Thursday, November 12, 2020

တောင်တန်းတွေပေါ်က အင်ကာနိုင်ငံတော်

 

တောင်တန်းတွေပေါ်က အင်ကာနိုင်ငံတော်
********************************
အရှေ့တောင်အာရှသမိုင်းမှာ အကြီးကျယ်အခမ်းနားဆုံးနိုင်ငံတော်လို့ဆိုနိုင်မယ့် ဒုတိယမြန်မာနိုင်ငံတော်ကြီးကို ဘုရင့်နောင်မင်းတရားကြီးက အောင်အောင်မြင်မြင်ထူထောင်နေတဲ့အချိန်နဲ့မရှေးမ‌နှောင်းမှာ တောင်အမေရိကတိုက်က ခမ်းနားကြီးကျယ်လှတဲ့ အင်ကာနိုင်ငံတော်ကြီး (Inca Empire) ကတော့ပြိုလဲပျက်စီးပြီး စပိန်နယ်ချဲ့တွေလက်အောက်ကိုရောက်သွားခဲ့တယ်။ ပီရူးနိုင်ငံ အန်ဒီးစ်တောင်တန်းတွေပေါ်မှာ ရှုမငြီးစရာအံ့ဖွယ်ကျောက်တုံးအဆောက်အဦတွေနဲ့ တောက်ပပျိုးပြက်တဲ့နိုင်ငံတော်ကြီးတစ်ခုကိုစုစည်းတည်ဆောက်နိုင်ခဲ့ပေမယ့် နှစ်ပေါင်း ၃၀၀လောက်အကြာမှာတော့ ပြည်တွင်းစစ်ရဲ့ဖျက်စီးမှုနဲ့အတူ စပိန်လူမျိုးတွေရဲ့တိုက်ခိုက်သိမ်းပိုက်မှုအောက်ကို အလွယ်တကူပဲကျသွားတဲ့ အင်ကာနိုင်ငံတော်ကြီးပေါ့။
တောင်အမေရိကတိုက်မှာ အကြီးဆုံးနိုင်ငံတော်ဖြစ်ခဲ့တဲ့အင်ကာအင်ပါယာ အထွတ်အထိပ်ရောက်ချိန်မှာ အခုခေတ်ပီရူး၊ အီကွေဒေါ၊ ဘိုလီဗိီးယား၊ အာဂျင်တီးနားနဲ့ ချီလီနိုင်ငံရဲ့ အစိတ်အပိုင်းတော်တော်များများဟာ အင်ကာနိုင်ငံတော်ကြီးအောက်မှာပါဝင်ခဲ့တယ်။ စာပေအရေးအသားမရှိခဲ့ပေမယ့် အင်မတန်ကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ်၊ အဆင့်အတန်းမြင့်တဲ့ဆောက်လုပ်ရေးနည်းပညာနဲ့တောင်တန်းတွေပေါ်မှာ‌အောင်မြင်အောင်စိုက်ပျိုးနိုင်တဲ့ အံမခန်းစနစ်ကျတဲ့စိုက်ပျိုးရေးစနစ်ရှိပြီး ချမ်းသာကြွယ်ဝတဲ့နိုင်ငံတော်ကြီးဖြစ်ခဲ့တယ်။
ဒါပေမယ့်လဲ အေဒီ ၁၅၂၇ ခုနှစ်မှာ အင်ကာဧကရာဇ် ဟွာနာကာပက် (Huayna Capac) ကွယ်လွန်သွားချိန်ကစလို့ အင်ကာနိုင်ငံတော်ကြီးအတွက် ကြမ္မာငင်ဖို့ဖြစ်လာတော့တာပါပဲ။ ဧကရာဇ်ရဲ့မိဖုရားတစ်ပါးစီကနေမွေးတဲ့ မင်းသားနှစ်ပါးတို့ဟာ သမိုင်းကြောင်းကြီးတဲ့နိုင်ငံကြီးရဲ့ထီးနန်းကို သူရထိုက်၊ငါရထိုက်လုရာကနေ ပြည်တွင်းစစ်ဖြစ်တော့တယ်။ အဲဒီအချိန် မြန်မာပြည်မှာတော့ တပင်ရွှေထီးဦးစီးတဲ့တောင်ငူမြို့ကအင်အားကောင်းလာပြီး ဒုတိယမြန်မာနိုင်ငံတော်ရဲ့အစပိုင်းကာလတွေကို ဘုရင့်နောင်နဲ့အတူစပြီးထူထောင်နေကြပေါ့။
