ဓနုရာသီခွင်(Sagittarius) သင်္ကေတ မြင်းတစ်ပိုင်းလူတစ်ပိုင်း၏ ဇာစ်မြစ်
******************************************
ဓနုရာသီခွင်ကြယ်စု (Sagittarius Constellation)ကို လေးနဲ့မြားကိုင်ထားတဲ့ လူတစ်ပိုင်းမြင်းတစ်ပိုင်း သတ္တဝါ Centaur တစ်ကောင်ရဲ့ပုံနဲ့ ပုံဖော်လေ့ရှိတယ်။
အနီးအနားမှာရှိတဲ့ ဗြိစ္ဆာရာသီခွင်ရဲ့ ကင်းမြီးကောက်သဏ္ဌာန်နက္ခတ်ကိုမြားနဲ့ချိန်ထားဟန် ဓနုနက္ခတ်ဖြစ်တယ်။
ခါးအထက်ပိုင်းမှာလူကိုယ်ခန္ဓာ၊ ခါးအောက်ပိုင်းက မြင်းခန္ဓာကိုယ်ရှိတဲ့ Centaur အမျိုးအစားသတ္တဝါက ဓနုရာသီရဲ့ သင်္ကေတအစစ်မဟုတ်ပဲ၊ ခါးအထက်ပိုင်းကလူကိုယ်ခန္ဓာ၊ ခါးအောက်ပိုင်းက ဆိတ်ရဲ့ခြေနှစ်ချောင်းနဲ့ ခေါင်းမှာဆိတ်ချိုပါတဲ့ Satyr သတ္တဝါအမျိုးအစားကသာ ဓနုရာသီရဲ့သင်္ကေတကိုကိုယ်စားပြုတယ်လို့ ဘီစီ၂၀၀ ဝန်းကျင်လောက်မှာပေါ်ပေါက်ခဲ့တဲ့ ဂရိလူမျိုးနက္ခတ်ဗေဒ၊သင်္ချာ နဲ့ကဗျာပညာရှင် Eratosthenes ကပြောခဲ့တယ်။ အီဂျစ်ပြည်၊ အလက်ဇန္ဒရီးယ မြို့မှာစာကြည့်တိုက်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ရင်း အဆက်မပြတ်သင်ယူလေ့လာနေခဲ့တဲ့သူတစ်ယောက်လဲဖြစ်တယ်။ သူ့အဆိုအရတော့ လူတွေက ဆိတ်ခြေထောက်နဲ့ Satyr ကိုပုံစံချင်းဆင်တဲ့ မြင်းကိုယ်ရှိတဲ့Centaur နဲ့မှားကြတာဖြစ်တယ်တဲ့။ Centaur တွေအတွက်က Centaurus နက္ခတ်က သတ်သတ်ရှိပြီးသားဖြစ်လို့ ဓနုရာသီခွင်ရဲ့ Sagittarius နက္ခတ်ဟာ Satyr တစ်ယောက်ဖြစ်တဲ့ Crotus ကိုသာကိုယ်စားပြုတယ်လို့ဆိုတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Satyr နဲ့ပက်သက်တဲ့ဇာတ်လမ်းရော၊ Centaur နဲ့ပက်သက်တဲ့ဇာတ်လမ်းရောကိုရေးသွားပါမယ်။ အဲဒီနှစ်ခုအပြင် ဘေဘီလုံခေတ်ကလူတွေယုံကြည်ကြတဲ့ ဓနုနက္ခတ်ရဲ့ကိုယ်စားပြုနတ်ဘုရားအကြောင်းကိုလဲ မိတ်ဆက်ပေးပါ့မယ်။
ဘေဘီလုံဒဏ္ဍာရီလာ ဓနုသင်္ကေတ
***************************
ဘေဘီလုံခေတ်ကလူတွေက ဓနုသင်္ကေတဟာ မြေအောက်ကမ္ဘာကိုစောင့်ကြပ်တဲ့နတ်ဘုရား Nergal ရဲ့ပုံဖြစ်တယ်လို့ ယူဆကြတယ်။
လူခေါင်းနဲ့ခါး၊ မြင်းနဲ့တူတဲ့ကိုယ် (ခြင်္သေ့လို့လဲတစ်ချို့ကရေး)၊ ကျောပေါ်မှာ တောင်ပံနှစ်ဖက်နဲ့ မြင်းမြီးနေရာမှာ မြွေဆိုးတစ်ကောင်ရှိနေတဲ့ ဆူမီးရီးရန်းနတ်ဘုရား Nergal က Centaur နဲ့ပုံစံချင်းဆင်တယ်လို့ဆိုတယ်။ Nergal ရဲ့ ခေါင်းကလဲလူခေါင်းအပြင် ကျားသစ်တစ်ကောင်ရဲ့ခေါင်းပါ ပါသေးတယ်လို့လဲဖော်ပြကြတယ်။
