Friday, October 2, 2020

ကရကဋ်ရာသီခွင်(Cancer) သင်္ကေတ ဂဏန်း ၏ ဇာစ်မြစ်

ကရကဋ်ရာသီခွင်(Cancer) သင်္ကေတ ဂဏန်း ၏ ဇာစ်မြစ်
***********************************************
ကရကဋ်ရာသီခွင် Cancer က လက်တင်ဘာသာစကားဖြစ်ပြီး အင်္ဂလိပ်လို Crab၊ မြန်မာလိုဂဏန်းကောင်လို့ အဓိပ္ပါယ်ရတယ်။ ကရကဋ်ရာသီခွင်နဲ့ ပက်သက်တဲ့ ဂရိဒဏ္ဍာရီနှစ်ခုရှိတယ်။
ပထမတစ်ခုက သူရဲကောင်းလူသန်ကြီး Heracles ( ရောမအခေါ် Hercules) ရဲ့ ဇာတ်လမ်းတစ်ခုနဲ့ ဆက်စပ်နေပြီး နောက်တစ်ခုကတော့ လူသိပိုနည်းတဲ့ဇာတ်လမ်းတစ်ခုဖြစ်တဲ့ ရေနတ်ဘုရား Poseidon ရဲ့ဇာတ်လမ်းတစ်ခုနဲ့ဆက်စပ်နေတယ်။

ဂရိဒဏ္ဍာရီလာ ဂဏန်း (၁)
*******************
ဂရိနတ်ဘုရင်ဖြစ်တဲ့ Zeus နဲ့ လူသားမင်းသမီးတစ်ပါးဖြစ်တဲ့ Alcmene တို့သင့်မြတ်ရာကနေ ကမ္ဘာမြေပေါ်မှာခွန်အားအကြီးဆုံးဖြစ်တဲ့ Demigod သူရဲကောင်း Heracles ကိုမွေးခဲ့တယ်။
ဒီကိစ္စကိုမကျေနပ်တဲ့ Zeus ရဲ့မိဖုရားခေါင်ကြီးဖြစ်သူနတ်ဘုရားမ Hera က  Heracles ကိုငယ်ငယ်ကတည်းက  သတ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ ပုခက်ထဲမှာရှိနေတဲ့
Heracles ကလေးကို မြွေဆိုးကြီးနှစ်ကောင်လွှတ်ပြီးသတ်စေခဲ့ပေမယ့် ခွန်အားကြီးတဲ့ကလေးငယ် Heracles ကပဲမြွေဆိုးကြီးနှစ်ကောင်လုံးကို လည်ပင်းညှစ်သတ်လိုက်တယ်တဲ့။

 Heracles အရွယ်ရောက်လာတဲ့အခါမှာ Thebes ဘုရင်ရဲ့သမီးတော်တစ်ပါးဖြစ်တဲ့ Megara နဲ့အိမ်ထောင်ပြုပြီး ကလေးတွေရခဲ့တယ်။ ဒါပေမယ့်လဲ မနာလိုစိတ်နဲ့၊အမျက်ကြီးတဲ့ Hera ရဲ့ကြိမ်စာကြောင့်  Heracles ဟာတဒင်္ဂရူးသွပ်သွားပြီး အသိစိတ်လွတ်သွားတဲ့အခိုက်မှာ သူ့ဇနီးနဲ့ကလေးတွေကိုသတ်လိုက်မိပါသတဲ့။

ပြုခဲ့မိတဲ့အပြစ်ကိုပြန်ပေးဆပ်ဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့အလုပ်ကြီး ၁၂ ခုကိုတစ်ခုပြီးတစ်ခု ပြီးမြောက်အောင်လုပ်ခဲ့ရတယ်။ အဲဒီထဲကမှ ဒုတိယမြောက်လုပ်ခဲ့တဲ့ ခေါင်းကိုးလုံးရှိတဲ့ မြွေနဂါးကြီး Lernaean Hydra ကိုသုတ်သင်တဲ့အလုပ်မှာ ကရကဋ်ရာသီရဲ့ သင်္ကေတ ဂဏန်းကဇာတ်ကောင်တစ်ကောင်အနေနဲ့ပါလာခဲ့တယ်။

 Lerna ရေကန်မှာရှိတဲ့ ခေါင်းကိုးလုံးမြွေနဂါးကြီး Hydra ရဲ့ခေါင်းတစ်လုံးကိုဖြတ်လိုက်တိုင်း အဲဒီနေရာမှာ နောက်ထပ်ခေါင်းနှစ်လုံးထပ်ထပ်ပေါက်လာလို့ Heracles အတွက်မြွေနဂါးကြီးကိုသတ်ဖို့ရာဟာ မဖြစ်နိုင်သ‌လောက်ခက်ခဲနေတယ်။
 ဒီအချိန်မှာ မြွေပူရာကင်းမှောင့်ဆိုသလို ရေထဲကနေအင်မတန်ကြီးမားတဲ့ဧရာမဂဏန်းကြီးတစ်ကောင်တက်လာပြီး Heracles ရဲ့ခြေမကိုညှပ်ထားလိုက်ပြန်ပါတယ်။ ဂဏန်းကြီးကတော့ နတ်ဘုရားမ  Hera က စေလွှတ်လိုက်တဲ့ ဂဏန်းကြီးဖြစ်ပြီး သူ့အလုပ်ကတော့ မြွေနဂါးHydra ကိုကူပြီး သူရဲကောင်း Heracles  ကိုသတ်ဖို့ပါတဲ့။

ခွန်အားကြီးမားလွန်တဲ့ Heracles ကတော့ ခေါင်းကိုးလုံးနဂါးကြီးနဲ့တိုက်ခိုက်နေရင်းကပဲ သူ့ခြေမကိုညှပ်ထားတဲ့ ဂဏန်းကြီးကိုတစ်ချက်ငုံ့ကြည့်လိုက်ပြီး ဖနောင့်နဲ့ပေါက်ကာနင်းခြေလို့ သတ်လိုက်သတဲ့။
ဒီလိုနဲ့ပဲ ရေနဂါးကို စစ်ကူလာတဲ့ဂဏန်းကောင်ဟာ ကိစ္စချောသွားတော့တယ်။
အဲဒီနောက်တော့ နဂါးကိုလဲ ခေါင်းတစ်လုံးဖြတ်ပြီးတိုင်း ခေါင်းပြတ်သွားတဲ့နေရာကို မီးမြားနဲ့ပစ်ပြီးမီးရှို့ခြင်းအားဖြင့် ခေါင်းအသစ်ပြန်မပေါက်အောင်လုပ်ပြီး နောက်ဆုံးမှာသုတ်သင်နိုင်လိုက်ပါတယ်။

