Thursday, July 30, 2020

မောင်ဇိ၏ဂရိဒဏ္ဍာရီ (၁၆){ ခရိုးနပ်စ်}

မောင်ဇိ၏ဂရိဒဏ္ဍာရီ (၁၆){ ခရိုးနပ်စ်}
************************************
တင့်တယ်ကြည်လင်တဲ့ရုပ်အဆင်းရှိတဲ့ တိုက်တန်နတ်ဘုရားမ ရွီးယာ (Rhea) ကလက်ထဲမှာချီလာတဲ့ အနှီးထုပ်လေးကို ပလ္လင်ပေါ်မှာထိုင်နေတဲ့ တိုက်တန်တို့ရဲ့ဘုရင် နတ်ဘုရား ခရိုးနပ်စ်(Cronus) ကိုကမ်းပေးလိုက်တယ်။

"အရှင်၏ ဆဋ္ဌမမြောက်ရင်သွေး ဖြစ်သည်။ အရှင့်အမိန့်အတိုင်း မွေးဖွားပြီးလျှင်ပြီးချင်းပင် ယူဆောင်လာခြင်းဖြစ်ပါသည်”

ခရိုးနပ်စ်က အနှီးထဲက ကလေးကိုကြည့်တောင်မကြည့်တော့ပဲ အနှီးရော၊ ကလေးရောတစ်ခါထဲ ဗိုက်ထဲကိုမျိုချပစ်လိုက်တယ်။ ညှိုးငယ်တဲ့မျက်နှာနဲ့ နတ်ဘုရားမ ရွီးယာကတော့ သလွန်ခန်းထဲကနေ လေးကန်စွာလျှောက်လို့ထွက်သွားတယ်။ အရင် ကလေးငါးယောက်ကိုလဲပဲ ခရိုးနပ်စ်က မွေးပြီးပြီးချင်း ဒီလိုပဲမျိုချပစ်ခဲ့ပြီးပြီလေ။

ခရိုးနပ်စ်( Cronus)
*************
အောသရစ်(Othrys) တောင်တော်မှာ အခြေပြုတဲ့ တိုက်တန်(Titan) နတ်ဘုရားတွေရဲ့ အကြီးအမှူးက ခရိုးနပ်စ်(Cronus) ပါ။ အရာအားလုံးကိုဝါးမျိုတဲ့အချိန်ကာလနဲ့ အိုမင်းရင့်ရော်ဟောင်းနွမ်းခြင်း ကိုစိုးမိုးတဲ့ တိုက်တန်နတ်ဘုရား ခရိုးနပ်စ်။ ခရိုးနပ်စ်ရဲ့ဖခင်က ကောင်းကင်ကြီးကို ကိုယ်စားပြုတဲ့တိုက်တန်နတ်ဘုရား ယူရေးနပ်စ်( Uranus) ဖြစ်ပြီး မိခင်ကတော့ မြေကမ္ဘာကို ကိုယ်စားပြုတဲ့ ဂိုင်းယာ (Gaia) ဖြစ်တယ်။ စကြဝဠာကြီးထဲက ဘာမှမရှိတဲ့ ဗလာကနေ ပထမဦးဆုံး မြေကမ္ဘာဂိုင်းယာပေါ်ပေါက်လာပြီး အဲဒီကနေမှ ကောင်းကင်ကြီးယူရေးနပ်စ် ထပ်ဖြစ်လာတယ်။ ညအခါတွေမှာ ယူရေးနပ်စ်က မြေပြင်ပေါ်ကိုဆင်းလာပြီး ကောင်းကင်နဲ့ မြေကြီးပေါင်းစပ်ရာကနေ တိုက်တန်နတ်ဘုရားတွေ မွေးဖွားလာခဲ့တယ်။

ကောင်းကင်ကြီးယူရေးနပ်စ်နဲ့ မြေလွှာဂိုင်းယာတို့ကနေမွေးလာတဲ့ တိုက်တန် နတ်ဘုရားစုစုပေါင်း (၁၂) ပါးရှိပြီး တိုက်တန်ဖို (၆) ပါးနဲ့ တိုက်တန်မ (၆)ပါးတို့ ပါဝင်တယ်။ အငယ်ဆုံးတိုက်တန်ဖြစ်တဲ့ ခရိုးနပ်စ်ကတော့ နောင်တစ်ချိန်မှာ ယူရေးနပ်စ်ရဲ့ ထီးနန်းကိုလုယူမယ့်သူပေါ့။

ယူရေးနပ်စ်နဲ့ဂိုင်းယာကနေ တိုက်တန်နတ်ဘုရား (၁၂) ပါးအပြင် အရေးပါတဲ့ အပြောင်းအလဲကာလတွေမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အင်အားစုဖြစ်လာမယ့် ဆိုက်ကလော့ (Cyclopes)တွေနဲ့ ဟက္ကတွန်ခီရိစ်(hekatochires)တွေကိုလဲ ထပ်မွေးခဲ့ပါသေးတယ်။ ဆိုက်ကလော့တွေက နဖူးအလည်တည့်တည့်မှာကြီးမားတဲ့ မျက်လုံးကြီးတစ်လုံးစီပဲပါတဲ့ ညီအစ်ကိုသုံးယောက်ဖြစ်ကြပြီး သန်မာထွားကြိုင်းတဲ့ လူ့ဘီလူးကြီးတွေဖြစ်ရုံမက ပန်းပဲအတတ်ကိုလဲ ကျွမ်းကျင်ကြတယ်။ သူတို့အောက်က ဟက္ကတွန်ခီရိစ်ညီအစ်ကို သုံးယောက်ကတော့ ဦးခေါင်းပေါင်း ငါးဆယ်နဲ့ လက်ရုံးပေါင်း တစ်ရာစီပါတဲ့ ဧရာမလူထွားကြီးတွေ။

နောက်ဆုံးမွေးလာတဲ့ မျက်လုံးတစ်လုံးနဲ့ ဆိုက်ကလော့တွေ၊ ခေါင်းတွေလက်တွေအများကြီးပါတဲ့ ဟက္ကတွန်ခီရိစ်တွေကို ရုပ်သွင်ကြမ်းတမ်းပြီး ပုံဆိုး လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖခင်ဖြစ်သူ ယူရေးနပ်စ်က မြေကမ္ဘာရဲ့အနက်ရှိုင်းဆုံး တားတားရပ်စ် (Tatarus) မှာချုပ်နှောင်သိမ်းဆည်းထားလိုက်တယ်။ အဓိက အကြောင်းတစ်ချက်ကတော့ ခွန်အားကြီးလှတဲ့ဒီ တိုက်တန်တွေက သူ့နေရာကိုလုယူမှာကို စိုးရိမ်မိတာကြောင့်ပေါ့။ တိုက်တန်တွေရဲ့မိခင်ဖြစ်သူ ဂိုင်းယာက ဘယ်လိုပဲတောင်းပန်ပေမယ့် ဆုံးဖြတ်ချက်ကိုမပြင်ပဲ လူ့ဘီလူးကြီးတွေကို မြေအောက်မှာပဲ ထားခဲ့တယ်။ ရင်သွေးတွေကို ချုပ်နှောင်ထားလို့ မိခင်ဖြစ်သူ ဂိုင်းယာမှာတော့ နေ့စဉ်ပူလောင်သောကရောက်လို့ အမြဲနာကျင်ခံစားနေရရှာတယ်။

တစ်နေ့မှာတော့ ဂိုင်းယာက လောကမှာလွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ရတဲ့သားသမီးအကြီး တစ်ဆယ့်နှစ်ယောက်ကိုခေါ်ပြီးမေးတယ်။

“ ဤ တံစဉ်ကိုသုံး၍ သင်တို့ဖခင်ကိုနန်းချရဲသူ မည်သူရှိသနည်း။ ဖခင်မေတ္တာခေါင်းပါးသည့် ယူရေးနပ်စ်ကို ပုန်ကန်၍ ငါ၏သနားဖွယ်ရာ သားတော်များကို မြေအောက်ကမ္ဘာမှ ကယ်တင်ပေးမည့်သူ မည်သူကိုမဆို စကြဝဠာ၏ အရှင်သခင်ဖြစ်စေအံ့"

တိုက်တန်အကြီးတွေအားလုံးငြင်းပယ်ခဲ့ကြလို့ နောက်ဆုံးမှာ ခရိုးနပ်စ်ရဲ့အလှည့်ကိုရောက်လာတယ်။

“ အရာအားလုံး၏ မူလအစဖြစ်သော မြေကမ္ဘာကို ကိုယ်စားပြုသည့်မိခင်... မိခင်အလိုရှိရာကို ကျွန်ုပ်ရယူပေးအံ့”

ခရိုးနပ်စ်က ဂိုင်းယာပေးတဲ့ တံစဉ်ကိုယူပြီး အခွင့်အရေးရတဲ့တစ်နေ့မှာ သူ့ဖခင် ယူရေးနပ်စ်ရဲ့ လိင်အင်္ဂါကိုဖြတ်တောက်ပစ်လိုက်တယ်။ အဲဒီကကျတဲ့သွေးစက်တွေက မြေပြင်ပေါ်ကို ကျရောက်သွားချိန်မှာ သွေးစက်တစ်ချို့ကနေ ဂျိုင်ဂန်တီး (Gigantes) လို့ခေါ်တဲ့ သန်မာထွားကျိုင်းတဲ့လူသန်ကြီးတွေ မွေးဖွားလာကြတယ်။ မြေကမ္ဘာပေါ်ကိုကျသွားတဲ့ထဲကမှ တစ်ချို့သွေးစက်တွေကနေ အီရင်နီစ် (Erinyes) ဒါမှမဟုတ် ဖြူရီစ် (Furies)လို့ခေါ်တဲ့လက်စားခြေခြင်းရဲ့ နတ်သမီးတွေ ပေါက်ဖွားလာကြပြန်တယ်။ ကျန်တဲ့သွေးစက်တွေကတော့ မီလီရေး (Meliae)နတ်သမီးလေးတွေဖြစ်လာကြပြီး Ash tree လို့ခေါ်တဲ့ သံလွင်မျိုးစိတ်ဝင်ပန်းပင်လေးတွေမှာနေထိုင်စောင့်ရှောက်ကြတယ်။  ပင်လယ်ထဲကိုကျသွားတဲ့ ယူရေးနပ်စ်ရဲ့လိင်အင်္ဂါကသွေးကတော့ ရေမြှုပ်လေးတစ်ခုဖြစ်သွားပြီး အဲဒီရေမြှုပ်ကလေးကမှ အလှနတ်ဘုရားမ အဖရိုဒိုက်တီ ( Aphrodites) ကိုမွေးဖွားလာခဲ့တယ်။

ဒုတိယမျိုးဆက် နတ်ဘုရားများ (သို့မဟုတ်) တိုက်တန်နတ်ဘုရားများ
*********************************
ဖခင်ဖြစ်သူ ယူရေးနပ်စ်ကို နန်းချပြီးတဲ့နောက်မှာတော့ တိုက်တန်တွေထဲမှာ လက်စောင်းအထက်ဆုံးနဲ့ အစွမ်းအထက်ဆုံးဖြစ်တဲ့ ခရိုးနပ်စ်က အကြီးအမှူးဖြစ်သွားပြီး အရာအားလုံးကိုအုပ်စိုးတဲ့ နတ်ဘုရားဖြစ်လာတယ်။
တိုက်တန် မောင်နှမ (၁၂) ယောက်က အချင်းချင်းပြန်လက်ဆက်ကြပြီး ခရိုးနပ်စ်ရဲ့အစ်မဖြစ်သူ ရွီးယာ (Rhea)ကတော့ ခရိုးပ်စ်ရဲ့ကြင်ရာတော် မိဖုရားခေါင်ကြီးဖြစ်လာလေရဲ့။
ယူရေးနပ်စ်က နတ်ဘုရားတွေရဲ့ပထမမျိုးဆက်ဆိုရင် ခရိုးနပ်စ်ဦးစီးတဲ့ တိုက်တန်တွေက ဒုတိယမျိုးဆက်နတ်ဘုရားတွေပေါ့။

ခရိုးနပ်စ်ရဲ့အစ်ကို တိုက်တန် လပ္ပီးတပ်စ် (Lapetus) ကနေ ပရိုမီးသီးရပ်စ်(Prometheus)၊အပီမီးသီးရပ်စ် (Epimetheus)၊အတ်လတ်စ် (Atlas)နဲ့ မီးနိုးတီးရပ်စ် (Menoetius)ဆိုတဲ့တိုက်တန် ညီအစ်ကိုလေးယောက်ကိုမွေးခဲ့တယ်။
သူတို့ထဲမှာ ပရိုမီးသီးရပ်စ်က လူသားတွေကိုဖန်တီးခဲ့သူအဖြစ် ထင်ရှားတယ်။
လူသားတွေရဲ့ တီထွင်ဖန်တီးမှုနဲ့ရှေ့ရေးကိုကြိုတင်တွေးခေါ်တတ်မှုကို ပရိုမီးသီးရပ်စ်ဆီက အမွေရခဲ့ပြီး၊ မိုက်ရူးရဲမှုနဲ့ ထုံထိုင်းညံ့ဖျင်းမှုတွေကတော့ အပီမီးသီးရပ်စ်ဆီကလာတယ်။
အခက်အခဲတွေမှာ မားမားမတ်မတ်ခံနိုင်တဲ့ ကြံ့ခိုင်သန်စွမ်းမှုကို တိုက်တန်လူ့ဘီလူးကြီး အတ်လတ်စ်ဆီက အမွေဆက်ခံသလို မာန်မာနကြီးမြင့်မှုနဲ့ ငါတကော ကောမှုတွေကိုတော့ မီနိုတီးရပ်စ် ဆီက လက်ခံရရှိတယ်။ တိုက်တန်ညီအစ်ကိုလေးယောက်ရဲ့ ကောင်းမွေဆိုးမွေတွေအားလုံးကို လူသားတွေက ဆက်ခံရရှိခဲ့တာပေါ့။

ယူရေးနပ်စ်၏ ကျိန်စာ
**********************
ခရိုးနပ်စ်ရဲ့လုပ်ကြံမှုကို ခံရချိန်မှာ ယူရေးနပ်စ်က ရှေ့ဖြစ်ဟောလို့လဲပြောလို့ရမယ့် ကျိန်စာတစ်ခုကိုချထားခဲ့တယ်။

“ ရက်စက်ကြမ်းကြုတ်သူ ခရိုးနပ်စ်...ဖခင်ဖြစ်သောငါ့ကို သားဖြစ်သောသင်က ပုန်ကန်ပြီးထီးနန်းလုယူခဲ့သကဲ့သို့ သင်ဖခင်ဖြစ်သောအချိန်၌ သင့်သားသမီးများကလဲ သင့်ကိုပုန်ကန်၍ သင့်အရာကိုလုယူကြလိမ့်မည်ကို မှတ်လော့”

သူလုယူထားရတဲ့ နတ်ဘုရားတို့ရဲ့ဘုရင်နေရာကို ဆုံးရှုံးမှာကြောက်တဲ့အတွက် ခရိုးနပ်စ်ဟာ သားသမီးတစ်ယောက်မွေးလာတိုင်း မျိုချပစ်လိုက်ပြီး ဝမ်းဗိုက်ထဲမှာထိန်းသိမ်းထားလိုက်တယ်။ သူ့ရဲ့ညီတွေဖြစ်တဲ့ ဆိုက်ကလော့တွေနဲ့ ဟက္ကတွန်ခီရိစ်တွေကိုလဲ အလင်းရောင်တောင်မမြင်ရတဲ့ မြေအောက်ကမ္ဘာ တားတားရပ်စ်မှာဆက်လက်ချုပ်နှောင်ထားခြင်းအားဖြင့် သူ့ကိုပုန်ကန်နိုင်စွမ်းရှိတဲ့ အင်အားစုတွေကို ထိန်းချုပ်လိုက်တယ်။ ပြီးတော့ ကန်ပီ (Campe) ဆိုတဲ့ နဂါးမတစ်ကောင်ကိုပါ တားတားရပ်စ် မှာ အစောင့်ချထားလိုက်တယ်။
ကန်ပီဆိုတာက ခါးအထက်ပိုင်းကလူကိုယ်၊ ခါးအောက်ပိုင်းက အကြေးခွံတွေနဲ့နဂါးကိုယ်ရှိတဲ့ သတ္တဝါမ။ သူ့ခေါင်းမှာမြွေတွေရှိပြီး သူ့ခါးမှာ ခြင်္သေ့၊ တောဝက် စတဲ့သားရိုင်းတိရစ္ဆာန်မျိုးစုံရဲ့ခေါင်းပေါင်း ငါးဆယ်‌ပေါက်နေတယ်။
ခြေထောက်တွေမှာတော့ မြွေပွေး၊မြွေဟောက်ရာပေါင်း၊ထောင်ပေါင်းများစွာလောက်ရှိပြီး သူ့ကျောမှာ တောင်ပံကြီးတစ်စုံရှိတယ်။ အမြှီးက ကင်းမြှီးကောက်ရဲ့ အဆိပ်ပြင်းတဲ့အမြှီးဖြစ်ပြီး သူ့ခေါင်းပေါ်ကိုကျော်ပြီး အမြဲရမ်းနေလေ့ရှိတယ်။

ခရိုးနပ်စ်မသိလိုက်တဲ့ ဆ
ဋ္ဌမမြောက်ကလေး
*******************************
ယူရေးနပ်စ်ကိုဖယ်ရှားပြီး ခရိုးနပ်စ်က ဘုရင်ဖြစ်လာပေမယ့် သူ့ရဲ့ တခြားသားတွေဖြစ်တဲ့ ဆိုက်ကလော့တွေနဲ့ ဟက္ကတွန်ခီရိစ်တွေကို ပြန်လည်ပြီး အကျဥ်းချထားလိုက်လို့ တိုက်တန်တွေအားလုံးရဲ့မိခင်ကြီး ဂိုင်းယာက သားဖြစ်သူ ခရိုးနပ်စ်ကို မကျေနပ်ပါဘူး။ တစ်ချိန်ထဲမှာပဲ မွေးလာသမျှသားသမီးတွေကို ယူရေးနပ်စ်က မျိုချပစ်လိုက်လို့ စိတ်မချမ်းမသာဖြစ်နေတဲ့ ရွီးယာကလဲ ဂိုင်းယာနဲ့ပေါင်းပြီး ခရိုနပ်စ်ရန်ကနေ သူ့ကလေးတွေလွတ်‌အောင် အစဥ်မပြတ်ကြံစည်နေတယ်။ ဋ္ဌမမြောက်ကလေးကိုမွေးပြီးချိန်မှာတော့ ဂိုင်းယာရဲ့အကြံပေးချက်အတိုင်း ကျောက်တုံးတစ်တုံးကို က‌လေးအနှီးနဲ့ပတ်လို့ ခရိုးနပ်စ်ဆီကို ဆက်သလိုက်တယ်။ ခရိုးနပ်စ်ကလဲ ထွေထွေထူးထူးစဥ်းစားမနေပဲ အနှီးရော၊ ကျောက်တုံးရောကို မျိုချပစ်လိုက်တော့တယ်။

ခရိုးနပ်စ်ရဲ့ သလွန်ခန်းထဲကထွက်လာခဲ့တဲ့ရွီးယာကတော့ သူအောင်မြင်စွာကယ်တင်နိုင်ခဲ့တဲ့ ဆဋ္ဌမမြောက်ကလေးလေးကိုဝှက်ထားတဲ့ ခရီတီ (Crete) ကျွန်းပေါ်ကကျောက်ဂူတစ်ခုရှိရာကိုသွားပြီး ကလေးကိုပွေ့ဖက်နမ်းရှုပ်လိုက်တယ်။ သူလဲ ခုမှသက်ပြင်းချနိုင်တာမဟုတ်လား။
အဲဒီမှာ နတ်သမီးငယ်လေးတွေ (nymps) က ပျားရည်နဲ့ ဆိတ်နို့တိုက်ပြီး ကလေးကြီးလာတဲ့အထိ စောင့်ရှောက်မွေးမြူခဲ့ကြတယ်။
 အရွယ်ရောက်လာချိန်မှာ သူ့အဖေကိုပုန်ကန်ပြီး သူ့အဖေရဲ့အရိုက်အရာကိုတိုက်ခိုက်လုယူမယ့် နတ်ဘုရားဇူးစ်လေး ခရီတီကျွန်းက ကျောက်ဂူလေးမှာ တစ်နေ့တစ်ခြား ကြီးပြင်းလာနေတာကို အဲဒီအချိန်က နတ်တို့ရဲ့ဘုရင်ဖြစ်တဲ့ ခရိုးနပ်စ်ကတော့ မသိခဲ့လိုက်ပါဘူး။  ။

Side Note One: ခရိုးနပ်စ် (Cronus ) ကို ခရိုးနို့စ် ( Cronos/Kronos) လို့လဲတစ်ချို့ဒဏ္ဍာရီတွေမှာခေါ်ကြတယ်။

Side Note Two: ခရိုးနပ်စ် (Cronus) ကဂရိနာမည်ဖြစ်ပြီး သူ့ရဲ့ရောမနာမည်က စေတန် (Saturn) တဲ့။


မောင်ဇိ (၃၀၊ ၀၇၊ ၂၀၂၀)
Reference:
https://www.theoi.com/Olympios/Zeus.html
https://www.greekmythology.com/Myths/The_Myths/Titanomachy/titanomachy.html
https://www.greekmythology.com/Olympians/Zeus/zeus.html
https://www.showcaves.com/english/explain/Literature/Zeus.html
https://www.greekmythology.com/Myths/The_Myths/Titanomachy/titanomachy.html
https://www.britannica.com/topic/Cronus
https://www.wiccamagazine.com/deities/gaia/
-------------------------------------
(Zawgyi)
ေမာင္ဇိ၏ဂရိဒ႑ာရီ (၁၆){ ခ႐ိုးနပ္စ္}
************************************
တင့္တယ္ၾကည္လင္တဲ့႐ုပ္အဆင္းရွိတဲ့ တိုက္တန္နတ္ဘုရားမ ႐ြီးယာ (Rhea) ကလက္ထဲမွာခ်ီလာတဲ့ အႏွီးထုပ္ေလးကို ပလႅင္ေပၚမွာထိုင္ေနတဲ့ တိုက္တန္တို႔ရဲ႕ဘုရင္ နတ္ဘုရား ခ႐ိုးနပ္စ္(Cronus) ကိုကမ္းေပးလိုက္တယ္။

"အရွင္၏ ဆ႒မေျမာက္ရင္ေသြး ျဖစ္သည္။ အရွင့္အမိန္႔အတိုင္း ေမြးဖြားၿပီးလွ်င္ၿပီးခ်င္းပင္ ယူေဆာင္လာျခင္းျဖစ္ပါသည္”

ခ႐ိုးနပ္စ္က အႏွီးထဲက ကေလးကိုၾကည့္ေတာင္မၾကည့္ေတာ့ပဲ အႏွီးေရာ၊ ကေလးေရာတစ္ခါထဲ ဗိုက္ထဲကိုမ်ိဳခ်ပစ္လိုက္တယ္။ ညႇိဳးငယ္တဲ့မ်က္ႏွာနဲ႔ နတ္ဘုရားမ ႐ြီးယာကေတာ့ သလြန္ခန္းထဲကေန ေလးကန္စြာေလွ်ာက္လို႔ထြက္သြားတယ္။ အရင္ ကေလးငါးေယာက္ကိုလဲပဲ ခ႐ိုးနပ္စ္က ေမြးၿပီးၿပီးခ်င္း ဒီလိုပဲမ်ိဳခ်ပစ္ခဲ့ၿပီးၿပီေလ။

ခ႐ိုးနပ္စ္( Cronus)
*************
ေအာသရစ္(Othrys) ေတာင္ေတာ္မွာ အေျချပဳတဲ့ တိုက္တန္(Titan) နတ္ဘုရားေတြရဲ႕ အႀကီးအမႉးက ခ႐ိုးနပ္စ္(Cronus) ပါ။ အရာအားလုံးကိုဝါးမ်ိဳတဲ့အခ်ိန္ကာလနဲ႔ အိုမင္းရင့္ေရာ္ေဟာင္းႏြမ္းျခင္း ကိုစိုးမိုးတဲ့ တိုက္တန္နတ္ဘုရား ခ႐ိုးနပ္စ္။ ခ႐ိုးနပ္စ္ရဲ႕ဖခင္က ေကာင္းကင္ႀကီးကို ကိုယ္စားျပဳတဲ့တိုက္တန္နတ္ဘုရား ယူေရးနပ္စ္( Uranus) ျဖစ္ၿပီး မိခင္ကေတာ့ ေျမကမာၻကို ကိုယ္စားျပဳတဲ့ ဂိုင္းယာ (Gaia) ျဖစ္တယ္။ စၾကဝဠာႀကီးထဲက ဘာမွမရွိတဲ့ ဗလာကေန ပထမဦးဆုံး ေျမကမာၻဂိုင္းယာေပၚေပါက္လာၿပီး အဲဒီကေနမွ ေကာင္းကင္ႀကီးယူေရးနပ္စ္ ထပ္ျဖစ္လာတယ္။ ညအခါေတြမွာ ယူေရးနပ္စ္က ေျမျပင္ေပၚကိုဆင္းလာၿပီး ေကာင္းကင္နဲ႔ ေျမႀကီးေပါင္းစပ္ရာကေန တိုက္တန္နတ္ဘုရားေတြ ေမြးဖြားလာခဲ့တယ္။

ေကာင္းကင္ႀကီးယူေရးနပ္စ္နဲ႔ ေျမလႊာဂိုင္းယာတို႔ကေနေမြးလာတဲ့ တိုက္တန္ နတ္ဘုရားစုစုေပါင္း (၁၂) ပါးရွိၿပီး တိုက္တန္ဖို (၆) ပါးနဲ႔ တိုက္တန္မ (၆)ပါးတို႔ ပါဝင္တယ္။ အငယ္ဆုံးတိုက္တန္ျဖစ္တဲ့ ခ႐ိုးနပ္စ္ကေတာ့ ေနာင္တစ္ခ်ိန္မွာ ယူေရးနပ္စ္ရဲ႕ ထီးနန္းကိုလုယူမယ့္သူေပါ့။

ယူေရးနပ္စ္နဲ႔ဂိုင္းယာကေန တိုက္တန္နတ္ဘုရား (၁၂) ပါးအျပင္ အေရးပါတဲ့ အေျပာင္းအလဲကာလေတြမွာ အဆုံးအျဖတ္ေပးႏိုင္တဲ့ အင္အားစုျဖစ္လာမယ့္ ဆိုက္ကေလာ့ (Cyclopes)ေတြနဲ႔ ဟကၠတြန္ခီရိစ္(hekatochires)ေတြကိုလဲ ထပ္ေမြးခဲ့ပါေသးတယ္။ ဆိုက္ကေလာ့ေတြက နဖူးအလည္တည့္တည့္မွာႀကီးမားတဲ့ မ်က္လုံးႀကီးတစ္လုံးစီပဲပါတဲ့ ညီအစ္ကိုသုံးေယာက္ျဖစ္ၾကၿပီး သန္မာထြားႀကိဳင္းတဲ့ လူ႔ဘီလူးႀကီးေတြျဖစ္႐ုံမက ပန္းပဲအတတ္ကိုလဲ ကြၽမ္းက်င္ၾကတယ္။ သူတို႔ေအာက္က ဟကၠတြန္ခီရိစ္ညီအစ္ကို သုံးေယာက္ကေတာ့ ဦးေခါင္းေပါင္း ငါးဆယ္နဲ႔ လက္႐ုံးေပါင္း တစ္ရာစီပါတဲ့ ဧရာမလူထြားႀကီးေတြ။

ေနာက္ဆုံးေမြးလာတဲ့ မ်က္လုံးတစ္လုံးနဲ႔ ဆိုက္ကေလာ့ေတြ၊ ေခါင္းေတြလက္ေတြအမ်ားႀကီးပါတဲ့ ဟကၠတြန္ခီရိစ္ေတြကို ႐ုပ္သြင္ၾကမ္းတမ္းၿပီး ပုံဆိုး လို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဖခင္ျဖစ္သူ ယူေရးနပ္စ္က ေျမကမာၻရဲ႕အနက္ရႈိင္းဆုံး တားတားရပ္စ္ (Tatarus) မွာခ်ဳပ္ေႏွာင္သိမ္းဆည္းထားလိုက္တယ္။ အဓိက အေၾကာင္းတစ္ခ်က္ကေတာ့ ခြန္အားႀကီးလွတဲ့ဒီ တိုက္တန္ေတြက သူ႔ေနရာကိုလုယူမွာကို စိုးရိမ္မိတာေၾကာင့္ေပါ့။ တိုက္တန္ေတြရဲ႕မိခင္ျဖစ္သူ ဂိုင္းယာက ဘယ္လိုပဲေတာင္းပန္ေပမယ့္ ဆုံးျဖတ္ခ်က္ကိုမျပင္ပဲ လူ႔ဘီလူးႀကီးေတြကို ေျမေအာက္မွာပဲ ထားခဲ့တယ္။ ရင္ေသြးေတြကို ခ်ဳပ္ေႏွာင္ထားလို႔ မိခင္ျဖစ္သူ ဂိုင္းယာမွာေတာ့ ေန႔စဥ္ပူေလာင္ေသာကေရာက္လို႔ အၿမဲနာက်င္ခံစားေနရရွာတယ္။

တစ္ေန႔မွာေတာ့ ဂိုင္းယာက ေလာကမွာလြတ္လပ္စြာ လႈပ္ရွားသြားလာခြင့္ရတဲ့သားသမီးအႀကီး တစ္ဆယ့္ႏွစ္ေယာက္ကိုေခၚၿပီးေမးတယ္။

