Helios နဲ့ Apollo
************
ဂရိဒဏ္ဍာရီထဲမှာ နေနတ်ဘုရား ဟီးလိရို့စ် (Helios)၊ နေနတ်ဘုရား အပိုလို (Apollo) တို့ နဲ့ပက်သက်ပြီး ဘယ်သူကဘာလဲဆိုပြီး ရှုပ်နေတာတစ်ခုရှိတယ်။
အမှန်ကတော့ ဂရိဒဏ္ဍာရီထဲမှာ အဲလိုရှုပ်နေတာနဲ့ ရှေ့နောက်မညီတာတွေနဲ့က တစ်ခုမကရှိပါတယ်။ ဂရိဒဏ္ဍာရီနဲ့ပက်သက်ရင် လူသိများတဲ့ ဘီစီ ၈၀၀နဲ့ ၇၀၀ကြားထဲလောက်မှာပေါ်ခဲ့တယ်ဆိုတဲ့ Homer ပြောထားတာ၊ သူနဲ့မတိမ်းမယိမ်းပေါ်ခဲ့တယ်ဆိုတဲ့ Hesiod ပြောထားတာ၊ နောက်ထပ်လင်္ကာဆရာတွေဖြစ်ကြတဲ့ Euripides ပြောထားတာ၊ Ovid ပြောထားတာတွေ ကွဲလွဲတာရော၊ တခြားနောက်လူတွေဖြည့်ထားတွေရောနဲ့ဆိုတော့ တစ်ခုနဲ့တစ်ခု မကိုက်တာလေးတွေကတော့ အများကြီးရှိတာပေါ့။ ပြီးတော့ အဲဒါတွေအားလုံးကလဲ အစကနေ အဆုံးထိ စာနဲ့ပေနဲ့အခိုင်အမာကျန်ခဲ့တာမှမဟုတ်တာ။ တွေ့ရတဲ့အထောက်အထားတွေ့ကနေ ဆက်စပ်ပြီးပြန်ပုံဖော်ရေးထားကြရတာကိုး။
ထားပါတော့ နေနတ်ဘုရားအကြောင်းပဲ ဆက်ပြောကြတာပေါ့။
မေးခွန်းက နှစ်ခုရှိတယ်။
နေနတ်ဘုရား ဟီးလိရို့စ် (Helios) နဲ့ နေနတ်ဘုရားအပိုလို (Apollo) ကအတူတူလားဆိုတဲ့မေးခွန်းရယ်၊
မတူခဲ့ရင် Helios နဲ့ Apollo ဘယ်သူက နေနတ်ဘုရားလဲဆိုတဲ့မေးခွန်းရယ်၊ နှစ်ခုပေါ့။
ပထမမေးခွန်းရဲ့အဖြေကတော့ မတူပါဘူး။
Helios ကတိုက်တန်နတ်ဘုရားတစ်ပါးဖြစ်ပြီး၊ Apollo က တိုက်တန်တွေဆီကအာဏာလုခဲ့တဲ့ အိုလံပစ်တောင်နတ်ဘုရားမျိုးဆက်ကပါ။
မတူရင် ဘယ်သူကနေနတ်ဘုရားလဲဆိုတဲ့ ဒုတိယမေးခွန်းအတွက်အဖြေကတော့ တစ်ယောက်ချင်းစီရဲ့အကြောင်းနဲ့ရှင်းရမှာပါပဲ။
Helios ကို Cronus ခေါင်းဆောင်တဲ့ တိုက်တန်နတ်ဘုရားမောင်နှမ ၁၂ ပါးထဲက Hyperion နဲ့ ညီမဖြစ်သူTheia တို့ကနေမွေးပါတယ်။ နေမင်းကိုကိုယ်စားပြုတဲ့ နတ်ဘုရား Helios၊ လကိုကိုယ်စားပြုတဲ့ နတ်ဘုရားမ Selene နဲ့ လင်းအရုဏ်ကိုကိုယ်စားပြုတဲ့နတ်ဘုရားမ Eos ဆိုတဲ့မောင်နှမသုံးယောက်ပါ။