သူ့အပေါ်သစ္စာရှိစွာနဲ့ အသေခံပြီးတိုက်ခိုက်ပေးသွားတဲ့ ဂဏန်းကြီးကိုဂုဏ်ပြုချင်တာနဲ့ ကောင်းကင်ပေါ်မှာ ဂဏန်းနက္ခတ်တစ်ခုကို Hera ကဖန်ဆင်းလိုက်ရာကနေ ကရကဋ်နက္ခတ်လို့ခေါ်တဲ့ Cancer ကြယ်စုဖြစ်ပေါ်လာတယ်လို့ ဒဏ္ဍာရီကဆိုပါတယ်။

ဂရိဒဏ္ဍာရီလာ ဂဏန်း (၂)
*******************
ဒီဇာတ်လမ်းကတော့ ရေနတ်ဘုရား Poseidon နဲ့ဆက်နွယ်ပြီးဖြစ်လာတယ်။

အိုလံပစ်တောင်နဲ့ နတ်ဘုရားတွေကို တိုက်ခိုက်ဖို့လာတဲ့ မိစ္ဆာသတ္တဝါဆိုးတွေရဲ့ဘိုးအေကြီး Typhon ရဲ့ရန်ကြောင့်တစ်ခြားနတ်ဘုရားတွေနည်းတူ ရေနတ်ဘုရား Poseidon လဲရှောင်တိမ်းပုန်းအောင်းရတဲ့အချိန်ရှိခဲ့ဖူးတယ်။
သူမထွက်သွားခင်မှာ သူ့ရဲ့ရေနတ်သမီးလေးတွေ (Nymphs) ကို ကာကွယ်စောင့်ရှောက်ဖို့ သေခြင်းကင်းတဲ့ဧရာမဂဏန်းကောင်ကြီး Crios ကိုတာဝန်ပေးထားခဲ့တယ်။ Crios ကသူစောင့်ရှောက်နေရတဲ့ နတ်သမီးလေးတွေကိုဘယ်မှမသွားစေပဲ လုံခြုံတဲ့တစ်နေရာမှာ သေချာစောင့်ကြပ်နေခဲ့သတဲ့။
အချိန်ကြာလာတဲ့အခါမှာတော့ အန္တရာယ်မရှိတော့ဘူးလို့ ယူဆတဲ့နတ်သမီးလေးတစ်ချို့ဟာ တစ်နေရာထဲမှာနေရတာကိုပျင်းရိငြီးငွေ့လာပြီး တားနေတဲ့ကြားကပဲ ပင်လယ်ပြင်ထဲကိုထွက်သွားကြပါသတဲ့။
ကျန်ခဲ့တဲ့နတ်သမီးလေးတွေကို ကာကွယ်ပြီးနေခဲ့ဖို့တာဝန်ရှိတဲ့ ဂဏန်းကြီး Crios ဟာ ရေဘဝဲမျိုးတစ်ကောင်ဖြစ်တဲ့ Vamari ကိုလွှတ်ပြီးနတ်သမီးလေးတွေကိုပြန်လိုက်ခေါ်စေတယ်။
Vamari ဆိုတာက Vampire Squid လို့အဓိပ္ပါယ်ရတဲ့ သားစားရေဘဝဲ (ကင်းမွန်ကြီး) တစ်ကောင်ဖြစ်လို့ နတ်သမီးလေးတွေနောက်ကိုလိုက်သွားပြီးတဲ့နောက်မှာ အကုန်လုံးကိုစားသောက်ပစ်လိုက်လေတယ်။
ပြီးတော့ Crios ဆီကိုပြန်လာပြီး နတ်သမီးလေးတွေကိုမတွေ့ခဲ့တဲ့အကြောင်းလိမ်ပြောတယ်။
မယုံကြည်တဲ့ Crios က စစ်ဆေးမေးမြန်းရာကနေ အဖြစ်မှန်ပေါ်သွားပြီး ဂဏန်းနဲ့ရေဘဝဲတို့တိုက်ခိုက်ကြတော့တယ်။
တိုက်ပွဲမှာ သေခြင်းကင်းတဲ့ ဂဏန်းကြီးCrios ကနိုင်သွားပေမယ့် ရေဘဝဲ Vamari ရဲ့လက်ချက်ကြောင့် ဒုက္ခိတဖြစ်သွားခဲ့တယ်။

ရေနတ်ဘုရား Poseidon ပြန်ရောက်လာချိန်မှာ သူ့အမှုတော်ကိုရွပ်ရွပ်ချွံချွံထမ်းခဲ့တဲ့ Crios အတွက် ကျေနပ်အားရလို့ ကောင်းကင်ပေါ်မှာ ဂဏန်းပုံနက္ခတ် Cancer Constellation ကိုဖန်ဆင်းပေးခဲ့ပါတယ်တဲ့။

အပေါ်ကပြောခဲ့တဲ့ ဇာတ်လမ်းနှစ်ခုကတော့ Cancer Zodiac ခေါ် ကရကဋ်ရာသီခွင်ရဲ့ သင်္ကေတဖြစ်တဲ့ ဂဏန်းကောင် ဘယ်လိုဖြစ်လာသလဲဆိုတဲ့ ဒဏ္ဍာရီတွေပါပဲ။
လက်လှမ်းမီသ‌လောက်ရှာဖွေဖတ်ရှုထားတဲ့ထဲက သက်ဆိုင်တာလေးတွေကိုပဲထုတ်နှုတ်ပြီးရေးထားတာဖြစ်လို့ လိုအပ်ချက်နဲ့ အမှားအယွင်းတွေရှိကောင်းရှိခဲ့ရင်လဲ မောင်ဇိကိုသည်းခံကြပါလို့။
Ref: Various internet sources
မောင်ဇိ
#MaungZi #Zodiac #Cancer #myth #mythology #မောင်ဇိ #ကရကဋ် #ဒဏ္ဍာရီ 

=========================

ကရကဋ္ရာသီခြင္(Cancer) သေကၤတ ဂဏန္း ၏ ဇာစ္ျမစ္
***********************************************
ကရကဋ္ရာသီခြင္ Cancer က လက္တင္ဘာသာစကားျဖစ္ၿပီး အဂၤလိပ္လို Crab၊ ျမန္မာလိုဂဏန္းေကာင္လို႔ အဓိပၸါယ္ရတယ္။ ကရကဋ္ရာသီခြင္နဲ႔ ပက္သက္တဲ့ ဂရိဒ႑ာရီႏွစ္ခုရွိတယ္။
ပထမတစ္ခုက သူရဲေကာင္းလူသန္ႀကီး Heracles ( ေရာမအေခၚ Hercules) ရဲ႕ ဇာတ္လမ္းတစ္ခုနဲ႔ ဆက္စပ္ေနၿပီး ေနာက္တစ္ခုကေတာ့ လူသိပိုနည္းတဲ့ဇာတ္လမ္းတစ္ခုျဖစ္တဲ့ ေရနတ္ဘုရား Poseidon ရဲ႕ဇာတ္လမ္းတစ္ခုနဲ႔ဆက္စပ္ေနတယ္။