အင်ကာနိုင်ငံတော်မှာတော့ ထီးနန်းကိုကွယ်လွန်သူဧကရာဇ်ရဲ့သားတစ်ယောက်ဖြစ်တဲ့ ဟွာစကာ( Huascar ) က သိမ်းပိုက်ပြီးမြို့တော် ကက်စ်ကို (Cuzco) မှာနန်းထိုင်ပေမယ့် နောက်ထပ်သားတစ်ယောက်ဖြစ်သူ အတာဟွာပါ (Atahualpa) ကနောက်လိုက်အများအပြား၊ စစ်ပရိယာယ်ကောင်းကောင်းနဲ့ သူ့အစ်ကိုကို စစ်ပြုနေခဲ့တယ်။ သုံးနှစ်ကျော်ကြာတဲ့စစ်ပွဲတွေအလီလီအပြီးမှာတော့ အတာဟွာပါကအောင်ပွဲရသွားခဲ့တယ်။
မှတ်တမ်းတွေအရစစ်သား ၆ သောင်းစီပါတဲ့ တပ်နှစ်တပ်ဟာ မြို့တော် ကက်စ်ကိုနားမှာရင်ဆိုင်တွေ့ပြီး တိုက်ခိုက်ကြတဲ့အခါ မြို့တော်မှာနန်းစိုက်သူဟွာစကာရဲ့တပ်တွေအရေးနိမ့်သွားပြီး ဟွာစကာကိုယ်တိုင်လဲအဖမ်းခံလိုက်ရတယ်။ မြောက်ဘက်ကနေဆင်းလာတဲ့ အတာဟွာပါဟာ သူ့တပ်မှူးတွေရဲ့အောင်ပွဲသတင်းကြောင့်စိတ်ဓါတ်တက်ကြွနေပြီး သူသိမ်းပိုက်ထားတဲ့ ကာဂျာမာကာ(Cajamarca)မြို့ကနေ စစ်သားလေးသောင်းနဲ့အတူ သူ့အစ်ကို့ကိုဖမ်းဆီးထားရာကိုသွားပြီး ဧကရာဇ်အဖြစ်ခံယူဖို့အဆင်သင့်ဖြစ်နေပြီ။
အဲဒီအချိန်မှာ ပီဇာရိုနဲ့ လူ ၁၈၀ လောက်ရှိတဲ့စပိန်သင်္ဘောသားတွေက လက်ဆောင်တွေနဲ့အတူ အောင်ပွဲခံ ဧကရာဇ်အတာဟွာပါကိုတွေ့ခွင့်တောင်းတယ်။
တွေ့ဖို့ချိန်းဆိုထားတဲ့ ကွင်းပြင်ပတ်ပတ်လည်မှာတော့ လူ ၁၈၀ သော စပိန်တပ်တွေက အမြောက်တွေအပါအဝင်၊ မြင်းတပ်၊ သေနတ်တပ်တွေနဲ့အသင့်အနေအထားနဲ့စောင့်နေခဲ့တယ်။
ထောင်ပေါင်းများစွာသော လက်နက်မဲ့အခြံအရံတွေနဲ့ အတူ အတာဟွာပါရောက်လာခဲ့တယ်။ လောလောလတ်လတ်အောင်ပွဲကြီးလဲရထား၊ လူသောင်းဂဏန်းရှိတဲ့စစ်တပ်ကိုလဲပိုင်ဆိုင်ထားတဲ့ အတာဟွာပါက လူလေး ၁၈၀ လောက်ပါတဲ့စပိန်တပ်တွေကို လျှော့တွက်ထားခဲ့မိလိုက်ပုံပါပဲ။ ပီဇာရိုနဲ့ အတာဟွာပါတွေ့ချိန်မှာ ပီဇာရိုနဲ့ပါလာတဲ့ ခရစ်ယာန်ဘုန်းကြီးကသမ္မာကျမ်းစာစာအုပ်ကိုထိုးပေးပြီး ခရစ်ယာန်ဘာသာနဲ့ စပိန်ဘုရင်မင်းမြတ်ကိုလက်ခံဖို့ အတာဟွာပါကိုဖိအားပေးတယ်။ အတာဟွာပါက ငြင်းလိုက်ပြီးသူ့ကိုအတင်းထိုးပေးတဲ့သမ္မာကျမ်းစာကိုပုတ်ချလိုက်ချိန်မှာပဲ ပီဇာရိုကသူ့တပ်တွေကိုတိုက်ဖို့အမိန့်ပေးလိုက်ပြီး အမြောက်တွေ၊သေနတ်တွေနဲ့တရကြမ်းပစ်ခတ်သတ်ဖြတ်ကြတော့တယ်။ ထွက်ပြေးဖို့ကြိုးစားကြသူတွေကိုလဲ မြင်းတပ်နဲ့လိုက်လံရှင်းလင်းသုတ်သင်တယ်။
