မောင်ဇိနဲ့ မော်တော်ကား
*****************
မောင်ဇိတို့အိမ်မှာ ဟိုးအရင်က ဂျစ်ကားအစုတ်တစ်စီးရှိခဲ့ဖူးတယ်။ အော်တိုဂီယာတွေ မပေါ်ခင် လက်နဲ့ထိုးရတဲ့ဂီယာခေတ်က။ အဲဒီကားက အမြဲဘရိတ်ပေါက်ရင်ပေါက်၊ မပေါက်ရင် ကလပ်ပေါက်နေတတ်တယ်။ အဲနှစ်ခုကောင်းနေတဲ့အခါမျိုးဆိုရင်တောင် မနက်ဆိုစက်နှိုးလို့မရလို့ တွန်းတွန်းပြီးနှိုးရတတ်တယ်။ မောင်းရင်လဲ တော်တော်လေးအရှိန်များတာနဲ့ လေတိုးပြီးအမိုးကြီးပြုတ်ထွက်တာမျိုးဖြစ်တတ်လို့ ခပ်မှန်မှန်လေးပဲမောင်းရတယ်။ ကားထဲမှာဆီဘယ်လောက်ရှိလဲသိချင်ရင်တော့ မောင်းတဲ့သူရဲ့ထိုင်ခုံကိုဖြုတ်၊ ထိုင်ခုံအောက်က ဆီတိုင်ကီအဖုံးကိုဖွင့်လို့ တုတ်အရှည်လေးတစ်ချောင်းနဲ့ အထဲကိုထောက်ပြီး ဆီအတိမ်အနက်ကိုတိုင်းရတယ်။ တုတ်အဖျားလေး လက်တစ်ဆစ်လောက်စိုနေရင် ဆီနှစ်ဂါလံလောက်ရှိတယ်လို့မှတ်ရတာပဲ။ မိုးတွင်းဆိုကားထဲကိုရေတွေယိုသလို ကားမှန်သုတ်တံမော်တာတွေလဲ ရေဝင်ပြီးဂိဂိ သွားတတ်လို့ သတင်းစာစက္ကူတွေဆောင်ထားပြီး ရှေ့ကိုမမြင်ရတော့တဲ့အခါတိုင်း လက်ကလေးတစ်ဖက်ကိုကားပြတင်းပေါက်ကထုတ်၊ ကားမှန်လေးကိုသတင်းစာလေးနဲ့သုတ်သုတ်ပေးရတယ်။ ခြုံပြောရရင်တော့ မောင်ဇိတို့ကားက ဆိုက်ကားထက်နည်းနည်းတော့ သာတယ်ဆိုပါတော့။
မောင်ဇိ ၁၀ တန်းအောင်တော့သိမ်ဖြူကွင်းမှာ ကားမောင်းသင်တန်းသွားတက်တယ်။ အဲဒီနောက်တော့ အိမ်ကဂျစ်ကားစုတ်ကြီးနဲ့ ၁၆နှစ်သားမိုက်ရူးရဲမောင်ဇိရဲ့ ထင်ရာစိုင်း ကားမောင်းစွန့်စားခန်းတွေ စ တော့တာပါပဲ။ မောင်ဇိရဲ့ကားမောင်းလေ့ကျင့်တဲ့ဒဏ်ကို ပထမဆုံးစခံရတာက မောင်ဇိဦးလေး။ ကားဂိုထောင်ထဲကို အားရပါးရနောက်ပြန်ဆုတ်ပြီးကားသွင်းလိုက်တာ အရှိန်လွန်၊ဂိုထောင်နံရံမှာ အိတ်အမည်းလေးနဲ့ချိတ်ပြီး ဖွက်ထားတဲ့ ဦးလေးရဲ့ယမကာပုလင်းလေးနှစ်လုံးကို ကားနဲနံရံကြားညှပ်တိုက်မိ၊ ဒါနဲ့ပဲ နှစ်ပုလင်းလုံး စိစိညက်ညက်ကြေသွားပါရောလား။
'ခလွမ်တန်တန်........' ဆိုပြီးသွားရှာတာပါပဲ။
အရက်သောက်တာမကြိုက်တဲ့ သူ့အစ်ကို၊ မောင်ဇိအဖေ မသိအောင်ဖွက်ထားရတဲ့ပုလင်းလေးတွေဖြစ်လေတော့ ဦးလေးခင်မျာ စုတ်တစ်သပ်သပ်နဲ့ 'ဟာ..သွားပါပြီကွာ မောင်ဇိရာ....ငါ့ဟာလေးတွေသွားပါပြီ' လို့ပဲညည်းနိုင်ရှာတယ်။ ဘယ်မှလဲတိုင်မရ။ ဘာမှလဲလုပ်မရ။ တော်တော်ခံစားသွားရရှာလေရဲ့။