ဒါကတော့ ရှေးဟောင်းဘေဘီလုံလူမျိုးတွေရဲ့ ဓနုနက္ခတ်ပုံနဲ့ပက်သက်တဲ့ ဒဏ္ဍာရီပေါ့။
ဂရိဒဏ္ဍာရီလာ ဓနုနက္ခတ်သင်္ကေတ (၁)
*****************************
ဒါကတော့ Satyr တွေနဲ့ပက်သက်တဲ့ ဒဏ္ဍာရီ။
ဆိတ်ခြေထောက်နတ် Pan ရဲ့သားတစ်ယောက်ဖြစ်တဲ့ Crotus က ကဗျာ၊ ဂီတ၊ အနုပညာနဲ့ စိတ်ကူးဉာဏ်ကွန့်မြူးဖန်တီးမှုတို့ကိုစောင့်ရှောက်တဲ့ နတ်သမီးလေးတွေဖြစ်တဲ့ The Muses ရဲ့အဖော်အလှော်ဖြစ်တယ်။ စုစုပေါင်း ကိုးပါးရှိတဲ့ The Muses နတ်သမီးလေးတွေဟာ ဂီတနတ်ဘုရားတစ်ပါးဖြစ်တဲ့ Apollo ရဲ့သင်ကြားမှုကိုလက်ခံရရှိပြီး အနုပညာရပ်တွေအမျိုးမျိုးကို ကိုယ်စားပြုကြတယ်တဲ့။ Homer အပါအဝင်ရှေးခေတ်ဂရိစာဆိုတွေဟာလဲ စာ၊လင်္ကာတစ်ခုခုမရေးခင်၊ ရှေ့ဆုံးမှာ The Muses နတ်သမီးတွေကိုတိုင်တည်ပြီးမှ ပြောဆိုရေးသားလေ့ရှိကြတယ်လို့လဲ အထောက်အထားတစ်ချို့အရသိရတယ်။
ဇာတ်လမ်းကိုပြန်ဆက်ရရင်တော့ The Muses နတ်သမီးလေးတွေက သာယာလှပတဲ့ တေးသီချင်းလေးတွေ သီကုံးပြီး ဆိတ်ခြေထောက်တွေနဲ့ လူကိုယ်ရှိတဲ့ Satyr သတ္တဝါ Crotus ကို ဖျော်ဖြေပြကြလေ့ရှိတယ်။ အဲဒီအခါမျိုးမှာ Crotus ကကျယ်လောင်စွာလက်ခုပ်တီးပြီး ရွှင်မြူးစွာသြဘာပေးလေ့ရှိသတဲ့။
မြင်းစီးကျွမ်းကျင်ရုံသာမက အမဲလိုက်လေးနဲ့မြားကို စတင်တီထွင်ခဲ့သူအဖြစ်လဲ ယူဆခြင်းခံရတဲ့ Crotus နဲ့ The Muses တို့ဟာ Helicon တောင်မှာ တစ်ဦးကိုတစ်ဦးစောင့်ရှောက်ရင်းပျော်ရွှင်စွာအတူနေထိုင်ခဲ့ကြတယ်တဲ့။
Satyr သတ္တဝါတွေဟာပုံမှန်အားဖြင့် ကြမ်းတမ်းပြီး မိန်းမလိုက်စားမှုမှာနာမည်ကြီးကြပေမယ့် Crotus ကတော့ချွင်းချက်အနေနဲ့ ကြင်နာသနားတတ်ပြီး The Muses တွေအတွက် အားကိုးချစ်ခင်ရတဲ့ အဖော်သဟဲဖြစ်ခဲ့တယ်။ ဒါကြောင့်လဲ သူကွယ်လွန်ပြီးတဲ့နောက်မှာ သူ့အတွက်ကြယ်တာရာစုတစ်ခုကိုဖန်ဆင်းပေးဖို့ The Muses နတ်သမီးလေးတွေက သူတို့အဖေဖြစ်တဲ့ နတ်ဘုရင် Zeus ကိုတောင်းဆိုခဲ့ကြတယ်တဲ့။
လေးနဲ့မြားကိုကိုင်ထားတဲ့ Crotus ရဲ့ပုံနက္ခတ်ကိုဖန်တီးရာမှာ မြင်းစီးရတာကိုနှစ်သက်သူဖြစ်တဲ့အတွက် မြင်းတစ်ကောင်ရဲ့နောက်ခြေထောက်တွေပါထည့်ပေးလိုက်လို့ ခြေလေးချောင်းနဲ့ လေးမြားကိုင်ထားတဲ့လူပုံသဏ္ဍာန် ဓနုနက္ခတ် (Sagittarius) ဖြစ်လာတယ်လို့ ဒီဒဏ္ဍာရီလေးက ဖော်ပြတယ်။