“ ဤ တံစဥ္ကိုသုံး၍ သင္တို႔ဖခင္ကိုနန္းခ်ရဲသူ မည္သူရွိသနည္း။ ဖခင္ေမတၱာေခါင္းပါးသည့္ ယူေရးနပ္စ္ကို ပုန္ကန္၍ ငါ၏သနားဖြယ္ရာ သားေတာ္မ်ားကို ေျမေအာက္ကမာၻမွ ကယ္တင္ေပးမည့္သူ မည္သူကိုမဆို စၾကဝဠာ၏ အရွင္သခင္ျဖစ္ေစအံ့"

တိုက္တန္အႀကီးေတြအားလုံးျငင္းပယ္ခဲ့ၾကလို႔ ေနာက္ဆုံးမွာ ခ႐ိုးနပ္စ္ရဲ႕အလွည့္ကိုေရာက္လာတယ္။

“ အရာအားလုံး၏ မူလအစျဖစ္ေသာ ေျမကမာၻကို ကိုယ္စားျပဳသည့္မိခင္... မိခင္အလိုရွိရာကို ကြၽႏ္ုပ္ရယူေပးအံ့”

ခ႐ိုးနပ္စ္က ဂိုင္းယာေပးတဲ့ တံစဥ္ကိုယူၿပီး အခြင့္အေရးရတဲ့တစ္ေန႔မွာ သူ႔ဖခင္ ယူေရးနပ္စ္ရဲ႕ လိင္အဂၤါကိုျဖတ္ေတာက္ပစ္လိုက္တယ္။ အဲဒီကက်တဲ့ေသြးစက္ေတြက ေျမျပင္ေပၚကို က်ေရာက္သြားခ်ိန္မွာ ေသြးစက္တစ္ခ်ိဳ႕ကေန ဂ်ိဳင္ဂန္တီး (Gigantes) လို႔ေခၚတဲ့ သန္မာထြားက်ိဳင္းတဲ့လူသန္ႀကီးေတြ ေမြးဖြားလာၾကတယ္။ ေျမကမာၻေပၚကိုက်သြားတဲ့ထဲကမွ တစ္ခ်ိဳ႕ေသြးစက္ေတြကေန အီရင္နီစ္ (Erinyes) ဒါမွမဟုတ္ ျဖဴရီစ္ (Furies)လို႔ေခၚတဲ့လက္စားေျချခင္းရဲ႕ နတ္သမီးေတြ ေပါက္ဖြားလာၾကျပန္တယ္။ က်န္တဲ့ေသြးစက္ေတြကေတာ့ မီလီေရး (Meliae)နတ္သမီးေလးေတြျဖစ္လာၾကၿပီး Ash tree လို႔ေခၚတဲ့ သံလြင္မ်ိဳးစိတ္ဝင္ပန္းပင္ေလးေတြမွာေနထိုင္ေစာင့္ေရွာက္ၾကတယ္။  ပင္လယ္ထဲကိုက်သြားတဲ့ ယူေရးနပ္စ္ရဲ႕လိင္အဂၤါကေသြးကေတာ့ ေရျမႇဳပ္ေလးတစ္ခုျဖစ္သြားၿပီး အဲဒီေရျမႇဳပ္ကေလးကမွ အလွနတ္ဘုရားမ အဖ႐ိုဒိုက္တီ ( Aphrodites) ကိုေမြးဖြားလာခဲ့တယ္။

ဒုတိယမ်ိဳးဆက္ နတ္ဘုရားမ်ား (သို႔မဟုတ္) တိုက္တန္နတ္ဘုရားမ်ား
*********************************
ဖခင္ျဖစ္သူ ယူေရးနပ္စ္ကို နန္းခ်ၿပီးတဲ့ေနာက္မွာေတာ့ တိုက္တန္ေတြထဲမွာ လက္ေစာင္းအထက္ဆုံးနဲ႔ အစြမ္းအထက္ဆုံးျဖစ္တဲ့ ခ႐ိုးနပ္စ္က အႀကီးအမႉးျဖစ္သြားၿပီး အရာအားလုံးကိုအုပ္စိုးတဲ့ နတ္ဘုရားျဖစ္လာတယ္။
တိုက္တန္ ေမာင္ႏွမ (၁၂) ေယာက္က အခ်င္းခ်င္းျပန္လက္ဆက္ၾကၿပီး ခ႐ိုးနပ္စ္ရဲ႕အစ္မျဖစ္သူ ႐ြီးယာ (Rhea)ကေတာ့ ခ႐ိုးပ္စ္ရဲ႕ၾကင္ရာေတာ္ မိဖုရားေခါင္ႀကီးျဖစ္လာေလရဲ႕။
ယူေရးနပ္စ္က နတ္ဘုရားေတြရဲ႕ပထမမ်ိဳးဆက္ဆိုရင္ ခ႐ိုးနပ္စ္ဦးစီးတဲ့ တိုက္တန္ေတြက ဒုတိယမ်ိဳးဆက္နတ္ဘုရားေတြေပါ့။

ခ႐ိုးနပ္စ္ရဲ႕အစ္ကို တိုက္တန္ လပၸီးတပ္စ္ (Lapetus) ကေန ပ႐ိုမီးသီးရပ္စ္(Prometheus)၊အပီမီးသီးရပ္စ္ (Epimetheus)၊အတ္လတ္စ္ (Atlas)နဲ႔ မီးႏိုးတီးရပ္စ္ (Menoetius)ဆိုတဲ့တိုက္တန္ ညီအစ္ကိုေလးေယာက္ကိုေမြးခဲ့တယ္။
သူတို႔ထဲမွာ ပ႐ိုမီးသီးရပ္စ္က လူသားေတြကိုဖန္တီးခဲ့သူအျဖစ္ ထင္ရွားတယ္။
လူသားေတြရဲ႕ တီထြင္ဖန္တီးမႈနဲ႔ေရွ႕ေရးကိုႀကိဳတင္ေတြးေခၚတတ္မႈကို ပ႐ိုမီးသီးရပ္စ္ဆီက အေမြရခဲ့ၿပီး၊ မိုက္႐ူးရဲမႈနဲ႔ ထုံထိုင္းညံ့ဖ်င္းမႈေတြကေတာ့ အပီမီးသီးရပ္စ္ဆီကလာတယ္။
အခက္အခဲေတြမွာ မားမားမတ္မတ္ခံႏိုင္တဲ့ ႀကံ့ခိုင္သန္စြမ္းမႈကို တိုက္တန္လူ႔ဘီလူးႀကီး အတ္လတ္စ္ဆီက အေမြဆက္ခံသလို မာန္မာနႀကီးျမင့္မႈနဲ႔ ငါတေကာ ေကာမႈေတြကိုေတာ့ မီႏိုတီးရပ္စ္ ဆီက လက္ခံရရွိတယ္။ တိုက္တန္ညီအစ္ကိုေလးေယာက္ရဲ႕ ေကာင္းေမြဆိုးေမြေတြအားလုံးကို လူသားေတြက ဆက္ခံရရွိခဲ့တာေပါ့။

ယူေရးနပ္စ္၏ က်ိန္စာ
**********************
ခ႐ိုးနပ္စ္ရဲ႕လုပ္ႀကံမႈကို ခံရခ်ိန္မွာ ယူေရးနပ္စ္က ေရွ႕ျဖစ္ေဟာလို႔လဲေျပာလို႔ရမယ့္ က်ိန္စာတစ္ခုကိုခ်ထားခဲ့တယ္။

“ ရက္စက္ၾကမ္းၾကဳတ္သူ ခ႐ိုးနပ္စ္...ဖခင္ျဖစ္ေသာငါ့ကို သားျဖစ္ေသာသင္က ပုန္ကန္ၿပီးထီးနန္းလုယူခဲ့သကဲ့သို႔ သင္ဖခင္ျဖစ္ေသာအခ်ိန္၌ သင့္သားသမီးမ်ားကလဲ သင့္ကိုပုန္ကန္၍ သင့္အရာကိုလုယူၾကလိမ့္မည္ကို မွတ္ေလာ့”

သူလုယူထားရတဲ့ နတ္ဘုရားတို႔ရဲ႕ဘုရင္ေနရာကို ဆုံးရႈံးမွာေၾကာက္တဲ့အတြက္ ခ႐ိုးနပ္စ္ဟာ သားသမီးတစ္ေယာက္ေမြးလာတိုင္း မ်ိဳခ်ပစ္လိုက္ၿပီး ဝမ္းဗိုက္ထဲမွာထိန္းသိမ္းထားလိုက္တယ္။ သူ႔ရဲ႕ညီေတြျဖစ္တဲ့ ဆိုက္ကေလာ့ေတြနဲ႔ ဟကၠတြန္ခီရိစ္ေတြကိုလဲ အလင္းေရာင္ေတာင္မျမင္ရတဲ့ ေျမေအာက္ကမာၻ တားတားရပ္စ္မွာဆက္လက္ခ်ဳပ္ေႏွာင္ထားျခင္းအားျဖင့္ သူ႔ကိုပုန္ကန္ႏိုင္စြမ္းရွိတဲ့ အင္အားစုေတြကို ထိန္းခ်ဳပ္လိုက္တယ္။ ၿပီးေတာ့ ကန္ပီ (Campe) ဆိုတဲ့ နဂါးမတစ္ေကာင္ကိုပါ တားတားရပ္စ္ မွာ အေစာင့္ခ်ထားလိုက္တယ္။
ကန္ပီဆိုတာက ခါးအထက္ပိုင္းကလူကိုယ္၊ ခါးေအာက္ပိုင္းက အေၾကးခြံေတြနဲ႔နဂါးကိုယ္ရွိတဲ့ သတၱဝါမ။ သူ႔ေခါင္းမွာေႁမြေတြရွိၿပီး သူ႔ခါးမွာ ျခေသၤ့၊ ေတာဝက္ စတဲ့သား႐ိုင္းတိရစာၦန္မ်ိဳးစုံရဲ႕ေခါင္းေပါင္း ငါးဆယ္‌ေပါက္ေနတယ္။
ေျခေထာက္ေတြမွာေတာ့ ေႁမြေပြး၊ေႁမြေဟာက္ရာေပါင္း၊ေထာင္ေပါင္းမ်ားစြာေလာက္ရွိၿပီး သူ႔ေက်ာမွာ ေတာင္ပံႀကီးတစ္စုံရွိတယ္။ အျမႇီးက ကင္းျမႇီးေကာက္ရဲ႕ အဆိပ္ျပင္းတဲ့အျမႇီးျဖစ္ၿပီး သူ႔ေခါင္းေပၚကိုေက်ာ္ၿပီး အၿမဲရမ္းေနေလ့ရွိတယ္။

ခ႐ိုးနပ္စ္မသိလိုက္တဲ့ ဆ႒မေျမာက္ကေလး
*******************************
ယူေရးနပ္စ္ကိုဖယ္ရွားၿပီး ခ႐ိုးနပ္စ္က ဘုရင္ျဖစ္လာေပမယ့္ သူ႔ရဲ႕ တျခားသားေတြျဖစ္တဲ့ ဆိုက္ကေလာ့ေတြနဲ႔ ဟကၠတြန္ခီရိစ္ေတြကို ျပန္လည္ၿပီး အက်ဥ္းခ်ထားလိုက္လို႔ တိုက္တန္ေတြအားလုံးရဲ႕မိခင္ႀကီး ဂိုင္းယာက သားျဖစ္သူ ခ႐ိုးနပ္စ္ကို မေက်နပ္ပါဘူး။ တစ္ခ်ိန္ထဲမွာပဲ ေမြးလာသမွ်သားသမီးေတြကို ယူေရးနပ္စ္က မ်ိဳခ်ပစ္လိုက္လို႔ စိတ္မခ်မ္းမသာျဖစ္ေနတဲ့ ႐ြီးယာကလဲ ဂိုင္းယာနဲ႔ေပါင္းၿပီး ခ႐ိုနပ္စ္ရန္ကေန သူ႔ကေလးေတြလြတ္‌ေအာင္ အစဥ္မျပတ္ႀကံစည္ေနတယ္။ ဆ႒မေျမာက္ကေလးကိုေမြးၿပီးခ်ိန္မွာေတာ့ ဂိုင္းယာရဲ႕အႀကံေပးခ်က္အတိုင္း ေက်ာက္တုံးတစ္တုံးကို က‌ေလးအႏွီးနဲ႔ပတ္လို႔ ခ႐ိုးနပ္စ္ဆီကို ဆက္သလိုက္တယ္။ ခ႐ိုးနပ္စ္ကလဲ ေထြေထြထူးထူးစဥ္းစားမေနပဲ အႏွီးေရာ၊ ေက်ာက္တုံးေရာကို မ်ိဳခ်ပစ္လိုက္ေတာ့တယ္။

ခ႐ိုးနပ္စ္ရဲ႕ သလြန္ခန္းထဲကထြက္လာခဲ့တဲ့႐ြီးယာကေတာ့ သူေအာင္ျမင္စြာကယ္တင္ႏိုင္ခဲ့တဲ့ ဆ႒မေျမာက္ကေလးေလးကိုဝွက္ထားတဲ့ ခရီတီ (Crete) ကြၽန္းေပၚကေက်ာက္ဂူတစ္ခုရွိရာကိုသြားၿပီး ကေလးကိုေပြ႕ဖက္နမ္းရႈပ္လိုက္တယ္။ သူလဲ ခုမွသက္ျပင္းခ်ႏိုင္တာမဟုတ္လား။
အဲဒီမွာ နတ္သမီးငယ္ေလးေတြ (nymps) က ပ်ားရည္နဲ႔ ဆိတ္ႏို႔တိုက္ၿပီး ကေလးႀကီးလာတဲ့အထိ ေစာင့္ေရွာက္ေမြးျမဴခဲ့ၾကတယ္။
 အ႐ြယ္ေရာက္လာခ်ိန္မွာ သူ႔အေဖကိုပုန္ကန္ၿပီး သူ႔အေဖရဲ႕အ႐ိုက္အရာကိုတိုက္ခိုက္လုယူမယ့္ နတ္ဘုရားဇူးစ္ေလး ခရီတီကြၽန္းက ေက်ာက္ဂူေလးမွာ တစ္ေန႔တစ္ျခား ႀကီးျပင္းလာေနတာကို အဲဒီအခ်ိန္က နတ္တို႔ရဲ႕ဘုရင္ျဖစ္တဲ့ ခ႐ိုးနပ္စ္ကေတာ့ မသိခဲ့လိုက္ပါဘူး။  ။

Side Note One: ခ႐ိုးနပ္စ္ (Cronus ) ကို ခ႐ိုးႏို႔စ္ ( Cronos/Kronos) လို႔လဲတစ္ခ်ိဳ႕ဒ႑ာရီေတြမွာေခၚၾကတယ္။

Side Note Two: ခ႐ိုးနပ္စ္ (Cronus) ကဂရိနာမည္ျဖစ္ၿပီး သူ႔ရဲ႕ေရာမနာမည္က ေစတန္ (Saturn) တဲ့။


ေမာင္ဇိ (၃၀၊ ၀၇၊ ၂၀၂၀)
Reference:
https://www.theoi.com/Olympios/Zeus.html
https://www.greekmythology.com/Myths/The_Myths/Titanomachy/titanomachy.html
https://www.greekmythology.com/Olympians/Zeus/zeus.html
https://www.showcaves.com/english/explain/Literature/Zeus.html
https://www.greekmythology.com/Myths/The_Myths/Titanomachy/titanomachy.html
https://www.britannica.com/topic/Cronus
https://www.wiccamagazine.com/deities/gaia/


Tuesday, July 21, 2020

မောင်ဇိ၏ ဂရိဒဏ္ဍာရီ (၁၅) { ဟာမီးစ် - ၆ }

မောင်ဇိ၏ ဂရိဒဏ္ဍာရီ (၁၅) { ဟာမီးစ် - ၆ }

**********************************

ဟာမီးစ်၏အချစ်ဇာတ်လမ်းများ
-------------------------------------
တစ်နေ့မှာ သိုးကျောင်းသားတွေ၊ ကုန်သည်တွေ၊ ခရီးသည်တွေ၊ လျင်မြန်ဖျတ်လတ်စွာလှုပ်ရှားရတဲ့ အားကစားသမားတွေနဲ့ ကလိမ်ဉာဏ်ကျယ်တဲ့ခိုးသူတွေရဲ့ နတ်ဘုရားဟာမီးစ်က သူ့ဖခင်ဖြစ်တဲ့ ဇူးစ်နတ်ဘုရားကိုပြောတယ်။

" မသေမျိုးဖြစ်သောနတ်ဘုရားမများသာမက သေမျိုးဖြစ်သောလူသားမိန်းမတို့၏ ချစ်ခင်မြတ်နိုးမှုကို အစဥ်တစိုက်ခံရလေ့ရှိသော ဖခင်...
ကျွန်ုပ်မှာ တစ်စုံတစ်ယောက်ကို ချစ်ခင်နှစ်သက်သော်လည်း ငြင်းပယ်ခံရခြင်း၏ ခါးသီးသောအရသာကိုသာ အဖန်တလဲလဲ ခံစားနေရပါသည်။ မည်သို့ပြုရမည်နည်း"

" ငါ၏ လက်ရုံးသဖွယ် အားကိုးအားထားပြုရသော သားတော်ဟာမီးစ်...
သင်ကဲ့သို့ ဉာဏ်ရည်ထက်မြက်၍ နတ်ဘုရားအများ၏ ချီးမြှောက်မှုကိုခံရသူကို အဘယ်သူက ငြင်းပယ်နိုင်မည်နည်း"

"ဖခင်... မသိ၍ မေးသည်လော၊ သိလျက်နှင့်မေးသည်လော မစောကြောတော့ပါ။

လှပမှုအပေါင်း၏ အရှင်သခင်မ၊ ဖိုမအချစ်တို့၏ စိုးမိုးသူနတ်ဘုရားမဖြစ်သော အဖရိုဒိုက်တီး ကို ပြင်းထန်စွာစုံမက်မိသော်လည်း တူညီသောတုံ့ပြန်မှုကိုမရ၍ သားတော်၏ စိတ်နှလုံးသည် အေးချမ်းခြင်းကို မရနိုင် ဖြစ်နေပါသည်"

" သင် မကြိုးပမ်းလော"

" အကြိမ်ကြိမ်ပင်ဖြစ်သည်။ အရေးမသာခဲ့ပါ။ သို့ဖြစ်၍ ဖခင်၏ အကြံဉာဏ်ကို ရယူလိုခြင်းဖြစ်ပါသည်"

" ဤအတွက် မပူလင့်သားတော်၊ ငါ စီမံအံ့"


ဇူးစ် (Zeus)က သူ့ကိုအမြဲအကူအညီပေးလေ့ရှိတဲ့၊ သူအားကိုးရတဲ့သားတော် ဟာမီးစ် (Hermes)ကို မျက်နှာသာပေးတဲ့အနေနဲ့ ဟာမီးစ်ရဲ့အချစ်ရေးကိစ္စမှာ ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။ အဖရိုဒိုက်တီး(Aphrodite)ကိုမရလို့ စိတ်ဓါတ်ကျဝမ်းနည်းနေတဲ့ ဟာမီးစ်ကို သနားတာလဲပါတာပေါ့။

အဖရိုဒိုက်တီး (Aphrodite)
-------------------------------

ဇူးစ်နတ်ဘုရားရဲ့ အဖိုးဖြစ်သူ ကောင်းကင်ကြီးကို ကိုယ်စားပြုတဲ့ ယူရေးနပ်စ် (Uranus) ကို ဇူးစ်ရဲ့ဖခင်ဖြစ်တဲ့ ခရိုးနက်စ် (Cronus) က နန်းလုတဲ့အချိန်မှာ အဖရိုဒိုက်တီး (Aphrodite) ကို မွေးဖွားခဲ့တယ်။ ယူရေးနပ်စ်ရဲ့ လိင်အင်္ဂါကိုခရိုးနက်စ်က ဖြတ်တောက်ပြီး ပင်လယ်ထဲကိုပစ်လိုက်ရာကနေ ပင်လယ်ရေမြှုပ်လေးတစ်ခုပေါ်လာတယ်။ အဲဒီရေမြှုပ်ကလေးကနေမှ လှပတင့်တယ်မှုမှာပြိုင်ဘက်ကင်းတဲ့ အဖရိုဒိုက်တီးကို ဆိုက်ပရပ်စ်ကျွန်း (Cyprus) အနီးမှာမွေးဖွားလာခဲ့တယ်။

အဖရိုဒိုက်တီးကို ပင်လယ်ပြင်ခရီးသွားသူတွေရဲ့ နတ်ဘုရားမအဖြစ်ကိုးကွယ်ကြသလို၊ ကိုးကွယ်သူတွေကြားထဲမှာ ဖိုမအချစ်ရဲ့နတ်ဘုရားမနဲ့ အလှနတ်ဘုရားမအဖြစ်လဲ ထင်ရှားတယ်။ အိုလံပစ်တောင်မှာ စံမြန်းတဲ့ နတ်ဘုရားတွေကြားမှာ တစ်ပါးအပါအဝင်ဖြစ်လာပြီး နတ်ဘုရားအများက နှစ်သက်ချစ်ခင်ခြင်းကိုခံရသူဖြစ်လာတယ်။

ဇူးစ်၏အစီအမံ
-------------------

တစ်ရက်မှာပေါ့။
အခလိုးဝက်စ်မြစ်ကြီး  (River Achelous) က သာယာလှပတဲ့ နေရောင်ခြည်အောက်မှာ တသွင်သွင်စီးနေတယ်။
အလှနတ်ဘုရားမ အဖရိုဒိုက်တီးက မြစ်ထဲမှာ လှပတင့်တယ်စွာနဲ့ ရေချိုးလို့ပေါ့။
မြစ်ဘေးမှာချွတ်ထားတဲ့ အဖရိုဒိုက်တီးရဲ့ဖိနပ်တွေကို ကောင်းကင်ပေါ်ကရုတ်တရက်ထိုးဆင်းလာတဲ့ သိမ်းငှက်တစ်ကောင်က ထိုးသုတ်လို့ ကောင်းကင်ပေါ်ကိုပြန်ပြီး ပျံတက်သွားတယ်။

ဖိနပ်တွေပြန်ရဖို့ သိမ်းငှက်နောက်ကို အဆင့်ဆင့်လိုက်တဲ့ အဖရိုဒိုက်တီးဟာ အီဂျစ်ပြည်အရောက်မှာတော့ သူ့ဖိနပ်လေးတွေကို ပိုက်ထားတဲ့ ဟာမီးစ်ကိုတွေ့လိုက်ရတယ်။

ဖိနပ်ကိုအကြောင်းပြုပြီး မရမကလူပျိုလှည့်တဲ့ဟာမီးစ်ကို အဖရိုဒိုက်တီးက လက်ခံလိုက်ပြီး သူတို့နှစ်ယောက်ကနေ ချောမောလှပတဲ့ ကလေးလေးတစ်ယောက်မွေးလာခဲ့တယ်။

မိခင်ဖြစ်သူ အဖရိုဒိုက်တီးနဲ့ ဖခင်ဖြစ်သူ ဟာမီးစ်တို့ရဲ့နာမည်တွေပေါင်းပြီး ကလေးကို ဟာမဖရိုဒိုက်တီး ( Hermaphrodite) လို့ အမည်ပေးလိုက်ကြတယ်။

ဆန္ဒပြည့်ဝသွားတဲ့ ဟာမီးစ်က သူ့ကိုကူညီတဲ့သိမ်းငှက်ကိုတော့ ကောင်းကင်ပေါ်မှာ ကြယ်တာရာတစ်စုအနေနဲ့ ဖန်ဆင်းပေးပြီး ဆုချလိုက်လေရဲ့။

ပန်နလိုပီးယား (Penelopeia)
-----------------------------------
အာကေးဒီးယားဒေသက ဟာမီးစ်ကို မွေးဖွားရာစီလိနီတောင် ( Mount Cyllene) မှာ သိုးအုပ်ပိုင်ရှင်တစ်ယောက်ရှိတယ်။ ဒရိုင်အိုပိုစ်(Dryopos) လို့ နာမည်ရတဲ့လူရဲ့ သိုးအုပ်ကို ဟာမီးစ်က ကိုယ်တိုင်လာပြီး ကြည့်ရှုစောင့်ရှောက်ပေးလေ့ရှိတယ်။ အကြောင်းရင်းကတော့ ဒရိုင်အိုပိုစ်ရဲ့သမီးဖြစ်သူ ပန်နလိုပီးယား (Penelopeia) ကိုစုံမက်လို့ပါပဲ။

မကြာခင်မှာပဲ ဟာမီးစ်နဲ့ ပန်နလိုပီးယားတို့သင့်မြတ်ပြီး ကလေးလေးတစ်ယောက်မွေးလာတယ်။ ဆိတ်ရဲ့ခြေထောက်တွေနဲ့ နှဖူးမှာဆိတ်ချိုတွေပါတဲ့ ကလေးလေးက ရွှင်မြူးစွာရယ်နေလေ့ရှိတယ်။ မွေးပြီးခါစ ကလေးမျက်နှာကိုကြည့်လိုက်တဲ့အခါ မုတ်ဆိတ်မွေးတွေနဲ့ ဆိတ်ချိုနဲ့ဖြစ်နေတာကိုတွေ့လိုက်ရလို့ မိခင်ဖြစ်သူ ပန်နလိုပီးယား လန့်သွားတယ်။ ကလေးကိုလဲ မမွေးမြူချင်တော့ဘူး။

ဟာမီးစ်ကတော့ ဆိတ်ခြေထောက်၊ နှဖူးမှာဆိတ်ချို၊ မေးအောက်မှာမုတ်ဆိတ်မွေးနဲ့ ကလေးငယ်လေးကို ကြင်ကြင်နာနာပဲပွေ့ချီပြီး အိုလံပစ်တောင်ကို ခေါ်သွားလိုက်တယ်။ အဲဒီကလေးငယ်က သိုးကျောင်းသားတို့ရဲ့နတ်ဘုရား၊ သဘာဝတရားနဲ့ပက်သက်ဆက်နွယ်တဲ့နတ်ဘုရားဖြစ်လာပြီး ပုလွေလေးနဲ့အတူအမြဲတွေ့ရတဲ့ ဆိတ်ခြေထောက်၊လူကိုယ်ခန္ဓာနဲ့သူ့ကို ဆိတ်ခြေထောက်နဲ့နတ်ဘုရား ပန် (goat-footed God Pan) လို့ခေါ်ကြတယ်။ ပန်ပုလွေ (Pan flute) ဆိုတာက အခေါင်းပါတဲ့ကျူရိုးလေးတွေ၊ ဝါးလုံးငယ်လေးတွေ၊ ပိုက်လေးတွေကို တိုရာကရှည်ရာ အစဉ်လိုက်စီပြီး သီထားတဲ့ တူရိယာတစ်မျိုးဖြစ်ပြီး ပန်ကို အစွဲပြုလို့ ပန်ပုလွေ( Pan Flute/ Panpipes)လို့ခေါ်ကြတာပါ။

ပီသော (Peitho)
--------------------
နောက်တစ်ကြိမ်မှာတော့ ဟာမီးစ်က ပီသော (Peitho)နဲ့ချစ်ခင်စုံမက်ပြန်တယ်။ ပီသောက အဖရိုဒိုက်တီးရဲ့ အဖော်အလှော်တစ်ယောက်ဖြစ်ပြီး ဆွဲဆောင်ဖျားယောင်းမှုနဲ့ သိမ်းသွင်းမှုတို့ရဲ့ နတ်ဘုရားမတစ်ပါး။ ပန်ဒိုရာကို ဟာဖက်စ်တပ်စ်က ဖန်တီးခဲ့စဥ်က  နတ်ဘုရားမငယ်လေးတွေဖြစ်တဲ့ ဂရေ့စ် (Graces)တွေနဲ့ အတူပန်ဒိုရာကို လှပတဲ့လည်ဆွဲလေးတစ်ခုလက်ဆောင်ပေးခဲ့သူဖြစ်တယ်။
------------------------------
*Side Note One: ဟာမီးစ်က ဟင်းသီးဟင်းရွက်တို့ရဲ့နတ်ဘုရားမပါဆီဖိုနီ(Persephone)ကိုလဲ ပိုးပန်းခဲ့ဖူးသေးပေမယ့် မိခင်ဖြစ်သူ ကောက်ပဲသီးနှံနဲ့ မြေဆီလွှာတို့ရဲ့နတ်ဘုရားမဒမီတာ(Demeter)က သဘောမတူခဲ့ဘူးလို့ဆိုတယ်။ သူ့ရဲ့လက်စွဲ ကဒူးဆီးရက်စ်နှင်တံကို ပိုကြေးပန်းကြေးအနေနဲ့ပေးခဲ့တာတောင် ဒမီတာက သမီးနဲ့သဘောမတူလို့ ပြန်ပို့စေခဲ့လိုက်ပါတယ်တဲ့။

**Side Note Two: ဟာမီးစ်မှာ လူသားထဲကရော၊ နတ်သမီးငယ်တွေထဲကပါချစ်သူအများအပြားရှိပြီး ယောက်ျားလေးတစ်ချို့ပါသူ့ချစ်သူထဲမှာပါတယ်လို့ဆိုတယ်။ အဲဒီထဲကထင်ရှားတဲ့ချစ်သူကတော့ ပါဆီးရက်စ် (Perseus) ပါလို့ ဒဏ္ဍာရီတော်တော်များများက ညွှန်ပြကြတယ်။

***Side Note Three: ပန်ကသူ့တောအုပ်ထဲဝင်လာတဲ့ လူစိမ်းတွေကို စူးရှကျယ်လောင်တဲ့ ဟိန်းဟောက်သံပေးပြီး မောင်းထုတ်လေ့ရှိတယ်။ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ အသံကိုကြားသူတိုင်းက ကြောက်လန့်တကြားထွက်ပြေးရလေ့ရှိတယ်။ အဲလို ကြောက်ပြီးခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်တာကို ပန်ရဲ့နာမည် Pan ကိုစွဲပြီး Panic ဖြစ်တယ် (picnic မဟုတ်၊ penis မဟုတ်)လို့ခေါ်တယ်။