နောက်တော့ အဲဒီကားစုတ်ကြီးမောင်းပြီးမောင်ဇိတို့ အပြင်ထွက်ပါပြီ။ လမ်းရောက်မှ ကလပ်ပေါက်နေရင် ဂီယာတူးထိုး၊ လီဗာလေးမှေးထားပြီး ကားစက်နှိုး၊ စက်နိုးတာနဲ့ကားကတန်းပြီးတော့ခုန်ထွက်၊ တစ်လမ်းလုံး ဂီယာတူးနဲ့မောင်း၊ ရပ်ချင်ရင်လီဗာလွှတ်၊ စက်ကထိုးရပ်သွားရင် ကားလဲလိမ့်နေရာက ရပ်တာပဲ။ ဘရိတ်ဆီယိုနေရင်တော့ ကားစက်ဖုံးဖွင့်၊ ဘရိတ်ဆီဘူးထဲကိုရေလေးမကြာမကြာပြေးရောပြီး ကားရပ်ချင်ရင် ဂီယာအကြီးနဲ့ထိန်းပြီး ဘရိတ်မသုံးပဲရပ်။ တစ်ခါကလဲအိမ်အဝင်မှာအဲလိုလုပ်တာ ကားကမရပ်ပဲနည်းနည်းလေးဆက်လိမ့်သွားလို့ အိမ်အဝင်ခြံတံခါးကိုတိုက်မိပြီး ခြံတံခါးဘောင်ကြီးလိမ်သွားပါရောလား။ ဒါလဲ မမှတ်ပါဘူး။ ဘရိတ်ပေါက်ပေါက်၊ ကလပ်ပေါက်ပေါက် လျှောက်လမ်းသလားနေတာပါပဲ။ အဲလောက် ကြောက်ရကောင်းမှန်းမသိ၊ အန္တရာယ်လဲနားမလည်ပဲ ကားစုတ်တစ်စီးနဲ့ ကမြင်းကြောထနေတာ ဘာလို့ စောစောစီးစီးမာလကီးယားမသွားလဲလို့မေးရင်တော့ ကံကောင်းနေသေးလို့ လို့ဖြေရမှာပဲ။ နောက်တစ်ခုက အဲတုန်းက ရန်ကုန်မြို့မှာကားတွေလဲ သိပ်မကြပ်သေးတာလဲပါမယ်။ ဆူးလေဘုရားကနေ အင်းစိန်ကုန်းကျော်တံတားကို ဘတ်စ်ကားစီးရင် နာရီဝက်၊ ၄၅ မိနစ်အတွင်းရောက်တဲ့ခေတ်ကိုး။
မောင်ဇိက သေဖော်လဲညှိတတ်ပါတယ်။ ဘယ်သွားသွား သူငယ်ချင်းတွေကိုလဲ အဲဒီ ကားစုတ်ကြီးပေါ်မှာတင်ပြီးတော့ ခေါ်သွားသေးတာ။ တက္ကသိုလ်ရောက်၊ ကျူရှင်သွားတက်တော့ ညနေခင်းမှောင်မှောင်ကြီးမှာ တာမွေအဝိုင်းက ကိုယ်သွားချင်တဲ့လမ်းကြောက မီးပွိုင့်ကြီးနီနေတာကို စိမ်းတဲ့လမ်းကြောကိုမှားကြည့်မိပြီး ဗြူးဗြူးဗြဲဗြဲနဲ့ မီးနီးလဲဖြတ်လိုက်သေးတယ်။ ကားရှေ့မီးကသိပ်မကောင်းတော့ အားစိုက်ကြည့်နေရတာကြောင့် ဆိုပြီးကားမီးကို အပြစ်ဖို့သေးတာ။ သေချာမမြင်ရဘူးပေါ့။မောင်ဇိသူငယ်ချင်းတွေများဆို အော်လိုက်ကြတာ ငယ်သံကိုပါလို့။ ကားတစ်စီးလုံးကို ကျွက်ကျွက်ညံသွားတာပဲ။အဲကွန်းဘတ်စ်ကြီးတွေက မောင်ဇိတို့ကားဆီခေါင်းတည်ပြီးပြေးလာကြသကိုး။ ဘာနဲ့မှတော့ မတိုက်လိုက်ကြပါဘူး။ တော်သေးတာပေါ့။တစ်ခါကတော့ မောင်းနေရင်း ကားအိတ်ဇောပိုက်ကြီးလမ်းမှာ ပြုတ်ကျကျန်နေခဲ့တယ်။ နောက်တစ်ခါကတော့ အရှိန်နည်းနည်းတင်လိုက်တာ ကားအောက်ပိုင်းက မီးပွားတွေထွက်ကျလာလို့ 'ဟေ့ကောင်...ဟေ့ကောင် မီးတွေထွက်ကျလာပြီ' လို့ နောက်မှာထိုင်တဲ့သူငယ်ချင်းတွေက ဝိုင်းအော်ပေးခဲ့ရဖူးတယ်။ ကားတွန်းရတယ်ဆိုတာကတော့ ဒီကောင်တွေအတွက် ရိုးနေပြီ။ မောင်ဇိရဲ့ကားကို အသက်ကိုဖက်နဲ့ထုပ်ပြီး အဲလိုလိုက်စီးပေးကြတဲ့ အသေခံတပ်သား သူငယ်ချင်းလေးတွေလဲရှိခဲ့သပေါ့။
