မိန်ရာသီခွင် (Pisces) သင်္ကေတ ငါးနှစ်ကောင်၏ဇာစ်မြစ်
*****************************************
မိန်ရာသီခွင် (Pisces) ရဲ့သင်္ကေတက အမြီးမှာကြိုးချည်ထားတဲ့ ငါးနှစ်ကောင်ပုံပါ။ ကောင်းကင်မှာရှိတဲ့ မိန်ရာသီနက္ခတ်ကိုကြည့်လိုက်ရင် ငါးနှစ်ကောင်ပုံကိုတွေ့ရမှာဖြစ်ပြီး တစ်ကောင်နဲ့တစ်ကောင်ကိုကြိုးတစ်ချောင်းနဲ့ဆက်သွယ်ထားသလိုတွေ့ရမှာဖြစ်တယ်လို့ဆိုပါတယ်။ သူ့ရဲ့နောက်ခံဇာတ်လမ်းကတော့ တစ်ခြားနက္ခတ်တွေလိုအများကြီးမရှိပဲ ဇာတ်လမ်းတစ်ခုထဲကိုပဲ မူကွဲနည်းနည်းနဲ့သာရှိပါတယ်။
ဂရိနဲ့ရောမဒဏ္ဍာရီလာ ဇာတ်လမ်းပေါ့။
ဂရိဒဏ္ဍာရီလာ မိန်ရာသီခွင်၏ သင်္ကေတ
******************************
အိုလံပစ်တောင်မှာစိုးစံတဲ့ နတ်ဘုရင် Zeus (ဇူးစ်) ကို နတ်ဘုရားအားလုံးရဲ့မိခင်ဖြစ်သူ ကမ္ဘာမြေကိုကိုယ်စားပြုတဲ့ Gaia (ဂိုင်းယာ) ကမကျေနပ်ပါဘူး။ အဓိကအကြောင်းရင်းကတော့ သူ့သားတွေဖြစ်တဲ့ တိုက်တန်နတ်ဘုရားတွေကို Zeus က ကမ္ဘာမြေရဲ့အနက်ရှိုင်းဆုံးဖြစ်တဲ့ မြေအောက်ကမ္ဘာက Tartarus ( တားတရက်စ်) မှာချုပ်နှောင်ထားလို့ပါ။
ဇာတ်ကြောင်းပြန်ရရင်တော့ စကြဝဠာကိုပိုင်စိုးတဲ့ Cronus (ခရိုးနပ်စ်) ဦးဆောင်တဲ့တိုက်တန်နတ်ဘုရားတွေကို Zeus ခေါင်းဆောင်တဲ့အိုလံပီရန်နတ်ဘုရားတွေက ပုန်ကန်ရာကနေစပါတယ်။ ဆယ်နှစ်ကျော်စစ်ပွဲကြီးဖြစ်ပြီးတဲ့နောက် တိုက်တန်တွေအရေးနိမ့်ပြီး အနိုင်ရသူအိုလံပီရန်တွေရဲ့ပြစ်ဒဏ်ပေးခြင်းကိုခံရပါတယ်။ အဲဒီကမှ Cronus နဲ့ တိုက်တန်တစ်ချို့ကို မြေအောက်ကမ္ဘာရဲ့ Tartarus မှာ ထာဝရချုပ်နှောင်ထားခြင်းဖြင့် Zeus ကအပြစ်ပေးခဲ့ပါတယ်။ တိုက်တန်တွေရဲ့မိခင်ကြီးဖြစ်တဲ့ Gaia ကတော့ သူ့သားတွေကိုမြေအောက်ကမ္ဘာမှာချုပ်နှောင်ထားလို့ မကျေလည်ပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ နတ်ဘုရင် Zeus ကိုပြန်လက်စားချေဖို့အတွက် မိစ္ဆာသတ္တဝါတွေအားလုံးရဲ့ ဘိုးအေကြီးဖြစ်တဲ့ Typhon (တိုင်ဖွန်) ကိုဖန်တီးမွေးဖွားပြီး အိုလံပစ်တောင်ကိုတိုက်ခိုက်စေပါတော့တယ်။