(ဟာမီးစ်အကြောင်းပြီးပါပြီ။)

မောင်ဇိ
(၂၁၊၀၇၊၂၀၂၀)

https://greekgodsandgoddesses.net/goddesses/aphrodite/

https://www.britannica.com/topic/Venus-goddess

https://01greekmythology.blogspot.com/2013/10/hermes-and-aphrodite.html

https://www.greekboston.com/culture/mythology/hermes-messenger-god/

https://mythopedia.com/greek-mythology/gods/hermes/

http://home.riise.hiroshima-u.ac.jp/~nakamura/AN/rekisi-e.html
---------------------------------------------------------
ေမာင္ဇိ၏ ဂရိဒ႑ာရီ (၁၅) { ဟာမီးစ္ - ၆ }

**********************************

ဟာမီးစ္၏အခ်စ္ဇာတ္လမ္းမ်ား
-------------------------------------
တစ္ေန႔မွာ သိုးေက်ာင္းသားေတြ၊ ကုန္သည္ေတြ၊ ခရီးသည္ေတြ၊ လ်င္ျမန္ဖ်တ္လတ္စြာလႈပ္ရွားရတဲ့ အားကစားသမားေတြနဲ႔ ကလိမ္ဉာဏ္က်ယ္တဲ့ခိုးသူေတြရဲ႕ နတ္ဘုရားဟာမီးစ္က သူ႔ဖခင္ျဖစ္တဲ့ ဇူးစ္နတ္ဘုရားကိုေျပာတယ္။

" မေသမ်ိဳးျဖစ္ေသာနတ္ဘုရားမမ်ားသာမက ေသမ်ိဳးျဖစ္ေသာလူသားမိန္းမတို႔၏ ခ်စ္ခင္ျမတ္ႏိုးမႈကို အစဥ္တစိုက္ခံရေလ့ရွိေသာ ဖခင္...
ကြၽႏ္ုပ္မွာ တစ္စုံတစ္ေယာက္ကို ခ်စ္ခင္ႏွစ္သက္ေသာ္လည္း ျငင္းပယ္ခံရျခင္း၏ ခါးသီးေသာအရသာကိုသာ အဖန္တလဲလဲ ခံစားေနရပါသည္။ မည္သို႔ျပဳရမည္နည္း"

" ငါ၏ လက္႐ုံးသဖြယ္ အားကိုးအားထားျပဳရေသာ သားေတာ္ဟာမီးစ္...
သင္ကဲ့သို႔ ဉာဏ္ရည္ထက္ျမက္၍ နတ္ဘုရားအမ်ား၏ ခ်ီးေျမႇာက္မႈကိုခံရသူကို အဘယ္သူက ျငင္းပယ္ႏိုင္မည္နည္း"

"ဖခင္... မသိ၍ ေမးသည္ေလာ၊ သိလ်က္ႏွင့္ေမးသည္ေလာ မေစာေၾကာေတာ့ပါ။

လွပမႈအေပါင္း၏ အရွင္သခင္မ၊ ဖိုမအခ်စ္တို႔၏ စိုးမိုးသူနတ္ဘုရားမျဖစ္ေသာ အဖ႐ိုဒိုက္တီး ကို ျပင္းထန္စြာစုံမက္မိေသာ္လည္း တူညီေသာတုံ႔ျပန္မႈကိုမရ၍ သားေတာ္၏ စိတ္ႏွလုံးသည္ ေအးခ်မ္းျခင္းကို မရႏိုင္ ျဖစ္ေနပါသည္"

" သင္ မႀကိဳးပမ္းေလာ"

" အႀကိမ္ႀကိမ္ပင္ျဖစ္သည္။ အေရးမသာခဲ့ပါ။ သို႔ျဖစ္၍ ဖခင္၏ အႀကံဉာဏ္ကို ရယူလိုျခင္းျဖစ္ပါသည္"

" ဤအတြက္ မပူလင့္သားေတာ္၊ ငါ စီမံအံ့"


ဇူးစ္ (Zeus)က သူ႔ကိုအၿမဲအကူအညီေပးေလ့ရွိတဲ့၊ သူအားကိုးရတဲ့သားေတာ္ ဟာမီးစ္ (Hermes)ကို မ်က္ႏွာသာေပးတဲ့အေနနဲ႔ ဟာမီးစ္ရဲ႕အခ်စ္ေရးကိစၥမွာ ကူညီဖို႔ ဆုံးျဖတ္လိုက္တယ္။ အဖ႐ိုဒိုက္တီး(Aphrodite)ကိုမရလို႔ စိတ္ဓါတ္က်ဝမ္းနည္းေနတဲ့ ဟာမီးစ္ကို သနားတာလဲပါတာေပါ့။

အဖ႐ိုဒိုက္တီး (Aphrodite)
-------------------------------

ဇူးစ္နတ္ဘုရားရဲ႕ အဖိုးျဖစ္သူ ေကာင္းကင္ႀကီးကို ကိုယ္စားျပဳတဲ့ ယူေရးနပ္စ္ (Uranus) ကို ဇူးစ္ရဲ႕ဖခင္ျဖစ္တဲ့ ခ႐ိုးနက္စ္ (Cronus) က နန္းလုတဲ့အခ်ိန္မွာ အဖ႐ိုဒိုက္တီး (Aphrodite) ကို ေမြးဖြားခဲ့တယ္။ ယူေရးနပ္စ္ရဲ႕ လိင္အဂၤါကိုခ႐ိုးနက္စ္က ျဖတ္ေတာက္ၿပီး ပင္လယ္ထဲကိုပစ္လိုက္ရာကေန ပင္လယ္ေရျမႇဳပ္ေလးတစ္ခုေပၚလာတယ္။ အဲဒီေရျမႇဳပ္ကေလးကေနမွ လွပတင့္တယ္မႈမွာၿပိဳင္ဘက္ကင္းတဲ့ အဖ႐ိုဒိုက္တီးကို ဆိုက္ပရပ္စ္ကြၽန္း (Cyprus) အနီးမွာေမြးဖြားလာခဲ့တယ္။

အဖ႐ိုဒိုက္တီးကို ပင္လယ္ျပင္ခရီးသြားသူေတြရဲ႕ နတ္ဘုရားမအျဖစ္ကိုးကြယ္ၾကသလို၊ ကိုးကြယ္သူေတြၾကားထဲမွာ ဖိုမအခ်စ္ရဲ႕နတ္ဘုရားမနဲ႔ အလွနတ္ဘုရားမအျဖစ္လဲ ထင္ရွားတယ္။ အိုလံပစ္ေတာင္မွာ စံျမန္းတဲ့ နတ္ဘုရားေတြၾကားမွာ တစ္ပါးအပါအဝင္ျဖစ္လာၿပီး နတ္ဘုရားအမ်ားက ႏွစ္သက္ခ်စ္ခင္ျခင္းကိုခံရသူျဖစ္လာတယ္။

ဇူးစ္၏အစီအမံ
-------------------

တစ္ရက္မွာေပါ့။
အခလိုးဝက္စ္ျမစ္ႀကီး  (River Achelous) က သာယာလွပတဲ့ ေနေရာင္ျခည္ေအာက္မွာ တသြင္သြင္စီးေနတယ္။
အလွနတ္ဘုရားမ အဖ႐ိုဒိုက္တီးက ျမစ္ထဲမွာ လွပတင့္တယ္စြာနဲ႔ ေရခ်ိဳးလို႔ေပါ့။
ျမစ္ေဘးမွာခြၽတ္ထားတဲ့ အဖ႐ိုဒိုက္တီးရဲ႕ဖိနပ္ေတြကို ေကာင္းကင္ေပၚက႐ုတ္တရက္ထိုးဆင္းလာတဲ့ သိမ္းငွက္တစ္ေကာင္က ထိုးသုတ္လို႔ ေကာင္းကင္ေပၚကိုျပန္ၿပီး ပ်ံတက္သြားတယ္။

ဖိနပ္ေတြျပန္ရဖို႔ သိမ္းငွက္ေနာက္ကို အဆင့္ဆင့္လိုက္တဲ့ အဖ႐ိုဒိုက္တီးဟာ အီဂ်စ္ျပည္အေရာက္မွာေတာ့ သူ႔ဖိနပ္ေလးေတြကို ပိုက္ထားတဲ့ ဟာမီးစ္ကိုေတြ႕လိုက္ရတယ္။

ဖိနပ္ကိုအေၾကာင္းျပဳၿပီး မရမကလူပ်ိဳလွည့္တဲ့ဟာမီးစ္ကို အဖ႐ိုဒိုက္တီးက လက္ခံလိုက္ၿပီး သူတို႔ႏွစ္ေယာက္ကေန ေခ်ာေမာလွပတဲ့ ကေလးေလးတစ္ေယာက္ေမြးလာခဲ့တယ္။

မိခင္ျဖစ္သူ အဖ႐ိုဒိုက္တီးနဲ႔ ဖခင္ျဖစ္သူ ဟာမီးစ္တို႔ရဲ႕နာမည္ေတြေပါင္းၿပီး ကေလးကို ဟာမဖ႐ိုဒိုက္တီး ( Hermaphrodite) လို႔ အမည္ေပးလိုက္ၾကတယ္။

ဆႏၵျပည့္ဝသြားတဲ့ ဟာမီးစ္က သူ႔ကိုကူညီတဲ့သိမ္းငွက္ကိုေတာ့ ေကာင္းကင္ေပၚမွာ ၾကယ္တာရာတစ္စုအေနနဲ႔ ဖန္ဆင္းေပးၿပီး ဆုခ်လိုက္ေလရဲ႕။

ပန္နလိုပီးယား (Penelopeia)
-----------------------------------
အာေကးဒီးယားေဒသက ဟာမီးစ္ကို ေမြးဖြားရာစီလိနီေတာင္ ( Mount Cyllene) မွာ သိုးအုပ္ပိုင္ရွင္တစ္ေယာက္ရွိတယ္။ ဒ႐ိုင္အိုပိုစ္(Dryopos) လို႔ နာမည္ရတဲ့လူရဲ႕ သိုးအုပ္ကို ဟာမီးစ္က ကိုယ္တိုင္လာၿပီး ၾကည့္ရႈေစာင့္ေရွာက္ေပးေလ့ရွိတယ္။ အေၾကာင္းရင္းကေတာ့ ဒ႐ိုင္အိုပိုစ္ရဲ႕သမီးျဖစ္သူ ပန္နလိုပီးယား (Penelopeia) ကိုစုံမက္လို႔ပါပဲ။

မၾကာခင္မွာပဲ ဟာမီးစ္နဲ႔ ပန္နလိုပီးယားတို႔သင့္ျမတ္ၿပီး ကေလးေလးတစ္ေယာက္ေမြးလာတယ္။ ဆိတ္ရဲ႕ေျခေထာက္ေတြနဲ႔ ႏွဖူးမွာဆိတ္ခ်ိဳေတြပါတဲ့ ကေလးေလးက ႐ႊင္ျမဴးစြာရယ္ေနေလ့ရွိတယ္။ ေမြးၿပီးခါစ ကေလးမ်က္ႏွာကိုၾကည့္လိုက္တဲ့အခါ မုတ္ဆိတ္ေမြးေတြနဲ႔ ဆိတ္ခ်ိဳနဲ႔ျဖစ္ေနတာကိုေတြ႕လိုက္ရလို႔ မိခင္ျဖစ္သူ ပန္နလိုပီးယား လန္႔သြားတယ္။ ကေလးကိုလဲ မေမြးျမဴခ်င္ေတာ့ဘူး။

ဟာမီးစ္ကေတာ့ ဆိတ္ေျခေထာက္၊ ႏွဖူးမွာဆိတ္ခ်ိဳ၊ ေမးေအာက္မွာမုတ္ဆိတ္ေမြးနဲ႔ ကေလးငယ္ေလးကို ၾကင္ၾကင္နာနာပဲေပြ႕ခ်ီၿပီး အိုလံပစ္ေတာင္ကို ေခၚသြားလိုက္တယ္။ အဲဒီကေလးငယ္က သိုးေက်ာင္းသားတို႔ရဲ႕နတ္ဘုရား၊ သဘာဝတရားနဲ႔ပက္သက္ဆက္ႏြယ္တဲ့နတ္ဘုရားျဖစ္လာၿပီး ပုေလြေလးနဲ႔အတူအၿမဲေတြ႕ရတဲ့ ဆိတ္ေျခေထာက္၊လူကိုယ္ခႏၶာနဲ႔သူ႔ကို ဆိတ္ေျခေထာက္နဲ႔နတ္ဘုရား ပန္ (goat-footed God Pan) လို႔ေခၚၾကတယ္။ ပန္ပုေလြ (Pan flute) ဆိုတာက အေခါင္းပါတဲ့က်ဴ႐ိုးေလးေတြ၊ ဝါးလုံးငယ္ေလးေတြ၊ ပိုက္ေလးေတြကို တိုရာကရွည္ရာ အစဥ္လိုက္စီၿပီး သီထားတဲ့ တူရိယာတစ္မ်ိဳးျဖစ္ၿပီး ပန္ကို အစြဲျပဳလို႔ ပန္ပုေလြ( Pan Flute/ Panpipes)လို႔ေခၚၾကတာပါ။

ပီေသာ (Peitho)
--------------------
ေနာက္တစ္ႀကိမ္မွာေတာ့ ဟာမီးစ္က ပီေသာ (Peitho)နဲ႔ခ်စ္ခင္စုံမက္ျပန္တယ္။ ပီေသာက အဖ႐ိုဒိုက္တီးရဲ႕ အေဖာ္အေလွာ္တစ္ေယာက္ျဖစ္ၿပီး ဆြဲေဆာင္ဖ်ားေယာင္းမႈနဲ႔ သိမ္းသြင္းမႈတို႔ရဲ႕ နတ္ဘုရားမတစ္ပါး။ ပန္ဒိုရာကို ဟာဖက္စ္တပ္စ္က ဖန္တီးခဲ့စဥ္က  နတ္ဘုရားမငယ္ေလးေတြျဖစ္တဲ့ ဂေရ႕စ္ (Graces)ေတြနဲ႔ အတူပန္ဒိုရာကို လွပတဲ့လည္ဆြဲေလးတစ္ခုလက္ေဆာင္ေပးခဲ့သူျဖစ္တယ္။
------------------------------
*Side Note One: ဟာမီးစ္က ဟင္းသီးဟင္း႐ြက္တို႔ရဲ႕နတ္ဘုရားမပါဆီဖိုနီ(Persephone)ကိုလဲ ပိုးပန္းခဲ့ဖူးေသးေပမယ့္ မိခင္ျဖစ္သူ ေကာက္ပဲသီးႏွံနဲ႔ ေျမဆီလႊာတို႔ရဲ႕နတ္ဘုရားမဒမီတာ(Demeter)က သေဘာမတူခဲ့ဘူးလို႔ဆိုတယ္။ သူ႔ရဲ႕လက္စြဲ ကဒူးဆီးရက္စ္ႏွင္တံကို ပိုေၾကးပန္းေၾကးအေနနဲ႔ေပးခဲ့တာေတာင္ ဒမီတာက သမီးနဲ႔သေဘာမတူလို႔ ျပန္ပို႔ေစခဲ့လိုက္ပါတယ္တဲ့။

**Side Note Two: ဟာမီးစ္မွာ လူသားထဲကေရာ၊ နတ္သမီးငယ္ေတြထဲကပါခ်စ္သူအမ်ားအျပားရွိၿပီး ေယာက္်ားေလးတစ္ခ်ိဳ႕ပါသူ႔ခ်စ္သူထဲမွာပါတယ္လို႔ဆိုတယ္။ အဲဒီထဲကထင္ရွားတဲ့ခ်စ္သူကေတာ့ ပါဆီးရက္စ္ (Perseus) ပါလို႔ ဒ႑ာရီေတာ္ေတာ္မ်ားမ်ားက ၫႊန္ျပၾကတယ္။

***Side Note Three: ပန္ကသူ႔ေတာအုပ္ထဲဝင္လာတဲ့ လူစိမ္းေတြကို စူးရွက်ယ္ေလာင္တဲ့ ဟိန္းေဟာက္သံေပးၿပီး ေမာင္းထုတ္ေလ့ရွိတယ္။ ေၾကာက္႐ြံ႕ထိတ္လန္႔ဖြယ္ရာ အသံကိုၾကားသူတိုင္းက ေၾကာက္လန္႔တၾကားထြက္ေျပးရေလ့ရွိတယ္။ အဲလို ေၾကာက္ၿပီးေျခမကိုင္မိ၊ လက္မကိုင္မိျဖစ္တာကို ပန္ရဲ႕နာမည္ Pan ကိုစြဲၿပီး Panic ျဖစ္တယ္ (picnic မဟုတ္၊ penis မဟုတ္)လို႔ေခၚတယ္။



(ဟာမီးစ္အေၾကာင္းၿပီးပါၿပီ။)

ေမာင္ဇိ
(၂၁၊၀၇၊၂၀၂၀)

https://greekgodsandgoddesses.net/goddesses/aphrodite/

https://www.britannica.com/topic/Venus-goddess

https://01greekmythology.blogspot.com/2013/10/hermes-and-aphrodite.html

https://www.greekboston.com/culture/mythology/hermes-messenger-god/

https://mythopedia.com/greek-mythology/gods/hermes/

http://home.riise.hiroshima-u.ac.jp/~nakamura/AN/rekisi-e.html

Thursday, July 16, 2020

အက်စ်ကလိပီးယက်စ်တောင်ဝှေးနဲ့ ကဒူးဆီးရက်စ်နှင်တံ(Rod of Asclepius & Caduceus)

အက်စ်ကလိပီးယက်စ်တောင်ဝှေးနဲ့ ကဒူးဆီးရက်စ်နှင်တံ(Rod of Asclepius & Caduceus)
—————————————————————

ဆေးပညာနဲ့ပက်သက်တဲ့နေရာတွေမှာ သုံးကြတဲ့ သင်္ကေတ နှစ်ခုရှိတယ်။ တစ်ခုက တုတ်ချောင်းမှာမြွေတစ်ကောင်ပတ်နေတဲ့ပုံဖြစ်ပြီး နောက်တစ်ခုက တုတ်ချောင်းမှာ မြွေနှစ်ကောင်ပတ်ပြီး တောင်ပံတစ်စုံပါ ပါတဲ့ပုံဖြစ်တယ်။ နှစ်ခုစလုံးက ရှေးဟောင်း ဂရိဒဏ္ဍာရီတွေကနေအစပြုတယ်။

 မြွေတစ်ကောင်ပတ်နေတဲ့ တုတ်ချောင်းကို ရောဂါကုသမှုနဲ့ ဆေးဝါးပညာရပ်ရဲ့နတ်ဘုရား အက်စ်ကလိပီးယက်စ် (Asclepius) ကိုအစွဲပြုပြီး အက်စ်ကလိပီးယက်စ်တောင်ဝှေး (Rod of Asclepius) လို့ခေါ်ပြီး မြွေနှစ်ကောင်ပတ်နေတဲ့ တောင်ပံတစ်စုံနဲ့ တုတ်ချောင်းကတော့ တမန်တော်နတ်ဘုရား ဟာမီးစ်ရဲ့ ကဒူးဆီးရက်စ် (Caduceus) ပဲဖြစ်တယ်။

ဆေးပညာရဲ့ကနဦးသင်္ကေတအစစ်အမှန်က Rod of Asclepius  ဖြစ်ပေမယ့် တစ်ချို့နိုင်ငံကြီးတွေနဲ့ ဆေးပညာနဲ့ပက်သက်တဲ့ဌာနတစ်ချို့မှာ Caduceus ကိုဆေးပညာရဲ့သင်္ကေတအဖြစ် သုံးကြပြန်တယ်။ 

အက်က်စ်ကလိပီးယက်စ်တောင်ဝှေး (သို့)Rod of Asclepius
***********************************************
အက်စ်ကလိပီးယက်စ်ကို နေနဲ့လင်းရောင်ခြည်၊ ရောဂါဘယနဲ့ကုသရေး၊ ဂီတနဲ့ကဗျာတို့ကိုစိုးမိုးတဲ့နတ်ဘုရား အပိုလို (Apollo) နဲ့ သက်စလေတိုင်းက လူသားမင်းသမီး ခိုရိုးနစ်စ် (Coronis) တို့စုံမက်ရာကနေ မွေးဖွားတယ်။
အက်စ်ကလိပီးယက်စ် ကို ကိုယ်ဝန်ဆောင်နေစဉ်မှာပဲ မိခင်လောင်းဖြစ်သူ ခိုရိုနစ်စ်သေဆုံးသွားလို့ ဖခင်ဖြစ်သူ အပိုလိုက မီးပုံပေါ်မှာတင်ထားတဲ့ မိခင်အလောင်းကနေဗိုက်ခွဲပြီး သူ့ကိုမွေးထုတ်ပေးခဲ့တယ်လို့ဆိုတယ်။ ဒဏ္ဍာရီတွေမှာ သူ့မိခင်သေဆုံးရတဲ့အကြောင်းရင်းကို အမျိုးမျိုးပြောကြပေမယ့် သေချာတာကတော့ အက်စ်ကလိပီးယက်စ်ဟာ မိခင်မရှိပဲကြီးပြင်းလာရတယ်ဆိုတာပါပဲ။

ဖခင်ဖြစ်သူ အပိုလိုကိုယ်တိုင်က သူ့ကိုဆေးပညာသင်ကြားပေးရုံသာမက အတတ်မျိုးစုံတတ်တဲ့ပညာရှိကြီး ချီရွန် (Chiron) ဆီမှာပါ ငယ်စဉ်ကတည်းကအပ်ထားပြီး ဆေးကုသရေးပညာရပ်ကိုသင်ယူစေတယ်။ ချီရွန်ဆိုတာက ခါးအပေါ်ပိုင်းမှာလူသားကိုယ်ခန္ဓာ၊ ခါးအောက်ပိုင်းမှာမြင်းတစ်ကောင်ရဲ့ခြေလေးချောင်းနဲ့ကိုယ်ကိုပိုင်ဆိုင်တဲ့ ဆန်တော (Centaur)လို့ခေါ်တဲ့ မြင်းလူတစ်ယောက်။ နတ်တစ်ပိုင်းလူတစ်ပိုင်း (demigod) တွေ၊ သူရဲကောင်းတွေနဲ့ မင်းညီမင်းသားတွေက ချီရွန်ဆီမှာပညာသင်ကြလေ့ရှိတယ်။ ထင်ရှားကျော်ကြားတဲ့ ဟာရကလိ(ဟာကြူလီ)-Heracles၊  အေးဂျက်စ်-Ajax ၊ အာခီးလိစ်-Achilles ၊ ဂျေဆန်- Jason၊ ဒိုင်အိုနစ်ဆက်စ်-Dionysus စသူတွေဟာ ချီရွန်ရဲ့တပည့်တွေဖြစ်ခဲ့ကြဖူးတယ်လို့ဆိုတယ်။
ဆေးပညာနဲ့ပက်သက်ရင် အက်စ်ကလိပီးရက်စ်က သူ့ဆရာချီရွန်ထက်တောင်သာလွန်သွားပြီး ဆရာထက်တပည့်လက်စောင်းထက်တယ်လို့ ဆိုကြတယ်။

အက်စ်ကလိပီးယက်စ်အကြောင်းဆက်ရရင် တစ်နေ့မှာလူနာကြည့်ရင်း အာရုံစိုက်နေတုန်း သူ့လက်စွဲတော်တောင်ဝှေးပေါ်ကို မြွေတစ်ကောင်တက်လာလို့ အဲဒီမြွေကိုသူသတ်လိုက်တယ်။ သိပ်မကြာခင်မှာနောက်ထပ်မြွေတစ်ကောင်ရောက်လာပြီး ပါးစပ်မှာကိုက်ချီလာတဲ့ ဆေးပင်ဆေးမြစ်တွေကို သေနေတဲ့မြွေပါးစပ်ထဲကို ထည့်လိုက်တာ မြွေသေကပြန်အသက်ရှင်သွားတယ်။  အဲဒီ ဆေးပင်ကို အက်စ်ကလိပီးယက်စ်က မှတ်သားပြီး လူနာကိုကုလိုက်တာ အသက်ရှင်သွားတယ်တဲ့။ နောက်ပိုင်း အဲဒီ ဆေးပင်ဆေးရွက်နဲ့ သူ့ပညာပေါင်းပြီးကုလိုက်တာ သေသူတွေတောင်ပြန်ရှင်ကြပါတယ်။ (တစ်ချို့ဒဏ္ဍာရီမှာတော့ နတ်ဘုရားမအသီးနား (Athena) ပေးတဲ့ မက်ဒူးဆာရဲ့သွေးနဲ့ကုလို့ ပြန်ရှင်ကြတယ်လို့ပြောတယ်)

မြေအောက်ကမ္ဘာရဲ့ဘုရင်ဟေးဒီးစ် (Hades) ကသူ့ဆီမှာလူဦးရေနည်းအောင် အက်စ်ကလိပီးယက်စ်က လုပ်နေပါတယ်လို့ နတ်ဘုရင်ဇူးစ်ကိုသွားတိုင်လို့ ဇူးစ်က လူဦးရေအချိုးမမျှတမှုမဖြစ်စေရအောင် သမားတော် အက်စ်ကလိပီးယက်စ်ကို မိုးကြိုးလက်နက်နဲ့ ပစ်သတ်လိုက်ရတယ်။ ဒါပေမယ့် အပိုလိုရဲ့တောင်းဆိုချက်ကြောင့် ကောင်းကင်မှာ Ophiochus (မြွေကိုကိုင်ထားသူ) ကြယ်စုအဖြစ်နေရာပေးခဲ့တယ်။

အနောက်တိုင်းဆေးပညာဖခင်ကြီးဖြစ်တဲ့ ဟစ်ပိုကရေးတီးစ်(Hippocrates)ရဲ့ သမားဟူးရားတို့၏သစ္စာဆိုခန်းမှာ မူလက "အပိုလိုနတ်မင်း၊အက်စ်ကလိပီးရက်စ်နှင့် (အခြားနတ်များ) တို့ကိုတိုင်တည်၍ သမားတော်တို့၏သစ္စာကိုဆိုပါသည်” လို့ပါတယ်။
အဲဒီ အက်စ်ကလိပီးယက်စ်ရဲ့ တောင်ဝှေးမှာမြွေပတ်နေတဲ့ Rod of Asclepius သင်္ကေတကိုပဲ ဆေးပညာရဲ့သင်္ကေတအနေနဲ့ယူပြီး သားစဉ်မြေးဆက်သုံးခဲ့ကြတယ်။

ကဒူးဆီးရက်စ် - Caduceus
*****************************
ခေါင်းကဦးထုပ်မှာတောင်ပံတစ်စုံ၊ ဖိနပ်တွေမှာလဲတောင်ပံလေးတွေပါတဲ့ တမန်တော်နတ်ဘုရား ဟာမီးစ် (Hermes) ရဲ့ နှင်တံပါ။ သူ့အစ်ကိုဖြစ်သူ နေနတ်ဘုရားနဲ့ ကုသမှုနတ်ဘုရားအပြင် တခြားတာဝန်အများကြီးပါတွဲထမ်းဆောင်တဲ့အပိုလို (Apollo) ဆီကနေလက်ဆောင်ရခဲ့တာပါ။ ကဒူးဆီးရက်စ်က သက်ရှိတွေကို အိပ်မွေ့ချနိုင်တဲ့အစွမ်းရှိလို့ ဟားမီးစ်ကလူသားတွေကို သတင်းစကားပေးချင်ရင် အိပ်မွေ့ချပြီး အိပ်မက်ထဲမှာပြောလေ့ရှိပါတယ်။

အသေအကြေကိုက်ခဲပြီးတိုက်ခိုက်နေတဲ့မြွေနှစ်ကောင်ကို ကဒူးဆီးရက်စ်နဲ့တားဆီးလိုက်ရာက မြွေနှစ်ကောင်ဟာ ကဒူးဆီးရက်စ်မှာ ပတ်ပြီးနေကြတယ်လို့ ဒဏ္ဍာရီတွေကဆိုတယ်။ တစ်ချို့ဇာတ်လမ်းတွေမှာတော့ မြွေသေနှစ်ကောင်ကို အသက်သွင်းလိုက်ရာက ကဒူးဆီးရက်စ်မှာပတ်နေကြတယ်လို့လဲ ဆိုကြတယ်။

၁၉၀၂ ခုနှစ်မှာ အမေရိကန်စစ်တပ်ဆေးအဖွဲ့က ဒီသ​င်္ကေတကိုယူသုံးခဲ့ပြီး ဆေးပညာရဲ့အမှတ်တံဆိပ်တစ်ခုအဖြစ် နေရာတစ်ချို့မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတယ်။
တစ်ချို့ကတော့ အက်စ်ကလိပီးရက်စ် တောင်ဝှေးအစား ကဒူးဆီးရက်စ်ကို မှားသုံးမိတာလို့လဲ ထောက်ပြကြတယ်။

မြွေရဲ့ ကိုယ်စားပြုမှု
*******************
မြွေတစ်ကောင်ပတ်နေတဲ့အက်စ်ကလိပီးယက်စ်တောင်ဝှေးရော...
မြွေနှစ်ကောင်တောင်ပံတစ်စုံနဲ့ ကဒူးဆီးရက်စ်နှင်တံမှာရော...
ပါတဲ့မြွေက အကန့်အသတ်မဲ့အသက်ရှည်ခြင်း (Immortality) နဲ့ အရေခွံလဲလိုက်တာနဲ့ အသစ်ဖြစ်သလိုနုပျိုသွားတဲ့မြွေရဲ့ဂုဏ်သတ္တိက ရောဂါပျောက်ကင်းချမ်းသာခြင်း(Healing) ကို ကိုယ်စားပြုတယ်။