နှစ်တွေအများကြီးကြာသွားပြီးတဲ့နောက်တော့ မောင်ဇိတို့ပြန်ဝဋ်လည်ဖို့ဖြစ်လာပါတယ်။ အဲ့ဒီအချိန်က မောင်ဇိက မျက်စိလည်လမ်းမှားပြီး သိုးဆောင်းလူမျိုးတွေ နေတဲ့နိုင်ငံကိုရောက်နေတာ။ တစ်နေ့တော့ စားသုတ်သုတ်၊ သွားသုတ်သုတ် နိုင်ငံမှာနေတဲ့သူငယ်ချင်းတစ်ယောက်က သူ့မယားပါခေါ်ပြီး မောင်ဇိဆီပေါက်ချလာပါလေရော။ Road trip...Road trip ဆိုပြီး ပါးစပ်က တဖွဖွရွတ်နေသေးတယ်။ တစ်နိုင်ငံလုံးကို ကားမောင်းပြီး ပတ်မလို့တဲ့လေ၊ ကားတစ်စီးပါငှားလာခဲ့သေးတယ် ဆိုပါလား။
'ဟေ့ကောင်...ဖြစ်ပါ့မလားကွ။ ငါက ဒီမှာလိုင်စင်မရှိဘူး။ မင်းတစ်ယောက်ပဲ international လိုင်စင်ရှိတာ။ ငါကူမောင်းပေးလို့မရဘူးနော်'
ဆိုတော့ မောင်ဇိထက် တစ်နှစ်ငယ်တဲ့ ရွှေကိုယ်တော်က
' ဟာ...ဖြစ်ပါတယ် အစ်ကိုရာ။ ဘာမှမပူနဲ့...ကျွန်တော်ဆယ်တန်းအောင်ကာစက အိမ်ကကားကို ခဏ၊ ခဏခိုးမောင်းဘူးတယ်' ဆိုပဲ။
'ဟမ်...အဲဒါက ကြာလှပြီမဟုတ်ဘူးလား'
' ဆယ်နှစ်ကျော်ပဲ ရှိပါသေးတယ်ဗျာ။ မမေ့သေးပါဘူး' တဲ့။
ဘုရား...ဘုရား...မောင်ဇိတို့ ကိုယ်ကျိုးနည်းတော့မယ်။ ဒီတစ်ခါ ဝဋ်လည်ပြီ။
အကူအညီ ရလို့ရငြား သူ့မိန်းမကိုလှမ်းကြည့်တော့ အောင်မယ်....သူ့လင်ကို အထင်ကြီးတဲ့မျက်လုံးတွေ တစ်လက်လက်နဲ့ စိုက်ကြည့်လို့။ အင်း...မောင်ဇိတားလဲ တားလို့ရမှာမဟုတ်တော့ပါဘူးလေပေါ့။ စိတ်လျှော့ပြီး သူငှားထားတဲ့ကား ထုတ်ရမယ့်နေရာကိုပဲ သွားလိုက်ကြပါတယ်။
ကားသော့ရလာတော့မှ ငတိကအစွမ်းတွေထပ်ပြပါလေရော။
'အစ်ကို...အစ်ကို၊ နောက်ဖုံးကဖွင့်လို့မရဘူး'
' သော့လှည့်လိုက်ရုံနဲ့ မရဘူးဟဲ့။ လက်ကိုင်ကိုဆွဲပြီးအဖုံးကိုပါ လက်နဲ့ဆွဲဖွင့်ရသေးတယ်။'
ဒါနဲ့နောက်ဖုံးဖွင့်လို့ရသွားတယ်။ ခဏနေတော့
'ဟာ...အစ်ကို၊ အစ်ကို....သော့လှည့်တာလဲ ကားစက်က မနိုးလာဘူး။ '
'ကားသော့က နှစ်ဆင့်လှည့်ရတယ်ဟဲ့။ နင့်စက်ဘီးသော့လို သော့တစ်ချက်ထဲနဲ့ ပွင့်တာမဟုတ်ဘူး'
'အော်..ဟုတ်လား။ သိဘူးလေဗျာ၊ မမောင်းတာကြာတော့ နည်းနည်းမေ့နေပြီ...ဟီးဟီး' တဲ့။
'အင်း........မောင်ဇိတို့တော့ ဝဋ်လည်ချိန်တန်ကိုတန်နေပါပြီ'
