Friday, November 6, 2020

ကမ္ဘာမပျက်သောနေ့

ကမ္ဘာမပျက်သောနေ့
***************
ရက်ပေါင်းအနည်းငယ်၊ လပေါင်းအနည်းငယ်အတွင်း ကမ္ဘာပေါ်ကလူသားတွေအားလုံး တစ်ခါထဲမျိုးတုန်းပြီးပျောက်သွားမယ့် အန္တရာယ်မျိုးကိုရုတ်တရက် ကြုံကြပြီဆိုပါစို့။ လူတွေဘယ်လိုတုံ့ပြန်ကြမလဲ။

တစ်ယောက်နဲ့တစ်ယောက်တွေးတာချင်းမတူသလို၊ တုံံ့ပြန်ပုံချင်းကလဲတူမှာတော့မဟုတ်ပါဘူး။ တစ်ချို့က ဘုရားသခင်ကိုတိုင်တည်ဆုတောင်းကြမယ်။ တစ်ချို့က အသက်ရှင်ရပ်တည်ရေးအတွက် တတ်နိုင်သလောက်ခုခံကြမယ်။ တစ်ချို့က မထူးဇာတ်ခင်းပြီးထင်ရာစိုင်းကြမယ်။ တစ်ချို့က ငိုကြွေးပူဆွေးကြမယ်။
တစ်ချို့ကတော့ ကျန်ရှိနေသေးတဲ့အချိန်လေးတွေကို ‌ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းဖို့ဆုံးဖြတ်ကြမယ်။
 တစ်ကယ်သာလက်တွေ့ကြုံလာခဲ့ရင်ရော ကျွန်တော်တို့ဘာလုပ်ကြမလဲ။

ကမ္ဘာကြီးတစ်ခုလုံးကလူသားတွေ မျိုးပြုတ်မယ့်ဘေးအန္တရာယ်အကြောင်းတွေရိုက်ထားတဲ့ ရုပ်ရှင်ကားကောင်းတွေ အများကြီးရှိပါတယ်။ ကြည့်ဖူးတဲ့ထဲကမှတ်မှတ်ရရ သဘာဝဘေးအန္တရာယ်နဲ့ ကမ္ဘာပျက်တဲ့အကြောင်းရိုက်ထားတဲ့ 2012 ရုပ်ရှင်၊ ဂြိုဟ်သားတွေ လာကျူးကျော်တဲ့အကြောင်းရိုက်ထားတဲ့ ကားတွေထဲမှာဆိုရင် မြန်မာပြည်မှာလူကြိုက်များတဲ့လူမည်းမင်းသား Will Smith ပါတဲ့ နာမည်ကြီး Independence Day၊ နောက် Tom Cruise ပါတဲ့ ကျွန်တော်သိပ်ကြိုက်တဲ့ Edge of Tomorrow၊ ဆရာ Tom Cruise ပဲ ထပ်သရုပ်ဆောင်ထားတဲ့  The War of the Worlds စသည်ဖြင့်ပေါ့လေ။

ခုတလောကြည့်ဖြစ်တာက The Day the Earth Stood Still ဆိုတဲ့ရုပ်ရှင်။ မင်းသားက နာမည်‌ကျော် Keanu Reeves။ ဗုံးထောင်ခံထားရတဲ့ ဘတ်စ်ကားပေါ်ကလူတွေကိုကယ်တဲ့ Speed ရုပ်ရှင်မှာ စကြိုက်ခဲ့ရတဲ့မင်းသား။ The Day the Earth Stood Still ကိုဟိုတစ်ပိုင်း၊ ဒီတစ်ပိုင်းကြည့်ဖူးပေမယ့် ဒီတစ်ခါမှာ အစကနေ အဆုံးထိထိုင်ကြည့်ဖြစ်သွားတာ။ အက်ရှင်တွေကြိုက်တဲ့သူတွေအတွက်ကတော့ အက်ရှင်ကသိပ်မများသလို၊ အာကာသယာဥ်တွေ၊ လက်နက်ဆန်းတွေလဲ သိပ်မပါ။ ပါတဲ့ စက်ရုပ်တစ်ရုပ်ကတောင် ပုံတုံးလို့စိတ်ဝင်စားဖို့မကောင်း။ ဒါနဲ့ပဲ တော်တော်နဲ့မကြည့်ဖြစ်ရာကနေ ဒီတစ်ခါကြည့်ဖြစ်တော့ သဘောကျမိတယ်။ မှတ်မှတ်ထင်ထင်ခေါင်းထဲမှာတွေးစရာတွေပေးခဲ့တဲ့အခန်းတွေလဲပါတယ်ပေါ့လေ။