တခြား သံတူကြောင်းကွဲဇာတ်လမ်းလေးတွေရှိသေးပေမယ့် ထင်ရှားတာကတော့ ပြောခဲ့တဲ့ ဂရိဒဏ္ဍာရီနောက်ခံဇာတ်လမ်းလေးတွေပါပဲ။

မောင်ဇိ (၁၃၊ ၀၇၊ ၂၀၂၀)

ကိုးကား။ ။

https://www.theoi.com/Ouranios/Asklepios.html

https://www.ancient.eu/Asclepius/

https://www.greeklegendsandmyths.com/chiron.html

https://www.ncbi.nlm.nih.gov/pmc/articles/PMC4439707/

https://www.livescience.com/amp/33104-why-is-the-medical-symbol-a-snake-on-a-stick.html

https://www.newworldencyclopedia.org/entry/Caduceus

https://hubpages.com/education/The-Centaur-Chiron-in-Greek-Mythology
—————။———။———
Zawgyi
အက္စ္ကလိပီးယက္စ္ေတာင္ေဝွးနဲ႔ ကဒူးဆီးရက္စ္ႏွင္တံ(Rod of Asclepius & Caduceus)
—————————————————————

ေဆးပညာနဲ႔ပက္သက္တဲ့ေနရာေတြမွာ သုံးၾကတဲ့ သေကၤတ ႏွစ္ခုရွိတယ္။ တစ္ခုက တုတ္ေခ်ာင္းမွာေႁမြတစ္ေကာင္ပတ္ေနတဲ့ပုံျဖစ္ၿပီး ေနာက္တစ္ခုက တုတ္ေခ်ာင္းမွာ ေႁမြႏွစ္ေကာင္ပတ္ၿပီး ေတာင္ပံတစ္စုံပါ ပါတဲ့ပုံျဖစ္တယ္။ ႏွစ္ခုစလုံးက ေရွးေဟာင္း ဂရိဒ႑ာရီေတြကေနအစျပဳတယ္။

 ေႁမြတစ္ေကာင္ပတ္ေနတဲ့ တုတ္ေခ်ာင္းကို ေရာဂါကုသမႈနဲ႔ ေဆးဝါးပညာရပ္ရဲ႕နတ္ဘုရား အက္စ္ကလိပီးယက္စ္ (Asclepius) ကိုအစြဲျပဳၿပီး အက္စ္ကလိပီးယက္စ္ေတာင္ေဝွး (Rod of Asclepius) လို႔ေခၚၿပီး ေႁမြႏွစ္ေကာင္ပတ္ေနတဲ့ ေတာင္ပံတစ္စုံနဲ႔ တုတ္ေခ်ာင္းကေတာ့ တမန္ေတာ္နတ္ဘုရား ဟာမီးစ္ရဲ႕ ကဒူးဆီးရက္စ္ (Caduceus) ပဲျဖစ္တယ္။

ေဆးပညာရဲ႕ကနဦးသေကၤတအစစ္အမွန္က Rod of Asclepius  ျဖစ္ေပမယ့္ တစ္ခ်ိဳ႕ႏိုင္ငံႀကီးေတြနဲ႔ ေဆးပညာနဲ႔ပက္သက္တဲ့ဌာနတစ္ခ်ိဳ႕မွာ Caduceus ကိုေဆးပညာရဲ႕သေကၤတအျဖစ္ သုံးၾကျပန္တယ္။  

အက္က္စ္ကလိပီးယက္စ္ေတာင္ေဝွး (သို႔)Rod of Asclepius
***********************************************
အက္စ္ကလိပီးယက္စ္ကို ေနနဲ႔လင္းေရာင္ျခည္၊ ေရာဂါဘယနဲ႔ကုသေရး၊ ဂီတနဲ႔ကဗ်ာတို႔ကိုစိုးမိုးတဲ့နတ္ဘုရား အပိုလို (Apollo) နဲ႔ သက္စေလတိုင္းက လူသားမင္းသမီး ခို႐ိုးနစ္စ္ (Coronis) တို႔စုံမက္ရာကေန ေမြးဖြားတယ္။
အက္စ္ကလိပီးယက္စ္ ကို ကိုယ္ဝန္ေဆာင္ေနစဥ္မွာပဲ မိခင္ေလာင္းျဖစ္သူ ခို႐ိုနစ္စ္ေသဆုံးသြားလို႔ ဖခင္ျဖစ္သူ အပိုလိုက မီးပုံေပၚမွာတင္ထားတဲ့ မိခင္အေလာင္းကေနဗိုက္ခြဲၿပီး သူ႔ကိုေမြးထုတ္ေပးခဲ့တယ္လို႔ဆိုတယ္။ ဒ႑ာရီေတြမွာ သူ႔မိခင္ေသဆုံးရတဲ့အေၾကာင္းရင္းကို အမ်ိဳးမ်ိဳးေျပာၾကေပမယ့္ ေသခ်ာတာကေတာ့ အက္စ္ကလိပီးယက္စ္ဟာ မိခင္မရွိပဲႀကီးျပင္းလာရတယ္ဆိုတာပါပဲ။

ဖခင္ျဖစ္သူ အပိုလိုကိုယ္တိုင္က သူ႔ကိုေဆးပညာသင္ၾကားေပး႐ုံသာမက အတတ္မ်ိဳးစုံတတ္တဲ့ပညာရွိႀကီး ခ်ီ႐ြန္ (Chiron) ဆီမွာပါ ငယ္စဥ္ကတည္းကအပ္ထားၿပီး ေဆးကုသေရးပညာရပ္ကိုသင္ယူေစတယ္။ ခ်ီ႐ြန္ဆိုတာက ခါးအေပၚပိုင္းမွာလူသားကိုယ္ခႏၶာ၊ ခါးေအာက္ပိုင္းမွာျမင္းတစ္ေကာင္ရဲ႕ေျခေလးေခ်ာင္းနဲ႔ကိုယ္ကိုပိုင္ဆိုင္တဲ့ ဆန္ေတာ (Centaur)လို႔ေခၚတဲ့ ျမင္းလူတစ္ေယာက္။ နတ္တစ္ပိုင္းလူတစ္ပိုင္း (demigod) ေတြ၊ သူရဲေကာင္းေတြနဲ႔ မင္းညီမင္းသားေတြက ခ်ီ႐ြန္ဆီမွာပညာသင္ၾကေလ့ရွိတယ္။ ထင္ရွားေက်ာ္ၾကားတဲ့ ဟာရကလိ(ဟာၾကဴလီ)-Heracles၊  ေအးဂ်က္စ္-Ajax ၊ အာခီးလိစ္-Achilles ၊ ေဂ်ဆန္- Jason၊ ဒိုင္အိုနစ္ဆက္စ္-Dionysus စသူေတြဟာ ခ်ီ႐ြန္ရဲ႕တပည့္ေတြျဖစ္ခဲ့ၾကဖူးတယ္လို႔ဆိုတယ္။
ေဆးပညာနဲ႔ပက္သက္ရင္ အက္စ္ကလိပီးရက္စ္က သူ႔ဆရာခ်ီ႐ြန္ထက္ေတာင္သာလြန္သြားၿပီး ဆရာထက္တပည့္လက္ေစာင္းထက္တယ္လို႔ ဆိုၾကတယ္။

အက္စ္ကလိပီးယက္စ္အေၾကာင္းဆက္ရရင္ တစ္ေန႔မွာလူနာၾကည့္ရင္း အာ႐ုံစိုက္ေနတုန္း သူ႔လက္စြဲေတာ္ေတာင္ေဝွးေပၚကို ေႁမြတစ္ေကာင္တက္လာလို႔ အဲဒီေႁမြကိုသူသတ္လိုက္တယ္။ သိပ္မၾကာခင္မွာေနာက္ထပ္ေႁမြတစ္ေကာင္ေရာက္လာၿပီး ပါးစပ္မွာကိုက္ခ်ီလာတဲ့ ေဆးပင္ေဆးျမစ္ေတြကို ေသေနတဲ့ေႁမြပါးစပ္ထဲကို ထည့္လိုက္တာ ေႁမြေသကျပန္အသက္ရွင္သြားတယ္။  အဲဒီ ေဆးပင္ကို အက္စ္ကလိပီးယက္စ္က မွတ္သားၿပီး လူနာကိုကုလိုက္တာ အသက္ရွင္သြားတယ္တဲ့။ ေနာက္ပိုင္း အဲဒီ ေဆးပင္ေဆး႐ြက္နဲ႔ သူ႔ပညာေပါင္းၿပီးကုလိုက္တာ ေသသူေတြေတာင္ျပန္ရွင္ၾကပါတယ္။ (တစ္ခ်ိဳ႕ဒ႑ာရီမွာေတာ့ နတ္ဘုရားမအသီးနား (Athena) ေပးတဲ့ မက္ဒူးဆာရဲ႕ေသြးနဲ႔ကုလို႔ ျပန္ရွင္ၾကတယ္လို႔ေျပာတယ္)

ေျမေအာက္ကမာၻရဲ႕ဘုရင္ေဟးဒီးစ္ (Hades) ကသူ႔ဆီမွာလူဦးေရနည္းေအာင္ အက္စ္ကလိပီးယက္စ္က လုပ္ေနပါတယ္လို႔ နတ္ဘုရင္ဇူးစ္ကိုသြားတိုင္လို႔ ဇူးစ္က လူဦးေရအခ်ိဳးမမွ်တမႈမျဖစ္ေစရေအာင္ သမားေတာ္ အက္စ္ကလိပီးယက္စ္ကို မိုးႀကိဳးလက္နက္နဲ႔ ပစ္သတ္လိုက္ရတယ္။ ဒါေပမယ့္ အပိုလိုရဲ႕ေတာင္းဆိုခ်က္ေၾကာင့္ ေကာင္းကင္မွာ Ophiochus (ေႁမြကိုကိုင္ထားသူ) ၾကယ္စုအျဖစ္ေနရာေပးခဲ့တယ္။

အေနာက္တိုင္းေဆးပညာဖခင္ႀကီးျဖစ္တဲ့ ဟစ္ပိုကေရးတီးစ္(Hippocrates)ရဲ႕ သမားဟူးရားတို႔၏သစၥာဆိုခန္းမွာ မူလက "အပိုလိုနတ္မင္း၊အက္စ္ကလိပီးရက္စ္ႏွင့္ (အျခားနတ္မ်ား) တို႔ကိုတိုင္တည္၍ သမားေတာ္တို႔၏သစၥာကိုဆိုပါသည္” လို႔ပါတယ္။
အဲဒီ အက္စ္ကလိပီးယက္စ္ရဲ႕ ေတာင္ေဝွးမွာေႁမြပတ္ေနတဲ့ Rod of Asclepius သေကၤတကိုပဲ ေဆးပညာရဲ႕သေကၤတအေနနဲ႔ယူၿပီး သားစဥ္ေျမးဆက္သုံးခဲ့ၾကတယ္။

ကဒူးဆီးရက္စ္ - Caduceus
*****************************
ေခါင္းကဦးထုပ္မွာေတာင္ပံတစ္စုံ၊ ဖိနပ္ေတြမွာလဲေတာင္ပံေလးေတြပါတဲ့ တမန္ေတာ္နတ္ဘုရား ဟာမီးစ္ (Hermes) ရဲ႕ ႏွင္တံပါ။ သူ႔အစ္ကိုျဖစ္သူ ေနနတ္ဘုရားနဲ႔ ကုသမႈနတ္ဘုရားအျပင္ တျခားတာဝန္အမ်ားႀကီးပါတြဲထမ္းေဆာင္တဲ့အပိုလို (Apollo) ဆီကေနလက္ေဆာင္ရခဲ့တာပါ။ ကဒူးဆီးရက္စ္က သက္ရွိေတြကို အိပ္ေမြ႕ခ်ႏိုင္တဲ့အစြမ္းရွိလို႔ ဟားမီးစ္ကလူသားေတြကို သတင္းစကားေပးခ်င္ရင္ အိပ္ေမြ႕ခ်ၿပီး အိပ္မက္ထဲမွာေျပာေလ့ရွိပါတယ္။

အေသအေၾကကိုက္ခဲၿပီးတိုက္ခိုက္ေနတဲ့ေႁမြႏွစ္ေကာင္ကို ကဒူးဆီးရက္စ္နဲ႔တားဆီးလိုက္ရာက ေႁမြႏွစ္ေကာင္ဟာ ကဒူးဆီးရက္စ္မွာ ပတ္ၿပီးေနၾကတယ္လို႔ ဒ႑ာရီေတြကဆိုတယ္။ တစ္ခ်ိဳ႕ဇာတ္လမ္းေတြမွာေတာ့ ေႁမြေသႏွစ္ေကာင္ကို အသက္သြင္းလိုက္ရာက ကဒူးဆီးရက္စ္မွာပတ္ေနၾကတယ္လို႔လဲ ဆိုၾကတယ္။

၁၉၀၂ ခုႏွစ္မွာ အေမရိကန္စစ္တပ္ေဆးအဖြဲ႕က ဒီသ​ေကၤတကိုယူသုံးခဲ့ၿပီး ေဆးပညာရဲ႕အမွတ္တံဆိပ္တစ္ခုအျဖစ္ ေနရာတစ္ခ်ိဳ႕မွာ က်ယ္က်ယ္ျပန္႔ျပန္႔ သုံးေနၾကတယ္။
တစ္ခ်ိဳ႕ကေတာ့ အက္စ္ကလိပီးရက္စ္ ေတာင္ေဝွးအစား ကဒူးဆီးရက္စ္ကို မွားသုံးမိတာလို႔လဲ ေထာက္ျပၾကတယ္။

ေႁမြရဲ႕ ကိုယ္စားျပဳမႈ
*******************
ေႁမြတစ္ေကာင္ပတ္ေနတဲ့အက္စ္ကလိပီးယက္စ္ေတာင္ေဝွးေရာ...
ေႁမြႏွစ္ေကာင္ေတာင္ပံတစ္စုံနဲ႔ ကဒူးဆီးရက္စ္ႏွင္တံမွာေရာ...
ပါတဲ့ေႁမြက အကန္႔အသတ္မဲ့အသက္ရွည္ျခင္း (Immortality) နဲ႔ အေရခြံလဲလိုက္တာနဲ႔ အသစ္ျဖစ္သလိုႏုပ်ိဳသြားတဲ့ေႁမြရဲ႕ဂုဏ္သတၱိက ေရာဂါေပ်ာက္ကင္းခ်မ္းသာျခင္း(Healing) ကို ကိုယ္စားျပဳတယ္။

တျခား သံတူေၾကာင္းကြဲဇာတ္လမ္းေလးေတြရွိေသးေပမယ့္ ထင္ရွားတာကေတာ့ ေျပာခဲ့တဲ့ ဂရိဒ႑ာရီေနာက္ခံဇာတ္လမ္းေလးေတြပါပဲ။

ေမာင္ဇိ (၁၃၊ ၀၇၊ ၂၀၂၀)

ကိုးကား။ ။

https://www.theoi.com/Ouranios/Asklepios.html

https://www.ancient.eu/Asclepius/

https://www.greeklegendsandmyths.com/chiron.html

https://www.ncbi.nlm.nih.gov/pmc/articles/PMC4439707/

https://www.livescience.com/amp/33104-why-is-the-medical-symbol-a-snake-on-a-stick.html

https://www.newworldencyclopedia.org/entry/Caduceus

https://hubpages.com/education/The-Centaur-Chiron-in-Greek-Mythology
—————။———။———

နှင်းတောထဲက အရှည်ကြာဆုံးညတစ်ည

နှင်းတောထဲက အရှည်ကြာဆုံးညတစ်ည
*****************************

နှင်းလွင်ပြင်ကိုဖြတ်၊ ရေခဲမြစ်ကိုကျော်ပြီးလို့ နှင်းတွေနဲ့ဖွေးဖွေးလှုပ်နေတဲ့ သစ်ပင်အုပ်လေးတွေကြားက လူသွားလမ်းလေးအတိုင်း ကုန်းမြင့်လေးပေါ်ကိုတက်သွားရင် နှင်းဖုံးနေတဲ့ခေါင်မိုးဖြူဖြူလေးတွေပေါ်မှာမီးခိုးခေါင်းတိုင်လေးတွေ အစီအရီနဲ့ နဲ့ ချစ်စရာသစ်လုံးအိမ်လေးတွေလေး ငါးလုံး၊ ခြောက်လုံးလောက် ဟိုနားတစ်လုံး၊ ဒီနားတစ်လုံးပြန့်ကြဲနေတာတွေ့ရတယ်။

ဆွီဒင်နိုင်ငံရဲ့ မြောက်ဖျားပိုင်း ကီရူးနား(Kiruna)မြို့လေးရဲ့အရှေ့စူးစူးမှာ ဒီစခန်းလေးရှိတယ်။ ကမ္ဘာကြီးရဲ့မြောက်ဘက်အစွန်း၊ မြောက်ဝင်ရိုးစွန်းနဲ့နီးတဲ့အပိုင်းမှာပေါ့။ ကျွန်တော်တို့တွေစခန်းလေးကို ရောက်ချိန်မှာ ညနေ ၃ နာရီဝန်းကျင်လောက်ပဲရှိသေးပေမယ့် မြန်မာပြည်က ညနေ(၆)နာရီကျော်လောက်လို မှောင်စပျိုးနေပြီ။

ကီရူးနားမြို့ကနေ ရေခဲမြစ်လေးရဲ့ဟိုဘက်ကမ်းထိ ကားမောင်းလို့တစ်သွယ်၊ နှင်းလျှောစီးဆိုင်ကယ်တွေနဲ့တစ်ဖုံရောက်အောင်လိုက်ပို့ခဲ့တဲ့ ကားဆရာကြီးက ကျွန်တော်တို့အဖွဲ့ကို ရေခဲမြစ်လေးရဲ့ဘေးမှာ သူ့သားဖြစ်သူ အိုင်ဗန်ရဲ့လက်ထဲကိုအပ်လိုက်ပြီး ဘူတာမှာလူထပ်သွားကြိုဖို့ပြန်သွားခဲ့တယ်။ ရေခဲမြစ်ကိုရော်ဘာအသက်ကယ်လှေလေးနဲ့ဖြတ်ပြီးတဲ့နောက် အိုင်ဗန်ကဦးဆောင်ပြီးကျွန်တော်တို့ကို သစ်သားအိမ်လေးတစ်လုံးထဲကိုခေါ်သွားတာပါ။ နီဝါရောင်မီးရောင်အောက်က အခန်းလေးကနွေးထွေးနေတယ်။ နံရံဘေးကမီးလင်းဖိုလေးမှာ မီးတောက်လေးတွေက တဖျစ်ဖျစ်မြည်လို့။ အခန်းထဲက စားပွဲရှည်ကြီးမှာထိုင်ပြီး ပတ်ပတ်လည်ကိုအကဲခတ်တော့နံရံပေါ်မှာ အမဲလိုက်သေနတ်တွေ၊ သမင်ဂျိုတွေ၊ ဝက်ဝံသားရေတွေ ချိတ်ထားတာတွေ့ရတယ်။

"ကဲ...မင်းတို့ကို သမင်သွေးနဲ့ဖျော်ထားတဲ့ အဖျော်ယမကာပူပူလေးတိုက်မယ်။ ဒါမှ နှင်းတောထဲကလာတဲ့ မင်းတို့ကိုယ်တွေနွေးသွားအောင်” လို့ပြောပြီး နီညိုရောင်အရည်နွေးနွေးလေးတွေထည့်ထားတဲ့ခွက်လေးတွေကမ်းပေးတာက အရပ်ရှည်ရှည်၊ အသားဖြူဖြူနဲ့ ဆွီဒင်လူမျိုး ကောင်မလေး။ နာမည်က "မာတာ" တဲ့။ အိုင်ဗန်မိတ်ဆက်ပေးလို့သိတာပါ။ အိုင်ဗန်ရဲ့ညီမတဲ့။

သမင်သွေးနဲ့ တစ်ကယ်ဖျော်မဖျော်တော့မသိပါဘူး။ ခပ်ဖိန်းဖိန်းလေးနဲ့သောက်လို့တော့ ကောင်းတယ်။ တစ်ခွက်လုံးကုန်သွားတော့ လူလဲ တော်တော်နွေးသွားတယ်လို့ ခံစားရတယ်။
ခဏလေးနားပြီးတော့ ပေါင်မုန့်ပြားလိုလို၊ နံပြားလိုလိုအချပ်လေးတွေကို ခြင်းသေးသေးလေးထဲမှာထည့်ပြီး ကျွေးပြန်တယ်။ အာလူးလေးတွေ၊ အသားလေးတွေနဲ့ အသီးအရွက်တစ်ချို့ပါတဲ့ ဟင်းရည်ပူပူမွှေးမွှေးလေးနဲ့တို့စားရတာပါ။ တော်တော်စားကောင်းပါတယ်။ အေးနေတဲ့အချိန်မှာ အနွေးဓါတ်လေးဝင်သွားတာပေါ့။

စားသောက်ပြီးတော့ အိုင်ဗန်ကကျွန်တော်တို့နေရမယ့်သစ်သားအိမ်လေးကို လိုက်ပြတယ်။ အိမ်အဝင်တံခါးက သစ်သားတံခါးအထူကြီး။ အထဲကနေအပြင်ကိုတွန်းဖွင့်ရတဲ့တံခါးအမျိုးအစား။ တစ်ချပ်ထဲပေမယ့် အင်မတန် လေးပါတယ်။ အိမ်နံရံကလဲ အောက်ခြေကား၊ အပေါ်ရှူးဒီဇိုင်းဆိုတော့ တံခါးကနံရံပေါ်မှာပါ မှီနေသေးတာ။လေတိုက်ရုံနဲ့ မပွင့်အောင်၊ နှင်းမဝင်နိုင်အောင် တမင်အလေးကြီးလုပ်ထားပုံရတယ်။

အိမ်လေးက အိပ်ခန်းနှစ်ခန်းနဲ့ ဧည့်ခန်းလေးပဲပါတယ်။ သစ်လုံးလေးတွေနဲ့ကာထားတဲ့အိပ်ခန်းလေးနှစ်ခန်းလုံးမှာ တံခါးမပါဘူး။ နံရံနှစ်ဖက်မှာ နှစ်ထပ်၊ သုံးထပ်သစ်သားစင်လေးတွေကို ကုတင်အဖြစ်နံရံနဲ့တွဲပြီးရိုက်ထားတယ်။ ဧည့်ခန်းမှာ ထင်းမီးနဲ့သုံးရတဲ့မီးလင်းဖိုလေးနဲ့ အဖွဲ့လိုက်ဝိုင်းထိုင်ရတဲ့ သစ်သားစားပွဲခုံလေး။ စားပွဲဘေးက နံရံနဲ့ကပ်လျက် ခုံတန်းရှည်လေးပေါ်မှာ ဝက်ဝံမွေးခင်းထားတယ်။ သန့်စင်ခန်းကခပ်လှမ်းလှမ်းသစ်သားတဲလေးတစ်လုံးမှာ။

အိုင်ဗန်က ကျွန်တော်တို့ကို ရေပုံးလေးတွေပေးပြီး အလာတုန်းကဖြတ်ခဲ့တဲ့စမ်းချောင်းလေးကို ခေါ်သွားတယ်။ အေးစက်နေတဲ့ရေခဲရေပုံးလေးတွေကို တစ်ယောက်တစ်ပုံးဆွဲပြီး ကုန်းမြင့်လေးကိုပြန်တက်ရပြန်တယ်။ အိုင်ဗန်ကရေတစ်ပုံးဆွဲထားတဲ့အပြင် ဓါတ်မီးလေးနဲ့ပါ လူသွားလမ်းဖွေးဖွေးလေးကိုထိုးထိုးပြတယ်။ ကိုယ်သုံးရမယ့်ရေကို ကိုယ်ခပ်ကြရတာပါ။

ကျွန်တော့ရေပုံးကို အိမ်ရှေ့မှာ ခဏချ၊ သူငယ်ချင်းတွေဝင်ဖို့ တံခါးကြီးကို ဖွင့်ပြီးကိုင်ထားပေးလိုက်တယ်။ ပြီးတော့အထဲကိုလိုက်ဝင်သွားတာ ကျွန်တော့ရေပုံးတော့ အပြင်မှာမေ့ခဲ့လေရဲ့။
နာရီဝက်လောက်ကြာမှသတိရလို့သွားယူတော့ ရေပုံးထဲကရေတွေက အပေါ်ယံမျက်နှာပြင်တောင်ရေခဲဖြစ်နေပြီ။ အနှုတ် နှစ် ဒီဂရီဆိုတာ တကယ်အေးတာပါ။ စမ်းချောင်းလေးကရေက သန့်ရှင်းလွန်းလို့ သောက်တော့လဲ ဒီရေကိုပဲ မကျိုမချက်ပဲ သောက်ကြရတာပါ။

ခဏအကြာမှာ အိုင်ဗန်လာခေါ်လို့ သစ်သားအိမ်လေးတစ်လုံးဘေးမှာ ပုံထားတဲ့သစ်တုံးလေးတွေကိုယူပြီး ပုဆိန်လေးတစ်လက်နဲ့ခွဲကြရပြန်တယ်။ အဲဒီအချိန်မှာ နောက်ထပ်လူငယ်တစ်ဖွဲ့လဲထပ်ရောက်နေတာတွေ့ရတယ်။ အသက်နှစ်ဆယ်၊အစိတ်ဝန်းကျင် အာရှတိုက်သား ကောင်လေး ကောင်မလေးတွေ။ ကိုယ့်တဲကမီးလင်းဖိုတွေမှာသုံးဖို့ ထင်းတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ခွဲပြီးကြတော့ အချိန်က  ညနေ ၆နာရီဝန်းကျင်ပဲရှိသေးတယ်။ တစ်လောကလုံးကတော့ မှောင်လို့။

ည ၇ နာရီမှာ နောက်ထပ်သစ်သားတဲသေးသေးလေးတစ်လုံးထဲမှာ ညစာစားကြရတယ်။ အလယ်ကောင်မှာ မီးဖိုလေးနဲ့ မီးဖိုလေးကိုဝိုင်းပြီး ကျွန်တော်တို့တစ်သိုက်နဲ့။ အိုင်ဗန်ရဲ့ညီမ မာတာ က ကျွန်တော်တို့ စားဖို့ ဝက်အူချောင်းကြီးတွေ၊ အသားပြားတွေ၊ ဟင်းသီးဟင်းရွက်တွေလှီးပေးထားခဲ့ပြီး သူ့အဖေနဲ့ကီရူးနားကိုပြန်လိုက်သွားပြီ။
မီးပုံလေးမှာဝိုင်းထိုင်ပြီး အစားအသောက်တွေကို သံချောင်းလေးတွေနဲ့ထိုးလို့ ကိုယ်တိုင်ကင်စားရတယ်။ ဇရပ်လို တစ်ခန်းပဲရှိတဲ့ ဒီသစ်သားတဲလေးတစ်ခုလုံးမှာ ကျွန်တော်တို့လူတွေနဲ့ပြည့်လို့။

Aurora Borealis လို့ခေါ်တဲ့ဝင်ရိုးစွန်းအလင်းတန်းလေးတွေကိုမြင်ရဖို့က ကောင်းကင်ကြီးက ကြည်လင်နေဖို့လိုပါတယ်။ နှင်းကျနေပြန်ရင်လည်း မမြင်ရ။ ‌နွေရာသီဆိုလည်း နေ့တာရှည်လို့ မမြင်ရ။ ဒီဇင်ဘာ၊ ဇန်နဝါရီလတွေလို ညတာအရမ်းရှည်တဲ့၊ တစ်နေ့ကို အလင်းရောင် ၄ နာရီလောက်ပဲရတဲ့အချိန်မျိုးမှာမှ မြင်ရဖို့အခွင့်အလမ်းတွေကောင်းတာပါ။ ကျွန်တော်တို့ရောက်ကတည်းကတော့ နှင်းတွေကျနေလို့ ကောင်းကင်ကမကြည်လင်ပါဘူး။
ဒီလိုနဲ့ ညစာစာပြီးတဲ့နောက် စခန်းထဲမှာပဲ ဟိုလျှောက်ဒီလျှောက်လုပ်ရင်း ဝင်ရိုးစွန်းအလင်းတန်းလေးတွေကိုမျှော်ရတယ်။
နောက်တော့ သစ်သားအိမ်လေးထဲဝင် စုပြီးဝိုင်းထိုင်ကြရင်း ရောက်တတ်ရာရာပြောကြပြန်ရော။
နာရီ‌ပေါင်းများစွာစောင့်တာတောင်ရာသီဥတုက မကြည်လင်တာနဲ့ အခန်းလေးနှစ်ခန်းမှာ ယောက်ျားလေးတစ်ခန်း၊ မိန်းကလေးတစ်ခန်းခွဲပြီးအိပ်လိုက်ကြတယ်။
ကျွန်တော်တို့အဖွဲ့နဲ့ နောက်ရောက်လာတဲ့အဖွဲ့ကသူတွေပါ‌‌ပေါင်းလို့ပေါ့။
သူတို့ထဲက တစ်ချို့က ဆွီဒင်မှာကျောင်းလာတက်ကြတဲ့ တရုတ်လူမျိုးတွေ။ တစ်ချို့ကတော့ Student Exchange အစီအစဥ်နဲ့ ဆွီဒင်မှာတစ်နှစ်လာနေတာ။