ဂရိဒဏ္ဍာရီလာ ဓနုနက္ခတ်သင်္ကေတ (၂)
*****************************
ဒီဇာတ်လမ်းကတော့ Centaur တစ်ယောက်ဖြစ်တဲ့ Chiron၊ နာမည်ကျော်လူသန်ကြီး Heracles ( ရောမအခေါ် Hercules၊ မြန်မာအခေါ် ဟာကြူလီ) တို့နဲ့ပက်သက်နေတယ်။
ခါးအထက်မှာလူကိုယ်၊ ခါးအောက်ပိုင်းမှာမြင်းခန္ဓာရှိတဲ့ Centaur အမျိုးအစားသတ္တဝါတွေဟာ ရန်လိုသူတွေဖြစ်ကြပြီး ရိုင်းစိုင်းကြတယ်။ အထိမ်းအကွပ်မဲ့ကြတယ်။ ဝိုင်တစ်ခွက်လောက်သောက်ပြီးရင် ရန်ဖြစ်ကြ၊သောင်းကျန်းကြသူတွေဖြစ်တယ်။
သူတို့တွေနဲ့ မတူပဲ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သူကတော့ Centaur တစ်ယောက်ဖြစ်တဲ့Chiron ။ တိုက်တန်နတ်ဘုရင်ဖြစ်တဲ့ Cronus ကနေတိုက်ရိုက်ဆင်းသက်လာသူဖြစ်တဲ့ Chiron က မြင်းရိုင်းသဘာဝနဲ့လူသဘာဝရောယှက်နေတဲ့ သာမန် Centaur တွေလိုမဟုတ်ပဲ ဉာဏ်ပညာကြီးမြင့်သူ၊ တွေးခေါ်ချင့်ချိန်မှုအားကောင်းသူ၊ ကြင်နာသနားတတ်သူ၊ လေးမြားအတတ်၊ ဆေးပညာကစလို့ အတတ်မျိုးစုံကျွမ်းကျင်သူ ဒိဿပါမောက္ခဆရာကြီးတစ်ယောက်ဖြစ်တယ်။
သူ့တပည့်တွေထဲမှာ Jason, Heracles နဲ့ Achilles တို့လိုနာမည်ကြီးသူရဲကောင်းတွေပါတယ်။
လူသန်ကြီး Heracles ရဲ့ ထင်ရှားတဲ့အလုပ်ကြီး ၁၂ ခုမှာ လေးခုမြောက်ဖြစ်တဲ့ Erymanthian Boar ခေါ် Erymanthia ဒေသက တောဝက်ရိုင်းကြီးကို သတ်ဖြတ်ရတဲ့ အလုပ်တစ်ခုမှာ သူ့ဆရာဖြစ်တဲ့ Chiron ကမြားတံတွေထောက်ပံ့ပေးပြီးကူညီခဲ့တယ်လို့ဆိုတယ်။ အဲဒီတောဝက်ကိုသတ်ပြီးအပြန် မိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာဝိုင်သောက်ဖို့ဖိတ်ခေါ်ခံရလို့ ဝိုင်စည်တွေကိုဖွင့်နေတုန်းမှာပဲ ဝိုင်နံ့ရတဲ့ အရိုင်းစိတ်နဲ့Centaur တွေရောက်လာပြီး Heracles ကိုတိုက်ခိုက်ကြသတဲ့။ အဆိပ်လူးမြားတွေတစ်ချောင်းပြီးတစ်ချောင်းပစ်ပြီး Centaur တွေကိုရှင်းလင်းရာမှာ သူ့ဆရာဖြစ်တဲ့ Chiron ကိုပါမှားပစ်မိပြီး Chiron ရဲ့ပေါင်မှာမြားဒဏ်ရာရသွားတယ်။ ကိုယ်တိုင်ဆေးဆရာတစ်ယောက်ဖြစ်ပေမယ့် Lernaean ရေကန်ကခေါင်းကိုးလုံးမြွေနဂါး Hydra ရဲ့သွေးနဲ့စိမ်ထားတဲ့အဆိပ်မြားရဲ့ဒဏ်ကိုတော့ ပြေအောင်မကုနိုင်ရှာဘူး။ Chiron ဟာမသေမျိုး immortal တစ်ယောက်လဲဖြစ်လို့ မသေနိုင်ပဲပြင်းထန်တဲ့ ပူလောင်နာကျင်မှုကိုခံစားနေရတော့တာပေါ့။