ဂရိဒ႑ာရီလာ ဂဏန္း (၁)
*******************
ဂရိနတ္ဘုရင္ျဖစ္တဲ့ Zeus နဲ႔ လူသားမင္းသမီးတစ္ပါးျဖစ္တဲ့ Alcmene တို႔သင့္ျမတ္ရာကေန ကမာၻေျမေပၚမွာခြန္အားအႀကီးဆုံးျဖစ္တဲ့ Demigod သူရဲေကာင္း Heracles ကိုေမြးခဲ့တယ္။
ဒီကိစၥကိုမေက်နပ္တဲ့ Zeus ရဲ႕မိဖုရားေခါင္ႀကီးျဖစ္သူနတ္ဘုရားမ Hera က  Heracles ကိုငယ္ငယ္ကတည္းက  သတ္ဖို႔ႀကိဳးစားခဲ့ေပမယ့္မေအာင္ျမင္ခဲ့ဘူး။ ပုခက္ထဲမွာရွိေနတဲ့
Heracles ကေလးကို ေႁမြဆိုးႀကီးႏွစ္ေကာင္လႊတ္ၿပီးသတ္ေစခဲ့ေပမယ့္ ခြန္အားႀကီးတဲ့ကေလးငယ္ Heracles ကပဲေႁမြဆိုးႀကီးႏွစ္ေကာင္လုံးကို လည္ပင္းညႇစ္သတ္လိုက္တယ္တဲ့။

 Heracles အ႐ြယ္ေရာက္လာတဲ့အခါမွာ Thebes ဘုရင္ရဲ႕သမီးေတာ္တစ္ပါးျဖစ္တဲ့ Megara နဲ႔အိမ္ေထာင္ျပဳၿပီး ကေလးေတြရခဲ့တယ္။ ဒါေပမယ့္လဲ မနာလိုစိတ္နဲ႔၊အမ်က္ႀကီးတဲ့ Hera ရဲ႕ႀကိမ္စာေၾကာင့္  Heracles ဟာတဒဂၤ႐ူးသြပ္သြားၿပီး အသိစိတ္လြတ္သြားတဲ့အခိုက္မွာ သူ႔ဇနီးနဲ႔ကေလးေတြကိုသတ္လိုက္မိပါသတဲ့။

ျပဳခဲ့မိတဲ့အျပစ္ကိုျပန္ေပးဆပ္ဖို႔အတြက္ ခက္ခဲၾကမ္းတမ္းတဲ့အလုပ္ႀကီး ၁၂ ခုကိုတစ္ခုၿပီးတစ္ခု ၿပီးေျမာက္ေအာင္လုပ္ခဲ့ရတယ္။ အဲဒီထဲကမွ ဒုတိယေျမာက္လုပ္ခဲ့တဲ့ ေခါင္းကိုးလုံးရွိတဲ့ ေႁမြနဂါးႀကီး Lernaean Hydra ကိုသုတ္သင္တဲ့အလုပ္မွာ ကရကဋ္ရာသီရဲ႕ သေကၤတ ဂဏန္းကဇာတ္ေကာင္တစ္ေကာင္အေနနဲ႔ပါလာခဲ့တယ္။

 Lerna ေရကန္မွာရွိတဲ့ ေခါင္းကိုးလုံးေႁမြနဂါးႀကီး Hydra ရဲ႕ေခါင္းတစ္လုံးကိုျဖတ္လိုက္တိုင္း အဲဒီေနရာမွာ ေနာက္ထပ္ေခါင္းႏွစ္လုံးထပ္ထပ္ေပါက္လာလို႔ Heracles အတြက္ေႁမြနဂါးႀကီးကိုသတ္ဖို႔ရာဟာ မျဖစ္ႏိုင္သ‌ေလာက္ခက္ခဲေနတယ္။
 ဒီအခ်ိန္မွာ ေႁမြပူရာကင္းေမွာင့္ဆိုသလို ေရထဲကေနအင္မတန္ႀကီးမားတဲ့ဧရာမဂဏန္းႀကီးတစ္ေကာင္တက္လာၿပီး Heracles ရဲ႕ေျခမကိုညႇပ္ထားလိုက္ျပန္ပါတယ္။ ဂဏန္းႀကီးကေတာ့ နတ္ဘုရားမ  Hera က ေစလႊတ္လိုက္တဲ့ ဂဏန္းႀကီးျဖစ္ၿပီး သူ႔အလုပ္ကေတာ့ ေႁမြနဂါးHydra ကိုကူၿပီး သူရဲေကာင္း Heracles  ကိုသတ္ဖို႔ပါတဲ့။

ခြန္အားႀကီးမားလြန္တဲ့ Heracles ကေတာ့ ေခါင္းကိုးလုံးနဂါးႀကီးနဲ႔တိုက္ခိုက္ေနရင္းကပဲ သူ႔ေျခမကိုညႇပ္ထားတဲ့ ဂဏန္းႀကီးကိုတစ္ခ်က္ငုံ႔ၾကည့္လိုက္ၿပီး ဖေနာင့္နဲ႔ေပါက္ကာနင္းေျခလို႔ သတ္လိုက္သတဲ့။
ဒီလိုနဲ႔ပဲ ေရနဂါးကို စစ္ကူလာတဲ့ဂဏန္းေကာင္ဟာ ကိစၥေခ်ာသြားေတာ့တယ္။
အဲဒီေနာက္ေတာ့ နဂါးကိုလဲ ေခါင္းတစ္လုံးျဖတ္ၿပီးတိုင္း ေခါင္းျပတ္သြားတဲ့ေနရာကို မီးျမားနဲ႔ပစ္ၿပီးမီးရႈိ႕ျခင္းအားျဖင့္ ေခါင္းအသစ္ျပန္မေပါက္ေအာင္လုပ္ၿပီး ေနာက္ဆုံးမွာသုတ္သင္ႏိုင္လိုက္ပါတယ္။

သူ႔အေပၚသစၥာရွိစြာနဲ႔ အေသခံၿပီးတိုက္ခိုက္ေပးသြားတဲ့ ဂဏန္းႀကီးကိုဂုဏ္ျပဳခ်င္တာနဲ႔ ေကာင္းကင္ေပၚမွာ ဂဏန္းနကၡတ္တစ္ခုကို Hera ကဖန္ဆင္းလိုက္ရာကေန ကရကဋ္နကၡတ္လို႔ေခၚတဲ့ Cancer ၾကယ္စုျဖစ္ေပၚလာတယ္လို႔ ဒ႑ာရီကဆိုပါတယ္။