ဇာတ်လမ်းက လူသားတွေကြောင့်တဖြည်းဖြည်းပျက်စီးတော့မယ့် ကမ္ဘာမြေကြီးကိုကယ်တင်ဖို့ လူသားDNAသုံးပြီးလူပုံစံဖန်တီးထားတဲ့ဂြိုဟ်သား Klaatu (Keanu Reeves) ကမ္ဘာမြေပေါ်ကို ကမ္ဘာလုံးပုံစံယာဥ်ကြီးနဲ့ရောက်လာတာကစတယ်။
သူ့ရည်ရွယ်ရင်းက ကမ္ဘာ့ခေါင်းဆောင်တွေအားလုံးကိုစုပြီး ကမ္ဘာကြီးပျက်စီးမယ့်အန္တရာယ်အကြောင်းသတိပေး၊ ပြောင်းလဲမှုတွေလုပ်ရအောင်ပြောဖို့ဖြစ်ပေမယ့် အမေရိကန်အစိုးရရဲ့ သူ့အပေါ်မယုံကြည်မှုနဲ့ရန်လိုမှု၊ လူသားတွေရဲ့ငါတကောကောမှု၊ ရန်သတ္တုပြုလိုစိတ်ရှိမှုနဲ့ ပြောင်းလဲချင်စိတ်နည်းပါးမှုတွေကိုတွေ့ရ သိရပြီးတဲ့နောက် မူလအစီအစဥ်ထဲကတစ်ခုဖြစ်တဲ့ လူသားတွေကိုဖျက်စီးပစ်လိုက်ဖို့ပဲဆုံးဖြတ်ပြီး ထိတွေ့သမျှအရာမှန်သမျှကိုဝါးမျိုပစ်ရုံသာမက အဲလိုဝါးမျိုပစ်ပြီးတိုင်းလဲ ပိိုပိုအရွယ်အစားကြီးမားလာတဲ့ စက်ရုပ်ပိုးကောင်အုပ် (Nanomite) ကြီးကို အရာရာကိုဖျက်စီးဖို့ စတင်စေခဲ့လိုက်တယ်။

လုံခြုံရာမှာကိုယ်စီပုန်းအောင်းနေတဲ့ အမေရိကန်သမ္မတနဲ့ဒုသမ္မတတို့ကိုကိုယ်စားပြုပြီး အလုပ်လုပ်ပေးနေတဲ့ ကာကွယ်ရေးဦးစီးချုပ်အမျိုးသမီး Regina Jackson ပြောခဲ့တဲ့စကားတွေကလဲ တော်တော်မှန်ပါတယ်။ သူ့လူတွေက ဂြိုဟ်သားကို သူပြောတဲ့အတိုင်း ကမ္ဘာခေါင်းဆောင်တွေနဲ့တွေ့ပေးဖို့အကြံပေးတဲ့အခါ " သမိုင်းကနေငါတို့ သင်ခန်းစာတွေအများကြီးရခဲ့ပြီးပြီ။  ယဥ်ကျေးမှုနဲ့နေထိုင်မှုပုံစံမတူခြားနားတဲ့လူ့အဖွဲ့အစည်းနှစ်ခု ပထမဆုံးအကြိမ် စပြီးထိတွေ့ကြပြီးတိုင်း နည်းပညာပိုမြင့်တဲ့လူမျိုးက ‌နောက်လူမျိုးကို မျိုးဖြုတ်ရင်ဖြုတ်၊ မဖြုတ်ရင်ကျွန်ပြုလိုက်တာပဲ။
Pizarro (စပိန်လူမျိုး) နဲ့ Inca Empire (အင်ကာနိုင်ငံတော်)၊ Columbus နဲ့ အမေရိကတိုက်၊ နောက်ထပ်ဥပမာတွေအများကြီး ရှိသေးတယ်။ အခုကိစ္စမှာတော့ ငါတို့က နည်းပညာနိမ့်တဲ့သူတွေဖြစ်နေလို့ ဒီဂြိုဟ်သားရဲ့အစီအစဥ်တွေကို မရရအောင်စစ်ပြီးတားဆီးမှဖြစ်မယ်" လို့ အဓိပ္ပါယ်ရတဲ့ စကားတွေပြန်ပြောတယ်။

