Friday, November 20, 2020

မေထုန်ရာသီခွင် (Gemini) သင်္ကေတ အမွှာညီနောင်ဇာစ်မြစ်

မေထုန်ရာသီခွင် (Gemini) သင်္ကေတ အမွှာညီနောင်ဇာစ်မြစ်
*********************************************
မေထုန်ရာသီခွင်ကိုခေါ်တဲ့ Gemini ဆိုတာက လက်တင်ဘာသာစကားဖြစ်ပြီး အင်္ဂလိပ်ဘာသာနဲ့ဆို The Twins လို့ဘာသာပြန်တယ်။ မြန်မာလိုဆိုရင်တော့ "အမွှာ" ပေါ့။ မေထုန်ရာသီခွင်ရဲ့ ကြယ်စု (Gemini constellation) က သင်္ဘောသားတွေကို လမ်းပြလေ့ရှိလို့ သင်္ဘောသားတွေကိုစောင့်ရှောက်သူလို့လဲ တင်စားခေါ်ကြတယ်။
သူ့ရဲ့နောက်ခံဇာတ်လမ်းက ဂရိနဲ့ရောမသားတွေပြောခဲ့တဲ့ ဒဏ္ဍာရီတစ်ခုပဲရှာလို့ရတဲ့အတွက် ဒီဇာတ်ကြောင်းကိုပဲ နည်းနည်းလေးအကျယ်ချဲ့ပြီး ပြောကြတာပေါ့။

ဂရိဒဏ္ဍာရီလာ မေထုန်ရာသီ၏ သင်္ကေတ
*******************************
ရှေးခေတ် ဂရိနိုင်ငံက စပါတာပြည်မှာ Leda လို့ခေါ်တဲ့ လှပတဲ့မိဖုရားတစ်ပါးရှိတယ်။ သူ့ရဲ့ခင်ပွန်းဘုရင်ကြီးကတော့ Tyndareus တဲ့။ မိဖုရားဟာ လှပလွန်းတဲ့အတွက် လှပချောမောသူတွေကို သဘောကျတတ်တဲ့ နတ်ဘုရင် Zeus ရဲ့မျက်စိကျခြင်းကို ခံရတယ်(ထုံးစံအတိုင်း) ။

မိဖုရား Leda တစ်ယောက်နန်းတော်က ဥယျာဥ်ထဲမှာတစ်ယောက်ထဲရှိနေတုန်း သိမ်းငှက်တစ်ကောင်လိုက်လို့ ထွက်ပြေးလာတဲ့ ငန်းဖြူကြီးတစ်ကောင်ဟာ မိဖုရားဆီအားကိုးတကြီးပြေးလာပြီး အကာအကွယ်လာယူတယ်။ အဲဒီ လှပတဲ့ငန်းဖြူကြီးက အမှန်တော့ ဉာဏ်များတဲ့ နတ်ဘုရင် Zeus ကိုယ်တိုင်ပါပဲ။ ငန်းအသွင်ယူထားတဲ့ Zeus နတ်ဘုရားဟာ မိဖုရားဘေးမှာ တစ်နေကုန်ကပ်နေပြီး မိဖုရားကိုကိုယ်ဝန်ရသွားစေခဲ့တယ်။
အဲဒီညမှာပဲ မိဖုရားက သူ့ချစ်လင် ဘုရင်ကြီး  Tyndareus နဲ့အတူနေပြန်တယ်။ ဒီလိုနဲ့ မိဖုရားမှာ ကိုယ်ဝန်ရင့်လာပြီး အမွှာကလေးယောက်ျားလေးနှစ်ယောက်မွေးလာတော့တယ် (တစ်ချို့ဇာတ်လမ်းတွေမှာတော့ ဥကပေါက်တယ်လို့ဆိုတယ်)။ တစ်ယောက်ကတော့ ဘုရင်Tyndareus နဲ့ရတဲ့လူသားကလေး Castor ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Zeus နတ်မင်းရဲ့ရင်သွေး Pollux ပေါ့
( Castor နဲ့ Pollux ကလက်တင်နာမည်တွေဖြစ်ပြီး ဂရိမှာတော့ Pollux ကို Polydeuces လို့လဲခေါ်တယ်)။ သူတို့နဲ့အတူနောက်ထပ်မွေးလာတာက Helen နဲ့  Clytemnestra ဆိုတဲ့ညီအစ်မနှစ်ယောက်။ အဲဒီ Helen ကပဲနောင်တစ်ချိန်မှာ အလှပဂေးတစ်‌ယောက်အဖြစ်ကြီးပြင်းလာလို့ Helen of Troy ဆိုပြီးသူ့ကိုနာမည်ကြီးစေမယ့် Trojan စစ်ပွဲကိုဖြစ်စေခဲ့တဲ့ အကြောင်းအရင်းဖြစ်လာခဲ့တယ်။