မတော်တဆမှုကြောင့် နောင်တကြီးစွာရနေတဲ့ တပည့်ဖြစ်သူ လူသန်ကြီးHeracles မှာကလဲနောက်ထပ်ဆက်လုပ်ရမယ့်အလုပ်ကြီးပေါင်း ၈ ခုကျန်သေးတယ်။ Chiron အနေနဲ့ကလဲ တပည့်ဖြစ်သူကို အကူအညီမပေးနိုင်တော့ဘူး။
ဒီတော့ ဒုက္ခခံစားနေရမယ့်အတူတူ လူသားတွေအတွက် မီးကိုခိုးယူပေးမှုနဲ့ ကော်ကေးဆပ်တောင်တန်းမှာ သံကြိုးနဲ့ချည်နှောင်ပြီးပြစ်ဒဏ်ခတ်ခြင်းခံနေရတဲ့ တိုက်တန် Prometheus နဲ့နေရာချင်းလဲပေးဖို့ နတ်ဘုရင် Zeus ကိုတောင်းဆိုလိုက်သတဲ့။ Prometheus ရဲ့ပြစ်ဒဏ်က တောင်တန်းပေါ်မှာ သံကြိုးတွေနဲ့ချည်နှောင်ခံထားရပြီး နေ့စဥ်နေ့တိုင်း သိမ်းစွန်တစ်ကောင်ရဲ့ အသည်းဖောက်စားတာကို ခံရတာပါ။ တစ်နေ့ကုန်လို့ နောက်တစ်နေ့ရောက်ရင် Prometheus ရဲ့အသည်းကပြန်ပြည့်သွားပြီး နောက်တစ်ကြိမ် သိမ်းစွန်ရဲ့ဖောက်စားခြင်းကိုခံရပြန်လို့ အဆုံးမရှိတဲ့ဒုက္ခကိုနေ့စဥ်ခံစားနေရပါသတဲ့။
ကြင်နာသနားတတ်ပြီး ကိုယ်ချင်းစာတရားကြီးမားတဲ့ Chiron က လူစားလဲပေးမှ Prometheus လွတ်မြောက်မှာသိလို့ သူ့ကိုယ်သူအနစ်နာခံပြီး Prometheus ကိုလွတ်မြောက်စေအောင်ကြံဆောင်တာပေါ့။
စိတ်သဘောထားကြီးမြင့်တဲ့ Chiron ရဲ့လုပ်ရပ်ကို သဘောကျလေးစားတဲ့ နတ်ဘုရင် Zeus က ပညာရှိChironကို ကောင်းကင်ပေါ်မှာထာဝရတည်ရှိနေနိုင်တဲ့ ဓနုနက္ခတ်အဖြစ် ပြောင်းလဲဖန်ဆင်းပေးလိုက်ခြင်းနဲ့ ဝေဒနာတွေကနေသက်သာလွတ်မြောက်ခွင့်ရစေခဲ့တယ်။
ဒီလိုနဲ့ လေးနဲ့မြားကိုစွဲကိုင်ထားတဲ့ လူတစ်ပိိုင်းမြင်းတစ်ပိုင်းပုံနက္ခတ် ဓနု ခေါ် Sagittarius ကြယ်စုကြီး ပေါ်ပေါက်လာခဲ့ပါသတဲ့။
နောက်ဆက်တွဲအနေနဲ့ ပြောရရင်၊ Prometheus ကိုတော့ Heracles ကသူ့ရဲ့ တစ်ဆယ့်တစ်ခုမြောက်အလုပ်ဖြစ်တဲ့ Hesperides ဥယျာဥ်က ရွှေရောင်ပန်းသီးကိုသွားယူရတဲ့အလုပ်ကို ဆောင်ရွက်တုန်းမှာ အနှောင်အဖွဲ့ကနေလွတ်မြောက်စေခဲ့တယ်။ အသည်းကိုဖောက်စားနေတဲ့ငှက်ဆိုးကြီးကို လေးနဲ့ခွင်းပြီး သုတ်သင်လိုက်ခြင်းအားဖြင့်ပေါ့။
အပေါ်မှာရေးခဲ့တဲ့ ဒဏ္ဍာရီလေးတွေကတော့ အမျိုးမျိုးရေးကြတဲ့ ဓနုရာသီခွင်ရဲ့နက္ခတ်သင်္ကေတပုံဖြစ်ပေါ်လာပုံ ဇာတ်လမ်းလေးတွေကို စုစည်းပြီး လိုအပ်သလောက်ပြန်ထုတ်နုတ်ရေးထားတာပါ။ အမှားအယွင်းတွေ၊ လိုအပ်တာတွေရှိခဲ့ရင်လဲ မောင်ဇိကို သည်းခံကြပါလို့။
မောင်ဇိ
#MaungZi #Zodiac #Sagittarius #myth #mythology #မောင်ဇိ #ဓနု #ဒဏ္ဍာရီ #ရာသီခွင်
