နှင်းတောထဲက အရှည်ကြာဆုံးညတစ်ည
*****************************
နှင်းလွင်ပြင်ကိုဖြတ်၊ ရေခဲမြစ်ကိုကျော်ပြီးလို့ နှင်းတွေနဲ့ဖွေးဖွေးလှုပ်နေတဲ့ သစ်ပင်အုပ်လေးတွေကြားက လူသွားလမ်းလေးအတိုင်း ကုန်းမြင့်လေးပေါ်ကိုတက်သွားရင် နှင်းဖုံးနေတဲ့ခေါင်မိုးဖြူဖြူလေးတွေပေါ်မှာမီးခိုးခေါင်းတိုင်လေးတွေ အစီအရီနဲ့ နဲ့ ချစ်စရာသစ်လုံးအိမ်လေးတွေလေး ငါးလုံး၊ ခြောက်လုံးလောက် ဟိုနားတစ်လုံး၊ ဒီနားတစ်လုံးပြန့်ကြဲနေတာတွေ့ရတယ်။
ဆွီဒင်နိုင်ငံရဲ့ မြောက်ဖျားပိုင်း ကီရူးနား(Kiruna)မြို့လေးရဲ့အရှေ့စူးစူးမှာ ဒီစခန်းလေးရှိတယ်။ ကမ္ဘာကြီးရဲ့မြောက်ဘက်အစွန်း၊ မြောက်ဝင်ရိုးစွန်းနဲ့နီးတဲ့အပိုင်းမှာပေါ့။ ကျွန်တော်တို့တွေစခန်းလေးကို ရောက်ချိန်မှာ ညနေ ၃ နာရီဝန်းကျင်လောက်ပဲရှိသေးပေမယ့် မြန်မာပြည်က ညနေ(၆)နာရီကျော်လောက်လို မှောင်စပျိုးနေပြီ။
ကီရူးနားမြို့ကနေ ရေခဲမြစ်လေးရဲ့ဟိုဘက်ကမ်းထိ ကားမောင်းလို့တစ်သွယ်၊ နှင်းလျှောစီးဆိုင်ကယ်တွေနဲ့တစ်ဖုံရောက်အောင်လိုက်ပို့ခဲ့တဲ့ ကားဆရာကြီးက ကျွန်တော်တို့အဖွဲ့ကို ရေခဲမြစ်လေးရဲ့ဘေးမှာ သူ့သားဖြစ်သူ အိုင်ဗန်ရဲ့လက်ထဲကိုအပ်လိုက်ပြီး ဘူတာမှာလူထပ်သွားကြိုဖို့ပြန်သွားခဲ့တယ်။ ရေခဲမြစ်ကိုရော်ဘာအသက်ကယ်လှေလေးနဲ့ဖြတ်ပြီးတဲ့နောက် အိုင်ဗန်ကဦးဆောင်ပြီးကျွန်တော်တို့ကို သစ်သားအိမ်လေးတစ်လုံးထဲကိုခေါ်သွားတာပါ။ နီဝါရောင်မီးရောင်အောက်က အခန်းလေးကနွေးထွေးနေတယ်။ နံရံဘေးကမီးလင်းဖိုလေးမှာ မီးတောက်လေးတွေက တဖျစ်ဖျစ်မြည်လို့။ အခန်းထဲက စားပွဲရှည်ကြီးမှာထိုင်ပြီး ပတ်ပတ်လည်ကိုအကဲခတ်တော့နံရံပေါ်မှာ အမဲလိုက်သေနတ်တွေ၊ သမင်ဂျိုတွေ၊ ဝက်ဝံသားရေတွေ ချိတ်ထားတာတွေ့ရတယ်။
"ကဲ...မင်းတို့ကို သမင်သွေးနဲ့ဖျော်ထားတဲ့ အဖျော်ယမကာပူပူလေးတိုက်မယ်။ ဒါမှ နှင်းတောထဲကလာတဲ့ မင်းတို့ကိုယ်တွေနွေးသွားအောင်” လို့ပြောပြီး နီညိုရောင်အရည်နွေးနွေးလေးတွေထည့်ထားတဲ့ခွက်လေးတွေကမ်းပေးတာက အရပ်ရှည်ရှည်၊ အသားဖြူဖြူနဲ့ ဆွီဒင်လူမျိုး ကောင်မလေး။ နာမည်က "မာတာ" တဲ့။ အိုင်ဗန်မိတ်ဆက်ပေးလို့သိတာပါ။ အိုင်ဗန်ရဲ့ညီမတဲ့။
သမင်သွေးနဲ့ တစ်ကယ်ဖျော်မဖျော်တော့မသိပါဘူး။ ခပ်ဖိန်းဖိန်းလေးနဲ့သောက်လို့တော့ ကောင်းတယ်။ တစ်ခွက်လုံးကုန်သွားတော့ လူလဲ တော်တော်နွေးသွားတယ်လို့ ခံစားရတယ်။
ခဏလေးနားပြီးတော့ ပေါင်မုန့်ပြားလိုလို၊ နံပြားလိုလိုအချပ်လေးတွေကို ခြင်းသေးသေးလေးထဲမှာထည့်ပြီး ကျွေးပြန်တယ်။ အာလူးလေးတွေ၊ အသားလေးတွေနဲ့ အသီးအရွက်တစ်ချို့ပါတဲ့ ဟင်းရည်ပူပူမွှေးမွှေးလေးနဲ့တို့စားရတာပါ။ တော်တော်စားကောင်းပါတယ်။ အေးနေတဲ့အချိန်မှာ အနွေးဓါတ်လေးဝင်သွားတာပေါ့။