နောက်ဆုံးတော့ အောင်အောင်မြင်မြင်နဲ့ ကားထွက်လို့ရသွားပါတယ်။ နောက်ပြန်ဆုတ်ဖို့ မရှိခင်အထိပေါ့။ နောက်ပြန်ဆုတ်ရမယ့်အချိန်ကျတော့ နောက်ဂီယာက ဘယ်လိုမှထိုးမရ။ မောင်ဇိ ဝင်ကြိုးစားလဲမအောင်မြင်။ တစ်ခုခုနဲ့ကန်ထားသလိုမျိုးဂီယာက နောက်ကိုရွှေ့လို့မရဖြစ်နေ။ ဒါနဲ့ပဲ ကားပြန်လဲကြမယ်ဆိုပြီး ကားငှားတဲ့ကုမ္ပဏီကိုပြန်ပြောမှ ဂီယာတံလက်ကိုင်လုံးလေးအောက်နားမှာကပ်နေတဲ့ ဂွင်းလေးကို ဂီယာတံတစ်လျှောက်အပေါ်ဆွဲတင်ပြီးမှ နောက်ဆုတ်ဖို့ဂီယာ ထိုးရသတဲ့ဗျာ။ မောင်ဇိတို့ နှစ်ကောင် တုံးချက်။ မောင်ဇိလဲ အရင်က ဒါမျိုးမတွေ့ဖူး။
ဘုရား၊ တရား 'တ'၊ ကားတံခါးဘေး ခေါင်းပေါ်ကလက်ကိုင်ကွင်းကို လက်နဲ့တင်းတင်းဆုပ်၊ မျက်လုံးကိုလဲ အရပ်ဆယ်မျက်နှာလောက် ကျီးကန်းတောင်းမှောက်ကြည့်၊ ပါးစပ်ကလဲ အမြှုပ်တစီစီထွက်မတတ်ဒင်းကိုသတိပေးရင်းနဲ့ မောင်းလာလိုက်ကြတာ ပထမဆုံးအကြိမ်ဆီဖြည့်ရမယ့် အချိန်ရောက်လာတယ်။ ဆီဆိုင်ထဲကို ခပ်တည်တည်ဝင် ကားရပ်ပြီးမှ၊ ကိုယ်တိုင်ဆီဖြည့်ရတာ ဘယ်လိုလုပ်ရမှန်းမသိလို့ ဆီဆိုင်ငွေသိမ်းကောင်တာက ပုဂ္ဂိုလ်ကိုတောင်းတောင်းပန်ပန်နဲ့ သွားပင့်လာရတယ်။ အဲဒီမှာ ငွေရှင်းနေတဲ့အဖွားကြီးတစ်ယောက်ကတော့ မောင်ဇိတို့ကိုကြည့်ပြီး တစ်ခွိခွိနဲ့။ ဘယ်တတ်နိုင်မလဲ။ မောင်ဇိတို့တိုင်းပြည်ဆို ကားပေါ်ကမဆင်းပဲ ဆီဖြည့်လို့ရတာ သူတို့မှမသိတာကိုး။ အဲလိုပဲ တွေးပြီး အရှက်ကိုဖုံးရပါတယ်။
ကားမောင်းကလဲ မကျွမ်းကျင်၊ သူတို့တိုင်းပြည်ရဲ့ ယာဉ်စည်းကမ်းကလဲ မသိ၊ အင်တာနက်ရှိလို့သာ တော်တော့တယ်။ ဒီကြားထဲ တစ်နာရီ မိုင် ၇၀ လောက်မောင်းရတဲ့ အမြန်လမ်းမှာလဲ အလယ်ကျောယူပြီး လှုပ်စိ လှုပ်စိမောင်းနေကြလို့ ကိုယ့်ကိုကျော်သွားတဲ့ကားတိုင်းက ဝိုင်းကြည့်ကြတာခံရသေးတယ်။ အဲလို အဲလို ရင်တစ်မမနဲ့ မောင်းပြီး နှစ်ရက်၊ သုံးရက်အကြာမှာဆရာသမားက အမြန်လမ်းမှာမောင်းတာအရမ်းကျွမ်းကျင်သွားလို့ အားရပါးရမောင်းလိုက်ကြတာ သတ်မှတ်နှုန်းကျော်မိတဲ့အတွက်ဒဏ်ငွေပါဆောင်လိုက်ရပါရောလား။ မှတ်ကရော။ မြို့တွေထဲဝင်ရင် ကားရှုပ်လို့စိတ်ပူရ၊ ညဘက်မောင်းရင် ကောင်းကောင်းမမြင်ရလို့စိတ်ပူရနဲ့ ၁၀ ရက်လောက် သောကရောက်ပြီးတဲ့နောက်မှာမှမောင်ဇိတို့ရဲ့ 'ကားမောင်းပြီး တစ်ပြည်လုံးပတ်' အစီအစဉ်ကြီးလဲ ဘေးမသီရန်မခပဲ လိုရာပန်းတိုင်ရာက်အောင်မြင်စွာပြီးဆုံးသွားပါတယ်။
မောင်ဇိရဲ့ ငယ်သူငယ်ချင်းတွေကို ကားပေါ်ခေါ်တင်ပြီးနှိပ်စက်ခဲ့တဲ့ မော်တော်ကားဝဋ်ကြွေးလဲ ကျေသွားတယ်လို့ယူဆရပါတယ်။ ထင်ရတာပဲလေ။
မောင်ဇိ
၂၈.၀၆.၂၀၁၈