အမွှာညီအစ်ကိုနှစ်ယောက်အကြောင်းဆက်ပြောရရင် Castor ကလူသားမိဘတွေကမွေးသူဖြစ်လို့ သာမန်လူသားတစ်ယောက်ဖြစ်ပေမယ့် demigod လို့ခေါ်ကြတဲ့ လူတစ်ပိုင်း၊နတ်တစ်ပိုင်း Pollux ကတော့ သေခြင်းကင်းသူ (immortal) တစ်ယောက်ဖြစ်တယ်။ အဖေတစ်ယောက်စီကမွေးတာဖြစ်ပေမယ့် အမွှာညီအစ်ကိုနှစ်ယောက်က သိပ်ကိုချစ်ခင်စည်းလုံးကြတယ်။ နတ်ဘုရားသွေးပါလို့ ခွန်အားဗလကြီးမားပြီး၊ အတိုက်အခိုက်၊ အသတ်အပုတ်ကျွမ်းကျင်တဲ့ Pollux ကို သူ့ညီ Castor ကပြိုင်ဘက်ကင်းမြင်းစီးအတတ်နဲ့ ပခုံးချင်းယှဥ်နိုင်တယ်။ သူ့ရဲ့မြင်းဖြစ်တဲ့ Pep ကိုအချိန်ပြည့်စီးနင်းလေ့ကျင့်နေတဲ့ Castor ကို အတော်ဆုံးမြင်းသည်တော်အဖြစ်အဲဒီဒေသမှာ အသိအမှတ်ပြုထားကြတယ်။ တိုက်ခိုက်စွန့်စားရတဲ့ကိစ္စတွေမှာ တိုက်ရည်ခိုက်ရည်ကောင်းတဲ့ Pollux ကိုသာမက မြင်းရေးကြွယ်ပြီး ကင်းထောက်တော်တဲ့ Castor ကိုပါ လူတွေက အားကိုးကြရပါသတဲ့။  မြင်းစီးအမဲလိုက်ကျွမ်းကျင်တဲ့ သူတို့နှစ်ယောက်က ဘယ်လောက်တောင်မခွဲမခွာအတူရှိကြလွန်းလဲဆို သူတို့ညီအစ်ကိုနှစ်ယောက်ကိုတစ်ယောက်ချင်းစီနာမည်မခေါ်တော့ပဲ နှစ်ယောက်ပေါင်းကို  Dioscuri (Zeus ရဲ့သားတွေ) လို့ခေါ်ကြတဲ့ထိပါပဲ။ Dioscuri ဆိုရင် Castor နဲ့ Pollux ညီနောင်နှစ်ယောက်ပေါ့။

သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ညီမဖြစ်တဲ့ Helen အင်မတန်ငယ်ရွယ်စဥ်မှာ အေသင်မြို့က သူရဲကောင်း Theseus နဲ့ သူ့မိတ်ဆွေတစ်ယောက်က စပါတာ ကိုခိုးဝင်ပြီး Helen ကိုခိုးသွားတယ်။ အကြောင်းရင်းကိုပြောရမယ်ဆိုရင် Theseus ရဲ့အိပ်မက်တစ်ခုက နတ်ဘုရင် Zeus ရဲ့သမီးတစ်ယောက်နဲ့လက်ထပ်ချင်တာမို့လို့ပါတဲ့။ ဒါနဲ့ပဲ Zeus ရဲ့သမီးတော်လို့နာမည်ထွက်တဲ့ Helen က Theseus ရဲ့ပစ်မှတ်ဖြစ်သွားတယ်။ အဲဒီနောက်သူနဲ့ကြံစည်ဖော်ကြံစည်ဖက်ဖြစ်တဲ့ သူ့မိတ်ဆွေဖြစ်သူ Larissa ပြည်ရဲ့ဘုရင် Perithous လိုချင်တဲ့သတို့သမီးကိုခိုးယူဖို့ နှစ်ယောက်သားမြေအောက်ကမ္ဘာကိုဆင်းသွားကြပြန်တယ်။ Perithous လိုချင်တာက မြေအောက်ကမ္ဘာရဲ့အရှင်သခင် Hades ရဲ့မိဖုရားကြီးဖြစ်တဲ့ Persephone တဲ့ (ဒီဇာတ်လမ်းကတော့ နောက်တစ်ပုဒ်သတ်သတ်ရေးမှရမယ်)။ Theseus တို့မြေအောက်ကမ္ဘာကိုရောက်နေစဥ်မှာပဲ စွမ်းအားထက်တဲ့အမွှာညီအစ်ကိုနှစ်ယောက်က Athens နားမှာရှိတဲ့ Attica ဆိုတဲ့မြို့ငယ်လေးတစ်ခုမှာ ထိန်းသိမ်းထားခံရတဲ့ သူတို့ညီမ‌လေး Helen ကိုကယ်တင်ဖို့ အဲဒီမြို့လေးကိုဝင်ပြီးတိုက်ခိုက်ပစ်လိုက်တယ်။ အဲဒီနောက် သူရဲကောင်းညီနောင်တို့ဟာ ညီမငယ်ကိုဆောင်ယူပြီးပြည်တော်ပြန်ခဲ့ကြတယ်တဲ့။

