Friday, November 6, 2020

တူရာသီခွင် (Libra) သင်္ကေတ ချိန်ခွင်၏ဇာစ်မြစ်

တူရာသီခွင် (Libra) သင်္ကေတ ချိန်ခွင်၏ဇာစ်မြစ်
***********************************
တူရာသီခွင် Libra ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ချိန်ခွင်ပုံ နက္ခတ်က ကန်ရာသီနက္ခတ်နဲ့ ဗြိစ္ဆာရာသီနက္ခတ်တွေကြားမှာရှိနေပြီး သူ့ကိုဗြိစ္ဆာရဲ့ကင်းမြီးကောက်ပုံက ကင်းမြီးကောက်လက်သည်းလို့လဲ ရှေးကခေါ်ခဲ့ကြဖူးတယ်။ တစ်ချိန်ထဲမှာပဲ ဂရိဒဏ္ဍာရီရဲ့အဆိုအရ ကန်ရာသီနက္ခတ်နဲ့ တူရာသီနက္ခတ်တို့ဟာ တစ်ခုနဲ့တစ်ခုနီးနီးကပ်ကပ် ဆက်နွယ်ပက်သက်နေတယ်လို့ဆိုတယ်။

၁၂ ရာသီခွင်ထဲမှာ လူနဲ့တိရစ္ဆာန်ကိုကိုယ်စားမပြုတဲ့တစ်ခုတည်းသောနက္ခတ်ဖြစ်သူ တူရာသီခွင်ကိုကိုယ်စားပြုတဲ့အရာက တရားမျှတမှုနဲ့ ဟန်ချက်ညီမှုကိုဖော်ပြတဲ့ ချိန်ခွင်ပုံပါ။

ဘေဘီလုံဒဏ္ဍာရီလာ တူရာသီ၏သင်္ကေတ
********************************
ဘေဘီလုံခေတ်က ဒဏ္ဍာရီတွေမှာ တူရာသီရဲ့သင်္ကေတ ချိန်ခွင်တစ်စုံက နေနတ်ဘုရား Shamash (ဆူမီးရီးရန်း နေနတ်ဘုရား Utu) ရဲ့ အမှတ်တံဆိပ်အဖြစ်အထွတ်အမြတ်ထားရာဖြစ်တယ်။ နေနတ်ဘုရား Shamash  က အမှန်တရားနဲ့ တရားမျှတမှုကို စောင့်ရှောက်တဲ့နတ်ဘုရားလဲဖြစ်ပါသတဲ့။

အီဂျစ်ဒဏ္ဍာရီလာ တူရာသီ၏သင်္ကေတ
*****************************
ရှေးခေတ်အီဂျစ်ပြည်မှာ ယုံကြည်ခဲ့ကြတာ ဒီလို။
လူတစ်ယောက်သေသွားရင် သေသူရဲ့နှလုံးသားကို တရားမျှတမှုကို‌စောင့်ရှောက်တဲ့ နတ်ဘုရားမ Ma'at ရဲ့ ချိန်ခွင်တစ်ဖက်ပေါ်တင်ပြီး တစ်ခြားတစ်ဖက်မှာတော့ ငှက်ကုလားအုပ်တစ်ကောင်ရဲ့ အမွေးတစ်ချောင်းကိုတင်၊ သေသူရဲ့နှလုံးသားသန့်စင်မှုရှိမရှိ ချိန်တွယ်ဆန်းစစ်တယ်လို့ဆိုတယ်။
Ma'at ရဲ့ငှက်ကုလားအုပ်မွေးကိုတော့ Feather of Ma'at လို့ခေါ်ကြတယ်။
 အကုသိုလ်တွေနဲ့ပြည့်နေတဲ့နှလုံးသားက ငှက်ကုလားအုပ်မွေးထက်လေးလံမှာဖြစ်လို့ အဲဒီအခါကျရင် သေသူဟာမကောင်းဆိုးဝါးမိစ္ဆာကောင်ကြီး Ammit ရဲ့ဝါးမျိုစားသောက်ခြင်းကိုခံရမှာဖြစ်တယ်။
အကယ်၍နှလုံးသားက ငှက်မွေးထက်ပေါ့ပါးခဲ့ရင်တော့ နတ်ဘုရား Osiris ရဲ့ မြေအောက်ကမ္ဘာမှာ ပျော်ရွှင်အေးချမ်းစွာနေထိုင်ခွင့်ရမှာပါတယ်တဲ့။ ကွယ်လွန်သူရဲ့နှလုံးသားကို Ma'at ရဲ့ ကုလားအုတ်မွေးနဲ့ချိန်ခွင်ပေါ်မှာချိန်စက်ခြင်းကိုတော့ နတ်ဘုရား Osiris ရဲ့လက်ရုံးတစ်ဆူဖြစ်တဲ့ ဝံပုလွေခေါင်း (သို့) ခွေးအ ခေါင်းနဲ့လူကိုယ်ရှိတဲ့ Anubis ကဆောင်ရွက်ပါတယ်။ Anubis ဟာဖြောင့်မတ်ပြီး အကြင်နာတရားကင်းမဲ့တဲ့တရားသူကြီးတစ်ယောက်ဖြစ်ပါတယ်တဲ့။
အီဂျစ်ဒဏ္ဍာရီရဲ့အဆိုအရ တရားမျှတမှုနဲ့ မျှခြေဖြစ်မှုကိုစောင့်ရှောက်တဲ့ Ma'al ရဲ့ချိန်ခွင်က တူရာသီ Libra ရဲ့သင်္ကေတ ချိန်ခွင်ပါပဲ။