__________________
ေမာင္ဇိန႔ဲ ေမာ္ေတာ္ကား
*****************
ေမာင္ဇိတို႔အိမ္မွာ ဟိုးအရင္က ဂ်စ္ကားအစုတ္တစ္စီးရွိခ့ဲဖူးတယ္။ ေအာ္တိုဂီယာေတြ မေပၚခင္ လက္န႔ဲထိုးရတ့ဲဂီယာေခတ္က။ အဲဒီကားက အျမဲဘရိတ္ေပါက္ရင္ေပါက္၊ မေပါက္ရင္ ကလပ္ေပါက္ေနတတ္တယ္။ အဲႏွစ္ခုေကာင္းေနတ့ဲအခါမ်ိဳးဆိုရင္ေတာင္ မနက္ဆိုစက္ႏွိဳးလို႔မရလို႔ တြန္းတြန္းၿပီးႏွိဳးရတတ္တယ္။ ေမာင္းရင္လဲ ေတာ္ေတာ္ေလးအရွိန္မ်ားတာန႔ဲ ေလတိုးၿပီးအမိုးႀကီးျပဳတ္ထြက္တာမ်ိဳးျဖစ္တတ္လို႔ ခပ္မွန္မွန္ေလးပဲေမာင္းရတယ္။ ကားထဲမွာဆီဘယ္ေလာက္ရွိလဲသိခ်င္ရင္ေတာ့ ေမာင္းတ့ဲသူရဲ႕ထိုင္ခုံကိုျဖဳတ္၊ ထိုင္ခုံေအာက္က ဆီတိုင္ကီအဖုံးကိုဖြင့္လို႔ တုတ္အရွည္ေလးတစ္ေခ်ာင္းန႔ဲ အထဲကိုေထာက္ၿပီး ဆီအတိမ္အနက္ကိုတိုင္းရတယ္။ တုတ္အဖ်ားေလး လက္တစ္ဆစ္ေလာက္စိုေနရင္ ဆီႏွစ္ဂါလံေလာက္ရွိတယ္လို႔မွတ္ရတာပဲ။ မိုးတြင္းဆိုကားထဲကိုေရေတြယိုသလို ကားမွန္သုတ္တံေမာ္တာေတြလဲ ေရဝင္ၿပီးဂိဂိ သြားတတ္လို႔ သတင္းစာစကၠဴေတြေဆာင္ထားၿပီး ေရွ႕ကိုမျမင္ရေတာ့တ့ဲအခါတိုင္း လက္ကေလးတစ္ဖက္ကိုကားျပတင္းေပါက္ကထုတ္၊ ကားမွန္ေလးကိုသတင္းစာေလးန႔ဲသုတ္သုတ္ေပးရတယ္။ ျခံဳေျပာရရင္ေတာ့ ေမာင္ဇိတို႔ကားက ဆိုက္ကားထက္နည္းနည္းေတာ့ သာတယ္ဆိုပါေတာ့။
ေမာင္ဇိ ၁၀ တန္းေအာင္ေတာ့သိမ္ျဖဴကြင္းမွာ ကားေမာင္းသင္တန္းသြားတက္တယ္။ အဲဒီေနာက္ေတာ့ အိမ္ကဂ်စ္ကားစုတ္ႀကီးန႔ဲ ၁၆ႏွစ္သားမိုက္႐ူးရဲေမာင္ဇိရဲ႕ ထင္ရာစိုင္း ကားေမာင္းစြန္႔စားခန္းေတြ စ ေတာ့တာပါပဲ။ ေမာင္ဇိရဲ႕ကားေမာင္းေလ့က်င့္တ့ဲဒဏ္ကို ပထမဆုံးစခံရတာက ေမာင္ဇိဦးေလး။ ကားဂိုေထာင္ထဲကို အားရပါးရေနာက္ျပန္ဆုတ္ၿပီးကားသြင္းလိုက္တာ အရွိန္လြန္၊ဂိုေထာင္နံရံမွာ အိတ္အမည္းေလးန႔ဲခ်ိတ္ၿပီး ဖြက္ထားတ့ဲ ဦးေလးရဲ႕ယမကာပုလင္းေလးႏွစ္လုံးကို ကားနဲနံရံၾကားညႇပ္တိုက္မိ၊ ဒါန႔ဲပဲ ႏွစ္ပုလင္းလုံး စိစိညက္ညက္ေၾကသြားပါေရာလား။
'ခလြမ္တန္တန္........' ဆိုၿပီးသြားရွာတာပါပဲ။
အရက္ေသာက္တာမႀကိဳက္တ့ဲ သူ႔အစ္ကို၊ ေမာင္ဇိအေဖ မသိေအာင္ဖြက္ထားရတ့ဲပုလင္းေလးေတြျဖစ္ေလေတာ့ ဦးေလးခင္မ်ာ စုတ္တစ္သပ္သပ္န႔ဲ 'ဟာ..သြားပါၿပီကြာ ေမာင္ဇိရာ....ငါ့ဟာေလးေတြသြားပါၿပီ' လို႔ပဲညည္းႏိုင္ရွာတယ္။ ဘယ္မွလဲတိုင္မရ။ ဘာမွလဲလုပ္မရ။ ေတာ္ေတာ္ခံစားသြားရရွာေလရဲ႕။