စားသောက်ပြီးတော့ အိုင်ဗန်ကကျွန်တော်တို့နေရမယ့်သစ်သားအိမ်လေးကို လိုက်ပြတယ်။ အိမ်အဝင်တံခါးက သစ်သားတံခါးအထူကြီး။ အထဲကနေအပြင်ကိုတွန်းဖွင့်ရတဲ့တံခါးအမျိုးအစား။ တစ်ချပ်ထဲပေမယ့် အင်မတန် လေးပါတယ်။ အိမ်နံရံကလဲ အောက်ခြေကား၊ အပေါ်ရှူးဒီဇိုင်းဆိုတော့ တံခါးကနံရံပေါ်မှာပါ မှီနေသေးတာ။လေတိုက်ရုံနဲ့ မပွင့်အောင်၊ နှင်းမဝင်နိုင်အောင် တမင်အလေးကြီးလုပ်ထားပုံရတယ်။
အိမ်လေးက အိပ်ခန်းနှစ်ခန်းနဲ့ ဧည့်ခန်းလေးပဲပါတယ်။ သစ်လုံးလေးတွေနဲ့ကာထားတဲ့အိပ်ခန်းလေးနှစ်ခန်းလုံးမှာ တံခါးမပါဘူး။ နံရံနှစ်ဖက်မှာ နှစ်ထပ်၊ သုံးထပ်သစ်သားစင်လေးတွေကို ကုတင်အဖြစ်နံရံနဲ့တွဲပြီးရိုက်ထားတယ်။ ဧည့်ခန်းမှာ ထင်းမီးနဲ့သုံးရတဲ့မီးလင်းဖိုလေးနဲ့ အဖွဲ့လိုက်ဝိုင်းထိုင်ရတဲ့ သစ်သားစားပွဲခုံလေး။ စားပွဲဘေးက နံရံနဲ့ကပ်လျက် ခုံတန်းရှည်လေးပေါ်မှာ ဝက်ဝံမွေးခင်းထားတယ်။ သန့်စင်ခန်းကခပ်လှမ်းလှမ်းသစ်သားတဲလေးတစ်လုံးမှာ။
အိုင်ဗန်က ကျွန်တော်တို့ကို ရေပုံးလေးတွေပေးပြီး အလာတုန်းကဖြတ်ခဲ့တဲ့စမ်းချောင်းလေးကို ခေါ်သွားတယ်။ အေးစက်နေတဲ့ရေခဲရေပုံးလေးတွေကို တစ်ယောက်တစ်ပုံးဆွဲပြီး ကုန်းမြင့်လေးကိုပြန်တက်ရပြန်တယ်။ အိုင်ဗန်ကရေတစ်ပုံးဆွဲထားတဲ့အပြင် ဓါတ်မီးလေးနဲ့ပါ လူသွားလမ်းဖွေးဖွေးလေးကိုထိုးထိုးပြတယ်။ ကိုယ်သုံးရမယ့်ရေကို ကိုယ်ခပ်ကြရတာပါ။
ကျွန်တော့ရေပုံးကို အိမ်ရှေ့မှာ ခဏချ၊ သူငယ်ချင်းတွေဝင်ဖို့ တံခါးကြီးကို ဖွင့်ပြီးကိုင်ထားပေးလိုက်တယ်။ ပြီးတော့အထဲကိုလိုက်ဝင်သွားတာ ကျွန်တော့ရေပုံးတော့ အပြင်မှာမေ့ခဲ့လေရဲ့။
နာရီဝက်လောက်ကြာမှသတိရလို့သွားယူတော့ ရေပုံးထဲကရေတွေက အပေါ်ယံမျက်နှာပြင်တောင်ရေခဲဖြစ်နေပြီ။ အနှုတ် နှစ် ဒီဂရီဆိုတာ တကယ်အေးတာပါ။ စမ်းချောင်းလေးကရေက သန့်ရှင်းလွန်းလို့ သောက်တော့လဲ ဒီရေကိုပဲ မကျိုမချက်ပဲ သောက်ကြရတာပါ။
ခဏအကြာမှာ အိုင်ဗန်လာခေါ်လို့ သစ်သားအိမ်လေးတစ်လုံးဘေးမှာ ပုံထားတဲ့သစ်တုံးလေးတွေကိုယူပြီး ပုဆိန်လေးတစ်လက်နဲ့ခွဲကြရပြန်တယ်။ အဲဒီအချိန်မှာ နောက်ထပ်လူငယ်တစ်ဖွဲ့လဲထပ်ရောက်နေတာတွေ့ရတယ်။ အသက်နှစ်ဆယ်၊အစိတ်ဝန်းကျင် အာရှတိုက်သား ကောင်လေး ကောင်မလေးတွေ။ ကိုယ့်တဲကမီးလင်းဖိုတွေမှာသုံးဖို့ ထင်းတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ခွဲပြီးကြတော့ အချိန်က ညနေ ၆နာရီဝန်းကျင်ပဲရှိသေးတယ်။ တစ်လောကလုံးကတော့ မှောင်လို့။
ည ၇ နာရီမှာ နောက်ထပ်သစ်သားတဲသေးသေးလေးတစ်လုံးထဲမှာ ညစာစားကြရတယ်။ အလယ်ကောင်မှာ မီးဖိုလေးနဲ့ မီးဖိုလေးကိုဝိုင်းပြီး ကျွန်တော်တို့တစ်သိုက်နဲ့။ အိုင်ဗန်ရဲ့ညီမ မာတာ က ကျွန်တော်တို့ စားဖို့ ဝက်အူချောင်းကြီးတွေ၊ အသားပြားတွေ၊ ဟင်းသီးဟင်းရွက်တွေလှီးပေးထားခဲ့ပြီး သူ့အဖေနဲ့ကီရူးနားကိုပြန်လိုက်သွားပြီ။