ဂရိဒ႑ာရီလာ ဂဏန္း (၂)
*******************
ဒီဇာတ္လမ္းကေတာ့ ေရနတ္ဘုရား Poseidon နဲ႔ဆက္ႏြယ္ၿပီးျဖစ္လာတယ္။

အိုလံပစ္ေတာင္နဲ႔ နတ္ဘုရားေတြကို တိုက္ခိုက္ဖို႔လာတဲ့ မိစာၦသတၱဝါဆိုးေတြရဲ႕ဘိုးေအႀကီး Typhon ရဲ႕ရန္ေၾကာင့္တစ္ျခားနတ္ဘုရားေတြနည္းတူ ေရနတ္ဘုရား Poseidon လဲေရွာင္တိမ္းပုန္းေအာင္းရတဲ့အခ်ိန္ရွိခဲ့ဖူးတယ္။
သူမထြက္သြားခင္မွာ သူ႔ရဲ႕ေရနတ္သမီးေလးေတြ (Nymphs) ကို ကာကြယ္ေစာင့္ေရွာက္ဖို႔ ေသျခင္းကင္းတဲ့ဧရာမဂဏန္းေကာင္ႀကီး Crios ကိုတာဝန္ေပးထားခဲ့တယ္။ Crios ကသူေစာင့္ေရွာက္ေနရတဲ့ နတ္သမီးေလးေတြကိုဘယ္မွမသြားေစပဲ လုံၿခဳံတဲ့တစ္ေနရာမွာ ေသခ်ာေစာင့္ၾကပ္ေနခဲ့သတဲ့။
အခ်ိန္ၾကာလာတဲ့အခါမွာေတာ့ အႏၲရာယ္မရွိေတာ့ဘူးလို႔ ယူဆတဲ့နတ္သမီးေလးတစ္ခ်ိဳ႕ဟာ တစ္ေနရာထဲမွာေနရတာကိုပ်င္းရိၿငီးေငြ႕လာၿပီး တားေနတဲ့ၾကားကပဲ ပင္လယ္ျပင္ထဲကိုထြက္သြားၾကပါသတဲ့။
က်န္ခဲ့တဲ့နတ္သမီးေလးေတြကို ကာကြယ္ၿပီးေနခဲ့ဖို႔တာဝန္ရွိတဲ့ ဂဏန္းႀကီး Crios ဟာ ေရဘဝဲမ်ိဳးတစ္ေကာင္ျဖစ္တဲ့ Vamari ကိုလႊတ္ၿပီးနတ္သမီးေလးေတြကိုျပန္လိုက္ေခၚေစတယ္။
Vamari ဆိုတာက Vampire Squid လို႔အဓိပၸါယ္ရတဲ့ သားစားေရဘဝဲ (ကင္းမြန္ႀကီး) တစ္ေကာင္ျဖစ္လို႔ နတ္သမီးေလးေတြေနာက္ကိုလိုက္သြားၿပီးတဲ့ေနာက္မွာ အကုန္လုံးကိုစားေသာက္ပစ္လိုက္ေလတယ္။
ၿပီးေတာ့ Crios ဆီကိုျပန္လာၿပီး နတ္သမီးေလးေတြကိုမေတြ႕ခဲ့တဲ့အေၾကာင္းလိမ္ေျပာတယ္။
မယုံၾကည္တဲ့ Crios က စစ္ေဆးေမးျမန္းရာကေန အျဖစ္မွန္ေပၚသြားၿပီး ဂဏန္းနဲ႔ေရဘဝဲတို႔တိုက္ခိုက္ၾကေတာ့တယ္။
တိုက္ပြဲမွာ ေသျခင္းကင္းတဲ့ ဂဏန္းႀကီးCrios ကႏိုင္သြားေပမယ့္ ေရဘဝဲ Vamari ရဲ႕လက္ခ်က္ေၾကာင့္ ဒုကၡိတျဖစ္သြားခဲ့တယ္။

ေရနတ္ဘုရား Poseidon ျပန္ေရာက္လာခ်ိန္မွာ သူ႔အမႈေတာ္ကို႐ြပ္႐ြပ္ခြၽံခြၽံထမ္းခဲ့တဲ့ Crios အတြက္ ေက်နပ္အားရလို႔ ေကာင္းကင္ေပၚမွာ ဂဏန္းပုံနကၡတ္ Cancer Constellation ကိုဖန္ဆင္းေပးခဲ့ပါတယ္တဲ့။

အေပၚကေျပာခဲ့တဲ့ ဇာတ္လမ္းႏွစ္ခုကေတာ့ Cancer Zodiac ေခၚ ကရကဋ္ရာသီခြင္ရဲ႕ သေကၤတျဖစ္တဲ့ ဂဏန္းေကာင္ ဘယ္လိုျဖစ္လာသလဲဆိုတဲ့ ဒ႑ာရီေတြပါပဲ။
လက္လွမ္းမီသ‌ေလာက္ရွာေဖြဖတ္ရႈထားတဲ့ထဲက သက္ဆိုင္တာေလးေတြကိုပဲထုတ္ႏႈတ္ၿပီးေရးထားတာျဖစ္လို႔ လိုအပ္ခ်က္နဲ႔ အမွားအယြင္းေတြရွိေကာင္းရွိခဲ့ရင္လဲ ေမာင္ဇိကိုသည္းခံၾကပါလို႔။
Ref: Various internet sources
ေမာင္ဇိ
#MaungZi #Zodiac #Cancer #myth #mythology #ေမာင္ဇိ #ကရကဋ္ #ဒ႑ာရီ

ဗြိစ္ဆာရာသီခွင်(Scorpio) သင်္ကေတ ကင်းမြီးကောက်၏ ဇာစ်မြစ်

ဗြိစ္ဆာရာသီခွင်(Scorpio) သင်္ကေတ ကင်းမြီးကောက်၏ ဇာစ်မြစ်
***********************************************

ဗြိစ္ဆာရာသီနက္ခတ်ကို ဘေဘီလုံခေတ်ကတည်းက အရှေ့အလယ်ပိုင်းဒေသကလူတွေ သိမှတ်ထားပြီးဖြစ်တယ်လို့ ဆိုကြတယ်။ ဘေဘီလုံခေတ်မှာ ဗြိစ္ဆာကြယ်စုကို "The creature with the burning sting" (ပူပြင်းလောင်မြိုက်စေနိုင်သောအဆိပ်မြီးရှိသည့် သတ္တဝါ) လို့ခေါ်ခဲ့ကြတယ်။