ေနာက္ေတာ့ အဲဒီကားစုတ္ႀကီးေမာင္းၿပီးေမာင္ဇိတို႔ အျပင္ထြက္ပါၿပီ။ လမ္းေရာက္မွ ကလပ္ေပါက္ေနရင္ ဂီယာတူးထိုး၊ လီဗာေလးေမွးထားၿပီး ကားစက္ႏွိဳး၊ စက္ႏိုးတာန႔ဲကားကတန္းၿပီးေတာ့ခုန္ထြက္၊ တစ္လမ္းလုံး ဂီယာတူးန႔ဲေမာင္း၊ ရပ္ခ်င္ရင္လီဗာလႊတ္၊ စက္ကထိုးရပ္သြားရင္ ကားလဲလိမ့္ေနရာက ရပ္တာပဲ။ ဘရိတ္ဆီယိုေနရင္ေတာ့ ကားစက္ဖုံးဖြင့္၊ ဘရိတ္ဆီဘူးထဲကိုေရေလးမၾကာမၾကာေျပးေရာၿပီး ကားရပ္ခ်င္ရင္ ဂီယာအႀကီးန႔ဲထိန္းၿပီး ဘရိတ္မသုံးပဲရပ္။ တစ္ခါကလဲအိမ္အဝင္မွာအဲလိုလုပ္တာ ကားကမရပ္ပဲနည္းနည္းေလးဆက္လိမ့္သြားလို႔ အိမ္အဝင္ျခံတံခါးကိုတိုက္မိၿပီး ျခံတံခါးေဘာင္ႀကီးလိမ္သြားပါေရာလား။ ဒါလဲ မမွတ္ပါဘူး။ ဘရိတ္ေပါက္ေပါက္၊ ကလပ္ေပါက္ေပါက္ ေလွ်ာက္လမ္းသလားေနတာပါပဲ။ အဲေလာက္ ေၾကာက္ရေကာင္းမွန္းမသိ၊ အႏၲရာယ္လဲနားမလည္ပဲ ကားစုတ္တစ္စီးန႔ဲ ကျမင္းေၾကာထေနတာ ဘာလို႔ ေစာေစာစီးစီးမာလကီးယားမသြားလဲလို႔ေမးရင္ေတာ့ ကံေကာင္းေနေသးလို႔ လို႔ေျဖရမွာပဲ။ ေနာက္တစ္ခုက အဲတုန္းက ရန္ကုန္ၿမိဳ႕မွာကားေတြလဲ သိပ္မၾကပ္ေသးတာလဲပါမယ္။ ဆူးေလဘုရားကေန အင္းစိန္ကုန္းေက်ာ္တံတားကို ဘတ္စ္ကားစီးရင္ နာရီဝက္၊ ၄၅ မိနစ္အတြင္းေရာက္တ့ဲေခတ္ကိုး။
ေမာင္ဇိက ေသေဖာ္လဲညႇိတတ္ပါတယ္။ ဘယ္သြားသြား သူငယ္ခ်င္းေတြကိုလဲ အဲဒီ ကားစုတ္ႀကီးေပၚမွာတင္ၿပီးေတာ့ ေခၚသြားေသးတာ။ တကၠသိုလ္ေရာက္၊ က်ဴရွင္သြားတက္ေတာ့ ညေနခင္းေမွာင္ေမွာင္ႀကီးမွာ တာေမြအဝိုင္းက ကိုယ္သြားခ်င္တ့ဲလမ္းေၾကာက မီးပြဳိင့္ႀကီးနီေနတာကို စိမ္းတ့ဲလမ္းေၾကာကိုမွားၾကည့္မိၿပီး ျဗဴးျဗဴးၿဗဲၿဗဲန႔ဲ မီးနီးလဲျဖတ္လိုက္ေသးတယ္။ ကားေရွ႕မီးကသိပ္မေကာင္းေတာ့ အားစိုက္ၾကည့္ေနရတာေၾကာင့္ ဆိုၿပီးကားမီးကို အျပစ္ဖို႔ေသးတာ။ ေသခ်ာမျမင္ရဘူးေပါ့။ေမာင္ဇိသူငယ္ခ်င္းေတြမ်ားဆို ေအာ္လိုက္ၾကတာ ငယ္သံကိုပါလို႔။ ကားတစ္စီးလုံးကို ကၽြက္ကြ်က္ညံသြားတာပဲ။အဲကြန္းဘတ္စ္ႀကီးေတြက ေမာင္ဇိတို႔ကားဆီေခါင္းတည္ၿပီးေျပးလာၾကသကိုး။ ဘာန႔ဲမွေတာ့ မတိုက္လိုက္ၾကပါဘူး။ ေတာ္ေသးတာေပါ့။တစ္ခါကေတာ့ ေမာင္းေနရင္း ကားအိတ္ေဇာပိုက္ႀကီးလမ္းမွာ ျပဳတ္က်က်န္ေနခ့ဲတယ္။ ေနာက္တစ္ခါကေတာ့ အရွိန္နည္းနည္းတင္လိုက္တာ ကားေအာက္ပိုင္းက မီးပြားေတြထြက္က်လာလိ္ု႔ 'ေဟ့ေကာင္...ေဟ့ေကာင္ မီးေတြထြက္က်လာၿပီ' လို႔ ေနာက္မွာထိုင္တ့ဲသူငယ္ခ်င္းေတြက ဝိုင္းေအာ္ေပးခ့ဲရဖူးတယ္။ ကားတြန္းရတယ္ဆိုတာကေတာ့ ဒီေကာင္ေတြအတြက္ ႐ိုးေနၿပီ။ ေမာင္ဇိရဲ႕ကားကို အသက္ကိုဖက္န႔ဲထုပ္ၿပီး အဲလိုလိုက္စီးေပးၾကတ့ဲ အေသခံတပ္သား သူငယ္ခ်င္းေလးေတြလဲရွိခ့ဲသေပါ့။