Pizarro က စပိန်ကနေသေနတ်၊အမြောက်တွေတပ်ဆင်ထားတဲ့ လူ၁၈၀လောက်နဲ့ထွက်လာပြီး အဲဒီအချိန်ကကြွယ်ဝချမ်းသာတဲ့၊ တောင်အမေရိကတိုက်က Inca Empire ဘုရင်ကိုတွေ့၊ နောက်တော့ဖမ်းသတ်လိုက်ပြီး Inca တစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်တာပါ။ Columbus တို့အမေရိကတိုက်ကိုရောက်လာပြီး ဒေသခံ Native Indian တွေကိုတဖြည်းဖြည်းတိုက်ခိုက်နယ်ချဲ့ပြီး အမေရိကတိုက်ကိုလူဖြူစိုးမိုးတဲ့နေရာဖြစ်အောင်လုပ်ခဲ့တာတော့ လူတိုင်းသိပြီးသားဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ မြန်မာပြည်ကိုလဲ အဲဒီလိုပဲ အနိုင်ကျင့်ပြီး အင်္ဂလိပ်က သိမ်းပိုက်ခဲ့တာပါပဲ။
လူ့သဘာဝကိုက ကိုယ့်ထက်ဖွံ့ဖြိုးမှုနောက်ကျပေမယ့် ကြွယ်ဝတဲ့လူ့အသိုက်အဝန်း၊ကိုယ့်အတွက်အခွင့်အလမ်းသာမယ့်ဒေသသစ်တစ်ခုကိုတွေ့ရတဲ့အခါ နိုင်တယ်ဆိုတာနဲ့ အနိုင်အထက်ပြုပြီး အရှင်သခင်လုပ်ချင်ကြတာပါ။

လူ့အဖွဲ့အစည်းနဲ့ ယဥ်‌ကျေးမှုပိုပြီးဖွံ့ဖြိုးလာတာနဲ့အမျှ အဲဒီလို ကြီးနိုင်ငယ်ညှင်း၊ အနိုင်ကျင့်တတ်တဲ့အရိုင်းအစိုင်းစိတ်တွေဟာ မလုပ်အပ်တဲ့အရာတွေမှန်းလူတွေလဲတစ်ဖြည်းဖြည်းတော့ သဘောပေါက်စပြုနေကြပါပြီ။ ဒီသဘောတရားကိုလဲ Star Trek ရုပ်ရှင်ဇာတ်လမ်းတွဲထဲမှာရိုက်ပြထားပါတယ်။အနာဂါတ်အာကာသခရီးသွားခေတ်အကြောင်းရိုက်ထားတဲ့ Star Trek series တွေထဲမှာဆိုရင် ယာဥ်ပေါ်ကသူတွေ စကြဝဠာထဲမှာစူးစမ်းရှာဖွေရင်း သူတို့အသစ်တွေ့တဲ့ဂြိုဟ်တွေမှာ မဖွံ့ဖြိုးသေးတဲ့လူနဲ့ဆင်တဲ့သက်ရှိ(Humanoids)တွေရှိရင် ဝင်ရောက်ပက်သက်စွက်ဖက်ခွင့်မပြုထားပါဘူး။ သူ့သဘာဝအတိုင်း ပုံမှန်တိုးတက်ဖွံ့ဖြိုးလာတာကိုသာ သူတို့ကမသိနိုင်တဲ့နေရာကနေ စောင့်ကြည့်ရုံပဲကြည့်လို့ရပါတယ်။ နည်းပညာမြင့်တဲ့တစ်ခြားသက်ရှိတွေရှိနေတယ်ဆိုတာတောင် အချိန်မတန်သေးပဲသိသွားရင် မလိုလားအပ်တဲ့အပြောင်းအလဲတွေဖြစ်ကုန်မှာစိုးလို့ပါတဲ့။
တိုက်ခိုက်သိမ်းယူဖို့ဆိုတာက ဝေလာဝေးပါ။ ဒါကယဥ်ကျေးမှုအင်မတန်မြင့်မားတဲ့ခေတ်ကိုရောက်နေပြီဆိုတာကိုပြတဲ့သဘောပါပဲ။

မူရင်းပြောလက်စဇာတ်လမ်းထဲမှာ ဂြိုဟ်သား Klaatu ပြောသွားတဲ့စကားတစ်ခွန်းကလဲတော်တော်ကောင်းပါတယ်။
" ကမ္ဘာမြေကြီးက လူသားတွေအတွက်ပဲ မဟုတ်ဘူး" တဲ့။
သိပ်မှန်ပါတယ်။ လူသားတွေက ကမ္ဘာပေါ်မှာဉာဏ်ရည်အမြင့်ဆုံးမျိုးစိတ်ဖြစ်တာနဲ့ ကမ္ဘာပေါ်မှာအတူမှီတင်းနေထိုင်ကြတဲ့ တစ်ခြားသက်ရှိတွေကိုအနိုင်ကျင့်ပြီး ကမ္ဘာမြေကြီးကလူသားတို့အတွက်ချည်းပဲဖြစ်သယောင်ယောင် ထင်သလိုပြုမူဆောင်ရွက်နေကြတာပါ။ လူတွေကြောင့်ပဲ သဘာဝတရားတွေပျက်စီးပြီး
ကမ္ဘာကြီးက ပိုပိုပြီးအဆိပ်သင့်နေရသလို၊ လူတွေကြောင့်ပဲ တစ်ခြားသက်ရှိမျိုးစိတ်တွေလဲ တစ်ခုပြီးတစ်ခုမျိုးသုဥ်းနေကြရတာမဟုတ်လား။