ဂရိဒဏ္ဍာရီလာ တူရာသီ၏ သင်္ကေတ (၁)
****************************
ဂရိဒဏ္ဍာရီမှာတော့ တူရာသီက ကန်ရာသီနဲ့ ဆက်စပ်နေပြန်ရော။
ကန်ရာသီကို ကိုယ်စားပြုတဲ့နတ်သမီး Dike (Astraea လို့လဲခေါ်ကြ) ရဲ့ လက်ထဲကချိန်ခွင်ဟာ တူရာသီခွင်ရဲ့နက္ခတ်ဖြစ်ပါသတဲ့။ Dike က လူသားတွေအတွက် တရားမျှတမှုနဲ့တည်ငြိမ်အေးချမ်းမှုကိုလိုလားတဲ့နတ်သမီးတစ်ပါးဖြစ်သလို နတ်ဘုရင် Zeus နဲ့ တိုက်တန်နတ်ဘုရားမတစ်ပါးဖြစ်တဲ့ Themis တို့ကနေရတဲ့သမီးတစ်ယောက်လဲဖြစ်တယ်။ သူ့မိခင် Themis ကိုယ်တိုင်ကလဲ တရားမျှတမှုကိုစောင့်ရှောက်တဲ့နတ်ဘုရားမတစ်ပါးဖြစ်လို့ တူရာသီရဲ့ ချိန်ခွင်ဟာThemis ရဲ့ချိန်ခွင်ကို ကိုယ်စားပြုတယ်လို့လဲ ဆိုသူတွေကဆိုတယ်။
Dike ကိုမျက်လုံးမှာအဝတ်စည်းထားပြီး လက်တစ်ဖက်မှာချိန်ခွင်၊ တစ်ဖက်မှာဓါးကိုင်ထားတဲ့ပုံနဲ့ပုံဖော်လေ့ရှိကြပါတယ်တဲ့။ Dike အကြောင်း အသေးစိတ်က ကန်ရာသီအကြောင်းမှာရေးထားပြီးဖြစ်လို့ ဒီမှာထပ်မရေးတော့ပါဘူး။
ဒီတော့ နတ်သမီး Dike က ကန်ရာသီကိုကိုယ်စားပြုပြီး သူ့ရဲ့ချိန်ခွင်ကတော့ တူရာသီကိုကိုယ်စားပြုတယ်လို့ပြောရမှာပါ။