Typhon ကလူ့ကိုယ်ခန္ဓာအပေါ်ပိုင်းနဲ့မြွေတစ်ကောင်ရဲ့အောက်ပိုင်းကိုပေါင်းစပ်ထားတဲ့ ပုံမျိုးရှိပြီး သူ့လက်ချောင်းတွေကလဲ မြွေဆိုးမြွေဟောက်ပေါင်းတစ်ရာလောက်နဲ့လုပ်ထားတာပါ။ ချွန်တဲ့နားရွက်တွေ၊ နှစ်ခုသောဦးချို၊ ရှည်လျားတဲ့မုတ်ဆိတ်၊ မီးဝင်းဝင်းတောက်တဲ့မျက်လုံးတွေနဲ့ မီးတောက်မီးလျှံတွေကိုထုတ်လွှတ်နိုင်တဲ့ အာခံတွင်းကိုပိုင်ဆိုင်ပါတယ်။ ကိုယ်ပေါ်မှာလဲတောင်ပံပေါင်းတစ်ရာရှိပါတယ်။
သူ့အရပ်ကလဲ ကြယ်တာရာတွေကိုထိမတတ်မြင့်မားပြီး ခွန်အားကြီးမားရုံမက ကြမ်းတမ်းရက်စက်တယ်လို့လဲဆိုတယ်။
အိုလံပစ်တောင်ကိုတိုက်ခိုက်ဖို့လာနေတဲ့
Typhon ကို လူကိုယ်နဲ့ဆိတ်ခြေထောက်တွေရှိတဲ့ ဆိတ်နတ် Pan (ပန်) ကအရင်ဆုံးမြင်ပြီး Typhon လက်ကလွတ်ဖို့ မြစ်ထဲခုန်ချ၊ ငါးတစ်ကောင်ပုံပြောင်းပြီး ပြေးပါတယ်။ ဆိတ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းမှာငါးအမြီးပါတဲ့ ဆိတ်နတ်Pan ပြောင်းလိုက်တဲ့ပုံက မကာရရာသီခွင် (Capricorn) ရဲ့သင်္ကေတတစ်ခုလဲဖြစ်တယ်လို့ တစ်ချို့ဒဏ္ဍာရီမှာ ဆိုထားပါသေးတယ်(Capricorn အကြောင်းမှာပါ)။
အိုလံပစ်တောင်မှာရှိတဲ့ တစ်ခြားနတ်ဘုရားတော်တော်များများလဲ Typhon ရန်ကလွတ်ဖို့ထွက်ပြေးကြရပါတယ်တဲ့။ အလှအပနဲ့ဖိုမအချစ်တို့ရဲ့နတ်ဘုရားမဖြစ်တဲ့ Aphrodite အဖရိုဒိုက်တီ (ရောမအခေါ် Venus) နဲ့ သူ့သားတော်လေးဖြစ်တဲ့ ကျောပေါ်မှာတောင်ပံလေးနှစ်ဖက်ပါတဲ့မြှားနတ်မောင် Ero အီရို ( ရောမအခေါ် Cupid) တို့ဟာလဲ ပြေးကြရတဲ့နတ်ဘုရားတွေမှာအပါအဝင်ပေါ့။ သားအမိနှစ်ယောက်ပြေးလာလိုက်ကြတာ နောက်ဆုံးမှာ မြစ်ကမ်းတစ်ခုကိုရောက်လာကြသတဲ့။ နောက်က Typhon ရဲ့ရန်ကိုလဲကြောက်ရ၊ ရှေ့မှာလဲမြစ်နဲ့ဖြစ်နေချိန်မှာ မြစ်ထဲကနေ ငါးလေးနှစ်ကောင်ပေါ်လာပြီး Aphrodite နဲ့ Ero တို့ကိုတစ်ယောက်စီကျောပေါ်မှာတင်၊ ရေထဲမှာကူးခတ်သွားလို့ Typhon လက်ကလွတ်အောင် ကယ်ဆယ်ခဲ့ကြပါတယ်တဲ့။ တစ်ချို့ဒဏ္ဍာရီတွေမှာတော့ ငါးကလေးတွေနည်းလမ်းပြတဲ့အတိုင်း Aphrodite နဲ့ Ero ကိုယ်တိုင်ငါးပုံစံပြောင်း၊ တစ်ယောက်နဲ့တစ်ယောက်မကွဲအောင် အမြီးတွေမှာကြိုးနဲ့ချည်ပြီး မြစ်ထဲမှာကူးခတ်ပြေးတယ်လို့လဲ ပြောကြပါတယ်။
Typhon ကိုနှိမ်နင်းနိုင်ပြီးတဲ့နောက် အရာရာအေးချမ်းသွားချိန်မှာတော့ Aphrodite နဲ့ Ero တို့ကိုကယ်တင်ခဲ့တဲ့ ငါးလေးနှစ်ကောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ နတ်ဘုရားတွေက ကောင်းကင်မှာ အမြီးနှစ်ခုကို ကြိုးတစ်ချာင်းနဲ့ဆက်သွယ်ထားတဲ့ငါးနှစ်ကောင်ပုံနက္ခတ်တစ်ခုကို ဖန်ဆင်းပေးလိုက်ပါသတဲ့။
အဲဒီနက္ခတ်ကတော့ မိန်ရာသီခွင် (Pisces) ရဲ့သင်္ကေတ ငါးနှစ်ကောင်ပုံပါပဲ။
မောင်ဇိ
#ရာသီခွင်ဇာတ်လမ်း #မောင်ဇိ #မောင်ဇိ၏ပုံပြင်များ #မိန်ရာသီ #MaungZi #MaungZitales #Myth #Mythology #Horoscope #Pisces
======================================================================
မိန္ရာသီခြင္ (Pisces) သေကၤတ ငါးႏွစ္ေကာင္၏ဇာစ္ျမစ္
*****************************************
မိန္ရာသီခြင္ (Pisces) ရဲ႕သေကၤတက အၿမီးမွာႀကိဳးခ်ည္ထားတဲ့ ငါးႏွစ္ေကာင္ပုံပါ။ ေကာင္းကင္မွာရွိတဲ့ မိန္ရာသီနကၡတ္ကိုၾကည့္လိုက္ရင္ ငါးႏွစ္ေကာင္ပုံကိုေတြ႕ရမွာျဖစ္ၿပီး တစ္ေကာင္နဲ႔တစ္ေကာင္ကိုႀကိဳးတစ္ေခ်ာင္းနဲ႔ဆက္သြယ္ထားသလိုေတြ႕ရမွာျဖစ္တယ္လို႔ဆိုပါတယ္။ သူ႔ရဲ႕ေနာက္ခံဇာတ္လမ္းကေတာ့ တစ္ျခားနကၡတ္ေတြလိုအမ်ားႀကီးမရွိပဲ ဇာတ္လမ္းတစ္ခုထဲကိုပဲ မူကြဲနည္းနည္းနဲ႔သာရွိပါတယ္။
ဂရိနဲ႔ေရာမဒ႑ာရီလာ ဇာတ္လမ္းေပါ့။
ဂရိဒ႑ာရီလာ မိန္ရာသီခြင္၏ သေကၤတ