နောက်ဆုံးမှတ်မှတ်ထင်ထင် အတွေးပွားစေတာကတော့ Klaatu ကိုဂြိုဟ်သားမှန်းမသိပဲ ကားကြုံတင်ခေါ်ခဲ့တဲ့ စုံတွဲရဲ့ နှုတ်ဆက်စကားပါ။
" Woo hoo...End of the world. Good luck!" ပါတဲ့။ ကမ္ဘာကြီးတစ်ခုလုံးပျက်တော့မယောင် ကမောက်ကမတွေဖြစ်နေချိန်မှာ ရွှင်ရွှင်လန်းလန်းနဲ့ လာမယ့်ဘေးကိုအရှိအတိုင်းရင်ဆိုင်နေကြပုံပါပဲ။ ဘာမှမတတ်နိုင်တော့တဲ့အခြေအနေမှာ စိုးရိမ်ခြင်း၊ ထိတ်လန့်ခြင်းမရှိပဲ ကျန်တဲ့အချိန်တွေကိုပျော်ရွှင်တက်ကြွစွာပဲကုန်ဆုံးသွားတော့မယ်ဆိုတဲ့ လူအမျိုးအစားတစ်မျိုးကိုလဲ ပါးပါးလေးထည့်ပြသွားတာဖြစ်ပါလိမ့်မယ်။

ဇာတ်လမ်းက နည်းနည်းအေးပြီး၊ ကမ္ဘာပျက်တဲ့ရုပ်ရှင်တွေကလဲများလွန်းတော့ The Day the Earth Stood Still က တခြားကားတွေနဲ့ယှဥ်ရင်လူတိုင်းကြိုက်ချင်မှကြိုက်မှာပါ (၁၉၅၁ ခုနှစ်တုံးက ဒီနာမည်နဲ့ပဲ တစ်ကြိမ်ရိုက်ခဲ့ဖူး)။
ကျွန်တော်ကတော့ ကြိုက်ပါတယ်။
တွေးစရာလေးတွေလဲ ရလိုက်ပါတယ်။
ကြည့်ချင်သူတွေခံစားလို့ရအောင် ဇာတ်သိမ်းကိုတော့မပြောတော့ပါဘူး။

တကယ်လို့အပြင်မှာတကယ်သာ ကမ္ဘာကြီးတစ်ခုလုံးပျက်စီးမယ့်အရေးမျိုးကြုံလာလို့ ကျွန်တော်တို့ဘာမှမတတ်နိုင်တော့တဲ့အခြေအနေဖြစ်လာရင် ကျွန်တော်တို့ကရောဘယ်လိုရင်ဆိုင်ကြမလဲဆိုတဲ့မေးခွန်းလေးကိုတော့ ကိုယ့်ဟာကိုယ်မေးပြီး ကိုယ့်ဟာကိုယ်ဖြေကြည့်ကြစေချင်ပါတယ်။  ။
(ရုပ်ရှင်ကားနာမည်ကတော့ "ကမ္ဘာမပျက်သောနေ့" The Day the Earth Stood Still ပါ)

 မောင်ဇိ
=======================================================================

ကမာၻမပ်က္ေသာေန႔
***************
ရက္ေပါင္းအနည္းငယ္၊ လေပါင္းအနည္းငယ္အတြင္း ကမာၻေပၚကလူသားေတြအားလုံး တစ္ခါထဲမ်ိဳးတုန္းၿပီးေပ်ာက္သြားမယ့္ အႏၲရာယ္မ်ိဳးကို႐ုတ္တရက္ ႀကဳံၾကၿပီဆိုပါစို႔။ လူေတြဘယ္လိုတုံ႔ျပန္ၾကမလဲ။

