ကန်ရာသီခွင်(Virgo) သင်္ကေတအမျိုးသမီးငယ်၏ ဇာစ်မြစ်
*************************************
ကန်ရာသီခွင်ရဲ့နက္ခတ် Virgo က ကောင်းကင်ပေါ်မှာ ဒုတိယအကြီးဆုံးကြယ်စုဖြစ်ပါသတဲ့။ အကြီးဆုံးကြယ်စုကတော့ Hydra ကြယ်စုပါတဲ့။
ကန်နက္ခတ်က အမျိုးသမီးငယ်တစ်ယောက်ရဲ့ပုံ၊ တစ်ချို့ကလဲ အပျိုစင်မိန်းကလေးတစ်ယောက်ရဲ့ပုံဖြစ်တယ်လို့ဆိုတယ်။ တောင်ပံနှစ်ဖက်နဲ့ လက်တစ်ဖက်မှာ ကောက်ပဲသီးနှံတွေကိုကိုင်ထားတဲ့မိန်းမပျိုပုံလို့လဲ တစ်ချို့ကယူဆကြပြန်တယ်။
ကြယ်တာရာစုထဲက အမျိုးသမီးငယ်က ဘယ်သူ့ကိုကိုယ်စားပြုတယ်ဆိုတာတော့ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို ကမ္ဘာအနှံ့မှာ အမျိုးမျိုးဆိုကြတယ်။ ရှေးဟောင်း ဆူမီးရီးရန်းလူမျိုးတွေက နတ်ဘုရားတွေနဲ့လူသားတွေရဲ့မိခင် Inanna ဖြစ်တယ်လို့ ယုံကြည်ခဲ့ကြပြီး၊ သူ့နောက်မှာဆက်ခံတဲ့ ဘေဘီလုံလူမျိုးတွေခေတ်မှာတော့ ဒီနတ်ဘုရားမကိုပဲ Ishtar ဆိုတဲ့နာမည်နဲ့ အချစ်၊ မျိုးဆက်ပွားများရေး၊ ကောက်ပဲသီးနှံဖြစ်ထွန်းမှု၊တရားမျှတမှုနဲ့ စစ်ပွဲကိုစောင့်ရှောက်တဲ့နတ်သမီးလို့ ယုံကြည်ကိုးကွယ်ကြပြန်တယ်။
ဂရိဒဏ္ဍာရီမှာတော့ ကန်နက္ခတ်က Dike နတ်သမီးကို ကိုယ်စားပြုတယ်လို့ ယူဆကြတယ်။ ဂရိနဲ့ဆင်တဲ့ ရောမဒဏ္ဍာရီမှာတော့ Ceres နတ်သမီး ( ဂရိနတ်ဘုရားမ Demeter နဲ့တူ) လို့ပြောကြသလို ဂရိတွေကပဲ လုံမငယ် Erigone၊ နတ်ဘုရားမ Persephone တို့ရဲ့ပုံရိပ်ဖြစ်တယ်ဆိုကြပြန်ရော။ ရှေးခတ်အီဂျစ်လူမျိုးတွေအတွက်တော့ နတ်ဘုရားမ Isis ပေါ့။
ကန်နက္ခတ်ကို ကိုယ်စားပြုတယ်ဆိုတဲ့ လုံမပျို၊ နတ်သမီး၊ နတ်ဘုရားမတွေထဲက ထင်ရှားသူတွေအကြောင်းကို မကျဥ်းမကျယ်လေးပြောပြပါ့မယ်။
ဂရိဒဏ္ဍာရီလာ ကန်နက္ခတ်၏ သင်္ကေတ
******************************
ဂရိဒဏ္ဍာရီမှာ ကန်နက္ခတ်ထဲကအမျိုးသမီးငယ်ဟာ နတ်သမီး Dike ဖြစ်တယ်ဆို ခိုင်ခိုင်မာမာယုံကြည်ခဲ့ကြတယ်။ Dike ဟာ နတ်ဘုရင် Zeus နဲ့ တိုက်တန်နတ်ဘုရားမတစ်ဦးဖြစ်သူ Themis ရဲ့သမီးဖြစ်တယ်။ လူသားတွေကြားမှာတရားမျှတမှုကို စောင့်ရှောက်ဆောင်ကျဥ်းပေးတဲ့နတ်သမီးဖြစ်တယ်။
ဘီစီ၇၅၀-၆၅၀ ကြားမှာပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ ဂရိစာဆိုHesiod အဆိုအရလူသားတွေမှာ ခေတ်ကြီး ငါးခေတ် နဲ့ ဘီစီ၄၃ ဝန်းကျင်(ဂျူးလိယက်ဆီဆာကွယ်လွန်ပြီးနောက်တစ်နှစ်၊ နှစ်နှစ်) မှာမွေးခဲ့တယ်ဆိုတဲ့ ရောမစာဆို Ovid တို့ရဲ့အဆိုအရ ခေတ်ကြီး လေးခေတ်ပေါ်ထွန်းခဲ့ပါတယ်တဲ့။
