မိဿရာသီခွင် (Aries) သင်္ကေတ သိုးထီး၏ ဇာစ်မြစ်
***************************************
ရာသီခွင် ၁၂ ခုထဲမှာ ပထမဆုံးဖြစ်တဲ့ မိဿရာသီခွင် Aries က Latin ဘာသာစကားနဲ့ သိုးထီး (Ram) လို့အဓိပ္ပါယ်ရပြီး မိဿရာသီခွင်ရဲ့ သင်္ကေတက ဦးချိုပါတဲ့သိုးထီးတစ်ကောင်ရဲ့ပုံဖြစ်တယ်။
ရှေးဟောင်းဘေဘီလုံခေတ်ကတည်းက Aries ကြယ်တာရာစုရဲ့ သင်္ကေတဟာ သိုးထီး (Ram) ဖြစ်ခဲ့ပေမယ့် Aries နဲ့ပက်သက်လို့ ထင်ရှားတဲ့ ဇာတ်လမ်းကတော့ ဂရိဒဏ္ဍာရီက သူရဲကောင်း Jason နဲ့ အပေါင်းအဖော်တွေရဲ့ရွှေသိုးမွေးသားရေ ရယူဖို့ကြိုးစားတဲ့ ပင်လယ်ပြင်စွန့်စားခန်းရဲ့ အစနဲ့ ဆက်စပ်နေတယ်။
ရှေးကျတဲ့အီဂျစ်ပြည်မှာတော့ ဦးချိုနဲ့သိုးထီးသင်္ကေတက နတ်ဘုရား Amun-Ra နဲ့ ဆက်နွှယ်နေပြန်ပါတယ်။
အီဂျစ်ဒဏ္ဍာရီလာ မိဿနက္ခတ်၏သင်္ကေတ
********************************
နတ်ဘုရား Amun-Ra ကို နေနဲ့လေရဲ့ နတ်ဘုရားအဖြစ် ရှေးခေတ်အီဂျစ်ပြည်မှာ ကိုးကွယ်ခဲ့ကြတယ်။ အရေးပါထင်ရှားပြီး တန်ခိုးကြီးတဲ့နတ်ဘုရားတွေထဲမှာ တစ်ပါးအပါအဝင်ဖြစ်ပါတယ်တဲ့။
သူ့ကို ပုံဖော်တဲ့အခါမှာ ဦးချိုနဲ့သိုးထီးခေါင်း၊ လူသားကိုယ်ခန္ဓာနဲ့နတ်ဘုရားတစ်ပါး၊ ဒါမှမဟုတ်ရင် သိုးထီးတစ်ကောင်သက်သက် အဖြစ်ပုံဖော်လေ့ရှိကြတယ်။ သိုးထီးက သန္ဓေအောင်ခြင်း၊ တိုက်ခိုက်မှုကိုခုံမင်ခြင်း၊ သတ္တိရှိခြင်းတို့ကို ကိုယ်စားပြုတယ်လို့ဆိုတယ်။
ဘီစီ၂၄၀၀-၂၃၀၀ လောက်က ပိရမစ်စာတွေမှာ Amun နတ်ဘုရားအကြောင်းကို အစောဆုံးတွေ့ခဲ့ရပြီး အဲဒီအချိန်က နတ်ဘုရား Amun နဲ့ နတ်ဘုရား Ra တို့ဟာ သတ်သတ်စီဖြစ်ပါသတဲ့။ နတ်ဘုရား Amun ဟာ Ogdoad လို့ခေါ်တဲ့နတ်ဘုရားရှစ်ပါး (ဖိုမလေးတွဲ) မှာပါဝင်ခဲ့ပြီး သူ့ရဲ့ကြင်ယာတော်ကတော့ Amaunet ဖြစ်တယ်။ လေ ကို ကိုယ်စားပြုတဲ့နတ်ဘုရားဖြစ်တယ်လို့ပြောကြသလို တစ်ချို့စာတွေမှာတော့ အမျိုးအမည်မကွဲပြားပဲ ကိုးကွယ်ဆုတောင်းသူရဲ့ဆန္ဒပေါ်မူတည်ပြီး အမှောင်လဲဖြစ်နိုင်သလို၊ အလင်းလဲဖြစ်နိုင်တဲ့၊ ဒါမှမဟုတ် ဘာမဆိုဖြစ်နိုင်တဲ့ လျှို့ဝှက်နက်နဲတဲ့ သဘောသဘာဝရှိတယ်လို့လဲဆိုတယ်။