======================================================
ဓႏုရာသီခြင္(Sagittarius) သေကၤတ ျမင္းတစ္ပိုင္းလူတစ္ပိုင္း၏ ဇာစ္ျမစ္
******************************************
ဓႏုရာသီခြင္ၾကယ္စု (Sagittarius Constellation)ကို ေလးနဲ႔ျမားကိုင္ထားတဲ့ လူတစ္ပိုင္းျမင္းတစ္ပိုင္း သတၱဝါ Centaur တစ္ေကာင္ရဲ႕ပုံနဲ႔ ပုံေဖာ္ေလ့ရွိတယ္။
အနီးအနားမွာရွိတဲ့ ၿဗိစာၦရာသီခြင္ရဲ႕ ကင္းၿမီးေကာက္သဏၭာန္နကၡတ္ကိုျမားနဲ႔ခ်ိန္ထားဟန္ ဓႏုနကၡတ္ျဖစ္တယ္။
ခါးအထက္ပိုင္းမွာလူကိုယ္ခႏၶာ၊ ခါးေအာက္ပိုင္းက ျမင္းခႏၶာကိုယ္ရွိတဲ့ Centaur အမ်ိဳးအစားသတၱဝါက ဓႏုရာသီရဲ႕ သေကၤတအစစ္မဟုတ္ပဲ၊ ခါးအထက္ပိုင္းကလူကိုယ္ခႏၶာ၊ ခါးေအာက္ပိုင္းက ဆိတ္ရဲ႕ေျခႏွစ္ေခ်ာင္းနဲ႔ ေခါင္းမွာဆိတ္ခ်ိဳပါတဲ့ Satyr သတၱဝါအမ်ိဳးအစားကသာ ဓႏုရာသီရဲ႕သေကၤတကိုကိုယ္စားျပဳတယ္လို႔ ဘီစီ၂၀၀ ဝန္းက်င္ေလာက္မွာေပၚေပါက္ခဲ့တဲ့ ဂရိလူမ်ိဳးနကၡတ္ေဗဒ၊သခ်ၤာ နဲ႔ကဗ်ာပညာရွင္ Eratosthenes ကေျပာခဲ့တယ္။ အီဂ်စ္ျပည္၊ အလက္ဇႏၵရီးယ ၿမိဳ႕မွာစာၾကည့္တိုက္မႉးႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ရင္း အဆက္မျပတ္သင္ယူေလ့လာေနခဲ့တဲ့သူတစ္ေယာက္လဲျဖစ္တယ္။ သူ႔အဆိုအရေတာ့ လူေတြက ဆိတ္ေျခေထာက္နဲ႔ Satyr ကိုပုံစံခ်င္းဆင္တဲ့ ျမင္းကိုယ္ရွိတဲ့Centaur နဲ႔မွားၾကတာျဖစ္တယ္တဲ့။ Centaur ေတြအတြက္က Centaurus နကၡတ္က သတ္သတ္ရွိၿပီးသားျဖစ္လို႔ ဓႏုရာသီခြင္ရဲ႕ Sagittarius နကၡတ္ဟာ Satyr တစ္ေယာက္ျဖစ္တဲ့ Crotus ကိုသာကိုယ္စားျပဳတယ္လို႔ဆိုတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ Satyr နဲ႔ပက္သက္တဲ့ဇာတ္လမ္းေရာ၊ Centaur နဲ႔ပက္သက္တဲ့ဇာတ္လမ္းေရာကိုေရးသြားပါမယ္။ အဲဒီႏွစ္ခုအျပင္ ေဘဘီလုံေခတ္ကလူေတြယုံၾကည္ၾကတဲ့ ဓႏုနကၡတ္ရဲ႕ကိုယ္စားျပဳနတ္ဘုရားအေၾကာင္းကိုလဲ မိတ္ဆက္ေပးပါ့မယ္။
ေဘဘီလုံဒ႑ာရီလာ ဓႏုသေကၤတ
***************************
ေဘဘီလုံေခတ္ကလူေတြက ဓႏုသေကၤတဟာ ေျမေအာက္ကမာၻကိုေစာင့္ၾကပ္တဲ့နတ္ဘုရား Nergal ရဲ႕ပုံျဖစ္တယ္လို႔ ယူဆၾကတယ္။
လူေခါင္းနဲ႔ခါး၊ ျမင္းနဲ႔တူတဲ့ကိုယ္ (ျခေသၤ့လို႔လဲတစ္ခ်ိဳ႕ကေရး)၊ ေက်ာေပၚမွာ ေတာင္ပံႏွစ္ဖက္နဲ႔ ျမင္းၿမီးေနရာမွာ ေႁမြဆိုးတစ္ေကာင္ရွိေနတဲ့ ဆူမီးရီးရန္းနတ္ဘုရား Nergal က Centaur နဲ႔ပုံစံခ်င္းဆင္တယ္လို႔ဆိုတယ္။ Nergal ရဲ႕ ေခါင္းကလဲလူေခါင္းအျပင္ က်ားသစ္တစ္ေကာင္ရဲ႕ေခါင္းပါ ပါေသးတယ္လို႔လဲေဖာ္ျပၾကတယ္။