မီးပုံလေးမှာဝိုင်းထိုင်ပြီး အစားအသောက်တွေကို သံချောင်းလေးတွေနဲ့ထိုးလို့ ကိုယ်တိုင်ကင်စားရတယ်။ ဇရပ်လို တစ်ခန်းပဲရှိတဲ့ ဒီသစ်သားတဲလေးတစ်ခုလုံးမှာ ကျွန်တော်တို့လူတွေနဲ့ပြည့်လို့။
Aurora Borealis လို့ခေါ်တဲ့ဝင်ရိုးစွန်းအလင်းတန်းလေးတွေကိုမြင်ရဖို့က ကောင်းကင်ကြီးက ကြည်လင်နေဖို့လိုပါတယ်။ နှင်းကျနေပြန်ရင်လည်း မမြင်ရ။ နွေရာသီဆိုလည်း နေ့တာရှည်လို့ မမြင်ရ။ ဒီဇင်ဘာ၊ ဇန်နဝါရီလတွေလို ညတာအရမ်းရှည်တဲ့၊ တစ်နေ့ကို အလင်းရောင် ၄ နာရီလောက်ပဲရတဲ့အချိန်မျိုးမှာမှ မြင်ရဖို့အခွင့်အလမ်းတွေကောင်းတာပါ။ ကျွန်တော်တို့ရောက်ကတည်းကတော့ နှင်းတွေကျနေလို့ ကောင်းကင်ကမကြည်လင်ပါဘူး။
ဒီလိုနဲ့ ညစာစာပြီးတဲ့နောက် စခန်းထဲမှာပဲ ဟိုလျှောက်ဒီလျှောက်လုပ်ရင်း ဝင်ရိုးစွန်းအလင်းတန်းလေးတွေကိုမျှော်ရတယ်။
နောက်တော့ သစ်သားအိမ်လေးထဲဝင် စုပြီးဝိုင်းထိုင်ကြရင်း ရောက်တတ်ရာရာပြောကြပြန်ရော။
နာရီပေါင်းများစွာစောင့်တာတောင်ရာသီဥတုက မကြည်လင်တာနဲ့ အခန်းလေးနှစ်ခန်းမှာ ယောက်ျားလေးတစ်ခန်း၊ မိန်းကလေးတစ်ခန်းခွဲပြီးအိပ်လိုက်ကြတယ်။
ကျွန်တော်တို့အဖွဲ့နဲ့ နောက်ရောက်လာတဲ့အဖွဲ့ကသူတွေပါပေါင်းလို့ပေါ့။
သူတို့ထဲက တစ်ချို့က ဆွီဒင်မှာကျောင်းလာတက်ကြတဲ့ တရုတ်လူမျိုးတွေ။ တစ်ချို့ကတော့ Student Exchange အစီအစဥ်နဲ့ ဆွီဒင်မှာတစ်နှစ်လာနေတာ။
အိပ်ရာတွေထဲက ခေါင်းမိုးနဲ့ကပ်နေတဲ့အပေါ်ဆုံးအဆင့်အိပ်ရာလေးက ကျဥ်းပြီးတက်ရဆင်းရခက်လို့ ဘယ်သူမှသိပ်မလိုချင်တာနဲ့ ကျွန်တော်ယူလိုက်တယ်။ အပေါ်ဆုံးမှာတစ်ယောက်ထဲဆိုတော့ အေးအေးချမ်းချမ်းရှိမယ်လို့တွက်လိုက်တာလဲပါတယ်။
တကယ်တော့မအေးချမ်းပါဘူး။
ညလယ်လောက်ရောက်တော့ အိမ်ထဲမှာဖိုထားတဲ့ထင်းမီးလင်းဖိုရဲ့အပူရှိန်က တစ်အိမ်လုံးကိုနွေးစေပြီး နံရံတွေကိုတော့ ပူစေတယ်နဲ့တူတယ်။
ကျွန်တော်နေတဲ့ ထပ်ခိုးအိပ်ရာလေးက ပူလာလို့ အပေါ်အင်္ကျီတွေချွတ်ပစ်ရတယ်။ ဒါလဲ အိပ်မရလောက်အောင်ဆက်ပြီး ပူနေလို့ အိပ်ရာပေါ်ကဆင်းပြီး အိမ်အပြင်ဘက်နှင်းတွေထဲမှာ ထွက်ထိုင်နေလိုက်တယ်။
ကျွန်တော့လိုပဲ အပြင်မှာထွက်နေတဲ့ ဆမ် ကိုတွေ့တယ်။ ဆမ်က စင်ကာပူလူမျိုး။ တခြားအဖွဲ့နဲ့ပါလာတာ။
"နှင်းတွေကတော့ မရပ်သွားဘူးကွာ။ ဒီညတော့ Aurora ကိုမမြင်ရလောက်တော့ဘူး" လို့သူကဆိုတယ်။ တစ်နာရီလောက်ကြာအောင် စကားတွေပြောနေကြပြီး နည်းနည်းအေးလာမှပဲ အိပ်ရာထဲကိုပြန်ဝင်ဖြစ်တော့တယ်။
ရောက်ကတည်းက ညဖြစ်နေတာ နောက်နေ့မနက် ၁၀ နာရီလောက်ထိ၊ ပြီးတော့လဲ တစ်ညလုံးနီးပါးနိုးပြီး အိမ်ထဲဝင်လိုက်၊ နှင်းထဲထွက်လိုက်လုပ်နေတာဆိုတော့ ဘဝမှာ တစ်ခါမှမကြုံဖူးတဲ့ အရှည်ဆုံးညလို့ပြောရမှာပဲ။
နောက်နေ့မနက်ရောက်တော့ အိုင်ဗန်ကဘူတာကိုမပြန်ခင် မနက်ပိုင်း စခန်းမှာလုပ်လို့ရတဲ့ အစီအစဥ်တွေကိုပြောပြတယ်။