သေနတ်မမြင်ဘူးတဲ့၊ လက်နက်မပါသ‌လောက်ဖြစ်တဲ့ ဧကရာဇ်ရဲ့နောက်လိုက်တွေအကုန်ဝရုန်းသုန်းကားသွေးပျက်ကုန်ပြီး၊ အတုံးအရုံးကျဆုံးကုန်ကြတယ်။ ဧကရာဇ် အတာဟွာပါကိုယ်တိုင်လဲအဖမ်းခံလိုက်ရတယ်။
အမှန်ကတော့ ဘာသာရေးဆိုတာက စပိန်တွေအတွက်နယ်ချဲ့ချင်လို့အကြောင်းပြချက်ရှာရုံသက်သက်ပါ။ မြန်မာပြည် အင်္ဂလိပ်-မြန်မာ တတိယကျူးကျော်စစ်မှာတုန်းကဒီလိုပဲ သစ်လုံးကိစ္စကိုအကြောင်းပြပြီး အင်္ဂလိပ်ကအနိုင်ကျင့်တိိုက်ခိုက်သိမ်းပိုက်သွားတာပါပဲ။
ရန်စချင်တဲ့သူဆိုတာက အကြောင်းပြချက်တစ်ခုခုပေးပြီး ရန်ရှာကြတာ ထုံးစံပဲမဟုတ်လား။
စပိန်တွေက အတာဟွာပါ ကိုသူ့အစ်ကိုနဲ့ဘယ်သူကပိုကောင်းတဲ့ဧကရာဇ်ဖြစ်မလဲဆိုတာကြည့်ရမယ်လို့ဆိုတဲ့အတွက် အတာဟွာပါကစိတ်ချရအောင် သူ့လူတွေကို ဖမ်းထားတဲ့ဟွာစကာ ကိုရေချပြီးကွပ်မြက်စေခဲ့တယ်။ ပြီးတော့ သူ့ကိုပြန်လွှတ်ပေးရင် ခန်းမတစ်ခုလုံးအပြည့်ရွှေတွေငွေတွေဖြည့်ပေးမယ်လို့လဲ စပိန်တွေကိုကမ်းလှမ်းလိုက်တယ်။ ပီဇာရိုက အတာဟွာပါရဲ့တောင်းဆိုချက်ကိုလက်ခံပြီး တစ်နိုင်ငံလုံးကရွှေတွေ၊ငွေတွေသူ့ဆီရောက်လာတာကို အကုန်သိမ်းကြုံးယူနေခဲ့တယ်။
ရွှေငွေတွေအကုန်ရပြီဆိုတော့မှ သူ့အစ်ကိုကိုသတ်မှု၊ စပိန်ဘုရင်ကိုပုန်ကန်မှုနဲ့ တစ်ခြားသေးသေးမွှားမွှားအမှုလေးတွေတပ်၊ မတရားတဲ့ တရားခွင်တစ်ခုစီရင်ပြီး ဧကရာဇ်ဖြစ်ခါစ အတာဟွာပါကို ကြိုးဆွဲချပြီးသေဒဏ်ပေးလိုက်ပါတော့တယ်။
အဲဒီနောက်တော့ ပီဇာရိုက နောက်ထပ်စစ်ကူရောက်လာတဲ့ စပိန်တပ်တွေနဲ့အတူ မြို့တော် ကက်စ်ကို ကိုလွယ်လွယ်ကူကူပဲသိမ်းပိုက်လိုက်တယ်။ သူ့ကိုယ်သူ အင်ကာနိုင်ငံတော်ရဲ့ စပိန်အုပ်ချုပ်သူအဖြစ်ကြေငြာလိုက်ပြီး သူနဲ့အတူ လုပ်ဖော်ကိုင်ဖက်စစ်သားတစ်ယောက်ဖြစ်တဲ့ ဒီယက်ဂို အယ်မာဂရို(Diego Almagro) ကိုတော့ ချီလီနိုင်ငံပိုင်းကိုယူစေတယ်။
