မောင်ဇိနဲ့သရက်သီးတစ်လုံး
********************
အဲဒီနေ့က သရက်သီးတစ်လုံးသွားဝယ်မယ်ဆိုတော့မောင်ဇိနဲ့အတူ မောင်ဇိဘော်ဒါ အာရုံအတူ လိုက်လာတယ်။
"သရက်သီးပဲဝယ်မှာဆိုမကြာဘူး မဟုတ်လား။ စောင့်လိုက်မယ်လေ။ အတူတူပြန်ကြတာပေါ့တဲ့"
ပုံမှန်ဆိုသူလုပ်စရာရှိတာပဲ လုပ်တတ်တဲ့အာရုံက သဘောတွေကောင်းလို့။
ဆူပါမားကတ်ထဲမှာ မောင်ဇိမျက်စိကျနေတဲ့ ဖားပြုပ်ဖောင်းဖောင်းကြီးလို လုံးပြီးဝိုင်းနေတဲ့သရက်သီးကြီးက တစ်ခြားအမျိုးအစားတွေထက်စျေးသုံး-လေးဆလောက်များနေတယ်။
ဘာပဲဖြစ်ဖြစ်စမ်းကြည့်တာပေါ့လေလို့ သရက်သီးကိုယူလာပြီး ငွေရှင်းကောင်တာမှာတန်းစီတော့ အာရုံလေးက အဝမှာသွားစောင့်နေတယ်။
"သရက်သီးတစ်လုံးပဲ မဟုတ်လား၊ ဘာလို့ကောင်တာမှာကြာနေတာလဲ"
"အေးကွာ...သရက်သီးမှာ ဘားကုဒ်မကပ်ထားတော့ ငွေသိမ်းအန်တီက စာအုပ်ထဲမှာ သရက်သီးဘားကုဒ်လိုက်ရှာနေရလို့"
"ဟုတ်လား...သရက်သီးကလဲ စျေးကြီးလိုက်တာနော်"
လမ်းလျှောက်လာရင်းနဲ့ပြောကြတယ်။
"အေးကွာ...ဒီလောက် စျေးကြီးတဲ့သရက်သီးဝယ်လာပြီးမှတော့ စားပြီးရင် Review တစ်ပုဒ်လောက်ရေးကိုရေးမှဖြစ်တော့မယ် ငိငိ"
"ဘာလဲ...သရက်သီးစရွေးတာကစပြီး...အခွံဘယ်လိုခွာတာတွေပါ ရေးမလို့လား"
" အဲလိုတော့ မရေးပါဘူး။ ပျင်းစရာကောင်းတယ်။
သရက်သီး ဝယ်ဖို့အသွားကားပေါ်ကအဆင်းမှာ နောက်ကလူတွေကိုလမ်းပိတ်ရပ်ရင်း ကောင်မလေးလှတပတလေးကို နှာခေါင်းထပြီး အရင်ပေးဆင်းလို့ နောက်ကတန်းစီနေတဲ့သူတွေ ဝိုင်းပြီးမျက်စောင်းထိုးကြတာတို့၊ အောက်ရောက်တော့မှ စောင့်နေတဲ့သူ့ဘဲကိုလက်တွဲပြီးထွက်သွားတာတွေ့လိုက်ရလို့ ကြေကွဲရတာတို့ပေါ့ကွာ"
စကားတပြောပြောနဲ့လာလိုက်ကြတာ ရထားပေါ်တောင်ရောက်ပေါ့။
"အေးလေ...အဲဒါကြောင့် ခုနကသူ့ဘဲကြီး ပါပါတယ်လို့။ ကားပေါ်မှာကတည်းကတွေ့လိုက်တယ်"