ဒါကေတာ့ ေရွးေဟာင္းေဘဘီလုံလူမ်ိဳးေတြရဲ႕ ဓႏုနကၡတ္ပုံနဲ႔ပက္သက္တဲ့ ဒ႑ာရီေပါ့။
ဂရိဒ႑ာရီလာ ဓႏုနကၡတ္သေကၤတ (၁)
*****************************
ဒါကေတာ့ Satyr ေတြနဲ႔ပက္သက္တဲ့ ဒ႑ာရီ။
ဆိတ္ေျခေထာက္နတ္ Pan ရဲ႕သားတစ္ေယာက္ျဖစ္တဲ့ Crotus က ကဗ်ာ၊ ဂီတ၊ အႏုပညာနဲ႔ စိတ္ကူးဉာဏ္ကြန႔္ျမဴးဖန္တီးမႈတို႔ကိုေစာင့္ေရွာက္တဲ့ နတ္သမီးေလးေတြျဖစ္တဲ့ The Muses ရဲ႕အေဖာ္အေလွာ္ျဖစ္တယ္။ စုစုေပါင္း ကိုးပါးရွိတဲ့ The Muses နတ္သမီးေလးေတြဟာ ဂီတနတ္ဘုရားတစ္ပါးျဖစ္တဲ့ Apollo ရဲ႕သင္ၾကားမႈကိုလက္ခံရရွိၿပီး အႏုပညာရပ္ေတြအမ်ိဳးမ်ိဳးကို ကိုယ္စားျပဳၾကတယ္တဲ့။ Homer အပါအဝင္ေရွးေခတ္ဂရိစာဆိုေတြဟာလဲ စာ၊လကၤာတစ္ခုခုမေရးခင္၊ ေရွ႕ဆုံးမွာ The Muses နတ္သမီးေတြကိုတိုင္တည္ၿပီးမွ ေျပာဆိုေရးသားေလ့ရွိၾကတယ္လို႔လဲ အေထာက္အထားတစ္ခ်ိဳ႕အရသိရတယ္။
ဇာတ္လမ္းကိုျပန္ဆက္ရရင္ေတာ့ The Muses နတ္သမီးေလးေတြက သာယာလွပတဲ့ ေတးသီခ်င္းေလးေတြ သီကုံးၿပီး ဆိတ္ေျခေထာက္ေတြနဲ႔ လူကိုယ္ရွိတဲ့ Satyr သတၱဝါ Crotus ကို ေဖ်ာ္ေျဖျပၾကေလ့ရွိတယ္။ အဲဒီအခါမ်ိဳးမွာ Crotus ကက်ယ္ေလာင္စြာလက္ခုပ္တီးၿပီး ႐ႊင္ျမဴးစြာၾသဘာေပးေလ့ရွိသတဲ့။
ျမင္းစီးကြၽမ္းက်င္႐ုံသာမက အမဲလိုက္ေလးနဲ႔ျမားကို စတင္တီထြင္ခဲ့သူအျဖစ္လဲ ယူဆျခင္းခံရတဲ့ Crotus နဲ႔ The Muses တို႔ဟာ Helicon ေတာင္မွာ တစ္ဦးကိုတစ္ဦးေစာင့္ေရွာက္ရင္းေပ်ာ္႐ႊင္စြာအတူေနထိုင္ခဲ့ၾကတယ္တဲ့။
Satyr သတၱဝါေတြဟာပုံမွန္အားျဖင့္ ၾကမ္းတမ္းၿပီး မိန္းမလိုက္စားမႈမွာနာမည္ႀကီးၾကေပမယ့္ Crotus ကေတာ့ခြၽင္းခ်က္အေနနဲ႔ ၾကင္နာသနားတတ္ၿပီး The Muses ေတြအတြက္ အားကိုးခ်စ္ခင္ရတဲ့ အေဖာ္သဟဲျဖစ္ခဲ့တယ္။ ဒါေၾကာင့္လဲ သူကြယ္လြန္ၿပီးတဲ့ေနာက္မွာ သူ႔အတြက္ၾကယ္တာရာစုတစ္ခုကိုဖန္ဆင္းေပးဖို႔ The Muses နတ္သမီးေလးေတြက သူတို႔အေဖျဖစ္တဲ့ နတ္ဘုရင္ Zeus ကိုေတာင္းဆိုခဲ့ၾကတယ္တဲ့။
ေလးနဲ႔ျမားကိုကိုင္ထားတဲ့ Crotus ရဲ႕ပုံနကၡတ္ကိုဖန္တီးရာမွာ ျမင္းစီးရတာကိုႏွစ္သက္သူျဖစ္တဲ့အတြက္ ျမင္းတစ္ေကာင္ရဲ႕ေနာက္ေျခေထာက္ေတြပါထည့္ေပးလိုက္လို႔ ေျခေလးေခ်ာင္းနဲ႔ ေလးျမားကိုင္ထားတဲ့လူပုံသ႑ာန္ ဓႏုနကၡတ္ (Sagittarius) ျဖစ္လာတယ္လို႔ ဒီဒ႑ာရီေလးက ေဖာ္ျပတယ္။