Hesiod ရဲ့ခေတ်ကြီးငါးခေတ်က ရွှေခတ်၊ ငွေခေတ်၊ ကြေးခေတ်၊ သူရဲကောင်းခေတ်နဲ့ သံခေတ်ဖြစ်ပြီး၊ Ovidရဲ့ခေတ်ကြီး လေးခေတ်ကတော့ ရွှေခတ်၊ ငွေခေတ်၊ ကြေးခေတ်နဲ့ (သူရဲကောင်းနဲ့သံခေတ်ကိုပေါင်းထားတဲ့) သံခေတ်ပဲဖြစ်တယ်။
လူသားတွေရဲ့ရွှေခေတ်က နတ်ဘုရင် Zeus ရဲ့ဖခင် Cronus ရဲ့စကြဝဠာကိုအုပ်စိုးစဥ်ကာလကဖြစ်တယ်။ ရွှေခေတ်လူသားတွေဟာ နတ်ဘုရားတွေလိုပဲ အသက်ရှည်ကြတယ်။ နတ်ဘုရားတွေနဲ့လဲ ရောနှောသွားလာနေထိုင်ကြတယ်။ မြေပြင်ကနေ စားစရာကို အလျှံပယ်ရနိုင်ကြလို့ အလုပ်လုပ်စရာလဲမလိုပါဘူးတဲ့။ အသက်အရွယ်အင်မတန်အိုမင်းတဲ့အထိ နုပျိုတဲ့အဆင်းရှိကြပြီး ကွယ်လွန်ချိန်မှာလဲ သက်သက်သာသာ၊ အေးအေးချမ်းချမ်းနဲ့ပဲ အသက်ထွက်လေ့ရှိကြသတဲ့။
ငွေခေတ်ကိုတော့ တိုက်တန်နတ်ဘုရား Cronus ကိုဆက်ခံတဲ့ အိုလံပစ်တောင်ကနတ်ဘုရင် Zeus လက်ထက်မှာလို့ဆိုတယ်။ ဒီခေတ်မှာတော့ လူသားတွေက အသက် ၁၀၀ အထိမိခင်ထံမှာကလေးဘဝနဲ့နေကြပြီး အရွယ်ရောက်ချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက်ငြင်းခုန်တိုက်ခိုက်နေခြင်းနဲ့ သက်တမ်းတိုလာကြတယ်။ ငွေခေတ်ကလူသားတွေက နတ်ဘုရားတွေကို မကိုးကွယ်တော့တဲ့အတွက် Zeus က နတ်ဘုရားတွေကိုဆန့်ကျင်သူအကုန်လုံးကိုဖျက်စီးပစ်လိုက်တယ်။
သံလွင်မျိုးနွယ်ဝင်အပင်ဖြစ်တဲ့ Ash tree ကနေ ကြေးခေတ်လူသားတွေကို Zeus ကထပ်ပြီးဖန်တီးခဲ့တယ်။ ကြေးခေတ်လူသားတွေက ကိုယ်ချပ်အင်္ကျီတွေ၊ အိမ်တွေ၊ လက်နက်ကိရိယာတွေကိုကြေးနဲ့လုပ်ပြီးသုံးကြတယ်။ အချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေကြပြီးနောက်ဆုံးမှာတော့ ရေလွှမ်းခံရပြီး အားလုံးပျက်စီးသွားကြတယ်။
သူရဲကောင်းခေတ်ကလူသားတွေကတော့ Prometheus ဖန်တီးခဲ့တဲ့လူသားတွေရဲ့အဆက်အနွယ်လို့ ယူဆလို့ရမယ်။ Troy စစ်ပွဲတို့၊ Perseus တို့လိုသူရဲကောင်းတွေရဲ့ စွန့်စားခန်းတွေတို့ဟာ အဲဒီခေတ်မှာဖြစ်ခဲ့တယ်။ အဲဒီကနေ ဒီနေ့ခေတ်ထိက သံခေတ်လူသားတွေလို့ ဆိုတယ်။
Dike နတ်သမီးကို Zeus နဲ့ Themis ကနေလူသားတွေကြားမှာပဲ မွေးဖွားခဲ့ပြီး လူသားတွေကြားမှာ တရားမျှတမှုထွန်းကားစေဖို့ တာဝန်ယူစေခဲ့တယ်တဲ့။ ပျိုမျစ်နုနယ်တဲ့အဆင်းရှိပြီး လက်တစ်ဖက်မှာချိန်ခွင်တစ်ခုကိုကိုင်ထားတဲ့ပုံမျိုး ပုံဖော်လေ့ရှိကြတယ်။ ငွေခေတ်လူသားတွေ အချင်းချင်း ငြင်းခုန်ကြတော့ Dike က ငြိမ်းချမ်းစွာနေထိုင်ကြဖို့၊ ရှေးကရှိခဲ့တဲ့တန်ဖိုးတွေကိုပစ်ပယ်ပြီး ရန်လိုဆိုသွမ်းနေကြရင် ကမ္ဘာမြေပေါ်ကိုမကောင်းတဲ့အရာတွေကျရောက်လာမယ်လို့ လူသားမျိုးနွယ်တစ်ခုလုံးကိုနောက်ဆုံးသတိပေးခဲ့တယ်။ အဲဒီနောက်တော့ တောင်တန်းတစ်ခုပေါ်ကိုပျံသန်းသွားပြီး လူတွေကိုဥပက္ခာပြုလို့နေထိုင်ခဲ့တယ်တဲ့။