Ra ကတော့ နေနတ်ဘုရားနဲ့ အရာရာကိုစတင်ဖန်တီးခဲ့တဲ့ ဖန်တီးရှင်နတ်ဘုရားဖြစ်တယ်။ နေနတ်ဘုရားတစ်ပါးအနေနဲ့ ကောင်းကင်ဘုံကိုဖြတ်ပြီး မနက်ကနေညတိုင်အောာင် သူ့ရဲ့လှေလေးနဲ့နေ့စဥ်ရွက်လွှင့်သွားလေ့ရှိတယ်လို့ ယုံကြည်ကြတယ်။ ခေါင်းပေါ်မှာ နေမင်းပုံစက်ကွင်းလေးဆောင်းထားတဲ့ သိမ်းငှက်ခေါင်းနဲ့လူခန္ဓာ လို့ပုံဖော်လေ့ရှိကြတယ်။ သိမ်းငှက်ခေါင်းပေါ်က နေစက်ကွင်း ကိုတော့ Uraeus လို့ခေါ်တဲ့ အထွဋ်အမြတ်မြွေပွေးကဝိုင်းပတ်ထားတယ်။ တစ်ခါတစ်ရံသိုးထီးခေါင်းနဲ့ လူကိုယ်အဖြစ်လဲ ပုံဖော်တတ်ကြတယ်။
ဘီစီ ၁၅၇၀ နောက်ပိုင်းမှာတော့ အီဂျစ်ပြည် သီးဘီးစ်မှာနိုင်ငံအသစ်ပေါ်ထွန်းလာပြီး Amun နဲ့ Ra တို့ပေါင်းစပ်လို့ Amun-Ra ဆိုတဲ့ တန်ခိုးအကြီးဆုံး၊နတ်ဘုရားတွေရဲ့ဘုရင်အဖြစ်ပေါ်ပေါက်လာတယ်။
ဖာရိုဘုရင်တွေရဲ့ ဖခင်အဖြစ် ယုံကြည်ကိုးကွယ်ခဲ့ကြတယ်။
နတ်ဘုရား Amun-Ra ရဲ့သင်္ကေတကတော့ မိဿရာသီ(Aries) ရဲ့သင်္ကေတဖြစ်တဲ့ သိုးထီးတစ်ကောင်ပဲပေါ့။
ဂရိဒဏ္ဍာရီလာ မိဿနက္ခတ်၏သင်္ကေတ
******************************
ဂရိဒဏ္ဍာရီမှာ Phrixus နဲ့ Helle ဆိုတဲ့ အမွှာမောင်နှမကလေးနှစ်ယောက်ရှိခဲ့တယ်။ သူတို့အဖေက ဘုရင်တစ်ပါးဖြစ်ပြီး Athamas လို့ခေါ်တယ်။ Boeotia ပြည်ရဲ့ဘုရင်ပေါ့။
ကလေးတွေရဲ့အမေကနတ်သမီးတစ်ပါးဖြစ်တယ်။
Phrixus နဲ့ Helle တို့ရဲ့အမေနဲ့ကွဲကွာပြီးတဲ့နောက်မှာ ဘုရင်ကြီးက နောက်ထပ်မိဖုရားတစ်ပါးထပ်မြှောက်လိုက်တယ်။
မိထွေးဖြစ်သူမိဖုရား Ino က အမွှာလေးတွေကို မျက်မုန်းကျိုးပြီး၊ မကြည်ဖြူပါဘူး။
သူ့မှာလဲ ကိုယ်ပိုင်သားလေးနှစ်ယောက်ရှိတော့ ထီးနန်းအတွက်လဲစိတ်ပူရတဲ့အတွက်
အချိန်နဲ့အမျှ ဒီကလေးနှစ်ယောက်ကိုဖယ်ရှားပစ်ဖို့ ကြံစည်နေခဲ့ပြီး တစ်နေ့မှာတော့ အခွင့်အရေးရလာတယ်။