Helios က ကောင်းကင်ပေါ်မှာ နေမင်းကြီးကို မြင်းတွေကတဲ့စစ်လှည်းနဲ့ဆွဲပြီး အရှေ့အရပ်ကနေ အနောက်အရပ်ကိုနေ့စဥ်သွားလာလေ့ရှိတယ်လို့ ရေးကြပါတယ်။ ဒါကြောင့်လဲ ကမ္ဘာလောကပေါ်မှာဖြစ်ပျက်နေသမျှကို အကုန်သိမြင်နေလေ့ရှိပြီး ကောက်ပဲသီးနှံနတ်ဘုရားမ Demeter ရဲ့သမီးဖြစ်တဲ့ Persephone ကို မြေအောက်ကမ္ဘာရဲ့နတ်ဘုရားဖြစ်တဲ့ Hades ကခိုးယူသွားခဲ့တုန်းကလဲ သူကပဲ Demeter ကိုသတင်းပေးခဲ့တာလို့ဆိုတယ်။
Apollo ကတော့ Cronus ကိုပုန်ကန်တော်လှန်ပြီးနတ်ဘုရားဖြစ်လာတဲ့ အိုလံပစ်တောင်ကနတ်ဘုရင် Zeus ရဲ့သားပါ။
Zeus နဲ့ တိုက်တန်မျိုးဆက်နတ်ဘုရားမတစ်ပါးဖြစ်တဲ့ Leto တို့ကနေ Apollo နဲ့ အမွှာအစ်မဖြစ်သူ Artemis ကိုမွေးခဲ့ပါတယ်။
မူရင်းအားဖြင့် Apollo ကဂီတနဲ့ လေးမြားအတတ်တို့ရဲ့နတ်ဘုရားဖြစ်ပြီး ဆေးပညာ၊ ကဗျာ၊ အနုပညာ၊ ကခုန်မှုနဲ့ ရှေ့ဖြစ်ဟောကိန်း တို့ကိုလဲစိုးမိုးပါတယ်။ ဒါကြောင့်လဲ Apollo ကိုသရုပ်ဖော်တဲ့အခါမှာ စောင်းကိုကိုင်ထားတာ ဒါမှမဟုတ် လေးနဲ့မြားကို ကိုင်ထားတာ တစ်ခုခုနဲ့ပုံဖော်လေ့ရှိပါတယ်။
နောက်ပိုင်းမှာ Apollo ကို နေအလင်းရောင်ရဲ့နတ်ဘုရားအဖြစ်လဲ လူတွေကကိုးကွယ်လာကြပြီး ဘီစီ ၅၀၀ လောက်ရောက်တော့ လင်္ကာဆရာတွေနဲ့ ဘာသာရေးဆရာတွေက Apollo ကိုနေနတ်ဘုရားအဖြစ် Helios ရဲ့နေရာမှာ လုံးလုံးလျားလျားအစားထိုးလိုက်ကြတယ်လို့ဆိုတယ်။
တစ်ချို့ကလဲ Helios ကနေမင်းကြီးကိုယ်တိုင်ဖြစ်ပြီး၊ Apollo ကနေနတ်ဘုရားအဖြစ်ယူဆလိုက်ကြတယ်လို့ ယုံကြည်ကြပြန်တယ်။
ဒီတော့ တွေ့ရသလောက်၊ နားလည်သလောက် အချက်အလက်တွေကို စုပြီးကောက်ချက်ဆွဲရရင် Helios ကနေနတ်ဘုရားဟောင်းဖြစ်ပြီး၊ Apollo ကတော့ တစ်ချိန်မှာ Helios နေရာကိုအစားထိုးဝင်ယူပြီး နေနတ်ဘုရားဖြစ်လာတဲ့သူ လို့ယူဆရမှာပဲ။ ဒါကြောင့်လဲ တစ်ချို့ဒဏ္ဍာရီတွေမှာ နေနတ်ဘုရားက Helios ဖြစ်နေပြီး တစ်ချို့မှာတော့ နေနတ်ဘုရားက Apollo ဖြစ်နေပါလိမ့်မယ်။ ဒီအတွက်ငြင်းခုန်နေကြရတယ်လို့ မောင်ဇိကိုပြောတဲ့သူတွေရှိလို့ မောင်ဇိဖတ်ဖူးသမျှတွေနဲ့ အချက်အလက်အတွက် ထပ်ရှာဖတ်ထားတာလေးတွေပေါင်းပြီး မောင်ဇိသဘောကျတဲ့အယူအဆကို ရေးလိုက်ပါတယ်။ သဘောထားကွဲလွဲချင်လဲကွဲလွဲနိုင်ပါတယ်။
