Friday, November 13, 2020

ကုမ်ရာသီခွင် (Aquarius) သင်္ကေတ ရေသွန်းသူဇာစ်မြစ်

ကုမ်ရာသီခွင် (Aquarius) သင်္ကေတ ရေသွန်းသူဇာစ်မြစ်
*********************************************
ကုမ်ရာသီခွင် Aquarius ရဲ့ နာမည်ကို လက်တင်ဘာသာကနေ အင်္ဂလိပ်ဘာသာပြန်ရရင် ‌‌"water-carrier" ဒါမှမဟုတ် "cup-bearer" လို့ပြန်ကြတယ်။ မြန်မာလိုဆိုရင်တော့ "ရေထမ်းသူ" သို့မဟုတ် " အဖျော်ယမကာကမ်းသူ" လို့ပြန်ရမယ်ထင်ပါတယ်။ သင်္ကေတကိုတော့ ယောကျ်ားတစ်ယောက်က ရေအိုးထဲကရေတွေသွန်ချပေးနေပုံ သရုပ်ဖော်လေ့ရှိတယ်။ ဘေဘီလုံခေတ်မတိုင်ခင်ကတည်းကရှိခဲ့တဲ့ ရှေးကျတဲ့နက္ခတ်တွေထဲမှာတစ်ခုအပါအဝင်ပေါ့။

ဘေဘီလုံဒဏ္ဍာရီလာ ကုမ်ရာသီ၏ သင်္ကေတ
**********************************
ဘေဘီလုံရှေးဟောင်းကျောက်စာတွေမှာ ကုမ်ရာသီ Aquarius ကို နတ်ဘုရား Ea နဲ့ဆက်စပ်တယ်လို့ဖော်ပြကြတယ်။ Ea ဆိုတာက ဘေဘီလုံရေနတ်ဘုရား။ သူ့လက်ထဲမှာ ရေလျှံကျနေတဲ့ရေတကောင်းတစ်လုံးကိုင်ထားတဲ့ပုံနဲ့ ဖော်ပြလေ့ရှိတယ်။ Ea ကိုဘေဘီလုံခတ်မတိုင်ခင် ဆူမီးရီးရန်းခေတ်မှာတော့ Enki ဆိုတဲ့နာမည်နဲ့ကိုးကွယ်ခဲ့ကြတယ်။ ဖန်တီးရှင်နတ်ဘုရား၊ ပင်လယ်၊ မြစ်ချောင်း၊ အင်းအိုင်တို့ရဲ့ရေနတ်ဘုရား၊ အသိပညာဗဟုသုတ၊ လက်မှုပညာနဲ့  နောက်ပြောင်ဆော့ကစားမှုတို့ကို အစိုးရတဲ့နတ်ဘုရားတစ်ပါးဖြစ်တယ်။
(မကာရရာသီခွင် Capricorn ရဲ့ဆိတ်တစ်ပိုင်းငါးတစ်ပိုင်းကလဲ Enki နဲ့ပက်သက်တယ်လို့ဆိုထားတယ်)။

အီဂျစ်ဒဏ္ဍာရီလာ ကုမ်ရာသီ၏ သင်္ကေတ
*******************************
ရှေးခေတ်အီဂျစ်တွေအတွက်ကတော့ ကုမ်ရာသီဟာ နိုင်းမြစ်ရေကြီးမှုနဲ့ဆက်နွယ်နေတယ်လို့ ယူဆကြတယ်။ ကောင်းကင်ပေါ်ကကုမ်ရာသီခွင်ရဲ့ရေကရားကစီးကျလာတဲ့ရေတွေဟာ နှစ်စဉ်နိုင်းမြစ်ရေကြီးမှုရဲ့ အဓိကလက်သည်တရားခံပါတဲ့။
မြစ်ကမ်းပါးကိုကျော်ပြီးတက်လာတဲ့ရေတွေက နိုင်းမြစ်ရဲ့ဝဲယာတစ်လျှောက်မှာရှိတဲ့ စိုက်ပျိုးခင်းတွေအတွက်လိုအပ်တဲ့ရေကို အလျှံပယ်ရရှိစေတယ်။