တိုင်းပြည်မှာ စိုက်ပျိုးသီးနှံတွေပျက်စီးပြီး ငတ်မွတ်ခေါင်းပါးမှုတွေဖြစ်လာတဲ့အခါ ဘုရင်နဲ့လယ်သမားတွေက Delphi နတ်ကွန်းကရှေ့ဖြစ်ဟောနတ်ဝင်သည်ဆီမှာ နတ်မေးကြတယ်။ မိဖုရား လာဘ်ထိုးထားတဲ့ နတ်ဝင်သည်က ဘုရင်ရဲ့ကလေးနှစ်ယောက်ကို နတ်ဘုရားတွေဆီမှာ ယဇ်ပူဇော်မှသာ တိုင်းပြည်မှာကျရောက်နေတဲ့အခက်အခဲတွေ ပြန်လည်ကောင်းမွန်သွားလိမ့်မယ်လို့ ဟောလိုက်တယ်။
ယဇ်ပူဇော်ဖို့အတွက် ယဇ်ပူဇော်စင်ဆောက်နေတုန်းမှာပဲ တိမ်တိုက်နတ်သမီးတစ်ပါးဖြစ်တဲ့ ကလေးတွေရဲ့မိခင်ရင်း Nephele က ဒီကိစ္စကိုသိသွားတဲ့အတွက် သူ့ကလေးတွေမသေရအောင် ရွှေရောင်အမွေးတွေရှိတဲ့ သိုးထီးကြီးတစ်ကောင်ကိုစေလွှတ်ပြီးကလေးတွေကို ကယ်ဆယ်စေတယ်။ မှော်သတ္တဝါဖြစ်ပြီး စကားလဲပြောနိုင်သလို၊ တောင်ပံတစ်စုံလဲပါတဲ့ ရွှေရောင်သိုးထီးကြီးက ကလေးနှစ်ယောက်ကိုတင်ပြီး ပင်လယ်ပြင်ကိုဖြတ်လို့ Colchis ပြည်ကိုပျံသန်းသွားတယ်။
ဒါပေမယ့် လမ်းမှာ ကလေးနှစ်ယောက်ထဲက Helle က မြေပြင်ကိုငုံ့ကြည့်ဖို့ကြိုးစားရင်း ဟန်ချက်ပျက်ခြေချော်လို့ သိုးပျံပေါ်ကနေ ပင်လယ်ထဲကိုပြုတ်ကျ၊ ရေနစ်သေသွားရှာသတဲ့။
တစ်ချို့ဇာတ်လမ်းတွေမှာတော့ ခရီးလမ်းကဝေးလွန်းလို့ သိုးမွေးတွေကိုကြာကြာမဆုပ်ကိုင်ထားနိုင်တော့ပဲ ပြုတ်ကျရတယ်လို့ဆိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Helle ပြုတ်ကျသွားတဲ့ ပင်လယ်ရေလက်ကြားကိုတော့ Hellespont (Helleပင်လယ်) လို့ ယနေ့တိုင်ခေါ်ကြပါတယ်တဲ့။
ကောင်လေး Phrixus တစ်ယောက်ကတော့ Colchis ကိုချောချောမောမောရောက်သွားပြီး Colchis ဘုရင်ကလဲ ကောင်းကောင်းမွန်မွန်ကြိုဆိုနေခဲ့တယ်။
သူ့တာဝန်ပြီးဆုံးသွားတဲ့ရွှေရောင်သိုးကြီးကလဲ သူ့ကိုယဇ်ပူဇော်ပြီး နတ်ဘုရား Zeus ကို ပသ ရမယ်လို့ ပြောတဲ့အတွက် Phrixus ကပြောတဲ့အတိုင်းလုပ်ပေးခဲ့တယ်။ အဲဒီနောက် ကျန်ခဲ့တဲ့ရွှေရောင်သိုးမွေးတွေနဲ့သိုးသားရေကို Colchis ရဲ့ ဘုရင်ကြီး Aeetes ကိုလက်ဆောင်ဆက်လိုက်တယ်လို့ဆိုတယ်။ ဘုရင်ကြီးက ရွှေသိုးမွေးသားရေကို စစ်မက်နတ်ဘုရား Ares ကိုရည်စူးပြီးပူဇော်ပသထားတဲ့တောအုပ်လေးတစ်ခုထဲက ဝက်သစ်ချပင်ကြီးတစ်ပင်မှာချိတ်ထားစေခဲ့ပြီး အပင်ခြေရင်းမှာဘယ်တော့မှ မအိပ်တဲ့မြွေနဂါးကြီးတစ်ကောင်ကိုအစောင့်ချထားခဲ့ပါတယ်တဲ့။