ရေခဲငါးမျှားလို့ရတယ်။ လေသေနတ်ပစ်လို့ရတယ်။ နှင်းလျှောစီးလို့ရတယ်။ သမင်ကြီးတွေလိုက်ကြည့်လို့ရတယ်။ သမင်ကြီးတွေလိုက်ကြည့်တာက တွေ့ဖို့တော့ သိပ်မသေချာဘူးတဲ့။ သဘာဝအတိုင်းရှိတဲ့နေရာတွေမှာလိုက်ကြည့်ရမှာ။
ငါးမျှားတာကလဲ ငုတ်တုတ်ထိုင်နေရမှာ။
ဒါကြောင့် လေသေနတ်ပစ်ဖို့နဲ့ နှင်းလျှောစီးဖို့ရွေးလိုက်ပြီး သူပေးတဲ့ သေနတ်၊ ကျည်ဆံတွေနဲ့နှင်းလျှောစီးကိရိယာတွေယူထားလိုက်တယ်။
ကျန်တဲ့သူတွေလဲ သူတို့လုပ်ချင်ရာ အသီးသီးရွေးပြီး ခွဲထွက်သွားကြတယ်။
သေနတ်က နှင်းထဲမှာ သံဘူးလေးတွေ၊ စက်ကွင်းလေးတွေကိုပဲပစ်ရတာဆိုတော့ ပျင်းလာတယ်။
ဒါနဲ့ ကျွန်တော်နဲ့အတူလာတဲ့ စင်ကာပူတရုတ်ကလေး ဝေနင်းကိုခေါ်ပြီးစခန်းကုန်းမြင့်လေးပေါ်ကနေ ရေခဲမြစ်ရှိရာဘက်ကို နှင်းလျှောစီးစကိတ်ပြားကြီးတွေခြေထောက်တစ်ဖက်စီမှာတပ်၊ လက်မှာလဲနှင်းလျှောစီးတုတ်တွေကိုင်ပြီး လျှောချကြတယ်။ နှစ်ယောက်သား မှောက်လဲလိုက်၊ ပေါင်ကြီးတွေကားထွက်သွားလိုက်၊ ဘဲသွားသွားလိုက်နဲ့ ရေခဲမြစ်ဘေးကနှင်းတောထဲကိုရောက်သွားတယ်။
ဓါတ်ပုံရိုက်ဖို့ ဖုန်းတွေထုတ်ကြတာ တစ်ပုံထက်ပိုရိုက်လို့မရ။ ဖုန်းကဖွင့်ပြီးတာနဲ့ အေးလွန်းလို့ ပါဝါပြန်ပြန်ပိတ်သွားတာ။ သူ့ဖုန်းရော၊ ကျွန်တော့ဖုန်းရော သုံးမရ။
ဖုန်းကိုဗိုက်အောက်ထဲမှာဖွင့် အမြန်ထုတ်ဓါတ်ပုံရိုက်၊ ဖုန်းကပြန်ပိတ်သွားနဲ့ တော်တော်ကြိုးစားလိုက်ရတယ်။
ငါးမျှားတဲ့သူတွေကတော့ ရေခဲပေါ်မှာအပေါက်ဝိုင်းလေးဖြစ်အောင်လွှလေးနဲ့တိုက်၊ အဲဒီကနေ ငါးမျှားတံလေးချပြီး မျှားကြတယ်။ တစ်ယောက်မှတော့ ငါးမိတာမတွေ့မိပါဘူး။
ဒီလိုနဲ့နေ့လည်စာ စားသောက်ပြီးတော့ ကျွန်တော်တို့ကို အိုင်ဗန့်အဖေကစခန်းမှာ ပြန်လာခေါ်တယ်။ ဒီတစ်ခါတော့ ရေခဲမြစ်ကနေကားလမ်းမရောက်တဲ့ထိ နှင်းလျှောစီးဆိုင်ကယ်မောင်းတဲ့သူ ဝေနင်းဖြစ်သွားလို့ ဘုရား တ ပြီးလိုက်ရတဲ့သူတွေက ကျွန်တော်တို့ဖြစ်သွားတယ်။
အလာတုန်းကတော့ နှင်းလျှောစီးဆိုင်ကယ်ကို ကျွန်တော်ခပ်ကြမ်းကြမ်းလေးများ ကွေ့လိုက်ရင် ကျွန်တော့ဆိုင်ကယ်နောက်မှာတွဲထားတဲ့ ဆွပ်ဖားပေါ်က သူတို့တွေကြောက်လန့်တကြား အော်ကြ၊ဟစ်ကြတာကြည့်ပြီး သဘောတွေကျလို့။
ခုတော့ ကျွန်တော်လန့်ရတဲ့အလှည့်ပေါ့။
ကားဆရာကြီးက ကျွန်တော်တို့ကို ရထားချိန်အမှီကီရူးနားဘူတာကိုပြန်လိုက်ပို့ပေးခဲ့တယ်။
ကျွန်တော်တို့က မြောက်ဘက်ပိုကျတဲ့ ဆွီဒင်က အာဘစ်စကို (Abisko) မြို့လေး၊ အဲဒီကမှတဆင့်နော်ဝေကိုသွားပြီး ထရွန်ဆို (Tromso) မြို့လေးမှာ Aurora ကိုမတွေ့မချင်း Aurora Hunt ဆက်လုပ်ဖို့ ခရီးဆက်ရဦးမှာ မဟုတ်လား။
ဝင်ရိုးစွန်းအလင်းတန်း Aurora ကိုမတွေ့ခဲ့ရပေမယ့် ဒီစခန်းလေးမှာ နေခဲ့တဲ့ အင်မတန်ရှည်ကြာတဲ့ညလေးကတော့ ကျွန်တော့ဘဝမှာညတာအရှည်ဆုံးညတစ်ည အနေနဲ့ အမှတ်ရစရာပါပဲ။
မောင်ဇိ ( ၁၅၊၀၇၊၂၀၂၀)
_______________
(Zawgyi)