ဂရိဒဏ္ဍာရီမှာထင်ရှားတဲ့ Calydonian တောဝက်ရိုင်းကြီးကို သုတ်သင်ဖို့ သူရဲကောင်းတွေ အမဲလိုက်ကြတဲ့ပွဲတော်ကြီးမှာလဲ သူတို့ညီအစ်ကိုနှစ်ယောက်ပါတယ်လို့ဆိုတယ်။ နောက်တစ်ခါ သူရဲကောင်း Jason က ရွှေရောင်သိုးသားရေ (မိဿAries နက္ခတ်အကြောင်းမှာပါ) ကိုသွားယူဖို့ Argon ဆိုတဲ့သင်္ဘောကြီးနဲ့လိုက်မယ့် သူရဲကောင်း ၅၀ ခေါ်တဲ့အခါမှာလဲ သူတို့ညီအစ်ကိုနှစ်ယောက်က တက်တက်ကြွကြွလိုက်သွားကြတယ်။
Argon သင်္ဘောကိုအစွဲပြုပြီး Argonauts လို့ ခေါ်ကြတဲ့သူရဲကောင်းတွေရဲ့ခရီးလမ်းက Bebryces ဆိုတဲ့တိုင်းပြည်ကိုရောက်ချိန်မှာ အဲဒီကဘုရင်က သူတို့ထဲကအရဲရင့်ဆုံးလူတစ်ယောက်နဲ့ လက်ဝှေ့ထိုးဖို့စိန်ခေါ်ခဲ့တယ်။ ဘုရင် Amycus ကရေနတ်ဘုရား Poseidon ရဲ့သားတစ်ယောက်ဖြစ်တယ်လို့ဆိုတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ဘုရင်က ခရီးသွားတွေကိုလက်ဝှေ့ထိုးဖို့စိန်ခေါ်ပြီး ရှုံးသွားတဲ့သူတွေကို သတ်ဖြတ်ပစ်လေ့ရှိတယ်တဲ့။ စိန်ခေါ်ချက်ကို Argonaut တွေနဲ့ပါလာတဲ့ အမွှာညီအစ်ကိုထဲက အထိုးအခုတ်ကျင်လည်သူ Pollux ကလက်ခံလိုက်ပြီး ဘုရင် Amycus နဲ့ထိုးသတ်ကြရာမှာ ဘုရင်သေသွားပါသတဲ့။ အဲဒီတော့မှ Argonaut သူရဲကောင်းတွေလဲ ဆက်ပြီးခရီးထွက်နိုင်ကြတော့တယ်တဲ့။

နောက်ပိုင်းမှာ တိုင်းပြည်ကိုပြန်ရောက်ပြီးတဲ့နောက် Castor နဲ့ Pollux တို့နှစ်ယောက်က Phoebe နဲ့ Hilaeira ဆိုတဲ့ညီအစ်မနှစ်ယောက်ကို အသီးသီးကြိုက်ကြပြီးလက်ထပ်ဖို့ဆုံးဖြတ်ကြတယ်။ ဒါပေမယ့် မိန်းကလေးနှစ်ယောက်က အမွှာညီနောင်ရဲ့ ဝမ်းကွဲညီအစ်ကိုတော်သူ နောက်ထပ်အမွှာတွေဖြစ်တဲ့ Thebes မြို့က Lynceus နဲ့ Idas တို့နဲ့လက်ထပ်ဖို့စေ့စပ်ပြီးသားပါတဲ့။ Castor နဲ့ Pollux ညီနောင်ကတော့ ဂရုမစိုက်ပဲ ညီအစ်မနှစ်ယောက်ကို မ ပြီး စပါတာကို ပြေးကြသတဲ့။ ဒါနဲ့ပဲ ဝမ်းကွဲလေးယောက်ကြားမှာ မကြေမလည်တွေဖြစ်လာတော့တယ်။

တစ်နေ့မှာ ညီအစ်ကိုလေးယောက်က Arcadia မှာ သိုးတွေကိုအမဲလိုက်ဖမ်းဆီးကြတယ်။ အမဲလိုက်ပြီးတော့ ဝေစုခွဲချိန်မှာ လူကောင်ကြီးမားထွားကြိုင်းတဲ့ Ida က အဆိုပြုတယ်။ သိုးတွေကို လေးပုံမပုံပဲ နှစ်ပုံပဲပုံမယ်။ သိုးတစ်ကောင်ကို ကင်စားကြပြီး ကိုယ်ရတဲ့အပိုင်းကို အရင်ကုန်အောင်စားနိုင်တဲ့ အမွှာက နှစ်ပုံလုံးယူလို့ပြောတယ်။ Dioscuri ညီအစ်ကိုက သဘောတူလိုက်ပြီး သိုးသားစားကြချိန်မှာ Ida ကသူ့ဝေစုရော၊ သူ့အမွှာဖြစ်တဲ့ Lynceus ရဲ့ဝေစုကိုပါယူစားပစ်လိုက်ပြီး စားစရာတွေအမြန်ကုန်သွားသတဲ့။ Dioscuri ညီနောင်လဲ သိုးအုပ်တစ်ခုလုံးကို Ida တို့ညီအစ်ကိုလက် အပ်လိုက်ရပါလေရော။ တစ်နေ့နေ့မှာပြန်လက်စားချေမယ်လို့တော့ ကြုံးဝါးထားတာပေါ့။