‌ဗြိစ္ဆာနက္ခတ်နဲ့ပက်သက်လို့ ထင်ရှားတဲ့ဒဏ္ဍာရီကတော့ ဂရိဒဏ္ဍာရီတစ်ခုပဲတွေ့တယ်။ ကင်းမြီးကောက်နဲ့ပက်သက်တဲ့ တစ်ခြားဒဏ္ဍာရီနှစ်ခုရှိသေးပေမယ့် ဗြိစ္ဆာရာသီနဲ့ဆက်နွှယ်တယ်လို့ ဆိုထားတဲ့အထောက်အထားမတွေ့ရဘူး။ ဒီတော့ ဂရိဒဏ္ဍာရီအကြောင်းမပြောခင် ကင်းမြီးကောက်ပါတဲ့ တစ်ခြားဒဏ္ဍာရီနှစ်ခုကို အရင်ပြောကြတာပေါ့။

ဆူမီးရီးရန်း ဒဏ္ဍာရီလာ ကင်းမြီးကောက်
******************************
ခရစ်ယာန်ဘာသာမပေါ်ခင် လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက အရှေ့အလယ်ပိိုင်းဒေသမှာ အစဥ်အဆက်နေထိုင်ခဲ့ကြတဲ့ Sumerians နဲ့ Akkadians လူမျိုးတွေ၊ သူတို့နောက်က Babylonians တွေနဲ့ Assyrians လူမျိုးတွေ ယုံကြည်ကိုးကွယ်ခဲ့ကြတဲ့ ရှေးဟောင်းဘာသာရေးတစ်ခုရှိတယ်။ အရှေ့အလယ်ပိုင်း မက်ဆိုပိုတေးနီးယားဒေသ (အခုတော့ အီရတ်မှာပေါ့) မှာပေါ်ပေါက်ခဲ့ပြီး မက်ဆိုပိုတေးနီးရမ်းဘာသာလို့လဲခေါ်ကြတယ်။

အဲဒီဘာသာရဲ့အခြေခံတစ်ခုကတော့ ရှေးဟောင်းဆူမီးရီးရန်းဒဏ္ဍာရီတွေ။
အဲဒီမှာပါတဲ့ သူရဲကောင်းဘုရင်တစ်ယောက်ဖြစ်တဲ့ Gilgamesh ဟာ သူ့သူငယ်ချင်းတစ်ယောက်သေသွားတာကိုမြင်ရပြီး သူလဲသေရမှာကို သိပ်ကြောက်သွားခဲ့တယ်။ ဒါနဲ့ပဲ နေနတ်ဘုရား Utu (Akkadian အခေါ် Shamash) ရဲ့ နတ်နန်းရှိရာ Mashu ‌တောင်တန်းကဂိတ်တွေကိုဖြတ်ပြီး အမှောင်ကမ္ဘာမြေအောက်လောကကို ခရီးထွက်ခွာခဲ့တယ်။
ရည်ရွယ်ချက်ကတော့ သူ့ရဲ့ ဘိုးဘေးဘီဘင်တစ်ယောက်ဖြစ်တဲ့ Utnaphistim ကိုရှာပြီး မသေနိုင်တဲ့နည်းလမ်းကိုမေးမြန်းရှာဖွေချင်လို့တဲ့။

Mashu တောင်တန်းက နေထွက်နဲ့နေဝင်ကို ကင်းမြီးကောက်လူသားတွေ စောင့်ကြပ်နေတဲ့နေရာဖြစ်တယ်။
Mushu တောင်တန်းရဲ့ တောင်ထွတ်တွေကကောင်းကင်ဘုံနဲ့ချိတ်ဆက်ထားပြီး တောင်ရဲ့အောက်ခြေကတော့ မြေအောက်ဘုံနဲ့ ဆက်စပ်နေတယ်။
မြေကြီးရဲ့အောက် မှောင်မိုက်နေတဲ့လောကကိုဝင်တဲ့ နေနတ်ဘုရား Utu ရဲ့ ဂိတ်တံခါးတွေကို ကင်းမြီးကောက်လူသားတွေက စောင့်ရှောက်နေတယ်။
ညဖက်မှာမြေအောက်ကမ္ဘာကို Gilgameshဆင်းပြီးတဲ့နောက် ကင်းမြီးကောက်လူသားတွေက နောက်ကနေဂိတ်တံခါးကိုပြန်ပိတ်ပေးကြတယ်။
နေ့ခင်းရောက်လို့ Gilgamesh ပြန်တက်လာရင် ဂိတ်တံခါးတွေကိုပြန်ဖွင့်ပေးကြတယ်လို့ဆိုတယ်။

ကင်းမြီးကောက်လူသားတွေမှာ လူတစ်ယောက်ရဲ့ခေါင်း၊ ပခုံး၊ ခါးနဲ့ လက်နှစ်ဖက်ရှိပြီး ခါးအောက်ပိုင်းကတော့ ကင်းမြီးကောက်တစ်ကောင်အတိုင်းပဲတဲ့။
 သူတို့အရပ်တွေကလဲ မြင့်မားလွန်းလို့ ကောင်းကင်ကိုတောင်တိုက်မိနေတယ်တဲ့။ သူတို့စောင့်ကြပ်နေတဲ့ ဂိတ်တံခါးတွေနောက်က မြေအောက်ကမ္ဘာရဲ့ အန္တရာယ်ကြီးပုံတွေကို မသေမျိုးမဟုတ်တဲ့သာမန်လူသားတွေသိအောင် အမြဲသတိပေးလေ့ရှိသတဲ့။

ဒါက ဆူမီးရီးရန်းဒဏ္ဍာရီမှာပါတဲ့ ကင်းမြီးကောက်လူသားတွေအကြောင်းပေါ့။
Gilgamesh အကြောင်းကတော့ သူရှာနေတဲ့သူ့ဘိုးဘေး Utnaphistim ကို အခက်အခဲအမျိုးမျိုးကိုဖြတ်ပြီးတဲ့နောက်တွေ့ခဲ့ရပေမဲ့ Utnaphistim က သူ့ကိုစားခွင့်ပြုခဲ့တဲ့ သက်ရှည်ပင်ကိုမစားဖြစ်ခဲ့လိုက်လို့ မသေခြင်းတရားကိုမရခဲ့ပါဘူးတဲ့။

အီဂျစ်ဒဏ္ဍာရီလာ ကင်းမြီးကောက်
**************************
အီဂျစ်ရှေးဟောင်းနတ်ဘုရားမ Serket က အဆိပ်ရှိတဲ့သတ္တဝါတွေ၊ အထူးသဖြင့်ကင်းမြီးကောက်ကို ကာကွယ်စောင့်ရှောက်သူဖြစ်ပြီး သူ့ကို ဖော်ပြတဲ့အခါ ခေါင်းပေါ်မှာကင်းမြီးကောက်တစ်ကောင်တင်ထားတဲ့ပုံအနေနဲ့ ပုံဖော်လေ့ရှိတယ်။