ႏွစ္ေတြအမ်ားႀကီးၾကာသြားၿပီးတ့ဲေနာက္ေတာ့ ေမာင္ဇိတို႔ျပန္ဝဋ္လည္ဖို႔ျဖစ္လာပါတယ္။ အဲ့ဒီအခ်ိန္က ေမာင္ဇိက မ်က္စိလည္လမ္းမွားၿပီး သိုးေဆာင္းလူမ်ိဳးေတြ ေနတ့ဲႏိုင္ငံကိုေရာက္ေနတာ။ တစ္ေန႔ေတာ့ စားသုတ္သုတ္၊ သြားသုတ္သုတ္ ႏိုင္ငံမွာေနတ့ဲသူငယ္ခ်င္းတစ္ေယာက္က သူ႔မယားပါေခၚၿပီး ေမာင္ဇိဆီေပါက္ခ်လာပါေလေရာ။ Road trip...Road trip ဆိုၿပီး ပါးစပ္က တဖြဖြရြတ္ေနေသးတယ္။ တစ္ႏိုင္ငံလုံးကို ကားေမာင္းၿပီး ပတ္မလို႔တ့ဲေလ၊ ကားတစ္စီးပါငွားလာခ့ဲေသးတယ္ ဆိုပါလား။
'ေဟ့ေကာင္...ျဖစ္ပါ့မလားကြ။ ငါက ဒီမွာလိုင္စင္မရွိဘူး။ မင္းတစ္ေယာက္ပဲ international လိုင္စင္ရွိတာ။ ငါကူေမာင္းေပးလို႔မရဘူးေနာ္'
ဆိုေတာ့ ေမာင္ဇိထက္ တစ္ႏွစ္ငယ္တ့ဲ ေရႊကိုယ္ေတာ္က
' ဟာ...ျဖစ္ပါတယ္ အစ္ကိုရာ။ ဘာမွမပူန႔ဲ...ကြ်န္ေတာ္ဆယ္တန္းေအာင္ကာစက အိမ္ကကားကို ခဏ၊ ခဏခိုးေမာင္းဘူးတယ္' ဆိုပဲ။
'ဟမ္...အဲဒါက ၾကာလွၿပီမဟုတ္ဘူးလား'
' ဆယ္ႏွစ္ေက်ာ္ပဲ ရွိပါေသးတယ္ဗ်ာ။ မေမ့ေသးပါဘူး' တ့ဲ။
ဘုရား...ဘုရား...ေမာင္ဇိတို႔ ကိုယ္က်ိဳးနည္းေတာ့မယ္။ ဒီတစ္ခါ ဝဋ္လည္ၿပီ။
အကူအညီ ရလို႔ရျငား သူ႔မိန္းမကိုလွမ္းၾကည့္ေတာ့ ေအာင္မယ္....သူ႔လင္ကို အထင္ႀကီးတ့ဲမ်က္လုံးေတြ တစ္လက္လက္န႔ဲ စိုက္ၾကည့္လို႔။ အင္း...ေမာင္ဇိတားလဲ တားလို႔ရမွာမဟုတ္ေတာ့ပါဘူးေလေပါ့။ စိတ္ေလွ်ာ့ၿပီး သူငွားထားတ့ဲကား ထုတ္ရမယ့္ေနရာကိုပဲ သြားလိုက္ၾကပါတယ္။
ကားေသာ့ရလာေတာ့မွ ငတိကအစြမ္းေတြထပ္ျပပါေလေရာ။
'အစ္ကို...အစ္ကို၊ ေနာက္ဖုံးကဖြင့္လို႔မရဘူး'
' ေသာ့လွည့္လိုက္ရံုန႔ဲ မရဘူးဟ့ဲ။ လက္ကိုင္ကိုဆြဲၿပီးအဖုံးကိုပါ လက္န႔ဲဆြဲဖြင့္ရေသးတယ္။'
ဒါန႔ဲေနာက္ဖုံးဖြင့္လို႔ရသြားတယ္။ ခဏေနေတာ့
'ဟာ...အစ္ကို၊ အစ္ကို....ေသာ့လွည့္တာလဲ ကားစက္က မႏိုးလာဘူး။ '
'ကားေသာ့က ႏွစ္ဆင့္လွည့္ရတယ္ဟ့ဲ။ နင့္စက္ဘီးေသာ့လို ေသာ့တစ္ခ်က္ထဲန႔ဲ ပြင့္တာမဟုတ္ဘူး'
'ေအာ္..ဟုတ္လား။ သိဘူးေလဗ်ာ၊ မေမာင္းတာၾကာေတာ့ နည္းနည္းေမ့ေနၿပီ...ဟီးဟီး' တ့ဲ။
'အင္း........ေမာင္ဇိတို႔ေတာ့ ဝဋ္လည္ခ်ိန္တန္ကိုတန္ေနပါျပီ'