အိပ်ရာတွေထဲက ခေါင်းမိုးနဲ့ကပ်နေတဲ့အပေါ်ဆုံးအဆင့်အိပ်ရာလေးက ကျဥ်းပြီးတက်ရဆင်းရခက်လို့ ဘယ်သူမှသိပ်မလိုချင်တာနဲ့ ကျွန်တော်ယူလိုက်တယ်။ အပေါ်ဆုံးမှာတစ်ယောက်ထဲဆိုတော့ အေးအေးချမ်းချမ်းရှိမယ်လို့တွက်လိုက်တာလဲပါတယ်။
တကယ်တော့မအေးချမ်းပါဘူး။
ညလယ်လောက်ရောက်တော့ အိမ်ထဲမှာဖိုထားတဲ့ထင်းမီးလင်းဖိုရဲ့အပူရှိန်က တစ်အိမ်လုံးကိုနွေးစေပြီး နံရံတွေကိုတော့ ပူစေတယ်နဲ့တူတယ်။
ကျွန်တော်နေတဲ့ ထပ်ခိုးအိပ်ရာလေးက ပူလာလို့ အပေါ်အင်္ကျီတွေချွတ်ပစ်ရတယ်။ ဒါလဲ အိပ်မရလောက်အောင်ဆက်ပြီး ပူနေလို့ အိပ်ရာပေါ်ကဆင်းပြီး အိမ်အပြင်ဘက်နှင်းတွေထဲမှာ ထွက်ထိုင်နေလိုက်တယ်။
ကျွန်တော့လိုပဲ အပြင်မှာထွက်နေတဲ့ ဆမ် ကိုတွေ့တယ်။ ဆမ်က စင်ကာပူလူမျိုး။ တခြားအဖွဲ့နဲ့ပါလာတာ။
"နှင်းတွေကတော့ မရပ်သွားဘူးကွာ။ ဒီညတော့ Aurora ကိုမမြင်ရလောက်တော့ဘူး" လို့သူကဆိုတယ်။ တစ်နာရီလောက်ကြာအောင် စကားတွေပြောနေကြပြီး နည်းနည်းအေးလာမှပဲ အိပ်ရာထဲကိုပြန်ဝင်ဖြစ်တော့တယ်။
ရောက်ကတည်းက ညဖြစ်နေတာ နောက်နေ့မနက် ၁၀ နာရီလောက်ထိ၊ ပြီးတော့လဲ တစ်ညလုံးနီးပါးနိုးပြီး အိမ်ထဲဝင်လိုက်၊ နှင်းထဲထွက်လိုက်လုပ်နေတာဆိုတော့ ဘဝမှာ တစ်ခါမှမကြုံဖူးတဲ့ အရှည်ဆုံးညလို့ပြောရမှာပဲ။

နောက်နေ့မနက်ရောက်တော့ အိုင်ဗန်ကဘူတာကိုမပြန်ခင် မနက်ပိုင်း စခန်းမှာလုပ်လို့ရတဲ့ အစီအစဥ်တွေကိုပြောပြတယ်။
ရေခဲငါးမျှားလို့ရတယ်။ လေသေနတ်ပစ်လို့ရတယ်။ နှင်းလျှောစီးလို့ရတယ်။ သမင်ကြီးတွေလိုက်ကြည့်လို့ရတယ်။ သမင်ကြီးတွေလိုက်ကြည့်တာက တွေ့ဖို့တော့ သိပ်မသေချာဘူးတဲ့။ သဘာဝအတိုင်းရှိတဲ့နေရာတွေမှာလိုက်ကြည့်ရမှာ။
ငါးမျှားတာကလဲ ငုတ်တုတ်ထိုင်နေရမှာ။
ဒါကြောင့် လေသေနတ်ပစ်ဖို့နဲ့ နှင်းလျှောစီးဖို့ရွေးလိုက်ပြီး သူပေးတဲ့ သေနတ်၊ ကျည်ဆံတွေနဲ့နှင်းလျှောစီးကိရိယာတွေယူထားလိုက်တယ်။
ကျန်တဲ့သူတွေလဲ သူတို့လုပ်ချင်ရာ အသီးသီး‌ရွေးပြီး ခွဲထွက်သွားကြတယ်။

သေနတ်က နှင်းထဲမှာ သံဘူးလေးတွေ၊ စက်ကွင်းလေးတွေကိုပဲပစ်ရတာဆိုတော့ ပျင်းလာတယ်။
ဒါနဲ့ ကျွန်တော်နဲ့အတူလာတဲ့ စင်ကာပူတရုတ်ကလေး ဝေနင်းကိုခေါ်ပြီးစခန်းကုန်းမြင့်လေးပေါ်ကနေ ရေခဲမြစ်ရှိရာဘက်ကို နှင်းလျှောစီးစကိတ်ပြားကြီးတွေခြေထောက်တစ်ဖက်စီမှာတပ်၊ လက်မှာလဲနှင်းလျှောစီးတုတ်တွေကိုင်ပြီး လျှောချကြတယ်။ နှစ်ယောက်သား မှောက်လဲလိုက်၊ ပေါင်ကြီးတွေကားထွက်သွားလိုက်၊ ဘဲသွားသွားလိုက်နဲ့ ရေခဲမြစ်ဘေးကနှင်းတောထဲကိုရောက်သွားတယ်။
ဓါတ်ပုံရိုက်ဖို့ ဖုန်းတွေထုတ်ကြတာ တစ်ပုံထက်ပိုရိုက်လို့မရ။ ဖုန်းကဖွင့်ပြီးတာနဲ့ အေးလွန်းလို့ ပါဝါပြန်ပြန်ပိတ်သွားတာ။ သူ့ဖုန်းရော၊ ကျွန်တော့ဖုန်းရော သုံးမရ။
ဖုန်းကိုဗိုက်အောက်ထဲမှာဖွင့် အမြန်ထုတ်ဓါတ်ပုံရိုက်၊ ဖုန်းကပြန်ပိတ်သွားနဲ့ တော်တော်ကြိုးစားလိုက်ရတယ်။

ငါးမျှားတဲ့သူတွေကတော့ ရေခဲပေါ်မှာအပေါက်ဝိုင်းလေးဖြစ်အောင်လွှလေးနဲ့တိုက်၊ အဲဒီကနေ ငါးမျှားတံလေးချပြီး မျှားကြတယ်။ တစ်ယောက်မှတော့ ငါးမိတာမတွေ့မိပါဘူး။

ဒီလိုနဲ့နေ့လည်စာ စားသောက်ပြီးတော့ ကျွန်တော်တို့ကို အိုင်ဗန့်အဖေကစခန်းမှာ ပြန်လာခေါ်တယ်။ ဒီတစ်ခါတော့ ရေခဲမြစ်ကနေကားလမ်းမရောက်တဲ့ထိ နှင်းလျှောစီးဆိုင်ကယ်မောင်းတဲ့သူ ဝေနင်းဖြစ်သွားလို့ ဘုရား တ ပြီးလိုက်ရတဲ့သူတွေက ကျွန်တော်တို့ဖြစ်သွားတယ်။
အလာတုန်းကတော့ နှင်းလျှောစီးဆိုင်ကယ်ကို ကျွန်တော်ခပ်ကြမ်းကြမ်းလေးများ ကွေ့လိုက်ရင် ကျွန်တော့ဆိုင်ကယ်နောက်မှာတွဲထားတဲ့ ဆွပ်ဖားပေါ်က သူတို့တွေကြောက်လန့်တကြား အော်ကြ၊ဟစ်ကြတာကြည့်ပြီး သဘောတွေကျလို့။
ခုတော့ ကျွန်တော်လန့်ရတဲ့အလှည့်ပေါ့။
ကားဆရာကြီးက ကျွန်တော်တို့ကို ရထားချိန်အမှီကီရူးနားဘူတာကိုပြန်လိုက်ပို့ပေးခဲ့တယ်။
ကျွန်တော်တို့က မြောက်ဘက်ပိုကျတဲ့ ဆွီဒင်က အာဘစ်စကို (Abisko) မြို့လေး၊ အဲဒီကမှတဆင့်နော်ဝေကိုသွားပြီး ထရွန်ဆို (Tromso) မြို့လေးမှာ Aurora ကိုမတွေ့မချင်း Aurora Hunt ဆက်လုပ်ဖို့ ခရီးဆက်ရဦးမှာ မဟုတ်လား။
ဝင်ရိုးစွန်းအလင်းတန်း Aurora ကိုမတွေ့ခဲ့ရပေမယ့် ဒီစခန်းလေးမှာ နေခဲ့တဲ့ အင်မတန်ရှည်ကြာတဲ့ညလေးကတော့ ကျွန်တော့ဘဝမှာညတာအရှည်ဆုံးညတစ်ည အနေနဲ့ အမှတ်ရစရာပါပဲ။

မောင်ဇိ ( ‌၁၅၊၀၇၊၂၀၂၀)
_______________
(Zawgyi)
ႏွင္းေတာထဲက အရွည္ၾကာဆုံးညတစ္ည
*****************************

ႏွင္းလြင္ျပင္ကိုျဖတ္၊ ေရခဲျမစ္ကိုေက်ာ္ၿပီးလို႔ ႏွင္းေတြနဲ႔ေဖြးေဖြးလႈပ္ေနတဲ့ သစ္ပင္အုပ္ေလးေတြၾကားက လူသြားလမ္းေလးအတိုင္း ကုန္းျမင့္ေလးေပၚကိုတက္သြားရင္ ႏွင္းဖုံးေနတဲ့ေခါင္မိုးျဖဴျဖဴေလးေတြေပၚမွာမီးခိုးေခါင္းတိုင္ေလးေတြ အစီအရီနဲ႔ နဲ႔ ခ်စ္စရာသစ္လုံးအိမ္ေလးေတြေလး ငါးလုံး၊ ေျခာက္လုံးေလာက္ ဟိုနားတစ္လုံး၊ ဒီနားတစ္လုံးျပန္႔ႀကဲေနတာေတြ႕ရတယ္။

ဆြီဒင္ႏိုင္ငံရဲ႕ ေျမာက္ဖ်ားပိုင္း ကီ႐ူးနား(Kiruna)ၿမိဳ႕ေလးရဲ႕အေရွ႕စူးစူးမွာ ဒီစခန္းေလးရွိတယ္။ ကမာၻႀကီးရဲ႕ေျမာက္ဘက္အစြန္း၊ ေျမာက္ဝင္႐ိုးစြန္းနဲ႔နီးတဲ့အပိုင္းမွာေပါ့။ ကြၽန္ေတာ္တို႔ေတြစခန္းေလးကို ေရာက္ခ်ိန္မွာ ညေန ၃ နာရီဝန္းက်င္ေလာက္ပဲရွိေသးေပမယ့္ ျမန္မာျပည္က ညေန(၆)နာရီေက်ာ္ေလာက္လို ေမွာင္စပ်ိဳးေနၿပီ။

ကီ႐ူးနားၿမိဳ႕ကေန ေရခဲျမစ္ေလးရဲ႕ဟိုဘက္ကမ္းထိ ကားေမာင္းလို႔တစ္သြယ္၊ ႏွင္းေလွ်ာစီးဆိုင္ကယ္ေတြနဲ႔တစ္ဖုံေရာက္ေအာင္လိုက္ပို႔ခဲ့တဲ့ ကားဆရာႀကီးက ကြၽန္ေတာ္တို႔အဖြဲ႕ကို ေရခဲျမစ္ေလးရဲ႕ေဘးမွာ သူ႔သားျဖစ္သူ အိုင္ဗန္ရဲ႕လက္ထဲကိုအပ္လိုက္ၿပီး ဘူတာမွာလူထပ္သြားႀကိဳဖို႔ျပန္သြားခဲ့တယ္။ ေရခဲျမစ္ကိုေရာ္ဘာအသက္ကယ္ေလွေလးနဲ႔ျဖတ္ၿပီးတဲ့ေနာက္ အိုင္ဗန္ကဦးေဆာင္ၿပီးကြၽန္ေတာ္တို႔ကို သစ္သားအိမ္ေလးတစ္လုံးထဲကိုေခၚသြားတာပါ။ နီဝါေရာင္မီးေရာင္ေအာက္က အခန္းေလးကေႏြးေထြးေနတယ္။ နံရံေဘးကမီးလင္းဖိုေလးမွာ မီးေတာက္ေလးေတြက တဖ်စ္ဖ်စ္ျမည္လို႔။ အခန္းထဲက စားပြဲရွည္ႀကီးမွာထိုင္ၿပီး ပတ္ပတ္လည္ကိုအကဲခတ္ေတာ့နံရံေပၚမွာ အမဲလိုက္ေသနတ္ေတြ၊ သမင္ဂ်ိဳေတြ၊ ဝက္ဝံသားေရေတြ ခ်ိတ္ထားတာေတြ႕ရတယ္။

"ကဲ...မင္းတို႔ကို သမင္ေသြးနဲ႔ေဖ်ာ္ထားတဲ့ အေဖ်ာ္ယမကာပူပူေလးတိုက္မယ္။ ဒါမွ ႏွင္းေတာထဲကလာတဲ့ မင္းတို႔ကိုယ္ေတြေႏြးသြားေအာင္” လို႔ေျပာၿပီး နီညိဳေရာင္အရည္ေႏြးေႏြးေလးေတြထည့္ထားတဲ့ခြက္ေလးေတြကမ္းေပးတာက အရပ္ရွည္ရွည္၊ အသားျဖဴျဖဴနဲ႔ ဆြီဒင္လူမ်ိဳး ေကာင္မေလး။ နာမည္က "မာတာ" တဲ့။ အိုင္ဗန္မိတ္ဆက္ေပးလို႔သိတာပါ။ အိုင္ဗန္ရဲ႕ညီမတဲ့။

သမင္ေသြးနဲ႔ တစ္ကယ္ေဖ်ာ္မေဖ်ာ္ေတာ့မသိပါဘူး။ ခပ္ဖိန္းဖိန္းေလးနဲ႔ေသာက္လို႔ေတာ့ ေကာင္းတယ္။ တစ္ခြက္လုံးကုန္သြားေတာ့ လူလဲ ေတာ္ေတာ္ေႏြးသြားတယ္လို႔ ခံစားရတယ္။
ခဏေလးနားၿပီးေတာ့ ေပါင္မုန္႔ျပားလိုလို၊ နံျပားလိုလိုအခ်ပ္ေလးေတြကို ျခင္းေသးေသးေလးထဲမွာထည့္ၿပီး ေကြၽးျပန္တယ္။ အာလူးေလးေတြ၊ အသားေလးေတြနဲ႔ အသီးအ႐ြက္တစ္ခ်ိဳ႕ပါတဲ့ ဟင္းရည္ပူပူေမႊးေမႊးေလးနဲ႔တို႔စားရတာပါ။ ေတာ္ေတာ္စားေကာင္းပါတယ္။ ေအးေနတဲ့အခ်ိန္မွာ အေႏြးဓါတ္ေလးဝင္သြားတာေပါ့။

စားေသာက္ၿပီးေတာ့ အိုင္ဗန္ကကြၽန္ေတာ္တို႔ေနရမယ့္သစ္သားအိမ္ေလးကို လိုက္ျပတယ္။ အိမ္အဝင္တံခါးက သစ္သားတံခါးအထူႀကီး။ အထဲကေနအျပင္ကိုတြန္းဖြင့္ရတဲ့တံခါးအမ်ိဳးအစား။ တစ္ခ်ပ္ထဲေပမယ့္ အင္မတန္ ေလးပါတယ္။ အိမ္နံရံကလဲ ေအာက္ေျခကား၊ အေပၚရႉးဒီဇိုင္းဆိုေတာ့ တံခါးကနံရံေပၚမွာပါ မွီေနေသးတာ။ေလတိုက္႐ုံနဲ႔ မပြင့္ေအာင္၊ ႏွင္းမဝင္ႏိုင္ေအာင္ တမင္အေလးႀကီးလုပ္ထားပုံရတယ္။

အိမ္ေလးက အိပ္ခန္းႏွစ္ခန္းနဲ႔ ဧည့္ခန္းေလးပဲပါတယ္။ သစ္လုံးေလးေတြနဲ႔ကာထားတဲ့အိပ္ခန္းေလးႏွစ္ခန္းလုံးမွာ တံခါးမပါဘူး။ နံရံႏွစ္ဖက္မွာ ႏွစ္ထပ္၊ သုံးထပ္သစ္သားစင္ေလးေတြကို ကုတင္အျဖစ္နံရံနဲ႔တြဲၿပီး႐ိုက္ထားတယ္။ ဧည့္ခန္းမွာ ထင္းမီးနဲ႔သုံးရတဲ့မီးလင္းဖိုေလးနဲ႔ အဖြဲ႕လိုက္ဝိုင္းထိုင္ရတဲ့ သစ္သားစားပြဲခုံေလး။ စားပြဲေဘးက နံရံနဲ႔ကပ္လ်က္ ခုံတန္းရွည္ေလးေပၚမွာ ဝက္ဝံေမြးခင္းထားတယ္။ သန္႔စင္ခန္းကခပ္လွမ္းလွမ္းသစ္သားတဲေလးတစ္လုံးမွာ။

အိုင္ဗန္က ကြၽန္ေတာ္တို႔ကို ေရပုံးေလးေတြေပးၿပီး အလာတုန္းကျဖတ္ခဲ့တဲ့စမ္းေခ်ာင္းေလးကို ေခၚသြားတယ္။ ေအးစက္ေနတဲ့ေရခဲေရပုံးေလးေတြကို တစ္ေယာက္တစ္ပုံးဆြဲၿပီး ကုန္းျမင့္ေလးကိုျပန္တက္ရျပန္တယ္။ အိုင္ဗန္ကေရတစ္ပုံးဆြဲထားတဲ့အျပင္ ဓါတ္မီးေလးနဲ႔ပါ လူသြားလမ္းေဖြးေဖြးေလးကိုထိုးထိုးျပတယ္။ ကိုယ္သုံးရမယ့္ေရကို ကိုယ္ခပ္ၾကရတာပါ။

ကြၽန္ေတာ့ေရပုံးကို အိမ္ေရွ႕မွာ ခဏခ်၊ သူငယ္ခ်င္းေတြဝင္ဖို႔ တံခါးႀကီးကို ဖြင့္ၿပီးကိုင္ထားေပးလိုက္တယ္။ ၿပီးေတာ့အထဲကိုလိုက္ဝင္သြားတာ ကြၽန္ေတာ့ေရပုံးေတာ့ အျပင္မွာေမ့ခဲ့ေလရဲ႕။
နာရီဝက္ေလာက္ၾကာမွသတိရလို႔သြားယူေတာ့ ေရပုံးထဲကေရေတြက အေပၚယံမ်က္ႏွာျပင္ေတာင္ေရခဲျဖစ္ေနၿပီ။ အႏႈတ္ ႏွစ္ ဒီဂရီဆိုတာ တကယ္ေအးတာပါ။ စမ္းေခ်ာင္းေလးကေရက သန႔္ရွင္းလြန္းလို႔ ေသာက္ေတာ့လဲ ဒီေရကိုပဲ မက်ိဳမခ်က္ပဲ ေသာက္ၾကရတာပါ။

ခဏအၾကာမွာ အိုင္ဗန္လာေခၚလို႔ သစ္သားအိမ္ေလးတစ္လုံးေဘးမွာ ပုံထားတဲ့သစ္တုံးေလးေတြကိုယူၿပီး ပုဆိန္ေလးတစ္လက္နဲ႔ခြဲၾကရျပန္တယ္။ အဲဒီအခ်ိန္မွာ ေနာက္ထပ္လူငယ္တစ္ဖြဲ႕လဲထပ္ေရာက္ေနတာေတြ႕ရတယ္။ အသက္ႏွစ္ဆယ္၊အစိတ္ဝန္းက်င္ အာရွတိုက္သား ေကာင္ေလး ေကာင္မေလးေတြ။ ကိုယ့္တဲကမီးလင္းဖိုေတြမွာသုံးဖို႔ ထင္းေတြကိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ခြဲၿပီးၾကေတာ့ အခ်ိန္က  ညေန ၆နာရီဝန္းက်င္ပဲရွိေသးတယ္။ တစ္ေလာကလုံးကေတာ့ ေမွာင္လို႔။

ည ၇ နာရီမွာ ေနာက္ထပ္သစ္သားတဲေသးေသးေလးတစ္လုံးထဲမွာ ညစာစားၾကရတယ္။ အလယ္ေကာင္မွာ မီးဖိုေလးနဲ႔ မီးဖိုေလးကိုဝိုင္းၿပီး ကြၽန္ေတာ္တို႔တစ္သိုက္နဲ႔။ အိုင္ဗန္ရဲ႕ညီမ မာတာ က ကြၽန္ေတာ္တို႔ စားဖို႔ ဝက္အူေခ်ာင္းႀကီးေတြ၊ အသားျပားေတြ၊ ဟင္းသီးဟင္း႐ြက္ေတြလွီးေပးထားခဲ့ၿပီး သူ႔အေဖနဲ႔ကီ႐ူးနားကိုျပန္လိုက္သြားၿပီ။
မီးပုံေလးမွာဝိုင္းထိုင္ၿပီး အစားအေသာက္ေတြကို သံေခ်ာင္းေလးေတြနဲ႔ထိုးလို႔ ကိုယ္တိုင္ကင္စားရတယ္။ ဇရပ္လို တစ္ခန္းပဲရွိတဲ့ ဒီသစ္သားတဲေလးတစ္ခုလုံးမွာ ကြၽန္ေတာ္တို႔လူေတြနဲ႔ျပည့္လို႔။

Aurora Borealis လို႔ေခၚတဲ့ဝင္႐ိုးစြန္းအလင္းတန္းေလးေတြကိုျမင္ရဖို႔က ေကာင္းကင္ႀကီးက ၾကည္လင္ေနဖို႔လိုပါတယ္။ ႏွင္းက်ေနျပန္ရင္လည္း မျမင္ရ။ ‌ေႏြရာသီဆိုလည္း ေန႔တာရွည္လို႔ မျမင္ရ။ ဒီဇင္ဘာ၊ ဇန္နဝါရီလေတြလို ညတာအရမ္းရွည္တဲ့၊ တစ္ေန႔ကို အလင္းေရာင္ ၄ နာရီေလာက္ပဲရတဲ့အခ်ိန္မ်ိဳးမွာမွ ျမင္ရဖို႔အခြင့္အလမ္းေတြေကာင္းတာပါ။ ကြၽန္ေတာ္တို႔ေရာက္ကတည္းကေတာ့ ႏွင္းေတြက်ေနလို႔ ေကာင္းကင္ကမၾကည္လင္ပါဘူး။
ဒီလိုနဲ႔ ညစာစာၿပီးတဲ့ေနာက္ စခန္းထဲမွာပဲ ဟိုေလွ်ာက္ဒီေလွ်ာက္လုပ္ရင္း ဝင္႐ိုးစြန္းအလင္းတန္းေလးေတြကိုေမွ်ာ္ရတယ္။
ေနာက္ေတာ့ သစ္သားအိမ္ေလးထဲဝင္ စုၿပီးဝိုင္းထိုင္ၾကရင္း ေရာက္တတ္ရာရာေျပာၾကျပန္ေရာ။
နာရီ‌ေပါင္းမ်ားစြာေစာင့္တာေတာင္ရာသီဥတုက မၾကည္လင္တာနဲ႔ အခန္းေလးႏွစ္ခန္းမွာ ေယာက္်ားေလးတစ္ခန္း၊ မိန္းကေလးတစ္ခန္းခြဲၿပီးအိပ္လိုက္ၾကတယ္။
ကြၽန္ေတာ္တို႔အဖြဲ႕နဲ႔ ေနာက္ေရာက္လာတဲ့အဖြဲ႕ကသူေတြပါ‌‌ေပါင္းလို႔ေပါ့။
သူတို႔ထဲက တစ္ခ်ိဳ႕က ဆြီဒင္မွာေက်ာင္းလာတက္ၾကတဲ့ တ႐ုတ္လူမ်ိဳးေတြ။ တစ္ခ်ိဳ႕ကေတာ့ Student Exchange အစီအစဥ္နဲ႔ ဆြီဒင္မွာတစ္ႏွစ္လာေနတာ။

အိပ္ရာေတြထဲက ေခါင္းမိုးနဲ႔ကပ္ေနတဲ့အေပၚဆုံးအဆင့္အိပ္ရာေလးက က်ဥ္းၿပီးတက္ရဆင္းရခက္လို႔ ဘယ္သူမွသိပ္မလိုခ်င္တာနဲ႔ ကြၽန္ေတာ္ယူလိုက္တယ္။ အေပၚဆုံးမွာတစ္ေယာက္ထဲဆိုေတာ့ ေအးေအးခ်မ္းခ်မ္းရွိမယ္လို႔တြက္လိုက္တာလဲပါတယ္။
တကယ္ေတာ့မေအးခ်မ္းပါဘူး။
ညလယ္ေလာက္ေရာက္ေတာ့ အိမ္ထဲမွာဖိုထားတဲ့ထင္းမီးလင္းဖိုရဲ႕အပူရွိန္က တစ္အိမ္လုံးကိုေႏြးေစၿပီး နံရံေတြကိုေတာ့ ပူေစတယ္နဲ႔တူတယ္။
ကြၽန္ေတာ္ေနတဲ့ ထပ္ခိုးအိပ္ရာေလးက ပူလာလို႔ အေပၚအက်ႌေတြခြၽတ္ပစ္ရတယ္။ ဒါလဲ အိပ္မရေလာက္ေအာင္ဆက္ၿပီး ပူေနလို႔ အိပ္ရာေပၚကဆင္းၿပီး အိမ္အျပင္ဘက္ႏွင္းေတြထဲမွာ ထြက္ထိုင္ေနလိုက္တယ္။
ကြၽန္ေတာ့လိုပဲ အျပင္မွာထြက္ေနတဲ့ ဆမ္ ကိုေတြ႕တယ္။ ဆမ္က စင္ကာပူလူမ်ိဳး။ တျခားအဖြဲ႕နဲ႔ပါလာတာ။
"ႏွင္းေတြကေတာ့ မရပ္သြားဘူးကြာ။ ဒီညေတာ့ Aurora ကိုမျမင္ရေလာက္ေတာ့ဘူး" လို႔သူကဆိုတယ္။ တစ္နာရီေလာက္ၾကာေအာင္ စကားေတြေျပာေနၾကၿပီး နည္းနည္းေအးလာမွပဲ အိပ္ရာထဲကိုျပန္ဝင္ျဖစ္ေတာ့တယ္။
ေရာက္ကတည္းက ညျဖစ္ေနတာ ေနာက္ေန႔မနက္ ၁၀ နာရီေလာက္ထိ၊ ၿပီးေတာ့လဲ တစ္ညလုံးနီးပါးႏိုးၿပီး အိမ္ထဲဝင္လိုက္၊ ႏွင္းထဲထြက္လိုက္လုပ္ေနတာဆိုေတာ့ ဘဝမွာ တစ္ခါမွမႀကဳံဖူးတဲ့ အရွည္ဆုံးညလို႔ေျပာရမွာပဲ။

ေနာက္ေန႔မနက္ေရာက္ေတာ့ အိုင္ဗန္ကဘူတာကိုမျပန္ခင္ မနက္ပိုင္း စခန္းမွာလုပ္လို႔ရတဲ့ အစီအစဥ္ေတြကိုေျပာျပတယ္။
ေရခဲငါးမွ်ားလို႔ရတယ္။ ေလေသနတ္ပစ္လို႔ရတယ္။ ႏွင္းေလွ်ာစီးလို႔ရတယ္။ သမင္ႀကီးေတြလိုက္ၾကည့္လို႔ရတယ္။ သမင္ႀကီးေတြလိုက္ၾကည့္တာက ေတြ႕ဖို႔ေတာ့ သိပ္မေသခ်ာဘူးတဲ့။ သဘာဝအတိုင္းရွိတဲ့ေနရာေတြမွာလိုက္ၾကည့္ရမွာ။
ငါးမွ်ားတာကလဲ ငုတ္တုတ္ထိုင္ေနရမွာ။
ဒါေၾကာင့္ ေလေသနတ္ပစ္ဖို႔နဲ႔ ႏွင္းေလွ်ာစီးဖို႔ေ႐ြးလိုက္ၿပီး သူေပးတဲ့ ေသနတ္၊ က်ည္ဆံေတြနဲ႔ႏွင္းေလွ်ာစီးကိရိယာေတြယူထားလိုက္တယ္။
က်န္တဲ့သူေတြလဲ သူတို႔လုပ္ခ်င္ရာ အသီးသီး‌ေ႐ြးၿပီး ခြဲထြက္သြားၾကတယ္။

ေသနတ္က ႏွင္းထဲမွာ သံဘူးေလးေတြ၊ စက္ကြင္းေလးေတြကိုပဲပစ္ရတာဆိုေတာ့ ပ်င္းလာတယ္။
ဒါနဲ႔ ကြၽန္ေတာ္နဲ႔အတူလာတဲ့ စင္ကာပူတ႐ုတ္ကေလး ေဝနင္းကိုေခၚၿပီးစခန္းကုန္းျမင့္ေလးေပၚကေန ေရခဲျမစ္ရွိရာဘက္ကို ႏွင္းေလွ်ာစီးစကိတ္ျပားႀကီးေတြေျခေထာက္တစ္ဖက္စီမွာတပ္၊ လက္မွာလဲႏွင္းေလွ်ာစီးတုတ္ေတြကိုင္ၿပီး ေလွ်ာခ်ၾကတယ္။ ႏွစ္ေယာက္သား ေမွာက္လဲလိုက္၊ ေပါင္ႀကီးေတြကားထြက္သြားလိုက္၊ ဘဲသြားသြားလိုက္နဲ႔ ေရခဲျမစ္ေဘးကႏွင္းေတာထဲကိုေရာက္သြားတယ္။
ဓါတ္ပုံ႐ိုက္ဖို႔ ဖုန္းေတြထုတ္ၾကတာ တစ္ပုံထက္ပို႐ိုက္လို႔မရ။ ဖုန္းကဖြင့္ၿပီးတာနဲ႔ ေအးလြန္းလို႔ ပါဝါျပန္ျပန္ပိတ္သြားတာ။ သူ႔ဖုန္းေရာ၊ ကြၽန္ေတာ့ဖုန္းေရာ သုံးမရ။
ဖုန္းကိုဗိုက္ေအာက္ထဲမွာဖြင့္ အျမန္ထုတ္ဓါတ္ပုံ႐ိုက္၊ ဖုန္းကျပန္ပိတ္သြားနဲ႔ ေတာ္ေတာ္ႀကိဳးစားလိုက္ရတယ္။