ဒါ့အပြင် ဧည့်ဝတ်ပြူငှာတဲ့ဘုရင်ကြီးက Phrixus ကိုသဘောကျတဲ့အတွက် သူ့သမီးတော်လေးနဲ့လဲ လက်ဆက်ပေးလိုက်ပါသတဲ့။
ရွှေရောင်သိုးထီးကြီးကိုတော့ နတ်ဘုရင် Zeus က ကောင်းကင်မှာ Aries ကြယ်စုအဖြစ်ဖန်ဆင်းပေးလိုက်ရာကနေ မိဿရာသီ Aries ရဲ့သင်္ကေတသိုးထီးကြီးဖြစ်လာပါတယ်လို့ ဂရိဒဏ္ဍာရီက ဆိုပါတယ်။
နောက်ဆက်တွဲအနေနဲ့ နှစ်ပေါင်းများစွာကြာသွားပြီးတဲ့တစ်နေ့မှာ Centaur Chiron ရဲ့တပည့်တစ်ဦးဖြစ်တဲ့ သူရဲကောင်း Jason နဲ့ သူရဲ့အပေါင်းအပါ လူသန်ကြီး Heracles (Hercules)၊ ဂီတပါရမီရှင်Orpheus စတဲ့ သူရဲကောင်းအမြောက်အများဟာ Argon ဆိုတဲ့လှေကြီးကိုစီးပြီး အခက်အခဲအမျိုးမျိုး၊ ထူးဆန်းတဲ့အန္တရာယ်အသွယ်သွယ်ကြားကနေစွန့်စားလို့ ရွှေသိုးသားရေကို လာရောက်ဆောင်ယူရာကနေ ဂရိဒဏ္ဍာရီမှာလူသိများတဲ့ "Jason နဲ့ Argonaut သူရဲကောင်းများ" ဆိုတဲ့ဇာတ်လမ်းတစ်ခုထပ်ပြီးပေါ်ပေါက်ခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းက မိဿရာသီခွင်နဲ့ တိုက်ရိုက်ပက်သက်နေတာမဟုတ်လို ဒီမှာပဲချန်ထားခဲ့လိုက်ပါ့မယ်။
အပေါ်မှာပြောခဲ့တဲ့ အီဂျစ်နဲ့ဂရိဒဏ္ဍာရီတွေက မိဿရာသီ Aries ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ သိုးထီးနဲ့ဆက်စပ်နေတဲ့ နောက်ခံဇာတ်လမ်းတွေပါပဲ။ မူကွဲတွေရှိနိုင်ပေမယ့် အကြမ်းအားဖြင့်တော့ ဒီဇာတ်လမ်းကျောရိုးတွေပေါ်မှာပဲ အခြေပြုထားတာပါ။ စစ်နတ်ဘုရား Ares နဲ့က နာမည်ချင်းဆင်ပေမယ့် Aries ရာသီခွင်နဲ့ ဆက်စပ်တာကိုရှာလို့မတွေ့ပါဘူး။
အင်တာနက်မှာ မောင်ဇိလက်လှမ်းမီသလောက် အဓိကအကြောင်းအရာရော၊ ယှက်နွယ်နေတာတွေရော လိုက်ဖတ်၊တိုက်ဆိုင်ပြီး လိုအပ်တဲ့အတိုင်းပြန်စုစည်းရေးထားတာဖြစ်လို့ မိဿရာသီသမားတွေရော၊ စိတ်ဝင်စားသူတွေပါ ကျေနပ်ကြလိမ့်လို့ မျှော်လင့်ပါတယ်။
မောင်ဇိ
Pictures: Internet
#MaungZi #Zodiac #Aries #myth #mythology #မောင်ဇိ #မိဿရာသီ #ဒဏ္ဍာရီ #ရာသီခွင်