ဂရိဒဏ္ဍာရီလာ ကုမ်ရာသီ၏ သင်္ကေတ (၁)
*****************************
ဂရိဒဏ္ဍာရီမှာတော့ ကုမ်ရာသီနဲ့ပက်သက်ပြီး ဇာတ်လမ်းနှစ်ခုရှိတယ်။
ပထမတစ်ခုက တိုက်တန်တစ်ဦးဖြစ်တဲ့ Prometheus ရဲ့သား Deucalion နဲ့ပက်သက်တယ်။ ကြေးခေတ်လူသားတွေကို ရေလွှမ်းပြီးဖျက်ပစ်ဖို့ နတ်ဘုရင် Zeus ကစီမံတဲ့အခါမှာ Prometheus ကသူ့သားကို သတိပေးခဲ့တဲ့အတွက် Deucalion နဲ့ သူ့ကြင်ယာဖြစ်သူPyrrha တို့က ရေလုံတဲ့ဧရာမသေတ္တာကြီးတစ်ခုထဲမှာဝင်နေခြင်းဖြင့်လွတ်မြောက်သွားကြတယ်။ ကမ္ဘာ‌ြမေပေါ်မှာ ကိုးရက်ကြာရေလွှမ်းမိုးသွားပြီးတဲ့နောက် သူတို့နှစ်ဦးထဲရှင်ကျန်ရစ်ခဲ့ကြလို့ ကမ္ဘာမြေကိုလူဦးရေပြန်လည်စည်ပင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို နတ်ဘုရား Themis ရဲ့နတ်ကွန်းမှာသွားမေးကြပါသတဲ့။ နတ်ဝင်သည်က "မိခင်ရဲ့အရိုးတွေကို နောက်ပြန်ပစ်ခြင်းနဲ့ လူဦးရေပြန်လည်တိုးပွားလာမယ်"လို့အတိတ်ပေးလိုက်တယ်။ Deucalion နဲ့ Pyrrha တို့ကလဲ မိခင်ဆိုတာကမ္ဘာမြေကြီးဖြစ်တဲ့ Gaia ကိုညွှန်းတာဖြစ်ပြီး၊ အရိုးတွေကတော့ ကျောက်တုံးတွေကိုဆိုလိုတာဖြစ်မယ်လို့ အနက်ပြန်ပြီး ကျောက်တုံးတွေကိုကျောပေါ်ကကျော်ပြီးနောက်ပြန်ပစ်လိုက်တဲ့အခါ အဲဒီကျောက်တုံးတွေကနေလူတွေဖြစ်သွားပြီး အဲဒီကစလို့ ကမ္ဘာ့လူဦးရေပြန်လည်ဖွံ့ဖြိုးလာတယ်လို့ ဒဏ္ဍာရီကဆိုတယ်။
ကုမ်ရာသီခွင်မှာရေထမ်းထားတဲ့လုလင်ပုံဟာ Deucalion ဖြစ်တယ်လို့ ဒီဇာတ်လမ်းက ဖော်ပြတယ်။

ဂရိဒဏ္ဍာရီလာ ကုမ်ရာသီ၏ သင်္ကေတ (၂)
********************************
ဂရိဒဏ္ဍာရီက ဒီဒုတိယဇာတ်လမ်းကတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်။ ကုမ်ရာသီနဲ့ပက်သက်ရင် လူသိပိုများတဲ့ ဇာတ်လမ်းလဲဖြစ်တယ်။