ငါးမွ်ားတဲ့သူေတြကေတာ့ ေရခဲေပၚမွာအေပါက္ဝိုင္းေလးျဖစ္ေအာင္လႊေလးနဲ႔တိုက္၊ အဲဒီကေန ငါးမွ်ားတံေလးခ်ၿပီး မွ်ားၾကတယ္။ တစ္ေယာက္မွေတာ့ ငါးမိတာမေတြ႕မိပါဘူး။

ဒီလိုနဲ႔ေန႔လည္စာ စားေသာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ကို အိုင္ဗန႔္အေဖကစခန္းမွာ ျပန္လာေခၚတယ္။ ဒီတစ္ခါေတာ့ ေရခဲျမစ္ကေနကားလမ္းမေရာက္တဲ့ထိ ႏွင္းေလွ်ာစီးဆိုင္ကယ္ေမာင္းတဲ့သူ ေဝနင္းျဖစ္သြားလို႔ ဘုရား တ ၿပီးလိုက္ရတဲ့သူေတြက ကြၽန္ေတာ္တို႔ျဖစ္သြားတယ္။
အလာတုန္းကေတာ့ ႏွင္းေလွ်ာစီးဆိုင္ကယ္ကို ကြၽန္ေတာ္ခပ္ၾကမ္းၾကမ္းေလးမ်ား ေကြ႕လိုက္ရင္ ကြၽန္ေတာ့ဆိုင္ကယ္ေနာက္မွာတြဲထားတဲ့ ဆြပ္ဖားေပၚက သူတို႔ေတြေၾကာက္လန႔္တၾကား ေအာ္ၾက၊ဟစ္ၾကတာၾကည့္ၿပီး သေဘာေတြက်လို႔။
ခုေတာ့ ကြၽန္ေတာ္လန႔္ရတဲ့အလွည့္ေပါ့။
ကားဆရာႀကီးက ကြၽန္ေတာ္တို႔ကို ရထားခ်ိန္အမွီကီ႐ူးနားဘူတာကိုျပန္လိုက္ပို႔ေပးခဲ့တယ္။
ကြၽန္ေတာ္တို႔က ေျမာက္ဘက္ပိုက်တဲ့ ဆြီဒင္က အာဘစ္စကို (Abisko) ၿမိဳ႕ေလး၊ အဲဒီကမွတဆင့္ေနာ္ေဝကိုသြားၿပီး ထ႐ြန္ဆို (Tromso) ၿမိဳ႕ေလးမွာ Aurora ကိုမေတြ႕မခ်င္း Aurora Hunt ဆက္လုပ္ဖို႔ ခရီးဆက္ရဦးမွာ မဟုတ္လား။
ဝင္႐ိုးစြန္းအလင္းတန္း Aurora ကိုမေတြ႕ခဲ့ရေပမယ့္ ဒီစခန္းေလးမွာ ေနခဲ့တဲ့ အင္မတန္ရွည္ၾကာတဲ့ညေလးကေတာ့ ကြၽန္ေတာ့ဘဝမွာညတာအရွည္ဆုံးညတစ္ည အေနနဲ႔ အမွတ္ရစရာပါပဲ။

ေမာင္ဇိ ( ‌၁၅၊၀၇၊၂၀၂၀)

Tuesday, July 7, 2020

မောင်ဇိ၏ ဂရိဒဏ္ဍာရီ (၁၄) { ဟာမီးစ် - ၅}

မောင်ဇိ၏ ဂရိဒဏ္ဍာရီ (၁၄) { ဟာမီးစ် - ၅}
*******************************

ကျောက်သံ ပတ္တမြားတွေနဲ့ ပြိုးပြိုးပြက်နေတဲ့ခန်းမကြီးရဲ့ အဆုံးမှာ မဟူရာအဆင်းရှိတဲ့ ကျောက်သားကုလားထိုင်ကြီးရှိတယ်။ ကျောက်မျက်တွေစီခြယ်ထားတဲ့ ခန့်ညားတဲ့ ပလ္လင်နက်ကြီးပေါ်မှာ ခက်ရင်းနှစ်ခွပါတဲ့မှိန်းရှည်ကြီးကို လက်မှာကိုင်ပြီးထိုင်နေတာက မြေအောက်ကမ္ဘာရဲ့ အရှင်သခင်ဖြစ်တဲ့ ဟေးဒီးစ်(Hades)။ သူ့ဘေးမှာတော့ မြေပေါ်ကမ္ဘာကနေ သူခိုးယူပြန်ပေးဆွဲလာတဲ့ ချောမောလှပတဲ့ နတ်မိမယ်လေး ပါဆီဖိုနီ (Persephone)။

ပလ္လင်ရှေ့မှာရပ်နေတဲ့ ငယ်ရွယ်တဲ့နတ်ဘုရား ဟာမီးစ်ကိုကြည့်ပြီး ဟေးဒီးစ်ကမေးလိုက်တယ်။

" သေသူတို့မွေ့ပျော်ရာ ငါ၏နယ်မြေနှင့် သက်ရှိတို့၏လူသားနယ်မြေကိုပေါင်းကူးပေးသော လျင်မြန်ဖြတ်လတ်သည့် တမန်တော်ဟာမီးစ်...
တူတော်သည် မည်သည့်အရာကို အလိုရှိ၍ ငါ၏နန်းတော်သို့ အလည်အပတ်ရောက်ရှိလာပါသနည်း”

ဟာမီးစ်က ပါဆီဖိုနီရှိရာကို ညွှန်ပြပြီး
“ ကောင်းကင်ကိုပိုင်စိုးသည့် ဇူးစ်နတ်ဘုရားနှင့် ကောက်ပဲသီးနှံတို့ရှင်သန်ကြွယ်ဝမှုကိုအစိုးရသည့်နတ်ဘုရားမ ဒမီတာတို့၏ တစ်ဦးတည်းသော သမီးဖြစ်သူ ပါဆီဖိုနီကို မြေကမ္ဘာပေါ်သို့ ပြန်လည်ဆောင်ကျဉ်းရန်ဖြစ်သည်”

" ငါသည် ငါ၏ညီဖြစ်သူ ဇူးစ်၏သဘောတူညီချက်ဖြင့် ငါ၏မိဖုရားထိပ်ခေါင်တင်အဖြစ် ဘိသိက်သွန်းပေးရန်အတွက် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့် ပါဆီဖိုနီကို မြေအောက်ကမ္ဘာသို့ ခေါ်ယူခဲ့ခြင်းဖြစ်သည်”

"မိခင်ဖြစ်သူ ဒမီတာမှ သဘောမတူပါ”
"ငါသည် မြေကြီးအောက်ရှိ သယံဇာတအားလုံး၏ ပိုင်ရှင်ဖြစ်သည်။ ငါ၏မိဖုရားတစ်ပါးအဖြစ် လှပအဖိုးတန်သော ရတနာအသွယ်သွယ်ကို လက်ဆောင်နှင်းအပ်ခြင်းခံရမည်ဆိုပါက သဘောမတူစရာရှိပါမည်လော”

" အဖိုးထိုက်တန်၍ လှပဆန်းကြယ်သော ရတနာတို့သည် ပျော်ရွှင်မှု၏ အာမခံချက်မဟုတ်ပေ”

" ပါဆီဖိုနီ၏ စိတ်ပျော်ရွှင်မှုအတွက် ဤလောကတွင် အလှပဆုံးသော ပန်းဥယျာဉ်တစ်ခုကို ငါစိုက်ပျိုးပေးခဲ့သည်။ ငါ၏နန်းတော်သို့အဝင်တွင် သင်မမြင်ခဲ့သလော"
"နူးညံ့သိမ်မွေ့၍ အရောင်အသွေးစုံလင်စွာ လှပလန်းဆန်းသော သင်းကြိုင်သည့် ပန်းမျိုးစုံတို့သည် စိတ်ကိုရွှင်လန်းစေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဆုံးစမဲ့အေးချမ်းသည့် မိခင်မေတ္တာကသာ ပါဆီဖိုနီ၏ရင်တွင်းမှ ပျော်ရွှင်ခြင်းပန်းခင်းကို အမှန်တကယ် ရွှင်လန်းသန်စွမ်းစေပါမည်”

"တူတော်ဟာမီးစ်...သင်၏ နတ်ဘုရားတမန်တော်ဆိုသောဂုဏ်ပုဒ်နှင့် လျော်ညီစွာပင် စကားအရာတွင် လိမ္မာကာလှည့်ပတ်ပြောဆိုတတ်လှသည်။ ငါ၏ညီတော် ဇူးစ်သည် ခွင့်ပြုပြီးသော ကိစ္စဖြစ်လင့်ကစား အဘယ်အကြောင်းကြောင့် သင့်ကိုစေလွှတ်၍ ပါဆီဖိုနီကို ဆောင်ယူစေသနည်းဆိုသည်ကိုလဲ သိလိုလှသည်"

"ခွင့်ပြုခဲ့သည်မှာ မှန်ပေသည် ဘကြီးတော်ဟေးဒီးစ်၊၊
ဇူးစ်နတ်မင်းမှ မိခင်ဖြစ်သူကို အသိမပေးပဲ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ပါဆီဖိုနီ၏ မိခင်ဖြစ်သူ ဒမီတာမှ သမီးဇောဖြင့် ပြုမြဲဆောင်တာနတ်ဘုရားတာဝန်တို့ကို မပြုတော့သောကြောင့် မြေပြင်ပေါ်ရှိသက်ရှိတို့၏ပျက်စီးခြင်းသည် နီးကပ်လာနေပြီဖြစ်သည်။ ကြွယ်ဝသည့်မြေလွှာမှ ထွက်ရှိမြဲစားနပ်ရိက္ခာများသည် ခန်းခြောက်လာပြီဖြစ်သည်။ နှလုံးကြေကွဲနေသည့် ဒမီတာ၏သောကကြောင့် မြေအပြင်တစ်ခုလုံးအေးခဲကာ သတ္တဝါအများပင် သေပွဲဝင်နေရပြီဖြစ်သည်။
မကြာမီပင် အလုံးအရင်းနှင့်ဝင်လာမည့် ဝိညာဏ်တို့ကြောင့် အရှင်ဟေးဒီးစ်၏တရားသူကြီးသုံးဦးတို့သည် အားလပ်ချိန်မရှိသည့်တိုင်အောင်ပင် သေဆုံးပြီးသူတို့ကို စစ်ဆေး၊ဆုံးဖြတ်၍နေရာချထားခြင်းအမှုကိုပြုရတော့မည်"

" ငါ၏နယ်မြေ၌ နေထိုင်သူများပြားလာခြင်းကို ကြိုဆိုရပေမည်။”

"အပြစ်မဲ့သေဆုံး၍ ကောင်းကျိုးလဲဆောင်ရွက်ခဲ့ခြင်းမရှိသေးသော များပြားလှသည့် ဝိညာဥ်များကို ငရဲဘုံ တားတာရပ်စ်သို့မပို့နိုင်သလို သုခဘုံ အီလီဆီရမ်၌ထားရှိရန်လည်းဖြစ်နိုင်မည်မဟုတ်ပါ။ ဝိညာဥ်တို့ မေ့လျော့လှည့်လည်ရာ ကတ္တရာပန်းလွင်ပြင်သာလျင် အလွန်အမင်းပြည့်ကြပ်လာပေလိမ့်မည်”

မြေအောက်ကမ္ဘာ၏ နေရာဒေသများ
----------------------------------------------
မြေအောက်ကမ္ဘာမှာရှိတဲ့ နေရာ‌ဒေသသုံးခုအကြောင်းကို ဟာမီးစ်ကရည်ညွှန်းတာပါ။
မြေအောက်ကမ္ဘာကိုရောက်လာတဲ့ ဝိညာဥ်တွေဟာ စတစ်မြစ် (River Styx)ကိုဖြတ်ပြီးတဲ့နောက် လိသီမြစ်ရေ (River Lethe)ကိုသောက်ရပါတယ်။ အဲဒီမြစ်ရေကိုသောက်ပြီး အတိတ်ဘဝကမှတ်ဉာဏ်တွေ မေ့လျော့ဆုံးရှံးသွားတဲ့အခါ အဖြူရောင်ကတ္တရာပန်းတွေဖွေးဖွေးလှုပ်ပွင့်နေတဲ့ လွင်ပြင် (Asphodel Meadow)မှာ သွားလာနေထိုင်ကြရတယ်။
အဲဒီကမှတဆင့် ဟေးဒီးစ်ရဲ့ တရားသူကြီးသုံးဦးဖြစ်တဲ့ မီနိုးစ်(Minos)  ၊ ရာဒါမန်သစ်စ်(Rhadamanthys)၊ အေးကက်စ်(Aeacus) တို့က လမ်းသုံးခွဆုံတဲ့နေရာကနေ အသစ်ရောက်လာတဲ့ ဝိညာဥ်တွေကို စစ်ဆေးပြီး သူရဲကောင်းတွေ၊ ကောင်းမှုဆောင်ခဲ့သူတွေကို စိတ်ကိုလန်းဆန်းစေတဲ့ အနောက်လေတွေတစ်ဖြူးဖြူးတိုက်ခတ်ရာ အီလစ်ဆီရမ် (Elysium) ကိုသွားစေတယ်။ မကောင်းမှုပြုခဲ့သူတွေကို ပူပြင်းလောင်မြိုက်တဲ့မြေအောက်ကမ္ဘာရဲ့အနက်ရှိုင်းဆုံးအပိုင်းက တားတာရပ်စ် (Tatarus) ငရဲဘုံကိုပို့တယ်။
 ကောင်းမှုမကောင်းမှု အထွေအထူးမကွဲပြားသူတွေကို ကတ္တရာပန်းတွေပွင့်ရာ အက်စ်ဖိုဒယ်မြက်ခင်းလွင်ပြင် (Asphodel Meadows) ကိုပြန်သွားစေတယ်။
အချိန်မတန်ပဲ သေဆုံးသူတွေများလာရင် မှတ်ဉာဏ်မရှိပဲ မေ့လျော့နေတဲ့ဝိညာဥ်တွေ အက်စ်ဖိုဒယ်မြက်ခင်းလွင်ပြင်မှာ အဆမတန်များပြားကြပ်ညပ်လာမယ်လို့ ဟာမီးစ်ပြောလိုက်တာပါ။

ဟာမီးစ်ရဲ့စကားတွေကြောင့် ဟေးဒီးစ်က စဉ်းစားသွားတယ်။ ဟာမီးစ်က သူ့စကားကိုဆက်တယ်။

"ငတ်မွတ်ခေါင်းပါးခြင်းကပ်ဘေးကြောင့် သေဆုံးသူတို့မှာ များပြားလွန်းလှကား ကူးတို့သမားခိုင်ရွန်ကိုပေးရန် ငွေတစ်ပြားမပါသူများလဲ အများပင်ရှိပါလိမ့်မည်။
မြေအောက်ကမ္ဘာသို့ လာခွင့်မရသော ထိုဝိညာဥ်များသည် စတစ်မြစ်၏လူ့လောကအခြမ်းကမ်းခြေ၌ မြည်တမ်းငိုကြွေးသွားလာကာ ခြောက်လှန့်ကြပေဦးမည်။
မြေပေါ်မြေအောက်ကမ္ဘာချိန်ခွင်လျှာမညီမျှမှုကြီးမားပါက ကမ္ဘာလောကရှိ အရာအားလုံးပျက်စီးမည်ဖြစ်၍ ပါဆီဖိုနီကို ပြန်လွှတ်ပေးစေလိုပါသည်"

ဟာမီးစ်ရဲ့ချက်ကျလက်ကျပြောဆိုမှုတွေက ဟေးဒီးစ်ကိုတွေဝေစေတယ်။
 ဒါကြောင့်လဲ ဟေးဒီးစ်က ပါဆီဖိုနီရဲ့သဘောထားကိုမေးရတော့တယ်။
“ ငါ၏မြတ်နိုးမှုကို အတိုင်းအဆမဲ့ရရှိသည့် ပါဆီဖိုနီ...
မြေအောက်ကမ္ဘာသို့ သင်ရောက်သည့်နေ့မှစ၍ သင်ပျော်ရွှင်စေမည့် အရာအားလုံးကို ကျွန်ုပ်ဆောင်ရွက်ပေးခဲ့သည်ကို သင်အသိပင်။
 သင်သာကျွန်ုပ်ထံတွင်နေလိုလျင် သင့်ဖခင်ဇူးစ်နှင့်လဲ စစ်ခင်းဖို့ဝန်မလေးပါ။ ကမ္ဘာကြီးပျက်စီးမည်ဆိုပါကလဲ သင့်လက်ကိုဆွဲကိုင်၍ ရင်ဆိုင်ရန်အသင့်ပင်။ ဆုံးဖြတ်ရန်တာဝန်ကို သင့်အားပေးအံ့"

ပါဆီဖိုနီက ဟေးဒီးစ်ကိုတစ်လှည့် ဟာမီးစ်ကိုတစ်လှည့်ကြည့်လိုက်ပြီး
“ အရှင်ဟေးဒီးစ်...သင်သည် အကျွန်ုပ်ပေါ်တွင် ကြင်နာသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အကျွန်ုပ်အပေါ် မေတ္တာကြီးမားလှသောမိခင်နှင့်ကင်းကွာ၍ နေထိုင်ရခြင်းကြောင့် အကျွန်ုပ်မပျော်ပိုက်နိုင်ပါ။
မိခင်သောကရောက်နေသည်ကိုလည်း မရှုရက်နိုင်ပါ။ ထို့ကြောင့် မိခင်နှင့်ပြန်လည်ဆုံဆည်းခွင့်ပြုစေလိုပါသည်"

နောက်ဆုံးမှာတော့ နတ်ဘုရားဇူးစ်ရဲ့တောင်းဆိုချက်၊ တမန်တော်ဟာမီးစ်ရဲ့စွမ်းဆောင်ချက်၊ ဒမီတာရဲ့သမီးအပေါ်သံယောဇဉ်ကြီးချက်၊ ပါဆီဖိုနီရဲ့မေတ္တာရပ်ခံချက်နဲ့ မျှခြေပျက်ပြီး ကမ္ဘာကြီးပျက်စီးမဲ့အရေးကနေကယ်တင်ဖို့ အချက်တွေကြောင့် ဟေးဒီးစ်ဟာ တစ်သက်မှာတစ်ခါပဲ ချစ်ခင်မြတ်နိုးပြီးမိဖုရားမြှောက်ဖူးတဲ့ ပါဆီဖိုနီကို လက်လွှတ်လိုက်ရပါတော့တယ်။

ဒမီတာနှင့် ပါဆီဖိုနီပြန်လည်ဆုံတွေ့ခြင်း
--------------------------------------------------
မြေပြင်အက်ကွဲကြောင်းကနေ ဟာမီးစ်နဲ့အတူတက်လာတဲ့ ပါဆီဖိုနီကိုမြင်လိုက်တဲ့ခဏမှာပဲ နတ်ဘုရားမ ဒမီတာဟာ ကြီးမားတဲ့ရွှင်လန်းဝမ်းမြောက်မှုနဲ့အတူ ထပ်တူဝမ်းသာနေတဲ့သမီးဖြစ်သူကိုတင်းကျပ်စွာထွေးပွေ့လိုက်တယ်။
ပါဆီဖိုနီကို မြေပေါ်ကိုပြန်ခေါ်သွားပြီး သူ့မိခင်ဒမီတာနဲ့တွေ့စေတဲ့အခါ ကမ္ဘာမြေပေါ်မှာပန်းကလေးတွေပြန်လည်ဖူးပွင့်လာပြီး မြေဆီလွှာတွေလဲ ပြန်လည်ဖြစ်ထွန်းလာတယ်။
ပြန်လည်ဆုံတွေ့ရလို့ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ သားအမိနှစ်ဦး လှည့်လည်သွားလေရာမှာ ရာသီဥတုသာယာပြီး ကောက်ပဲသီးနှံတွေ အစေ့အညှောင့်ပေါက်ပြီးကြီးထွားလာကြတယ်။
ခြောက်သွေ့နေတဲ့ အပင်တွေမှာလဲ ရွက်နုတွေနဲ့စိမ်းစိုလာပြီး စားနပ်ရိက္ခာတွေပေါများလာတယ်။
ကောင်းကင်က ကြည်လင်ပြီး မြေပြင်မှာလဲ စမ်းချောင်းလေးတွေတစ်သွင်သွင် စီးလို့ စိမ်းလန်းလှပတဲ့ကမ္ဘာကြီးပြန်ဖြစ်လာတော့တယ်။
သက်ရှိသတ္တဝါတွေလဲ ကျန်းမာဝဖြိုးလို့ အရင်ကလို စည်ပင်လှပတဲ့ကမ္ဘာမြေကြီးပေါ့။

ဒါပေမယ့် မြေအောက်ကမ္ဘာမှာရှိစဉ်အတွင်းမှာ ပါဆီဖိုနီက နောက်ဆုံးအနေနဲ့ ဟေးဒီးစ်ကျွေးတဲ့သလဲသီးကိုစားခဲ့မိလိုက်တယ်။
စုစုပေါင်း သလဲသီးထဲက အဆံခြောက်စေ့တိတိယူစားခဲ့တာ။
မြေအောက်ကမ္ဘာက အစားအသောက်ကိုစားမိသူကို မြေအောက်ကမ္ဘာကပိုင်ဆိုင်တယ်ဆိုတဲ့ ဥပဒေသကြောင့်  ပါဆီဖိုနီဟာ မြေပြင်ပေါ်မှာ နှစ်တစ်နှစ်ရဲ့တစ်ဝက်၊ ခြောက်လတာပဲနေနိုင်ပြီး သလဲသီးဆံခြောက်စေ့အတွက် ကျန်ခြောက်လတာကို မြေအောက်ကမ္ဘာမှာ ဟေးဒီးစ်နဲ့အတူစံမြန်းရင်း မြေအောက်ကမ္ဘာရဲ့ဘုရင်မအဖြစ် ကုန်ဆုံးရတယ်။

ပါဆီဖိုနီမြေအောက်ကမ္ဘာကိုသွားနေချိန်မှာ အထီးကျန်နေတဲ့ မိခင်ဒမီတာရဲ့စိတ်အခြေအနေကြောင့် ကမ္ဘာပေါ်မှာသစ်ပင်တွေပေါ်က အရွက်တွေညှိုးရော်ခြောက်သွေ့ကြွေကျတဲ့ ဆောင်းဦးပေါက် (Autumn) နဲ့ အေးခဲပြီး ကောက်ပဲသီးနှံတွေမဖြစ်ထွန်းတဲ့ ဆောင်းရာသီ (winter)  တို့ဖြစ်နေတယ်။ မြေပေါ်ကို ပါဆီဖိုနီပြန်ရောက်လာတဲ့ အချိန်တွေမှာတော့ ပန်းတွေစပြီးဖူးပွင့်တဲ့ နွေဦးရာသီ (spring) နဲ့ ကောက်ပဲသီးနှံတွေ၊ သီးပင်စားပင်တွေကြီးထွားပြီး ရာသီဥတုသာယာတဲ့ နွေရာသီ (summer) ပေါ့။
ဒီလိုနဲ့ ပါဆီဖိုနီရဲ့ နှစ်စဉ် ခြောက်လတာစီ ပြောင်းရွှေ့နေထိုင်မှုက ရာသီစက်ဝန်းတစ်ခုကိုစတင်လည်ပတ်စေပါတော့တယ်။

မောင်ဇိ (ဇူလိုင် ၇၊ ၂၀၂၀)
pictures: internet
ကိုးကား။
https://www.theoi.com/
https://www.ancient.eu/persephone/
http://thisenchantedpixie.org/2013/09/22/the-story-of-persephone-and-the-pomegranate-seeds/
https://www.greekmyths-greekmythology.com/myth-of-hades-and-persephone/
https://www.infoplease.com/culture-entertainment/mythology-folklore/classical-mythology-hades-takes-wife-persephone
https://www.greekmythology.com/Myths/Places/The_Underworld
https://www.britannica.com/topic/Hermes-Greek-mythology/the_underworld.html
________________________
ေမာင္ဇိ၏ ဂရိဒ႑ာရီ (၁၄) { ဟာမီးစ္ - ၅}
*******************************

ေက်ာက္သံ ပတၱျမားေတြနဲ႔ ၿပိဳးၿပိဳးျပက္ေနတဲ့ခန္းမႀကီးရဲ႕ အဆုံးမွာ မဟူရာအဆင္းရွိတဲ့ ေက်ာက္သားကုလားထိုင္ႀကီးရွိတယ္။ ေက်ာက္မ်က္ေတြစီျခယ္ထားတဲ့ ခန္႔ညားတဲ့ ပလႅင္နက္ႀကီးေပၚမွာ ခက္ရင္းႏွစ္ခြပါတဲ့မွိန္းရွည္ႀကီးကို လက္မွာကိုင္ၿပီးထိုင္ေနတာက ေျမေအာက္ကမာၻရဲ႕ အရွင္သခင္ျဖစ္တဲ့ ေဟးဒီးစ္(Hades)။ သူ႔ေဘးမွာေတာ့ ေျမေပၚကမာၻကေန သူခိုးယူျပန္ေပးဆြဲလာတဲ့ ေခ်ာေမာလွပတဲ့ နတ္မိမယ္ေလး ပါဆီဖိုနီ (Persephone)။

ပလႅင္ေရွ႕မွာရပ္ေနတဲ့ ငယ္႐ြယ္တဲ့နတ္ဘုရား ဟာမီးစ္ကိုၾကည့္ၿပီး ေဟးဒီးစ္ကေမးလိုက္တယ္။

" ေသသူတို႔ေမြ႕ေပ်ာ္ရာ ငါ၏နယ္ေျမႏွင့္ သက္ရွိတို႔၏လူသားနယ္ေျမကိုေပါင္းကူးေပးေသာ လ်င္ျမန္ျဖတ္လတ္သည့္ တမန္ေတာ္ဟာမီးစ္...
တူေတာ္သည္ မည္သည့္အရာကို အလိုရွိ၍ ငါ၏နန္းေတာ္သို႔ အလည္အပတ္ေရာက္ရွိလာပါသနည္း”

ဟာမီးစ္က ပါဆီဖိုနီရွိရာကို ၫႊန္ျပၿပီး
“ ေကာင္းကင္ကိုပိုင္စိုးသည့္ ဇူးစ္နတ္ဘုရားႏွင့္ ေကာက္ပဲသီးႏွံတို႔ရွင္သန္ႂကြယ္ဝမႈကိုအစိုးရသည့္နတ္ဘုရားမ ဒမီတာတို႔၏ တစ္ဦးတည္းေသာ သမီးျဖစ္သူ ပါဆီဖိုနီကို ေျမကမာၻေပၚသို႔ ျပန္လည္ေဆာင္က်ဥ္းရန္ျဖစ္သည္”

" ငါသည္ ငါ၏ညီျဖစ္သူ ဇူးစ္၏သေဘာတူညီခ်က္ျဖင့္ ငါ၏မိဖုရားထိပ္ေခါင္တင္အျဖစ္ ဘိသိက္သြန္းေပးရန္အတြက္ ခ်စ္ခင္ႏွစ္လိုဖြယ္ေကာင္းသည့္ ပါဆီဖိုနီကို ေျမေအာက္ကမာၻသို႔ ေခၚယူခဲ့ျခင္းျဖစ္သည္”

"မိခင္ျဖစ္သူ ဒမီတာမွ သေဘာမတူပါ”
"ငါသည္ ေျမႀကီးေအာက္ရွိ သယံဇာတအားလုံး၏ ပိုင္ရွင္ျဖစ္သည္။ ငါ၏မိဖုရားတစ္ပါးအျဖစ္ လွပအဖိုးတန္ေသာ ရတနာအသြယ္သြယ္ကို လက္ေဆာင္ႏွင္းအပ္ျခင္းခံရမည္ဆိုပါက သေဘာမတူစရာရွိပါမည္ေလာ”

" အဖိုးထိုက္တန္၍ လွပဆန္းၾကယ္ေသာ ရတနာတို႔သည္ ေပ်ာ္႐ႊင္မႈ၏ အာမခံခ်က္မဟုတ္ေပ”

" ပါဆီဖိုနီ၏ စိတ္ေပ်ာ္႐ႊင္မႈအတြက္ ဤေလာကတြင္ အလွပဆုံးေသာ ပန္းဥယ်ာဥ္တစ္ခုကို ငါစိုက္ပ်ိဳးေပးခဲ့သည္။ ငါ၏နန္းေတာ္သို႔အဝင္တြင္ သင္မျမင္ခဲ့သေလာ"
"ႏူးညံ့သိမ္ေမြ႕၍ အေရာင္အေသြးစုံလင္စြာ လွပလန္းဆန္းေသာ သင္းႀကိဳင္သည့္ ပန္းမ်ိဳးစုံတို႔သည္ စိတ္ကို႐ႊင္လန္းေစသည္မွာ အမွန္ပင္ျဖစ္သည္။ သို႔ေသာ္ ဆုံးစမဲ့ေအးခ်မ္းသည့္ မိခင္ေမတၱာကသာ ပါဆီဖိုနီ၏ရင္တြင္းမွ ေပ်ာ္႐ႊင္ျခင္းပန္းခင္းကို အမွန္တကယ္ ႐ႊင္လန္းသန္စြမ္းေစပါမည္”