ငွေခေတ်လူသားတွေပျက်စီးသွားပြီး ကြေးခေတ်လူသားတွေပေါ်လာတဲ့နောက် အချင်းချင်းစစ်တွေခင်းကြတဲ့အချိန်မှာတော့ Dike ဟာ ထိန်းသိမ်းလို့မရတဲ့လူသားတွေရှိတဲ့ ကမ္ဘာမြေမှာတောင်မနေထိုင်တော့ပဲ ကောင်းကင်ဘုံကို ပျံတက်သွားပါသတဲ့။
ဂရိဒဏ္ဍာရီလာ ကန်နက္ခတ်၏ သင်္ကေတ (၂)
*******************************
Erigone ဟာ Icaria ဒေသက သူရဲကောင်းဘုရင်တစ်ပါးဖြစ်တဲ့ Icarius ရဲ့ သမီးတော်လေးဖြစ်တယ်။ အဲဒီခေတ်မှာ ဝိုင်မပေါ်သေးဘူးတဲ့။ ဒါပေမယ့် ဝိုင်နတ်ဘုရား Dionysus ရဲ့သင်ကြားမှုနဲ့
Icarius ဘုရင်ဟာ ဝိုင်ချက်လုပ်နည်းကိုတတ်မြောက်သွားတယ်။ တစ်နေ့မှာတော့ သိုးကျောင်းသားတွေကို သူချက်လုပ်ထားတဲ့ဝိုင်ကိုတိုက်လိုက်ရာမှာ မူးဝေကုန်ကြပြီး ဘုရင် Icarius ကသူတို့ကို အဆိပ်ခတ်ပါတယ်လို့ ထင်မှတ်ကုန်ကြသတဲ့။ မူးယစ်ပြီး ဝိုင်ဆိပ်တက်နေတဲ့ သိုးကျောင်းသားတွေက အထင်လွဲစွာနဲ့ဘုရင်ကြီးကိုသတ်လိုက်ကြပြီး သစ်ပင်တစ်ပင်အောက်မှာ မြှုပ်ထားလိုက်ကြတယ်။ ဖခင်ပျောက်သွားတဲ့ မင်းသမီးလေး Erigone က သူ့ခွေးလေး Maera ရဲ့အကူအညီနဲ့ ဘုရင်ကြီးကိုလိုက်ရှာရာမှာ သစ်ပင်အောက်မှာမြှုပ်ထားတာကို သွားတွေ့သတဲ့။ ဖခင်ကိုချစ်မြတ်နိုးလွန်းတဲ့ မင်းသမီးလေးက အဲဒီသစ်ပင်မှာပဲ သူ့ကိုယ်သူကြိုးဆွဲချသေသွားခဲ့တယ်။ သခင်မသေသွားတဲ့ ခွေးကလေး Maera ကလဲရေတွင်းတစ်တွင်းထဲကိုခုန်ချလိုက်ပြီးရေနစ်သေသွားရှာတယ်။
ဝိုင်နတ်ဘုရား Dionysus ကတော့ဒီကိစ္စကြောင့်စိတ်ဆိုးသွားပြီး အဲဒီဒေသမှာ ပလိပ်ရောဂါတစ်ခုပြန့်ပွားအောင်လုပ်လိုက်တယ်။ မိန်းမပျိုတွေဟာလဲ အကြောင်းမရှိပဲ ရူးသွပ်ကုန်ကြပြီး တစ်ယောက်ပြီးတစ်ယောက်ကြိုးဆွဲချကုန်ကြတယ်။ အဲဒီလိုတွေဖြစ်နေတာ ပြစ်မှုကျူးလွန်တဲ့ သိုးကျောင်းသားတွေကို လူတွေကဖမ်းမိပြီး ဒဏ်ခတ်လိုက်တဲ့အချိန်ထိပါပဲတဲ့။
ဘုရင် Icarius၊ သမီးတော်လေး Erigone နဲ့ သစ္စာရှိတဲ့ခွေးကလေး Maera တို့ကို Dionysus က ကောင်းကင်ပြင်ပေါ်မှာ ကြယ်တာရာတွေအဖြစ်ဖန်ဆင်းပေးခဲ့တယ်။ ကန်ရာသီရဲ့နက္ခတ် Virgo ကတော့ မင်းသမီးလေး Erigone ပဲပေါ့။
ရောမဒဏ္ဍာရီလာ ကန်နက္ခတ်၏ သင်္ကေတ