" Helios ကပထမနေနတ်ဘုရား (နေနတ်ဘုရားဟောင်း) ဖြစ်ပြီး၊ Apollo ကတော့ တစ်ချိန်မှာ Helios နေရာကိုအစားထိုးဝင်ယူခဲ့တဲ့ ဒုတိယနေနတ်ဘုရား (နေနတ်ဘုရားသစ်) ဆိုတဲ့အယူအဆကို သဘောကျပါတယ်"
အချက်အလက်အများစုကတော့ အင်တာနက်ပေါ်ကနေပဲ ဝီကီပီးဒီးယား၊ နတ်ဘုရားတွေအကြောင်းရေးထားတဲ့ ဝဘ်ဆိုက်တွေ၊ အမေးအဖြေ ဝဘ်ဆိုက်တွေ၊ ရှေးခေတ်ဂရိစာဆိုတွေအကြောင်းရေးထားတဲ့ ပေ့ချ်တွေ စသည်ကနေ ရှာဖွေ၊ဖတ်ကြည့်ထားတာဖြစ်လို့ အကိုးအကားကတော့ အင်တာနက်လို့ပဲ ပြောရမှာပါပဲ။
ဒီလောက်ဆို Helios နဲ့ Apollo တို့နဲ့ပက်သက်ပြီး ဘဝင်ကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မောင်ဇိ
#MaungZi #GreekMyth #Mythology #HeliosAndApollo #မောင်ဇိ #ဂရိဒဏ္ဍာရီ #မောင်ဇိ၏ပုံပြင်များ
============================================================
ေနနတ္ဘုရားHelios နဲ႔ ေနနတ္ဘုရားApollo
*******************************
ဂရိဒ႑ာရီထဲမွာ ေနနတ္ဘုရား ဟီးလိ႐ို႕စ္ (Helios)၊ ေနနတ္ဘုရား အပိုလို (Apollo) တို႔ နဲ႔ပက္သက္ၿပီး ဘယ္သူကဘာလဲဆိုၿပီး ရႈပ္ေနတာတစ္ခုရွိတယ္။
အမွန္ကေတာ့ ဂရိဒ႑ာရီထဲမွာ အဲလိုရႈပ္ေနတာနဲ႔ ေရွ႕ေနာက္မညီတာေတြနဲ႔က တစ္ခုမကရွိပါတယ္။ ဂရိဒ႑ာရီနဲ႔ပက္သက္ရင္ လူသိမ်ားတဲ့ ဘီစီ ၈၀၀နဲ႔ ၇၀၀ၾကားထဲေလာက္မွာေပၚခဲ့တယ္ဆိုတဲ့ Homer ေျပာထားတာ၊ သူနဲ႔မတိမ္းမယိမ္းေပၚခဲ့တယ္ဆိုတဲ့ Hesiod ေျပာထားတာ၊ ေနာက္ထပ္လကၤာဆရာေတြျဖစ္ၾကတဲ့ Euripides ေျပာထားတာ၊ Ovid ေျပာထားတာေတြ ကြဲလြဲတာေရာ၊ တျခားေနာက္လူေတြျဖည့္ထားေတြေရာနဲ႔ဆိုေတာ့ တစ္ခုနဲ႔တစ္ခု မကိုက္တာေလးေတြကေတာ့ အမ်ားႀကီးရွိတာေပါ့။ ၿပီးေတာ့ အဲဒါေတြအားလုံးကလဲ အစကေန အဆုံးထိ စာနဲ႔ေပနဲ႔အခိုင္အမာက်န္ခဲ့တာမွမဟုတ္တာ။ ေတြ႕ရတဲ့အေထာက္အထားေတြ႕ကေန ဆက္စပ္ၿပီးျပန္ပုံေဖာ္ေရးထားၾကရတာကိုး။