"တူေတာ္ဟာမီးစ္...သင္၏ နတ္ဘုရားတမန္ေတာ္ဆိုေသာဂုဏ္ပုဒ္ႏွင့္ ေလ်ာ္ညီစြာပင္ စကားအရာတြင္ လိမၼာကာလွည့္ပတ္ေျပာဆိုတတ္လွသည္။ ငါ၏ညီေတာ္ ဇူးစ္သည္ ခြင့္ျပဳၿပီးေသာ ကိစၥျဖစ္လင့္ကစား အဘယ္အေၾကာင္းေၾကာင့္ သင့္ကိုေစလႊတ္၍ ပါဆီဖိုနီကို ေဆာင္ယူေစသနည္းဆိုသည္ကိုလဲ သိလိုလွသည္"

"ခြင့္ျပဳခဲ့သည္မွာ မွန္ေပသည္ ဘႀကီးေတာ္ေဟးဒီးစ္၊၊
ဇူးစ္နတ္မင္းမွ မိခင္ျဖစ္သူကို အသိမေပးပဲ ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္လည္း ပါဆီဖိုနီ၏ မိခင္ျဖစ္သူ ဒမီတာမွ သမီးေဇာျဖင့္ ျပဳၿမဲေဆာင္တာနတ္ဘုရားတာဝန္တို႔ကို မျပဳေတာ့ေသာေၾကာင့္ ေျမျပင္ေပၚရွိသက္ရွိတို႔၏ပ်က္စီးျခင္းသည္ နီးကပ္လာေနၿပီျဖစ္သည္။ ႂကြယ္ဝသည့္ေျမလႊာမွ ထြက္ရွိၿမဲစားနပ္ရိကၡာမ်ားသည္ ခန္းေျခာက္လာၿပီျဖစ္သည္။ ႏွလုံးေၾကကြဲေနသည့္ ဒမီတာ၏ေသာကေၾကာင့္ ေျမအျပင္တစ္ခုလုံးေအးခဲကာ သတၱဝါအမ်ားပင္ ေသပြဲဝင္ေနရၿပီျဖစ္သည္။
မၾကာမီပင္ အလုံးအရင္းႏွင့္ဝင္လာမည့္ ဝိညာဏ္တို႔ေၾကာင့္ အရွင္ေဟးဒီးစ္၏တရားသူႀကီးသုံးဦးတို႔သည္ အားလပ္ခ်ိန္မရွိသည့္တိုင္ေအာင္ပင္ ေသဆုံးၿပီးသူတို႔ကို စစ္ေဆး၊ဆုံးျဖတ္၍ေနရာခ်ထားျခင္းအမႈကိုျပဳရေတာ့မည္"

" ငါ၏နယ္ေျမ၌ ေနထိုင္သူမ်ားျပားလာျခင္းကို ႀကိဳဆိုရေပမည္။”

"အျပစ္မဲ့ေသဆုံး၍ ေကာင္းက်ိဳးလဲေဆာင္႐ြက္ခဲ့ျခင္းမရွိေသးေသာ မ်ားျပားလွသည့္ ဝိညာဥ္မ်ားကို ငရဲဘုံ တားတာရပ္စ္သို႔မပို႔ႏိုင္သလို သုခဘုံ အီလီဆီရမ္၌ထားရွိရန္လည္းျဖစ္ႏိုင္မည္မဟုတ္ပါ။ ဝိညာဥ္တို႔ ေမ့ေလ်ာ့လွည့္လည္ရာ ကတၱရာပန္းလြင္ျပင္သာလ်င္ အလြန္အမင္းျပည့္ၾကပ္လာေပလိမ့္မည္”

ေျမေအာက္ကမာၻ၏ ေနရာေဒသမ်ား
----------------------------------------------
ေျမေအာက္ကမာၻမွာရွိတဲ့ ေနရာ‌ေဒသသုံးခုအေၾကာင္းကို ဟာမီးစ္ကရည္ၫႊန္းတာပါ။
ေျမေအာက္ကမာၻကိုေရာက္လာတဲ့ ဝိညာဥ္ေတြဟာ စတစ္ျမစ္ (River Styx)ကိုျဖတ္ၿပီးတဲ့ေနာက္ လိသီျမစ္ေရ (River Lethe)ကိုေသာက္ရပါတယ္။ အဲဒီျမစ္ေရကိုေသာက္ၿပီး အတိတ္ဘဝကမွတ္ဉာဏ္ေတြ ေမ့ေလ်ာ့ဆုံးရွံးသြားတဲ့အခါ အျဖဴေရာင္ကတၱရာပန္းေတြေဖြးေဖြးလႈပ္ပြင့္ေနတဲ့ လြင္ျပင္ (Asphodel Meadow)မွာ သြားလာေနထိုင္ၾကရတယ္။
အဲဒီကမွတဆင့္ ေဟးဒီးစ္ရဲ႕ တရားသူႀကီးသုံးဦးျဖစ္တဲ့ မီႏိုးစ္(Minos)  ၊ ရာဒါမန္သစ္စ္(Rhadamanthys)၊ ေအးကက္စ္(Aeacus) တို႔က လမ္းသုံးခြဆုံတဲ့ေနရာကေန အသစ္ေရာက္လာတဲ့ ဝိညာဥ္ေတြကို စစ္ေဆးၿပီး သူရဲေကာင္းေတြ၊ ေကာင္းမႈေဆာင္ခဲ့သူေတြကို စိတ္ကိုလန္းဆန္းေစတဲ့ အေနာက္ေလေတြတစ္ျဖဴးျဖဴးတိုက္ခတ္ရာ အီလစ္ဆီရမ္ (Elysium) ကိုသြားေစတယ္။ မေကာင္းမႈျပဳခဲ့သူေတြကို ပူျပင္းေလာင္ၿမိဳက္တဲ့ေျမေအာက္ကမာၻရဲ႕အနက္ရႈိင္းဆုံးအပိုင္းက တားတာရပ္စ္ (Tatarus) ငရဲဘုံကိုပို႔တယ္။
 ေကာင္းမႈမေကာင္းမႈ အေထြအထူးမကြဲျပားသူေတြကို ကတၱရာပန္းေတြပြင့္ရာ အက္စ္ဖိုဒယ္ျမက္ခင္းလြင္ျပင္ (Asphodel Meadows) ကိုျပန္သြားေစတယ္။
အခ်ိန္မတန္ပဲ ေသဆုံးသူေတြမ်ားလာရင္ မွတ္ဉာဏ္မရွိပဲ ေမ့ေလ်ာ့ေနတဲ့ဝိညာဥ္ေတြ အက္စ္ဖိုဒယ္ျမက္ခင္းလြင္ျပင္မွာ အဆမတန္မ်ားျပားၾကပ္ညပ္လာမယ္လို႔ ဟာမီးစ္ေျပာလိုက္တာပါ။

ဟာမီးစ္ရဲ႕စကားေတြေၾကာင့္ ေဟးဒီးစ္က စဥ္းစားသြားတယ္။ ဟာမီးစ္က သူ႔စကားကိုဆက္တယ္။

"ငတ္မြတ္ေခါင္းပါးျခင္းကပ္ေဘးေၾကာင့္ ေသဆုံးသူတို႔မွာ မ်ားျပားလြန္းလွကား ကူးတို႔သမားခိုင္႐ြန္ကိုေပးရန္ ေငြတစ္ျပားမပါသူမ်ားလဲ အမ်ားပင္ရွိပါလိမ့္မည္။
ေျမေအာက္ကမာၻသို႔ လာခြင့္မရေသာ ထိုဝိညာဥ္မ်ားသည္ စတစ္ျမစ္၏လူ႔ေလာကအျခမ္းကမ္းေျခ၌ ျမည္တမ္းငိုေႂကြးသြားလာကာ ေျခာက္လွန္႔ၾကေပဦးမည္။
ေျမေပၚေျမေအာက္ကမာၻခ်ိန္ခြင္လွ်ာမညီမွ်မႈႀကီးမားပါက ကမာၻေလာကရွိ အရာအားလုံးပ်က္စီးမည္ျဖစ္၍ ပါဆီဖိုနီကို ျပန္လႊတ္ေပးေစလိုပါသည္"

ဟာမီးစ္ရဲ႕ခ်က္က်လက္က်ေျပာဆိုမႈေတြက ေဟးဒီးစ္ကိုေတြေဝေစတယ္။
 ဒါေၾကာင့္လဲ ေဟးဒီးစ္က ပါဆီဖိုနီရဲ႕သေဘာထားကိုေမးရေတာ့တယ္။
“ ငါ၏ျမတ္ႏိုးမႈကို အတိုင္းအဆမဲ့ရရွိသည့္ ပါဆီဖိုနီ...
ေျမေအာက္ကမာၻသို႔ သင္ေရာက္သည့္ေန႔မွစ၍ သင္ေပ်ာ္႐ႊင္ေစမည့္ အရာအားလုံးကို ကြၽႏ္ုပ္ေဆာင္႐ြက္ေပးခဲ့သည္ကို သင္အသိပင္။
 သင္သာကြၽႏ္ုပ္ထံတြင္ေနလိုလ်င္ သင့္ဖခင္ဇူးစ္ႏွင့္လဲ စစ္ခင္းဖို႔ဝန္မေလးပါ။ ကမာၻႀကီးပ်က္စီးမည္ဆိုပါကလဲ သင့္လက္ကိုဆြဲကိုင္၍ ရင္ဆိုင္ရန္အသင့္ပင္။ ဆုံးျဖတ္ရန္တာဝန္ကို သင့္အားေပးအံ့"

ပါဆီဖိုနီက ေဟးဒီးစ္ကိုတစ္လွည့္ ဟာမီးစ္ကိုတစ္လွည့္ၾကည့္လိုက္ၿပီး
“ အရွင္ေဟးဒီးစ္...သင္သည္ အကြၽႏ္ုပ္ေပၚတြင္ ၾကင္နာသည္မွာ အမွန္ပင္ျဖစ္သည္။ သို႔ေသာ္ အကြၽႏ္ုပ္အေပၚ ေမတၱာႀကီးမားလွေသာမိခင္ႏွင့္ကင္းကြာ၍ ေနထိုင္ရျခင္းေၾကာင့္ အကြၽႏ္ုပ္မေပ်ာ္ပိုက္ႏိုင္ပါ။
မိခင္ေသာကေရာက္ေနသည္ကိုလည္း မရႈရက္ႏိုင္ပါ။ ထို႔ေၾကာင့္ မိခင္ႏွင့္ျပန္လည္ဆုံဆည္းခြင့္ျပဳေစလိုပါသည္"

ေနာက္ဆုံးမွာေတာ့ နတ္ဘုရားဇူးစ္ရဲ႕ေတာင္းဆိုခ်က္၊ တမန္ေတာ္ဟာမီးစ္ရဲ႕စြမ္းေဆာင္ခ်က္၊ ဒမီတာရဲ႕သမီးအေပၚသံေယာဇဥ္ႀကီးခ်က္၊ ပါဆီဖိုနီရဲ႕ေမတၱာရပ္ခံခ်က္နဲ႔ မွ်ေျခပ်က္ၿပီး ကမာၻႀကီးပ်က္စီးမဲ့အေရးကေနကယ္တင္ဖို႔ အခ်က္ေတြေၾကာင့္ ေဟးဒီးစ္ဟာ တစ္သက္မွာတစ္ခါပဲ ခ်စ္ခင္ျမတ္ႏိုးၿပီးမိဖုရားေျမႇာက္ဖူးတဲ့ ပါဆီဖိုနီကို လက္လႊတ္လိုက္ရပါေတာ့တယ္။

ဒမီတာႏွင့္ ပါဆီဖိုနီျပန္လည္ဆုံေတြ႕ျခင္း
--------------------------------------------------
ေျမျပင္အက္ကြဲေၾကာင္းကေန ဟာမီးစ္နဲ႔အတူတက္လာတဲ့ ပါဆီဖိုနီကိုျမင္လိုက္တဲ့ခဏမွာပဲ နတ္ဘုရားမ ဒမီတာဟာ ႀကီးမားတဲ့႐ႊင္လန္းဝမ္းေျမာက္မႈနဲ႔အတူ ထပ္တူဝမ္းသာေနတဲ့သမီးျဖစ္သူကိုတင္းက်ပ္စြာေထြးေပြ႕လိုက္တယ္။
ပါဆီဖိုနီကို ေျမေပၚကိုျပန္ေခၚသြားၿပီး သူ႔မိခင္ဒမီတာနဲ႔ေတြ႕ေစတဲ့အခါ ကမာၻေျမေပၚမွာပန္းကေလးေတြျပန္လည္ဖူးပြင့္လာၿပီး ေျမဆီလႊာေတြလဲ ျပန္လည္ျဖစ္ထြန္းလာတယ္။
ျပန္လည္ဆုံေတြ႕ရလို႔ဝမ္းေျမာက္ဝမ္းသာျဖစ္ေနတဲ့ သားအမိႏွစ္ဦး လွည့္လည္သြားေလရာမွာ ရာသီဥတုသာယာၿပီး ေကာက္ပဲသီးႏွံေတြ အေစ့အေညႇာင့္ေပါက္ၿပီးႀကီးထြားလာၾကတယ္။
ေျခာက္ေသြ႕ေနတဲ့ အပင္ေတြမွာလဲ ႐ြက္ႏုေတြနဲ႔စိမ္းစိုလာၿပီး စားနပ္ရိကၡာေတြေပါမ်ားလာတယ္။
ေကာင္းကင္က ၾကည္လင္ၿပီး ေျမျပင္မွာလဲ စမ္းေခ်ာင္းေလးေတြတစ္သြင္သြင္ စီးလို႔ စိမ္းလန္းလွပတဲ့ကမာၻႀကီးျပန္ျဖစ္လာေတာ့တယ္။
သက္ရွိသတၱဝါေတြလဲ က်န္းမာဝၿဖိဳးလို႔ အရင္ကလို စည္ပင္လွပတဲ့ကမာၻေျမႀကီးေပါ့။

ဒါေပမယ့္ ေျမေအာက္ကမာၻမွာရွိစဥ္အတြင္းမွာ ပါဆီဖိုနီက ေနာက္ဆုံးအေနနဲ႔ ေဟးဒီးစ္ေကြၽးတဲ့သလဲသီးကိုစားခဲ့မိလိုက္တယ္။
စုစုေပါင္း သလဲသီးထဲက အဆံေျခာက္ေစ့တိတိယူစားခဲ့တာ။
ေျမေအာက္ကမာၻက အစားအေသာက္ကိုစားမိသူကို ေျမေအာက္ကမာၻကပိုင္ဆိုင္တယ္ဆိုတဲ့ ဥပေဒသေၾကာင့္  ပါဆီဖိုနီဟာ ေျမျပင္ေပၚမွာ ႏွစ္တစ္ႏွစ္ရဲ႕တစ္ဝက္၊ ေျခာက္လတာပဲေနႏိုင္ၿပီး သလဲသီးဆံေျခာက္ေစ့အတြက္ က်န္ေျခာက္လတာကို ေျမေအာက္ကမာၻမွာ ေဟးဒီးစ္နဲ႔အတူစံျမန္းရင္း ေျမေအာက္ကမာၻရဲ႕ဘုရင္မအျဖစ္ ကုန္ဆုံးရတယ္။

ပါဆီဖိုနီေျမေအာက္ကမာၻကိုသြားေနခ်ိန္မွာ အထီးက်န္ေနတဲ့ မိခင္ဒမီတာရဲ႕စိတ္အေျခအေနေၾကာင့္ ကမာၻေပၚမွာသစ္ပင္ေတြေပၚက အ႐ြက္ေတြညႇိဳးေရာ္ေျခာက္ေသြ႕ေႂကြက်တဲ့ ေဆာင္းဦးေပါက္ (Autumn) နဲ႔ ေအးခဲၿပီး ေကာက္ပဲသီးႏွံေတြမျဖစ္ထြန္းတဲ့ ေဆာင္းရာသီ (winter)  တို႔ျဖစ္ေနတယ္။ ေျမေပၚကို ပါဆီဖိုနီျပန္ေရာက္လာတဲ့ အခ်ိန္ေတြမွာေတာ့ ပန္းေတြစၿပီးဖူးပြင့္တဲ့ ေႏြဦးရာသီ (spring) နဲ႔ ေကာက္ပဲသီးႏွံေတြ၊ သီးပင္စားပင္ေတြႀကီးထြားၿပီး ရာသီဥတုသာယာတဲ့ ေႏြရာသီ (summer) ေပါ့။
ဒီလိုနဲ႔ ပါဆီဖိုနီရဲ႕ ႏွစ္စဥ္ ေျခာက္လတာစီ ေျပာင္းေ႐ႊ႕ေနထိုင္မႈက ရာသီစက္ဝန္းတစ္ခုကိုစတင္လည္ပတ္ေစပါေတာ့တယ္။

ေမာင္ဇိ (ဇူလိုင္ ၇၊ ၂၀၂၀)
pictures: internet
ကိုးကား။
https://www.theoi.com/
https://www.ancient.eu/persephone/
http://thisenchantedpixie.org/2013/09/22/the-story-of-persephone-and-the-pomegranate-seeds/
https://www.greekmyths-greekmythology.com/myth-of-hades-and-persephone/
https://www.infoplease.com/culture-entertainment/mythology-folklore/classical-mythology-hades-takes-wife-persephone
https://www.greekmythology.com/Myths/Places/The_Underworld
https://www.britannica.com/topic/Hermes-Greek-mythology/the_underworld.html

Saturday, July 4, 2020

မောင်ဇိ၏ ညသန်းခေါင်စွန့်စားခန်းကြီး


မောင်ဇိ၏ ညသန်းခေါင်စွန့်စားခန်းကြီး
---------------------------------------------------------

ကျောင်းကပေးတဲ့ assignment လေးတစ်ခုလုပ်နေတာပြီးလို့ အိမ်ပြန်မယ်ဆိုတော့ ညတစ်နာရီထိုးပြီ။ မောင်ဇိရောက်နေတာက ကိုလိုနီခေတ်ကဆောက်ထားတဲ့ရှေးဟောင်းအင်္ဂလိပ်အဆောက်အဦးကြီးရဲ့ မြေအောက်ခန်းတစ်ခုမှာ။
ကိုယ့်အာရုံနဲ့ကိုယ် စာလုပ်နေတုန်းက မသိပေမယ့် ပြန်မယ်ဆိုတော့မှ မြေအောက်ခန်းကြီးတစ်ခုလုံးက ခြောက်ခြားစရာ တိတ်ဆိတ်လို့။
မောင်ဇိတို့ကျောင်းရဲ ့ စာသင်ခန်းတစ်ချို ့က ဒီအဆောက်အဦးကြီးရဲ ့မြေတိုက်ခန်းမှာ။
အဲဒီ မြေတိုက်ခန်းတွေထဲကစာသင်ခန်းတစ်ခုမှာ အခန်းအားနေတုန်း တစ်ယောက်ထဲ စာလုပ်ရင်းကျန်ခဲ့တဲ့မောင်ဇိ။

မြေတိုက်ခန်းစင်္ကြံလမ်းလေးထဲကို ကျီးကြည့် ကြောင်ကြည့် ကြည့်၊ သုတ်သုတ် သုတ်သုတ်နဲ့ဖြတ်လျှောက်ပြီး မြေညီထပ်ကိုတက်တဲ့ လှေခါးမှောင်မှောင်လေးတွေအတိုင်း အပေါ်ကိုတက်ရတယ်။
မြေညီထပ်ကိုရောက်လာတော့လဲ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှမတွေ့။
မောင်ဇိရဲ ့ဖိနပ်သံ တစ်ဒေါက်ဒေါက်ပဲ အခန်းတွေထဲမှာ ဟိန်းထွက်နေတယ်။
လူသွားလမ်းတစ်လျှောက်မှာလဲ အစဉ်အဆက် ကျောင်းအုပ်လုပ်ခဲ့တဲ့သူတွေရဲ ့ ကိုယ်တစ်ပိုင်းပုံ ရှေးဟောင်းပန်းချီကားကြီးတွေက လူ့အရွယ်အစားအတိုင်းအပြည့်။ မောင်ဇိကို လိုက်ကြည့်နေကြသလို ခံစားရလို့ သတ္တိခဲမောင်ဇိမှာ အင်မတန်အေးတဲ့ရာသီကြီးမှာတောင် ဇောချွေးတွေတောင်ပြန်လို့။ ဒီအဆောက်အဦးနဲ့ တစ်ခုကျော် ကျောင်းစာကြည့်တိုက်ရဲ ့ဟိုဘက်မှာလဲ လွန်ခဲ့တဲ့နှစ် ၂၀၀ လောက်ကထဲကကျန်ခဲ့တဲ့ ဂျူသချင်္ူိင်းလေးတစ်ခုကရှိသေးတယ်။
ဒီလိုအချိန်မျိုးမှာ တွေးကြည့်ရင်ကျောချမ်းစရာ။
အရေးထဲ အဆောက်အဦးထဲမှာမျက်စိလည်ပြီး ထွက်ပေါက်ကိုလဲ ရှာမတွေ့။
တောင်ပြေး၊ မြောက်ပြေးနဲ့ နှစ်ပတ်သုံးပတ်ပတ်ပြီး တံခါးတွေတစ်ခုပြီးတစ်ခု ဝင်ကြည့်မှပဲ ထွက်ပေါက်ကိုသွားတဲ့ တံခါးကိုတွေ့တော့တယ်။

ဝမ်းသာလို့တောင်မဆုံးသေး။
အပြင်ကိုထွက်တဲ့တံခါးမကြီးက သော့ခတ်ထားလျက်။
မောင်ဇိမှာ ရင်တစ်ဖိုဖိုနဲ့ တံခါးကို ဆွဲလိုက်၊ တွန်းလိုက်လုပ်လဲ တံခါးက တုပ်တုပ်မှမလှူပ်။ နောက်ထပ်ထွက်ပေါက်တစ်ခုကိုထပ်ရှာဖို့ဆိုရင်လဲ အဆောက်အဦးထဲကိုပြန်ဝင်ရမှာဆိုတော့ သိပ်သတ္တိကောင်းတဲ့ မောင်ဇိတို့ကပြန်ဝင်ဖို့တော့မစဉ်းစား။
ဟော...တွေ့ပါပြီ။
တံခါးဘေးက နံရံပေါ်မှာ 'press for emergency exit' လို့အင်္ဂလိပ်လိုရေးထားတဲ့ 'အရေးပေါ်ထွက်ရန်နှိပ်' ဆိုတဲ့ အဖြူရောင်လေးထောင့်ခလုပ်လေး။
တစ်ယောက်ထဲ အရေးပေါ်နေတဲ့မောင်ဇိလဲ လာလေရော့ဆိုပြီး ခလုပ်လေးကိုနှိပ်လိုက်တာ ခွပ် ဆို ခလုပ်အပြားလေးကအလယ်ကနေကျိုးဝင်သွားပြီး၊ တံခါးက electromagnet (လျှပ်စစ်သံလိုက်) သော့ကလဲ ဒုတ်ဆိုပွင့်သွားတယ်။
ခလုပ်ကျိုးသွားတော့ လန့်သွားတဲ့မောင်ဇိ ဘယ်သူများမြင်သွားသေးလဲဆိုပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ ဆန့်ကျင်ဖက်နံရံပေါ်မှာ CCTV ကင်မရာပြူးပြူးကြီး၊ မောင်ဇိနေရာတည့်တည့်ကိုချိန်လို့။
မောင်ဇိလဲ hoodie ခေါင်းစွပ်လေးကို ခေါင်းပေါ်ဆွဲတင် သော့ပွင့်သွားတဲ့တံခါးကနေ ခပ်တည်တည်နဲ့ ခပ်မြန်မြန်လေးပြေးထွက်၊ အပြင်ရောက်လို့ ကြက်သီးဖြန်းခနဲထလောက်အောင်တိုက်လာတဲ့ အေးစက်စက်လေကို အားရပါးရရှူလိုက်ပြီး အိမ်ရောက်တဲ့ထိသုတ်ချေတင်တာပေါ့။

နောက်နေ့ကစပြီးကျောင်းရောက်လို့ အဲဒီတံခါးနားကဖြတ်ရင်မျက်နှာလေးကိုကွယ်ကွယ်ပြီးသွားရတာ ကျောင်းပြီးတဲ့အထိပါပဲ။

မောင်ဇိ ( ဖေဖော်ဝါရီ ၂၅၊၂၀၁၉)
____________________
Zawgyi
   ေမာင္ဇိ၏ ညသန္းေခါင္စြန႔္စားခန္းႀကီး
---------------------------------------------------------

ေက်ာင္းကေပးတဲ့ assignment ေလးတစ္ခုလုပ္ေနတာၿပီးလို႔ အိမ္ျပန္မယ္ဆိုေတာ့ ညတစ္နာရီထိုးၿပီ။ ေမာင္ဇိေရာက္ေနတာက ကိုလိုနီေခတ္ကေဆာက္ထားတဲ့ေရွးေဟာင္းအဂၤလိပ္အေဆာက္အဦးႀကီးရဲ႕ ေျမေအာက္ခန္းတစ္ခုမွာ။
ကိုယ့္အာ႐ုံနဲ႔ကိုယ္ စာလုပ္ေနတုန္းက မသိေပမယ့္ ျပန္မယ္ဆိုေတာ့မွ ေျမေအာက္ခန္းႀကီးတစ္ခုလုံးက ေျခာက္ျခားစရာ တိတ္ဆိတ္လို႔။
 ေမာင္ဇိတို႔ေက်ာင္းရဲ ့ စာသင္ခန္းတစ္ခ်ိဳ ့က ဒီအေဆာက္အဦးႀကီးရဲ ့ေျမတိုက္ခန္းမွာ။
 အဲဒီ ေျမတိုက္ခန္းေတြထဲကစာသင္ခန္းတစ္ခုမွာ အခန္းအားေနတုန္း တစ္ေယာက္ထဲ စာလုပ္ရင္းက်န္ခဲ့တဲ့ေမာင္ဇိ။

ေျမတိုက္ခန္းစႀကႍလမ္းေလးထဲကို က်ီးၾကည့္ ေၾကာင္ၾကည့္ ၾကည့္၊ သုတ္သုတ္ သုတ္သုတ္နဲ႔ျဖတ္ေလွ်ာက္ၿပီး ေျမညီထပ္ကိုတက္တဲ့ ေလွခါးေမွာင္ေမွာင္ေလးေတြအတိုင္း အေပၚကိုတက္ရတယ္။
ေျမညီထပ္ကိုေရာက္လာေတာ့လဲ ေခြးတစ္ေကာင္၊ ေၾကာင္တစ္ၿမီးမွမေတြ႕။
ေမာင္ဇိရဲ ့ဖိနပ္သံ တစ္ေဒါက္ေဒါက္ပဲ အခန္းေတြထဲမွာ ဟိန္းထြက္ေနတယ္။
လူသြားလမ္းတစ္ေလွ်ာက္မွာလဲ အစဥ္အဆက္ ေက်ာင္းအုပ္လုပ္ခဲ့တဲ့သူေတြရဲ ့ ကိုယ္တစ္ပိုင္းပုံ ေရွးေဟာင္းပန္းခ်ီကားႀကီးေတြက လူ႔အ႐ြယ္အစားအတိုင္းအျပည့္။ ေမာင္ဇိကို လိုက္ၾကည့္ေနၾကသလို ခံစားရလို႔ သတၱိခဲေမာင္ဇိမွာ အင္မတန္ေအးတဲ့ရာသီႀကီးမွာေတာင္ ေဇာေခြၽးေတြေတာင္ျပန္လို႔။ ဒီအေဆာက္အဦးနဲ႔ တစ္ခုေက်ာ္ ေက်ာင္းစာၾကည့္တိုက္ရဲ ့ဟိုဘက္မွာလဲ လြန္ခဲ့တဲ့ႏွစ္ ၂၀၀ ေလာက္ကထဲကက်န္ခဲ့တဲ့ ဂ်ဴသခ်ၤူိင္းေလးတစ္ခုကရွိေသးတယ္။
ဒီလိုအခ်ိန္မ်ိဳးမွာ ေတြးၾကည့္ရင္ေက်ာခ်မ္းစရာ။
အေရးထဲ အေဆာက္အဦးထဲမွာမ်က္စိလည္ၿပီး ထြက္ေပါက္ကိုလဲ ရွာမေတြ႕။
ေတာင္ေျပး၊ ေျမာက္ေျပးနဲ႔ ႏွစ္ပတ္သုံးပတ္ပတ္ၿပီး တံခါးေတြတစ္ခုၿပီးတစ္ခု ဝင္ၾကည့္မွပဲ ထြက္ေပါက္ကိုသြားတဲ့ တံခါးကိုေတြ႕ေတာ့တယ္။