********************************
ရောမလူမျိုးတွေယုံကြည်တာကတော့ ကန်ရာသီ Virgo နက္ခတ်ဟာ မြေဆီလွှာနဲ့ ကောက်ပဲ သီးနှံနတ်ဘုရားမ Ceres ကိုကိုယ်စားပြုပါတယ်တဲ့။ ရောမဒဏ္ဍာရီက Ceres ကို ဂရိဒဏ္ဍာရီမှာတော့ Demeter လို့ခေါ်ကြတယ်။ သူ့ရဲ့တစ်ဦးတည်းသော သမီးလေးဖြစ်သူ လှပတဲ့နတ်သမီးလေး Proserpina ( ဂရိ Persephone) ကိုမြေအောက်ကမ္ဘာကနတ်ဘုရား Pluto (ဂရိ Hades) က ခိုးယူသွားတဲ့အခါမှာ သူ့သမီးလေးကို ကမ္ဘာအနှံ့လိုက်ရှာခဲ့တယ်။ ကမ္ဘာပေါ်က ကောက်ပဲသီးနှံတွေအားလုံးခြောက်သွေ့ပျက်စီးပြီး ဘာအပင်မှမဖြစ်ထွန်းတော့တဲ့ထိ သူ့ရဲ့ပူဆွေးသောက ကကြီးမားလွန်းခဲ့တယ်။ ဒါကြောင့်ပဲ နတ်ဘုရင် Jupiter (ဂရိ Zeus)က Mercury (ဂရိ Hermes) ကိုစေလွှတ်ပြီး Proserpina ကိုမိဖုရားအဖြစ်ပေါင်းသင်းနေထိုင်တဲ့ Pluto ရှိရာမြေအောက်ကမ္ဘာမှာ ညှိနှိုင်းစေခဲ့တယ်။ နောက်ဆုံးမှာတော့ Proserpina ဟာသူ့မိခင်နဲ့အတူမြေပေါ်မှာခြောက်လနေထိုင်ခွင့်ရပြီး ကျန်တဲ့ခြောက်လကိုတော့ သူ့ခင်ပွန်းဖြစ်သူ Pluto နဲ့နေထိုင်ဖို့ဖြစ်လာခဲ့တယ်။
ကန်ရာသီရဲ့ နက္ခတ်ဟာကောက်ပဲသီးနှံနတ်သမီး Ceres ကိုကိုယ်စားပြုတယ်လို့ ရောမလူမျိုးတွေက ယူဆကြတယ်။
တစ်ချို့ဂရိဒဏ္ဍာရီတွေမှာတော့ ဒီနက္ခတ်ဟာ ကောက်ပဲသီးနှံနတ်ဘုရားမတစ်ပါးဖြစ်တဲ့ Demeter ရဲ့သမီးဖြစ်သူ နတ်သမီး Persephone (ရောမ Proserpina ) ရဲ့ပုံဖြစ်တယ်လို့ ပြောကြပြန်တယ်။
အီဂျစ်ဒဏ္ဍာရီလာ ကန်နက္ခတ်၏ သင်္ကေတ
********************************
အီဂျစ်တွေကတော့ ကန်နက္ခတ်ဟာ နတ်ဘုရားမ Isis နဲ့ဆက်နွယ်ပက်သက်ပါတယ်လို့ ဆိုကြတယ်။
တရားမျှတမှုကိုဆောင်ကျဥ်းသူနတ်ဘုရားမ Isis နဲ့ သူ့ခင်ပွန်းဖြစ်တဲ့ သေလွန်သူတို့ကမ္ဘာရဲ့နတ်ဘုရား Osiris တို့ရဲ့ဇာတ်လမ်းကတော့ ရှည်လျားလို့ တစ်ပုဒ်သတ်သတ်ရေးမှရပါလိမ့်မယ်။
ဒီတော့ ရှေးဟောင်းအီဂျစ်လူမျိုးတွေက ကန်နက္ခတ် Virgo ဟာ Isis နတ်ဘုရားမကို ကိုယ်စားပြုတယ်လို့ယုံကြည်ကြတယ်ဆိုရင် Virgo အတွက်လုံလောက်မယ်ထင်ပါတယ်။
အပေါ်မှာရေးခဲ့သမျှကတော့ Virgo နဲ့ပက်သက်လို့ ရှာတွေ့သမျှနောက်ခံဇာတ်လမ်းလေးတွေနဲ့ Virgo ရဲ့ကိုယ်စားပြုသင်္ကေတပုံရိပ်ဖြစ်တဲ့မိန်းမငယ်ပုံလေးရဲ့ မူလအဖြစ်ဒေသအသီးသီးမှာယုံကြည်ကြတဲ့ အယူအဆလေးတွေပါပဲ။
အင်တာနက်ဝဘ်ဆိုက်အများအပြားကနေဖတ်ပြီး ကိုးကားထားပါတယ်။
မောင်ဇိ
#MaungZi #Zodiac #Virgo #myth #mythology #မောင်ဇိ #ကန်ရာသီ #ဒဏ္ဍာရီ #ရာသီခွင်