တစ္ေယာက္နဲ႔တစ္ေယာက္ေတြးတာခ်င္းမတူသလို၊ တုံံ့ျပန္ပုံခ်င္းကလဲတူမွာေတာ့မဟုတ္ပါဘူး။ တစ္ခ်ိဳ႕က ဘုရားသခင္ကိုတိုင္တည္ဆုေတာင္းၾကမယ္။ တစ္ခ်ိဳ႕က အသက္ရွင္ရပ္တည္ေရးအတြက္ တတ္ႏိုင္သေလာက္ခုခံၾကမယ္။ တစ္ခ်ိဳ႕က မထူးဇာတ္ခင္းၿပီးထင္ရာစိုင္းၾကမယ္။ တစ္ခ်ိဳ႕က ငိုေႂကြးပူေဆြးၾကမယ္။
တစ္ခ်ိဳ႕ကေတာ့ က်န္ရွိေနေသးတဲ့အခ်ိန္ေလးေတြကို ‌ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲ ျဖတ္သန္းဖို႔ဆုံးျဖတ္ၾကမယ္။
 တစ္ကယ္သာလက္ေတြ႕ႀကဳံလာခဲ့ရင္ေရာ ကြၽန္ေတာ္တို႔ဘာလုပ္ၾကမလဲ။

ကမာၻႀကီးတစ္ခုလုံးကလူသားေတြ မ်ိဳးျပဳတ္မယ့္ေဘးအႏၲရာယ္အေၾကာင္းေတြ႐ိုက္ထားတဲ့ ႐ုပ္ရွင္ကားေကာင္းေတြ အမ်ားႀကီးရွိပါတယ္။ ၾကည့္ဖူးတဲ့ထဲကမွတ္မွတ္ရရ သဘာဝေဘးအႏၲရာယ္နဲ႔ ကမာၻပ်က္တဲ့အေၾကာင္း႐ိုက္ထားတဲ့ 2012 ႐ုပ္ရွင္၊ ၿဂိဳဟ္သားေတြ လာက်ဴးေက်ာ္တဲ့အေၾကာင္း႐ိုက္ထားတဲ့ ကားေတြထဲမွာဆိုရင္ ျမန္မာျပည္မွာလူႀကိဳက္မ်ားတဲ့လူမည္းမင္းသား Will Smith ပါတဲ့ နာမည္ႀကီး Independence Day၊ ေနာက္ Tom Cruise ပါတဲ့ ကြၽန္ေတာ္သိပ္ႀကိဳက္တဲ့ Edge of Tomorrow၊ ဆရာ Tom Cruise ပဲ ထပ္သ႐ုပ္ေဆာင္ထားတဲ့  The War of the Worlds စသည္ျဖင့္ေပါ့ေလ။

ခုတေလာၾကည့္ျဖစ္တာက The Day the Earth Stood Still ဆိုတဲ့႐ုပ္ရွင္။ မင္းသားက နာမည္‌ေက်ာ္ Keanu Reeves။ ဗုံးေထာင္ခံထားရတဲ့ ဘတ္စ္ကားေပၚကလူေတြကိုကယ္တဲ့ Speed ႐ုပ္ရွင္မွာ စႀကိဳက္ခဲ့ရတဲ့မင္းသား။ The Day the Earth Stood Still ကိုဟိုတစ္ပိုင္း၊ ဒီတစ္ပိုင္းၾကည့္ဖူးေပမယ့္ ဒီတစ္ခါမွာ အစကေန အဆုံးထိထိုင္ၾကည့္ျဖစ္သြားတာ။ အက္ရွင္ေတြႀကိဳက္တဲ့သူေတြအတြက္ကေတာ့ အက္ရွင္ကသိပ္မမ်ားသလို၊ အာကာသယာဥ္ေတြ၊ လက္နက္ဆန္းေတြလဲ သိပ္မပါ။ ပါတဲ့ စက္႐ုပ္တစ္႐ုပ္ကေတာင္ ပုံတုံးလို႔စိတ္ဝင္စားဖို႔မေကာင္း။ ဒါနဲ႔ပဲ ေတာ္ေတာ္နဲ႔မၾကည့္ျဖစ္ရာကေန ဒီတစ္ခါၾကည့္ျဖစ္ေတာ့ သေဘာက်မိတယ္။ မွတ္မွတ္ထင္ထင္ေခါင္းထဲမွာေတြးစရာေတြေပးခဲ့တဲ့အခန္းေတြလဲပါတယ္ေပါ့ေလ။