ဂရိဒဏ္ဍာရီလာ တူရာသီ၏ သင်္ကေတ(၂)
*****************************
နောက်ထပ် ဂရိဒဏ္ဍာရီတစ်ခုမှာတော့ တူရာသီခွင် libra ရဲ့သင်္ကေတက မြေအောက်ကမ္ဘာရဲ့ဘုရင် Hades ရဲ့ ရွှေရောင်စစ်လှည်းကိုကိုယ်စားပြုတယ်လို့ဆိုထားတယ်။
မြင်းနက်လေးကောင် က တဲ့ Hades ရဲ့ရွှေရောင်စစ်လှည်းက လှပတဲ့ Persephone ကို မြေအောက်ကမ္ဘာကိုအတင်းအဓမ္မဆောင်ယူသွားခဲ့ချိန်မှာ သုံးခဲ့တာပါ။
လုံမပျို Persephone ကို ချစ်ခင်နှစ်သက်တဲ့ Hades က သူ့ကိုမိဖုရားအဖြစ်လိုချင်တာနဲ့ပဲ ကမ္ဘာမြေပေါ်မှာပန်းတွေကြည့်နေဆဲ Persephone ကို မြေအောက်ကနေ စစ်လှည်းနဲ့တိုးထွက်လာပြီး ရထားတင်ပြေးသွားခဲ့တယ်။
Persephone ရဲ့ သမီးပျောက်မိခင်ဖြစ်သူ ကောက်ပဲသီးနှံတို့ရဲ့နတ်ဘုရားမ Demeter မှာရောက်နေတဲ့ ကြီးမားတဲ့ပူဆွေးသောကကြောင့် နတ်ဘုရင် Zeus ကသူ့အစ်ကိုဖြစ်သူ Hades  နဲ့ညှိနှိုင်းပြီး Persephone ကိုမြေပေါ်ကမ္ဘာကိုပြန်ခေါ်ဆောင်လာစေခဲ့ပါတယ်။ ဒါပေမယ့်လဲမြေအောက်ကမ္ဘာမှာစားခဲ့မိတဲ့ သလဲသီးစေ့ ၆ စေ့ကြောင့် Persephone ဟာ မြေပေါ်နဲ့မြေ‌အောက်ကမ္ဘာကို နှစ်စဥ်၆ လစီအညီအမျှပိုင်းပြီး တစ်လှည့်စီနေထိုင်သွားခဲ့ရပါသတဲ့။
ဒီဇာတ်လမ်းမှာပါတဲ့ Hades ရဲ့မြင်းနက်ကြီး ၄ ကောင်ဆွဲတဲ့ ရွှေစစ်ရထားက တူရာသီရဲ့သင်္ကေတကိုကိုယ်စားပြုပါတယ်လို့ တစ်ချို့ဂရိဒဏ္ဍာရီက ဆိုတယ်။

အပေါ်မှာရေးခဲ့တဲ့ ဘေဘီလုံ၊အီဂျစ်၊ ဂရိဒဏ္ဍာရီနောက်ခံ ဇာတ်လမ်းလေးတွေက တူရာသီခွင်ရဲ့သင်္ကေတနဲ့ပက်သက်လို့ အပြောများ၊ အရေးများကြတဲ့ နောက်ခံဒဏ္ဍာရီလေးတွေပါ။ အင်တာနက်မှာ ရှာလို့ရသလောက်စုဆောင်းပြီး လိုတာတွေရွေးထုတ်ရေးထားတာမို့ ကျန်ခဲ့တဲ့ဇာတ်လမ်းတွေလဲရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် အပေါ်ကဇာတ်လမ်းတွေကတော့ အပြောအများဆုံး၊ အသိအများဆုံး နောက်ခံဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်။

မောင်ဇိ
#ရာသီခွင်ဇာတ်လမ်း #မောင်ဇိ #မောင်ဇိ၏ပုံပြင်များ #တူရာသီ #MaungZi #MaungZitales #Myth #Mythology #Horoscope #Libra
====================================================================