(Pictures : internet)
==============================
ကန္ရာသီခြင္(Virgo) သေကၤတအမ်ိဳးသမီးငယ္၏ ဇာစ္ျမစ္
*************************************
ကန္ရာသီခြင္ရဲ႕နကၡတ္ Virgo က ေကာင္းကင္ေပၚမွာ ဒုတိယအႀကီးဆုံးၾကယ္စုျဖစ္ပါသတဲ့။ အႀကီးဆုံးၾကယ္စုကေတာ့ Hydra ၾကယ္စုပါတဲ့။
ကန္နကၡတ္က အမ်ိဳးသမီးငယ္တစ္ေယာက္ရဲ႕ပုံ၊ တစ္ခ်ိဳ႕ကလဲ အပ်ိဳစင္မိန္းကေလးတစ္ေယာက္ရဲ႕ပုံျဖစ္တယ္လို႔ဆိုတယ္။ ေတာင္ပံႏွစ္ဖက္နဲ႔ လက္တစ္ဖက္မွာ ေကာက္ပဲသီးႏွံေတြကိုကိုင္ထားတဲ့မိန္းမပ်ိဳပုံလို႔လဲ တစ္ခ်ိဳ႕ကယူဆၾကျပန္တယ္။
ၾကယ္တာရာစုထဲက အမ်ိဳးသမီးငယ္က ဘယ္သူ႔ကိုကိုယ္စားျပဳတယ္ဆိုတာေတာ့ တစ္ေက်ာင္းတစ္ဂါထာ၊ တစ္႐ြာတစ္ပုဒ္ဆန္း ဆိုသလို ကမာၻအႏွံ႔မွာ အမ်ိဳးမ်ိဳးဆိုၾကတယ္။ ေရွးေဟာင္း ဆူမီးရီးရန္းလူမ်ိဳးေတြက နတ္ဘုရားေတြနဲ႔လူသားေတြရဲ႕မိခင္ Inanna ျဖစ္တယ္လို႔ ယုံၾကည္ခဲ့ၾကၿပီး၊ သူ႔ေနာက္မွာဆက္ခံတဲ့ ေဘဘီလုံလူမ်ိဳးေတြေခတ္မွာေတာ့ ဒီနတ္ဘုရားမကိုပဲ Ishtar ဆိုတဲ့နာမည္နဲ႔ အခ်စ္၊ မ်ိဳးဆက္ပြားမ်ားေရး၊ ေကာက္ပဲသီးႏွံျဖစ္ထြန္းမႈ၊တရားမွ်တမႈနဲ႔ စစ္ပြဲကိုေစာင့္ေရွာက္တဲ့နတ္သမီးလို႔ ယုံၾကည္ကိုးကြယ္ၾကျပန္တယ္။
ဂရိဒ႑ာရီမွာေတာ့ ကန္နကၡတ္က Dike နတ္သမီးကို ကိုယ္စားျပဳတယ္လို႔ ယူဆၾကတယ္။ ဂရိနဲ႔ဆင္တဲ့ ေရာမဒ႑ာရီမွာေတာ့ Ceres နတ္သမီး ( ဂရိနတ္ဘုရားမ Demeter နဲ႔တူ) လို႔ေျပာၾကသလို ဂရိေတြကပဲ လုံမငယ္ Erigone၊ နတ္ဘုရားမ Persephone တို႔ရဲ႕ပုံရိပ္ျဖစ္တယ္ဆိုၾကျပန္ေရာ။ ေရွးခတ္အီဂ်စ္လူမ်ိဳးေတြအတြက္ေတာ့ နတ္ဘုရားမ Isis ေပါ့။
ကန္နကၡတ္ကို ကိုယ္စားျပဳတယ္ဆိုတဲ့ လုံမပ်ိဳ၊ နတ္သမီး၊ နတ္ဘုရားမေတြထဲက ထင္ရွားသူေတြအေၾကာင္းကို မက်ဥ္းမက်ယ္ေလးေျပာျပပါ့မယ္။
ဂရိဒ႑ာရီလာ ကန္နကၡတ္၏ သေကၤတ
******************************
ဂရိဒ႑ာရီမွာ ကန္နကၡတ္ထဲကအမ်ိဳးသမီးငယ္ဟာ နတ္သမီး Dike ျဖစ္တယ္ဆို ခိုင္ခိုင္မာမာယုံၾကည္ခဲ့ၾကတယ္။ Dike ဟာ နတ္ဘုရင္ Zeus နဲ႔ တိုက္တန္နတ္ဘုရားမတစ္ဦးျဖစ္သူ Themis ရဲ႕သမီးျဖစ္တယ္။ လူသားေတြၾကားမွာတရားမွ်တမႈကို ေစာင့္ေရွာက္ေဆာင္က်ဥ္းေပးတဲ့နတ္သမီးျဖစ္တယ္။
ဘီစီ၇၅၀-၆၅၀ ၾကားမွာေပၚေပါက္ခဲ့တယ္ဆိုတဲ့ ဂရိစာဆိုHesiod အဆိုအရလူသားေတြမွာ ေခတ္ႀကီး ငါးေခတ္ နဲ႔ ဘီစီ၄၃ ဝန္းက်င္(ဂ်ဴးလိယက္ဆီဆာကြယ္လြန္ၿပီးေနာက္တစ္ႏွစ္၊ ႏွစ္ႏွစ္) မွာေမြးခဲ့တယ္ဆိုတဲ့ ေရာမစာဆို Ovid တို႔ရဲ႕အဆိုအရ ေခတ္ႀကီး ေလးေခတ္ေပၚထြန္းခဲ့ပါတယ္တဲ့။