=============================
မိႆရာသီခြင္ (Aries) သေကၤတ သိုးထီး၏ ဇာစ္ျမစ္
***************************************
ရာသီခြင္ ၁၂ ခုထဲမွာ ပထမဆုံးျဖစ္တဲ့ မိႆရာသီခြင္ Aries က Latin ဘာသာစကားနဲ႔ သိုးထီး (Ram) လို႔အဓိပၸါယ္ရၿပီး မိႆရာသီခြင္ရဲ႕ သေကၤတက ဦးခ်ိဳပါတဲ့သိုးထီးတစ္ေကာင္ရဲ႕ပုံျဖစ္တယ္။
ေရွးေဟာင္းေဘဘီလုံေခတ္ကတည္းက Aries ၾကယ္တာရာစုရဲ႕ သေကၤတဟာ သိုးထီး (Ram) ျဖစ္ခဲ့ေပမယ့္ Aries နဲ႔ပက္သက္လို႔ ထင္ရွားတဲ့ ဇာတ္လမ္းကေတာ့ ဂရိဒ႑ာရီက သူရဲေကာင္း Jason နဲ႔ အေပါင္းအေဖာ္ေတြရဲ႕ေ႐ႊသိုးေမြးသားေရ ရယူဖို႔ႀကိဳးစားတဲ့ ပင္လယ္ျပင္စြန႔္စားခန္းရဲ႕ အစနဲ႔ ဆက္စပ္ေနတယ္။
ေရွးက်တဲ့အီဂ်စ္ျပည္မွာေတာ့ ဦးခ်ိဳနဲ႔သိုးထီးသေကၤတက နတ္ဘုရား Amun-Ra နဲ႔ ဆက္ႏႊယ္ေနျပန္ပါတယ္။
အီဂ်စ္ဒ႑ာရီလာ မိႆနကၡတ္၏သေကၤတ
********************************
နတ္ဘုရား Amun-Ra ကို ေနနဲ႔ေလရဲ႕ နတ္ဘုရားအျဖစ္ ေရွးေခတ္အီဂ်စ္ျပည္မွာ ကိုးကြယ္ခဲ့ၾကတယ္။ အေရးပါထင္ရွားၿပီး တန္ခိုးႀကီးတဲ့နတ္ဘုရားေတြထဲမွာ တစ္ပါးအပါအဝင္ျဖစ္ပါတယ္တဲ့။
သူ႔ကို ပုံေဖာ္တဲ့အခါမွာ ဦးခ်ိဳနဲ႔သိုးထီးေခါင္း၊ လူသားကိုယ္ခႏၶာနဲ႔နတ္ဘုရားတစ္ပါး၊ ဒါမွမဟုတ္ရင္ သိုးထီးတစ္ေကာင္သက္သက္ အျဖစ္ပုံေဖာ္ေလ့ရွိၾကတယ္။ သိုးထီးက သေႏၶေအာင္ျခင္း၊ တိုက္ခိုက္မႈကိုခုံမင္ျခင္း၊ သတၱိရွိျခင္းတို႔ကို ကိုယ္စားျပဳတယ္လို႔ဆိုတယ္။
ဘီစီ၂၄၀၀-၂၃၀၀ ေလာက္က ပိရမစ္စာေတြမွာ Amun နတ္ဘုရားအေၾကာင္းကို အေစာဆုံးေတြ႕ခဲ့ရၿပီး အဲဒီအခ်ိန္က နတ္ဘုရား Amun နဲ႔ နတ္ဘုရား Ra တို႔ဟာ သတ္သတ္စီျဖစ္ပါသတဲ့။ နတ္ဘုရား Amun ဟာ Ogdoad လို႔ေခၚတဲ့နတ္ဘုရားရွစ္ပါး (ဖိုမေလးတြဲ) မွာပါဝင္ခဲ့ၿပီး သူ႔ရဲ႕ၾကင္ယာေတာ္ကေတာ့ Amaunet ျဖစ္တယ္။ ေလ ကို ကိုယ္စားျပဳတဲ့နတ္ဘုရားျဖစ္တယ္လို႔ေျပာၾကသလို တစ္ခ်ိဳ႕စာေတြမွာေတာ့ အမ်ိဳးအမည္မကြဲျပားပဲ ကိုးကြယ္ဆုေတာင္းသူရဲ႕ဆႏၵေပၚမူတည္ၿပီး အေမွာင္လဲျဖစ္ႏိုင္သလို၊ အလင္းလဲျဖစ္ႏိုင္တဲ့၊ ဒါမွမဟုတ္ ဘာမဆိုျဖစ္ႏိုင္တဲ့ လွ်ိဳ႕ဝွက္နက္နဲတဲ့ သေဘာသဘာဝရွိတယ္လို႔လဲဆိုတယ္။