ဆင်းရဲမွဲတေလွန်းတဲ့ ချီလီနိုင်ငံကနေဘာမှမရနိုင်တဲ့အတွက် အယ်မာဂရိုက ပီဇာရိုဆီကနေ သူရထားတဲ့အတောမသတ်များပြားလွန်းတဲ့ရွှေ၊ငွေတစ်ချို့ကိုဝေစုခွဲပေးဖို့တောင်းဆိုရာကနေ အဝေမတည့်လို့ သူတို့နှစ်ယောက်စစ်ဖြစ်ကြပြန်တယ်။ အယ်မာဂရိုရှုံးနိမ့်သွားပြီး သေဒဏ်ပေးခံရတယ်။
၁၅၄၁ ခုနှစ်မှာတော့ အယ်မာဂရိုရဲ့သားရဲ့မိတ်ဆွေတွေက ပီဇာရိုရဲ့နန်းတော်ကိုထိုးဖောက်ဝင်ရောက်ပြီး ညစာစားနေတဲ့ ပီဇာရိုကိုလုပ်ကြံသတ်ဖြတ်လိုက်ကြတယ်။
ဒီလိုနဲ့ ပီဇာရိုသေသွားပေမယ့် အင်ကာနိုင်ငံကတော့ စပိန်တွေရဲ့ ဆက်လက်ကျွန်ပြုခြင်းခံရမြဲပါပဲ။
ဒီအချိန်မြန်မာပြည်မှာ တောင်ငူဘုရင်တပင်ရွှေထီးက ပဲခူးကိုသိမ်းပိုက်ပြီးထီးနန်းကိုပဲခူးကို ရွှေ့နေပြီ။ တပင်ရွှေထီးနောက် ဘုရင့်နောင်လက်ထက်မှာတော့ မြန်မာနိုင်ငံက ၁၆ ရာစုအရှေ့တောင်အာရှမှာ အကြီးမားအကျယ်ပြန့်ဆုံး၊ အကြွယ်ဝဆုံးဧကရာဇ်နိုင်ငံတော်ကြီးအဖြစ် ခံ့ခံ့ညားညားပေါ်ထွက်လာတော့တယ်။
ဧကရာဇ်နိုင်ငံဖြစ်ခဲ့တဲ့ အင်ကာနိုင်ငံတော်ကြီးဟာ အင်အားတွေပြုန်းတီးသွားစေတဲ့ပြည်တွင်းစစ်၊ ကမ္ဘာကိုလေ့လာမှုအားနည်းခဲ့လို့ နိမ့်ကျတဲ့လက်နက်တပ်ဆင်မှု၊ ရန်သူစပိန်တွေကိုအထင်သေးမှုတွေနဲ့အတူ လျှောကျပျက်စီးသွားချိန်မှာတော့ ဘုရင့်နောင်မင်းတရားကြီးက သစ္စာခံတွေကို သစ္စာမြဲစေတဲ့ သဘောထားကြီးမြတ်မှု၊ ပေါ်တူဂီကြေးစားစစ်သားတွေကိုတောင်ငှားပြီးစစ်တိုက်ခိုင်းနိုင်လောက်တဲ့အမြင်ကျယ်မှု၊ ခေတ်နဲ့လျော်ညီတဲ့လက်နက်တပ်ဆင်မှု၊ ကိုယ်တိုင်အရည်အသွေးပြည့်ဝမှုတွေနဲ့အတူ ထိုင်း၊လာအို၊ မဏိပူရ်စတဲ့ဒေသတွင်းနိုင်ငံတွေကိုပါသိမ်းသွင်းပြီး စကြဝတေးမင်းအဖြစ် မြန်မာနိုင်ငံတော်ကြီးကိုအုပ်စိုးနိုင်ခဲ့တယ်။ ထိုင်းနိုင်ငံသားတွေကဆို ဘုရင့်နောင်မင်းတရားကြီးကို အရပ်ဆယ်မျက်နှာကိုအောင်မြင်တဲ့ဘုရင်မင်းမြတ်ကြီးအဖြစ် အသိအမှတ်ပြုမြတ်နိုးခဲ့ကြတယ်လို့ဆိုတယ်။
ခေတ်ကိုမျက်ခြေမပြတ်ပဲ အမြင်ကျယ်ကျယ်နဲ့ စွမ်းဆောင်ရည်ကိုအကောင်းဆုံးမြှင့်တင်နိုင်သူ၊ တိုင်းသူပြည်သားကိုချစ်မြတ်နိုးသူ၊ စည်းရုံးရေးဆက်ဆံရေးကောင်းမွန်သူခေါင်းဆောင်တွေက နိုင်ငံတစ်ခုရဲ့ကံကြမ္မာကို အကောင်းဘက်ရောက်အောင် အဆုံးအဖြတ်ပေးကြတာပါပဲ။