Hesiod ရဲ႕ေခတ္ႀကီးငါးေခတ္က ေ႐ႊခတ္၊ ေငြေခတ္၊ ေၾကးေခတ္၊ သူရဲေကာင္းေခတ္နဲ႔ သံေခတ္ျဖစ္ၿပီး၊ Ovidရဲ႕ေခတ္ႀကီး ေလးေခတ္ကေတာ့ ေ႐ႊခတ္၊ ေငြေခတ္၊ ေၾကးေခတ္နဲ႔ (သူရဲေကာင္းနဲ႔သံေခတ္ကိုေပါင္းထားတဲ့) သံေခတ္ပဲျဖစ္တယ္။
လူသားေတြရဲ႕ေ႐ႊေခတ္က နတ္ဘုရင္ Zeus ရဲ႕ဖခင္ Cronus ရဲ႕စၾကဝဠာကိုအုပ္စိုးစဥ္ကာလကျဖစ္တယ္။ ေ႐ႊေခတ္လူသားေတြဟာ နတ္ဘုရားေတြလိုပဲ အသက္ရွည္ၾကတယ္။ နတ္ဘုရားေတြနဲ႔လဲ ေရာေႏွာသြားလာေနထိုင္ၾကတယ္။ ေျမျပင္ကေန စားစရာကို အလွ်ံပယ္ရႏိုင္ၾကလို႔ အလုပ္လုပ္စရာလဲမလိုပါဘူးတဲ့။ အသက္အ႐ြယ္အင္မတန္အိုမင္းတဲ့အထိ ႏုပ်ိဳတဲ့အဆင္းရွိၾကၿပီး ကြယ္လြန္ခ်ိန္မွာလဲ သက္သက္သာသာ၊ ေအးေအးခ်မ္းခ်မ္းနဲ႔ပဲ အသက္ထြက္ေလ့ရွိၾကသတဲ့။
ေငြေခတ္ကိုေတာ့ တိုက္တန္နတ္ဘုရား Cronus ကိုဆက္ခံတဲ့ အိုလံပစ္ေတာင္ကနတ္ဘုရင္ Zeus လက္ထက္မွာလို႔ဆိုတယ္။ ဒီေခတ္မွာေတာ့ လူသားေတြက အသက္ ၁၀၀ အထိမိခင္ထံမွာကေလးဘဝနဲ႔ေနၾကၿပီး အ႐ြယ္ေရာက္ခ်ိန္မွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ျငင္းခုန္တိုက္ခိုက္ေနျခင္းနဲ႔ သက္တမ္းတိုလာၾကတယ္။ ေငြေခတ္ကလူသားေတြက နတ္ဘုရားေတြကို မကိုးကြယ္ေတာ့တဲ့အတြက္ Zeus က နတ္ဘုရားေတြကိုဆန႔္က်င္သူအကုန္လုံးကိုဖ်က္စီးပစ္လိုက္တယ္။
သံလြင္မ်ိဳးႏြယ္ဝင္အပင္ျဖစ္တဲ့ Ash tree ကေန ေၾကးေခတ္လူသားေတြကို Zeus ကထပ္ၿပီးဖန္တီးခဲ့တယ္။ ေၾကးေခတ္လူသားေတြက ကိုယ္ခ်ပ္အက်ႌေတြ၊ အိမ္ေတြ၊ လက္နက္ကိရိယာေတြကိုေၾကးနဲ႔လုပ္ၿပီးသုံးၾကတယ္။ အခ်င္းခ်င္းတိုက္ခိုက္သတ္ျဖတ္ေနၾကၿပီးေနာက္ဆုံးမွာေတာ့ ေရလႊမ္းခံရၿပီး အားလုံးပ်က္စီးသြားၾကတယ္။
သူရဲေကာင္းေခတ္ကလူသားေတြကေတာ့ Prometheus ဖန္တီးခဲ့တဲ့လူသားေတြရဲ႕အဆက္အႏြယ္လို႔ ယူဆလို႔ရမယ္။ Troy စစ္ပြဲတို႔၊ Perseus တို႔လိုသူရဲေကာင္းေတြရဲ႕ စြန႔္စားခန္းေတြတို႔ဟာ အဲဒီေခတ္မွာျဖစ္ခဲ့တယ္။ အဲဒီကေန ဒီေန႔ေခတ္ထိက သံေခတ္လူသားေတြလို႔ ဆိုတယ္။
Dike နတ္သမီးကို Zeus နဲ႔ Themis ကေနလူသားေတြၾကားမွာပဲ ေမြးဖြားခဲ့ၿပီး လူသားေတြၾကားမွာ တရားမွ်တမႈထြန္းကားေစဖို႔ တာဝန္ယူေစခဲ့တယ္တဲ့။ ပ်ိဳမ်စ္ႏုနယ္တဲ့အဆင္းရွိၿပီး လက္တစ္ဖက္မွာခ်ိန္ခြင္တစ္ခုကိုကိုင္ထားတဲ့ပုံမ်ိဳး ပုံေဖာ္ေလ့ရွိၾကတယ္။ ေငြေခတ္လူသားေတြ အခ်င္းခ်င္း ျငင္းခုန္ၾကေတာ့ Dike က ၿငိမ္းခ်မ္းစြာေနထိုင္ၾကဖို႔၊ ေရွးကရွိခဲ့တဲ့တန္ဖိုးေတြကိုပစ္ပယ္ၿပီး ရန္လိုဆိုသြမ္းေနၾကရင္ ကမာၻေျမေပၚကိုမေကာင္းတဲ့အရာေတြက်ေရာက္လာမယ္လို႔ လူသားမ်ိဳးႏြယ္တစ္ခုလုံးကိုေနာက္ဆုံးသတိေပးခဲ့တယ္။ အဲဒီေနာက္ေတာ့ ေတာင္တန္းတစ္ခုေပၚကိုပ်ံသန္းသြားၿပီး လူေတြကိုဥပကၡာျပဳလို႔ေနထိုင္ခဲ့တယ္တဲ့။