ဂရိဒ႑ာရီလာ ဓႏုနကၡတ္သေကၤတ (၂)
*****************************
ဒီဇာတ္လမ္းကေတာ့ Centaur တစ္ေယာက္ျဖစ္တဲ့ Chiron၊ နာမည္ေက်ာ္လူသန္ႀကီး Heracles ( ေရာမအေခၚ Hercules၊ ျမန္မာအေခၚ ဟာၾကဴလီ) တို႔နဲ႔ပက္သက္ေနတယ္။
ခါးအထက္မွာလူကိုယ္၊ ခါးေအာက္ပိုင္းမွာျမင္းခႏၶာရွိတဲ့ Centaur အမ်ိဳးအစားသတၱဝါေတြဟာ ရန္လိုသူေတြျဖစ္ၾကၿပီး ႐ိုင္းစိုင္းၾကတယ္။ အထိမ္းအကြပ္မဲ့ၾကတယ္။ ဝိုင္တစ္ခြက္ေလာက္ေသာက္ၿပီးရင္ ရန္ျဖစ္ၾက၊ေသာင္းက်န္းၾကသူေတြျဖစ္တယ္။
သူတို႔ေတြနဲ႔ မတူပဲ ေျဖာင့္ေျဖာင့္ႀကီးဆန႔္က်င္သူကေတာ့ Centaur တစ္ေယာက္ျဖစ္တဲ့Chiron ။ တိုက္တန္နတ္ဘုရင္ျဖစ္တဲ့ Cronus ကေနတိုက္႐ိုက္ဆင္းသက္လာသူျဖစ္တဲ့ Chiron က ျမင္း႐ိုင္းသဘာဝနဲ႔လူသဘာဝေရာယွက္ေနတဲ့ သာမန္ Centaur ေတြလိုမဟုတ္ပဲ ဉာဏ္ပညာႀကီးျမင့္သူ၊ ေတြးေခၚခ်င့္ခ်ိန္မႈအားေကာင္းသူ၊ ၾကင္နာသနားတတ္သူ၊ ေလးျမားအတတ္၊ ေဆးပညာကစလို႔ အတတ္မ်ိဳးစုံကြၽမ္းက်င္သူ ဒိႆပါေမာကၡဆရာႀကီးတစ္ေယာက္ျဖစ္တယ္။
သူ႔တပည့္ေတြထဲမွာ Jason, Heracles နဲ႔ Achilles တို႔လိုနာမည္ႀကီးသူရဲေကာင္းေတြပါတယ္။
လူသန္ႀကီး Heracles ရဲ႕ ထင္ရွားတဲ့အလုပ္ႀကီး ၁၂ ခုမွာ ေလးခုေျမာက္ျဖစ္တဲ့ Erymanthian Boar ေခၚ Erymanthia ေဒသက ေတာဝက္႐ိုင္းႀကီးကို သတ္ျဖတ္ရတဲ့ အလုပ္တစ္ခုမွာ သူ႔ဆရာျဖစ္တဲ့ Chiron ကျမားတံေတြေထာက္ပံ့ေပးၿပီးကူညီခဲ့တယ္လို႔ဆိုတယ္။ အဲဒီေတာဝက္ကိုသတ္ၿပီးအျပန္ မိတ္ေဆြတစ္ေယာက္ရဲ႕အိမ္မွာဝိုင္ေသာက္ဖို႔ဖိတ္ေခၚခံရလို႔ ဝိုင္စည္ေတြကိုဖြင့္ေနတုန္းမွာပဲ ဝိုင္နံ႔ရတဲ့ အ႐ိုင္းစိတ္နဲ႔Centaur ေတြေရာက္လာၿပီး Heracles ကိုတိုက္ခိုက္ၾကသတဲ့။ အဆိပ္လူးျမားေတြတစ္ေခ်ာင္းၿပီးတစ္ေခ်ာင္းပစ္ၿပီး Centaur ေတြကိုရွင္းလင္းရာမွာ သူ႔ဆရာျဖစ္တဲ့ Chiron ကိုပါမွားပစ္မိၿပီး Chiron ရဲ႕ေပါင္မွာျမားဒဏ္ရာရသြားတယ္။ ကိုယ္တိုင္ေဆးဆရာတစ္ေယာက္ျဖစ္ေပမယ့္ Lernaean ေရကန္ကေခါင္းကိုးလုံးေႁမြနဂါး Hydra ရဲ႕ေသြးနဲ႔စိမ္ထားတဲ့အဆိပ္ျမားရဲ႕ဒဏ္ကိုေတာ့ ေျပေအာင္မကုႏိုင္ရွာဘူး။ Chiron ဟာမေသမ်ိဳး immortal တစ္ေယာက္လဲျဖစ္လို႔ မေသႏိုင္ပဲျပင္းထန္တဲ့ ပူေလာင္နာက်င္မႈကိုခံစားေနရေတာ့တာေပါ့။