Ra ကေတာ့ ေနနတ္ဘုရားနဲ႔ အရာရာကိုစတင္ဖန္တီးခဲ့တဲ့ ဖန္တီးရွင္နတ္ဘုရားျဖစ္တယ္။ ေနနတ္ဘုရားတစ္ပါးအေနနဲ႔ ေကာင္းကင္ဘုံကိုျဖတ္ၿပီး မနက္ကေနညတိုင္ေအာာင္ သူ႔ရဲ႕ေလွေလးနဲ႔ေန႔စဥ္႐ြက္လႊင့္သြားေလ့ရွိတယ္လို႔ ယုံၾကည္ၾကတယ္။ ေခါင္းေပၚမွာ ေနမင္းပုံစက္ကြင္းေလးေဆာင္းထားတဲ့ သိမ္းငွက္ေခါင္းနဲ႔လူခႏၶာ လို႔ပုံေဖာ္ေလ့ရွိၾကတယ္။ သိမ္းငွက္ေခါင္းေပၚက ေနစက္ကြင္း ကိုေတာ့ Uraeus လို႔ေခၚတဲ့ အထြဋ္အျမတ္ေႁမြေပြးကဝိုင္းပတ္ထားတယ္။ တစ္ခါတစ္ရံသိုးထီးေခါင္းနဲ႔ လူကိုယ္အျဖစ္လဲ ပုံေဖာ္တတ္ၾကတယ္။
ဘီစီ ၁၅၇၀ ေနာက္ပိုင္းမွာေတာ့ အီဂ်စ္ျပည္ သီးဘီးစ္မွာႏိုင္ငံအသစ္ေပၚထြန္းလာၿပီး Amun နဲ႔ Ra တို႔ေပါင္းစပ္လို႔ Amun-Ra ဆိုတဲ့ တန္ခိုးအႀကီးဆုံး၊နတ္ဘုရားေတြရဲ႕ဘုရင္အျဖစ္ေပၚေပါက္လာတယ္။
ဖာ႐ိုဘုရင္ေတြရဲ႕ ဖခင္အျဖစ္ ယုံၾကည္ကိုးကြယ္ခဲ့ၾကတယ္။
နတ္ဘုရား Amun-Ra ရဲ႕သေကၤတကေတာ့ မိႆရာသီ(Aries) ရဲ႕သေကၤတျဖစ္တဲ့ သိုးထီးတစ္ေကာင္ပဲေပါ့။
ဂရိဒ႑ာရီလာ မိႆနကၡတ္၏သေကၤတ
******************************
ဂရိဒ႑ာရီမွာ Phrixus နဲ႔ Helle ဆိုတဲ့ အမႊာေမာင္ႏွမကေလးႏွစ္ေယာက္ရွိခဲ့တယ္။ သူတို႔အေဖက ဘုရင္တစ္ပါးျဖစ္ၿပီး Athamas လို႔ေခၚတယ္။ Boeotia ျပည္ရဲ႕ဘုရင္ေပါ့။
ကေလးေတြရဲ႕အေမကနတ္သမီးတစ္ပါးျဖစ္တယ္။
Phrixus နဲ႔ Helle တို႔ရဲ႕အေမနဲ႔ကြဲကြာၿပီးတဲ့ေနာက္မွာ ဘုရင္ႀကီးက ေနာက္ထပ္မိဖုရားတစ္ပါးထပ္ေျမႇာက္လိုက္တယ္။
မိေထြးျဖစ္သူမိဖုရား Ino က အမႊာေလးေတြကို မ်က္မုန္းက်ိဳးၿပီး၊ မၾကည္ျဖဴပါဘူး။
သူ႔မွာလဲ ကိုယ္ပိုင္သားေလးႏွစ္ေယာက္ရွိေတာ့ ထီးနန္းအတြက္လဲစိတ္ပူရတဲ့အတြက္
အခ်ိန္နဲ႔အမွ် ဒီကေလးႏွစ္ေယာက္ကိုဖယ္ရွားပစ္ဖို႔ ႀကံစည္ေနခဲ့ၿပီး တစ္ေန႔မွာေတာ့ အခြင့္အေရးရလာတယ္။