ႏွင္းေတာထဲက အရွည္ၾကာဆုံးညတစ္ည
*****************************
ႏွင္းလြင္ျပင္ကိုျဖတ္၊ ေရခဲျမစ္ကိုေက်ာ္ၿပီးလို႔ ႏွင္းေတြနဲ႔ေဖြးေဖြးလႈပ္ေနတဲ့ သစ္ပင္အုပ္ေလးေတြၾကားက လူသြားလမ္းေလးအတိုင္း ကုန္းျမင့္ေလးေပၚကိုတက္သြားရင္ ႏွင္းဖုံးေနတဲ့ေခါင္မိုးျဖဴျဖဴေလးေတြေပၚမွာမီးခိုးေခါင္းတိုင္ေလးေတြ အစီအရီနဲ႔ နဲ႔ ခ်စ္စရာသစ္လုံးအိမ္ေလးေတြေလး ငါးလုံး၊ ေျခာက္လုံးေလာက္ ဟိုနားတစ္လုံး၊ ဒီနားတစ္လုံးျပန္႔ႀကဲေနတာေတြ႕ရတယ္။
ဆြီဒင္ႏိုင္ငံရဲ႕ ေျမာက္ဖ်ားပိုင္း ကီ႐ူးနား(Kiruna)ၿမိဳ႕ေလးရဲ႕အေရွ႕စူးစူးမွာ ဒီစခန္းေလးရွိတယ္။ ကမာၻႀကီးရဲ႕ေျမာက္ဘက္အစြန္း၊ ေျမာက္ဝင္႐ိုးစြန္းနဲ႔နီးတဲ့အပိုင္းမွာေပါ့။ ကြၽန္ေတာ္တို႔ေတြစခန္းေလးကို ေရာက္ခ်ိန္မွာ ညေန ၃ နာရီဝန္းက်င္ေလာက္ပဲရွိေသးေပမယ့္ ျမန္မာျပည္က ညေန(၆)နာရီေက်ာ္ေလာက္လို ေမွာင္စပ်ိဳးေနၿပီ။
ကီ႐ူးနားၿမိဳ႕ကေန ေရခဲျမစ္ေလးရဲ႕ဟိုဘက္ကမ္းထိ ကားေမာင္းလို႔တစ္သြယ္၊ ႏွင္းေလွ်ာစီးဆိုင္ကယ္ေတြနဲ႔တစ္ဖုံေရာက္ေအာင္လိုက္ပို႔ခဲ့တဲ့ ကားဆရာႀကီးက ကြၽန္ေတာ္တို႔အဖြဲ႕ကို ေရခဲျမစ္ေလးရဲ႕ေဘးမွာ သူ႔သားျဖစ္သူ အိုင္ဗန္ရဲ႕လက္ထဲကိုအပ္လိုက္ၿပီး ဘူတာမွာလူထပ္သြားႀကိဳဖို႔ျပန္သြားခဲ့တယ္။ ေရခဲျမစ္ကိုေရာ္ဘာအသက္ကယ္ေလွေလးနဲ႔ျဖတ္ၿပီးတဲ့ေနာက္ အိုင္ဗန္ကဦးေဆာင္ၿပီးကြၽန္ေတာ္တို႔ကို သစ္သားအိမ္ေလးတစ္လုံးထဲကိုေခၚသြားတာပါ။ နီဝါေရာင္မီးေရာင္ေအာက္က အခန္းေလးကေႏြးေထြးေနတယ္။ နံရံေဘးကမီးလင္းဖိုေလးမွာ မီးေတာက္ေလးေတြက တဖ်စ္ဖ်စ္ျမည္လို႔။ အခန္းထဲက စားပြဲရွည္ႀကီးမွာထိုင္ၿပီး ပတ္ပတ္လည္ကိုအကဲခတ္ေတာ့နံရံေပၚမွာ အမဲလိုက္ေသနတ္ေတြ၊ သမင္ဂ်ိဳေတြ၊ ဝက္ဝံသားေရေတြ ခ်ိတ္ထားတာေတြ႕ရတယ္။
"ကဲ...မင္းတို႔ကို သမင္ေသြးနဲ႔ေဖ်ာ္ထားတဲ့ အေဖ်ာ္ယမကာပူပူေလးတိုက္မယ္။ ဒါမွ ႏွင္းေတာထဲကလာတဲ့ မင္းတို႔ကိုယ္ေတြေႏြးသြားေအာင္” လို႔ေျပာၿပီး နီညိဳေရာင္အရည္ေႏြးေႏြးေလးေတြထည့္ထားတဲ့ခြက္ေလးေတြကမ္းေပးတာက အရပ္ရွည္ရွည္၊ အသားျဖဴျဖဴနဲ႔ ဆြီဒင္လူမ်ိဳး ေကာင္မေလး။ နာမည္က "မာတာ" တဲ့။ အိုင္ဗန္မိတ္ဆက္ေပးလို႔သိတာပါ။ အိုင္ဗန္ရဲ႕ညီမတဲ့။
သမင္ေသြးနဲ႔ တစ္ကယ္ေဖ်ာ္မေဖ်ာ္ေတာ့မသိပါဘူး။ ခပ္ဖိန္းဖိန္းေလးနဲ႔ေသာက္လို႔ေတာ့ ေကာင္းတယ္။ တစ္ခြက္လုံးကုန္သြားေတာ့ လူလဲ ေတာ္ေတာ္ေႏြးသြားတယ္လို႔ ခံစားရတယ္။
ခဏေလးနားၿပီးေတာ့ ေပါင္မုန္႔ျပားလိုလို၊ နံျပားလိုလိုအခ်ပ္ေလးေတြကို ျခင္းေသးေသးေလးထဲမွာထည့္ၿပီး ေကြၽးျပန္တယ္။ အာလူးေလးေတြ၊ အသားေလးေတြနဲ႔ အသီးအ႐ြက္တစ္ခ်ိဳ႕ပါတဲ့ ဟင္းရည္ပူပူေမႊးေမႊးေလးနဲ႔တို႔စားရတာပါ။ ေတာ္ေတာ္စားေကာင္းပါတယ္။ ေအးေနတဲ့အခ်ိန္မွာ အေႏြးဓါတ္ေလးဝင္သြားတာေပါ့။