တူရာသီခြင္ (Libra) သေကၤတ ခ်ိန္ခြင္၏ဇာစ္ျမစ္
***********************************
တူရာသီခြင္ Libra ရဲ႕ အမွတ္တံဆိပ္ျဖစ္တဲ့ ခ်ိန္ခြင္ပုံ နကၡတ္က ကန္ရာသီနကၡတ္နဲ႔ ၿဗိစာၦရာသီနကၡတ္ေတြၾကားမွာရွိေနၿပီး သူ႔ကိုၿဗိစာၦရဲ႕ကင္းၿမီးေကာက္ပုံက ကင္းၿမီးေကာက္လက္သည္းလို႔လဲ ေရွးကေခၚခဲ့ၾကဖူးတယ္။ တစ္ခ်ိန္ထဲမွာပဲ ဂရိဒ႑ာရီရဲ႕အဆိုအရ ကန္ရာသီနကၡတ္နဲ႔ တူရာသီနကၡတ္တို႔ဟာ တစ္ခုနဲ႔တစ္ခုနီးနီးကပ္ကပ္ ဆက္ႏြယ္ပက္သက္ေနတယ္လို႔ဆိုတယ္။

၁၂ ရာသီခြင္ထဲမွာ လူနဲ႔တိရစာၦန္ကိုကိုယ္စားမျပဳတဲ့တစ္ခုတည္းေသာနကၡတ္ျဖစ္သူ တူရာသီခြင္ကိုကိုယ္စားျပဳတဲ့အရာက တရားမွ်တမႈနဲ႔ ဟန္ခ်က္ညီမႈကိုေဖာ္ျပတဲ့ ခ်ိန္ခြင္ပုံပါ။

ေဘဘီလုံဒ႑ာရီလာ တူရာသီ၏သေကၤတ
********************************
ေဘဘီလုံေခတ္က ဒ႑ာရီေတြမွာ တူရာသီရဲ႕သေကၤတ ခ်ိန္ခြင္တစ္စုံက ေနနတ္ဘုရား Shamash (ဆူမီးရီးရန္း ေနနတ္ဘုရား Utu) ရဲ႕ အမွတ္တံဆိပ္အျဖစ္အထြတ္အျမတ္ထားရာျဖစ္တယ္။ ေနနတ္ဘုရား Shamash  က အမွန္တရားနဲ႔ တရားမွ်တမႈကို ေစာင့္ေရွာက္တဲ့နတ္ဘုရားလဲျဖစ္ပါသတဲ့။

အီဂ်စ္ဒ႑ာရီလာ တူရာသီ၏သေကၤတ
*****************************
ေရွးေခတ္အီဂ်စ္ျပည္မွာ ယုံၾကည္ခဲ့ၾကတာ ဒီလို။
လူတစ္ေယာက္ေသသြားရင္ ေသသူရဲ႕ႏွလုံးသားကို တရားမွ်တမႈကို‌ေစာင့္ေရွာက္တဲ့ နတ္ဘုရားမ Ma'at ရဲ႕ ခ်ိန္ခြင္တစ္ဖက္ေပၚတင္ၿပီး တစ္ျခားတစ္ဖက္မွာေတာ့ ငွက္ကုလားအုပ္တစ္ေကာင္ရဲ႕ အေမြးတစ္ေခ်ာင္းကိုတင္၊ ေသသူရဲ႕ႏွလုံးသားသန႔္စင္မႈရွိမရွိ ခ်ိန္တြယ္ဆန္းစစ္တယ္လို႔ဆိုတယ္။
Ma'at ရဲ႕ငွက္ကုလားအုပ္ေမြးကိုေတာ့ Feather of Ma'at လို႔ေခၚၾကတယ္။
 အကုသိုလ္ေတြနဲ႔ျပည့္ေနတဲ့ႏွလုံးသားက ငွက္ကုလားအုပ္ေမြးထက္ေလးလံမွာျဖစ္လို႔ အဲဒီအခါက်ရင္ ေသသူဟာမေကာင္းဆိုးဝါးမိစာၦေကာင္ႀကီး Ammit ရဲ႕ဝါးမ်ိဳစားေသာက္ျခင္းကိုခံရမွာျဖစ္တယ္။
အကယ္၍ႏွလုံးသားက ငွက္ေမြးထက္ေပါ့ပါးခဲ့ရင္ေတာ့ နတ္ဘုရား Osiris ရဲ႕ ေျမေအာက္ကမာၻမွာ ေပ်ာ္႐ႊင္ေအးခ်မ္းစြာေနထိုင္ခြင့္ရမွာပါတယ္တဲ့။ ကြယ္လြန္သူရဲ႕ႏွလုံးသားကို Ma'at ရဲ႕ ကုလားအုတ္ေမြးနဲ႔ခ်ိန္ခြင္ေပၚမွာခ်ိန္စက္ျခင္းကိုေတာ့ နတ္ဘုရား Osiris ရဲ႕လက္႐ုံးတစ္ဆူျဖစ္တဲ့ ဝံပုေလြေခါင္း (သို႔) ေခြးအ ေခါင္းနဲ႔လူကိုယ္ရွိတဲ့ Anubis ကေဆာင္႐ြက္ပါတယ္။ Anubis ဟာေျဖာင့္မတ္ၿပီး အၾကင္နာတရားကင္းမဲ့တဲ့တရားသူႀကီးတစ္ေယာက္ျဖစ္ပါတယ္တဲ့။
အီဂ်စ္ဒ႑ာရီရဲ႕အဆိုအရ တရားမွ်တမႈနဲ႔ မွ်ေျချဖစ္မႈကိုေစာင့္ေရွာက္တဲ့ Ma'al ရဲ႕ခ်ိန္ခြင္က တူရာသီ Libra ရဲ႕သေကၤတ ခ်ိန္ခြင္ပါပဲ။