ဇာတ္လမ္းက လူသားေတြေၾကာင့္တျဖည္းျဖည္းပ်က္စီးေတာ့မယ့္ ကမာၻေျမႀကီးကိုကယ္တင္ဖို႔ လူသားDNAသုံးၿပီးလူပုံစံဖန္တီးထားတဲ့ၿဂိဳဟ္သား Klaatu (Keanu Reeves) ကမာၻေျမေပၚကို ကမာၻလုံးပုံစံယာဥ္ႀကီးနဲ႔ေရာက္လာတာကစတယ္။
သူ႔ရည္႐ြယ္ရင္းက ကမာၻ႔ေခါင္းေဆာင္ေတြအားလုံးကိုစုၿပီး ကမာၻႀကီးပ်က္စီးမယ့္အႏၲရာယ္အေၾကာင္းသတိေပး၊ ေျပာင္းလဲမႈေတြလုပ္ရေအာင္ေျပာဖို႔ျဖစ္ေပမယ့္ အေမရိကန္အစိုးရရဲ႕ သူ႔အေပၚမယုံၾကည္မႈနဲ႔ရန္လိုမႈ၊ လူသားေတြရဲ႕ငါတေကာေကာမႈ၊ ရန္သတၱဳျပဳလိုစိတ္ရွိမႈနဲ႔ ေျပာင္းလဲခ်င္စိတ္နည္းပါးမႈေတြကိုေတြ႕ရ သိရၿပီးတဲ့ေနာက္ မူလအစီအစဥ္ထဲကတစ္ခုျဖစ္တဲ့ လူသားေတြကိုဖ်က္စီးပစ္လိုက္ဖို႔ပဲဆုံးျဖတ္ၿပီး ထိေတြ႕သမွ်အရာမွန္သမွ်ကိုဝါးမ်ိဳပစ္႐ုံသာမက အဲလိုဝါးမ်ိဳပစ္ၿပီးတိုင္းလဲ ပိိုပိုအ႐ြယ္အစားႀကီးမားလာတဲ့ စက္႐ုပ္ပိုးေကာင္အုပ္ (Nanomite) ႀကီးကို အရာရာကိုဖ်က္စီးဖို႔ စတင္ေစခဲ့လိုက္တယ္။

လုံၿခဳံရာမွာကိုယ္စီပုန္းေအာင္းေနတဲ့ အေမရိကန္သမၼတနဲ႔ဒုသမၼတတို႔ကိုကိုယ္စားျပဳၿပီး အလုပ္လုပ္ေပးေနတဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္အမ်ိဳးသမီး Regina Jackson ေျပာခဲ့တဲ့စကားေတြကလဲ ေတာ္ေတာ္မွန္ပါတယ္။ သူ႔လူေတြက ၿဂိဳဟ္သားကို သူေျပာတဲ့အတိုင္း ကမာၻေခါင္းေဆာင္ေတြနဲ႔ေတြ႕ေပးဖို႔အႀကံေပးတဲ့အခါ " သမိုင္းကေနငါတို႔ သင္ခန္းစာေတြအမ်ားႀကီးရခဲ့ၿပီးၿပီ။  ယဥ္ေက်းမႈနဲ႔ေနထိုင္မႈပုံစံမတူျခားနားတဲ့လူ႔အဖြဲ႕အစည္းႏွစ္ခု ပထမဆုံးအႀကိမ္ စၿပီးထိေတြ႕ၾကၿပီးတိုင္း နည္းပညာပိုျမင့္တဲ့လူမ်ိဳးက ‌ေနာက္လူမ်ိဳးကို မ်ိဳးျဖဳတ္ရင္ျဖဳတ္၊ မျဖဳတ္ရင္ကြၽန္ျပဳလိုက္တာပဲ။
Pizarro (စပိန္လူမ်ိဳး) နဲ႔ Inca Empire (အင္ကာႏိုင္ငံေတာ္)၊ Columbus နဲ႔ အေမရိကတိုက္၊ ေနာက္ထပ္ဥပမာေတြအမ်ားႀကီး ရွိေသးတယ္။ အခုကိစၥမွာေတာ့ ငါတို႔က နည္းပညာနိမ့္တဲ့သူေတြျဖစ္ေနလို႔ ဒီၿဂိဳဟ္သားရဲ႕အစီအစဥ္ေတြကို မရရေအာင္စစ္ၿပီးတားဆီးမွျဖစ္မယ္" လို႔ အဓိပၸါယ္ရတဲ့ စကားေတြျပန္ေျပာတယ္။