တိုင္းျပည္မွာ စိုက္ပ်ိဳးသီးႏွံေတြပ်က္စီးၿပီး ငတ္မြတ္ေခါင္းပါးမႈေတြျဖစ္လာတဲ့အခါ ဘုရင္နဲ႔လယ္သမားေတြက Delphi နတ္ကြန္းကေရွ႕ျဖစ္ေဟာနတ္ဝင္သည္ဆီမွာ နတ္ေမးၾကတယ္။ မိဖုရား လာဘ္ထိုးထားတဲ့ နတ္ဝင္သည္က ဘုရင္ရဲ႕ကေလးႏွစ္ေယာက္ကို နတ္ဘုရားေတြဆီမွာ ယဇ္ပူေဇာ္မွသာ တိုင္းျပည္မွာက်ေရာက္ေနတဲ့အခက္အခဲေတြ ျပန္လည္ေကာင္းမြန္သြားလိမ့္မယ္လို႔ ေဟာလိုက္တယ္။
ယဇ္ပူေဇာ္ဖို႔အတြက္ ယဇ္ပူေဇာ္စင္ေဆာက္ေနတုန္းမွာပဲ တိမ္တိုက္နတ္သမီးတစ္ပါးျဖစ္တဲ့ ကေလးေတြရဲ႕မိခင္ရင္း Nephele က ဒီကိစၥကိုသိသြားတဲ့အတြက္ သူ႔ကေလးေတြမေသရေအာင္ ေ႐ႊေရာင္အေမြးေတြရွိတဲ့ သိုးထီးႀကီးတစ္ေကာင္ကိုေစလႊတ္ၿပီးကေလးေတြကို ကယ္ဆယ္ေစတယ္။ ေမွာ္သတၱဝါျဖစ္ၿပီး စကားလဲေျပာႏိုင္သလို၊ ေတာင္ပံတစ္စုံလဲပါတဲ့ ေ႐ႊေရာင္သိုးထီးႀကီးက ကေလးႏွစ္ေယာက္ကိုတင္ၿပီး ပင္လယ္ျပင္ကိုျဖတ္လို႔ Colchis ျပည္ကိုပ်ံသန္းသြားတယ္။
ဒါေပမယ့္ လမ္းမွာ ကေလးႏွစ္ေယာက္ထဲက Helle က ေျမျပင္ကိုငုံ႔ၾကည့္ဖို႔ႀကိဳးစားရင္း ဟန္ခ်က္ပ်က္ေျခေခ်ာ္လို႔ သိုးပ်ံေပၚကေန ပင္လယ္ထဲကိုျပဳတ္က်၊ ေရနစ္ေသသြားရွာသတဲ့။
တစ္ခ်ိဳ႕ဇာတ္လမ္းေတြမွာေတာ့ ခရီးလမ္းကေဝးလြန္းလို႔ သိုးေမြးေတြကိုၾကာၾကာမဆုပ္ကိုင္ထားႏိုင္ေတာ့ပဲ ျပဳတ္က်ရတယ္လို႔ဆိုတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Helle ျပဳတ္က်သြားတဲ့ ပင္လယ္ေရလက္ၾကားကိုေတာ့ Hellespont (Helleပင္လယ္) လို႔ ယေန႔တိုင္ေခၚၾကပါတယ္တဲ့။
ေကာင္ေလး Phrixus တစ္ေယာက္ကေတာ့ Colchis ကိုေခ်ာေခ်ာေမာေမာေရာက္သြားၿပီး Colchis ဘုရင္ကလဲ ေကာင္းေကာင္းမြန္မြန္ႀကိဳဆိုေနခဲ့တယ္။
သူ႔တာဝန္ၿပီးဆုံးသြားတဲ့ေ႐ႊေရာင္သိုးႀကီးကလဲ သူ႔ကိုယဇ္ပူေဇာ္ၿပီး နတ္ဘုရား Zeus ကို ပသ ရမယ္လို႔ ေျပာတဲ့အတြက္ Phrixus ကေျပာတဲ့အတိုင္းလုပ္ေပးခဲ့တယ္။ အဲဒီေနာက္ က်န္ခဲ့တဲ့ေ႐ႊေရာင္သိုးေမြးေတြနဲ႔သိုးသားေရကို Colchis ရဲ႕ ဘုရင္ႀကီး Aeetes ကိုလက္ေဆာင္ဆက္လိုက္တယ္လို႔ဆိုတယ္။ ဘုရင္ႀကီးက ေ႐ႊသိုးေမြးသားေရကို စစ္မက္နတ္ဘုရား Ares ကိုရည္စူးၿပီးပူေဇာ္ပသထားတဲ့ေတာအုပ္ေလးတစ္ခုထဲက ဝက္သစ္ခ်ပင္ႀကီးတစ္ပင္မွာခ်ိတ္ထားေစခဲ့ၿပီး အပင္ေျခရင္းမွာဘယ္ေတာ့မွ မအိပ္တဲ့ေႁမြနဂါးႀကီးတစ္ေကာင္ကိုအေစာင့္ခ်ထားခဲ့ပါတယ္တဲ့။