တစ်ခါတုန်းက Ganymede ဆိုတဲ့ အင်မတန်ချောမောလှပလွန်းတဲ့သူငယ်တစ်ယောက်ရှိတယ်။ ဆယ်ကျော်သက်အရွယ် Ganymede က Troy မြို့ကဘုရင်ရဲ့သားတော်မင်းသားတစ်ပါးဖြစ်ပြီး အဲဒီဒေသမှာအချောမောအလှပဆုံးလုလင်ပျိုတစ်ယောက်ဖြစ်သတဲ့။
တစ်နေ့မှာ မြို့နဲ့မလှမ်းမကမ်းကမြက်ခင်းပြင်မှာ သူ့အဖေရဲ့သိုးတွေကျောင်းနေတဲ့ Ganymede ကို နတ်ဘုရင် Zeus ကသူ့ရဲ့သိမ်းစွန်ကိုစေလွှတ်ပြီးကုပ်ချီဖမ်းဆီးစေခဲ့တယ်။ တစ်ချို့ဒဏ္ဍာရီတွေမှာတော့ Zeus ကိုယ်တိုင် ကြီးမားတဲ့ သိမ်းစွန်ပုံစံဖန်ဆင်းပြီး လုလင်ငယ်ကို  အိုလံပစ်တောင်ရှိရာကိုခေါ်ဆောင်ခဲ့တယ်လို့လဲဆိုတယ်။
မင်းသားငယ်ရဲ့ ဖခင်ဖြစ်သူ ဘုရင် Tros ကိုတော့ Zeus ကနတ်ဘုရားတွေသုံးတဲ့မြင်းတွေလက်ဆောင်ပေးလိုက်ခြင်းအားဖြင့် ကျေနပ်နှစ်သိမ့်စေခဲ့တယ်။ ဒါ့အပြင် သားတော်ဟာ နတ်ဘုရားတွေရဲ့အဖျော်ယမကာကမ်းသူ (cup-bearer) အဖြစ်ကောင်းမွန်စွာနေရမှာဖြစ်ကြောင်းကိုပါသိစေခဲ့တယ်တဲ့။

ချောမောတဲ့ Ganymede ကို Zeus က မသေခြင်းတရားကိုပေးပြီး သူ့ရဲ့အဖျော်ယမကာဆက်သသူအဖြစ် အမှုထမ်းစေပါသတဲ့။ တစ်ချိန်ကတော့ Zeus ရဲ့ အဖျော်ယမကာခွက်ကိုအမြဲကိုင်ခဲ့သူဟာ Zeus နဲ့ သူ့ကြင်ယာတော် Hera တို့ရဲ့သမီးတော်ဖြစ်တဲ့ Hebe နတ်သမီးဖြစ်တယ်။ ခုချိန်မှာတော့ Zeus ကသမီးတော်ကိုဖယ်ရှားပြီး ရုပ်သွင်ပြေပြစ်လှပတဲ့ Ganymede ကိုသူ့ရဲ့ အဖျော်ယမကာခွက်ကိုင်လုပ်စေခဲ့တာပေါ့။
ရေခွက်ကိုကိုင်ထားတဲ့ Ganymede က လူသားတွေမိုးခေါင်ရေရှားပြီး ဒုက္ခတွေ့နေတာကိုမြင်ရတဲ့အချိန်မှာ ကရုဏာတရားဖြစ်မိလို့ ခွက်ထဲကနေ ကမ္ဘာမြေပေါ်ကို ရေတွေသွန်းလောင်းခွင့်ပြုဖို့  Zeus ကိုခွင့်တောင်းတယ်။ ခွင့်ပြုလိုက်တဲ့အခါမှာ ခြောက်သွေ့ပူပြင်းတဲ့ ကမ္ဘာမြေပေါ်ကိုရေတွေသွန်းပြီး မိုးတွေရွာစေလို့ ကောက်ပဲသီးနှံတွေကိုဖြစ်ထွန်းစေရုံမက လူသားတွေကိုပါပျော်ရွှင်စေခဲ့တယ်။
တစ်ချိန်ထဲမှာပဲ ရာထူးကဖယ်ရှားခံရတဲ့ Hebe နတ်သမီးနဲ့ မိခင်ဖြစ်သူ Hera တို့ကလဲ Ganymede ကိုမကျေနပ်ကြပါဘူး။ အထူးသဖြင့် မိဖုရားကြီး Hera က သူ့ခင်ပွန်း Zeus ကို လူချောလေးတစ်ယောက်ဖြစ်တဲ့ Ganymede နဲ့မသင်္ကာပါဘူး။ Ganymede ဟာသူ့ခင်ပွန်းကိုသူ့ဆီကလုယူမယ့်သူလို့ပဲ အခိုင်အမာယုံကြည်ယူဆနေခဲ့တယ်။ အငြင်းအခုန်တွေ၊ မကျေနပ်ချက်တွေများလာလွန်းတဲ့အတွက် နောက်ဆုံးမှာ Zeus က Ganymede ကို ရေထမ်းသမားပုံကြယ်တာရာစု Aquarius အဖြစ်ပြောင်းလဲဖန်ဆင်းပေးလိုက်ပါတယ်။ ဒီလိုနဲ့ ကုမ်ရာသီနက္ခတ် Aquarius ပေါ်ပေါက်လာတယ်လို့ ဂရိဒဏ္ဍာရီမှာ ဆိုပါတယ်။