******************************
အိုလံပစ္ေတာင္မွာစိုးစံတဲ့ နတ္ဘုရင္ Zeus (ဇူးစ္) ကို နတ္ဘုရားအားလုံးရဲ႕မိခင္ျဖစ္သူ ကမာၻေျမကိုကိုယ္စားျပဳတဲ့ Gaia (ဂိုင္းယာ) ကမေက်နပ္ပါဘူး။ အဓိကအေၾကာင္းရင္းကေတာ့ သူ႔သားေတြျဖစ္တဲ့ တိုက္တန္နတ္ဘုရားေတြကို Zeus က ကမာၻေျမရဲ႕အနက္ရႈိင္းဆုံးျဖစ္တဲ့ ေျမေအာက္ကမာၻက Tartarus ( တားတရက္စ္) မွာခ်ဳပ္ေႏွာင္ထားလို႔ပါ။
ဇာတ္ေၾကာင္းျပန္ရရင္ေတာ့ စၾကဝဠာကိုပိုင္စိုးတဲ့ Cronus (ခ႐ိုးနပ္စ္) ဦးေဆာင္တဲ့တိုက္တန္နတ္ဘုရားေတြကို Zeus ေခါင္းေဆာင္တဲ့အိုလံပီရန္နတ္ဘုရားေတြက ပုန္ကန္ရာကေနစပါတယ္။ ဆယ္ႏွစ္ေက်ာ္စစ္ပြဲႀကီးျဖစ္ၿပီးတဲ့ေနာက္ တိုက္တန္ေတြအေရးနိမ့္ၿပီး အႏိုင္ရသူအိုလံပီရန္ေတြရဲ႕ျပစ္ဒဏ္ေပးျခင္းကိုခံရပါတယ္။ အဲဒီကမွ Cronus နဲ႔ တိုက္တန္တစ္ခ်ိဳ႕ကို ေျမေအာက္ကမာၻရဲ႕ Tartarus မွာ ထာဝရခ်ဳပ္ေႏွာင္ထားျခင္းျဖင့္ Zeus ကအျပစ္ေပးခဲ့ပါတယ္။ တိုက္တန္ေတြရဲ႕မိခင္ႀကီးျဖစ္တဲ့ Gaia ကေတာ့ သူ႔သားေတြကိုေျမေအာက္ကမာၻမွာခ်ဳပ္ေႏွာင္ထားလို႔ မေက်လည္ပါဘူး။ ဒီလိုနဲ႔ တစ္ေန႔မွာေတာ့ နတ္ဘုရင္ Zeus ကိုျပန္လက္စားေခ်ဖို႔အတြက္ မိစာၦသတၱဝါေတြအားလုံးရဲ႕ ဘိုးေအႀကီးျဖစ္တဲ့ Typhon (တိုင္ဖြန္) ကိုဖန္တီးေမြးဖြားၿပီး အိုလံပစ္ေတာင္ကိုတိုက္ခိုက္ေစပါေတာ့တယ္။
Typhon ကလူ႔ကိုယ္ခႏၶာအေပၚပိုင္းနဲ႔ေႁမြတစ္ေကာင္ရဲ႕ေအာက္ပိုင္းကိုေပါင္းစပ္ထားတဲ့ ပုံမ်ိဳးရွိၿပီး သူ႔လက္ေခ်ာင္းေတြကလဲ ေႁမြဆိုးေႁမြေဟာက္ေပါင္းတစ္ရာေလာက္နဲ႔လုပ္ထားတာပါ။ ခြၽန္တဲ့နား႐ြက္ေတြ၊ ႏွစ္ခုေသာဦးခ်ိဳ၊ ရွည္လ်ားတဲ့မုတ္ဆိတ္၊ မီးဝင္းဝင္းေတာက္တဲ့မ်က္လုံးေတြနဲ႔ မီးေတာက္မီးလွ်ံေတြကိုထုတ္လႊတ္ႏိုင္တဲ့ အာခံတြင္းကိုပိုင္ဆိုင္ပါတယ္။ ကိုယ္ေပၚမွာလဲေတာင္ပံေပါင္းတစ္ရာရွိပါတယ္။
သူ႔အရပ္ကလဲ ၾကယ္တာရာေတြကိုထိမတတ္ျမင့္မားၿပီး ခြန္အားႀကီးမား႐ုံမက ၾကမ္းတမ္းရက္စက္တယ္လို႔လဲဆိုတယ္။
အိုလံပစ္ေတာင္ကိုတိုက္ခိုက္ဖို႔လာေနတဲ့