စားေသာက္ၿပီးေတာ့ အိုင္ဗန္ကကြၽန္ေတာ္တို႔ေနရမယ့္သစ္သားအိမ္ေလးကို လိုက္ျပတယ္။ အိမ္အဝင္တံခါးက သစ္သားတံခါးအထူႀကီး။ အထဲကေနအျပင္ကိုတြန္းဖြင့္ရတဲ့တံခါးအမ်ိဳးအစား။ တစ္ခ်ပ္ထဲေပမယ့္ အင္မတန္ ေလးပါတယ္။ အိမ္နံရံကလဲ ေအာက္ေျခကား၊ အေပၚရႉးဒီဇိုင္းဆိုေတာ့ တံခါးကနံရံေပၚမွာပါ မွီေနေသးတာ။ေလတိုက္႐ုံနဲ႔ မပြင့္ေအာင္၊ ႏွင္းမဝင္ႏိုင္ေအာင္ တမင္အေလးႀကီးလုပ္ထားပုံရတယ္။
အိမ္ေလးက အိပ္ခန္းႏွစ္ခန္းနဲ႔ ဧည့္ခန္းေလးပဲပါတယ္။ သစ္လုံးေလးေတြနဲ႔ကာထားတဲ့အိပ္ခန္းေလးႏွစ္ခန္းလုံးမွာ တံခါးမပါဘူး။ နံရံႏွစ္ဖက္မွာ ႏွစ္ထပ္၊ သုံးထပ္သစ္သားစင္ေလးေတြကို ကုတင္အျဖစ္နံရံနဲ႔တြဲၿပီး႐ိုက္ထားတယ္။ ဧည့္ခန္းမွာ ထင္းမီးနဲ႔သုံးရတဲ့မီးလင္းဖိုေလးနဲ႔ အဖြဲ႕လိုက္ဝိုင္းထိုင္ရတဲ့ သစ္သားစားပြဲခုံေလး။ စားပြဲေဘးက နံရံနဲ႔ကပ္လ်က္ ခုံတန္းရွည္ေလးေပၚမွာ ဝက္ဝံေမြးခင္းထားတယ္။ သန္႔စင္ခန္းကခပ္လွမ္းလွမ္းသစ္သားတဲေလးတစ္လုံးမွာ။
အိုင္ဗန္က ကြၽန္ေတာ္တို႔ကို ေရပုံးေလးေတြေပးၿပီး အလာတုန္းကျဖတ္ခဲ့တဲ့စမ္းေခ်ာင္းေလးကို ေခၚသြားတယ္။ ေအးစက္ေနတဲ့ေရခဲေရပုံးေလးေတြကို တစ္ေယာက္တစ္ပုံးဆြဲၿပီး ကုန္းျမင့္ေလးကိုျပန္တက္ရျပန္တယ္။ အိုင္ဗန္ကေရတစ္ပုံးဆြဲထားတဲ့အျပင္ ဓါတ္မီးေလးနဲ႔ပါ လူသြားလမ္းေဖြးေဖြးေလးကိုထိုးထိုးျပတယ္။ ကိုယ္သုံးရမယ့္ေရကို ကိုယ္ခပ္ၾကရတာပါ။
ကြၽန္ေတာ့ေရပုံးကို အိမ္ေရွ႕မွာ ခဏခ်၊ သူငယ္ခ်င္းေတြဝင္ဖို႔ တံခါးႀကီးကို ဖြင့္ၿပီးကိုင္ထားေပးလိုက္တယ္။ ၿပီးေတာ့အထဲကိုလိုက္ဝင္သြားတာ ကြၽန္ေတာ့ေရပုံးေတာ့ အျပင္မွာေမ့ခဲ့ေလရဲ႕။
နာရီဝက္ေလာက္ၾကာမွသတိရလို႔သြားယူေတာ့ ေရပုံးထဲကေရေတြက အေပၚယံမ်က္ႏွာျပင္ေတာင္ေရခဲျဖစ္ေနၿပီ။ အႏႈတ္ ႏွစ္ ဒီဂရီဆိုတာ တကယ္ေအးတာပါ။ စမ္းေခ်ာင္းေလးကေရက သန႔္ရွင္းလြန္းလို႔ ေသာက္ေတာ့လဲ ဒီေရကိုပဲ မက်ိဳမခ်က္ပဲ ေသာက္ၾကရတာပါ။
ခဏအၾကာမွာ အိုင္ဗန္လာေခၚလို႔ သစ္သားအိမ္ေလးတစ္လုံးေဘးမွာ ပုံထားတဲ့သစ္တုံးေလးေတြကိုယူၿပီး ပုဆိန္ေလးတစ္လက္နဲ႔ခြဲၾကရျပန္တယ္။ အဲဒီအခ်ိန္မွာ ေနာက္ထပ္လူငယ္တစ္ဖြဲ႕လဲထပ္ေရာက္ေနတာေတြ႕ရတယ္။ အသက္ႏွစ္ဆယ္၊အစိတ္ဝန္းက်င္ အာရွတိုက္သား ေကာင္ေလး ေကာင္မေလးေတြ။ ကိုယ့္တဲကမီးလင္းဖိုေတြမွာသုံးဖို႔ ထင္းေတြကိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ခြဲၿပီးၾကေတာ့ အခ်ိန္က ညေန ၆နာရီဝန္းက်င္ပဲရွိေသးတယ္။ တစ္ေလာကလုံးကေတာ့ ေမွာင္လို႔။
ည ၇ နာရီမွာ ေနာက္ထပ္သစ္သားတဲေသးေသးေလးတစ္လုံးထဲမွာ ညစာစားၾကရတယ္။ အလယ္ေကာင္မွာ မီးဖိုေလးနဲ႔ မီးဖိုေလးကိုဝိုင္းၿပီး ကြၽန္ေတာ္တို႔တစ္သိုက္နဲ႔။ အိုင္ဗန္ရဲ႕ညီမ မာတာ က ကြၽန္ေတာ္တို႔ စားဖို႔ ဝက္အူေခ်ာင္းႀကီးေတြ၊ အသားျပားေတြ၊ ဟင္းသီးဟင္း႐ြက္ေတြလွီးေပးထားခဲ့ၿပီး သူ႔အေဖနဲ႔ကီ႐ူးနားကိုျပန္လိုက္သြားၿပီ။