Ganymede ရဲ့ဇာတ်လမ်းက မူကွဲတွေအများကြီးရှိပေမယ့် အဓိက ကတော့ ဒီဇာတ်လမ်းကျောရိုးပါပဲ။ အပေါ်မှာရေးခဲ့တဲ့ ဂရိဒဏ္ဍာရီက ကုမ်ရာသီသင်္ကေတဖြစ်ပေါ်လာပုံဇာတ်လမ်းတွေ၊ ဘေဘီလုံနဲ့ အီဂျစ်လူမျိုးတို့ရဲ့ ကုမ်ရာသီနဲ့ပက်သက်ဆက်နွှယ်တဲ့ ဇာတ်လမ်းတွေကတော့ မောင်ဇိလက်လှမ်းမီသ‌လောက် ရှာဖွေဖတ်ရှုထားတဲ့ထဲက လိုအပ်သလောက်ထုတ်နှုတ်၊ စုစည်းပြီး ပြန်စီစဥ်ရေးထားတာပဲဖြစ်ပါတယ်။ ကုမ်ရာသီခွင်ရဲ့ သင်္ကေတအကြောင်း နောက်ခံဇာတ်လမ်းတွေကိုသိလိုသူတွေ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မောင်ဇိ

#ရာသီခွင်ဇာတ်လမ်း #မောင်ဇိ #မောင်ဇိ၏ပုံပြင်များ #ကုမ်ရာသီ #MaungZi #MaungZitales #Myth #Mythology #Horoscope #Aquarius

====================================================================

ကုမ္ရာသီခြင္ (Aquarius) သေကၤတ ေရသြန္းသူဇာစ္ျမစ္
*********************************************
ကုမ္ရာသီခြင္ Aquarius ရဲ႕ နာမည္ကို လက္တင္ဘာသာကေန အဂၤလိပ္ဘာသာျပန္ရရင္ ‌‌"water-carrier" ဒါမွမဟုတ္ "cup-bearer" လို႔ျပန္ၾကတယ္။ ျမန္မာလိုဆိုရင္ေတာ့ "ေရထမ္းသူ" သို႔မဟုတ္ " အေဖ်ာ္ယမကာကမ္းသူ" လို႔ျပန္ရမယ္ထင္ပါတယ္။ သေကၤတကိုေတာ့ ေယာက်္ားတစ္ေယာက္က ေရအိုးထဲကေရေတြသြန္ခ်ေပးေနပုံ သ႐ုပ္ေဖာ္ေလ့ရွိတယ္။ ေဘဘီလုံေခတ္မတိုင္ခင္ကတည္းကရွိခဲ့တဲ့ ေရွးက်တဲ့နကၡတ္ေတြထဲမွာတစ္ခုအပါအဝင္ေပါ့။

ေဘဘီလုံဒ႑ာရီလာ ကုမ္ရာသီ၏ သေကၤတ
**********************************
ေဘဘီလုံေရွးေဟာင္းေက်ာက္စာေတြမွာ ကုမ္ရာသီ Aquarius ကို နတ္ဘုရား Ea နဲ႔ဆက္စပ္တယ္လို႔ေဖာ္ျပၾကတယ္။ Ea ဆိုတာက ေဘဘီလုံေရနတ္ဘုရား။ သူ႔လက္ထဲမွာ ေရလွ်ံက်ေနတဲ့ေရတေကာင္းတစ္လုံးကိုင္ထားတဲ့ပုံနဲ႔ ေဖာ္ျပေလ့ရွိတယ္။ Ea ကိုေဘဘီလုံခတ္မတိုင္ခင္ ဆူမီးရီးရန္းေခတ္မွာေတာ့ Enki ဆိုတဲ့နာမည္နဲ႔ကိုးကြယ္ခဲ့ၾကတယ္။ ဖန္တီးရွင္နတ္ဘုရား၊ ပင္လယ္၊ ျမစ္ေခ်ာင္း၊ အင္းအိုင္တို႔ရဲ႕ေရနတ္ဘုရား၊ အသိပညာဗဟုသုတ၊ လက္မႈပညာနဲ႔  ေနာက္ေျပာင္ေဆာ့ကစားမႈတို႔ကို အစိုးရတဲ့နတ္ဘုရားတစ္ပါးျဖစ္တယ္။
(မကာရရာသီခြင္ Capricorn ရဲ႕ဆိတ္တစ္ပိုင္းငါးတစ္ပိုင္းကလဲ Enki နဲ႔ပက္သက္တယ္လို႔ဆိုထားတယ္)။