အဲဒီတစ်နေ့နေ့က မကြာခင်မှာရောက်လာတယ်။ သူ့တို့ဦးလေးဖြစ်သူဆီကိုလာလည်တဲ့ Ida နဲ့ Lynceus ကို ဦးလေးဖြစ်သူအပြင်သွားနေလို့ Helen၊ Castor နဲ့ Pollux တို့ကဧည့်ခံကြတယ်။ အဲဒီအချိန်မှာ Troy မြို့ကအိမ်ရှေ့မင်းသား Paris လဲရောက်နေတယ်။ အခွင့်အရေးစောင့်နေတဲ့ Castor နဲ့ Pollux တို့က ဧည့်သည်တွေကို Helen နဲ့ထားခဲ့ပြီး Ida နဲ့ Lynceus တို့ရဲ့သိုးအုပ်ကိုခိုးဖို့ထွက်သွားကြတယ်။ တော်တော်လေးကြာချိန်မှာ Ida နဲ့ Lynceus တို့က Helen နဲ့ Paris ကိုထားခဲ့ပြီး တစ်ခါပြန်လာကြပြန်တယ်။ အဲဒီမှာတင် သိုးအုပ်ခိုးဖို့ကြိုးစားနေတဲ့ Castor နဲ့ Pollux တို့ကိုအိမ်အပြန်မှာတွေ့ပြီးတိုက်ခိုက်ကြတော့တယ်။ Ida ရဲ့လက်ချက်နဲ့ Castor သေသွားပြီး Pollux ကတော့ Lynceus ကိုသတ်လိုက်တယ်။ ကျန်ခဲ့တဲ့ Ida နဲ့ Pollux တို့မတိုက်ခိုက်ခင်မှာပဲ Zeus ကသူ့သားနဲ့ရန်ဖြစ်နေတဲ့ Ida ကိုမိုးကြိုးနဲ့ပစ်ပြီးသတ်လိုက်တယ်။

ကျန်ခဲ့တဲ့ Castor ရဲ့မြင်း Pep ကိုစီးပြီး ဖြေမဆည်နိုင်အောင် ဝမ်းနည်းကြေကွဲနေတဲ့  Pollux က သူ့အဖေဖြစ်သူ Zeus ကိုတောင်းဆိုတယ်။ သူ့မှာရှိတဲ့ မသေခြင်းတရားကို သူ့ညီ Castor ကိုပေးပါရစေတဲ့။ နှလုံးကြေကွဲနေတဲ့သူ့သားရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့ နတ်ဘုရင် Zeus က Castor နဲ့ Pollux ညီအစ်ကိုနှစ်ယောက်ကို ကောင်းကင်ပြင်ပေါ်မှာ Dioscuri ကြယ်တာရာစုအဖြစ် ထာဝရရှိနေစေဖို့ ဖန်ဆင်းပေးလိုက်တယ်။ အဲဒီကြယ်စုကတော့ အမွှာနှစ်ယောက်ကို ကိုယ်စားပြုတဲ့ မေထုန်နက္ခတ် (Gemini)  ပါပဲ။

အပေါ်မှာရေးခဲ့တာကတော့ မေထုန်ရာသီခွင် Gemini ရဲ့ သင်္ကေတအမွှာညီနောင်ရဲ့နောက်ခံဇာတ်လမ်းပဲဖြစ်ပါတယ်။ ဂရိနဲ့ရောမဒဏ္ဍာရီကနေလာတဲ့ ဇာတ်လမ်းလေးတစ်ခုပါ။ Gemini ရဲ့ နောက်ခံဒဏ္ဍာရီက သူတို့ညီအစ်ကိုနှစ်ယောက်အကြောင်းကလွဲလို့ တစ်ခြားဟာရှာလို့မတွေ့ပါဘူး။ မူကွဲလေးတွေနည်းနည်းရှိပေမယ့် မောင်ဇိရေးခဲ့တဲ့ Castor နဲ့ Pollux တို့အကြောင်းကတော့ တတ်နိုင်သမျှတော်တော်လေးပြည့်ပြည့်စုံစုံဖြစ်အောင်ကြိုးစားထားပါတယ်။ ။

မောင်ဇိ

#ရာသီခွင်ဇာတ်လမ်း #မောင်ဇိ #မောင်ဇိ၏ပုံပြင်များ #မေထုန်ရာသီ #MaungZi #MaungZitales #Myth #Mythology #Horoscope #Gemini

=======================================================================

ေမထုန္ရာသီခြင္ (Gemini) သေကၤတ အမႊာညီေနာင္ဇာစ္ျမစ္
*********************************************
ေမထုန္ရာသီခြင္ကိုေခၚတဲ့ Gemini ဆိုတာက လက္တင္ဘာသာစကားျဖစ္ၿပီး အဂၤလိပ္ဘာသာနဲ႔ဆို The Twins လို႔ဘာသာျပန္တယ္။ ျမန္မာလိုဆိုရင္ေတာ့ "အမႊာ" ေပါ့။ ေမထုန္ရာသီခြင္ရဲ႕ ၾကယ္စု (Gemini constellation) က သေဘၤာသားေတြကို လမ္းျပေလ့ရွိလို႔ သေဘၤာသားေတြကိုေစာင့္ေရွာက္သူလို႔လဲ တင္စားေခၚၾကတယ္။
သူ႔ရဲ႕ေနာက္ခံဇာတ္လမ္းက ဂရိနဲ႔ေရာမသားေတြေျပာခဲ့တဲ့ ဒ႑ာရီတစ္ခုပဲရွာလို႔ရတဲ့အတြက္ ဒီဇာတ္ေၾကာင္းကိုပဲ နည္းနည္းေလးအက်ယ္ခ်ဲ႕ၿပီး ေျပာၾကတာေပါ့။