ထင်ရှားတဲ့အီဂျစ်ဒဏ္ဍာရီတစ်ခုကတော့ Serket က နတ်ဘုရားမ Isis ကိုကာကွယ်စောင့်ရှောက်တဲ့ဇာတ်လမ်းပါ။ အီဂျစ်နတ်ဘုရားတစ်ပါးဖြစ်တဲ့ Set က သူ့အစ်ကိုဖြစ်သူ နတ်ဘုရား Osiris ကိုလုပ်ကြံသတ်ဖြတ်ပြီး မင်းပြုနေခဲ့တယ်။
Osiris ရဲ့မိဖုရားဖြစ်တဲ့ Isis က သားလေးတစ်ယောက်ကိုမွေးပြီး အာဏာသိမ်းသူ Set ရဲ့လက်ကနေ လွတ်မြောက်အောင် ရွှံညွန်ထူပြောတဲ့ရေအိုင်ဒေသတစ်ခုမှာ တိမ်းရှောင်နေရတယ်။
Isis နဲ့သူ့သားလေးကို Set ကလုပ်ကြံမှာစိုးလို့ Serket ကသူ့ရဲ့ ကင်းမြီးကောက်ခုနစ်ကောင်ကိုစေလွှတ်ပြီး ‌ကလေးနဲ့အမေကို အမြဲမပြတ်စောင့်ရှောက်ထားစေခဲ့တယ်တဲ့။

ကင်းမြီးကောက်နဲ့ ပက်သက်လို့ အီဂျစ်နတ်ဘုရားတွေနဲ့ပက်သက်တဲ့ ဒဏ္ဍာရီတစ်စိတ်တစ်ပိုင်းလေးပါ။

ဂရိဒဏ္ဍာရီလာ ဗြိစ္ဆာသင်္ကေတ
***********************
ဂရိဒဏ္ဍာရီမှာတော့ ‌ဗြိစ္ဆာနက္ခတ်က Orion ဆိုတဲ့လူထွားကြီးရဲ့ဇာတ်လမ်းနဲ့ဆက်စပ်နေတယ်။
Orion ကနတ်ဘုရား Poseidon နဲ့ Crete ကျွန်းကဘုရင် Mino ရဲ့သမီး Euryale ကနေမွေးတာ။
နတ်ဘုရင် Zeus ရဲ့သမီးတစ်ယောက်ဖြစ်တဲ့အမဲလိုက်နတ်ဘုရားမ Artemis နဲ့အတူအမြဲ အမဲလိုက်လေ့ရှိတယ်။
တစ်နေ့တော့ ဒီလောကမှာသူမသတ်ဖြတ်နိုင်တဲ့သတ္တဝါမရှိဘူးလို့ Artemis ကိုကြွားသတဲ့။
ဒါကိုကြားတဲ့အခါမှာ ပထဝီမြေကြီး Gaia က ဧရာမကင်းမြီးကောက်ကြီးတစ်ကောင်ကိုမွေးပြီး Orion နဲ့တိုက်ခိုက်စေတယ်။
ကင်းမြီးကောက်ကြီးရဲ့လက်ချက်နဲ့ Orion လဲအသက်ဆုံးရှုံးသွားတယ်။

ဒီအ‌ကြောင်းကိုကြားတဲ့ Zeus က မတန်မရာ အကြွားသန်တတ်တဲ့ လူသားမျိုးနွယ်တွေကိုသင်ခန်းစာတစ်ခုအနေနဲ့ သတိပေးရအောင် ကောင်းကင်ပေါ်မှာ ကင်းမြီးကောက်ပုံကြယ်ကို ဖန်တီးခဲ့တယ်လို့ဆိုတယ်။ Orion ကိုလဲ အတူတူတွဲပြီး ကြယ်စုအနေနဲ့ဖန်ဆင်းခဲ့ပေမယ့် ကင်းမြီးကောက်ရှိနေချိန်ဆိုထွက်ပြေးနေတတ်ပြီး နွေရာသီရောက်မှ သူ့ကိုမြင်နိုင်တယ်လို့လဲ ဆိုတယ်။

နောက်ထပ်မူကွဲတစ်ခုကတော့ အချစ်ရယ်၊ မနာလိုမှုရယ်ကိုအခြေခံတဲ့ ဇာတ်လမ်းလေး။
အဲဒီမှာတော့ Orion က အမဲလိုက်နတ်ဘုရားမ Artemis နဲ့မေတ္တာမျှသွားလို့ မနာလိုတဲ့ Artemis ရဲ့အမွှာမောင်ဖြစ်သူ Apollo က မြေကမ္ဘာ Gaia ကိုအကူအညီတောင်းပြီး ကင်းမြီးကောက်ကို ဖန်တီးစေခဲ့တယ်တဲ့။

ဘာပဲဖြစ်ဖြစ် ကင်းမြီးကောက်လက်ချက်နဲ့ Orion သေဆုံးသွားပြီး အဲဒီကမှ ဗြိစ္ဆာနက္ခတ်ကြယ်စုဖြစ်လာတယ်လို့ ဂရိဒဏ္ဍာရီတွေကဆိုတယ်။

အပေါ်ကပြောခဲ့တဲ့ ဒဏ္ဍာရီလေးတွေကတော့ ဗြိစ္ဆာရာသီရဲ့ဇာစ်မြစ်အကြောင်းမောင်ဇိလက်လှမ်းမီသ‌လောက်ဖတ်ထားတဲ့ထဲက အကျဥ်းချုပ်လေးတွေပါ။ လိုအပ်တာတွေလဲ ရှိကောင်းရှိမှာဖြစ်လို့ အမှားပါခဲ့ရင် သည်းခံကြပါလို့။

မောင်ဇိ
#MaungZi #Zodiac #Scorpio #myth #မောင်ဇိ #ဗြိစ္ဆာရာသီခွင် #ဒဏ္ဍာရီ

=====================================================

ၿဗိစာၦရာသီခြင္(Scorpio) သေကၤတ ကင္းၿမီးေကာက္၏ ဇာစ္ျမစ္
***********************************************

ၿဗိစာၦရာသီနကၡတ္ကို ေဘဘီလုံေခတ္ကတည္းက အေရွ႕အလယ္ပိုင္းေဒသကလူေတြ သိမွတ္ထားၿပီးျဖစ္တယ္လို႔ ဆိုၾကတယ္။ ေဘဘီလုံေခတ္မွာ ၿဗိစာၦၾကယ္စုကို "The creature with the burning sting" (ပူျပင္းေလာင္ၿမိဳက္ေစႏိုင္ေသာအဆိပ္ၿမီးရွိသည့္ သတၱဝါ) လို႔ေခၚခဲ့ၾကတယ္။