#MaungZiTales #history #MaungZi #သမိုင်းပုံပြင်
===========================================
ေတာင္တန္းေတြေပၚက အင္ကာႏိုင္ငံေတာ္
********************************
အေရွ႕ေတာင္အာရွသမိုင္းမွာ အႀကီးက်ယ္အခမ္းနားဆုံးႏိုင္ငံေတာ္လို႔ဆိုႏိုင္မယ့္ ဒုတိယျမန္မာႏိုင္ငံေတာ္ႀကီးကို ဘုရင့္ေနာင္မင္းတရားႀကီးက ေအာင္ေအာင္ျမင္ျမင္ထူေထာင္ေနတဲ့အခ်ိန္နဲ႔မေရွးမ‌ေႏွာင္းမွာ ေတာင္အေမရိကတိုက္က ခမ္းနားႀကီးက်ယ္လွတဲ့ အင္ကာႏိုင္ငံေတာ္ႀကီး (Inca Empire) ကေတာ့ၿပိဳလဲပ်က္စီးၿပီး စပိန္နယ္ခ်ဲ႕ေတြလက္ေအာက္ကိုေရာက္သြားခဲ့တယ္။ ပီ႐ူးႏိုင္ငံ အန္ဒီးစ္ေတာင္တန္းေတြေပၚမွာ ရႈမၿငီးစရာအံ့ဖြယ္ေက်ာက္တုံးအေဆာက္အဦေတြနဲ႔ ေတာက္ပပ်ိဳးျပက္တဲ့ႏိုင္ငံေတာ္ႀကီးတစ္ခုကိုစုစည္းတည္ေဆာက္ႏိုင္ခဲ့ေပမယ့္ ႏွစ္ေပါင္း ၃၀၀ေလာက္အၾကာမွာေတာ့ ျပည္တြင္းစစ္ရဲ႕ဖ်က္စီးမႈနဲ႔အတူ စပိန္လူမ်ိဳးေတြရဲ႕တိုက္ခိုက္သိမ္းပိုက္မႈေအာက္ကို အလြယ္တကူပဲက်သြားတဲ့ အင္ကာႏိုင္ငံေတာ္ႀကီးေပါ့။
ေတာင္အေမရိကတိုက္မွာ အႀကီးဆုံးႏိုင္ငံေတာ္ျဖစ္ခဲ့တဲ့အင္ကာအင္ပါယာ အထြတ္အထိပ္ေရာက္ခ်ိန္မွာ အခုေခတ္ပီ႐ူး၊ အီေကြေဒါ၊ ဘိုလီဗိီးယား၊ အာဂ်င္တီးနားနဲ႔ ခ်ီလီႏိုင္ငံရဲ႕ အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားဟာ အင္ကာႏိုင္ငံေတာ္ႀကီးေအာက္မွာပါဝင္ခဲ့တယ္။ စာေပအေရးအသားမရွိခဲ့ေပမယ့္ အင္မတန္ေကာင္းမြန္တဲ့အုပ္ခ်ဳပ္မႈစနစ္၊ အဆင့္အတန္းျမင့္တဲ့ေဆာက္လုပ္ေရးနည္းပညာနဲ႔ေတာင္တန္းေတြေပၚမွာ‌ေအာင္ျမင္ေအာင္စိုက္ပ်ိဳးႏိုင္တဲ့ အံမခန္းစနစ္က်တဲ့စိုက္ပ်ိဳးေရးစနစ္ရွိၿပီး ခ်မ္းသာႂကြယ္ဝတဲ့ႏိုင္ငံေတာ္ႀကီးျဖစ္ခဲ့တယ္။
ဒါေပမယ့္လဲ ေအဒီ ၁၅၂၇ ခုႏွစ္မွာ အင္ကာဧကရာဇ္ ဟြာနာကာပက္ (Huayna Capac) ကြယ္လြန္သြားခ်ိန္ကစလို႔ အင္ကာႏိုင္ငံေတာ္ႀကီးအတြက္ ၾကမၼာငင္ဖို႔ျဖစ္လာေတာ့တာပါပဲ။ ဧကရာဇ္ရဲ႕မိဖုရားတစ္ပါးစီကေနေမြးတဲ့ မင္းသားႏွစ္ပါးတို႔ဟာ သမိုင္းေၾကာင္းႀကီးတဲ့ႏိုင္ငံႀကီးရဲ႕ထီးနန္းကို သူရထိုက္၊ငါရထိုက္လုရာကေန ျပည္တြင္းစစ္ျဖစ္ေတာ့တယ္။ အဲဒီအခ်ိန္ ျမန္မာျပည္မွာေတာ့ တပင္ေ႐ႊထီးဦးစီးတဲ့ေတာင္ငူၿမိဳ႕ကအင္အားေကာင္းလာၿပီး ဒုတိယျမန္မာႏိုင္ငံေတာ္ရဲ႕အစပိုင္းကာလေတြကို ဘုရင့္ေနာင္နဲ႔အတူစၿပီးထူေထာင္ေနၾကေပါ့။