ဂရိဒ႑ာရီလာ ေမထုန္ရာသီ၏ သေကၤတ
*******************************
ေရွးေခတ္ ဂရိႏိုင္ငံက စပါတာျပည္မွာ Leda လို႔ေခၚတဲ့ လွပတဲ့မိဖုရားတစ္ပါးရွိတယ္။ သူ႔ရဲ႕ခင္ပြန္းဘုရင္ႀကီးကေတာ့ Tyndareus တဲ့။ မိဖုရားဟာ လွပလြန္းတဲ့အတြက္ လွပေခ်ာေမာသူေတြကို သေဘာက်တတ္တဲ့ နတ္ဘုရင္ Zeus ရဲ႕မ်က္စိက်ျခင္းကို ခံရတယ္(ထုံးစံအတိုင္း) ။

မိဖုရား Leda တစ္ေယာက္နန္းေတာ္က ဥယ်ာဥ္ထဲမွာတစ္ေယာက္ထဲရွိေနတုန္း သိမ္းငွက္တစ္ေကာင္လိုက္လို႔ ထြက္ေျပးလာတဲ့ ငန္းျဖဴႀကီးတစ္ေကာင္ဟာ မိဖုရားဆီအားကိုးတႀကီးေျပးလာၿပီး အကာအကြယ္လာယူတယ္။ အဲဒီ လွပတဲ့ငန္းျဖဴႀကီးက အမွန္ေတာ့ ဉာဏ္မ်ားတဲ့ နတ္ဘုရင္ Zeus ကိုယ္တိုင္ပါပဲ။ ငန္းအသြင္ယူထားတဲ့ Zeus နတ္ဘုရားဟာ မိဖုရားေဘးမွာ တစ္ေနကုန္ကပ္ေနၿပီး မိဖုရားကိုကိုယ္ဝန္ရသြားေစခဲ့တယ္။
အဲဒီညမွာပဲ မိဖုရားက သူ႔ခ်စ္လင္ ဘုရင္ႀကီး  Tyndareus နဲ႔အတူေနျပန္တယ္။ ဒီလိုနဲ႔ မိဖုရားမွာ ကိုယ္ဝန္ရင့္လာၿပီး အမႊာကေလးေယာက္်ားေလးႏွစ္ေယာက္ေမြးလာေတာ့တယ္ (တစ္ခ်ိဳ႕ဇာတ္လမ္းေတြမွာေတာ့ ဥကေပါက္တယ္လို႔ဆိုတယ္)။ တစ္ေယာက္ကေတာ့ ဘုရင္Tyndareus နဲ႔ရတဲ့လူသားကေလး Castor ျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့ Zeus နတ္မင္းရဲ႕ရင္ေသြး Pollux ေပါ့
( Castor နဲ႔ Pollux ကလက္တင္နာမည္ေတြျဖစ္ၿပီး ဂရိမွာေတာ့ Pollux ကို Polydeuces လို႔လဲေခၚတယ္)။ သူတို႔နဲ႔အတူေနာက္ထပ္ေမြးလာတာက Helen နဲ႔  Clytemnestra ဆိုတဲ့ညီအစ္မႏွစ္ေယာက္။ အဲဒီ Helen ကပဲေနာင္တစ္ခ်ိန္မွာ အလွပေဂးတစ္‌ေယာက္အျဖစ္ႀကီးျပင္းလာလို႔ Helen of Troy ဆိုၿပီးသူ႔ကိုနာမည္ႀကီးေစမယ့္ Trojan စစ္ပြဲကိုျဖစ္ေစခဲ့တဲ့ အေၾကာင္းအရင္းျဖစ္လာခဲ့တယ္။