"မသိဘူးလေ...ငါက မင်းတို့ထိုင်တဲ့ခုံနဲ့ဝေးတော့ ကောင်မလေးဆင်းခါနီးမှ တွေ့တာ ဟိဟိ။ အဲဒါလေးတွေပါ အသေးစိတ်ထည့်ရေးလိုက်ရမလား"
"ဟီဟီ...ရေးရေး၊ စာတစ်အုပ်လောက်ရအောင်ရေး"
"ရေးလိုက်မယ်ကွာ...အဲဒါတွေရေးပြီးရင် ခုနက ရထားပေါ်မှာ သူ့အိမ်၊သူ့ရာအမှတ်နဲ့ ရထားတစ်စီးလုံးကြားအောင် ဖုန်းကိုအသံကျယ်ကြီးဖွင့်ပြီး တစ်ဖုန်းဖုန်း၊တစ်ဒိုင်းဒိုင်းနဲ့ စစ်ကားကြည့်နေတဲ့ဘဲကြီးအကြောင်းရေးမယ်ကွာ။ ငါ့မှာ ဗုံးများပေါက်တာလားလို့ လန့်သွားတာပဲ"
"ဟဟ...ပြီးတော့ရော"
"ပြီးရင် မင်းကငါနဲ့လိုက်လာတယ်ဆိုတော့ "မောင်ဇိနဲ့ပါလာတဲ့ အာရုံက" လို့အစချီပြီး မင်းအကြောင်း ငါးမျက်နှာလောက် ရေးမယ်ကွာ။ မရသေးရင် ခါတိုင်းဆို ဇိုးလဲပါတတ်တယ်။ ဒီနေ့တော့ ဇိုးမလာလို့ တို့နှစ်ယောက်ပဲဖြစ်နေတာဆိုပြီး ဇိုးအကြောင်းတွေ ၁၀ မျက်နှာလောက်ရေးမယ်ကွာ"
" ဟီးဟီး...ပြီးတော့ရော၊ ဘာဆက်ရေးမလဲ"
"အို...ကြာပါတယ်ကွာ၊ လိုသေးတယ်ဆိုရင် ဇိုးရဲ့ ရည်းစားဟောင်းတွေအကြောင်းပါ ၁၅ မျက်နှာလောက်ရေးလိုက်မယ် ခိခိ"
" အင်း...အကုန်သာရေး၊ ပြီးရော ဟိဟိ"
စကားပြောရင်းနဲ့ လမ်းခွဲရမယ့်နေရာရောက်လို့ လမ်းခွဲလာကြရင်း ဒီလို မဆိုင်တာတွေအတင်းဆက်စပ်ပြီး လျှောက်ပြောတဲ့ အတွေးမျိုးတွေ ဘယ်ကရလာလဲဆိုတာကိုပါ ပြန်စဥ်းစားရင်းပြုံးမိတယ်။
မောင်ဇိနဲ့ ငယ်သူငယ်ချင်းတွေကြားမှာ ရေပန်းစားခဲ့တဲ့ ပီတာလေး ဟာသတွေထဲကဟာကို ကော်ပီယူထားတာပဲ။
မောင်းကောင်းထိုက်ရေးတဲ့ ဟာသပဒေသာထဲမှာ ကလေးဇာတ်ကောင်ပီတာလေးရဲ့ သိပ်သဘောကျရတဲ့ ဟာသတွေထဲကတစ်ခုပေါ့။
မှတ်မိသလောက်ကတော့ တစ်နေ့မှာဆရာမကကျောင်းသားတွေကိုကျောင်းမှာသင်ထားတဲ့ တိရစ္ဆာန်တွေအကြောင်း စာမေးမယ်ပြောလိုက်သတဲ့။
ပီတာလေးကတော့ "သန်း" အကြောင်းပဲကျက်ပြီးသွားသတဲ့။
ဆရာမက ကြောင်အကြောင်းမေးတဲ့အခါ