အီဂ်စ္ဒ႑ာရီလာ ကုမ္ရာသီ၏ သေကၤတ
*******************************
ေရွးေခတ္အီဂ်စ္ေတြအတြက္ကေတာ့ ကုမ္ရာသီဟာ ႏိုင္းျမစ္ေရႀကီးမႈနဲ႔ဆက္ႏြယ္ေနတယ္လို႔ ယူဆၾကတယ္။ ေကာင္းကင္ေပၚကကုမ္ရာသီခြင္ရဲ႕ေရကရားကစီးက်လာတဲ့ေရေတြဟာ ႏွစ္စဥ္ႏိုင္းျမစ္ေရႀကီးမႈရဲ႕ အဓိကလက္သည္တရားခံပါတဲ့။
ျမစ္ကမ္းပါးကိုေက်ာ္ၿပီးတက္လာတဲ့ေရေတြက ႏိုင္းျမစ္ရဲ႕ဝဲယာတစ္ေလွ်ာက္မွာရွိတဲ့ စိုက္ပ်ိဳးခင္းေတြအတြက္လိုအပ္တဲ့ေရကို အလွ်ံပယ္ရရွိေစတယ္။

ဂရိဒ႑ာရီလာ ကုမ္ရာသီ၏ သေကၤတ (၁)
*****************************
ဂရိဒ႑ာရီမွာေတာ့ ကုမ္ရာသီနဲ႔ပက္သက္ၿပီး ဇာတ္လမ္းႏွစ္ခုရွိတယ္။
ပထမတစ္ခုက တိုက္တန္တစ္ဦးျဖစ္တဲ့ Prometheus ရဲ႕သား Deucalion နဲ႔ပက္သက္တယ္။ ေၾကးေခတ္လူသားေတြကို ေရလႊမ္းၿပီးဖ်က္ပစ္ဖို႔ နတ္ဘုရင္ Zeus ကစီမံတဲ့အခါမွာ Prometheus ကသူ႔သားကို သတိေပးခဲ့တဲ့အတြက္ Deucalion နဲ႔ သူ႔ၾကင္ယာျဖစ္သူPyrrha တို႔က ေရလုံတဲ့ဧရာမေသတၱာႀကီးတစ္ခုထဲမွာဝင္ေနျခင္းျဖင့္လြတ္ေျမာက္သြားၾကတယ္။ ကမာၻ‌ျေမေပၚမွာ ကိုးရက္ၾကာေရလႊမ္းမိုးသြားၿပီးတဲ့ေနာက္ သူတို႔ႏွစ္ဦးထဲရွင္က်န္ရစ္ခဲ့ၾကလို႔ ကမာၻေျမကိုလူဦးေရျပန္လည္စည္ပင္ေအာင္ဘယ္လိုလုပ္ရမလဲဆိုတာကို နတ္ဘုရား Themis ရဲ႕နတ္ကြန္းမွာသြားေမးၾကပါသတဲ့။ နတ္ဝင္သည္က "မိခင္ရဲ႕အ႐ိုးေတြကို ေနာက္ျပန္ပစ္ျခင္းနဲ႔ လူဦးေရျပန္လည္တိုးပြားလာမယ္"လို႔အတိတ္ေပးလိုက္တယ္။ Deucalion နဲ႔ Pyrrha တို႔ကလဲ မိခင္ဆိုတာကမာၻေျမႀကီးျဖစ္တဲ့ Gaia ကိုၫႊန္းတာျဖစ္ၿပီး၊ အ႐ိုးေတြကေတာ့ ေက်ာက္တုံးေတြကိုဆိုလိုတာျဖစ္မယ္လို႔ အနက္ျပန္ၿပီး ေက်ာက္တုံးေတြကိုေက်ာေပၚကေက်ာ္ၿပီးေနာက္ျပန္ပစ္လိုက္တဲ့အခါ အဲဒီေက်ာက္တုံးေတြကေနလူေတြျဖစ္သြားၿပီး အဲဒီကစလို႔ ကမာၻ႔လူဦးေရျပန္လည္ဖြံ႕ၿဖိဳးလာတယ္လို႔ ဒ႑ာရီကဆိုတယ္။
ကုမ္ရာသီခြင္မွာေရထမ္းထားတဲ့လုလင္ပုံဟာ Deucalion ျဖစ္တယ္လို႔ ဒီဇာတ္လမ္းက ေဖာ္ျပတယ္။