မီးပုံေလးမွာဝိုင္းထိုင္ၿပီး အစားအေသာက္ေတြကို သံေခ်ာင္းေလးေတြနဲ႔ထိုးလို႔ ကိုယ္တိုင္ကင္စားရတယ္။ ဇရပ္လို တစ္ခန္းပဲရွိတဲ့ ဒီသစ္သားတဲေလးတစ္ခုလုံးမွာ ကြၽန္ေတာ္တို႔လူေတြနဲ႔ျပည့္လို႔။
Aurora Borealis လို႔ေခၚတဲ့ဝင္႐ိုးစြန္းအလင္းတန္းေလးေတြကိုျမင္ရဖို႔က ေကာင္းကင္ႀကီးက ၾကည္လင္ေနဖို႔လိုပါတယ္။ ႏွင္းက်ေနျပန္ရင္လည္း မျမင္ရ။ ေႏြရာသီဆိုလည္း ေန႔တာရွည္လို႔ မျမင္ရ။ ဒီဇင္ဘာ၊ ဇန္နဝါရီလေတြလို ညတာအရမ္းရွည္တဲ့၊ တစ္ေန႔ကို အလင္းေရာင္ ၄ နာရီေလာက္ပဲရတဲ့အခ်ိန္မ်ိဳးမွာမွ ျမင္ရဖို႔အခြင့္အလမ္းေတြေကာင္းတာပါ။ ကြၽန္ေတာ္တို႔ေရာက္ကတည္းကေတာ့ ႏွင္းေတြက်ေနလို႔ ေကာင္းကင္ကမၾကည္လင္ပါဘူး။
ဒီလိုနဲ႔ ညစာစာၿပီးတဲ့ေနာက္ စခန္းထဲမွာပဲ ဟိုေလွ်ာက္ဒီေလွ်ာက္လုပ္ရင္း ဝင္႐ိုးစြန္းအလင္းတန္းေလးေတြကိုေမွ်ာ္ရတယ္။
ေနာက္ေတာ့ သစ္သားအိမ္ေလးထဲဝင္ စုၿပီးဝိုင္းထိုင္ၾကရင္း ေရာက္တတ္ရာရာေျပာၾကျပန္ေရာ။
နာရီေပါင္းမ်ားစြာေစာင့္တာေတာင္ရာသီဥတုက မၾကည္လင္တာနဲ႔ အခန္းေလးႏွစ္ခန္းမွာ ေယာက္်ားေလးတစ္ခန္း၊ မိန္းကေလးတစ္ခန္းခြဲၿပီးအိပ္လိုက္ၾကတယ္။
ကြၽန္ေတာ္တို႔အဖြဲ႕နဲ႔ ေနာက္ေရာက္လာတဲ့အဖြဲ႕ကသူေတြပါေပါင္းလို႔ေပါ့။
သူတို႔ထဲက တစ္ခ်ိဳ႕က ဆြီဒင္မွာေက်ာင္းလာတက္ၾကတဲ့ တ႐ုတ္လူမ်ိဳးေတြ။ တစ္ခ်ိဳ႕ကေတာ့ Student Exchange အစီအစဥ္နဲ႔ ဆြီဒင္မွာတစ္ႏွစ္လာေနတာ။
အိပ္ရာေတြထဲက ေခါင္းမိုးနဲ႔ကပ္ေနတဲ့အေပၚဆုံးအဆင့္အိပ္ရာေလးက က်ဥ္းၿပီးတက္ရဆင္းရခက္လို႔ ဘယ္သူမွသိပ္မလိုခ်င္တာနဲ႔ ကြၽန္ေတာ္ယူလိုက္တယ္။ အေပၚဆုံးမွာတစ္ေယာက္ထဲဆိုေတာ့ ေအးေအးခ်မ္းခ်မ္းရွိမယ္လို႔တြက္လိုက္တာလဲပါတယ္။
တကယ္ေတာ့မေအးခ်မ္းပါဘူး။
ညလယ္ေလာက္ေရာက္ေတာ့ အိမ္ထဲမွာဖိုထားတဲ့ထင္းမီးလင္းဖိုရဲ႕အပူရွိန္က တစ္အိမ္လုံးကိုေႏြးေစၿပီး နံရံေတြကိုေတာ့ ပူေစတယ္နဲ႔တူတယ္။
ကြၽန္ေတာ္ေနတဲ့ ထပ္ခိုးအိပ္ရာေလးက ပူလာလို႔ အေပၚအက်ႌေတြခြၽတ္ပစ္ရတယ္။ ဒါလဲ အိပ္မရေလာက္ေအာင္ဆက္ၿပီး ပူေနလို႔ အိပ္ရာေပၚကဆင္းၿပီး အိမ္အျပင္ဘက္ႏွင္းေတြထဲမွာ ထြက္ထိုင္ေနလိုက္တယ္။
ကြၽန္ေတာ့လိုပဲ အျပင္မွာထြက္ေနတဲ့ ဆမ္ ကိုေတြ႕တယ္။ ဆမ္က စင္ကာပူလူမ်ိဳး။ တျခားအဖြဲ႕နဲ႔ပါလာတာ။
"ႏွင္းေတြကေတာ့ မရပ္သြားဘူးကြာ။ ဒီညေတာ့ Aurora ကိုမျမင္ရေလာက္ေတာ့ဘူး" လို႔သူကဆိုတယ္။ တစ္နာရီေလာက္ၾကာေအာင္ စကားေတြေျပာေနၾကၿပီး နည္းနည္းေအးလာမွပဲ အိပ္ရာထဲကိုျပန္ဝင္ျဖစ္ေတာ့တယ္။
ေရာက္ကတည္းက ညျဖစ္ေနတာ ေနာက္ေန႔မနက္ ၁၀ နာရီေလာက္ထိ၊ ၿပီးေတာ့လဲ တစ္ညလုံးနီးပါးႏိုးၿပီး အိမ္ထဲဝင္လိုက္၊ ႏွင္းထဲထြက္လိုက္လုပ္ေနတာဆိုေတာ့ ဘဝမွာ တစ္ခါမွမႀကဳံဖူးတဲ့ အရွည္ဆုံးညလို႔ေျပာရမွာပဲ။
ေနာက္ေန႔မနက္ေရာက္ေတာ့ အိုင္ဗန္ကဘူတာကိုမျပန္ခင္ မနက္ပိုင္း စခန္းမွာလုပ္လို႔ရတဲ့ အစီအစဥ္ေတြကိုေျပာျပတယ္။