ေငြေခတ္လူသားေတြပ်က္စီးသြားၿပီး ေၾကးေခတ္လူသားေတြေပၚလာတဲ့ေနာက္ အခ်င္းခ်င္းစစ္ေတြခင္းၾကတဲ့အခ်ိန္မွာေတာ့ Dike ဟာ ထိန္းသိမ္းလို႔မရတဲ့လူသားေတြရွိတဲ့ ကမာၻေျမမွာေတာင္မေနထိုင္ေတာ့ပဲ ေကာင္းကင္ဘုံကို ပ်ံတက္သြားပါသတဲ့။
ဂရိဒ႑ာရီလာ ကန္နကၡတ္၏ သေကၤတ (၂)
*******************************
Erigone ဟာ Icaria ေဒသက သူရဲေကာင္းဘုရင္တစ္ပါးျဖစ္တဲ့ Icarius ရဲ႕ သမီးေတာ္ေလးျဖစ္တယ္။ အဲဒီေခတ္မွာ ဝိုင္မေပၚေသးဘူးတဲ့။ ဒါေပမယ့္ ဝိုင္နတ္ဘုရား Dionysus ရဲ႕သင္ၾကားမႈနဲ႔
Icarius ဘုရင္ဟာ ဝိုင္ခ်က္လုပ္နည္းကိုတတ္ေျမာက္သြားတယ္။ တစ္ေန႔မွာေတာ့ သိုးေက်ာင္းသားေတြကို သူခ်က္လုပ္ထားတဲ့ဝိုင္ကိုတိုက္လိုက္ရာမွာ မူးေဝကုန္ၾကၿပီး ဘုရင္ Icarius ကသူတို႔ကို အဆိပ္ခတ္ပါတယ္လို႔ ထင္မွတ္ကုန္ၾကသတဲ့။ မူးယစ္ၿပီး ဝိုင္ဆိပ္တက္ေနတဲ့ သိုးေက်ာင္းသားေတြက အထင္လြဲစြာနဲ႔ဘုရင္ႀကီးကိုသတ္လိုက္ၾကၿပီး သစ္ပင္တစ္ပင္ေအာက္မွာ ျမႇဳပ္ထားလိုက္ၾကတယ္။ ဖခင္ေပ်ာက္သြားတဲ့ မင္းသမီးေလး Erigone က သူ႔ေခြးေလး Maera ရဲ႕အကူအညီနဲ႔ ဘုရင္ႀကီးကိုလိုက္ရွာရာမွာ သစ္ပင္ေအာက္မွာျမႇဳပ္ထားတာကို သြားေတြ႕သတဲ့။ ဖခင္ကိုခ်စ္ျမတ္ႏိုးလြန္းတဲ့ မင္းသမီးေလးက အဲဒီသစ္ပင္မွာပဲ သူ႔ကိုယ္သူႀကိဳးဆြဲခ်ေသသြားခဲ့တယ္။ သခင္မေသသြားတဲ့ ေခြးကေလး Maera ကလဲေရတြင္းတစ္တြင္းထဲကိုခုန္ခ်လိုက္ၿပီးေရနစ္ေသသြားရွာတယ္။
ဝိုင္နတ္ဘုရား Dionysus ကေတာ့ဒီကိစၥေၾကာင့္စိတ္ဆိုးသြားၿပီး အဲဒီေဒသမွာ ပလိပ္ေရာဂါတစ္ခုျပန႔္ပြားေအာင္လုပ္လိုက္တယ္။ မိန္းမပ်ိဳေတြဟာလဲ အေၾကာင္းမရွိပဲ ႐ူးသြပ္ကုန္ၾကၿပီး တစ္ေယာက္ၿပီးတစ္ေယာက္ႀကိဳးဆြဲခ်ကုန္ၾကတယ္။ အဲဒီလိုေတြျဖစ္ေနတာ ျပစ္မႈက်ဴးလြန္တဲ့ သိုးေက်ာင္းသားေတြကို လူေတြကဖမ္းမိၿပီး ဒဏ္ခတ္လိုက္တဲ့အခ်ိန္ထိပါပဲတဲ့။
ဘုရင္ Icarius၊ သမီးေတာ္ေလး Erigone နဲ႔ သစၥာရွိတဲ့ေခြးကေလး Maera တို႔ကို Dionysus က ေကာင္းကင္ျပင္ေပၚမွာ ၾကယ္တာရာေတြအျဖစ္ဖန္ဆင္းေပးခဲ့တယ္။ ကန္ရာသီရဲ႕နကၡတ္ Virgo ကေတာ့ မင္းသမီးေလး Erigone ပဲေပါ့။
ေရာမဒ႑ာရီလာ ကန္နကၡတ္၏ သေကၤတ