ဒါ့အျပင္ ဧည့္ဝတ္ျပဴငွာတဲ့ဘုရင္ႀကီးက Phrixus ကိုသေဘာက်တဲ့အတြက္ သူ႔သမီးေတာ္ေလးနဲ႔လဲ လက္ဆက္ေပးလိုက္ပါသတဲ့။
ေ႐ႊေရာင္သိုးထီးႀကီးကိုေတာ့ နတ္ဘုရင္ Zeus က ေကာင္းကင္မွာ Aries ၾကယ္စုအျဖစ္ဖန္ဆင္းေပးလိုက္ရာကေန မိႆရာသီ Aries ရဲ႕သေကၤတသိုးထီးႀကီးျဖစ္လာပါတယ္လို႔ ဂရိဒ႑ာရီက ဆိုပါတယ္။
ေနာက္ဆက္တြဲအေနနဲ႔ ႏွစ္ေပါင္းမ်ားစြာၾကာသြားၿပီးတဲ့တစ္ေန႔မွာ Centaur Chiron ရဲ႕တပည့္တစ္ဦးျဖစ္တဲ့ သူရဲေကာင္း Jason နဲ႔ သူရဲ႕အေပါင္းအပါ လူသန္ႀကီး Heracles (Hercules)၊ ဂီတပါရမီရွင္Orpheus စတဲ့ သူရဲေကာင္းအေျမာက္အမ်ားဟာ Argon ဆိုတဲ့ေလွႀကီးကိုစီးၿပီး အခက္အခဲအမ်ိဳးမ်ိဳး၊ ထူးဆန္းတဲ့အႏၲရာယ္အသြယ္သြယ္ၾကားကေနစြန႔္စားလို႔ ေ႐ႊသိုးသားေရကို လာေရာက္ေဆာင္ယူရာကေန ဂရိဒ႑ာရီမွာလူသိမ်ားတဲ့ "Jason နဲ႔ Argonaut သူရဲေကာင္းမ်ား" ဆိုတဲ့ဇာတ္လမ္းတစ္ခုထပ္ၿပီးေပၚေပါက္ခဲ့ပါေသးတယ္။ ဒီဇာတ္လမ္းက မိႆရာသီခြင္နဲ႔ တိုက္႐ိုက္ပက္သက္ေနတာမဟုတ္လို ဒီမွာပဲခ်န္ထားခဲ့လိုက္ပါ့မယ္။
အေပၚမွာေျပာခဲ့တဲ့ အီဂ်စ္နဲ႔ဂရိဒ႑ာရီေတြက မိႆရာသီ Aries ရဲ႕ အမွတ္တံဆိပ္ျဖစ္တဲ့ သိုးထီးနဲ႔ဆက္စပ္ေနတဲ့ ေနာက္ခံဇာတ္လမ္းေတြပါပဲ။ မူကြဲေတြရွိႏိုင္ေပမယ့္ အၾကမ္းအားျဖင့္ေတာ့ ဒီဇာတ္လမ္းေက်ာ႐ိုးေတြေပၚမွာပဲ အေျချပဳထားတာပါ။ စစ္နတ္ဘုရား Ares နဲ႔က နာမည္ခ်င္းဆင္ေပမယ့္ Aries ရာသီခြင္နဲ႔ ဆက္စပ္တာကိုရွာလို႔မေတြ႕ပါဘူး။
အင္တာနက္မွာ ေမာင္ဇိလက္လွမ္းမီသေလာက္ အဓိကအေၾကာင္းအရာေရာ၊ ယွက္ႏြယ္ေနတာေတြေရာ လိုက္ဖတ္၊တိုက္ဆိုင္ၿပီး လိုအပ္တဲ့အတိုင္းျပန္စုစည္းေရးထားတာျဖစ္လို႔ မိႆရာသီသမားေတြေရာ၊ စိတ္ဝင္စားသူေတြပါ ေက်နပ္ၾကလိမ့္လို႔ ေမွ်ာ္လင့္ပါတယ္။
ေမာင္ဇိ
Pictures: Internet
#MaungZi #Zodiac #Aries #myth #mythology #ေမာင္ဇိ #မိႆရာသီ #ဒ႑ာရီ #ရာသီခြင္
No comments:
Post a Comment