ထားပါေတာ့ ေနနတ္ဘုရားအေၾကာင္းပဲ ဆက္ေျပာၾကတာေပါ့။
ေမးခြန္းက ႏွစ္ခုရွိတယ္။
ေနနတ္ဘုရား ဟီးလိ႐ို႕စ္ (Helios) နဲ႔ ေနနတ္ဘုရားအပိုလို (Apollo) ကအတူတူလားဆိုတဲ့ေမးခြန္းရယ္၊
မတူခဲ့ရင္ Helios နဲ႔ Apollo ဘယ္သူက ေနနတ္ဘုရားလဲဆိုတဲ့ေမးခြန္းရယ္၊ ႏွစ္ခုေပါ့။
ပထမေမးခြန္းရဲ႕အေျဖကေတာ့ မတူပါဘူး။
Helios ကတိုက္တန္နတ္ဘုရားတစ္ပါးျဖစ္ၿပီး၊ Apollo က တိုက္တန္ေတြဆီကအာဏာလုခဲ့တဲ့ အိုလံပစ္ေတာင္နတ္ဘုရားမ်ိဳးဆက္ကပါ။
မတူရင္ ဘယ္သူကေနနတ္ဘုရားလဲဆိုတဲ့ ဒုတိယေမးခြန္းအတြက္အေျဖကေတာ့ တစ္ေယာက္ခ်င္းစီရဲ႕အေၾကာင္းနဲ႔ရွင္းရမွာပါပဲ။
Helios ကို Cronus ေခါင္းေဆာင္တဲ့ တိုက္တန္နတ္ဘုရားေမာင္ႏွမ ၁၂ ပါးထဲက Hyperion နဲ႔ ညီမျဖစ္သူTheia တို႔ကေနေမြးပါတယ္။ ေနမင္းကိုကိုယ္စားျပဳတဲ့ နတ္ဘုရား Helios၊ လကိုကိုယ္စားျပဳတဲ့ နတ္ဘုရားမ Selene နဲ႔ လင္းအ႐ုဏ္ကိုကိုယ္စားျပဳတဲ့နတ္ဘုရားမ Eos ဆိုတဲ့ေမာင္ႏွမသုံးေယာက္ပါ။
Helios က ေကာင္းကင္ေပၚမွာ ေနမင္းႀကီးကို ျမင္းေတြကတဲ့စစ္လွည္းနဲ႔ဆြဲၿပီး အေရွ႕အရပ္ကေန အေနာက္အရပ္ကိုေန႔စဥ္သြားလာေလ့ရွိတယ္လို႔ ေရးၾကပါတယ္။ ဒါေၾကာင့္လဲ ကမာၻေလာကေပၚမွာျဖစ္ပ်က္ေနသမွ်ကို အကုန္သိျမင္ေနေလ့ရွိၿပီး ေကာက္ပဲသီးႏွံနတ္ဘုရားမ Demeter ရဲ႕သမီးျဖစ္တဲ့ Persephone ကို ေျမေအာက္ကမာၻရဲ႕နတ္ဘုရားျဖစ္တဲ့ Hades ကခိုးယူသြားခဲ့တုန္းကလဲ သူကပဲ Demeter ကိုသတင္းေပးခဲ့တာလို႔ဆိုတယ္။
Apollo ကေတာ့ Cronus ကိုပုန္ကန္ေတာ္လွန္ၿပီးနတ္ဘုရားျဖစ္လာတဲ့ အိုလံပစ္ေတာင္ကနတ္ဘုရင္ Zeus ရဲ႕သားပါ။
Zeus နဲ႔ တိုက္တန္မ်ိဳးဆက္နတ္ဘုရားမတစ္ပါးျဖစ္တဲ့ Leto တို႔ကေန Apollo နဲ႔ အမႊာအစ္မျဖစ္သူ Artemis ကိုေမြးခဲ့ပါတယ္။
မူရင္းအားျဖင့္ Apollo ကဂီတနဲ႔ ေလးျမားအတတ္တို႔ရဲ႕နတ္ဘုရားျဖစ္ၿပီး ေဆးပညာ၊ ကဗ်ာ၊ အႏုပညာ၊ ကခုန္မႈနဲ႔ ေရွ႕ျဖစ္ေဟာကိန္း တို႔ကိုလဲစိုးမိုးပါတယ္။ ဒါေၾကာင့္လဲ Apollo ကိုသ႐ုပ္ေဖာ္တဲ့အခါမွာ ေစာင္းကိုကိုင္ထားတာ ဒါမွမဟုတ္ ေလးနဲ႔ျမားကို ကိုင္ထားတာ တစ္ခုခုနဲ႔ပုံေဖာ္ေလ့ရွိပါတယ္။