" ကြောင်ဆိုသည်မှာ ခြေလောချောင်းရှိပါသည်။ အမွေးရှိပါသည်။ ထို့ကြောင့် သန်းရှိပါသည်။ သန်းဆိုသည်မှာ..." ဆိုပြီးသူအလွတ်ကျက်ထားတဲ့သန်းအကြောင်းဖြေပါသတဲ့။
ဒါနဲ့ခွေးအကြောင်းမေးလဲ အဲလိုပဲ။
"ခွေးဆိုသည်မှာ အမွေးရှိ၍ သန်းရှိပါသည်။ သန်းဆိုသည်မှာ..." ဆိုပြီးဖြေပြန်ရောတဲ့။
ဒီလောက်တောင်ရှိလှတာဆိုပြီး ဆရာမက ငါးအကြောင်းမေးလိုက်သတဲ့။ အဲဒီတော့ ပီတာက
"ငါးသည်ရေထဲမှာနေပါသည်။ ငါးတွင်သန်းမရှိပါ။ သန်းဆိုသည်မှာ..." ဆိုပြီး သန်းအကြောင်းမရောက်ရောက်အောင်ဆွဲပြီး ဖြေပြန်ရောဆိုပဲ။
မောင်ဇိတို့တွေသဘောကျလွန်းလို့ ခဏခဏပြန်ပြန်ပြောပြီး ရယ်နေရတဲ့ဟာသပေါ့။
ခုတော့ မောင်ဇိတောင် ပီတာလေး ဓါတ်တွေကူးလို့။
သရက်သီး Review ကတော့ အိမ်ရောက်လို့ခွဲစားကြည့်လိုက်တဲ့အခါ ပေါ့ရွှတ်ရွှတ်နဲ့ လုံးဝမချို၊ အရသာမရှိပါဘူး။ ဒါပါပဲ ခင်ညာ။
#မောင်ဇိ
(သရက်သီးတစ်လုံးဝယ်စားပြီး သရက်တောတစ်တောစာလေရှည်သူ)
======================================================
ေမာင္ဇိနဲ႔သရက္သီးတစ္လုံး
********************
အဲဒီေန႔က သရက္သီးတစ္လုံးသြားဝယ္မယ္ဆိုေတာ့ေမာင္ဇိနဲ႔အတူ ေမာင္ဇိေဘာ္ဒါ အာ႐ုံအတူ လိုက္လာတယ္။
"သရက္သီးပဲဝယ္မွာဆိုမၾကာဘူး မဟုတ္လား။ ေစာင့္လိုက္မယ္ေလ။ အတူတူျပန္ၾကတာေပါ့တဲ့"
ပုံမွန္ဆိုသူလုပ္စရာရွိတာပဲ လုပ္တတ္တဲ့အာ႐ုံက သေဘာေတြေကာင္းလို႔။
ဆူပါမားကတ္ထဲမွာ ေမာင္ဇိမ်က္စိက်ေနတဲ့ ဖားျပဳပ္ေဖာင္းေဖာင္းႀကီးလို လုံးၿပီးဝိုင္းေနတဲ့သရက္သီးႀကီးက တစ္ျခားအမ်ိဳးအစားေတြထက္ေစ်းသုံး-ေလးဆေလာက္မ်ားေနတယ္။
ဘာပဲျဖစ္ျဖစ္စမ္းၾကည့္တာေပါ့ေလလို႔ သရက္သီးကိုယူလာၿပီး ေငြရွင္းေကာင္တာမွာတန္းစီေတာ့ အာ႐ုံေလးက အဝမွာသြားေစာင့္ေနတယ္။
"သရက္သီးတစ္လုံးပဲ မဟုတ္လား၊ ဘာလို႔ေကာင္တာမွာၾကာေနတာလဲ"
"ေအးကြာ...သရက္သီးမွာ ဘားကုဒ္မကပ္ထားေတာ့ ေငြသိမ္းအန္တီက စာအုပ္ထဲမွာ သရက္သီးဘားကုဒ္လိုက္ရွာေနရလို႔"