မေတာ္တဆမႈေၾကာင့္ ေနာင္တႀကီးစြာရေနတဲ့ တပည့္ျဖစ္သူ လူသန္ႀကီးHeracles မွာကလဲေနာက္ထပ္ဆက္လုပ္ရမယ့္အလုပ္ႀကီးေပါင္း ၈ ခုက်န္ေသးတယ္။ Chiron အေနနဲ႔ကလဲ တပည့္ျဖစ္သူကို အကူအညီမေပးႏိုင္ေတာ့ဘူး။
ဒီေတာ့ ဒုကၡခံစားေနရမယ့္အတူတူ လူသားေတြအတြက္ မီးကိုခိုးယူေပးမႈနဲ႔ ေကာ္ေကးဆပ္ေတာင္တန္းမွာ သံႀကိဳးနဲ႔ခ်ည္ေႏွာင္ၿပီးျပစ္ဒဏ္ခတ္ျခင္းခံေနရတဲ့ တိုက္တန္ Prometheus နဲ႔ေနရာခ်င္းလဲေပးဖို႔ နတ္ဘုရင္ Zeus ကိုေတာင္းဆိုလိုက္သတဲ့။ Prometheus ရဲ႕ျပစ္ဒဏ္က ေတာင္တန္းေပၚမွာ သံႀကိဳးေတြနဲ႔ခ်ည္ေႏွာင္ခံထားရၿပီး ေန႔စဥ္ေန႔တိုင္း သိမ္းစြန္တစ္ေကာင္ရဲ႕ အသည္းေဖာက္စားတာကို ခံရတာပါ။ တစ္ေန႔ကုန္လို႔ ေနာက္တစ္ေန႔ေရာက္ရင္ Prometheus ရဲ႕အသည္းကျပန္ျပည့္သြားၿပီး ေနာက္တစ္ႀကိမ္ သိမ္းစြန္ရဲ႕ေဖာက္စားျခင္းကိုခံရျပန္လို႔ အဆုံးမရွိတဲ့ဒုကၡကိုေန႔စဥ္ခံစားေနရပါသတဲ့။
ၾကင္နာသနားတတ္ၿပီး ကိုယ္ခ်င္းစာတရားႀကီးမားတဲ့ Chiron က လူစားလဲေပးမွ Prometheus လြတ္ေျမာက္မွာသိလို႔ သူ႔ကိုယ္သူအနစ္နာခံၿပီး Prometheus ကိုလြတ္ေျမာက္ေစေအာင္ႀကံေဆာင္တာေပါ့။
စိတ္သေဘာထားႀကီးျမင့္တဲ့ Chiron ရဲ႕လုပ္ရပ္ကို သေဘာက်ေလးစားတဲ့ နတ္ဘုရင္ Zeus က ပညာရွိChironကို ေကာင္းကင္ေပၚမွာထာဝရတည္ရွိေနႏိုင္တဲ့ ဓႏုနကၡတ္အျဖစ္ ေျပာင္းလဲဖန္ဆင္းေပးလိုက္ျခင္းနဲ႔ ေဝဒနာေတြကေနသက္သာလြတ္ေျမာက္ခြင့္ရေစခဲ့တယ္။
ဒီလိုနဲ႔ ေလးနဲ႔ျမားကိုစြဲကိုင္ထားတဲ့ လူတစ္ပိိုင္းျမင္းတစ္ပိုင္းပုံနကၡတ္ ဓႏု ေခၚ Sagittarius ၾကယ္စုႀကီး ေပၚေပါက္လာခဲ့ပါသတဲ့။
ေနာက္ဆက္တြဲအေနနဲ႔ ေျပာရရင္၊ Prometheus ကိုေတာ့ Heracles ကသူ႔ရဲ႕ တစ္ဆယ့္တစ္ခုေျမာက္အလုပ္ျဖစ္တဲ့ Hesperides ဥယ်ာဥ္က ေ႐ႊေရာင္ပန္းသီးကိုသြားယူရတဲ့အလုပ္ကို ေဆာင္႐ြက္တုန္းမွာ အေႏွာင္အဖြဲ႕ကေနလြတ္ေျမာက္ေစခဲ့တယ္။ အသည္းကိုေဖာက္စားေနတဲ့ငွက္ဆိုးႀကီးကို ေလးနဲ႔ခြင္းၿပီး သုတ္သင္လိုက္ျခင္းအားျဖင့္ေပါ့။
အေပၚမွာေရးခဲ့တဲ့ ဒ႑ာရီေလးေတြကေတာ့ အမ်ိဳးမ်ိဳးေရးၾကတဲ့ ဓႏုရာသီခြင္ရဲ႕နကၡတ္သေကၤတပုံျဖစ္ေပၚလာပုံ ဇာတ္လမ္းေလးေတြကို စုစည္းၿပီး လိုအပ္သေလာက္ျပန္ထုတ္ႏုတ္ေရးထားတာပါ။ အမွားအယြင္းေတြ၊ လိုအပ္တာေတြရွိခဲ့ရင္လဲ ေမာင္ဇိကို သည္းခံၾကပါလို႔။
ေမာင္ဇိ
#MaungZi #Zodiac #Sagittarius #myth #mythology #ေမာင္ဇိ #ဓႏု #ဒ႑ာရီ #ရာသီခြင္
No comments:
Post a Comment