ဂရိဒ႑ာရီလာ ကုမ္ရာသီ၏ သေကၤတ (၂)
********************************
ဂရိဒ႑ာရီက ဒီဒုတိယဇာတ္လမ္းကေတာ့ ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းတယ္။ ကုမ္ရာသီနဲ႔ပက္သက္ရင္ လူသိပိုမ်ားတဲ့ ဇာတ္လမ္းလဲျဖစ္တယ္။

တစ္ခါတုန္းက Ganymede ဆိုတဲ့ အင္မတန္ေခ်ာေမာလွပလြန္းတဲ့သူငယ္တစ္ေယာက္ရွိတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္ Ganymede က Troy ၿမိဳ႕ကဘုရင္ရဲ႕သားေတာ္မင္းသားတစ္ပါးျဖစ္ၿပီး အဲဒီေဒသမွာအေခ်ာေမာအလွပဆုံးလုလင္ပ်ိဳတစ္ေယာက္ျဖစ္သတဲ့။
တစ္ေန႔မွာ ၿမိဳ႕နဲ႔မလွမ္းမကမ္းကျမက္ခင္းျပင္မွာ သူ႔အေဖရဲ႕သိုးေတြေက်ာင္းေနတဲ့ Ganymede ကို နတ္ဘုရင္ Zeus ကသူ႔ရဲ႕သိမ္းစြန္ကိုေစလႊတ္ၿပီးကုပ္ခ်ီဖမ္းဆီးေစခဲ့တယ္။ တစ္ခ်ိဳ႕ဒ႑ာရီေတြမွာေတာ့ Zeus ကိုယ္တိုင္ ႀကီးမားတဲ့ သိမ္းစြန္ပုံစံဖန္ဆင္းၿပီး လုလင္ငယ္ကို  အိုလံပစ္ေတာင္ရွိရာကိုေခၚေဆာင္ခဲ့တယ္လို႔လဲဆိုတယ္။
မင္းသားငယ္ရဲ႕ ဖခင္ျဖစ္သူ ဘုရင္ Tros ကိုေတာ့ Zeus ကနတ္ဘုရားေတြသုံးတဲ့ျမင္းေတြလက္ေဆာင္ေပးလိုက္ျခင္းအားျဖင့္ ေက်နပ္ႏွစ္သိမ့္ေစခဲ့တယ္။ ဒါ့အျပင္ သားေတာ္ဟာ နတ္ဘုရားေတြရဲ႕အေဖ်ာ္ယမကာကမ္းသူ (cup-bearer) အျဖစ္ေကာင္းမြန္စြာေနရမွာျဖစ္ေၾကာင္းကိုပါသိေစခဲ့တယ္တဲ့။