အမႊာညီအစ္ကိုႏွစ္ေယာက္အေၾကာင္းဆက္ေျပာရရင္ Castor ကလူသားမိဘေတြကေမြးသူျဖစ္လို႔ သာမန္လူသားတစ္ေယာက္ျဖစ္ေပမယ့္ demigod လို႔ေခၚၾကတဲ့ လူတစ္ပိုင္း၊နတ္တစ္ပိုင္း Pollux ကေတာ့ ေသျခင္းကင္းသူ (immortal) တစ္ေယာက္ျဖစ္တယ္။ အေဖတစ္ေယာက္စီကေမြးတာျဖစ္ေပမယ့္ အမႊာညီအစ္ကိုႏွစ္ေယာက္က သိပ္ကိုခ်စ္ခင္စည္းလုံးၾကတယ္။ နတ္ဘုရားေသြးပါလို႔ ခြန္အားဗလႀကီးမားၿပီး၊ အတိုက္အခိုက္၊ အသတ္အပုတ္ကြၽမ္းက်င္တဲ့ Pollux ကို သူ႔ညီ Castor ကၿပိဳင္ဘက္ကင္းျမင္းစီးအတတ္နဲ႔ ပခုံးခ်င္းယွဥ္ႏိုင္တယ္။ သူ႔ရဲ႕ျမင္းျဖစ္တဲ့ Pep ကိုအခ်ိန္ျပည့္စီးနင္းေလ့က်င့္ေနတဲ့ Castor ကို အေတာ္ဆုံးျမင္းသည္ေတာ္အျဖစ္အဲဒီေဒသမွာ အသိအမွတ္ျပဳထားၾကတယ္။ တိုက္ခိုက္စြန႔္စားရတဲ့ကိစၥေတြမွာ တိုက္ရည္ခိုက္ရည္ေကာင္းတဲ့ Pollux ကိုသာမက ျမင္းေရးႂကြယ္ၿပီး ကင္းေထာက္ေတာ္တဲ့ Castor ကိုပါ လူေတြက အားကိုးၾကရပါသတဲ့။  ျမင္းစီးအမဲလိုက္ကြၽမ္းက်င္တဲ့ သူတို႔ႏွစ္ေယာက္က ဘယ္ေလာက္ေတာင္မခြဲမခြာအတူရွိၾကလြန္းလဲဆို သူတို႔ညီအစ္ကိုႏွစ္ေယာက္ကိုတစ္ေယာက္ခ်င္းစီနာမည္မေခၚေတာ့ပဲ ႏွစ္ေယာက္ေပါင္းကို  Dioscuri (Zeus ရဲ႕သားေတြ) လို႔ေခၚၾကတဲ့ထိပါပဲ။ Dioscuri ဆိုရင္ Castor နဲ႔ Pollux ညီေနာင္ႏွစ္ေယာက္ေပါ့။

သူတို႔ညီအစ္ကိုႏွစ္ေယာက္ရဲ႕ ညီမျဖစ္တဲ့ Helen အင္မတန္ငယ္႐ြယ္စဥ္မွာ ေအသင္ၿမိဳ႕က သူရဲေကာင္း Theseus နဲ႔ သူ႔မိတ္ေဆြတစ္ေယာက္က စပါတာ ကိုခိုးဝင္ၿပီး Helen ကိုခိုးသြားတယ္။ အေၾကာင္းရင္းကိုေျပာရမယ္ဆိုရင္ Theseus ရဲ႕အိပ္မက္တစ္ခုက နတ္ဘုရင္ Zeus ရဲ႕သမီးတစ္ေယာက္နဲ႔လက္ထပ္ခ်င္တာမို႔လို႔ပါတဲ့။ ဒါနဲ႔ပဲ Zeus ရဲ႕သမီးေတာ္လို႔နာမည္ထြက္တဲ့ Helen က Theseus ရဲ႕ပစ္မွတ္ျဖစ္သြားတယ္။ အဲဒီေနာက္သူနဲ႔ႀကံစည္ေဖာ္ႀကံစည္ဖက္ျဖစ္တဲ့ သူ႔မိတ္ေဆြျဖစ္သူ Larissa ျပည္ရဲ႕ဘုရင္ Perithous လိုခ်င္တဲ့သတို႔သမီးကိုခိုးယူဖို႔ ႏွစ္ေယာက္သားေျမေအာက္ကမာၻကိုဆင္းသြားၾကျပန္တယ္။ Perithous လိုခ်င္တာက ေျမေအာက္ကမာၻရဲ႕အရွင္သခင္ Hades ရဲ႕မိဖုရားႀကီးျဖစ္တဲ့ Persephone တဲ့ (ဒီဇာတ္လမ္းကေတာ့ ေနာက္တစ္ပုဒ္သတ္သတ္ေရးမွရမယ္)။ Theseus တို႔ေျမေအာက္ကမာၻကိုေရာက္ေနစဥ္မွာပဲ စြမ္းအားထက္တဲ့အမႊာညီအစ္ကိုႏွစ္ေယာက္က Athens နားမွာရွိတဲ့ Attica ဆိုတဲ့ၿမိဳ႕ငယ္ေလးတစ္ခုမွာ ထိန္းသိမ္းထားခံရတဲ့ သူတို႔ညီမ‌ေလး Helen ကိုကယ္တင္ဖို႔ အဲဒီၿမိဳ႕ေလးကိုဝင္ၿပီးတိုက္ခိုက္ပစ္လိုက္တယ္။ အဲဒီေနာက္ သူရဲေကာင္းညီေနာင္တို႔ဟာ ညီမငယ္ကိုေဆာင္ယူၿပီးျပည္ေတာ္ျပန္ခဲ့ၾကတယ္တဲ့။