‌ၿဗိစာၦနကၡတ္နဲ႔ပက္သက္လို႔ ထင္ရွားတဲ့ဒ႑ာရီကေတာ့ ဂရိဒ႑ာရီတစ္ခုပဲေတြ႕တယ္။ ကင္းၿမီးေကာက္နဲ႔ပက္သက္တဲ့ တစ္ျခားဒ႑ာရီႏွစ္ခုရွိေသးေပမယ့္ ၿဗိစာၦရာသီနဲ႔ဆက္ႏႊယ္တယ္လို႔ ဆိုထားတဲ့အေထာက္အထားမေတြ႕ရဘူး။ ဒီေတာ့ ဂရိဒ႑ာရီအေၾကာင္းမေျပာခင္ ကင္းၿမီးေကာက္ပါတဲ့ တစ္ျခားဒ႑ာရီႏွစ္ခုကို အရင္ေျပာၾကတာေပါ့။

ဆူမီးရီးရန္း ဒ႑ာရီလာ ကင္းၿမီးေကာက္
******************************
ခရစ္ယာန္ဘာသာမေပၚခင္ လြန္ခဲ့တဲ့ႏွစ္ေထာင္ေပါင္းမ်ားစြာက အေရွ႕အလယ္ပိိုင္းေဒသမွာ အစဥ္အဆက္ေနထိုင္ခဲ့ၾကတဲ့ Sumerians နဲ႔ Akkadians လူမ်ိဳးေတြ၊ သူတို႔ေနာက္က Babylonians ေတြနဲ႔ Assyrians လူမ်ိဳးေတြ ယုံၾကည္ကိုးကြယ္ခဲ့ၾကတဲ့ ေရွးေဟာင္းဘာသာေရးတစ္ခုရွိတယ္။ အေရွ႕အလယ္ပိုင္း မက္ဆိုပိုေတးနီးယားေဒသ (အခုေတာ့ အီရတ္မွာေပါ့) မွာေပၚေပါက္ခဲ့ၿပီး မက္ဆိုပိုေတးနီးရမ္းဘာသာလို႔လဲေခၚၾကတယ္။

အဲဒီဘာသာရဲ႕အေျခခံတစ္ခုကေတာ့ ေရွးေဟာင္းဆူမီးရီးရန္းဒ႑ာရီေတြ။
အဲဒီမွာပါတဲ့ သူရဲေကာင္းဘုရင္တစ္ေယာက္ျဖစ္တဲ့ Gilgamesh ဟာ သူ႔သူငယ္ခ်င္းတစ္ေယာက္ေသသြားတာကိုျမင္ရၿပီး သူလဲေသရမွာကို သိပ္ေၾကာက္သြားခဲ့တယ္။ ဒါနဲ႔ပဲ ေနနတ္ဘုရား Utu (Akkadian အေခၚ Shamash) ရဲ႕ နတ္နန္းရွိရာ Mashu ‌ေတာင္တန္းကဂိတ္ေတြကိုျဖတ္ၿပီး အေမွာင္ကမာၻေျမေအာက္ေလာကကို ခရီးထြက္ခြာခဲ့တယ္။
ရည္႐ြယ္ခ်က္ကေတာ့ သူ႔ရဲ႕ ဘိုးေဘးဘီဘင္တစ္ေယာက္ျဖစ္တဲ့ Utnaphistim ကိုရွာၿပီး မေသႏိုင္တဲ့နည္းလမ္းကိုေမးျမန္းရွာေဖြခ်င္လို႔တဲ့။

Mashu ေတာင္တန္းက ေနထြက္နဲ႔ေနဝင္ကို ကင္းၿမီးေကာက္လူသားေတြ ေစာင့္ၾကပ္ေနတဲ့ေနရာျဖစ္တယ္။
Mushu ေတာင္တန္းရဲ႕ ေတာင္ထြတ္ေတြကေကာင္းကင္ဘုံနဲ႔ခ်ိတ္ဆက္ထားၿပီး ေတာင္ရဲ႕ေအာက္ေျခကေတာ့ ေျမေအာက္ဘုံနဲ႔ ဆက္စပ္ေနတယ္။
ေျမႀကီးရဲ႕ေအာက္ ေမွာင္မိုက္ေနတဲ့ေလာကကိုဝင္တဲ့ ေနနတ္ဘုရား Utu ရဲ႕ ဂိတ္တံခါးေတြကို ကင္းၿမီးေကာက္လူသားေတြက ေစာင့္ေရွာက္ေနတယ္။
ညဖက္မွာေျမေအာက္ကမာၻကို Gilgameshဆင္းၿပီးတဲ့ေနာက္ ကင္းၿမီးေကာက္လူသားေတြက ေနာက္ကေနဂိတ္တံခါးကိုျပန္ပိတ္ေပးၾကတယ္။
ေန႔ခင္းေရာက္လို႔ Gilgamesh ျပန္တက္လာရင္ ဂိတ္တံခါးေတြကိုျပန္ဖြင့္ေပးၾကတယ္လို႔ဆိုတယ္။

ကင္းၿမီးေကာက္လူသားေတြမွာ လူတစ္ေယာက္ရဲ႕ေခါင္း၊ ပခုံး၊ ခါးနဲ႔ လက္ႏွစ္ဖက္ရွိၿပီး ခါးေအာက္ပိုင္းကေတာ့ ကင္းၿမီးေကာက္တစ္ေကာင္အတိုင္းပဲတဲ့။
 သူတို႔အရပ္ေတြကလဲ ျမင့္မားလြန္းလို႔ ေကာင္းကင္ကိုေတာင္တိုက္မိေနတယ္တဲ့။ သူတို႔ေစာင့္ၾကပ္ေနတဲ့ ဂိတ္တံခါးေတြေနာက္က ေျမေအာက္ကမာၻရဲ႕ အႏၲရာယ္ႀကီးပုံေတြကို မေသမ်ိဳးမဟုတ္တဲ့သာမန္လူသားေတြသိေအာင္ အၿမဲသတိေပးေလ့ရွိသတဲ့။

ဒါက ဆူမီးရီးရန္းဒ႑ာရီမွာပါတဲ့ ကင္းၿမီးေကာက္လူသားေတြအေၾကာင္းေပါ့။
Gilgamesh အေၾကာင္းကေတာ့ သူရွာေနတဲ့သူ႔ဘိုးေဘး Utnaphistim ကို အခက္အခဲအမ်ိဳးမ်ိဳးကိုျဖတ္ၿပီးတဲ့ေနာက္ေတြ႕ခဲ့ရေပမဲ့ Utnaphistim က သူ႔ကိုစားခြင့္ျပဳခဲ့တဲ့ သက္ရွည္ပင္ကိုမစားျဖစ္ခဲ့လိုက္လို႔ မေသျခင္းတရားကိုမရခဲ့ပါဘူးတဲ့။