Pizarro က စပိန္ကေနေသနတ္၊အေျမာက္ေတြတပ္ဆင္ထားတဲ့ လူ၁၈၀ေလာက္နဲ႔ထြက္လာၿပီး အဲဒီအခ်ိန္ကႂကြယ္ဝခ်မ္းသာတဲ့၊ ေတာင္အေမရိကတိုက္က Inca Empire ဘုရင္ကိုေတြ႕၊ ေနာက္ေတာ့ဖမ္းသတ္လိုက္ၿပီး Inca တစ္ႏိုင္ငံလုံးကို သိမ္းပိုက္လိုက္တာပါ။ Columbus တို႔အေမရိကတိုက္ကိုေရာက္လာၿပီး ေဒသခံ Native Indian ေတြကိုတျဖည္းျဖည္းတိုက္ခိုက္နယ္ခ်ဲ႕ၿပီး အေမရိကတိုက္ကိုလူျဖဴစိုးမိုးတဲ့ေနရာျဖစ္ေအာင္လုပ္ခဲ့တာေတာ့ လူတိုင္းသိၿပီးသားျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ ျမန္မာျပည္ကိုလဲ အဲဒီလိုပဲ အႏိုင္က်င့္ၿပီး အဂၤလိပ္က သိမ္းပိုက္ခဲ့တာပါပဲ။
လူ႔သဘာဝကိုက ကိုယ့္ထက္ဖြံ႕ၿဖိဳးမႈေနာက္က်ေပမယ့္ ႂကြယ္ဝတဲ့လူ႔အသိုက္အဝန္း၊ကိုယ့္အတြက္အခြင့္အလမ္းသာမယ့္ေဒသသစ္တစ္ခုကိုေတြ႕ရတဲ့အခါ ႏိုင္တယ္ဆိုတာနဲ႔ အႏိုင္အထက္ျပဳၿပီး အရွင္သခင္လုပ္ခ်င္ၾကတာပါ။

လူ႔အဖြဲ႕အစည္းနဲ႔ ယဥ္‌ေက်းမႈပိုၿပီးဖြံ႕ၿဖိဳးလာတာနဲ႔အမွ် အဲဒီလို ႀကီးႏိုင္ငယ္ညႇင္း၊ အႏိုင္က်င့္တတ္တဲ့အ႐ိုင္းအစိုင္းစိတ္ေတြဟာ မလုပ္အပ္တဲ့အရာေတြမွန္းလူေတြလဲတစ္ျဖည္းျဖည္းေတာ့ သေဘာေပါက္စျပဳေနၾကပါၿပီ။ ဒီသေဘာတရားကိုလဲ Star Trek ႐ုပ္ရွင္ဇာတ္လမ္းတြဲထဲမွာ႐ိုက္ျပထားပါတယ္။အနာဂါတ္အာကာသခရီးသြားေခတ္အေၾကာင္း႐ိုက္ထားတဲ့ Star Trek series ေတြထဲမွာဆိုရင္ ယာဥ္ေပၚကသူေတြ စၾကဝဠာထဲမွာစူးစမ္းရွာေဖြရင္း သူတို႔အသစ္ေတြ႕တဲ့ၿဂိဳဟ္ေတြမွာ မဖြံ႕ၿဖိဳးေသးတဲ့လူနဲ႔ဆင္တဲ့သက္ရွိ(Humanoids)ေတြရွိရင္ ဝင္ေရာက္ပက္သက္စြက္ဖက္ခြင့္မျပဳထားပါဘူး။ သူ႔သဘာဝအတိုင္း ပုံမွန္တိုးတက္ဖြံ႕ၿဖိဳးလာတာကိုသာ သူတို႔ကမသိႏိုင္တဲ့ေနရာကေန ေစာင့္ၾကည့္႐ုံပဲၾကည့္လို႔ရပါတယ္။ နည္းပညာျမင့္တဲ့တစ္ျခားသက္ရွိေတြရွိေနတယ္ဆိုတာေတာင္ အခ်ိန္မတန္ေသးပဲသိသြားရင္ မလိုလားအပ္တဲ့အေျပာင္းအလဲေတြျဖစ္ကုန္မွာစိုးလို႔ပါတဲ့။
တိုက္ခိုက္သိမ္းယူဖို႔ဆိုတာက ေဝလာေဝးပါ။ ဒါကယဥ္ေက်းမႈအင္မတန္ျမင့္မားတဲ့ေခတ္ကိုေရာက္ေနၿပီဆိုတာကိုျပတဲ့သေဘာပါပဲ။