အင္ကာႏိုင္ငံေတာ္မွာေတာ့ ထီးနန္းကိုကြယ္လြန္သူဧကရာဇ္ရဲ႕သားတစ္ေယာက္ျဖစ္တဲ့ ဟြာစကာ( Huascar ) က သိမ္းပိုက္ၿပီးၿမိဳ႕ေတာ္ ကက္စ္ကို (Cuzco) မွာနန္းထိုင္ေပမယ့္ ေနာက္ထပ္သားတစ္ေယာက္ျဖစ္သူ အတာဟြာပါ (Atahualpa) ကေနာက္လိုက္အမ်ားအျပား၊ စစ္ပရိယာယ္ေကာင္းေကာင္းနဲ႔ သူ႔အစ္ကိုကို စစ္ျပဳေနခဲ့တယ္။ သုံးႏွစ္ေက်ာ္ၾကာတဲ့စစ္ပြဲေတြအလီလီအၿပီးမွာေတာ့ အတာဟြာပါကေအာင္ပြဲရသြားခဲ့တယ္။
မွတ္တမ္းေတြအရစစ္သား ၆ ေသာင္းစီပါတဲ့ တပ္ႏွစ္တပ္ဟာ ၿမိဳ႕ေတာ္ ကက္စ္ကိုနားမွာရင္ဆိုင္ေတြ႕ၿပီး တိုက္ခိုက္ၾကတဲ့အခါ ၿမိဳ႕ေတာ္မွာနန္းစိုက္သူဟြာစကာရဲ႕တပ္ေတြအေရးနိမ့္သြားၿပီး ဟြာစကာကိုယ္တိုင္လဲအဖမ္းခံလိုက္ရတယ္။ ေျမာက္ဘက္ကေနဆင္းလာတဲ့ အတာဟြာပါဟာ သူ႔တပ္မႉးေတြရဲ႕ေအာင္ပြဲသတင္းေၾကာင့္စိတ္ဓါတ္တက္ႂကြေနၿပီး သူသိမ္းပိုက္ထားတဲ့ ကာဂ်ာမာကာ(Cajamarca)ၿမိဳ႕ကေန စစ္သားေလးေသာင္းနဲ႔အတူ သူ႔အစ္ကို႔ကိုဖမ္းဆီးထားရာကိုသြားၿပီး ဧကရာဇ္အျဖစ္ခံယူဖို႔အဆင္သင့္ျဖစ္ေနၿပီ။
အဲဒီအခ်ိန္မွာ ပီဇာ႐ိုနဲ႔ လူ ၁၈၀ ေလာက္ရွိတဲ့စပိန္သေဘၤာသားေတြက လက္ေဆာင္ေတြနဲ႔အတူ ေအာင္ပြဲခံ ဧကရာဇ္အတာဟြာပါကိုေတြ႕ခြင့္ေတာင္းတယ္။
ေတြ႕ဖို႔ခ်ိန္းဆိုထားတဲ့ ကြင္းျပင္ပတ္ပတ္လည္မွာေတာ့ လူ ၁၈၀ ေသာ စပိန္တပ္ေတြက အေျမာက္ေတြအပါအဝင္၊ ျမင္းတပ္၊ ေသနတ္တပ္ေတြနဲ႔အသင့္အေနအထားနဲ႔ေစာင့္ေနခဲ့တယ္။
ေထာင္ေပါင္းမ်ားစြာေသာ လက္နက္မဲ့အၿခံအရံေတြနဲ႔ အတူ အတာဟြာပါေရာက္လာခဲ့တယ္။ ေလာေလာလတ္လတ္ေအာင္ပြဲႀကီးလဲရထား၊ လူေသာင္းဂဏန္းရွိတဲ့စစ္တပ္ကိုလဲပိုင္ဆိုင္ထားတဲ့ အတာဟြာပါက လူေလး ၁၈၀ ေလာက္ပါတဲ့စပိန္တပ္ေတြကို ေလွ်ာ့တြက္ထားခဲ့မိလိုက္ပုံပါပဲ။ ပီဇာ႐ိုနဲ႔ အတာဟြာပါေတြ႕ခ်ိန္မွာ ပီဇာ႐ိုနဲ႔ပါလာတဲ့ ခရစ္ယာန္ဘုန္းႀကီးကသမၼာက်မ္းစာစာအုပ္ကိုထိုးေပးၿပီး ခရစ္ယာန္ဘာသာနဲ႔ စပိန္ဘုရင္မင္းျမတ္ကိုလက္ခံဖို႔ အတာဟြာပါကိုဖိအားေပးတယ္။ အတာဟြာပါက ျငင္းလိုက္ၿပီးသူ႔ကိုအတင္းထိုးေပးတဲ့သမၼာက်မ္းစာကိုပုတ္ခ်လိုက္ခ်ိန္မွာပဲ ပီဇာ႐ိုကသူ႔တပ္ေတြကိုတိုက္ဖို႔အမိန႔္ေပးလိုက္ၿပီး အေျမာက္ေတြ၊ေသနတ္ေတြနဲ႔တရၾကမ္းပစ္ခတ္သတ္ျဖတ္ၾကေတာ့တယ္။ ထြက္ေျပးဖို႔ႀကိဳးစားၾကသူေတြကိုလဲ ျမင္းတပ္နဲ႔လိုက္လံရွင္းလင္းသုတ္သင္တယ္။