Typhon ကို လူကိုယ္နဲ႔ဆိတ္ေျခေထာက္ေတြရွိတဲ့ ဆိတ္နတ္ Pan (ပန္) ကအရင္ဆုံးျမင္ၿပီး Typhon လက္ကလြတ္ဖို႔ ျမစ္ထဲခုန္ခ်၊ ငါးတစ္ေကာင္ပုံေျပာင္းၿပီး ေျပးပါတယ္။ ဆိတ္အေပၚပိုင္းနဲ႔ ေအာက္ပိုင္းမွာငါးအၿမီးပါတဲ့ ဆိတ္နတ္Pan ေျပာင္းလိုက္တဲ့ပုံက မကာရရာသီခြင္ (Capricorn) ရဲ႕သေကၤတတစ္ခုလဲျဖစ္တယ္လို႔ တစ္ခ်ိဳ႕ဒ႑ာရီမွာ ဆိုထားပါေသးတယ္(Capricorn အေၾကာင္းမွာပါ)။
အိုလံပစ္ေတာင္မွာရွိတဲ့ တစ္ျခားနတ္ဘုရားေတာ္ေတာ္မ်ားမ်ားလဲ Typhon ရန္ကလြတ္ဖို႔ထြက္ေျပးၾကရပါတယ္တဲ့။ အလွအပနဲ႔ဖိုမအခ်စ္တို႔ရဲ႕နတ္ဘုရားမျဖစ္တဲ့ Aphrodite အဖ႐ိုဒိုက္တီ (ေရာမအေခၚ Venus) နဲ႔ သူ႔သားေတာ္ေလးျဖစ္တဲ့ ေက်ာေပၚမွာေတာင္ပံေလးႏွစ္ဖက္ပါတဲ့ျမႇားနတ္ေမာင္ Ero အီ႐ို ( ေရာမအေခၚ Cupid) တို႔ဟာလဲ ေျပးၾကရတဲ့နတ္ဘုရားေတြမွာအပါအဝင္ေပါ့။ သားအမိႏွစ္ေယာက္ေျပးလာလိုက္ၾကတာ ေနာက္ဆုံးမွာ ျမစ္ကမ္းတစ္ခုကိုေရာက္လာၾကသတဲ့။ ေနာက္က Typhon ရဲ႕ရန္ကိုလဲေၾကာက္ရ၊ ေရွ႕မွာလဲျမစ္နဲ႔ျဖစ္ေနခ်ိန္မွာ ျမစ္ထဲကေန ငါးေလးႏွစ္ေကာင္ေပၚလာၿပီး Aphrodite နဲ႔ Ero တို႔ကိုတစ္ေယာက္စီေက်ာေပၚမွာတင္၊ ေရထဲမွာကူးခတ္သြားလို႔ Typhon လက္ကလြတ္ေအာင္ ကယ္ဆယ္ခဲ့ၾကပါတယ္တဲ့။ တစ္ခ်ိဳ႕ဒ႑ာရီေတြမွာေတာ့ ငါးကေလးေတြနည္းလမ္းျပတဲ့အတိုင္း Aphrodite နဲ႔ Ero ကိုယ္တိုင္ငါးပုံစံေျပာင္း၊ တစ္ေယာက္နဲ႔တစ္ေယာက္မကြဲေအာင္ အၿမီးေတြမွာႀကိဳးနဲ႔ခ်ည္ၿပီး ျမစ္ထဲမွာကူးခတ္ေျပးတယ္လို႔လဲ ေျပာၾကပါတယ္။
Typhon ကိုႏွိမ္နင္းႏိုင္ၿပီးတဲ့ေနာက္ အရာရာေအးခ်မ္းသြားခ်ိန္မွာေတာ့ Aphrodite နဲ႔ Ero တို႔ကိုကယ္တင္ခဲ့တဲ့ ငါးေလးႏွစ္ေကာင္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ နတ္ဘုရားေတြက ေကာင္းကင္မွာ အၿမီးႏွစ္ခုကို ႀကိဳးတစ္ခ်ာင္းနဲ႔ဆက္သြယ္ထားတဲ့ငါးႏွစ္ေကာင္ပုံနကၡတ္တစ္ခုကို ဖန္ဆင္းေပးလိုက္ပါသတဲ့။
အဲဒီနကၡတ္ကေတာ့ မိန္ရာသီခြင္ (Pisces) ရဲ႕သေကၤတ ငါးႏွစ္ေကာင္ပုံပါပဲ။
ေမာင္ဇိ
#ရာသီခြင္ဇာတ္လမ္း #ေမာင္ဇိ #ေမာင္ဇိ၏ပုံျပင္မ်ား #မိန္ရာသီ #MaungZi #MaungZitales #Myth #Mythology #Horoscope #Pisces