မူရင္းေျပာလက္စဇာတ္လမ္းထဲမွာ ၿဂိဳဟ္သား Klaatu ေျပာသြားတဲ့စကားတစ္ခြန္းကလဲေတာ္ေတာ္ေကာင္းပါတယ္။
" ကမာၻေျမႀကီးက လူသားေတြအတြက္ပဲ မဟုတ္ဘူး" တဲ့။
သိပ္မွန္ပါတယ္။ လူသားေတြက ကမာၻေပၚမွာဉာဏ္ရည္အျမင့္ဆုံးမ်ိဳးစိတ္ျဖစ္တာနဲ႔ ကမာၻေပၚမွာအတူမွီတင္းေနထိုင္ၾကတဲ့ တစ္ျခားသက္ရွိေတြကိုအႏိုင္က်င့္ၿပီး ကမာၻေျမႀကီးကလူသားတို႔အတြက္ခ်ည္းပဲျဖစ္သေယာင္ေယာင္ ထင္သလိုျပဳမူေဆာင္႐ြက္ေနၾကတာပါ။ လူေတြေၾကာင့္ပဲ သဘာဝတရားေတြပ်က္စီးၿပီး
ကမာၻႀကီးက ပိုပိုၿပီးအဆိပ္သင့္ေနရသလို၊ လူေတြေၾကာင့္ပဲ တစ္ျခားသက္ရွိမ်ိဳးစိတ္ေတြလဲ တစ္ခုၿပီးတစ္ခုမ်ိဳးသုဥ္းေနၾကရတာမဟုတ္လား။

ေနာက္ဆုံးမွတ္မွတ္ထင္ထင္ အေတြးပြားေစတာကေတာ့ Klaatu ကိုၿဂိဳဟ္သားမွန္းမသိပဲ ကားႀကဳံတင္ေခၚခဲ့တဲ့ စုံတြဲရဲ႕ ႏႈတ္ဆက္စကားပါ။
" Woo hoo...End of the world. Good luck!" ပါတဲ့။ ကမာၻႀကီးတစ္ခုလုံးပ်က္ေတာ့မေယာင္ ကေမာက္ကမေတြျဖစ္ေနခ်ိန္မွာ ႐ႊင္႐ႊင္လန္းလန္းနဲ႔ လာမယ့္ေဘးကိုအရွိအတိုင္းရင္ဆိုင္ေနၾကပုံပါပဲ။ ဘာမွမတတ္ႏိုင္ေတာ့တဲ့အေျခအေနမွာ စိုးရိမ္ျခင္း၊ ထိတ္လန႔္ျခင္းမရွိပဲ က်န္တဲ့အခ်ိန္ေတြကိုေပ်ာ္႐ႊင္တက္ႂကြစြာပဲကုန္ဆုံးသြားေတာ့မယ္ဆိုတဲ့ လူအမ်ိဳးအစားတစ္မ်ိဳးကိုလဲ ပါးပါးေလးထည့္ျပသြားတာျဖစ္ပါလိမ့္မယ္။

ဇာတ္လမ္းက နည္းနည္းေအးၿပီး၊ ကမာၻပ်က္တဲ့႐ုပ္ရွင္ေတြကလဲမ်ားလြန္းေတာ့ The Day the Earth Stood Still က တျခားကားေတြနဲ႔ယွဥ္ရင္လူတိုင္းႀကိဳက္ခ်င္မွႀကိဳက္မွာပါ (၁၉၅၁ ခုႏွစ္တုံးက ဒီနာမည္နဲ႔ပဲ တစ္ႀကိမ္႐ိုက္ခဲ့ဖူး)။
ကြၽန္ေတာ္ကေတာ့ ႀကိဳက္ပါတယ္။
ေတြးစရာေလးေတြလဲ ရလိုက္ပါတယ္။
ၾကည့္ခ်င္သူေတြခံစားလို႔ရေအာင္ ဇာတ္သိမ္းကိုေတာ့မေျပာေတာ့ပါဘူး။

တကယ္လို႔အျပင္မွာတကယ္သာ ကမာၻႀကီးတစ္ခုလုံးပ်က္စီးမယ့္အေရးမ်ိဳးႀကဳံလာလို႔ ကြၽန္ေတာ္တို႔ဘာမွမတတ္ႏိုင္ေတာ့တဲ့အေျခအေနျဖစ္လာရင္ ကြၽန္ေတာ္တို႔ကေရာဘယ္လိုရင္ဆိုင္ၾကမလဲဆိုတဲ့ေမးခြန္းေလးကိုေတာ့ ကိုယ့္ဟာကိုယ္ေမးၿပီး ကိုယ့္ဟာကိုယ္ေျဖၾကည့္ၾကေစခ်င္ပါတယ္။  ။
(႐ုပ္ရွင္ကားနာမည္ကေတာ့ "ကမာၻမပ်က္ေသာေန႔" The Day the Earth Stood Still ပါ)

 ေမာင္ဇိ

No comments:

Post a Comment