"ဟုတ္လား...သရက္သီးကလဲ ေစ်းႀကီးလိုက္တာေနာ္"
လမ္းေလွ်ာက္လာရင္းနဲ႔ေျပာၾကတယ္။
"ေအးကြာ...ဒီေလာက္ ေစ်းႀကီးတဲ့သရက္သီးဝယ္လာၿပီးမွေတာ့ စားၿပီးရင္ Review တစ္ပုဒ္ေလာက္ေရးကိုေရးမွျဖစ္ေတာ့မယ္ ငိငိ"
"ဘာလဲ...သရက္သီးစေ႐ြးတာကစၿပီး...အခြံဘယ္လိုခြာတာေတြပါ ေရးမလို႔လား"
" အဲလိုေတာ့ မေရးပါဘူး။ ပ်င္းစရာေကာင္းတယ္။
သရက္သီး ဝယ္ဖို႔အသြားကားေပၚကအဆင္းမွာ ေနာက္ကလူေတြကိုလမ္းပိတ္ရပ္ရင္း ေကာင္မေလးလွတပတေလးကို ႏွာေခါင္းထၿပီး အရင္ေပးဆင္းလို႔ ေနာက္ကတန္းစီေနတဲ့သူေတြ ဝိုင္းၿပီးမ်က္ေစာင္းထိုးၾကတာတို႔၊ ေအာက္ေရာက္ေတာ့မွ ေစာင့္ေနတဲ့သူ႔ဘဲကိုလက္တြဲၿပီးထြက္သြားတာေတြ႕လိုက္ရလို႔ ေၾကကြဲရတာတို႔ေပါ့ကြာ"
စကားတေျပာေျပာနဲ႔လာလိုက္ၾကတာ ရထားေပၚေတာင္ေရာက္ေပါ့။
"ေအးေလ...အဲဒါေၾကာင့္ ခုနကသူ႔ဘဲႀကီး ပါပါတယ္လို႔။ ကားေပၚမွာကတည္းကေတြ႕လိုက္တယ္"
"မသိဘူးေလ...ငါက မင္းတို႔ထိုင္တဲ့ခုံနဲ႔ေဝးေတာ့ ေကာင္မေလးဆင္းခါနီးမွ ေတြ႕တာ ဟိဟိ။ အဲဒါေလးေတြပါ အေသးစိတ္ထည့္ေရးလိုက္ရမလား"
"ဟီဟီ...ေရးေရး၊ စာတစ္အုပ္ေလာက္ရေအာင္ေရး"
"ေရးလိုက္မယ္ကြာ...အဲဒါေတြေရးၿပီးရင္ ခုနက ရထားေပၚမွာ သူ႔အိမ္၊သူ႔ရာအမွတ္နဲ႔ ရထားတစ္စီးလုံးၾကားေအာင္ ဖုန္းကိုအသံက်ယ္ႀကီးဖြင့္ၿပီး တစ္ဖုန္းဖုန္း၊တစ္ဒိုင္းဒိုင္းနဲ႔ စစ္ကားၾကည့္ေနတဲ့ဘဲႀကီးအေၾကာင္းေရးမယ္ကြာ။ ငါ့မွာ ဗုံးမ်ားေပါက္တာလားလို႔ လန႔္သြားတာပဲ"
"ဟဟ...ၿပီးေတာ့ေရာ"
"ၿပီးရင္ မင္းကငါနဲ႔လိုက္လာတယ္ဆိုေတာ့ "ေမာင္ဇိနဲ႔ပါလာတဲ့ အာ႐ုံက" လို႔အစခ်ီၿပီး မင္းအေၾကာင္း ငါးမ်က္ႏွာေလာက္ ေရးမယ္ကြာ။ မရေသးရင္ ခါတိုင္းဆို ဇိုးလဲပါတတ္တယ္။ ဒီေန႔ေတာ့ ဇိုးမလာလို႔ တို႔ႏွစ္ေယာက္ပဲျဖစ္ေနတာဆိုၿပီး ဇိုးအေၾကာင္းေတြ ၁၀ မ်က္ႏွာေလာက္ေရးမယ္ကြာ"
" ဟီးဟီး...ၿပီးေတာ့ေရာ၊ ဘာဆက္ေရးမလဲ"