ဝမ္းသာလို႔ေတာင္မဆုံးေသး။
အျပင္ကိုထြက္တဲ့တံခါးမႀကီးက ေသာ့ခတ္ထားလ်က္။
ေမာင္ဇိမွာ ရင္တစ္ဖိုဖိုနဲ႔ တံခါးကို ဆြဲလိုက္၊ တြန္းလိုက္လုပ္လဲ တံခါးက တုပ္တုပ္မွမလႉပ္။ ေနာက္ထပ္ထြက္ေပါက္တစ္ခုကိုထပ္ရွာဖို႔ဆိုရင္လဲ အေဆာက္အဦးထဲကိုျပန္ဝင္ရမွာဆိုေတာ့ သိပ္သတၱိေကာင္းတဲ့ ေမာင္ဇိတို႔ကျပန္ဝင္ဖို႔ေတာ့မစဥ္းစား။
 ေဟာ...ေတြ႕ပါၿပီ။
တံခါးေဘးက နံရံေပၚမွာ 'press for emergency exit' လို႔အဂၤလိပ္လိုေရးထားတဲ့ 'အေရးေပၚထြက္ရန္ႏွိပ္' ဆိုတဲ့ အျဖဴေရာင္ေလးေထာင့္ခလုပ္ေလး။
 တစ္ေယာက္ထဲ အေရးေပၚေနတဲ့ေမာင္ဇိလဲ လာေလေရာ့ဆိုၿပီး ခလုပ္ေလးကိုႏွိပ္လိုက္တာ ခြပ္ ဆို ခလုပ္အျပားေလးကအလယ္ကေနက်ိဳးဝင္သြားၿပီး၊ တံခါးက electromagnet (လွ်ပ္စစ္သံလိုက္) ေသာ့ကလဲ ဒုတ္ဆိုပြင့္သြားတယ္။
 ခလုပ္က်ိဳးသြားေတာ့ လန႔္သြားတဲ့ေမာင္ဇိ ဘယ္သူမ်ားျမင္သြားေသးလဲဆိုၿပီး ပတ္ဝန္းက်င္ကို လွည့္ၾကည့္လိုက္ေတာ့ ဆန႔္က်င္ဖက္နံရံေပၚမွာ CCTV ကင္မရာျပဴးျပဴးႀကီး၊ ေမာင္ဇိေနရာတည့္တည့္ကိုခ်ိန္လို႔။
 ေမာင္ဇိလဲ hoodie ေခါင္းစြပ္ေလးကို ေခါင္းေပၚဆြဲတင္ ေသာ့ပြင့္သြားတဲ့တံခါးကေန ခပ္တည္တည္နဲ႔ ခပ္ျမန္ျမန္ေလးေျပးထြက္၊ အျပင္ေရာက္လို႔ ၾကက္သီးျဖန္းခနဲထေလာက္ေအာင္တိုက္လာတဲ့ ေအးစက္စက္ေလကို အားရပါးရရႉလိုက္ၿပီး အိမ္ေရာက္တဲ့ထိသုတ္ေခ်တင္တာေပါ့။

ေနာက္ေန႔ကစၿပီးေက်ာင္းေရာက္လို႔ အဲဒီတံခါးနားကျဖတ္ရင္မ်က္ႏွာေလးကိုကြယ္ကြယ္ၿပီးသြားရတာ ေက်ာင္းၿပီးတဲ့အထိပါပဲ။

ေမာင္ဇိ ( ေဖေဖာ္ဝါရီ ၂၅၊၂၀၁၉)

စူပါဟီးရိုးများနဲ့ ကျွန်တော့်ကမ္ဘာ

စူပါဟီးရိုးများနဲ့ ကျွန်တော့်ကမ္ဘာ
-----------------------------
ဟိုး….ခပ်ငယ်ငယ် ပထမတန်းကလေးဘဝမှာ “ငါတို့ညီအစ်ကိုဆီမှာ လိပ်နင်ဂျာဝတ်စုံတွေရှိတယ်ကွ၊ ငါတို့က ညမိုးချုပ်ရင် အဲဒါတွေဝတ်ပြီးကင်းလှည့်တာ” ဆိုတဲ့ သူငယ်ချင်းညီအစ်ကိုနှစ်ယောက်ရဲ့ကြွားလုံးတွေကို ကလေးပီပီ အဟုတ်မှတ်ပြီး အထင်တကြီးအားကျခဲ့ဖူးတယ်။ သူငယ်ချင်းတွေအချင်းချင်း အပြိုင်အဆိုင်ပြောကြ၊ ငြင်းကြခုန်ကြ၊ မဟုတ်တာတွေအဟုတ်လုပ်ကြွားကြရင်းကနေ ကျောမှာဝတ်ရုံတပ်၊ လေအရမ်းတိုက်ချိန်မှာ အတင်းပြေးပြီးခုန်လိုက်ရင် စူပါမင်းလိုပျံနိုင်လိမ့်မယ်လို့ တွေးခဲ့ကြဖူးလို့ အဖေတွေရဲ့ပုဆိုးတွေလည်ပင်းမှာချည်၊ စူပါမင်းဝတ်ရုံလုပ်လို့ ခုန်ဆွ ခုန်ဆွနဲ့လဲပြေးခဲ့ကြဖူးတယ်။ ၁၉၉၀ ပြည့်နှစ်တွေမှာ တီဗီကနေ The Flash ရုပ်ရှင်လာတော့ ကိုယ့်ကိုယ်ကို The Flash လောက်နီးနီး လျှပ်စီးလက်သလိုမြန်တယ်အထင်နဲ့ သူ့အဖေမောင်းနေတဲ့ကားရှေ့ကနေကပ်ပြီး ဖြတ်ပြေးတဲ့သူငယ်ချင်းတစ်ကောင်အကြောင်းလဲ ကြားဖူးတယ်။ ကလေးတွေတင်မဟုတ်ပါဘူး။ လူကြီးတွေတောင် လူစွမ်းကောင်းလို့ခေါ်တဲ့ စူပါဟီးရိုဆိုကြိုက်ကြလွန်းလို့ အဲခေတ်က မြန်မာစူပါမင်းဆိုပြီး မင်းသားထွန်းလုံရှိန်က ဗီဒီယိုလား၊ ရုပ်ရှင်လားတောင်တစ်ကားရိုက်ခဲ့သေး။ နောက် တရုတ်သိုင်းကားလှိုင်းလုံးကြီး မြန်မာပြည်ကိုဝင်ဆောင့်တော့ စွန်ဝူးခုန်းကွ၊ ပိုးမင်းသားကွ၊ ကျန်ကျောင်းကွတွေဖြစ်ကုန်ကြရော။

အမေရိကန်နိုင်ငံထုတ် ကောမစ် comic ကာတွန်းတွေကဖန်တီးလိုက်တဲ့ စူပါဟီးရိုးတွေထဲမှာ ရှေးအကျဆုံးနဲ့ လူသိအများဆုံး၊ နာမည်အကြီးဆုံးက စူပါမင်းဖြစ်လိမ့်မယ်ထင်တယ်။ လူသားတစ်ယောက်စိတ်ကူးယဉ်ဖို့အကောင်းဆုံး အစွမ်းတွေအားလုံးဖြစ်တဲ့ မသေနိုင်တာ၊ မိုးပေါ်ပျံနိုင်တာ၊ လျှင်မြန်ဖြတ်လတ်တာ၊ အတိုင်းအဆမဲ့ခွန်အားကြီးတာ၊ စတဲ့အစွမ်းတွေကိုပိုင်ဆိုင်တဲ့ စူပါမင်းကို ဂြိုဟ်သားတစ်ယောက်အဖြစ်ပုံဖော်လို့ သူ့အစွမ်းတွေဘယ်လိုရခဲ့တဲ့အကြောင်းရှင်းပြခဲ့ကြတယ်။ နောက်တော့ မိုးကြိုးပစ်ခံရတဲ့ကောင်တွေ၊ ပင့်ကူကိုက်ခံရတဲ့ကောင်တွေ၊ ဓါတုပစ္စည်းတွေနဲ့ထိတွေ့ခဲ့တဲ့ကောင်တွေ အကုန်လုံး စူပါပါဝါတွေရပြီး စူပါဟီးရိုးတွေဖြစ်ကုန်ရော။ ကလေးဘဝမှာဘာမသိညာမသိနဲ့ မိုးကြိုးပစ်ခံရဖို့၊ ပင့်ကူကိုက်ခံရဖို့၊ ဓါတုပစ္စည်းပုံးကြီး ကိုယ့်ပေါ်မှောက်ကျဖို့ ကြိတ်ဆုတောင်းခဲ့တာတွေ မပြည့်ခဲ့တာကံကောင်း။ တစ်ချိန်ထဲမှာပဲ တရုတ်ပြည်က သိုင်းဝတ္ထုတွေထဲက လူစွမ်းကောင်းတွေကလဲ သူ့နည်းသူ့ဟန်နဲ့သူ မခေကြ။ နှစ်တစ်ထောင်ရေခဲတောင်ကြာပွင့်စားမိတဲ့ကောင်နဲ့၊ချောက်ထဲပြုတ်ကျပြီး ပြိုင်ဘက်ကင်းသိုင်းကျမ်းထုပ်နဲ့ညားတဲ့ကောင်နဲ့၊ နှစ်၅၀လောက်ကျင့်လာတဲ့အတွင်းအား သွင်းပေးခံရလို့ တစ်ညထဲနဲ့လူစွမ်းကောင်းဖြစ်သွားတဲ့ကောင်နဲ့ စွမ်းချက်တွေက အားကျစရာ။ ကိုယ့်မှာသာ ချောက်တွေ့ရင်ပဲ ခုန်ချရတော့မလို၊ တွေ့သမျှနွယ်ပင်၊ မြက်ပင်ပဲပြေးစားရတော့မလို၊ ဖုန်းတောင်းယာစကအဖိုးကြီးတွေမြင်ရင်ပဲ ဆရာပြေးခေါ်ရတော့မလိုနဲ့ ရူးခဲ့ရတာ။ စူပါဟီးရိုးရုပ်ရှင်၊ လူစွမ်းကောင်းရုပ်ရှင်ပါ တချို့အကြောင်းအရာတွေက လူကြီးတစ်ယောက်ကသာ ဖေးမရှင်းပြမှုမရှိခဲ့ရင် ကလေးသူငယ်တွေကို အထင်လွဲအမြင်လွဲဖြစ်ဖို့အားပေးနေသလိုလို။ သိပ်ကြိုက်ရတဲ့ အမေရိကန် စူပါဟီးရိုးအများစုကလဲ မတော်တဆဖြစ်မှုတွေကနေ စူပါပါဝါတွေ အချောင်ရလာကြသကိုး။

ဂျပန်ကာတွန်းရုပ်ရှင် anime တွေမှာတော့ လူစွမ်းကောင်းတွေက အမေရိကန်လူစွမ်းကောင်းဇာတ်ကောင်တွေပုံစံကနေသိသိသာသာခွဲထွက်လာတာ သတိထားမိတယ်။ ၁၉နှစ်လောက်ကြာအောင်ထုတ်လွှင့်ပြီး၊ ဟိုတလောလေးကမှဇာတ်သိမ်းသွားတဲ့ နာရူတို naruto ဇာတ်လမ်းတွဲ၊ နှစ်ပေါင်းနှစ်ဆယ်လောက်လွှင့်နေတာတောင် ဇာတ်မသိမ်းနိုင်သေးတဲ့ one piece ဇာတ်လမ်းတွဲနဲ့ တခြားနာမည်ကြီးဂျပန်ကာတွန်းရုပ်ရှင်တော်တော်များများမှာဆိုရင် စွမ်းတဲ့သူတစ်ယောက်ဖြစ်ဖို့ မလျှော့သောလုံ့လနဲ့ အကြီးအကျယ်ကြိုးစားအားထုတ်ဖို့လိုကြောင်း ဂျပန်ကလေးငယ်တွေကိုနမူနာပေးတယ်။ ဂျပန် anime ရုပ်ရှင်တွေထဲမှာ ပထမဆုံးအောင်မြင်သွားတဲ့ Dragon Ball မှာကတည်းက အဓိကဇာတ်ကောင် Goku ဟာပြောစမှတ်ပြုရလောက်အောင် ကြိုးစားအားထုတ်ခဲ့တယ်လို့ဆိုတယ်။ ဂျပန်ကာတွန်းလူစွမ်းကောင်းလောကမှာ ဘာမှ ကြိုးစားအားထုတ်၊ လေ့ကျင့်စရာမလိုပဲ အကောင်ကိုက်ခံရရုံ၊ ဆေးစားမှားရုံ၊ တခြားကမ္ဘာကလာရုံနဲ့ စူပါဟီးရိုးဖြစ်သွားတဲ့ကောင်မျိုးထက် အသည်းအသန်ကြိုးစားအားထုတ်လေ့ကျင့်ပြီး အဆင့်တွေတစ်ဆင့်ပြီး တစ်ဆင့်တက်သွားတဲ့လူစွမ်းကောင်းမျိုးကိုဦးစားပေးတယ်လို့ ဆိုရမှာပေါ့။

နေထိုင်တဲ့နိုင်ငံတွေကွဲပြားကြ၊ လူမျိုးတွေကွဲကြပေမဲ့ ကိုယ်မလုပ်နိုင်တဲ့အရာတွေကိုလုပ်နိုင်တဲ့ စူပါဟီးရိုးတွေကို ကြိုက်တတ်ကြတာချင်းကတော့ လူတိုင်းအတူတူပဲဖြစ်လိမ့်မယ်ထင်တယ်။ မြန်မာပြည်မှာလဲ ပျူစောထီး၊ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ သမိန်းဗရမ်း၊ လဂွန်းအိမ်ကစလို့ ဒီနေ့ခေတ် ဗိုလ်ချုပ်အောင်ဆန်းတို့သားအဖထိ သမိုင်းပါ၊ ဒဏ္ဍာရီပါ၊ ရာဇဝင်ပါလူစွမ်းကောင်းတွေကို နှစ်သက်သဘောကျကြတုန်းပါပဲ။ သူရဲကောင်းကိုပဲကိုးကွယ်လွန်းတဲ့အခါမှာ သူရဲကောင်းတစ်ယောက်ရဲ့စိတ်သဘောထားကြီးမြတ်မှု၊ ပေးဆပ်ရင်းနှီးခဲ့ရမှု၊ ကြိုးစားလေ့လာခဲ့ရမှု၊ သည်းခံလေ့ကျင့်ခဲ့မှုစတာတွေကိုအားမကျတော့ပဲ လူကြိုက်များမှု၊ ထင်ပေါ်ကျော်ကြားမှုတွေကိုသာအားကျရုံမက တစ်ခုခုဆိုရင်လဲ ကိုယ့်ဖက်ကကြိုးစားအားထုတ်မှုအစား သူရဲကောင်းကိုသာ ပုံအပ်ပြီးအားကိုးလိုတဲ့ သူရဲကောင်းမျှော်ဝါဒမျိုး မသိမသာနဲ့ တဖြည်းဖြည်းစိတ်ထဲမှာစွဲလာကြတော့တယ်။ စိတ်မထားတတ်တဲ့အတွက်ရတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလို့ပြောရမယ်ထင်တယ်။
စူပါဟီးရိုးတွေကို ကလေးတွေက ပေါ်ပေါ်တင်တင်သဘောကျတယ်၊ အားကျတယ်။ လူကြီးတွေက မသိစိတ်ထဲကနေစွဲလမ်းအားကျတယ်။ လူစွမ်းကောင်းတွေ၊ သူရဲကောင်းတွေ၊ စူပါဟီးရိုးတွေကိုချစ်သလို၊ အားကျသလို ကိုယ်ကိုယ်တိုင်ရဲ့ စိတ်နေစိတ်ထားနဲ့ ကြိုးစားအားထုတ်မှုကိုလဲမြှင့်တင်ဖို့တော့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ကလေးဘဝတုန်းကလိုမျိုး အကောင်အကိုက်ခံရချင်သလိုလို၊ ကားရှေ့ပြေးဝင်ပြီးအစွမ်းပြချင်သလိုလို၊ ပုဆိုးကျောမှာချည်ပြီး ခုန်ဆွခုန်ဆွလုပ်ချင်သလိုလိုအဆင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီတော့ စူပါဟီးရိုးတွေကိုအားကျတဲ့အခါ သူတို့စိတ်နေစိတ်ထားနဲ့ ကြိုးစားအားထုတ်လေ့လာမှုကိုပါအားကျဖို့ပါပဲ။ ။
(ဓါတ်ပုံ : Internet )

မောင်ဇိ
ဇူလိုင်၂၃၊ ၂၀၁၇။
___________________
စူပါဟီး႐ိုးမ်ားနဲ႔ ကြၽန္ေတာ့္ကမာၻ
-----------------------------
ဟိုး….ခပ္ငယ္ငယ္ ပထမတန္းကေလးဘဝမွာ “ငါတို႔ညီအစ္ကိုဆီမွာ လိပ္နင္ဂ်ာဝတ္စုံေတြရွိတယ္ကြ၊ ငါတို႔က ညမိုးခ်ဳပ္ရင္ အဲဒါေတြဝတ္ၿပီးကင္းလွည့္တာ” ဆိုတဲ့ သူငယ္ခ်င္းညီအစ္ကိုႏွစ္ေယာက္ရဲ႕ႂကြားလုံးေတြကို ကေလးပီပီ အဟုတ္မွတ္ၿပီး အထင္တႀကီးအားက်ခဲ့ဖူးတယ္။ သူငယ္ခ်င္းေတြအခ်င္းခ်င္း အၿပိဳင္အဆိုင္ေျပာၾက၊ ျငင္းၾကခုန္ၾက၊ မဟုတ္တာေတြအဟုတ္လုပ္ႂကြားၾကရင္းကေန ေက်ာမွာဝတ္႐ုံတပ္၊ ေလအရမ္းတိုက္ခ်ိန္မွာ အတင္းေျပးၿပီးခုန္လိုက္ရင္ စူပါမင္းလိုပ်ံႏိုင္လိမ့္မယ္လို႔ ေတြးခဲ့ၾကဖူးလို႔ အေဖေတြရဲ႕ပုဆိုးေတြလည္ပင္းမွာခ်ည္၊ စူပါမင္းဝတ္႐ုံလုပ္လို႔ ခုန္ဆြ ခုန္ဆြနဲ႔လဲေျပးခဲ့ၾကဖူးတယ္။ ၁၉၉၀ ျပည့္ႏွစ္ေတြမွာ တီဗီကေန The Flash ႐ုပ္ရွင္လာေတာ့ ကိုယ့္ကိုယ္ကို The Flash ေလာက္နီးနီး လွ်ပ္စီးလက္သလိုျမန္တယ္အထင္နဲ႔ သူ႔အေဖေမာင္းေနတဲ့ကားေရွ႕ကေနကပ္ၿပီး ျဖတ္ေျပးတဲ့သူငယ္ခ်င္းတစ္ေကာင္အေၾကာင္းလဲ ၾကားဖူးတယ္။ ကေလးေတြတင္မဟုတ္ပါဘူး။ လူႀကီးေတြေတာင္ လူစြမ္းေကာင္းလို႔ေခၚတဲ့ စူပါဟီး႐ိုဆိုႀကိဳက္ၾကလြန္းလို႔ အဲေခတ္က ျမန္မာစူပါမင္းဆိုၿပီး မင္းသားထြန္းလုံရွိန္က ဗီဒီယိုလား၊ ႐ုပ္ရွင္လားေတာင္တစ္ကား႐ိုက္ခဲ့ေသး။ ေနာက္ တ႐ုတ္သိုင္းကားလႈိင္းလုံးႀကီး ျမန္မာျပည္ကိုဝင္ေဆာင့္ေတာ့ စြန္ဝူးခုန္းကြ၊ ပိုးမင္းသားကြ၊ က်န္ေက်ာင္းကြေတြျဖစ္ကုန္ၾကေရာ။

အေမရိကန္ႏိုင္ငံထုတ္ ေကာမစ္ comic ကာတြန္းေတြကဖန္တီးလိုက္တဲ့ စူပါဟီး႐ိုးေတြထဲမွာ ေရွးအက်ဆုံးနဲ႔ လူသိအမ်ားဆုံး၊ နာမည္အႀကီးဆုံးက စူပါမင္းျဖစ္လိမ့္မယ္ထင္တယ္။ လူသားတစ္ေယာက္စိတ္ကူးယဥ္ဖို႔အေကာင္းဆုံး အစြမ္းေတြအားလုံးျဖစ္တဲ့ မေသႏိုင္တာ၊ မိုးေပၚပ်ံႏိုင္တာ၊ လွ်င္ျမန္ျဖတ္လတ္တာ၊ အတိုင္းအဆမဲ့ခြန္အားႀကီးတာ၊ စတဲ့အစြမ္းေတြကိုပိုင္ဆိုင္တဲ့ စူပါမင္းကို ၿဂိဳဟ္သားတစ္ေယာက္အျဖစ္ပုံေဖာ္လို႔ သူ႔အစြမ္းေတြဘယ္လိုရခဲ့တဲ့အေၾကာင္းရွင္းျပခဲ့ၾကတယ္။ ေနာက္ေတာ့ မိုးႀကိဳးပစ္ခံရတဲ့ေကာင္ေတြ၊ ပင့္ကူကိုက္ခံရတဲ့ေကာင္ေတြ၊ ဓါတုပစၥည္းေတြနဲ႔ထိေတြ႕ခဲ့တဲ့ေကာင္ေတြ အကုန္လုံး စူပါပါဝါေတြရၿပီး စူပါဟီး႐ိုးေတြျဖစ္ကုန္ေရာ။ ကေလးဘဝမွာဘာမသိညာမသိနဲ႔ မိုးႀကိဳးပစ္ခံရဖို႔၊ ပင့္ကူကိုက္ခံရဖို႔၊ ဓါတုပစၥည္းပုံးႀကီး ကိုယ့္ေပၚေမွာက္က်ဖို႔ ႀကိတ္ဆုေတာင္းခဲ့တာေတြ မျပည့္ခဲ့တာကံေကာင္း။ တစ္ခ်ိန္ထဲမွာပဲ တ႐ုတ္ျပည္က သိုင္းဝတၳဳေတြထဲက လူစြမ္းေကာင္းေတြကလဲ သူ႔နည္းသူ႔ဟန္နဲ႔သူ မေခၾက။ ႏွစ္တစ္ေထာင္ေရခဲေတာင္ၾကာပြင့္စားမိတဲ့ေကာင္နဲ႔၊ေခ်ာက္ထဲျပဳတ္က်ၿပီး ၿပိဳင္ဘက္ကင္းသိုင္းက်မ္းထုပ္နဲ႔ညားတဲ့ေကာင္နဲ႔၊ ႏွစ္၅၀ေလာက္က်င့္လာတဲ့အတြင္းအား သြင္းေပးခံရလို႔ တစ္ညထဲနဲ႔လူစြမ္းေကာင္းျဖစ္သြားတဲ့ေကာင္နဲ႔ စြမ္းခ်က္ေတြက အားက်စရာ။ ကိုယ့္မွာသာ ေခ်ာက္ေတြ႕ရင္ပဲ ခုန္ခ်ရေတာ့မလို၊ ေတြ႕သမွ်ႏြယ္ပင္၊ ျမက္ပင္ပဲေျပးစားရေတာ့မလို၊ ဖုန္းေတာင္းယာစကအဖိုးႀကီးေတြျမင္ရင္ပဲ ဆရာေျပးေခၚရေတာ့မလိုနဲ႔ ႐ူးခဲ့ရတာ။ စူပါဟီး႐ိုး႐ုပ္ရွင္၊ လူစြမ္းေကာင္း႐ုပ္ရွင္ပါ တခ်ိဳ႕အေၾကာင္းအရာေတြက လူႀကီးတစ္ေယာက္ကသာ ေဖးမရွင္းျပမႈမရွိခဲ့ရင္ ကေလးသူငယ္ေတြကို အထင္လြဲအျမင္လြဲျဖစ္ဖို႔အားေပးေနသလိုလို။ သိပ္ႀကိဳက္ရတဲ့ အေမရိကန္ စူပါဟီး႐ိုးအမ်ားစုကလဲ မေတာ္တဆျဖစ္မႈေတြကေန စူပါပါဝါေတြ အေခ်ာင္ရလာၾကသကိုး။

ဂ်ပန္ကာတြန္း႐ုပ္ရွင္ anime ေတြမွာေတာ့ လူစြမ္းေကာင္းေတြက အေမရိကန္လူစြမ္းေကာင္းဇာတ္ေကာင္ေတြပုံစံကေနသိသိသာသာခြဲထြက္လာတာ သတိထားမိတယ္။ ၁၉ႏွစ္ေလာက္ၾကာေအာင္ထုတ္လႊင့္ၿပီး၊ ဟိုတေလာေလးကမွဇာတ္သိမ္းသြားတဲ့ နာ႐ူတို naruto ဇာတ္လမ္းတြဲ၊ ႏွစ္ေပါင္းႏွစ္ဆယ္ေလာက္လႊင့္ေနတာေတာင္ ဇာတ္မသိမ္းႏိုင္ေသးတဲ့ one piece ဇာတ္လမ္းတြဲနဲ႔ တျခားနာမည္ႀကီးဂ်ပန္ကာတြန္း႐ုပ္ရွင္ေတာ္ေတာ္မ်ားမ်ားမွာဆိုရင္ စြမ္းတဲ့သူတစ္ေယာက္ျဖစ္ဖို႔ မေလွ်ာ့ေသာလုံ႔လနဲ႔ အႀကီးအက်ယ္ႀကိဳးစားအားထုတ္ဖို႔လိုေၾကာင္း ဂ်ပန္ကေလးငယ္ေတြကိုနမူနာေပးတယ္။ ဂ်ပန္ anime ႐ုပ္ရွင္ေတြထဲမွာ ပထမဆုံးေအာင္ျမင္သြားတဲ့ Dragon Ball မွာကတည္းက အဓိကဇာတ္ေကာင္ Goku ဟာေျပာစမွတ္ျပဳရေလာက္ေအာင္ ႀကိဳးစားအားထုတ္ခဲ့တယ္လို႔ဆိုတယ္။ ဂ်ပန္ကာတြန္းလူစြမ္းေကာင္းေလာကမွာ ဘာမွ ႀကိဳးစားအားထုတ္၊ ေလ့က်င့္စရာမလိုပဲ အေကာင္ကိုက္ခံရ႐ုံ၊ ေဆးစားမွား႐ုံ၊ တျခားကမာၻကလာ႐ုံနဲ႔ စူပါဟီး႐ိုးျဖစ္သြားတဲ့ေကာင္မ်ိဳးထက္ အသည္းအသန္ႀကိဳးစားအားထုတ္ေလ့က်င့္ၿပီး အဆင့္ေတြတစ္ဆင့္ၿပီး တစ္ဆင့္တက္သြားတဲ့လူစြမ္းေကာင္းမ်ိဳးကိုဦးစားေပးတယ္လို႔ ဆိုရမွာေပါ့။

ေနထိုင္တဲ့ႏိုင္ငံေတြကြဲျပားၾက၊ လူမ်ိဳးေတြကြဲၾကေပမဲ့ ကိုယ္မလုပ္ႏိုင္တဲ့အရာေတြကိုလုပ္ႏိုင္တဲ့ စူပါဟီး႐ိုးေတြကို ႀကိဳက္တတ္ၾကတာခ်င္းကေတာ့ လူတိုင္းအတူတူပဲျဖစ္လိမ့္မယ္ထင္တယ္။ ျမန္မာျပည္မွာလဲ ပ်ဴေစာထီး၊ အေနာ္ရထာ၊ က်န္စစ္သား၊ ဘုရင့္ေနာင္၊ သမိန္းဗရမ္း၊ လဂြန္းအိမ္ကစလို႔ ဒီေန႔ေခတ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔သားအဖထိ သမိုင္းပါ၊ ဒ႑ာရီပါ၊ ရာဇဝင္ပါလူစြမ္းေကာင္းေတြကို ႏွစ္သက္သေဘာက်ၾကတုန္းပါပဲ။ သူရဲေကာင္းကိုပဲကိုးကြယ္လြန္းတဲ့အခါမွာ သူရဲေကာင္းတစ္ေယာက္ရဲ႕စိတ္သေဘာထားႀကီးျမတ္မႈ၊ ေပးဆပ္ရင္းႏွီးခဲ့ရမႈ၊ ႀကိဳးစားေလ့လာခဲ့ရမႈ၊ သည္းခံေလ့က်င့္ခဲ့မႈစတာေတြကိုအားမက်ေတာ့ပဲ လူႀကိဳက္မ်ားမႈ၊ ထင္ေပၚေက်ာ္ၾကားမႈေတြကိုသာအားက်႐ုံမက တစ္ခုခုဆိုရင္လဲ ကိုယ့္ဖက္ကႀကိဳးစားအားထုတ္မႈအစား သူရဲေကာင္းကိုသာ ပုံအပ္ၿပီးအားကိုးလိုတဲ့ သူရဲေကာင္းေမွ်ာ္ဝါဒမ်ိဳး မသိမသာနဲ႔ တျဖည္းျဖည္းစိတ္ထဲမွာစြဲလာၾကေတာ့တယ္။ စိတ္မထားတတ္တဲ့အတြက္ရတဲ့ ေဘးထြက္ဆိုးက်ိဳးတစ္ခုလို႔ေျပာရမယ္ထင္တယ္။
စူပါဟီး႐ိုးေတြကို ကေလးေတြက ေပၚေပၚတင္တင္သေဘာက်တယ္၊ အားက်တယ္။ လူႀကီးေတြက မသိစိတ္ထဲကေနစြဲလမ္းအားက်တယ္။ လူစြမ္းေကာင္းေတြ၊ သူရဲေကာင္းေတြ၊ စူပါဟီး႐ိုးေတြကိုခ်စ္သလို၊ အားက်သလို ကိုယ္ကိုယ္တိုင္ရဲ႕ စိတ္ေနစိတ္ထားနဲ႔ ႀကိဳးစားအားထုတ္မႈကိုလဲျမႇင့္တင္ဖို႔ေတာ့ လိုအပ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ ကေလးဘဝတုန္းကလိုမ်ိဳး အေကာင္အကိုက္ခံရခ်င္သလိုလို၊ ကားေရွ႕ေျပးဝင္ၿပီးအစြမ္းျပခ်င္သလိုလို၊ ပုဆိုးေက်ာမွာခ်ည္ၿပီး ခုန္ဆြခုန္ဆြလုပ္ခ်င္သလိုလိုအဆင့္ပဲ ျဖစ္ပါလိမ့္မယ္။ ဒီေတာ့ စူပါဟီး႐ိုးေတြကိုအားက်တဲ့အခါ သူတို႔စိတ္ေနစိတ္ထားနဲ႔ ႀကိဳးစားအားထုတ္ေလ့လာမႈကိုပါအားက်ဖို႔ပါပဲ။ ။
(ဓါတ္ပုံ : Internet )

ေမာင္ဇိ
ဇူလိုင္၂၃၊ ၂၀၁၇။