ေသနတ္မျမင္ဘူးတဲ့၊ လက္နက္မပါသ‌ေလာက္ျဖစ္တဲ့ ဧကရာဇ္ရဲ႕ေနာက္လိုက္ေတြအကုန္ဝ႐ုန္းသုန္းကားေသြးပ်က္ကုန္ၿပီး၊ အတုံးအ႐ုံးက်ဆုံးကုန္ၾကတယ္။ ဧကရာဇ္ အတာဟြာပါကိုယ္တိုင္လဲအဖမ္းခံလိုက္ရတယ္။
အမွန္ကေတာ့ ဘာသာေရးဆိုတာက စပိန္ေတြအတြက္နယ္ခ်ဲ႕ခ်င္လို႔အေၾကာင္းျပခ်က္ရွာ႐ုံသက္သက္ပါ။ ျမန္မာျပည္ အဂၤလိပ္-ျမန္မာ တတိယက်ဴးေက်ာ္စစ္မွာတုန္းကဒီလိုပဲ သစ္လုံးကိစၥကိုအေၾကာင္းျပၿပီး အဂၤလိပ္ကအႏိုင္က်င့္တိိုက္ခိုက္သိမ္းပိုက္သြားတာပါပဲ။
ရန္စခ်င္တဲ့သူဆိုတာက အေၾကာင္းျပခ်က္တစ္ခုခုေပးၿပီး ရန္ရွာၾကတာ ထုံးစံပဲမဟုတ္လား။
စပိန္ေတြက အတာဟြာပါ ကိုသူ႔အစ္ကိုနဲ႔ဘယ္သူကပိုေကာင္းတဲ့ဧကရာဇ္ျဖစ္မလဲဆိုတာၾကည့္ရမယ္လို႔ဆိုတဲ့အတြက္ အတာဟြာပါကစိတ္ခ်ရေအာင္ သူ႔လူေတြကို ဖမ္းထားတဲ့ဟြာစကာ ကိုေရခ်ၿပီးကြပ္ျမက္ေစခဲ့တယ္။ ၿပီးေတာ့ သူ႔ကိုျပန္လႊတ္ေပးရင္ ခန္းမတစ္ခုလုံးအျပည့္ေ႐ႊေတြေငြေတြျဖည့္ေပးမယ္လို႔လဲ စပိန္ေတြကိုကမ္းလွမ္းလိုက္တယ္။ ပီဇာ႐ိုက အတာဟြာပါရဲ႕ေတာင္းဆိုခ်က္ကိုလက္ခံၿပီး တစ္ႏိုင္ငံလုံးကေ႐ႊေတြ၊ေငြေတြသူ႔ဆီေရာက္လာတာကို အကုန္သိမ္းႀကဳံးယူေနခဲ့တယ္။
ေ႐ႊေငြေတြအကုန္ရၿပီဆိုေတာ့မွ သူ႔အစ္ကိုကိုသတ္မႈ၊ စပိန္ဘုရင္ကိုပုန္ကန္မႈနဲ႔ တစ္ျခားေသးေသးမႊားမႊားအမႈေလးေတြတပ္၊ မတရားတဲ့ တရားခြင္တစ္ခုစီရင္ၿပီး ဧကရာဇ္ျဖစ္ခါစ အတာဟြာပါကို ႀကိဳးဆြဲခ်ၿပီးေသဒဏ္ေပးလိုက္ပါေတာ့တယ္။
အဲဒီေနာက္ေတာ့ ပီဇာ႐ိုက ေနာက္ထပ္စစ္ကူေရာက္လာတဲ့ စပိန္တပ္ေတြနဲ႔အတူ ၿမိဳ႕ေတာ္ ကက္စ္ကို ကိုလြယ္လြယ္ကူကူပဲသိမ္းပိုက္လိုက္တယ္။ သူ႔ကိုယ္သူ အင္ကာႏိုင္ငံေတာ္ရဲ႕ စပိန္အုပ္ခ်ဳပ္သူအျဖစ္ေၾကျငာလိုက္ၿပီး သူနဲ႔အတူ လုပ္ေဖာ္ကိုင္ဖက္စစ္သားတစ္ေယာက္ျဖစ္တဲ့ ဒီယက္ဂို အယ္မာဂ႐ို(Diego Almagro) ကိုေတာ့ ခ်ီလီႏိုင္ငံပိုင္းကိုယူေစတယ္။