"အို...ၾကာပါတယ္ကြာ၊ လိုေသးတယ္ဆိုရင္ ဇိုးရဲ႕ ရည္းစားေဟာင္းေတြအေၾကာင္းပါ ၁၅ မ်က္ႏွာေလာက္ေရးလိုက္မယ္ ခိခိ"
" အင္း...အကုန္သာေရး၊ ၿပီးေရာ ဟိဟိ"
စကားေျပာရင္းနဲ႔ လမ္းခြဲရမယ့္ေနရာေရာက္လို႔ လမ္းခြဲလာၾကရင္း ဒီလို မဆိုင္တာေတြအတင္းဆက္စပ္ၿပီး ေလွ်ာက္ေျပာတဲ့ အေတြးမ်ိဳးေတြ ဘယ္ကရလာလဲဆိုတာကိုပါ ျပန္စဥ္းစားရင္းၿပဳံးမိတယ္။
ေမာင္ဇိနဲ႔ ငယ္သူငယ္ခ်င္းေတြၾကားမွာ ေရပန္းစားခဲ့တဲ့ ပီတာေလး ဟာသေတြထဲကဟာကို ေကာ္ပီယူထားတာပဲ။
ေမာင္းေကာင္းထိုက္ေရးတဲ့ ဟာသပေဒသာထဲမွာ ကေလးဇာတ္ေကာင္ပီတာေလးရဲ႕ သိပ္သေဘာက်ရတဲ့ ဟာသေတြထဲကတစ္ခုေပါ့။
မွတ္မိသေလာက္ကေတာ့ တစ္ေန႔မွာဆရာမကေက်ာင္းသားေတြကိုေက်ာင္းမွာသင္ထားတဲ့ တိရစာၦန္ေတြအေၾကာင္း စာေမးမယ္ေျပာလိုက္သတဲ့။
ပီတာေလးကေတာ့ "သန္း" အေၾကာင္းပဲက်က္ၿပီးသြားသတဲ့။
ဆရာမက ေၾကာင္အေၾကာင္းေမးတဲ့အခါ
" ေၾကာင္ဆိုသည္မွာ ေျခေလာေခ်ာင္းရွိပါသည္။ အေမြးရွိပါသည္။ ထို႔ေၾကာင့္ သန္းရွိပါသည္။ သန္းဆိုသည္မွာ..." ဆိုၿပီးသူအလြတ္က်က္ထားတဲ့သန္းအေၾကာင္းေျဖပါသတဲ့။
ဒါနဲ႔ေခြးအေၾကာင္းေမးလဲ အဲလိုပဲ။
"ေခြးဆိုသည္မွာ အေမြးရွိ၍ သန္းရွိပါသည္။ သန္းဆိုသည္မွာ..." ဆိုၿပီးေျဖျပန္ေရာတဲ့။
ဒီေလာက္ေတာင္ရွိလွတာဆိုၿပီး ဆရာမက ငါးအေၾကာင္းေမးလိုက္သတဲ့။ အဲဒီေတာ့ ပီတာက
"ငါးသည္ေရထဲမွာေနပါသည္။ ငါးတြင္သန္းမရွိပါ။ သန္းဆိုသည္မွာ..." ဆိုၿပီး သန္းအေၾကာင္းမေရာက္ေရာက္ေအာင္ဆြဲၿပီး ေျဖျပန္ေရာဆိုပဲ။
ေမာင္ဇိတို႔ေတြသေဘာက်လြန္းလို႔ ခဏခဏျပန္ျပန္ေျပာၿပီး ရယ္ေနရတဲ့ဟာသေပါ့။
ခုေတာ့ ေမာင္ဇိေတာင္ ပီတာေလး ဓါတ္ေတြကူးလို႔။
သရက္သီး Review ကေတာ့ အိမ္ေရာက္လို႔ခြဲစားၾကည့္လိုက္တဲ့အခါ ေပါ့႐ႊတ္႐ႊတ္နဲ႔ လုံးဝမခ်ိဳ၊ အရသာမရွိပါဘူး။ ဒါပါပဲ ခင္ညာ။
#ေမာင္ဇိ
(သရက္သီးတစ္လုံးဝယ္စားၿပီး သရက္ေတာတစ္ေတာစာေလရွည္သူ)
No comments:
Post a Comment