ေနာက္ဆုံးေတာ့ ေအာင္ေအာင္ျမင္ျမင္န႔ဲ ကားထြက္လို႔ရသြားပါတယ္။ ေနာက္ျပန္ဆုတ္ဖို႔ မရွိခင္အထိေပါ့။ ေနာက္ျပန္ဆုတ္ရမယ့္အခ်ိန္က်ေတာ့ ေနာက္ဂီယာက ဘယ္လိုမွထိုးမရ။ ေမာင္ဇိ ဝင္ႀကိဳးစားလဲမေအာင္ျမင္။ တစ္ခုခုန႔ဲကန္ထားသလိုမ်ိဳးဂီယာက ေနာက္ကိုေရႊ႕လို႔မရျဖစ္ေန။ ဒါန႔ဲပဲ ကားျပန္လဲၾကမယ္ဆိုၿပီး ကားငွားတ့ဲကုမၸဏီကိုျပန္ေျပာမွ ဂီယာတံလက္ကိုင္လုံးေလးေအာက္နားမွာကပ္ေနတ့ဲ ဂြင္းေလးကို ဂီယာတံတစ္ေလွ်ာက္အေပၚဆြဲတင္ၿပီးမွ ေနာက္ဆုတ္ဖို႔ဂီယာ ထိုးရသတ့ဲဗ်ာ။ ေမာင္ဇိတို႔ ႏွစ္ေကာင္ တုံးခ်က္။ ေမာင္ဇိလဲ အရင္က ဒါမ်ိဳးမေတြ႕ဖူး။
ဘုရား၊ တရား 'တ'၊ ကားတံခါးေဘး ေခါင္းေပၚကလက္ကိုင္ကြင္းကို လက္န႔ဲတင္းတင္းဆုပ္၊ မ်က္လုံးကိုလဲ အရပ္ဆယ္မ်က္ႏွာေလာက္ က်ီးကန္းေတာင္းေမွာက္ၾကည့္၊ ပါးစပ္ကလဲ အျမႇဳပ္တစီစီထြက္မတတ္ဒင္းကိုသတိေပးရင္းန႔ဲ ေမာင္းလာလိုက္ၾကတာ ပထမဆုံးအႀကိမ္ဆီျဖည့္ရမယ့္ အခ်ိန္ေရာက္လာတယ္။ ဆီဆိုင္ထဲကို ခပ္တည္တည္ဝင္ ကားရပ္ၿပီးမွ၊ ကိုယ္တိုင္ဆီျဖည့္ရတာ ဘယ္လိုလုပ္ရမွန္းမသိလို႔ ဆီဆိုင္ေငြသိမ္းေကာင္တာက ပုဂၢဳိလ္ကိုေတာင္းေတာင္းပန္ပန္န႔ဲ သြားပင့္လာရတယ္။ အဲဒီမွာ ေငြရွင္းေနတ့ဲအဖြားႀကီးတစ္ေယာက္ကေတာ့ ေမာင္ဇိတို႔ကိုုၾကည့္ၿပီး တစ္ခြိခြိန႔ဲ။ ဘယ္တတ္ႏိုင္မလဲ။ ေမာင္ဇိတို႔တိုင္းျပည္ဆို ကားေပၚကမဆင္းပဲ ဆီျဖည့္လို႔ရတာ သူတို႔မွမသိတာကိုး။ အဲလိုပဲ ေတြးၿပီး အရွက္ကိုဖုံးရပါတယ္။
ကားေမာင္းကလဲ မကြ်မ္းက်င္၊ သူတို႔တိုင္းျပည္ရဲ႕ ယာဥ္စည္းကမ္းကလဲ မသိ၊ အင္တာနက္ရွိလို႔သာ ေတာ္ေတာ့တယ္။ ဒီၾကားထဲ တစ္နာရီ မိုုင္ ၇၀ ေလာက္ေမာင္းရတ့ဲ အျမန္လမ္းမွာလဲ အလယ္ေက်ာယူၿပီး လႈပ္စိ လႈပ္စိေမာင္းေနၾကလို႔ ကိုယ့္ကိုေက်ာ္သြားတ့ဲကားတိုင္းက ဝိုင္းၾကည့္ၾကတာခံရေသးတယ္။ အဲလို အဲလို ရင္တစ္မမန႔ဲ ေမာင္းၿပီး ႏွစ္ရက္၊ သံုးရက္အၾကာမွာဆရာသမားက အျမန္လမ္းမွာေမာင္းတာအရမ္းကြ်မ္းက်င္သြားလို႔ အားရပါးရေမာင္းလိုက္ၾကတာ သတ္မွတ္ႏႈန္းေက်ာ္မိတ့ဲအတြက္ဒဏ္ေငြပါေဆာင္လိုက္ရပါေရာလား။ မွတ္ကေရာ။ ၿမိဳ႕ေတြထဲဝင္ရင္ ကားရႈပ္လို႔စိတ္ပူရ၊ ညဘက္ေမာင္းရင္ ေကာင္းေကာင္းမျမင္ရလို႔စိတ္ပူရန႔ဲ ၁၀ ရက္ေလာက္ ေသာကေရာက္ၿပီးတ့ဲေနာက္မွာမွေမာင္ဇိတို႔ရဲ႕ 'ကားေမာင္းၿပီး တစ္ျပည္လုံးပတ္' အစီအစဥ္ႀကီးလဲ ေဘးမသီရန္မခပဲ လိုရာပန္းတိုင္ရာက္ေအာင္ျမင္စြာၿပီးဆုံးသြားပါတယ္။
ေမာင္ဇိရဲ႕ ငယ္သူငယ္ခ်င္းေတြကို ကားေပၚေခၚတင္ၿပီးႏွိပ္စက္ခ့ဲတ့ဲ ေမာ္ေတာ္ကားဝဋ္ေႂကြးလဲ ေက်သြားတယ္လိို႔ယူဆရပါတယ္။ ထင္ရတာပဲေလ။
ေမာင္ဇိ

No comments:
Post a Comment