ဂရိဒ႑ာရီလာ တူရာသီ၏ သေကၤတ (၁)
****************************
ဂရိဒ႑ာရီမွာေတာ့ တူရာသီက ကန္ရာသီနဲ႔ ဆက္စပ္ေနျပန္ေရာ။
ကန္ရာသီကို ကိုယ္စားျပဳတဲ့နတ္သမီး Dike (Astraea လို႔လဲေခၚၾက) ရဲ႕ လက္ထဲကခ်ိန္ခြင္ဟာ တူရာသီခြင္ရဲ႕နကၡတ္ျဖစ္ပါသတဲ့။ Dike က လူသားေတြအတြက္ တရားမွ်တမႈနဲ႔တည္ၿငိမ္ေအးခ်မ္းမႈကိုလိုလားတဲ့နတ္သမီးတစ္ပါးျဖစ္သလို နတ္ဘုရင္ Zeus နဲ႔ တိုက္တန္နတ္ဘုရားမတစ္ပါးျဖစ္တဲ့ Themis တို႔ကေနရတဲ့သမီးတစ္ေယာက္လဲျဖစ္တယ္။ သူ႔မိခင္ Themis ကိုယ္တိုင္ကလဲ တရားမွ်တမႈကိုေစာင့္ေရွာက္တဲ့နတ္ဘုရားမတစ္ပါးျဖစ္လို႔ တူရာသီရဲ႕ ခ်ိန္ခြင္ဟာThemis ရဲ႕ခ်ိန္ခြင္ကို ကိုယ္စားျပဳတယ္လို႔လဲ ဆိုသူေတြကဆိုတယ္။
Dike ကိုမ်က္လုံးမွာအဝတ္စည္းထားၿပီး လက္တစ္ဖက္မွာခ်ိန္ခြင္၊ တစ္ဖက္မွာဓါးကိုင္ထားတဲ့ပုံနဲ႔ပုံေဖာ္ေလ့ရွိၾကပါတယ္တဲ့။ Dike အေၾကာင္း အေသးစိတ္က ကန္ရာသီအေၾကာင္းမွာေရးထားၿပီးျဖစ္လို႔ ဒီမွာထပ္မေရးေတာ့ပါဘူး။
ဒီေတာ့ နတ္သမီး Dike က ကန္ရာသီကိုကိုယ္စားျပဳၿပီး သူ႔ရဲ႕ခ်ိန္ခြင္ကေတာ့ တူရာသီကိုကိုယ္စားျပဳတယ္လို႔ေျပာရမွာပါ။