ဂရိဒ႑ာရီမွာထင္ရွားတဲ့ Calydonian ေတာဝက္႐ိုင္းႀကီးကို သုတ္သင္ဖို႔ သူရဲေကာင္းေတြ အမဲလိုက္ၾကတဲ့ပြဲေတာ္ႀကီးမွာလဲ သူတို႔ညီအစ္ကိုႏွစ္ေယာက္ပါတယ္လို႔ဆိုတယ္။ ေနာက္တစ္ခါ သူရဲေကာင္း Jason က ေ႐ႊေရာင္သိုးသားေရ (မိႆAries နကၡတ္အေၾကာင္းမွာပါ) ကိုသြားယူဖို႔ Argon ဆိုတဲ့သေဘၤာႀကီးနဲ႔လိုက္မယ့္ သူရဲေကာင္း ၅၀ ေခၚတဲ့အခါမွာလဲ သူတို႔ညီအစ္ကိုႏွစ္ေယာက္က တက္တက္ႂကြႂကြလိုက္သြားၾကတယ္။
Argon သေဘၤာကိုအစြဲျပဳၿပီး Argonauts လို႔ ေခၚၾကတဲ့သူရဲေကာင္းေတြရဲ႕ခရီးလမ္းက Bebryces ဆိုတဲ့တိုင္းျပည္ကိုေရာက္ခ်ိန္မွာ အဲဒီကဘုရင္က သူတို႔ထဲကအရဲရင့္ဆုံးလူတစ္ေယာက္နဲ႔ လက္ေဝွ႔ထိုးဖို႔စိန္ေခၚခဲ့တယ္။ ဘုရင္ Amycus ကေရနတ္ဘုရား Poseidon ရဲ႕သားတစ္ေယာက္ျဖစ္တယ္လို႔ဆိုတယ္။ ရက္စက္ၾကမ္းၾကဳတ္တဲ့ဘုရင္က ခရီးသြားေတြကိုလက္ေဝွ႔ထိုးဖို႔စိန္ေခၚၿပီး ရႈံးသြားတဲ့သူေတြကို သတ္ျဖတ္ပစ္ေလ့ရွိတယ္တဲ့။ စိန္ေခၚခ်က္ကို Argonaut ေတြနဲ႔ပါလာတဲ့ အမႊာညီအစ္ကိုထဲက အထိုးအခုတ္က်င္လည္သူ Pollux ကလက္ခံလိုက္ၿပီး ဘုရင္ Amycus နဲ႔ထိုးသတ္ၾကရာမွာ ဘုရင္ေသသြားပါသတဲ့။ အဲဒီေတာ့မွ Argonaut သူရဲေကာင္းေတြလဲ ဆက္ၿပီးခရီးထြက္ႏိုင္ၾကေတာ့တယ္တဲ့။

ေနာက္ပိုင္းမွာ တိုင္းျပည္ကိုျပန္ေရာက္ၿပီးတဲ့ေနာက္ Castor နဲ႔ Pollux တို႔ႏွစ္ေယာက္က Phoebe နဲ႔ Hilaeira ဆိုတဲ့ညီအစ္မႏွစ္ေယာက္ကို အသီးသီးႀကိဳက္ၾကၿပီးလက္ထပ္ဖို႔ဆုံးျဖတ္ၾကတယ္။ ဒါေပမယ့္ မိန္းကေလးႏွစ္ေယာက္က အမႊာညီေနာင္ရဲ႕ ဝမ္းကြဲညီအစ္ကိုေတာ္သူ ေနာက္ထပ္အမႊာေတြျဖစ္တဲ့ Thebes ၿမိဳ႕က Lynceus နဲ႔ Idas တို႔နဲ႔လက္ထပ္ဖို႔ေစ့စပ္ၿပီးသားပါတဲ့။ Castor နဲ႔ Pollux ညီေနာင္ကေတာ့ ဂ႐ုမစိုက္ပဲ ညီအစ္မႏွစ္ေယာက္ကို မ ၿပီး စပါတာကို ေျပးၾကသတဲ့။ ဒါနဲ႔ပဲ ဝမ္းကြဲေလးေယာက္ၾကားမွာ မေၾကမလည္ေတြျဖစ္လာေတာ့တယ္။

တစ္ေန႔မွာ ညီအစ္ကိုေလးေယာက္က Arcadia မွာ သိုးေတြကိုအမဲလိုက္ဖမ္းဆီးၾကတယ္။ အမဲလိုက္ၿပီးေတာ့ ေဝစုခြဲခ်ိန္မွာ လူေကာင္ႀကီးမားထြားႀကိဳင္းတဲ့ Ida က အဆိုျပဳတယ္။ သိုးေတြကို ေလးပုံမပုံပဲ ႏွစ္ပုံပဲပုံမယ္။ သိုးတစ္ေကာင္ကို ကင္စားၾကၿပီး ကိုယ္ရတဲ့အပိုင္းကို အရင္ကုန္ေအာင္စားႏိုင္တဲ့ အမႊာက ႏွစ္ပုံလုံးယူလို႔ေျပာတယ္။ Dioscuri ညီအစ္ကိုက သေဘာတူလိုက္ၿပီး သိုးသားစားၾကခ်ိန္မွာ Ida ကသူ႔ေဝစုေရာ၊ သူ႔အမႊာျဖစ္တဲ့ Lynceus ရဲ႕ေဝစုကိုပါယူစားပစ္လိုက္ၿပီး စားစရာေတြအျမန္ကုန္သြားသတဲ့။ Dioscuri ညီေနာင္လဲ သိုးအုပ္တစ္ခုလုံးကို Ida တို႔ညီအစ္ကိုလက္ အပ္လိုက္ရပါေလေရာ။ တစ္ေန႔ေန႔မွာျပန္လက္စားေခ်မယ္လို႔ေတာ့ ႀကဳံးဝါးထားတာေပါ့။