ေနာက္ပိုင္းမွာ Apollo ကို ေနအလင္းေရာင္ရဲ႕နတ္ဘုရားအျဖစ္လဲ လူေတြကကိုးကြယ္လာၾကၿပီး ဘီစီ ၅၀၀ ေလာက္ေရာက္ေတာ့ လကၤာဆရာေတြနဲ႔ ဘာသာေရးဆရာေတြက Apollo ကိုေနနတ္ဘုရားအျဖစ္ Helios ရဲ႕ေနရာမွာ လုံးလုံးလ်ားလ်ားအစားထိုးလိုက္ၾကတယ္လို႔ဆိုတယ္။
တစ္ခ်ိဳ႕ကလဲ Helios ကေနမင္းႀကီးကိုယ္တိုင္ျဖစ္ၿပီး၊ Apollo ကေနနတ္ဘုရားအျဖစ္ယူဆလိုက္ၾကတယ္လို႔ ယုံၾကည္ၾကျပန္တယ္။
ဒီေတာ့ ေတြ႕ရသေလာက္၊ နားလည္သေလာက္ အခ်က္အလက္ေတြကို စုၿပီးေကာက္ခ်က္ဆြဲရရင္ Helios ကေနနတ္ဘုရားေဟာင္းျဖစ္ၿပီး၊ Apollo ကေတာ့ တစ္ခ်ိန္မွာ Helios ေနရာကိုအစားထိုးဝင္ယူၿပီး ေနနတ္ဘုရားျဖစ္လာတဲ့သူ လို႔ယူဆရမွာပဲ။ ဒါေၾကာင့္လဲ တစ္ခ်ိဳ႕ဒ႑ာရီေတြမွာ ေနနတ္ဘုရားက Helios ျဖစ္ေနၿပီး တစ္ခ်ိဳ႕မွာေတာ့ ေနနတ္ဘုရားက Apollo ျဖစ္ေနပါလိမ့္မယ္။ ဒီအတြက္ျငင္းခုန္ေနၾကရတယ္လို႔ ေမာင္ဇိကိုေျပာတဲ့သူေတြရွိလို႔ ေမာင္ဇိဖတ္ဖူးသမွ်ေတြနဲ႔ အခ်က္အလက္အတြက္ ထပ္ရွာဖတ္ထားတာေလးေတြေပါင္းၿပီး ေမာင္ဇိသေဘာက်တဲ့အယူအဆကို ေရးလိုက္ပါတယ္။ သေဘာထားကြဲလြဲခ်င္လဲကြဲလြဲႏိုင္ပါတယ္။
" Helios ကပထမေနနတ္ဘုရား (ေနနတ္ဘုရားေဟာင္း) ျဖစ္ၿပီး၊ Apollo ကေတာ့ တစ္ခ်ိန္မွာ Helios ေနရာကိုအစားထိုးဝင္ယူခဲ့တဲ့ ဒုတိယေနနတ္ဘုရား (ေနနတ္ဘုရားသစ္) ဆိုတဲ့အယူအဆကို သေဘာက်ပါတယ္"
အခ်က္အလက္အမ်ားစုကေတာ့ အင္တာနက္ေပၚကေနပဲ ဝီကီပီးဒီးယား၊ နတ္ဘုရားေတြအေၾကာင္းေရးထားတဲ့ ဝဘ္ဆိုက္ေတြ၊ အေမးအေျဖ ဝဘ္ဆိုက္ေတြ၊ ေရွးေခတ္ဂရိစာဆိုေတြအေၾကာင္းေရးထားတဲ့ ေပ့ခ်္ေတြ စသည္ကေန ရွာေဖြ၊ဖတ္ၾကည့္ထားတာျဖစ္လို႔ အကိုးအကားကေတာ့ အင္တာနက္လို႔ပဲ ေျပာရမွာပါပဲ။
ဒီေလာက္ဆို Helios နဲ႔ Apollo တို႔နဲ႔ပက္သက္ၿပီး ဘဝင္က်ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။
ေမာင္ဇိ
#MaungZi #GreekMyth #Mythology #HeliosAndApollo #ေမာင္ဇိ #ဂရိဒ႑ာရီ #ေမာင္ဇိ၏ပုံျပင္မ်ား
No comments:
Post a Comment