ဂရိဒ႑ာရီလာ တူရာသီ၏ သေကၤတ(၂)
*****************************
ေနာက္ထပ္ ဂရိဒ႑ာရီတစ္ခုမွာေတာ့ တူရာသီခြင္ libra ရဲ႕သေကၤတက ေျမေအာက္ကမာၻရဲ႕ဘုရင္ Hades ရဲ႕ ေ႐ႊေရာင္စစ္လွည္းကိုကိုယ္စားျပဳတယ္လို႔ဆိုထားတယ္။
ျမင္းနက္ေလးေကာင္ က တဲ့ Hades ရဲ႕ေ႐ႊေရာင္စစ္လွည္းက လွပတဲ့ Persephone ကို ေျမေအာက္ကမာၻကိုအတင္းအဓမၼေဆာင္ယူသြားခဲ့ခ်ိန္မွာ သုံးခဲ့တာပါ။
လုံမပ်ိဳ Persephone ကို ခ်စ္ခင္ႏွစ္သက္တဲ့ Hades က သူ႔ကိုမိဖုရားအျဖစ္လိုခ်င္တာနဲ႔ပဲ ကမာၻေျမေပၚမွာပန္းေတြၾကည့္ေနဆဲ Persephone ကို ေျမေအာက္ကေန စစ္လွည္းနဲ႔တိုးထြက္လာၿပီး ရထားတင္ေျပးသြားခဲ့တယ္။
Persephone ရဲ႕ သမီးေပ်ာက္မိခင္ျဖစ္သူ ေကာက္ပဲသီးႏွံတို႔ရဲ႕နတ္ဘုရားမ Demeter မွာေရာက္ေနတဲ့ ႀကီးမားတဲ့ပူေဆြးေသာကေၾကာင့္ နတ္ဘုရင္ Zeus ကသူ႔အစ္ကိုျဖစ္သူ Hades  နဲ႔ညႇိႏႈိင္းၿပီး Persephone ကိုေျမေပၚကမာၻကိုျပန္ေခၚေဆာင္လာေစခဲ့ပါတယ္။ ဒါေပမယ့္လဲေျမေအာက္ကမာၻမွာစားခဲ့မိတဲ့ သလဲသီးေစ့ ၆ ေစ့ေၾကာင့္ Persephone ဟာ ေျမေပၚနဲ႔ေျမ‌ေအာက္ကမာၻကို ႏွစ္စဥ္၆ လစီအညီအမွ်ပိုင္းၿပီး တစ္လွည့္စီေနထိုင္သြားခဲ့ရပါသတဲ့။
ဒီဇာတ္လမ္းမွာပါတဲ့ Hades ရဲ႕ျမင္းနက္ႀကီး ၄ ေကာင္ဆြဲတဲ့ ေ႐ႊစစ္ရထားက တူရာသီရဲ႕သေကၤတကိုကိုယ္စားျပဳပါတယ္လို႔ တစ္ခ်ိဳ႕ဂရိဒ႑ာရီက ဆိုတယ္။

အေပၚမွာေရးခဲ့တဲ့ ေဘဘီလုံ၊အီဂ်စ္၊ ဂရိဒ႑ာရီေနာက္ခံ ဇာတ္လမ္းေလးေတြက တူရာသီခြင္ရဲ႕သေကၤတနဲ႔ပက္သက္လို႔ အေျပာမ်ား၊ အေရးမ်ားၾကတဲ့ ေနာက္ခံဒ႑ာရီေလးေတြပါ။ အင္တာနက္မွာ ရွာလို႔ရသေလာက္စုေဆာင္းၿပီး လိုတာေတြေ႐ြးထုတ္ေရးထားတာမို႔ က်န္ခဲ့တဲ့ဇာတ္လမ္းေတြလဲရွိေကာင္းရွိပါလိမ့္မယ္။ ဒါေပမယ့္ အေပၚကဇာတ္လမ္းေတြကေတာ့ အေျပာအမ်ားဆုံး၊ အသိအမ်ားဆုံး ေနာက္ခံဇာတ္လမ္းေလးေတြပဲျဖစ္ပါတယ္။

ေမာင္ဇိ
#ရာသီခြင္ဇာတ္လမ္း #ေမာင္ဇိ #ေမာင္ဇိ၏ပုံျပင္မ်ား #တူရာသီ #MaungZi #MaungZitales #Myth #Mythology #Horoscope #Libra

No comments:

Post a Comment