အဲဒီတစ္ေန႔ေန႔က မၾကာခင္မွာေရာက္လာတယ္။ သူ႔တို႔ဦးေလးျဖစ္သူဆီကိုလာလည္တဲ့ Ida နဲ႔ Lynceus ကို ဦးေလးျဖစ္သူအျပင္သြားေနလို႔ Helen၊ Castor နဲ႔ Pollux တို႔ကဧည့္ခံၾကတယ္။ အဲဒီအခ်ိန္မွာ Troy ၿမိဳ႕ကအိမ္ေရွ႕မင္းသား Paris လဲေရာက္ေနတယ္။ အခြင့္အေရးေစာင့္ေနတဲ့ Castor နဲ႔ Pollux တို႔က ဧည့္သည္ေတြကို Helen နဲ႔ထားခဲ့ၿပီး Ida နဲ႔ Lynceus တို႔ရဲ႕သိုးအုပ္ကိုခိုးဖို႔ထြက္သြားၾကတယ္။ ေတာ္ေတာ္ေလးၾကာခ်ိန္မွာ Ida နဲ႔ Lynceus တို႔က Helen နဲ႔ Paris ကိုထားခဲ့ၿပီး တစ္ခါျပန္လာၾကျပန္တယ္။ အဲဒီမွာတင္ သိုးအုပ္ခိုးဖို႔ႀကိဳးစားေနတဲ့ Castor နဲ႔ Pollux တို႔ကိုအိမ္အျပန္မွာေတြ႕ၿပီးတိုက္ခိုက္ၾကေတာ့တယ္။ Ida ရဲ႕လက္ခ်က္နဲ႔ Castor ေသသြားၿပီး Pollux ကေတာ့ Lynceus ကိုသတ္လိုက္တယ္။ က်န္ခဲ့တဲ့ Ida နဲ႔ Pollux တို႔မတိုက္ခိုက္ခင္မွာပဲ Zeus ကသူ႔သားနဲ႔ရန္ျဖစ္ေနတဲ့ Ida ကိုမိုးႀကိဳးနဲ႔ပစ္ၿပီးသတ္လိုက္တယ္။

က်န္ခဲ့တဲ့ Castor ရဲ႕ျမင္း Pep ကိုစီးၿပီး ေျဖမဆည္ႏိုင္ေအာင္ ဝမ္းနည္းေၾကကြဲေနတဲ့  Pollux က သူ႔အေဖျဖစ္သူ Zeus ကိုေတာင္းဆိုတယ္။ သူ႔မွာရွိတဲ့ မေသျခင္းတရားကို သူ႔ညီ Castor ကိုေပးပါရေစတဲ့။ ႏွလုံးေၾကကြဲေနတဲ့သူ႔သားရဲ႕ ဆႏၵကိုျဖည့္ဆည္းေပးဖို႔ နတ္ဘုရင္ Zeus က Castor နဲ႔ Pollux ညီအစ္ကိုႏွစ္ေယာက္ကို ေကာင္းကင္ျပင္ေပၚမွာ Dioscuri ၾကယ္တာရာစုအျဖစ္ ထာဝရရွိေနေစဖို႔ ဖန္ဆင္းေပးလိုက္တယ္။ အဲဒီၾကယ္စုကေတာ့ အမႊာႏွစ္ေယာက္ကို ကိုယ္စားျပဳတဲ့ ေမထုန္နကၡတ္ (Gemini)  ပါပဲ။

အေပၚမွာေရးခဲ့တာကေတာ့ ေမထုန္ရာသီခြင္ Gemini ရဲ႕ သေကၤတအမႊာညီေနာင္ရဲ႕ေနာက္ခံဇာတ္လမ္းပဲျဖစ္ပါတယ္။ ဂရိနဲ႔ေရာမဒ႑ာရီကေနလာတဲ့ ဇာတ္လမ္းေလးတစ္ခုပါ။ Gemini ရဲ႕ ေနာက္ခံဒ႑ာရီက သူတို႔ညီအစ္ကိုႏွစ္ေယာက္အေၾကာင္းကလြဲလို႔ တစ္ျခားဟာရွာလို႔မေတြ႕ပါဘူး။ မူကြဲေလးေတြနည္းနည္းရွိေပမယ့္ ေမာင္ဇိေရးခဲ့တဲ့ Castor နဲ႔ Pollux တို႔အေၾကာင္းကေတာ့ တတ္ႏိုင္သမွ်ေတာ္ေတာ္ေလးျပည့္ျပည့္စုံစုံျဖစ္ေအာင္ႀကိဳးစားထားပါတယ္။ ။

ေမာင္ဇိ

#ရာသီခြင္ဇာတ္လမ္း #ေမာင္ဇိ #ေမာင္ဇိ၏ပုံျပင္မ်ား #ေမထုန္ရာသီ #MaungZi #MaungZitales #Myth #Mythology #Horoscope #Gemini

No comments:

Post a Comment