ေရခဲငါးမွ်ားလို႔ရတယ္။ ေလေသနတ္ပစ္လို႔ရတယ္။ ႏွင္းေလွ်ာစီးလို႔ရတယ္။ သမင္ႀကီးေတြလိုက္ၾကည့္လို႔ရတယ္။ သမင္ႀကီးေတြလိုက္ၾကည့္တာက ေတြ႕ဖို႔ေတာ့ သိပ္မေသခ်ာဘူးတဲ့။ သဘာဝအတိုင္းရွိတဲ့ေနရာေတြမွာလိုက္ၾကည့္ရမွာ။
ငါးမွ်ားတာကလဲ ငုတ္တုတ္ထိုင္ေနရမွာ။
ဒါေၾကာင့္ ေလေသနတ္ပစ္ဖို႔နဲ႔ ႏွင္းေလွ်ာစီးဖို႔ေ႐ြးလိုက္ၿပီး သူေပးတဲ့ ေသနတ္၊ က်ည္ဆံေတြနဲ႔ႏွင္းေလွ်ာစီးကိရိယာေတြယူထားလိုက္တယ္။
က်န္တဲ့သူေတြလဲ သူတို႔လုပ္ခ်င္ရာ အသီးသီးေ႐ြးၿပီး ခြဲထြက္သြားၾကတယ္။
ေသနတ္က ႏွင္းထဲမွာ သံဘူးေလးေတြ၊ စက္ကြင္းေလးေတြကိုပဲပစ္ရတာဆိုေတာ့ ပ်င္းလာတယ္။
ဒါနဲ႔ ကြၽန္ေတာ္နဲ႔အတူလာတဲ့ စင္ကာပူတ႐ုတ္ကေလး ေဝနင္းကိုေခၚၿပီးစခန္းကုန္းျမင့္ေလးေပၚကေန ေရခဲျမစ္ရွိရာဘက္ကို ႏွင္းေလွ်ာစီးစကိတ္ျပားႀကီးေတြေျခေထာက္တစ္ဖက္စီမွာတပ္၊ လက္မွာလဲႏွင္းေလွ်ာစီးတုတ္ေတြကိုင္ၿပီး ေလွ်ာခ်ၾကတယ္။ ႏွစ္ေယာက္သား ေမွာက္လဲလိုက္၊ ေပါင္ႀကီးေတြကားထြက္သြားလိုက္၊ ဘဲသြားသြားလိုက္နဲ႔ ေရခဲျမစ္ေဘးကႏွင္းေတာထဲကိုေရာက္သြားတယ္။
ဓါတ္ပုံ႐ိုက္ဖို႔ ဖုန္းေတြထုတ္ၾကတာ တစ္ပုံထက္ပို႐ိုက္လို႔မရ။ ဖုန္းကဖြင့္ၿပီးတာနဲ႔ ေအးလြန္းလို႔ ပါဝါျပန္ျပန္ပိတ္သြားတာ။ သူ႔ဖုန္းေရာ၊ ကြၽန္ေတာ့ဖုန္းေရာ သုံးမရ။
ဖုန္းကိုဗိုက္ေအာက္ထဲမွာဖြင့္ အျမန္ထုတ္ဓါတ္ပုံ႐ိုက္၊ ဖုန္းကျပန္ပိတ္သြားနဲ႔ ေတာ္ေတာ္ႀကိဳးစားလိုက္ရတယ္။
ငါးမွ်ားတဲ့သူေတြကေတာ့ ေရခဲေပၚမွာအေပါက္ဝိုင္းေလးျဖစ္ေအာင္လႊေလးနဲ႔တိုက္၊ အဲဒီကေန ငါးမွ်ားတံေလးခ်ၿပီး မွ်ားၾကတယ္။ တစ္ေယာက္မွေတာ့ ငါးမိတာမေတြ႕မိပါဘူး။
ဒီလိုနဲ႔ေန႔လည္စာ စားေသာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ကို အိုင္ဗန႔္အေဖကစခန္းမွာ ျပန္လာေခၚတယ္။ ဒီတစ္ခါေတာ့ ေရခဲျမစ္ကေနကားလမ္းမေရာက္တဲ့ထိ ႏွင္းေလွ်ာစီးဆိုင္ကယ္ေမာင္းတဲ့သူ ေဝနင္းျဖစ္သြားလို႔ ဘုရား တ ၿပီးလိုက္ရတဲ့သူေတြက ကြၽန္ေတာ္တို႔ျဖစ္သြားတယ္။
အလာတုန္းကေတာ့ ႏွင္းေလွ်ာစီးဆိုင္ကယ္ကို ကြၽန္ေတာ္ခပ္ၾကမ္းၾကမ္းေလးမ်ား ေကြ႕လိုက္ရင္ ကြၽန္ေတာ့ဆိုင္ကယ္ေနာက္မွာတြဲထားတဲ့ ဆြပ္ဖားေပၚက သူတို႔ေတြေၾကာက္လန႔္တၾကား ေအာ္ၾက၊ဟစ္ၾကတာၾကည့္ၿပီး သေဘာေတြက်လို႔။
ခုေတာ့ ကြၽန္ေတာ္လန႔္ရတဲ့အလွည့္ေပါ့။
ကားဆရာႀကီးက ကြၽန္ေတာ္တို႔ကို ရထားခ်ိန္အမွီကီ႐ူးနားဘူတာကိုျပန္လိုက္ပို႔ေပးခဲ့တယ္။
ကြၽန္ေတာ္တို႔က ေျမာက္ဘက္ပိုက်တဲ့ ဆြီဒင္က အာဘစ္စကို (Abisko) ၿမိဳ႕ေလး၊ အဲဒီကမွတဆင့္ေနာ္ေဝကိုသြားၿပီး ထ႐ြန္ဆို (Tromso) ၿမိဳ႕ေလးမွာ Aurora ကိုမေတြ႕မခ်င္း Aurora Hunt ဆက္လုပ္ဖို႔ ခရီးဆက္ရဦးမွာ မဟုတ္လား။
ဝင္႐ိုးစြန္းအလင္းတန္း Aurora ကိုမေတြ႕ခဲ့ရေပမယ့္ ဒီစခန္းေလးမွာ ေနခဲ့တဲ့ အင္မတန္ရွည္ၾကာတဲ့ညေလးကေတာ့ ကြၽန္ေတာ့ဘဝမွာညတာအရွည္ဆုံးညတစ္ည အေနနဲ႔ အမွတ္ရစရာပါပဲ။
ေမာင္ဇိ ( ၁၅၊၀၇၊၂၀၂၀)

No comments:
Post a Comment