ေခ်ာေမာတဲ့ Ganymede ကို Zeus က မေသျခင္းတရားကိုေပးၿပီး သူ႔ရဲ႕အေဖ်ာ္ယမကာဆက္သသူအျဖစ္ အမႈထမ္းေစပါသတဲ့။ တစ္ခ်ိန္ကေတာ့ Zeus ရဲ႕ အေဖ်ာ္ယမကာခြက္ကိုအၿမဲကိုင္ခဲ့သူဟာ Zeus နဲ႔ သူ႔ၾကင္ယာေတာ္ Hera တို႔ရဲ႕သမီးေတာ္ျဖစ္တဲ့ Hebe နတ္သမီးျဖစ္တယ္။ ခုခ်ိန္မွာေတာ့ Zeus ကသမီးေတာ္ကိုဖယ္ရွားၿပီး ႐ုပ္သြင္ေျပျပစ္လွပတဲ့ Ganymede ကိုသူ႔ရဲ႕ အေဖ်ာ္ယမကာခြက္ကိုင္လုပ္ေစခဲ့တာေပါ့။
ေရခြက္ကိုကိုင္ထားတဲ့ Ganymede က လူသားေတြမိုးေခါင္ေရရွားၿပီး ဒုကၡေတြ႕ေနတာကိုျမင္ရတဲ့အခ်ိန္မွာ က႐ုဏာတရားျဖစ္မိလို႔ ခြက္ထဲကေန ကမာၻေျမေပၚကို ေရေတြသြန္းေလာင္းခြင့္ျပဳဖို႔  Zeus ကိုခြင့္ေတာင္းတယ္။ ခြင့္ျပဳလိုက္တဲ့အခါမွာ ေျခာက္ေသြ႕ပူျပင္းတဲ့ ကမာၻေျမေပၚကိုေရေတြသြန္းၿပီး မိုးေတြ႐ြာေစလို႔ ေကာက္ပဲသီးႏွံေတြကိုျဖစ္ထြန္းေစ႐ုံမက လူသားေတြကိုပါေပ်ာ္႐ႊင္ေစခဲ့တယ္။
တစ္ခ်ိန္ထဲမွာပဲ ရာထူးကဖယ္ရွားခံရတဲ့ Hebe နတ္သမီးနဲ႔ မိခင္ျဖစ္သူ Hera တို႔ကလဲ Ganymede ကိုမေက်နပ္ၾကပါဘူး။ အထူးသျဖင့္ မိဖုရားႀကီး Hera က သူ႔ခင္ပြန္း Zeus ကို လူေခ်ာေလးတစ္ေယာက္ျဖစ္တဲ့ Ganymede နဲ႔မသကၤာပါဘူး။ Ganymede ဟာသူ႔ခင္ပြန္းကိုသူ႔ဆီကလုယူမယ့္သူလို႔ပဲ အခိုင္အမာယုံၾကည္ယူဆေနခဲ့တယ္။ အျငင္းအခုန္ေတြ၊ မေက်နပ္ခ်က္ေတြမ်ားလာလြန္းတဲ့အတြက္ ေနာက္ဆုံးမွာ Zeus က Ganymede ကို ေရထမ္းသမားပုံၾကယ္တာရာစု Aquarius အျဖစ္ေျပာင္းလဲဖန္ဆင္းေပးလိုက္ပါတယ္။ ဒီလိုနဲ႔ ကုမ္ရာသီနကၡတ္ Aquarius ေပၚေပါက္လာတယ္လို႔ ဂရိဒ႑ာရီမွာ ဆိုပါတယ္။

Ganymede ရဲ႕ဇာတ္လမ္းက မူကြဲေတြအမ်ားႀကီးရွိေပမယ့္ အဓိက ကေတာ့ ဒီဇာတ္လမ္းေက်ာ႐ိုးပါပဲ။ အေပၚမွာေရးခဲ့တဲ့ ဂရိဒ႑ာရီက ကုမ္ရာသီသေကၤတျဖစ္ေပၚလာပုံဇာတ္လမ္းေတြ၊ ေဘဘီလုံနဲ႔ အီဂ်စ္လူမ်ိဳးတို႔ရဲ႕ ကုမ္ရာသီနဲ႔ပက္သက္ဆက္ႏႊယ္တဲ့ ဇာတ္လမ္းေတြကေတာ့ ေမာင္ဇိလက္လွမ္းမီသ‌ေလာက္ ရွာေဖြဖတ္ရႈထားတဲ့ထဲက လိုအပ္သေလာက္ထုတ္ႏႈတ္၊ စုစည္းၿပီး ျပန္စီစဥ္ေရးထားတာပဲျဖစ္ပါတယ္။ ကုမ္ရာသီခြင္ရဲ႕ သေကၤတအေၾကာင္း ေနာက္ခံဇာတ္လမ္းေတြကိုသိလိုသူေတြ ေက်နပ္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ေမာင္ဇိ

#ရာသီခြင္ဇာတ္လမ္း #ေမာင္ဇိ #ေမာင္ဇိ၏ပုံျပင္မ်ား #ကုမ္ရာသီ #MaungZi #MaungZitales #Myth #Mythology #Horoscope #Aquarius



No comments:

Post a Comment