********************************
ေရာမလူမ်ိဳးေတြယုံၾကည္တာကေတာ့ ကန္ရာသီ Virgo နကၡတ္ဟာ ေျမဆီလႊာနဲ႔ ေကာက္ပဲ သီးႏွံနတ္ဘုရားမ Ceres ကိုကိုယ္စားျပဳပါတယ္တဲ့။ ေရာမဒ႑ာရီက Ceres ကို ဂရိဒ႑ာရီမွာေတာ့ Demeter လို႔ေခၚၾကတယ္။ သူ႔ရဲ႕တစ္ဦးတည္းေသာ သမီးေလးျဖစ္သူ လွပတဲ့နတ္သမီးေလး Proserpina ( ဂရိ Persephone) ကိုေျမေအာက္ကမာၻကနတ္ဘုရား Pluto (ဂရိ Hades) က ခိုးယူသြားတဲ့အခါမွာ သူ႔သမီးေလးကို ကမာၻအႏွံ႔လိုက္ရွာခဲ့တယ္။ ကမာၻေပၚက ေကာက္ပဲသီးႏွံေတြအားလုံးေျခာက္ေသြ႕ပ်က္စီးၿပီး ဘာအပင္မွမျဖစ္ထြန္းေတာ့တဲ့ထိ သူ႔ရဲ႕ပူေဆြးေသာက ကႀကီးမားလြန္းခဲ့တယ္။ ဒါေၾကာင့္ပဲ နတ္ဘုရင္ Jupiter (ဂရိ Zeus)က Mercury (ဂရိ Hermes) ကိုေစလႊတ္ၿပီး Proserpina ကိုမိဖုရားအျဖစ္ေပါင္းသင္းေနထိုင္တဲ့ Pluto ရွိရာေျမေအာက္ကမာၻမွာ ညႇိႏႈိင္းေစခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ Proserpina ဟာသူ႔မိခင္နဲ႔အတူေျမေပၚမွာေျခာက္လေနထိုင္ခြင့္ရၿပီး က်န္တဲ့ေျခာက္လကိုေတာ့ သူ႔ခင္ပြန္းျဖစ္သူ Pluto နဲ႔ေနထိုင္ဖို႔ျဖစ္လာခဲ့တယ္။
ကန္ရာသီရဲ႕ နကၡတ္ဟာေကာက္ပဲသီးႏွံနတ္သမီး Ceres ကိုကိုယ္စားျပဳတယ္လို႔ ေရာမလူမ်ိဳးေတြက ယူဆၾကတယ္။
တစ္ခ်ိဳ႕ဂရိဒ႑ာရီေတြမွာေတာ့ ဒီနကၡတ္ဟာ ေကာက္ပဲသီးႏွံနတ္ဘုရားမတစ္ပါးျဖစ္တဲ့ Demeter ရဲ႕သမီးျဖစ္သူ နတ္သမီး Persephone (ေရာမ Proserpina ) ရဲ႕ပုံျဖစ္တယ္လို႔ ေျပာၾကျပန္တယ္။
အီဂ်စ္ဒ႑ာရီလာ ကန္နကၡတ္၏ သေကၤတ
********************************
အီဂ်စ္ေတြကေတာ့ ကန္နကၡတ္ဟာ နတ္ဘုရားမ Isis နဲ႔ဆက္ႏြယ္ပက္သက္ပါတယ္လို႔ ဆိုၾကတယ္။
တရားမွ်တမႈကိုေဆာင္က်ဥ္းသူနတ္ဘုရားမ Isis နဲ႔ သူ႔ခင္ပြန္းျဖစ္တဲ့ ေသလြန္သူတို႔ကမာၻရဲ႕နတ္ဘုရား Osiris တို႔ရဲ႕ဇာတ္လမ္းကေတာ့ ရွည္လ်ားလို႔ တစ္ပုဒ္သတ္သတ္ေရးမွရပါလိမ့္မယ္။
ဒီေတာ့ ေရွးေဟာင္းအီဂ်စ္လူမ်ိဳးေတြက ကန္နကၡတ္ Virgo ဟာ Isis နတ္ဘုရားမကို ကိုယ္စားျပဳတယ္လို႔ယုံၾကည္ၾကတယ္ဆိုရင္ Virgo အတြက္လုံေလာက္မယ္ထင္ပါတယ္။
အေပၚမွာေရးခဲ့သမွ်ကေတာ့ Virgo နဲ႔ပက္သက္လို႔ ရွာေတြ႕သမွ်ေနာက္ခံဇာတ္လမ္းေလးေတြနဲ႔ Virgo ရဲ႕ကိုယ္စားျပဳသေကၤတပုံရိပ္ျဖစ္တဲ့မိန္းမငယ္ပုံေလးရဲ႕ မူလအျဖစ္ေဒသအသီးသီးမွာယုံၾကည္ၾကတဲ့ အယူအဆေလးေတြပါပဲ။
အင္တာနက္ဝဘ္ဆိုက္အမ်ားအျပားကေနဖတ္ၿပီး ကိုးကားထားပါတယ္။
ေမာင္ဇိ
#MaungZi #Zodiac #Virgo #myth #mythology #ေမာင္ဇိ #ကန္ရာသီ #ဒ႑ာရီ #ရာသီခြင္
(Pictures : internet)
No comments:
Post a Comment