အီဂ်စ္ဒ႑ာရီလာ ကင္းၿမီးေကာက္
**************************
အီဂ်စ္ေရွးေဟာင္းနတ္ဘုရားမ Serket က အဆိပ္ရွိတဲ့သတၱဝါေတြ၊ အထူးသျဖင့္ကင္းၿမီးေကာက္ကို ကာကြယ္ေစာင့္ေရွာက္သူျဖစ္ၿပီး သူ႔ကို ေဖာ္ျပတဲ့အခါ ေခါင္းေပၚမွာကင္းၿမီးေကာက္တစ္ေကာင္တင္ထားတဲ့ပုံအေနနဲ႔ ပုံေဖာ္ေလ့ရွိတယ္။

ထင္ရွားတဲ့အီဂ်စ္ဒ႑ာရီတစ္ခုကေတာ့ Serket က နတ္ဘုရားမ Isis ကိုကာကြယ္ေစာင့္ေရွာက္တဲ့ဇာတ္လမ္းပါ။ အီဂ်စ္နတ္ဘုရားတစ္ပါးျဖစ္တဲ့ Set က သူ႔အစ္ကိုျဖစ္သူ နတ္ဘုရား Osiris ကိုလုပ္ႀကံသတ္ျဖတ္ၿပီး မင္းျပဳေနခဲ့တယ္။
Osiris ရဲ႕မိဖုရားျဖစ္တဲ့ Isis က သားေလးတစ္ေယာက္ကိုေမြးၿပီး အာဏာသိမ္းသူ Set ရဲ႕လက္ကေန လြတ္ေျမာက္ေအာင္ ႐ႊံၫြန္ထူေျပာတဲ့ေရအိုင္ေဒသတစ္ခုမွာ တိမ္းေရွာင္ေနရတယ္။
Isis နဲ႔သူ႔သားေလးကို Set ကလုပ္ႀကံမွာစိုးလို႔ Serket ကသူ႔ရဲ႕ ကင္းၿမီးေကာက္ခုနစ္ေကာင္ကိုေစလႊတ္ၿပီး ‌ကေလးနဲ႔အေမကို အၿမဲမျပတ္ေစာင့္ေရွာက္ထားေစခဲ့တယ္တဲ့။

ကင္းၿမီးေကာက္နဲ႔ ပက္သက္လို႔ အီဂ်စ္နတ္ဘုရားေတြနဲ႔ပက္သက္တဲ့ ဒ႑ာရီတစ္စိတ္တစ္ပိုင္းေလးပါ။

ဂရိဒ႑ာရီလာ ၿဗိစာၦသေကၤတ
***********************
ဂရိဒ႑ာရီမွာေတာ့ ‌ၿဗိစာၦနကၡတ္က Orion ဆိုတဲ့လူထြားႀကီးရဲ႕ဇာတ္လမ္းနဲ႔ဆက္စပ္ေနတယ္။
Orion ကနတ္ဘုရား Poseidon နဲ႔ Crete ကြၽန္းကဘုရင္ Mino ရဲ႕သမီး Euryale ကေနေမြးတာ။
နတ္ဘုရင္ Zeus ရဲ႕သမီးတစ္ေယာက္ျဖစ္တဲ့အမဲလိုက္နတ္ဘုရားမ Artemis နဲ႔အတူအၿမဲ အမဲလိုက္ေလ့ရွိတယ္။
တစ္ေန႔ေတာ့ ဒီေလာကမွာသူမသတ္ျဖတ္ႏိုင္တဲ့သတၱဝါမရွိဘူးလို႔ Artemis ကိုႂကြားသတဲ့။
ဒါကိုၾကားတဲ့အခါမွာ ပထဝီေျမႀကီး Gaia က ဧရာမကင္းၿမီးေကာက္ႀကီးတစ္ေကာင္ကိုေမြးၿပီး Orion နဲ႔တိုက္ခိုက္ေစတယ္။
ကင္းၿမီးေကာက္ႀကီးရဲ႕လက္ခ်က္နဲ႔ Orion လဲအသက္ဆုံးရႈံးသြားတယ္။

ဒီအ‌ေၾကာင္းကိုၾကားတဲ့ Zeus က မတန္မရာ အႂကြားသန္တတ္တဲ့ လူသားမ်ိဳးႏြယ္ေတြကိုသင္ခန္းစာတစ္ခုအေနနဲ႔ သတိေပးရေအာင္ ေကာင္းကင္ေပၚမွာ ကင္းၿမီးေကာက္ပုံၾကယ္ကို ဖန္တီးခဲ့တယ္လို႔ဆိုတယ္။ Orion ကိုလဲ အတူတူတြဲၿပီး ၾကယ္စုအေနနဲ႔ဖန္ဆင္းခဲ့ေပမယ့္ ကင္းၿမီးေကာက္ရွိေနခ်ိန္ဆိုထြက္ေျပးေနတတ္ၿပီး ေႏြရာသီေရာက္မွ သူ႔ကိုျမင္ႏိုင္တယ္လို႔လဲ ဆိုတယ္။

ေနာက္ထပ္မူကြဲတစ္ခုကေတာ့ အခ်စ္ရယ္၊ မနာလိုမႈရယ္ကိုအေျခခံတဲ့ ဇာတ္လမ္းေလး။
အဲဒီမွာေတာ့ Orion က အမဲလိုက္နတ္ဘုရားမ Artemis နဲ႔ေမတၱာမွ်သြားလို႔ မနာလိုတဲ့ Artemis ရဲ႕အမႊာေမာင္ျဖစ္သူ Apollo က ေျမကမာၻ Gaia ကိုအကူအညီေတာင္းၿပီး ကင္းၿမီးေကာက္ကို ဖန္တီးေစခဲ့တယ္တဲ့။

ဘာပဲျဖစ္ျဖစ္ ကင္းၿမီးေကာက္လက္ခ်က္နဲ႔ Orion ေသဆုံးသြားၿပီး အဲဒီကမွ ၿဗိစာၦနကၡတ္ၾကယ္စုျဖစ္လာတယ္လို႔ ဂရိဒ႑ာရီေတြကဆိုတယ္။

အေပၚကေျပာခဲ့တဲ့ ဒ႑ာရီေလးေတြကေတာ့ ၿဗိစာၦရာသီရဲ႕ဇာစ္ျမစ္အေၾကာင္းေမာင္ဇိလက္လွမ္းမီသ‌ေလာက္ဖတ္ထားတဲ့ထဲက အက်ဥ္းခ်ဳပ္ေလးေတြပါ။ လိုအပ္တာေတြလဲ ရွိေကာင္းရွိမွာျဖစ္လို႔ အမွားပါခဲ့ရင္ သည္းခံၾကပါလို႔။

ေမာင္ဇိ
#MaungZi #Zodiac #Scorpio #myth #ေမာင္ဇိ #ၿဗိစာၦရာသီခြင္ #ဒ႑ာရီ