ဆင္းရဲမြဲေတလြန္းတဲ့ ခ်ီလီႏိုင္ငံကေနဘာမွမရႏိုင္တဲ့အတြက္ အယ္မာဂ႐ိုက ပီဇာ႐ိုဆီကေန သူရထားတဲ့အေတာမသတ္မ်ားျပားလြန္းတဲ့ေ႐ႊ၊ေငြတစ္ခ်ိဳ႕ကိုေဝစုခြဲေပးဖို႔ေတာင္းဆိုရာကေန အေဝမတည့္လို႔ သူတို႔ႏွစ္ေယာက္စစ္ျဖစ္ၾကျပန္တယ္။ အယ္မာဂ႐ိုရႈံးနိမ့္သြားၿပီး ေသဒဏ္ေပးခံရတယ္။
၁၅၄၁ ခုႏွစ္မွာေတာ့ အယ္မာဂ႐ိုရဲ႕သားရဲ႕မိတ္ေဆြေတြက ပီဇာ႐ိုရဲ႕နန္းေတာ္ကိုထိုးေဖာက္ဝင္ေရာက္ၿပီး ညစာစားေနတဲ့ ပီဇာ႐ိုကိုလုပ္ႀကံသတ္ျဖတ္လိုက္ၾကတယ္။
ဒီလိုနဲ႔ ပီဇာ႐ိုေသသြားေပမယ့္ အင္ကာႏိုင္ငံကေတာ့ စပိန္ေတြရဲ႕ ဆက္လက္ကြၽန္ျပဳျခင္းခံရၿမဲပါပဲ။
ဒီအခ်ိန္ျမန္မာျပည္မွာ ေတာင္ငူဘုရင္တပင္ေ႐ႊထီးက ပဲခူးကိုသိမ္းပိုက္ၿပီးထီးနန္းကိုပဲခူးကို ေ႐ႊ႕ေနၿပီ။ တပင္ေ႐ႊထီးေနာက္ ဘုရင့္ေနာင္လက္ထက္မွာေတာ့ ျမန္မာႏိုင္ငံက ၁၆ ရာစုအေရွ႕ေတာင္အာရွမွာ အႀကီးမားအက်ယ္ျပန႔္ဆုံး၊ အႂကြယ္ဝဆုံးဧကရာဇ္ႏိုင္ငံေတာ္ႀကီးအျဖစ္ ခံ့ခံ့ညားညားေပၚထြက္လာေတာ့တယ္။
ဧကရာဇ္ႏိုင္ငံျဖစ္ခဲ့တဲ့ အင္ကာႏိုင္ငံေတာ္ႀကီးဟာ အင္အားေတြျပဳန္းတီးသြားေစတဲ့ျပည္တြင္းစစ္၊ ကမာၻကိုေလ့လာမႈအားနည္းခဲ့လို႔ နိမ့္က်တဲ့လက္နက္တပ္ဆင္မႈ၊ ရန္သူစပိန္ေတြကိုအထင္ေသးမႈေတြနဲ႔အတူ ေလွ်ာက်ပ်က္စီးသြားခ်ိန္မွာေတာ့ ဘုရင့္ေနာင္မင္းတရားႀကီးက သစၥာခံေတြကို သစၥာၿမဲေစတဲ့ သေဘာထားႀကီးျမတ္မႈ၊ ေပၚတူဂီေၾကးစားစစ္သားေတြကိုေတာင္ငွားၿပီးစစ္တိုက္ခိုင္းႏိုင္ေလာက္တဲ့အျမင္က်ယ္မႈ၊ ေခတ္နဲ႔ေလ်ာ္ညီတဲ့လက္နက္တပ္ဆင္မႈ၊ ကိုယ္တိုင္အရည္အေသြးျပည့္ဝမႈေတြနဲ႔အတူ ထိုင္း၊လာအို၊ မဏိပူရ္စတဲ့ေဒသတြင္းႏိုင္ငံေတြကိုပါသိမ္းသြင္းၿပီး စၾကဝေတးမင္းအျဖစ္ ျမန္မာႏိုင္ငံေတာ္ႀကီးကိုအုပ္စိုးႏိုင္ခဲ့တယ္။ ထိုင္းႏိုင္ငံသားေတြကဆို ဘုရင့္ေနာင္မင္းတရားႀကီးကို အရပ္ဆယ္မ်က္ႏွာကိုေအာင္ျမင္တဲ့ဘုရင္မင္းျမတ္ႀကီးအျဖစ္ အသိအမွတ္ျပဳျမတ္ႏိုးခဲ့ၾကတယ္လို႔ဆိုတယ္။
ေခတ္ကိုမ်က္ေျခမျပတ္ပဲ အျမင္က်ယ္က်ယ္နဲ႔ စြမ္းေဆာင္ရည္ကိုအေကာင္းဆုံးျမႇင့္တင္ႏိုင္သူ၊ တိုင္းသူျပည္သားကိုခ်စ္ျမတ္ႏိုးသူ၊ စည္း႐ုံးေရးဆက္ဆံေရးေကာင္းမြန္သူေခါင္းေဆာင္ေတြက ႏိုင္ငံတစ္ခုရဲ႕ကံၾကမၼာကို အေကာင္းဘက္ေရာက္ေအာင္ အဆုံးအျဖတ္ေပးၾကတာပါပဲ။

No comments:

Post a Comment